(Zawgyi)
အိပ္ရာနိုးလာေတာ့ ေဇယ်ာတိုးတစ္ကိုယ္လုံးက ေအာင္ေစပိုင့္ ရင္ခြင္ထဲမွာ တင္းၾကပ္စြာ ေပြ႕ဖက္ခံထားရဆဲ။ အနည္းငယ္လူးလြန့္ လိုက္ေတာ့ ေအာင္ေစပိုင္က ရိပ္မိသြားသည္ထင္သည္။
"နိုးၿပီလား ေဇေလး"
ခုနက အျဖစ္အပ်က္မ်ား ေခါင္းထဲျပန္လည္ဝင္ေရာက္လာေတာ့ ရွက္စိတ္ေၾကာင့္ အၾကည့္တို႔ကို လႊဲရင္း ေခါင္းၿငိမ့္ျပလိုက္မိသည္။
"ေခါင္းကိုက္ေနေသးလား ငိုထားေတာ့"
"ဟင့္အင္း"
ထို႔ေနာက္ ေဇယ်ာတိုး ႏႈတ္ခမ္းဖ်ားတို႔ကို ေျဖးညွင္းစြာ ထိကပ္လိုက္ရင္း နမ္းလိုက္ေသာ ေအာင္ေစပိုင္။ စုပ္ယူနမ္းရွိုက္ျခင္းမ်ိဳး မဟုတ္ပဲ ဒီအတိုင္းေလး ဖိကပ္ထားသည့္ အနမ္းေလးသာ။
"ေဇေလးကအရမ္းဆိုးတာပဲကြာ။ ကိုယ္မသိေအာင္ ရည္းစားခိုးထားမလို႔ေပါ့ေလ ဟုတ္လား"
"အဲ့ဒီလိုမဟုတ္ပါဘူး။ ကြၽန္ေတာ္ ခံစားခ်က္ေတြကို ေသခ်ာသိခ်င္လို႔ စမ္းသပ္ၾကည့္တာပါ"
"အခုေရာ သိသြားၿပီလား"
ႏႈတ္ခမ္းကို ကိုက္ထားသည့္ ရွက္ေသြးျဖာေနေသာ အနီေရာင္ေကာင္ေလးက ျပန္မေျဖပါ။
"အေျဖမေပးရင္ ခုနကလို ထပ္လုပ္ၿပီးေမးရမလား"
စေနာက္ခ်င္စိတ္ျဖင့္ လက္တို႔ကို ေကာင္ေလး၏ ေဘာင္းဘီဇစ္နားသြားလိုက္ေတာ့ ေကာင္ေလးက သူ႕လက္တို႔ကိုအသဲအသန္ ျပန္ဆြဲလိုက္သည္။
"ဟင္အင္း...ေျဖမယ္ ေျဖမယ္။ သိၿပီလို႔"
"ဒါဆို ကိုယ့္ကိုခ်စ္လား"
"အင္း ခ်စ္တယ္။ ကိုေစကို အရမ္းခ်စ္တယ္"
"ေနာက္ဆို ကိုယ့္မသိေအာင္ ရည္းစားထားအုံးမလား"
"ဟင့္အင္း မလုပ္ေတာ့ဘူး။ ကိုေစ တစ္ေယာက္ထဲကိုပဲ ခ်စ္မွာ"
"ဒီစကားကို တာဝန္ယူေနာ္။ကိုယ္အတည္ယူလိုက္ၿပီ။ေနာက္မွ ကိုယ့္အေပၚစိတ္ကစားတယ္လို႔ လုပ္မရေတာ့ဘူးေနာ္ ၾကားလား"
"ဟုတ္။ တာဝန္ယူတယ္"
"ကိုယ္ကေတာ့ ေဇေလးကို ဘယ္ေတာ့မွ လက္လြတ္ေပးမွာ မဟုတ္ေတာ့ဘူး သိလား လူဆိုးေလး"
"ဟုတ္ မလႊတ္ေပးနဲ႕"
ၿပဳံးကာေျပာေနသည့္ ေကာင္ေလးကို ရင္ခြင္ထဲ သိမ္းႀကဳံးဖက္ထားလိုက္မိေတာ့သည္။
~~~~~~~~~~~~~~~
စားေသာက္ဆိုင္တစ္ခုမွာ ေဘးခ်င္းကပ္လွ်က္ယွဥ္တြဲကာ ထိုင္ေနသည့္ ေအာင္ေစပိုင္ႏွင့္ ေဇယ်ာတိုး။ ေရွ႕မွာ ေခါင္းငုံ႕ရင္း ထိုင္ေနၾကသည္က ၿဖိဳးပိုင္ေအာင္ႏွင့္ မင္းေဇာ္။ ႐ုတ္ခ်ည္းဆိုသလို ၿဖိဳးပိုင္ေအာင္ႏွင့္မင္းေဇာ္မွာ ထိုင္ေနရာကေန ဒူးေထာက္လိုက္ၾကသည္။
"ကြၽန္ေတာ္တို႔ ေတာင္းပန္ပါတယ္ အကိုေစပိုင္။ ဒီအတိုင္း အမူးလြန္ၿပီး ေပါက္ကရေလွ်ာက္လုပ္မိလိုက္တာပါ"
ႏွစ္ေယာက္စလုံး၏အသံမွာ တစ္ညီတညာထဲ ထြက္လာၾကသည္။ ေဇယ်ာတိုးမွာ ထိုႏွစ္ေကာင္ကိုၾကည့္၍ ခြီးခနဲပင္ ရယ္လိုက္မိသည္။
ဒီႏွစ္ေကာင္က ကိုေစကို တကယ္ေၾကာက္ၾကတာပဲ။
ေဇယ်ာတိုး တခြီးခြီးရယ္ေနတာကိုပင္ ၿဖိဳးပိုင္ေအာင္ႏွင့္ မင္းေဇာ္မွာ ေမာ့ပင္မၾကည့္ရဲ။ ေခါင္းငုံ႕ထားဆဲ။ အပိုးက်ိဳးေနေသာ ႏွစ္ေကာင္သား အျဖစ္ကိုရယ္ရလြန္း၍ သူ႕ေဘးနားထိုင္ေနသည့္ ေအာင္ေစပိုင့္လက္ေမာင္းကိုပင္ သြားရိုက္မိသည္အထိ ရယ္ေမာလိုက္မိသည္။
"ရပါတယ္။ ဒီေလာက္ထိမေတာင္းပန္ပါနဲ႕ေတာ့ လူငယ္ေတြဆိုေတာ့ ဒီလိုပဲျဖစ္တတ္ပါတယ္။ အကိုလဲ အျပစ္မယူပါဘူး။ထၾကေတာ့ ထၾကေတာ့"
"ဟုတ္ကဲ့ အကိုေစပိုင္ ေက်းဇူးတင္ပါတယ္"
"အင္း။ ေနာက္တခါေတာ့ အဲ့လိုထပ္မလုပ္ရဘူး ၾကားလား"
"ဟုတ္ကဲ့ ကြၽန္ေတာ္တို႔လဲ ေနာက္မလုပ္ေတာ့ပါဘူး အခုက အကို႔ကို တကယ္သိခ်င္လို႔ စမ္းသပ္မိ....အူး..."
မင္းေဇာ္ေျပာေနသည့္စကားကို ၿဖိဳးပိုင္ေအာင္က ေပါင္ကို ဆြဲလိမ္လိုက္သျဖင့္ ေျပာလက္စ စကားတို႔ရပ္သြားေတာ့သည္။
"ကြၽန္ေတာ္တို႔ ေနာက္မလုပ္ေတာ့ပါဘူး။ ေတာင္းပန္ပါတယ္ အကိုေစပိုင္"
"အင္း ရပါတယ္။ မင္းက ယုယေဇာ္ ေမာင္ေလးလား"
"ဟုတ္ကဲ့ အကိုေစပိုင္"
"အင္း။ မင္းအမက ေတာ္ေတာ္ေတာ္တဲ့အတြင္းေရးမႉးပါပဲ။ လုပ္ငန္းပိုင္းကိုေသခ်ာကြၽမ္းက်င္သလို အလုပ္လုပ္တာလဲေတာ္တယ္။ မင္းလဲ စာေသခ်ာႀကိဳးစား။ ဘြဲ႕ရရင္ အကို႔ကုမၸဏီကို လာခဲ့"
"ဟုတ္ကဲ့ အကိုေစပိုင္။ေက်းဇူးတင္ပါတယ္။ ျဖစ္ပ်က္ခဲ့တာေတြကိုလဲ ေတာင္းပန္ပါတယ္။ ကြၽန္ေတာ္တို႔ မသိ နားမလည္လို႔ လုပ္ခဲ့မိတာပါ"
"အင္း။ ရပါတယ္။ ေဇေလးကိုလဲ ေသခ်ာဂ႐ုစိုက္ေပးပါအုံး။ အကိုက အလုပ္တဖက္နဲ႕မို႔ အၿမဲအနားမရွိေပးနိုင္လို႔ ညီေလးတို႔ကိုပဲ အပ္ပါတယ္"
"ဒါေတာ့ စိတ္ခ် အကိုေစပိုင္။ ကြၽန္ေတာ္တို႔ ေဇယ်တဳ အဲ့.. ေဇယ်ာတိုးကိုေသခ်ာေစာင့္ေရွာက္ထားပါ့မယ္"
"အင္း"
"ဒီေကာင့္ကို ကြၽန္ေတာ္တို႔ အကိုမရွိတုန္းေသခ်ာေစာင့္ၾကည့္ထားေပးမယ္။ အကိုေနာက္ကြယ္မွာ ရည္းစားခိုးထားမွာကိုလဲ ေစာင့္ၾကည့္ေပးထားမယ္။အကို စိတ္မပူနဲ႕ ဟဲဟဲ။ ဒီေကာင္ အကိုကလြဲၿပီး ဘယ္သူ႕ကိုမွစိတ္နဲ႕ေတာင္မျပစ္မွားေစရေအာင္ ၾကည့္ထားေပးမယ္"
ၿဖိဳးပိုင္ေအာင္၏ ေလာကြတ္ေခ်ာ္ေသာ စကားကို ေအာင္ေစပိုင္က သေဘာက်သလိုၿပဳံးသည္။
"ေအာင္မာ။ငါက ရည္းစားခိုးထားတယ္ပဲ ရွိရေသးတယ္။ ဒါဘယ္သူေတြေပးတဲ့အႀကံလဲ"
"ဘယ္သူေပးလို႔လဲ ငါေပးမိလို႔လား။ မင္းေရာေပးမိလား ႏြားႀကီး"
ၿဖိဳးပိုင္ေအာင္အေမးကို မင္းေဇာ္က ေခါင္းခါျပသည္။ ဒါမ်ိဳးက် အတိုက္အေဖာက္ညီေနလိုက္ၾကတာ ႏွစ္ေယာက္သား။ ထိုအခ်ိန္ ေအာင္ေစပိုင္ဆီသို႔ ဖုန္းဝင္လာသည္။
"ညီေလးတို႔ စားခ်င္တာမွာစားထားၾကေနာ္"
"ဟုတ္ကဲ့ အကိုေစပိုင္"
"ေဇေလး ကိုယ္ဖုန္းခနေျပာအုံးမယ္ေနာ္"
"ဟုတ္ ကိုေစ"
ေအာင္ေစပိုင္ကေတာ့ ဆိုင္အျပင္ထြက္ကာ ဖုန္းေျပာေနေလသည္။ မ်က္စိေရွ႕က ႏြားႀကီးႏွင့္ ခ်က္ႀကီးမွာေတာ့ ေရွ႕ခုႏွစ္ဘဝထဲက ငတ္ျပတ္လာသည့္အတိုင္း အစားအေသာက္မ်ားကို အငမ္းမရစားေသာက္ေနၾကသည္။
"ေျဖးေျဖးလဲ မ်ိဳၾကအုံး။ စားပိုးနင့္ၿပီး ေသေနအုံးမယ္"
"မင္းကလဲကြာ မင္းေကြၽးရတာလဲ မဟုတ္ပဲနဲ႕ မင္းဘဲႀကီးပိုက္ဆံနဲ႕ ေကြၽးတာကို တြန့္တိုမေနပါနဲ႕"
"ငါ့ဘဲပိုက္ဆံလဲ ငါ့ပိုက္ဆံပဲ။ တြန့္တိုတယ္ ေဟ့ေကာင္ေတြ လူလိုစား ေခြးလိုႏြားလိုမစားနဲ႕"
"စားမွာပဲ။ ဒီဆိုင္ကေစ်းႀကီးတယ္ မင္းဘဲႀကီး ေကြၽးတုန္းစားရတာ"
"အမေလး ေဇယ်တဳတို႔မ်ား အစတုန္းကေတာ့ မႀကိဳက္ဖူးေလး အျမင္ကတ္တယ္ေလးနဲ႕ အခုက် သူ႕လင္ပိုက္ဆံ သူ႕ပိုက္ဆံလုပ္ေနၿပီေပါ့"
"ဒါကေတာ့ကြာ စီးတဲ့ေရဆည္တဲ့ကန္သင္း ဆိုသလိုေပါ့ ေဇယ်တဳဒီေကာင္က သူ႕မိန္းမတာဝန္ကို သူလုပ္တာ ေနမွာပါ"
"ေဘာကို မိန္းမတာဝန္ ေဘာကိုမိန္းမတာဝန္လားဟ"
ဆဲရင္း ေရွ႕ကတူႏွင့္ေကာက္ေပါက္မလိုလုပ္ၿပီးမွ ေအာင္ေစပိုင္ ဝင္လာသည္ကိုျမင္လာေတာ့ လက္မ်ား အရွိန္သတ္လိုက္ရေတာ့သည္။
ဟိုႏွစ္ေကာင္သားက စားေသာက္ၿပီး လစ္သြားၾကေလေတာ့ စားေသာက္ဆိုင္ထဲ ေအာင္ေစပိုင္ႏွင့္ ေဇယ်ာတိုးႏွစ္ေယာက္ထဲသာ က်န္ခဲ့ေတာ့သည္။ ေဘးနားမွာ ထိုင္ေနသည့္ ေအာင္ေစပိုင္လက္ေမာင္းေတြကို ခ်ိတ္တြယ္လိုက္ရင္း ေခါင္းမွီလိုက္သည္။
"ကြၽန္ေတာ္တို႔လဲ ျပန္မယ္ေလ ကိုေစ"
"ေဇေလး ရႈပ္ထားတဲ့ ကိစၥေတြ ရွင္းဖို႔ရွိေသးတယ္ေလ"
"အမ္...ၿပီးၿပီေလ ကြၽန္ေတာ္ ရႈပ္ထားတာ ဒီေကာင္ေတြကိစၥပဲ ရွိတာ"
"ဟိုတေန႕က ေတြ႕တဲ့ မိန္းကေလးကေရာ"
"ေအာ္ အဲ့တာက ဒီအတိုင္း Date ႐ုံေလးပါ။ ရွင္းစရာမလိုပါဘူး။ Ghost လိုက္ရင္ ရၿပီ"
"ဘာလဲ Ghostဆိုတာ"
နားမလည္ဟန္ေမးေနသည့္ ေအာင္ေစပိုင္ကို တခ်က္ေမာ့ၾကည့္လိုက္မိသည္။ ဟုတ္တာေပါ့ ဘဲႀကီးတို႔လို 90's Born ေတြကို အခုေခတ္ ေနာက္ပိုင္း ေခတ္ေပၚ အသုံးအႏႈန္းေတြနဲ႕ အထာေတြကို ဘယ္သိပါ့မလဲ။
"ေအာ္ ကိုေစရယ္။ Ghost ဆိုတာ သရဲေလ။ ျမင္လဲမျမင္ရ သိလဲမသိရေတာ့ဘူး။ အဲ့ဒီေတာ့ Dateၿပီးရင္ မႀကိဳက္တဲ့သူဆို Ghostလိုလုပ္ၿပီး အဆက္အသြယ္ျဖတ္လိုက္တာေလ"
"အတတ္ေကာင္းေတြ တတ္ေနတယ္ေပါ့ဟုတ္လား။ ဘယ္သူသင္ေပးထားတာလဲ ေျပာစမ္းပါအုံး"
ေအာင္ေစပိုင္က သူ႕ႏွာေခါင္းကို ညစ္ၿပီး ေမးလိုက္သည္ေၾကာင့္ နာသြားေသာ ႏွာေခါင္းထိပ္ကိုပြတ္ရင္း ဆူပုတ္ပုတ္ျပန္ေျဖလိုက္မိသည္။
"ဘယ္သူမွ မသင္ေပးပါဘူး။ အခုေခတ္က ဒီလိုပဲလုပ္ေနၾကတာကို"
"ဟင္း...အခုေခတ္ လူငယ္ေတြကေတာ့ ခက္ပါတယ္။ ဒီမွာၾကည့္ ကိုယ္ေျပာမယ္ နားေထာင္ ေဇေလး"
"ဟုတ္"
"လူတစ္ေယာက္နဲ႕ တစ္ေယာက္နဲ႕ ထိေတြ႕ဆက္ဆံၿပီဆိုရင္ အေလးထားမႈ Respect ဆိုတာ အျပန္အလွန္ထားရမယ္။ ဒါဟာ လူ႕ေလာကႀကီးရဲ႕ က်င့္ဝတ္စည္းကမ္းပဲ။ ေဇေလး သူ႕ကိုေတြ႕ဖို႔ခ်ိန္းတုန္းက ဘယ္သူအတင္း တိုက္တြန္းလို႔ ခ်ိန္းခဲ့တာလဲ"
ေဇယ်ာတိုး ေခါင္းကို ခါယမ္းလိုက္မိတယ္။
"ေဇေလး ကိုယ္တိုင္သေဘာက်လိဳ႕ ေတြ႕ခ်င္လို႔ ခ်ိန္းခဲ့တာမဟုတ္လား"
"ဟုတ္ကဲ့"
"ဒါဆို ေတြ႕ၿပီးသြားလို႔ ကိုယ္နဲ႕အဆင္မေျပဘူးလို႔ သိတဲ့အခါမွာလဲ တဖက္သားကို အက်ိဳးအေၾကာင္းေျပာျပၿပီး Respect ထား အဆက္အသြယ္ျဖတ္သင့္တယ္မဟုတ္လား"
"........."
"လူတေယာက္ေယာက္နဲ႕ဆက္ဆံတဲ့အခါမွ တဖက္သားအေပၚ အေလးထားၿပီး Respect ရွိရွိျပဳမူသင့္တယ္။ တဖက္သားက ေယာက်္ားေလးျဖစ္ျဖစ္ မိန္းကေလးျဖစ္ျဖစ္ေပါ့။ အခုေဇေလးက ကိုယ္တိုင္လဲ အမွားလုပ္ေသးတယ္ တဖက္မိန္းကေလးကို ဘာမွမေျပာပဲ အဆက္အသြယ္ျဖတ္တာမ်ိဳးဆိုတာ လူေကာင္းေတြမွာ ရွိသင့္တဲ့ အက်င့္စရိုက္မ်ိဳး မဟုတ္ဘူး။ ကိုယ္ေျပာတာ သေဘာေပါက္လား ေဇေလး"
"ဟုတ္ကဲ့"
"သေဘာေပါက္ရင္ ဘာလုပ္ရမလဲ"
"တဖက္ကို ေတာင္းပန္ၿပီး အက်ိဳးအေၾကာင္းေျပာျပၿပီးမွ အဆက္အသြယ္ျဖတ္ရမယ္"
"အင္း။ လိမၼာရဲ႕သားပဲ ေဇေလးက"
"ကိုေစ....ကိုေစ"
"အင္း"
"ကြၽန္ေတာ္ သိပ္ေပ်ာ္တာပဲ"
"ဘာလို႔လဲ"
"ကိုေစလို လူႀကီးလူေကာင္းစိတ္ရွိတဲ့ လူမ်ိဳးကို ရည္းစားေတာ္ထားရတာေလ။ ကိုေစကို သိပ္ခ်စ္တယ္ သိလား"
ေျပာကာ လက္ေမာင္းကို ကိုင္ၿပီး လႈပ္ရမ္းခါေနေသာ ေကာင္ေလး ေၾကာင့္ ေအာင္ေစပိုင္လဲ သေဘာက်စြာရယ္ေမာမိလိုက္ပါေတာ့သည္။
▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶
(Unicode)
အိပ်ရာနိုးလာတော့ ဇေယျာတိုးတစ်ကိုယ်လုံးက အောင်စေပိုင့် ရင်ခွင်ထဲမှာ တင်းကြပ်စွာ ပွေ့ဖက်ခံထားရဆဲ။ အနည်းငယ်လူးလွန့် လိုက်တော့ အောင်စေပိုင်က ရိပ်မိသွားသည်ထင်သည်။
"နိုးပြီလား ဇေလေး"
ခုနက အဖြစ်အပျက်များ ခေါင်းထဲပြန်လည်ဝင်ရောက်လာတော့ ရှက်စိတ်ကြောင့် အကြည့်တို့ကို လွှဲရင်း ခေါင်းငြိမ့်ပြလိုက်မိသည်။
"ခေါင်းကိုက်နေသေးလား ငိုထားတော့"
"ဟင့်အင်း"
ထို့နောက် ဇေယျာတိုး နှုတ်ခမ်းဖျားတို့ကို ဖြေးညှင်းစွာ ထိကပ်လိုက်ရင်း နမ်းလိုက်သော အောင်စေပိုင်။ စုပ်ယူနမ်းရှိုက်ခြင်းမျိုး မဟုတ်ပဲ ဒီအတိုင်းလေး ဖိကပ်ထားသည့် အနမ်းလေးသာ။
"ဇေလေးကအရမ်းဆိုးတာပဲကွာ။ ကိုယ်မသိအောင် ရည်းစားခိုးထားမလို့ပေါ့လေ ဟုတ်လား"
"အဲ့ဒီလိုမဟုတ်ပါဘူး။ ကျွန်တော် ခံစားချက်တွေကို သေချာသိချင်လို့ စမ်းသပ်ကြည့်တာပါ"
"အခုရော သိသွားပြီလား"
နှုတ်ခမ်းကို ကိုက်ထားသည့် ရှက်သွေးဖြာနေသော အနီရောင်ကောင်လေးက ပြန်မဖြေပါ။
"အဖြေမပေးရင် ခုနကလို ထပ်လုပ်ပြီးမေးရမလား"
စနောက်ချင်စိတ်ဖြင့် လက်တို့ကို ကောင်လေး၏ ဘောင်းဘီဇစ်နားသွားလိုက်တော့ ကောင်လေးက သူ့လက်တို့ကိုအသဲအသန် ပြန်ဆွဲလိုက်သည်။
"ဟင်အင်း...ဖြေမယ် ဖြေမယ်။ သိပြီလို့"
"ဒါဆို ကိုယ့်ကိုချစ်လား"
"အင်း ချစ်တယ်။ ကိုစေကို အရမ်းချစ်တယ်"
"နောက်ဆို ကိုယ့်မသိအောင် ရည်းစားထားအုံးမလား"
"ဟင့်အင်း မလုပ်တော့ဘူး။ ကိုစေ တစ်ယောက်ထဲကိုပဲ ချစ်မှာ"
"ဒီစကားကို တာဝန်ယူနော်။ကိုယ်အတည်ယူလိုက်ပြီ။နောက်မှ ကိုယ့်အပေါ်စိတ်ကစားတယ်လို့ လုပ်မရတော့ဘူးနော် ကြားလား"
"ဟုတ်။ တာဝန်ယူတယ်"
"ကိုယ်ကတော့ ဇေလေးကို ဘယ်တော့မှ လက်လွတ်ပေးမှာ မဟုတ်တော့ဘူး သိလား လူဆိုးလေး"
"ဟုတ် မလွှတ်ပေးနဲ့"
ပြုံးကာပြောနေသည့် ကောင်လေးကို ရင်ခွင်ထဲ သိမ်းကြုံးဖက်ထားလိုက်မိတော့သည်။
~~~~~~~~~~~~~~~
စားသောက်ဆိုင်တစ်ခုမှာ ဘေးချင်းကပ်လျှက်ယှဥ်တွဲကာ ထိုင်နေသည့် အောင်စေပိုင်နှင့် ဇေယျာတိုး။ ရှေ့မှာ ခေါင်းငုံ့ရင်း ထိုင်နေကြသည်က ဖြိုးပိုင်အောင်နှင့် မင်းဇော်။ ရုတ်ချည်းဆိုသလို ဖြိုးပိုင်အောင်နှင့်မင်းဇော်မှာ ထိုင်နေရာကနေ ဒူးထောက်လိုက်ကြသည်။
"ကျွန်တော်တို့ တောင်းပန်ပါတယ် အကိုစေပိုင်။ ဒီအတိုင်း အမူးလွန်ပြီး ပေါက်ကရလျှောက်လုပ်မိလိုက်တာပါ"
နှစ်ယောက်စလုံး၏အသံမှာ တစ်ညီတညာထဲ ထွက်လာကြသည်။ ဇေယျာတိုးမှာ ထိုနှစ်ကောင်ကိုကြည့်၍ ခွီးခနဲပင် ရယ်လိုက်မိသည်။
ဒီနှစ်ကောင်က ကိုစေကို တကယ်ကြောက်ကြတာပဲ။
ဇေယျာတိုး တခွီးခွီးရယ်နေတာကိုပင် ဖြိုးပိုင်အောင်နှင့် မင်းဇော်မှာ မော့ပင်မကြည့်ရဲ။ ခေါင်းငုံ့ထားဆဲ။ အပိုးကျိုးနေသော နှစ်ကောင်သား အဖြစ်ကိုရယ်ရလွန်း၍ သူ့ဘေးနားထိုင်နေသည့် အောင်စေပိုင့်လက်မောင်းကိုပင် သွားရိုက်မိသည်အထိ ရယ်မောလိုက်မိသည်။
"ရပါတယ်။ ဒီလောက်ထိမတောင်းပန်ပါနဲ့တော့ လူငယ်တွေဆိုတော့ ဒီလိုပဲဖြစ်တတ်ပါတယ်။ အကိုလဲ အပြစ်မယူပါဘူး။ထကြတော့ ထကြတော့"
"ဟုတ်ကဲ့ အကိုစေပိုင် ကျေးဇူးတင်ပါတယ်"
"အင်း။ နောက်တခါတော့ အဲ့လိုထပ်မလုပ်ရဘူး ကြားလား"
"ဟုတ်ကဲ့ ကျွန်တော်တို့လဲ နောက်မလုပ်တော့ပါဘူး အခုက အကို့ကို တကယ်သိချင်လို့ စမ်းသပ်မိ....အူး..."
မင်းဇော်ပြောနေသည့်စကားကို ဖြိုးပိုင်အောင်က ပေါင်ကို ဆွဲလိမ်လိုက်သဖြင့် ပြောလက်စ စကားတို့ရပ်သွားတော့သည်။
"ကျွန်တော်တို့ နောက်မလုပ်တော့ပါဘူး။ တောင်းပန်ပါတယ် အကိုစေပိုင်"
"အင်း ရပါတယ်။ မင်းက ယုယဇော် မောင်လေးလား"
"ဟုတ်ကဲ့ အကိုစေပိုင်"
"အင်း။ မင်းအမက တော်တော်တော်တဲ့အတွင်းရေးမှူးပါပဲ။ လုပ်ငန်းပိုင်းကိုသေချာကျွမ်းကျင်သလို အလုပ်လုပ်တာလဲတော်တယ်။ မင်းလဲ စာသေချာကြိုးစား။ ဘွဲ့ရရင် အကို့ကုမ္ပဏီကို လာခဲ့"
"ဟုတ်ကဲ့ အကိုစေပိုင်။ကျေးဇူးတင်ပါတယ်။ ဖြစ်ပျက်ခဲ့တာတွေကိုလဲ တောင်းပန်ပါတယ်။ ကျွန်တော်တို့ မသိ နားမလည်လို့ လုပ်ခဲ့မိတာပါ"
"အင်း။ ရပါတယ်။ ဇေလေးကိုလဲ သေချာဂရုစိုက်ပေးပါအုံး။ အကိုက အလုပ်တဖက်နဲ့မို့ အမြဲအနားမရှိပေးနိုင်လို့ ညီလေးတို့ကိုပဲ အပ်ပါတယ်"
"ဒါတော့ စိတ်ချ အကိုစေပိုင်။ ကျွန်တော်တို့ ဇေယျတု အဲ့.. ဇေယျာတိုးကိုသေချာစောင့်ရှောက်ထားပါ့မယ်"
"အင်း"
"ဒီကောင့်ကို ကျွန်တော်တို့ အကိုမရှိတုန်းသေချာစောင့်ကြည့်ထားပေးမယ်။ အကိုနောက်ကွယ်မှာ ရည်းစားခိုးထားမှာကိုလဲ စောင့်ကြည့်ပေးထားမယ်။အကို စိတ်မပူနဲ့ ဟဲဟဲ။ ဒီကောင် အကိုကလွဲပြီး ဘယ်သူ့ကိုမှစိတ်နဲ့တောင်မပြစ်မှားစေရအောင် ကြည့်ထားပေးမယ်"
ဖြိုးပိုင်အောင်၏ လောကွတ်ချော်သော စကားကို အောင်စေပိုင်က သဘောကျသလိုပြုံးသည်။
"အောင်မာ။ငါက ရည်းစားခိုးထားတယ်ပဲ ရှိရသေးတယ်။ ဒါဘယ်သူတွေပေးတဲ့အကြံလဲ"
"ဘယ်သူပေးလို့လဲ ငါပေးမိလို့လား။ မင်းရောပေးမိလား နွားကြီး"
ဖြိုးပိုင်အောင်အမေးကို မင်းဇော်က ခေါင်းခါပြသည်။ ဒါမျိုးကျ အတိုက်အဖောက်ညီနေလိုက်ကြတာ နှစ်ယောက်သား။ ထိုအချိန် အောင်စေပိုင်ဆီသို့ ဖုန်းဝင်လာသည်။
"ညီလေးတို့ စားချင်တာမှာစားထားကြနော်"
"ဟုတ်ကဲ့ အကိုစေပိုင်"
"ဇေလေး ကိုယ်ဖုန်းခနပြောအုံးမယ်နော်"
"ဟုတ် ကိုစေ"
အောင်စေပိုင်ကတော့ ဆိုင်အပြင်ထွက်ကာ ဖုန်းပြောနေလေသည်။ မျက်စိရှေ့က နွားကြီးနှင့် ချက်ကြီးမှာတော့ ရှေ့ခုနှစ်ဘဝထဲက ငတ်ပြတ်လာသည့်အတိုင်း အစားအသောက်များကို အငမ်းမရစားသောက်နေကြသည်။
"ဖြေးဖြေးလဲ မျိုကြအုံး။ စားပိုးနင့်ပြီး သေနေအုံးမယ်"
"မင်းကလဲကွာ မင်းကျွေးရတာလဲ မဟုတ်ပဲနဲ့ မင်းဘဲကြီးပိုက်ဆံနဲ့ ကျွေးတာကို တွန့်တိုမနေပါနဲ့"
"ငါ့ဘဲပိုက်ဆံလဲ ငါ့ပိုက်ဆံပဲ။ တွန့်တိုတယ် ဟေ့ကောင်တွေ လူလိုစား ခွေးလိုနွားလိုမစားနဲ့"
"စားမှာပဲ။ ဒီဆိုင်ကစျေးကြီးတယ် မင်းဘဲကြီး ကျွေးတုန်းစားရတာ"
"အမလေး ဇေယျတုတို့များ အစတုန်းကတော့ မကြိုက်ဖူးလေး အမြင်ကတ်တယ်လေးနဲ့ အခုကျ သူ့လင်ပိုက်ဆံ သူ့ပိုက်ဆံလုပ်နေပြီပေါ့"
"ဒါကတော့ကွာ စီးတဲ့ရေဆည်တဲ့ကန်သင်း ဆိုသလိုပေါ့ ဇေယျတုဒီကောင်က သူ့မိန်းမတာဝန်ကို သူလုပ်တာ နေမှာပါ"
"ဘောကို မိန်းမတာဝန် ဘောကိုမိန်းမတာဝန်လားဟ"
ဆဲရင်း ရှေ့ကတူနှင့်ကောက်ပေါက်မလိုလုပ်ပြီးမှ အောင်စေပိုင် ဝင်လာသည်ကိုမြင်လာတော့ လက်များ အရှိန်သတ်လိုက်ရတော့သည်။
ဟိုနှစ်ကောင်သားက စားသောက်ပြီး လစ်သွားကြလေတော့ စားသောက်ဆိုင်ထဲ အောင်စေပိုင်နှင့် ဇေယျာတိုးနှစ်ယောက်ထဲသာ ကျန်ခဲ့တော့သည်။ ဘေးနားမှာ ထိုင်နေသည့် အောင်စေပိုင်လက်မောင်းတွေကို ချိတ်တွယ်လိုက်ရင်း ခေါင်းမှီလိုက်သည်။
"ကျွန်တော်တို့လဲ ပြန်မယ်လေ ကိုစေ"
"ဇေလေး ရှုပ်ထားတဲ့ ကိစ္စတွေ ရှင်းဖို့ရှိသေးတယ်လေ"
"အမ်...ပြီးပြီလေ ကျွန်တော် ရှုပ်ထားတာ ဒီကောင်တွေကိစ္စပဲ ရှိတာ"
"ဟိုတနေ့က တွေ့တဲ့ မိန်းကလေးကရော"
"အော် အဲ့တာက ဒီအတိုင်း Date ရုံလေးပါ။ ရှင်းစရာမလိုပါဘူး။ Ghost လိုက်ရင် ရပြီ"
"ဘာလဲ Ghostဆိုတာ"
နားမလည်ဟန်မေးနေသည့် အောင်စေပိုင်ကို တချက်မော့ကြည့်လိုက်မိသည်။ ဟုတ်တာပေါ့ ဘဲကြီးတို့လို 90's Born တွေကို အခုခေတ် နောက်ပိုင်း ခေတ်ပေါ် အသုံးအနှုန်းတွေနဲ့ အထာတွေကို ဘယ်သိပါ့မလဲ။
"အော် ကိုစေရယ်။ Ghost ဆိုတာ သရဲလေ။ မြင်လဲမမြင်ရ သိလဲမသိရတော့ဘူး။ အဲ့ဒီတော့ Dateပြီးရင် မကြိုက်တဲ့သူဆို Ghostလိုလုပ်ပြီး အဆက်အသွယ်ဖြတ်လိုက်တာလေ"
"အတတ်ကောင်းတွေ တတ်နေတယ်ပေါ့ဟုတ်လား။ ဘယ်သူသင်ပေးထားတာလဲ ပြောစမ်းပါအုံး"
အောင်စေပိုင်က သူ့နှာခေါင်းကို ညစ်ပြီး မေးလိုက်သည်ကြောင့် နာသွားသော နှာခေါင်းထိပ်ကိုပွတ်ရင်း ဆူပုတ်ပုတ်ပြန်ဖြေလိုက်မိသည်။
"ဘယ်သူမှ မသင်ပေးပါဘူး။ အခုခေတ်က ဒီလိုပဲလုပ်နေကြတာကို"
"ဟင်း...အခုခေတ် လူငယ်တွေကတော့ ခက်ပါတယ်။ ဒီမှာကြည့် ကိုယ်ပြောမယ် နားထောင် ဇေလေး"
"ဟုတ်"
"လူတစ်ယောက်နဲ့ တစ်ယောက်နဲ့ ထိတွေ့ဆက်ဆံပြီဆိုရင် အလေးထားမှု Respect ဆိုတာ အပြန်အလှန်ထားရမယ်။ ဒါဟာ လူ့လောကကြီးရဲ့ ကျင့်ဝတ်စည်းကမ်းပဲ။ ဇေလေး သူ့ကိုတွေ့ဖို့ချိန်းတုန်းက ဘယ်သူအတင်း တိုက်တွန်းလို့ ချိန်းခဲ့တာလဲ"
ဇေယျာတိုး ခေါင်းကို ခါယမ်းလိုက်မိတယ်။
"ဇေလေး ကိုယ်တိုင်သဘောကျလို့ တွေ့ချင်လို့ ချိန်းခဲ့တာမဟုတ်လား"
"ဟုတ်ကဲ့"
"ဒါဆို တွေ့ပြီးသွားလို့ ကိုယ်နဲ့အဆင်မပြေဘူးလို့ သိတဲ့အခါမှာလဲ တဖက်သားကို အကျိုးအကြောင်းပြောပြပြီး Respect ထား အဆက်အသွယ်ဖြတ်သင့်တယ်မဟုတ်လား"
"........."
"လူတယောက်ယောက်နဲ့ဆက်ဆံတဲ့အခါမှ တဖက်သားအပေါ် အလေးထားပြီး Respect ရှိရှိပြုမူသင့်တယ်။ တဖက်သားက ယောကျ်ားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်ပေါ့။ အခုဇေလေးက ကိုယ်တိုင်လဲ အမှားလုပ်သေးတယ် တဖက်မိန်းကလေးကို ဘာမှမပြောပဲ အဆက်အသွယ်ဖြတ်တာမျိုးဆိုတာ လူကောင်းတွေမှာ ရှိသင့်တဲ့ အကျင့်စရိုက်မျိုး မဟုတ်ဘူး။ ကိုယ်ပြောတာ သဘောပေါက်လား ဇေလေး"
"ဟုတ်ကဲ့"
"သဘောပေါက်ရင် ဘာလုပ်ရမလဲ"
"တဖက်ကို တောင်းပန်ပြီး အကျိုးအကြောင်းပြောပြပြီးမှ အဆက်အသွယ်ဖြတ်ရမယ်"
"အင်း။ လိမ္မာရဲ့သားပဲ ဇေလေးက"
"ကိုစေ....ကိုစေ"
"အင်း"
"ကျွန်တော် သိပ်ပျော်တာပဲ"
"ဘာလို့လဲ"
"ကိုစေလို လူကြီးလူကောင်းစိတ်ရှိတဲ့ လူမျိုးကို ရည်းစားတော်ထားရတာလေ။ ကိုစေကို သိပ်ချစ်တယ် သိလား"
ပြောကာ လက်မောင်းကို ကိုင်ပြီး လှုပ်ရမ်းခါနေသော ကောင်လေး ကြောင့် အောင်စေပိုင်လဲ သဘောကျစွာရယ်မောမိလိုက်ပါတော့သည်။