(Zawgyi)
"အမေလး ေမာင္ေဇယ်ာတိုး။ အိမ္ျပန္လာေသးတယ္ေပါ့"
"အဟဲ ေမကလဲ။ သားအိမ္ပဲ သားျပန္လာမွာေပါ့"
"ေအာ္..မသိပါဘူး။ ကြၽန္မျဖင့္ ရွင္ျပန္မလာရင္ သားေစပိုင္အိမ္ကို ကန္ေတာ့ပြဲနဲ႕ လာေတာင္းေတာ့မလို႔ပဲ"
"ဟာ ေမကလဲ။ ေပါက္ကရေတြ"
"ဘာေပါက္ကရေတြလဲ။ ေစပိုင့္အိမ္လား သူ႕အိမ္လား မသဲကြဲဘူး။ ၾကည့္ေနေနာ္"
"ဟဲ ေမကလဲ"
"ကားကေရာ ဘာလဲ။ သားေစပိုင္ ကားကို ယူလာတာလား"
"အာ မဟုတ္ပါဘူး။ ကိုေစက သားကို စာေမးပြဲေအာင္လို႔ လက္ေဆာင္ေပးလိုက္တာ"
"ဟင္း...မေျပာခ်င္ဘူး။ သားေစပိုင္ကို ေျပာရအုံးမယ္။ ဒီေကာင္ေလး ကို သိပ္ အလိုမလိုက္ဖို႔"
"ေမကလဲ သားကိုမခ်စ္ဘူးလား"
"မခ်စ္ဘူး ဖယ္ဖယ္။ ရည္းစားရသြားေတာ့ အေမ့အိမ္ေတာင္ ျပန္မလာေတာ့ပဲနဲ႕မ်ား"
"ေမကလဲ ျပန္ပါတယ္။ ေမ့ဘာသာ ေဒၚေဒၚႏြယ္နဲ႕ ေလွ်ာက္သြားၿပီးေတာ့။ သားက ေမ မရွိေတာ့ ကိုေစအိမ္မွာပဲ ေနလိုက္ရတာ"
"ေဒါက္...အေမကိုမ်ား ေလွ်ာက္သြားသေလးဘာေလးနဲ႕ တရားစခန္းဝင္ေနတာဟဲ့"
"အင္းေလ ဘာပဲျဖစ္ျဖစ္ ေမအိမ္မွာမရွိေတာ့ သားကေၾကာက္လို႔ ကိုေစအိမ္သြားေနတာ ဟီး..."
"အမေလး မသိရင္ခက္ေနမယ္။ မေျပာခ်င္ဘူး ေဇယ်ာတိုးတို႔ကိုေတာ့"
"ဟီး...ခု ေမနဲ႕ပဲ အတူေနဖို႔ ျပန္လာတာ။ ခ်စ္တယ္ ေနာ္ေမ အာဘြားအာဘြား"
ေဒၚသူသူစိုးကေတာ့ ေဇယ်ာတိုးခါးဖက္ကာ ခြၽဲႏြဲ႕ေနမႈမ်ားသာ ေက်နပ္ရင္းၿပဳံးေနပါေတာ့သည္။
~~~~~~~~~~~~~~~~~~
အိမ္မွာထိုင္ေနရင္း Facebook သုံးေနခိုက္ Viedo Call တစ္ခုဝင္လာခဲ့သည္။ ၾကည့္လိုက္ေတာ့ Louis။ ဖုန္းကို ကိုင္လိုက္လိုက္ျခင္း ဖုန္းမ်က္ႏွာျပင္ေပၚမွာ Louis ၏ စပ္ၿဖဲၿဖဲ မ်က္ႏွာက ေပၚလာေတာ့သည္။
"Hello တိုးတိုးေလး ေနေကာင္းရဲ႕လား။ မေတြ႕တာၾကာၿပီေနာ္။ အဆင္ေျပရဲ႕လား"
"ေျပတာေပါ့ Louis ရဲ႕ ။ ေနာက္ဆုံးႏွစ္ဆိုေတာ့ စာ နဲနဲမ်ားေတာ့ အာ႐ုံစိုက္လုပ္ေနရတာပါပဲ။က်န္တာက ေအးေဆးပါ"
"ဘရားသားပိုင္ေရာ မေတြ႕ပါလား။ ဘယ္သြားေနလဲ။ သူနဲ႕ေတာင္မေတြ႕ရတာ ၾကာၿပီ"
"ငါ အိမ္ျပန္ေရာက္ေနတာ Louis ရဲ႕။ ကိုေစက သူ႕အိမ္မွာ"
"ေအာ္... မင္းက အိမ္ျပန္ေသးတယ္ေပါ့။ ငါလာတုန္းက ဘရားသားပိုင္အိမ္မွာပဲ ေတြ႕ေနလို႔ ဘရားသားပိုင္အိမ္ကို ေျပာင္းေနၿပီထင္တာ"
"မဟုတ္ပါဘူး။ အဲ့တုန္းက ငါ့အေမမရွိလို႔"
"အဟင္း အဟင္း ဒါနဲ႕ ငါေပးလိုက္တဲ့ေဆးကို ႀကိဳက္ရဲ႕လား"
ထိုအေၾကာင္းေျပာလိုက္ေတာ့ ေဇယ်ာတိုး ထိုညက အေၾကာင္းမ်ား ေခါင္းထဲျပန္ ဝင္လာေသာေၾကာင့္ တကိုယ္လုံး ရွက္ေသြးျဖာကာ မ်က္ႏွာမ်ားပင္ ပူေလာင္လာရသည္။
"Louis မင္းတကယ္မေကာင္းဘူး။ ေဆး...ေဆးက ဘာလို႔တိုက္ရတာလဲ "
"ဘာျဖစ္လို႔လဲ ငါကေစတနာနဲ႕ပါ ဟင္းဟင္း မင္းကမႀကိဳက္ဘူးလား။ ဘရားသားပိုင္ကေတာ့ ေတာ္ေတာ္သေဘာက်သြားမွာပဲ ဟား ဟား"
"အာ..."
ဖုန္းစခရင္တဖက္မွ Louis က ေအာ္ဟစ္ရယ္ေမာကာ သူ႕ကိုစေနသျဖင့္ ေဇယ်ာတိုး ရွက္သြားရကာ ဖုန္းဆီကပင္ အၾကည့္လႊဲလိုက္ရ၏။ Louis ကေတာ့ သူ႕ျဖစ္ပ်က္သြားပုံကို သေဘာက်စြာ ျဖင့္ တဟားဟားရယ္ေမာေနဆဲ။ထိုစဥ္ ေခါင္းထဲ တစ္စုံတစ္ခုကို သတိရသြားသည္။
"ဒါနဲ႕ Louis မင္းကို ေမးမလို႔"
"အင္း ေျပာေလ"
"Party ပြဲေန႕က မင္းနဲ႕ ၿဖိဳးပိုင္ေအာင္ ဘာေတြျဖစ္ၾကတာလဲ"
ထိုသို႔ေမးလိုက္ေတာ့ ရယ္႐ႊင္ေနေသာ Louis ၏ မ်က္ႏွာေလးက ႐ုတ္ခ်ည္း ေျပာင္းလဲကာ မ်က္ႏွာေလး တည္သြားသည္။ ခနအၾကာမွ အၿပဳံးတစ္ခုကို ျပန္ၿပဳံးျပၿပီး
"ဘာမွ မျဖစ္ပါဘူးကြာ ဒီလိုပါပဲ"
"အင္း။ ငါၾကားေတာ့ ၾကားၿပီးပါၿပီ။ ျဖစ္တတ္ပါတယ္ကြာ။ မူးေနတဲ့အခ်ိန္ဆိုေတာ့ အမွားလုပ္မိတတ္တာ သဘာဝပါပဲ"
"အင္း...။ မူးေနတုန္း အမွားလုပ္မိတာပါပဲ အဟက္"
Louis ၏ ေျခာက္ကပ္ကပ္ရယ္သံ တခ်ိဳ႕က စပီကာမွ တဆင့္ထြက္ေပၚလာသည္။ ထို႔ေနာက္ Louis က စကားကိုဆက္ေျပာလာသည္။
"ဒါေပမယ့္ သိလား ေဇယ်ာ။ ငါ မူးမေနခဲ့ဘူး.....ဟဟ"
"အင္....ဒါဆို ဘာလို႔ထြက္ေျပးသြားတာလဲ။ သူတို႔ေျပာေတာ့ မင္းက သူတို႔ကိုထားၿပီးထြက္သြားတာဆို"
"မျဖစ္နိုင္တဲ့ ဇာတ္လမ္းေတြကို အစထဲက မစတာ အေကာင္းဆုံးပဲ တိုးတိုးေလးရဲ႕။ လူတိုင္းက မင္းနဲ႕ဘရားသားပိုင္လို အသဲယားစရာ ဇာတ္သိမ္းမ်ိဳး ရွိမွာမဟုတ္ဘူးေလ ဟားဟား"
Louis က ေအာ္ဟစ္ရယ္ေမာေနေသာ္လဲ သူ႕ရယ္သံမ်ားမွာ အသက္မပါလွပါ။ ေဇယ်ာတိုးလဲ ဘာဆက္ေျပာရမွန္း မသိေတာ့တာမို႔ ၿငိမ္သက္သြားစဥ္ တဖက္က Louis ကလဲ ၿငိမ္သက္သြားခဲ့သည္။ တိတ္ဆိတ္ေနေသာ ေလထုထဲတြင္ ၿငိမ္ေနမိရင္း ခနၾကာေတာ့ Louis ဘက္က အသံထြက္လာသည္။
"အာ...ငါေစာ္ေလးနဲ႕ ခ်ိန္းထားတာရွိလို႔ သြားDate လိုက္အုံးမယ္။ ေကာင္းေကာင္းေနခဲ့ေနာ္ တိုးတိုးေလးေရ"
Louis က ၿပဳံးျပကာ တ့တာျပရင္း စခရင္ေပၚမွ ေပ်ာက္သြားခဲ့သည္။ အရင္လို ပုံစံ Louis ျပန္ျဖစ္သြားခဲ့ေပမယ့္ ေသခ်ာတာတစ္ခုကေတာ့ သူ႕မ်က္လုံးမ်ားက အရင္လို အေရာင္မေတာက္ေနခဲ့ပါ။
ေဇယ်ာတိုးလဲ ကာယကံရွင္မ်ား မဟုတ္သျဖင့္ ဘာမွမတတ္နိုင္ေသာေၾကာင့္ သက္ျပင္းတခ်က္ခ်႐ုံသာ တတ္နိုင္ပါသည္။
~~~~~~~~~~~~~~~~~~~
ညေနေက်ာင္းဆင္းခ်ိန္မွာ အိမ္သို႔ ကားေမာင္းျပန္လာရင္း နာရီကို တခ်က္ၾကည့္လိုက္ေတာ့ ေအာင္ေစပိုင္႐ုံးဆင္းမည့္ အခ်ိန္မေရာက္ေသးေပ။ ထို႔ေၾကာင့္သာ တခ်က္ၿပဳံးလိုက္ရင္း ေအာင္ေစပိုငိရွိရာ႐ုံးခန္းရွိရာသို႔ ကားကို ဦးတည္ေမာင္းလိုက္ေတာ့သည္။
"ကိုေစ ကိုေစ"
တံခါးကို ဖြင့္ဝင္လိုက္ေတာ့ ကြန္ျပဴတာတလုံးႏွင့္ အလုပ္လုပ္ေနေသာ ေအာင္ေစပိုင္က သူ႕ကိုၾကည့္ရင္းၿပဳံးျပလာသည္။ အေျပးေလး ေအာင္ေစပိုင္အနား သြားလိုက္ရင္း ေပါင္ေပၚတက္ထိုင္လိုက္မိသည္။
ကိုေစရဲ႕ ေပါင္ေပၚထိုင္ရျခင္းကို သူတကယ္ႏွစ္သက္ပါသည္။ ေပါင္ေပၚထိုင္ေနသည့္ သူ႕ကို ကိုေစကသိုင္းဖက္ထားလိုက္လွ်င္ သူ႕တကိုယ္လုံး ရင္ခြင္က်ယ္ႀကီးထဲမွာ နစ္ျမဳပ္ေနရသလို ခံစားခ်က္ကို သူတကယ္သေဘာက်တယ္။
"အလုပ္ေတြမၿပီးေသးဘူးလား ကိုေစ"
"အင္း။ ပစၥည္းအဝင္အထြက္ေလးေတြ စစ္ေနတာ"
"ကြၽန္ေတာ္လဲ ကူလုပ္ေပးမယ္"
ေျပာကာ ေအာင္ေစပိုင့္ ေပါင္ေပၚထိုင္ရင္း ရင္ခြင္ထဲ ေက်ာမွီလိုက္ကာ ကိုေစၾကည့္ေနသည့္ ကြန္ျပဴတာကို တူတူၾကည့္လိုက္သည္။ ထိုစဥ္ ေအာင္ေစပိုင္က သူ႕ခါးေတြကို လက္ေတြျဖင့္ ရစ္တြယ္လာၿပီး ပုခုံးေပၚ ေမးတင္ရင္း ေမးလာသည္။
"ေဇေလးက နားလည္လို႔လား"
ေအာင္ေစပိုင္၏ ႏႈတ္ဖ်ားမွ ထြက္တဲ့ ေလေငြ႕ေလးေတြက သူ႕ပုခုံးေပၚကေနတဆင့္ နား႐ြက္ဖ်ားေလးကို ျဖတ္တိုက္သြားသည္။
"ၾကည့္တတ္ပါတယ္ေနာ္။ ကြၽန္ေတာ္လဲ ကိုေစ့လုပ္ငန္းေတြ နဲနဲေတာ့ ေလ့လာထားပါတယ္ေနာ္"
ေအာင္ေစပိုင္က ရယ္ရင္းသာ ခါးေပၚရွိလက္ေတြကို ပိုမိုတင္းၾကပ္စြာ ရစ္ပတ္လိုက္ၿပီး သူ႕ဂုတ္ပိုးေလးကို ညင္သာစြာ နမ္းရွိုက္လာသည္။ အနည္းငယ္ေတာ့ ၾကက္သီးထစရာေပမယ့္ သည္းခံလို႔ ရပါေသးတယ္။
ထိုမွတဆင့္ဆက္ကာ ေအာင္ေစပိုင္က လည္ပင္းသားေတြကို ငုံကာ ကိုက္ေထြးၿပီး ႏႈတ္ခမ္းသားတို႔ႏွင့္ ပြတ္တိုက္က်ီစယ္လာသည္။ ခနေတာ့ သည္းခံလို႔ ရေပမယ့္ ခနခနကိုက္ကာ ေဆာ့ကစားလာေသာအခါ အသဲယားလာၿပီး တုန္ရီေနေသာ ႏႈတ္ဖ်ားမွ သံစဥ္ေလးမ်ား ထြက္ၾကေတာ့မည္ ျဖစ္သျဖင့္ ေဇယ်ာတိုးႏႈတ္ခမ္းကိုသာ ဖိကိုက္လိုက္မိသည္။
"အင့္... ကိုေစ ယားတယ္"
အျငင္းဝါက်ဆန္ေသာ စကားလုံးေလးမ်ား ထြက္ေပၚလာေသာ္လဲ ေအာင္ေစပိုင္က အေလ်ာ့မေပးခဲ့ပါ။ဆက္ကာဆက္ကာျဖင့္ လည္ပင္းသားေတြကို နမ္းရွိုက္ရင္း လွ်ာဖ်ားႏွင့္ပါ ပြတ္တိုက္လာသည္။
"အင့္ ကိုေစ။ ေက်ာင္းကတန္းလာတာ။ ေခြၽးေတြနဲ႕ ညစ္ပတ္နံေစာ္ ေနလိမ့္မယ္ လႊတ္အုံး"
ေပါင္ေပၚက ႐ုန္းဖယ္ကာ ထဟန္ျပဳလိုက္ေတာ့ ခါးကို ဖက္ထားသည့္ လက္ေတြကို အားသုံးလိုက္ၿပီး သူ႕ကိုယ္ကို ေနာက္သို႔ ဆြဲကပ္လိုက္သျဖငိ့ ေဇယ်ာတိုးေက်ာျပင္ ႏွင့္ ေအာင္ေစပိုင့္ရင္ခြင္တို႔မွာ ေနရာမလပ္ ျပည့္ၾကပ္ထိေတြ႕သြား၏။
လည္ပင္းတို႔မွတဆင့္ အေပၚသို႔တက္လာၿပီး နား႐ြက္ဖ်ားေလးကို သြားနဲ႕တိတိဖြဖြေလး ကိုက္လိုက္တဲ့အခါ ေဇယ်ာတိုး တကိုယ္လုံး ၾကက္သီးေမႊးညွင္းေလးမ်ား ထသြားရသည္။ ေအာင္ေစပိုင္လက္ေတြဟာလဲ ခါးေပၚကေနတဆင့္ ပုဆိုးထဲ ဝင္ေနေသာ အက်ီစေလးကို ဆြဲထုတ္ရင္း ေအာက္သို႔ လွ်ိုဝင္လာကာ ေဇယ်ာတိုး၏ ဗိုက္သားျပင္ေလးကို ပြတ္တိုက္လာသည္။
"ကို..ကိုေစ..႐ုံးခန္းႀကီးထဲမွာ"
"အင္း...ဘာျဖစ္လို႔လဲ"
" မေကာင္း....မေကာင္းဘူးေလ"
"အင္း....ကိုယ္တို႔ ကားလမ္းမေပၚမွာေတာင္ ခ်စ္ခဲ့ၾကေသးတာ။ ႐ုံးခန္းကအမ်ားႀကီးအဆင္ေျပေသးတယ္ ထင္တာပဲ။ မဟုတ္ဘူးလား"
ေျပာလဲ အၿပီး ေဇယ်ာတိုး၏ နား႐ြက္တစ္ခုလုံးကို ငုံလိုက္ကာ လွ်ာေလးျဖင့္ တိုးဝင္ ေဆာ့ကစားေနသျဖင့္ ေဇယ်ာတိုးမွာ သည္းမခံနိုင္ေလာက္ေအာင္ ယားယံလာရေတာ့သည္။
"အဟိ..ဟင့္...ယားတယ္...ကိုေစ"
ေအာင္ေစပိုင့္ ေပါင္ေပၚမွာ ယားယံမႈေၾကာင့္ လူးလြန့္ကာ ေရွာင္ဖယ္ေနရင္း သတိဝင္မိေတာ့မွ ကိုေစ့လက္ေတြက သူ႕ရင္ဘတ္ေတြထိ နယ္ခ်ဲ့လာခဲ့ေလၿပီ။ ပြင့္ခ်ပ္ေတြကို လွည့္ပတ္ေဆာ့ကစားေနသည့္ လက္ေတြက တခ်က္တခ်က္ ညစ္ေခ်လိဳက္သည့္အခါ ေဇယ်ာတိုးတစ္ေယာက္ ေက်ာပင္ေကာ့မိသြားကာ ၿငီးသံ သဲ့သဲ့ေလးပါ ထြက္က်လာသည္။
ထိုအခါ ေအာင္ေစပိုင္က သူ႕ပါးေတြ နားသယ္စပ္ေတြကို ဖိကပ္နမ္းရွိုက္လာရင္း အသက္ရႈသံေတြလဲ ျပင္းျပလာခဲ့သည္။ ႏႈတ္ခမ္းေလးကိုက္ကာ ေအာင္ေစပိုင့္ျပဳသမွ်ႏုေနရရွာေသာ ေဇယ်ာတိုးတစ္ေယာက္ အသက္ကိုပင္ဝေအာင္မရႈနိုင္ေတာ့ေခ်။ ေအာင္ေစပိုင္က သူ႕ပြင့္ဖတ္ေတြကို စိတ္တိုင္းက် ေခ်မြလို႔ ၿပီးတဲ့အခါ လက္ေတြက ေအာက္သို႔ေလွ်ာဆင္းလာျပန္သည္။
"ဟာ့..."
အာေမဋိတ္အသံေလး အနဲငယ္က်ယ္ေလာင္သြားသျဖင့္ ေအာင္ေစပိုင္ကို ရွက္သည္းစြာ လွည့္ၾကည့္မိလိုက္ေတာ့ ႏႈတ္ခမ္းေတြကို အမိအရဖမ္းကာ နမ္းရွိုက္ေတာ့သည္။ အေပၚေရာေအာက္ပါ တိုက္ခိုက္ခံေနရေသာ ေဇယ်ာတိုးခမ်ာမွာေတာ့ မည္သည့္ေနရာကို ခုခံစစ္ျပင္ဆင္ရမလဲ မသိနိုင္ေတာ့ပါ။
"ေဇေလး သိလား"
" အင္း"
"ေဇေလးကေလ ရွက္ေနတဲ့အခ်ိန္ေလးေရာ ေသာင္းက်န္းၿပီး ထႂကြေနတဲ့အခ်ိန္ေလးေရာ သိပ္ခ်စ္ဖို႔ေကာင္းတာပဲ"
ေျပာလဲအၿပီး ကိုေစ၏ လက္ေတြက လႈပ္ရွားမႈမ်ားျမန္ဆန္လာသည္။
"ဟာ့...ကို...ကိုေစ"
"ေနာက္ၿပီး ကိုယ့္ကို ေတာင္းဆိုေနတဲ့အခ်ိန္ေလးမွာေရာ သိပ္ကိုခ်စ္စရာေကာင္းတာ သိရဲ႕လား"
"မသိ...ဟင့္...ဘူး"
"မသိလဲ ခ်စ္တယ္ သိရဲ႕လား ကိုယ့္ရဲ႕အဆိုးေလး"
"အာ့....အင့္"
ခႏၶာကိုယ္ခ်င္းအႀကိမ္ႀကိမ္ရင္းႏွီးၿပီးသည့္ေနာက္မွာေတာ့ ေအာင္ေစပိုင္က ေဇယ်ာတိုး၏ လွ်ို႔ဝွက္ခ်က္ ခလုတ္ေလးမ်ားကို ရွာေတြ႕ခဲ့ေလသည္။ ခ်စ္တင္းႏွောေနခ်ိန္မွာ ခ်စ္စကားမ်ားတဖြဖြေျပာေပးခ်င္းဟာ ေဇယ်ာတိုးကို ခရီးဆုံးျမန္ျမန္ေရာက္ေစကာ ခံစားခ်က္ပိုေကာင္းေစေၾကာင္း သိရွိၿပီးသည့္ေနာက္ ေအာင္ေစပိုင္က ထိုနည္းလမ္းကိုသာ ခနခနအသုံးခ်ေတာ့သည္။
"ကိုယ္က မင္းေလးကို အရမ္းခ်စ္တာ သိရဲ႕လား"
"အ့...ကြၽန္ေတာ္လဲ အရမ္း..အင့္ခ်စ္တယ္ "
သက္ျပင္းေလးခ်ကာ ေမာဟိုက္ေနသည့္ ခ်စ္ျမတ္နိုးရေသာ ေကာင္ေလးကို နမ္းရွိုက္ရင္း အခ်စ္သက္ေသမ်ားကို သုတ္ေပးမိေတာ့ ေကာင္ေလးက ရင္ခြင္ထဲ တိုးဝင္လာရင္း ရင္ဘတ္ကို ထုရိုက္ေတာ့သည္။
"ကိုေစ မေကာင္းဘူး"
ထုရိုက္ေနေသာ လက္ေတြကို ကိုင္ဆြဲလိုက္ရင္း တခ်က္ၿပဳံးမိကာ မ်က္လုံးခ်င္းဆုံလိုက္ၿပီး ေမးလိုက္မိသည္။
"တကယ္မေကာင္းဘူးေပါ့"
ထိုအခါေကာင္ေလးက အၾကည့္တို႔ကို လႊဲသြားၿပီး ႏႈတ္ခမ္းေလးကို ဖိကိုက္ထားကာ ဘာမွမေျပာ။ ရွက္ေသြးႂကြယ္ေနသည့္ မ်က္ႏွာေလးရွိ ႏွာေခါင္းေလးကို ခပ္ဖြဖြ တို႔ထိလိုက္ရင္း
"အဲ့ဒါဆို ဒီေန႕ ကိုယ့္အိမ္လိုက္ခဲ့ေတာ့"
"ဘာ..ဘာလို႔လဲ"
"ေဇေလးက အခုမေကာင္းဘူးဆိုေတာ့ အိမ္က်ရင္ ထပ္သက္ေသျပမလို႔ေလ"
"အား.....ကိုေစ ေနာ္"
"လိုက္မွာလား"
"ကြၽန္...ကြၽန္ေတာ့္ကားကေရာ"
"႐ုံးမွာထားခဲ့လိုက္ေလ။ မနက္က်မွ ျပန္ယူလဲ ရတာပဲ"
"အင္း"
"ဒါဆို အိမ္ေရာက္မွ မေကာင္းတဲ့ ဇာတ္လမ္းေလးကို ျပန္ဆက္ၾကတာေပါ့"
ႏွာေခါင္းထိပ္ေလးကို နမ္းကာ ရယ္သံစြက္ကာ ေျပာလိုက္ေတာ့ ရင္ခြင္ထဲက ေကာင္ေလးက မ်က္ႏွာေလးကို ငုံ႕ဖြက္ကာ ရင္ခြင္ထဲသို႔သာ ပိုတိုးဝင္သြားေတာ့သည္။
▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶
(Unicode)
"အမလေး မောင်ဇေယျာတိုး။ အိမ်ပြန်လာသေးတယ်ပေါ့"
"အဟဲ မေကလဲ။ သားအိမ်ပဲ သားပြန်လာမှာပေါ့"
"အော်..မသိပါဘူး။ ကျွန်မဖြင့် ရှင်ပြန်မလာရင် သားစေပိုင်အိမ်ကို ကန်တော့ပွဲနဲ့ လာတောင်းတော့မလို့ပဲ"
"ဟာ မေကလဲ။ ပေါက်ကရတွေ"
"ဘာပေါက်ကရတွေလဲ။ စေပိုင့်အိမ်လား သူ့အိမ်လား မသဲကွဲဘူး။ ကြည့်နေနော်"
"ဟဲ မေကလဲ"
"ကားကရော ဘာလဲ။ သားစေပိုင် ကားကို ယူလာတာလား"
"အာ မဟုတ်ပါဘူး။ ကိုစေက သားကို စာမေးပွဲအောင်လို့ လက်ဆောင်ပေးလိုက်တာ"
"ဟင်း...မပြောချင်ဘူး။ သားစေပိုင်ကို ပြောရအုံးမယ်။ ဒီကောင်လေး ကို သိပ် အလိုမလိုက်ဖို့"
"မေကလဲ သားကိုမချစ်ဘူးလား"
"မချစ်ဘူး ဖယ်ဖယ်။ ရည်းစားရသွားတော့ အမေ့အိမ်တောင် ပြန်မလာတော့ပဲနဲ့များ"
"မေကလဲ ပြန်ပါတယ်။ မေ့ဘာသာ ဒေါ်ဒေါ်နွယ်နဲ့ လျှောက်သွားပြီးတော့။ သားက မေ မရှိတော့ ကိုစေအိမ်မှာပဲ နေလိုက်ရတာ"
"ဒေါက်...အမေကိုများ လျှောက်သွားသလေးဘာလေးနဲ့ တရားစခန်းဝင်နေတာဟဲ့"
"အင်းလေ ဘာပဲဖြစ်ဖြစ် မေအိမ်မှာမရှိတော့ သားကကြောက်လို့ ကိုစေအိမ်သွားနေတာ ဟီး..."
"အမလေး မသိရင်ခက်နေမယ်။ မပြောချင်ဘူး ဇေယျာတိုးတို့ကိုတော့"
"ဟီး...ခု မေနဲ့ပဲ အတူနေဖို့ ပြန်လာတာ။ ချစ်တယ် နော်မေ အာဘွားအာဘွား"
ဒေါ်သူသူစိုးကတော့ ဇေယျာတိုးခါးဖက်ကာ ချွဲနွဲ့နေမှုများသာ ကျေနပ်ရင်းပြုံးနေပါတော့သည်။
~~~~~~~~~~~~~~~~~~
အိမ်မှာထိုင်နေရင်း Facebook သုံးနေခိုက် Viedo Call တစ်ခုဝင်လာခဲ့သည်။ ကြည့်လိုက်တော့ Louis။ ဖုန်းကို ကိုင်လိုက်လိုက်ခြင်း ဖုန်းမျက်နှာပြင်ပေါ်မှာ Louis ၏ စပ်ဖြဲဖြဲ မျက်နှာက ပေါ်လာတော့သည်။
"Hello တိုးတိုးလေး နေကောင်းရဲ့လား။ မတွေ့တာကြာပြီနော်။ အဆင်ပြေရဲ့လား"
"ပြေတာပေါ့ Louis ရဲ့ ။ နောက်ဆုံးနှစ်ဆိုတော့ စာ နဲနဲများတော့ အာရုံစိုက်လုပ်နေရတာပါပဲ။ကျန်တာက အေးဆေးပါ"
"ဘရားသားပိုင်ရော မတွေ့ပါလား။ ဘယ်သွားနေလဲ။ သူနဲ့တောင်မတွေ့ရတာ ကြာပြီ"
"ငါ အိမ်ပြန်ရောက်နေတာ Louis ရဲ့။ ကိုစေက သူ့အိမ်မှာ"
"အော်... မင်းက အိမ်ပြန်သေးတယ်ပေါ့။ ငါလာတုန်းက ဘရားသားပိုင်အိမ်မှာပဲ တွေ့နေလို့ ဘရားသားပိုင်အိမ်ကို ပြောင်းနေပြီထင်တာ"
"မဟုတ်ပါဘူး။ အဲ့တုန်းက ငါ့အမေမရှိလို့"
"အဟင်း အဟင်း ဒါနဲ့ ငါပေးလိုက်တဲ့ဆေးကို ကြိုက်ရဲ့လား"
ထိုအကြောင်းပြောလိုက်တော့ ဇေယျာတိုး ထိုညက အကြောင်းများ ခေါင်းထဲပြန် ဝင်လာသောကြောင့် တကိုယ်လုံး ရှက်သွေးဖြာကာ မျက်နှာများပင် ပူလောင်လာရသည်။
"Louis မင်းတကယ်မကောင်းဘူး။ ဆေး...ဆေးက ဘာလို့တိုက်ရတာလဲ "
"ဘာဖြစ်လို့လဲ ငါကစေတနာနဲ့ပါ ဟင်းဟင်း မင်းကမကြိုက်ဘူးလား။ ဘရားသားပိုင်ကတော့ တော်တော်သဘောကျသွားမှာပဲ ဟား ဟား"
"အာ..."
ဖုန်းစခရင်တဖက်မှ Louis က အော်ဟစ်ရယ်မောကာ သူ့ကိုစနေသဖြင့် ဇေယျာတိုး ရှက်သွားရကာ ဖုန်းဆီကပင် အကြည့်လွှဲလိုက်ရ၏။ Louis ကတော့ သူ့ဖြစ်ပျက်သွားပုံကို သဘောကျစွာ ဖြင့် တဟားဟားရယ်မောနေဆဲ။ထိုစဥ် ခေါင်းထဲ တစ်စုံတစ်ခုကို သတိရသွားသည်။
"ဒါနဲ့ Louis မင်းကို မေးမလို့"
"အင်း ပြောလေ"
"Party ပွဲနေ့က မင်းနဲ့ ဖြိုးပိုင်အောင် ဘာတွေဖြစ်ကြတာလဲ"
ထိုသို့မေးလိုက်တော့ ရယ်ရွှင်နေသော Louis ၏ မျက်နှာလေးက ရုတ်ချည်း ပြောင်းလဲကာ မျက်နှာလေး တည်သွားသည်။ ခနအကြာမှ အပြုံးတစ်ခုကို ပြန်ပြုံးပြပြီး
"ဘာမှ မဖြစ်ပါဘူးကွာ ဒီလိုပါပဲ"
"အင်း။ ငါကြားတော့ ကြားပြီးပါပြီ။ ဖြစ်တတ်ပါတယ်ကွာ။ မူးနေတဲ့အချိန်ဆိုတော့ အမှားလုပ်မိတတ်တာ သဘာဝပါပဲ"
"အင်း...။ မူးနေတုန်း အမှားလုပ်မိတာပါပဲ အဟက်"
Louis ၏ ခြောက်ကပ်ကပ်ရယ်သံ တချို့က စပီကာမှ တဆင့်ထွက်ပေါ်လာသည်။ ထို့နောက် Louis က စကားကိုဆက်ပြောလာသည်။
"ဒါပေမယ့် သိလား ဇေယျာ။ ငါ မူးမနေခဲ့ဘူး.....ဟဟ"
"အင်....ဒါဆို ဘာလို့ထွက်ပြေးသွားတာလဲ။ သူတို့ပြောတော့ မင်းက သူတို့ကိုထားပြီးထွက်သွားတာဆို"
"မဖြစ်နိုင်တဲ့ ဇာတ်လမ်းတွေကို အစထဲက မစတာ အကောင်းဆုံးပဲ တိုးတိုးလေးရဲ့။ လူတိုင်းက မင်းနဲ့ဘရားသားပိုင်လို အသဲယားစရာ ဇာတ်သိမ်းမျိုး ရှိမှာမဟုတ်ဘူးလေ ဟားဟား"
Louis က အော်ဟစ်ရယ်မောနေသော်လဲ သူ့ရယ်သံများမှာ အသက်မပါလှပါ။ ဇေယျာတိုးလဲ ဘာဆက်ပြောရမှန်း မသိတော့တာမို့ ငြိမ်သက်သွားစဥ် တဖက်က Louis ကလဲ ငြိမ်သက်သွားခဲ့သည်။ တိတ်ဆိတ်နေသော လေထုထဲတွင် ငြိမ်နေမိရင်း ခနကြာတော့ Louis ဘက်က အသံထွက်လာသည်။
"အာ...ငါစော်လေးနဲ့ ချိန်းထားတာရှိလို့ သွားDate လိုက်အုံးမယ်။ ကောင်းကောင်းနေခဲ့နော် တိုးတိုးလေးရေ"
Louis က ပြုံးပြကာ တ့တာပြရင်း စခရင်ပေါ်မှ ပျောက်သွားခဲ့သည်။ အရင်လို ပုံစံ Louis ပြန်ဖြစ်သွားခဲ့ပေမယ့် သေချာတာတစ်ခုကတော့ သူ့မျက်လုံးများက အရင်လို အရောင်မတောက်နေခဲ့ပါ။
ဇေယျာတိုးလဲ ကာယကံရှင်များ မဟုတ်သဖြင့် ဘာမှမတတ်နိုင်သောကြောင့် သက်ပြင်းတချက်ချရုံသာ တတ်နိုင်ပါသည်။
~~~~~~~~~~~~~~~~~~~
ညနေကျောင်းဆင်းချိန်မှာ အိမ်သို့ ကားမောင်းပြန်လာရင်း နာရီကို တချက်ကြည့်လိုက်တော့ အောင်စေပိုင်ရုံးဆင်းမည့် အချိန်မရောက်သေးပေ။ ထို့ကြောင့်သာ တချက်ပြုံးလိုက်ရင်း အောင်စေပိုငိရှိရာရုံးခန်းရှိရာသို့ ကားကို ဦးတည်မောင်းလိုက်တော့သည်။
"ကိုစေ ကိုစေ"
တံခါးကို ဖွင့်ဝင်လိုက်တော့ ကွန်ပြူတာတလုံးနှင့် အလုပ်လုပ်နေသော အောင်စေပိုင်က သူ့ကိုကြည့်ရင်းပြုံးပြလာသည်။ အပြေးလေး အောင်စေပိုင်အနား သွားလိုက်ရင်း ပေါင်ပေါ်တက်ထိုင်လိုက်မိသည်။
ကိုစေရဲ့ ပေါင်ပေါ်ထိုင်ရခြင်းကို သူတကယ်နှစ်သက်ပါသည်။ ပေါင်ပေါ်ထိုင်နေသည့် သူ့ကို ကိုစေကသိုင်းဖက်ထားလိုက်လျှင် သူ့တကိုယ်လုံး ရင်ခွင်ကျယ်ကြီးထဲမှာ နစ်မြုပ်နေရသလို ခံစားချက်ကို သူတကယ်သဘောကျတယ်။
"အလုပ်တွေမပြီးသေးဘူးလား ကိုစေ"
"အင်း။ ပစ္စည်းအဝင်အထွက်လေးတွေ စစ်နေတာ"
"ကျွန်တော်လဲ ကူလုပ်ပေးမယ်"
ပြောကာ အောင်စေပိုင့် ပေါင်ပေါ်ထိုင်ရင်း ရင်ခွင်ထဲ ကျောမှီလိုက်ကာ ကိုစေကြည့်နေသည့် ကွန်ပြူတာကို တူတူကြည့်လိုက်သည်။ ထိုစဥ် အောင်စေပိုင်က သူ့ခါးတွေကို လက်တွေဖြင့် ရစ်တွယ်လာပြီး ပုခုံးပေါ် မေးတင်ရင်း မေးလာသည်။
"ဇေလေးက နားလည်လို့လား"
အောင်စေပိုင်၏ နှုတ်ဖျားမှ ထွက်တဲ့ လေငွေ့လေးတွေက သူ့ပုခုံးပေါ်ကနေတဆင့် နားရွက်ဖျားလေးကို ဖြတ်တိုက်သွားသည်။
"ကြည့်တတ်ပါတယ်နော်။ ကျွန်တော်လဲ ကိုစေ့လုပ်ငန်းတွေ နဲနဲတော့ လေ့လာထားပါတယ်နော်"
အောင်စေပိုင်က ရယ်ရင်းသာ ခါးပေါ်ရှိလက်တွေကို ပိုမိုတင်းကြပ်စွာ ရစ်ပတ်လိုက်ပြီး သူ့ဂုတ်ပိုးလေးကို ညင်သာစွာ နမ်းရှိုက်လာသည်။ အနည်းငယ်တော့ ကြက်သီးထစရာပေမယ့် သည်းခံလို့ ရပါသေးတယ်။
ထိုမှတဆင့်ဆက်ကာ အောင်စေပိုင်က လည်ပင်းသားတွေကို ငုံကာ ကိုက်ထွေးပြီး နှုတ်ခမ်းသားတို့နှင့် ပွတ်တိုက်ကျီစယ်လာသည်။ ခနတော့ သည်းခံလို့ ရပေမယ့် ခနခနကိုက်ကာ ဆော့ကစားလာသောအခါ အသဲယားလာပြီး တုန်ရီနေသော နှုတ်ဖျားမှ သံစဥ်လေးများ ထွက်ကြတော့မည် ဖြစ်သဖြင့် ဇေယျာတိုးနှုတ်ခမ်းကိုသာ ဖိကိုက်လိုက်မိသည်။
"အင့်... ကိုစေ ယားတယ်"
အငြင်းဝါကျဆန်သော စကားလုံးလေးများ ထွက်ပေါ်လာသော်လဲ အောင်စေပိုင်က အလျော့မပေးခဲ့ပါ။ဆက်ကာဆက်ကာဖြင့် လည်ပင်းသားတွေကို နမ်းရှိုက်ရင်း လျှာဖျားနှင့်ပါ ပွတ်တိုက်လာသည်။
"အင့် ကိုစေ။ ကျောင်းကတန်းလာတာ။ ချွေးတွေနဲ့ ညစ်ပတ်နံစော် နေလိမ့်မယ် လွှတ်အုံး"
ပေါင်ပေါ်က ရုန်းဖယ်ကာ ထဟန်ပြုလိုက်တော့ ခါးကို ဖက်ထားသည့် လက်တွေကို အားသုံးလိုက်ပြီး သူ့ကိုယ်ကို နောက်သို့ ဆွဲကပ်လိုက်သဖြငိ့ ဇေယျာတိုးကျောပြင် နှင့် အောင်စေပိုင့်ရင်ခွင်တို့မှာ နေရာမလပ် ပြည့်ကြပ်ထိတွေ့သွား၏။
လည်ပင်းတို့မှတဆင့် အပေါ်သို့တက်လာပြီး နားရွက်ဖျားလေးကို သွားနဲ့တိတိဖွဖွလေး ကိုက်လိုက်တဲ့အခါ ဇေယျာတိုး တကိုယ်လုံး ကြက်သီးမွှေးညှင်းလေးများ ထသွားရသည်။ အောင်စေပိုင်လက်တွေဟာလဲ ခါးပေါ်ကနေတဆင့် ပုဆိုးထဲ ဝင်နေသော အကျီစလေးကို ဆွဲထုတ်ရင်း အောက်သို့ လျှိုဝင်လာကာ ဇေယျာတိုး၏ ဗိုက်သားပြင်လေးကို ပွတ်တိုက်လာသည်။
"ကို..ကိုစေ..ရုံးခန်းကြီးထဲမှာ"
"အင်း...ဘာဖြစ်လို့လဲ"
" မကောင်း....မကောင်းဘူးလေ"
"အင်း....ကိုယ်တို့ ကားလမ်းမပေါ်မှာတောင် ချစ်ခဲ့ကြသေးတာ။ ရုံးခန်းကအများကြီးအဆင်ပြေသေးတယ် ထင်တာပဲ။ မဟုတ်ဘူးလား"
ပြောလဲ အပြီး ဇေယျာတိုး၏ နားရွက်တစ်ခုလုံးကို ငုံလိုက်ကာ လျှာလေးဖြင့် တိုးဝင် ဆော့ကစားနေသဖြင့် ဇေယျာတိုးမှာ သည်းမခံနိုင်လောက်အောင် ယားယံလာရတော့သည်။
"အဟိ..ဟင့်...ယားတယ်...ကိုစေ"
အောင်စေပိုင့် ပေါင်ပေါ်မှာ ယားယံမှုကြောင့် လူးလွန့်ကာ ရှောင်ဖယ်နေရင်း သတိဝင်မိတော့မှ ကိုစေ့လက်တွေက သူ့ရင်ဘတ်တွေထိ နယ်ချဲ့လာခဲ့လေပြီ။ ပွင့်ချပ်တွေကို လှည့်ပတ်ဆော့ကစားနေသည့် လက်တွေက တချက်တချက် ညစ်ချေလိုက်သည့်အခါ ဇေယျာတိုးတစ်ယောက် ကျောပင်ကော့မိသွားကာ ငြီးသံ သဲ့သဲ့လေးပါ ထွက်ကျလာသည်။
ထိုအခါ အောင်စေပိုင်က သူ့ပါးတွေ နားသယ်စပ်တွေကို ဖိကပ်နမ်းရှိုက်လာရင်း အသက်ရှုသံတွေလဲ ပြင်းပြလာခဲ့သည်။ နှုတ်ခမ်းလေးကိုက်ကာ အောင်စေပိုင့်ပြုသမျှနုနေရရှာသော ဇေယျာတိုးတစ်ယောက် အသက်ကိုပင်ဝအောင်မရှုနိုင်တော့ချေ။ အောင်စေပိုင်က သူ့ပွင့်ဖတ်တွေကို စိတ်တိုင်းကျ ချေမွလို့ ပြီးတဲ့အခါ လက်တွေက အောက်သို့လျှောဆင်းလာပြန်သည်။
"ဟာ့..."
အာမေဋိတ်အသံလေး အနဲငယ်ကျယ်လောင်သွားသဖြင့် အောင်စေပိုင်ကို ရှက်သည်းစွာ လှည့်ကြည့်မိလိုက်တော့ နှုတ်ခမ်းတွေကို အမိအရဖမ်းကာ နမ်းရှိုက်တော့သည်။ အပေါ်ရောအောက်ပါ တိုက်ခိုက်ခံနေရသော ဇေယျာတိုးခမျာမှာတော့ မည်သည့်နေရာကို ခုခံစစ်ပြင်ဆင်ရမလဲ မသိနိုင်တော့ပါ။
"ဇေလေး သိလား"
" အင်း"
"ဇေလေးကလေ ရှက်နေတဲ့အချိန်လေးရော သောင်းကျန်းပြီး ထကြွနေတဲ့အချိန်လေးရော သိပ်ချစ်ဖို့ကောင်းတာပဲ"
ပြောလဲအပြီး ကိုစေ၏ လက်တွေက လှုပ်ရှားမှုများမြန်ဆန်လာသည်။
"ဟာ့...ကို...ကိုစေ"
"နောက်ပြီး ကိုယ့်ကို တောင်းဆိုနေတဲ့အချိန်လေးမှာရော သိပ်ကိုချစ်စရာကောင်းတာ သိရဲ့လား"
"မသိ...ဟင့်...ဘူး"
"မသိလဲ ချစ်တယ် သိရဲ့လား ကိုယ့်ရဲ့အဆိုးလေး"
"အာ့....အင့်"
ခန္ဓာကိုယ်ချင်းအကြိမ်ကြိမ်ရင်းနှီးပြီးသည့်နောက်မှာတော့ အောင်စေပိုင်က ဇေယျာတိုး၏ လျှို့ဝှက်ချက် ခလုတ်လေးများကို ရှာတွေ့ခဲ့လေသည်။ ချစ်တင်းနှောနေချိန်မှာ ချစ်စကားများတဖွဖွပြောပေးချင်းဟာ ဇေယျာတိုးကို ခရီးဆုံးမြန်မြန်ရောက်စေကာ ခံစားချက်ပိုကောင်းစေကြောင်း သိရှိပြီးသည့်နောက် အောင်စေပိုင်က ထိုနည်းလမ်းကိုသာ ခနခနအသုံးချတော့သည်။
"ကိုယ်က မင်းလေးကို အရမ်းချစ်တာ သိရဲ့လား"
"အ့...ကျွန်တော်လဲ အရမ်း..အင့်ချစ်တယ် "
သက်ပြင်းလေးချကာ မောဟိုက်နေသည့် ချစ်မြတ်နိုးရသော ကောင်လေးကို နမ်းရှိုက်ရင်း အချစ်သက်သေများကို သုတ်ပေးမိတော့ ကောင်လေးက ရင်ခွင်ထဲ တိုးဝင်လာရင်း ရင်ဘတ်ကို ထုရိုက်တော့သည်။
"ကိုစေ မကောင်းဘူး"
ထုရိုက်နေသော လက်တွေကို ကိုင်ဆွဲလိုက်ရင်း တချက်ပြုံးမိကာ မျက်လုံးချင်းဆုံလိုက်ပြီး မေးလိုက်မိသည်။
"တကယ်မကောင်းဘူးပေါ့"
ထိုအခါကောင်လေးက အကြည့်တို့ကို လွှဲသွားပြီး နှုတ်ခမ်းလေးကို ဖိကိုက်ထားကာ ဘာမှမပြော။ ရှက်သွေးကြွယ်နေသည့် မျက်နှာလေးရှိ နှာခေါင်းလေးကို ခပ်ဖွဖွ တို့ထိလိုက်ရင်း
"အဲ့ဒါဆို ဒီနေ့ ကိုယ့်အိမ်လိုက်ခဲ့တော့"
"ဘာ..ဘာလို့လဲ"
"ဇေလေးက အခုမကောင်းဘူးဆိုတော့ အိမ်ကျရင် ထပ်သက်သေပြမလို့လေ"
"အား.....ကိုစေ နော်"
"လိုက်မှာလား"
"ကျွန်...ကျွန်တော့်ကားကရော"
"ရုံးမှာထားခဲ့လိုက်လေ။ မနက်ကျမှ ပြန်ယူလဲ ရတာပဲ"
"အင်း"
"ဒါဆို အိမ်ရောက်မှ မကောင်းတဲ့ ဇာတ်လမ်းလေးကို ပြန်ဆက်ကြတာပေါ့"
နှာခေါင်းထိပ်လေးကို နမ်းကာ ရယ်သံစွက်ကာ ပြောလိုက်တော့ ရင်ခွင်ထဲက ကောင်လေးက မျက်နှာလေးကို ငုံ့ဖွက်ကာ ရင်ခွင်ထဲသို့သာ ပိုတိုးဝင်သွားတော့သည်။