ကမ္ဘာပျက်ကပ်၏ အရှင်သခင်မလေး (...

By SumiHikaru

4.8K 427 117

ယွင်လင်၊ လုချွမ်း မူရင်းစာရေးသူ - ချင်းယွင်တန့်(သန့်) More

(၀)
(၁) Public Beta
(၃) လွင့်မျောတိမ်လွှာစခန်း
(၄) လွင့်မျောတိမ်လွှာစခန်း
(၅) S အဆင့်စွမ်းရည်
(၆) S အဆင့်စွမ်းရည်
(၇) လှုပ်ရှားမှုပြုလုပ်ခြင်း
(၈) လှုပ်ရှားမှုပြုလုပ်ခြင်း
(၉) ညရောက်ရှိလာခြင်း
(၁၀) ညရောက်ရှိလာခြင်း
(၁၁) ညရောက်ရှိလာခြင်း
(၁၂) ညရောက်ရှိလာခြင်း
(၁၃) စူပါမားကတ်
(၁၄) စူပါမားကတ်

(၂) Public Beta

290 27 28
By SumiHikaru

Unicode

ရှင်းထုန်က သူမကိုယ်သူမပင် ဂရုမစိုက်နိုင်လေရာ တစ်ဖက်လူကို လက်ခံလာအောင် ဖျောင်းဖျရမည်အား အလွန်ပျင်းရိနေခဲ့သည့်အတွက် သူမဘာသာ ထွက်ပြေးသွားခဲ့လေသည်။ အချိန်တချို့ကြာပြီးနောက် သူမ၏ ခံနိုင်ရည် အားလုံးက Zero ဖြစ်သွားခဲ့သည်။နောက်တခဏတွင် သူမက အနားယူရန် ရွေးချယ်လိုက်သည့်နေရာ၌သာ ရပ်နေရန် ဖိအားပေးခံရတော့သည်။

သွားပြီပဲ။ ရှင်းထုန်က စိတ်ဓာတ်ကျလာခဲ့သည်။

ကြာချိန်က ဆက်လက်ရေတွက်နေဆဲ ဖြစ်သည်။

ဆယ်မိနစ်ကျန်သေးသည်။

ငါးမိနစ်ကျန်သေးသည်။

သုံးမိနစ်ကျန်သေးသည်။

Beta Test က ပြီးဆုံးခါနီးလာသော်လည်း ကျောက်တုံးလူသားက ထွက်မလာသေးပေ။

ထူးဆန်းလိုက်တာ။ Boss က ဘယ်ရောက်သွားပါလိမ့်။ ရှင်းထုန်က အလွန် ဇဝေဇဝါ ဖြစ်​နေခဲ့၏။


ဆယ်မိနစ်ကျော်အောင် အနားယူပြီးနောက် သူမ၏ ခံနိုင်ရည်အားတချို့ ပြန်လည်ကောင်းမွန်လာခဲ့ပြီး နောက်သို့ ဂရုတစိုက် ပြန်လျှောက်သွားခဲ့သည်။


သိပ်မကြာခင်မှာပင် သူမက တိုက်ခိုက်သံတို့ကို ကြားလိုက်ရပေသည်။ သူမက ချက်ချင်းပင် တိုက်ခိုက်ရန် အသင့်အနေအထားဖြစ်သွားခဲ့ကာ ဂရုတစိုက်နှင့် ရှေ့သို့ လျှောက်သွားခဲ့သည်။


ရှင်းထုန် ထိုအနီးသို့ရောက်သည့်အခါ ဆွံ့အသွားရလေသည်။ ထိုနေရာတွင် ကျောက်တုံးလူသားက Player တစ်ယောက်နှင့် တိုက်ခိုက်နေခဲ့သည်။


ကြယ်ကြွေမိုး။


လျှပ်စီးအလျင်။


ကြမ်းကြုတ်လက်သီး။

Boss က တိုက်ခိုက်ရန် တိုက်ကွက်များအားလုံးကို အသုံးပြုလိုက်သည်။


သို့သော် ပြိုင်ဘက်က တာဝါအကာအကွယ်တစ်ခု၏ နောက်တွင် ပုန်းကွယ်နေကာ မည်သည့် အထိအခိုက်မှ မရှိပုံရ​လေသည်။ ပိုပြီး အံ့သြဖွယ်ကောင်းသည်မှာ ထိုကစားသမားက သူမ၏ ဘယ်ဘက်လက်တွင် ဒိုင်းကို ကိုင်ထားပြီး ညာဘက်လက်ဖြင့် အိတ်ထဲမှ ပြန်လည်ကုသပေးနိုင်သည့် အစားအစာမျိုးစုံကို ထုတ်ယူကာ ပါးစပ်ထဲ ပစ်ထည့်နေခဲ့ပေသည်။


ရှင်းထုန်သည် ထိုကစားသမား၏ အိတ်နှင့် ဒိုင်းကာ အားလုံးက ခရမ်းရောင်ဖျော့ဖျော့ လင်းလက်နေသည်ကို မြင်နိုင်ပေသည်။

ကမ္ဘာပျက် ကပ်ဘေးဂိမ်းအတွင်းတွင် ဂိမ်းအသုံးအဆောင်ပစ္စည်းများကို အဆင့်လေးဆင့် ခွဲခြားနိုင်သည်။ အဖြူရောင်(သာမန်)၊ အပြာရောင်(အဆင့်မြင့်)၊ ခရမ်းရောင်(ရှားပါး) နှင့် လိမ္မော်ရောင်(ဒဏ္ဍာရီအဆင့်) တို့ ဖြစ်​လေသည်။


Beta ဗားရှင်း စတင်ခဲ့သည်မှာ ရက်တစ်ရာသာလျှင် ရှိသေးသည်။ ဤကစားသမားက ဒီအချိန်အတောအတွင်းမှာပင် ရှားပါးအဆင့် အသုံးအဆောင်ပစ္စည်းများကို ရရှိနိုင်သည်မှာ မရိုးရှင်းလှပေ။ ထို့ပြင် ပြန်လည်ကုသရေး အစားအစာများလည်း အများအပြား ထုတ်ယူနိုင်သေးသည်။

သူမတွင် ပြန်လည်ကုသရေးပစ္စည်းများ လုံလောက်နေလျှင် Beta Test ပြီးဆုံးသည့်အချိန်အထိ ထွက်ပြေး၍ ရပေလိမ့်မည်။ သူမက ယခုကဲ့သို့ အခြေအနေမျိုးနှင့် အဆုံးသတ်သွားပါက နှမြောစရာကောင်းလိမ့်မည် မဟုတ်ပါလား။


ကမ္ဘာပျက် ကပ်ဘေးဂိမ်းအတွင်း ပြန်လည်ကုသရေးပစ္စည်းများက ရှားပါးပြီး ကုသရန် ဆေးများ အဆက်မပြတ် အသုံးပြုခြင်းမျိုး မရှိနိုင်ပေ။ ရှင်းထုန်က ထိုကဲ့သို့ တွေးလိုက်သော်လည်း ထိုအမျိုးသမီးကစားသမားက ပစ္စည်းများကို ဆက်လက် ထုတ်ယူနေခဲ့သည်။ အများစုက အပြာရောင်အလင်းရှိသည့် ပစ္စည်းများဖြစ်ကာ အနည်းငယ်က ခရမ်းရောင်သမ်းနေလျက် တစ်ခုဆိုလျှင် လိမ္မော်ရောင်အလင်းနှင့် ​ဖြစ်​လေသည်။


ထိုအသုံးအဆောင်ပစ္စည်းများ၏ အကူအညီနှင့် သူမက အခြေအနေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်နေဆဲဖြစ်သည်။ Boss က သူ၏ တိုက်ကွက်အားလုံးကို အသုံးပြုနေသော်လည်း ၎င်း၏ ပြိုင်ဘက်ကို မသတ်ဖြတ်နိုင်ပေ။


ဆယ်မိနစ်ကြာပြီးနောက် စနစ်က အသိပေးချက်တစ်စောင် ပို့လာခဲ့သည်။ [Beta ကစားသမား တစ်သိန်းမှာ ဆယ်ယောက် ရှင်သန်ကျန်ရစ်ပါတယ်။ ရှင်သန်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်။]


ရှင်းထုန်က ဆွံ့အသွားခဲ့သည်။


ရှင်းထုန်၏ စိုးရိမ်ပူပန်နေမှုနှင့် မတူဘဲ ယွင်လင်သည် အစကတည်းက သူမ ရှင်သန်နိုင်မည်ဖြစ်ကြောင်း သိရှိပေသည်။ သူမက သူမကိုယ်သူမ Tank(ခုခံကာကွယ်သူ) တစ်ယောက်အဖြစ် ပြင်ဆင်ခဲ့ပြီး MP အတွင်း ပွိုင့်များ ပေါင်းထည့်ခဲ့ကာ အလွန် မြင့်မားသည့် ခုခံကာကွယ်နိုင်စွမ်းကို ရရှိစေခဲ့သည်။


သူမ ကျောပေါ်ရှိ ပတ္တူစကျောပိုးအိတ်မှာ ရှားပါးသည့် အသုံးအဆောင်(Rare Equipment)ဖြစ်ပြီး အကန့်ရှစ်ကန့်ပါဝင်ကာ အကန့်တစ်ခုစီတွင် တူညီသောပစ္စည်း(Item) ကိုးဆယ့်ကိုးခုစီ ထည့်ထားနိုင်ပေသည်။ တိုက်ပွဲမစခင်တွင် သူမက အိတ်ထဲ၌ ပြန်လည်ကုသရေးပစ္စည်း အပြာရောင် အခုနှစ်ရာ၊ ခရမ်းရောင် သုံးဆယ်နှင့် လိမ္မော်ရောင် နှစ်ခု ထည့်ကာ ပြင်ဆင်ထားခဲ့သည်။


ပို၍အရေးကြီးသည်မှာ ပြိုင်ဘက်က ကျောက်တုံးလူသား ဖြစ်လေသည်။ ထိုကဲ့သို့သော သတ္တဝါမျိုးက မြင့်မားသည့် ခုခံကာကွယ်နိုင်စွမ်းနှင့် နည်းပါးသော တိုက်ခိုက်နိုင်မှု ရှိပေသည်။ တိုက်ခိုက်မှုများက ပုံမှန်အားဖြင့် ခံနိုင်ရည်တိုက်ပွဲမျိုး ဖြစ်တတ်၏။


Boss(မကောင်းဆိုးဝါးဘုရင်) များက ပိုင်နက်သိတတ်ကြပြီး အခြားမျိုးနွယ်စုမှ မွန်းစတားများကို သူတို့၏ ပိုင်နက်သို့ ကျူးကျော်လာမည်အား ခွင့်မပြုတတ်ကြပေ။ ထို့ကြောင့် ယွင်လင် ဤနေရာသို့ လာခဲ့ရခြင်းမှာ ဂိမ်းမပြီးခင်အထိ အချိန်ဖြုန်းရန် စီစဥ်ထားသောကြောင့် ဖြစ်လေသည်။

သူမ၏ အကြံအစည်က မှန်ကန်ကြောင်း သက်သေပြသွားခဲ့သည်။ သူမ မျှော်လင့်ထားသည့်အတိုင်းပင် အဆုံးထိ အလွယ်တကူ အသက်ရှင်နိုင်ခဲ့ပေသည်။


သူမ တွေးနေသည့်အချိန်၌ စနစ်မှ ကြေညာလာသည်။ [သင်က 'ရက်တစ်ရာရှင်သန်မှု' တာဝန်ကို ပြီးမြောက်အောင်မြင်သွားပါပြီ။ ကျေးဇူးပြုပြီး အောက်မှာဖော်ပြထားတဲ့ ရွေးချယ်မှုလေးခုထဲကနေ သုံးခုကို ဆုလာဘ်အဖြစ် ရွေးချယ်ရယူနိုင်ပါတယ်။

(1.) * အရှင်သခင်လက်မှတ်။ အသုံးပြုပြီးနောက် ကိုယ်ပိုင်နယ်မြေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

(2.) ရှင်သန်နိုင်မှုစွမ်းရည်အဆင့်ကို ထိန်းသိမ်းခြင်း


(3.) S အဆင့် ခုခံကာကွယ်မှုစွမ်းရည် 'သဘာဝနှလုံးသား'

င်ယူပြီးနောက် HP +200 နှင့် ကုသခြင်းစွမ်းရည်သက်ရောက်မှုနှစ်ဆ တိုးမြှင့်နိုင်။


(4.) လိမ္မော်ရောင်အသုံးအဆောင် 'သူရဲကောင်းချပ်ဝတ်'
ဝတ်ဆင်ပြီးနောက် HP +100 နှင့် လက်ခံရရှိသည့် ထိခိုက်မှုကို နှစ်ဆယ်ရာခိုင်နှုန်းလျှော့ချပေးနိုင်။]


"ငါ့မှာ ရှင်သန်မှုစွမ်းရည်လေးမျိုးဖြစ်တဲ့ ကျွမ်းကျင်ငါးဖမ်းခြင်း၊ ကျွမ်းကျင်မွေးမြူခြင်း၊ အဆင့်မြင့်အပ်ချုပ်ပညာ၊ အဆင့်မြင့် အချက်အပြုတ်ပညာတွေ တတ်မြောက်ထားတယ်။ ငါ့ အဆင့်ကို ငါ ဆက်ထိန်းထားရင် ကုသခြင်းစွမ်းရည်ပစ္စည်းတွေကို အမြောက်အမြား ထုတ်လုပ်နိုင်ပြီး ဖျက်ဆီးလို့မရနိုင်တဲ့ ခံတပ်ကို ဖန်တီးနိုင်လိမ့်မယ်။ အဲဒါက စိတ်ဝင်စားစရာကောင်းလိမ့်မယ်။"

ယွင်လင်က တွေးတောကြည့်လိုက်ပြီးနောက် နံပါတ် တစ်နှင့် နှစ်ကို ရွေးချယ်ရန် လိုအပ်ကြောင်း ဆုံးဖြတ်လိုက်သည်။

နံပါတ်သုံးနှင့်လေး ရွေးချယ်မှုတွင်....


"စကေးလ်တွေကို C အဆင့်၊ B အဆင့်၊ A အဆင့်နဲ့ S အဆင့်ဆိုပြီး အဆင့်လေးဆင့် ခွဲခြားထားတယ်။ S အဆင့် စကေးလ်က လိမ္မော်ရောင်အသုံးအဆောင်ပစ္စည်းနဲ့ တန်ဖိုးညီမျှတယ်။ ဒါပေမယ့် ဂိမ်းရဲ့ အစောပိုင်းအဆင့်မှာ HP တန်ဖိုး 200 ပေါင်းထည့်ပေးနိုင်ပြီး ကုသမှုစွမ်းရည်ကို နှစ်ဆတိုးမြှင့်ပေးနိုင်တယ်ဆိုတာက ရှင်သန်နိုင်မှုစွမ်းရည်ကို ပိုပြီးအားကောင်းလာစေမယ်လို့ ဆိုလိုတာပဲ။"

ထို့ကြောင့် သူမက နံပါတ်သုံးကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။


သူမ ရွေးချယ်ပြီးသွားသည့်အခါ စနစ်က ကြေညာလိုက်သည်။ [Beta စမ်းသပ်မှု ပြီးဆုံးသွားပါပြီ။]


[ဆယ်ရက်ကြာပြီးနောက် ဧပြီလ တစ်ရက်နေ့ ၁၂ နာရီအချိန်မှာ ဂိမ်းကို တရားဝင်ဖွင့်ပေးပါလိမ့်မယ်။]


[ကစားသမားများ ကျေးဇူးပြုပြီး ပြင်ဆင်ထားပေးကြပါ။]


ဂိမ်းမှ ထွက်ခွာလာပြီးနောက် ယွင်လင်က အပြည့်အဝနစ်မြုပ်နေသည့် VR ဦးထုပ်ကို ချွတ်လိုက်ပြီး အုတ်ဂျုံယာဂုတစ်ခွက် ပြုလုပ်ရန် ထရပ်လိုက်သည်။ အုတ်ဂျုံက အထုပ်နှင့်လာခြင်း ဖြစ်သည့်အတွက် ချက်ပြုတ်ရန် လွယ်ကူပေသည်။ သူမက တစ်ခွက်သောက်ပြီးနောက် ဗိုက်ပြည့်သွားသည်ဟု ခံစားလိုက်ရသည်။


တခဏအနားယူပြီးနောက် ယွင်လင်က VR ဦးထုပ်ကို ပြန်ဆောင်း၍ နောက်ထပ် VR ဂိမ်းတစ်ခုကို Login ဝင်လိုက်သည်။


ခဏလောက်ကစားပြီးသည့်အချိန်တွင် သူမက ပျင်းရိငြီးငွေ့လာပေသည်။ ကမ္ဘာပျက် ကပ်ဘေး၏ စတိုင်လ်က ခြေလှမ်းတိုင်းတွင် အန္တရာယ်များ ပြည့်နှက်နေသည်ကို အသားကျသွားခဲ့သည့်အတွက် အခြားဂိမ်းများကို ကစားရခြင်းက သူမကို စိတ်ပါဝင်စားလာအောင် မလုပ်နိုင်တော့ပေ။


"ဧပြီ တစ်ရက်နေ့ မြန်မြန် ရောက်လာဖို့ တကယ် မျှော်လင့်နေပြီ။"


3000 ခုနှစ် ဧပြီ တစ်ရက်နေ့တွင် ယွင်လင်က မနက်စောစောထကာ တစ်ပတ်စာ လိုအပ်သည်များကို ဝယ်ယူရန် စူပါမားကတ်သို့ သွားခဲ့သည်။ ထို့နောက် နေ့လယ်စာကို စောစောစားသောက်ခဲ့၏။ နေ့လယ် ဆယ့်တစ်နာရီခွဲတွင် သူမက ထိုင်ခုံမှာ ထိုင်လိုက်ပြီး ဂိမ်း စတင် ဖွင့်လှစ်လာမည်အား စောင့်ဆိုင်းနေခဲ့သည်။

ဆယ့်နှစ်နာရီမထိုးသေးသည့်အတွက်ကြောင့် သူမက ဂိမ်းကို Login ဝင်ခဲ့လျှင်ပင် စခရင်ပေါ်၌ 'ကမ္ဘာပျက် ကပ်ဘေးကို ဧပြီ တစ်ရက်နေ့၌ စတင်ဖွင့်လှစ်ပါမည်။' ဟူသော စကားလုံးများကိုသာ မြင်တွေ့ရပေသည်။


သူမသည် Public Beta ပြီးသည့်နောက် ဂိမ်းက ကစားသမားထံ မည်သည့် အံ့သြစရာများ ယူဆောင်လာလိမ့်မည်လဲ သိချင်နေမိသည်။


ယွင်လင်က စိတ်လှုပ်ရှားမှုအပြည့်နှင့် စောင့်ဆိုင်းနေခဲ့၏။

11နာရီ 45မိနစ်။

သူမ၏ ရှေ့တွင် စာကြောင်းနှစ်ကြောင်း ထွက်ပေါ်လာသည်။ [အရှင်သခင်လက်မှတ် လက်ခံရရှိထားသည့် ကစားသမား၊ ကျေးဇူးပြုပြီး သင့်ရဲ့ နယ်မြေသို့ သွားရန် မြားအတိုင်း လိုက်သွားပေးပါ။]


ဂိမ်းက မစတင်ရသေးပေ။ သူမက သူမ၏ နယ်မြေသို့ သွားရန် မည်သည့် မြားအတိုင်း လိုက်သွားရပါမည်နည်း။


ယွင်လင်သည် သူမ၏ VR ဦးထုပ်ကို ချွတ်ကာ လက်ဖက်ရည်တစ်ခွက် သောက်ရန် ကြံရွယ်လိုက်သည်။ သို့သော် သူမ ထရပ်လိုက်သည့်အခါ မျှော်လင့်မထားစွာနှင့် သူမ၏ အမြင်အာရုံထဲတွင် တံခါးဆီ အတိအကျ ညွှန်ပြနေသည့် မြားများကို တွေ့လိုက်ရပေသည်။


ယွင်လင်က ချွတ်ထားခဲ့သည့် VR ဦးထုပ်ကို ​တစ်ချက်လှမ်းကြည့်လိုက်ပြီး သူမကိုယ်သူမ ပြန်ကြည့်ကာ ဇဝေဇဝါရှုပ်ထွေးမှုများ ကြီးထွားလာပေသည်။ သူမက ဂိမ်းကို Login မဝင်ရသေးပေ။ မည်သည့်အတွက်ကြောင့် မြားများကို မြင်နေရပါသနည်း။ အခုတလော သူမ အလွန်အမင်း ပင်ပန်းသွားသည့်အတွက် ထင်ယောင်ထင်မှား ဖြစ်နေခဲ့သည်လား။


သူမက ရေတစ်ခွက်ခပ်ရန် တံခါးဆီ လျှောက်သွားရန် ပြင်လိုက်သည်။ မြားများက ဦးတည်ရာဘက် ပြောင်းလဲသွားခဲ့သည်။ မပြောင်းလဲသည့်အရာမှာ ၎င်းတို့က တံခါးဆီညွှန်ပြနေဆဲ ရှိနေခြင်းသာ ဖြစ်၏။


ဖြစ်နိုင်တာက....


ယွင်လင်က မကောင်းသည့် ခံစားချက်တစ်ခု ရရှိလိုက်သည်။ သူမက သော့များကို ယူကာ ပြတင်းပေါက်နှင့် တံခါးကို သော့ခတ်လိုက်ပြီး မြားများ ညွှန်ပြရာ ဘက်သို့ လျှောက်သွားခဲ့သည်။ ခုနစ်မိနစ်ခန့်လမ်းလျှောက်ပြီးနောက် သူမ နေထိုင်ရာ အဆောက်အဦး၏ နေုက်ဘက် မြေကွက်လပ်တွင် လက်ဖဝါးအရွယ် သစ်သားတိုကင်တစ်ခုက လေထဲ၌ ပေါလောပေါ်နေခဲ့သည်။

၎င်းက ဆုလာဘ်အဖြစ် ယွင်လင် ရွေးချယ်ခဲ့သည့် 'အရှင်သခင်လက်မှတ်' ဖြစ်လေသည်။

*******

T/N: ဒီဇာတ်လမ်းမှာ MMORPG (Massively Multiplayer Online Role-Playing Games) ရဲ့ အသုံးအနှုန်းတွေ အများကြီး ပါဝင်လာပါလိမ့်မယ်။

တကယ်လို့ Chinese Ghost Story , Novoland: The Castle in the Sky, Age of Wushu Dynasty, Shadow od Swords နဲ့ Perfect World တို့လို့ Role Playing ဂိမ်းတွေကို ဆော့ဖူးတဲ့ သူမျိုးဆိုရင်တော့ အသုံးအနှုန်းတွေကို ရင်းနှီးနေမှာပါ။

မဆော့ဖူးတဲ့ သူမျိုးတွေအတွက်လည်း အတတ်နိုင်ဆုံး နားလည်လွယ်အောင် ရေးပေးပါ့မယ်။ အဲဒီမှာမှ မသိတာထပ်ရှိလာရင် အားမနာဘဲ မေးလို့ရပါတယ်နော်။ ကိုယ်သိသလောက် ရှင်းပြပေးပါ့မယ်။

သြော် ဒါနဲ့ Chinese Ghost Story ဂိမ်းက ပေဝေဝေတို့ ဆော့တဲ့ ဂိမ်းပါ။

Note အနေနဲ့ VR ဆိုတာ Virtual Reality ပါ။ VR ဦးထုပ်ဆောင်းပြီး ဆော့ရတဲ့ ဂိမ်းမျိူးတွေက ကိုယ်ကိုယ်တိုင် ဂိမ်းထဲဝင်ရောက်သွားပြီး အစစ်အမှန် လှုပ်ရှားနေရသလို ခံစားရစေမှာ ဖြစ်ပါတယ်။ အရာအားလုံးက အရမ်းကို လက်တွေ့ဆန်တဲ့ ခံစားချက်မျိုး ပေးစွမ်းပါတယ်။

********

Zawgyi

႐ွင္းထုန္က သူမကိုယ္သူမပင္ ဂ႐ုမစိုက္ႏိုင္ေလရာ တစ္ဖက္လူကို လက္ခံလာေအာင္ ေဖ်ာင္းဖ်ရမည္အား အလြန္ပ်င္းရိေနခဲ့သည့္အတြက္ သူမဘာသာ ထြက္ေျပးသြားခဲ့ေလသည္။ အခ်ိန္တခ်ိဳ႕ၾကာၿပီးေနာက္ သူမ၏ ခံႏိုင္ရည္ အားလုံးက Zero ျဖစ္သြားခဲ့သည္။ေနာက္တခဏတြင္ သူမက အနားယူရန္ ေ႐ြးခ်ယ္လိုက္သည့္ေနရာ၌သာ ရပ္ေနရန္ ဖိအားေပးခံရေတာ့သည္။

သြားၿပီပဲ။ ႐ွင္းထုန္က စိတ္ဓာတ္က်လာခဲ့သည္။

ၾကာခ်ိန္က ဆက္လက္ေရတြက္ေနဆဲ ျဖစ္သည္။

ဆယ္မိနစ္က်န္ေသးသည္။

ငါးမိနစ္က်န္ေသးသည္။

သုံးမိနစ္က်န္ေသးသည္။

Beta Test က ၿပီးဆုံးခါနီးလာေသာ္လည္း ေက်ာက္တုံးလူသားက ထြက္မလာေသးေပ။

ထူးဆန္းလိုက္တာ။ Boss က ဘယ္ေရာက္သြားပါလိမ့္။ ႐ွင္းထုန္က အလြန္ ဇေဝဇဝါ ျဖစ္​ေနခဲ့၏။

ဆယ္မိနစ္ေက်ာ္ေအာင္ အနားယူၿပီးေနာက္ သူမ၏ ခံႏိုင္ရည္အားတခ်ိဳ႕ ျပန္လည္ေကာင္းမြန္လာခဲ့ၿပီး ေနာက္သို႔ ဂ႐ုတစိုက္ ျပန္ေလွ်ာက္သြားခဲ့သည္။

သိပ္မၾကာခင္မွာပင္ သူမက တိုက္ခိုက္သံတို႔ကို ၾကားလိုက္ရေပသည္။ သူမက ခ်က္ခ်င္းပင္ တိုက္ခိုက္ရန္ အသင့္အေနအထားျဖစ္သြားခဲ့ကာ ဂ႐ုတစိုက္ႏွင့္ ေ႐ွ႕သို႔ ေလွ်ာက္သြားခဲ့သည္။

႐ွင္းထုန္ ထိုအနီးသို႔ေရာက္သည့္အခါ ဆြံ႕အသြားရေလသည္။ ထိုေနရာတြင္ ေက်ာက္တုံးလူသားက Player တစ္ေယာက္ႏွင့္ တိုက္ခိုက္ေနခဲ့သည္။

ၾကယ္ေႂကြမိုး။

လွ်ပ္စီးအလ်င္။

ၾကမ္းၾကဳတ္လက္သီး။

Boss က တိုက္ခိုက္ရန္ တိုက္ကြက္မ်ားအားလုံးကို အသုံးျပဳလိုက္သည္။

သို႔ေသာ္ ၿပိဳင္ဘက္က တာဝါအကာအကြယ္တစ္ခု၏ ေနာက္တြင္ ပုန္းကြယ္ေနကာ မည္သည့္ အထိအခိုက္မွ မ႐ွိပုံရ​ေလသည္။ ပိုၿပီး အံ့ၾသဖြယ္ေကာင္းသည္မွာ ထိုကစားသမားက သူမ၏ ဘယ္ဘက္လက္တြင္ ဒိုင္းကို ကိုင္ထားၿပီး ညာဘက္လက္ျဖင့္ အိတ္ထဲမွ ျပန္လည္ကုသေပးႏိုင္သည့္ အစားအစာမ်ိဳးစုံကို ထုတ္ယူကာ ပါးစပ္ထဲ ပစ္ထည့္ေနခဲ့ေပသည္။

႐ွင္းထုန္သည္ ထိုကစားသမား၏ အိတ္ႏွင့္ ဒိုင္းကာ အားလုံးက ခရမ္းေရာင္ေဖ်ာ့ေဖ်ာ့ လင္းလက္ေနသည္ကို ျမင္ႏိုင္ေပသည္။

ကမ႓ာပ်က္ ကပ္ေဘးဂိမ္းအတြင္းတြင္ ဂိမ္းအသုံးအေဆာင္ပစၥည္းမ်ားကို အဆင့္ေလးဆင့္ ခြဲျခားႏိုင္သည္။ အျဖဴေရာင္(သာမန္)၊ အျပာေရာင္(အဆင့္ျမင့္)၊ ခရမ္းေရာင္(႐ွားပါး) ႏွင့္ လိေမၼာ္ေရာင္(ဒ႑ာရီအဆင့္) တို႔ ျဖစ္​ေလသည္။

Beta ဗား႐ွင္း စတင္ခဲ့သည္မွာ ရက္တစ္ရာသာလွ်င္ ႐ွိေသးသည္။ ဤကစားသမားက ဒီအခ်ိန္အေတာအတြင္းမွာပင္ ႐ွားပါးအဆင့္ အသုံးအေဆာင္ပစၥည္းမ်ားကို ရ႐ွိႏိုင္သည္မွာ မ႐ိုး႐ွင္းလွေပ။ ထို႔ျပင္ ျပန္လည္ကုသေရး အစားအစာမ်ားလည္း အမ်ားအျပား ထုတ္ယူႏိုင္ေသးသည္။

သူမတြင္ ျပန္လည္ကုသေရးပစၥည္းမ်ား လုံေလာက္ေနလွ်င္ Beta Test ၿပီးဆုံးသည့္အခ်ိန္အထိ ထြက္ေျပး၍ ရေပလိမ့္မည္။ သူမက ယခုကဲ့သို႔ အေျခအေနမ်ိဳးႏွင့္ အဆုံးသတ္သြားပါက ႏွေျမာစရာေကာင္းလိမ့္မည္ မဟုတ္ပါလား။

ကမ႓ာပ်က္ ကပ္ေဘးဂိမ္းအတြင္း ျပန္လည္ကုသေရးပစၥည္းမ်ားက ႐ွားပါးၿပီး ကုသရန္ ေဆးမ်ား အဆက္မျပတ္ အသုံးျပဳျခင္းမ်ိဳး မ႐ွိႏိုင္ေပ။ ႐ွင္းထုန္က ထိုကဲ့သို႔ ေတြးလိုက္ေသာ္လည္း ထိုအမ်ိဳးသမီးကစားသမားက ပစၥည္းမ်ားကို ဆက္လက္ ထုတ္ယူေနခဲ့သည္။ အမ်ားစုက အျပာေရာင္အလင္း႐ွိသည့္ ပစၥည္းမ်ားျဖစ္ကာ အနည္းငယ္က ခရမ္းေရာင္သမ္းေနလ်က္ တစ္ခုဆိုလွ်င္ လိေမၼာ္ေရာင္အလင္းႏွင့္ ​ျဖစ္​ေလသည္။

ထိုအသုံးအေဆာင္ပစၥည္းမ်ား၏ အကူအညီႏွင့္ သူမက အေျခအေနကို ရဲရဲဝံ့ဝံ့ ရင္ဆိုင္ႏိုင္ေနဆဲျဖစ္သည္။ Boss က သူ၏ တိုက္ကြက္အားလုံးကို အသုံးျပဳေနေသာ္လည္း ၎၏ ၿပိဳင္ဘက္ကို မသတ္ျဖတ္ႏိုင္ေပ။

ဆယ္မိနစ္ၾကာၿပီးေနာက္ စနစ္က အသိေပးခ်က္တစ္ေစာင္ ပို႔လာခဲ့သည္။ [Beta ကစားသမား တစ္သိန္းမွာ ဆယ္ေယာက္ ႐ွင္သန္က်န္ရစ္ပါတယ္။ ႐ွင္သန္ႏိုင္ခဲ့တဲ့အတြက္ ဂုဏ္ျပဳပါတယ္။]

႐ွင္းထုန္က ဆြံ႕အသြားခဲ့သည္။

႐ွင္းထုန္၏ စိုးရိမ္ပူပန္ေနမႈႏွင့္ မတူဘဲ ယြင္လင္သည္ အစကတည္းက သူမ ႐ွင္သန္ႏိုင္မည္ျဖစ္ေၾကာင္း သိ႐ွိေပသည္။ သူမက သူမကိုယ္သူမ Tank(ခုခံကာကြယ္သူ) တစ္ေယာက္အျဖစ္ ျပင္ဆင္ခဲ့ၿပီး MP အတြင္း ပြိဳင့္မ်ား ေပါင္းထည့္ခဲ့ကာ အလြန္ ျမင့္မားသည့္ ခုခံကာကြယ္ႏိုင္စြမ္းကို ရ႐ွိေစခဲ့သည္။

သူမ ေက်ာေပၚ႐ွိ ပတၱဴစေက်ာပိုးအိတ္မွာ ႐ွားပါးသည့္ အသုံးအေဆာင္(Rare Equipment)ျဖစ္ၿပီး အကန္႔႐ွစ္ကန္႔ပါဝင္ကာ အကန္႔တစ္ခုစီတြင္ တူညီေသာပစၥည္း(Item) ကိုးဆယ့္ကိုးခုစီ ထည့္ထားႏိုင္ေပသည္။ တိုက္ပြဲမစခင္တြင္ သူမက အိတ္ထဲ၌ ျပန္လည္ကုသေရးပစၥည္း အျပာေရာင္ အခုႏွစ္ရာ၊ ခရမ္းေရာင္ သုံးဆယ္ႏွင့္ လိေမၼာ္ေရာင္ ႏွစ္ခု ထည့္ကာ ျပင္ဆင္ထားခဲ့သည္။

ပို၍အေရးႀကီးသည္မွာ ၿပိဳင္ဘက္က ေက်ာက္တုံးလူသား ျဖစ္ေလသည္။ ထိုကဲ့သို႔ေသာ သတၱဝါမ်ိဳးက ျမင့္မားသည့္ ခုခံကာကြယ္ႏိုင္စြမ္းႏွင့္ နည္းပါးေသာ တိုက္ခိုက္ႏိုင္မႈ ႐ွိေပသည္။ တိုက္ခိုက္မႈမ်ားက ပုံမွန္အားျဖင့္ ခံႏိုင္ရည္တိုက္ပြဲမ်ိဳး ျဖစ္တတ္၏။

Boss(မေကာင္းဆိုးဝါးဘုရင္) မ်ားက ပိုင္နက္သိတတ္ၾကၿပီး အျခားမ်ိဳးႏြယ္စုမွ မြန္းစတားမ်ားကို သူတို႔၏ ပိုင္နက္သို႔ က်ဴးေက်ာ္လာမည္အား ခြင့္မျပဳတတ္ၾကေပ။ ထို႔ေၾကာင့္ ယြင္လင္ ဤေနရာသို႔ လာခဲ့ရျခင္းမွာ ဂိမ္းမၿပီးခင္အထိ အခ်ိန္ျဖဳန္းရန္ စီစဥ္ထားေသာေၾကာင့္ ျဖစ္ေလသည္။

သူမ၏ အၾကံအစည္က မွန္ကန္ေၾကာင္း သက္ေသျပသြားခဲ့သည္။ သူမ ေမွ်ာ္လင့္ထားသည့္အတိုင္းပင္ အဆုံးထိ အလြယ္တကူ အသက္႐ွင္ႏိုင္ခဲ့ေပသည္။

သူမ ေတြးေနသည့္အခ်ိန္၌ စနစ္မွ ေၾကညာလာသည္။ [သင္က 'ရက္တစ္ရာ႐ွင္သန္မႈ' တာဝန္ကို ၿပီးေျမာက္ေအာင္ျမင္သြားပါၿပီ။ ေက်းဇူးျပဳၿပီး ေအာက္မွာေဖာ္ျပထားတဲ့ ေ႐ြးခ်ယ္မႈေလးခုထဲကေန သုံးခုကို ဆုလာဘ္အျဖစ္ ေ႐ြးခ်ယ္ရယူႏိုင္ပါတယ္။

(1.) * အ႐ွင္သခင္လက္မွတ္။ အသုံးျပဳၿပီးေနာက္ ကိုယ္ပိုင္နယ္ေျမကို ဖန္တီးႏိုင္မွာျဖစ္ပါတယ္။

(2.) ႐ွင္သန္ႏိုင္မႈစြမ္းရည္အဆင့္ကို ထိန္းသိမ္းျခင္း

(3.) S အဆင့္ ခုခံကာကြယ္မႈစြမ္းရည္ 'သဘာဝႏွလုံးသား'

င္ယူၿပီးေနာက္ HP +200 ႏွင့္ ကုသျခင္းစြမ္းရည္သက္ေရာက္မႈႏွစ္ဆ တိုးျမႇင့္ႏိုင္။

(4.) လိေမၼာ္ေရာင္အသုံးအေဆာင္ 'သူရဲေကာင္းခ်ပ္ဝတ္'
ဝတ္ဆင္ၿပီးေနာက္ HP +100 ႏွင့္ လက္ခံရ႐ွိသည့္ ထိခိုက္မႈကို ႏွစ္ဆယ္ရာခိုင္ႏႈန္းေလွ်ာ့ခ်ေပးႏိုင္။]

"ငါ့မွာ ႐ွင္သန္မႈစြမ္းရည္ေလးမ်ိဳးျဖစ္တဲ့ ကြၽမ္းက်င္ငါးဖမ္းျခင္း၊ ကြၽမ္းက်င္ေမြးျမဴျခင္း၊ အဆင့္ျမင့္အပ္ခ်ဳပ္ပညာ၊ အဆင့္ျမင့္ အခ်က္အျပဳတ္ပညာေတြ တတ္ေျမာက္ထားတယ္။ ငါ့ အဆင့္ကို ငါ ဆက္ထိန္းထားရင္ ကုသျခင္းစြမ္းရည္ပစၥည္းေတြကို အေျမာက္အျမား ထုတ္လုပ္ႏိုင္ၿပီး ဖ်က္ဆီးလို႔မရႏိုင္တဲ့ ခံတပ္ကို ဖန္တီးႏိုင္လိမ့္မယ္။ အဲဒါက စိတ္ဝင္စားစရာေကာင္းလိမ့္မယ္။"

ယြင္လင္က ေတြးေတာၾကည့္လိုက္ၿပီးေနာက္ နံပါတ္ တစ္ႏွင့္ ႏွစ္ကို ေ႐ြးခ်ယ္ရန္ လိုအပ္ေၾကာင္း ဆုံးျဖတ္လိုက္သည္။

နံပါတ္သုံးႏွင့္ေလး ေ႐ြးခ်ယ္မႈတြင္....

"စေကးလ္ေတြကို C အဆင့္၊ B အဆင့္၊ A အဆင့္နဲ႔ S အဆင့္ဆိုၿပီး အဆင့္ေလးဆင့္ ခြဲျခားထားတယ္။ S အဆင့္ စေကးလ္က လိေမၼာ္ေရာင္အသုံးအေဆာင္ပစၥည္းနဲ႔ တန္ဖိုးညီမွ်တယ္။ ဒါေပမယ့္ ဂိမ္းရဲ႕ အေစာပိုင္းအဆင့္မွာ HP တန္ဖိုး 200 ေပါင္းထည့္ေပးႏိုင္ၿပီး ကုသမႈစြမ္းရည္ကို ႏွစ္ဆတိုးျမႇင့္ေပးႏိုင္တယ္ဆိုတာက ႐ွင္သန္ႏိုင္မႈစြမ္းရည္ကို ပိုၿပီးအားေကာင္းလာေစမယ္လို႔ ဆိုလိုတာပဲ။"

ထို႔ေၾကာင့္ သူမက နံပါတ္သုံးကို ေ႐ြးခ်ယ္ရန္ ဆုံးျဖတ္လိုက္သည္။

သူမ ေ႐ြးခ်ယ္ၿပီးသြားသည့္အခါ စနစ္က ေၾကညာလိုက္သည္။ [Beta စမ္းသပ္မႈ ၿပီးဆုံးသြားပါၿပီ။]

[ဆယ္ရက္ၾကာၿပီးေနာက္ ဧၿပီလ တစ္ရက္ေန႔ ၁၂ နာရီအခ်ိန္မွာ ဂိမ္းကို တရားဝင္ဖြင့္ေပးပါလိမ့္မယ္။]

[ကစားသမားမ်ား ေက်းဇူးျပဳၿပီး ျပင္ဆင္ထားေပးၾကပါ။]

ဂိမ္းမွ ထြက္ခြာလာၿပီးေနာက္ ယြင္လင္က အျပည့္အဝနစ္ျမဳပ္ေနသည့္ VR ဦးထုပ္ကို ခြၽတ္လိုက္ၿပီး အုတ္ဂ်ံဳယာဂုတစ္ခြက္ ျပဳလုပ္ရန္ ထရပ္လိုက္သည္။ အုတ္ဂ်ံဳက အထုပ္ႏွင့္လာျခင္း ျဖစ္သည့္အတြက္ ခ်က္ျပဳတ္ရန္ လြယ္ကူေပသည္။ သူမက တစ္ခြက္ေသာက္ၿပီးေနာက္ ဗိုက္ျပည့္သြားသည္ဟု ခံစားလိုက္ရသည္။

တခဏအနားယူၿပီးေနာက္ ယြင္လင္က VR ဦးထုပ္ကို ျပန္ေဆာင္း၍ ေနာက္ထပ္ VR ဂိမ္းတစ္ခုကို Login ဝင္လိုက္သည္။

ခဏေလာက္ကစားၿပီးသည့္အခ်ိန္တြင္ သူမက ပ်င္းရိၿငီးေငြ႕လာေပသည္။ ကမ႓ာပ်က္ ကပ္ေဘး၏ စတိုင္လ္က ေျခလွမ္းတိုင္းတြင္ အႏၲရာယ္မ်ား ျပည့္ႏွက္ေနသည္ကို အသားက်သြားခဲ့သည့္အတြက္ အျခားဂိမ္းမ်ားကို ကစားရျခင္းက သူမကို စိတ္ပါဝင္စားလာေအာင္ မလုပ္ႏိုင္ေတာ့ေပ။

"ဧၿပီ တစ္ရက္ေန႔ ျမန္ျမန္ ေရာက္လာဖို႔ တကယ္ ေမွ်ာ္လင့္ေနၿပီ။"

3000 ခုႏွစ္ ဧၿပီ တစ္ရက္ေန႔တြင္ ယြင္လင္က မနက္ေစာေစာထကာ တစ္ပတ္စာ လိုအပ္သည္မ်ားကို ဝယ္ယူရန္ စူပါမားကတ္သို႔ သြားခဲ့သည္။ ထို႔ေနာက္ ေန႔လယ္စာကို ေစာေစာစားေသာက္ခဲ့၏။ ေန႔လယ္ ဆယ့္တစ္နာရီခြဲတြင္ သူမက ထိုင္ခုံမွာ ထိုင္လိုက္ၿပီး ဂိမ္း စတင္ ဖြင့္လွစ္လာမည္အား ေစာင့္ဆိုင္းေနခဲ့သည္။

ဆယ့္ႏွစ္နာရီမထိုးေသးသည့္အတြက္ေၾကာင့္ သူမက ဂိမ္းကို Login ဝင္ခဲ့လွ်င္ပင္ စခရင္ေပၚ၌ 'ကမ႓ာပ်က္ ကပ္ေဘးကို ဧၿပီ တစ္ရက္ေန႔၌ စတင္ဖြင့္လွစ္ပါမည္။' ဟူေသာ စကားလုံးမ်ားကိုသာ ျမင္ေတြ႕ရေပသည္။

သူမသည္ Public Beta ၿပီးသည့္ေနာက္ ဂိမ္းက ကစားသမားထံ မည္သည့္ အံ့ၾသစရာမ်ား ယူေဆာင္လာလိမ့္မည္လဲ သိခ်င္ေနမိသည္။

ယြင္လင္က စိတ္လႈပ္႐ွားမႈအျပည့္ႏွင့္ ေစာင့္ဆိုင္းေနခဲ့၏။

11နာရီ 45မိနစ္။

သူမ၏ ေ႐ွ႕တြင္ စာေၾကာင္းႏွစ္ေၾကာင္း ထြက္ေပၚလာသည္။ [အ႐ွင္သခင္လက္မွတ္ လက္ခံရ႐ွိထားသည့္ ကစားသမား၊ ေက်းဇူးျပဳၿပီး သင့္ရဲ႕ နယ္ေျမသို႔ သြားရန္ ျမားအတိုင္း လိုက္သြားေပးပါ။]

ဂိမ္းက မစတင္ရေသးေပ။ သူမက သူမ၏ နယ္ေျမသို႔ သြားရန္ မည္သည့္ ျမားအတိုင္း လိုက္သြားရပါမည္နည္း။

ယြင္လင္သည္ သူမ၏ VR ဦးထုပ္ကို ခြၽတ္ကာ လက္ဖက္ရည္တစ္ခြက္ ေသာက္ရန္ ၾကံ႐ြယ္လိုက္သည္။ သို႔ေသာ္ သူမ ထရပ္လိုက္သည့္အခါ ေမွ်ာ္လင့္မထားစြာႏွင့္ သူမ၏ အျမင္အာ႐ုံထဲတြင္ တံခါးဆီ အတိအက် ၫႊန္ျပေနသည့္ ျမားမ်ားကို ေတြ႕လိုက္ရေပသည္။

ယြင္လင္က ခြၽတ္ထားခဲ့သည့္ VR ဦးထုပ္ကို ​တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး သူမကိုယ္သူမ ျပန္ၾကည့္ကာ ဇေဝဇဝါ႐ႈပ္ေထြးမႈမ်ား ႀကီးထြားလာေပသည္။ သူမက ဂိမ္းကို Login မဝင္ရေသးေပ။ မည္သည့္အတြက္ေၾကာင့္ ျမားမ်ားကို ျမင္ေနရပါသနည္း။ အခုတေလာ သူမ အလြန္အမင္း ပင္ပန္းသြားသည့္အတြက္ ထင္ေယာင္ထင္မွား ျဖစ္ေနခဲ့သည္လား။


သူမက ေရတစ္ခြက္ခပ္ရန္ တံခါးဆီ ေလွ်ာက္သြားရန္ ျပင္လိုက္သည္။ ျမားမ်ားက ဦးတည္ရာဘက္ ေျပာင္းလဲသြားခဲ့သည္။ မေျပာင္းလဲသည့္အရာမွာ ၎တို႔က တံခါးဆီၫႊန္ျပေနဆဲ ႐ွိေနျခင္းသာ ျဖစ္၏။

ျဖစ္ႏိုင္တာက....

ယြင္လင္က မေကာင္းသည့္ ခံစားခ်က္တစ္ခု ရ႐ွိလိုက္သည္။ သူမက ေသာ့မ်ားကို ယူကာ ျပတင္းေပါက္ႏွင့္ တံခါးကို ေသာ့ခတ္လိုက္ၿပီး ျမားမ်ား ၫႊန္ျပရာ ဘက္သို႔ ေလွ်ာက္သြားခဲ့သည္။ ခုနစ္မိနစ္ခန္႔လမ္းေလွ်ာက္ၿပီးေနာက္ သူမ ေနထိုင္ရာ အေဆာက္အဦး၏ ေႏုက္ဘက္ ေျမကြက္လပ္တြင္ လက္ဖဝါးအ႐ြယ္ သစ္သားတိုကင္တစ္ခုက ေလထဲ၌ ေပါေလာေပၚေနခဲ့သည္။

၎က ဆုလာဘ္အျဖစ္ ယြင္လင္ ေ႐ြးခ်ယ္ခဲ့သည့္ 'အ႐ွင္သခင္လက္မွတ္' ျဖစ္ေလသည္။

*******

T/N: ဒီဇာတ္လမ္းမွာ MMORPG (Massively Multiplayer Online Role-Playing Games) ရဲ႕ အသုံးအႏႈန္းေတြ အမ်ားႀကီး ပါဝင္လာပါလိမ့္မယ္။

တကယ္လို႔ Chinese Ghost Story , Novoland: The Castle in the Sky, Age of Wushu Dynasty, Shadow od Swords နဲ႔ Perfect World တို႔လို႔ Role Playing ဂိမ္းေတြကို ေဆာ့ဖူးတဲ့ သူမ်ိဳးဆိုရင္ေတာ့ အသုံးအႏႈန္းေတြကို ရင္းႏွီးေနမွာပါ။

မေဆာ့ဖူးတဲ့ သူမ်ိဳးေတြအတြက္လည္း အတတ္ႏိုင္ဆုံး နားလည္လြယ္ေအာင္ ေရးေပးပါ့မယ္။ အဲဒီမွာမွ မသိတာထပ္႐ွိလာရင္ အားမနာဘဲ ေမးလို႔ရပါတယ္ေနာ္။ ကိုယ္သိသေလာက္ ႐ွင္းျပေပးပါ့မယ္။

ေၾသာ္ ဒါနဲ႔ Chinese Ghost Story ဂိမ္းက ေပေဝေဝတို႔ ေဆာ့တဲ့ ဂိမ္းပါ။

Note အေနနဲ႔ VR ဆိုတာ Virtual Reality ပါ။ VR ဦးထုပ္ေဆာင္းၿပီး ေဆာ့ရတဲ့ ဂိမ္းမ်ိဴးေတြက ကိုယ္ကိုယ္တိုင္ ဂိမ္းထဲဝင္ေရာက္သြားၿပီး အစစ္အမွန္ လႈပ္႐ွားေနရသလို ခံစားရေစမွာ ျဖစ္ပါတယ္။ အရာအားလုံးက အရမ္းကို လက္ေတြ႕ဆန္တဲ့ ခံစားခ်က္မ်ိဳး ေပးစြမ္းပါတယ္။

Continue Reading

You'll Also Like

1.1M 132K 43
လက်ရှိကာလကနေ ၁၉၅၀ ကိုရောက်သွားတဲ့အခါ .. သင်တို့ရော ခွန်နှောင်းလို စော်ဘွားချောချောလေးနဲ့တွေ့နိုင်မယ်ထင်လား ...?
900K 64.8K 42
Stivan Victor + Khon Shao Zin
99.5K 5.4K 116
🪸Mhaw🪸 Fantasy Adventure Series ... Own Creation (Season -1 to Season -11) Started date - 18.5. 2019 Ended date - Novel Creator- Sue Khat Pann