π•Έπ–”π–“π–†π–—π–ˆπ–

By sunflower06h

37K 3.9K 1.9K

π‘Œπ‘’π‘  π‘€π‘Žπ‘—π‘’π‘ π‘‘π‘¦, π‘¦π‘œπ‘’'π‘Ÿπ‘’ π‘‘β„Žπ‘’ π‘‘π‘Ÿπ‘’π‘’ π‘šπ‘œπ‘›π‘Žπ‘Ÿπ‘β„Ž β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’... More

Prologue
Episode: 1
Episode: 2
Episode: 3
Episode: 4
Episode: 5
Episode: 6
Episode: 7
Episode: 8
Episode: 9
Episode: 10
Episode: 11
Episode:12
Episode: 13
Episode:14
Episode: 15 ⚠
Episode: 16
Episode:17
Episode:18
Episode:19
Episode: 20
Episode:21
Episode 23
Episode:24

Episode:22

1K 111 22
By sunflower06h

ညီလာခံ ခန်းမအတွင်း စောင့်ကြိုနေသည်က သံတမန်ဖြစ်ဟန်တူပုံပေါ်သည့် လူလတ်ပိုင်းအရွယ်တစ်ဦးနှင့် အမှုထမ်းအချို့ပင်။ သူ့အား တိုင်းပြည်အရှင်မှန်းသိသည်ကြောင့် ဂါရဝပြုနှုတ်ဆက်ကြသည့်တိုင် ထိုသံတမန်ဖြစ်ဟန်တူသူက သူ့အား စေ့စေ့ကြည့်ကာနေသည်ကြောင့် ထူးဆန်းသည့် ခံစားချက်ပင်ဖြစ်ပေါ်သည်။

"ဘယ်လိုမျိုး ဆက်စပ်မိပြီး ရောက်လာမှန်း မသိပေမယ့် Eldoraကနေ ကြိုဆိုပါတယ်။ ကိုယ်တော်က အုပ်ချုပ်သူ အရှင်ဂျွန်ပါ"

ဘယ်က ဘယ်လိုဆက်စပ်ကာ ရောက်လာမှန်းမသိသည့် ထိုသူတို့၏ ရည်ရွယ်ချက်အမှန်ကို သိဖို့ လုပ်ရမည်လေ။

"တွေ့ရတာ ဝမ်းမြောက်မိပါတယ် အရှင်။ အခုမှပဲ Eldoraအရှင်ကို သေချာ မြင်ဖူးပါတော့တယ်။ သတင်းကြားထားသလို အရှိန်အဝါကြီးမားပြီး ချောမောတာပါပဲ။"

သံတမန် ဖြစ်ဟန်တူသည့် ထိုသူက ကြိုဆိုရန် ကမ်းလှမ်းသည့် လက်အား ရုတ်ချည်းဆိုသလို ဆုပ်ကိုင်ကာ နှုတ်ဆက်လာသည်မို့ ရုတ်တရက် ရုန်းလိုက်မိသည်။ ယဥ်ကျေးမှု မတူ၍ပင်လား အတင့်ရဲလွန်းသည်ဟု ခံစားလိုက်ရသည်။

"စိုးရွံမိပါတယ် အရှင်။ ဒါက ကျုပ်တို့ တိုင်းပြည်ရဲ့ နှုတ်ဆက်နည်းမို့ သတိလက်လွတ်ဖြစ်သွားခဲ့လို့ပါ။ တိုင်းပြည် ယဥ်ကျေးမှုကွာခြားတာကို မေ့သွားခဲ့လို့ပါအရှင်"

စိတ်ထဲ ခုသွားသော်လည်း သံတမန်ရေးအရ မကောင်းတတ်သည်ကြောင့် အပြုံးတုတခုဖြင့်သာ တုံ့ပြန်ကာ

" ရပါတယ်။ ကိုယ်တော်တို့ဆီမှာကျ သူစိမ်းတယောက်ရဲ့ အသားကို ခွင့်ပြုချက်မရှိပဲ ထိတာမျိုးမရှိတော့ အထူးအဆန်းဖြစ်သွားလို့ပါ။ ယဥ်ကျေးမှုချင်း ကွာတာနေပါလိမ့်မယ်။ ထိုင်ပါ သံအမတ်ကြီး"

သူ့စကားနောက် သံတမန်ဖြစ်သူ၏ မျက်နှာ မချိုမချဥ်ဖြစ်သွားသည်ကို မြင်လိုက်ရသေးသည်။ မတတ်နိုင်ပါလေ။ စတွေ့ကတည်းက ရဲတင်းလှသည့် တဖက် သံတမန်၏ အပြုအမူတို့အား သဘောမကျသည်က အမှန်ပင်လေ။

"အဆက်အဆံမရှိတာ ကြာပြီဖြစ်တဲ့ အဲ့ဒီဘက်က ကိုယ်တော်တို့ တိုင်းပြည်ကို အခုလို ကမ်းလှမ်းလာတာ ဘာရည်ရွယ်ချက်များလဲ"

"ရည်ရွယ်ချက်က ရှင်းလင်းပါတယ် အရှင်။ မဟာမိတ် ဆက်ဆံရေးကို ပြန်ပြီး ရှေ့ဆက်ဖို့ပါ။ အရှင်တို့လည်း တိုင်းပြည်ကို ချဲ့ထွင်နေတယ်လို့ သတင်းကြားထားတာမို့ အခုလို ကျုပ်တို့ သံတမန် အဖွဲ့က ရှေ့ပြေးအနေနဲ့ ကမ်းလှမ်းဖို့ လာခဲ့တာပါ။ "

မှတ်မိသလောက် နယ်မြေချဲ့ထွင်ရန် ကြိုးစားခဲ့သည်မှာ အနီးတဝိုက်ရှိ သင်းကွဲနယ်မြေများဆီသာ ရှိခဲ့သော်လည်း အလှမ်းဝေးသည့် သည်နယ်မြေက ဘယ်လိုများ သတင်းရသည်လဲ

"ဟုတ်ပြီ။ ဒါပေမယ့် Eldoraနဲ့ Cyclusဟာ အင်မတန် အလှမ်းဝေးတဲ့ တိုင်းပြည်တွေပါ။ ဘယ်ကဘယ်လို သတင်းစကားရခဲ့တာများလဲ"

"ဒါကတော့ ဒီလိုပါ။ အရှင်တို့ဘက်က အမှုထမ်းက အရင်ကမ်းလှမ်းခဲ့တာမို့ ဒီအထိ ခရီးနှင်ခဲ့ရတာပါ"

"ကိုယ်တော်တို့ဘက်က အမှုထမ်း?"

သည်လောက် ဝေးဝေးလံလံဒေသအား သွားရောက်ကမ်းလှမ်းသူက ဘယ်သူများဖြစ်နိုင်သည်လဲ။ မှတ်မှတ်ရရ မိမိ သံတမန်များအနက် သည်လောက်ထိ ခရီးဝေးကို စေလွှတ်ဖူးသူ မရှိပါလေ။ ဒါ့အပြင် မိတ်ဖက်ဆက်ဆံရေး ပြတ်တောက်ပြီး တိုင်းပြည်မို့ မဟာမိတ်ပြန်ပြုရန် မလုံခြုံသည်ပင် မဟုတ်လား

"ဟုတ်ပါတယ် အရှင်။ သူ့ရဲ့ တံဆိပ်ပြားကို ပြလိုက်ရင် အရှင် သိမှာပါတဲ့"

စကားအဆုံး တံဆိပ်ပြားကို ထုတ်၍ပြလာသည့်အခါ အရှင့်မျက်ဝန်းလေးများ မတည်မငြိမ်ဖြစ်လာတော့သည်။ ဒါဟာ သူကိုယ်တိုင် alphaထံ ချီးမြှင့်ခဲ့သည့် ကိုယ်ရံတော် တံဆိပ်ပြားပင် မဟုတ်လား

*alphaရဲ့ တံဆိပ်ပြားက ဘယ်လိုလုပ်ပြီး...?*

ဒါဖြင့်ရင် အချိန်ကြာကြာ ပျောက်သွားခဲ့စဥ်က ထိုတိုင်းပြည်ထိ ရောက်သွားခဲ့သည်လား။ ဒဏ်ရာဒဏ်ချက်တို့၏ နောက်ကွယ်မှ အကြောင်းအရင်းသည် သည်ကိစ္စနှင့်များ ပတ်သက်၍ နေလိမ့်မည်လား။

"ဒါက ကိုယ်တော့် ကိုယ်ရံတော်ရဲ့ တံဆိပ်ပြားပဲ။ ခင်ဗျားတို့ ဘယ်လိုရလာခဲ့ကြတာလဲ"

"အာမခံချက်အနေနဲ့ ပေးထားခဲ့တဲ့အရာမို့ ဒါကိုယုံပြီး ကျုပ်တို့ ဒီအထိ လိုက်လာခဲ့ရတာပါ အရှင်။ ကျုပ်တို့ တိုင်းပြည်အရှင်လည်း တိုင်းပြည်ရေးရာတွေ ဖြေရှင်းပြီးရင် လာခဲ့မယ်လို့ အမှာပါးလိုက်ပါတယ် အရှင်"

ထိုသူတို့၏ စကားအား အပြည့်အဝ မယုံကြည်နိုင်။ ဒဏ်ရာ ဒဏ်ချက်အပြည့်ဖြင့် ပြန်လာခဲ့သည် မဟုတ်လား။ သည်အတိုင်းဆို ထိုတံဆိပ်ပြားကိုလည်း သွေးရိုးသားရိုး ရလာသည် မဖြစ်နိုင်။ သို့သော် အထင်နှင့် စွပ်စွဲကာ ဖမ်းချုပ်လျှင်လည်း ၂ပြည်ထောင် စစ်ခင်းရသည်အထိ ပြဿနာကြီးနိုင်သည်ကြောင့် ဥာဏ်သုံးရတော့မည်။

"ကောင်းပါပြီ။ ကိုယ်တော့် ကိုယ်ရံတော်က လောလောဆယ် ဒီမှာရှိမနေတာမို့ သေချာ စုံစမ်းပြီးရင် ပြန်ပြောပေးပါမယ်"

"ဟင် ကိုယ်ရံတော်ဆိုတာ ဘုရင်အနီးမှာရှိနေရမှာ မဟုတ်ဘူးလား"

alphaအကြောင်းအား လိုသည်ထက်ပိုကာ စိတ်ဝင်စားနေသည်မို့ စိတ်မသန့်ဖြစ်ကာ

"ဒါက ကိုယ်တော်တို့ နန်းတွင်းရေးရာမို့ ဝင်မစွက်ဖက်စေချင်ဘူး"

"စိုးရွံ့မိပါတယ် အရှင်"

"ကောင်းပြီ ဒါဆို ကိုယ်ရံတော်ဆီမှာ အတည်ပြုပြီးရင် ကိုယ်တော် အကြောင်းပြန်ပေးပါမယ်။ ဒီ လူကြီးမင်းတွေကို တည်းခိုဖို့ စီစဥ်ပေးလိုက်ပါ အမတ်ကြီး"

ထို့နောက် နှုတ်ဆက်ထွက်ခွာသွားသည့် သံတမန်အုပ်စုကို ကြည့်ရင်း တာဝန်ရှိ ရဲမက်တဦးအား တီးတိုးကာ

"ကိုယ်ရံတော်ကင်မ်ကို နန်းတွင်းကို အမြန်ပြန်လာဖို့ အမိန့်ပါးလိုက်တော့"

သည့်ထက်ပိုပြီး သူတို့နှစ်ဦး ဝေးနေ၍ မဖြစ်တော့ပါ။ alphaဘက်က ဘာအကြောင်းပြချက်ကြောင့် ဖုံးကွယ်ထားသည်မှန်း မသိသည့်တိုင် alphaနှင့် သူ့ကြား လျှို့ဝှက်ချက်တို့ရှိလာကတည်းက ရှုပ်ထွေးလာသည့် ကိစ္စအရပ်ရပ်တို့က ကောင်းသော လက္ခဏာ မဟုတ်သည်လေ။ ပွင့်လင်းစွာ စကားပြောမှ ဖြစ်လိမ့်တော့မည်ပင် မဟုတ်လား

တဖက်တွင် ကျန်ခဲ့သည့် သံတမန်ဖြစ်သူသည်လည်း အကဲခတ်တော်သော အရှင့်ကြောင့် လှည့်ပတ်၍ မရသည်ကို ကြိတ်မနိုင်ခဲမရဖြစ်ကာ အကြံထုတ်ရင်း အစီအစဥ် ချကာနေတော့သည်။

"Eldoraအရှင်လည်း ခေသူတော့ မဟုတ်ဘူးပဲ လွယ်လွယ်နဲ့ လှည့်ပတ်လို့ မရနိုင်လောက်ဘူး။ အရှင် အိုဝမ် အမြန်လာသင့်ပြီ "

••••••

*အရှင်မာရီယာအတွက် သွေးကြွေးကို ပြန်ဆပ်ပေးရမှာပေါ့ မင်းသားငယ်လေး*

အင်အားကြီးသည့် မျိုးရိုးမြင့် omegaဖြစ်ရက်နှင့်ပင် သစ္စာမဲ့သည့် alphaတဦးကြောင့် တမြေ့မြေ့နှင့် အရာအားလုံး ဆုံးရှုံးခဲ့ရသူ မယ်မယ်။ omegaတဦး၏ ဖြစ်တည်မှုနှင့် စွမ်းဆောင်ရည်တို့မှ စ၍ innerwolfအထိ ပျောက်ပြက်ကာ အရွယ်ကောင်း၌ပင် လောကကြီးကို စွန့်ခွာခဲ့ရသည်လေ။

တကယ်တမ်း ထိုဒဏ်များကိုသာ မခံခဲ့ရပါလျှင် မယ်မယ်ဟာ နန်းတွင်းပုန်ကန်မှုများနှင့် နန်းလုခြင်းကိုပါ မားမားမတ်မတ် ရင်ဆိုင်နိုင်လောက်သည်အထိ သန်မာနေခဲ့လိမ့်မည်။ ထို့ကြောင့် အဓမ္မနန်းလုခဲ့သူ အိုဝမ်က ပြဿနာဖန်တီးသူဆိုလျှင် ဂျွန်ဂျေးရပ်စ်ဆိုသည့် ထိုသူက ပြဿနာ၏ ဇာစ်မြစ်ဟု သတ်မှတ်၍ပင် ရနိုင်သည်။

အရာအားလုံး ဆုံးရှုံးလုနီးပါး အချိန်မှာပင် သူ့အား နွေးထွေးသည့် အပြုံးတခုဖြင့် ဘေးလွတ်ရာကို စေလွှတ်သော မယ်မယ့်ပုံရိပ်အား ခုထိ မမေ့နိုင်သလို တွေးမိလေတိုင်းလည်း စိတ်တို့ ဆူပွက်သည်။ အရွယ်ရောက်ချိန်တွင် သင်းကွဲအုပ်စု နယ်မြေမှ ခွဲထွက်ကာ မိုးမခတောတွင်း နေခဲ့ခြင်းသည်လည်း မယ်မယ့်အား သစ္စာဖောက်ခဲ့သည့် ထိုalphaကို ရှာလိုသည်ကြောင့်ပင်​ဖြစ်သည်။

သို့သော်လည်း မိမိ ချစ်ရသူ၏ ခမည်းတော် ဖြစ်လိမ့်မည်မှန်းတော့ ဘယ်လိုလုပ် သိခဲ့မည်လဲ။ ယခုလို အချိန်လွန်မှ သိရသည့်အခါ ဆုပ်လည်းဆူး စားလည်း ရူးမည့် အဖြစ်ကြောင့် စိတ်တို့သာ ပို၍ ရှုပ်ထွေးရတော့သည်။

*ကိုယ်တော် ခင်ဗျား မရှိရင် ဘယ်လိုများနေရမလဲ alpha*

နှလုံးသားရေးရာကို ဦးစားပေးပါလျှင် မယ်မယ့်အတွက် တစက်လေးမျှ မတရားသည်ကို သူသိသည်။ သို့သော် မာန်တံတိုင်း အထပ်ထပ်ကာရံထားသည့်ကြားမှ သူ့အပေါ်မှာမှ ယုံကြည်အားကိုး ချစ်မြတ်နိုးစိတ်ဖြစ်ပေါ်သူ အရှင့်အား ဘယ်လို စိတ်ဖြင့် သူရက်စက်နိုင်မည်တဲ့လဲ။

"shitt ချီးပဲကွာ!! ဒီလောက် လူတွေအများကြီးထဲမှာ ဘာလို့ အဲ့လူနဲ့မှ သွေးသားတော်စပ်နေရတာလဲ!!"

*ဒုတ်! ဒုတ်! ရွှင်!*

ဒေါသစိတ်ကြောင့် ပုံချမိသည့် ဓားစာခံက အပြစ်မရှိသည့် ယူကလစ်ပင်ကြီးသာ။ ပင်စည်၌ ဓားရာအထပ်ထပ်ဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်လောက်သည်အထိ သူ့စိတ်တို့ ဘယ်လောက်ရှုပ်ထွေးနေမှန်း သိသာထင်ရှားစေသည်။

*သွေးကြွေးဆိုတာကို နားလည်ပေမယ့်.. ကျုပ် မင်းကို မစွန့်လွှတ်နိုင်ဘူး.. လာဗင်ဒါရယ်...လုပ်လည်း မလုပ်ရက်ဘူး...*

မိမိအား ဖက်တွယ်ချွဲ့နွဲ့ခဲ့သည့် ခရမ်းစွဲရောင် မျက်ဝန်းဝိုင်းဝိုင်းတို့ကို ပြန်သတိရမိသည့်အခါတိုင်း ဆူပွက်နေသည့် စိတ်တို့က မီးကို ရေဖြင့်ငြှိမ်းသလို တမြေ့မြေ့ပျောက်ကွယ်သည်လေ...

ထိုမြင်ကွင်းကို ခပ်လှမ်းလှမ်းမှ အကဲခတ်နေသူမှာတော့ ခေါင်းဆောင်ပတ်ခ်ပင်။ Eldoraနန်းတွင်းမှ အမိန့်စကားပါလာသည်ဆိုသည်ကြောင့် အကြောင်းကြားပေးရန် လာခဲ့သော်လည်း မြင်နေမကျသည့် ထိုပုံစံကြောင့် သူကိုယ်တိုင်ပါ အံ့အားသင့်သွားရသည်မှာ အမှန်ပင်။

အမှန်တရားကြောင့် ရှော့ခ်ရသွားမှန်း သိသည့်တိုင် သည်လောက်ထိ တုံ့ပြန်မှု ပြင်းလိမ့်မည်ဟုတော့ မထင်ထားခဲ့သည်လေ။ မင်းသားငယ်က ထင်ထားသည်ထက်ပင် အရှင်သခင်ဖြစ်သူထံ သစ္စာစောင့်သိသည်ပဲ။

တိုက်တိုက်ဆိုင်ဆိုင် ယခုလိုအချိန်မှာပင် Eldoraနန်းတွင်းက ပြန်ခေါ်သည်က ကောင်းသော ကိစ္စရပ်မဟုတ်ပါလေ။ အရှင့်အပေါ် သစ္စာစောင့်သိလွန်းသည်ကြောင့် ဖြောင်းဖျထားသမျှ အရာရာ သဲထဲရေသွန်လည်း ဖြစ်သွားနိုင်သလို စိတ်မတည်ငြိမ်​နေသည့် အနေအထားဖြစ်သည်ကြောင့် စိတ်လိုက်မာန်ပါလုပ်မိပါလျှင်လည်း အစီအစဥ်များ မစရခင်ပင် ထိခိုက်နိုင်သေးသည်။

အစီအစဥ်များ ပေါက်ကြားသွားခဲ့ပါလျှင် ထိခိုက်မည်က မိမိတဦးတည်းမဟုတ်၊ နန်းတွင်းမှ အနီးကပ် ရှိနေသည့် သားဖြစ်သူအပြင် အခန့်မသင့်လျှင် ပုန်ကန်မှုဖြင့် မျိုးနွယ်တခုလုံးလည်း ကွပ်မျက်ခံရနိုင်သည်မို့ နည်းနည်းလေးမျှ အတိမ်းအစောင်းခံ၍ မဖြစ်ပါလေ။ ထို့ကြောင့်ပင် သူကသာ တဖက်လှည့်ဖြင့် ပရိယာယ်သုံးကာ..

"ကိုယ်ရံတော်ကင်မ်က အခုချိန်မှာ ပြန်လိုက်နိုင်ဦးမှာ မဟုတ်လောက်ဘူး"

"ဒါပေမယ့် အရှင်က---"

"ကျုပ်ပြောသလိုပဲ ပြန်ပြောလိုက်ပါ။ မင်းကို လုံလောက်တဲ့ ပမာဏပေးမယ်။ ကိုယ်ရံတော်ကင်မ်ရဲ့ အခြေအနေက အခုနန်းတွင်းထဲကို မလာနိုင်လောက်သေးတာမို့"

"ဘာကြောင့်များလဲ။ ကျနော် သတိထားမိသလောက်ဆို ကြင်ယာတော်ကြောင့်များလား"

ကိုယ်တိုင် လိမ်စရာပင် မလိုပဲ အထအနကောက်သွားသူကြောင့် အဆင်သင့်ဖြစ်ကာ ခေါင်းသာ ငြှိမ့်ပြလိုက်မိသည်။

"ရိပ်မိရင်လည်း ကျုပ်ကို ကူညီပြီး အဲ့လိုပြန်ပြောပေးပါ။ အရှင်သိသွားရင် ကျုပ်သားလေး ကြင်ယာတော်ပတ်ခ်အတွက် မကောင်းဘူးဆိုတာ မင်းလည်း သိတယ်မလား"

"ကျနော် သိပါပြီ"

ရိပ်ဖမ်းသံဖမ်းသာ အကဲခတ်မိသော သားဖြစ်သူနှင့် တော်ဝင်မျိုးနွယ်နှစ်ယောက်၏ ဇာတ်လမ်းက ယခုလို အသုံးဝင်သည့်အခါလည်း ရှိလာပြန်သေးသည်ပဲ။

သို့သော် မင်းသားငယ်နှင့် အရှင်မှာ ပြိုင်ဘက်ဟု မထင်ရလောက်အောင် သာကြည်ပြေလည်လွန်းကာ သစ္စာလည်း စောင့်သိလွန်းသည်။ ထိုဆက်ဆံရေးကို စွန်းထင်းစေရန်ပင် သားဖြစ်သူအား အရှင့်ထံ ကမ်းလှမ်းခဲ့သော်လည်း ထူးခြားချက် သိပ်မရှိသည်ကြောင့် ကိုယ်တိုင်ပါ လှုပ်ရှားလာရခြင်းပင်။

တကယ်တမ်း mateလုသည့် alphaနှစ်ဦးဟူသည် မြင်သည်နှင့်ပင် ရန်စွယ်ငေါငေါဖြစ်နေရမည် မဟုတ်လား။ တခုခုတော့ မှားနေပြီ ထင်သည်။

••••••

"ကိုယ်ရံတော် ကင်မ်က ၃ခါတိတိငြင်းခဲ့ပါတယ် အရှင်"

"ဘယ်လို??"

သုံးခါတိတိပင် ငြင်းရလောက်အောင် နန်းတွင်းကို ပြန်မလာချင်တော့သည်လား။ alphaက တဖက်လှည့်ဖြင့် သူ့အနားမှ ထွက်သွားရန် ကြိုးစားနေပုံနှင့်ပင် တူသည်။

ထွက်မသွားခင်က ခန္ဓာကိုယ်ချင်းလည်း ရင်းနှီးခဲ့သလို ကတိအထပ်ထပ်လည်း ပေးခဲ့သည်ပဲ။ ယခုမှ အတွေးပြောင်း၍ အချိုးပြောင်းနေခြင်းလား။

alphaများနှင့် ပတ်သက်လျှင် ရှိခဲ့သည့် မယုံကြည်စိတ်က မိမိ alphaကြောင့် အနည်းငယ် လျော့နည်းလာခဲ့သည့်တိုင် ခုလိုအနေအထားများ ဖြစ်ပြန်တော့ စိတ်မလုံခြုံမှုတို့ ပြန်တိုးပွားပြန်သည်။

အကြောင်းစုံ မသိရပဲ အကြိမ်ကြိမ်ပျောက်သွားခဲ့မှုများ၊ မဟာမိတ်ဟောင်းဖြစ်သည့် တိုင်းပြည်နှင့် သံတမန်ရေး ဆက်သွယ်ပေးမှု၊ ဒါ့အပြင် သူဆင့်ခေါ်သည်ကိုတောင် သုံးကြိမ်တိုင် ငြင်းဆန်ခဲ့သည်မှာ ဘာအကြောင်းကိစ္စများ ရှိနေသည်လဲ။

မဟုတ်မှ...သမားတော်မင် ပြောသလို အကြံနှင့် ချည်းကပ်ခဲ့ခြင်းများလား....?

ဒါလည်း မဖြစ်နိုင်ပါလေ... မကောင်းသည့် အကြံနှင့် ချည်းကပ်ခဲ့ခြင်းသာဆို မိမိအား mateအဖြစ် ရယူပြီးစဥ်ကတည်းက mateဖြစ်ခြင်းကို အခွင့်ကောင်းယူကာ ဘေးကျပ်နံကျပ်ဖြစ်အောင် လုပ်လိမ့်မည်ပေါ့။ ထိုကဲ့သို ပြုမူနေသည်လည်း မဟုတ်ပဲ။

ပေါင်းစုံသော အတွေးတို့အား အဖြေရှာပေးနိုင်သူသည် alphaမှ တပါးမရှိ။ သို့သော်လည်း သဲလွန်စ အနည်းငယ် ပေးနိုင်လောက်မည့် တစုံတဦးကို သတိရသွားသည့်အခါ ချက်ချင်းပင် ခြေဦးတည်လိုက်မိသည်က ကြင်ယာတော် အဆောင်ပင်။

"အရှင် ဒီအချိန်ကြီး ဘာကိစ္စရှိလို့များပါလဲ"

"ကိုယ်တော် သိချင်တာ အချို့ရှိတာမို့.. သခင်လေးဆီကနေပဲ သိနိုင်မယ့်အရာလို့လည်း ယူဆမိတာမို့ ရောက်လာခဲ့တာပါ"

"ဘာများလဲ အရှင်"

"alpha...သူ့ရဲ့ ငယ်ဘဝက ဘယ်လိုမျိုးဖြစ်ခဲ့လဲ"

လက်ဖက်ရည်ကြမ်းငှဲ့ပေးနေသော ဂျီမင်လက်တို့ ခေတ္တတန့်သွားသည်။ အရှင်က ရုတ်တရက် ဘာကြောင့်များ alpha၏ ငယ်ဘဝအကြောင်း သိချင်ရသည်လဲ။

"အများကြီးတော့ မသိပေမယ့် နာကျင်စရာကောင်းတဲ့ ငယ်ဘဝအချို့ ရှိခဲ့တယ်လို့တော့ ကြားဖူးပါတယ်။ သင်းကွဲနယ်မြေကိုရောက်လာပြီး ၂နှစ်လောက်ကြာတဲ့အထိ တော်ရုံလူနဲ့ အဆက်အဆံမလုပ်ပဲ တတ်သင့်တတ်အပ်တဲ့ ပညာတွေပဲ သင်ကြားနေခဲ့တာ"

"ဘယ်အချိန်လောက်မှာ ရောက်လာခဲ့တာလဲ"

"မှတ်မိသလောက်ဆိုရင်တော့ ဆယ်နှစ်တောင် မပြည့်သေးဘူးထင်ပါတယ်.. အဲ့အချိန် ဓားတောင်သေချာမနိုင်သေးတဲ့ သူက ဓားအလေးချိန်နဲ့ အရွယ်အစားရှိတဲ့ တုတ်ကို အသုံးပြုပြီး အပြင်းအထန်လေ့ကျင့်ခဲ့တာပါ"

"ဒါကြောင့် ဓားရေး သိပ်ကျွမ်းကျင်တာကိုး..."

ထို့နောက် အရှင်က လက်ဖက်ရည်ကြမ်းအား တကျိုက်သောက်ကာ

"ဒါဆို သခင်လေးတို့ဆီ ရောက်မလာခင်က ဘယ်မှာနေခဲ့တာလဲဆိုတာကိုရော သိရလား? "

"ဧကန္တ Cyclusဆိုတဲ့ တိုင်းပြည်နဲ့များ ဆက်စပ်နေမလားလို့လားပါ.."

အရှင့်မေးခွန်းကြောင့် ဂျီမင် မျက်ဝန်းလေးများ မတည်မငြိမ်ဖြစ်သွားရသည်။ ဆိုင်းမဆင့် ဘုံမဆင့် မိမိအား မျက်ဝန်းစိမ်း alpha၏ အတိတ်ကို မေးလာခဲ့သည်မို့ ထူးဆန်းနေခဲ့သော်လည်း mateဖြစ်သူအကြောင်း ပို၍ သိချင်သည်မို့ မေးသည်ဟု ထင်ခဲ့မိသည်။

သို့သော်လည်း ခုလို တိုင်းပြည်အမည်ပါ တပ်၍ မေးခြင်းကား အရှင်က တစုံတရာကို သိကျွမ်း၍ အစ်မေးနေပုံနှင့်ပင်တူသည်။ ဘာကြောင့်မှန်းမသိသော်လည်း mateဖြစ်ပြီးသည်တောင် အသိပေးခြင်းမရှိပုံအရ alphaဘက်မှလည်း ဖုံးကွယ်ထားချင်သော အကြောင်းအရာဖြစ်လိမ့်မည်ဟု ကောက်ချက်ချမိသည်ကြောင့် အလိမ္မာသုံးကာ

"အဲ့တုန်းကတော့ ကျနော်လည်း အရမ်းငယ်သေးတာမို့ သေချာမမှတ်မိပါဘူး အရှင်။ အတိအကျသိချင်ရင်တော့ သူ့ကို ကိုယ်တိုင်မေးကြည့်ရမယ်ထင်ပါတယ်"

"ဟုတ်တယ်နော်.. သခင်လေးလည်း ဘယ်လိုလုပ် သိမှာလဲ.. ဟင်း..."

သက်ပြင်းချကာ ပြတင်းပေါက် အပြင်ဘက်သို့ ခပ်ငိုင်ငိုင်ကြည့်နေပုံအရ ​မျှော်လင့်ထားသည့် အဖြေတခု မရသည်ကြောင့် စိတ်ပျက်သွားပုံနှင့်တူသည်။

"ထားပါတော့.. ဘာပဲဖြစ်ဖြစ် ဖြေပေးတဲ့အတွက် ကျေးဇူးပါ။ လိုအပ်တာ တခုခုရှိရင် ကိုယ်တော့်ကို အကြောင်းကြားလိုက်နော်"

"ဟုတ်ကဲ့ပါ အရှင်"
•••••

မရနိုင်သည့် အဖြေကို စဥ်းစားနေမည့်အစား နီးစပ်တာကို အဖြေထုတ်တာက ပိုကောင်းမည်ဟူသော အတွေးဖြင့် စာကြည့်ခန်းသို့ ဦးတည်လိုက်မိသည်။ ကမ်းလှမ်းလာသည့် မိတ်ဖက်နိုင်ငံဟောင်း၏ မှတ်တမ်းမှတ်ရာများ ရှိလောက်မလားဟူသည့် အတွေးဖြင့်ပေါ့

ခမည်းတော်က စနစ်တကျ မှတ်တမ်းတင်တတ်သည့် အကျင့်ရှိသူမို့ ကျိန်းသေပေါက် မဟာမိတ်ဟောင်း ထိုနိုင်ငံအကြောင်းလည်း မှတ်တမ်းတင်ခဲ့မည်မှာ သေချာသည်လေ။

သို့သော်လည်း သိချင်သည့် အဖြေအစား မထင်မှတ်သည့်အကြောင်းအရာတို့သာ သိရှိလာရသည့်အခါ အရှင့်အတွက် အံ့အားသင့်မှုတို့သာ...

-မင်းအပေါ်မှာ တင်နေတဲ့ အပြစ်ကြွေးကို တသက်လုံး ဆပ်လို့ မကျေနိုင်လောက်တော့ဘူး ထင်ပါတယ်
စိတ်နာရင်လည်း နာလောက်စရာ ကိစ္စတွေပေမယ့် မင်း သိပ်အငြှိုးကြီးတယ် မာရီယာ-

"မာရီယာ ဟုတ်လား..?"

မာရီယာဆိုသည်မှာ ထို စွန့်ပစ်ခံ Omegaပင် မဟုတ်လား.. သည်လက်ရေးသည်လည်း ခမည်းတော် လက်ရေးမှန်းသေချာသည်။ ဒါဖြင့်ရင် ခမည်းတော်က ထိုသနားစဖွယ် မင်းသမီးငယ်နှင့် သိကျွမ်းဖူးသည်လား?

ရေးထားသည့် စာအသွားအလာအရ သိကျွမ်းရုံသာမက ရန်ငြှိုးရန်စပါ ရှိခဲ့ဖူးပုံ။ ဆပ်၍ပင် မကုန်လောက်သည့် အပြစ်​ကြွေးဟု တင်စားရလောက်သည်အထိ ခမည်းတော်ဟာ ထို omega မင်းသမီးငယ်ထံ ဘာအမှားတွေများ လုပ်ခဲ့မိသည်လဲ။

မဟုတ်မှ လွဲရော....

မင်းသမီး မှတ်တမ်းတင်ခဲ့သော ထို alphaက...

ခမည်းတော်များ.....

အို မဟုတ်တာ.. ခမည်းတော်က ဒီလောက် စက်ဆုပ်ဖွယ် အပြုအမူကိုတော့ မလုပ်နိုင်လောက်ပါလေ...

တဆက်တည်းမှာပင် အဆုံးမသတ်ရသေးသော ထိုစာအုပ်အား သတိရကာ စာကြည့်စားပွဲဆီ ပြန်မိသည်။ ထိုစာအုပ်အတွင်းမှာတော့ သူလိုချင်သော အဖြေရှိကောင်း ရှိနိုင်သည်လေ။

"ငါ ဒီမှာ ထားခဲ့တာ မဟုတ်ဘူးလား ဘယ်ရောက်သွားပါလိမ့်?"

စားပွဲအစွန်ရှိ စာလိပ်အချို့အောက်မှ အဖုံးကိုမြင်မှ သက်ပြင်းချနိုင်သည်။ အမတ်တို့ ဆက်သည့် စာလွှာများကို စစ်ဆေးရင်း ထိုစာအုပ်က အောက်ရောက်သွားဟန် တူပါသည်လေ။

လေပူတချို့ကို မှုတ်ထုတ်လိုက်ရင်း ပြီးခဲ့သည့်နေရာမှ စာများကို ရှေ့ဆက်သည်။ စိတ်ထဲမှလည်း ထင့်နေသည့် အကြောင်းအရာတို့ မဖြစ်စေရန်သာ ဆုတောင်းလျက်။

-ပုခုံးပေါ်က ဓားဒဏ်ရာကို မြင်တိုင်း သိပ်စိတ်နာမိတယ်။ ချစ်​မြတ်နိုးတုန်းက ကိုယ်တိုင်လုပ်ခဲ့တဲ့ အမှတ်အသားကို မလို​တော့လည်း ကိုယ်တိုင် ဖျက်ဆီးနိုင်လောက်တဲ့အထိကို သိပ်ရက်စက်တဲ့ သူ။ ရှင်လည်း အခြားalphaတွေနဲ့ ဘာမှ မထူးဘူးပဲ ဂျေး-

-ငါ့ကို ထားရစ်ရုံ မကပဲ မျက်နှာပြောင်စွာနဲ့ ငါရှိမှာ သေချာတဲ့ ပွဲကို ကြင်ယာတော်ကိုပါ ခေါ်လာခဲ့သေးတာ... ရှင် သိပ်လွန်တာပဲ-

-ရှင်ထားခဲ့တဲ့ အကျိုးဆက်တွေကို ဒီက အလူးအလဲ ခံစားနေရဆဲပေမယ့် ရှင်ကတော့ နန်းဆက်လေးတောင် ရလာတော့မှာတဲ့။ သိပ်ရယ်ဖွယ်ကောင်းတာပဲ-

နန်းဆက်ဆိုသည့် အသုံးအနှုန်းကြောင့် စိတ်တို့ပို၍ မတည်မငြိမ်ဖြစ်လာရသည်။ ဆိုလိုရင်းမှာ တဖက်alphaသည်လည်း တော်ဝင်မျိုးနွယ်ဖြစ်သည်ဟူသော အဓိပ္ပါယ်ပင် မဟုတ်လား။

တဖြည်းဖြည်း ရုပ်လုံးပေါ်လာသည့် အကြောင်းအရာတို့ကြောင့် ရှေ့စာမျက်နှာတို့ကိုပင် ဆက်မလှန်ရဲ။ ခန့်မှန်းမိပြီးဖြစ်သော အဖြစ်အပျက်တို့ကို မရင်ဆိုင်ချင်သည်ကြောင့် စိတ်ထင့်​နေသည်များ မမှန်ပါစေနှင့်ဟူသော အတွေးဖြင့် စာရွက်ကို လှန်မိသည်။

သို့သော်လည်း မှင်နီနီတို့ဖြင့် ရေးသားထားသည့် စာလုံးထင်းထင်းတို့ကြောင့် ဆန္ဒကား မပြည့်ဝခဲ့။ ထိုအစား ကိုင်ထားသည့် စာအုပ်ပါ စားပွဲပေါ် ပြုတ်ကျသည်အထိ ထိတ်လန့်မှုကိုသာ ရင်ဆိုင်လိုက်ရတော့သည်။

-ကျိန်စာတိုက်ခဲ့မယ်။ Eldoraနန်းဆက်အတွက် ရှင် မျှော်လင့်တဲ့ မျိုးရိုးမြင့် alphaမျိုးဆက် ဘယ်တော့မှ မရစေရဘူးလို့ ငါ ကျိန်စာ တိုက်ခဲ့မှာ ဂျွန်ဂျေးရပ်စ်-

••••••

"မချစ်မနှစ်သက်ပဲ လက်ဆက်ရတဲ့သူကလည်း အချစ်သက်သေတောင် အတော်လေးဖြစ်ထွန်းနေပြီပဲနော်။ ရှင်လည်း တခြား alphaတွေနဲ့ ဘာမှ မထူးဘူးပဲ ဂျေး"

မိမိ၏ မွေးနေ့ပွဲနှင့် တွဲဖက်၍ ကျင်းပသည့် မဟာမိတ်ပွဲအား တက်ရောက်ခဲ့သူက မျက်နှာပြောင်စွာ ကြင်ယာတော်ကိုပင် ခေါ်လာခဲ့သေးသည်။
ရက်ရက်စက်စက်ထားရစ်ခံရသော ချစ်သူဟောင်းရှေ့တွင် မပေါ့မပါးဖြင့် ဇနီးဖြစ်သူအား သည်းပြ ကဲပြနေလောက်သည်အထိ ဂျွန်ဂျေးရပ်စ်မှာ မျက်နှာပြောင်တတ်မှန်း သူမ မသိခဲ့ပါရော

"မသိပဲနဲ့ မပြောပါနဲ့ မာရီယာ...အားလုံးကောင်းဖို့အတွက် ငါဆုံးဖြတ်ခဲ့တဲ့အရာပါ"

ထိုစကားကြောင့် မင်းသမီးငယ်က အသံထွက်ရုံမျှ ရယ်မိသည်။ အားလုံးကောင်းဖို့အတွက် သူမ နှလုံးသား တစ်ခုလုံးအား ချနင်းခဲ့သည်ပေါ့။ အားလုံး အကျိုးရှိစေရန် အပြစ်မဲ့ omegaတစ်ယောက်အား အပိုင်သိမ်းပြီးမှ ရက်ရက်စက်စက် ထားရစ်ခဲ့သည်ပေါ့လေ?

"အားလုံးကောင်းဖို့ဆိုတာ မျိုးရိုးမြင့် alphaဆက်ခံသူ မွေးဖွားလာဖို့လား? "

"မာရီယာ"

"မျိုးရိုးမြင့်သွေးချင်းတူတူတောင် omegaနဲ့ ပေါင်းဖက်ပြီး ရလာမယ့် မျိုးဆက်ထက် alphaအချင်းချင်းပေါင်းဖက်ပြီး ရလာမယ့် မျိုးဆက်ကို ပိုပြီး လောဘတက်တာမဟုတ်လား ဂျွန်ဂျေးရပ်စ်? ဒါကြောင့် ငါ့ကို အခွင့်အရေးအပြည့်ယူပြီးမှ လွှတ်ချခဲ့တာပေါ့"

Eldora တော်ဝင်မိသားစု ၏ ကိန်းခန်းကြီးပုံမှာ တောက်လျှောက် alphaအချင်းချင်း လက်ဆက်စေ၍ ပို၍ အင်အားကြီးသည့် နန်းဆက်ကိုသာ မွေးဖွားစေကာ အရှိန်အဝါ ကြီးမားစေခြင်း ဖြစ်သည်။ ။ တော်ဝင်သွေးချင်းတူလျှင်တောင် omegaနှင့် ပေါင်းဖက်ခြင်းထက် alphaချင်း ပေါင်းဖက်သည်က အရှိန်အဝါကြီးမားသည့် alpha မျိုးဆက်ကို ရရန် ပို၍ သေချာသည်ကြောင့်ပင်။

ယခုလည်း သည်လူက သူ့ကို ထားရစ်ခြင်းမှာ ထိုအကြောင်းအရာဖြစ်မှန်း သိပ်သိသာသည်။ အစဥ်အလာအတိုင်း လိုက်နာရမည်ဆိုလည်း အစောကြီးကတည်းက ဘာကြောင့် mateအဖြစ်ရယူခဲ့သည်လဲ? အခွင့်အရေးသမား မဆန်လွန်းပေဘူးလား?

"ဘာဖြစ်ချင်နေတာလဲကွာ..ပြီးသွားတဲ့ အကြောင်းတွေကို ဘာကြောင့် ပြန်အစဖော်နေတာလဲ။ တခြားသူတွေ သိသွားရင်---"

"သိသွားပါစေ! ငါကတော့ သိသွားဖို့ မျှော်လင့်တာ! Eldoraရဲ့ ဘုရင်အသစ်က ဘယ်လောက်တောင် ရွံစရာကောင်းပြီး တာဝန်မဲ့တဲ့ အခွင့်အရေးသမားလဲဆိုတာကို!"

သူမစကားနောက် Eldora အရှင် အသစ်စက်စက်၏ မျက်နှာက တည်တင်းကာ သူမ ပုခုံး၂ဖက်ကို ဆွဲကိုင်ရင်း ထိန်းချုပ်ရန် ကြိုးစားသည်။

"မာရီယာ! မင်း တော်လိုက်တော့!"

"မတော်နိုင်ဘူး! ရှင့်အတွက် ပြီးသွားတဲ့ အကြောင်းအရာတွေပေမယ့် ကျမ ဘယ်လို ဒုက္ခတွေ ဝေဒနာတွေ ခံစားခဲ့ရလဲ ရှင်သိလား?! တာဝန်မဲ့တဲ့ ရှင့်အတွက် စွန့်ပစ်လိုက်ရင် ပြီးသွားပေမယ့် ဒီကတော့ တသက်စာ ဖျောက်မရတဲ့ ဒဏ်ရာတွေနဲ့ ကျန်ခဲ့ရတာ... နည်းနည်းလေးတောင် အားနာစိတ် မဖြစ်မိဘူးလား!"

ဒေါသစိတ်နှင့် အတူ ခံပြင်းမှုကပါ တွဲဖက်သည်ကြောင့် မျက်သားများပါ နီတက်လာခဲ့သည်။ တိုက်ပွဲအလီလီ အနိုင်ယူခဲ့သည့်တိုင် သည် alphaနှင့်မှ အကွက်ချ စီစဥ်ခံထားရသလို ရှုံးရသည်။ ဆုံးရှုံးမှုကလည်း သူမ နှလုံးသားတခုလုံးသာမက သူမ၏ ဖြစ်တည်မှုတခုနှင့် အပြစ်မဲ့သည့် အသက်တချောင်းဖြစ်သည်မို့ သည်လောက်ထိ နာကျည်းရသည်မှာ လွန်သည်တော့ မထင်ပါလေ။

"ရှင်က အတိတ်ကို ပြည်ဖုံးကားချပြီး ကြင်ယာတော်နဲ့ ပျော်ပါးနေခဲ့ပေမယ့် ကျမကလေ... ကျမမှာလေ...---"

"အရှင်?"

မသိရှိလိုက်ရသည့် အသက်တချောင်းအကြောင်း အသိမပေးလိုက်ရသေးခင်မှာပင် ကြားလိုက်ရသော အသံချိုချိုကြောင့် နီးကပ်နေရာမှ ရုန်းထွက်လိုက်မိသည်။ ထင်သည့်အတိုင်း ချစ်သူဟောင်း၏ ကြင်ယာတော်ဖြစ်သူက မရှေးမနှောင်းပင် အနားသို့ ရောက်ရှိလာသည်လေ။

"ကြင်ယာတော်.. ဘာလို့ ဒီကို လိုက်လာတာလဲ မပေါ့မပါးကြီးနဲ့ကို"

"အရှင့်ကို မတွေ့တော့လို့ လိုက်ရှာနေခဲ့တာပါ။ ဒီမှာ မင်းသမီး မာရီယာနဲ့ စကားပြောနေခဲ့တာပဲ။ နှစ်ယောက်က သိကျွမ်းကြတာလား"

"ဟုတ်တယ်။ ကိုယ်တော်တို့ တိုက်ပွဲအချို့မှာ မဟာမိတ်အဖြစ် မကြာခဏဆုံဖူးကြလို့ ရင်းနှီးကြတာလေ"

မဟာမိတ်တဲ့... အင်း​... သွေးသားချင်း နှီးနှောဖူးသည်အထိ ရင်းနှီးခဲ့သည့်အထိ မဟာမိတ်ဆိုလျှင် အနှီကြင်ယာတော်လေး သွေးနုသားနုဖြင့် စိတ်များထိခိုက်သွားလေမလား။ သူမအား ခြေဆုံးခေါင်းဆုံး စူးစမ်းနေဟန်ပေါ်သည့် ထိုကြင်ယာတော်ကို ကြည့်ရင်း တွေးမိပါရဲ့။

"ကိုယ်တော်တို့ စကားပြောတာက ပြီးပါပြီ ကြင်ယာတော်။ မင်းပင်ပန်းနေတော့မယ်။ တနေရာရာမှာ သွားထိုင်ကြမယ်လေ"

"အဲ့ဒါဆိုရင်တော့ ပိုပြီး အဆင်သင့်တာပေါ့ အရှင်။ မဟုတ်ရင်တောင် အိမ်ရှေ့စံလေးက ခုနတည်းက အထဲကနေ ဆန္ဒပြနေခဲ့တာလေ"

"ဟား ခုတည်းက အရှိန်အဝါတွေပြနေပြီပဲ ကိုယ်တော်တို့ အိမ်ရှေ့စံက"

သူမ ရှိနေသေးသည်ကိုပင် မေ့လျော့စွာ နန်းမွေနန်းလျာလေးကို ပိုပိုသာသာ ဂရုစိုက်နေမိသည်က ကြီးမားသည့် စိတ်ဒဏ်ရာနှင့် ဆုံးရှုံးမှု ရခဲ့သူ မာရီယာ့အဖို့ ခံပြင်းစေသလို ဒေါသစိတ်တို့လည်း ဆူပွက်စေသည်မှန်း ချစ်သူဟောင်းဖြစ်သူ alphaအရှင်သည်တော့ သတိမပြုမိခဲ့ပါလေ။

"ဂျေး"

ကြင်ယာတော်ကို တွဲလျှောက်ရင်း ခပ်လှမ်းလှမ်း အရောက်မှ ကြားလိုက်ရသည့် ထိုနာမည်ကြောင့် အရှင်ဂျွန်၏ ခြေလှမ်းတို့ တန့်သွားရသည်။ သည်အမည်နာမကို ခေါ်ဆိုသူမှာ တစ်ယောက်အပြင် မရှိသည်မို့ ကြင်ယာတော်ကို အနီးရှိ အမှုထမ်းတယောက် အကူအညီဖြင့် ခန်းမဆီ ပြန်စေကာ သူကတော့ ချစ်သူဟောင်းဖြစ်သူ မင်းသမီးငယ်ထံ ခြေဦးပြန်ခဲ့သည်။

"ဘာဖြစ်ချင်နေတာတုန်း မာရီယာ! ကြင်ယာတော်ရှေ့မှာ အဲ့လိုခေါ်ပြီး ငါ့ကို ဘယ်လို တုံ့ပြန်စေချင်နေတာလဲ"

"အို ကျမခေါ်လိုက်တဲ့ နာမည်လေး တလုံးက အဲ့လောက် သက်ရောက်မှုရှိသွားလို့လား? ကျမက ဒီတိုင်း ရှင်တို့ နန်းဆက်လေးအတွက် ဆုတောင်းပေးချင်မိလို့လေ"

အဓိပ္ပါယ်ဖော်ရခက်သည့် အပြုံးတခုဖြင့် အနားတိုးကပ်လာခဲ့သည့် သူမ။ ထို့နောက် သူ၏ နားနားသို့ ကပ်ကာ ခပ်တိုးတိုးဆိုလိုက်သည့် စကားတို့ကြောင့် အရှင် ဂျွန်ဂျေးရပ်စ်၏ ဒေါသတို့ ထောင်းခနဲပင်။

"Betaမဟုတ်ရင် omegaပဲ မွေးလာဖို့ ဆုတောင်းတယ်။ အဲ့ဒီမွေးလာတဲ့ မျိုးဆက်ကလည်း Eldoraရဲ့ အုပ်ချုပ်သူနေရာကို ကျားကုပ်ကျားခဲ ရယူဖို့ ရုန်းကန်နေစေဖို့ကိုရောပေါ့"

"မာရီယာ! မင်း!"

ဒေါသတကြီး တုန့်ပြန်လာသည့် ထိုalphaကိုကြည့်ရင်း မင်းသမီးငယ်က ရယ်မောသည်။ ကိုယ့်အလှည့်ကျ သိပ်နာတတ်ပါလေကော။ သည်လို alphaမျိုးထံမှ စွန့်ပစ်ခံခဲ့ရသည်ဆိုသည်မှာ တွေးကြည့်ရင်းပင် ရှက်မိသေးသည်။

"နောက်ပြီး ရှင်မျှော်လင့်တဲ့ မျိုးရိုးမြင့် alphaမျိုးဆက် ဘယ်တော့မှ မရစေရဘူးလို့လည်း ဆုတောင်းပေးပါမယ်။ ဒါက ကျမအပေါ်မှာ ရှင်ကျူးလွန်ခဲ့တာတွေအတွက် အဖိုးအခလို့ မှတ်ထားလိုက်"

"တောက်ခ်!!"

အံကြိတ်၍ တောက်ခေါက်ကာ ထွက်သွားသူက တချိန်က သူမနှလုံးသားတခုလုံး ပုံအပ်ချစ်ခဲ့သည့်သူမှန်း ယုံဖွယ်ပင် မရှိ။ ထီးနန်းနှင့် နန်းဆက်တို့ ပတ်သက်လာသည့်အခါ ချစ်ခင်စုံမက်ဖူးသူပင် ရန်သူဖြစ်ရသည်ပဲ။ အတိတ်ဟောင်းတို့နှင့် ဆုံးရှူံးမှုတို့အား ပြန်၍ သတိရလာသည့်အခါ ပါးပြင်ပေါ်၌ နေရာယူလာသည့် မျက်ရည်စီးကြောင်းအား လက်ခုံဖြင့် ခပ်ကြမ်းကြမ်း သုတ်ပစ်မိကာ

"ကျိန်စာတိုက်ခဲ့မှာ.. ငါ ကျိန်စာတိုက်ခဲ့မှာ.. ဂျွန်ဂျေးရပ်စ်.. Eldoraမှာ ဘယ်တော့မှ alphaနန်းဆက် မရစေရဘူး!"

ပို၍ သန်မာသော alphaမျိုးဆက်ကို ဆက်ခံသူဖြစ်လိုသည်ဟူသည့် ရည်ရွယ်ချက်ဖြင့် မိမိကိုကျော်ကာ alphaအမျိုးသမီးငယ်အား ရွေးချယ်သွားခဲ့သူအား ဘယ်တော့မှ ဆန္ဒအတိုင်း alphaဆက်ခံသူ မွေးဖွားမလာစေရန်မှာ မာရီယာ၏ မေတ္တာစူးသော ကျိန်စာလှလှပင်ဖြစ်လေသည်။

••••••

Eldora နန်းဆက်တဲ့...

နောက်ပြီး ဂျွန်ဂျေးရပ်စ်တဲ့လား...

ဒါဆို ထိုလူမဆန်သည့် alphaက သူ့ ခမည်းတော်ဖြစ်နေခဲ့သည်ပေါ့..?

ဘုရားရေ.. ဒါ ဘယ်လို ကိစ္စရပ်ကြီးများလဲ..

အနောက်ဘက်ရှိ စာမျက်နှာတို့ကိုပင် ဆက်၍ မကြည့်နိုင်ကာ ထိတ်လန့်သွားရတော့သည်။

ဒါကြောင့် alphaနှစ်ယောက်က မွေးလာလျက်နှင့် သူကomegaဖြစ်လာခဲ့သည်လား။

ဒါကြောင့် ခမည်းတော်က သူomegaဖြစ်လာမှာကို သေမလို စိုးရိမ်ခဲ့သည်လား။

omegaဖြစ်လာသည်ကို ဖုံးကွယ်ချင်ခဲ့သည်မှာ နန်းမွေဆက်ခံ၍ မရမှာစိုးသည်ဟူသော အချက်ထက် ပိုသော အကြောင်းအရင်းများစွာ ရှိနေသည်ကိုး...

omegaတို့၏ အခွင့်အရေးပေါင်းများစွာအတွက် ကြိုးစားခဲ့သည့် မိမိကိုယ်တိုင်က အခြားomegaတစ်ဦး၏ ကြီးကြီးမားမား နစ်နာမှုနှင့် သွယ်ဝှိုက်ပတ်သက်နေသည်မို့ မျက်နှာပြောင်ရာကျသည်ဟုပင် ခံစားမိသည်။

ထိုomega မင်းသမီးငယ် အသက်ရှင်လျက်ရှိနေသေးသည်လား။ ဘယ်တိုင်းပြည်မှ တော်ဝင်မျိုးနွယ်မှန်းလဲ သူမသိ။ သေချာသည်ကတော့ အဖြစ်မှန်ကို သိလျှင် သူမကျိန်စာ အထမြောက်သည်ဟု အားရကျေနပ်နေလောက်လိမ့်မည်ပင်။ သို့သော်လည်း သူ့ဘက်မှလည်း အပြစ်ဆို၍ မရပါ။ တဖက်သားအပေါ် တာဝန်စမဲ့ခဲ့သူက မိမိ ခမည်းတော်ဖြစ်နေသည်လေ။

ပို၍ များပြားလာသည့် စိတ်ရှုပ်ထွေးစရာတို့ကြောင့် ခေါင်းထဲကပါ ထိုးကိုက်ကာ နေရခက်လာသည်။ အလုံပိတ် စာကြည့်ခန်းနှင့် မျက်စိရှေ့မှ စာအုပ်က သူ့အား ပို၍ စိတ်ရှုပ်ထွေးစေသည်ကြောင့် ရှေ့ဆက်ခြင်းထက် ရှောင်၍သာ အရင်ပြေးချင်မိသည်။ ထို့ကြောင့် စာအုပ်ကို ပိတ်သိမ်းကာ စာကြည့်ခန်းမှ ထွက်လာမိတော့ လမ်းခုလတ်မှာပင် တစုံတဦးနှင့် တိုက်မိသည်။

"အရှင်? ဒီအချိန်အထိ မအိပ်သေးတာလား"

စကားမပြန်နိုင်သေးခင်မှာပင် ရုတ်ချည်း ပြောင်းလဲသွားသော ကြင်ယာတော် ပတ်ခ်၏ မျက်နှာ အမူအရာ။ အကြောင်းမှာကား မျက်ဝန်းဝိုင်းတို့က ခရမ်းစွဲရောင်အဖြစ်ပြောင်းလဲနေခြင်းကြောင့်ပင်။

"အရှင်! အရှင့်မျက်လုံးတွေ!"

ခံစားချက်ပြင်းထန်လျှင် ဖုံးကွယ်၍ မရနိုင်တော့သည့် ခရမ်းစွဲရောင် မျက်ဝန်းဝိုင်းတို့မှာ ယခုလည်း တဖိတ်ဖိတ် တောက်လျက်ပင်။ ညအချိန် နန်းဆောင်ထဲမို့ တော်သေးသည်ဟု တွေးနေစဥ်မှာပင် ကိုယ်တွင်းမှ ထူးဆန်းသည့် ခံစားချက်ကြီးကြောင့် မျက်စိရှေ့မှ ကြင်ယာတော်ပတ်ခ်၏ ပုခုံးပေါ်သို့  ယိုင်ခွေကာ ကျသွားသည်။

"အရှင်! အဆင်ပြေရဲ့လား သတိထားပါဦး အရှင်!"

သမားတော်မင် သတိပေးဖူးသလို ကိုယ်တိုင်လည်း ခံစားဖူးသည့် heatနီးလျှင် ဖြစ်တတ်သည့် လက္ခဏာဟု ယူဆမိသည်။ ခံစားချက်ပြင်းထန်သည့်အခါ ဆေးမနိုင်အောင် ထွက်ပေါ်လာတတ်သည်မို့ ယခုလည်း ထိတ်လန့်သွားသည့် ခံစားချက်က ထိုလက္ခဏာတို့ကို ဖော်ပြစေသည် ထင်သည်။

ထိုဝေဒနာတို့ကို ဖြေရှင်းနိုင်မည့် နည်းလမ်းသည်လည်း alphaဖြစ်သူ၏ အငွေ့အသက်သာလျှင် ရှိသည်ကြောင့် နန်းဆောင်ထဲသို့ အမြန်ဆုံးသွားခြင်းကသာ အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်ပါလိမ့်မည်လေ။  

"အရှင် ဘယ်လိုဖြစ်တာလဲ။ သမားတော်မင်ကို ခေါ်ခိုင်းလိုက်ရမလား"

"ဟင့်အင်း သခင်လေး ပတ်ခ်.. ကိုယ်တော် ဒီအတိုင်း အဆောင်ပြန်လိုက်ရင် ရပါတယ်"

"အရှင် လမ်းလျှောက်လို့ရော အဆင်ပြေရဲ့လား။ ကျနော်မျိုး အဆောင်ကို လိုက်ပို့ပေးပါမယ်"

နေ၍ မကောင်းသည်ကြောင့် လမ်းလျှောက်ရန် အားအပြည့်မရှိသေး။ သခင်လေး ပတ်ခ်၏ ကူညီမှုမှာ ကျေးဇူးတင်စရာပင် ဖြစ်သည်။

"အရှင် နားနေလိုက်နော်။ ကျနော့်ကို ဆေးထားတဲ့ နေရာကိုသာပြောပါ"

"ကိုယ်တော် ဆေးမလိုဘူး သခင်လေးပတ်ခ်။ စိတ်မရှိရင် အဲ့နားက သေတ္တာထဲက ဝတ်ရုံကို ပေးလို့ရမလား"

"ဟင် ဒါက? ထယ်ထယ့် ဝတ်ရုံ?"

"အင်း... ကိုယ်တော့်အနား သူမရှိနိုင်တဲ့အချိန်တွေမှာ အကာအရံဖြစ်အောင် ပေးထားခဲ့တာပါ"

ကမ်းပေးသော ဝတ်ရုံကို လွှမ်းခြုံလိုက်ရင်း ပြုံးကာ စကားဆိုမိသည့် အနားအမြဲ မရှိနိုင်သော်လည်း အငွေ့အသက်ကို အမြဲခံစားရစေသည့် မိမိalphaမှာ ယခုလို မထင်မှတ်သည့် အခြေအနေတို့ ဖြစ်သည့်အခါ သိပ်အထောက်အကူပြုသည်လေ။

"အရှင်က သိပ်ကံကောင်းတာပဲ။ ဒါက သူတန်ဖိုးအထားဆုံး ဝတ်ရုံမဟုတ်လား။ ဟောင်းနွမ်းနေခဲ့တာတောင် ဘယ်လောက် အသစ်လဲပေးမယ်ပြောပြော အထိခိုက်မခံခဲ့တဲ့ အဖိုးတန် ပစ္စည်းလေ"

"ဟုတ်ပါရဲ့။ ကိုယ်တော့်ကြောင့် ပျက်စီးသွားခဲ့လို့ alphaက စိတ်အကြီးအကျယ်လည်း ဆိုးခဲ့ဖူးသေးတာ။ အဲ့လောက်ထိ အဖိုးတန်ပစ္စည်းမှန်း မသိခဲ့တာလေ"

"ဟုတ်တယ်အရှင်။ သူ့အတွက်တော့ တခုတည်းသော မိဘအမွေလို ပစ္စည်းကိုး။ သင်းကွဲနယ်မြေကို စရောက်လာကတည်းက အဲ့ဝတ်ရုံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့တာ။ နည်းနည်းလေးမှ အထိမခံခဲ့တဲ့ ဝတ်ရုံမို့ ငယ်ငယ်က သူ့ကို တောင်းဆိုချင်တာရှိခဲ့ရင်တောင် ဒါနဲ့ပဲ အကျပ်ကိုင်ပြီး တောင်းခဲ့ဖူးတာ အကြိမ်ကြိမ်ပါပဲ"

ခပ်တွေတွေ ပြုံးရင်း စကားဆိုသည့် သခင်လေးပတ်ခ်က ငယ်ဘဝ အမှတ်တရတို့ကို သတိရမိနေဟန်ပါပင်။ ထင်ထားသည်ထက် ကြာမြင့်သော သည် omegaနှင့် alphaကြား သံယောဇဥ်က ထင်တာထက်ပင် နက်ရှိုင်းပုံပေါ်သည်။ သူ့ထက် အရင် alphaနှင့် ရင်းနှီးခွင့်ရခဲ့သလို သူ့ထက်ပို၍ပင် alpha၏ အကြောင်းများကို သိဟန်တူသည်ကြောင့် အရှင်လေးမှာ မနာလိုအားကျ မဖြစ်ဟုဆိုလျှင် လိမ်ရာသာကျလိမ့်မည်။

"သိလား သခင်လေးပတ်ခ်။ ကိုယ်တော် ခင်ဗျားကို အားကျမိတယ်"

"ဟင် ဘာလို့များလဲ အရှင်"

"alphaရဲ့ အကြောင်းတွေကို အများကြီး သိလို့လေ"

"ကျနော်မျိုးကမှ အရှင့်ကို ပိုအားကျပါတယ်။

"alphaရဲ့ ချစ်မြတ်နိုးခြင်းကို ခံရလို့လေ"

ခေါင်းယမ်းကာ ခပ်ဆွေးဆွေးပြုံးရင်း စကားဆိုလာသည့် ထိုomegaကြောင့် မိမိစကား လွန်ကျူးသွားမိသည်လားပင် သံသယဖြစ်မိသည်။ alphaအား ​နှစ်သက်ခဲ့ဖူးသူရှေ့တွင် မိမိက ပိုင်ကြောင်းဆိုင်ကြောင်း ပြမိခြင်းနှင့်ပင် မတူဘူးလား။

တကယ်တမ်း alphaက မိမိဆင့်ခေါ်သည်ကိုတောင် သုံးခါတိတိငြင်းပယ်ခဲ့သည် မဟုတ်လား။ အလှမ်းဝေးနေပြီဖြစ်သော alpha့အချစ်တို့အား သူက ဒီလိုကြွားဝါပြနေခြင်းမှာ သင့်တင့်ရဲ့လားပင် တွေးမိသည်။

"ကိုယ်တော် နားတော့မယ် သခင်လေးပတ်ခ်။ ကူညီပေးလို့ ကျေးဇူးပါ။ သခင်လေးပတ်ခ်လည်း အဆောင်ပြန်ပြီး နားသင့်ပြီ"

"ကောင်းပါပြီ အရှင်"

သခင်လေးပတ်ခ် ပြန်သွားပြီးနောက် မှောင်မဲနေသော မိုးမခတောအုပ်ဆီသို့ ပြတင်းတံခါးမှ ခပ်တွေတွေ ငေးလျက်ရှိသော အရှင်သာ ကျန်ရစ်သည်။ ယခုကဲ့သို့ စိတ်ရှုပ်ထွေးစရာများ ပြည့်နှက်ချိန်တွင် စိတ်လုံခြုံမှုပေးနိုင်သည့် alphaသာ အနားမှာရှိလျှင် ဘယ်လောက်တောင် အထောက်အကူဖြစ်လိုက်မည်လဲ။

အစစ အရာရာ ကိုယ်တိုင်ဖြေရှင်းနိုင်သည်ဆိုသည့် အမှီအခိုကင်းသည့် အနေအထားမှ alphaထံမှရသည့် စိတ်လုံခြုံမှုလေးကို မက်မောမိလာသည်။ တဦးတည်းသာ ဖြေရှင်းခဲ့ရသည့် ပြဿနာပေါင်းမြောက်များစွာ ရှိခဲ့သည့်တိုင် ယခုကျ အမှီသဟဲ ရှိလာသကဲ့သို့ အဆင်မပြေမှုရှိတိုင်း ချစ်သူအား မျှဝေအသိပေးမိချင်လာသည်။ အားကိုးချင်လာမိသည်။

ပျော့ညံ့လာသည့် သဘောပေလားဟု အကြိမ်ကြိမ် ဆန်းစစ်ခဲ့ဖူးသော်လည်း တကယ်တမ်း အချစ်ကြောင့် နူးညံ့ ပျော့ပြောင်းလာသည်ဟူသော အဖြေသာထွက်သည်။ အချစ်ဟူသော အရာသည့် အရှင့်ကဲ့သို့သော မာနခဲ ဒေါသအိုးလေးကိုပင် ဖယောင်းသဖွယ် ပျော့ပြောင်းလာအောင် စွမ်းဆောင်နိုင်သည်အထိ ဆန်းကြယ်သည်တဲ့။

တဆက်တည်းမှာပင် ခမည်းတော်၏ စွန့်ပစ်ခြင်း ခံခဲ့ရသည့် အပြစ်မဲ့ omegaကို တွေးမိကာ အားနာစိတ်ဝင်လာမိပြန်သည်။ သူ့နည်းတူ မာကျော ခက်ထန်ခဲ့သည့် တော်ဝင်မျိုးနွယ်အား အချစ်တွင်ပျော်ဝင်ကာ နူးညံ့စေပြီးမှ နောက်ကျောကို ဓားဖြင့် ထိုးဝံ့သူ မိမိ ခမည်းတော်မှာ ရက်စက်လိုက်လေခြင်း။ သူမ နာကျည်းရင်လည်း နာကျည်းလောက်ပါသည်လေ။

ပွင့်လင်းစွာ ဝန်ခံရလျှင် ခမည်းတော်၏ ဝဋ်တို့ သူ့ထံ လည်မည်ကို ကြောက်ပါသည်။ သရုပ်မှန်ကို ဖုံးကွယ်ထားခဲ့သည်ကြောင့် ထိုမင်းသမီးနှင့် တူညီသည့် ကြမ္မာကိုသာ ကြုံခဲ့ရပါလျှင် အကျိုးဆက်က ပို၍ပင် ဆိုးရွားနိုင်သေးသည်လေ။ ဖြစ်လာမည့် အကျိုးဆက်တို့ကို ရင်ဆိုင်ကောင်း ရင်ဆိုင်နိုင်သော်လည်း ချစ်သူထံမှ နောက်ကျော ဓားထိုးခံရမည့် အရာမျိုးအား သူ မခံစားနိုင်။

လေးစားစရာဖြစ်ခဲ့သည့် ခမည်းတော်၏ အဖြစ်မှန်တို့နှင့်ပင် ထိတ်လန့်ခဲ့ရပြီး ဖြစ်သည်ကြောင့် သူမသိသော alpha၏ တဖက်ခြမ်း ရှိနေမည်ကို မရင်ဆိုင်ရဲပါ။ ယခုလို ဝေးနေချိန်တွင် သံသယစိတ်တို့ ပိုစေ၍ ပိုဆိုးသည်။ ဘယ်လိုနည်းနှင့်ဖြစ်စေ သူတို့ကြားမှ လျို့ဝှက်ချက်တို့ကိုလည်း ဖြေရှင်းရင်း အကွာအဝေးအား ပို၍ လျှော့ချသင့်သည်ဟု တွေးမိကာ ဆုံးဖြတ်ချက်တခုကို ချမိတော့သည်။

"ခင်ဗျား မလာရင်လည်း ကိုယ်တော်က ခင်ဗျားဆီ လာခဲ့မယ် alpha"

#Tbc

A/N: မရေးတာကြာတော့ အဆက်အစပ် မရှိသလို ဖြစ်သွားရင် အားနာပါတယ် :')

See you in next episode~

-해바라기

ညီလာခံ ခန္းမအတြင္း ေစာင့္ႀကိဳေနသည္က သံတမန္ျဖစ္ဟန္တူပုံေပၚသည့္ လူလတ္ပိုင္းအ႐ြယ္တစ္ဦးႏွင့္ အမႈထမ္းအခ်ိဳ႕ပင္။ သူ႕အား တိုင္းျပည္အရွင္မွန္းသိသည္ေၾကာင့္ ဂါရဝျပဳႏႈတ္ဆက္ၾကသည့္တိုင္ ထိုသံတမန္ျဖစ္ဟန္တူသူက သူ႕အား ေစ့ေစ့ၾကည့္ကာေနသည္ေၾကာင့္ ထူးဆန္းသည့္ ခံစားခ်က္ပင္ျဖစ္ေပၚသည္။

"ဘယ္လိုမ်ိဳး ဆက္စပ္မိၿပီး ေရာက္လာမွန္း မသိေပမယ့္ Eldoraကေန ႀကိဳဆိုပါတယ္။ ကိုယ္ေတာ္က အုပ္ခ်ဳပ္သူ အရွင္ဂြၽန္ပါ"

ဘယ္က ဘယ္လိုဆက္စပ္ကာ ေရာက္လာမွန္းမသိသည့္ ထိုသူတို႔၏ ရည္႐ြယ္ခ်က္အမွန္ကို သိဖို႔ လုပ္ရမည္ေလ။

"ေတြ႕ရတာ ဝမ္းေျမာက္မိပါတယ္ အရွင္။ အခုမွပဲ Eldoraအရွင္ကို ေသခ်ာ ျမင္ဖူးပါေတာ့တယ္။ သတင္းၾကားထားသလို အရွိန္အဝါႀကီးမားၿပီး ေခ်ာေမာတာပါပဲ။"

သံတမန္ ျဖစ္ဟန္တူသည့္ ထိုသူက ႀကိဳဆိုရန္ ကမ္းလွမ္းသည့္ လက္အား ႐ုတ္ခ်ည္းဆိုသလို ဆုပ္ကိုင္ကာ ႏႈတ္ဆက္လာသည္မို႔ ႐ုတ္တရက္ ႐ုန္းလိုက္မိသည္။ ယဥ္ေက်းမႈ မတူ၍ပင္လား အတင့္ရဲလြန္းသည္ဟု ခံစားလိုက္ရသည္။

"စိုး႐ြံမိပါတယ္ အရွင္။ ဒါက က်ဳပ္တို႔ တိုင္းျပည္ရဲ႕ ႏႈတ္ဆက္နည္းမို႔ သတိလက္လြတ္ျဖစ္သြားခဲ့လို႔ပါ။ တိုင္းျပည္ ယဥ္ေက်းမႈကြာျခားတာကို ေမ့သြားခဲ့လို႔ပါအရွင္"

စိတ္ထဲ ခုသြားေသာ္လည္း သံတမန္ေရးအရ မေကာင္းတတ္သည္ေၾကာင့္ အၿပဳံးတုတခုျဖင့္သာ တုံ႕ျပန္ကာ

" ရပါတယ္။ ကိုယ္ေတာ္တို႔ဆီမွာက် သူစိမ္းတေယာက္ရဲ႕ အသားကို ခြင့္ျပဳခ်က္မရွိပဲ ထိတာမ်ိဳးမရွိေတာ့ အထူးအဆန္းျဖစ္သြားလို႔ပါ။ ယဥ္ေက်းမႈခ်င္း ကြာတာေနပါလိမ့္မယ္။ ထိုင္ပါ သံအမတ္ႀကီး"

သူ႕စကားေနာက္ သံတမန္ျဖစ္သူ၏ မ်က္ႏွာ မခ်ိဳမခ်ဥ္ျဖစ္သြားသည္ကို ျမင္လိုက္ရေသးသည္။ မတတ္နိုင္ပါေလ။ စေတြ႕ကတည္းက ရဲတင္းလွသည့္ တဖက္ သံတမန္၏ အျပဳအမူတို႔အား သေဘာမက်သည္က အမွန္ပင္ေလ။

"အဆက္အဆံမရွိတာ ၾကာၿပီျဖစ္တဲ့ အဲ့ဒီဘက္က ကိုယ္ေတာ္တို႔ တိုင္းျပည္ကို အခုလို ကမ္းလွမ္းလာတာ ဘာရည္႐ြယ္ခ်က္မ်ားလဲ"

"ရည္႐ြယ္ခ်က္က ရွင္းလင္းပါတယ္ အရွင္။ မဟာမိတ္ ဆက္ဆံေရးကို ျပန္ၿပီး ေရွ႕ဆက္ဖို႔ပါ။ အရွင္တို႔လည္း တိုင္းျပည္ကို ခ်ဲ့ထြင္ေနတယ္လို႔ သတင္းၾကားထားတာမို႔ အခုလို က်ဳပ္တို႔ သံတမန္ အဖြဲ႕က ေရွ႕ေျပးအေနနဲ႕ ကမ္းလွမ္းဖို႔ လာခဲ့တာပါ။ "

မွတ္မိသေလာက္ နယ္ေျမခ်ဲ့ထြင္ရန္ ႀကိဳးစားခဲ့သည္မွာ အနီးတဝိုက္ရွိ သင္းကြဲနယ္ေျမမ်ားဆီသာ ရွိခဲ့ေသာ္လည္း အလွမ္းေဝးသည့္ သည္နယ္ေျမက ဘယ္လိုမ်ား သတင္းရသည္လဲ

"ဟုတ္ၿပီ။ ဒါေပမယ့္ Eldoraနဲ႕ Cyclusဟာ အင္မတန္ အလွမ္းေဝးတဲ့ တိုင္းျပည္ေတြပါ။ ဘယ္ကဘယ္လို သတင္းစကားရခဲ့တာမ်ားလဲ"

"ဒါကေတာ့ ဒီလိုပါ။ အရွင္တို႔ဘက္က အမႈထမ္းက အရင္ကမ္းလွမ္းခဲ့တာမို႔ ဒီအထိ ခရီးႏွင္ခဲ့ရတာပါ"

"ကိုယ္ေတာ္တို႔ဘက္က အမႈထမ္း?"

သည္ေလာက္ ေဝးေဝးလံလံေဒသအား သြားေရာက္ကမ္းလွမ္းသူက ဘယ္သူမ်ားျဖစ္နိုင္သည္လဲ။ မွတ္မွတ္ရရ မိမိ သံတမန္မ်ားအနက္ သည္ေလာက္ထိ ခရီးေဝးကို ေစလႊတ္ဖူးသူ မရွိပါေလ။ ဒါ့အျပင္ မိတ္ဖက္ဆက္ဆံေရး ျပတ္ေတာက္ၿပီး တိုင္းျပည္မို႔ မဟာမိတ္ျပန္ျပဳရန္ မလုံၿခဳံသည္ပင္ မဟုတ္လား

"ဟုတ္ပါတယ္ အရွင္။ သူ႕ရဲ႕ တံဆိပ္ျပားကို ျပလိုက္ရင္ အရွင္ သိမွာပါတဲ့"

စကားအဆုံး တံဆိပ္ျပားကို ထုတ္၍ျပလာသည့္အခါ အရွင့္မ်က္ဝန္းေလးမ်ား မတည္မၿငိမ္ျဖစ္လာေတာ့သည္။ ဒါဟာ သူကိုယ္တိုင္ alphaထံ ခ်ီးျမႇင့္ခဲ့သည့္ ကိုယ္ရံေတာ္ တံဆိပ္ျပားပင္ မဟုတ္လား

*alphaရဲ႕ တံဆိပ္ျပားက ဘယ္လိုလုပ္ၿပီး...?*

ဒါျဖင့္ရင္ အခ်ိန္ၾကာၾကာ ေပ်ာက္သြားခဲ့စဥ္က ထိုတိုင္းျပည္ထိ ေရာက္သြားခဲ့သည္လား။ ဒဏ္ရာဒဏ္ခ်က္တို႔၏ ေနာက္ကြယ္မွ အေၾကာင္းအရင္းသည္ သည္ကိစၥႏွင့္မ်ား ပတ္သက္၍ ေနလိမ့္မည္လား။

"ဒါက ကိုယ္ေတာ့္ ကိုယ္ရံေတာ္ရဲ႕ တံဆိပ္ျပားပဲ။ ခင္ဗ်ားတို႔ ဘယ္လိုရလာခဲ့ၾကတာလဲ"

"အာမခံခ်က္အေနနဲ႕ ေပးထားခဲ့တဲ့အရာမို႔ ဒါကိုယုံၿပီး က်ဳပ္တို႔ ဒီအထိ လိုက္လာခဲ့ရတာပါ အရွင္။ က်ဳပ္တို႔ တိုင္းျပည္အရွင္လည္း တိုင္းျပည္ေရးရာေတြ ေျဖရွင္းၿပီးရင္ လာခဲ့မယ္လို႔ အမွာပါးလိုက္ပါတယ္ အရွင္"

ထိုသူတို႔၏ စကားအား အျပည့္အဝ မယုံၾကည္နိုင္။ ဒဏ္ရာ ဒဏ္ခ်က္အျပည့္ျဖင့္ ျပန္လာခဲ့သည္ မဟုတ္လား။ သည္အတိုင္းဆို ထိုတံဆိပ္ျပားကိုလည္း ေသြးရိုးသားရိုး ရလာသည္ မျဖစ္နိုင္။ သို႔ေသာ္ အထင္ႏွင့္ စြပ္စြဲကာ ဖမ္းခ်ဳပ္လွ်င္လည္း ၂ျပည္ေထာင္ စစ္ခင္းရသည္အထိ ျပႆနာႀကီးနိုင္သည္ေၾကာင့္ ဥာဏ္သုံးရေတာ့မည္။

"ေကာင္းပါၿပီ။ ကိုယ္ေတာ့္ ကိုယ္ရံေတာ္က ေလာေလာဆယ္ ဒီမွာရွိမေနတာမို႔ ေသခ်ာ စုံစမ္းၿပီးရင္ ျပန္ေျပာေပးပါမယ္"

"ဟင္ ကိုယ္ရံေတာ္ဆိုတာ ဘုရင္အနီးမွာရွိေနရမွာ မဟုတ္ဘူးလား"

alphaအေၾကာင္းအား လိုသည္ထက္ပိုကာ စိတ္ဝင္စားေနသည္မို႔ စိတ္မသန့္ျဖစ္ကာ

"ဒါက ကိုယ္ေတာ္တို႔ နန္းတြင္းေရးရာမို႔ ဝင္မစြက္ဖက္ေစခ်င္ဘူး"

"စိုး႐ြံ႕မိပါတယ္ အရွင္"

"ေကာင္းၿပီ ဒါဆို ကိုယ္ရံေတာ္ဆီမွာ အတည္ျပဳၿပီးရင္ ကိုယ္ေတာ္ အေၾကာင္းျပန္ေပးပါမယ္။ ဒီ လူႀကီးမင္းေတြကို တည္းခိုဖို႔ စီစဥ္ေပးလိုက္ပါ အမတ္ႀကီး"

ထို႔ေနာက္ ႏႈတ္ဆက္ထြက္ခြာသြားသည့္ သံတမန္အုပ္စုကို ၾကည့္ရင္း တာဝန္ရွိ ရဲမက္တဦးအား တီးတိုးကာ

"ကိုယ္ရံေတာ္ကင္မ္ကို နန္းတြင္းကို အျမန္ျပန္လာဖို႔ အမိန့္ပါးလိုက္ေတာ့"

သည့္ထက္ပိုၿပီး သူတို႔ႏွစ္ဦး ေဝးေန၍ မျဖစ္ေတာ့ပါ။ alphaဘက္က ဘာအေၾကာင္းျပခ်က္ေၾကာင့္ ဖုံးကြယ္ထားသည္မွန္း မသိသည့္တိုင္ alphaႏွင့္ သူ႕ၾကား လွ်ို႔ဝွက္ခ်က္တို႔ရွိလာကတည္းက ရႈပ္ေထြးလာသည့္ ကိစၥအရပ္ရပ္တို႔က ေကာင္းေသာ လကၡဏာ မဟုတ္သည္ေလ။ ပြင့္လင္းစြာ စကားေျပာမွ ျဖစ္လိမ့္ေတာ့မည္ပင္ မဟုတ္လား

တဖက္တြင္ က်န္ခဲ့သည့္ သံတမန္ျဖစ္သူသည္လည္း အကဲခတ္ေတာ္ေသာ အရွင့္ေၾကာင့္ လွည့္ပတ္၍ မရသည္ကို ႀကိတ္မနိုင္ခဲမရျဖစ္ကာ အႀကံထုတ္ရင္း အစီအစဥ္ ခ်ကာေနေတာ့သည္။

"Eldoraအရွင္လည္း ေခသူေတာ့ မဟုတ္ဘူးပဲ လြယ္လြယ္နဲ႕ လွည့္ပတ္လို႔ မရနိုင္ေလာက္ဘူး။ အရွင္ အိုဝမ္ အျမန္လာသင့္ၿပီ "

•••••

*အရွင္မာရီယာအတြက္ ေသြးေႂကြးကို ျပန္ဆပ္ေပးရမွာေပါ့ မင္းသားငယ္ေလး*

အင္အားႀကီးသည့္ မ်ိဳးရိုးျမင့္ omegaျဖစ္ရက္ႏွင့္ပင္ သစၥာမဲ့သည့္ alphaတဦးေၾကာင့္ တေျမ့ေျမ့ႏွင့္ အရာအားလုံး ဆုံးရႈံးခဲ့ရသူ မယ္မယ္။ omegaတဦး၏ ျဖစ္တည္မႈႏွင့္ စြမ္းေဆာင္ရည္တို႔မွ စ၍ innerwolfအထိ ေပ်ာက္ျပက္ကာ အ႐ြယ္ေကာင္း၌ပင္ ေလာကႀကီးကို စြန့္ခြာခဲ့ရသည္ေလ။

တကယ္တမ္း ထိုဒဏ္မ်ားကိုသာ မခံခဲ့ရပါလွ်င္ မယ္မယ္ဟာ နန္းတြင္းပုန္ကန္မႈမ်ားႏွင့္ နန္းလုျခင္းကိုပါ မားမားမတ္မတ္ ရင္ဆိုင္နိုင္ေလာက္သည္အထိ သန္မာေနခဲ့လိမ့္မည္။ ထို႔ေၾကာင့္ အဓမၼနန္းလုခဲ့သူ အိုဝမ္က ျပႆနာဖန္တီးသူဆိုလွ်င္ ဂြၽန္ေဂ်းရပ္စ္ဆိုသည့္ ထိုသူက ျပႆနာ၏ ဇာစ္ျမစ္ဟု သတ္မွတ္၍ပင္ ရနိုင္သည္။

အရာအားလုံး ဆုံးရႈံးလုနီးပါး အခ်ိန္မွာပင္ သူ႕အား ႏြေးေထြးသည့္ အၿပဳံးတခုျဖင့္ ေဘးလြတ္ရာကို ေစလႊတ္ေသာ မယ္မယ့္ပုံရိပ္အား ခုထိ မေမ့နိုင္သလို ေတြးမိေလတိုင္းလည္း စိတ္တို႔ ဆူပြက္သည္။ အ႐ြယ္ေရာက္ခ်ိန္တြင္ သင္းကြဲအုပ္စု နယ္ေျမမွ ခြဲထြက္ကာ မိုးမခေတာတြင္း ေနခဲ့ျခင္းသည္လည္း မယ္မယ့္အား သစၥာေဖာက္ခဲ့သည့္ ထိုalphaကို ရွာလိုသည္ေၾကာင့္ပင္ျဖစ္သည္။

သို႔ေသာ္လည္း မိမိ ခ်စ္ရသူ၏ ခမည္းေတာ္ ျဖစ္လိမ့္မည္မွန္းေတာ့ ဘယ္လိုလုပ္ သိခဲ့မည္လဲ။ ယခုလို အခ်ိန္လြန္မွ သိရသည့္အခါ ဆုပ္လည္းဆူး စားလည္း ႐ူးမည့္ အျဖစ္ေၾကာင့္ စိတ္တို႔သာ ပို၍ ရႈပ္ေထြးရေတာ့သည္။

*ကိုယ္ေတာ္ ခင္ဗ်ား မရွိရင္ ဘယ္လိုမ်ားေနရမလဲ alpha*

ႏွလုံးသားေရးရာကို ဦးစားေပးပါလွ်င္ မယ္မယ့္အတြက္ တစက္ေလးမွ် မတရားသည္ကို သူသိသည္။ သို႔ေသာ္ မာန္တံတိုင္း အထပ္ထပ္ကာရံထားသည့္ၾကားမွ သူ႕အေပၚမွာမွ ယုံၾကည္အားကိုး ခ်စ္ျမတ္နိုးစိတ္ျဖစ္ေပၚသူ အရွင့္အား ဘယ္လို စိတ္ျဖင့္ သူရက္စက္နိုင္မည္တဲ့လဲ။

"shitt ခ်ီးပဲကြာ!! ဒီေလာက္ လူေတြအမ်ားႀကီးထဲမွာ ဘာလို႔ အဲ့လူနဲ႕မွ ေသြးသားေတာ္စပ္ေနရတာလဲ!!"

*ဒုတ္! ဒုတ္! ႐ႊင္!*

ေဒါသစိတ္ေၾကာင့္ ပုံခ်မိသည့္ ဓားစာခံက အျပစ္မရွိသည့္ ယူကလစ္ပင္ႀကီးသာ။ ပင္စည္၌ ဓားရာအထပ္ထပ္ျဖင့္ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေလာက္သည္အထိ သူ႕စိတ္တို႔ ဘယ္ေလာက္ရႈပ္ေထြးေနမွန္း သိသာထင္ရွားေစသည္။

*ေသြးေႂကြးဆိုတာကို နားလည္ေပမယ့္.. က်ဳပ္ မင္းကို မစြန့္လႊတ္နိုင္ဘူး.. လာဗင္ဒါရယ္...လုပ္လည္း မလုပ္ရက္ဘူး...*

မိမိအား ဖက္တြယ္ခြၽဲ႕ႏြဲ႕ခဲ့သည့္ ခရမ္းစြဲေရာင္ မ်က္ဝန္းဝိုင္းဝိုင္းတို႔ကို ျပန္သတိရမိသည့္အခါတိုင္း ဆူပြက္ေနသည့္ စိတ္တို႔က မီးကို ေရျဖင့္ျငႇိမ္းသလို တေျမ့ေျမ့ေပ်ာက္ကြယ္သည္ေလ...

ထိုျမင္ကြင္းကို ခပ္လွမ္းလွမ္းမွ အကဲခတ္ေနသူမွာေတာ့ ေခါင္းေဆာင္ပတ္ခ္ပင္။ Eldoraနန္းတြင္းမွ အမိန့္စကားပါလာသည္ဆိုသည္ေၾကာင့္ အေၾကာင္းၾကားေပးရန္ လာခဲ့ေသာ္လည္း ျမင္ေနမက်သည့္ ထိုပုံစံေၾကာင့္ သူကိုယ္တိုင္ပါ အံ့အားသင့္သြားရသည္မွာ အမွန္ပင္။

အမွန္တရားေၾကာင့္ ေရွာ့ခ္ရသြားမွန္း သိသည့္တိုင္ သည္ေလာက္ထိ တုံ႕ျပန္မႈ ျပင္းလိမ့္မည္ဟုေတာ့ မထင္ထားခဲ့သည္ေလ။ မင္းသားငယ္က ထင္ထားသည္ထက္ပင္ အရွင္သခင္ျဖစ္သူထံ သစၥာေစာင့္သိသည္ပဲ။

တိုက္တိုက္ဆိုင္ဆိုင္ ယခုလိုအခ်ိန္မွာပင္ Eldoraနန္းတြင္းက ျပန္ေခၚသည္က ေကာင္းေသာ ကိစၥရပ္မဟုတ္ပါေလ။ အရွင့္အေပၚ သစၥာေစာင့္သိလြန္းသည္ေၾကာင့္ ေျဖာင္းဖ်ထားသမွ် အရာရာ သဲထဲေရသြန္လည္း ျဖစ္သြားနိုင္သလို စိတ္မတည္ၿငိမ္ေနသည့္ အေနအထားျဖစ္သည္ေၾကာင့္ စိတ္လိုက္မာန္ပါလုပ္မိပါလွ်င္လည္း အစီအစဥ္မ်ား မစရခင္ပင္ ထိခိုက္နိုင္ေသးသည္။

အစီအစဥ္မ်ား ေပါက္ၾကားသြားခဲ့ပါလွ်င္ ထိခိုက္မည္က မိမိတဦးတည္းမဟုတ္၊ နန္းတြင္းမွ အနီးကပ္ ရွိေနသည့္ သားျဖစ္သူအျပင္ အခန့္မသင့္လွ်င္ ပုန္ကန္မႈျဖင့္ မ်ိဳးႏြယ္တခုလုံးလည္း ကြပ္မ်က္ခံရနိုင္သည္မို႔ နည္းနည္းေလးမွ် အတိမ္းအေစာင္းခံ၍ မျဖစ္ပါေလ။ ထို႔ေၾကာင့္ပင္ သူကသာ တဖက္လွည့္ျဖင့္ ပရိယာယ္သုံးကာ..

"ကိုယ္ရံေတာ္ကင္မ္က အခုခ်ိန္မွာ ျပန္လိုက္နိုင္ဦးမွာ မဟုတ္ေလာက္ဘူး"

"ဒါေပမယ့္ အရွင္က---"

"က်ဳပ္ေျပာသလိုပဲ ျပန္ေျပာလိုက္ပါ။ မင္းကို လုံေလာက္တဲ့ ပမာဏေပးမယ္။ ကိုယ္ရံေတာ္ကင္မ္ရဲ႕ အေျခအေနက အခုနန္းတြင္းထဲကို မလာနိုင္ေလာက္ေသးတာမို႔"

"ဘာေၾကာင့္မ်ားလဲ။ က်ေနာ္ သတိထားမိသေလာက္ဆို ၾကင္ယာေတာ္ေၾကာင့္မ်ားလား"

ကိုယ္တိုင္ လိမ္စရာပင္ မလိုပဲ အထအနေကာက္သြားသူေၾကာင့္ အဆင္သင့္ျဖစ္ကာ ေခါင္းသာ ျငႇိမ့္ျပလိုက္မိသည္။

"ရိပ္မိရင္လည္း က်ဳပ္ကို ကူညီၿပီး အဲ့လိုျပန္ေျပာေပးပါ။ အရွင္သိသြားရင္ က်ဳပ္သားေလး ၾကင္ယာေတာ္ပတ္ခ္အတြက္ မေကာင္းဘူးဆိုတာ မင္းလည္း သိတယ္မလား"

"က်ေနာ္ သိပါၿပီ"

ရိပ္ဖမ္းသံဖမ္းသာ အကဲခတ္မိေသာ သားျဖစ္သူႏွင့္ ေတာ္ဝင္မ်ိဳးႏြယ္ႏွစ္ေယာက္၏ ဇာတ္လမ္းက ယခုလို အသုံးဝင္သည့္အခါလည္း ရွိလာျပန္ေသးသည္ပဲ။

သို႔ေသာ္ မင္းသားငယ္ႏွင့္ အရွင္မွာ ၿပိဳင္ဘက္ဟု မထင္ရေလာက္ေအာင္ သာၾကည္ေျပလည္လြန္းကာ သစၥာလည္း ေစာင့္သိလြန္းသည္။ ထိုဆက္ဆံေရးကို စြန္းထင္းေစရန္ပင္ သားျဖစ္သူအား အရွင့္ထံ ကမ္းလွမ္းခဲ့ေသာ္လည္း ထူးျခားခ်က္ သိပ္မရွိသည္ေၾကာင့္ ကိုယ္တိုင္ပါ လႈပ္ရွားလာရျခင္းပင္။

တကယ္တမ္း mateလုသည့္ alphaႏွစ္ဦးဟူသည္ ျမင္သည္ႏွင့္ပင္ ရန္စြယ္ေငါေငါျဖစ္ေနရမည္ မဟုတ္လား။ တခုခုေတာ့ မွားေနၿပီ ထင္သည္။

••••••

"ကိုယ္ရံေတာ္ ကင္မ္က ၃ခါတိတိျငင္းခဲ့ပါတယ္ အရွင္"

"ဘယ္လို??"

သုံးခါတိတိပင္ ျငင္းရေလာက္ေအာင္ နန္းတြင္းကို ျပန္မလာခ်င္ေတာ့သည္လား။ alphaက တဖက္လွည့္ျဖင့္ သူ႕အနားမွ ထြက္သြားရန္ ႀကိဳးစားေနပုံႏွင့္ပင္ တူသည္။

ထြက္မသြားခင္က ခႏၶာကိုယ္ခ်င္းလည္း ရင္းႏွီးခဲ့သလို ကတိအထပ္ထပ္လည္း ေပးခဲ့သည္ပဲ။ ယခုမွ အေတြးေျပာင္း၍ အခ်ိဳးေျပာင္းေနျခင္းလား။

alphaမ်ားႏွင့္ ပတ္သက္လွ်င္ ရွိခဲ့သည့္ မယုံၾကည္စိတ္က မိမိ alphaေၾကာင့္ အနည္းငယ္ ေလ်ာ့နည္းလာခဲ့သည့္တိုင္ ခုလိုအေနအထားမ်ား ျဖစ္ျပန္ေတာ့ စိတ္မလုံၿခဳံမႈတို႔ ျပန္တိုးပြားျပန္သည္။

အေၾကာင္းစုံ မသိရပဲ အႀကိမ္ႀကိမ္ေပ်ာက္သြားခဲ့မႈမ်ား၊ မဟာမိတ္ေဟာင္းျဖစ္သည့္ တိုင္းျပည္ႏွင့္ သံတမန္ေရး ဆက္သြယ္ေပးမႈ၊ ဒါ့အျပင္ သူဆင့္ေခၚသည္ကိုေတာင္ သုံးႀကိမ္တိုင္ ျငင္းဆန္ခဲ့သည္မွာ ဘာအေၾကာင္းကိစၥမ်ား ရွိေနသည္လဲ။

မဟုတ္မွ...သမားေတာ္မင္ ေျပာသလို အႀကံႏွင့္ ခ်ည္းကပ္ခဲ့ျခင္းမ်ားလား....?

ဒါလည္း မျဖစ္နိုင္ပါေလ... မေကာင္းသည့္ အႀကံႏွင့္ ခ်ည္းကပ္ခဲ့ျခင္းသာဆို မိမိအား mateအျဖစ္ ရယူၿပီးစဥ္ကတည္းက mateျဖစ္ျခင္းကို အခြင့္ေကာင္းယူကာ ေဘးက်ပ္နံက်ပ္ျဖစ္ေအာင္ လုပ္လိမ့္မည္ေပါ့။ ထိုကဲ့သို ျပဳမူေနသည္လည္း မဟုတ္ပဲ။

ေပါင္းစုံေသာ အေတြးတို႔အား အေျဖရွာေပးနိုင္သူသည္ alphaမွ တပါးမရွိ။ သို႔ေသာ္လည္း သဲလြန္စ အနည္းငယ္ ေပးနိုင္ေလာက္မည့္ တစုံတဦးကို သတိရသြားသည့္အခါ ခ်က္ခ်င္းပင္ ေျခဦးတည္လိုက္မိသည္က ၾကင္ယာေတာ္ အေဆာင္ပင္။

"အရွင္ ဒီအခ်ိန္ႀကီး ဘာကိစၥရွိလို႔မ်ားပါလဲ"

"ကိုယ္ေတာ္ သိခ်င္တာ အခ်ိဳ႕ရွိတာမို႔.. သခင္ေလးဆီကေနပဲ သိနိုင္မယ့္အရာလို႔လည္း ယူဆမိတာမို႔ ေရာက္လာခဲ့တာပါ"

"ဘာမ်ားလဲ အရွင္"

"alpha...သူ႕ရဲ႕ ငယ္ဘဝက ဘယ္လိုမ်ိဳးျဖစ္ခဲ့လဲ"

လက္ဖက္ရည္ၾကမ္းငွဲ႕ေပးေနေသာ ဂ်ီမင္လက္တို႔ ေခတၱတန့္သြားသည္။ အရွင္က ႐ုတ္တရက္ ဘာေၾကာင့္မ်ား alpha၏ ငယ္ဘဝအေၾကာင္း သိခ်င္ရသည္လဲ။

"အမ်ားႀကီးေတာ့ မသိေပမယ့္ နာက်င္စရာေကာင္းတဲ့ ငယ္ဘဝအခ်ိဳ႕ ရွိခဲ့တယ္လို႔ေတာ့ ၾကားဖူးပါတယ္။ သင္းကြဲနယ္ေျမကိုေရာက္လာၿပီး ၂ႏွစ္ေလာက္ၾကာတဲ့အထိ ေတာ္႐ုံလူနဲ႕ အဆက္အဆံမလုပ္ပဲ တတ္သင့္တတ္အပ္တဲ့ ပညာေတြပဲ သင္ၾကားေနခဲ့တာ"

"ဘယ္အခ်ိန္ေလာက္မွာ ေရာက္လာခဲ့တာလဲ"

"မွတ္မိသေလာက္ဆိုရင္ေတာ့ ဆယ္ႏွစ္ေတာင္ မျပည့္ေသးဘူးထင္ပါတယ္.. အဲ့အခ်ိန္ ဓားေတာင္ေသခ်ာမနိုင္ေသးတဲ့ သူက ဓားအေလးခ်ိန္နဲ႕ အ႐ြယ္အစားရွိတဲ့ တုတ္ကို အသုံးျပဳၿပီး အျပင္းအထန္ေလ့က်င့္ခဲ့တာပါ"

"ဒါေၾကာင့္ ဓားေရး သိပ္ကြၽမ္းက်င္တာကိုး..."

ထို႔ေနာက္ အရွင္က လက္ဖက္ရည္ၾကမ္းအား တက်ိဳက္ေသာက္ကာ

"ဒါဆို သခင္ေလးတို႔ဆီ ေရာက္မလာခင္က ဘယ္မွာေနခဲ့တာလဲဆိုတာကိုေရာ သိရလား? "

"ဧကႏၱ Cyclusဆိုတဲ့ တိုင္းျပည္နဲ႕မ်ား ဆက္စပ္ေနမလားလို႔လားပါ.."

အရွင့္ေမးခြန္းေၾကာင့္ ဂ်ီမင္ မ်က္ဝန္းေလးမ်ား မတည္မၿငိမ္ျဖစ္သြားရသည္။ ဆိုင္းမဆင့္ ဘုံမဆင့္ မိမိအား မ်က္ဝန္းစိမ္း alpha၏ အတိတ္ကို ေမးလာခဲ့သည္မို႔ ထူးဆန္းေနခဲ့ေသာ္လည္း mateျဖစ္သူအေၾကာင္း ပို၍ သိခ်င္သည္မို႔ ေမးသည္ဟု ထင္ခဲ့မိသည္။

သို႔ေသာ္လည္း ခုလို တိုင္းျပည္အမည္ပါ တပ္၍ ေမးျခင္းကား အရွင္က တစုံတရာကို သိကြၽမ္း၍ အစ္ေမးေနပုံႏွင့္ပင္တူသည္။ ဘာေၾကာင့္မွန္းမသိေသာ္လည္း mateျဖစ္ၿပီးသည္ေတာင္ အသိေပးျခင္းမရွိပုံအရ alphaဘက္မွလည္း ဖုံးကြယ္ထားခ်င္ေသာ အေၾကာင္းအရာျဖစ္လိမ့္မည္ဟု ေကာက္ခ်က္ခ်မိသည္ေၾကာင့္ အလိမၼာသုံးကာ

"အဲ့တုန္းကေတာ့ က်ေနာ္လည္း အရမ္းငယ္ေသးတာမို႔ ေသခ်ာမမွတ္မိပါဘူး အရွင္။ အတိအက်သိခ်င္ရင္ေတာ့ သူ႕ကို ကိုယ္တိုင္ေမးၾကည့္ရမယ္ထင္ပါတယ္"

"ဟုတ္တယ္ေနာ္.. သခင္ေလးလည္း ဘယ္လိုလုပ္ သိမွာလဲ.. ဟင္း..."

သက္ျပင္းခ်ကာ ျပတင္းေပါက္ အျပင္ဘက္သို႔ ခပ္ငိုင္ငိုင္ၾကည့္ေနပုံအရ ေမွ်ာ္လင့္ထားသည့္ အေျဖတခု မရသည္ေၾကာင့္ စိတ္ပ်က္သြားပုံႏွင့္တူသည္။

"ထားပါေတာ့.. ဘာပဲျဖစ္ျဖစ္ ေျဖေပးတဲ့အတြက္ ေက်းဇူးပါ။ လိုအပ္တာ တခုခုရွိရင္ ကိုယ္ေတာ့္ကို အေၾကာင္းၾကားလိုက္ေနာ္"

"ဟုတ္ကဲ့ပါ အရွင္"

မရနိုင္သည့္ အေျဖကို စဥ္းစားေနမည့္အစား နီးစပ္တာကို အေျဖထုတ္တာက ပိုေကာင္းမည္ဟူေသာ အေတြးျဖင့္ စာၾကည့္ခန္းသို႔ ဦးတည္လိုက္မိသည္။ ကမ္းလွမ္းလာသည့္ မိတ္ဖက္နိုင္ငံေဟာင္း၏ မွတ္တမ္းမွတ္ရာမ်ား ရွိေလာက္မလားဟူသည့္ အေတြးျဖင့္ေပါ့

ခမည္းေတာ္က စနစ္တက် မွတ္တမ္းတင္တတ္သည့္ အက်င့္ရွိသူမို႔ က်ိန္းေသေပါက္ မဟာမိတ္ေဟာင္း ထိုနိုင္ငံအေၾကာင္းလည္း မွတ္တမ္းတင္ခဲ့မည္မွာ ေသခ်ာသည္ေလ။

သို႔ေသာ္လည္း သိခ်င္သည့္ အေျဖအစား မထင္မွတ္သည့္အေၾကာင္းအရာတို႔သာ သိရွိလာရသည့္အခါ အရွင့္အတြက္ အံ့အားသင့္မႈတို႔သာ...

-မင္းအေပၚမွာ တင္ေနတဲ့ အျပစ္ေႂကြးကို တသက္လုံး ဆပ္လို႔ မေက်နိဳင္ေလာက္ေတာ့ဘူး ထင္ပါတယ္
စိတ္နာရင္လည္း နာေလာက္စရာ ကိစၥေတြေပမယ့္ မင္း သိပ္အျငႇိုးႀကီးတယ္ မာရီယာ-

"မာရီယာ ဟုတ္လား..?"

မာရီယာဆိုသည္မွာ ထို စြန့္ပစ္ခံ Omegaပင္ မဟုတ္လား.. သည္လက္ေရးသည္လည္း ခမည္းေတာ္ လက္ေရးမွန္းေသခ်ာသည္။ ဒါျဖင့္ရင္ ခမည္းေတာ္က ထိုသနားစဖြယ္ မင္းသမီးငယ္ႏွင့္ သိကြၽမ္းဖူးသည္လား?

ေရးထားသည့္ စာအသြားအလာအရ သိကြၽမ္း႐ုံသာမက ရန္ျငႇိုးရန္စပါ ရွိခဲ့ဖူးပုံ။ ဆပ္၍ပင္ မကုန္ေလာက္သည့္ အျပစ္ေႂကြးဟု တင္စားရေလာက္သည္အထိ ခမည္းေတာ္ဟာ ထို omega မင္းသမီးငယ္ထံ ဘာအမွားေတြမ်ား လုပ္ခဲ့မိသည္လဲ။

မဟုတ္မွ လြဲေရာ....

မင္းသမီး မွတ္တမ္းတင္ခဲ့ေသာ ထို alphaက...

ခမည္းေတာ္မ်ား.....

အို မဟုတ္တာ.. ခမည္းေတာ္က ဒီေလာက္ စက္ဆုပ္ဖြယ္ အျပဳအမူကိုေတာ့ မလုပ္နိုင္ေလာက္ပါေလ...

တဆက္တည္းမွာပင္ အဆုံးမသတ္ရေသးေသာ ထိုစာအုပ္အား သတိရကာ စာၾကည့္စားပြဲဆီ ျပန္မိသည္။ ထိုစာအုပ္အတြင္းမွာေတာ့ သူလိုခ်င္ေသာ အေျဖရွိေကာင္း ရွိနိုင္သည္ေလ။

"ငါ ဒီမွာ ထားခဲ့တာ မဟုတ္ဘူးလား ဘယ္ေရာက္သြားပါလိမ့္?"

စားပြဲအစြန္ရွိ စာလိပ္အခ်ိဳ႕ေအာက္မွ အဖုံးကိုျမင္မွ သက္ျပင္းခ်နိဳင္သည္။ အမတ္တို႔ ဆက္သည့္ စာလႊာမ်ားကို စစ္ေဆးရင္း ထိုစာအုပ္က ေအာက္ေရာက္သြားဟန္ တူပါသည္ေလ။

ေလပူတခ်ိဳ႕ကို မႈတ္ထုတ္လိုက္ရင္း ၿပီးခဲ့သည့္ေနရာမွ စာမ်ားကို ေရွ႕ဆက္သည္။ စိတ္ထဲမွလည္း ထင့္ေနသည့္ အေၾကာင္းအရာတို႔ မျဖစ္ေစရန္သာ ဆုေတာင္းလ်က္။

-ပုခုံးေပၚက ဓားဒဏ္ရာကို ျမင္တိုင္း သိပ္စိတ္နာမိတယ္။ ခ်စ္ျမတ္နိုးတုန္းက ကိုယ္တိုင္လုပ္ခဲ့တဲ့ အမွတ္အသားကို မလိုေတာ့လည္း ကိုယ္တိုင္ ဖ်က္ဆီးနိုင္ေလာက္တဲ့အထိကို သိပ္ရက္စက္တဲ့ သူ။ ရွင္လည္း အျခားalphaေတြနဲ႕ ဘာမွ မထူးဘူးပဲ ေဂ်း-

-ငါ့ကို ထားရစ္႐ုံ မကပဲ မ်က္ႏွာေျပာင္စြာနဲ႕ ငါရွိမွာ ေသခ်ာတဲ့ ပြဲကို ၾကင္ယာေတာ္ကိုပါ ေခၚလာခဲ့ေသးတာ... ရွင္ သိပ္လြန္တာပဲ-

-ရွင္ထားခဲ့တဲ့ အက်ိဳးဆက္ေတြကို ဒီက အလူးအလဲ ခံစားေနရဆဲေပမယ့္ ရွင္ကေတာ့ နန္းဆက္ေလးေတာင္ ရလာေတာ့မွာတဲ့။ သိပ္ရယ္ဖြယ္ေကာင္းတာပဲ-

နန္းဆက္ဆိုသည့္ အသုံးအႏႈန္းေၾကာင့္ စိတ္တို႔ပို၍ မတည္မၿငိမ္ျဖစ္လာရသည္။ ဆိုလိုရင္းမွာ တဖက္alphaသည္လည္း ေတာ္ဝင္မ်ိဳးႏြယ္ျဖစ္သည္ဟူေသာ အဓိပ္ပါယ်ပင် မဟုတ္လား။

တျဖည္းျဖည္း ႐ုပ္လုံးေပၚလာသည့္ အေၾကာင္းအရာတို႔ေၾကာင့္ ေရွ႕စာမ်က္ႏွာတို႔ကိုပင္ ဆက္မလွန္ရဲ။ ခန့္မွန္းမိၿပီးျဖစ္ေသာ အျဖစ္အပ်က္တို႔ကို မရင္ဆိုင္ခ်င္သည္ေၾကာင့္ စိတ္ထင့္ေနသည္မ်ား မမွန္ပါေစႏွင့္ဟူေသာ အေတြးျဖင့္ စာ႐ြက္ကို လွန္မိသည္။

သို႔ေသာ္လည္း မွင္နီနီတို႔ျဖင့္ ေရးသားထားသည့္ စာလုံးထင္းထင္းတို႔ေၾကာင့္ ဆႏၵကား မျပည့္ဝခဲ့။ ထိုအစား ကိုင္ထားသည့္ စာအုပ္ပါ စားပြဲေပၚ ျပဳတ္က်သည္အထိ ထိတ္လန့္မႈကိုသာ ရင္ဆိုင္လိုက္ရေတာ့သည္။

-က်ိန္စာတိုက္ခဲ့မယ္။ Eldoraနန္းဆက္အတြက္ ရွင္ ေမွ်ာ္လင့္တဲ့ မ်ိဳးရိုးျမင့္ alphaမ်ိဳးဆက္ ဘယ္ေတာ့မွ မရေစရဘူးလို႔ ငါ က်ိန္စာ တိုက္ခဲ့မွာ ဂြၽန္ေဂ်းရပ္စ္-

••••••

"မခ်စ္မႏွစ္သက္ပဲ လက္ဆက္ရတဲ့သူကလည္း အခ်စ္သက္ေသေတာင္ အေတာ္ေလးျဖစ္ထြန္းေနၿပီပဲေနာ္။ ရွင္လည္း တျခား alphaေတြနဲ႕ ဘာမွ မထူးဘူးပဲ ေဂ်း"

မိမိ၏ ေမြးေန႕ပြဲႏွင့္ တြဲဖက္၍ က်င္းပသည့္ မဟာမိတ္ပြဲအား တက္ေရာက္ခဲ့သူက မ်က္ႏွာေျပာင္စြာ ၾကင္ယာေတာ္ကိုပင္ ေခၚလာခဲ့ေသးသည္။
ရက္ရက္စက္စက္ထားရစ္ခံရေသာ ခ်စ္သူေဟာင္းေရွ႕တြင္ မေပါ့မပါးျဖင့္ ဇနီးျဖစ္သူအား သည္းျပ ကဲျပေနေလာက္သည္အထိ ဂြၽန္ေဂ်းရပ္စ္မွာ မ်က္ႏွာေျပာင္တတ္မွန္း သူမ မသိခဲ့ပါေရာ

"မသိပဲနဲ႕ မေျပာပါနဲ႕ မာရီယာ...အားလုံးေကာင္းဖို႔အတြက္ ငါဆုံးျဖတ္ခဲ့တဲ့အရာပါ"

ထိုစကားေၾကာင့္ မင္းသမီးငယ္က အသံထြက္႐ုံမွ် ရယ္မိသည္။ အားလုံးေကာင္းဖို႔အတြက္ သူမ ႏွလုံးသား တစ္ခုလုံးအား ခ်နင္းခဲ့သည္ေပါ့။ အားလုံး အက်ိဳးရွိေစရန္ အျပစ္မဲ့ omegaတစ္ေယာက္အား အပိုင္သိမ္းၿပီးမွ ရက္ရက္စက္စက္ ထားရစ္ခဲ့သည္ေပါ့ေလ?

"အားလုံးေကာင္းဖို႔ဆိုတာ မ်ိဳးရိုးျမင့္ alphaဆက္ခံသူ ေမြးဖြားလာဖို႔လား? "

"မာရီယာ"

"မ်ိဳးရိုးျမင့္ေသြးခ်င္းတူတူေတာင္ omegaနဲ႕ ေပါင္းဖက္ၿပီး ရလာမယ့္ မ်ိဳးဆက္ထက္ alphaအခ်င္းခ်င္းေပါင္းဖက္ၿပီး ရလာမယ့္ မ်ိဳးဆက္ကို ပိုၿပီး ေလာဘတက္တာမဟုတ္လား ဂြၽန္ေဂ်းရပ္စ္? ဒါေၾကာင့္ ငါ့ကို အခြင့္အေရးအျပည့္ယူၿပီးမွ လႊတ္ခ်ခဲ့တာေပါ့"

Eldora ေတာ္ဝင္မိသားစု ၏ ကိန္းခန္းႀကီးပုံမွာ ေတာက္ေလွ်ာက္ alphaအခ်င္းခ်င္း လက္ဆက္ေစ၍ ပို၍ အင္အားႀကီးသည့္ နန္းဆက္ကိုသာ ေမြးဖြားေစကာ အရွိန္အဝါ ႀကီးမားေစျခင္း ျဖစ္သည္။ ။ ေတာ္ဝင္ေသြးခ်င္းတူလွ်င္ေတာင္ omegaႏွင့္ ေပါင္းဖက္ျခင္းထက္ alphaခ်င္း ေပါင္းဖက္သည္က အရွိန္အဝါႀကီးမားသည့္ alpha မ်ိဳးဆက္ကို ရရန္ ပို၍ ေသခ်ာသည္ေၾကာင့္ပင္။

ယခုလည္း သည္လူက သူ႕ကို ထားရစ္ျခင္းမွာ ထိုအေၾကာင္းအရာျဖစ္မွန္း သိပ္သိသာသည္။ အစဥ္အလာအတိုင္း လိုက္နာရမည္ဆိုလည္း အေစာႀကီးကတည္းက ဘာေၾကာင့္ mateအျဖစ္ရယူခဲ့သည္လဲ? အခြင့္အေရးသမား မဆန္လြန္းေပဘူးလား?

"ဘာျဖစ္ခ်င္ေနတာလဲကြာ..ၿပီးသြားတဲ့ အေၾကာင္းေတြကို ဘာေၾကာင့္ ျပန္အစေဖာ္ေနတာလဲ။ တျခားသူေတြ သိသြားရင္---"

"သိသြားပါေစ! ငါကေတာ့ သိသြားဖို႔ ေမွ်ာ္လင့္တာ! Eldoraရဲ႕ ဘုရင္အသစ္က ဘယ္ေလာက္ေတာင္ ႐ြံစရာေကာင္းၿပီး တာဝန္မဲ့တဲ့ အခြင့္အေရးသမားလဲဆိုတာကို!"

သူမစကားေနာက္ Eldora အရွင္ အသစ္စက္စက္၏ မ်က္ႏွာက တည္တင္းကာ သူမ ပုခုံး၂ဖက္ကို ဆြဲကိုင္ရင္း ထိန္းခ်ဳပ္ရန္ ႀကိဳးစားသည္။

"မာရီယာ! မင္း ေတာ္လိုက္ေတာ့!"

"မေတာ္နိုင္ဘူး! ရွင့္အတြက္ ၿပီးသြားတဲ့ အေၾကာင္းအရာေတြေပမယ့္ က်မ ဘယ္လို ဒုကၡေတြ ေဝဒနာေတြ ခံစားခဲ့ရလဲ ရွင္သိလား?! တာဝန္မဲ့တဲ့ ရွင့္အတြက္ စြန့္ပစ္လိုက္ရင္ ၿပီးသြားေပမယ့္ ဒီကေတာ့ တသက္စာ ေဖ်ာက္မရတဲ့ ဒဏ္ရာေတြနဲ႕ က်န္ခဲ့ရတာ... နည္းနည္းေလးေတာင္ အားနာစိတ္ မျဖစ္မိဘူးလား!"

ေဒါသစိတ္ႏွင့္ အတူ ခံျပင္းမႈကပါ တြဲဖက္သည္ေၾကာင့္ မ်က္သားမ်ားပါ နီတက္လာခဲ့သည္။ တိုက္ပြဲအလီလီ အနိုင္ယူခဲ့သည့္တိုင္ သည္ alphaႏွင့္မွ အကြက္ခ် စီစဥ္ခံထားရသလို ရႈံးရသည္။ ဆုံးရႈံးမႈကလည္း သူမ ႏွလုံးသားတခုလုံးသာမက သူမ၏ ျဖစ္တည္မႈတခုႏွင့္ အျပစ္မဲ့သည့္ အသက္တေခ်ာင္းျဖစ္သည္မို႔ သည္ေလာက္ထိ နာက်ည္းရသည္မွာ လြန္သည္ေတာ့ မထင္ပါေလ။

"ရွင္က အတိတ္ကို ျပည္ဖုံးကားခ်ၿပီး ၾကင္ယာေတာ္နဲ႕ ေပ်ာ္ပါးေနခဲ့ေပမယ့္ က်မကေလ... က်မမွာေလ...---"

"အရွင္?"

မသိရွိလိုက္ရသည့္ အသက္တေခ်ာင္းအေၾကာင္း အသိမေပးလိုက္ရေသးခင္မွာပင္ ၾကားလိုက္ရေသာ အသံခ်ိဳခ်ိဳေၾကာင့္ နီးကပ္ေနရာမွ ႐ုန္းထြက္လိုက္မိသည္။ ထင္သည့္အတိုင္း ခ်စ္သူေဟာင္း၏ ၾကင္ယာေတာ္ျဖစ္သူက မေရွးမႏွောင္းပင္ အနားသို႔ ေရာက္ရွိလာသည္ေလ။

"ၾကင္ယာေတာ္.. ဘာလို႔ ဒီကို လိုက္လာတာလဲ မေပါ့မပါးႀကီးနဲ႕ကို"

"အရွင့္ကို မေတြ႕ေတာ့လို႔ လိုက္ရွာေနခဲ့တာပါ။ ဒီမွာ မင္းသမီး မာရီယာနဲ႕ စကားေျပာေနခဲ့တာပဲ။ ႏွစ္ေယာက္က သိကြၽမ္းၾကတာလား"

"ဟုတ္တယ္။ ကိုယ္ေတာ္တို႔ တိုက္ပြဲအခ်ိဳ႕မွာ မဟာမိတ္အျဖစ္ မၾကာခဏဆုံဖူးၾကလို႔ ရင္းႏွီးၾကတာေလ"

မဟာမိတ္တဲ့... အင္း... ေသြးသားခ်င္း ႏွီးႏွောဖူးသည္အထိ ရင္းႏွီးခဲ့သည့္အထိ မဟာမိတ္ဆိုလွ်င္ အႏွီၾကင္ယာေတာ္ေလး ေသြးႏုသားႏုျဖင့္ စိတ္မ်ားထိခိုက္သြားေလမလား။ သူမအား ေျခဆုံးေခါင္းဆုံး စူးစမ္းေနဟန္ေပၚသည့္ ထိုၾကင္ယာေတာ္ကို ၾကည့္ရင္း ေတြးမိပါရဲ႕။

"ကိုယ္ေတာ္တို႔ စကားေျပာတာက ၿပီးပါၿပီ ၾကင္ယာေတာ္။ မင္းပင္ပန္းေနေတာ့မယ္။ တေနရာရာမွာ သြားထိုင္ၾကမယ္ေလ"

"အဲ့ဒါဆိုရင္ေတာ့ ပိုၿပီး အဆင္သင့္တာေပါ့ အရွင္။ မဟုတ္ရင္ေတာင္ အိမ္ေရွ႕စံေလးက ခုနတည္းက အထဲကေန ဆႏၵျပေနခဲ့တာေလ"

"ဟား ခုတည္းက အရွိန္အဝါေတြျပေနၿပီပဲ ကိုယ္ေတာ္တို႔ အိမ္ေရွ႕စံက"

သူမ ရွိေနေသးသည္ကိုပင္ ေမ့ေလ်ာ့စြာ နန္းေမြနန္းလ်ာေလးကို ပိုပိုသာသာ ဂ႐ုစိုက္ေနမိသည္က ႀကီးမားသည့္ စိတ္ဒဏ္ရာႏွင့္ ဆုံးရႈံးမႈ ရခဲ့သူ မာရီယာ့အဖို႔ ခံျပင္းေစသလို ေဒါသစိတ္တို႔လည္း ဆူပြက္ေစသည္မွန္း ခ်စ္သူေဟာင္းျဖစ္သူ alphaအရွင္သည္ေတာ့ သတိမျပဳမိခဲ့ပါေလ။

"ေဂ်း"

ၾကင္ယာေတာ္ကို တြဲေလွ်ာက္ရင္း ခပ္လွမ္းလွမ္း အေရာက္မွ ၾကားလိုက္ရသည့္ ထိုနာမည္ေၾကာင့္ အရွင္ဂြၽန္၏ ေျခလွမ္းတို႔ တန့္သြားရသည္။ သည္အမည္နာမကို ေခၚဆိုသူမွာ တစ္ေယာက္အျပင္ မရွိသည္မို႔ ၾကင္ယာေတာ္ကို အနီးရွိ အမႈထမ္းတေယာက္ အကူအညီျဖင့္ ခန္းမဆီ ျပန္ေစကာ သူကေတာ့ ခ်စ္သူေဟာင္းျဖစ္သူ မင္းသမီးငယ္ထံ ေျခဦးျပန္ခဲ့သည္။

"ဘာျဖစ္ခ်င္ေနတာတုန္း မာရီယာ! ၾကင္ယာေတာ္ေရွ႕မွာ အဲ့လိုေခၚၿပီး ငါ့ကို ဘယ္လို တုံ႕ျပန္ေစခ်င္ေနတာလဲ"

"အို က်မေခၚလိုက္တဲ့ နာမည္ေလး တလုံးက အဲ့ေလာက္ သက္ေရာက္မႈရွိသြားလို႔လား? က်မက ဒီတိုင္း ရွင္တို႔ နန္းဆက္ေလးအတြက္ ဆုေတာင္းေပးခ်င္မိလို႔ေလ"

အဓိပျပါယေဖြာ႐ြခကသြၫြ႕ အၿပဳံးတခုျဖင့္ အနားတိုးကပ္လာခဲ့သည့္ သူမ။ ထို႔ေနာက္ သူ၏ နားနားသို႔ ကပ္ကာ ခပ္တိုးတိုးဆိုလိုက္သည့္ စကားတို႔ေၾကာင့္ အရွင္ ဂြၽန္ေဂ်းရပ္စ္၏ ေဒါသတို႔ ေထာင္းခနဲပင္။

"Betaမဟုတ္ရင္ omegaပဲ ေမြးလာဖို႔ ဆုေတာင္းတယ္။ အဲ့ဒီေမြးလာတဲ့ မ်ိဳးဆက္ကလည္း Eldoraရဲ႕ အုပ္ခ်ဳပ္သူေနရာကို က်ားကုပ္က်ားခဲ ရယူဖို႔ ႐ုန္းကန္ေနေစဖို႔ကိုေရာေပါ့"

"မာရီယာ! မင္း!"

ေဒါသတႀကီး တုန့္ျပန္လာသည့္ ထိုalphaကိုၾကည့္ရင္း မင္းသမီးငယ္က ရယ္ေမာသည္။ ကိုယ့္အလွည့္က် သိပ္နာတတ္ပါေလေကာ။ သည္လို alphaမ်ိဳးထံမွ စြန့္ပစ္ခံခဲ့ရသည္ဆိုသည္မွာ ေတြးၾကည့္ရင္းပင္ ရွက္မိေသးသည္။

"ေနာက္ၿပီး ရွင္ေမွ်ာ္လင့္တဲ့ မ်ိဳးရိုးျမင့္ alphaမ်ိဳးဆက္ ဘယ္ေတာ့မွ မရေစရဘူးလို႔လည္း ဆုေတာင္းေပးပါမယ္။ ဒါက က်မအေပၚမွာ ရွင္က်ဴးလြန္ခဲ့တာေတြအတြက္ အဖိုးအခလို႔ မွတ္ထားလိုက္"

"ေတာက္ခ္!!"

အံႀကိတ္၍ ေတာက္ေခါက္ကာ ထြက္သြားသူက တခ်ိန္က သူမႏွလုံးသားတခုလုံး ပုံအပ္ခ်စ္ခဲ့သည့္သူမွန္း ယုံဖြယ္ပင္ မရွိ။ ထီးနန္းႏွင့္ နန္းဆက္တို႔ ပတ္သက္လာသည့္အခါ ခ်စ္ခင္စုံမက္ဖူးသူပင္ ရန္သူျဖစ္ရသည္ပဲ။ အတိတ္ေဟာင္းတို႔ႏွင့္ ဆုံးရႉံးမႈတို႔အား ျပန္၍ သတိရလာသည့္အခါ ပါးျပင္ေပၚ၌ ေနရာယူလာသည့္ မ်က္ရည္စီးေၾကာင္းအား လက္ခုံျဖင့္ ခပ္ၾကမ္းၾကမ္း သုတ္ပစ္မိကာ

"က်ိန္စာတိုက္ခဲ့မွာ.. ငါ က်ိန္စာတိုက္ခဲ့မွာ.. ဂြၽန္ေဂ်းရပ္စ္.. Eldoraမွာ ဘယ္ေတာ့မွ alphaနန္းဆက္ မရေစရဘူး!"

ပို၍ သန္မာေသာ alphaမ်ိဳးဆက္ကို ဆက္ခံသူျဖစ္လိုသည္ဟူသည့္ ရည္႐ြယ္ခ်က္ျဖင့္ မိမိကိုေက်ာ္ကာ alphaအမ်ိဳးသမီးငယ္အား ေ႐ြးခ်ယ္သြားခဲ့သူအား ဘယ္ေတာ့မွ ဆႏၵအတိုင္း alphaဆက္ခံသူ ေမြးဖြားမလာေစရန္မွာ မာရီယာ၏ ေမတၱာစူးေသာ က်ိန္စာလွလွပင္ျဖစ္ေလသည္

••••••

Eldora နန္းဆက္တဲ့...

ေနာက္ၿပီး ဂြၽန္ေဂ်းရပ္စ္တဲ့လား...

ဒါဆို ထိုလူမဆန္သည့္ alphaက သူ႕ ခမည္းေတာ္ျဖစ္ေနခဲ့သည္ေပါ့..?

ဘုရားေရ.. ဒါ ဘယ္လို ကိစၥရပ္ႀကီးမ်ားလဲ..

အေနာက္ဘက္ရွိ စာမ်က္ႏွာတို႔ကိုပင္ ဆက္၍ မၾကည့္နိုင္ကာ ထိတ္လန့္သြားရေတာ့သည္။

ဒါေၾကာင့္ alphaႏွစ္ေယာက္က ေမြးလာလ်က္ႏွင့္ သူကomegaျဖစ္လာခဲ့သည္လား။

ဒါေၾကာင့္ ခမည္းေတာ္က သူomegaျဖစ္လာမွာကို ေသမလို စိုးရိမ္ခဲ့သည္လား။

omegaျဖစ္လာသည္ကို ဖုံးကြယ္ခ်င္ခဲ့သည္မွာ နန္းေမြဆက္ခံ၍ မရမွာစိုးသည္ဟူေသာ အခ်က္ထက္ ပိုေသာ အေၾကာင္းအရင္းမ်ားစြာ ရွိေနသည္ကိုး...

omegaတို႔၏ အခြင့္အေရးေပါင္းမ်ားစြာအတြက္ ႀကိဳးစားခဲ့သည့္ မိမိကိုယ္တိုင္က အျခားomegaတစ္ဦး၏ ႀကီးႀကီးမားမား နစ္နာမႈႏွင့္ သြယ္ဝွိုက္ပတ္သက္ေနသည္မို႔ မ်က္ႏွာေျပာင္ရာက်သည္ဟုပင္ ခံစားမိသည္။

ထိုomega မင္းသမီးငယ္ အသက္ရွင္လ်က္ရွိေနေသးသည္လား။ ဘယ္တိုင္းျပည္မွ ေတာ္ဝင္မ်ိဳးႏြယ္မွန္းလဲ သူမသိ။ ေသခ်ာသည္ကေတာ့ အျဖစ္မွန္ကို သိလွ်င္ သူမက်ိန္စာ အထေျမာက္သည္ဟု အားရေက်နပ္ေနေလာက္လိမ့္မည္ပင္။ သို႔ေသာ္လည္း သူ႕ဘက္မွလည္း အျပစ္ဆို၍ မရပါ။ တဖက္သားအေပၚ တာဝန္စမဲ့ခဲ့သူက မိမိ ခမည္းေတာ္ျဖစ္ေနသည္ေလ။

ပို၍ မ်ားျပားလာသည့္ စိတ္ရႈပ္ေထြးစရာတို႔ေၾကာင့္ ေခါင္းထဲကပါ ထိုးကိုက္ကာ ေနရခက္လာသည္။ အလုံပိတ္ စာၾကည့္ခန္းႏွင့္ မ်က္စိေရွ႕မွ စာအုပ္က သူ႕အား ပို၍ စိတ္ရႈပ္ေထြးေစသည္ေၾကာင့္ ေရွ႕ဆက္ျခင္းထက္ ေရွာင္၍သာ အရင္ေျပးခ်င္မိသည္။ ထို႔ေၾကာင့္ စာအုပ္ကို ပိတ္သိမ္းကာ စာၾကည့္ခန္းမွ ထြက္လာမိေတာ့ လမ္းခုလတ္မွာပင္ တစုံတဦးႏွင့္ တိုက္မိသည္။

"အရွင္? ဒီအခ်ိန္အထိ မအိပ္ေသးတာလား"

စကားမျပန္နိုင္ေသးခင္မွာပင္ ႐ုတ္ခ်ည္း ေျပာင္းလဲသြားေသာ ၾကင္ယာေတာ္ ပတ္ခ္၏ မ်က္ႏွာ အမူအရာ။ အေၾကာင္းမွာကား မ်က္ဝန္းဝိုင္းတို႔က ခရမ္းစြဲေရာင္အျဖစ္ေျပာင္းလဲေနျခင္းေၾကာင့္ပင္။

"အရွင္! အရွင့္မ်က္လုံးေတြ!"

ခံစားခ်က္ျပင္းထန္လွ်င္ ဖုံးကြယ္၍ မရနိုင္ေတာ့သည့္ ခရမ္းစြဲေရာင္ မ်က္ဝန္းဝိုင္းတို႔မွာ ယခုလည္း တဖိတ္ဖိတ္ ေတာက္လ်က္ပင္။ ညအခ်ိန္ နန္းေဆာင္ထဲမို႔ ေတာ္ေသးသည္ဟု ေတြးေနစဥ္မွာပင္ ကိုယ္တြင္းမွ ထူးဆန္းသည့္ ခံစားခ်က္ႀကီးေၾကာင့္ မ်က္စိေရွ႕မွ ၾကင္ယာေတာ္ပတ္ခ္၏ ပုခုံးေပၚသို႔ ယိုင္ေခြကာ က်သြားသည္။

"အရွင္! အဆင္ေျပရဲ႕လား သတိထားပါဦး အရွင္!"

သမားေတာ္မင္ သတိေပးဖူးသလို ကိုယ္တိုင္လည္း ခံစားဖူးသည့္ heatနီးလွ်င္ ျဖစ္တတ္သည့္ လကၡဏာဟု ယူဆမိသည္။ ခံစားခ်က္ျပင္းထန္သည့္အခါ ေဆးမနိုင္ေအာင္ ထြက္ေပၚလာတတ္သည္မို႔ ယခုလည္း ထိတ္လန့္သြားသည့္ ခံစားခ်က္က ထိုလကၡဏာတို႔ကို ေဖာ္ျပေစသည္ ထင္သည္။

ထိုေဝဒနာတို႔ကို ေျဖရွင္းနိုင္မည့္ နည္းလမ္းသည္လည္း alphaျဖစ္သူ၏ အေငြ႕အသက္သာလွ်င္ ရွိသည္ေၾကာင့္ နန္းေဆာင္ထဲသို႔ အျမန္ဆုံးသြားျခင္းကသာ အေကာင္းဆုံး ေျဖရွင္းနည္း ျဖစ္ပါလိမ့္မည္ေလ။

"အရွင္ ဘယ္လိုျဖစ္တာလဲ။ သမားေတာ္မင္ကို ေခၚခိုင္းလိုက္ရမလား"

"ဟင့္အင္း သခင္ေလး ပတ္ခ္.. ကိုယ္ေတာ္ ဒီအတိုင္း အေဆာင္ျပန္လိုက္ရင္ ရပါတယ္"

"အရွင္ လမ္းေလွ်ာက္လို႔ေရာ အဆင္ေျပရဲ႕လား။ က်ေနာ္မ်ိဳး အေဆာင္ကို လိုက္ပို႔ေပးပါမယ္"

ေန၍ မေကာင္းသည္ေၾကာင့္ လမ္းေလွ်ာက္ရန္ အားအျပည့္မရွိေသး။ သခင္ေလး ပတ္ခ္၏ ကူညီမႈမွာ ေက်းဇူးတင္စရာပင္ ျဖစ္သည္။

"အရွင္ နားေနလိုက္ေနာ္။ က်ေနာ့္ကို ေဆးထားတဲ့ ေနရာကိုသာေျပာပါ"

"ကိုယ္ေတာ္ ေဆးမလိုဘူး သခင္ေလးပတ္ခ္။ စိတ္မရွိရင္ အဲ့နားက ေသတၱာထဲက ဝတ္႐ုံကို ေပးလို႔ရမလား"

"ဟင္ ဒါက? ထယ္ထယ့္ ဝတ္႐ုံ?"

"အင္း... ကိုယ္ေတာ့္အနား သူမရွိနိုင္တဲ့အခ်ိန္ေတြမွာ အကာအရံျဖစ္ေအာင္ ေပးထားခဲ့တာပါ"

ကမ္းေပးေသာ ဝတ္႐ုံကို လႊမ္းၿခဳံလိုက္ရင္း ၿပဳံးကာ စကားဆိုမိသည့္ အနားအၿမဲ မရွိနိုင္ေသာ္လည္း အေငြ႕အသက္ကို အၿမဲခံစားရေစသည့္ မိမိalphaမွာ ယခုလို မထင္မွတ္သည့္ အေျခအေနတို႔ ျဖစ္သည့္အခါ သိပ္အေထာက္အကူျပဳသည္ေလ။

"အရွင္က သိပ္ကံေကာင္းတာပဲ။ ဒါက သူတန္ဖိုးအထားဆုံး ဝတ္႐ုံမဟုတ္လား။ ေဟာင္းႏြမ္းေနခဲ့တာေတာင္ ဘယ္ေလာက္ အသစ္လဲေပးမယ္ေျပာေျပာ အထိခိုက္မခံခဲ့တဲ့ အဖိုးတန္ ပစၥည္းေလ"

"ဟုတ္ပါရဲ႕။ ကိုယ္ေတာ့္ေၾကာင့္ ပ်က္စီးသြားခဲ့လို႔ alphaက စိတ္အႀကီးအက်ယ္လည္း ဆိုးခဲ့ဖူးေသးတာ။ အဲ့ေလာက္ထိ အဖိုးတန္ပစၥည္းမွန္း မသိခဲ့တာေလ"

"ဟုတ္တယ္အရွင္။ သူ႕အတြက္ေတာ့ တခုတည္းေသာ မိဘအေမြလို ပစၥည္းကိုး။ သင္းကြဲနယ္ေျမကို စေရာက္လာကတည္းက အဲ့ဝတ္႐ုံကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားခဲ့တာ။ နည္းနည္းေလးမွ အထိမခံခဲ့တဲ့ ဝတ္႐ုံမို႔ ငယ္ငယ္က သူ႕ကို ေတာင္းဆိုခ်င္တာရွိခဲ့ရင္ေတာင္ ဒါနဲ႕ပဲ အက်ပ္ကိုင္ၿပီး ေတာင္းခဲ့ဖူးတာ အႀကိမ္ႀကိမ္ပါပဲ"

ခပ္ေတြေတြ ၿပဳံးရင္း စကားဆိုသည့္ သခင္ေလးပတ္ခ္က ငယ္ဘဝ အမွတ္တရတို႔ကို သတိရမိေနဟန္ပါပင္။ ထင္ထားသည္ထက္ ၾကာျမင့္ေသာ သည္ omegaႏွင့္ alphaၾကား သံေယာဇဥ္က ထင္တာထက္ပင္ နက္ရွိုင္းပုံေပၚသည္။ သူ႕ထက္ အရင္ alphaႏွင့္ ရင္းႏွီးခြင့္ရခဲ့သလို သူ႕ထက္ပို၍ပင္ alpha၏ အေၾကာင္းမ်ားကို သိဟန္တူသည္ေၾကာင့္ အရွင္ေလးမွာ မနာလိုအားက် မျဖစ္ဟုဆိုလွ်င္ လိမ္ရာသာက်လိမ့္မည္။

"သိလား သခင္ေလးပတ္ခ္။ ကိုယ္ေတာ္ ခင္ဗ်ားကို အားက်မိတယ္"

"ဟင္ ဘာလို႔မ်ားလဲ အရွင္"

"alphaရဲ႕ အေၾကာင္းေတြကို အမ်ားႀကီး သိလို႔ေလ"

"က်ေနာ္မ်ိဳးကမွ အရွင့္ကို ပိုအားက်ပါတယ္။

"alphaရဲ႕ ခ်စ္ျမတ္နိုးျခင္းကို ခံရလို႔ေလ"

ေခါင္းယမ္းကာ ခပ္ေဆြးေဆြးၿပဳံးရင္း စကားဆိုလာသည့္ ထိုomegaေၾကာင့္ မိမိစကား လြန္က်ဴးသြားမိသည္လားပင္ သံသယျဖစ္မိသည္။ alphaအား ႏွစ္သက္ခဲ့ဖူးသူေရွ႕တြင္ မိမိက ပိုင္ေၾကာင္းဆိုင္ေၾကာင္း ျပမိျခင္းႏွင့္ပင္ မတူဘူးလား။

တကယ္တမ္း alphaက မိမိဆင့္ေခၚသည္ကိုေတာင္ သုံးခါတိတိျငင္းပယ္ခဲ့သည္ မဟုတ္လား။ အလွမ္းေဝးေနၿပီျဖစ္ေသာ alpha့အခ်စ္တို႔အား သူက ဒီလိုႂကြားဝါျပေနျခင္းမွာ သင့္တင့္ရဲ႕လားပင္ ေတြးမိသည္။

"ကိုယ္ေတာ္ နားေတာ့မယ္ သခင္ေလးပတ္ခ္။ ကူညီေပးလို႔ ေက်းဇူးပါ။ သခင္ေလးပတ္ခ္လည္း အေဆာင္ျပန္ၿပီး နားသင့္ၿပီ"

"ေကာင္းပါၿပီ အရွင္"

သခင္ေလးပတ္ခ္ ျပန္သြားၿပီးေနာက္ ေမွာင္မဲေနေသာ မိုးမခေတာအုပ္ဆီသို႔ ျပတင္းတံခါးမွ ခပ္ေတြေတြ ေငးလ်က္ရွိေသာ အရွင္သာ က်န္ရစ္သည္။ ယခုကဲ့သို႔ စိတ္ရႈပ္ေထြးစရာမ်ား ျပည့္ႏွက္ခ်ိန္တြင္ စိတ္လုံၿခဳံမႈေပးနိုင္သည့္ alphaသာ အနားမွာရွိလွ်င္ ဘယ္ေလာက္ေတာင္ အေထာက္အကူျဖစ္လိုက္မည္လဲ။

အစစ အရာရာ ကိုယ္တိုင္ေျဖရွင္းနိုင္သည္ဆိုသည့္ အမွီအခိုကင္းသည့္ အေနအထားမွ alphaထံမွရသည့္ စိတ္လုံၿခဳံမႈေလးကို မက္ေမာမိလာသည္။ တဦးတည္းသာ ေျဖရွင္းခဲ့ရသည့္ ျပႆနာေပါင္းေျမာက္မ်ားစြာ ရွိခဲ့သည့္တိုင္ ယခုက် အမွီသဟဲ ရွိလာသကဲ့သို႔ အဆင္မေျပမႈရွိတိုင္း ခ်စ္သူအား မွ်ေဝအသိေပးမိခ်င္လာသည္။ အားကိုးခ်င္လာမိသည္။

ေပ်ာ့ညံ့လာသည့္ သေဘာေပလားဟု အႀကိမ္ႀကိမ္ ဆန္းစစ္ခဲ့ဖူးေသာ္လည္း တကယ္တမ္း အခ်စ္ေၾကာင့္ ႏူးညံ့ ေပ်ာ့ေျပာင္းလာသည္ဟူေသာ အေျဖသာထြက္သည္။ အခ်စ္ဟူေသာ အရာသည့္ အရွင့္ကဲ့သို႔ေသာ မာနခဲ ေဒါသအိုးေလးကိုပင္ ဖေယာင္းသဖြယ္ ေပ်ာ့ေျပာင္းလာေအာင္ စြမ္းေဆာင္နိုင္သည္အထိ ဆန္းၾကယ္သည္တဲ့။

တဆက္တည္းမွာပင္ ခမည္းေတာ္၏ စြန့္ပစ္ျခင္း ခံခဲ့ရသည့္ အျပစ္မဲ့ omegaကို ေတြးမိကာ အားနာစိတ္ဝင္လာမိျပန္သည္။ သူ႕နည္းတူ မာေက်ာ ခက္ထန္ခဲ့သည့္ ေတာ္ဝင္မ်ိဳးႏြယ္အား အခ်စ္တြင္ေပ်ာ္ဝင္ကာ ႏူးညံ့ေစၿပီးမွ ေနာက္ေက်ာကို ဓားျဖင့္ ထိုးဝံ့သူ မိမိ ခမည္းေတာ္မွာ ရက္စက္လိုက္ေလျခင္း။ သူမ နာက်ည္းရင္လည္း နာက်ည္းေလာက္ပါသည္ေလ။

ပြင့္လင္းစြာ ဝန္ခံရလွ်င္ ခမည္းေတာ္၏ ဝဋ္တို႔ သူ႕ထံ လည္မည္ကို ေၾကာက္ပါသည္။ သ႐ုပ္မွန္ကို ဖုံးကြယ္ထားခဲ့သည္ေၾကာင့္ ထိုမင္းသမီးႏွင့္ တူညီသည့္ ၾကမၼာကိုသာ ႀကဳံခဲ့ရပါလွ်င္ အက်ိဳးဆက္က ပို၍ပင္ ဆိုး႐ြားနိုင္ေသးသည္ေလ။ ျဖစ္လာမည့္ အက်ိဳးဆက္တို႔ကို ရင္ဆိုင္ေကာင္း ရင္ဆိုင္နိုင္ေသာ္လည္း ခ်စ္သူထံမွ ေနာက္ေက်ာ ဓားထိုးခံရမည့္ အရာမ်ိဳးအား သူ မခံစားနိုင္။

ေလးစားစရာျဖစ္ခဲ့သည့္ ခမည္းေတာ္၏ အျဖစ္မွန္တို႔ႏွင့္ပင္ ထိတ္လန့္ခဲ့ရၿပီး ျဖစ္သည္ေၾကာင့္ သူမသိေသာ alpha၏ တဖက္ျခမ္း ရွိေနမည္ကို မရင္ဆိုင္ရဲပါ။ ယခုလို ေဝးေနခ်ိန္တြင္ သံသယစိတ္တို႔ ပိုေစ၍ ပိုဆိုးသည္။ ဘယ္လိုနည္းႏွင့္ျဖစ္ေစ သူတို႔ၾကားမွ လ်ိဳ႕ဝွက္ခ်က္တို႔ကိုလည္း ေျဖရွင္းရင္း အကြာအေဝးအား ပို၍ ေလွ်ာ့ခ်သင့္သည္ဟု ေတြးမိကာ ဆုံးျဖတ္ခ်က္တခုကို ခ်မိေတာ့သည္။

"ခင္ဗ်ား မလာရင္လည္း ကိုယ္ေတာ္က ခင္ဗ်ားဆီ လာခဲ့မယ္ alpha"

#Tbc

A/N: မေရးတာၾကာေတာ့ အဆက္အစပ္ မရွိသလို ျဖစ္သြားရင္ အားနာပါတယ္ :')

See you in next episode~

- 해바라기

Continue Reading

You'll Also Like

1.8K 178 4
Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK FRI(END)S
10K 988 5
πŸ€α€α€…α€Ία€€α€Όα€­α€™α€Ία€α€…α€Ία€α€«α€α€±α€¬α€· α€•α€­α€―α€„α€Ία€†α€­α€―α€„α€Ία€›α€•α€«α€œα€­α€―απŸ€ 𝑰 π’˜π’‚π’π’π’‚ π’ƒπ’†π’π’π’π’ˆ 𝒕𝒐 π’šπ’π’– 𝒐𝒏𝒄𝒆 π’Šπ’ 𝒂 π’˜π’‰π’Šπ’π’†. (π‘»π’‚π’†π’Œπ’π’π’Œ 𝒐𝒏𝒆𝒔𝒉𝒐𝒕) 𝑻𝒐𝒑 𝑻...
76K 2.7K 34
Myoui mina has always wanted to find the girl who saved her but little did she know that she was just infront of her.
6.1K 558 10
Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK AOB Type of VKOOK