(Zawgyi)
"ကိုေစ ကိုေစ"
႐ုံးခန္း ကို အေျပးအလႊား လိုက္သြားရင္း တံခါးဖြင့္ကာ ေခၚလိုက္ေတာ့ စားပြဲခုံမွာ အလုပ္လုပ္ေနတဲ့ ေအာင္ေစပိုင္က ေမာ့ၾကည့္လာသည္။ ေဘးနားက အလုပ္ကိစၥေျပာေနသည့္ ႐ုံးဝန္ထမ္းကေတာ့ အလိုက္တသိထြက္သြားေပးသည္ေလ။
အခ်ိန္ေတြၾကာလာသည္နဲ႕အမွ် တရားဝင္ေၾကညာထားျခင္း မဟုတ္သည့္တိုင္ ေအာင္ေစပိုင္ႏွင့္ သူ႕အေျခအေနကို တစ္႐ုံးလုံးကလဲ သိေနၿပီေလ။
ဝန္ထမ္းထြက္သြားၿပီး ေအာင္ေစပိုင္က သူ႕ကိုၿပဳံးျပလာေတာ့ အေျပးအလႊား သြားကာ ေအာင္ေစပိုင့္ ေပါင္ေပၚတက္ထိုင္လိုက္ရင္း လည္ပင္းကို ခိုစီးထားလိုက္မိသည္။ ေပါင္ေပၚထိုင္ေနရင္း စကားေျပာရန္အတြက္ အသက္လုရႈေနရသည္ကို ေအာင္ေစပိုင္က ရိပ္မိသြားသည္။
"ေျပးလာျပန္ၿပီလား ေဇေလးကေတာ့"
"ဟီး...နဲနဲပါ။ ကိုေစကိုေျပာစရာရွိလို႔"
"အင္း။ ေျပာပါအုံး"
"ကြၽန္ေတာ္ စာေမးပြဲေအာင္တယ္သိလား"
"ဟုတ္လား။ ေဇေလးက ေအာင္မွာ ကိုယ္သိၿပီးသားပါ"
"ဟြန့္...နဲနဲပါးပါး အံ့ၾသသြားတဲ့ ပုံစံေလးလဲ ျပပါအုံး။ ကြၽန္ေတာ့္မွာေတာ့ ဒါကိုေျပာျပခ်င္လြန္းလို႔ အေျပးေလး လာရတာကိို"
မေက်နပ္သလို ဆူေအာင့္ၿပီး ေျပာလိုက္ေတာ့ ေအာင္ေစပိုင္က ရယ္ေမာရင္း သူ႕ႏႈတ္ခမ္းေတြကို နမ္းရွိုက္လာေတာ့သည္။ အျမင္ကတ္ကတ္ႏွင့္ ေအာင္ေစပိုင့္ရင္ဘတ္ေတြကို လက္ျဖင့္ ေထာက္ကန္ရင္း ေရွာင္ဖယ္မိသည္။
ဟုတ္တယ္ေလ။
ကိုယ့္မွာေတာ့ အေပ်ာ္ေတြ ေဝမွ်ရေအာင္ ေအာင္စာရင္းထြက္ထြက္ခ်င္း သူ႕ဆီေျပးလာၿပီး ေျပာျပတာကို။ သူက ပုံမွန္လိုပဲ ေအးေအးေဆးေဆးနဲ႕ အံ့ၾသပုံေတာင္မျပဘူး။
ထိုစဥ္ ေထာက္ကန္ေနေသာ လက္တစ္ဖက္ကို ေအာင္ေစပိုင္က ဆြဲယူလိုက္ၿပီး လက္ဖဝါးထဲကို အရာတစ္ခု ထည့္ေပးလာသည္။ ဘာမွန္းသိခ်င္ေပမယ့္ သိပ္ေတာ့မေက်နပ္ေသးသျဖင့္ ႏႈတ္ခမ္းကိုသာဆူၿပီး ေမးလိုက္မိတယ္။
"ဘာႀကီးလဲ"
"အဲ့ဒီေဘးက ခလုတ္ေလးကို ႏွိပ္လိုက္"
မေက်မနပ္နဲ႕ပဲ ေျပာသည့္အတိုင္း ေဘးကခလုတ္ေလးကိုႏွိပ္လိုက္ေတာ့ "ကလစ္" ဆိုသည့္ အသံႏွင့္အတူ ထြက္လာေသာ ေသာ့ေလးတစ္ေခ်ာင္း။
"ကား.....ကားေသာ့လား"
"အင္း။ ေဇေလးအတြက္"
"ဘာျဖစ္လို႔လဲ"
"စာေမးပြဲေအာင္တဲ့ လက္ေဆာင္"
"ကို...ကိုေစ"
"ေနာက္ဆုံးႏွစ္ေက်ာင္းသား ျဖစ္သြားတဲ့အတြက္ လက္ေဆာင္ေပါ့"
"ေက်းဇူးတင္ပါတယ္ ကိုေစ"
ေျပာကာ လည္ပင္းကို သိုင္းဖက္လိုက္ေတာ့ ေအာင္ေစပိုင္က ထပ္မံရယ္ေမာလာျပန္သည္။
"ဒါဆို စိတ္ဆိုးေျပၿပီလား"
"အင္း...ဟီး...ေျပသြားၿပီ။ ခ်စ္တယ္ေနာ္ ကိုေစ။ ဘယ္တုန္းထဲက ဝယ္ထားတာလဲ"
"ၾကာၿပီ တပတ္ေလာက္ရွိၿပီ"
"အြန့္..ဒါဆို ကြၽန္ေတာ္စာေမးပြဲ မေအာင္ရင္ ဘယ္လိုလုပ္မလဲ"
"ကိုယ္က ေဇေလးေအာင္မွာ သိၿပီးသားပါဆို"
"အင့္...လူလည္ႀကီး"
"ေဇေလး မေအာင္လဲ ကိုယ္ကေပးမွာပါ။ အဲ့ဒီ ေနပူထဲကို စက္ဘီးတစ္စီးနဲ႕ ေလွ်ာက္သြားေနတာ စိတ္ပူလို႔"
"ႁပြတ္"
ျဖတ္ခနဲ နမ္းလိုက္သည္ကို ေအာင္ေစပိုင္က သေဘာက်စြာျဖင့္ သူ႕ပါးေတြ နားသယ္စပ္ေတြကို ဆက္တိုက္ေမႊးၾကဴလာသည္။
"အမ္...ဒါနဲ႕ ကိုေစ ကြၽန္ေတာ္မွ ကားမေမာင္းတတ္တာ"
"ကိုယ္သင္ေပးမွာေပါ့"
"ဟီး...ဟုတ္"
"ၿပီးေတာ့ ကားကို ေသခ်ာဂ႐ုစိုက္ ေမာင္းရမယ္ေနာ္။ အရက္ေသာက္ၿပီး မေမာင္းရဘူး။ ကိုယ္နဲ႕တူတူ တစ္လေလာက္ အေလ့အက်င့္လုပ္ၿပီးမွ တစ္ေယာက္ထဲ ေမာင္းရမယ္သေဘာေပါက္လား"
"ဟုတ္ကဲ့"
လက္ထဲက ကားေသာ့ကို ေဆာ့ကစားရင္းသာ သေဘာက်ေနတဲ့ ေဇယ်ာတိုးကိုေတာ့ ေအာင္ေစပိုင္က ေခါင္းကိုပြတ္သပ္ေပးေနေတာ့သည္။
~~~~~~~~~~~~
"ဟ သားႀကီးေဇယ်တဳ။ မင္းက ကားေတြဘာေတြနဲ႕ပါလားကြ"
"ေအး...။ ငါ့ဘဲႀကီးက စာေမးပြဲေအာင္လို႔ ဝယ္ေပးလိုက္တာေလ အဟင္း"
ကားေသာ့ကိုလွည့္ကာ ဟိုႏွစ္ေကာင္မ်က္စိေရွ႕နား ေဝ့ဝိုက္ကာျပရင္း ဂုဏ္ယူဝင့္ႂကြားစြာေျပာလိုက္ေတာ့ မင္းေဇာ္က မ်က္ေစာင္းထိုးသည္။
"ေအးေပါ့။ ေဘာစိဘဲကိုရထားေတာ့လဲ ဒီေလာက္ေတာ့ရွိမွာေပါ့"
"အားက်ေနလား ႏြားႀကီး"
"ေနစမ္းပါကြာ"
အၿမဲတမ္း သူ႕အား စေနာက္ေနၾက ျဖစ္ေသာ ၿဖိဳးပိုင္ေအာင္အသံ မၾကားရဘဲ ၿငိမ္ေနသျဖင့္ တခ်က္သတိထားၾကည့္လိုက္ရာ ၿဖိဳးပိုင္ေအာင္မွာေတာ့ သူ႕ႏႈတ္ခမ္းသူကိုင္ရင္း ငူငူငိုင္ငိုင္ႀကီး ထိုင္ေနေလ၏။
"ခ်က္ႀကီးက ဘာျဖစ္ေနတာလဲ ႏြားႀကီး"
မင္းေဇာ္က ၿဖိဳးပိုင္ေအာင္ကို တခ်က္သာ လွည့္ၾကည့္ၿပီး ေအးေဆးသာျပန္ေျပာလာသည္။
"ေအာ္... Louis က ေယာက်္ားေလးမွန္း သိသြားၿပီးထဲက အဲ့လိုျဖစ္ေနတာပဲ"
"ဟမ္...သိသြားၾကၿပီလား"
"ေအး..။ အဲ့ဒီေန႕ထဲကပဲ ျပန္ခါနီးေတာ့။ မင္းကလဲ သိသားနဲ႕ ဘာလို႔ အစထဲကမေျပာတာလဲ"
"ေျပာမလို႔ပဲ။ မင္းတို႔က ေျပာခ်ိန္ေတာင္မေပးပဲ အသဲအသန္ ဖြန္ေနၾကတာေလ။ ဒါနဲ႕ Louis ေယာက်္ားေလး ျဖစ္တာနဲ႕ ခ်က္ႀကီး အဲ့ဒီလိုျဖစ္တာနဲ႕က ဘာဆိုင္လို႔လဲ"
မင္းေဇာ္က သက္ျပင္းတခ်က္ခ်ရင္း ရွင္းျပလာေတာ့သည္။
"မင္းက အဲ့ေန႕က အေစာႀကီးျပန္သြားလို႔ မသိလိုက္တာ။ ျဖစ္ပုံက ဒီလို"
ဤသိုျဖင့္ မင္းေဇာ္က ထိုParty ပြဲညက ေဇယ်ာတိုး ေအာင္ေစပိုင္ႏွင့္ ထြက္သြားၿပီး ေနာက္ပိုင္းအေၾကာင္းအရာမ်ားကို ေျပာျပလာခဲ့သည္။
"မင္းတို႔လဲ ျပန္သြားေရာ ငါတို႔လဲ ဆက္ကတာေပါ့ကြာ။ ေသာက္လိုက္ကလိုက္ ကလိုက္ေသာက္လိုက္နဲ႕ေပါ့။ အဲ့ခ်ိန္မွာ အရက္ရွိန္ကတက္လာေတာ့ နဲနဲရီေဝေဝျဖစ္လာၾကၿပီ။ Louis က ေခ်ာေတာ့ အစက ငါတို႔ႏွစ္ေယာက္လုံးကလဲ ဖြန္အေသေၾကာင္တာေပါ့ကြာ။ ငါကအေပ်ာ္သေဘာနဲ႕ စေနာက္တာေပမယ့္ ဒီေကာင္ခ်က္ႀကီးက Louis ကို ေတာ္ေတာ္ေႂကြေနတာ။ အဲ့တာကို ငါကလဲ ရိပ္မိေတာ့ ေနာက္ဆုတ္ေပးၿပီး သူတို႔ႏွစ္ေယာက္ အဆင္ေျပပါေစဆိုၿပီး လႊတ္ေပးလိုက္တယ္ကြာ။ ငါ့ဘာသာ တျခားစကီေလးေတြပဲ သြားေၾကာင္ေနေတာ့တာ"
"အင္း...ဆက္ေျပာပါအုံး"
"ကရင္း နဲနဲ ၾကာလာေတာ့ သူတို႔က ပိုအဆင္ေျပလာတယ္။ ခါးဖက္ၿပီး ကတဲ့အဆင့္ေတြေတာင္ ေရာက္သြားေရာ။ ငါလဲ သူတို႔အေျခအေနကို နဲနဲပါးပါးရွိုးေနတာေပါ့။ နဲနဲေလးလဲ ၾကာေရာ သူတို႔က နမ္းေနတဲ့ အေျခအေနပါ ေရာက္သြားၾကေရာကြ"
"ဖလူး.....ဘယ္လို ဘယ္လို"
မယုံသကၤါနဲ႕ ၿဖိဳးပိုင္ေအာင္ကို လွည့္ၾကည့္မိေတာ့မ်က္ဝန္းေတြက စိုလဲ့ေနသည္။
"ေအး...အရက္မူးေနခ်ိန္မို႔ ထင္ပါတယ္ကြာ။ ငါလဲ အတြဲေခ်ာင္းရင္း ၾကည့္ေကာင္းေကာင္းနဲ႕ ၾကည့္ေနတာေပါ့ အဟီး။ အဲ့ခ်ိန္မွာ ႐ုတ္တရက္ႀကီး Louis က သူ႕ကို ေဆာင့္တြန္းၿပီး ထြက္ေျပးသြားေကာ။ ႐ုတ္တရက္မို႔ ငါေရာ ခ်က္ႀကီးေရာ ေၾကာင္သြားတာ။ အဆင္ေျပေနရင္းကို ႐ုတ္တရက္ႀကီးဆိုေတာ့ေလ။ အဲ့မွာတင္ ခ်က္ႀကီးက ျဗဳန္းခနဲ Louis ေနာက္ကို ထလိုက္သြားေကာ။ လခြမ္းထဲမွ... ငါတစ္ယာက္ထဲ ေသာက္ထားစားထားတာေတြ အကုန္ရွင္းရေတာ့မလို႔ေဟ့"
"အဲ့တာနဲ႕ ဘယ္လိုဆက္ျဖစ္လဲ ေကာင္းခန္းေရာက္ေနၿပီ"
"ငါလဲ ဒီဝိုင္းႀကီးနဲ႕ ထလိုက္သြားလို႔ မရလို႔ ေနခဲ့ရတာေပါ့။ ေတာ္ေတာ္ၾကာေတာ့မွ ဒီေကာင္ျပန္ေရာက္လာၿပီး ေၾကာင္ေတာင္ေတာင္နဲ႕။ ငါက ဘာျဖစ္တာလဲ ေမးေတာ့ Louis က ေယာက္်ားေလးတဲ့ အဲ့တစ္ခြန္းပဲ ေျပာတယ္။ ေတာ္ေသးတာက Louis က မျပန္ခင္ ပိုက္ဆံေတြ အကုန္ရွင္းသြားေပးတာပဲ။ မဟုတ္ရင္ ငါတို႔ႏွစ္ေယာက္ Club မွာ ျပသနာတက္ၿပီ"
"ေအာ္.."
အခုမွသာ အေၾကာင္းစုံသိရၿပီး ၿဖိဳးပိုင္ေအာင္ကို ၾကည့္လိုက္ေတာ့ ၿဖိဳးပိုင္ေအာင္က သူ႕ကိုေမွ်ာ္လင့္အားကိုးေနေသာ အၾကည့္မ်ားႏွင့္ ၾကည့္ကာ မ်က္ရည္မ်ားဝဲေနသည္။
"ေဇယ်တဳ... Louis က ေယာက်္ားေလး မဟုတ္ဘူးမလား။ သူငါ့ကို မႀကိဳက္လို႔ ေယာက်္ားေလးလို႔ တမင္ညာေျပာသြားတာမလား"
"ဟူး...ေျပာရမွာေတာ့ စိတ္မေကာင္းဘူး။ Louis က တကယ္ေယာက်္ားေလးပါ"
"အဲ့...အဲ့ဒါဆို ငါသူ႕ကို နမ္းတုန္းက ဘာလို႔ၿငိမ္ေနၿပီး ျပန္နမ္းတာလဲ။ ေယာက်္ားသာဆို ငါ့ကိုထိုးလိုက္မွာေပါ့"
"မူးေနတာေလကြာ မင္းကလဲ"
"ငါကြာ.. သူငါ့ကိုမႀကိဳက္လို႔ျငင္းတယ္ဆိုလဲ ရေသးတယ္ လက္ခံနိုင္ေသးတယ္။ အခုက ေယာက်္ားေလး ဆိုတာႀကီးက ငါလက္မခံနိုင္ဘူး။ အဆိုးဆုံးက ငါ့First Kiss က ေယာက်္ားေလးတစ္ေယာက္နဲ႕ ေပးလိုက္ရတာ။ ေယာက်္ားေလးေတာင္မွ ေတာ္ေတာ္လွတဲ့ ေယာက္်ားေလး"
"အင္း ဟုတ္တယ္။ Louis က ေသြးႏွောကျပားမို႔ ေတာ္ေတာ္ေခ်ာတယ္။ ဘဲႀကီးညီ ဝမ္းကြဲဆိုေတာ့ စဥ္းစားၾကည့္ေပါ့ကြာ"
"ဟင္း.....အခု ညီမေလး အာ...Louis နဲ႕ ေတြ႕လို႔ရအုံးမလား။ ငါ ေသခ်ာခ်င္လို႔"
"သူ စကၤါပူျပန္သြားၿပီ။ ဒီကို ေက်ာင္းပိတ္ရက္ ခန လာလည္တာ။ အခုေက်ာင္းေတြျပန္ဖြင့္ၿပီဆိုေတာ့ ျပန္သြားၿပီ"
"ေအာ္...."
ၿဖိဳးပိုင္ေအာင္၏ ေအာ္ဆိုေသာ အသံထဲတြင္ ေၾကကြဲဝမ္းနည္းမႈမ်ားအနဲငယ္ေတာ့ ပါဝင္ေနသည္ကို ေဇယ်ာတိုးတစ္ေယာက္ သတိျပဳမိလိုက္ပါသည္။
"ေဇယ်တဳ ငါ့ကို Louis ရဲ႕ ပုံမွန္႐ုပ္ေလး ျပလို႔ရမလား။ ဓာတ္ပုံေလးပဲ ျဖစ္ျဖစ္...ငါအခုထိ လက္မခံနိုင္ေသးလို႔ပါကြာ"
"အင္း... ခန။ Louis နဲ႕အတူ ရိုက္ထားတဲ့ Selfie ေတာ့ ရွိတယ္ၾကည့္မလား"
"အင္း...ၾကည့္မယ္"
ဖုန္းကို ထုတ္ကာ ဓာတ္ပုံကိုရွာေနရင္း ၿဖိဳးပိုင္ေအာင္ဆီမွ အလန့္တၾကား အသံထြက္လာေတာ့သည္။
"ဟာ...ေတာ္ၿပီေတာ္ၿပီ။ မျပနဲ႕ေတာ့။ ငါမၾကည့္ရဲေသးဘူး။ သူက ေယာက်္ားေလးဆိုတာ ငါ လက္ခံနိုင္တဲ့ အခ်ိန္က်မွပဲ ၾကည့္ေတာ့မယ္။ ငါအတန္းထဲသြားႏွင့္ၿပီ"
ထိုစကားသာေျပာၿပီး ၿဖိဳးပိုင္ေအာင္မွာေတာ့ ကန္တင္းကေန အသဲအသန္ထေျပးေလေတာ့သည္။
ေဇယ်ာတိုးလဲ မင္းေဇာ္ကို ၾကည့္ရင္း မ်က္ခုံးပင့္ျပေတာ့ မင္းေဇာ္ကလဲ ပုခုံးကိုပဲ အသာတြန့္ျပေတာ့သည္။
▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶
(Unicode)
"ကိုစေ ကိုစေ"
ရုံးခန်း ကို အပြေးအလွှား လိုက်သွားရင်း တံခါးဖွင့်ကာ ခေါ်လိုက်တော့ စားပွဲခုံမှာ အလုပ်လုပ်နေတဲ့ အောင်စေပိုင်က မော့ကြည့်လာသည်။ ဘေးနားက အလုပ်ကိစ္စပြောနေသည့် ရုံးဝန်ထမ်းကတော့ အလိုက်တသိထွက်သွားပေးသည်လေ။
အချိန်တွေကြာလာသည်နဲ့အမျှ တရားဝင်ကြေညာထားခြင်း မဟုတ်သည့်တိုင် အောင်စေပိုင်နှင့် သူ့အခြေအနေကို တစ်ရုံးလုံးကလဲ သိနေပြီလေ။
ဝန်ထမ်းထွက်သွားပြီး အောင်စေပိုင်က သူ့ကိုပြုံးပြလာတော့ အပြေးအလွှား သွားကာ အောင်စေပိုင့် ပေါင်ပေါ်တက်ထိုင်လိုက်ရင်း လည်ပင်းကို ခိုစီးထားလိုက်မိသည်။ ပေါင်ပေါ်ထိုင်နေရင်း စကားပြောရန်အတွက် အသက်လုရှုနေရသည်ကို အောင်စေပိုင်က ရိပ်မိသွားသည်။
"ပြေးလာပြန်ပြီလား ဇေလေးကတော့"
"ဟီး...နဲနဲပါ။ ကိုစေကိုပြောစရာရှိလို့"
"အင်း။ ပြောပါအုံး"
"ကျွန်တော် စာမေးပွဲအောင်တယ်သိလား"
"ဟုတ်လား။ ဇေလေးက အောင်မှာ ကိုယ်သိပြီးသားပါ"
"ဟွန့်...နဲနဲပါးပါး အံ့သြသွားတဲ့ ပုံစံလေးလဲ ပြပါအုံး။ ကျွန်တော့်မှာတော့ ဒါကိုပြောပြချင်လွန်းလို့ အပြေးလေး လာရတာကိို"
မကျေနပ်သလို ဆူအောင့်ပြီး ပြောလိုက်တော့ အောင်စေပိုင်က ရယ်မောရင်း သူ့နှုတ်ခမ်းတွေကို နမ်းရှိုက်လာတော့သည်။ အမြင်ကတ်ကတ်နှင့် အောင်စေပိုင့်ရင်ဘတ်တွေကို လက်ဖြင့် ထောက်ကန်ရင်း ရှောင်ဖယ်မိသည်။
ဟုတ်တယ်လေ။
ကိုယ့်မှာတော့ အပျော်တွေ ဝေမျှရအောင် အောင်စာရင်းထွက်ထွက်ချင်း သူ့ဆီပြေးလာပြီး ပြောပြတာကို။ သူက ပုံမှန်လိုပဲ အေးအေးဆေးဆေးနဲ့ အံ့သြပုံတောင်မပြဘူး။
ထိုစဥ် ထောက်ကန်နေသော လက်တစ်ဖက်ကို အောင်စေပိုင်က ဆွဲယူလိုက်ပြီး လက်ဖဝါးထဲကို အရာတစ်ခု ထည့်ပေးလာသည်။ ဘာမှန်းသိချင်ပေမယ့် သိပ်တော့မကျေနပ်သေးသဖြင့် နှုတ်ခမ်းကိုသာဆူပြီး မေးလိုက်မိတယ်။
"ဘာကြီးလဲ"
"အဲ့ဒီဘေးက ခလုတ်လေးကို နှိပ်လိုက်"
မကျေမနပ်နဲ့ပဲ ပြောသည့်အတိုင်း ဘေးကခလုတ်လေးကိုနှိပ်လိုက်တော့ "ကလစ်" ဆိုသည့် အသံနှင့်အတူ ထွက်လာသော သော့လေးတစ်ချောင်း။
"ကား.....ကားသော့လား"
"အင်း။ ဇေလေးအတွက်"
"ဘာဖြစ်လို့လဲ"
"စာမေးပွဲအောင်တဲ့ လက်ဆောင်"
"ကို...ကိုစေ"
"နောက်ဆုံးနှစ်ကျောင်းသား ဖြစ်သွားတဲ့အတွက် လက်ဆောင်ပေါ့"
"ကျေးဇူးတင်ပါတယ် ကိုစေ"
ပြောကာ လည်ပင်းကို သိုင်းဖက်လိုက်တော့ အောင်စေပိုင်က ထပ်မံရယ်မောလာပြန်သည်။
"ဒါဆို စိတ်ဆိုးပြေပြီလား"
"အင်း...ဟီး...ပြေသွားပြီ။ ချစ်တယ်နော် ကိုစေ။ ဘယ်တုန်းထဲက ဝယ်ထားတာလဲ"
"ကြာပြီ တပတ်လောက်ရှိပြီ"
"အွန့်..ဒါဆို ကျွန်တော်စာမေးပွဲ မအောင်ရင် ဘယ်လိုလုပ်မလဲ"
"ကိုယ်က ဇေလေးအောင်မှာ သိပြီးသားပါဆို"
"အင့်...လူလည်ကြီး"
"ဇေလေး မအောင်လဲ ကိုယ်ကပေးမှာပါ။ အဲ့ဒီ နေပူထဲကို စက်ဘီးတစ်စီးနဲ့ လျှောက်သွားနေတာ စိတ်ပူလို့"
"ပြွတ်"
ဖြတ်ခနဲ နမ်းလိုက်သည်ကို အောင်စေပိုင်က သဘောကျစွာဖြင့် သူ့ပါးတွေ နားသယ်စပ်တွေကို ဆက်တိုက်မွှေးကြူလာသည်။
"အမ်...ဒါနဲ့ ကိုစေ ကျွန်တော်မှ ကားမမောင်းတတ်တာ"
"ကိုယ်သင်ပေးမှာပေါ့"
"ဟီး...ဟုတ်"
"ပြီးတော့ ကားကို သေချာဂရုစိုက် မောင်းရမယ်နော်။ အရက်သောက်ပြီး မမောင်းရဘူး။ ကိုယ်နဲ့တူတူ တစ်လလောက် အလေ့အကျင့်လုပ်ပြီးမှ တစ်ယောက်ထဲ မောင်းရမယ်သဘောပေါက်လား"
"ဟုတ်ကဲ့"
လက်ထဲက ကားသော့ကို ဆော့ကစားရင်းသာ သဘောကျနေတဲ့ ဇေယျာတိုးကိုတော့ အောင်စေပိုင်က ခေါင်းကိုပွတ်သပ်ပေးနေတော့သည်။
~~~~~~~~~~~~
"ဟ သားကြီးဇေယျတု။ မင်းက ကားတွေဘာတွေနဲ့ပါလားကွ"
"အေး...။ ငါ့ဘဲကြီးက စာမေးပွဲအောင်လို့ ဝယ်ပေးလိုက်တာလေ အဟင်း"
ကားသော့ကိုလှည့်ကာ ဟိုနှစ်ကောင်မျက်စိရှေ့နား ဝေ့ဝိုက်ကာပြရင်း ဂုဏ်ယူဝင့်ကြွားစွာပြောလိုက်တော့ မင်းဇော်က မျက်စောင်းထိုးသည်။
"အေးပေါ့။ ဘောစိဘဲကိုရထားတော့လဲ ဒီလောက်တော့ရှိမှာပေါ့"
"အားကျနေလား နွားကြီး"
"နေစမ်းပါကွာ"
အမြဲတမ်း သူ့အား စနောက်နေကြ ဖြစ်သော ဖြိုးပိုင်အောင်အသံ မကြားရဘဲ ငြိမ်နေသဖြင့် တချက်သတိထားကြည့်လိုက်ရာ ဖြိုးပိုင်အောင်မှာတော့ သူ့နှုတ်ခမ်းသူကိုင်ရင်း ငူငူငိုင်ငိုင်ကြီး ထိုင်နေလေ၏။
"ချက်ကြီးက ဘာဖြစ်နေတာလဲ နွားကြီး"
မင်းဇော်က ဖြိုးပိုင်အောင်ကို တချက်သာ လှည့်ကြည့်ပြီး အေးဆေးသာပြန်ပြောလာသည်။
"အော်... Louis က ယောကျ်ားလေးမှန်း သိသွားပြီးထဲက အဲ့လိုဖြစ်နေတာပဲ"
"ဟမ်...သိသွားကြပြီလား"
"အေး..။ အဲ့ဒီနေ့ထဲကပဲ ပြန်ခါနီးတော့။ မင်းကလဲ သိသားနဲ့ ဘာလို့ အစထဲကမပြောတာလဲ"
"ပြောမလို့ပဲ။ မင်းတို့က ပြောချိန်တောင်မပေးပဲ အသဲအသန် ဖွန်နေကြတာလေ။ ဒါနဲ့ Louis ယောကျ်ားလေး ဖြစ်တာနဲ့ ချက်ကြီး အဲ့ဒီလိုဖြစ်တာနဲ့က ဘာဆိုင်လို့လဲ"
မင်းဇော်က သက်ပြင်းတချက်ချရင်း ရှင်းပြလာတော့သည်။
"မင်းက အဲ့နေ့က အစောကြီးပြန်သွားလို့ မသိလိုက်တာ။ ဖြစ်ပုံက ဒီလို"
ဤသိုဖြင့် မင်းဇော်က ထိုParty ပွဲညက ဇေယျာတိုး အောင်စေပိုင်နှင့် ထွက်သွားပြီး နောက်ပိုင်းအကြောင်းအရာများကို ပြောပြလာခဲ့သည်။
"မင်းတို့လဲ ပြန်သွားရော ငါတို့လဲ ဆက်ကတာပေါ့ကွာ။ သောက်လိုက်ကလိုက် ကလိုက်သောက်လိုက်နဲ့ပေါ့။ အဲ့ချိန်မှာ အရက်ရှိန်ကတက်လာတော့ နဲနဲရီဝေဝေဖြစ်လာကြပြီ။ Louis က ချောတော့ အစက ငါတို့နှစ်ယောက်လုံးကလဲ ဖွန်အသေကြောင်တာပေါ့ကွာ။ ငါကအပျော်သဘောနဲ့ စနောက်တာပေမယ့် ဒီကောင်ချက်ကြီးက Louis ကို တော်တော်ကြွေနေတာ။ အဲ့တာကို ငါကလဲ ရိပ်မိတော့ နောက်ဆုတ်ပေးပြီး သူတို့နှစ်ယောက် အဆင်ပြေပါစေဆိုပြီး လွှတ်ပေးလိုက်တယ်ကွာ။ ငါ့ဘာသာ တခြားစကီလေးတွေပဲ သွားကြောင်နေတော့တာ"
"အင်း...ဆက်ပြောပါအုံး"
"ကရင်း နဲနဲ ကြာလာတော့ သူတို့က ပိုအဆင်ပြေလာတယ်။ ခါးဖက်ပြီး ကတဲ့အဆင့်တွေတောင် ရောက်သွားရော။ ငါလဲ သူတို့အခြေအနေကို နဲနဲပါးပါးရှိုးနေတာပေါ့။ နဲနဲလေးလဲ ကြာရော သူတို့က နမ်းနေတဲ့ အခြေအနေပါ ရောက်သွားကြရောကွ"
"ဖလူး.....ဘယ်လို ဘယ်လို"
မယုံသင်္ကါနဲ့ ဖြိုးပိုင်အောင်ကို လှည့်ကြည့်မိတော့မျက်ဝန်းတွေက စိုလဲ့နေသည်။
"အေး...အရက်မူးနေချိန်မို့ ထင်ပါတယ်ကွာ။ ငါလဲ အတွဲချောင်းရင်း ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတာပေါ့ အဟီး။ အဲ့ချိန်မှာ ရုတ်တရက်ကြီး Louis က သူ့ကို ဆောင့်တွန်းပြီး ထွက်ပြေးသွားကော။ ရုတ်တရက်မို့ ငါရော ချက်ကြီးရော ကြောင်သွားတာ။ အဆင်ပြေနေရင်းကို ရုတ်တရက်ကြီးဆိုတော့လေ။ အဲ့မှာတင် ချက်ကြီးက ဗြုန်းခနဲ Louis နောက်ကို ထလိုက်သွားကော။ လခွမ်းထဲမှ... ငါတစ်ယာက်ထဲ သောက်ထားစားထားတာတွေ အကုန်ရှင်းရတော့မလို့ဟေ့"
"အဲ့တာနဲ့ ဘယ်လိုဆက်ဖြစ်လဲ ကောင်းခန်းရောက်နေပြီ"
"ငါလဲ ဒီဝိုင်းကြီးနဲ့ ထလိုက်သွားလို့ မရလို့ နေခဲ့ရတာပေါ့။ တော်တော်ကြာတော့မှ ဒီကောင်ပြန်ရောက်လာပြီး ကြောင်တောင်တောင်နဲ့။ ငါက ဘာဖြစ်တာလဲ မေးတော့ Louis က ယောက်ျားလေးတဲ့ အဲ့တစ်ခွန်းပဲ ပြောတယ်။ တော်သေးတာက Louis က မပြန်ခင် ပိုက်ဆံတွေ အကုန်ရှင်းသွားပေးတာပဲ။ မဟုတ်ရင် ငါတို့နှစ်ယောက် Club မှာ ပြသနာတက်ပြီ"
"အော်.."
အခုမှသာ အကြောင်းစုံသိရပြီး ဖြိုးပိုင်အောင်ကို ကြည့်လိုက်တော့ ဖြိုးပိုင်အောင်က သူ့ကိုမျှော်လင့်အားကိုးနေသော အကြည့်များနှင့် ကြည့်ကာ မျက်ရည်များဝဲနေသည်။
"ဇေယျတု... Louis က ယောကျ်ားလေး မဟုတ်ဘူးမလား။ သူငါ့ကို မကြိုက်လို့ ယောကျ်ားလေးလို့ တမင်ညာပြောသွားတာမလား"
"ဟူး...ပြောရမှာတော့ စိတ်မကောင်းဘူး။ Louis က တကယ်ယောကျ်ားလေးပါ"
"အဲ့...အဲ့ဒါဆို ငါသူ့ကို နမ်းတုန်းက ဘာလို့ငြိမ်နေပြီး ပြန်နမ်းတာလဲ။ ယောကျ်ားသာဆို ငါ့ကိုထိုးလိုက်မှာပေါ့"
"မူးနေတာလေကွာ မင်းကလဲ"
"ငါကွာ.. သူငါ့ကိုမကြိုက်လို့ငြင်းတယ်ဆိုလဲ ရသေးတယ် လက်ခံနိုင်သေးတယ်။ အခုက ယောကျ်ားလေး ဆိုတာကြီးက ငါလက်မခံနိုင်ဘူး။ အဆိုးဆုံးက ငါ့First Kiss က ယောကျ်ားလေးတစ်ယောက်နဲ့ ပေးလိုက်ရတာ။ ယောကျ်ားလေးတောင်မှ တော်တော်လှတဲ့ ယောက်ျားလေး"
"အင်း ဟုတ်တယ်။ Louis က သွေးနှောကပြားမို့ တော်တော်ချောတယ်။ ဘဲကြီးညီ ဝမ်းကွဲဆိုတော့ စဥ်းစားကြည့်ပေါ့ကွာ"
"ဟင်း.....အခု ညီမလေး အာ...Louis နဲ့ တွေ့လို့ရအုံးမလား။ ငါ သေချာချင်လို့"
"သူ စင်္ကါပူပြန်သွားပြီ။ ဒီကို ကျောင်းပိတ်ရက် ခန လာလည်တာ။ အခုကျောင်းတွေပြန်ဖွင့်ပြီဆိုတော့ ပြန်သွားပြီ"
"အော်...."
ဖြိုးပိုင်အောင်၏ အော်ဆိုသော အသံထဲတွင် ကြေကွဲဝမ်းနည်းမှုများအနဲငယ်တော့ ပါဝင်နေသည်ကို ဇေယျာတိုးတစ်ယောက် သတိပြုမိလိုက်ပါသည်။
"ဇေယျတု ငါ့ကို Louis ရဲ့ ပုံမှန်ရုပ်လေး ပြလို့ရမလား။ ဓာတ်ပုံလေးပဲ ဖြစ်ဖြစ်...ငါအခုထိ လက်မခံနိုင်သေးလို့ပါကွာ"
"အင်း... ခန။ Louis နဲ့အတူ ရိုက်ထားတဲ့ Selfie တော့ ရှိတယ်ကြည့်မလား"
"အင်း...ကြည့်မယ်"
ဖုန်းကို ထုတ်ကာ ဓာတ်ပုံကိုရှာနေရင်း ဖြိုးပိုင်အောင်ဆီမှ အလန့်တကြား အသံထွက်လာတော့သည်။
"ဟာ...တော်ပြီတော်ပြီ။ မပြနဲ့တော့။ ငါမကြည့်ရဲသေးဘူး။ သူက ယောကျ်ားလေးဆိုတာ ငါ လက်ခံနိုင်တဲ့ အချိန်ကျမှပဲ ကြည့်တော့မယ်။ ငါအတန်းထဲသွားနှင့်ပြီ"
ထိုစကားသာပြောပြီး ဖြိုးပိုင်အောင်မှာတော့ ကန်တင်းကနေ အသဲအသန်ထပြေးလေတော့သည်။
ဇေယျာတိုးလဲ မင်းဇော်ကို ကြည့်ရင်း မျက်ခုံးပင့်ပြတော့ မင်းဇော်ကလဲ ပုခုံးကိုပဲ အသာတွန့်ပြတော့သည်။