နှလုံးသားအရင်းအနှီး [Complete]

By MyaMo_95

478K 23.2K 203

အလောင်းအစားတစ်ခုကြောင့် စခဲ့တဲ့ကစားပွဲတစ်ခုမှာ နှလုံးသားတစ်ခု အရင်းပြုလိုက်ရသည့်အခါ...။ (Drama မပါပဲ Romance... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁ဝ
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂ဝ
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
ဇာတ်သိမ်းပိုင်း(End)
✨Character Art✨
✨Cover Art✨

အပိုင်း ၂၆

9.7K 488 2
By MyaMo_95

(Zawgyi)

႐ုတ္ခ်ည္းျဖစ္ပ်က္သြားေသာ အေျခအေနႏွင့္ ၾကားလိုက္ရေသာ စကားတို႔ေၾကာင့္ ေဇယ်ာတိုး ဘယ္လိုတုံ႕ျပန္ရမလဲ မသိပါ။

အဲ့ဒီေကာင္ေလး ေပးလာသည့္ လက္တစ္ဖက္ကို ျပန္ဆြဲ၍ လက္ဆြဲႏႈတ္ဆက္ရမည္လား။ အရင္ရည္းစားေဟာင္းအား ေလဆိပ္လာႀကိဳသည္ကို သူ႕အားေခၚလာသည့္ ေအာင္ေစပိုင္ကို စိတ္တိုရမည္လား မေဝခြဲတတ္ေတာ့။ ဤသို႔ျဖင့္ ေဝခြဲမရစြာ မွင္သက္ေနစဥ္။

"ေဒါက္....Louis ေပါက္ကရေတြ ေျပာေနတာ ရပ္ေတာ့"

ေအာင္ေစပိုင္က ထိုေကာင္ေလးကို ေခါင္းတခ်က္ေခါက္ကာ ေငါက္လိုက္ေလသည္။ ထိုေကာင္ေလးမွာေတာ့ ေအာင္ေစပိုင္ေခါင္းေခါက္လိုက္သည့္ ေနရာကို ပြတ္ရင္း ရႈံ႕မဲ့ေနေလေတာ့သည္။ ထို႔ေနာက္ ေအာင္ေစပိုင္က သူ႕အားၾကည့္ကာ ေလသံေအးေအးႏွင့္ ရွင္းျပလာသည္။

"သူေျပာတာ ေလွ်ာက္ယုံမေနနဲ႕ ေဇေလး။ သူက က်ိဳယ့်ညီတဝမ်းကွဲ"

ေအာင္ေစပိုင္ေျပာတာကို ေငြေရာင္ဆံႏြယ္ေတြႏွင့္ ေကာင္ေလးက မေက်နပ္သလိုမ်က္ေစာင္းထိုးသည္။

"ဟြန့္...ဘာညီတဝမ္းကြဲလဲ။ တို႔ေတြ စကၤါပူမွာ အတူတူ ေပ်ာ္ခဲ့ၾကတဲ့အခ်ိန္ေတြ ေမ့သြားၿပီလား ဒါလင္"

"အဲ့ဒီ ဒါလင္လို႔ ထပ္ေခၚရင္ မင္းကို အခုခ်က္ခ်င္း ေလယာဥ္လက္မွတ္ျဖတ္ၿပီး ျပန္ပို႔မယ္"

"အိုေခ အိုေခ..မစေတာ့ဘူး။ ျပန္ေတာ့မပို႔ပါနဲ႕။ ေက်ာင္းပိတ္တုန္းေလး ခဏလာရတာကို စိတ္ႀကီးပဲ Brotherပိုင္ ကလဲ"

"Just Kidding ေနာ္။ ငါကစတာ။ ငါက ဘရားသားပိုင္ရဲ႕ ညီေလး Joe Louis လို႔ေခၚတယ္။ ေတြ႕ရတာဝမ္းသာပါတယ္ "

ထိုမွအေျခအေနကို အနည္းငယ္ သေဘာေပါက္သြားရေသာ ေဇယ်ာတိုးတစ္ေယာက္ အခုမွသာ သက္ျပင္းခ်နိဳင္ေတာ့သည္။ ေကာင္ေလးကမ္းေပးေသာ လက္ကို ျပန္ဆြဲကာ လက္ဆြဲႏႈတ္ဆက္လိုက္ရင္း ၿပဳံးျပလိုက္မိသည္။

"ညီတဝမ္းကြဲဆိုေတာ့"

"အင္း။ ကိုယ့္ ဦးေလးရဲ႕ သားေလ သူက"

"ေဒၚေဒၚႏြယ္တို႔ ညီအမႏွစ္ေယာက္ထဲ ရွိတာမလား"

"ဟုတ္တယ္။ ဒါက ကိုယ့္အေဖဘက္ကေလ။ အေဖ့ညီက ငယ္ငယ္ထဲက စကၤါပူမွာ အလုပ္လုပ္ရင္း ဟိုမွာပဲ အိမ္ေထာင္က်ၿပီး ေနၾကတာ"

"ေအာ္"

"ကိုယ္ စကၤါပူမွာ မာစတာသြားတက္တုန္းကလဲ ဦးေလးအိမ္မွာပဲ ေနခဲ့တာေလ။ အဲ့တာေၾကာင့္ သူ႕ကို ကိုယ္ပဲထိန္းခဲ့ရသလိုျဖစ္ေနေတာ့ ညီေလးလိုျဖစ္ေနတာ"

"ဟုတ္ကဲ့"

"အခုေက်ာင္းပိတ္လို႔ ျမန္မာနိုင္ငံ ခနအလည္လာတာ။ ေဇေလးနဲ႕ ဆို႐ြယ္တူပဲ"

"ဟုတ္ကဲ့"

ထိုအခါ Louis က သူ႕ပုခုံးကို ပုခုံးခ်င္းတိုက္ကာ ေမးလာသည္။

"ဘာလဲ ဘရားသားပိုင္ရဲ႕ ရည္းစားေဟာင္းဆိုေတာ့ သဝန္တိုသြားတာလား ဟားဟား"

ေဇယ်ာတိုးလဲ ျဖတ္ခနဲ ေအာင္ေစပိုင္ဆီအၾကည့္ေရာက္သြားေတာ့ ေအာင္ေစပိုင္ကပါ ၿပဳံးတုံ႕တုံ႕လုပ္ေန၍ ရွက္သြားရသည္။

"မဟုတ္ပါဘူး"

"ဒါက ရွက္သြားတာလား။ ခ်စ္စရာေလး။ ဘရားသားပိုင္က အေ႐ြးေတာ္သားပဲ "

သူ႕ပါးကို ဆြဲကာဖ်စ္ညစ္ရင္း ေျပာေနသည့္ Louis လက္ေတြကို ေအာင္ေစပိုင္က ရိုက္ခ်လိဳက္သည္။

"ေပါက္ကရေတြ ေတာ္ေတာ့။ အိမ္ျပန္မယ္ "

ထို႔ေနာက္ ေအာင္ေစပိုင္က နီရဲသြားေသာ သူ႕ပါးေတြကို ျငင္သာစြာ ပြတ္သပ္လာသည္။

"နာသြားေသးလား။ အဲ့ဒီေကာင္က အဲ့လိုပဲ။ နိုင္ငံျခားမွာ ေနခဲ့ေတာ့ လက္ရဲဇက္ရဲနဲ႕။ Sorry ေနာ္ ေဇေလး"

"ဟုတ္ ရပါတယ္ ကိုေစ"

"မင္း လက္ကို သတိထား Louis"

Louis ကေတာ့ အပိုလုပ္ရန္ေကာ အၾကည့္ႏွင့္သာ သူတို႔ကိုၾကည့္ၿပီး ပုခုံးတြန့္ျပသည္။ အိမ္ျပန္လာရင္းနဲ႕မွသာ ကားေပၚ စကားေျပာရင္း Louis ဆိုသည့္ေကာင္ေလးအေၾကာင္းပိုသိလာရသည္။

ခင္မင္တတ္ၿပီး ေဖာ္ေ႐ြတတ္သည့္အျပင္ သူႏွင့္လဲ သက္တူ႐ြယ္တူျဖစ္တာမို႔ အခ်ိန္ပင္ သိပ္မယူလိုက္ရ သူႏွင့္ Louis တို႔မွာ သူငယ္ခ်င္းမ်ား ျဖစ္သြားၾကေလေတာ့သည္။ ႐ြယ္တူမ်ားျဖစ္သျဖင့္ Game မ်ားအေၾကာင္း ႐ုပ္ရွင္မ်ားအေၾကာင္း ေရာက္တတ္ရာရာေျပာရင္း အိမ္သို႔ပင္ ျပန္ေရာက္ခဲ့ေတာ့သည္။

~~~~~~~~~~~~~~~~~~

ဒီေန႕ ေဇယ်ာတိုး တစ္ေယာက္ အိမ္မွာေနရင္း ရင္တုန္ေနမိသည္။

အဘယ္ေၾကာင့္ဆိုေသာ္ ဒီေန႕ ကိုေစႏွင့္သူ ရည္းစားျဖစ္ေနေၾကာင္းကို အေမ့ကိုဖြင့္ေျပာရန္ ဆုံးျဖတ္ထားျခင္းေၾကာင့္ပင္။ မေျပာပဲ ေနလွ်င္ ရေသာ္ျငားလဲ အေဖ မရွိေတာ့ထဲက အေမတစ္ခုသားတစ္ခု ေနလာခဲ့ၾကေသာ သူတို႔သားအမိ အဖို႔ ဒီလိုဖုံးကြယ္ထားကာ မေနခ်င္။

အထူးသျဖင့္ သူက လိင္တူႀကိဳက္ႏွစ္သက္ၿပီး မ်ိဳးတူ ေယာက်္ားတစ္ေယာက္ႏွင့္ တြဲေနတာမွန္း တျခားသူထက္ အေမ့ကိုအရင္ေျပာျပခ်င္မိသည္။ သို႔ေပသိ အေမ သေဘာမတူမွာလဲ စိုးေၾကာက္မိသည္။ သူ ကိုေစကို တကယ္ခ်စ္တာမို႔ အေမသေဘာမတူရင္ ဘာလုပ္ရမလဲလို႔ ေတြးကာ ထိတ္လန့္ တုန္လႈပ္ေနမိသည္။

အေမသေဘာမတူရင္ ဘယ္လိုလုပ္မလဲလို႔ ေအာင္ေစပိုင့္ကို ေမးေတာ့ ဘဲႀကီးက ဘာမွမေျပာ ၿပဳံး႐ုံသာ ၿပဳံးသည္။

"အရမ္းလဲ စိတ္မပူပါနဲ႕။ေဇေလး အဆင္ေျပတဲ့အခ်ိန္မွ ေျပာပါ"

ဒါေလးတခြန္းပဲ ေျပာကာ ေခါင္းကိုပုတ္သည္။
အင္းေပါ့။ ဒီကသူ႕လို အစထဲက အိမ္ကိုဖြင့္ေျပာထားတဲ့ ႏွစ္ခ်ိဳ႕ေဂးမွ မဟုတ္တာ။ သူနဲ႕စေတြ႕မွ ေဂးၿပီး အခုမွ ပထမဆုံးဖြင့္ေျပာမွာေလ။ ေၾကာက္တာေပါ့။ မပူလို႔ရမလား သူ႕လိုဘယ္ေအးေဆးေနနိုင္မလဲ ဟြန့္။

အေမ့ကို တခ်က္ေခ်ာင္းၾကည့္ေတာ့ ဧည့္ခန္းထဲမွာ တီဗီၾကည့္ေနသည္။ တုန္တုန္ယင္ယင္ျဖစ္ေနေသာ ေျခေထာက္ေတြကို အသာထိန္းရင္း မဝံမရဲ ႏွင့္ အေမ့ေရွ႕သြားထိုင္မိသည္။ ဖြင့္ေျပာမလို႔ ဆိုေပမယ့္ ဘယ္ကေနဘယ္လိုစေျပာရမွန္းမသိေပ။ အေမက သူ႕ကိုတခ်က္ၾကည့္ၿပီး တီဗြီကိုအသံေလွ်ာ့လိုက္သည္။

"ေျပာစရာရွိလို႔လား သား"

"ဟုတ္ ေမ"

"ေျပာေလ သားေလး ဘာေျပာခ်င္လို႔လဲ"

ထိုသို႔ေျပာလိုက္မွ ရင္ေတြပိုတုန္လာသလိုပင္။ အာေခါင္ေတြလဲ ေျခာက္ကာ ေျခဖ်ားလက္ဖ်ားေတြပင္ေအးစက္လာရသည္။

"ဟို....ဟိုေလ။ သား အကိုေစပိုင္နဲ႕...ခ်စ္...ခ်စ္သူေတြ ျဖစ္ေနၾကပါၿပီ"

ေျပာလဲ ေျပာအၿပီး မ်က္စိကို စုံမွိတ္ကာ ေခါင္းကို ငုံ႕ခ်လိဳက္မိသည္။စိတ္ထဲ အေမဆူသမွ် ဆဲသမွ် ခံၿပီး သူနဲ႕ ကိုေစကို သေဘာတူေပးပါရန္ ေတာင္းပန္မည္ဟု ေတြးထားလိုက္သည္။ သို႔ေသာ္ အခ်ိန္အတန္ၾကာသည္အထိ အေမ့ဆီမွ ဘာသံမွထြက္မလာ၍ ေမာ့ၾကည့္လိုက္မိသည္။

အေမက သူေမာ့ၾကည့္တာကို ျမင္ေတာ့ ျငင္သာစြာၿပဳံးျပ သည္။ နားမလည္စြာ အေမ့ကို ၾကည့္ေနလိုက္ေတာ့ အေမက စကားတခြန္းေမးလာသည္။

"အေမ့ သားေလး ေပ်ာ္လား"

"ဗ်ာ"

႐ုတ္တရက္ မထင္မွတ္ထားသည့္ ေမးခြန္းမို႔ မွင္သက္စြာ ျဖင့္ အေမ့ကိုၾကည့္ေနမိဆဲ။

"ေမ သိေနတာလားဟင္"

"အေမ့သားေလးေတာင္ အ႐ြယ္ေရာက္လာၿပီပဲ။ အေမ့မွာ ဒီသားေလး တစ္ေယာက္ပဲ ရွိတာေလ။ သားေလး ေဖေဖ မရွိေတာ့ထဲ သားကို အေမ အရိပ္တၾကည့္ၾကည့္နဲ႕ ျပဳစုေစာင့္ေရွာက္ခဲ့ရတာ အေမ့သားေလး ေျပာင္းလဲ ေနတာကို အေမက မသိစရာလား"

ေဇယ်ာတိုး မ်က္ရည္မ်ား စီးက်လာရင္း အေမ့ကို ေျပးဖက္ထားလိုက္မိသည္။

"ေမ့ကို သားအရမ္းခ်စ္တယ္ သိလား"

"ငခြၽဲေလး ရည္းစားက် ထားၿပီး အခုထိအေမ့ကို ခြၽဲေနတုန္း မရွက္ဘူးလား"

"ရွက္ဖူး ကိုယ့္ေမကို ခြၽဲတာ ဘယ္သူ႕ရွက္ရမွာလဲ"

"ၾကည့္ပါအုံး မ်က္ရည္ေတြေရာ ႏွပ္ေခ်းေတြေရာ ဒီညစ္ပတ္ေလးကို သားေစပိုင္ေတြ႕သြားရင္ ဘယ္လိုလုပ္မလဲ"

"ေတြ႕ေတြ႕ဗ်ာ။ သားကေတာ့ ေမ့ကိုခြၽဲမွာပဲ"

ေျပာရင္း အေမ့ရင္ခြင္ထဲေခါင္းေခြ႕လိုက္ေတာ့ အေမက ရယ္သည္ေလ။

"ဒါဆို သားတို႔ကို သေဘာတူတယ္ေပါ့ေနာ္ ေမ"

"အင္း။ အေမ့သားေလး ေပ်ာ္တယ္မလား"

"ဟုတ္ ေပ်ာ္တယ္ ေမ"

"ဒါဆို ရပါၿပီ။ ဒီေလာကႀကီးမွာ အေမ့သားေလး ေပ်ာ္႐ႊင္ရဖို႔က အေရးႀကီးဆုံးပဲ"

"အင့္....ဟင့္ ေမ့ကို မ်ားႀကီးခ်စ္တယ္ေနာ္။ သားနဲ႕ ကိုေစကို ခြင့္ျပဳေပးၿပီး သေဘာတူေပးတာ။ သားေနာက္ဆို အမ်ားႀကီး လိမၼာပါ့မယ္ေနာ္ ေမ့"

"အမေလး မလိမၼာရင္ေနပါ မဆိုးရင္ေတာ္ပါၿပီ။ သားေစပိုင္အေပၚလဲ အရမ္းမဆိုးနဲ႕ေနာ္ ၾကားလား။ ေစပိုင္ေလးက သားကို အရမ္းခ်စ္ရွာတာသားရဲ႕"

"အြန္... ေမက ဘယ္လိုသိလဲ"

အေမက သူ႕ မ်က္ႏွာေပၚက မ်က္ရည္ေတြကို သုတ္ေပးကာ ေျပာသည္။

"ေစပိုင္ေလးက သားကို အေမ့ဆီမွာလာေတာင္းသြားတာေလ။ သားကို တသက္လုံးေစာင့္ေရွာက္ေပးခ်င္ပါတယ္တဲ့"

"အမ္....ဘယ္တုန္းကလဲ ေမရဲ႕။ သားလဲမသိပါလား"

"နဲနဲေတာင္ၾကာၿပီ။ အဲ့တုန္းက သားေလးဖ်ားေနလို႔ မမႏြယ္နဲ႕ သားေစပိုင္ အိမ္လာသြားတယ္ေလ။ အဲ့ေန႕ၿပီး ေနာက္ေန႕ပဲ ေစပိုင္ေလးက အိမ္ကိုလာသြားတာ"

"သားေတာင္ မသိလိုက္ပါလား"

"သားကေက်ာင္းသြားေနတာကိုး ဘယ္သိမလဲ"

"အဲ့လိုလာေတာင္းတာနဲ႕ ေမက သားကိုခ်က္ခ်င္း ထည့္ေပးလိုက္တာပဲလား ကိုယ့္သားေလးကို ဟြန့္"

"ဒီေကာင္ကေလးကေတာ့ အေမကို"

နား႐ြက္ကို သာသာလိမ္ဆြဲကာ ေျပာသည္မို႔ နာသြားေသာနား႐ြက္ကို အုပ္ကိုင္ထားလိုက္မိသည္။

"အစကေတာ့ အေမလဲ အံ့ၾသ သြားတာေပါ့။ အေမ့ကိုလာေနာက္ေနတယ္ပဲ ထင္တာ။ သားေစပိုင္ေလးက ေမ့သားငယ္ေလးကို တသက္လုံး ေဘးနားကေန ကာကြယ္ေစာင့္ေရွာက္ သြားခ်င္ပါတယ္တဲ့။ အန္တီခ်စ္တာေလာက္ မပိုနိုင္ေပမယ့္ အန္တီအခ်စ္ထက္ မေလ်ာ့တဲ့ ခ်စ္ျခင္းေမတၱာေတြနဲ႕ အေဖလို အကိုလို ခ်စ္သူလို သား ေဘးကေန ေစာင့္ေရွာက္ေပးသြားခ်င္ပါတယ္တဲ့"

"အဲ့ဒါနဲ႕..."

"အဲ့တုန္းကလဲ အေမက သားသေဘာကို ေသခ်ာ မသိေသးဘူးေလ။ သားေလးက ငယ္ေသးတာရယ္ သားေစပိုင္ေလးလို စိတ္သေဘာထား မ်ိဳး ရွိမရွိ ဆိုလဲ မေသခ်ာေသးဘူးလို႔ ေျပာလိုက္ေတာ့ ေစပိုင္ေလးက ရပါတယ္တဲ့။ ကြၽန္ေတာ္ခ်စ္ျခင္းေမတၱာက ရယူပိုင္ဆိုင္ခြင့္မရွိလဲ ရပါတယ္တဲ့။ သားေလးမွာသာ သူနဲ႕ထပ္တူ စိတ္သေဘာထားမ်ိဳး မရွိခဲ့ရင္ သူရယူပိုင္ဆိုင္ဖို႔ မႀကိဳးစားပါဘူးတဲ့။ ဒီအတိုင္းေလး သူ႕ေဘးကေန အကိုတစ္ေယာက္လို ကာကြယ္ေစာင့္ေရွာက္ေပးပါ့မယ္တဲ့"

ေအာင္ေစပိုင္၏ စိတ္သေဘာထားမ်ားကို ျပန္ၾကားသိရေတာ့ ေဇယ်ာတိုးရင္ထဲ အေပ်ာ္ လွိုင္းကေလးတစ္ခု ျဖတ္ေျပးသြားရသည္။

ကိုေစက သူ႕ကို အရင္ခ်စ္ျမတ္နိုးၿပီး အေမ့ဆီမွာ ခြင့္ျပဳခ်က္ေတာင္းခဲ့တာတဲ့လား။ သည့္အျပင္ သူဖြင့္မေျပာခင္ အခ်ိန္ထဲက သူ႕ကို အေမ့ဆီကေန ေတာင္းယူခဲ့တာ။ ရင္ေတြ တသိမ္သိမ့္လိုက္ခုန္ကာ ေပ်ာ္႐ႊင္မႈေတြက ယိုဖိမ့္က်ကာ ေသြးေၾကာထဲသို႔ စီးဝင္လာခဲ့ေတာ့သည္။

▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶

(Unicode)

ရုတ်ချည်းဖြစ်ပျက်သွားသော အခြေအနေနှင့် ကြားလိုက်ရသော စကားတို့ကြောင့် ဇေယျာတိုး ဘယ်လိုတုံ့ပြန်ရမလဲ မသိပါ။

အဲ့ဒီကောင်လေး ပေးလာသည့် လက်တစ်ဖက်ကို ပြန်ဆွဲ၍ လက်ဆွဲနှုတ်ဆက်ရမည်လား။ အရင်ရည်းစားဟောင်းအား လေဆိပ်လာကြိုသည်ကို သူ့အားခေါ်လာသည့် အောင်စေပိုင်ကို စိတ်တိုရမည်လား မဝေခွဲတတ်တော့။ ဤသို့​ဖြင့် ဝေခွဲမရစွာ မှင်သက်နေစဥ်။

"ဒေါက်....Louis ပေါက်ကရတွေ ပြောနေတာ ရပ်တော့"

အောင်စေပိုင်က ထိုကောင်လေးကို ခေါင်းတချက်ခေါက်ကာ ငေါက်လိုက်လေသည်။ ထိုကောင်လေးမှာတော့ အောင်စေပိုင်ခေါင်းခေါက်လိုက်သည့် နေရာကို ပွတ်ရင်း ရှုံ့မဲ့နေလေတော့သည်။ ထို့နောက် အောင်စေပိုင်က သူ့အားကြည့်ကာ လေသံအေးအေးနှင့် ရှင်းပြလာသည်။

"သူပြောတာ လျှောက်ယုံမနေနဲ့ ဇေလေး။ သူက က်ိုယ့်ညီတဝမ်းကွဲ"

အောင်စေပိုင်ပြောတာကို ငွေရောင်ဆံနွယ်တွေနှင့် ကောင်လေးက မကျေနပ်သလိုမျက်စောင်းထိုးသည်။

"ဟွန့်...ဘာညီတဝမ်းကွဲလဲ။ တို့တွေ စင်္ကါပူမှာ အတူတူ ပျော်ခဲ့ကြတဲ့အချိန်တွေ မေ့သွားပြီလား ဒါလင်"

"အဲ့ဒီ ဒါလင်လို့ ထပ်ခေါ်ရင် မင်းကို အခုချက်ချင်း လေယာဥ်လက်မှတ်ဖြတ်ပြီး ပြန်ပို့မယ်"

"အိုခေ အိုခေ..မစတော့ဘူး။ ပြန်တော့မပို့ပါနဲ့။ ကျောင်းပိတ်တုန်းလေး ခဏလာရတာကို စိတ်ကြီးပဲ Brotherပိုင် ကလဲ"

"Just Kidding နော်။ ငါကစတာ။ ငါက ဘရားသားပိုင်ရဲ့ ညီလေး Joe Louis လို့ခေါ်တယ်။ တွေ့ရတာဝမ်းသာပါတယ် "

ထိုမှအခြေအနေကို အနည်းငယ် သဘောပေါက်သွားရသော ဇေယျာတိုးတစ်ယောက် အခုမှသာ သက်ပြင်းချနိုင်တော့သည်။ ကောင်လေးကမ်းပေးသော လက်ကို ပြန်ဆွဲကာ လက်ဆွဲနှုတ်ဆက်လိုက်ရင်း ပြုံးပြလိုက်မိသည်။

"ညီတဝမ်းကွဲဆိုတော့"

"အင်း။ ကိုယ့် ဦးလေးရဲ့ သားလေ သူက"

"ဒေါ်ဒေါ်နွယ်တို့ ညီအမနှစ်ယောက်ထဲ ရှိတာမလား"

"ဟုတ်တယ်။ ဒါက ကိုယ့်အဖေဘက်ကလေ။ အဖေ့ညီက ငယ်ငယ်ထဲက စင်္ကါပူမှာ အလုပ်လုပ်ရင်း ဟိုမှာပဲ အိမ်ထောင်ကျပြီး နေကြတာ"

"အော်"

"ကိုယ် စင်္ကါပူမှာ မာစတာသွားတက်တုန်းကလဲ ဦးလေးအိမ်မှာပဲ နေခဲ့တာလေ။ အဲ့တာကြောင့် သူ့ကို ကိုယ်ပဲထိန်းခဲ့ရသလိုဖြစ်နေတော့ ညီလေးလိုဖြစ်နေတာ"

"ဟုတ်ကဲ့"

"အခုကျောင်းပိတ်လို့ မြန်မာနိုင်ငံ ခနအလည်လာတာ။ ဇေလေးနဲ့ ဆိုရွယ်တူပဲ"

"ဟုတ်ကဲ့"

ထိုအခါ Louis က သူ့ပုခုံးကို ပုခုံးချင်းတိုက်ကာ မေးလာသည်။

"ဘာလဲ ဘရားသားပိုင်ရဲ့ ရည်းစားဟောင်းဆိုတော့ သဝန်တိုသွားတာလား ဟားဟား"

ဇေယျာတိုးလဲ ဖြတ်ခနဲ အောင်စေပိုင်ဆီအကြည့်ရောက်သွားတော့ အောင်စေပိုင်ကပါ ပြုံးတုံ့တုံ့လုပ်နေ၍ ရှက်သွားရသည်။

"မဟုတ်ပါဘူး"

"ဒါက ရှက်သွားတာလား။ ချစ်စရာလေး။ ဘရားသားပိုင်က အရွေးတော်သားပဲ "

သူ့ပါးကို ဆွဲကာဖျစ်ညစ်ရင်း ပြောနေသည့် Louis လက်တွေကို အောင်စေပိုင်က ရိုက်ချလိုက်သည်။

"ပေါက်ကရတွေ တော်တော့။ အိမ်ပြန်မယ် "

ထို့နောက် အောင်စေပိုင်က နီရဲသွားသော သူ့ပါးတွေကို ငြင်သာစွာ ပွတ်သပ်လာသည်။

"နာသွားသေးလား။ အဲ့ဒီကောင်က  အဲ့လိုပဲ။ နိုင်ငံခြားမှာ နေခဲ့တော့ လက်ရဲဇက်ရဲနဲ့။ Sorry နော် ဇေလေး"

"ဟုတ် ရပါတယ် ကိုစေ"

"မင်း လက်ကို သတိထား Louis"

Louis ကတော့ အပိုလုပ်ရန်ကော အကြည့်နှင့်သာ သူတို့ကိုကြည့်ပြီး ပုခုံးတွန့်ပြသည်။ အိမ်ပြန်လာရင်းနဲ့မှသာ ကားပေါ် စကားပြောရင်း Louis ဆိုသည့်ကောင်လေးအကြောင်းပိုသိလာရသည်။

ခင်မင်တတ်ပြီး ဖော်ရွေတတ်သည့်အပြင် သူနှင့်လဲ သက်တူရွယ်တူဖြစ်တာမို့ အချိန်ပင် သိပ်မယူလိုက်ရ သူနှင့် Louis တို့မှာ သူငယ်ချင်းများ ဖြစ်သွားကြလေတော့သည်။ ရွယ်တူများဖြစ်သဖြင့် Game များအကြောင်း ရုပ်ရှင်များအကြောင်း ရောက်တတ်ရာရာပြောရင်း အိမ်သို့ပင် ပြန်ရောက်ခဲ့တော့သည်။

~~~~~~~~~~~~~~~~~~

ဒီနေ့ ဇေယျာတိုး တစ်ယောက် အိမ်မှာနေရင်း ရင်တုန်နေမိသည်။

အဘယ်ကြောင့်ဆိုသော် ဒီနေ့ ကိုစေနှင့်သူ ရည်းစားဖြစ်နေကြောင်းကို အမေ့ကိုဖွင့်ပြောရန် ဆုံးဖြတ်ထားခြင်းကြောင့်ပင်။ မပြောပဲ နေလျှင် ရသော်ငြားလဲ အဖေ မရှိတော့ထဲက အမေတစ်ခုသားတစ်ခု နေလာခဲ့ကြသော သူတို့သားအမိ အဖို့ ဒီလိုဖုံးကွယ်ထားကာ မနေချင်။

အထူးသဖြင့် သူက လိင်တူကြိုက်နှစ်သက်ပြီး မျိုးတူ ယောကျ်ားတစ်ယောက်နှင့် တွဲနေတာမှန်း တခြားသူထက် အမေ့ကိုအရင်ပြောပြချင်မိသည်။ သို့ပေသိ အမေ သဘောမတူမှာလဲ စိုးကြောက်မိသည်။ သူ ကိုစေကို တကယ်ချစ်တာမို့ အမေသဘောမတူရင် ဘာလုပ်ရမလဲလို့ တွေးကာ ထိတ်လန့် တုန်လှုပ်နေမိသည်။

အမေသဘောမတူရင် ဘယ်လိုလုပ်မလဲလို့ အောင်စေပိုင့်ကို မေးတော့ ဘဲကြီးက ဘာမှမပြော ပြုံးရုံသာ ပြုံးသည်။

"အရမ်းလဲ စိတ်မပူပါနဲ့။ဇေလေး အဆင်ပြေတဲ့အချိန်မှ ပြောပါ"

ဒါလေးတခွန်းပဲ ပြောကာ ခေါင်းကိုပုတ်သည်။
အင်းပေါ့။ ဒီကသူ့လို အစထဲက အိမ်ကိုဖွင့်ပြောထားတဲ့ နှစ်ချို့ဂေးမှ မဟုတ်တာ။ သူနဲ့စတွေ့မှ ဂေးပြီး အခုမှ ပထမဆုံးဖွင့်ပြောမှာလေ။ ကြောက်တာပေါ့။ မပူလို့ရမလား သူ့လိုဘယ်အေးဆေးနေနိုင်မလဲ ဟွန့်။

အမေ့ကို တချက်ချောင်းကြည့်တော့ ဧည့်ခန်းထဲမှာ တီဗီကြည့်နေသည်။ တုန်တုန်ယင်ယင်ဖြစ်နေသော ခြေထောက်တွေကို အသာထိန်းရင်း မဝံမရဲ နှင့် အမေ့ရှေ့သွားထိုင်မိသည်။ ဖွင့်ပြောမလို့ ဆိုပေမယ့် ဘယ်ကနေဘယ်လိုစပြောရမှန်းမသိပေ။ အမေက သူ့ကိုတချက်ကြည့်ပြီး တီဗွီကိုအသံလျှော့လိုက်သည်။

"ပြောစရာရှိလို့လား သား"

"ဟုတ် မေ"

"ပြောလေ သားလေး ဘာပြောချင်လို့လဲ"

ထိုသို့ပြောလိုက်မှ ရင်တွေပိုတုန်လာသလိုပင်။ အာခေါင်တွေလဲ ခြောက်ကာ ခြေဖျားလက်ဖျားတွေပင်အေးစက်လာရသည်။

"ဟို....ဟိုလေ။ သား အကိုစေပိုင်နဲ့...ချစ်...ချစ်သူတွေ ဖြစ်နေကြပါပြီ"

ပြောလဲ ပြောအပြီး မျက်စိကို စုံမှိတ်ကာ ခေါင်းကို ငုံ့ချလိုက်မိသည်။စိတ်ထဲ အမေဆူသမျှ ဆဲသမျှ ခံပြီး သူနဲ့ ကိုစေကို သဘောတူပေးပါရန် တောင်းပန်မည်ဟု တွေးထားလိုက်သည်။ သို့သော် အချိန်အတန်ကြာသည်အထိ အမေ့ဆီမှ ဘာသံမှထွက်မလာ၍ မော့ကြည့်လိုက်မိသည်။

အမေက သူမော့ကြည့်တာကို မြင်တော့ ငြင်သာစွာပြုံးပြ သည်။ နားမလည်စွာ အမေ့ကို ကြည့်နေလိုက်တော့ အမေက စကားတခွန်းမေးလာသည်။

"အမေ့ သားလေး ပျော်လား"

"ဗျာ"

ရုတ်တရက် မထင်မှတ်ထားသည့် မေးခွန်းမို့ မှင်သက်စွာ ဖြင့် အမေ့ကိုကြည့်နေမိဆဲ။

"မေ သိနေတာလားဟင်"

"အမေ့သားလေးတောင် အရွယ်ရောက်လာပြီပဲ။ အမေ့မှာ ဒီသားလေး တစ်ယောက်ပဲ ရှိတာလေ။ သားလေး ဖေဖေ မရှိတော့ထဲ သားကို အမေ အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်ခဲ့ရတာ အမေ့သားလေး ပြောင်းလဲ နေတာကို အမေက မသိစရာလား"

ဇေယျာတိုး မျက်ရည်များ စီးကျလာရင်း အမေ့ကို ပြေးဖက်ထားလိုက်မိသည်။

"မေ့ကို သားအရမ်းချစ်တယ် သိလား"

"ငချွဲလေး ရည်းစားကျ ထားပြီး အခုထိအမေ့ကို ချွဲနေတုန်း မရှက်ဘူးလား"

"ရှက်ဖူး ကိုယ့်မေကို ချွဲတာ ဘယ်သူ့ရှက်ရမှာလဲ"

"ကြည့်ပါအုံး မျက်ရည်တွေရော နှပ်ချေးတွေရော ဒီညစ်ပတ်လေးကို သားစေပိုင်တွေ့သွားရင် ဘယ်လိုလုပ်မလဲ"

"တွေ့တွေ့ဗျာ။ သားကတော့ မေ့ကိုချွဲမှာပဲ"

ပြောရင်း အမေ့ရင်ခွင်ထဲခေါင်းခွေ့လိုက်တော့ အမေက ရယ်သည်လေ။

"ဒါဆို သားတို့ကို သဘောတူတယ်ပေါ့နော် မေ"

"အင်း။ အမေ့သားလေး ပျော်တယ်မလား"

"ဟုတ် ပျော်တယ် မေ"

"ဒါဆို ရပါပြီ။ ဒီလောကကြီးမှာ အမေ့သားလေး ပျော်ရွှင်ရဖို့က အရေးကြီးဆုံးပဲ"

"အင့်....ဟင့် မေ့ကို များကြီးချစ်တယ်နော်။ သားနဲ့ ကိုစေကို ခွင့်ပြုပေးပြီး သဘောတူပေးတာ။ သားနောက်ဆို အများကြီး လိမ္မာပါ့မယ်နော် မေ့"

"အမလေး မလိမ္မာရင်နေပါ မဆိုးရင်တော်ပါပြီ။ သားစေပိုင်အပေါ်လဲ အရမ်းမဆိုးနဲ့နော် ကြားလား။  စေပိုင်လေးက သားကို အရမ်းချစ်ရှာတာသားရဲ့"

"အွန်... မေက ဘယ်လိုသိလဲ"

အမေက သူ့ မျက်နှာပေါ်က မျက်ရည်တွေကို သုတ်ပေးကာ ပြောသည်။

"စေပိုင်လေးက သားကို အမေ့ဆီမှာလာတောင်းသွားတာလေ။ သားကို တသက်လုံးစောင့်ရှောက်ပေးချင်ပါတယ်တဲ့"

"အမ်....ဘယ်တုန်းကလဲ မေရဲ့။ သားလဲမသိပါလား"

"နဲနဲတောင်ကြာပြီ။ အဲ့တုန်းက သားလေးဖျားနေလို့ မမနွယ်နဲ့ သားစေပိုင် အိမ်လာသွားတယ်လေ။ အဲ့နေ့ပြီး နောက်နေ့ပဲ စေပိုင်လေးက အိမ်ကိုလာသွားတာ"

"သားတောင် မသိလိုက်ပါလား"

"သားကကျောင်းသွားနေတာကိုး ဘယ်သိမလဲ"

"အဲ့လိုလာတောင်းတာနဲ့ မေက သားကိုချက်ချင်း ထည့်ပေးလိုက်တာပဲလား ကိုယ့်သားလေးကို ဟွန့်"

"ဒီကောင်ကလေးကတော့ အမေကို"

နားရွက်ကို သာသာလိမ်ဆွဲကာ ပြောသည်မို့ နာသွားသောနားရွက်ကို အုပ်ကိုင်ထားလိုက်မိသည်။

"အစကတော့ အမေလဲ အံ့သြ သွားတာပေါ့။ အမေ့ကိုလာနောက်နေတယ်ပဲ ထင်တာ။ သားစေပိုင်လေးက မေ့သားငယ်လေးကို တသက်လုံး ဘေးနားကနေ ကာကွယ်စောင့်ရှောက် သွားချင်ပါတယ်တဲ့။ အန်တီချစ်တာလောက် မပိုနိုင်ပေမယ့် အန်တီအချစ်ထက် မလျော့တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အဖေလို အကိုလို ချစ်သူလို သား ဘေးကနေ စောင့်ရှောက်ပေးသွားချင်ပါတယ်တဲ့"

"အဲ့ဒါနဲ့..."

"အဲ့တုန်းကလဲ အမေက သားသဘောကို သေချာ မသိသေးဘူးလေ။ သားလေးက ငယ်သေးတာရယ် သားစေပိုင်လေးလို စိတ်သဘောထား မျိုး ရှိမရှိ ဆိုလဲ မသေချာသေးဘူးလို့ ပြောလိုက်တော့ စေပိုင်လေးက ရပါတယ်တဲ့။ ကျွန်တော်ချစ်ခြင်းမေတ္တာက ရယူပိုင်ဆိုင်ခွင့်မရှိလဲ ရပါတယ်တဲ့။ သားလေးမှာသာ သူနဲ့ထပ်တူ စိတ်သဘောထားမျိုး မရှိခဲ့ရင် သူရယူပိုင်ဆိုင်ဖို့ မကြိုးစားပါဘူးတဲ့။ ဒီအတိုင်းလေး သူ့ဘေးကနေ အကိုတစ်ယောက်လို ကာကွယ်စောင့်ရှောက်ပေးပါ့မယ်တဲ့"

အောင်စေပိုင်၏ စိတ်သဘောထားများကို ပြန်ကြားသိရတော့ ဇေယျာတိုးရင်ထဲ အပျော် လှိုင်းကလေးတစ်ခု ဖြတ်ပြေးသွားရသည်။

ကိုစေက သူ့ကို အရင်ချစ်မြတ်နိုးပြီး အမေ့ဆီမှာ ခွင့်ပြုချက်တောင်းခဲ့တာတဲ့လား။ သည့်အပြင် သူဖွင့်မပြောခင် အချိန်ထဲက သူ့ကို အမေ့ဆီကနေ တောင်းယူခဲ့တာ။ ရင်တွေ တသိမ်သိမ့်လိုက်ခုန်ကာ ပျော်ရွှင်မှုတွေက ယိုဖိမ့်ကျကာ သွေးကြောထဲသို့ စီးဝင်လာခဲ့တော့သည်။

Continue Reading

You'll Also Like

41.3K 2.9K 53
*Book 3 of the Destined Series* Without her sister, her mate, and her friends, Ryleigh has nowhere to turn to but home. Whether she wants to join her...
59K 3.4K 35
"I DONT GIVE A FUCK! YOU RUN SHIT LIKE THIS BY ME FIRST! WHAT DID I SAY ABOUT DISOBEYING MY ORDERS?!" Berkeley barked. "YOU STILL ON THAT BULLSHIT A...
5.1M 166K 43
"They were like three half-naked supermodels with bedhair and matching movie star grins. What did I get myself into...?." Serena Jones an eighteen ye...
8K 311 39
"မောင့်ဆီကို အရောက်ပြန်လာချင်းမှာ ကျုပ်က...ကျုပ်ကလေ မိန်းမတစ်ယောက်မဟုတ်ခဲ့လို့ ကျုပ်ဝမ်းမနည်းဘူးမောင်၊ ဒီခန္ဓာကိုယ်နဲ့ ဒီစိတ် ဒီရှင်သန်မှုတွေနဲ့ မောင...