(Zawgyi)
ေဇယ်ာတိုးတစ္ေယာက္မွာေတာ့ မနက္ေစာေစာ ထကာ ေရမိုးခ်ိဳးၿပီး အျပတ္ရွိုင္းေနေလေတာ့သည္။
ယခင္က ေက်ာင္းသြားဖို႔ရာ မနည္းႏွိုးေနရေသာ ေဇယ်ာတိုးႏွင့္ လားလားမွ မသက္ဆိုင္။ ရွပ္အက်ီအျဖဴ လက္ရွည္ေလးႏွင့္ ကခ်င္ပုဆိုးကြက္ စိမ္းျပာေရာင္ေလး ဝတ္ဆင္ကာ မွန္ေရွ႕တြင္ ဆံပင္ကို ဖီးသပ္ေနသည္။
"ဆံပင္က နဲနဲအေရာင္က်သြားသလိုပဲ။ အေရာင္ထပ္တင္လိုက္ရင္ေကာင္းမလား။ ဒါမွမဟုတ္ ေ႐ႊအိုေရာင္ေလး ေျပာင္းလိုက္ရင္ေကာင္းမလားပဲ"
ေနာက္ဆုံးအေနျဖင့္ ေကာ္လံကိုေထာင္ကာ မွန္ကိုၾကည့္ရင္း ေက်နပ္စြာၿပဳံးလိုက္မိသည္။ ဒီေန႕က ဘဲႀကီးနဲ႕ ရည္းစားျဖစ္ၿပီး ပထမဆုံးေန႕ေလ။ သူေခ်ာေမာသန႔္ျပန႔္ေနမွ ျဖစ္မွာေပါ့။
"အဟမ္း အဟမ္း...ရၿပီ ေဇယ်ာတိုး။ ဒီေလာက္ဆို ကိုေစပိုင္ မင္းကိုလုံးဝေႂကြသြားမွာ"
ေခ်မိဳးေသာ အၿပဳံးတစ္ခုကို ဆင္ျမန္းကာ အိမ္ေအာက္သို႔ ဆင္းလာလိုက္သည္။
"အမေလး က်ားသားမိုးႀကိဳး။ ေမ့သားေလး ေစာေစာစီးစီး ျပင္ဆင္လို႔ ၿပီးေနပါလား"
"ေစာေစာထတဲ့ ငွက္က အစာဝဝ စားရတယ္တဲ့ ေမရဲ႕"
"ေအးပါ။ ဘယ္ႏွရက္ခံမလဲ ေစာင့္ၾကည့္မယ္။ ဒါနဲ႕ ေနပါအုံး။ ေရေမႊးပုလင္း ေမွာက္က်လာတာလား။ မႊန္ထြန္ေနတာပဲလား။ ဘယ္လိုျဖစ္တာတုန္းဟဲ့"
"ဟာ ေမကလဲ။ ေရေမႊးေလး သုံးေလးငါးခ်က္ ဆယ္ခ်က္ေလာက္ ဆြတ္လာ႐ုံပါ"
"ၾကည့္လဲ လုပ္ပါအုံးဟယ္။ ကိုယ့္အနံ႕နဲ႕ ကိုယ္မူးေနအုံးမယ္။ ေရာ့ ထမင္းခ်ိဳင့္"
"ဘာဟင္းလဲ ေမ"
"ငါးဆုပ္ဟင္း"
"ဟာ ရွယ္ပဲ။ သားအႀကိဳက္။ အဲ့ဒါေၾကာင့္ ေမ့ကိုခ်စ္ေနရတာ မြ"
"အမေလး လာခြၽဲေနျပန္ၿပီ ႀကီးေကာင္ႀကီးမားႀကီးနဲ႕။ ဟိုမွာ သားေစပိုင္ေတာင္ လာႀကိဳၿပီ။ သြားေတာ့ သြားေတာ့"
"ဟုတ္ ေမ။ တ့တာေနာ္"
"အင္း။ လမ္းမွာ ဂ႐ုစိုက္။ သားေစပိုင္ကိုလဲ အရမ္းဂ်ီက်မေနနဲ႕အုံး"
အေမေျပာသည့္ စကားမ်ားကို ျပန္ေျဖဖို႔ မမွီေတာ့ပါ။ ေအာင္ေစပိုင့္ ကားေပၚ ဆတ္ကနဲ တက္ေျပးသြားေသာ ေဇယ်ာတိုး။
ရင္ေတြ တဒိတ္ဒိတ္ခုန္ရင္း ကားေပၚတက္ထိုင္လိုက္မိသည္။ မေန႕က အျဖစ္အပ်က္ေၾကာင့္ ရွိးတိုးရွန္းတန္း ျဖစ္ေနမိေသာ္လဲ သူတို႔က အခု ရည္းစားေတြ ျဖစ္သြားၿပီ မဟုတ္လား။ ဂဏာမၿငိမ္ျဖစ္ရင္း ေအာင္ေစပိုင့္ကို တခ်က္ခိုးၾကည့္ေတာ့ ဘဲႀကီးက ပုံမွန္အတိုင္းပင္။
တိတ္ဆိတ္ေနေသာ ေလထုေၾကာင့္ မေနတတ္သျဖင့္ အရွက္ေျပ သူကပဲ စကားစေျပာလိုက္သည္။
"ေမာနင္း ကိုေစ"
လက္ဝါးေလးေထာင္ျပကာ ၿပဳံးရင္းေျပာလိုက္ေတာ့ ေအာင္ေစပိုင္က သူ႕ဆီအၾကည့္တို႔ ပို႔လာသည္။
"အင္း ေမာနင္း ေဇေလး"
ျငင္သာစြာ ျပန္ၿပဳံးျပအၿပီး ႏူးညံၾကင္နာေသာ အသံျဖင့္ ေခၚလိုက္ေသာ ေဇေလး ဟူသည့္အသံေနာက္မွာ ေဇယ်ာတိုး အသိစိတ္တို႔ ေပ်ာက္ကြယ္ကာ ေခတၱခဏ ေၾကာင္အမ္းသြားရေတာ့သည္။
ဘယ္ဘက္ရင္အုံတြင္ တစ္စုံတစ္ခုေပါက္ကြဲသြားသလို ခံစားလိုက္ရၿပီး ႏြေးေထြးမႈတစ္ခုက ယိုဖိတ္စီးက်လာေတာ့သည္။ ထိုႏြေးေထြးမႈက တကိုယ္လုံးကို ပ်ံႏွံ႕သြားရၿပီး မ်က္ႏွာေပၚအထိ ထိုအပူရွိန္ကလာဟပ္သည္။ ပူႏြေးသြားေသာ မ်က္ႏွာေၾကာင့္ လက္ႏွစ္ဖက္ကိုပင္ လက္သီးဆုပ္ေလးမ်ားအျဖစ္ ေျပာင္းလိုက္မိသည္။ ႐ုတ္တရက္ပူႏြေးလာေသာ ေလထုေၾကာင့္ မ်က္ႏွာခ်င္းမဆိုင္ရဲေတာ့သျဖင့္ မူလေအာင္ေစပိုင္ ရွိေနရာသို႔ မ်က္ႏွာမူထားရာမွ မ်က္ႏွာလႊဲလိုက္မိသည္။
ဖူး......ပူလိုက္တာ ရာသီဥတုကလဲ။
လက္ဝါးေလးႏွင့္ ပူေလာင္ေနေသာ မ်က္ႏွာကို ယက္ခတ္လိုက္မိေတာ့ ေအာင္ေစပိုင္ဆီက အေမးရွိလာသည္။
"ပူလို႔လား Aircon တင္ေပးရမလား"
"ဟုတ္။ နည္းနည္း"
ကားAircon ကို အနည္းငယ္ျမႇင့္လိုက္မွ ေနရထိုင္ရသက္သာသြားေတာ့သည္။ ႏြေမေရာက္ေသးပဲ အပူရွိန္လဲ ျပင္းလိုက္တာေနာ္။စိတ္ညစ္ပါတယ္။
ေက်ာင္းေရွ႕ေရာက္ေတာ့ ကားေပၚက ဆင္းဖို႔ပင္ ေမ့ေလ်ာ့ေနမိသည္။
ဟြန့္...ဒီေန႕က်မွ ေက်ာင္းေရာက္တာလဲ ျမန္ေနသလိုပဲ။
"ေက်ာင္းမွာ စာေသခ်ာသင္ေနာ္"
"ဟုတ္ကဲ့"
"ညေနလာႀကိဳမယ္ ေစာင့္ေန"
ေျပာရင္း ေခါင္းကိုခပ္ဖြဖြ ပြတ္သပ္ကာ ဆံပင္ေတြကို ခါဖြေနသည္။
ဟြန႔္ မနည္းသလာရတဲ့ ေကေလး ပ်က္ပါၿပီ။
စိတ္ထဲက ေျပာလိုက္ေပမယ့္ ေခါင္းကို ပြတ္သပ္ေနသည့္ လက္ကိုမဖယ္ခ်မိ။ ဒီလူႀကီး ဆီက ရသည့္ အပူေငြ႕ ႏြေးႏြေးကို သူနဲနဲ သေဘာက်သည္မို႔ သည္းခံလိုက္ပါ့မယ္။
~~~~~~~~~~~~~~~
ေက်ာင္းဝင္းထဲ ဝင္လာေတာ့ ဟိုႏွစ္ေကာင္ကို တန္းေတြ႕သည္ႏွင့္ ေအာင္ျမင္ေသာ အၿပဳံးကို ၿပဳံးထားလိုက္ၿပီး ရင္ဘတ္ကို ေကာ့ကာ ေျမာက္ႂကြ ေျမာက္ႂကြျဖင့္ ဝင္လာလိုက္သည္။
"ဘာျဖစ္လာတာတုန္း မင္း႐ုပ္က"
"အဟင္း....."
"ေအးေလ မွို ရလာတဲ့ ႐ုပ္နဲ႕"
"မင္းတို႔ငါ့ကို ဆရာေခၚလိုက္ေတာ့"
"ဘာလို႔ေခၚရမွာလဲ မေခၚနိုင္ပါဘူး"
"ေအးေလ။ မေခၚဘူး ေဟ့ေကာင္"
"သားေလးတို႔က ဒီဆရာ့ေဖေဖကို ေစာ္ကားေနတာပဲ ေျမၿမိဳအုံးမယ္"
"ေဟ့ေကာင္ေဇယ်တဳ စကားႀကီးစကားက်ယ္ေတြ မေျပာပဲ လိုရင္းကိုေျပာကြာ"
"ငါနဲ႕ ဘဲႀကီးနဲ႕ ရည္းစားေတြ ျဖစ္သြားၿပီကြ ဟားဟား"
"ဟမ္"
"ဘယ္လို ဘယ္လို"
"ဟုတ္တယ္။ မေန႕ကပဲ တရားဝင္ရည္းစားေတြ ျဖစ္သြားၿပီ။ အဲ့တာေၾကာင့္ သားေလးတို႔က မင္းအေဖကို အထင္ေသးတာေလးေတြ ေလ်ာ့ၿပီး ဆရာတင္လိုက္ေတာ့ ဟုတ္ၿပီလား"
ဂုဏ္ယူဝင္ႂကြားစြာ ေခ်မိဳးၿပီး ေျပာလိုက္တာေၾကာင့္ ၿဖိဳးပိုင္ေအာင္ ႏွင့္ မင္းေဇာ္တို႔မွာ မ်က္ႏွာေတြရႈံ႕မဲ့ သြားၾကသည္။
"ဘယ္ႏွရက္တြဲၿပီး ထားခဲ့ခံရမလဲ ေစာင့္ၾကည့္အုံးမယ္"
"ေအး။ ၿပီးမွ ဟိုကပစ္သြားလို႔ အသဲကြဲၿပီး ဒူးနဲမ်က္ရည္သုတ္ သုတ္ေနရအုံးမယ္"
"ဟား ဟား။ မွတ္ေတာင္ထားရအုံးမယ္။ ငါ့က အဲ့လိုျဖစ္စရာလား။ သူသာငါ့ကို တမ္းတမ္းစြဲ ျဖစ္သြားမွာ အဟင္း...."
"မင္းကပဲ တမ္းတမ္းစြဲ ျဖစ္မလား သူကပဲ တမ္းတမ္းစြဲ ျဖစ္မလား ေစာင့္ၾကည့္ခ်င္ပါေသးတယ္"
"ငါမွ အဲ့ဘဲႀကီးကို မႀကိဳက္တာ။ အျမင္ေတာင္ကတ္ေသးတယ္။ ခန တြဲ႐ုံပဲ တလပဲ တြဲၿပီး ျဖတ္မွာ။ အဲ့ဒီအခ်ိန္က် သူငါ့ကို မျပတ္နိုင္လို႔ ငိုယိုေတာင္းပန္ေနမွာ ျမင္ေယာင္ပါေသးတယ္ ဟင္းဟင္း"
"ဟုတ္မွလဲ လုပ္ပါသားႀကီးရာ"
"ေလကေတာ့ က်ယ္ပ"
"ဟုတ္မဟုတ္ သိခ်င္ရင္ ေစာင့္ၾကည့္လိုက္ ေဖ့သားတို႔။ တလအတြင္း အဲ့ဒီဘဲႀကီး ငါ့ကို တမ္းတမ္းစြဲ ျဖစ္ေစရမယ္။ ဘာလို႔လဲဆိုေတာ့ မင္းတို႔အေဖ ငါက ခ်စ္စရာေကာင္းတယ္ေလ ဟြင္းဟြင္း"
ဆံပင္ကို သပ္တင္ရင္း ေခ်ာေမာလွပေသာ မ်က္ႏွာကိုပြတ္ၿပီး ရင္ကိုေကာ့ကာ ေျပာလိုက္သည္။
"ထြီ အန္ခ်င္လာၿပီဟ"
"ေအးပါ ေစာင့္ၾကည့္ရေသးတာေပါ့"
~~~~~~~~~~~~
"စာေတြလိုက္နိုင္ရဲ႕လား စာေမးပြဲနီးေနၿပီေနာ္"
"ဟုတ္ လိုက္နိုင္ပါတယ္"
"အင္း...အနားကပ္မွ မလုပ္နဲ႕။ အခုထဲက စာကိုနည္းနည္းစီ လုပ္ထား"
"ဟုတ္ကဲ့ ကိုေစ"
ေက်ာင္းဆင္းလာေတာ့ လာႀကိဳေသာ ကိုေစပိုင့္ ကားေပၚ ေမးသမွ် ေျဖလာရင္း အိမ္အနားေတာင္ ေရာက္ခါနီးေနေလၿပီ။ ေက်ာင္းနဲ႕ အိမ္နဲ႕က အရင္က ဒီေလာက္ေတာင္နီးတာလား။ ခနေလး လိုပဲ။ သူ ဒီအတိုင္းႀကီးေတာ့ အိမ္မျပန္ခ်င္ေသးပါ။
"ကိုေစ"
"အင္း"
"ကြၽန္ေတာ္ ဗိုက္ဆာတယ္"
မသိမသာ မ်က္ႏွာေလးငယ္ကာ ေျပာလိုက္ေတာ့ ေအာင္ေစပိုင္က ကားေမာင္းရင္း ေဇယ်ာတိုး ကို တခ်က္လွည့္ၾကည့္လာသည္။
"အင္း....ဘာစားခ်င္လဲ"
"မသိဘူးေလ။ အဆင္ေျပတာ တစ္ခုခုေပါ့"
ခနၾကာေတာ့ ကားေလးက သုဝဏၰက Food Court ဆိုင္မွာ ရပ္သြားေလသည္။စားေသာက္ဆိုင္ တဆိုင္ထဲ မဟုတ္ပဲ စားေသာက္ဆိုင္ အမ်ားႀကီးေပါင္းၿပီးဖြင့္ထားသည့္ Food Court မ်ိဳးမို႔ ႀကိဳက္ႏွစ္သက္ရာစားနိုင္သျဖင့္ အဆင္ေျပေလသည္။
"ဘာစားခ်င္လဲ"
"ကြၽန္ေတာ္ ရွမ္းေခါက္ဆြဲစားမယ္"
"အင္း ကိုယ္သြားမွာေပးမယ္ေနာ္ ခနေစာင့္"
ေအာင္ေစပိုင္က ထသြားၿပီး အစားအေသာက္မွာေနတုန္း ခုံမွာထိုင္ေစာင့္ေနရင္း ေဘးဝိုင္းက စကားေျပာသံမ်ား သဲ့သဲ့ၾကားလိုက္ရသည္။
"ဟဲ့ အဲ့ဘဲက ေခ်ာသားပဲ ၾကည့္စမ္း"
"ေအးဟာ မိုက္တယ္ Daddy Type ႀကီးေတာ့ ငါ့အႀကိဳက္ပဲ"
"သန႔္ျပန႔္ေနမႈက ရွယ္ပဲေနာ္"
ေျပာေနသည့္ ေကာင္မေလးမ်ား မ်က္စိ လားရာကို ၾကည့္လိုက္ေတာ့ ေအာင္ေစပိုင္ျဖစ္ေနသည္ေလ။ စိတ္ထဲက တခ်က္ႀကိတ္ရယ္လိုက္ရင္း
"Sorry ပါ အမတို႔ရယ္ သူကေဂးေနတာမို႔ မိန္းကေလးေတြ စိတ္မဝင္စားဘူး။ အခုေတာ့ ကြၽန္ေတာ္နဲ႕ တြဲေနတာ မၾကာခင္ ကြၽန္ေတာ့္ကို တမ္းတမ္းစြဲ ျဖစ္ေတာ့မွာမို႔ စိတ္မေကာင္းပါဘူး ခိခိ"
တေယာက္ထဲေရ႐ြတ္ရင္းသာ ေဇယ်ာတိုးမွာေတာ့ ၿပဳံးစိစိျဖစ္ေနေလေတာ့သည္။
▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶
(Unicode)
ဇေယျာတိုးတစ်ယောက်မှာတော့ မနက်စောစော ထကာ ရေမိုးချိုးပြီး အပြတ်ရှိုင်းနေလေတော့သည်။
ယခင်က ကျောင်းသွားဖို့ရာ မနည်းနှိုးနေရသော ဇေယျာတိုးနှင့် လားလားမှ မသက်ဆိုင်။ ရှပ်အကျီအဖြူ လက်ရှည်လေးနှင့် ကချင်ပုဆိုးကွက် စိမ်းပြာရောင်လေး ဝတ်ဆင်ကာ မှန်ရှေ့တွင် ဆံပင်ကို ဖီးသပ်နေသည်။
"ဆံပင်က နဲနဲအရောင်ကျသွားသလိုပဲ။ အရောင်ထပ်တင်လိုက်ရင်ကောင်းမလား။ ဒါမှမဟုတ် ရွှေအိုရောင်လေး ပြောင်းလိုက်ရင်ကောင်းမလားပဲ"
နောက်ဆုံးအနေဖြင့် ကော်လံကိုထောင်ကာ မှန်ကိုကြည့်ရင်း ကျေနပ်စွာပြုံးလိုက်မိသည်။ ဒီနေ့က ဘဲကြီးနဲ့ ရည်းစားဖြစ်ပြီး ပထမဆုံးနေ့လေ။ သူချောမောသန့်ပြန့်နေမှ ဖြစ်မှာပေါ့။
"အဟမ်း အဟမ်း...ရပြီ ဇေယျာတိုး။ ဒီလောက်ဆို ကိုစေပိုင် မင်းကိုလုံးဝကြွေသွားမှာ"
ချေမိုးသော အပြုံးတစ်ခုကို ဆင်မြန်းကာ အိမ်အောက်သို့ ဆင်းလာလိုက်သည်။
"အမလေး ကျားသားမိုးကြိုး။ မေ့သားလေး စောစောစီးစီး ပြင်ဆင်လို့ ပြီးနေပါလား"
"စောစောထတဲ့ ငှက်က အစာဝဝ စားရတယ်တဲ့ မေရဲ့"
"အေးပါ။ ဘယ်နှရက်ခံမလဲ စောင့်ကြည့်မယ်။ ဒါနဲ့ နေပါအုံး။ ရေမွှေးပုလင်း မှောက်ကျလာတာလား။ မွှန်ထွန်နေတာပဲလား။ ဘယ်လိုဖြစ်တာတုန်းဟဲ့"
"ဟာ မေကလဲ။ ရေမွှေးလေး သုံးလေးငါးချက် ဆယ်ချက်လောက် ဆွတ်လာရုံပါ"
"ကြည့်လဲ လုပ်ပါအုံးဟယ်။ ကိုယ့်အနံ့နဲ့ ကိုယ်မူးနေအုံးမယ်။ ရော့ ထမင်းချိုင့်"
"ဘာဟင်းလဲ မေ"
"ငါးဆုပ်ဟင်း"
"ဟာ ရှယ်ပဲ။ သားအကြိုက်။ အဲ့ဒါကြောင့် မေ့ကိုချစ်နေရတာ မွ"
"အမလေး လာချွဲနေပြန်ပြီ ကြီးကောင်ကြီးမားကြီးနဲ့။ ဟိုမှာ သားစေပိုင်တောင် လာကြိုပြီ။ သွားတော့ သွားတော့"
"ဟုတ် မေ။ တ့တာနော်"
"အင်း။ လမ်းမှာ ဂရုစိုက်။ သားစေပိုင်ကိုလဲ အရမ်းဂျီကျမနေနဲ့အုံး"
အမေပြောသည့် စကားများကို ပြန်ဖြေဖို့ မမှီတော့ပါ။ အောင်စေပိုင့် ကားပေါ် ဆတ်ကနဲ တက်ပြေးသွားသော ဇေယျာတိုး။
ရင်တွေ တဒိတ်ဒိတ်ခုန်ရင်း ကားပေါ်တက်ထိုင်လိုက်မိသည်။ မနေ့က အဖြစ်အပျက်ကြောင့် ရှိးတိုးရှန်းတန်း ဖြစ်နေမိသော်လဲ သူတို့က အခု ရည်းစားတွေ ဖြစ်သွားပြီ မဟုတ်လား။ ဂဏာမငြိမ်ဖြစ်ရင်း အောင်စေပိုင့်ကို တချက်ခိုးကြည့်တော့ ဘဲကြီးက ပုံမှန်အတိုင်းပင်။
တိတ်ဆိတ်နေသော လေထုကြောင့် မနေတတ်သဖြင့် အရှက်ပြေ သူကပဲ စကားစပြောလိုက်သည်။
"မောနင်း ကိုစေ"
လက်ဝါးလေးထောင်ပြကာ ပြုံးရင်းပြောလိုက်တော့ အောင်စေပိုင်က သူ့ဆီအကြည့်တို့ ပို့လာသည်။
"အင်း မောနင်း ဇေလေး"
ငြင်သာစွာ ပြန်ပြုံးပြအပြီး နူးညံကြင်နာသော အသံဖြင့် ခေါ်လိုက်သော ဇေလေး ဟူသည့်အသံနောက်မှာ ဇေယျာတိုး အသိစိတ်တို့ ပျောက်ကွယ်ကာ ခေတ္တခဏ ကြောင်အမ်းသွားရတော့သည်။
ဘယ်ဘက်ရင်အုံတွင် တစ်စုံတစ်ခုပေါက်ကွဲသွားသလို ခံစားလိုက်ရပြီး နွေးထွေးမှုတစ်ခုက ယိုဖိတ်စီးကျလာတော့သည်။ ထိုနွေးထွေးမှုက တကိုယ်လုံးကို ပျံနှံ့သွားရပြီး မျက်နှာပေါ်အထိ ထိုအပူရှိန်ကလာဟပ်သည်။ ပူနွေးသွားသော မျက်နှာကြောင့် လက်နှစ်ဖက်ကိုပင် လက်သီးဆုပ်လေးများအဖြစ် ပြောင်းလိုက်မိသည်။ ရုတ်တရက်ပူနွေးလာသော လေထုကြောင့် မျက်နှာချင်းမဆိုင်ရဲတော့သဖြင့် မူလအောင်စေပိုင် ရှိနေရာသို့ မျက်နှာမူထားရာမှ မျက်နှာလွှဲလိုက်မိသည်။
ဖူး......ပူလိုက်တာ ရာသီဥတုကလဲ။
လက်ဝါးလေးနှင့် ပူလောင်နေသော မျက်နှာကို ယက်ခတ်လိုက်မိတော့ အောင်စေပိုင်ဆီက အမေးရှိလာသည်။
"ပူလို့လား Aircon တင်ပေးရမလား"
"ဟုတ်။ နည်းနည်း"
ကားAircon ကို အနည်းငယ်မြှင့်လိုက်မှ နေရထိုင်ရသက်သာသွားတော့သည်။ နွေမရောက်သေးပဲ အပူရှိန်လဲ ပြင်းလိုက်တာနော်။စိတ်ညစ်ပါတယ်။
ကျောင်းရှေ့ရောက်တော့ ကားပေါ်က ဆင်းဖို့ပင် မေ့လျော့နေမိသည်။
ဟွန့်...ဒီနေ့ကျမှ ကျောင်းရောက်တာလဲ မြန်နေသလိုပဲ။
"ကျောင်းမှာ စာသေချာသင်နော်"
"ဟုတ်ကဲ့"
"ညနေလာကြိုမယ် စောင့်နေ"
ပြောရင်း ခေါင်းကိုခပ်ဖွဖွ ပွတ်သပ်ကာ ဆံပင်တွေကို ခါဖွနေသည်။
ဟွန့် မနည်းသလာရတဲ့ ကေလေး ပျက်ပါပြီ။
စိတ်ထဲက ပြောလိုက်ပေမယ့် ခေါင်းကို ပွတ်သပ်နေသည့် လက်ကိုမဖယ်ချမိ။ ဒီလူကြီး ဆီက ရသည့် အပူငွေ့ နွေးနွေးကို သူနဲနဲ သဘောကျသည်မို့ သည်းခံလိုက်ပါ့မယ်။
~~~~~~~~~~~~~~~
ကျောင်းဝင်းထဲ ဝင်လာတော့ ဟိုနှစ်ကောင်ကို တန်းတွေ့သည်နှင့် အောင်မြင်သော အပြုံးကို ပြုံးထားလိုက်ပြီး ရင်ဘတ်ကို ကော့ကာ မြောက်ကြွ မြောက်ကြွဖြင့် ဝင်လာလိုက်သည်။
"ဘာဖြစ်လာတာတုန်း မင်းရုပ်က"
"အဟင်း....."
"အေးလေ မှို ရလာတဲ့ ရုပ်နဲ့"
"မင်းတို့ငါ့ကို ဆရာခေါ်လိုက်တော့"
"ဘာလို့ခေါ်ရမှာလဲ မခေါ်နိုင်ပါဘူး"
"အေးလေ။ မခေါ်ဘူး ဟေ့ကောင်"
"သားလေးတို့က ဒီဆရာ့ဖေဖေကို စော်ကားနေတာပဲ မြေမြိုအုံးမယ်"
"ဟေ့ကောင်ဇေယျတု စကားကြီးစကားကျယ်တွေ မပြောပဲ လိုရင်းကိုပြောကွာ"
"ငါနဲ့ ဘဲကြီးနဲ့ ရည်းစားတွေ ဖြစ်သွားပြီကွ ဟားဟား"
"ဟမ်"
"ဘယ်လို ဘယ်လို"
"ဟုတ်တယ်။ မနေ့ကပဲ တရားဝင်ရည်းစားတွေ ဖြစ်သွားပြီ။ အဲ့တာကြောင့် သားလေးတို့က မင်းအဖေကို အထင်သေးတာလေးတွေ လျော့ပြီး ဆရာတင်လိုက်တော့ ဟုတ်ပြီလား"
ဂုဏ်ယူဝင်ကြွားစွာ ချေမိုးပြီး ပြောလိုက်တာကြောင့် ဖြိုးပိုင်အောင် နှင့် မင်းဇော်တို့မှာ မျက်နှာတွေရှုံ့မဲ့ သွားကြသည်။
"ဘယ်နှရက်တွဲပြီး ထားခဲ့ခံရမလဲ စောင့်ကြည့်အုံးမယ်"
"အေး။ ပြီးမှ ဟိုကပစ်သွားလို့ အသဲကွဲပြီး ဒူးနဲမျက်ရည်သုတ် သုတ်နေရအုံးမယ်"
"ဟား ဟား။ မှတ်တောင်ထားရအုံးမယ်။ ငါ့က အဲ့လိုဖြစ်စရာလား။ သူသာငါ့ကို တမ်းတမ်းစွဲ ဖြစ်သွားမှာ အဟင်း...."
"မင်းကပဲ တမ်းတမ်းစွဲ ဖြစ်မလား သူကပဲ တမ်းတမ်းစွဲ ဖြစ်မလား စောင့်ကြည့်ချင်ပါသေးတယ်"
"ငါမှ အဲ့ဘဲကြီးကို မကြိုက်တာ။ အမြင်တောင်ကတ်သေးတယ်။ ခန တွဲရုံပဲ တလပဲ တွဲပြီး ဖြတ်မှာ။ အဲ့ဒီအချိန်ကျ သူငါ့ကို မပြတ်နိုင်လို့ ငိုယိုတောင်းပန်နေမှာ မြင်ယောင်ပါသေးတယ် ဟင်းဟင်း"
"ဟုတ်မှလဲ လုပ်ပါသားကြီးရာ"
"လေကတော့ ကျယ်ပ"
"ဟုတ်မဟုတ် သိချင်ရင် စောင့်ကြည့်လိုက် ဖေ့သားတို့။ တလအတွင်း အဲ့ဒီဘဲကြီး ငါ့ကို တမ်းတမ်းစွဲ ဖြစ်စေရမယ်။ ဘာလို့လဲဆိုတော့ မင်းတို့အဖေ ငါက ချစ်စရာကောင်းတယ်လေ ဟွင်းဟွင်း"
ဆံပင်ကို သပ်တင်ရင်း ချောမောလှပသော မျက်နှာကိုပွတ်ပြီး ရင်ကိုကော့ကာ ပြောလိုက်သည်။
"ထွီ အန်ချင်လာပြီဟ"
"အေးပါ စောင့်ကြည့်ရသေးတာပေါ့"
~~~~~~~~~~~~
"စာတွေလိုက်နိုင်ရဲ့လား စာမေးပွဲနီးနေပြီနော်"
"ဟုတ် လိုက်နိုင်ပါတယ်"
"အင်း...အနားကပ်မှ မလုပ်နဲ့။ အခုထဲက စာကိုနည်းနည်းစီ လုပ်ထား"
"ဟုတ်ကဲ့ ကိုစေ"
ကျောင်းဆင်းလာတော့ လာကြိုသော ကိုစေပိုင့် ကားပေါ် မေးသမျှ ဖြေလာရင်း အိမ်အနားတောင် ရောက်ခါနီးနေလေပြီ။ ကျောင်းနဲ့ အိမ်နဲ့က အရင်က ဒီလောက်တောင်နီးတာလား။ ခနလေး လိုပဲ။ သူ ဒီအတိုင်းကြီးတော့ အိမ်မပြန်ချင်သေးပါ။
"ကိုစေ"
"အင်း"
"ကျွန်တော် ဗိုက်ဆာတယ်"
မသိမသာ မျက်နှာလေးငယ်ကာ ပြောလိုက်တော့ အောင်စေပိုင်က ကားမောင်းရင်း ဇေယျာတိုး ကို တချက်လှည့်ကြည့်လာသည်။
"အင်း....ဘာစားချင်လဲ"
"မသိဘူးလေ။ အဆင်ပြေတာ တစ်ခုခုပေါ့"
ခနကြာတော့ ကားလေးက သုဝဏ္ဏက Food Court ဆိုင်မှာ ရပ်သွားလေသည်။စားသောက်ဆိုင် တဆိုင်ထဲ မဟုတ်ပဲ စားသောက်ဆိုင် အများကြီးပေါင်းပြီးဖွင့်ထားသည့် Food Court မျိုးမို့ ကြိုက်နှစ်သက်ရာစားနိုင်သဖြင့် အဆင်ပြေလေသည်။
"ဘာစားချင်လဲ"
"ကျွန်တော် ရှမ်းခေါက်ဆွဲစားမယ်"
"အင်း ကိုယ်သွားမှာပေးမယ်နော် ခနစောင့်"
အောင်စေပိုင်က ထသွားပြီး အစားအသောက်မှာနေတုန်း ခုံမှာထိုင်စောင့်နေရင်း ဘေးဝိုင်းက စကားပြောသံများ သဲ့သဲ့ကြားလိုက်ရသည်။
"ဟဲ့ အဲ့ဘဲက ချောသားပဲ ကြည့်စမ်း"
"အေးဟာ မိုက်တယ် Daddy Type ကြီးတော့ ငါ့အကြိုက်ပဲ"
"သန့်ပြန့်နေမှုက ရှယ်ပဲနော်"
ပြောနေသည့် ကောင်မလေးများ မျက်စိ လားရာကို ကြည့်လိုက်တော့ အောင်စေပိုင်ဖြစ်နေသည်လေ။ စိတ်ထဲက တချက်ကြိတ်ရယ်လိုက်ရင်း
"Sorry ပါ အမတို့ရယ် သူကဂေးနေတာမို့ မိန်းကလေးတွေ စိတ်မဝင်စားဘူး။ အခုတော့ ကျွန်တော်နဲ့ တွဲနေတာ မကြာခင် ကျွန်တော့်ကို တမ်းတမ်းစွဲ ဖြစ်တော့မှာမို့ စိတ်မကောင်းပါဘူး ခိခိ"
တယောက်ထဲရေရွတ်ရင်းသာ ဇေယျာတိုးမှာတော့ ပြုံးစိစိဖြစ်နေလေတော့သည်။