နှလုံးသားအရင်းအနှီး [Complete]

By MyaMo_95

477K 23.2K 203

အလောင်းအစားတစ်ခုကြောင့် စခဲ့တဲ့ကစားပွဲတစ်ခုမှာ နှလုံးသားတစ်ခု အရင်းပြုလိုက်ရသည့်အခါ...။ (Drama မပါပဲ Romance... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁ဝ
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂ဝ
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
ဇာတ်သိမ်းပိုင်း(End)
✨Character Art✨
✨Cover Art✨

အပိုင်း ၁၆

9.9K 569 6
By MyaMo_95

(Zawgyi)

"ဘာစားမလဲ ေဇေလး"

"ေ႐ႊေတာင္ေခါက္ဆြဲ"

"အင္း ကိုယ္သြားမွာလိုက္မယ္ေနာ္"

မနက္စာ စားေနခိုက္ စားပြဲနားကို ေရာက္လာေသာ လူတစ္ေယာက္။

"ကိုေအာင္ေစပိုင္လားခင္ဗ်"

"ဟုတ္ပါတယ္"

"ေတြ႕ရတာ ဝမ္းသာပါတယ္ဗ်ာ။ ကိုေအာင္ေစပိုင္နဲ႕ လုပ္ငန္းကိစၥေျပာဆိုစရာေလး ရွိလို႔ ခနေလာက္အခ်ိန္ေပးလို႔ရမလား"

"စိတ္ေတာ့ မရွိပါနဲ႕။ အခု ကြၽန္ေတာ့္ အားလပ္ခ်ိန္ျဖစ္ေနလို႔ပါ"

"သိပ္မၾကာပါဘူးခင္ဗ်ာ။ အခ်ိန္ခနေလာက္ပါပဲ။ Project ေလးအေၾကာင္း ေျပာခ်င္လို႔ပါ"

ေအာင္ေစပိုင္က သူ႕ဆီ ခြင့္ေတာင္းသလို အၾကည့္တို႔ေရာက္လာသည္။

အင္း....။
သိပ္ေတာ့ မေက်နပ္ေပမယ့္ သည္းခံလိုက္ပါ့မယ္။ အလုပ္မ်ားတဲ့ ဘဲႀကီးေတြနဲ႕ တြဲမိေတာ့လဲ နဲနဲေတာ့ နားလည္ေပးရမွာေပါ့။

"ကြၽန္ေတာ္က ရပါတယ္။ ကိုေစ အလုပ္ကိစၥရွိရင္ လုပ္ေလ။ ကြၽန္ေတာ္ေစာင့္ေနမယ္"

"အင္း။ အဲ့တာဆို ကိုယ္ခနေလာက္ စကားေျပာမယ္ေနာ္"

"ဟုတ္"

ေအာင္ေစပိုင္၏ ခြင့္ေတာင္းသလို အေျပာေၾကာင့္ ေဘးနားက လူက သူ႕ကိုအကဲခတ္သလိုၾကည့္လာသည္။ ထိုအခ်ိန္ ေအာင္ေစပိုင္က အၾကည့္တို႔ကို ရိပ္စားမိ၍ ထင္သည္။

"ဒါ ကြၽန္ေတာ့္ ခ်စ္သူေကာင္ေလးပါ။ ဒီေန႕ သူနဲ႕ အတူအခ်ိန္ကုန္မယ္လို႔ ကတိေပးထားတာမို႔လို႔ေလ"

"အာ... အားနာလိုက္တာဗ်ာ။ မၾကာေစရပါဘူး ခနပါပဲ။ ႏွစ္ေယာက္သားအခ်ိန္ကို ယူမိလို႔ ေတာင္းပန္ပါတယ္ ခင္ဗ်ာ"

ေအာင္ေစပိုင္၏ ႐ုတ္တရက္ မိတ္ဆက္ေပးၿပီး ေျပာလိုက္သည့္စကားတြင္ ေဇယ်ာတိုး ေၾကာင္အမ္းကာ ဆြံ႕အသြားရသည္။ သူ႕ကို အားနာစြာ ေတာင္းပန္ေနသည့္လူကိုပင္ ဘာမွျပန္မေျပာနိုင္ေတာ့ ရွက္ၿပဳံးေလးသာ ၿပဳံးျပလိုက္မိသည္။

အာ..... ဒီလူႀကီးက ေတာ္ေတာ္ဆိုးတာပဲ။

အခ်ိန္အေတာ္ၾကာတဲ့ အထိ နားမလည္ေသာ လုပ္ငန္းအေၾကာင္းအရာမ်ား ေျပာေနၾကေသာ ေၾကာင့္ ပ်င္းရိလာသည္။ ၿငိမ္ၿငိမ္ေလး ထိုင္မေနတတ္သည့္ အက်င့္ေၾကာင့္ ခုံမွာ ထိုင္ေနရတာ အနည္းငယ္ၾကာလာေသာအခါ ခႏၶာကိုယ္အႏွံ႕ အေၾကာေပါင္းစုံက ယြစိတက္လာသည္။ ခါးကလဲ ေညာင္းၿပီး ေျခေထာက္ကလဲ လႈပ္ယြခ်င္လာသည္။ လက္က တစ္ရႈးစကို ေျခမြရင္း ႏႈတ္ခမ္းတို႔က ဆူလာမိသည္။ ေျခေထာက္မ်ားကို လႈပ္ရမ္းေနမိၿပီး ေဘးမွာ ထိုင္ေနသည့္ ေအာင္ေစပိုင္ေျခေထာက္မ်ားကိုပင္ သြားသြားထိမိသည္။

ဟင္း......ဒီဘဲႀကီးနဲ႕ တြဲရတာ ပ်င္းဖို႔ေကာင္းလိုက္တာ။

ထိုစဥ္ ေပါင္ေပၚတင္ထားေသာ လက္တို႔ကို ဆုပ္ကိုင္လာေသာ လက္တစ္ဖက္။ေဘးကို ၾကည့္လိုက္ေတာ့ ေအာင္ေစပိုင္က သူ႕ကို ေခါင္းငဲ့ၾကည့္ရင္း ေျပာလာသည္။

"ခနေလးပဲ။ ၿပီးေတာ့မွာ"

ေအာင္ေစပိုင္လက္မ်ားကို ျပန္လည္ယွက္ႏြယ္ကာ ဆုပ္ကိုင္လိုက္ရင္း ၿပဳံးၿပီး ေျပာလိုက္မိသည္။

"ဟုတ္။ ရတယ္"

အင္း.....။
ခုနက ေျပာတဲ့စကားကို ျပန္႐ုတ္သိမ္းတယ္။
ဒီဘဲႀကီးနဲ႕ တြဲရတာ ရင္ခုန္ဖို႔ေကာင္းတယ္။

ေအာင္ေစပိုင့္ လက္ေခ်ာင္းမ်ားကို ဆုပ္ကိုင္ရင္း ေဆာ့ကစားေနမိသည္။ လက္ဝါးျပင္ေပၚ လက္သည္းတို႔ႏွင့္ခပ္ဖြဖြျခစ္ဆြဲရင္း တခါတေလ ဆိတ္ဆြဲမိသည္။ လုပ္ငန္းကိစၥစကားေျပာေနသည့္ ေအာင္ေစပိုင္ကေတာ့ ဒါကို သတိမထားမိေလသလား မေျပာတတ္။

ထို႔သို႔ကစားေနရင္း အမွတ္မထင္ လက္ဝါးျပင္ေပၚ အသဲပုံေလး ကို လက္ညိုးျဖင့္ ေရးျခစ္မိေသာအခါ ေအာင္ေစပိုင္၏ ေျပာလက္စ စကားတို႔ ျပတ္ေတာက္သြားၿပီး သူ႕ကို ျဖတ္ခနဲ လွည့္ၾကည့္လာသည္။ ထိုမွသာ ေဇယ်ာတိုးလဲ အသိစိတ္ဝင္ကာ ဘာလုပ္မိမွန္း သတိဝင္သြားၿပီး ရွက္ေသြးျဖာသြားရသည္။

ေအာင္ေစပိုင့္၏ အၾကည့္စူးစူးေတြေအာက္ ဆက္ၿပီး ျပန္မၾကည့္ရဲေတာ့သျဖင့္ ေခါင္းကို ငုံခ်လိဳက္မိေတာ့သည္။ ထိုအခါ ေဇယ်ာတိုးလက္ကို တင္းၾကပ္စြာ ဆုပ္ကိုင္လာေသာ လက္ေခ်ာင္းမ်ား။ ထို႔ေနာက္ စကားဝိုင္းကို စကားစအျမန္ျဖတ္လိုက္ၿပီး ကားေပၚျပန္လာခဲ့သည္ ထင္သည္။
ေဇယ်ာတိုးလဲရွက္စိတ္ေၾကာင့္ ဘာဆက္ျဖစ္မွန္းမသိေတာ့ပဲ ေအာင္ေစပိုင့္ လက္ကိုသာ တင္းတင္းဆုပ္ကိုင္ထားမိၿပီး မလႊတ္မိေတာ့။

"ကိုယ္ေတာင္းပန္ပါတယ္ေနာ္။ အလုပ္ကိစၥ စကားေျပာတာ ၾကာသြားလို႔"

"ရ....ရပါတယ္။ အရမ္းႀကီးလဲ မၾကာပါဘူး"

"အဲ့ဒါဆို ေဇေလး ဘယ္သြားခ်င္လဲဟင္"

"ဟင့္အင္း မသြားခ်င္ေတာ့ဘူး"

"ဘာျဖစ္လို႔လဲ။ ကိုယ့္ကို စိတ္ဆိုးသြားတာလား"

"မဟုတ္ပါဘူး။ ဘယ္မွမသြားခ်င္ေတာ့ဘူး အိမ္ပဲ ျပန္ေတာ့မယ္"

"ဘာျဖစ္လို႔လဲ။ ကိုယ့္ေၾကာင့္ဆိုရင္ေတာ့ ကိုယ္ေတာင္းပန္ပါတယ္။ ေနာက္ ေဇေလးနဲ႕ ရွိေနခ်ိန္ အလုပ္မလုပ္ေတာ့ဘူး"

"ကိုေစေၾကာင့္ မဟုတ္ပါဘူး"

"အဲ့တာဆို အိမ္ျပန္မယ္ဆိုတာက"

"အင္း....အိမ္ျပန္ေတာ့ ျပန္မွာ။ ဒါေပမယ့္ ကိုေစ့အိမ္။ အျပင္ေလွ်ာက္သြားေနရင္ အသိေတြနဲ႕ ေတြ႕ၿပီး အလုပ္ကိစၥ ထပ္ေျပာေနရအုံးမယ္။ အိမ္မွာက် ဘယ္သူမွ မေတြ႕ေတာ့ဘူးေလ"

သူ႕အေျပာကို ေအာင္ေစပိုင္က ရယ္သည္ေလ။

"အင္းပါ ေဇေလး သေဘာ"

ေခါင္းကိုဖြၿပီး ရယ္ေမာကာ ေျပာလိုက္သည့္ ေအာင္ေစပိုင္ေၾကာင့္ မ်က္ေစာင္းတစ္ခ်က္ထိုးလိုက္မိရင္း ပြသြားသည့္ ေခါင္းကို သပ္လိုက္မိသည္။

"သားတို႔ အေစာႀကီး ျပန္လာၾကပါလား ဘာျဖစ္လို႔လဲ"

ဧည့္ခန္းထဲမွာ သိုးေမႊးထိုးေနသည့္ ေဒၚတင္ႏြယ္က အေမးရွိေတာ့ ေဇယ်ာတိုး သြားေလး ၿဖီးကာ ေျပာလိုက္မိသည္။

"ဟုတ္တယ္ ေဒၚေဒၚႏြယ္ရဲ႕။ အျပင္မွာ ေနအရမ္းပူလို႔ အိမ္မွာပဲ ေနမလို႔။ ဘာေတြလုပ္ေနတာလဲဟင္"

"သိုးေမႊးထိုးေနတာ သားငယ္ေလးရဲ႕"

"ဟုတ္လား။ သားကိုလဲ ထိုးေပး"

"အမေလး ထိုးေပးမွာေပါ့ရွင္"

"ဟီး ေက်းဇူး ေဒၚေဒၚႏြယ္ အာဘြား"

"အမေလး က်ဳပ္ကို လာခြၽဲမေနပါနဲ႕။ ကိုယ့္ရည္းစားကိုယ္ပဲ သြား ခြၽဲပါ"

"ဗ်ာ...."

ေဒၚေဒၚတင္ႏြယ္က ဝင္လာသည့္ ေအာင္ေစပိုင္ကို မ်က္စပစ္ရင္း ေျပာေတာ့ ေဇယ်ာတိုး တေယာက္လန့္ျဖန့္သြားရသည္။ သူခိုးလူမိဆိုသလို ရွက္ကိုးရွက္ကန္းျဖစ္သြားၿပီး ေအာင္ေစပိုင့္ကို လွမ္းၾကည့္မိသည္။

"သိ... သိေနတာလား ေဒၚေဒၚႏြယ္က သားတို႔အေၾကာင္း"

"အို...ဘာကိုသိရမွာလဲ။ ဒို႔လို အပ်ိဳႀကီးေတြက ဘာဆို ဘာမွကို မသိပါဘူးကြယ္"

"အာ...ေဒၚေဒၚႏြယ္ကလဲဗ်ာ"

ေဒၚေဒၚႏြယ္က ၿပဳံးစိစိလုပ္ရင္း သူကို စေနသျဖင့္ ရွက္ယမ္းယမ္းကာ အေပၚသို႔သာ ေျပးတက္ခဲ့မိေတာ့သည္။ အခန္းထဲဝင္လာသည့္ ေအာင္ေစပိုင့္ကို ေတြ႕ေတာ့ အေျပးေလး အနားသြားကာ ေမးမိသည္။

"ကိုေစ ကိုေစ။ ေဒၚေဒၚႏြယ့္ ကို ကြၽန္ေတာ့္တို႔အေၾကာင္း ေျပာျပထားတာလားဟင္"

"အင္း...ကိုယ္တို႔ စတြဲထဲက ေျပာျပထားတာ"

"အာ....."

"ဘာျဖစ္လို႔လဲ။ ေဇေလး မႀကိဳက္လို႔လား"

"အဲ့...အဲ့လိုေတာ့ မဟုတ္ေပမယ္ ကြၽန္ေတာ္တို႔က ေယာက်္ားေလးႏွစ္ေယာက္မို႔ ေဒၚေဒၚႏြယ္ တမ်ိဳးထင္မွာဆိုးလို႔"

"အဲ့ဒီကိစၥအတြက္ေတာ့ စိတ္မပူပါနဲ႕။ ေဒၚေလးက ကိုယ့္အေၾကာင္း အစထဲက သိသလို ေဇေလးကိုလဲ ခ်စ္ပါတယ္"

ေအာင္ေစပိုင့္ေျပာတာကို စဥ္းစားကာေတြးေနရင္း မ်က္စိေရွ႕ေရာက္လာေသာ လက္တဖက္။ လက္ဝါးျဖန့္ကာ တခုခုကို ေတာင္းေနသည့္ ပုံစံေၾကာင့္ ေအာင္ေစပိုင့္ကို နားမလည္သလိုၾကည့္လိုက္မိသည္။

"ဘာလဲ ဟင္"

"ဒီတစ္ဖက္ေပးဖို႔ က်န္ေသးတယ္ေလ"

"ဘာေပးစရာရွိလို႔လဲ"

"ခုနက စားေသာက္ဆိုင္မွာ ေပးတာမ်ိဳးေလ။ အဲ့ဒါ ဒီဖက္တစ္ဖက္ က်န္ေသးတယ္ ေပးဖို႔"

"အာ ကိုေစကလဲ ဗ်ာ...."

မ်က္လုံးအၾကည့္ခ်င္းဆုံကာ ေျပာလိုက္သည္ေၾကာင့္ ေအာင္ေစပိုင့္အၾကည့္ေတြကို မခံနိုင္ေတာ့သျဖင့္ မ်က္ႏွာကို ငုံ႕ခ်လိဳက္မိသည္။

"မေပးေတာ့ဘူးလား ဟင္"

အနည္းငယ္ ဝမ္းနည္းေနသလို ေလသံေၾကာင့္ လက္ကို ဆြဲခ်ကာ ခပ္ျမန္ျမန္ အသဲပုံေလး လက္ညိုးႏွင့္ ေရးဆြဲျခစ္ၿပီးေနာက္ လႊတ္ေပးလိုက္ၿပီး ေခါင္းကို ျပန္ငုံ႕ခ်လိဳက္သည္။ ထိုစဥ္ သေဘာတက်ရယ္ေမာသံ ထြက္ေပၚလာၿပီး ရင္ခြင္ထဲ ဆြဲသြင္းကာ ဖက္ထားခံလိုက္ရသည္။

ရင္ခုန္ႏႈန္းေတြက ဒိန္းခနဲ ေဆာင့္တက္သြားရၿပီး ဦးေခါင္းခြံထိ ေပါက္ကြဲထြက္သြားသည္။ အသိစိတ္ကို ခ်ဳပ္ထိန္းလို႔ မရနိုင္ခင္မွာပင္ လက္တို႔က အထိန္းအကြပ္မဲ့စြာ ေအာင္ေစပိုင့္ ခါးတို႔ကို ျပန္လည္ ဖက္တြယ္ထားမိလိုက္သည္။

လက္ႏွစ္ခုခ်င္းခ်ိတ္ဆက္မိသည္အထိ ခါးကိုဖက္ထားလိုက္မိေတာ့ ပုခုံးေပၚက ေအာင္ေစပိုင့္ လက္တို႔ကလဲ ပိုမိုတင္းၾကပ္သြားၿပီး ေအာင္ေစပိုင့္ ရင္ခြင္ထဲသူ႕တကိုယ္လုံးမွာ ေနရာလပ္ မရွိသည္အထိ ျပည့္က်ပ္သြားရသည္။

ရင္ဘတ္ခ်င္းနီးကပ္ေနခိုက္မွာ ကိုယ့္ႏွလုံးခုန္သံ ကိုယ္ ျပန္ၾကားေနရသည္အထိ ႏွလုံးသားက ျမန္ဆန္စြာ ခုန္ေပါက္ေနခဲ့သည္။ ပိုဆိုးသည္က ဒီလိုေနရာလပ္မရွိေအာင္ မြန္းၾကပ္စြာ ဖက္ထားခံရသည့္ ခံစားခ်က္ကို သူသေဘာက်ေနျခင္းေပ။

Shit.... ငါေတာ့ တကယ္သြားၿပီ။
ဒီလူႀကီးကို ႀကိဳက္တကယ္သြားၿပီ ထင္တယ္။

▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶

(Unicode)

"ဘာစားမလဲ ဇေလေး"

"ရွှေတောင်ခေါက်ဆွဲ"

"အင်း ကိုယ်သွားမှာလိုက်မယ်နော်"

မနက်စာ စားနေခိုက် စားပွဲနားကို ရောက်လာသော လူတစ်ယောက်။

"ကိုအောင်စေပိုင်လားခင်ဗျ"

"ဟုတ်ပါတယ်"

"တွေ့ရတာ ဝမ်းသာပါတယ်ဗျာ။ ကိုအောင်စေပိုင်နဲ့ လုပ်ငန်းကိစ္စပြောဆိုစရာလေး ရှိလို့ ခနလောက်အချိန်ပေးလို့ရမလား"

"စိတ်တော့ မရှိပါနဲ့။ အခု ကျွန်တော့် အားလပ်ချိန်ဖြစ်နေလို့ပါ"

"သိပ်မကြာပါဘူးခင်ဗျာ။ အချိန်ခနလောက်ပါပဲ။ Project လေးအကြောင်း ပြောချင်လို့ပါ"

အောင်စေပိုင်က သူ့ဆီ ခွင့်တောင်းသလို အကြည့်တို့ရောက်လာသည်။

အင်း....။
သိပ်တော့ မကျေနပ်ပေမယ့် သည်းခံလိုက်ပါ့မယ်။ အလုပ်များတဲ့ ဘဲကြီးတွေနဲ့ တွဲမိတော့လဲ နဲနဲတော့ နားလည်ပေးရမှာပေါ့။

"ကျွန်တော်က ရပါတယ်။ ကိုစေ အလုပ်ကိစ္စရှိရင် လုပ်လေ။ ကျွန်တော်စောင့်နေမယ်"

"အင်း။ အဲ့တာဆို ကိုယ်ခနလောက် စကားပြောမယ်နော်"

"ဟုတ်"

အောင်စေပိုင်၏ ခွင့်တောင်းသလို အပြောကြောင့် ဘေးနားက လူက သူ့ကိုအကဲခတ်သလိုကြည့်လာသည်။ ထိုအချိန် အောင်စေပိုင်က အကြည့်တို့ကို ရိပ်စားမိ၍ ထင်သည်။

"ဒါ ကျွန်တော့် ချစ်သူကောင်လေးပါ။ ဒီနေ့ သူနဲ့ အတူအချိန်ကုန်မယ်လို့ ကတိပေးထားတာမို့လို့လေ"

"အာ... အားနာလိုက်တာဗျာ။ မကြာစေရပါဘူး ခနပါပဲ။ နှစ်ယောက်သားအချိန်ကို ယူမိလို့ တောင်းပန်ပါတယ် ခင်ဗျာ"

အောင်စေပိုင်၏ ရုတ်တရက် မိတ်ဆက်ပေးပြီး ပြောလိုက်သည့်စကားတွင် ဇေယျာတိုး ကြောင်အမ်းကာ ဆွံ့အသွားရသည်။ သူ့ကို အားနာစွာ တောင်းပန်နေသည့်လူကိုပင် ဘာမှပြန်မပြောနိုင်တော့ ရှက်ပြုံးလေးသာ ပြုံးပြလိုက်မိသည်။

အာ..... ဒီလူကြီးက တော်တော်ဆိုးတာပဲ။

အချိန်အတော်ကြာတဲ့ အထိ နားမလည်သော လုပ်ငန်းအကြောင်းအရာများ ပြောနေကြသော ကြောင့် ပျင်းရိလာသည်။ ငြိမ်ငြိမ်လေး ထိုင်မနေတတ်သည့် အကျင့်ကြောင့် ခုံမှာ ထိုင်နေရတာ အနည်းငယ်ကြာလာသောအခါ ခန္ဓာကိုယ်အနှံ့ အကြောပေါင်းစုံက ယွစိတက်လာသည်။ ခါးကလဲ ညောင်းပြီး ခြေထောက်ကလဲ လှုပ်ယွချင်လာသည်။ လက်က တစ်ရှုးစကို ခြေမွရင်း နှုတ်ခမ်းတို့က ဆူလာမိသည်။ ခြေထောက်များကို လှုပ်ရမ်းနေမိပြီး ဘေးမှာ ထိုင်နေသည့် အောင်စေပိုင်ခြေထောက်များကိုပင် သွားသွားထိမိသည်။

ဟင်း......ဒီဘဲကြီးနဲ့ တွဲရတာ ပျင်းဖို့ကောင်းလိုက်တာ။

ထိုစဥ် ပေါင်ပေါ်တင်ထားသော လက်တို့ကို ဆုပ်ကိုင်လာသော လက်တစ်ဖက်။ဘေးကို ကြည့်လိုက်တော့ အောင်စေပိုင်က သူ့ကို ခေါင်းငဲ့ကြည့်ရင်း ပြောလာသည်။

"ခနလေးပဲ။ ပြီးတော့မှာ"

အောင်စေပိုင်လက်များကို ပြန်လည်ယှက်နွယ်ကာ ဆုပ်ကိုင်လိုက်ရင်း ​ပြုံးပြီး ပြောလိုက်မိသည်။

"ဟုတ်။ ရတယ်"

အင်း.....။
ခုနက ပြောတဲ့စကားကို ပြန်ရုတ်သိမ်းတယ်။
ဒီဘဲကြီးနဲ့ တွဲရတာ ရင်ခုန်ဖို့ကောင်းတယ်။

အောင်စေပိုင့် လက်ချောင်းများကို ဆုပ်ကိုင်ရင်း ဆော့ကစားနေမိသည်။ လက်ဝါးပြင်ပေါ် လက်သည်းတို့နှင့်ခပ်ဖွဖွခြစ်ဆွဲရင်း တခါတလေ ဆိတ်ဆွဲမိသည်။ လုပ်ငန်းကိစ္စစကားပြောနေသည့် အောင်စေပိုင်ကတော့ ဒါကို သတိမထားမိလေသလား မပြောတတ်။

ထို့သို့ကစားနေရင်း အမှတ်မထင် လက်ဝါးပြင်ပေါ် အသဲပုံလေး ကို လက်ညိုးဖြင့် ရေးခြစ်မိသောအခါ အောင်စေပိုင်၏ ပြောလက်စ စကားတို့ ပြတ်တောက်သွားပြီး သူ့ကို ဖြတ်ခနဲ လှည့်ကြည့်လာသည်။ ထိုမှသာ ဇေယျာတိုးလဲ အသိစိတ်ဝင်ကာ ဘာလုပ်မိမှန်း သတိဝင်သွားပြီး ရှက်သွေးဖြာသွားရသည်။

အောင်စေပိုင့်၏ အကြည့်စူးစူးတွေအောက် ဆက်ပြီး ပြန်မကြည့်ရဲတော့သဖြင့် ခေါင်းကို ငုံချလိုက်မိတော့သည်။ ထိုအခါ ဇေယျာတိုးလက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လာသော လက်ချောင်းများ။ ထို့နောက် စကားဝိုင်းကို စကားစအမြန်ဖြတ်လိုက်ပြီး ကားပေါ်ပြန်လာခဲ့သည် ထင်သည်။
ဇေယျာတိုးလဲရှက်စိတ်ကြောင့် ဘာဆက်ဖြစ်မှန်းမသိတော့ပဲ အောင်စေပိုင့် လက်ကိုသာ တင်းတင်းဆုပ်ကိုင်ထားမိပြီး မလွှတ်မိတော့။

"ကိုယ်တောင်းပန်ပါတယ်နော်။ အလုပ်ကိစ္စ စကားပြောတာ ကြာသွားလို့"

"ရ....ရပါတယ်။ အရမ်းကြီးလဲ မကြာပါဘူး"

"အဲ့ဒါဆို ဇေလေး ဘယ်သွားချင်လဲဟင်"

"ဟင့်အင်း မသွားချင်တော့ဘူး"

"ဘာဖြစ်လို့လဲ။ ကိုယ့်ကို စိတ်ဆိုးသွားတာလား"

"မဟုတ်ပါဘူး။ ဘယ်မှမသွားချင်တော့ဘူး အိမ်ပဲ ပြန်တော့မယ်"

"ဘာဖြစ်လို့လဲ။ ကိုယ့်ကြောင့်ဆိုရင်တော့ ကိုယ်တောင်းပန်ပါတယ်။ နောက် ဇေလေးနဲ့ ရှိနေချိန် အလုပ်မလုပ်တော့ဘူး"

"ကိုစေကြောင့် မဟုတ်ပါဘူး"

"အဲ့တာဆို အိမ်ပြန်မယ်ဆိုတာက"

"အင်း....အိမ်ပြန်တော့ ပြန်မှာ။ ဒါပေမယ့် ကိုစေ့အိမ်။ အပြင်လျှောက်သွားနေရင် အသိတွေနဲ့ တွေ့ပြီး အလုပ်ကိစ္စ ထပ်ပြောနေရအုံးမယ်။ အိမ်မှာကျ ဘယ်သူမှ မတွေ့တော့ဘူးလေ"

သူ့အပြောကို အောင်စေပိုင်က ရယ်သည်လေ။

"အင်းပါ ဇေလေး သဘော"

ခေါင်းကိုဖွပြီး ရယ်မောကာ ပြောလိုက်သည့် အောင်စေပိုင်ကြောင့် မျက်စောင်းတစ်ချက်ထိုးလိုက်မိရင်း ပွသွားသည့် ခေါင်းကို သပ်လိုက်မိသည်။

"သားတို့ အစောကြီး ပြန်လာကြပါလား ဘာဖြစ်လို့လဲ"

ဧည့်ခန်းထဲမှာ သိုးမွှေးထိုးနေသည့် ဒေါ်တင်နွယ်က အမေးရှိတော့ ဇေယျာတိုး သွားလေး ဖြီးကာ ပြောလိုက်မိသည်။

"ဟုတ်တယ် ဒေါ်ဒေါ်နွယ်ရဲ့။ အပြင်မှာ နေအရမ်းပူလို့ အိမ်မှာပဲ နေမလို့။ ဘာတွေလုပ်နေတာလဲဟင်"

"သိုးမွှေးထိုးနေတာ သားငယ်လေးရဲ့"

"ဟုတ်လား။ သားကိုလဲ ထိုးပေး"

"အမလေး ထိုးပေးမှာပေါ့ရှင်"

"ဟီး ကျေးဇူး ဒေါ်ဒေါ်နွယ် အာဘွား"

"အမလေး ကျုပ်ကို လာချွဲမနေပါနဲ့။ ကိုယ့်ရည်းစားကိုယ်ပဲ သွား ချွဲပါ"

"ဗျာ...."

ဒေါ်ဒေါ်တင်နွယ်က ဝင်လာသည့် အောင်စေပိုင်ကို မျက်စပစ်ရင်း ပြောတော့ ဇေယျာတိုး တယောက်လန့်ဖြန့်သွားရသည်။ သူခိုးလူမိဆိုသလို ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး အောင်စေပိုင့်ကို လှမ်းကြည့်မိသည်။

"သိ... သိနေတာလား ဒေါ်ဒေါ်နွယ်က သားတို့အကြောင်း"

"အို...ဘာကိုသိရမှာလဲ။ ဒို့လို အပျိုကြီးတွေက ဘာဆို ဘာမှကို မသိပါဘူးကွယ်"

"အာ...ဒေါ်ဒေါ်နွယ်ကလဲဗျာ"

ဒေါ်ဒေါ်နွယ်က ပြုံးစိစိလုပ်ရင်း သူကို စနေသဖြင့် ရှက်ယမ်းယမ်းကာ အပေါ်သို့သာ ပြေးတက်ခဲ့မိတော့သည်။ အခန်းထဲဝင်လာသည့် အောင်စေပိုင့်ကို တွေ့တော့ အပြေးလေး အနားသွားကာ မေးမိသည်။

"ကိုစေ ကိုစေ။ ဒေါ်ဒေါ်နွယ့် ကို ကျွန်တော့်တို့အကြောင်း ပြောပြထားတာလားဟင်"

"အင်း...ကိုယ်တို့ စတွဲထဲက ပြောပြထားတာ"

"အာ....."

"ဘာဖြစ်လို့လဲ။ ဇေလေး မကြိုက်လို့လား"

"အဲ့...အဲ့လိုတော့ မဟုတ်ပေမယ် ကျွန်တော်တို့က ယောကျ်ားလေးနှစ်ယောက်မို့ ဒေါ်ဒေါ်နွယ် တမျိုးထင်မှာဆိုးလို့"

"အဲ့ဒီကိစ္စအတွက်တော့ စိတ်မပူပါနဲ့။ ဒေါ်လေးက ကိုယ့်အကြောင်း အစထဲက သိသလို ဇေလေးကိုလဲ ချစ်ပါတယ်"

အောင်စေပိုင့်ပြောတာကို စဥ်းစားကာတွေးနေရင်း မျက်စိရှေ့ရောက်လာသော လက်တဖက်။ လက်ဝါးဖြန့်ကာ တခုခုကို တောင်းနေသည့် ပုံစံကြောင့် အောင်စေပိုင့်ကို နားမလည်သလိုကြည့်လိုက်မိသည်။

"ဘာလဲ ဟင်"

"ဒီတစ်ဖက်ပေးဖို့ ကျန်သေးတယ်လေ"

"ဘာပေးစရာရှိလို့လဲ"

"ခုနက စားသောက်ဆိုင်မှာ ပေးတာမျိုးလေ။ အဲ့ဒါ ဒီဖက်တစ်ဖက် ကျန်သေးတယ် ပေးဖို့"

"အာ ကိုစေကလဲ ဗျာ...."

မျက်လုံးအကြည့်ချင်းဆုံကာ ပြောလိုက်သည်ကြောင့် အောင်စေပိုင့်အကြည့်တွေကို မခံနိုင်တော့သဖြင့် မျက်နှာကို ငုံ့ချလိုက်မိသည်။

"မပေးတော့ဘူးလား ဟင်"

အနည်းငယ် ဝမ်းနည်းနေသလို လေသံကြောင့် လက်ကို ဆွဲချကာ ခပ်မြန်မြန် အသဲပုံလေး လက်ညိုးနှင့် ရေးဆွဲ​ခြစ်ပြီးနောက် လွှတ်ပေးလိုက်ပြီး ခေါင်းကို ပြန်ငုံ့ချလိုက်သည်။ ထိုစဥ် သဘောတကျရယ်မောသံ ထွက်ပေါ်လာပြီး ရင်ခွင်ထဲ ဆွဲသွင်းကာ ဖက်ထားခံလိုက်ရသည်။

ရင်ခုန်နှုန်းတွေက ဒိန်းခနဲ ဆောင့်တက်သွားရပြီး ဦးခေါင်းခွံထိ ပေါက်ကွဲထွက်သွားသည်။ အသိစိတ်ကို ချုပ်ထိန်းလို့ မရနိုင်ခင်မှာပင် လက်တို့က အထိန်းအကွပ်မဲ့စွာ အောင်စေပိုင့် ခါးတို့ကို ပြန်လည် ဖက်တွယ်ထားမိလိုက်သည်။

လက်နှစ်ခုချင်းချိတ်ဆက်မိသည်အထိ ခါးကိုဖက်ထားလိုက်မိတော့ ပုခုံးပေါ်က အောင်စေပိုင့် လက်တို့ကလဲ ပိုမိုတင်းကြပ်သွားပြီး အောင်စေပိုင့် ရင်ခွင်ထဲသူ့တကိုယ်လုံးမှာ နေရာလပ် မရှိသည်အထိ ပြည့်ကျပ်သွားရသည်။

ရင်ဘတ်ချင်းနီးကပ်နေခိုက်မှာ ကိုယ့်နှလုံးခုန်သံ ကိုယ် ပြန်ကြားနေရသည်အထိ နှလုံးသားက မြန်ဆန်စွာ ခုန်ပေါက်နေခဲ့သည်။ ပိုဆိုးသည်က ဒီလိုနေရာလပ်မရှိအောင် မွန်းကြပ်စွာ ဖက်ထားခံရသည့် ခံစားချက်ကို သူသဘောကျနေခြင်းပေ။

Shit.... ငါတော့ တကယ်သွားပြီ။
ဒီလူကြီးကို တကယ်ကြိုက်သွားပြီ ထင်တယ်။

Continue Reading

You'll Also Like

34.8K 1.3K 20
ချစ်ခြင်းမေတ္တာတွေဆိုတာလွမ်းနဲ့မှတကယ်အသက်ဝင်လာတာကျွန်တော်တကယ်လွမ်းကိုချစ်မိသွားတာလွမ်း
1.4M 35.1K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
5.1M 166K 43
"They were like three half-naked supermodels with bedhair and matching movie star grins. What did I get myself into...?." Serena Jones an eighteen ye...
41.3K 2.9K 53
*Book 3 of the Destined Series* Without her sister, her mate, and her friends, Ryleigh has nowhere to turn to but home. Whether she wants to join her...