နှလုံးသားအရင်းအနှီး [Complete]

MyaMo_95

477K 23.2K 203

အလောင်းအစားတစ်ခုကြောင့် စခဲ့တဲ့ကစားပွဲတစ်ခုမှာ နှလုံးသားတစ်ခု အရင်းပြုလိုက်ရသည့်အခါ...။ (Drama မပါပဲ Romance... Еще

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁ဝ
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂ဝ
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
ဇာတ်သိမ်းပိုင်း(End)
✨Character Art✨
✨Cover Art✨

အပိုင်း ၃၂

8.1K 424 3
MyaMo_95

(Zawgyi)

ေဇယ်ာတိုးမွာ ဝတ္စုံမွာေတာ့ ဘာမွသိပ္မ်ားမ်ားစားစားမပါသျဖင့္ အခ်ိန္ယူၿပီး သိပ္မျပင္ဆင္လိုက္ရ။ ဝတ္စုံဟု ဆိုေသာ္ျငားလဲ အက်ီတို႔ေဘာင္းဘီတို႔ မဟုတ္ပါပဲ အျဖဴႏွင့္ အနီေရာစပ္ထားသည့္ ေျမေခြးနား႐ြက္ကေလးႏွင့္ အၿမီးေလး တစ္ေခ်ာင္းသာျဖစ္သည္။

နဂိုဝတ္ထားသည့္ စပို႔ရွပ္အျဖဴေရာင္ေလးႏွင့္ သရီးကြာတား ေဘာင္းဘီအတိုေလးတို႔ႏွင့္အတူ ထိုနား႐ြက္တို႔ အၿမီးတို႔ကို ဝတ္ဆင္လိုက္သည့္အခါ ေဇယ်ာတိုးမွာ ေတာ့ခ်စ္စရာ ေျမေခြးအနီေရာင္ေလး သဖြယ္။အနီေရာင္အၿမီးရွည္ေလးတြင္ ပါသည့္ ႀကိဳးကိုခါးတြင္ ေဘာင္းဘီႏွင့္ပတ္ခ်ည္လိုက္ေတာ့ အၿမီးေလးက တကယ္ပင္ သူ႕တင္ပါးေနာက္မွ ထြက္ေနသည့္လား။ ကိုယ္ကိုလႈပ္ခါယမ္းလိုက္ေတာ့ အၿမီးေလးကပါ ခါယမ္းသြားသျဖင့္ သေဘာက်စြာရယ္လိုက္မိသည္။

အင္း...။
အခုမွပဲ တကယ္ေခြးေလးျဖစ္သြားေတာ့တယ္။
ေခြးေတာ့ေခြးပဲ ဒါေပမယ့္ ဘဲႀကီးရဲ႕ ေခြးေပါက္ေလး။

ကိုယ့္အေတြးနဲ႕ကိုယ္သေဘာက်စြာ ရယ္ေမာရင္း ေရခ်ိဳးခန္းထဲက ထြက္လာသူကို ၾကည့္လိုက္ရာမွာေတာ့ ေဇယ်ာတိုး တံေတြးပင္ သီးသြားေတာ့သည္။

ေရခ်ိဳးခန္းထဲက ထြက္လာသည္မွာေတာ့ မိန္းကေလး ဂ်ပန္ေက်ာင္းဝတ္စုံ စကဒ္အတိုေလး ဝတ္ဆင္ထားသည့္ ဆံပင္အျဖဴေရာင္ေကာင္မေလး။ ထိုသူမွာေတာ့ တျခားမဟုတ္ Louis သာျဖစ္သည္။

"အဟဲ ငါလွလား"

"ဘယ္..ဘယ္လိုေတြျဖစ္လာတာတုန္း။ မိန္းကေလးဝတ္စုံႀကီးနဲ႕"

"ဒါက Cosplay ေလကြာ မင္းကလဲ။ ခနေနအုံး ဒီမွာက်န္ေသးတယ္"

ေျပာေျပာဆိုဆိုႏွင့္ ကုတင္ေပၚက ဆံပင္အရွည္ေလးကို ေကာက္တပ္ကာ ဝတ္ဆင္ေနသည္။ဆံပင္အရွည္ကို ဝတ္ဆင္လိုက္သည့္အခ်ိန္မွာေတာ့ Louis မွာ အမွန္တကယ္ကိုပင္ ခ်စ္စရာေကာင္မေလးအသြင္ျဖစ္သြားေတာ့သည္။

နဂိုထဲက အေနာက္တိုင္းႏွင့္ ေသြးစပ္ထားေသာေၾကာင့္ ကျပားပုံစံေလးေပါက္သည့္အျပင္ ယခုလို ျပင္ဆင္လိုက္ေတာ့ Louis မွာ မိတ္ကပ္တို႔မလိမ္းခ်ယ္ထားသည့္တိုင္ ခ်စ္စရာေကာင္းသည့္ ကျပားေကာင္မေလးသဖြယ္။

"မင္းက ဒါပဲဝတ္မွာလား"

"ေအးေလ။ ဘာျဖစ္လို႔လဲ"

"ဒီမွာ ဆရာဝန္တို႔ နပ္စ့္မအက်ီတို႔ရွိတာပဲကို။ ဘာလို႔မဝတ္တာလဲ"

"အာ...မႀကိဳက္လို႔။ ဒါေလးပဲ ေကာင္းပါတယ္"

"ၿပီးေရာ မင္းသေဘာ"

ေဇယ်ာတိုး အခန္းထဲက ထြက္လာေတာ့ ေနာက္က တန္းလန္းက်ေနတဲ့ အၿမီးေလးေၾကာင့္ လမ္းေလွ်ာက္ရတာ ခိုးလုခိုးလု ျဖစ္ေနဆဲ။ ေအာင္ေစပိုင္ အခန္းသို႔သြားေတာ့ ဘဲႀကီးက ေရခ်ိဳးေနသည္ထင္သည္။ အခန္းထဲတြင္မရွိ။

"ဝုတ္ ဝုတ္"

ေရခ်ိဳးၿပီး ထြက္လာေတာ့ ေရွ႕မွ ပိတ္ရပ္ကာ ေအာ္ရင္း အၿမီးကို ခါယမ္းေနသည့္ ခ်စ္စရာနား႐ြက္ကေလးႏွင့္ အနီေရာင္ေကာင္ေလး။

သေဘာက်စြာရယ္လိုက္ရင္း နာေခါင္းနီနီေလးကို တို႔လိုက္မိသည္။

"ဒါက ဘယ္လိုျဖစ္လာတာလဲ"

"ေျမေခြးေလးေလ။ ကိုေစရဲ႕ ေျမေခြးေလး"

အၿမီးကို ခါယမ္းကာ ခုန္ဆြခုန္ဆြ ေျပာေနျပန္သည္။ခ်စ္စရာေကာင္းလြန္းသျဖင့္ အနီေရာင္ေျမေခြးေလးကို ေပြ႕ခ်ီလိုက္ရာ လက္ထဲသို႔ ေဆြ႕ခနဲပါလာေတာ့သည္။

"ညကို Club က Party ပြဲ သြားခ်င္ေသးတယ္ဆိုရင္ ကိုယ့္ကိုအခုလို ျမဴဆြယ္ေနတာေတြ ရပ္သင့္ၿပီေနာ္ ေျမေခြးေလး"

"ဘာ...ဘာျဖစ္လို႔လဲ"

"ဒီေျမေခြးေလးကို ဂူထဲကေန မထြက္နိုင္ေအာင္ အထိ ခ်စ္ပစ္ခ်င္သြားလို႔"

"အာ.....ကိုေစက မုန္းစရာႀကီး"

ရင္ဘတ္ကို ထုရင္း ေျပာလာသည့္ ရွက္ေသြးျဖာေနေသာ အနီေရာင္ ေျမေခြးေလးေၾကာင့္ ေအာင္ေစပိုင္မွာ မရယ္ပဲ မေနနိုင္ေတာ့ေပ။ ရွက္ေနေသာေျမေခြးေပါက္ေလး ကို တခ်က္နမ္းရွိုက္ကာ လႊတ္ေပးလိုက္ေတာ့ အနီေရာင္ အၿမီးေလးကို ခါယမ္းကာ ရွက္ရမ္းယမ္းၿပီး ရင္ခြင္ထဲက ေျပးထြက္သြားေလေတာ့သည္။

~~~~~~~~~~~~~~~~~~

ကလပ္သို႔သြားဖို႔ ထြက္လာေတာ့ မိန္းကေလးပုံစံ ျဖစ္ေနသည့္ Louis ကို ေအာင္ေစပိုင္က တခ်က္ေတာ့ မ်က္ေမွာင္ႀကဳံ႕ၾကည့္သည္။ ဘာမွေတာ့မေျပာ။

Louis ကေတာ့ စကဒ္တိုတိုေလးဝတ္ကာ လမ္းကို ကားတားကားတားေလွ်ာက္ၿပီး ကားေပၚခုန္တက္သြားေလသည္။ ကလပ္ထဲဝင္ေတာ့ လူေတြအားလုံးရဲ႕ အၾကည့္ကသူတို႔သုံးေယာက္ဆီမွာ။

အေၾကာင္းကေတာ့ ခ်စ္စရာေကာင္းသည့္ ကျပားေကာင္မေလးႏွင့္ အေနာက္တိုင္းဝတ္စုံအျပည့္ဝတ္ထားေသာ ဘဲႀကီးေအာင္ေစပိုင္ေၾကာင့္ေပ။ ကလပ္ကေတာ့ ဝတ္စုံေပါင္းစုံအမ်ိဳးအစားစုံလင္စြာျဖင့္ ရႈပ္ယွက္ခတ္ေနေတာ့သည္။ ဝိုင္းတခုမွာ ထိုင္ေနရင္း ခနၾကာေတာ့ ေဇယ်ာတိုး၏ သူငယ္ခ်င္း ႏွစ္ေယာက္ျဖစ္ေသာ ၿဖိဳးပိုင္ေအာင္ႏွင့္ မင္းေဇာ္တို႔ ေရာက္လာၾကေလသည္။

"ဒီကို လာထိုင္။ မင္းတို႔ေသာက္ခ်င္တာ မွာလိုက္"

ေဇယ်ာတိုး၏ ေျပာစကားမ်ားကို ၿဖိဳးပိုင္ေအာင္ႏွင့္ မင္းေဇာ္တို႔ ႏွစ္ေယာက္သားမွာ နားမဝင္ပါ။အၾကည့္တို႔က ေဇယ်ာတိုး ေဘးမွာထိုင္ေနသည့္ Louis ထံတြင္သာ။

"အာ မိတ္ဆက္ေပးရအုံးမယ္။ ဒါက Louis တဲ့။ စကၤါပူမွာ ေနတာ ေက်ာင္းပိတ္လို႔ ခနလာလည္တာေလ။ သူက ကိုေစရဲ႕......."

ေဇယ်ာတိုးစကားတို႔ မဆုံးလိုက္ပါ။
ၿဖိဳးပိုင္ေအာင္က Louis နားမွာ ထိုင္ေနသည့္ သူ႕ကို တြန္းဖယ္ကာ Louis ေဘးနားကပ္ထိုင္လိုက္သည္။ ေဇယ်ာတိုးမွာေတာ့ ေၾကာင္ေတာင္ေတာင္ျဖင့္သာ ေဘးဘက္သို႔ ယိုင္က်သြားၿပီး ေနရာဖယ္ေပးလိုက္ရသည္။

"ေအာ္ နာမည္ေလးက Louis တဲ့လား။ အရမ္းလွတယ္ေနာ္"

Louis လက္ကို ကိုင္ရင္း ေပၚတင္ႀကီး ဖြန္ေၾကာင္ေနသူမွာေတာ့ ၿဖိဳးပိုင္ေအာင္။ မင္းေဇာ္ကလဲ အားက်မခံ Louis က်န္တဖက္တြင္ ကပ္ထိုင္လိုက္ၿပီး

"ညီမေလးက ဒီေရာက္တာ ၾကာၿပီလား"

"သိပ္ေတာ့ မၾကာေသးပါဘူး"

Louis က ဆံပင္ေလးကို သပ္တင္ကာ ခ်ိဳခ်ိဳသာသာေျပာလာသည္။

"ေအာ္...ဒါဆို ရန္ကုန္ၿမိဳ႕ကို ေလွ်ာက္လည္ခ်င္ရင္ အကိုတို႔ကို ေျပာေနာ္။ အကိုတို႔က ညီမေလးကို ကိုယ္ဖိရင္ဖိ ကာကြယ္ေစာင့္ေရွာက္ေပးခ်င္တာ"

"ဟုတ္ကဲ့"

အမူပိုကာ ေခါင္းေလးငုံ႕ရင္းေျပာေနသည့္ Louis ကိုၾကည့္ရင္း ေဇယ်ာတိုးရယ္ခ်င္လာသည္။ Louis က ရယ္ေနသည့္ သူ႕ကို ၾကည့္လာၿပီး မ်က္စိတဖက္မွိတ္ျပလာသည္မို႔ ေဇယ်ာတိုးလဲ ဘာမွ ထပ္မေျပာေတာ့ေပ။

အထီးမွန္း အမမွန္းေသခ်ာမသိပဲ ဖြန္ ဇြတ္ေၾကာင္ခ်င္ေနတဲ့ ႏွစ္ေကာင္ကို မွတ္ေလာက္သားေလာက္ရွိေအာင္ လႊတ္ထားအုံးမည္။ သူတို႔ဖြန္ေၾကာင္ေနေသာ Louis မွာကား သူတို႔နည္းတူ ပစၥည္းမ်ားပါေၾကာင္း သိသြားမည့္အခါ ျဖစ္ပ်က္သြားမည့္ ႏွစ္ေကာင္သား႐ုပ္အား ျမင္စမ္းခ်င္တယ္။

"နာမည္က Louis ဆိုေတာ့ ေယာက်္ားေလး ဆန္တယ္ေနာ္"

"ဟုတ္တယ္ မာမီေလ။ သူက သားေယာက်္ားေလး အရမ္းလိုခ်င္ခဲ့တာ။ အဲ့တာ နဲ႕ Louis ကို ေမြးလာေတာ့ အဲ့ဒီနာမည္ေပးလိုက္တာပါပဲ။ Louis လဲ သူမ်ားေတြလိုနာမည္ လွလွေလး လိုခ်င္တာေပါ့"

"ေအာ္...သနားစရာေကာင္းလိုက္တာ။ စိတ္မေကာင္းမျဖစ္နဲ႕ေနာ္ ညီမေလး အကိုတို႔ရွိတယ္"

"ကြၽတ္ကြၽတ္ အားမငယ္ပါနဲ႕။ ညီမေလးက အခုကို လွေနၿပီးသားပါ။ နာမည္လဲ လွလူေလးကလဲလွ"

ျဖစ္ပ်က္ေနေသာ ပုံစံအား ၾကည့္ရင္း တိုးတိတ္စြာရယ္ရင္း စိတ္ထဲက ေျပာလိုက္မိတယ္။

"ဘာလို႔သနားေနတာလဲ။ အဲ့တာ ေယာက်္ားပဲကို"

အဆင္ေျပေနၾကေသာ Louis တို႔သုံးေယာက္သားကို လႊတ္ထားလိုက္ရင္း သူကဘဲႀကီးရင္ခြင္ထဲသို႔သာ မွီခ်လိဳက္မိတယ္။ ကလပ္အထဲမွာ သီခ်င္းသံက က်ယ္ေလာင္ကာ ဆူညံလွသျဖင့္ ရင္ခြင္ထဲကေန ေမာ့ၿပီး ကို႔ေစနား အနားကပ္ကာေခၚလိုက္မိသည္။

"ကိုေစ ကိုေစ"

"အင္း..."

"အရက္မေသာက္ဘူးလား"

"ဟင့္အင္း ကိုယ္မႀကိဳက္ဘူး"

"ဒါဆို တျခားေရာ ဘာေသာက္မလဲ"

"ဟင့္အင္း။ မႀကိဳက္ဘူး"

"ဒါဆို ကိုေစ ဘာႀကိဳက္လဲ"

"ေဇေလးကို"

"အာ....."

သူ႕အနားနားျပန္ကပ္ကာ ေျပာလိုက္ေသာ ေအာင္ေစပိုင့္ေၾကာင့္ ရင္ေတြဝုန္းဒိုင္းက်ဲ ခုန္ေပါက္သြားရျပန္သည္။ သီခ်င္းသံေတြ ဆူညံေနသည့္တိုင္ က်ယ္ေလာင္စြာ ခုန္ေနသည့္ ႏွလုံးခုန္သံကို ၾကားေနရ၏။

ခ်စ္ေနၿပီးသားပါဆိုမွ ပိုပိုခ်စ္ေအာင္လုပ္ေနေတာ့တာပဲ ဒီဘဲႀကီးကေတာ့။

ရင္ဘတ္ကို မွီထားရင္း အရက္ကို ေသာက္ေနမိလိုက္သည္။ အခုန္ျမန္ေနေသာ ႏွလုံးသားေလးကို ထိန္းရင္းေပါ့။

▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶

(Unicode)

ဇေယျာတိုးမှာ ဝတ်စုံမှာတော့ ဘာမှသိပ်များများစားစားမပါသဖြင့် အချိန်ယူပြီး သိပ်မပြင်ဆင်လိုက်ရ။ ဝတ်စုံဟု ဆိုသော်ငြားလဲ အကျီတို့ဘောင်းဘီတို့ မဟုတ်ပါပဲ အဖြူနှင့် အနီရောစပ်ထားသည့် မြေခွေးနားရွက်ကလေးနှင့် အမြီးလေး တစ်ချောင်းသာဖြစ်သည်။

နဂိုဝတ်ထားသည့် စပို့ရှပ်အဖြူရောင်လေးနှင့် သရီးကွာတား ဘောင်းဘီအတိုလေးတို့နှင့်အတူ ထိုနားရွက်တို့ အမြီးတို့ကို ဝတ်ဆင်လိုက်သည့်အခါ ဇေယျာတိုးမှာ တော့ချစ်စရာ မြေခွေးအနီရောင်လေး သဖွယ်။အနီရောင်အမြီးရှည်လေးတွင် ပါသည့် ကြိုးကိုခါးတွင် ဘောင်းဘီနှင့်ပတ်ချည်လိုက်တော့ အမြီးလေးက တကယ်ပင် သူ့တင်ပါးနောက်မှ ထွက်နေသည့်လား။ ကိုယ်ကိုလှုပ်ခါယမ်းလိုက်တော့ အမြီးလေးကပါ ခါယမ်းသွားသဖြင့် သဘောကျစွာရယ်လိုက်မိသည်။

အင်း...။
အခုမှပဲ တကယ်ခွေးလေးဖြစ်သွားတော့တယ်။
ခွေးတော့ခွေးပဲ ဒါပေမယ့် ဘဲကြီးရဲ့ ခွေးပေါက်လေး။

ကိုယ့်အတွေးနဲ့ကိုယ်သဘောကျစွာ ရယ်မောရင်း ရေချိုးခန်းထဲက ထွက်လာသူကို ကြည့်လိုက်ရာမှာတော့ ဇေယျာတိုး တံတွေးပင် သီးသွားတော့သည်။

ရေချိုးခန်းထဲက ထွက်လာသည်မှာတော့ မိန်းကလေး ဂျပန်ကျောင်းဝတ်စုံ စကဒ်အတိုလေး ဝတ်ဆင်ထားသည့် ဆံပင်အဖြူရောင်ကောင်မလေး။ ထိုသူမှာတော့ တခြားမဟုတ် Louis သာဖြစ်သည်။

"အဟဲ ငါလှလား"

"ဘယ်..ဘယ်လိုတွေဖြစ်လာတာတုန်း။ မိန်းကလေးဝတ်စုံကြီးနဲ့"

"ဒါက Cosplay လေကွာ မင်းကလဲ။ ခနနေအုံး ဒီမှာကျန်သေးတယ်"

ပြော​ပြောဆိုဆိုနှင့် ကုတင်ပေါ်က ဆံပင်အရှည်လေးကို ကောက်တပ်ကာ ဝတ်ဆင်နေသည်။ဆံပင်အရှည်ကို ဝတ်ဆင်လိုက်သည့်အချိန်မှာတော့ Louis မှာ အမှန်တကယ်ကိုပင် ချစ်စရာကောင်မလေးအသွင်ဖြစ်သွားတော့သည်။

နဂိုထဲက အနောက်တိုင်းနှင့် သွေးစပ်ထားသောကြောင့် ကပြားပုံစံလေးပေါက်သည့်အပြင် ယခုလို ပြင်ဆင်လိုက်တော့ Louis မှာ မိတ်ကပ်တို့မလိမ်းချယ်ထားသည့်တိုင် ချစ်စရာကောင်းသည့် ကပြားကောင်မလေးသဖွယ်။

"မင်းက ဒါပဲဝတ်မှာလား"

"အေးလေ။ ဘာဖြစ်လို့လဲ"

"ဒီမှာ ဆရာဝန်တို့ နပ်စ့်မအကျီတို့ရှိတာပဲကို။ ဘာလို့မဝတ်တာလဲ"

"အာ...မကြိုက်လို့။ ဒါလေးပဲ ကောင်းပါတယ်"

"ပြီးရော မင်းသဘော"

ဇေယျာတိုး အခန်းထဲက ထွက်လာတော့ နောက်က တန်းလန်းကျနေတဲ့ အမြီးလေးကြောင့် လမ်းလျှောက်ရတာ ခိုးလုခိုးလု ဖြစ်နေဆဲ။ အောင်စေပိုင် အခန်းသို့သွားတော့ ဘဲကြီးက ရေချိုးနေသည်ထင်သည်။ အခန်းထဲတွင်မရှိ။

"ဝုတ် ဝုတ်"

ရေချိုးပြီး ထွက်လာတော့ ရှေ့မှ ပိတ်ရပ်ကာ အော်ရင်း အမြီးကို ခါယမ်းနေသည့် ချစ်စရာနားရွက်ကလေးနှင့် အနီရောင်ကောင်လေး။

သဘောကျစွာရယ်လိုက်ရင်း နာခေါင်းနီနီလေးကို တို့လိုက်မိသည်။

"ဒါက ဘယ်လိုဖြစ်လာတာလဲ"

"မြေခွေးလေးလေ။ ကိုစေရဲ့ မြေခွေးလေး"

အမြီးကို ခါယမ်းကာ ခုန်ဆွခုန်ဆွ ပြောနေပြန်သည်။ချစ်စရာကောင်းလွန်းသဖြင့် အနီရောင်မြေခွေးလေးကို ပွေ့ချီလိုက်ရာ လက်ထဲသို့ ဆွေ့ခနဲပါလာတော့သည်။

"ညကို Club က Party ပွဲ သွားချင်သေးတယ်ဆိုရင် ကိုယ့်ကိုအခုလို မြူဆွယ်နေတာတွေ ရပ်သင့်ပြီနော် မြေခွေးလေး"

"ဘာ...ဘာဖြစ်လို့လဲ"

"ဒီမြေခွေးလေးကို ဂူထဲကနေ မထွက်နိုင်အောင် အထိ ချစ်ပစ်ချင်သွားလို့"

"အာ.....ကိုစေက မုန်းစရာကြီး"

ရင်ဘတ်ကို ထုရင်း ပြောလာသည့် ရှက်သွေးဖြာနေသော အနီရောင် မြေခွေးလေးကြောင့် အောင်စေပိုင်မှာ မရယ်ပဲ မနေနိုင်တော့ပေ။ ရှက်နေသောမြေခွေးပေါက်လေး ကို တချက်နမ်းရှိုက်ကာ လွှတ်ပေးလိုက်တော့ အနီ​ရောင် အမြီးလေးကို ခါယမ်းကာ ရှက်ရမ်းယမ်းပြီး ရင်ခွင်ထဲက ပြေးထွက်သွားလေတော့သည်။

~~~~~~~~~~~~~~~~~~

ကလပ်သို့သွားဖို့ ထွက်လာတော့ မိန်းကလေးပုံစံ ဖြစ်နေသည့် Louis ကို အောင်စေပိုင်က တချက်တော့ မျက်မှောင်ကြုံ့ကြည့်သည်။ ဘာမှတော့မပြော။

Louis ကတော့ စကဒ်တိုတိုလေးဝတ်ကာ လမ်းကို ကားတားကားတားလျှောက်ပြီး ကားပေါ်ခုန်တက်သွားလေသည်။ ကလပ်ထဲဝင်တော့ လူတွေအားလုံးရဲ့ အကြည့်ကသူတို့သုံးယောက်ဆီမှာ။

အကြောင်းကတော့ ချစ်စရာကောင်းသည့် ကပြားကောင်မလေးနှင့် အနောက်တိုင်းဝတ်စုံအပြည့်ဝတ်ထားသော ဘဲကြီးအောင်စေပိုင်ကြောင့်ပေ။ ကလပ်ကတော့ ဝတ်စုံပေါင်းစုံအမျိုးအစားစုံလင်စွာဖြင့် ရှုပ်ယှက်ခတ်နေတော့သည်။ ဝိုင်းတခုမှာ ထိုင်နေရင်း ခနကြာတော့ ဇေယျာတိုး၏ သူငယ်ချင်း နှစ်ယောက်ဖြစ်သော ဖြိုးပိုင်အောင်နှင့် မင်းဇော်တို့ ရောက်လာကြလေသည်။

"ဒီကို ​လာထိုင်။ မင်းတို့သောက်ချင်တာ မှာလိုက်"

ဇေယျာတိုး၏ ပြောစကားများကို ဖြိုးပိုင်အောင်နှင့် မင်းဇော်တို့ နှစ်ယောက်သားမှာ နားမဝင်ပါ။အကြည့်တို့က ဇေယျာတိုး ဘေးမှာထိုင်နေသည့် Louis ထံတွင်သာ။

"အာ မိတ်ဆက်​ပေးရအုံးမယ်။ ဒါက Louis တဲ့။ စင်္ကါပူမှာ နေတာ ကျောင်းပိတ်လို့ ခနလာလည်တာလေ။ သူက ကိုစေရဲ့......."

ဇေယျာတိုးစကားတို့ မဆုံးလိုက်ပါ။
ဖြိုးပိုင်အောင်က Louis နားမှာ ထိုင်နေသည့် သူ့ကို တွန်းဖယ်ကာ Louis ဘေးနားကပ်ထိုင်လိုက်သည်။ ဇေယျာတိုးမှာတော့ ကြောင်တောင်တောင်ဖြင့်သာ ဘေးဘက်သို့ ယိုင်ကျသွားပြီး နေရာဖယ်ပေးလိုက်ရသည်။

"အော် နာမည်လေးက Louis တဲ့လား။ အရမ်းလှတယ်နော်"

Louis လက်ကို ကိုင်ရင်း ပေါ်တင်ကြီး ဖွန်ကြောင်နေသူမှာတော့ ဖြိုးပိုင်အောင်။ မင်းဇော်ကလဲ အားကျမခံ Louis ကျန်တဖက်တွင် ကပ်ထိုင်လိုက်ပြီး

"ညီမလေးက ဒီရောက်တာ ကြာပြီလား"

"သိပ်တော့ မကြာသေးပါဘူး"

Louis က ဆံပင်လေးကို သပ်တင်ကာ ချိုချိုသာသာပြောလာသည်။

"အော်...ဒါဆို ရန်ကုန်မြို့ကို လျှောက်လည်ချင်ရင် အကိုတို့ကို ပြောနော်။ အကိုတို့က ညီမလေးကို ကိုယ်ဖိရင်ဖိ ကာကွယ်စောင့်ရှောက်ပေးချင်တာ"

"ဟုတ်ကဲ့"

အမူပိုကာ ခေါင်းလေးငုံ့ရင်းပြောနေသည့် Louis ကိုကြည့်ရင်း ဇေယျာတိုးရယ်ချင်လာသည်။ Louis က ရယ်နေသည့် သူ့ကို ကြည့်လာပြီး မျက်စိတဖက်မှိတ်ပြလာသည်မို့ ဇေယျာတိုးလဲ ဘာမှ ထပ်မပြောတော့ပေ။

အထီးမှန်း အမမှန်းသေချာမသိပဲ ဖွန် ဇွတ်ကြောင်ချင်နေတဲ့ နှစ်ကောင်ကို မှတ်လောက်သားလောက်ရှိအောင် လွှတ်ထားအုံးမည်။ သူတို့ဖွန်ကြောင်နေသော Louis မှာကား သူတို့နည်းတူ ပစ္စည်းများပါကြောင်း သိသွားမည့်အခါ ဖြစ်ပျက်သွားမည့် နှစ်ကောင်သားရုပ်အား မြင်စမ်းချင်တယ်။

"နာမည်က Louis ဆိုတော့ ယောကျ်ားလေး ဆန်တယ်နော်"

"ဟုတ်တယ် မာမီလေ။ သူက သားယောကျ်ားလေး အရမ်းလိုချင်ခဲ့တာ။ အဲ့တာ နဲ့ Louis ကို မွေးလာတော့ အဲ့ဒီနာမည်ပေးလိုက်တာပါပဲ။ Louis လဲ သူများတွေလိုနာမည် လှလှလေး လိုချင်တာပေါ့"

"အော်...သနားစရာကောင်းလိုက်တာ။ စိတ်မကောင်းမဖြစ်နဲ့နော် ညီမလေး အကိုတို့ရှိတယ်"

"ကျွတ်ကျွတ် အားမငယ်ပါနဲ့။ ညီမလေးက အခုကို လှနေပြီးသားပါ။ နာမည်လဲ လှလူလေးကလဲလှ"

ဖြစ်ပျက်နေသော ပုံစံအား ကြည့်ရင်း တိုးတိတ်စွာရယ်ရင်း စိတ်ထဲက ပြောလိုက်မိတယ်။

"ဘာလို့သနားနေတာလဲ။ အဲ့တာ ယောကျ်ားပဲကို"

အဆင်ပြေနေကြသော Louis တို့သုံးယောက်သားကို လွှတ်ထားလိုက်ရင်း သူကဘဲကြီးရင်ခွင်ထဲသို့သာ မှီချလိုက်မိတယ်။ ကလပ်အထဲမှာ သီချင်းသံက ကျယ်လောင်ကာ ဆူညံလှသဖြင့် ရင်ခွင်ထဲကနေ မော့ပြီး ကို့စေနား အနားကပ်ကာခေါ်လိုက်မိသည်။

"ကိုစေ ကိုစေ"

"အင်း..."

"အရက်မသောက်ဘူးလား"

"ဟင့်အင်း ကိုယ်မကြိုက်ဘူး"

"ဒါဆို တခြားရော ဘာသောက်မလဲ"

"ဟင့်အင်း။ မကြိုက်ဘူး"

"ဒါဆို ကိုစေ ဘာကြိုက်လဲ"

"ဇေလေးကို"

"အာ....."

သူ့အနားနားပြန်ကပ်ကာ ပြောလိုက်သော အောင်စေပိုင့်ကြောင့် ရင်တွေဝုန်းဒိုင်းကျဲ ခုန်ပေါက်သွားရပြန်သည်။ သီချင်းသံတွေ ဆူညံနေသည့်တိုင် ကျယ်လောင်စွာ ခုန်နေသည့် နှလုံးခုန်သံကို ကြားနေရ၏။

ချစ်နေပြီးသားပါဆိုမှ ပိုပိုချစ်အောင်လုပ်နေတော့တာပဲ ဒီဘဲကြီးကတော့။

ရင်ဘတ်ကို မှီထားရင်း အရက်ကို သောက်နေမိလိုက်သည်။ အခုန်မြန်နေသော နှလုံးသားလေးကို ထိန်းရင်းပေါ့။

Продолжить чтение

Вам также понравится

My son become my husband Watermelon Shune

Любовные романы

3K 75 31
ဖတ်ဖူးတဲ့Manhwaတစ်ပုဒ်ကိုကျောရိုးယူပြီးရေးထားခြင်းဖြစ်ပါသည်။အဲ့ဒီ့အတွက်မူရင်းauthorကိုcrdပေးပါတယ်ဗျ #pic crd
1.5M 135K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
16.2K 931 18
နေမြဲစေ လင်းစွမ်းရည်ပိုင် ပန်းဦးကဗျာ နှင်းသဲအလင်္ကာ
SCENT OF LOVE (editing) venus

Любовные романы

1.3M 68.4K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...