နှလုံးသားအရင်းအနှီး [Complete]

By MyaMo_95

477K 23.2K 203

အလောင်းအစားတစ်ခုကြောင့် စခဲ့တဲ့ကစားပွဲတစ်ခုမှာ နှလုံးသားတစ်ခု အရင်းပြုလိုက်ရသည့်အခါ...။ (Drama မပါပဲ Romance... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁ဝ
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂ဝ
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
ဇာတ်သိမ်းပိုင်း(End)
✨Character Art✨
✨Cover Art✨

အပိုင်း ၂၈

9.2K 478 9
By MyaMo_95

(Zawgyi)

ေန႕လည္စာ စားအၿပီး အိမ္ျပန္ေရာက္သည္အထိ စိတ္တို႔က ရႈပ္ေထြးေနာက္က်ိကာ မၾကည္မလင္ျဖစ္ေနဆဲ။ ဒါကို သတိထားမိသည့္ ေအာင္ေစပိုင္က သူ႕ကို ေပါင္ေပၚဆြဲတင္ကာ ေမးလာသည္။

"ဘာျဖစ္လို႔လဲ ေဇေလး"

ျပန္မေျဖပဲ ေခါင္းသာခါျပလိုက္မိသည္။
ကိုေစရင္ခြင္ထဲကေန ထြက္ကာ မ်က္ႏွာခ်င္းဆိုင္ ၾကည့္လိုက္ၿပီး

"ကိုေစ"

"အင္း"

"ကြၽန္ေတာ္ ကိုေစကို အရမ္းခ်စ္တယ္"

"အင္း"

ဟမ္....။ ဒါေလးပဲလား။
ခ်စ္တယ္လို႔ ေျပာရင္ အနည္းဆုံး ခ်စ္တယ္လို႔ေတာ့ ျပန္ေျပာသင့္တယ္မဟုတ္ဘူးလား။

ခုနက စိတ္မၾကည္လင္မႈႏွင့္ ယခုမေက်နပ္ျဖစ္မႈတို႔ ေပါင္းစပ္ေရာေထြးကာ ေဒါသမ်ားအျဖစ္ ျဖစ္ေပၚလာရသည္။ ေအာင္ေစပိုင္ ဖက္ထားသည္ကို ႐ုတ္ခ်ည္း ဖယ္ခြာကာ ႐ုန္းဖယ္လိုက္မိသည္။ ထို႔ေနာက္ ေပါင္ေပၚက ဆတ္ခနဲ ထရင္း ျပတင္းေပါက္နားမွာ သြားရပ္လိုက္သည္။ ေျပာင္းလဲသြားေသာ အေျခအေနကို ေအာင္ေစပိုင္က ရိပ္မိသည္ ထင္သည္။ ခ်က္ခ်င္းသူ႕ေနာက္ ေျပးလိုက္လာကာ ေမးျမန္းလာသည္။

"ဘာျဖစ္လို႔လဲဟင္ ေဇေလး"

"ကြၽန္ေတာ့္ကို ဘာလို႔ခ်စ္တယ္လို႔ တခါမွ မေျပာရတာလဲ။ သတိထားမိေနတာၾကာၿပီ။ မတြဲခင္ကေရာ တြဲၿပီးတဲ့အထိေရာ အခုခ်ိန္ထိ တခါမွ ကြၽန္ေတာ့္ကို ခ်စ္တယ္ဆိုတာ မေျပာဖူးဘူး"

"စကားလုံးေတြက လိုအပ္လို႔လား ေဇေလးရယ္"

ပုခုံးကို လာဖက္မည့္ ဟန္ျပင္ေနေသာ ေအာင္ေစပိုင့္လက္ေတြကို ဖယ္ထုတ္ကာ ေရွာင္လိုက္မိသည္။

"လိုတယ္ လိုတယ္။ လိုအပ္တယ္။ ရည္းစားေတြမွိုလိုေပါက္ေအာင္ တြဲခဲ့ၿပီး တြဲသမွ်ရည္းစားတိုင္းကို က် ခ်စ္တယ္ Love you so much တို႔ ေျပာခဲ့ၿပီးေတာ့ ကြၽန္ေတာ့္က် တခြန္းမွ မေျပာဘူးဆိုထဲက ကြၽန္ေတာ့္ကို သူတို႔ေလာက္ မခ်စ္လို႔မဟုတ္လား"

"အဲ့တာက ဘယ္သူေျပာတာလဲ ေဇေလးကို"

"Louis ေျပာတာ။ မဟုတ္ဘူး ျငင္းမယ္ မႀကံနဲ႕။ သူ႕ဆီမွာ ကိုေစ့ရည္းစားပုံေတြရွိေသးတယ္ ေျပာတယ္"

"က်စ္....ဒီေကာင္ကေတာ့ကြာ"

စိတ္တိုေနပုံရေသာ ေကာင္ေလးကို ဆြဲဖက္မည္ လုပ္ေတာ့ ေကာင္ေလးကအတင္း႐ုန္းကန္လာကာ အဖက္ပင္မခံပါ။ လက္ကို ဆြဲေတာ့လဲ မရ အတင္းျပန္ဆြဲယူကာ ဖယ္ခ်ပစ္သည္။

"ကိုယ့္ကို ၾကည့္ပါအုံး ေဇေလးရဲ႕"

သူ႕ကို ေက်ာခိုင္းကာ အဖက္မလုပ္ေသာ ေကာင္ေလးဆီမွ ဘာအေျဖမွ ျပန္မရပါ။ ထို႔ေၾကာင့္သူလဲ သက္ျပင္း ခပ္ဖြဖြတစ္ခ်က္ခ်ကာ ေကာင္ေလးအနားက ထြက္သြားလိုက္ရေတာ့သည္။

~~~~~~~~~~~~~~~~~~~

ေဇယ်ာတိုး စိတ္ဆိုးကာ ေဒါသထြက္ေနခိုက္ အေနာက္မွ သိုင္းဖက္တာ ခံလိုက္သည္။ ထို႔ေၾကာင့္ ႐ုန္းမလိုျပင္လိုက္စဥ္ မ်က္စိေရွ႕ေရာက္လာေသာ ပစၥည္းေလးတစ္ခု။

အနီေရာင္ ေလစၾကာေလး။
ထိုစၾကာကေလးမွာ ေဟာင္းႏြမ္းေနၿပီး အေရာင္ပင္လြင့္ေနကာ သံအဝိုင္းေလးမွာလဲ သံေခ်းတို႔တက္ကာ စၾကာအ႐ြက္ေလးမ်ားမွာ လည္ပင္ မလည္ပတ္နိုင္ေတာ့ပါ။

သို႔ေသာ္ ဒီစၾကာေလးကို သူျမင္ဖူးသလိုလိုရွိတာမို႔ ေနာက္လွည့္ကာေမးရန္ ကိုယ္ကိုလွည့္လိုက္ေသာ္လဲ ေအာင္ေစပိုင္က လွည့္ခြင့္မေပးေပ။ သူ႕ကို အေနာက္ကသိုင္းဖက္ထားကာ ရင္ခြင္ထဲထည့္ထားၿပီး ပုခုံးေပၚ ေခါင္းတင္လာသည္။

"ကိုယ္ပုံျပင္ေျပာျပမယ္ နားေထာင္"

ေဇယ်ာတိုးလဲ ထိုအတိုင္းသာ ၿငိမ္ေနမိလိုက္သည္။

"ဟိုးအရင္တုန္းက ေကာင္ေလးတစ္ေယာက္ရွိခဲ့တယ္တဲ့။ အဲ့ဒီေကာင္ေလးဟာ ေက်ာင္းပိတ္ရက္မွာ နယ္ကအမ်ိဳးေတြဆီ အလည္အပတ္ ျပန္ခဲ့တာေပါ့။ ေက်ာင္းျပန္တက္ရမဲ့အခ်ိန္မွာ ေက်ာင္းမတက္ခ်င္တဲ့ေကာင္ေလးဟာ အိမ္မျပန္ခ်င္လို႔ ဂ်ီက်သတဲ့။ သူ႕အေဖနဲ႕ အေမ ျပန္လိုက္ေခၚမွ အိမ္ျပန္မယ္ဆိုၿပီးေတာ့ေပါ့။ ေကာင္ေလးကို အရမ္းခ်စ္တဲ့ အေဖနဲ႕အေမက သားေလးကို အိမ္ျပန္ေခၚဖို႔ နယ္ကို သြားခဲ့ၾကတယ္။ အဲ့ဒီအခ်ိန္မွာ လမ္းမွာပဲ ကားအက္စီးဒန့္ေၾကာင့္ ေကာင္ေလးရဲ႕ အေဖေရာအေမေရာဟာ ဆုံးပါးသြားခဲ့တယ္"

"ကို...ကိုေစ"

"ရႉး...ကိုယ့္ပုံျပင္ မၿပီးေသးဘူး။ ေကာင္ေလးဟာ သူ႕မိဘေတြ သူ႕ေၾကာင့္ေသဆုံးခဲ့ရတယ္ဆိုၿပီး အၿမဲတမ္း ငိုေႂကြးေနခဲ့တယ္။ သူသာမေခၚမိရင္ သူ႕မိဘေတြေသဆုံးရမွာ မဟုတ္ဘူးဆိုတဲ့ စိတ္နဲ႕ေပါ့။ အဲ့ဒီလိုနဲ႕ ငိုေႂကြးၿပီး ေန႕ရက္ေတြကို ျဖတ္သန္းေနရင္း တေန႕မွာေတာ့ ေကာင္ေလးရဲ႕ ဘဝထဲကို အလင္းတန္းေလး တစ္ခုဝင္ေရာက္လာခဲ့တယ္။ အနီေရာင္ေတြကို သိပ္ႀကိဳက္တတ္တဲ့ ပါးေဖာင္းေဖာင္းနဲ႕ ကေလးေလး တစ္ေယာက္ေပါ့။ လူႀကီးေတြမသိေအာင္ ၿခံေနာက္က သစ္ပင္ႀကီး ေအာက္မွာ အၿမဲတမ္းငိုေနတတ္တဲ့ ေကာင္ေလးကို အဲ့ဒီအနီေရာင္ ကေလးေလးဟာ ရွာေတြ႕သြားခဲ့တယ္။ ေကာင္ေလး ငိုေနတဲ့အခါ အဲ့ဒီ ကေလးေသးေသးေလးဟာ သူ႕လက္ေသးေသးေလးေတြနဲ႕ ဖက္ထားေပးတတ္ၿပီး မုန့္ေတြလဲ ေကြၽးတတ္ေသးတာ။ အဲ့ဒီကေလးေလးက အနီေရာင္ စၾကာေလးကို အရမ္းႏွစ္သက္ၿပီး အၿမဲသြားေလရာ ကိုင္သြားတတ္တယ္"

ေအာင္ေစပိုင္က စကားတို႔ကို ခနရပ္ၿပီး သေဘာက်စြာရယ္ေမာတယ္။

"အဲ့ဒီဘာမွ နားမလည္တဲ့ ကေလးေသးေသးဟာ ေသသြားတဲ့ သူေတြက နတ္ျပည္ေရာက္ၿပီး နတ္သားနတ္သမီးေတြ ျဖစ္ေနတာမို႔ မငိုပါနဲ႕လို႔လဲ ႏွစ္သိမ့္ေပးေသးတာ။ ေသတယ္ဆိုတာ ဘာမွန္း မသိေသးပဲ နတ္ျပည္ဆိုတာ ဘာမွန္းေတာင္ မသိေသးတဲ့ကေလးေလးကေပါ့။ ဒါေပမယ့္ ေကာင္ေလးက ကေလးေလးစကားေတြေၾကာင့္ အမ်ားႀကီးစိတ္သက္သာရခဲ့ၿပီး အျဖစ္ဆိုးႀကီးကို ေမ့ေပ်ာက္နိုင္ခဲ့တယ္။ ဒီလိုနဲ႕ ေနလာရင္း တရက္က်ေတာ့ အဲ့ဒီကေလးေလးက ငိုယိုရင္း ေကာင္ေလးဆီ ေရာက္လာခဲ့တယ္။ သူ သြားရေတာ့မွာမို႔ ကိုကိိုနဲ႕ မခြဲခ်င္ဘူးတဲ့ေလ။ ငိုယိုေနတဲ့ ကေလးေလးကို အသဲယားလြန္းလို႔ အိမ္ထဲထည့္ၿပီးသာ ဖြက္ထားပစ္ခ်င္ခဲ့တာ။ ဒါေပမယ့္ ေကာင္ေလးဟာလဲ ကေလးအ႐ြယ္မို႔ ဘာမွမတတ္နိုင္ခဲ့ဘူး။
ကေလးေလးက ျပန္ခါနီးမွာ ကိုကို႔ကို သူ႕ခ်စ္တဲ့အေၾကာင္းကို ေျပာသြားၿပီး သူအရမ္းႀကိဳက္ရတဲ့ အနီေရာင္စၾကာေလးကို ေပးသြားခဲ့တယ္။ ခ်စ္တယ္ဆိုတာ ဘာမွန္းေတာင္ မသိေသးတဲ့ ကေလးေလးတစ္ေယာက္ရဲ႕ စကားကို ယုံၾကည္ၿပီး ေကာင္ေလးဟာ အခုခ်ိန္ထိ အနီေရာင္စၾကာေလးကို သိမ္းထားဆဲပဲတဲ့"

"ကိုေစ"

စကားတို႔ဆုံးသြားေတာ့ ေဇယ်ာတိုး မ်က္ရည္ေတြက်ရင္း ေအာင္ေစပိုင္ဘက္ကို လွည့္ရင္း ဖက္ထားလိုက္မိတယ္။ ေအာင္ေစပိုင္က သူ႕မ်က္ရည္ေတြကို သုတ္ေပးလာရင္း

"ကိုယ္ မင္းကို လိုက္ရွာေနခဲ့ရတာ။ ကိုယ္နဲနဲအ႐ြယ္ေရာက္လာေတာ့ ေမာ္လၿမိဳင္ကို ျပန္သြားၿပီး ရွာခဲ့ေပမယ့္ ေဇေလးမရွိေတာ့ဘူး။ ရန္ကုန္ေျပာင္းသြားတယ္ဆိုတာပဲ သိခဲ့ရတာ။ အဲ့အခ်ိန္ထဲက အခုခ်ိန္ထိ ကိုယ္မင္းကို လိုက္ရွာေနခဲ့တာ"

"ဟင့္ ကိုေစ...."

"ေနာက္ဆုံး ဘယ္လိုမွရွာမေတြ႕နိုင္ေတာ့လို႔ ကိုယ္ အားမတန္မာန္ေလွ်ာ့ခဲ့ရတယ္။ ဒါေပမယ့္ ကံတရားက ကိုယ္တို႔ကိုျပန္လည္ဆုံေတြ႕ခြင့္ေပးခဲ့တယ္။ ကိုယ္ဘယ္ေလာက္ေပ်ာ္ခဲ့ရလဲ သိလား။ အဲ့ဒီကေလးေလးဟာ ေဇေလးမွန္း သိတဲ့အခ်ိန္ထဲက ကိုယ္႐ူးမတတ္ေပ်ာ္႐ႊင္ခဲ့ရတာပါ"

"ကိုေစရယ္"

"ခ်စ္တယ္ဆိုတဲ့စကားက ကိုယ္မင္းအေပၚမွာ ထားတဲ့ ခ်စ္ျခင္းေမတၱာကို ေဖာ္ျပဖို႔ မလုံေလာက္ဘူး ထင္မိလို႔ပါ။ ခ်စ္တယ္ဆိုတာထက္ ကိုယ့္ခ်စ္ျခင္းကို ပိုေလးနက္စြာ ေဖာ္ျပဖို႔ စကားလုံးမ်ား ရွိနိုင္အုံးမလားလို႔ ကိုယ္ရွာေနမိတာပါ။ ကိုယ္ေဇေလးကို အရမ္းခ်စ္တယ္။ တကယ္ကိုခ်စ္တာပါ။ စကားလုံးေတြနဲ႕ ပုံေဖာ္ျပသလို႔မရတဲ့အထိကို ကိုယ္ခ်စ္တယ္"

"ဟင့္...အဲ့တာကို ဘာလို႔မေျပာျပတာလဲ"

"ကိုယ္ ဘယ္လိုေျပာရမယ္မွန္း မသိလို႔ပါ။ ကိုယ္ရည္းစားေတြထားခဲ့ဖူးတာ ဟုတ္ပါတယ္။ ဝန္ခံပါတယ္။ ဒါေပမယ့္ သူတို႔ကိုတခါမွ ခ်စ္တယ္လို႔ မေျပာဖူးတာေတာ့ ယုံေပးပါ။ အခ်စ္ဆိုတာ ေဇေလးနဲ႕ ေတြ႕ဆုံၿပီးေတာ့မွ စတင္ ေပါက္ဖြားလာခဲ့တာ။ တသက္လုံး ေဇေလးအတြက္ပဲ ကိုယ့္အခ်စ္က ျဖစ္တည္ခဲ့တာပါ"

ေအာင္ေစပိုင္ ဆက္ေျပာမည့္ စကားေတြကို နားေထာင္နိုင္စြမ္းမရွိေတာ့တာမို႔ ေအာင္ေစပိုင္ ႏႈတ္ဖ်ားေတြကိုသာ ထိကပ္နမ္းရွိုက္မိလိုက္ေတာ့သည္။ ေဇယ်ာတိုး ႏွလုံးသားေလးက ေအာင္ေစပိုင္၏ ခ်စ္ျခင္းဖြင့္ဟဝန္ခံခ်က္ေတြေၾကာင့္ တုန္ရီေမာဟိုက္ေနေလၿပီေလ။

သူဘယ္ေလာက္ေတာင္ ဝမ္းနည္းခဲ့ရမလဲ။
သူဘယ္ေလာက္ေတာင္ အထီးက်န္ခဲ့ရမလဲ။
သူဘယ္ေလာက္ေတာင္ ရွာေဖြခဲ့ရမလဲ။
သူဘယ္ေလာက္ေတာင္ ........

စကားေတြနဲ႕ ေဖာ္ျပလို႔မရနိုင္သည္အထိ ရင္ဘတ္တစ္ခုလုံး တင္းၾကပ္ ျပည့္ႏွက္လာခဲ့ေတာ့သည္။စကားလုံးေတြနဲ႕ ေဖာ္ျပလို႔ မရနိုင္သည့္ အေျခအေနဆိုတာဒါမ်ိဳးကို ေခၚတာပါလားဟု သူသေဘာေပါက္ နားလည္ခဲ့ရသည္။

ထိုသို႔နားလည္သေဘာေပါက္ျခင္းႏွင့္အတူ ခ်စ္ျခင္းေမတၱာႏွင့္ စာနာသနားစိတ္ တို႔ေပါင္းစပ္ကာ ေဇယ်ာတိုးထံမွ မ်က္ရည္တပြင့္ ေႂကြလြင့္ခဲ့ေလသည္။

သို႔ေသာ္ ထိုမ်က္ရည္စက္ေလးမွာ ေအာက္ေျမျပင္အထိ က်ဆင္းမသြားခဲ့ပဲ တရွိုက္မက္မက္ နမ္းရွိုက္ေနတဲ့ ခ်စ္သူႏွစ္ဦးအတြက္ ခ်စ္သက္ေသအျဖစ္ တည္ရွိခဲ့ေလသည္။

▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶

(Unicode)

နေ့လည်စာ စားအပြီး အိမ်ပြန်ရောက်သည်အထိ စိတ်တို့က ရှုပ်ထွေးနောက်ကျိကာ မကြည်မလင်ဖြစ်နေဆဲ။ ဒါကို သတိထားမိသည့် အောင်စေပိုင်က သူ့ကို ပေါင်ပေါ်ဆွဲတင်ကာ မေးလာသည်။

"ဘာဖြစ်လို့လဲ ဇေလေး"

ပြန်မဖြေပဲ ခေါင်းသာခါပြလိုက်မိသည်။
ကိုစေရင်ခွင်ထဲကနေ ထွက်ကာ မျက်နှာချင်းဆိုင် ကြည့်လိုက်ပြီး

"ကိုစေ"

"အင်း"

"ကျွန်တော် ကိုစေကို အရမ်းချစ်တယ်"

"အင်း"

ဟမ်....။ ဒါလေးပဲလား။
ချစ်တယ်လို့ ပြောရင် အနည်းဆုံး ချစ်တယ်လို့တော့ ပြန်ပြောသင့်တယ်မဟုတ်ဘူးလား။

ခုနက စိတ်မကြည်လင်မှုနှင့် ယခုမကျေနပ်ဖြစ်မှုတို့ ပေါင်းစပ်ရောထွေးကာ ဒေါသများအဖြစ် ဖြစ်ပေါ်လာရသည်။ အောင်စေပိုင် ဖက်ထားသည်ကို ရုတ်ချည်း ဖယ်ခွာကာ ရုန်းဖယ်လိုက်မိသည်။ ထို့နောက် ပေါင်ပေါ်က ဆတ်ခနဲ ထရင်း ပြတင်းပေါက်နားမှာ သွားရပ်လိုက်သည်။ ပြောင်းလဲသွားသော အခြေအနေကို အောင်စေပိုင်က ရိပ်မိသည် ထင်သည်။ ချက်ချင်းသူ့နောက် ပြေးလိုက်လာကာ မေးမြန်းလာသည်။

"ဘာဖြစ်လို့လဲဟင် ဇေလေး"

"ကျွန်တော့်ကို ဘာလို့ချစ်တယ်လို့ တခါမှ မပြောရတာလဲ။ သတိထားမိနေတာကြာပြီ။ မတွဲခင်ကရော တွဲပြီးတဲ့အထိရော အခုချိန်ထိ တခါမှ ကျွန်တော့်ကို ချစ်တယ်ဆိုတာ မပြောဖူးဘူး"

"စကားလုံးတွေက လိုအပ်လို့လား ဇေလေးရယ်"

ပုခုံးကို လာဖက်မည့် ဟန်ပြင်နေသော အောင်စေပိုင့်လက်တွေကို ဖယ်ထုတ်ကာ ရှောင်လိုက်မိသည်။

"လိုတယ် လိုတယ်။ လိုအပ်တယ်။ ရည်းစားတွေမှိုလိုပေါက်အောင် တွဲခဲ့ပြီး တွဲသမျှရည်းစားတိုင်းကို ကျ ချစ်တယ် Love you so much တို့ ပြောခဲ့ပြီးတော့ ကျွန်တော့်ကျ တခွန်းမှ မပြောဘူးဆိုထဲက ကျွန်တော့်ကို သူတို့လောက် မချစ်လို့မဟုတ်လား"

"အဲ့တာက ဘယ်သူပြောတာလဲ ဇေလေးကို"

"Louis ပြောတာ။ မဟုတ်ဘူး ငြင်းမယ် မကြံနဲ့။ သူ့ဆီမှာ ကိုစေ့ရည်းစားပုံတွေရှိသေးတယ် ပြောတယ်"

"ကျစ်....ဒီကောင်ကတော့ကွာ"

စိတ်တိုနေပုံရသော ကောင်လေးကို ဆွဲဖက်မည် လုပ်တော့ ကောင်လေးကအတင်းရုန်းကန်လာကာ အဖက်ပင်မခံပါ။ လက်ကို ဆွဲတော့လဲ မရ အတင်းပြန်ဆွဲယူကာ ဖယ်ချပစ်သည်။

"ကိုယ့်ကို ကြည့်ပါအုံး ဇေလေးရဲ့"

သူ့ကို ကျောခိုင်းကာ အဖက်မလုပ်သော ကောင်လေးဆီမှ ဘာအဖြေမှ ပြန်မရပါ။ ထို့ကြောင့်သူလဲ သက်ပြင်း ခပ်ဖွဖွတစ်ချက်ချကာ ကောင်လေးအနားက ထွက်သွားလိုက်ရတော့သည်။

~~~~~~~~~~~~~~~~~~~

ဇေယျာတိုး စိတ်ဆိုးကာ ဒေါသထွက်နေခိုက် အနောက်မှ သိုင်းဖက်တာ ခံလိုက်သည်။ ထို့ကြောင့် ရုန်းမလိုပြင်လိုက်စဥ် မျက်စိရှေ့ရောက်လာသော ပစ္စည်းလေးတစ်ခု။

အနီရောင် လေစကြာလေး​။
ထိုစ​ကြာကလေးမှာ ဟောင်းနွမ်းနေပြီး အရောင်ပင်လွင့်နေကာ သံအဝိုင်းလေးမှာလဲ သံချေးတို့တက်ကာ စကြာအရွက်လေးများမှာ လည်ပင် မလည်ပတ်နိုင်တော့ပါ။

သို့သော် ဒီစကြာလေးကို သူမြင်ဖူးသလိုလိုရှိတာမို့ နောက်လှည့်ကာမေးရန် ကိုယ်ကိုလှည့်လိုက်သော်လဲ အောင်စေပိုင်က လှည့်ခွင့်မပေးပေ။ သူ့ကို အနောက်ကသိုင်းဖက်ထားကာ ရင်ခွင်ထဲထည့်ထားပြီး ပုခုံးပေါ် ခေါင်းတင်လာသည်။

"ကိုယ်ပုံပြင်ပြောပြမယ် နားထောင်"

ဇေယျာတိုးလဲ ထိုအတိုင်းသာ ငြိမ်နေမိလိုက်သည်။

"ဟိုးအရင်တုန်းက ကောင်လေးတစ်ယောက်ရှိခဲ့တယ်တဲ့။ အဲ့ဒီကောင်လေးဟာ ကျောင်းပိတ်ရက်မှာ နယ်ကအမျိုးတွေဆီ အလည်အပတ် ပြန်ခဲ့တာပေါ့။ ကျောင်းပြန်တက်ရမဲ့အချိန်မှာ ကျောင်းမတက်ချင်တဲ့ကောင်လေးဟာ အိမ်မပြန်ချင်လို့ ဂျီကျသတဲ့။ သူ့အဖေနဲ့ အမေ ပြန်လိုက်ခေါ်မှ အိမ်ပြန်မယ်ဆိုပြီးတော့ပေါ့။ ကောင်လေးကို အရမ်းချစ်တဲ့ အဖေနဲ့အမေက သားလေးကို အိမ်ပြန်ခေါ်ဖို့ နယ်ကို သွားခဲ့ကြတယ်။ အဲ့ဒီအချိန်မှာ လမ်းမှာပဲ ကားအက်စီးဒန့်ကြောင့် ကောင်လေးရဲ့ အဖေရောအမေရောဟာ ဆုံးပါးသွားခဲ့တယ်"

"ကို...ကိုစေ"

"ရှူး...ကိုယ့်ပုံပြင် မပြီးသေးဘူး။ ကောင်လေးဟာ သူ့မိဘတွေ သူ့ကြောင့်သေဆုံးခဲ့ရတယ်ဆိုပြီး အမြဲတမ်း ငိုကြွေးနေခဲ့တယ်။ သူသာမခေါ်မိရင် သူ့မိဘတွေသေဆုံးရမှာ မဟုတ်ဘူးဆိုတဲ့ စိတ်နဲ့ပေါ့။ အဲ့ဒီလိုနဲ့ ငိုကြွေးပြီး နေ့ရက်တွေကို ဖြတ်သန်းနေရင်း တနေ့မှာတော့ ကောင်လေးရဲ့ ဘဝထဲကို အလင်းတန်းလေး တစ်ခုဝင်ရောက်လာခဲ့တယ်။ အနီရောင်တွေကို သိပ်ကြိုက်တတ်တဲ့ ပါးဖောင်းဖောင်းနဲ့ ကလေးလေး တစ်ယောက်ပေါ့။ လူကြီးတွေမသိအောင် ခြံနောက်က သစ်ပင်ကြီး အောက်မှာ အမြဲတမ်းငိုနေတတ်တဲ့ ကောင်လေးကို အဲ့ဒီအနီရောင် ကလေးလေးဟာ ရှာတွေ့သွားခဲ့တယ်။ ကောင်လေး ငိုနေတဲ့အခါ အဲ့ဒီ ကလေးသေးသေးလေးဟာ သူ့လက်သေးသေးလေးတွေနဲ့ ဖက်ထားပေးတတ်ပြီး မုန့်တွေလဲ ကျွေးတတ်သေးတာ။ အဲ့ဒီကလေးလေးက အနီရောင် စကြာလေးကို အရမ်းနှစ်သက်ပြီး အမြဲသွားလေရာ ကိုင်သွားတတ်တယ်"

အောင်စေပိုင်က စကားတို့ကို ခနရပ်ပြီး သဘောကျစွာရယ်မောတယ်။

"အဲ့ဒီဘာမှ နားမလည်တဲ့ ကလေးသေးသေးဟာ သေသွားတဲ့ သူတွေက နတ်ပြည်ရောက်ပြီး နတ်သားနတ်သမီးတွေ ဖြစ်နေတာမို့ မငိုပါနဲ့လို့လဲ နှစ်သိမ့်ပေးသေးတာ။ သေတယ်ဆိုတာ ဘာမှန်း မသိသေးပဲ နတ်ပြည်ဆိုတာ ဘာမှန်းတောင် မသိသေးတဲ့ကလေးလေးကပေါ့။ ဒါပေမယ့် ကောင်လေးက ကလေးလေးစကားတွေကြောင့် အများကြီးစိတ်သက်သာရခဲ့ပြီး အဖြစ်ဆိုးကြီးကို မေ့ပျောက်နိုင်ခဲ့တယ်။ ဒီလိုနဲ့ နေလာရင်း တရက်ကျတော့ အဲ့ဒီကလေးလေးက ငိုယိုရင်း ကောင်လေးဆီ ရောက်လာခဲ့တယ်။ သူ သွားရတော့မှာမို့ ကိုကိိုနဲ့ မခွဲချင်ဘူးတဲ့လေ။ ငိုယိုနေတဲ့ ကလေးလေးကို အသဲယားလွန်းလို့ အိမ်ထဲထည့်ပြီးသာ ဖွက်ထားပစ်ချင်ခဲ့တာ။ ဒါပေမယ့် ကောင်လေးဟာလဲ ကလေးအရွယ်မို့ ဘာမှမတတ်နိုင်ခဲ့ဘူး။
ကလေးလေးက ပြန်ခါနီးမှာ ကိုကို့ကို သူ့ချစ်တဲ့အကြောင်းကို ပြောသွားပြီး သူအရမ်းကြိုက်ရတဲ့ အနီရောင်စကြာလေးကို ပေးသွားခဲ့တယ်။ ချစ်တယ်ဆိုတာ ဘာမှန်းတောင် မသိသေးတဲ့ ကလေးလေးတစ်ယောက်ရဲ့ စကားကို ယုံကြည်ပြီး ကောင်လေးဟာ အခုချိန်ထိ အနီရောင်စကြာလေးကို သိမ်းထားဆဲပဲတဲ့"

"ကိုစေ"

စကားတို့ဆုံးသွားတော့ ဇေယျာတိုး မျက်ရည်တွေကျရင်း အောင်စေပိုင်ဘက်ကို လှည့်ရင်း ဖက်ထားလိုက်မိတယ်။ အောင်စေပိုင်က သူ့မျက်ရည်တွေကို သုတ်ပေးလာရင်း

"ကိုယ် မင်းကို လိုက်ရှာနေခဲ့ရတာ။ ကိုယ်နဲနဲအရွယ်ရောက်လာတော့ မော်လမြိုင်ကို ပြန်သွားပြီး ရှာခဲ့ပေမယ့် ဇေလေးမရှိတော့ဘူး။ ရန်ကုန်ပြောင်းသွားတယ်ဆိုတာပဲ သိခဲ့ရတာ။ အဲ့အချိန်ထဲက အခုချိန်ထိ ကိုယ်မင်းကို လိုက်ရှာနေခဲ့တာ"

"ဟင့် ကိုစေ...."

"နောက်ဆုံး ဘယ်လိုမှရှာမတွေ့နိုင်တော့လို့ ကိုယ် အားမတန်မာန်လျှော့ခဲ့ရတယ်။ ဒါပေမယ့် ကံတရားက ကိုယ်တို့ကိုပြန်လည်ဆုံတွေ့ခွင့်ပေးခဲ့တယ်။ ကိုယ်ဘယ်လောက်ပျော်ခဲ့ရလဲ သိလား။ အဲ့ဒီကလေးလေးဟာ ဇေလေးမှန်း သိတဲ့အချိန်ထဲက ကိုယ်ရူးမတတ်ပျော်ရွှင်ခဲ့ရတာပါ"

"ကိုစေရယ်"

"ချစ်တယ်ဆိုတဲ့စကားက ကိုယ်မင်းအပေါ်မှာ ထားတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့ မလုံလောက်ဘူး ထင်မိလို့ပါ။ ချစ်တယ်ဆိုတာထက် ကိုယ့်ချစ်ခြင်းကို ပိုလေးနက်စွာ ဖော်ပြဖို့ စကားလုံးများ ရှိနိုင်အုံးမလားလို့ ကိုယ်ရှာနေမိတာပါ။ ကိုယ်ဇေလေးကို အရမ်းချစ်တယ်။ တကယ်ကိုချစ်တာပါ။ စကားလုံးတွေနဲ့ ပုံဖော်​ပြသလို့မရတဲ့အထိကို ကိုယ်ချစ်တယ်"

"ဟင့်...အဲ့တာကို ဘာလို့မပြောပြတာလဲ"

"ကိုယ် ဘယ်လိုပြောရမယ်မှန်း မသိလို့ပါ။ ကိုယ်ရည်းစားတွေထားခဲ့ဖူးတာ ဟုတ်ပါတယ်။ ဝန်ခံပါတယ်။ ဒါပေမယ့် သူတို့ကိုတခါမှ ချစ်တယ်လို့ မပြောဖူးတာတော့ ယုံပေးပါ။ အချစ်ဆိုတာ ဇေလေးနဲ့ တွေ့ဆုံပြီးတော့မှ စတင် ပေါက်ဖွားလာခဲ့တာ။ တသက်လုံး ဇေလေးအတွက်ပဲ ကိုယ့်အချစ်က ဖြစ်တည်ခဲ့တာပါ"

အောင်စေပိုင် ဆက်ပြောမည့် စကားတွေကို နားထောင်နိုင်စွမ်းမရှိတော့တာမို့ အောင်စေပိုင် နှုတ်ဖျားတွေကိုသာ ထိကပ်နမ်းရှိုက်မိလိုက်တော့သည်။ ဇေယျာတိုး နှလုံးသားလေးက အောင်စေပိုင်၏ ချစ်ခြင်းဖွင့်ဟဝန်ခံချက်တွေကြောင့် တုန်ရီမောဟိုက်နေလေပြီလေ။

သူဘယ်လောက်တောင် ဝမ်းနည်းခဲ့ရမလဲ။
သူဘယ်လောက်တောင် အထီးကျန်ခဲ့ရမလဲ။
သူဘယ်လောက်တောင် ရှာဖွေခဲ့ရမလဲ။
သူဘယ်လောက်တောင် ........

စကားတွေနဲ့ ဖော်ပြလို့မရနိုင်သည်အထိ ရင်ဘတ်တစ်ခုလုံး တင်းကြပ် ပြည့်နှက်လာခဲ့တော့သည်။စကားလုံးတွေနဲ့ ဖော်ပြလို့ မရနိုင်သည့် အခြေအနေဆိုတာဒါမျိုးကို ခေါ်တာပါလားဟု သူသဘောပေါက် နားလည်ခဲ့ရသည်။

ထိုသို့နားလည်သဘောပေါက်ခြင်းနှင့်အတူ ချစ်ခြင်းမေတ္တာနှင့် စာနာသနားစိတ် တို့ပေါင်းစပ်ကာ ဇေယျာတိုးထံမှ မျက်ရည်တပွင့် ကြွေလွင့်ခဲ့လေသည်။

သို့သော် ထိုမျက်ရည်စက်လေးမှာ အောက်မြေပြင်အထိ ကျဆင်းမသွားခဲ့ပဲ တရှိုက်မက်မက် နမ်းရှိုက်နေတဲ့ ချစ်သူနှစ်ဦးအတွက် ချစ်သက်သေအဖြစ် တည်ရှိခဲ့လေသည်။

Continue Reading

You'll Also Like

34.8K 1.3K 20
ချစ်ခြင်းမေတ္တာတွေဆိုတာလွမ်းနဲ့မှတကယ်အသက်ဝင်လာတာကျွန်တော်တကယ်လွမ်းကိုချစ်မိသွားတာလွမ်း
58.9K 3.4K 35
"I DONT GIVE A FUCK! YOU RUN SHIT LIKE THIS BY ME FIRST! WHAT DID I SAY ABOUT DISOBEYING MY ORDERS?!" Berkeley barked. "YOU STILL ON THAT BULLSHIT A...
2M 112K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
7.9K 298 39
"မောင့်ဆီကို အရောက်ပြန်လာချင်းမှာ ကျုပ်က...ကျုပ်ကလေ မိန်းမတစ်ယောက်မဟုတ်ခဲ့လို့ ကျုပ်ဝမ်းမနည်းဘူးမောင်၊ ဒီခန္ဓာကိုယ်နဲ့ ဒီစိတ် ဒီရှင်သန်မှုတွေနဲ့ မောင...