နှလုံးသားအရင်းအနှီး [Complete]

Por MyaMo_95

581K 27K 232

အလောင်းအစားတစ်ခုကြောင့် စခဲ့တဲ့ကစားပွဲတစ်ခုမှာ နှလုံးသားတစ်ခု အရင်းပြုလိုက်ရသည့်အခါ...။ (Drama မပါပဲ Romance... Más

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁ဝ
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၂ဝ
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
ဇာတ်သိမ်းပိုင်း(End)
✨Character Art✨
✨Cover Art✨

အပိုင်း ၁၉

11.5K 602 4
Por MyaMo_95

( Zawgyi)

ဒီေန႕က ဘဲႀကီး ခရီးထြက္သြားတာ သုံးရက္ေျမာက္ေန႕။ အေသအခ်ာ မွတ္ထားတယ္ရယ္လဲ မဟုတ္ပါဘူး ဒီလိုပဲသိေနတာ။ သိဆို ဖုန္းထဲမွာ ေပၚေနတာကိုး။

"ကိုယ္သြားၿပီေနာ္။ ေဇေလး အိပ္ေနတုန္းမို႔ ဖုန္းမဆက္ေတာ့ဘူး။ ေက်ာင္းကိုဂ႐ုစိုက္သြားအုံး"

သူခရီးသြားတဲ့ ေန႕ထဲက အဲ့ဒီလို Messageတစ္ေစာင္ လြဲၿပီး ေနာက္ထပ္ ဘာမွထပ္ မပို႔ေတာ့ဘူးေလ။ ဒီၾကားထဲ ဖုန္းလဲ တခါမွ မဆက္ဘူး။ အဲ့တာေၾကာင့္ ဘဲႀကီးရဲ႕ ေနာက္ဆုံး Messageမွာ Date ႀကီး ျပဴးၿပဲေနေအာင္ ေပၚေနေတာ့ မျမင္ခ်င္လဲ ျမင္ေနရေတာ့ သိေနတာ။

အဲ့ဒီေအာင္ေစပိုင္ဆိုတဲ့ ဘဲႀကီး ဆက္သြယ္သြယ္ မသြယ္သြယ္ ေဇယ်ာတိုးတို႔က ဂ႐ုကိုစိုက္မေနပါဘူး ဟြန္း....။

ဒါေပမယ့္ဘဲႀကီးမရွိတဲ့ ရက္ပိုင္းအတြင္း Facebook ကေကာင္မေလးနဲ႕ သူနဲ႕ က ေတာ္ေတာ္ေလးခရီးေပါက္ကာအဆင္ေျပေနၿပီေလ။ အခုဆို သူတို႔က Facebook ေပၚက ဟာသPost ေတြမွာ Mention ေခၚရင္း စေနာက္ေနသည့္ အဆင့္ထိေတာင္တိုးတက္လာၾကၿပီ။

ဟားဟား ဘဲႀကီးကပစ္ထားလဲ ေဇယ်ာတိုးတို႔က ဂ႐ုမစိုက္ ေနာက္ေစာ္နဲ႕ ႀကိဳက္...ဟိုက္။

ဘာမွမျဖစ္သလို ဟန္ေဆာင္ရယ္ေမာရင္း စိတ္ရဲ႕အတြင္းတစ္ေနရာမွာေတာ့ အနည္းငယ္ လစ္ဟာေနသလိုခံစားခ်က္ ႏွင့္ ဝမ္းနည္းေနသည့္ ခံစားခ်က္ကိုေတာ့ မသိခ်င္ေယာင္ေဆာင္ကာ လစ္လ်ဴရႈထားၿပီး ေဇယ်ာတိုးတစ္ေယာက္ ေကာင္မေလးႏွင့္သာ စကားေျပာေနလိုက္ေတာ့သည္။

ေကာင္မေလးႏွင့္ ေရာက္တတ္ရာရာ ေထြရာေလးပါး စကားေျပာေနရင္း ည၁၁နာရီပင္ ခြဲသြားေလေတာ့သည္။ ထိုစဥ္ ဖုန္းထဲသို႔ ဝင္လာေသာ အဝင္ေကာ တစ္ခု။ မွတ္ထားေသာ Contact မွာက "ဘဲႀကီး" ။ ရင္ထဲမွာ လွိုက္ခနဲ အေပ်ာ္ေတြ ျဖစ္ေပၚသြားရၿပီး ခ်က္ခ်င္းတန္းကိုင္မလို႔ လုပ္ၿပီးမွ ခဏေစာင့္ၿပီး စိတ္ကိုထိန္းကာ ဖုန္းကိုင္လိုက္သည္။

"ဟဲလို ကိုေစ"

"အင္း ေဇေလး။ အိပ္ေနၿပီလား။ ကိုယ္ႏွိုးလိုက္မိတာလား"

"မဟုတ္ပါဘူး။ မအိပ္ရေသးတာ"

"၁၂ေတာင္ ထိုးေတာ့မယ္ မအိပ္ေသးဘူးလား။ ေနာက္က်ေနၿပီကို"

"မနက္ ေက်ာင္းပိတ္တယ္ေလ အဲ့တာေၾကာင့္"

"ေအာ္...."

"ဘာျဖစ္လို႔လဲဟင္"

"ဘာမွမျဖစ္ပါဘူး။ ေဇေလး မအိပ္ေသးရင္ ဝရံတာကို ခဏထြက္ခဲ့လို႔ရမလား"

"ဟမ္ ဘာျဖစ္လို႔လဲ"

"ကိုယ္.... ေဇေလးကို ေတြ႕ခ်င္လို႔"

"အမ္.... ကိုေစ အိမ္ေရွ႕ေရာက္ေနတာလား"

"အင္း"

အေမးႏွင့္အတူ ကပ်ာကယာ အခန္းအျပင္ကို ထြက္ၿပီး ဝရံတာဘက္ ထြက္ၾကည့္ေတာ့ အမွန္တကယ္ပင္ ေအာင္ေစပိုင္က အိမ္ေအာက္မွာ ကားကိုမွီရင္း မတ္တပ္ရပ္ကာ ဖုန္းေျပာေနသည္။ သူလဲ ဝရံေပၚသို႔ ေရာက္လဲ ေရာက္ေရာ ဘဲႀကီးက ဖုန္းကိုကိုင္ထားရင္း သူ႕ကိုၾကည့္ကာ ၿပဳံးျပလာသည္။

"ဘယ္...ဘယ္လို ျဖစ္ၿပီး ျပန္ေရာက္လာတာလဲ။ ခရီးသြားတာ ေလးငါးရက္ၾကာမယ္ဆို"

"ဟုတ္တယ္။ ကိုယ္အလုပ္ေတြျမန္ျမန္ျဖတ္ၿပီး ျပန္လာတာ"

"ဘယ္တုန္းက ျပန္ေရာက္တာလဲ"

"အခုပဲ"

"အခုပဲ ေရာက္ေရာက္ခ်င္း ကြၽန္ေတာ့္ဆီလာခဲ့တာလား"

"အင္း"

"ပင္ပန္းေနမွာကို နားတာမဟုတ္ဘူး ကိုေစကလဲ။ ေနာက္ေန႕မွ ေတြ႕လဲ ရတာပဲကို"

"အင္း....ကိုယ္ လြမ္းလို႔"

"အာ....."

"အခု မ်က္ႏွာေလး ျမင္ရၿပီဆိုေတာ့ ရပါၿပီ။ အထဲဝင္ေတာ့ေလ အျပင္မွာျခင္ကိုက္မယ္"

ေအာက္ထပ္မွာ သူ႕ကိုၾကည့္ေနသည့္ ေအာင့္ေစပိုင္မ်က္ဝန္းေတြကို ၾကည့္ရင္း ရင္ခုန္လာရျပန္သည္။ ခရီးက ျပန္ေရာက္ေရာက္ခ်င္းမွာေတာင္ မနားပဲ သူ႕ဆီ ခ်က္ခ်င္း အေျပးလာေတြ႕သည့္ ဘဲႀကီးကို သူနည္းနည္းေလာက္ေတာ့ သနားလို႔ရတယ္မလား။

"ခန....ခနေလး... ကိုေစ။ ကြၽန္ေတာ္ ဆင္းလာခဲ့မယ္ ခနေစာင့္"

ဖုန္းကို ခ်ကာ ဝရံတာကေန အလ်င္အျမန္ေျပးဝင္ရင္း ေအာက္ထပ္ကိုေျပးဆင္းမိသည္။ ေအာက္ထပ္ေရာက္ေတာ့ အေမနိုးမွာဆိုး၍ တိတ္တဆိတ္ ေျခကိုဖြေလွ်ာက္ရင္း ေသာ့ယူကာ ၿခံတံခါးဝဆီ ထြက္လာမိသည္။ အေရးထဲ ေသာ့ကလဲ ဖြင့္ရတာခက္လိုက္တာ။

"ဂ်ေလာက္"

ၿခံတခါးဂလန့္ကို ဖြင့္ရင္း စိတ္ကိုထိန္းကာ ေအာင္ေစပိုင္ရပ္ေနသည့္ ေနရာနားကို ေျဖးေျဖးသာ သြားမိသည္။ ရင္ေတြခုန္ကာ ေျခေထာက္ေတြပင္ မခိုင္ခ်င္ေသာ္လဲ အားတင္းကာ စိတ္ေအးလက္ေအးပုံစံဖမ္းၿပီး ေလွ်ာက္သြားမိသည္။

ေအာင္ေစပိုင္ အနားေရာက္သည္ႏွင့္ စကားေျပာမလို႔ ပါးစပ္အဟ ဘဲႀကီးက သူ႕ကို တင္းၾကပ္စြာ ဆြဲဖက္လိုက္သည္မို႔ စကားလုံးမ်ား ထြက္လာဖို႔ အခ်ိန္ပင္ မရလိုက္ပါ။ တင္းၾကပ္စြာေပြ႕ဖက္ခံထားရေသာ ရင္ခြင္က်ယ္ႀကီးထဲမွာ ၿငိမ္ၿပီးသာ ေနလိုက္မိသည္။

သူလဲ အရမ္းသတိေနခဲ့တာ ဒီရင္ခြင္ႏြေးႏြေးကို။

ဖက္ထားခံရတာ ဘယ္ေလာက္ၾကာသြားမွန္းပင္မသိလိုက္ အဆက္အျပတ္လႈပ္ခါေနေသာ ႏွလုံးသားပင္ ၿငိမ္သက္သြားတဲ့အထိ။ အခ်ိန္အဲ့ဒီေလာက္ ၾကာသြားေတာ့မွသာ ေအာင္ေစပိုင္က ရင္ခြင္ထဲက လႊတ္ေပးေတာ့သည္။ ေဇယ်ာတိုး မ်က္ႏွာေတြ ပူေလာင္ကာ နီရဲေနမွာမွန္း မွန္မၾကည့္ပဲနဲ႕ေတာင္ သိနိုင္ပါသည္။ေအာင္ေစပိုင္က နီရဲေနေသာ ပါးေလးကို ခပ္ဖြဖြပြတ္သပ္လာၿပီး

"ကိုယ္အရမ္းလြမ္းေနခဲ့တာ သိလား"

"အပိုေတြပါ။ ကြၽန္ေတာ့္ကို သုံးရက္လုံးလုံးအဆက္အသြယ္မလုပ္ပဲနဲ႕ ပစ္ထားၿပီးေတာ့မ်ား"

မေက်နပ္သလို အျပစ္ေျပာမိေတာ့ ေအာင္ေစပိုင္က ခပ္ဟဟရယ္ေမာလာသည္။

"ကိုယ္အလုပ္ေတြ ၿပီးေအာင္ အျမန္ျဖတ္ေနလို႔ပါ"

"အဲ့တာနဲ႕ပဲ ဖုန္းေလးတခါေလာက္ေတာင္ ဆက္ဖို႔အခ်ိန္မရဘူးေပါ့"

"မဟုတ္ပါဘူး"

"ဒါဆို ဖုန္းမဆက္ပဲ ကြၽန္ေတာ့္ကို ဘာလို႔ပစ္ထားရတာလဲ"

ေဆာင့္ေအာင့္ကာ ေျပာလိုက္ျပန္ေတာ့ ေအာင္ေစပိုင္က သေဘာတက်ရယ္ေမာကာ ထပ္မံ၍ ရင္ခြင္ထဲဆြဲသြင္းကာ ဖက္လိုက္ျပန္သည္။

"ကိုယ္သည္းမခံနိုင္မွာဆိုးလို႔။ ေဇေလး အသံၾကားရင္ အဲ့ဒီကေန ခ်က္ခ်င္းျပန္လာၿပီး ဖက္ထားမိလိမ့္မယ္။ အဲ့တာေၾကာင့္ မဆက္တာပါ။ စိတ္မဆိုးပါနဲ႕"

"ဟြန့္ ဆင္ေျခေတြ"

ပါးစပ္ကသာ မယုံသလိုေျပာလိုက္ေပမယ့္ စိတ္မွာေတာ့ သေဘာက်သြားကာ ၾကည္ႏူးမိသြားတာကိုေတာ့ ဝန္ခံပါသည္။ ေအာင္ေစပိုင့္ရင္ခြင္ထဲ ထပ္တိုးဝင္ရင္း ေက်ာျပင္ကိုသာ ျပန္ဖက္တြယ္ထားလိုက္မိေတာ့သည္။

အင္း....။
ကြၽန္ေတာ္လဲ သိပ္လြမ္းပါတယ္။

~~~~~~~~~~

ရက္သတၱပတ္ တပတ္ေလာက္ၾကာျမင့္ၿပီးတဲ့ အခ်ိန္မွာ ေကာင္မေလးႏွင့္ ေဇယ်ာတိုးတို႔က ရိုးရိုးခင္မင္ၾကတဲ့သူငယ္ခ်င္းအျဖစ္ကေန အီစီကလီအဆင့္သို႔ တိုးတက္လာခဲ့ၾကတယ္။ ရည္းစားမက် သူငယ္ခ်င္းမက် အေျခအေန Flirtၾကသည့္ အေျခအေနသို႔ ေရာက္လာခဲ့ၾကသည္။

ေဇယ်ာတိုးေရွ႕ဆက္တိုးကာ ရည္းစားစကားေျပာလိုက္လွ်င္ ေကာင္မေလးဘက္က လက္ခံမည့္ အေျခအေနမွန္း သိေနေသာ္လဲ ေရွ႕ဆက္ ေျခတစ္လွမ္းတိုးဖို႔ရာ ခက္ခဲေနေလေတာ့သည္။ ဘာေၾကာင့္မွန္းမသိရသည့္ အေၾကာင္းအရာတစ္ခုက သူ႕ႏွလုံးသားကို ခဲႏွင့္ဆြဲထားသဖြယ္ တင္းၾကပ္ေလးလံေနေလေတာ့သည္။

ေကာင္မေလးႏွင့္ စကားေျပာလက္စကို ျဖတ္ကာ ေဝခြဲမရေသာ စိတ္ေလးလံမႈတို႔ေၾကာင့္ မ်က္စိကိုမွိတ္ၿပီး စားပြဲေပၚ ေမွာက္အိပ္လိုက္မိေတာ့ အေတြးထဲဝင္လာသည္က ေအာင်စေပ်ိဳင်၏ မ်က္ႏွာ။

မ်က္ႏွာေခ်ာေခ်ာ ႏွင့္ အရမ္းရယ္ၿပဳံးတာမ်ိဳး မဟုတ္ပဲ ၿပဳံးေယာင္သန္းေနသည့္ ႏႈတ္ခမ္းပါးတို႔။ ႏြေးေထြးေသာ ရင္ခြင္က်ယ္ႀကီး။ လက္ေခ်ာင္းသြယ္သြယ္ေတြ။ အေတြးစိတ္ထဲမွာ ထိုျမင္ကြင္းမ်ားက တခုခ်င္းဆီအႏွေးျပကြက္ႏွင့္ ျပေနသလို တျဖည္းျဖည္း ျပန္လည္ျမင္ေယာင္လာမိေတာ့ ရင္ေတြတသိမ့္သိမ့္တုန္ခါ သြားရသည္။ၿပီးေနာက္ ခႏၶာကိုယ္ရဲ႕ တင္းမာမႈက ဖ်ဥ္းကနဲ။

ျပဳလုပ္ေနၾကအတိုင္း လုပ္ေဆာင္ရင္း ေလ်ာ့ခ်လိဳက္မိေတာ့ ေျပေပ်ာက္သြားေသာ အေပၚယံခံစားခ်က္မ်ား။ သို႔ေပမယ့္ ျပင္းျပစြာ ေတာက္ေလာင္ေနသည့္ စိတ္အတြင္းတစ္ေနရာက အပူကိုေတာ့ ၿငိမ္းေအးမသြားေစခဲ့ပါ။

"ဟူး.....ငါေတာ့ ေသခ်ာ စဥ္းစား ဆုံးျဖတ္မွရေတာ့မွာပဲ"

သက္ျပင္းခ်ရင္း ဆုံးျဖတ္ခ်က္တစ္ခုကို ခ်လိဳက္ကာ ဖုန္းကို ျပန္ကိုင္လိုက္မိသည္။

"ငါတို႔ အျပင္မွာ မုန့္သြားစားၾကရေအာင္ေလ။ ခင္တာလဲ ၾကာၿပီ အျပင္မွာမေတြ႕ဖူးေသးတာ မျဖစ္သင့္ဘူး ဟုတ္တယ္မလား"

"အျပင္မွာေတြ႕ခ်င္ရင္ေတာ့ မုန့္ဝယ္ေကြၽးမွ ရမွာေနာ္"

"တသက္လုံး ေကြၽးဆိုလဲ ေကြၽးထားနိုင္ပါတယ္😉"

"😂😂"

ေဇယ်ာတိုး၏ အႏွောင့္အသြားမလြတ္ စကားေတြကို တဖက္ေကာင္မေလးကေတာ့ ဘာမွျပန္မေျပာခဲ့ပဲ ထိုသို႔ Emoji ေလးနဲ႕သာ တုံ႕ျပန္ခဲ့ပါသည္။

"ဒါဆို မနက္ျဖန္အားလားဟင္"

"အားပါတယ္"

"ဒါဆို Apple Coffee ဆိုင္မွာ ေတြ႕ၾကမယ္ေလ။ အဲ့ဆိုင္ေလးက ခ်စ္စရာေလး ဓာတ္ဖမ္းလို႔ေကာင္းတယ္"

"ဟုတ္လား"

"......"

"......"

ဤသို႔ျဖင့္ ေဇယ်ာတိုးတေယာက္ ေကာင္မေလးႏွင့္ မနက္ျဖန္ခ်ိန္းေတြ႕ဖို႔ Date ခဲ့ေတာ့သည္။

သူေသခ်ာစမ္းသပ္ၿပီး ဆုံးျဖတ္မွ ျဖစ္ေတာ့မယ္ေလ။

▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶

(Unicode)

ဒီနေ့က ဘဲကြီး ခရီးထွက်သွားတာ သုံးရက်မြောက်နေ့။ အသေအချာ မှတ်ထားတယ်ရယ်လဲ မဟုတ်ပါဘူး ဒီလိုပဲသိနေတာ။ သိဆို ဖုန်းထဲမှာ ပေါ်နေတာကိုး။

"ကိုယ်သွားပြီနော်။ ဇေလေး အိပ်နေတုန်းမို့ ဖုန်းမဆက်တော့ဘူး။ ကျောင်းကိုဂရုစိုက်သွားအုံး"

သူခရီးသွားတဲ့ နေ့ထဲက အဲ့ဒီလို Messageတစ်စောင် လွဲပြီး နောက်ထပ် ဘာမှထပ် မပို့တော့ဘူးလေ။ ဒီကြားထဲ ဖုန်းလဲ တခါမှ မဆက်ဘူး။ အဲ့တာကြောင့် ဘဲကြီးရဲ့ နောက်ဆုံး Messageမှာ Date ကြီး ပြူးပြဲနေအောင် ပေါ်နေတော့ မမြင်ချင်လဲ မြင်နေရတော့ သိနေတာ။

အဲ့ဒီအောင်စေပိုင်ဆိုတဲ့ ဘဲကြီး ဆက်သွယ်သွယ် မသွယ်သွယ် ဇေယျာတိုးတို့က ဂရုကိုစိုက်မနေပါဘူး ဟွန်း....။

ဒါပေမယ့်ဘဲကြီးမရှိတဲ့ ရက်ပိုင်းအတွင်း Facebook ကကောင်မလေးနဲ့ သူနဲ့ က တော်တော်လေးခရီးပေါက်ကာအဆင်ပြေနေပြီလေ။ အခုဆို သူတို့က Facebook ပေါ်က ဟာသPost တွေမှာ Mention ခေါ်ရင်း စနောက်နေသည့် အဆင့်ထိတောင်တိုးတက်လာကြပြီ။

ဟားဟား ဘဲကြီးကပစ်ထားလဲ ဇေယျာတိုးတို့က ဂရုမစိုက် နောက်စော်နဲ့ ကြိုက်...ဟိုက်။

ဘာမှမဖြစ်သလို ဟန်ဆောင်ရယ်မောရင်း စိတ်ရဲ့အတွင်းတစ်နေရာမှာတော့ အနည်းငယ် လစ်ဟာနေသလိုခံစားချက် နှင့် ဝမ်းနည်းနေသည့် ခံစားချက်ကိုတော့ မသိချင်ယောင်ဆောင်ကာ လစ်လျူရှုထားပြီး ဇေယျာတိုးတစ်ယောက် ကောင်မလေးနှင့်သာ စကားပြောနေလိုက်တော့သည်။

ကောင်မလေးနှင့် ရောက်တတ်ရာရာ ထွေရာလေးပါး စကားပြောနေရင်း ည၁၁နာရီပင် ခွဲသွားလေတော့သည်။ ထိုစဥ် ဖုန်းထဲသို့ ဝင်လာသော အဝင်ကော တစ်ခု။ မှတ်ထားသော Contact မှာက "ဘဲကြီး" ။ ရင်ထဲမှာ လှိုက်ခနဲ အပျော်တွေ ဖြစ်ပေါ်သွားရပြီး ချက်ချင်းတန်းကိုင်မလို့ လုပ်ပြီးမှ ခဏစောင့်ပြီး စိတ်ကိုထိန်းကာ ဖုန်းကိုင်လိုက်သည်။

"ဟဲလို ကိုစေ"

"အင်း ဇေလေး။ အိပ်နေပြီလား။ ကိုယ်နှိုးလိုက်မိတာလား"

"မဟုတ်ပါဘူး။ မအိပ်ရသေးတာ"

"၁၂တောင် ထိုးတော့မယ် မအိပ်သေးဘူးလား။ နောက်ကျနေပြီကို"

"မနက် ကျောင်းပိတ်တယ်လေ အဲ့တာကြောင့်"

"အော်...."

"ဘာဖြစ်လို့လဲဟင်"

"ဘာမှမဖြစ်ပါဘူး။ ဇေလေး မအိပ်သေးရင် ဝရံတာကို ခဏထွက်ခဲ့လို့ရမလား"

"ဟမ် ဘာဖြစ်လို့လဲ"

"ကိုယ်.... ဇေလေးကို တွေ့ချင်လို့"

"အမ်.... ကိုစေ အိမ်ရှေ့ရောက်နေတာလား"

"အင်း"

အမေးနှင့်အတူ ကပျာကယာ အခန်းအပြင်ကို ထွက်ပြီး ဝရံတာဘက် ထွက်ကြည့်တော့ အမှန်တကယ်ပင် အောင်စေပိုင်က အိမ်အောက်မှာ ကားကိုမှီရင်း မတ်တပ်ရပ်ကာ ဖုန်းပြောနေသည်။ သူလဲ ဝရံပေါ်သို့ ရောက်လဲ ရောက်ရော ဘဲကြီးက ဖုန်းကိုကိုင်ထားရင်း သူ့ကိုကြည့်ကာ ပြုံးပြလာသည်။

"ဘယ်...ဘယ်လို ဖြစ်ပြီး ပြန်ရောက်လာတာလဲ။ ခရီးသွားတာ လေးငါးရက်ကြာမယ်ဆို"

"ဟုတ်တယ်။ ကိုယ်အလုပ်တွေမြန်မြန်ဖြတ်ပြီး ပြန်လာတာ"

"ဘယ်တုန်းက ပြန်ရောက်တာလဲ"

"အခုပဲ"

"အခုပဲ ရောက်ရောက်ချင်း ကျွန်တော့်ဆီလာခဲ့တာလား"

"အင်း"

"ပင်ပန်းနေမှာကို နားတာမဟုတ်ဘူး ကိုစေကလဲ။ နောက်နေ့မှ တွေ့လဲ ရတာပဲကို"

"အင်း....ကိုယ် လွမ်းလို့"

"အာ....."

"အခု မျက်နှာလေး မြင်ရပြီဆိုတော့ ရပါပြီ။ အထဲဝင်တော့လေ အပြင်မှာခြင်ကိုက်မယ်"

အောက်ထပ်မှာ သူ့ကိုကြည့်နေသည့် အောင့်စေပိုင်မျက်ဝန်းတွေကို ကြည့်ရင်း ရင်ခုန်လာရပြန်သည်။ ခရီးက ပြန်ရောက်ရောက်ချင်းမှာတောင် မနားပဲ သူ့ဆီ ချက်ချင်း အပြေးလာတွေ့သည့် ဘဲကြီးကို သူနည်းနည်းလောက်တော့ သနားလို့ရတယ်မလား။

"ခန....ခနလေး... ကိုစေ။ ကျွန်တော် ဆင်းလာခဲ့မယ် ခနစောင့်"

ဖုန်းကို ချကာ ဝရံတာကနေ အလျင်အမြန်ပြေးဝင်ရင်း အောက်ထပ်ကိုပြေးဆင်းမိသည်။ အောက်ထပ်ရောက်တော့ အမေနိုးမှာဆိုး၍ တိတ်တဆိတ် ခြေကိုဖွလျှောက်ရင်း သော့ယူကာ ခြံတံခါးဝဆီ ထွက်လာမိသည်။ အရေးထဲ သော့ကလဲ ဖွင့်ရတာခက်လိုက်တာ။

"ဂျလောက်"

ခြံတခါးဂလန့်ကို ဖွင့်ရင်း စိတ်ကိုထိန်းကာ အောင်စေပိုင်ရပ်နေသည့် နေရာနားကို ဖြေးဖြေးသာ သွားမိသည်။ ရင်တွေခုန်ကာ ခြေထောက်တွေပင် မခိုင်ချင်သော်လဲ အားတင်းကာ စိတ်အေးလက်အေးပုံစံဖမ်းပြီး လျှောက်သွားမိသည်။

အောင်စေပိုင် အနားရောက်သည်နှင့် စကားပြောမလို့ ပါးစပ်အဟ ဘဲကြီးက သူ့ကို တင်းကြပ်စွာ ဆွဲဖက်လိုက်သည်မို့ စကားလုံးများ ထွက်လာဖို့ အချိန်ပင် မရလိုက်ပါ။ တင်းကြပ်စွာပွေ့ဖက်ခံထားရသော ရင်ခွင်ကျယ်ကြီးထဲမှာ ငြိမ်ပြီးသာ နေလိုက်မိသည်။

သူလဲ အရမ်းသတိနေခဲ့တာ ဒီရင်ခွင်နွေးနွေးကို။

ဖက်ထားခံရတာ ဘယ်လောက်ကြာသွားမှန်းပင်မသိလိုက် အဆက်အပြတ်လှုပ်ခါနေသော နှလုံးသားပင် ငြိမ်သက်သွားတဲ့အထိ။ အချိန်အဲ့ဒီလောက် ကြာသွားတော့မှသာ အောင်စေပိုင်က ရင်ခွင်ထဲက လွှတ်ပေးတော့သည်။ ဇေယျာတိုး မျက်နှာတွေ ပူလောင်ကာ နီရဲနေမှာမှန်း မှန်မကြည့်ပဲနဲ့တောင် သိနိုင်ပါသည်။အောင်စေပိုင်က နီရဲနေသော ပါးလေးကို ခပ်ဖွဖွပွတ်သပ်လာပြီး

"ကိုယ်အရမ်းလွမ်းနေခဲ့တာ သိလား"

"အပိုတွေပါ။ ကျွန်တော့်ကို သုံးရက်လုံးလုံးအဆက်အသွယ်မလုပ်ပဲနဲ့ ပစ်ထားပြီးတော့များ"

မကျေနပ်သလို အပြစ်ပြောမိတော့ အောင်စေပိုင်က ခပ်ဟဟရယ်မောလာသည်။

"ကိုယ်အလုပ်တွေ ပြီးအောင် ​အမြန်ဖြတ်နေလို့ပါ"

"အဲ့တာနဲ့ပဲ ဖုန်းလေးတခါလောက်တောင် ဆက်ဖို့အချိန်မရဘူးပေါ့"

"မဟုတ်ပါဘူး"

"ဒါဆို ဖုန်းမဆက်ပဲ ကျွန်တော့်ကို ဘာလို့ပစ်ထားရတာလဲ"

ဆောင့်အောင့်ကာ ပြောလိုက်ပြန်တော့ အောင်စေပိုင်က သဘောတကျရယ်မောကာ ထပ်မံ၍ ရင်ခွင်ထဲဆွဲသွင်းကာ ဖက်လိုက်ပြန်သည်။

"ကိုယ်သည်းမခံနိုင်မှာဆိုးလို့။ ဇေလေး အသံကြားရင် အဲ့ဒီကနေ ချက်ချင်းပြန်လာပြီး ဖက်ထားမိလိမ့်မယ်။ အဲ့တာကြောင့် မဆက်တာပါ။ စိတ်မဆိုးပါနဲ့"

"ဟွန့် ဆင်ခြေတွေ"

ပါးစပ်ကသာ မယုံသလိုပြောလိုက်ပေမယ့် စိတ်မှာတော့ သဘောကျသွားကာ ကြည်နူးမိသွားတာကိုတော့ ဝန်ခံပါသည်။ အောင်စေပိုင့်ရင်ခွင်ထဲ ထပ်တိုးဝင်ရင်း ကျောပြင်ကိုသာ ပြန်ဖက်တွယ်ထားလိုက်မိတော့သည်။

အင်း....။
ကျွန်တော်လဲ သိပ်လွမ်းပါတယ်။

~~~~~~~~~~

ရက်သတ္တပတ် တပတ်လောက်ကြာမြင့်ပြီးတဲ့ အချိန်မှာ ကောင်မလေးနှင့် ဇေယျာတိုးတို့က ရိုးရိုးခင်မင်ကြတဲ့သူငယ်ချင်းအဖြစ်ကနေ အီစီကလီအဆင့်သို့ တိုးတက်လာခဲ့ကြတယ်။ ရည်းစားမကျ သူငယ်ချင်းမကျ အခြေအနေ Flirtကြသည့် အခြေအနေသို့ ရောက်လာခဲ့ကြသည်။

ဇေယျာတိုးရှေ့ဆက်တိုးကာ ရည်းစားစကားပြောလိုက်လျှင် ကောင်မလေးဘက်က လက်ခံမည့် အခြေအနေမှန်း သိနေသော်လဲ ရှေ့ဆက် ခြေတစ်လှမ်းတိုးဖို့ရာ ခက်ခဲနေလေတော့သည်။ ဘာကြောင့်မှန်းမသိရသည့် အကြောင်းအရာတစ်ခုက သူ့နှလုံးသားကို ခဲနှင့်ဆွဲထားသဖွယ် တင်းကြပ်လေးလံနေလေတော့သည်။

ကောင်မလေးနှင့် စကားပြောလက်စကို ဖြတ်ကာ ဝေခွဲမရသော စိတ်လေးလံမှုတို့ကြောင့် မျက်စိကိုမှိတ်ပြီး စားပွဲပေါ် မှောက်အိပ်လိုက်မိတော့ အတွေးထဲဝင်လာသည်က အောင်စေပ်ိုင်၏ မျက်နှာ။

မျက်နှာချောချော နှင့် အရမ်းရယ်ပြုံးတာမျိုး မဟုတ်ပဲ ပြုံးယောင်သန်းနေသည့် နှုတ်ခမ်းပါးတို့။ နွေးထွေးသော ရင်ခွင်ကျယ်ကြီး။ လက်ချောင်းသွယ်သွယ်တွေ။ အတွေးစိတ်ထဲမှာ ထိုမြင်ကွင်းများက တခုချင်းဆီအနှေးပြကွက်နှင့် ပြနေသလို တဖြည်းဖြည်း ပြန်လည်မြင်ယောင်လာမိတော့ ရင်တွေတသိမ့်သိမ့်တုန်ခါ သွားရသည်။ပြီးနောက် ခန္ဓာကိုယ်ရဲ့ တင်းမာမှုက ဖျဥ်းကနဲ။

ပြုလုပ်နေကြအတိုင်း လုပ်ဆောင်ရင်း လျော့ချလိုက်မိတော့ ပြေပျောက်သွားသော အပေါ်ယံခံစားချက်များ။ သို့ပေမယ့် ပြင်းပြစွာ တောက်လောင်နေသည့် စိတ်အတွင်းတစ်နေရာက အပူကိုတော့ ငြိမ်းအေးမသွားစေခဲ့ပါ။

"ဟူး.....ငါတော့ သေချာ စဥ်းစား ဆုံးဖြတ်မှရတော့မှာပဲ"

သက်ပြင်းချရင်း ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ကာ ဖုန်းကို ပြန်ကိုင်လိုက်မိသည်။

"ငါတို့ အပြင်မှာ မုန့်သွားစားကြရအောင်လေ။ ခင်တာလဲ ကြာပြီ အပြင်မှာမတွေ့ဖူးသေးတာ မဖြစ်သင့်ဘူး ဟုတ်တယ်မလား"

"အပြင်မှာတွေ့ချင်ရင်တော့ မုန့်ဝယ်ကျွေးမှ ရမှာနော်"

"တသက်လုံး ကျွေးဆိုလဲ ကျွေးထားနိုင်ပါတယ်😉"

"😂😂"

ဇေယျာတိုး၏ အနှောင့်အသွားမလွတ် စကားတွေကို တဖက်ကောင်မလေးကတော့ ဘာမှပြန်မပြောခဲ့ပဲ ထိုသို့ Emoji လေးနဲ့သာ တုံ့ပြန်ခဲ့ပါသည်။

"ဒါဆို မနက်ဖြန်အားလားဟင်"

"အားပါတယ်"

"ဒါဆို Apple Coffee ဆိုင်မှာ တွေ့ကြမယ်လေ။ အဲ့ဆိုင်လေးက ချစ်စရာလေး ဓာတ်ဖမ်းလို့ကောင်းတယ်"

"ဟုတ်လား"

"......"

"......"

ဤသို့ဖြင့် ဇေယျာတိုးတယောက် ကောင်မလေးနှင့် မနက်ဖြန်ချိန်းတွေ့ဖို့ Date ခဲ့တော့သည်။

သူသေချာစမ်းသပ်ပြီး ဆုံးဖြတ်မှ ဖြစ်တော့မယ်လေ။

Seguir leyendo

También te gustarán

15.2K 1K 49
Truyện kể về khi Nga một cường quốc vũ khí bị dịch chuyển sẽ như thế nào và hành trình của họ sẽ đi đến những sự kiện, bí ẩn nào đang chờ họ ở phía t...
2.9K 276 5
𝗙𝗶𝗻𝗱 𝘁𝗼𝗼 𝗺𝗮𝗻𝘆 𝘄𝗮𝘆 𝘁𝗼 𝗵𝗮𝘁𝗲 𝘆𝗼𝘂,𝗯𝘂𝘁 𝗜 𝗰𝗮𝗻'𝘁 𝗳𝗶𝗻𝗱 𝗶𝘁 𝗮𝗻𝘆𝘄𝗵𝗲𝗿𝗲.
36.9K 3.3K 7
တစ်ယောက်ကို တစ်ယောက် နူးညံ့စွာ ငြိတွယ်မိကြပြီး ချစ်မြတ်နိုးမိသွားကြတာဟာ အပြစ်တစ်ခု ဆိုပါလျှင် ...။ / / တစ္ေယာက္ကို တစ္ေယာက္ ႏူးညံ့စြာ ၿငိတြယ္မိၾကၿပီး...
225K 8.7K 38
ဒီဇာတ်ကောင်လေးတွေကရင်းနှီးပြီးသားဖြစ်မှာပါ မျှစ်ပြုတ်နဲ့သက်ဝေယံတို့အတွဲလေးပါ