နှလုံးသားအရင်းအနှီး [Complete]

By MyaMo_95

581K 27K 232

အလောင်းအစားတစ်ခုကြောင့် စခဲ့တဲ့ကစားပွဲတစ်ခုမှာ နှလုံးသားတစ်ခု အရင်းပြုလိုက်ရသည့်အခါ...။ (Drama မပါပဲ Romance... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁ဝ
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂ဝ
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
ဇာတ်သိမ်းပိုင်း(End)
✨Character Art✨
✨Cover Art✨

အပိုင်း ၁၁

13.6K 730 10
By MyaMo_95

[Zawgyi]

ေကာင္ေလး ေျပာသည့္ ဆိုင္ေရွ႕ေရာက္ေတာ့ ပန္းပင္ေတြကို ေက်ာမွီေနရင္း ေျခေထာက္ေတြကို ေျမႀကီးႏွင့္ပြတ္တိုက္ကာ ေဆာ့ကစားေနေသာ ဆံနီေလး။ ဂ်င္းေဘာင္းဘီႏွင့္ တီရွပ္အျဖဴေရာင္ ေလးဝတ္ထားသည့္ ဆံနီေကာင္ေလးက သူ႕ကို ပါးမို႔မို႔ေလးမ်ား ေပၚသည္အထိ ရယ္ျပေနတာက ခ်စ္စရာေကာင္းလွသျဖင့္ သူပါ အတူ လိုက္ရယ္မိလိုက္သည္။

ကားေပၚေရာက္ေတာ့ ခုံမွာထိုင္ေနရင္း ေခါင္းငိုက္စိုက္က်ေနေသာ ေကာင္ေလး။ ၾကည့္ရတာလဲ ခါးပတ္ပတ္နိုင္မည့္ အေျခအေနတြင္ မဟုတ္သျဖင့္ ခုံေဘးက ခါးပတ္ကို ယူၿပီး ပတ္ေပးရန္ သူ႕ကို အုံ႕မိုးလိုက္မိသည္။

ခါးပတ္ကို ဆြဲယူကာ ပတ္ေပးမည္အလုပ္ ေဇယ်ာတိုးက ႐ုတ္တရက္ မ်က္လုံးဖြင့္လာကာ နီးကပ္ေနေသာ သူ႕လည္ပင္းကို သိုင္းဖက္လာသည္။ ႐ုတ္တရက္ အထိအေတြ႕ႏွင့္ နီးကပ္လွေသာ မ်က္ႏွာႏွစ္ခုေၾကာင့္ လက္ထဲက ဆြဲယူထားေသာ ခါးပတ္ႀကိဳးပင္ လြတ္သြား၏။

အနီေရာင္ဆံႏြယ္တို႔ႏွင့္ ေကာင္ေလးက အရက္ေသာက္ထားသည္ေၾကာင့္ မ်က္ႏွာေလးကပါ နီျမန္းျမန္းေလးျဖစ္ေနသည္။ မူးေဝေနေသာ ေကာင္ေလးက မ်က္လုံးေလးမ်ား တဝက္သာ ဖြင့္နိုင္ၿပီး နီးကပ္ေနေသာ သူ႕မ်က္ႏွာကိုၾကည့္ရင္း ေျပာလာသည္။

"ကိုေစ"

"အင္း"

"ကိုေစ က ကြၽန္ေတာ့္ကို ဘာလို႔ျပန္မႀကိဳက္တာလဲ"

"ငယ္ေသးလို႔ ေဇေလးက"

"ဟြန့္....ကြၽန္ေတာ့္အသက္ ၂၀ ေက်ာ္ၿပီ။ မငယ္ေတာ့ဘူး"

"ကိုယ္က ၂၈"

"အဲ့တာဘာျဖစ္လဲ"

"ကိုယ့္အသက္အ႐ြယ္က ကေလးေတြနဲ႕ ခ်စ္တမ္းႀကိဳက္တမ္း ကစားရမယ့္ အ႐ြယ္မဟုတ္ေတာ့ဘူး"

"ဟမ့္....အသက္ႀကီးတာမ်ား ဂုဏ္ယူစရာက်ေနတာပဲ"

ႏႈတ္ခမ္းဆူၿပီး ႏွာေခါင္းေလးရႈံ႕ကာ ေျပာလာသည့္ ေကာင္ေလးမွာ အသဲယားစဖြယ္။

"ကိုယ့္အသက္အ႐ြယ္က ကေလးေတြနဲ႕ ကစားရမယ့္အ႐ြယ္မဟုတ္ပဲ အတည္တက် ရည္႐ြယ္ရမယ့္ အ႐ြယ္ေရာက္ၿပီေလ"

နားမလည္သလို မ်က္ဝန္းေတြနဲ႕ ေကာင္ေလးက ရီေဝေဝၾကည့္လာသည္။

"အဲ့တာေၾကာင့္ ေဇေလး ဒီထက္ နဲနဲအသက္ႀကီးလာခဲ့ရင္ ကိုယ့္အေပၚ စိတ္ကစားတာမဟုတ္တာ ေသခ်ာၿပီဆိုရင္ ကိုယ့္အေပၚမေျပာင္းလဲတာ ေသခ်ာရင္ အဲ့ဒီအခ်ိန္က် ကိုယ္မင္းကို လက္လႊတ္ေပးေတာ့မွာ မဟုတ္ဘူး"

မူးေနသည့္ေကာင္ေလးက သူ႕ေျပာစကားေတြကို နားလည္ပုံမရပါ။ နီေထြးေနေသာ ႏႈတ္ခမ္းအစုံတို႔က ေရွ႕သို႔ တိုးထြက္လာေလသည္။

"ဟြန့္...."

ႏွာေခါင္းသံ ပါေနေသာ ႏွာေခါင္းရႈံ႕သံကို ေအာင္ေစပိုင္ သေဘာတက် ရယ္လိုက္မိသည္။ လည္ပင္းကို သိုင္းဖက္ထားေသာ ေကာင္ေလး လက္ေတြကို ဖယ္ခြာရန္ ျပဳလိုက္ေသာ္လဲ ေကာင္ေလးက ဖယ္ခြာ ခြင့္မျပဳပဲ ပိုမိုတင္းၾကပ္စြာ ရစ္ပတ္လာသည္။

တင္းၾကပ္စြာ ရစ္ပတ္လိုက္ေသာေၾကာင့္ ပိုမိုနီးကပ္သြားေသာ မ်က္ႏွာႏွစ္ခု။

"ကိုေစ...ကိုေစ ကြၽန္ေတာ့္ကို ျပန္ႀကိဳက္"

"အင္း"

"ဒါဆို ကြၽန္ေတာ္ အိမ္မျပန္ေတာ့ဘူး"

မူးေနေသာ ဆံနီေကာင္ေလး၏ ေျပာစကားကို သေဘာက်စြာ ရယ္ေမာလိုက္မိသည္။ အရက္တန္ခိုးေၾကာင့္ နီေနေသာ ႏွာေခါင္းထိပ္ေလးကို ခပ္ဖြဖြ တို႔ရင္း

"မင္းေလးက တကယ္ အႏၱရာယ္ကို မေၾကာက္တာပဲ"

"ဘာလို႔ေၾကာက္ရမွာလဲ ကြၽန္ေတာ္ကေယာက်္ား ဘာမွ မေၾကာက္ဖူး"

ႏႈတ္ခမ္းေလး ဆူကာ ေျပာဆိုေနသည့္ ေကာင္ေလးရဲ႕ နီေထြးဥ ေနေသာ ႏႈတ္ခမ္းေတြကို တခ်က္ စုပ္ယူကာ နမ္းရွိုက္လိုက္မိသည္။

တခ်က္မွ်သာ စုပ္ယူလိုက္မိၿပီး ႏႈတ္ခမ္းေတြကို ျပန္ခြာလိုက္ေတာ့ ေကာင္ေလး၏ ႏႈတ္ခမ္းသားေတြဆီမွ ရွတတ ပန္းသီးအနံ႕ကို ရသည္။ ဒီေကာင္ေလး Vodkaေတြ ေသာက္ခဲ့တယ္ ထင္သည္။

အတင့္ရဲေနေသာ ေကာင္ေလးကို ေၾကာက္သြားေအာင္ စေနာက္ခ်င္မႈေၾကာင့္ တစ္ခ်က္နမ္းရွိုက္ကာ ျပန္ခြာလိုက္ေသာ္လည္း ႏူးညံ့ေသာ ႏႈတ္ခမ္းသားတို႔၏ အထိအေတြ႕ကို လက္မလြတ္နိုင္သူမွာ ေအာင္ေစပိုင္ပင္ျဖစ္သည္။ ေကာင္ေလးကို ၾကည့္ေတာ့ မ်က္စိတစ္ဝက္သာဖြင့္ထားရင္း ႏႈတ္ခမ္းတို႔ကို လွ်ာျဖင့္ သပ္ရင္း သူ႕ကို ေမာ့ၾကည့္လာသည္။

ပင္လယ္ေရဟာ ေသာက္ေလေသာက္ေလ ငတ္မေျပနိုင္သလိုပဲ ေကာင္ေလး၏ ႏူးညံ့ႏြေးေထြးေသာ ႏႈတ္ခမ္းဖ်ားမ်ားကို ထပ္မံ၍ ဆြတ္ယူခူးဆြတ္ကာ စားသုံးလိုက္မိသည္။

အနီေရာင္ဆံႏြယ္ေတြၾကားထဲ လက္ေခ်ာင္းမ်ား တိုးဝင္လိုက္ရင္း ေကာင္ေလး၏ ႏႈတ္ခမ္း ကမ္းပါးနီနီေတြကို တိုက္စားမိေတာ့ ေကာင္ေလးက လက္နက္ခ်ကာ အရႈံးေပးလာသည္။ ေနာက္ဆုတ္မည့္ ဟန္ျပင္ေနေသာ ေကာင္ေလး၏ ေခါင္းေလးကို ထိန္းကိုင္လိုက္ရင္း ဆက္တိုက္အနမ္းမ်ား ေပးေနမိသည္။

ရွည္ၾကာလွေသာ အနမ္းတို႔ကို တုံ႕ျပန္သည္လား ကိုက္ဆြဲသည္လား မသဲကြဲသလို ေကာင္ေလး၏ ႏႈတ္ခမ္းသားမ်ားမွ လႈပ္ရွားမႈတခ်ိဳ႕ လက္ခံရရွိလိုက္သည္။ ထို႔ေနာက္တြင္ေတာ့ နမ္းေနရင္း လည္ပင္းတြင္ သိုင္းဖတ္ထားေသာ လက္မ်ားက ေျပက်သြားၿပီး ပုခုံးေပၚ ေခါင္းမွီလာက်ေသာ ေကာင္ေလး။ နမ္းေနရင္း အိပ္ေပ်ာ္သြားသည့္ ေကာင္ေလးကို ေတြ႕ေတာ့ ထပ္မံရယ္ေမာလိုက္မိသည္။

"မူးေနလို႔ ဒီတစ္ခါေတာ့ လႊတ္ေပးလိုက္မယ္ ေနာ္ ေဇေလး"

ခုံေပၚ အသာျပန္မွီေစလိုက္ရင္း ခုံကို လွဲလို႔ရသည္အထိ ခလုတ္ေလွ်ာ့ေပးလိုက္မိသည္။ အရက္မူးေနသည့္ ေကာင္ေလးကေတာ့ မ်က္ေမွာင္ေလးႀကဳံ႕ကာ တရႉးရႉးျဖင့္ အိပ္ေပ်ာ္သြားေလသည္။ ႏႈတ္ခမ္းေလးကေတာ့ သူ႕က်ဴးေက်ာ္သိမ္းပိုက္ထားမႈ ေၾကာင့္ နီရဲကာ ဖူးေယာင္ေနေလေတာ့သည္။

~~~~~~~~~~~~~~~~

"ဟင့္...ေခါင္းကိုက္လိုက္တာ။ ေရလဲငတ္တယ္"

ေဇယ်ာတိုး ကုတင္ေဘးကို ဟိုစမ္းဒီစမ္း စမ္းကာေရဘူးကို ရွာေဖြေနမိသည္။ စားပြဲေပၚမွာ ထားထားတဲ့ေရဘူးက ဘယ္ေရာက္သြားပါလိမ့္။

ေအာ္....ငါက အိမ္မွာမွ မဟုတ္ပဲ ဟို႔ေကာင္အိမ္မွာ အိပ္တာကို။

"ေဟ့ေကာင္ ႏြားႀကီး ေရေပးစမ္းပါ။ ငါရင္ပူလို႔"

ေခါင္းေတြကိုက္ေနေသာေၾကာင့္ မ်က္လုံးတို႔မဖြင့္ပဲ ေအာ္ဟစ္လိုက္မိသည္။ ေအာ္ဟစ္လိုက္ေသာ္လဲ လည္ေခ်ာင္းမ်ား ေျခာက္ကပ္ေနမႈေၾကာင့္ အသံက အက္ကြဲကြဲသာထြက္လာသည္။ ထို႔ေၾကာင့္ ေခ်ာင္းတခ်က္ဟန့္ရင္း ေနာက္တႀကိမ္ ထပ္ေအာ္လိုက္မိသည္။

"ႏြားႀကီးနဲ႕ ခ်က္ႀကီးေရ ငါ့ကိုေရေလး လာတိုက္ၾကပါအုံးဟ။ ရင္ပူလို႔ေသေတာ့မယ္"

အသံကို ျမႇင့္ကာ ေအာ္လိုက္ေတာ့မွ လက္ထဲသို႔ ေရခြက္ တခြက္ ေရာက္ရွိလာေတာ့သည္။

"ေသာက္ခ်ီးလိုပဲ မင္းတို႔ကလဲ ေခၚလိုက္ရတာ။ ေရမေသာက္ရလို႔ ေသမဲ့သူဆို ေသေနေလာက္ၿပီ"

လက္ထဲေရာက္လာေသာ ေရတခြက္ကို ကုန္စင္ေအာင္ ေသာက္ပစ္လိုက္ၿပီး ထ ထိုင္လိုက္မိသည္။

သို႔ေသာ္လဲ အခုထိ မ်က္စိမဖြင့္နိုင္ေသး။
မ်က္စိမွိတ္ထားရင္းပင္ ေခါင္းငိုက္စိုက္ခ်ရင္း ငိုင္ေနမိသည္။

ဟင္း......အရက္နာက်တယ္ဆိုတာ ဒါမ်ိဳးကို ေျပာတာ ျဖစ္မည္။

"နိုးၿပီလား အဆင္ေျပရဲ႕လား"

နားထဲဝင္လာေသာ အသံၾကည္ၾကည္ေၾကာင့္ လန့္ျဖန့္သြားရၿပီး ေခါင္းထဲ အခ်က္ေပးေခါင္းေလာင္းသံမ်ား ျမည္ဟီးသြားသည္။ မ်က္လုံးကို ဆတ္ခနဲ ဖြင့္ၾကည့္လိုက္ေတာ့ ေအာင္ေစပိုင္က သူ႕ကုတင္ေရွ႕မွာ ေရခ်ိဳးဝတ္စုံႏွင့္ မတ္တပ္ရပ္ေနေလသည္။ အခုမွေရခ်ိဳးၿပီးဟန္ရေသာ ေအာင္ေစပိုင္က ေရပင္မသုတ္ရေသး သူ႕ကို ၾကည့္ေနေလသည္။

"ကို...ကို...ေစပိုင္က ဘာလို႔ ဒီအခန္းထဲေရာက္ေနရတာလဲ"

လက္ညိုးထိုးကာ ေထ့ေထ့ေငါ့ေငါ့ ေမးလိုက္ေတာ့ ေအာင္ေစပိုင္က ေဇယ်ာတိုးကို မ်က္ခုံးတစ္ဖက္ပင့္ၾကည့္သည္။

"နိုးၿပီဆို အသိစိတ္ဝင္ေအာင္ လုပ္ၿပီး မ်က္ႏွာသစ္လိုက္အုံး။ ၿပီးရင္ မနက္စာစားဖို႔ ေအာက္ဆင္းလာခဲ့"

ေျပာကာ ေအာင္ေစပိုင္က တဘတ္နဲ႕ ေခါင္းကို သုတ္ရင္း အခန္းထဲက ထြက္သြားေလသည္။ ႐ုတ္တရက္ေၾကာင္အစြာျဖင့္ ရွိေနရင္း မ်က္လုံးတို႔က အခုမွ ပတ္ဝန္းက်င္ကို အကဲခတ္ၾကည့္မိသည္။

သူ႕အိမ္လဲ မဟုတ္သလို မင္းေဇာ္၏ အိမ္လဲမဟုတ္ပါ။
ေဘးနားက စားပြဲေပၚမွာေတာ့ ေအာင္ေစပိုင္၏ ဘြဲ႕ဓာတ္ပုံ အေသးေလးကို ေထာင္ထားေလသည္။

ဒါ ဒီဘဲႀကီး အခန္းလား။
စဥ္းစားရင္း မေန႕ကအျဖစ္အပ်က္မ်ားဆီအသည္းအသန္ ျပန္ေတြးၾကည့္ရေတာ့သည္။

ၿဖိဳးပိုင္ေအာင္ႏွင့္ မင္းေဇာ္တို႔ စိန္ေခၚမႈေၾကာင့္ ဒီဘဲႀကီးကို ဖုန္းဆက္ေခၚလိုက္သည္ အထိ မွတ္မိသည္။ ထို႔ေနာက္ ဟိုႏွစ္ေကာင္သားက သူ႕ကိုတစ္ေယာက္ထဲ ထားခဲ့ကာ ထြက္ေျပးသြားၾကသည္။ ခနၾကာေတာ့ ကိုေစပိုင္ေရာက္လာၿပီး သူ႕ကားေပၚတက္ကာ လိုက္သြားခဲ့သည္။

သူ႕မွတ္ဥာဏ္က ဒီအထိသာ။
အဲ့ဒီ ေနာက္ပိုင္းဘာျဖစ္ခဲ့သလဲ ဘယ္လိုမွဆက္စဥ္းစားမရပဲ ဗလာအတိအေမွာင္သက္သက္သာ။

ဘာဆက္ျဖစ္ခဲ့သလဲ အႀကိတ္အနယ္ စဥ္းစားေနခိုက္ေခါင္းထဲ ဝင္လာေသာ ၿဖိဳးပိုင္ေအာင္၏ စကားသံ။

"မင္းနဲ႕ မင္းဘဲႀကီးက မူးၿပီး တညအတူအိပ္မိသြား"

"အား......."

႐ုတ္တရက္ထေအာ္လိုက္မိသည္။
ၿပီးမွ ႐ုတ္တရက္သတိရၿပီး ေအာက္ကို ငုံ႕ၾကည့္ေတာ့ အက်ီႏွင့္ ေဘာင္းဘီတို႔မွာ ေနရာမယြင္း။ေဘာင္းဘီဇစ္ပင္ မျဖဳတ္ထား။ ခႏၶာကိုယ္ကို ဟိုစမ္းဒီစမ္း လုပ္ၾကည့္ေတာ့လဲ ဘာမွမျဖစ္ အေကာင္းပကတိသာ။ ထိုမွသာ ရင္ဘတ္ကေလးကို လက္ႏွင့္ဖိၿပီး

"ဟူး...ေတာ္ပါေသးရဲ႕"

သက္ျပင္းတခ်က္ခ်ရင္း မ်က္ႏွာသစ္ သန့္ရွင္းေရးလုပ္ဖို႔ ထလိုက္ရေတာ့သည္။ ေရခ်ိဳးခန္းထဲတြင္ေတာ့ သြားတိုက္တံအသစ္ထုတ္ေပးထားသည္ ျဖစ္ေသာေၾကာင့္ ယူ၍ သြားတိုက္လိုက္သည္။

သြားတိုက္ေနရင္းမွ တစ္ခုသတိထားမိသည္က တျခားေနရာေတြ ဘာတစ္ခုမွ မျဖစ္ေသာ္လဲ ႏႈတ္ခမ္းတို႔က အနည္းငယ္ နာက်င္ေနေလသည္။

ညက မူးၿပီး တစ္ေနရာရာမွာ ေခ်ာ္လဲခဲ့တာ ျဖစ္လိမ့္မည္ ထင္ပါသည္။

အေရးမႀကီးသည္မို႔ သြားပဲဆက္တိုက္ကာ သန့္ရွင္းေရးလုပ္ရင္း အိမ္ေအာက္ထပ္ဆီသို႔ဆင္းလာခဲ့လိုက္ေတာ့သည္။

▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶

[Unicode]

ကောင်လေး ပြောသည့် ဆိုင်ရှေ့ရောက်တော့ ပန်းပင်တွေကို ကျောမှီနေရင်း ခြေထောက်တွေကို မြေကြီးနှင့်ပွတ်တိုက်ကာ ဆော့ကစားနေသော ဆံနီလေး။ ဂျင်းဘောင်းဘီနှင့် တီရှပ်အဖြူရောင် လေးဝတ်ထားသည့် ဆံနီကောင်လေးက သူ့ကို ပါးမို့မို့လေးများ ပေါ်သည်အထိ ရယ်ပြနေတာက ချစ်စရာကောင်းလှသဖြင့် သူပါ အတူ လိုက်ရယ်မိလိုက်သည်။

ကားပေါ်ရောက်တော့ ခုံမှာထိုင်နေရင်း ခေါင်းငိုက်စိုက်ကျနေသော ကောင်လေး။ ကြည့်ရတာလဲ ခါးပတ်ပတ်နိုင်မည့် အခြေအနေတွင် မဟုတ်သဖြင့် ခုံဘေးက ခါးပတ်ကို ယူပြီး ပတ်ပေးရန် သူ့ကို အုံ့မိုးလိုက်မိသည်။

ခါးပတ်ကို ဆွဲယူကာ ပတ်ပေးမည်အလုပ် ဇေယျာတိုးက ရုတ်တရက် မျက်လုံးဖွင့်လာကာ နီးကပ်နေသော သူ့လည်ပင်းကို သိုင်းဖက်လာသည်။ ရုတ်တရက် အထိအတွေ့နှင့် နီးကပ်လှသော မျက်နှာနှစ်ခုကြောင့် လက်ထဲက ဆွဲယူထားသော ခါးပတ်ကြိုးပင် လွတ်သွား၏။

အနီရောင်ဆံနွယ်တို့နှင့် ကောင်လေးက အရက်သောက်ထားသည်ကြောင့် မျက်နှာလေးကပါ နီမြန်းမြန်းလေးဖြစ်နေသည်။ မူးဝေနေသော ကောင်လေးက မျက်လုံးလေးများ တဝက်သာ ဖွင့်နိုင်ပြီး နီးကပ်နေသော သူ့မျက်နှာကိုကြည့်ရင်း ပြောလာသည်။

"ကိုစေ"

"အင်း"

"ကိုစေ က ကျွန်တော့်ကို ဘာလို့ပြန်မကြိုက်တာလဲ"

"ငယ်သေးလို့ ဇေလေးက"

"ဟွန့်....ကျွန်တော့်အသက် ၂၀ ကျော်ပြီ။ မငယ်တော့ဘူး"

"ကိုယ်က ၂၈"

"အဲ့တာဘာဖြစ်လဲ"

"ကိုယ့်အသက်အရွယ်က ကလေးတွေနဲ့ ချစ်တမ်းကြိုက်တမ်း ကစားရမယ့် အရွယ်မဟုတ်တော့ဘူး"

"ဟမ့်....အသက်ကြီးတာများ ဂုဏ်ယူစရာကျနေတာပဲ"

နှုတ်ခမ်းဆူပြီး နှာခေါင်းလေးရှုံ့ကာ ပြောလာသည့် ကောင်လေးမှာ အသဲယားစဖွယ်။

"ကိုယ့်အသက်အရွယ်က ကလေးတွေနဲ့ ကစားရမယ့်အရွယ်မဟုတ်ပဲ အတည်တကျ ရည်ရွယ်ရမယ့် အရွယ်ရောက်ပြီလေ"

နားမလည်သလို မျက်ဝန်းတွေနဲ့ ကောင်လေးက ရီဝေဝေကြည့်လာသည်။

"အဲ့တာကြောင့် ဇေလေး ဒီထက် နဲနဲအသက်ကြီးလာခဲ့ရင် ကိုယ့်အပေါ် စိတ်ကစားတာမဟုတ်တာ သေချာပြီဆိုရင် ကိုယ့်အပေါ်မပြောင်းလဲတာ သေချာရင် အဲ့ဒီအချိန်ကျ ကိုယ်မင်းကို လက်လွှတ်ပေးတော့မှာ မဟုတ်ဘူး"

မူးနေသည့်ကောင်လေးက သူ့ပြောစကားတွေကို နားလည်ပုံမရပါ။ နီထွေးနေသော နှုတ်ခမ်းအစုံတို့က ရှေ့သို့ တိုးထွက်လာလေသည်။

"ဟွန့်...."

နှာခေါင်းသံ ပါနေသော နှာခေါင်းရှုံ့သံကို အောင်စေပိုင် သဘောတကျ ရယ်လိုက်မိသည်။ လည်ပင်းကို သိုင်းဖက်ထားသော ကောင်လေး လက်တွေကို ဖယ်ခွာရန် ပြုလိုက်သော်လဲ ကောင်လေးက ဖယ်ခွာ ခွင့်မပြုပဲ ပိုမိုတင်းကြပ်စွာ ရစ်ပတ်လာသည်။

တင်းကြပ်စွာ ရစ်ပတ်လိုက်သောကြောင့် ပိုမိုနီးကပ်သွားသော မျက်နှာနှစ်ခု။

"ကိုစေ...ကိုစေ ကျွန်တော့်ကို ပြန်ကြိုက်"

"အင်း"

"ဒါဆို ကျွန်တော် အိမ်မပြန်တော့ဘူး"

မူးနေသော ဆံနီကောင်လေး၏ ပြောစကားကို သဘောကျစွာ ရယ်မောလိုက်မိသည်။ အရက်တန်ခိုးကြောင့် နီနေသော နှာခေါင်းထိပ်လေးကို ခပ်ဖွဖွ တို့ရင်း

"မင်းလေးက တကယ် အန္တရာယ်ကို မကြောက်တာပဲ"

"ဘာလို့ကြောက်ရမှာလဲ ကျွန်တော်ကယောကျ်ား ဘာမှ မကြောက်ဖူး"

နှုတ်ခမ်းလေး ဆူကာ ပြောဆိုနေသည့် ကောင်လေးရဲ့ နီထွေးဥ နေသော နှုတ်ခမ်းတွေကို တချက် စုပ်ယူကာ နမ်းရှိုက်လိုက်မိသည်။

တချက်မျှသာ စုပ်ယူလိုက်မိပြီး နှုတ်ခမ်းတွေကို ပြန်ခွာလိုက်တော့ ကောင်လေး၏ နှုတ်ခမ်းသားတွေဆီမှ ရှတတ ပန်းသီးအနံ့ကို ရသည်။ ဒီကောင်လေး Vodkaတွေ သောက်ခဲ့တယ် ထင်သည်။

အတင့်ရဲနေသော ကောင်လေးကို ကြောက်သွားအောင် စနောက်ချင်မှုကြောင့် တစ်ချက်နမ်းရှိုက်ကာ ပြန်ခွာလိုက်သော်လည်း နူးညံ့သော နှုတ်ခမ်းသားတို့၏ အထိအတွေ့ကို လက်မလွတ်နိုင်သူမှာ အောင်စေပိုင်ပင်ဖြစ်သည်။ ကောင်လေးကို ကြည့်တော့ မျက်စိတစ်ဝက်သာဖွင့်ထားရင်း နှုတ်ခမ်းတို့ကို လျှာဖြင့် သပ်ရင်း သူ့ကို မော့ကြည့်လာသည်။

ပင်လယ်ရေဟာ သောက်လေသောက်လေ ငတ်မပြေနိုင်သလိုပဲ ကောင်လေး၏ နူးညံ့နွေးထွေးသော နှုတ်ခမ်းဖျားများကို ထပ်မံ၍ ဆွတ်ယူခူးဆွတ်ကာ စားသုံးလိုက်မိသည်။

အနီရောင်ဆံနွယ်တွေကြားထဲ လက်ချောင်းများ တိုးဝင်လိုက်ရင်း ကောင်လေး၏ နှုတ်ခမ်း ကမ်းပါးနီနီတွေကို တိုက်စားမိတော့ ကောင်လေးက လက်နက်ချကာ အရှုံးပေးလာသည်။ နောက်ဆုတ်မည့် ဟန်ပြင်နေသော ကောင်လေး၏ ခေါင်းလေးကို ထိန်းကိုင်လိုက်ရင်း ဆက်တိုက်အနမ်းများ ပေးနေမိသည်။

ရှည်ကြာလှသော အနမ်းတို့ကို တုံ့ပြန်သည်လား ကိုက်ဆွဲသည်လား မသဲကွဲသလို ကောင်လေး၏ နှုတ်ခမ်းသားများမှ လှုပ်ရှားမှုတချို့ လက်ခံရရှိလိုက်သည်။ ထို့နောက်တွင်တော့ နမ်းနေရင်း လည်ပင်းတွင် သိုင်းဖတ်ထားသော လက်များက ပြေကျသွားပြီး ပုခုံးပေါ် ခေါင်းမှီလာကျသော ကောင်လေး။ နမ်းနေရင်း အိပ်ပျော်သွားသည့် ကောင်လေးကို တွေ့တော့ ထပ်မံရယ်မောလိုက်မိသည်။

"မူးနေလို့ ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ် နော် ဇေလေး"

ခုံပေါ် အသာပြန်မှီစေလိုက်ရင်း ခုံကို လှဲလို့ရသည်အထိ ခလုတ်လျှော့ပေးလိုက်မိသည်။ အရက်မူးနေသည့် ကောင်လေးကတော့ မျက်မှောင်လေးကြုံ့ကာ တရှူးရှူးဖြင့် အိပ်ပျော်သွားလေသည်။ နှုတ်ခမ်းလေးကတော့ သူ့ကျူးကျော်သိမ်းပိုက်ထားမှု ကြောင့် နီရဲကာ ဖူးယောင်နေလေတော့သည်။

~~~~~~~~~~~~~~~~

"ဟင့်...ခေါင်းကိုက်လိုက်တာ။ ရေလဲငတ်တယ်"

ဇေယျာတိုး ကုတင်ဘေးကို ဟိုစမ်းဒီစမ်း စမ်းကာရေဘူးကို ရှာဖွေနေမိသည်။ စားပွဲပေါ်မှာ ထားထားတဲ့ရေဘူးက ဘယ်ရောက်သွားပါလိမ့်။

အော်....ငါက အိမ်မှာမှ မဟုတ်ပဲ ဟို့ကောင်အိမ်မှာ အိပ်တာကို။

"ဟေ့ကောင် နွားကြီး ရေပေးစမ်းပါ။ ငါရင်ပူလို့"

ခေါင်းတွေကိုက်နေသောကြောင့် မျက်လုံးတို့မဖွင့်ပဲ အော်ဟစ်လိုက်မိသည်။ အော်ဟစ်လိုက်သော်လဲ လည်ချောင်းများ ခြောက်ကပ်နေမှုကြောင့် အသံက အက်ကွဲကွဲသာထွက်လာသည်။ ထို့ကြောင့် ချောင်းတချက်ဟန့်ရင်း နောက်တကြိမ် ထပ်အော်လိုက်မိသည်။

"နွားကြီးနဲ့ ချက်ကြီးရေ ငါ့ကိုရေလေး လာတိုက်ကြပါအုံးဟ။ ရင်ပူလို့သေတော့မယ်"

အသံကို မြှင့်ကာ အော်လိုက်တော့မှ လက်ထဲသို့ ရေခွက် တခွက် ရောက်ရှိလာတော့သည်။

"သောက်ချီးလိုပဲ မင်းတို့ကလဲ ခေါ်လိုက်ရတာ။ ရေမသောက်ရလို့ သေမဲ့သူဆို သေနေလောက်ပြီ"

လက်ထဲရောက်လာသော ရေတခွက်ကို ကုန်စင်အောင် သောက်ပစ်လိုက်ပြီး ထ ထိုင်လိုက်မိသည်။

သို့သော်လဲ အခုထိ မျက်စိမဖွင့်နိုင်သေး။
မျက်စိမှိတ်ထားရင်းပင် ခေါင်းငိုက်စိုက်ချရင်း ငိုင်နေမိသည်။

ဟင်း......အရက်နာကျတယ်ဆိုတာ ဒါမျိုးကို ပြောတာ ဖြစ်မည်။

"နိုးပြီလား အဆင်ပြေရဲ့လား"

နားထဲဝင်လာသော အသံကြည်ကြည်ကြောင့် လန့်ဖြန့်သွားရပြီး ခေါင်းထဲ အချက်ပေးခေါင်းလောင်းသံများ မြည်ဟီးသွားသည်။ မျက်လုံးကို ဆတ်ခနဲ ဖွင့်ကြည့်လိုက်တော့ အောင်စေပိုင်က သူ့ကုတင်ရှေ့မှာ ရေချိုးဝတ်စုံနှင့် မတ်တပ်ရပ်နေလေသည်။ အခုမှရေချိုးပြီးဟန်ရသော အောင်စေပိုင်က ရေပင်မသုတ်ရသေး သူ့ကို ကြည့်နေလေသည်။

"ကို...ကို...စေပိုင်က ဘာလို့ ဒီအခန်းထဲရောက်နေရတာလဲ"

လက်ညိုးထိုးကာ ထေ့ထေ့ငေါ့ငေါ့ မေးလိုက်တော့ အောင်စေပိုင်က ဇေယျာတိုးကို မျက်ခုံးတစ်ဖက်ပင့်ကြည့်သည်။

"နိုးပြီဆို အသိစိတ်ဝင်အောင် လုပ်ပြီး မျက်နှာသစ်လိုက်အုံး။ ပြီးရင် မနက်စာစားဖို့ အောက်ဆင်းလာခဲ့"

ပြောကာ အောင်စေပိုင်က တဘတ်နဲ့ ခေါင်းကို သုတ်ရင်း အခန်းထဲက ထွက်သွားလေသည်။ ရုတ်တရက်ကြောင်အစွာဖြင့် ရှိနေရင်း မျက်လုံးတို့က အခုမှ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်မိသည်။

သူ့အိမ်လဲ မဟုတ်သလို မင်းဇော်၏ အိမ်လဲမဟုတ်ပါ။
ဘေးနားက စားပွဲပေါ်မှာတော့ အောင်စေပိုင်၏ ဘွဲ့ဓာတ်ပုံ အသေးလေးကို ထောင်ထားလေသည်။

ဒါ ဒီဘဲကြီး အခန်းလား။
စဥ်းစားရင်း မနေ့ကအဖြစ်အပျက်များဆီအသည်းအသန် ပြန်တွေးကြည့်ရတော့သည်။

ဖြိုးပိုင်အောင်နှင့် မင်းဇော်တို့ စိန်ခေါ်မှုကြောင့် ဒီဘဲကြီးကို ဖုန်းဆက်ခေါ်လိုက်သည် အထိ မှတ်မိသည်။ ထို့နောက် ဟိုနှစ်ကောင်သားက သူ့ကိုတစ်ယောက်ထဲ ထားခဲ့ကာ ထွက်ပြေးသွားကြသည်။ ခနကြာတော့ ကိုစေပိုင်ရောက်လာပြီး သူ့ကားပေါ်တက်ကာ လိုက်သွားခဲ့သည်။

သူ့မှတ်ဥာဏ်က ဒီအထိသာ။
အဲ့ဒီ နောက်ပိုင်းဘာဖြစ်ခဲ့သလဲ ဘယ်လိုမှဆက်စဥ်းစားမရပဲ ဗလာအတိအမှောင်သက်သက်သာ။

ဘာဆက်ဖြစ်ခဲ့သလဲ အကြိတ်အနယ် စဥ်းစားနေခိုက်ခေါင်းထဲ ဝင်လာသော ဖြိုးပိုင်အောင်၏ စကားသံ။

"မင်းနဲ့ မင်းဘဲကြီးက မူးပြီး တညအတူအိပ်မိသွား"

"အား......."

ရုတ်တရက်ထအော်လိုက်မိသည်။
ပြီးမှ ရုတ်တရက်သတိရပြီး အောက်ကို ငုံ့ကြည့်တော့ အကျီနှင့် ဘောင်းဘီတို့မှာ နေရာမယွင်း။ဘောင်းဘီဇစ်ပင် မဖြုတ်ထား။ ခန္ဓာကိုယ်ကို ဟိုစမ်းဒီစမ်း လုပ်ကြည့်တော့လဲ ဘာမှမဖြစ် အကောင်းပကတိသာ။ ထိုမှသာ ရင်ဘတ်ကလေးကို လက်နှင့်ဖိပြီး

"ဟူး...တော်ပါသေးရဲ့"

သက်ပြင်းတချက်ချရင်း မျက်နှာသစ် သန့်ရှင်းရေးလုပ်ဖို့ ထလိုက်ရတော့သည်။ ရေချိုးခန်းထဲတွင်တော့ သွားတိုက်တံအသစ်ထုတ်ပေးထားသည် ဖြစ်သောကြောင့် ယူ၍ သွားတိုက်လိုက်သည်။

သွားတိုက်နေရင်းမှ တစ်ခုသတိထားမိသည်က တခြားနေရာတွေ ဘာတစ်ခုမှ မဖြစ်သော်လဲ နှုတ်ခမ်းတို့က အနည်းငယ် နာကျင်နေလေသည်။

ညက မူးပြီး တစ်နေရာရာမှာ ချော်လဲခဲ့တာ ဖြစ်လိမ့်မည် ထင်ပါသည်။

အရေးမကြီးသည်မို့ သွားပဲဆက်တိုက်ကာ သန့်ရှင်းရေးလုပ်ရင်း အိမ်အောက်ထပ်ဆီသို့ဆင်းလာခဲ့လိုက်တော့သည်။

Continue Reading

You'll Also Like

225K 8.7K 38
ဒီဇာတ်ကောင်လေးတွေကရင်းနှီးပြီးသားဖြစ်မှာပါ မျှစ်ပြုတ်နဲ့သက်ဝေယံတို့အတွဲလေးပါ
5.1K 108 40
Roni can't help it, she's just a sucker for blue eyes and a hot guy in a uniform. There had always been a certain amount of chemistry between her and...
21.3K 739 17
Kirino realized Shindou was being distant these days, after confronting him, he discovered Kirino's secret. But what will happen if a certain problem...
2.9K 276 5
𝗙𝗶𝗻𝗱 𝘁𝗼𝗼 𝗺𝗮𝗻𝘆 𝘄𝗮𝘆 𝘁𝗼 𝗵𝗮𝘁𝗲 𝘆𝗼𝘂,𝗯𝘂𝘁 𝗜 𝗰𝗮𝗻'𝘁 𝗳𝗶𝗻𝗱 𝗶𝘁 𝗮𝗻𝘆𝘄𝗵𝗲𝗿𝗲.