[Zawgyi]
ေအာင္ေစပိုင္ ႐ုံးဆင္းလာေတာ့ အိမ္ေပါက္ဝတြင္ သူျမင္ေနက်မဟုတ္သည့္ စက္ဘီးၿပိဳင္ဘီးေလး တစ္စီးကို ေတြ႕လိုက္ရသည္။
အိမ္ထဲဝင္လာေတာ့ ဧည့္ခန္းက ခုံမွာ ထိုင္ေနသည့္ မေန႕ကေကာင္ေလး။
မေန႕ကမဟုတ္ဘူး တေန႕က ေကာင္ေလး။
အထူးသျဖင့္ သူ႕နဲ႕ႏွစ္ရက္ဆက္တိုက္ ေတြ႕ၿပီး အလြဲလြဲေခ်ာ္ေခ်ာ္ ျဖစ္ေနရသည္မို႔ မွတ္မိလိုက္သည္။
ခုံမွာထိုင္ေနသည့္ ေကာင္ေလးကလဲ သူ႕ကိုေတြ႕သြားေတာ့ လန့္သြားသည္ပင္
"မင္း...မင္းက ငါ့အိမ္ကို ဘယ္လိုသိၿပီး ဘာလာလုပ္တာလဲ"
ထုံးစံအတိုင္း အဲ့ဒီေကာင္ေလးကေတာ့ မ်က္လုံးေလးျပဴးကာ ေၾကာင္ေတာင္ေတာင္ၾကည့္ေနသည္။
"ဟို ကြၽန္ေတာ္.....ဟို မသိ..."
အထစ္ထစ္အေငါ့ေငါ့နဲ႕ ေျဖေနတုန္း ေဒၚေလးက ေဆးေသတၱာကို ကိုင္ကာ ေရာက္လာသည္။
"ေအာ္ သားေတာင္ ျပန္လာၿပီလား။ ဒီေန႕ ဘယ္လိုျဖစ္လို႔ အေစာႀကီး႐ုံးဆင္းလာတာလဲ"
"ဟုတ္တယ္။ ဒီေန႕ ညေန ခ်ိန္းထားတဲ့ Dinner တစ္ခုရွိလို႔ အိမ္လာၿပီး အဝတ္အစားလာလဲတာ"
ေဒၚေလးကို ျပန္ေျဖၿပီးေတာ့ ခုံမွာ ခပ္ႀကဳံ႕ႀကဳံ႕ေလး ထိုင္ေနေသာ ေကာင္ေလးကို မ်က္ေမွာင္ႀကဳံ႕ရင္း ေျပာလိုက္မိသည္။
"ဟိတ္ေကာင္ေလး ေမးေနတာေျဖေလ။ ငါ့အိမ္ ဘာလာလုပ္တာလဲ လို႔။ ေျပာေတာ့ ေလွ်ာ္ေၾကးမေတာင္းပါဘူးဆို"
"သားတို႔က အသိေတြလား"
"မဟုတ္ပါဘူး။ ခန ဆုံဖူးတဲ့ စိတ္ရႈပ္စရာေကာင္ေလးပါ။ ကားနဲ႕ တိုက္မိမလိုျဖစ္တာကို ေလ်ာ္ေၾကးလာေတာင္းတာ ေနမွာေပါ့"
"ဟဲ့ သား ဘာေတြေလွ်ာက္ေျပာေနတာလဲ။ သားငယ္ေလးကို ေဒၚေလး ေခၚလာတာ"
"ဘယ္လိုျဖစ္လို႔လဲ ေဒၚေလး"
"ဒီေန႕ ေဒၚေလး ေစ်းသြားရင္း ေစ်းကအျပန္ကားလမ္းအကူးမွာ Bus ကားတစ္စီးက ဘရိတ္ေပါက္ၿပီး ေဒၚေလးဆီကို တည့္တည့္ႀကီးဝင္လာတာ။ အဲ့ဒါ ဒီသားငယ္ေလးက ေဒၚေလးကို ဆြဲၿပီး ကူညီလိုက္တာ။ "
"ဟုတ္လား ေဒၚေလး ဘယ္ေနရာထိခိုက္မိသြားေသးလဲ"
"ေဒၚေလးက ဘာမွမျဖစ္ပါဘူးကြယ္။ ကူညီတဲ့သားငယ္ေလးကေတာ့ လမ္းမေပၚလဲက်ၿပီး ဒူးေခါင္းပြန္းသြားလို႔ ေဆးထည့္ေပးမလို႔ အိမ္ေခၚလာတာ။ ဒီသားငယ္ေလးသာ ဝင္ဆြဲၿပီး မကူညီရင္ ေဒၚေလးေတာ့ မေတြးရဲစရာပါပဲ ကြယ္"
"ေအာ္..."
ေဒၚေလးေျပာတာကို နားေထာင္ရင္း ခုံေပၚက ေကာင္ေလးကို တခ်က္ငဲ့ၾကည့္လိုက္ေတာ့ မ်က္ႏွာေလးကို ေအာက္ငုံထားသည္။
"ေဒၚေလးကို ကြၽန္ေတာ္ေျပာသားပဲ။ ေစ်းသြားရင္အကူျဖစ္ျဖစ္ ဒရိုက္ဘာျဖစ္ျဖစ္ေခၚသြားပါလို႔။တစ္ေယာက္ထဲ သြားေတာ့ အခုလိုျဖစ္ၿပီေပါ့"
"ေအးပါ။ သားရယ္ ေဒၚေလးေနာက္ အေဖာ္ေခၚသြားပါ့မယ္။ အခုေတာ့ ဘာမွမျဖစ္ေတာ့ပါဘူး။ သားလဲ ျပန္သြားစရာရွိတယ္ဆို လုပ္စရာရွိတာလုပ္ေလ။ ေဒၚေလးလဲ သားငယ္ေလးကို ေဆးထည့္ေပးလိုက္အုံးမယ္"
ေဒၚေလးကေတာ့ ထိုေကာင္ေလးအနား သြားထိုင္ကာ ဒူးေခါင္းစုတ္ၿပဲ၍ ေသြးေတြစီးက်ေနေသာ ဒဏ္ရာကို ေဆးထည့္ေပးေနသည္။
ေအာင္ေစပိုင္ ဒဏ္ရာကို တစ္ခ်က္ၾကည့္လိုက္ေတာ့ ပြန္းပဲ့ဒဏ္ရာက ေတာ္ေတာ္မ်ားၿပီး ေသြးထြက္ေနတာလဲ မနည္းေပ။
ေဒၚေလးကို ကူညီေပးရင္း ျဖစ္သည္မို႔ တခ်က္ေမးလိုက္မိသည္။
"ေဆးခန္း မသြားလို႔ေရာ ျဖစ္ရဲ႕လား"
ေမးလိုက္ေတာ့ ေကာင္ေလးက သူ႕ကိုေမာ့ၾကည့္လာသည္။
ဟိုတစ္ေန႕ကလိုပင္ မ်က္ဝန္းအိမ္နားက အနည္းငယ္စိုစြတ္လွ်က္။
"ဟုတ္ ရပါတယ္ မသြားေတာ့ပါဘူး"
"ေဒၚေလးလဲ ေျပာေနတာ သားေရ။ ဒဏ္ရာကမ်ားလို႔ ေဆးခန္းပို႔ေပးမယ္ ေျပာတာကို မသြားဘူးဇြတ္ျငင္းေနလို႔ အိမ္ပဲေခၚလာခဲ့ရတာ"
"သူ႕သေဘာက မသြားခ်င္ဘူးဆိုေတာ့လဲ ဘယ္တတ္နိုင္မလဲ"
ေျပာရင္း ဝတ္ထားသည့္ ရွပ္အက်ီ ၾကယ္သီးအေပၚဆုံးတစ္လုံးကို ျဖဳတ္ကာ အေပၚထက္အခန္းသို႔ အက်ီလဲရန္တက္လာခဲ့လိုက္ေတာ့သည္။
~~~~~~~~~~~~
"အာ့...."
"နာသြားလား သား...ေတာ္ေတာ္စပ္ေနမွာပဲ ဒဏ္ရာကႀကီးေတာ့။ ခနေတာ့သည္းခံေနာ္ အရက္ျပန္နဲ႕ပိုးသတ္ၿပီးရင္ ေဆးထည့္ၿပီး ၿပီးၿပီေနာ္"
"ဟုတ္ ဟုတ္ကဲ့ ေဒၚေဒၚ"
"အယ္။ မိတ္ဆက္ဖို႔ ေမ့ေနတာပဲ။ လူကပူထူေနေတာ့ ေမ့ေနတာ။ ေဒၚေဒၚက ေဒၚတင္ႏြယ္လို႔ ေခၚတယ္။ ခုနက အေပၚတက္သြားတဲ့သားေလးကေတာ့ေဒၚေဒၚ့ တူေလးေလေအာင္ေစပိုင္ တဲ့။ ေဒၚေဒၚတို႔က ဒီအိမ္မွာ တူဝရီးႏွစ္ေယာက္ပဲ ေနတာ။ သားေလးကေရာ"
"ဟုတ္ကဲ့။ သားနာမည္က ေဇယ်ာတိုးပါ"
"ဟုတ္လား။ သားေလးၾကည့္ရတာ ငယ္အုံးမယ္ထင္တယ္။ ေက်ာင္းတက္ေနတုန္းလား"
"ဟုတ္ကဲ့ အခု စီးပြားေရး တက္ေနတာပါ"
"ဟုတ္လား။ ခုနက တက္သြားတဲ့ သားအကိုကလဲ စီးပြားေရးဘြဲ႕ရထားတာပဲ သားရဲ႕။ စီနီယာ ဂ်ဴနီယာေတြ ျဖစ္ေနတာပဲ။ အခုေတာ့ သားအကိုက ေစပိုင္ဆိုတဲ့ ကုမၸဏီတစ္ခုကို ဦးစီးၿပီးလုပ္ေနတယ္ေလ"
"ဟုတ္ကဲ့"
"ေနာက္ သားသိခ်င္တာေတြ လိုအပ္တာေတြရွိရင္ သားအကိုကို အကူညီေတာင္း လို႔ရတယ္သိလား သား"
"ဟုတ္ကဲ့ ေဒၚေဒၚ"
ပါးစပ္ကသာ ဟုတ္ကဲ့လို႔ ျပန္ေျဖလိုက္ရေပမယ့္ စိတ္ထဲတြင္ေတာ့ အဲ့ဒီေအာင္ေစပိုင္ဆိုသည့္လူကို ၾကည့္မရပါ။
အရင္ႏွစ္ရက္တုန္းက ေတြ႕ဆုံမႈေတြဟာ သူနဲ႕ သူငယ္ခ်င္းေတြေပါင္းၿပီး ဖန္တီးခဲ့ေသာ လုပ္ႀကံ တိုက္ဆိုင္မႈေတြ ျဖစ္ခဲ့ေပမယ့္ ယခုတေခါက္ကေတာ့ အမွန္တကယ္ပင္တိုက္ဆိုင္မႈ ျဖစ္ပါသည္။
စက္ဘီးနင္းေနရင္း အေဒၚတစ္ေယာက္ကို ကားတိုက္ေတာ့မလို ျဖစ္တာေၾကာင့္ ဝင္ကူညီေပးရင္ ဒီအိမ္အထိေရာက္လာရျခင္းေပ။
ဒီအေဒၚ့ကို ေအာင္ေစပိုင္အေဒၚမွန္းလဲ သူမသိသလို ေအာင္ေစပိုင္၏ အိမ္ေနရာအတိအက်ကိဳလဲ သူမသိပါ။
ဒါကိုပင္ သူ႕ကို မွိုခ်ိဳးမ်စ္ခ်ိဳးေျပာသြားေသးသည္ေလ။
သူ႕႐ုပ္က အိမ္ထိ ေလ်ာ္ေၾကးလိုက္ေတာင္းမယ့္ ပုံစံေပါက္ေနလို႔လား တကယ္ပါပဲ။
ေဒၚေဒၚကေတာ့ သူ႕ကို ေဆးေသခ်ာထည့္ေပးၿပီး ဒူးေခါင္းကို ပတ္တီးစည္းေပးေနသည္။
"ေဆးခန္းမသြားလို႔ေရာ ရရဲ႕လား သားငယ္ရယ္။ အနာရင္းမွာ ဆိုးလို႔"
"ရပါတယ္ ေဒၚေဒၚရဲ႕။ သားက ဒီေလာက္ကဘာမွမျဖစ္ဘူး ေဘာလုံးကန္ရင္း စက္ဘီးစီးရင္းနဲ႕ ဒါေလးေတြက ျဖစ္ေနၾကပါ"
"ေအးပါ သားငယ္ရယ္။ ေဒၚေဒၚက စိတ္ပူလို႔"
စိတ္မေကာင္းျဖစ္ေနဟန္ရေသာ ေဒၚေဒၚက အရမ္းအားနာေနသျဖင့္ အားနာစရာမလိုေအာင္ ၿပဳံးျပလိုက္မိသည္။
ေဒၚေဒၚကေတာ့ လူႀကီးတို႔၏ သေဘာသဘာဝအတိုင္း ဘယ္မွာေနလဲ မိဘေတြ ဘာလုပ္လဲ စသည္ျဖင့္ ေမးျမန္းေနေလေတာ့သည္။
ေဒၚေဒၚ့ေမးခြန္းမ်ားကို ျပန္ေျဖရင္း စိတ္ထဲကေတြးမိသည္။
ေဒၚေဒၚႏြယ္က သေဘာေကာင္းသေလာက္ ေဒၚေဒၚ့တူ က အရမ္းအေပါက္ဆိုးၿပီး လက္ေပါက္ကပ္တာပဲ။
ေတြးေနရင္း အိမ္ေပၚထပ္မွ အဝတ္အစားလဲ ၿပီးဆင္းလာေသာ ေအာင္ေစပိုင္ကို ေတြ႕လိုက္ရသည္။
"သားက Dinner ခ်ိန္းထားတာ ဘယ္မွာလဲ"
"ေတာင္ဥကၠလာေဂါက္ကြင္း မွာ ေဒၚေလး။ ရွယ္ယာရွင္တစ္ေယာက္နဲ႕ ေဂါက္ရိုက္ၿပီး Dinner စားဖို႔ ခ်ိန္းထားလို႔"
"ဒါဆိုအေတာ္ပဲ။ သားငယ္က ေတာင္ဥကၠလာဘက္မွာ ေနတာမလား။ သားေလးက သားငယ္ကို အိမ္ျပန္ပို႔ေပးလိုက္ပါလား လမ္းလဲ ႀကဳံေနေတာ့"
"ဟို ရပါတယ္ ေဒၚေဒၚ ကြၽန္ေတာ္စက္ဘီးပါတယ္ စက္ဘီးနဲ႕ပဲ ျပန္လိုက္ပါ့မယ္"
"ဟယ္ ဘယ္ျဖစ္မွာလဲ။ ဒူးေခါင္း ဒဏ္ရာရထားတာ စက္ဘီးနင္းလို႔ ဘယ္အဆင္ေျပမွာလဲကြယ္။သားငယ္ အကိုနဲ႕ လိုက္သြားလိုက္ေနာ္"
"ရပါတယ္ ေဒၚေဒၚရဲ႕ ကြၽန္ေတာ္ အဆင္ေျပပါတယ္"
"ေဒၚေဒါ့္ကို စိတ္မေကာင္းျဖစ္ေအာင္မလုပ္ပါနဲ႕ကြယ္။ ေဒၚေဒၚ့ကိုလဲ ကူညီရေသးတယ္ ေဆးခန္းလဲမပို႔ေပးရဘူး အိမ္လဲတစ္ေယာက္ထဲ ျပန္ခိုင္းရမယ္ဆိုရင္ ေဒၚေဒၚတကယ္ စိတ္မေကာင္းျဖစ္ရမွာ။ ေဒၚေဒၚ့ကို အိမ္ေတာ့ ျပန္ပို႔ခိုင္းေနာ္"
ေဒၚေဒၚႏြယ္၏ စကားေၾကာင့္ ေဇယ်ာတိုးလဲ အတင္းအၾကပ္ျငင္းမရေတာ့ေပ။
"ဟုတ္ ဟုတ္ကဲ့"
"ဒါဆို သားေရ။ သားငယ္ကို အိမ္ေသခ်ာျပန္လိုက္ပို႔ေပးလိုက္ေနာ္"
ေအာင္ေစပိုင္ဆိုသည့္လူကို တခ်က္ မ်က္လုံးပင့္ၾကည့္ေတာ့ ဘာမွမေျပာေပ။
"အိမ္ေရာက္ရင္ ေဆးေသာက္ၿပီး နားလိုက္ေနာ္သားငယ္။ မနက္ျဖန္ ေက်ာင္းတက္ရမွာ မဟုတ္လား။ ဒဏ္ရာေၾကာင့္ သြားရလာရတာ အဆင္ေျပပါ့မလားကြယ္။ ေဒၚေဒၚစိတ္ပူလိုက္တာ"
"မပူပါနဲ႕ ေဒၚေဒၚရဲ႕ သားေဆးေသာက္လိုက္ရင္ ေပ်ာက္သြားမွာပါ။မနက္ျဖန္ ေက်ာင္းကလဲ Ferry ရွိတာမို႔ အဆင္ေျပပါတယ္"
"ေအးပါကြယ္။ ဂ႐ုစိုက္တက္အုံး ကားေပၚ"
ကားေနာက္ခန္းတံခါးကို ႐ုတ္တရက္ ဖြင့္ကာထိုင္မည္လုပ္ေတာ့ ေရွ႕ကခုံဆီကအသံထြက္လာေလသည္။
"ငါ က မင္းဒရိုက္ဘာမဟုတ္ဘူး ေရွ႕မွာလာထိုင္"
"ဟုတ္ ဟုတ္ကဲ့"
ေဇယ်ာတိုးလဲ ေအာင္ေစပိုင္ေျပာသည္ကို နားမလည္သည္မို႔ အူေၾကာင္ေၾကာင္ျဖင့္သာ ေရွ႕ခန္းမွာ ဝင္ထိုင္လိုက္ရသည္။
သို႔ေပသည့္ ဘာေျပာရမွန္းမသိ ေၾကာင္ေတာင္ေတာင္ျဖစ္ေနသည္မို႔ ကားမွန္ကိုသာ အၾကည့္တို႔ပို႔ရင္း လိုက္လာခဲ့မိေတာ့သည္။
ေအာင္ေစပိုင္လဲ ကားေမာင္းေနရင္း ေဘးသို႔တခ်က္ အၾကည့္ေရာက္မိေတာ့ ကားမွန္ေတြကို ေငးၾကည့္ရင္း ျပတ္က်န္ခဲ့ေသာ ျမင္ကြင္းေတြကို စိတ္ဝင္တစား စူးစိုက္ၾကည့္ေနသည့္ ဆံပင္အနီေရာင္ ေကာင္ေလး။
လမ္းမေပၚက ျမင္ကြင္းေတြက ဘယ္ေလာက္ေတာင္ စိတ္ဝင္စားစရာေကာင္းလို႔ ဒီေလာက္စူးစိုက္ၾကည့္ေနရတာပါလိမ့္။
▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶
[Unicode]
အောင်စေပိုင် ရုံးဆင်းလာတော့ အိမ်ပေါက်ဝတွင် သူမြင်နေကျမဟုတ်သည့် စက်ဘီးပြိုင်ဘီးလေး တစ်စီးကို တွေ့လိုက်ရသည်။
အိမ်ထဲဝင်လာတော့ ဧည့်ခန်းက ခုံမှာ ထိုင်နေသည့် မနေ့ကကောင်လေး။
မနေ့ကမဟုတ်ဘူး တနေ့က ကောင်လေး။
အထူးသဖြင့် သူ့နဲ့နှစ်ရက်ဆက်တိုက် တွေ့ပြီး အလွဲလွဲချော်ချော် ဖြစ်နေရသည်မို့ မှတ်မိလိုက်သည်။
ခုံမှာထိုင်နေသည့် ကောင်လေးကလဲ သူ့ကိုတွေ့သွားတော့ လန့်သွားသည်ပင်
"မင်း...မင်းက ငါ့အိမ်ကို ဘယ်လိုသိပြီး ဘာလာလုပ်တာလဲ"
ထုံးစံအတိုင်း အဲ့ဒီကောင်လေးကတော့ မျက်လုံးလေးပြူးကာ ကြောင်တောင်တောင်ကြည့်နေသည်။
"ဟို ကျွန်တော်.....ဟို မသိ..."
အထစ်ထစ်အငေါ့ငေါ့နဲ့ ဖြေနေတုန်း ဒေါ်လေးက ဆေးသေတ္တာကို ကိုင်ကာ ရောက်လာသည်။
"အော် သားတောင် ပြန်လာပြီလား။ ဒီနေ့ ဘယ်လိုဖြစ်လို့ အစောကြီးရုံးဆင်းလာတာလဲ"
"ဟုတ်တယ်။ ဒီနေ့ ညနေ ချိန်းထားတဲ့ Dinner တစ်ခုရှိလို့ အိမ်လာပြီး အဝတ်အစားလာလဲတာ"
ဒေါ်လေးကို ပြန်ဖြေပြီးတော့ ခုံမှာ ခပ်ကြုံ့ကြုံ့လေး ထိုင်နေသော ကောင်လေးကို မျက်မှောင်ကြုံ့ရင်း ပြောလိုက်မိသည်။
"ဟိတ်ကောင်လေး မေးနေတာဖြေလေ။ ငါ့အိမ် ဘာလာလုပ်တာလဲ လို့။ ပြောတော့ လျှော်ကြေးမတောင်းပါဘူးဆို"
"သားတို့က အသိတွေလား"
"မဟုတ်ပါဘူး။ ခန ဆုံဖူးတဲ့ စိတ်ရှုပ်စရာကောင်လေးပါ။ ကားနဲ့ တိုက်မိမလိုဖြစ်တာကို လျော်ကြေးလာတောင်းတာ နေမှာပေါ့"
"ဟဲ့ သား ဘာတွေလျှောက်ပြောနေတာလဲ။ သားငယ်လေးကို ဒေါ်လေး ခေါ်လာတာ"
"ဘယ်လိုဖြစ်လို့လဲ ဒေါ်လေး"
"ဒီနေ့ ဒေါ်လေး စျေးသွားရင်း စျေးကအပြန်ကားလမ်းအကူးမှာ Bus ကားတစ်စီးက ဘရိတ်ပေါက်ပြီး ဒေါ်လေးဆီကို တည့်တည့်ကြီးဝင်လာတာ။ အဲ့ဒါ ဒီသားငယ်လေးက ဒေါ်လေးကို ဆွဲပြီး ကူညီလိုက်တာ။ "
"ဟုတ်လား ဒေါ်လေး ဘယ်နေရာထိခိုက်မိသွားသေးလဲ"
"ဒေါ်လေးက ဘာမှမဖြစ်ပါဘူးကွယ်။ ကူညီတဲ့သားငယ်လေးကတော့ လမ်းမပေါ်လဲကျပြီး ဒူးခေါင်းပွန်းသွားလို့ ဆေးထည့်ပေးမလို့ အိမ်ခေါ်လာတာ။ ဒီသားငယ်လေးသာ ဝင်ဆွဲပြီး မကူညီရင် ဒေါ်လေးတော့ မတွေးရဲစရာပါပဲ ကွယ်"
"အော်..."
ဒေါ်လေးပြောတာကို နားထောင်ရင်း ခုံပေါ်က ကောင်လေးကို တချက်ငဲ့ကြည့်လိုက်တော့ မျက်နှာလေးကို အောက်ငုံထားသည်။
"ဒေါ်လေးကို ကျွန်တော်ပြောသားပဲ။ စျေးသွားရင်အကူဖြစ်ဖြစ် ဒရိုက်ဘာဖြစ်ဖြစ်ခေါ်သွားပါလို့။တစ်ယောက်ထဲ သွားတော့ အခုလိုဖြစ်ပြီပေါ့"
"အေးပါ။ သားရယ် ဒေါ်လေးနောက် အဖော်ခေါ်သွားပါ့မယ်။ အခုတော့ ဘာမှမဖြစ်တော့ပါဘူး။ သားလဲ ပြန်သွားစရာရှိတယ်ဆို လုပ်စရာရှိတာလုပ်လေ။ ဒေါ်လေးလဲ သားငယ်လေးကို ဆေးထည့်ပေးလိုက်အုံးမယ်"
ဒေါ်လေးကတော့ ထိုကောင်လေးအနား သွားထိုင်ကာ ဒူးခေါင်းစုတ်ပြဲ၍ သွေးတွေစီးကျနေသော ဒဏ်ရာကို ဆေးထည့်ပေးနေသည်။
အောင်စေပိုင် ဒဏ်ရာကို တစ်ချက်ကြည့်လိုက်တော့ ပွန်းပဲ့ဒဏ်ရာက တော်တော်များပြီး သွေးထွက်နေတာလဲ မနည်းပေ။
ဒေါ်လေးကို ကူညီပေးရင်း ဖြစ်သည်မို့ တချက်မေးလိုက်မိသည်။
"ဆေးခန်း မသွားလို့ရော ဖြစ်ရဲ့လား"
မေးလိုက်တော့ ကောင်လေးက သူ့ကိုမော့ကြည့်လာသည်။
ဟိုတစ်နေ့ကလိုပင် မျက်ဝန်းအိမ်နားက အနည်းငယ်စိုစွတ်လျှက်။
"ဟုတ် ရပါတယ် မသွားတော့ပါဘူး"
"ဒေါ်လေးလဲ ပြောနေတာ သားရေ။ ဒဏ်ရာကများလို့ ဆေးခန်းပို့ပေးမယ် ပြောတာကို မသွားဘူးဇွတ်ငြင်းနေလို့ အိမ်ပဲခေါ်လာခဲ့ရတာ"
"သူ့သဘောက မသွားချင်ဘူးဆိုတော့လဲ ဘယ်တတ်နိုင်မလဲ"
ပြောရင်း ဝတ်ထားသည့် ရှပ်အကျီ ကြယ်သီးအပေါ်ဆုံးတစ်လုံးကို ဖြုတ်ကာ အပေါ်ထက်အခန်းသို့ အကျီလဲရန်တက်လာခဲ့လိုက်တော့သည်။
~~~~~~~~~~~~
"အာ့...."
"နာသွားလား သား...တော်တော်စပ်နေမှာပဲ ဒဏ်ရာကကြီးတော့။ ခနတော့သည်းခံနော် အရက်ပြန်နဲ့ပိုးသတ်ပြီးရင် ဆေးထည့်ပြီး ပြီးပြီနော်"
"ဟုတ် ဟုတ်ကဲ့ ဒေါ်ဒေါ်"
"အယ်။ မိတ်ဆက်ဖို့ မေ့နေတာပဲ။ လူကပူထူနေတော့ မေ့နေတာ။ ဒေါ်ဒေါ်က ဒေါ်တင်နွယ်လို့ ခေါ်တယ်။ ခုနက အပေါ်တက်သွားတဲ့သားလေးကတော့ဒေါ်ဒေါ့် တူလေးလေအောင်စေပိုင် တဲ့။ ဒေါ်ဒေါ်တို့က ဒီအိမ်မှာ တူဝရီးနှစ်ယောက်ပဲ နေတာ။ သားလေးကရော"
"ဟုတ်ကဲ့။ သားနာမည်က ဇေယျာတိုးပါ"
"ဟုတ်လား။ သားလေးကြည့်ရတာ ငယ်အုံးမယ်ထင်တယ်။ ကျောင်းတက်နေတုန်းလား"
"ဟုတ်ကဲ့ အခု စီးပွားရေး တက်နေတာပါ"
"ဟုတ်လား။ ခုနက တက်သွားတဲ့ သားအကိုကလဲ စီးပွားရေးဘွဲ့ရထားတာပဲ သားရဲ့။ စီနီယာ ဂျူနီယာတွေ ဖြစ်နေတာပဲ။ အခုတော့ သားအကိုက စေပိုင်ဆိုတဲ့ ကုမ္ပဏီတစ်ခုကို ဦးစီးပြီးလုပ်နေတယ်လေ"
"ဟုတ်ကဲ့"
"နောက် သားသိချင်တာတွေ လိုအပ်တာတွေရှိရင် သားအကိုကို အကူညီတောင်း လို့ရတယ်သိလား သား"
"ဟုတ်ကဲ့ ဒေါ်ဒေါ်"
ပါးစပ်ကသာ ဟုတ်ကဲ့လို့ ပြန်ဖြေလိုက်ရပေမယ့် စိတ်ထဲတွင်တော့ အဲ့ဒီအောင်စေပိုင်ဆိုသည့်လူကို ကြည့်မရပါ။
အရင်နှစ်ရက်တုန်းက တွေ့ဆုံမှုတွေဟာ သူနဲ့ သူငယ်ချင်းတွေပေါင်းပြီး ဖန်တီးခဲ့သော လုပ်ကြံ တိုက်ဆိုင်မှုတွေ ဖြစ်ခဲ့ပေမယ့် ယခုတခေါက်ကတော့ အမှန်တကယ်ပင်တိုက်ဆိုင်မှု ဖြစ်ပါသည်။
စက်ဘီးနင်းနေရင်း အဒေါ်တစ်ယောက်ကို ကားတိုက်တော့မလို ဖြစ်တာကြောင့် ဝင်ကူညီပေးရင် ဒီအိမ်အထိရောက်လာရခြင်းပေ။
ဒီအဒေါ့်ကို အောင်စေပိုင်အဒေါ်မှန်းလဲ သူမသိသလို အောင်စေပိုင်၏ အိမ်နေရာအတိအကျကိုလဲ သူမသိပါ။
ဒါကိုပင် သူ့ကို မှိုချိုးမျစ်ချိုးပြောသွားသေးသည်လေ။
သူ့ရုပ်က အိမ်ထိ လျော်ကြေးလိုက်တောင်းမယ့် ပုံစံပေါက်နေလို့လား တကယ်ပါပဲ။
ဒေါ်ဒေါ်ကတော့ သူ့ကို ဆေးသေချာထည့်ပေးပြီး ဒူးခေါင်းကို ပတ်တီးစည်းပေးနေသည်။
"ဆေးခန်းမသွားလို့ရော ရရဲ့လား သားငယ်ရယ်။ အနာရင်းမှာ ဆိုးလို့"
"ရပါတယ် ဒေါ်ဒေါ်ရဲ့။ သားက ဒီလောက်ကဘာမှမဖြစ်ဘူး ဘောလုံးကန်ရင်း စက်ဘီးစီးရင်းနဲ့ ဒါလေးတွေက ဖြစ်နေကြပါ"
"အေးပါ သားငယ်ရယ်။ ဒေါ်ဒေါ်က စိတ်ပူလို့"
စိတ်မကောင်းဖြစ်နေဟန်ရသော ဒေါ်ဒေါ်က အရမ်းအားနာနေသဖြင့် အားနာစရာမလိုအောင် ပြုံးပြလိုက်မိသည်။
ဒေါ်ဒေါ်ကတော့ လူကြီးတို့၏ သဘောသဘာဝအတိုင်း ဘယ်မှာနေလဲ မိဘတွေ ဘာလုပ်လဲ စသည်ဖြင့် မေးမြန်းနေလေတော့သည်။
ဒေါ်ဒေါ့်မေးခွန်းများကို ပြန်ဖြေရင်း စိတ်ထဲကတွေးမိသည်။
ဒေါ်ဒေါ်နွယ်က သဘောကောင်းသလောက် ဒေါ်ဒေါ့်တူ က အရမ်းအပေါက်ဆိုးပြီး လက်ပေါက်ကပ်တာပဲ။
တွေးနေရင်း အိမ်ပေါ်ထပ်မှ အဝတ်အစားလဲ ပြီးဆင်းလာသော အောင်စေပိုင်ကို တွေ့လိုက်ရသည်။
"သားက Dinner ချိန်းထားတာ ဘယ်မှာလဲ"
"တောင်ဥက္ကလာဂေါက်ကွင်း မှာ ဒေါ်လေး။ ရှယ်ယာရှင်တစ်ယောက်နဲ့ ဂေါက်ရိုက်ပြီး Dinner စားဖို့ ချိန်းထားလို့"
"ဒါဆိုအတော်ပဲ။ သားငယ်က တောင်ဥက္ကလာဘက်မှာ နေတာမလား။ သားလေးက သားငယ်ကို အိမ်ပြန်ပို့ပေးလိုက်ပါလား လမ်းလဲ ကြုံနေတော့"
"ဟို ရပါတယ် ဒေါ်ဒေါ် ကျွန်တော်စက်ဘီးပါတယ် စက်ဘီးနဲ့ပဲ ပြန်လိုက်ပါ့မယ်"
"ဟယ် ဘယ်ဖြစ်မှာလဲ။ ဒူးခေါင်း ဒဏ်ရာရထားတာ စက်ဘီးနင်းလို့ ဘယ်အဆင်ပြေမှာလဲကွယ်။သားငယ် အကိုနဲ့ လိုက်သွားလိုက်နော်"
"ရပါတယ် ဒေါ်ဒေါ်ရဲ့ ကျွန်တော် အဆင်ပြေပါတယ်"
"ဒေါ်ဒေါ့်ကို စိတ်မကောင်းဖြစ်အောင်မလုပ်ပါနဲ့ကွယ်။ ဒေါ်ဒေါ့်ကိုလဲ ကူညီရသေးတယ် ဆေးခန်းလဲမပို့ပေးရဘူး အိမ်လဲတစ်ယောက်ထဲ ပြန်ခိုင်းရမယ်ဆိုရင် ဒေါ်ဒေါ်တကယ် စိတ်မကောင်းဖြစ်ရမှာ။ ဒေါ်ဒေါ့်ကို အိမ်တော့ ပြန်ပို့ခိုင်းနော်"
ဒေါ်ဒေါ်နွယ်၏ စကားကြောင့် ဇေယျာတိုးလဲ အတင်းအကြပ်ငြင်းမရတော့ပေ။
"ဟုတ် ဟုတ်ကဲ့"
"ဒါဆို သားရေ။ သားငယ်ကို အိမ်သေချာပြန်လိုက်ပို့ပေးလိုက်နော်"
အောင်စေပိုင်ဆိုသည့်လူကို တချက် မျက်လုံးပင့်ကြည့်တော့ ဘာမှမပြောပေ။
"အိမ်ရောက်ရင် ဆေးသောက်ပြီး နားလိုက်နော်သားငယ်။ မနက်ဖြန် ကျောင်းတက်ရမှာ မဟုတ်လား။ ဒဏ်ရာကြောင့် သွားရလာရတာ အဆင်ပြေပါ့မလားကွယ်။ ဒေါ်ဒေါ်စိတ်ပူလိုက်တာ"
"မပူပါနဲ့ ဒေါ်ဒေါ်ရဲ့ သားဆေးသောက်လိုက်ရင် ပျောက်သွားမှာပါ။မနက်ဖြန် ကျောင်းကလဲ Ferry ရှိတာမို့ အဆင်ပြေပါတယ်"
"အေးပါကွယ်။ ဂရုစိုက်တက်အုံး ကားပေါ်"
ကားနောက်ခန်းတံခါးကို ရုတ်တရက် ဖွင့်ကာထိုင်မည်လုပ်တော့ ရှေ့ကခုံဆီကအသံထွက်လာလေသည်။
"ငါ က မင်းဒရိုက်ဘာမဟုတ်ဘူး ရှေ့မှာလာထိုင်"
"ဟုတ် ဟုတ်ကဲ့"
ဇေယျာတိုးလဲ အောင်စေပိုင်ပြောသည်ကို နားမလည်သည်မို့ အူကြောင်ကြောင်ဖြင့်သာ ရှေ့ခန်းမှာ ဝင်ထိုင်လိုက်ရသည်။
သို့ပေသည့် ဘာပြောရမှန်းမသိ ကြောင်တောင်တောင်ဖြစ်နေသည်မို့ ကားမှန်ကိုသာ အကြည့်တို့ပို့ရင်း လိုက်လာခဲ့မိတော့သည်။
အောင်စေပိုင်လဲ ကားမောင်းနေရင်း ဘေးသို့တချက် အကြည့်ရောက်မိတော့ ကားမှန်တွေကို ငေးကြည့်ရင်း ပြတ်ကျန်ခဲ့သော မြင်ကွင်းတွေကို စိတ်ဝင်တစား စူးစိုက်ကြည့်နေသည့် ဆံပင်အနီရောင် ကောင်လေး။
လမ်းမပေါ်က မြင်ကွင်းတွေက ဘယ်လောက်တောင် စိတ်ဝင်စားစရာကောင်းလို့ ဒီလောက်စူးစိုက်ကြည့်နေရတာပါလိမ့်။