နှလုံးသားအရင်းအနှီး [Complete]

Galing kay MyaMo_95

477K 23.2K 203

အလောင်းအစားတစ်ခုကြောင့် စခဲ့တဲ့ကစားပွဲတစ်ခုမှာ နှလုံးသားတစ်ခု အရင်းပြုလိုက်ရသည့်အခါ...။ (Drama မပါပဲ Romance... Higit pa

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁ဝ
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂ဝ
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
ဇာတ်သိမ်းပိုင်း(End)
✨Character Art✨
✨Cover Art✨

အပိုင်း ၃၃

7.9K 419 1
Galing kay MyaMo_95

(Zawgyi)

"ဟိတ္ေကာင္ ေစပိုင္"

ေအာင္ေစပိုင့္ရင္ခြင္ထဲ မွီေနရင္း လူတေယာက္က လာေခၚတာေၾကာင့္ ေမာ့ၾကည့္လိုက္မိသည္။ ကိုေစႏွင့္ သက္တူ႐ြယ္တူ အကိုတစ္ေယာက္ျဖစ္ေနတာမို႔ အသိမိတ္ေဆြ မ်ားလားလို႔ ေတြးမိလိုက္ၿပီး ရင္ခြင္ထဲက ထြက္ရန္ႀကံလိုက္မိတယ္။ ကိုေစ့ ရင္ခြင္ထဲက ထြက္မည္အျပဳ ကိုေစက သူ႕ကို ဖက္လိုက္ကာ ရင္ခြင္ထဲမွ ထြက္ခြင့္မေပးေပ။ ထို႔ေၾကာင့္သာ မ်က္ႏွာပူပူျဖင့္ သာ ရင္ခြင္ထဲတြင္သာ ေနလိုက္ရသည္။ ထိုလူက ရင္ခြင္ထဲက ေဇယ်ာတိုး ႏွင့္ ေအာင္ေစပိုင္ကို တစ္လွည့္ဆီၾကည့္လာၿပီး ၿပဳံးလိုက္၏။

"မေအေဘး။ ငါ့ကလပ္ကို လာပါလာပါလို႔ ခနခန ပင့္တုန္းကက် မလာပဲ။ အခုမွ ဘာလို႔ေရာက္လာတာလဲ"

ေအာင္ေစပိုင္က ရင္ခြင္ထဲက သူ႕ေခါင္းကို ပြတ္သပ္လာၿပီး

"ေကာင္ေလးက သြားခ်င္တယ္ဆိုလို႔ လိုက္ပို႔ေပးတာ"

"အဟဲ....ညီေလး ေတြ႕ရတာဝမ္းသာပါတယ္ေနာ္။ အကိုက ေစပိုင္သူငယ္ခ်င္းပါ။ အကိုတို႔က ညီေလးနဲ႕ ေတြ႕ခ်င္တာၾကာၿပီ။ ဒီေကာင္က မိတ္ဆက္မေပးဘူးေလ။ အခုေတာ့ တိုက္တိုက္ဆိုင္ဆိုင္လာေတြ႕တာပဲ။ ခ်စ္စရာေလးေနာ္"

ေဇယ်ာတိုးသူ႕ကို လက္ကမ္းေပးကာ ၿပဳံးျပလာရင္း မိတ္ဆက္လာသည့္ ကိုေစအသိေၾကာင့္ ျပန္၍ လက္ဆြဲႏႈတ္ဆက္လိုက္မိသည္။

"ဟုတ္ကဲ့ ေတြ႕ရတာဝမ္းသာပါတယ္"

ဤသည္ကို ျမင္ေတာ့ ေအာင္ေစပိုင္က မ်က္ေမွာင္တခ်က္ႀကဳံ႕ရင္း

"ဘာကိစၥလဲ"

"အမေလး ေၾကာက္လိုက္တာ ေစပိုင္ရယ္။ ေျဖးေျဖးေျပာလဲ ရပါတယ္။ ငါတို႔အဖြဲ႕ထဲက ဟိုေကာင္ မဂၤလာေဆာင္ေတာ့မွာ သိလား"

"မသိဘူး"

"မင္းေမးလိုက္ရင္ ဘာမွ မသိဘူးခ်ည္းပဲ။ အင္းေပါ့ ဒီလိုခ်စ္စရာေကာင္ေလးရထားေတာ့ ေလာကႀကီးကိုေမ့ၿပီး သာယာေနမွာေပါ့"

"လိုရင္းကိုေျပာ"

"ေအးပါကြာ။ အဲ့ေကာင္က မင္းကိုဖိတ္စာေပးခိုင္းလိုက္လို႔။ သူကိုယ္တိုင္လဲ လာဖိတ္မယ္ေျပာတယ္။ အဲ့တာ အေပၚထပ္ခန တက္ၿပီး ဖိတ္စာလာယူအုံး"

"ၿပီးေရာ ခနေနရင္ တက္လာခဲ့မယ္"

"အဟဲ...။ ညီေလး အကိုသြားၿပီေနာ္။ ဒီေကာင္က ျမင္တဲ့အတိုင္း အခ်ိဳးမေျပဘူးသိလား။ အဲ့ေကာင့္ကို မႀကိဳက္ေတာ့ရင္ အကို႔ဆီလာလို႔ရတယ္သိလား"

"မင္း မသြားေသးဘူးလား"

"ဟား ဟား။ ေနာက္ဆုံးေတာ့ ေအာင္ေစပိုင္ကို ေဒါသထြက္ေအာင္ စလို႔ရမယ့္ အရာေပၚလာခဲ့ၿပီကြ။ မင္းကအၿမဲတမ္း ငါစတာေတြကို ဘာမွမျဖစ္သလို ေဒါသလဲ မထြက္ခဲ့တာေလ။ အခုေတာ့ ေအာင္ေစပိုင္ကို ေဒါသထြက္လာေအာင္ ငါလုပ္နိုင္ခဲ့ၿပီ။ ဟားဟား"

"မင္းသြားမလား။ ဒီကလပ္ ေျမေနရာကို ငါေလလံဆြဲလိုက္ရမလား"

"ဟား ဟား။ ဒီေကာင္တကယ္ႀကီးကို ျဖစ္ေနတာပဲေဟ့"

ေအာင္ေစပိုင္က သူ႕မ်က္စိေရွ႕က လူကိုၾကည့္ရင္း ဖုန္းကို ထုတ္ၿပီး ဆက္ဟန္ျပဳလိုက္ေတာ့မွ

"ေအးပါကြာ။ စတာပါ။ အဲ့ဒီေလာက္အတည္ႀကီး လုပ္ဖို႔မလိုပါဘူး။ ငါသြားေတာ့မယ္ ဖိတ္စာယူဖို႔ တက္လာခဲ့ေနာ္"

"အင္း"

ထိုလူထြက္သြားေတာ့မွ ေဇယ်ာတိုးကို ေအာင္ေစပိုင္က ရင္ခြင္ထဲက ထြက္ခြင့္ေပးေတာ့သည္။

"လိုက္သြားလိုက္အုံးေလ။ ဟိုမွာေစာင့္ေနေတာ့မယ္"

"အင္း ေဇေလး။ ခနေစာင့္ေနာ္။ ကိုယ္ျပန္လာခဲ့မယ္"

"ဟုတ္ကဲ့"

ေအာင္ေစပိုင္ထြက္သြားေတာ့ ေဘးနားက သုံးေယာက္ကိုၾကည့္ေတာ့ ေနရာတြင္မရွိေတာ့။

ဟိုဟိုဒီဒီရွာၾကည့္ေတာ့မွ Dancing Floor မွာ ေကြးေနေအာင္ကေနၾကေတာ့သည္။ ထို႔ေၾကာင့္သာ သူလဲ Dancing Floorသို႔ သြားကာ သူတို႔သုံးေယာက္ႏွင့္အတူ သြား၍ကလိုက္ေတာ့သည္။ Dancing Floor တြင္ကတာ အခ်ိန္နဲနဲၾကာလာေတာ့ ေမာလာသျဖင့္ စားပြဲဝိုင္းတြင္ ျပန္ထိုင္ကာ အေမာေျဖမိသည္။

ထိုအခ်ိန္ Louis က သူ႕ကို ခြက္တစ္ခြက္ေပးလာသည္။ ေမာေနသည္မို႔ မေမးေတာ့ပဲ Louis ေပးလာသည့္ ခြက္ကို ဂြပ္ခနဲ အကုန္ေမာ့ေသာက္မိလိုက္သည္။ဤသည္ကို ၾကည့္ရင္း အႀကံအျပည့္ျဖင့္ ငါးခူၿပဳံးၿပဳံးလိုက္ေသာ Louis ကိုေတာ့ ေဇယ်ာတိုး အေမွာင္ထဲတြင္မို႔ မျမင္လိုက္ပါ။

~~~~~~~~~~~~~~~~~~

ေအာင္ေစပိုင္ စားပြဲသို႔ျပန္ေရာက္လာေတာ့ ေကာင္ေလးမွာ ခုံကိုမွီကာ ေပ်ာ့ေခြေနေလၿပီ။ အနီးအနားသြားကာ ကိုယ္ကိုလႈပ္ရင္း ေခၚလိုက္မိေတာ့

"ေဇေလး ေဇေလး"

"အင္....ကိုေစ"

"ဘာျဖစ္လို႔လဲ ေနမေကာင္းဘူးလား"

"ဟင့္အင္း မဟုတ္ပါဘူး။ ပူလာလို႔ ကြၽန္ေတာ္ အိမ္ျပန္ခ်င္တယ္"

"အင္း အင္း။ ကိုယ္လိုက္ပို႔ေပးမယ္ ထ"

"ဟင့္....မထနိုင္ဘူး"

ထို႔ေၾကာင့္သာ ေကာင္ေလးကို ေပြ႕ခ်ီယူလိုက္ေတာ့ ေကာင္ေလးက လည္ပင္းကို ခိုလိုက္ရင္း ပါလာေလသည္။

"Louis မင္းေရာ လိုက္အုံးမလား။ ေဇေလးက အိမ္ျပန္ခ်င္ၿပီတဲ့ဆိုလို႔"

"အာ.... မျပန္ေသးပါဘူး။ Party ကအခုမွစတာ သားေနခဲ့မယ္"

"အင္း အင္း။ အဲ့တာဆို ငါ သြားေတာ့မယ္"

"ေန...ေနအုံးေလ ဘရားသားပိုင္။ ကြၽန္ေတာ့္ကို ဘဏ္ကတ္ေပးခဲ့အုံးေလ။ ၿပီးရင္ဘာနဲ႕ရွင္းရမွာလဲ"

ေကာင္ေလးကို ခ်ီထားရသျဖင့္ Louis ႏွင့္ စကားအေခ်အတင္မေျပာခ်င္ေတာ့တာေၾကာင့္ ဘာမွမေျပာေတာ့ပဲ ဘဏ္ကတ္ကိုသာ ထုတ္ေပးလိုက္မိေတာ့တယ္။ ေကာင္ေလးကို ခ်ီၿပီး အျပင္သို႔ထြက္မည္အျပဳ Louis၏ လွမ္းေအာ္လိုက္သံကို ၾကားလိုက္ရသည္။

"ဘဏ္ကတ္ျပန္ေပးလို႔ Thanks ေနာ္ ဘရားသားပိုင္။ ဘရားသားပိုင္အတြက္လဲ လက္ေဆာင္ထည့္ေပးလိုက္တယ္"

Louis ဘာေျပာမွန္း ေအာင္ေစပိုင္ နားမလည္ေသာ္လဲ ဂ႐ုမစိုက္မိေတာ့။ Louis ဆိုတဲ့ေကာင္က အၿမဲတမ္း ေပါက္ပန္းေလးဆယ္လုပ္ၿပီး ေပါက္ကရေျပာေနဆိုေနတဲ့ေကာင္မို႔ စိတ္ထဲ သိပ္မထားမိ။ လည္ပင္းကို သိုင္းဖက္ထားေသာ ေကာင္ေလးကိုသာ ဂ႐ုတစိုက္ ခ်ီလာရင္း ကားေပၚ တင္ေပးလိုက္မိတယ္။

ခုံေပၚေရာက္ေတာ့ ေကာင္ေလးက မူးေနပုံရၿပီး မ်က္စိတို႔သိပ္မပြင့္။ မ်က္ႏွာေလးက နီရဲေနၿပီး ႏႈတ္ခမ္းတို႔က မသိအသာေလး ဆူထြက္ေနသည္။ ခနေလး သြားလိုက္တာကို အရက္ေတြဘယ္ေလာက္ေတာင္မ်ား ေသာက္လိုက္တာပါလိမ့္။ ေတြးရင္းသာ ကားကို ေျဖးညွင္းစြာ ေမာင္းလာစဥ္ ေပါင္ေပၚက ခံစားလိုက္ရေသာ အထိအေတြ႕တစ္ခု။ တခ်က္ရယ္လိုက္ရင္းသာ ေပါင္ေပၚက ေျခေထာက္တဖက္ကို ဖမ္းကိုင္လိုက္ရင္း

"ေဇေလး ကိုယ္ကားေမာင္းေနတယ္"

"ကားေမာင္းတာပဲ ေမာင္းေပါ့။ ဘာျဖစ္လို႔လဲ"

ဖမ္းကိုင္ထားေသာ ေျခေထာက္ကို ႐ုန္းေနသျဖင့္ ႐ုန္းမရေအာင္ ခပ္တင္းတင္း ကိုင္ထားလိုက္ေတာ့ အလိုမက်သလို အသံေလးတစ္ခုက ထြက္ေပၚလာသည္။

"ဟြန့္..."

ခနအၾကာတြင္ေတာ့ ေနာက္ေျခေထာက္တစ္ဖက္က သူ႕ေပါင္ေပၚ ထပ္မံ၍ ေရာက္ရွိလာျပန္သည္။ လက္တစ္ဖက္က ကားေမာင္းေနရသျဖင့္ က်န္ေနသည့္ ေျခေထာက္တစ္ေခ်ာင္းကို ဖမ္းကိုင္ထားဖို႔ရာ မစြမ္းနိုင္ေတာ့ေခ်။

ထိုမွသာ ေကာင္ေလးဆီက သေဘာက်သလိုရယ္ေမာသံေလး ထြက္ေပၚလာေတာ့သည္။ လြတ္ေနသည့္ ေျခေထာက္တစ္ေခ်ာင္းက သူ႕ေဘာင္းဘီေပၚကို ပြတ္သပ္ေနသျဖင့္ ရယ္ေမာရင္းသာ ကားကို လမ္းေဘးတစ္ေနရာတြင္ ဘရိတ္အုပ္ကာ ရပ္တန့္လိုက္ရေတာ့သည္။

ထိုမွသာ ေျခေထာက္ႏွစ္ေခ်ာင္းလုံးကို ဖမ္းကိုင္လို႔ရသြားၿပီး ႐ုန္းကန္ေနေသာ ေျခေထာက္ေလးမ်ားကို ဆြဲယူကာ နမ္းလိုက္ေတာ့မွ လႈပ္ယမ္းေနသည့္ ေျခေထာက္မ်ားက ရပ္တန့္သြားေတာ့သည္။

ကားရပ္တန့္သြားသည္ကို ေကာင္ေလးက သတိထားမိသြားသည္ ထင္သည္။ ေဘးခုံကေန႐ုတ္ခ်ည္း သူ႕ခုံေပၚခြတက္ကာ ေပါင္ေပၚတက္ထိုင္လာသည္။

"အဟြန္း....အေစာႀကီးထဲက အဲ့လိုရပ္လိုက္ရင္ ၿပီးေနတာပဲကို"

"သိပ္ဆိုးေနတယ္ေပါ့ ဟုတ္လား"

ႏွာေခါင္းကို တို႔ကာ ေမးလိုက္ေတာ့ ေကာင္ေလးက ႏွာေခါင္းတခ်က္ရႈံ႕သြားသည္။ အဆင္ေျပေအာင္ ကားထိုင္ခုံကို ေနာက္သို႔ ေလွ်ာ့ေပးလိုက္ေတာ့ ေကာင္ေလးက သူ႕ရင္ဘတ္ေပၚ ေခါင္းမွီခ်လာသည္။

"ကိုေစ"

"အင္း"

"ကြၽန္ေတာ္ ကိုေစ့ကို လိုခ်င္တယ္"

မူးလာရင္ ဇာတ္လမ္းစလာေသာ ေကာင္ေလးပါေလ။

"အင္း ေဇေလး သေဘာ"

ရယ္ေမာကာ ေျပာလိုက္ေတာ့ အက်ီေကာ္လံကို ဆြဲကာ သူ႕ႏႈတ္ခမ္းေတြကို ျပင္းထန္စြာ နမ္းရွိုက္လာေသာ ေကာင္ေလး။ နမ္းေနရင္း အိပ္ေပ်ာ္သြားမည့္ ေကာင္ေလးအက်င့္ကို သိၿပီးသားျဖစ္တာမို႔ ေကာင္ေလး အလိုက် အနမ္းမ်ားကိုသာ တုံ႕ျပန္ေပးလိုက္ေတာ့သည္။

▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶

(Unicode)

"ဟိတ်ကောင် စေပိုင်"

အောင်စေပိုင့်ရင်ခွင်ထဲ မှီနေရင်း လူတယောက်က လာခေါ်တာကြောင့် မော့ကြည့်လိုက်မိသည်။ ကိုစေနှင့် သက်တူရွယ်တူ အကိုတစ်ယောက်ဖြစ်နေတာမို့ အသိမိတ်ဆွေ များလားလို့ တွေးမိလိုက်ပြီး ရင်ခွင်ထဲက ထွက်ရန်ကြံလိုက်မိတယ်။ ကိုစေ့ ရင်ခွင်ထဲက ထွက်မည်အပြု ကိုစေက သူ့ကို ဖက်လိုက်ကာ ရင်ခွင်ထဲမှ ထွက်ခွင့်မပေးပေ။ ထို့ကြောင့်သာ မျက်နှာပူပူဖြင့် သာ ရင်ခွင်ထဲတွင်သာ နေလိုက်ရသည်။ ထိုလူက ရင်ခွင်ထဲက ဇေယျာတိုး နှင့် အောင်စေပိုင်ကို တစ်လှည့်ဆီကြည့်လာပြီး ပြုံးလိုက်၏။

"မအေဘေး။ ငါ့ကလပ်ကို လာပါလာပါလို့ ခနခန ပင့်တုန်းကကျ မလာပဲ။ အခုမှ ဘာလို့ရောက်လာတာလဲ"

အောင်စေပိုင်က ရင်ခွင်ထဲက သူ့ခေါင်းကို ပွတ်သပ်လာပြီး

"ကောင်လေးက သွားချင်တယ်ဆိုလို့ လိုက်ပို့ပေးတာ"

"အဟဲ....ညီလေး တွေ့ရတာဝမ်းသာပါတယ်နော်။ အကိုက စေပိုင်သူငယ်ချင်းပါ။ အကိုတို့က ညီလေးနဲ့ တွေ့ချင်တာကြာပြီ။ ဒီကောင်က မိတ်ဆက်မပေးဘူးလေ။ အခုတော့ တိုက်တိုက်ဆိုင်ဆိုင်လာတွေ့တာပဲ။ ချစ်စရာလေးနော်"

ဇေယျာတိုးသူ့ကို လက်ကမ်းပေးကာ ပြုံးပြလာရင်း မိတ်ဆက်လာသည့် ကိုစေအသိကြောင့် ပြန်၍ လက်ဆွဲနှုတ်ဆက်လိုက်မိသည်။

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်"

ဤသည်ကို မြင်တော့ အောင်စေပိုင်က မျက်မှောင်တချက်ကြုံ့ရင်း

"ဘာကိစ္စလဲ"

"အမလေး ကြောက်လိုက်တာ စေပိုင်ရယ်။ ဖြေးဖြေးပြောလဲ ရပါတယ်။ ငါတို့အဖွဲ့ထဲက ဟိုကောင် မင်္ဂလာဆောင်တော့မှာ သိလား"

"မသိဘူး"

"မင်းမေးလိုက်ရင် ဘာမှ မသိဘူးချည်းပဲ။ အင်းပေါ့ ဒီလိုချစ်စရာကောင်လေးရထားတော့ လောကကြီးကိုမေ့ပြီး သာယာနေမှာပေါ့"

"လိုရင်းကိုပြော"

"အေးပါကွာ။ အဲ့ကောင်က မင်းကိုဖိတ်စာပေးခိုင်းလိုက်လို့။ သူကိုယ်တိုင်လဲ လာဖိတ်မယ်ပြောတယ်။ အဲ့တာ အပေါ်ထပ်ခန တက်ပြီး ဖိတ်စာလာယူအုံး"

"ပြီးရော ခနနေရင် တက်လာခဲ့မယ်"

"အဟဲ...။ ညီလေး အကိုသွားပြီနော်။ ဒီကောင်က မြင်တဲ့အတိုင်း အချိုးမပြေဘူးသိလား။ အဲ့ကောင့်ကို မကြိုက်တော့ရင် အကို့ဆီလာလို့ရတယ်သိလား"

"မင်း မသွားသေးဘူးလား"

"ဟား ဟား။ နောက်ဆုံးတော့ အောင်စေပိုင်ကို ဒေါသထွက်အောင် စလို့ရမယ့် အရာပေါ်လာခဲ့ပြီကွ။ မင်းကအမြဲတမ်း ငါစတာတွေကို ဘာမှမဖြစ်သလို ဒေါသလဲ မထွက်ခဲ့တာလေ။ အခုတော့ အောင်စေပိုင်ကို ဒေါသထွက်လာအောင် ငါလုပ်နိုင်ခဲ့ပြီ။ ဟားဟား"

"မင်းသွားမလား။ ဒီကလပ် မြေနေရာကို ငါလေလံဆွဲလိုက်ရမလား"

"ဟား ဟား။ ဒီကောင်တကယ်ကြီးကို ဖြစ်နေတာပဲဟေ့"

အောင်စေပိုင်က သူ့မျက်စိရှေ့က လူကိုကြည့်ရင်း ဖုန်းကို ထုတ်ပြီး ဆက်ဟန်ပြုလိုက်တော့မှ

"အေးပါကွာ။ စတာပါ။ အဲ့ဒီလောက်အတည်ကြီး လုပ်ဖို့မလိုပါဘူး။ ငါသွားတော့မယ် ဖိတ်စာယူဖို့ တက်လာခဲ့နော်"

"အင်း"

ထိုလူထွက်သွားတော့မှ ဇေယျာတိုးကို အောင်စေပိုင်က ရင်ခွင်ထဲက ထွက်ခွင့်ပေးတော့သည်။

"လိုက်သွားလိုက်အုံးလေ။ ဟိုမှာစောင့်နေတော့မယ်"

"အင်း ဇေလေး။ ခနစောင့်နော်။ ကိုယ်ပြန်လာခဲ့မယ်"

"ဟုတ်ကဲ့"

အောင်စေပိုင်ထွက်သွားတော့ ဘေးနားက သုံးယောက်ကိုကြည့်တော့ နေရာတွင်မရှိတော့။

ဟိုဟိုဒီဒီရှာကြည့်တော့မှ Dancing Floor မှာ ကွေးနေအောင်ကနေကြတော့သည်။ ထို့ကြောင့်သာ သူလဲ Dancing Floorသို့ သွားကာ သူတို့သုံးယောက်နှင့်အတူ သွား၍ကလိုက်တော့သည်။ Dancing Floor တွင်ကတာ အချိန်နဲနဲကြာလာတော့ မောလာသဖြင့် စားပွဲဝိုင်းတွင် ပြန်ထိုင်ကာ အမောဖြေမိသည်။

ထိုအချိန် Louis က သူ့ကို ခွက်တစ်ခွက်ပေးလာသည်။ မောနေသည်မို့ မမေးတော့ပဲ Louis ပေးလာသည့် ခွက်ကို ဂွပ်ခနဲ အကုန်မော့သောက်မိလိုက်သည်။ဤသည်ကို ကြည့်ရင်း အကြံအပြည့်ဖြင့် ငါးခူပြုံးပြုံးလိုက်သော Louis ကိုတော့ ဇေယျာတိုး အမှောင်ထဲတွင်မို့ မမြင်လိုက်ပါ။

~~~~~~~~~~~~~~~~~~

အောင်စေပိုင် စားပွဲသို့ပြန်ရောက်လာတော့ ကောင်လေးမှာ ခုံကိုမှီကာ ပျော့ခွေနေလေပြီ။ အနီးအနားသွားကာ ကိုယ်ကိုလှုပ်ရင်း ခေါ်လိုက်မိတော့

"ဇေလေး ဇေလေး"

"အင်....ကိုစေ"

"ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"

"ဟင့်အင်း မဟုတ်ပါဘူး။ ပူလာလို့ ကျွန်တော် အိမ်ပြန်ချင်တယ်"

"အင်း အင်း။ ကိုယ်လိုက်ပို့ပေးမယ် ထ"

"ဟင့်....မထနိုင်ဘူး"

ထို့ကြောင့်သာ ကောင်လေးကို ပွေ့ချီယူလိုက်တော့ ကောင်လေးက လည်ပင်းကို ခိုလိုက်ရင်း ပါလာလေသည်။

"Louis မင်းရော လိုက်အုံးမလား။ ဇေလေးက အိမ်ပြန်ချင်ပြီတဲ့ဆိုလို့"

"အာ.... မပြန်သေးပါဘူး။ Party ကအခုမှစတာ သားနေခဲ့မယ်"

"အင်း အင်း။ အဲ့တာဆို ငါ သွားတော့မယ်"

"နေ...နေအုံးလေ ဘရားသားပိုင်။ ကျွန်တော့်ကို ဘဏ်ကတ်ပေးခဲ့အုံးလေ။ ပြီးရင်ဘာနဲ့ရှင်းရမှာလဲ"

ကောင်လေးကို ချီထားရသဖြင့် Louis နှင့် စကားအချေအတင်မပြောချင်တော့တာကြောင့် ဘာမှမပြောတော့ပဲ ဘဏ်ကတ်ကိုသာ ထုတ်ပေးလိုက်မိတော့တယ်။ ကောင်လေးကို ချီပြီး အပြင်သို့ထွက်မည်အပြု Louis၏ လှမ်းအော်လိုက်သံကို ကြားလိုက်ရသည်။

"ဘဏ်ကတ်ပြန်ပေးလို့ Thanks နော် ဘရားသားပိုင်။ ဘရားသားပိုင်အတွက်လဲ လက်ဆောင်ထည့်ပေးလိုက်တယ်"

Louis ဘာပြောမှန်း အောင်စေပိုင် နားမလည်သော်လဲ ဂရုမစိုက်မိတော့။ Louis ဆိုတဲ့ကောင်က အမြဲတမ်း ပေါက်ပန်းလေးဆယ်လုပ်ပြီး ပေါက်ကရပြောနေဆိုနေတဲ့ကောင်မို့ စိတ်ထဲ သိပ်မထားမိ။ လည်ပင်းကို သိုင်းဖက်ထားသော ကောင်လေးကိုသာ ဂရုတစိုက် ချီလာရင်း ကားပေါ် တင်ပေးလိုက်မိတယ်။

ခုံပေါ်ရောက်တော့ ကောင်လေးက မူးနေပုံရပြီး မျက်စိတို့သိပ်မပွင့်။ မျက်နှာလေးက နီရဲနေပြီး နှုတ်ခမ်းတို့က မသိအသာလေး ဆူထွက်နေသည်။ ခနလေး သွားလိုက်တာကို အရက်တွေဘယ်လောက်တောင်များ သောက်လိုက်တာပါလိမ့်။ တွေးရင်းသာ ကားကို ဖြေးညှင်းစွာ မောင်းလာစဥ် ပေါင်ပေါ်က ခံစားလိုက်ရသော အထိအတွေ့တစ်ခု။ တချက်ရယ်လိုက်ရင်းသာ ပေါင်ပေါ်က ခြေထောက်တဖက်ကို ဖမ်းကိုင်လိုက်ရင်း

"ဇေလေး ကိုယ်ကားမောင်းနေတယ်"

"ကားမောင်းတာပဲ မောင်းပေါ့။ ဘာဖြစ်လို့လဲ"

ဖမ်းကိုင်ထားသော ခြေထောက်ကို ရုန်းနေသဖြင့် ရုန်းမရအောင် ခပ်တင်းတင်း ကိုင်ထားလိုက်တော့ အလိုမကျသလို အသံလေးတစ်ခုက ထွက်ပေါ်လာသည်။

"ဟွန့်..."

ခနအကြာတွင်တော့ နောက်ခြေထောက်တစ်ဖက်က သူ့ပေါင်ပေါ် ထပ်မံ၍ ရောက်ရှိလာပြန်သည်။ လက်တစ်ဖက်က ကားမောင်းနေရသဖြင့် ကျန်နေသည့် ခြေထောက်တစ်ချောင်းကို ဖမ်းကိုင်ထားဖို့ရာ မစွမ်းနိုင်တော့ချေ။

ထိုမှသာ ကောင်လေးဆီက သဘောကျသလိုရယ်မောသံလေး ထွက်ပေါ်လာတော့သည်။ လွတ်နေသည့် ခြေထောက်တစ်ချောင်းက သူ့ဘောင်းဘီပေါ်ကို ပွတ်သပ်နေသဖြင့် ရယ်မောရင်းသာ ကားကို လမ်းဘေးတစ်နေရာတွင် ဘရိတ်အုပ်ကာ ရပ်တန့်လိုက်ရတော့သည်။

ထိုမှသာ ခြေထောက်နှစ်ချောင်းလုံးကို ဖမ်းကိုင်လို့ရသွားပြီး ရုန်းကန်နေသော ခြေထောက်လေးများကို ဆွဲယူကာ နမ်းလိုက်တော့မှ လှုပ်ယမ်းနေသည့် ခြေထောက်များက ရပ်တန့်သွားတော့သည်။

ကားရပ်တန့်သွားသည်ကို ကောင်လေးက သတိထားမိသွားသည် ထင်သည်။ ဘေးခုံကနေရုတ်ချည်း သူ့ခုံပေါ်ခွတက်ကာ ပေါင်ပေါ်တက်ထိုင်လာသည်။

"အဟွန်း....အစောကြီးထဲက အဲ့လိုရပ်လိုက်ရင် ပြီးနေတာပဲကို"

"သိပ်ဆိုးနေတယ်ပေါ့ ဟုတ်လား"

နှာခေါင်းကို တို့ကာ မေးလိုက်တော့ ကောင်လေးက နှာခေါင်းတချက်ရှုံ့သွားသည်။ အဆင်ပြေအောင် ကားထိုင်ခုံကို နောက်သို့ လျှော့ပေးလိုက်တော့ ကောင်လေးက သူ့ရင်ဘတ်ပေါ် ခေါင်းမှီချလာသည်။

"ကိုစေ"

"အင်း"

"ကျွန်တော် ကိုစေ့ကို လိုချင်တယ်"

မူးလာရင် ဇာတ်လမ်းစလာသော ကောင်လေးပါလေ။

"အင်း ဇေလေး သဘော"

ရယ်မောကာ ပြောလိုက်တော့ အကျီကော်လံကို ဆွဲကာ သူ့နှုတ်ခမ်းတွေကို ပြင်းထန်စွာ နမ်းရှိုက်လာသော ကောင်လေး။ နမ်းနေရင်း အိပ်ပျော်သွားမည့် ကောင်လေးအကျင့်ကို သိပြီးသားဖြစ်တာမို့ ကောင်လေး အလိုကျ အနမ်းများကိုသာ တုံ့ပြန်ပေးလိုက်တော့သည်။

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

41.3K 2.9K 53
*Book 3 of the Destined Series* Without her sister, her mate, and her friends, Ryleigh has nowhere to turn to but home. Whether she wants to join her...
58.9K 3.4K 35
"I DONT GIVE A FUCK! YOU RUN SHIT LIKE THIS BY ME FIRST! WHAT DID I SAY ABOUT DISOBEYING MY ORDERS?!" Berkeley barked. "YOU STILL ON THAT BULLSHIT A...
25.9K 905 37
ချစ်ခြင်းရဲ့ကျော့ကွင်းအောက်မှာ ဒဏ်ရာဒဏ်ချက်တွေအပြည့်ရှိခဲ့တဲ့ကျွန်တော့်အတွက် ခံစားချက်ကိုမောင်းတင်လို့ အချစ်ဇုန်ထဲမည်သို့ခိုဝင်နိုင်ပါအံ့နည်း။သို့သော...
1.5M 132K 45
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...