နှလုံးသားအရင်းအနှီး [Complete]

By MyaMo_95

477K 23.2K 203

အလောင်းအစားတစ်ခုကြောင့် စခဲ့တဲ့ကစားပွဲတစ်ခုမှာ နှလုံးသားတစ်ခု အရင်းပြုလိုက်ရသည့်အခါ...။ (Drama မပါပဲ Romance... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁ဝ
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂ဝ
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၉
အပိုင်း ၄၀
ဇာတ်သိမ်းပိုင်း(End)
✨Character Art✨
✨Cover Art✨

အပိုင်း ၃၈

8.1K 413 1
By MyaMo_95

(Zawgyi)

"ေအာ္ သားေစပိုင္ ေရာက္လာတာလား"

"ဟုတ္ အန္တီ။ အန္တီေရာေနေကာင္းရဲ႕လား"

"ေကာင္းပါ့ကြယ္။ သားကေရာ ေဇယ်ာေလးဆီလာတာလား"

"ဟုတ္ကဲ့ အန္တီ"

"ဒါနဲ႕ သားေစပိုင္နဲ႕ ေဇယ်ာေလးတို႔ ရန္ျဖစ္ ထားၾကတာလား"

"ရန္ျဖစ္တယ္လို႔ေတာ့ မဟုတ္ပါဘူး အန္တီ။ နည္းနည္းေလး နားလည္မႈလြဲၾကတာပါ"

"ေအာ္ ထင္ေတာ့ထင္သား။ အဲ့ဒါေၾကာင့္ ေဇယ်ာေလးက ဒီရက္ပိုင္း မ်က္ႏွာမေကာင္းပါလားလို႔ ထင္ေနတာ။ အရင္ကဆို ကိုေစ ကိုေစနဲ႕ ပါးစပ္ဖ်ားက မခ်တဲ့ေကာင္ေလးက အခုတေလာၿငိမ္ေနလို႔"

"ေတာင္းပန္ပါတယ္ အန္တီ။ ကြၽန္ေတာ္လဲ လာေခ်ာ့မလို႔ပါပဲ။ ဒါေပမယ့္ ဒီရက္ပိုင္း အလုပ္ေလးေတြ နဲနဲရႈပ္သြားလို႔"

"အမေလး ရပါတယ္ကြယ္။ အန္တီ့သားဆိုးတာ အန္တီအသိဆုံး။ ေစပိုင္ေလးမို႔ ဒီေလာက္ အလိုလိုက္ၿပီး သည္းခံနိုင္တာ။ အဲ့ေလာက္ထိ အလိုမလိုက္နဲ႕ သူ႕ကို။ အခုေတာ့ သြားေခ်ာ့လိုက္အုံး။ ေကာက္ေတာ္မူေနတဲ့ တစ္ေယာက္ကို"

"ဟုတ္ကဲ့ အန္တီ"

အန္တီသူသူစိုးႏွင့္ စကားေျပာဆိုၿပီး အေပၚတက္လာကာ ေကာင္ေလး၏ အခန္းတံခါးကို ဖြင့္လိုက္ခ်ိန္မွာေတာ့ ေကာင္ေလးက ကုတင္ေပၚမွာ ေစာင္ကို ေခါင္းၿမီးၿခဳံထားကာ အိပ္ေနေလသည္။

ညေနေစာင္းေနၿပီ ျဖစ္သျဖင့္ အိပ္လိုက္လွ်င္ ဖ်ားသြားမည္ကို စိုးရိမ္၍ ကုတင္နားသို႔ သြားလိုက္ေတာ့မွ ေစာင္ေလးမွာ တသိမ့္သိမ့္တုန္ခါေနတာ ေတြ႕လိုက္ရသည္။ တခါတရံ ရွိုက္သံ ေသးေသးေလးမ်ားပင္ ထြက္လာေသးသည္။ စိတ္ပူစြာျဖင့္ ကမန္းကတမ္း ေစာင္ကို လွပ္ကာ ၾကည့္လိုက္ေတာ့ ကုတင္ေပၚမွာ မ်က္လုံးမ်ား ေဖာင္းမို႔အစ္ေနသည္အထိ ငိုေနေသာ ေကာင္ေလး။ မ်က္လုံးမ်ားမွာ ေဖာင္းအစ္ေနၿပီး သိပ္မပြင့္နိုင္ေတာ့တာေတာင္ အခုခ်ိန္ထိ ရွိုက္ကာတသိမ့္သိမ့္ငိုေနသည့္ေကာင္ေလးး။

ေစာင္ကို ဆြဲလွန္လိုက္ေတာ့ ေကာင္ေလးက သူ႕ကို ျမင္သြားၿပီး အံ့ၾသမွင္သက္စြာ ၾကည့္ေနေလ၏။

"ဘာျဖစ္တာလဲဟင္ ေဇေလး။ ဘာလို႔ငိုေနတာလဲ ဘာျဖစ္လို႔လဲ"

"ကိုေစ...အီး..ဟီး...ဟင့္"

ေမးလိုက္ေတာ့ ေကာင္ေလးက သူ႕လည္ပင္းကို သိုင္းဖက္ထားကာ ေအာ္ဟစ္ငိုေႂကြးေတာ့သည္။ လည္ပင္းကို သိုင္းဖက္ထားကာ ငိုေနသည့္ ေကာင္ေလးကို ခ်ီလိုက္ရင္းပင္ ေက်ာျပင္ေလးကို ခပ္ဖြဖြပုတ္ေပးကာ ႏွစ္သိမ့္ေပးေနမိသည္။

"ဘာျဖစ္လို႔လဲ ေျပာပါအုံးကြာ။ ကိုယ့္ကို ရင္ပူရေအာင္ မလုပ္ပါနဲ႕"

"ဟင့္....ကိုေစ..အစ္..ကြၽန္ေတာ့္ကို..ထား...ထားသြားၿပီ အစ္...ထင္လို႔..ဟင့္"

"ကိုယ္က ေဇေလးကို ဘာလို႔ထားသြားရမွာလဲကြာ။ ခ်စ္လြန္းလို႔ တသက္လုံး လိုက္ရွာခဲ့ရတဲ့ ကေလးေလးကို ကိုယ္က ဘာလို႔ထားသြားရမွာတုန္း ဟင္"

"ကြၽန္ေတာ္က ဟင့္... ကိုေစေျပာစကား နားမေထာင္လို႔ ကြၽန္ေတာ့္ကို မခ်စ္ေတာ့ပဲ အစ္.. ထားခဲ့ၿပီ ထင္တာ"

"မဟုတ္တာ ေဇေလးရာ။ ကိုယ္ကေလ မင္းေလးကို မခ်စ္ေတာ့တဲ့ အခ်ိန္ဆိုတာ ရွိလာမွာ မဟုတ္ဘူး သိရဲ႕လား။ ထားခဲ့ဖို႔ဆိုတာ အေဝးႀကီးမွာ"

"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။ ကိုေစ မႀကိဳက္တာေတြ ခြင့္မျပဳတာေတြ မလုပ္ေတာ့ဘူးေနာ္။ ၾသဇီမွာ ေက်ာင္းတက္ခ်င္တာကလဲ ကိုေစ့အတြက္ပါ။ ကိုေစ ကြၽန္ေတာ့္ေၾကာင့္ ဂုဏ္ယူရေစခ်င္လို႔။ ဒါေပမယ့္ ကိုေစ မႀကိဳက္ရင္ ကြၽန္ေတာ္မသြားေတာ့ဘူးေနာ္။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ့္ကို အခုလိုအၾကာႀကီးပစ္ထားၿပီး ထားမသြားပါနဲ႕ေနာ္ ကိုေစ"

"ကိုယ္ပစ္ထားမိလို႔ ငိုေနတာလား ေဇေလးက"

ရင္ခြင္ထဲမွာ ခ်ီပိုးထားတဲ့ ေကာင္ေလးက ေခါင္းကို ဆက္ခါဆက္ခါၿငိမ့္ျပသည္။

"ကိုယ္ေတာင္းပန္ပါတယ္ကြာ။ ဒီရက္ပိုင္း အလုပ္နဲနဲ ရႈပ္သြားလို႔ပါ။ ေဇေလးကို ပစ္ထားသလို ျဖစ္သြားရင္ ကိုယ္ေတာင္းပန္ပါတယ္။ ေနာက္အဲ့ဒီလို မျဖစ္ေစရဘူး ကိုယ္ကတိေပးတယ္ေနာ္။ မငိုနဲ႕ေတာ့ တိတ္ေတာ့"

"ကိုေစ တျခားမိန္းကေလးေတြနဲ႕ ခ်ိန္းေတြ႕ေနတာ ျမင္ရေတာ့ ကြၽန္ေတာ့္ရင္ေတြ ပိုနာရတယ္..ဟင့္"

"ဘယ္က မိန္းကေလးလဲ ေဇေလးရဲ႕"

"အစ္...မေန႕က ကိုေစဆီလာေတာ့ ကိုေစ တျခားမိန္းကေလးတစ္ေယာက္နဲ႕ ရယ္ေမာေပ်ာ္႐ႊင္ၿပီး ထမင္းစားေနတာေတြ႕ခဲ့တယ္..ဟင့္"

"ေဇေလး ကိုယ့္ဆီလာခဲ့ေသးတာလား"

"ဟုတ္တယ္ အင့္....ကိုေစက ကြၽန္ေတာ့္ဆီလဲမလာေတာ့ ကိုေစဆီလိုက္လာတာ။ ဒါေပမယ့္ အဲ့လိုခ်ိန္းေတြ႕ေနတာ ေတြ႕လိုက္ေတာ့ ကိုေစကြၽန္ေတာ့္ကို တကယ္ထားခဲ့ၿပီ ထင္ေနတာ"

"အ႐ူးေလး။ အၿမဲတမ္း ကိုယ္ထင္ရာျမင္ရာေတြပဲ ေလွ်ာက္ထင္ေလွ်ာက္ေတြးၿပီး ငိုေနေတာ့တာပဲ အဆိုးေလး"

"အဲ့...အဲ့ဒါဆို မေန႕က ေတြ႕ခဲ့တဲ့ မိန္းကေလးက ဘယ္..ဘယ္သူလဲဟင္"

"သူက Alice တဲ့။ ကိုယ္ စကၤါပူမွာ ေနတုန္းက ေက်ာင္းေနဖက္သူငယ္ခ်င္း။ ျမန္မာနိုင္ငံ ခနအလည္လာတုန္း ထမင္းအတူစားတာပါ။ ၿပီးေတာ့ သူ႕အမ်ိဳးသားက ၾသစေၾတးလ် နိုင္ငံသားေလ။ အဲ့တာေၾကာင့္ လိုအပ္တာေလးေတြ ေမးျမန္းရင္း အကူအညီေတာင္းေနတာပါ"

"အမ္ ကိုေစက ဘာလို႔...."

ေဇယ်ာတိုး ေျပာလက္စ စကားတို႔ရပ္တန့္သြားရေတာ့သည္။ ရင္ခြင္ထဲမွ ထြက္ရင္း ေအာင္ေစပိုင့္ မ်က္ႏွာကို ၾကည့္လိုက္ေတာ့ ကိုေစက သူ႕မ်က္ဝန္းေတြကို ျပန္ၾကည့္လာၿပီး ၿပဳံးျပသည္။ ထို႔ေနာက္ ေဖာင္းအစ္မို႔ေနေသာ မ်က္လုံးေလးေတြကို ညင္သာစြာ နမ္းရွိုက္ရင္း စကားဆက္ေျပာလာသည္။

"ဟုတ္တယ္။ ဒီအဆိုးေလးက ၾသစေၾတးလ်မွာမွ ေက်ာင္းတက္ခ်င္တယ္ဆိုလို႔ေလ။ ကိုယ့္မွာ အသိမိတ္ေဆြေတြကို လိုက္ဆက္သြယ္ေနရတာေပါ့"

"ဒါ...ဒါဆို ကိုေစ ခြင့္ျပဳေပးလိုက္တာလားဟင္"

"အင္း။ ကိုယ္ခြင့္ျပဳပါတယ္။ ဒါေပမယ့္ ေတာင္းဆိုခ်က္တစ္ခုရွိတယ္"

"ဟုတ္"

"အဲ့ဒီကို မသြားခင္ ေဇေလး ကိုယ့္ကို လက္ထပ္သြားရမယ္"

ျပဴးက်ယ္သြားေသာ မ်က္ဝန္းေလးေတြႏွင့္ သူ႕ကိုၾကည့္ၿပီး တခုခုေျပာခ်င္ေနပုံရသည့္ ေကာင္ေလး၏ ႏႈတ္ခမ္းေတြအား အနမ္းေတြႏွင့္ ပိတ္ဆို႔လိုက္မိသည္။

"ကြၽန္ေတာ့္ကို မယုံလို႔လားလို႔ ေမးမလို႔မဟုတ္လား။ ကိုယ္က ေဇေလးကို ယုံတယ္။ ကိုယ့္တဘဝလုံးမွာ ေဇေလးကို အႂကြင္းမဲ့ လုံးဝဥႆုံ ယုံၾကည္ၿပီးသား။ ကိုယ္မယုံတာ တျခားလူေတြကို၊ ေလာကႀကီးကို။ အဲ့ဒါေၾကာင့္ ကိုယ္မင္းကို အိမ္ေထာင္ဆိုတဲ့ ႀကိဳးနဲ႕ ခ်ည္ႏွောင္ထားခ်င္တယ္။ ကိုယ့္ကို ခြင့္ျပဳမလားဟင္"

"ကိုေစရယ္....ဟင့္"

ရင္ခြင္ထဲက ေကာင္ေလးက သူ႕ကို ျပန္လည္ဖက္ကာ ငိုျပန္ေတာ့သည္။

"မငိုပါနဲ႕ေတာ့ကြာ။ တိတ္ေတာ့။ ကိုယ္ကမင္းကို ထားသြားမဲ့ေန႕ဆိုတာ မရွိေတာ့ဘူး ယုံေနာ္ ကိုယ့္ကို"

ရင္ခြင္ထဲက ေကာင္ေလးက ေခါင္းကို ဆက္တိုက္ၿငိမ့္လာ၏။ ေကာင္ေလး၏ ေက်ာျပင္ေလးကို ခပ္ဖြဖြပြတ္သပ္မိရင္း

"ေနာင္တခ်ိန္က် ေဇေလး ဒီထက္အ႐ြယ္ေရာက္လာခဲ့ရင္ ကိုယ္ေဇေလးကို အခုလို ႀကိဳးေတြနဲ႕ ခ်ည္ႏွောင္ခဲ့မိလို႔ စိတ္ဆိုးမွာလားဟင္။ ကိုယ္ကေတာ့ ေဇေလးကို တသက္လုံး လက္လႊတ္ဖို႔ စိတ္ကူးမရွိေတာ့တာမို႔ ေလာကႀကီးထဲမွာ ရွိတဲ့ ရနိုင္သေလာက္ ႀကိဳးေတြနဲ႕ ကိုယ္ေဇေလးကို ခ်ည္ေနမိမွာ။ တခ်ိန္က် ေဇေလးဒီႀကိဳးေတြကို ေနာင္တမရဖို႔ပဲ ကိုယ္ေမွ်ာ္လင့္ပါတယ္ကြာ"

"ဟင့္အင္း။ ကြၽန္ေတာ္က ဘာလို႔ ေနာင္တရ ရမွာလဲ။ ကြၽန္ေတာ္ ကိုယ္တိုင္ကိုက အခ်ည္ႏွောင္ခံခ်င္သူပါ။ ကိုေစခ်ည္ႏွောင္ထားဖို႔ကိုပဲ အၿမဲေမွ်ာ္လင့္ေနတာပါ။ အဲ့ဒါေၾကာင့္ ကိုေစႀကိဳက္သလို ခ်ည္ႏွောင္ပါ။ ကြၽန္ေတာ္က ေက်ေက်နပ္နပ္ႀကီးကို လက္ခံပါတယ္"

"ကိုယ္ မင္းေလးကို သိပ္ခ်စ္တယ္"

"ကြၽန္ေတာ္လဲ ကိုေစကို အရမ္းခ်စ္တယ္"

ေကာင္ေလး၏ မ်က္ရည္စက္လက္နဲ႕ အနမ္းေတြက သိပ္ကိုခ်ိဳၿမိန္လြန္းပါသည္။

"ဒါဆို နားလိုက္အုံး။ ငိုထားရတာ ပင္ပန္းေနမွာေပါ့။ မ်က္လုံးေတြကို ေဖာင္းအစ္ေနတာပဲ"

"ဟင့္အင္း။ မအိပ္ခ်င္ဘူး။ ကိုေစကို ေလးရက္ေတာင္ မေတြ႕ရပဲ အခုမွျပန္ေတြ႕ရတာမို႔ မ်က္လုံးမွိတ္ၿပီး မေနခ်င္ဘူး။ ကိုေစ ကြၽန္ေတာ့္ျမင္ကြင္းထဲက ေပ်ာက္သြားမွာမလိုခ်င္ဘူး"

"အခြၽဲေလးပဲကြာ။ ဒါဆို ကိုယ္ဖက္ထားေပးမယ္ေလ။ ကိုယ့္ရင္ခြင္ထဲမွာ အိပ္လိုက္ေနာ္။ လိမၼာတယ္ လာ။ မ်က္ႏွာေလးက ေခ်ာင္က်သြားလိုက္တာ။ ဒီရက္ပိုင္း ထမင္းေသခ်ာမစားဘူးလား"

"စားပါတယ္။ ဒါေပမယ့္ စားလို႔မေကာင္းဘူး။ ကိုေစကြၽန္ေတာ့္ကို ထားသြားၿပီ ဆိုတဲ့အသိက ရင္ထဲျပည့္ၾကပ္ၿပီး ရင္ထဲမွာ တခုခုခံေနသလိုပဲ စားလို႔လဲမရေတာ့ဘူး။ အိပ္လို႔လဲ မေပ်ာ္ေတာ့ဘူး။ ေနရတာ တခုခုလိုအပ္ေနသလိုပဲ ခံစားခ်က္ႀကီးက သိလား..ဟင့္...ကြၽန္ေတာ္ မႀကိဳက္ဘူး "

"အဆိုးေလး။ ထမင္းေတာ့ ေသခ်ာစားအုံးမွေပါ့။ ေနာက္ကို ကိုယ္ထားသြားမယ္ဆိုတဲ့ အေတြးမ်ိဳး ဘယ္ေတာ့မွမေတြးရဘူး ၾကားလား"

"ဟုတ္.. ဟုတ္ကဲ့။ မေတြးေတာ့ဘူး။ ၿပီးေတာ့ ကိုေစက ကြၽန္ေတာ့္ ေယာက်္ားျဖစ္ေတာ့မွာ။ အဲ့ဒါေၾကာင့္ ထားသြားလို႔မရေတာ့ဘူး ဟုတ္တယ္မလား"

"အင္း။ ဘယ္ေတာ့မွ ထားသြားမွာ မဟုတ္လို႔ စိတ္ခ်ၿပီး အိပ္ေတာ့။ ေဇေလး အရမ္းပင္ပန္းေနၿပီ။ အိပ္ေတာ့ေနာ္ ကိုယ္ဖက္ထားေပးမယ္"

"ဟုတ္..ကြၽန္ေတာ္ ကိုေစကို အရမ္းခ်စ္တယ္"

"ကိုယ္လဲ အရမ္းခ်စ္တာပါကြာ"

နဖူးသို႔ နမ္းလိုက္ရင္း ေျပာလိုက္သံကိုေတာ့ ေကာင္ေလးတစ္ေယာက္ မၾကားလိုက္ေတာ့ပါ။ ေအာင္ေစပိုင္ သူ႕ကို တင္းၾကပ္စြာ ဖက္ရင္း ရင္ခြင္ထဲ တိုးဝင္ကာ တရႉးရႉးအိပ္ေပ်ာ္ေနသည့္ ေကာင္ေလးကိုပဲ ၾကည္ႏူးစြာျဖင့္ ျပန္ဖက္ထားလိုက္မိေတာ့သည္။

▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶

(Unicode)

"အော် သားစေပိုင် ရောက်လာတာလား"

"ဟုတ် အန်တီ။ အန်တီရောနေကောင်းရဲ့လား"

"ကောင်းပါ့ကွယ်။ သားကရော ဇေယျာလေးဆီလာတာလား"

"ဟုတ်ကဲ့ အန်တီ"

"ဒါနဲ့ သားစေပိုင်နဲ့ ဇေယျာလေးတို့ ရန်ဖြစ် ထားကြတာလား"

"ရန်ဖြစ်တယ်လို့တော့ မဟုတ်ပါဘူး အန်တီ။ နည်းနည်းလေး နားလည်မှုလွဲကြတာပါ"

"အော် ထင်တော့ထင်သား။ အဲ့ဒါကြောင့် ဇေယျာလေးက ဒီရက်ပိုင်း မျက်နှာမကောင်းပါလားလို့ ထင်နေတာ။ အရင်ကဆို ကိုစေ ကိုစေနဲ့ ပါးစပ်ဖျားက မချတဲ့ကောင်လေးက အခုတလောငြိမ်နေလို့"

"တောင်းပန်ပါတယ် အန်တီ။ ကျွန်တော်လဲ လာချော့မလို့ပါပဲ။ ဒါပေမယ့် ဒီရက်ပိုင်း အလုပ်လေးတွေ နဲနဲရှုပ်သွားလို့"

"အမလေး ရပါတယ်ကွယ်။ အန်တီ့သားဆိုးတာ အန်တီအသိဆုံး။ စေပိုင်လေးမို့ ဒီလောက် အလိုလိုက်ပြီး သည်းခံနိုင်တာ။ အဲ့လောက်ထိ အလိုမလိုက်နဲ့ သူ့ကို။ အခုတော့ သွားချော့လိုက်အုံး။ ကောက်တော်မူနေတဲ့ တစ်ယောက်ကို"

"ဟုတ်ကဲ့ အန်တီ"

အန်တီသူသူစိုးနှင့် စကားပြောဆိုပြီး အပေါ်တက်လာကာ ကောင်လေး၏ အခန်းတံခါးကို ဖွင့်လိုက်ချိန်မှာတော့ ကောင်လေးက ကုတင်ပေါ်မှာ စောင်ကို ခေါင်းမြီးခြုံထားကာ အိပ်နေလေသည်။

ညနေစောင်းနေပြီ ဖြစ်သဖြင့် အိပ်လိုက်လျှင် ဖျားသွားမည်ကို စိုးရိမ်၍ ကုတင်နားသို့ သွားလိုက်တော့မှ စောင်လေးမှာ တသိမ့်သိမ့်တုန်ခါနေတာ တွေ့လိုက်ရသည်။ တခါတရံ ရှိုက်သံ သေးသေးလေးများပင် ထွက်လာသေးသည်။ စိတ်ပူစွာဖြင့် ကမန်းကတမ်း စောင်ကို လှပ်ကာ ကြည့်လိုက်တော့ ကုတင်ပေါ်မှာ မျက်လုံးများ ဖောင်းမို့အစ်နေသည်အထိ ငိုနေသော ကောင်လေး။ မျက်လုံးများမှာ ဖောင်းအစ်နေပြီး သိပ်မပွင့်နိုင်တော့တာတောင် အခုချိန်ထိ ရှိုက်ကာတသိမ့်သိမ့်ငိုနေသည့်ကောင်လေးး။

စောင်ကို ဆွဲလှန်လိုက်တော့ ကောင်လေးက သူ့ကို မြင်သွားပြီး အံ့သြမှင်သက်စွာ ကြည့်နေလေ၏။

"ဘာဖြစ်တာလဲဟင် ဇေလေး။ ဘာလို့ငိုနေတာလဲ ဘာဖြစ်လို့လဲ"

"ကိုစေ...အီး..ဟီး...ဟင့်"

မေးလိုက်တော့ ကောင်လေးက သူ့လည်ပင်းကို သိုင်းဖက်ထားကာ အော်ဟစ်ငိုကြွေးတော့သည်။ လည်ပင်းကို သိုင်းဖက်ထားကာ ငိုနေသည့် ကောင်လေးကို ချီလိုက်ရင်းပင် ကျောပြင်လေးကို ခပ်ဖွဖွပုတ်ပေးကာ နှစ်သိမ့်ပေးနေမိသည်။

"ဘာဖြစ်လို့လဲ ​ပြောပါအုံးကွာ။ ကိုယ့်ကို ရင်ပူရအောင် မလုပ်ပါနဲ့"

"ဟင့်....ကိုစေ..အစ်..ကျွန်တော့်ကို..ထား...ထားသွားပြီ အစ်...ထင်လို့..ဟင့်"

"ကိုယ်က ဇေလေးကို ဘာလို့ထားသွားရမှာလဲကွာ။ ချစ်လွန်းလို့ တသက်လုံး လိုက်ရှာခဲ့ရတဲ့ ကလေးလေးကို ကိုယ်က ဘာလို့ထားသွားရမှာတုန်း ဟင်"

"ကျွန်တော်က ဟင့်... ကိုစေပြောစကား နားမထောင်လို့ ကျွန်တော့်ကို မချစ်တော့ပဲ အစ်.. ထားခဲ့ပြီ ထင်တာ"

"မဟုတ်တာ ဇေလေးရာ။ ကိုယ်ကလေ မင်းလေးကို မချစ်တော့တဲ့ အချိန်ဆိုတာ ရှိလာမှာ မဟုတ်ဘူး သိရဲ့လား။ ထားခဲ့ဖို့ဆိုတာ အဝေးကြီးမှာ"

"ကျွန်တော် တောင်းပန်ပါတယ်။ ကိုစေ မကြိုက်တာတွေ ခွင့်မပြုတာတွေ မလုပ်တော့ဘူးနော်။ သြဇီမှာ ကျောင်းတက်ချင်တာကလဲ ကိုစေ့အတွက်ပါ။ ကိုစေ ကျွန်တော့်ကြောင့် ဂုဏ်ယူရစေချင်လို့။ ဒါပေမယ့် ကိုစေ မကြိုက်ရင် ကျွန်တော်မသွားတော့ဘူးနော်။ အဲ့ဒါကြောင့် ကျွန်တော့်ကို အခုလိုအကြာကြီးပစ်ထားပြီး ထားမသွားပါနဲ့နော် ကိုစေ"

"ကိုယ်ပစ်ထားမိလို့ ငိုနေတာလား ဇေလေးက"

ရင်ခွင်ထဲမှာ ချီပိုးထားတဲ့ ကောင်လေးက ခေါင်းကို ဆက်ခါဆက်ခါငြိမ့်ပြသည်။

"ကိုယ်တောင်းပန်ပါတယ်ကွာ။ ဒီရက်ပိုင်း အလုပ်နဲနဲ ရှုပ်သွားလို့ပါ။ ဇေလေးကို ပစ်ထားသလို ဖြစ်သွားရင် ကိုယ်တောင်းပန်ပါတယ်။ နောက်အဲ့ဒီလို မဖြစ်စေရဘူး ကိုယ်ကတိပေးတယ်နော်။ မငိုနဲ့တော့ တိတ်တော့"

"ကိုစေ တခြားမိန်းကလေးတွေနဲ့ ချိန်းတွေ့နေတာ မြင်ရတော့ ကျွန်တော့်ရင်တွေ ပိုနာရတယ်..ဟင့်"

"ဘယ်က မိန်းကလေးလဲ ဇေလေးရဲ့"

"အစ်...မနေ့က ကိုစေဆီလာတော့ ကိုစေ တခြားမိန်းကလေးတစ်ယောက်နဲ့ ရယ်မောပျော်ရွှင်ပြီး ထမင်းစားနေတာတွေ့ခဲ့တယ်..ဟင့်"

"ဇေလေး ကိုယ့်ဆီလာခဲ့သေးတာလား"

"ဟုတ်တယ် အင့်....ကိုစေက ကျွန်တော့်ဆီလဲမလာတော့ ကိုစေဆီလိုက်လာတာ။ ဒါပေမယ့် အဲ့လိုချိန်းတွေ့နေတာ တွေ့လိုက်တော့ ကိုစေကျွန်တော့်ကို တကယ်ထားခဲ့ပြီ ထင်နေတာ"

"အရူးလေး။ အမြဲတမ်း ကိုယ်ထင်ရာမြင်ရာတွေပဲ လျှောက်ထင်လျှောက်တွေးပြီး ငိုနေတော့တာပဲ အဆိုးလေး"

"အဲ့...အဲ့ဒါဆို မနေ့က တွေ့ခဲ့တဲ့ မိန်းကလေးက ဘယ်..ဘယ်သူလဲဟင်"

"သူက Alice တဲ့။ ​ကိုယ် စင်္ကါပူမှာ နေတုန်းက ကျောင်းနေဖက်သူငယ်ချင်း။ မြန်မာနိုင်ငံ ခနအလည်လာတုန်း ထမင်းအတူစားတာပါ။ ပြီးတော့ သူ့အမျိုးသားက သြစတြေးလျ နိုင်ငံသားလေ။ အဲ့တာကြောင့် လိုအပ်တာလေးတွေ မေးမြန်းရင်း အကူအညီတောင်းနေတာပါ"

"အမ် ကိုစေက ဘာလို့...."

ဇေယျာတိုး ပြောလက်စ စကားတို့ရပ်တန့်သွားရတော့သည်။ ရင်ခွင်ထဲမှ ထွက်ရင်း အောင်စေပိုင့် မျက်နှာကို ကြည့်လိုက်တော့ ကိုစေက သူ့မျက်ဝန်းတွေကို ပြန်ကြည့်လာပြီး ပြုံးပြသည်။ ထို့နောက် ဖောင်းအစ်မို့နေသော မျက်လုံးလေးတွေကို ညင်သာစွာ နမ်းရှိုက်ရင်း စကားဆက်ပြောလာသည်။

"ဟုတ်တယ်။ ဒီအဆိုးလေးက သြစတြေးလျမှာမှ ကျောင်းတက်ချင်တယ်ဆိုလို့လေ။ ကိုယ့်မှာ အသိမိတ်ဆွေတွေကို လိုက်ဆက်သွယ်နေရတာပေါ့"

"ဒါ...ဒါဆို ကိုစေ ခွင့်ပြုပေးလိုက်တာလားဟင်"

"အင်း။ ကိုယ်ခွင့်ပြုပါတယ်။ ဒါပေမယ့် တောင်းဆိုချက်တစ်ခုရှိတယ်"

"ဟုတ်"

"အဲ့ဒီကို မသွားခင် ဇေလေး ကိုယ့်ကို လက်ထပ်သွားရမယ်"

ပြူးကျယ်သွားသော မျက်ဝန်းလေးတွေနှင့် သူ့ကိုကြည့်ပြီး တခုခုပြောချင်နေပုံရသည့် ကောင်လေး၏ နှုတ်ခမ်းတွေအား အနမ်းတွေနှင့် ပိတ်ဆို့လိုက်မိသည်။

"ကျွန်တော့်ကို မယုံလို့လားလို့ မေးမလို့မဟုတ်လား။ ကိုယ်က ဇေလေးကို ယုံတယ်။ ကိုယ့်တဘဝလုံးမှာ ဇေလေးကို အကြွင်းမဲ့ လုံးဝဥဿုံ ယုံကြည်ပြီးသား။ ကိုယ်မယုံတာ တခြားလူတွေကို၊ လောကကြီးကို။ အဲ့ဒါကြောင့် ကိုယ်မင်းကို အိမ်ထောင်ဆိုတဲ့ ကြိုးနဲ့ ချည်နှောင်ထားချင်တယ်။ ကိုယ့်ကို ခွင့်ပြုမလားဟင်"

"ကိုစေရယ်....ဟင့်"

ရင်ခွင်ထဲက ကောင်လေးက သူ့ကို ပြန်လည်ဖက်ကာ ငိုပြန်တော့သည်။

"မငိုပါနဲ့တော့ကွာ။ တိတ်တော့။ ကိုယ်ကမင်းကို ထားသွားမဲ့နေ့ဆိုတာ မရှိတော့ဘူး ယုံနော် ကိုယ့်ကို"

ရင်ခွင်ထဲက ကောင်လေးက ခေါင်းကို ဆက်တိုက်ငြိမ့်လာ၏။ ကောင်လေး၏ ကျောပြင်လေးကို ခပ်ဖွဖွပွတ်သပ်မိရင်း

"နောင်တချိန်ကျ ဇေလေး ဒီထက်အရွယ်ရောက်လာခဲ့ရင် ကိုယ်ဇေလေးကို အခုလို ကြိုးတွေနဲ့ ချည်နှောင်ခဲ့မိလို့ စိတ်ဆိုးမှာလားဟင်။ ကိုယ်ကတော့ ဇေလေးကို တသက်လုံး လက်လွှတ်ဖို့ စိတ်ကူးမရှိတော့တာမို့ လောကကြီးထဲမှာ ရှိတဲ့ ရနိုင်သလောက် ကြိုးတွေနဲ့ ကိုယ်ဇေလေးကို ချည်နေမိမှာ။ တချိန်ကျ ဇေလေးဒီကြိုးတွေကို နောင်တမရဖို့ပဲ ကိုယ်မျှော်လင့်ပါတယ်ကွာ"

"ဟင့်အင်း။ ကျွန်တော်က ဘာလို့ နောင်တရ ရမှာလဲ။ ကျွန်တော် ကိုယ်တိုင်ကိုက အချည်နှောင်ခံချင်သူပါ။ ကိုစေချည်နှောင်ထားဖို့ကိုပဲ အမြဲမျှော်လင့်နေတာပါ။ အဲ့ဒါကြောင့် ကိုစေကြိုက်သလို ချည်နှောင်ပါ။ ကျွန်တော်က ကျေကျေနပ်နပ်ကြီးကို လက်ခံပါတယ်"

"ကိုယ် မင်းလေးကို သိပ်ချစ်တယ်"

"ကျွန်တော်လဲ ကိုစေကို အရမ်းချစ်တယ်"

ကောင်လေး၏ မျက်ရည်စက်လက်နဲ့ အနမ်းတွေက သိပ်ကိုချိုမြိန်လွန်းပါသည်။

"ဒါဆို နားလိုက်အုံး။ ငိုထားရတာ ပင်ပန်းနေမှာပေါ့။ မျက်လုံးတွေကို ဖောင်းအစ်နေတာပဲ"

"ဟင့်အင်း။ မအိပ်ချင်ဘူး။ ကိုစေကို လေးရက်တောင် မတွေ့ရပဲ အခုမှပြန်တွေ့ရတာမို့ မျက်လုံးမှိတ်ပြီး မနေချင်ဘူး။ ကိုစေ ကျွန်တော့်မြင်ကွင်းထဲက ပျောက်သွားမှာမလိုချင်ဘူး"

"အချွဲလေးပဲကွာ။ ဒါဆို ကိုယ်ဖက်ထားပေးမယ်လေ။ ကိုယ့်ရင်ခွင်ထဲမှာ အိပ်လိုက်နော်။ လိမ္မာတယ် လာ။ မျက်နှာလေးက ချောင်ကျသွားလိုက်တာ။ ဒီရက်ပိုင်း ထမင်းသေချာမစားဘူးလား"

"စားပါတယ်။ ဒါပေမယ့် စားလို့မကောင်းဘူး။ ကိုစေကျွန်တော့်ကို ထားသွားပြီ ဆိုတဲ့အသိက ရင်ထဲပြည့်ကြပ်ပြီး ရင်ထဲမှာ တခုခုခံနေသလိုပဲ စားလို့လဲမရတော့ဘူး။ အိပ်လို့လဲ မပျော်တော့ဘူး။ နေရတာ တခုခုလိုအပ်နေသလိုပဲ ခံစားချက်ကြီးက သိလား..ဟင့်...ကျွန်တော် မကြိုက်ဘူး "

"အဆိုးလေး။ ထမင်းတော့ သေချာစားအုံးမှပေါ့။ နောက်ကို ကိုယ်ထားသွားမယ်ဆိုတဲ့ အတွေးမျိုး ဘယ်တော့မှမတွေးရဘူး ကြားလား"

"ဟုတ်.. ဟုတ်ကဲ့။ မတွေးတော့ဘူး။ ပြီးတော့ ကိုစေက ကျွန်တော့် ယောကျ်ားဖြစ်တော့မှာ။ အဲ့ဒါကြောင့် ထားသွားလို့မရတော့ဘူး ဟုတ်တယ်မလား"

"အင်း။ ဘယ်တော့မှ ထားသွားမှာ မဟုတ်လို့ စိတ်ချပြီး အိပ်တော့။ ဇေလေး အရမ်းပင်ပန်းနေပြီ။ အိပ်တော့နော် ကိုယ်ဖက်ထားပေးမယ်"

"ဟုတ်..ကျွန်တော် ကိုစေကို အရမ်းချစ်တယ်"

"ကိုယ်လဲ အရမ်းချစ်တာပါကွာ"

နဖူးသို့ နမ်းလိုက်ရင်း ပြောလိုက်သံကိုတော့ ကောင်လေးတစ်ယောက် မကြားလိုက်တော့ပါ။ အောင်စေပိုင် သူ့ကို တင်းကြပ်စွာ ဖက်ရင်း ရင်ခွင်ထဲ တိုးဝင်ကာ တရှူးရှူးအိပ်ပျော်နေသည့် ကောင်လေးကိုပဲ ကြည်နူးစွာဖြင့် ပြန်ဖက်ထားလိုက်မိတော့သည်။

Continue Reading

You'll Also Like

41.3K 2.9K 53
*Book 3 of the Destined Series* Without her sister, her mate, and her friends, Ryleigh has nowhere to turn to but home. Whether she wants to join her...
3K 75 31
ဖတ်ဖူးတဲ့Manhwaတစ်ပုဒ်ကိုကျောရိုးယူပြီးရေးထားခြင်းဖြစ်ပါသည်။အဲ့ဒီ့အတွက်မူရင်းauthorကိုcrdပေးပါတယ်ဗျ #pic crd
1.4M 35.1K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
2.8M 159K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...