နှလုံးသားအရင်းအနှီး [Complete]

By MyaMo_95

477K 23.2K 203

အလောင်းအစားတစ်ခုကြောင့် စခဲ့တဲ့ကစားပွဲတစ်ခုမှာ နှလုံးသားတစ်ခု အရင်းပြုလိုက်ရသည့်အခါ...။ (Drama မပါပဲ Romance... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁ဝ
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂ဝ
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
ဇာတ်သိမ်းပိုင်း(End)
✨Character Art✨
✨Cover Art✨

အပိုင်း ၅

12.7K 699 2
By MyaMo_95

[Zawgyi]

အိမ္ေရွ႕ကားရပ္ေပးလိုက္ေတာ့ ကားတံခါးဖြင့္ကာ ဆင္းသြားသည့္ေကာင္ေလး။

ဝတ္ထားသည့္ အားကစားေဘာင္းဘီအရွည္ကိုေတာ့ အနာေၾကာင့္ထင္သည္ ေဘာင္းဘီ တဖက္ကို ဒူးထိဆြဲတင္ထားေလသည္။

ကားေနာက္ခန္းက တင္လာေသာ စက္ဘီးကို ခ်ေပးလိုက္ေတာ့ စက္ဘီးေလးတြန္းကာ အိမ္ထဲသို႔ ဝင္ဟန္ျပင္ေနေလသည္။

"ဟိတ္ေကာင္ေလး"

"ဗ်ာ"

ၿခံတံခါးကို တံခါးျပန္ပိတ္ရင္း ေမာ့ၾကည့္လာသည့္ မ်က္ဝန္းေတြက မွိုင္းညို႔ညို႔။

"မင္း နာမည္က ဘယ္သူ"

"ေဇယ်ာတိုး ပါ"

"ေအး ေဇယ်ာတိုး မနက္ျဖန္ ေက်ာင္း ဘယ္အခ်ိန္သြားမွာလဲ"

"၈နာရီပါ"

"ေအး။ ေစာင့္ေန ငါလာေခၚမယ္"

"ရပါတယ္ ကြၽန္ေတာ္ဘာသာ သြားလို႔အဆင္ေျပပါတယ္"

"ျငင္းမေနနဲ႕ ငါ့အေဒၚေၾကာင့္ ျဖစ္သြားရတာမို႔ ျပန္ကူညီေပး႐ုံပဲ။ ေဒၚေလးကလဲ မင္းကို ေတာ္ေတာ္စိတ္ပူေနတာမို႔"

"ဟုတ္ ဟုတ္ကဲ့"

"အဲ့တာဆို မနက္ ၈နာရီ ေက်ာင္းသြားဖို႔ အၿပီးလုပ္ထား ငါေစာင့္ရတာ မႀကိဳက္ဘူး"

"ဟုတ္....."

ေဇယ်ာတိုး ေျဖသံေတာင္ မဆုံးလိုက္ခင္ ေမာင္းထြက္သြားေသာ ကားအနက္။

"သူ႕သေဘာ သူ႕စိတ္ႀကီးပဲ။ အ့....အနာကလဲ အခုမွ ပို နာနာလာသလိုပဲ။ အေမ့ေရ.... အေမ့သားေလးကို လာၾကည့္လွည့္ပါအုံး"

"ဘာျဖစ္လို႔ အိမ္ေရွ႕က အသဲၿပဲနဲ႕ ေအာ္ေနရတာတုံး"

ေဇယ်ာတိုးရဲ႕ အေမက အိမ္ေနာက္ေဖးကေန ထြက္လာေတာ့ ဒူးမွာ ဒဏ္ရာနဲ႕ သားေလးကို ေတြ႕လိုက္ရေတာ့သည္။

"ဟယ္ သားေလး ဘယ္လိုျဖစ္တာလဲ။ ဒူးမွာ ဒဏ္ရာနဲ႕ပါလား"

"အီး....အေမ့ နာတယ္ အီး...."

"ဘယ္လိုျဖစ္ရတာလဲ သားရယ္ ဒဏ္ရာကအႀကီးႀကီးပဲ။ လာလာ အေမ့ကိုတြဲ"

"ဟုတ္"

အိမ္ထဲေရာက္ကာမွ ျဖစ္ေၾကာင္းကုန္စဥ္ကို ေျပာျပမိေတာ့သည္။

"မနက္ေက်ာင္းသြားလို႔ ျဖစ္ရဲ႕လားသား ဒဏ္ရာကႀကီးေတာ့ အနာရွိန္နဲ႕ ဖ်ားလိမ့္မယ္"

"မသြားလို႔မရဘူးအေမရဲ႕။ မနက္ျဖန္ ေက်ာင္းမွာ Tutorial ရွိတယ္။ မသြားရင္အမွတ္ေလ်ာ့လိမ့္မယ္"

"ဟင္း...ဒုကၡပါပဲ ဒီကေလးနဲ႕ေတာ့။ အဲ့တာေၾကာင့္ ဒီစက္ဘီးကို မဝယ္ပါနဲ႕ မစီးပါနဲ႕ေျပာတာ ေျပာမရဘူး။ စက္ဘီးစီးခ်င္ရင္လဲ ရိုးရိုး ဘရိတ္ပါတဲ့ စက္ဘီးစီးပါဆို။ ၿပိဳင္ဘီးမွ စီးခ်င္တာဆို။ အခုေတာ့ ဘရိတ္မပါေတာ့ ဒူးၿပဲၿပီမဟုတ္လား"

"စက္ဘီးစီးလို႔ ျဖစ္တာမဟုတ္ပါဘူးဆို အေမကလဲ။ လမ္းမွာ အေဒၚတစ္ေယာက္ကို ကူညီေပးရင္း ျဖစ္တာပါဆို"

"မယုံဘူး နင့္ကို။ စက္ဘီးစီးလို႔ ျဖစ္တာဆို နင့္ကို စက္ဘီးထပ္မစီးခိုင္းမွာဆိုးလို႔ ညာေျပာတာမဟုတ္လား"

"မဟုတ္ပါဘူးဆို အေမကလဲ။ အေမ မယုံရင္ မနက္ျဖန္ လူတစ္ေယာက္လာႀကိဳလိမ့္မယ္ အဲ့က်မွေမးၾကည့္။ သားကူညီေပးလိုက္တဲ့ အေဒၚက အားနာလို႔ေက်ာင္းလိုက္ပို႔ေပးမွာ"

ေဇယ်ာတိုး အေမကေတာ့ ေဇယ်ာတိုး ကို မယုံသက္ာမ်က္လုံးနဲ႕သာ ၾကည့္ေနေလေတာ့သည္။

~~~~~~~~~~~~~~~

မနက္မိုးလင္းလာေတာ့ ဒဏ္ရာက ပို၍ ကိုက္လာသည္။

ပုံမွန္ရက္ဆို ေက်ာင္းပ်က္လိုက္မွာ ျဖစ္ေပမဲ့ ယခုမွာေတာ့ ပ်က္လို႔မရေပ Tutorial စာေမးပြဲရွိတာမို႔ အားယူထရင္းသာ ေက်ာင္းသြားဖို႔ ျပင္ဆင္လိုက္မိသည္။

၈နာရီထိုးေတာ့ အတိအက်ေရာက္လာသည့္ ရင္းႏွီးေနေသာ ကားအနက္ေရာင္။

"အေမေရ ဟိုမွာ လာႀကိဳၿပီ ေမးၾကည့္ေတာ့"

အေမကေတာ့ သူ႕ကို တြဲကာ ကားနားလိုက္ပို႔သည္။

"သားေလးက ဘယ္သူလဲ"

"ဟုတ္ကဲ့ အန္တီ ေတြ႕ရတာ ဝမ္းသာပါတယ္။ ကြၽန္ေတာ္က ေအာင္ေစပိုင္လို႔ ေခၚပါတယ္"

"ေအးပါ သားရယ္။ အိမ္က သားေလးကို ဒဏ္ရာနဲ႕မို႔ ေက်ာင္းလိုက္ပို႔ေပးမယ္ ဆို အားနာစရာကြယ္"

"မဟုတ္တာပဲ အန္တီရယ္။ ညီေလးက မေန႕က ကြၽန္ေတာ့္ အေဒၚကို ကူညီေပးရင္း ထိခိုက္မိသြားလို႔ ကြၽန္ေတာ္က ဒီေန႕ လာျပန္ကူညီေပးတာပါ။ အားမနာပါနဲ႕"

"ဒါဆို ဒီေကာင္ေလး ေျပာတာအမွန္ေပါ့။ အေဒၚတစ္ေယာက္ကို ကူညီေပးရင္း ထိခိုက္မိတယ္ဆိုတာ"

"ဟုတ္ပါတယ္ အန္တီ။ ဘာျဖစ္လို႔လဲ မသိဘူး"

"မဟုတ္ပါဘူးကြယ္။ အန္တီ့သားက စက္ဘီးစီးရင္း ေခ်ာ္လဲတာကို တမင္ညာေျပာတယ္ ထင္ေနတာ"

"ေအာ္ အဲ့လိုေတာ့ မဟုတ္ပါဘူး"

"တမ်ိဳးေတာ့ မထင္ပါနဲ႕သားရယ္။ အန္တီ့သားက သိပ္ဆိုးတာကြဲ႕။ သူျဖစ္ခ်င္တာ လုပ္လိုက္ရမွ ဘယ္သူ႕စကားမွ နားမေထာင္ဘူးေလ။ စက္ဘီးကိုလဲ ရိုးရိုးစက္ဘီးစီးပါဆို ၿပိဳင္ဘီးမွတဲ့ဆိုလို႔ ဝယ္ထားေပးရတာ။ အန္တီကေတာ့ စိတ္ကိုမခ်ပါဘူး ကြယ္။ "

"ဟုတ္ကဲ့"

"ဟာ အေမကလဲ ဘာေတြေျပာေနမွန္းလဲ မသိဘူး။ ေက်ာင္းေနာက္က်ေတာ့မယ္ သြားေတာ့မယ္ တ့တာ"

"ၾကည့္ သူ႕မေကာင္းေၾကာင္းေျပာရင္ မႀကိဳက္ဘူး။ စိတ္ေကာက္သြားၿပီ"

"ဟုတ္ကဲ့ ခြင့္ျပဳပါအုံး အန္တီ"

"ေအး ေအး သား ႏွစ္ေယာက္လုံး ဂ႐ုစိုက္ၾကအုံးေနာ္"

ကားေပၚတက္လာေတာ့ ေဘးခုံမွာ ထိုင္ေနသည့္ စူပုတ္ပုတ္ေကာင္ေလး။

အရင္ေန႕ေတြကလို အားကစားေဘာင္းဘီ တီရွပ္ႏွင့္ မဟုတ္ပဲ လည္ကတုံးလက္ရွည္အျဖဴေရာင္ႏွင့္ ပုဆိုး တို႔က အျမင္ကို ေအးခ်မ္းကာ တမ်ိဳး ထူးဆန္းေစသည္။

သို႔ေသာ္လဲ ေခါင္းေပၚက ဆံပင္နီေၾကာင္ေၾကာင္တို႔ကေတာ့ ဝတ္ထားေသာ အဝတ္အစားႏွင့္ သိပ္ၿပီး မလိုက္ဖက္လွပါ။

လမ္းသရဲပုံစံ ေကာင္ေလးက အတင္းကာေရာ လိမၼာယဥ္ေက်းသည့္အသြင္ ဟန္ေဆာင္ေနသလိုပင္။

သူ႕အေမေျပာသည့္ ခပ္ဆိုးဆိုးေကာင္ေလးျဖစ္မွာ ေသခ်ာသေလာက္ပင္။

ကိုယ့္အလုပ္မဟုတ္သည္မို႔ ကားကိုစက္ႏွိုးရင္း ေက်ာင္းရွိရာသို႔ ထြက္ခဲ့ေတာ့သည္။

ေဘးခုံက ထိပ္နီေကာင္ေလးကေတာ့ ထုံးစံအတိုင္း ကားမွန္အျပင္ကို အၾကည့္ပို႔လွ်က္ေပါ့။

"ဟက္ခ်ိဳး"

ႏွာေခ်သံေၾကာင့္ ေဘးကို ငဲ့ေစာင္းၾကည့္ေတာ့ ေကာင္ေလးက အေအးဒဏ္ေၾကာင့္ထင္သည္ မ်က္ႏွာေလးနီရဲေနေတာ့သည္။

ကား Aircon ကို ေလ်ာ့ကာ အနိမ့္ဆုံး Level ကို ထားေပးလိုက္ေတာ့ ေကာင္ေလးက သူ႕ကို တစ္ခ်က္လွမ္းၾကည့္လာသည္။

"ေအးေနပုံပဲ အႏြေးထည္မပါဘူးလား"

"ဟုတ္"

"ေဆးေရာ ေသာက္ထားလား"

"ညက ေသာက္ထားပါတယ္"

"အင္း"

အရင္ေန႕မ်ားႏွင့္မတူပဲ ေကာင္ေလး အသံက အနည္းငယ္ေတာ့ ႏြမ္းလ်ေနသည္။

ဘာစကားမွ ဆက္ေျပာစရာမရွိေတာ့သည္မို႔ ကားကိုသာ အာ႐ုံစိုက္ေမာင္းေနလိုက္ေတာ့သည္။

ထုံးစံအတိုင္းေကာင္ေလးကေတာ့ ၿငိမ္သက္ၿပီး လိုက္ပါလာသည္။

ဒီတခါတြင္ေတာ့ အၾကည့္တို႔က ေရွ႕တည့္တည္က ကားမွန္ေပၚကိုသာ ေရာက္ေနေတာ့သည္။

ေက်ာင္းေရွ႕ရပ္ေပးေတာ့ ကားတံခါးေပၚက ေျခေထာက္တစ္ဖက္ကို အသာႂကြရင္း ဆင္းသြားသည္။

အခုထိ ဒဏ္ရာက မ သက္သာေသးဘူးထင္သည္။

"ေက်းဇူးတင္ပါတယ္ ကိုေစပိုင္"

"အင္း ညေန ဘယ္ခ်ိန္ ေက်ာင္းဆင္းမွာလဲ"

"၃ နာရီ"

"အင္း ညေန ငါလာႀကိဳမယ္ ေစာင့္ေန"

"ဗ်ာ...ဟုတ္"

ေျပာၿပီး ကားကို ေမာင္းထြက္ခဲ့ေတာ့ ေကာင္ေလးကသူ႕ပုံစံအတိုင္း အူေၾကာင္ေၾကာင္ ရပ္က်န္ခဲ့ေလသည္။

~~~~~~~~~~~

"ဟာ ဟိတ္ေကာင္ အဲ့တာ ဟိုဘဲႀကီးကား မလား"

"အင္း"

"မင္းက ဘယ္လိုျဖစ္လို႔ ဘဲႀကီးကားနဲ႕ ေက်ာင္း လာရတာလဲ"

"ေအး။ ငါတို႔မသိတဲ့ တရက္ေလးအတြင္းမွာ အေျခအေနေတြ တိုးတက္ေျပာင္းလဲ သြားလိုက္တာ။ ေဇယ်တဳကို ေက်ာင္းႀကိဳေက်ာင္းပို႔ရတဲ့ အဆင့္ေတာင္ျဖစ္သြားၿပီလား"

"ေဇယ်တဳတို႔မ်ား ပိုင္ခ်က္ သုံးရက္အတြင္းမွာ ဘဲကိုအပိုင္ခ်ဳပ္ပလိုက္တာ ေက်ာင္းေတာင္အပို႔အႀကိဳလုပ္ရတဲ့အဆင့္ေရာက္သြားၿပီပဲ"

"မင္းဘိုးေအေတြပဲေဟ့..^#(#&%#=^*#-#^"

နာေနေသာ ေျခေထာက္ေၾကာင့္ေရာ တေယာက္တစ္ေပါက္ႏွင့္ ေပါက္ကရေျပာေနေသာ ႏွစ္ေကာင္ေၾကာင့္ေရာ စိတ္တိုတိုႏွင့္ ဆဲလိုက္မိေတာ့သည္။

အခန္းတြင္းထိုင္ကာ ျဖစ္ပ်က္ခဲ့သမွ်ကို ရွင္းျပမိေတာ့ ၿဖိဳးပိုင္ေအာင္က စုတ္တခ်က္သက္ကာ ေမးကို ပြတ္သပ္ရင္း ေျပာလာသည္။

"ဒါဟာ ကံၾကမၼာပဲ ေဇယ်တဳ"

"လီးကို ကံၾကမၼာပါလား ခ်က္ႀကီး"

"ဟုတ္တယ္ေလကြာ။ ငါတို႔မလုပ္ေပးလဲ မင္းဘာသာမင္း တိုက္ဆိုင္ၿပီး ေတြ႕လာတာဆိုေတာ့ ဒါက ကံၾကမၼာပဲ သားႀကီးေရ။ မင္းေတာ့ ေယာက်္ားရေတာ့မယ္"

"ေဘာကို ေယာက်္ားရ"

ၿဖိဳးပိုင္ေအာင္ အေျပာကို မင္းေဇာ္က ဝင္ေထာက္ခံသည္။

"ငါေတာ့ အရက္တလတိုက္ဖို႔ ျပင္ထားရေတာ့မယ္ ထင္ပါတယ္"

"ေတာ္စမ္းပါကြာ။ ငါက မင္းတို႔နဲ႕ ေလာင္းထားလို႔ တပတ္ပဲ။ တပတ္ၿပီးရင္ အဲ့ဘဲကို အီးေတာင္လွည့္မေပါက္ဘူးကြ"

"ေအးပါ ကြာ ငွဲငွဲ"

ၿဖိဳးပိုင္ေအာင္က ဟန္ပါပါေမးကိုသပ္ရင္း ေလွာင္ရယ္သည္။

ႏွစ္ေယာက္ကို ထပ္မံဆဲဆိုလိုက္ခ်င္ေသာ္လဲ ဆရာမဝင္လာၿပီမို႔ စာသင္ဖို႔ကိုသာ အာ႐ုံစိုက္လိုက္ရေတာ့သည္။

အတန္းခ်ိန္မ်ားကို တခ်ိန္ၿပီး တစ္ခ်ိန္ ျဖတ္သန္းရင္း ေက်ာင္းဆင္းခ်ိန္ေရာက္လာေလသည္။

သုံးေယာက္သား စကားတေျပာေျပာႏွင့္ ေျဖးေျဖးေလွ်ာက္လွမ္းလာၾကသည္။

ထိုစဥ္ ၿဖိဳးပိုင္ေအာင္က ထေအာ္သည္။

"ဟာ ဟိုမွာ မင္းဘဲႀကီးမဟုတ္လား"

လွမ္းၾကည့္လိုက္ေတာ့ ဟုတ္ပါသည္။

ေအာင္ေစပိုင္က ေက်ာင္းေရွ႕တြင္ ကားကို မွီကာ ရပ္ေစာင့္ေနေလသည္။

"မင္းဘိုးေအ ကို မင္းဘဲႀကီးပါလားဟ"

"ဟုတ္တယ္ေလ မင္းရဲ႕ဘာညာဘာညာ ျဖစ္လာမဲ့သူဆိုေတာ့ မင္းဘဲမဟုတ္လို႔ဘာလဲ အခုေတာင္မင္းကို ေက်ာင္းလာႀကိဳတာထင္တယ္"

"ဒီမွာ ေဇယ်တဳ သားႀကီး။ ငါက ငါ့အမေၾကာင့္ လက္စားေခ်ခ်င္လို႔ ဒီအေလာင္းအစားကို လုပ္ခဲ့ေပမယ့္ အဲ့လူႀကီးကို သိပ္မမုန္းပါဘူးကြာ။ မူးေနလို႔အေပ်ာ္လုပ္မိ႐ုံပါပဲ။ မင္းတကယ္လို႔ အဲ့ဘဲႀကီးကို ႀကိဳက္သြားရင္လဲ ငါတို႔က ခြင့္လႊတ္ပါတယ္ေနာ္ ဟုတ္တယ္မလား ခ်က္ႀကီး"

"ေသခ်ာတာေပါ့ကြာ။ ငါတို႔က ငါတို႔သူငယ္ခ်င္းေလး ကို ခံစားရေအာင္မလုပ္ပါဘူး စိတ္မပူပါနဲ႕ ရဲရဲႀကီးသာ ခ်စ္လိုက္ေနာ္သားႀကီး"

"ဒီေခြးမသားေတြကေတာ့....."

တေယာက္တေပါက္ေျပာေနၾကေသာ ႏွစ္ေယာက္ကို လက္ထဲက ထမင္းခ်ိဳင့္နဲ႕ ရိုက္မည့္ဟန္ ျပင္လိုက္မွ ေျပးေလေတာ့သည္။

ဒါေတာင္ ပါးစပ္က ေအာ္သြားၾကေသးသည္။

"မင္းဘဲႀကီးနဲ႕ ေပ်ာ္ေပ်ာ္ ဒိတ္ခဲ့ပါ"

နာေနေသာ ေျခေထာက္ေၾကာင့္ ေျဖးေျဖးသာ ကားနားတိုးသြားမိေတာ့ ေအာင္ေစပိုင္ဆိုသည္လူႀကီးက ေကာ္လံပါသည့္ စပို႔ရွပ္ အျပာရင့္ေရာင္ကို ဝတ္ဆင္ကာ စတိုင္ ေဘာင္းဘီ ဆင္စြယ္ေရာင္ကို ဝတ္ဆင္ထားသည္။

ဒီလူႀကီးက အၿမဲတမ္း အက်ီကို အေရာင္ရင့္ဝတ္ကာ ေဘာင္းဘီကို အေရာင္ေဖ်ာ့ေဖ်ာ့သာ ဝတ္ေလ့ရွိသည္။

တျခားသူေတြလို အေပၚက အေရာင္ႏုဝတ္ၿပီး ေဘာင္းဘီကိုအေရာင္ရင့္ ဝတ္ဆင္သည္မဟုတ္ေပ။

ဒါဟာလဲ သူ႕စတိုင္ေပလား မေျပာတတ္။

နက္ေမွာင္ေနသည့္ ကားကို မွီရင္း လက္ပိုက္ေစာင့္ေနသည့္ ေအာင္ေစပိုင္မွာ ေတာ့ လက္မခံခ်င္ေပမယ့္ ေစာက္ရမ္းေခ်ာလြန္းေနသည္မွာေတာ့ ျငင္းမရေပ။

▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶

[Unicode]

အိမ်ရှေ့ကားရပ်ပေးလိုက်တော့ ကားတံခါးဖွင့်ကာ ဆင်းသွားသည့်ကောင်လေး။

ဝတ်ထားသည့် အားကစားဘောင်းဘီအရှည်ကိုတော့ အနာကြောင့်ထင်သည် ဘောင်းဘီ တဖက်ကို ဒူးထိဆွဲတင်ထားလေသည်။

ကားနောက်ခန်းက တင်လာသော စက်ဘီးကို ချပေးလိုက်တော့ စက်ဘီးလေးတွန်းကာ အိမ်ထဲသို့ ဝင်ဟန်ပြင်နေလေသည်။

"ဟိတ်ကောင်လေး"

"ဗျာ"

​ခြံတံခါးကို တံခါးပြန်ပိတ်ရင်း မော့ကြည့်လာသည့် မျက်ဝန်းတွေက မှိုင်းညို့ညို့။

"မင်း နာမည်က ဘယ်သူ"

"ဇေယျာတိုး ပါ"

"အေး ဇေယျာတိုး မနက်ဖြန် ကျောင်း ဘယ်အချိန်သွားမှာလဲ"

"၈နာရီပါ"

"အေး။ စောင့်နေ ငါလာခေါ်မယ်"

"ရပါတယ် ကျွန်တော်ဘာသာ သွားလို့အဆင်ပြေပါတယ်"

"ငြင်းမနေနဲ့ ငါ့အဒေါ်ကြောင့် ဖြစ်သွားရတာမို့ ပြန်ကူညီပေးရုံပဲ။ ဒေါ်လေးကလဲ မင်းကို တော်တော်စိတ်ပူနေတာမို့"

"ဟုတ် ဟုတ်ကဲ့"

"အဲ့တာဆို မနက် ၈နာရီ ကျောင်းသွားဖို့ အပြီးလုပ်ထား ငါစောင့်ရတာ မကြိုက်ဘူး"

"ဟုတ်....."

ဇေယျာတိုး ဖြေသံတောင် မဆုံးလိုက်ခင် မောင်းထွက်သွားသော ကားအနက်။

"သူ့သဘော သူ့စိတ်ကြီးပဲ။ အ့....အနာကလဲ အခုမှ ပို နာနာလာသလိုပဲ။ အမေ့ရေ.... အမေ့သားလေးကို လာကြည့်လှည့်ပါအုံး"

"ဘာဖြစ်လို့ အိမ်ရှေ့က အသဲပြဲနဲ့ အော်နေရတာတုံး"

ဇေယျာတိုးရဲ့ အမေက အိမ်နော​က်ဖေးကနေ ထွက်လာတော့ ဒူးမှာ ဒဏ်ရာနဲ့ သားလေးကို တွေ့လိုက်ရတော့သည်။

"ဟယ် သားလေး ဘယ်လိုဖြစ်တာလဲ။ ဒူးမှာ ဒဏ်ရာနဲ့ပါလား"

"အီး....အမေ့ နာတယ် အီး...."

"ဘယ်လိုဖြစ်ရတာလဲ သားရယ် ဒဏ်ရာကအကြီးကြီးပဲ။ လာလာ အမေ့ကိုတွဲ"

"ဟုတ်"

အိမ်ထဲရောက်ကာမှ ဖြစ်​ကြောင်းကုန်စဥ်ကို ပြောပြမိတော့သည်။

"မနက်ကျောင်းသွားလို့ ဖြစ်ရဲ့လားသား ဒဏ်ရာကကြီးတော့ အနာရှိန်နဲ့ ဖျားလိမ့်မယ်"

"မသွားလို့မရဘူးအမေရဲ့။ မနက်ဖြန် ကျောင်းမှာ Tutorial ရှိတယ်။ မသွားရင်အမှတ်လျော့လိမ့်မယ်"

"ဟင်း...ဒုက္ခပါပဲ ဒီကလေးနဲ့တော့။ အဲ့တာ​ကြောင့် ဒီစက်ဘီးကို မဝယ်ပါနဲ့ မစီးပါနဲ့ပြောတာ ပြောမရဘူး။ စက်ဘီးစီးချင်ရင်လဲ ရိုးရိုး ဘရိတ်ပါတဲ့ စက်ဘီးစီးပါဆို။ ပြိုင်ဘီးမှ စီးချင်တာဆို။ အခုတော့ ​ဘရိတ်မပါတော့ ဒူးပြဲပြီမဟုတ်လား"

"စက်ဘီးစီးလို့ ဖြစ်တာမဟုတ်ပါဘူးဆို အမေကလဲ။ လမ်းမှာ အဒေါ်တစ်ယောက်ကို ကူညီပေးရင်း ဖြစ်တာပါဆို"

"မယုံဘူး နင့်ကို။ စက်ဘီးစီးလို့ ဖြစ်တာဆို နင့်ကို စက်ဘီးထပ်မစီးခိုင်းမှာဆိုးလို့ ညာပြောတာမဟုတ်လား"

"မဟုတ်ပါဘူးဆို အမေကလဲ။ အမေ မယုံရင် မနက်ဖြန် လူတစ်ယောက်လာကြိုလိမ့်မယ် အဲ့ကျမှမေးကြည့်။ သားကူညီပေးလိုက်တဲ့ အဒေါ်က အားနာလို့ကျောင်းလိုက်ပို့ပေးမှာ"

ဇေယျာတိုး အမေကတော့ ဇေယျာတိုး ကို မယုံသက်ာမျက်လုံးနဲ့သာ ကြည့်နေလေတော့သည်။

~~~~~~~~~~~~~~~

မနက်မိုးလင်းလာတော့ ဒဏ်ရာက ပို၍ ကိုက်လာသည်။

ပုံမှန်ရက်ဆို ကျောင်းပျက်လိုက်မှာ ဖြစ်ပေမဲ့ ယခုမှာတော့ ပျက်လို့မရပေ Tutorial စာမေးပွဲရှိတာမို့ အားယူထရင်းသာ ကျောင်းသွားဖို့ ပြင်ဆင်လိုက်မိသည်။

၈နာရီထိုးတော့ အတိအကျရောက်လာသည့် ရင်းနှီးနေသော ကားအနက်ရောင်။

"အမေရေ ဟိုမှာ လာကြိုပြီ မေးကြည့်တော့"

အမေကတော့ သူ့ကို တွဲကာ ကားနားလိုက်ပို့သည်။

"သားလေးက ဘယ်သူလဲ"

"ဟုတ်ကဲ့ အန်တီ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က အောင်စေပိုင်လို့ ခေါ်ပါတယ်"

"အေးပါ သားရယ်။ အိမ်က သားလေးကို ဒဏ်ရာနဲ့မို့ ကျောင်းလိုက်ပို့ပေးမယ် ဆို အားနာစရာကွယ်"

"မဟုတ်တာပဲ အန်တီရယ်။ ညီလေးက မနေ့က ကျွန်တော့် အဒေါ်ကို ကူညီပေးရင်း ထိခိုက်မိသွားလို့ ကျွန်တော်က ဒီနေ့ လာပြန်ကူညီပေးတာပါ။ အားမနာပါနဲ့"

"ဒါဆို ဒီကောင်လေး ပြောတာအမှန်ပေါ့။ အဒေါ်တစ်ယောက်ကို ကူညီပေးရင်း ထိခိုက်မိတယ်ဆိုတာ"

"ဟုတ်ပါတယ် အန်တီ။ ဘာဖြစ်လို့လဲ မသိဘူး"

"မဟုတ်ပါဘူးကွယ်။ အန်တီ့သားက စက်ဘီးစီးရင်း ချော်လဲတာကို တမင်ညာပြောတယ် ထင်နေတာ"

"အော် အဲ့လိုတော့ မဟုတ်ပါဘူး"

"တမျိုးတော့ မထင်ပါနဲ့သားရယ်။ အန်တီ့သားက သိပ်ဆိုးတာကွဲ့။ သူဖြစ်ချင်တာ လုပ်လိုက်ရမှ ဘယ်သူ့စကားမှ နားမထောင်ဘူးလေ။ စက်ဘီးကိုလဲ ရိုးရိုးစက်ဘီးစီးပါဆို ပြိုင်ဘီးမှတဲ့ဆိုလို့ ဝယ်ထားပေးရတာ။ အန်တီကတော့ စိတ်ကိုမချပါဘူး ကွယ်။ "

"ဟုတ်ကဲ့"

"ဟာ အမေကလဲ ဘာတွေပြောနေမှန်းလဲ မသိဘူး။ ကျောင်းနောက်ကျတော့မယ် သွားတော့မယ် တ့တာ"

"ကြည့် သူ့မကောင်းကြောင်းပြောရင် မကြိုက်ဘူး။ စိတ်ကောက်သွားပြီ"

"ဟုတ်ကဲ့ ခွင့်ပြုပါအုံး အန်တီ"

"အေး အေး သား နှစ်ယောက်လုံး ဂရုစိုက်ကြအုံးနော်"

ကားပေါ်တက်လာတော့ ဘေးခုံမှာ ထိုင်နေသည့် စူပုတ်ပုတ်ကောင်လေး။

အရင်နေ့တွေကလို အားကစားဘောင်းဘီ တီရှပ်နှင့် မဟုတ်ပဲ လည်ကတုံးလက်ရှည်အဖြူရောင်နှင့် ပုဆိုး တို့က အမြင်ကို အေးချမ်းကာ တမျိုး ထူးဆန်းစေသည်။

သို့သော်လဲ ခေါင်းပေါ်က ဆံပင်နီကြောင်ကြောင်တို့ကတော့ ဝတ်ထားသော အဝတ်အစားနှင့် သိပ်ပြီး မလိုက်ဖက်လှပါ။

လမ်းသရဲပုံစံ ကောင်လေးက အတင်းကာရော လိမ္မာယဥ်ကျေးသည့်အသွင် ဟန်ဆောင်နေသလိုပင်။

သူ့အမေပြောသည့် ခပ်ဆိုးဆိုးကောင်လေးဖြစ်မှာ သေချာသလောက်ပင်။

ကိုယ့်အလုပ်မဟုတ်သည်မို့ ကားကိုစက်နှိုးရင်း ကျောင်းရှိရာသို့ ထွက်ခဲ့တော့သည်။

ဘေးခုံက ထိပ်နီကောင်လေးကတော့ ထုံးစံအတိုင်း ​ကားမှန်အပြင်ကို အကြည့်ပို့လျှက်ပေါ့။

"ဟက်ချိုး"

နှာချေသံကြောင့် ဘေးကို ငဲ့စောင်းကြည့်တော့ ကောင်လေးက အအေးဒဏ်ကြောင့်ထင်သည် မျက်နှာလေးနီရဲနေတော့သည်။

ကား Aircon ကို လျော့ကာ အနိမ့်ဆုံး Level ကို ထားပေးလိုက်တော့ ကောင်လေးက သူ့ကို တစ်ချက်လှမ်းကြည့်လာသည်။

"အေးနေပုံပဲ အနွေးထည်မပါဘူးလား"

"ဟုတ်"

"ဆေးရော သောက်ထားလား"

"ညက သောက်ထားပါတယ်"

"အင်း"

အရင်နေ့များနှင့်မတူပဲ ကောင်လေး အသံက အနည်းငယ်တော့ နွမ်းလျနေသည်။

ဘာစကားမှ ဆက်ပြောစရာမရှိတော့သည်မို့ ကားကိုသာ အာရုံစိုက်မောင်းနေလိုက်တော့သည်။

ထုံးစံအတိုင်းကောင်လေးကတော့ ငြိမ်သက်ပြီး လိုက်ပါလာသည်။

ဒီတခါတွင်တော့ အကြည့်တို့က ရှေ့တည့်တည်က ကားမှန်ပေါ်ကိုသာ ရောက်နေတော့သည်။

ကျောင်းရှေ့ရပ်ပေးတော့ ကားတံခါးပေါ်က ခြေထောက်တစ်ဖက်ကို အသာကြွရင်း ဆင်းသွားသည်။

အခုထိ ဒဏ်ရာက မ သက်သာသေးဘူးထင်သည်။

"ကျေးဇူးတင်ပါတယ် ကိုစေပိုင်"

"အင်း ညနေ ဘယ်ချိန် ကျောင်းဆင်းမှာလဲ"

"၃ နာရီ"

"အင်း ညနေ ငါလာကြိုမယ် စောင့်နေ"

"ဗျာ...ဟုတ်"

ပြောပြီး ကားကို မောင်းထွက်ခဲ့တော့ ကောင်လေးကသူ့ပုံစံအတိုင်း အူကြောင်ကြောင် ရပ်ကျန်ခဲ့လေသည်။

~~~~~~~~~~~

"ဟာ ဟိတ်ကောင် အဲ့တာ ဟိုဘဲကြီးကား မလား"

"အင်း"

"မင်းက ဘယ်လိုဖြစ်လို့ ဘဲကြီးကားနဲ့ ကျောင်း လာရတာလဲ"

"အေး။ ငါတို့မသိတဲ့ တရက်လေးအတွင်းမှာ အခြေအနေတွေ တိုးတက်ပြောင်းလဲ သွားလိုက်တာ။ ဇေယျတုကို ကျောင်းကြိုကျောင်းပို့ရတဲ့ အဆင့်တောင်ဖြစ်သွားပြီလား"

"ဇေယျတုတို့များ ပိုင်ချက် သုံးရက်အတွင်းမှာ ဘဲကိုအပိုင်ချုပ်ပလိုက်တာ ကျောင်းတောင်အပို့အကြိုလုပ်ရတဲ့အဆင့်ရောက်သွားပြီပဲ"

"မင်းဘိုးအေတွေပဲဟေ့..^#(#&%#=^*#-#^"

နာနေသော ခြေထောက်ကြောင့်ရော တယောက်တစ်ပေါက်နှင့် ပေါက်ကရပြောနေသော နှစ်ကောင်ကြောင့်ရော စိတ်တိုတိုနှင့် ဆဲလိုက်မိတော့သည်။

အခန်းတွင်းထိုင်ကာ ဖြစ်ပျက်ခဲ့သမျှကို ရှင်းပြမိတော့  ဖြိုးပိုင်အောင်က စုတ်တချက်သက်ကာ မေးကို ပွတ်သပ်ရင်း ပြောလာသည်။

"ဒါဟာ ကံကြမ္မာပဲ ဇေယျတု"

"လီးကို ကံကြမ္မာပါလား ချက်ကြီး"

"ဟုတ်တယ်လေကွာ။ ငါတို့မလုပ်ပေးလဲ မင်းဘာသာမင်း တိုက်ဆိုင်ပြီး တွေ့လာတာဆိုတော့ ဒါက ကံကြမ္မာပဲ သားကြီးရေ။ မင်းတော့ ယောကျ်ားရတော့မယ်"

"ဘောကို ယောကျ်ားရ"

ဖြိုးပိုင်အောင် အပြောကို မင်းဇော်က ဝင်ထောက်ခံသည်။

"ငါတော့ အရက်တလတိုက်ဖို့ ပြင်ထားရတော့မယ် ထင်ပါတယ်"

"တော်စမ်းပါကွာ။ ငါက မင်းတို့နဲ့ လောင်းထားလို့ တပတ်ပဲ။ တပတ်ပြီးရင် အဲ့ဘဲကို အီးတောင်လှည့်မပေါက်ဘူးကွ"

"အေးပါ ကွာ ငှဲငှဲ"

ဖြိုးပိုင်အောင်က ဟန်ပါပါမေးကိုသပ်ရင်း လှောင်ရယ်သည်။

နှစ်ယောက်ကို ထပ်မံဆဲဆိုလိုက်ချင်သော်လဲ ဆရာမဝင်လာပြီမို့ စာသင်ဖို့ကိုသာ အာရုံစိုက်လိုက်ရတော့သည်။

အတန်းချိန်များကို တချိန်ပြီး တစ်ချိန် ဖြတ်သန်းရင်း ကျောင်းဆင်းချိန်ရောက်လာလေသည်။

သုံးယောက်သား စကားတပြောပြောနှင့် ဖြေးဖြေးလျှောက်လှမ်းလာကြသည်။

ထိုစဥ် ဖြိုးပိုင်အောင်က ထအော်သည်။

"ဟာ ဟိုမှာ မင်းဘဲကြီးမဟုတ်လား"

လှမ်းကြည့်လိုက်တော့ ဟုတ်ပါသည်။

အောင်စေပိုင်က ကျောင်းရှေ့တွင် ကားကို မှီကာ ရပ်စောင့်နေလေသည်။

"မင်းဘိုးအေ ကို မင်းဘဲကြီးပါလားဟ"

"ဟုတ်တယ်လေ မင်းရဲ့ဘာညာဘာညာ ဖြစ်လာမဲ့သူဆိုတော့ မင်းဘဲမဟုတ်လို့ဘာလဲ အခုတောင်မင်းကို ကျောင်းလာကြိုတာထင်တယ်"

"ဒီမှာ ဇေယျတု သားကြီး။ ငါက ငါ့အမကြောင့် လက်စားချေချင်လို့ ဒီအလောင်းအစားကို လုပ်ခဲ့ပေမယ့် အဲ့လူကြီးကို သိပ်မမုန်းပါဘူးကွာ။ မူးနေလို့အပျော်လုပ်မိရုံပါပဲ။ မင်းတကယ်လို့ အဲ့ဘဲကြီးကို ကြိုက်သွားရင်လဲ ငါတို့က ခွင့်လွှတ်ပါတယ်နော် ဟုတ်တယ်မလား ချက်ကြီး"

"သေချာတာပေါ့ကွာ။ ငါတို့က ငါတို့သူငယ်ချင်းလေး ကို ခံစားရအောင်မလုပ်ပါဘူး စိတ်မပူပါနဲ့ ရဲရဲကြီးသာ ချစ်လိုက်နော်သားကြီး"

"ဒီခွေးမသားတွေကတော့....."

တယောက်တပေါက်ပြောနေကြသော နှစ်ယောက်ကို လက်ထဲက ထမင်းချိုင့်နဲ့ ရိုက်မည့်ဟန် ပြင်လိုက်မှ ပြေးလေတော့သည်။

ဒါတောင် ပါးစပ်က အော်သွားကြသေးသည်။

"မင်းဘဲကြီးနဲ့ ပျော်ပျော် ဒိတ်ခဲ့ပါ"

နာနေသော ခြေထောက်ကြောင့် ဖြေးဖြေးသာ ကားနားတိုးသွားမိတော့ အောင်စေပိုင်ဆိုသည်လူကြီးက ကော်လံပါသည့် စပို့ရှပ် အပြာရင့်ရောင်ကို ဝတ်ဆင်ကာ စတိုင် ဘောင်းဘီ ဆင်စွယ်ရောင်ကို ဝတ်ဆင်ထားသည်။

ဒီလူကြီးက အမြဲတမ်း အကျီကို အရောင်ရင့်ဝတ်ကာ ဘောင်းဘီကို အရောင်ဖျော့ဖျော့သာ ဝတ်လေ့ရှိသည်။

တခြားသူတွေလို အပေါ်က အရောင်နုဝတ်ပြီး ဘောင်းဘီကိုအရောင်ရင့် ဝတ်ဆင်သည်မဟုတ်ပေ။

ဒါဟာလဲ သူ့စတိုင်ပေလား မပြောတတ်။

နက်မှောင်နေသည့် ကားကို မှီရင်း လက်ပိုက်စောင့်နေသည့် အောင်စေပိုင်မှာ တော့ လက်မခံချင်ပေမယ့် စောက်ရမ်းချောလွန်းနေသည်မှာတော့ ငြင်းမရပေ။

Continue Reading

You'll Also Like

41.3K 2.9K 53
*Book 3 of the Destined Series* Without her sister, her mate, and her friends, Ryleigh has nowhere to turn to but home. Whether she wants to join her...
1.4M 35K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
5.1M 166K 43
"They were like three half-naked supermodels with bedhair and matching movie star grins. What did I get myself into...?." Serena Jones an eighteen ye...
59K 3.4K 35
"I DONT GIVE A FUCK! YOU RUN SHIT LIKE THIS BY ME FIRST! WHAT DID I SAY ABOUT DISOBEYING MY ORDERS?!" Berkeley barked. "YOU STILL ON THAT BULLSHIT A...