ကမ္ဘာပျက်ကပ်၏ အရှင်သခင်မလေး (...

By SumiHikaru

5.8K 432 118

ယွင်လင်၊ လုချွမ်း မူရင်းစာရေးသူ - ချင်းယွင်တန့်(သန့်) More

(၀)
(၂) Public Beta
(၃) လွင့်မျောတိမ်လွှာစခန်း
(၄) လွင့်မျောတိမ်လွှာစခန်း
(၅) S အဆင့်စွမ်းရည်
(၆) S အဆင့်စွမ်းရည်
(၇) လှုပ်ရှားမှုပြုလုပ်ခြင်း
(၈) လှုပ်ရှားမှုပြုလုပ်ခြင်း
(၉) ညရောက်ရှိလာခြင်း
(၁၀) ညရောက်ရှိလာခြင်း
(၁၁) ညရောက်ရှိလာခြင်း
(၁၂) ညရောက်ရှိလာခြင်း
(၁၃) စူပါမားကတ်
(၁၄) စူပါမားကတ်

(၁) Public Beta

759 40 4
By SumiHikaru

Unicode

အက်သံတစ်ချက်နှင့်အတူ ရွာအပြင်ဘက်ရှိ ကြည်လင်သော ကာကွယ်ရေးဒိုင်းအလွှာက ရုတ်တရက် ပြိုကွဲသွားခဲ့သည်။


ရှင်းထုန်က သူမ၏ ဓားမြှောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး စိတ်ထဲ၌ ဆဲရေးလိုက်သည်။ နောက်ထပ် မိနစ်သုံးဆယ်ခန့်ဆိုလျှင် အစမ်းဆော့ကစားသည့် အချိန်ကာလ ပြီးဆုံးတော့မည် ဖြစ်သည်။ ဤအချိန်ကျမှ မည်သည့်အတွက်ကြောင့် ထိုလုံခြုံရေးဇုန်က ဗွေထဖောက်ရပါသနည်း။


ကာကွယ်ရေးဒိုင်းအလွှာက ကျိုးပျက်သွားပြီး မွန်းစတားငယ်များက အော်မြည်ဟိန်းဟောက်ရင်း သူတို့ထံ စိတ်လှုပ်ရှားစွာဖြင့် တိုးဝင်လာကြသည်။


ရှင်းထုန်က အခြေအနေကို လေ့လာရန် ခေါင်းအား ဆန့်ထုတ်ကာ ကြည့်လိုက်သည်။


သူမ၏ ဘယ်ဘက်တည့်တည့်တွင် နွားရိုင်းလူသားတစ်ကောင်က ၎င်း၏ တင်းပုတ်ကို လွှဲယမ်းရင်း အချက်ရေအနည်းငယ်နှင့် အဆောက်အဦးတစ်ခုကို ဖျက်ဆီးပစ်လိုက်သည်။


သူမ၏ ညာဘက်ရှေ့နားတွင် အချိန်မီ မရှောင်တိမ်းလိုက်နိုင်သည့် ကစားသမားတစ်ဦးရှိပြီး ကြီးမားသည့် နကျယ်ကောင်အုပ်လိုက်ကြီးက သူ့ကို ဝန်းရံထားခဲ့သည်။ ၎င်းတို့က အမြီးများဖြင့် တပြိုင်တည်း ရိုက်ချလိုက်ကြသည့်အခါ ထိုကစားသမားမှာ နောက်ဆုံးအနေနှင့် ဆဲရေးမှုလေးသာ ပြုလုပ်လိုက်နိုင်ပြီး ဂိမ်းထဲမှ ပျောက်ကွယ်သွားတော့သည်။

ရှင်းထုန်သည် ထိုကစားသမားက သုတ်သင်ခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်ပေသည်။

"VR ဂိမ်းတွေကို ငါးနှစ်လောက်ဆော့လာခဲ့တာ ဒီ 'ကမ္ဘာပျက် ကပ်ဘေး' ထက် စိတ်ဝင်စားစရာကောင်းပြီး အစစ်အမှန်ဆန်တဲ့ ရှင်သန်ရေးဂိမ်းမျိုး လုံးဝ မဆော့ခဲ့ဖူးဘူး။" ဤဂိမ်းကို စမ်းသပ်ဆော့ကစားရန် ဖိတ်ခေါ်ခံရစဥ်က စနစ်သည် ဂိမ်းထဲ၌ ရက်တစ်ရာရှင်သန်နိုင်ခဲ့လျှင် ထိုကံကောင်းသည့် ကစားသမားက ထင်မှတ်မထားလောက်သည့် ဆုလာဘ်များစွာကို ရရှိလိမ့်မည်ဟု ပြောခဲ့ပေသည်။ သူမက ရှင်သန်နိုင်အောင် ကြိုးစားရပေလိမ့်မည်။


ထိုသို့တွေးလိုက်ပြီးနောက် ရှင်းထုန်က 'လျှပ်စီးအလျင်ခြေလှမ်း' စွမ်းရည်ကို အသုံးပြုကာ မွန်းစတားငယ်များ ပိုမိုနည်းပါးသည့်ဘက်မှ ဖြတ်သန်းသွားရန် ဆုံးဖြတ်လိုက်သည်။


သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် အရိုးခြောက်စစ်သည်တစ်ကောင်က သူမ၏ လမ်းကို ပိတ်ဆို့လာခဲ့သည်။ သူမက မွန်းစတား ပိုများသည့်ဘက်သို့ လမ်းကြောင်းပြောင်းလိုက်သည်။ ရှင်းထုန်က အံကြိတ်ကာ သူမ၏ လမ်းကြောင်းကို တိုက်ခိုက်ရင်း ရှင်းလင်းသွားရန် ရွေးချယ်လိုက်ရသည်။


လုပ်ကြံသတ်ဖြတ်ခြင်းတိုက်ကွက်၊


အဆိပ်ပြင်းမြွေတိုက်ကွက်၊


သေကွင်းသေကွက်တိုက်ကွက်၊


သူမသည် တစ်ခါတည်းနှင့် သူမ၏ တိုက်ခိုက်မှုစွမ်းရည်အားလုံးကို အသုံးပြုလိုက်သည်။ အရိုးခြောက်စစ်သည်က ချက်ချင်း သတ်ဖြတ်ခံလိုက်ရပေသည်။


ရှင်းထုန်က မရပ်တန့်ခဲ့ဘဲ ရှေ့သို့ ဆက်တိုးသွားခဲ့သည်။


သူမ၏ မူလအစီအစဥ်အရ သူမ နောက်သို့ လိုက်နေခဲ့သော အရိုးခြောက်စစ်သည် လက်မှ လွတ်မြောက်ရန် ထွက်ပြေးကာ သတ်မှတ်ချိန်မပြည့်မချင်း ရှင်သန်ရန် ဖြစ်သည်။ သို့သော် လမ်းတလျှောက်၌ မွန်းစတားများစွာ နေရာအနှံရှိနေလိမ့်မည်ဟု မည်သူက သိပါမည်နည်း။


မီးလျှံမကောင်းဆိုးရွားများ၊ တောင်ပံပါသည့် မကောင်းဆိုးရွားများ၊ နတ်ဆိုးများ အစရှိသည့် မွန်းစတားပေါင်းစုံ ရှိနေပြီး တစ်ကောင်ထက် တစ်ကောင် ပို၍ တိုက်ခိုက်ရခက်ပေသည်။ သူမက ရပ်တန့်လိုက်လျှင် အဝိုင်းခံလိုက်ရပြီး အဆုံးသတ်သွားရပေလိမ့်မည်။ ထိုသို့တွေးလိုက်မိသည့်အခါ ရှင်းထုန်က ဆက်လက်ပြေးလွှားရန်သာ တတ်နိုင်ပေသည်။

ရုတ်တရက် သူမ နောက်ကျောဘက်မှ လေတိုးသံတစ်ခုကို ကြားလိုက်ရသည်။


ရှင်းထုန်၏ နှလုံးသားက ကြောက်လန့်တကြား ခုန်ပေါက်သွားပြီး ပြေးလွှားနေခြင်းကို ရပ်တန့်လိုက်၏။

သူမ ရပ်တန့်လိုက်သည်နှင့် လှံရှည်တစ်ချောင်းက သူမ ခြေထောက်အနီးမှ မြေကြီးထဲသို့ စိုက်ဝင်လာသည်ကို မြင်လိုက်ရသည်။ မြေကြီးကို ထိုးဖောက်သွားသည့် လှံ၏ အမြီးက အရှိန်ကြောင့် တုန်ခါနေဆဲ ဖြစ်ပေသည်။ ထိုသည်ကိုကြည့်လျှင် ပစ်လိုက်သည့်အားက မည်မျှများကြောင်း မြင်နိုင်သည်။

"တခြားဂိမ်းတွေထဲမှာ ကစားသမားတွေက အသင်းဖွဲ့ပြီး မွန်းစတားတွေကို တိုက်ခိုက်ကြတယ်။ ဒီ ကမ္ဘာပျက် ကပ်ဘေး ထဲမှာကျတော့ မွန်းစတားတွေက ကစားသမားတွေကို အမြဲ လိုက်ဖမ်းနေကြတယ်။" ရှင်းထုန်က ပြေးလွှားရင်း ရေရွတ်လိုက်သည်။


အချိန်က စက္ကန့်နှင့်အမျှ ကုန်ဆုံးသွားနေပြီး သူမ လမ်းတလျှောက်တွင် မွန်းစတားမျိုးစုံနှင့် ရင်ဆိုင်ခဲ့ရသည်။ ၎င်းတို့က တစ်ကောင်ချင်းဖြစ်လျှင် သူမက သူတို့ကို သတ်ဖြတ်ပစ်နိုင်လိမ့်မည် ဖြစ်သော်လည်း အုပ်စုလိုက်ဖြစ်ပါက ပုန်းရုံသာတတ်နိုင်ပေသည်။ သို့ဆိုလျှင်ပင် သူမ၏ HP နှင့် Mana က သိသိသာသာ လျော့ကျသွားနေခဲ့သည်။

[Note: HP- Health Points(အသက်မှတ်/ ကိုယ့်ဂိမ်းကာရိုက်တာရဲ့ အပေါ်မှာရှိတဲ့ ဘားတန်းလေးMana က မှော်စွမ်းအားကိုယ်က မွန်းတားတွေကို တိုက်ခိုက်ဖို့ မန္တာန်တွေ သုံးမယ်ဆိုရင် မှော်စွမ်းအားလုံလောက်မှ သုံးလို့မယ်ပုံမှန်အားဖြင့် Mana ဘားက HP ဘားတန်းရဲ့ အောက်မှာ ရှိတဲ့ ဘားအသေးလေးနဲ့ ပြတယ်အဲဒီဘားမှာ နည်းနေရင် Spell သုံးလို့ရတတ်ဘူး။ HP(အသက်မှတ်) ကုန်သွားရင်တော့ သေမှာပေါ့။]

အချိန်အကြာကြီး ပြေးပြီးနောက် ရှင်းထုန်က အလွန် မောပန်းကာ အသပ်ရှူပင် မဝ ဖြစ်လာခဲ့သည်။ ကံကောင်းစွာနှင့် သူမအနီးတွင် မွန်းစတားများ နည်းသထက်နည်းလာ၏။

ရှင်းထုန်သည် မည်သူမှ ဝင်မလာနိုင်သည့် ထောင့်တစ်နေရာကို ရှာဖွေခဲ့ပြီး နောက်ဆုံး၌ အနားယူရတော့မည်ဟု တွေးခဲ့သည်။ သို့သော် သူမ သစ်ပင်တစ်ပင်အောက်၌ ထိုင်ချလိုက်သောအခါ သူမရှေ့တွင် သုံးမီတာလောက်မြင့်မားသည့် ကျောက်တုံးလူသားတစ်ဦး ပေါ်ပေါက်လာသည်ကို မြင်လိုက်ရ၏။

၎င်း၏ ဦးခေါင်းထက်တွင် စာတန်းတစ်ခု ရှိနေခဲ့သည်။ [McDonald (Boss)]


ရှင်းထုန်က ဆွံ့အသွားရလေသည်။


ကမ္ဘာပျက် ကပ်ဘေးဂိမ်း အတွင်းမှ မွန်းစတားများကို သာမန်၊ လက်ရွေးစင်နှင့် ဘော့စ် ဟူ၍ သုံးမျိုးခွဲခြားထားကြောင်း လူတိုင်း သိကြပေသည်။ ဘော့စ်တစ်ကောင်၏ စွမ်းအားသည် သာမန်မွန်းစတား ဆယ့်ခုနစ်ကောင်နှင့် အထက်၊ လက်ရွေးစင်မွန်းစတား လေး ငါးကောင်နှင့် ညီမျှပေသည်။ အသင်းဖွဲ့၍ တိုက်ခိုက်ခြင်းမှမဟုတ်လျှင် အနိုင်ရနိုင်မည် မဟုတ်ပေ။

အနီး၌ အခြားမွန်းစတားငယ်လေးများ မရှိသည်မှာ အံ့သြစရာမရှိချေ။ သူမက ဘော့စ်တစ်ကောင်၏ နယ်မြေအတွင်း မတော်တဆ ဝင်ရောက်သွားမိခြင်း ဖြစ်ပေသည်။


ဘယ်လောက်ကံမကောင်းလိုက်သလဲ။ ဘော့စ်နှင့်တွေ့ရသည်ထက် သာမန်မွန်းစတားများ ဝန်းရံခံထားရခြင်းက ပိုကောင်းပေသည်။

ရှင်းထုန်က ထွက်ပြေးချင်သော်လည်း သူမ အများကြီး ပြေးပြီးခဲ့ပြီ ဖြစ်သောကြောင့် စွမ်းအင်မလုံလောက်တော့ပေ။ သူမ၏ အချက်အလက်ဇယားတွင် 'ရွေ့လျားမှုနှုန်း အနုတ်လေးဆယ်ရာခိုင်နှုန်း' ဟု အနုတ်လက္ခဏာပင် ပြသနေခဲ့သည်။


သူမ မပြေးနိုင်တော့သည်ကို သိလိုက်သည့်အခါ ဓား​မြှောင်ကို ဆွဲထုတ်၍ ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ပြင်လိုက်သည်။


လုပ်ကြံသတ်ဖြတ်ခြင်း၊


သူမက ဓားမြှောင်ဖြင့် ကျောက်တုံးလူသားကို တိုက်ခိုက်လိုက်သော်လည်း သူမ၏ လက်သာ နာကျင်သွားရသဖြင့် ရှင်းထုန်က ထိတ်လန့်သွားခဲ့ပေသည်။ ဘော့စ်က ဘာမှမဖြစ်သလို ၎င်း၏ လက်မောင်းကို မြှောက်ကာ သူမအား အဝေးသို့ လွှင့်ပစ်လိုက်လေသည်။

ရှင်းထုန်က မြေပြင်သို့ ပြုတ်ကျသွားခဲ့ပြီး အံကို တင်းတင်းကြိတ်ကာ ခေါင်းမာစွာနှင့် ပြန်ထရပ်လိုက်သည်။


အဆိပ်ပြင်းမြွေတိုက်ကွက်။


သေကွင်းသေကွက်တိုက်ကွက်။


တိုက်ခိုက်မှုများက အောင်မြင်သွားသော်လည်း ဘော့စ်က အနည်းငယ်မျှပင် တုန့်ပြန်ခြင်းမရှိခဲ့ပေ။


တစ်ချိန်တည်းတွင် ရှင်းထုန်က သူမ၏ MP(ManaPoints) အားလုံးကို အသုံးပြု၍ ကုန်ခမ်းသွားပြီးဖြစ်ကာ Skill များကလည်း Cooldown ဖြစ်နေလေသည်။ သူမက အချိန်ကို ​ကြည့်လိုက်သည်။ ဆယ့်လေးမိနစ်နှင့် နှစ်ဆယ့်သုံးစက္ကန့် ကျန်နေသေးသည်။ရှင်းထုန်က စိတ်ပျက်လက်ပျက်နှင့် System က လိမ်လည်သည်ဟု တွေးလိုက်သည်။ မည်သူက အသက်ရှင်နိုင်ပါမည်နည်း။


[Cooldown - Skill ပြန်သုံးစွဲနိုင်ရန် ကြာချိန်။]

သူမက System ကို ကွန်ပလိန်းတက်နေစဥ်မှာပဲ ဘော့စ်က မှော်စွမ်းအားကို ထုတ်သုံးလိုက်သည်။

အချိန်က နှေးကွေးသွားသော်လည်း ချက်ချင်းပင် မြန်ဆန်လာကာ လက်သီးဆုပ်အရွယ်ရှိ မရေတွက်နိုင်သော ကျောက်တုံးအပိုင်းအစများက ရှင်းထုန်ကို ရိုက်ခတ်လာသည်။


ရှင်းထုန်က တိုက်ခိုက်မှုအများစုကို ရှောင်တိမ်းလိုက်သည်။ ထို့နောက် သူမက ဦးတည်ရာတစ်ဖက်ရွေးကာ ထွက်ပြေးသွားခဲ့သည်။


သူမ ခန္ဓာကိုယ်က အခြေအနေက အနုတ်လက္ခဏာ ပြနေပြီး သူမ၏ HP က နည်းနေကာ ထွက်မပြေးနိုင်တော့ဟု ခံစားနေရသော်လည်း....


ထိုင်နေပြီး သေဖို့ စောင့်ဆိုင်းရန် ငြင်းဆန်ခဲ့သည်။


ရှင်းထုန်က ခြုံကို ဘေးသို့ တွန်းဖယ်ရင်း ကြည့်လိုက်ပြီး ထွက်ပြေးရန် လမ်းကြောင်းရွေးလိုက်စဥ် ထိုအနီးတွင် အနားယူနေသည့် အမျိုးသမီးကစားသမားတစ်ဦးကို မြင်လိုက်ရသည်။ ထိုအခိုက်အတန့်တွင် သူမက ထပ်မတွေးနိုင်တော့ဘဲ သတိလက်လွတ်နှင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "မြန်မြန်ပြေး! ငါ့နောက်မှာ ဘော့စ်တစ်ကောင်ပါလာတယ်။"

တစ်ဖက်လူက သူမကို ထိတ်လန့်စွာ လှည့်ကြည့်လိုက်ပြီးနောက် ခေါင်းကို ယမ်းလိုက်သည်။


အားနည်းလိုက်တာ! လက်လျှော့တာ ထိုမျှ လျင်မြန်သည်လား။ တစ်ဖက်လူက ယခုချိန်ထိ ရှင်သန်နိုင်ခဲ့သည့် သူမကိုယ်သူမ နှိမ့်ချနေခဲ့သည်လား။

***********
Note: MC က အငွေ့လေးပဲ ပါလိုက်တယ်။ ဟဟ

Zawgyi

အပိုင္း (၁) Public Beta

အက္သံတစ္ခ်က္ႏွင့္အတူ ႐ြာအျပင္ဘက္႐ွိ ၾကည္လင္ေသာ ကာကြယ္ေရးဒိုင္းအလႊာက ႐ုတ္တရက္ ၿပိဳကြဲသြားခဲ့သည္။

႐ွင္းထုန္က သူမ၏ ဓားေျမႇာင္ကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္လိုက္ၿပီး စိတ္ထဲ၌ ဆဲေရးလိုက္သည္။ ေနာက္ထပ္ မိနစ္သုံးဆယ္ခန္႔ဆိုလွ်င္ အစမ္းေဆာ့ကစားသည့္ အခ်ိန္ကာလ ၿပီးဆုံးေတာ့မည္ ျဖစ္သည္။ ဤအခ်ိန္က်မွ မည္သည့္အတြက္ေၾကာင့္ ထိုလုံျခဳံေရးဇုန္က ေဗြထေဖာက္ရပါသနည္း။

ကာကြယ္ေရးဒိုင္းအလႊာက က်ိဳးပ်က္သြားၿပီး မြန္းစတားငယ္မ်ားက ေအာ္ျမည္ဟိန္းေဟာက္ရင္း သူတို႔ထံ စိတ္လႈပ္႐ွားစြာျဖင့္ တိုးဝင္လာၾကသည္။

႐ွင္းထုန္က အေျခအေနကို ေလ့လာရန္ ေခါင္းအား ဆန္႔ထုတ္ကာ ၾကည့္လိုက္သည္။

သူမ၏ ဘယ္ဘက္တည့္တည့္တြင္ ႏြား႐ိုင္းလူသားတစ္ေကာင္က ၎၏ တင္းပုတ္ကို လႊဲယမ္းရင္း အခ်က္ေရအနည္းငယ္ႏွင့္ အေဆာက္အဦးတစ္ခုကို ဖ်က္ဆီးပစ္လိုက္သည္။

သူမ၏ ညာဘက္ေ႐ွ႕နားတြင္ အခ်ိန္မီ မေ႐ွာင္တိမ္းလိုက္ႏိုင္သည့္ ကစားသမားတစ္ဦး႐ွိၿပီး ႀကီးမားသည့္ နက်ယ္ေကာင္အုပ္လိုက္ႀကီးက သူ႕ကို ဝန္းရံထားခဲ့သည္။ ၎တို႔က အၿမီးမ်ားျဖင့္ တၿပိဳင္တည္း ႐ိုက္ခ်လိုက္ၾကသည့္အခါ ထိုကစားသမားမွာ ေနာက္ဆုံးအေနႏွင့္ ဆဲေရးမႈေလးသာ ျပဳလုပ္လိုက္ႏိုင္ၿပီး ဂိမ္းထဲမွ ေပ်ာက္ကြယ္သြားေတာ့သည္။

႐ွင္းထုန္သည္ ထိုကစားသမားက သုတ္သင္ခံလိုက္ရၿပီျဖစ္ေၾကာင္း သိလိုက္ေပသည္။

"VR ဂိမ္းေတြကို ငါးႏွစ္ေလာက္ေဆာ့လာခဲ့တာ ဒီ 'ကမ႓ာပ်က္ ကပ္ေဘး' ထက္ စိတ္ဝင္စားစရာေကာင္းၿပီး အစစ္အမွန္ဆန္တဲ့ ႐ွင္သန္ေရးဂိမ္းမ်ိဳး လုံးဝ မေဆာ့ခဲ့ဖူးဘူး။" ဤဂိမ္းကို စမ္းသပ္ေဆာ့ကစားရန္ ဖိတ္ေခၚခံရစဥ္က စနစ္သည္ ဂိမ္းထဲ၌ ရက္တစ္ရာ႐ွင္သန္ႏိုင္ခဲ့လွ်င္ ထိုကံေကာင္းသည့္ ကစားသမားက ထင္မွတ္မထားေလာက္သည့္ ဆုလာဘ္မ်ားစြာကို ရ႐ွိလိမ့္မည္ဟု ေျပာခဲ့ေပသည္။ သူမက ႐ွင္သန္ႏိုင္ေအာင္ ႀကိဳးစားရေပလိမ့္မည္။

ထိုသို႔ေတြးလိုက္ၿပီးေနာက္ ႐ွင္းထုန္က 'လွ်ပ္စီးအလ်င္ေျခလွမ္း' စြမ္းရည္ကို အသုံးျပဳကာ မြန္းစတားငယ္မ်ား ပိုမိုနည္းပါးသည့္ဘက္မွ ျဖတ္သန္းသြားရန္ ဆုံးျဖတ္လိုက္သည္။

သို႔ေသာ္ ေျခလွမ္းအနည္းငယ္ လွမ္းၿပီးေနာက္ အ႐ိုးေျခာက္စစ္သည္တစ္ေကာင္က သူမ၏ လမ္းကို ပိတ္ဆို႔လာခဲ့သည္။ သူမက မြန္းစတား ပိုမ်ားသည့္ဘက္သို႔ လမ္းေၾကာင္းေျပာင္းလိုက္သည္။ ႐ွင္းထုန္က အံႀကိတ္ကာ သူမ၏ လမ္းေၾကာင္းကို တိုက္ခိုက္ရင္း ႐ွင္းလင္းသြားရန္ ေ႐ြးခ်ယ္လိုက္ရသည္။

လုပ္ၾကံသတ္ျဖတ္ျခင္းတိုက္ကြက္၊

အဆိပ္ျပင္းေႁမြတိုက္ကြက္၊

ေသကြင္းေသကြက္တိုက္ကြက္၊

သူမသည္ တစ္ခါတည္းႏွင့္ သူမ၏ တိုက္ခိုက္မႈစြမ္းရည္အားလုံးကို အသုံးျပဳလိုက္သည္။ အ႐ိုးေျခာက္စစ္သည္က ခ်က္ခ်င္း သတ္ျဖတ္ခံလိုက္ရေပသည္။

႐ွင္းထုန္က မရပ္တန္႔ခဲ့ဘဲ ေ႐ွ႕သို႔ ဆက္တိုးသြားခဲ့သည္။

သူမ၏ မူလအစီအစဥ္အရ သူမ ေနာက္သို႔ လိုက္ေနခဲ့ေသာ အ႐ိုးေျခာက္စစ္သည္ လက္မွ လြတ္ေျမာက္ရန္ ထြက္ေျပးကာ သတ္မွတ္ခ်ိန္မျပည့္မခ်င္း ႐ွင္သန္ရန္ ျဖစ္သည္။ သို႔ေသာ္ လမ္းတေလွ်ာက္၌ မြန္းစတားမ်ားစြာ ေနရာအႏွံ႐ွိေနလိမ့္မည္ဟု မည္သူက သိပါမည္နည္း။

မီးလွ်ံမေကာင္းဆိုး႐ြားမ်ား၊ ေတာင္ပံပါသည့္ မေကာင္းဆိုး႐ြားမ်ား၊ နတ္ဆိုးမ်ား အစ႐ွိသည့္ မြန္းစတားေပါင္းစုံ ႐ွိေနၿပီး တစ္ေကာင္ထက္ တစ္ေကာင္ ပို၍ တိုက္ခိုက္ရခက္ေပသည္။ သူမက ရပ္တန္႔လိုက္လွ်င္ အဝိုင္းခံလိုက္ရၿပီး အဆုံးသတ္သြားရေပလိမ့္မည္။ ထိုသို႔ေတြးလိုက္မိသည့္အခါ ႐ွင္းထုန္က ဆက္လက္ေျပးလႊားရန္သာ တတ္ႏိုင္ေပသည္။

႐ုတ္တရက္ သူမ ေနာက္ေက်ာဘက္မွ ေလတိုးသံတစ္ခုကို ၾကားလိုက္ရသည္။

႐ွင္းထုန္၏ ႏွလုံးသားက ေၾကာက္လန္႔တၾကား ခုန္ေပါက္သြားၿပီး ေျပးလႊားေနျခင္းကို ရပ္တန္႔လိုက္၏။

သူမ ရပ္တန္႔လိုက္သည္ႏွင့္ လွံ႐ွည္တစ္ေခ်ာင္းက သူမ ေျခေထာက္အနီးမွ ေျမႀကီးထဲသို႔ စိုက္ဝင္လာသည္ကို ျမင္လိုက္ရသည္။ ေျမႀကီးကို ထိုးေဖာက္သြားသည့္ လွံ၏ အၿမီးက အ႐ွိန္ေၾကာင့္ တုန္ခါေနဆဲ ျဖစ္ေပသည္။ ထိုသည္ကိုၾကည့္လွ်င္ ပစ္လိုက္သည့္အားက မည္မွ်မ်ားေၾကာင္း ျမင္ႏိုင္သည္။

"တျခားဂိမ္းေတြထဲမွာ ကစားသမားေတြက အသင္းဖြဲ႕ၿပီး မြန္းစတားေတြကို တိုက္ခိုက္ၾကတယ္။ ဒီ ကမ႓ာပ်က္ ကပ္ေဘး ထဲမွာက်ေတာ့ မြန္းစတားေတြက ကစားသမားေတြကို အၿမဲ လိုက္ဖမ္းေနၾကတယ္။" ႐ွင္းထုန္က ေျပးလႊားရင္း ေရ႐ြတ္လိုက္သည္။

အခ်ိန္က စကၠန္႔ႏွင့္အမွ် ကုန္ဆုံးသြားေနၿပီး သူမ လမ္းတေလွ်ာက္တြင္ မြန္းစတားမ်ိဳးစုံႏွင့္ ရင္ဆိုင္ခဲ့ရသည္။ ၎တို႔က တစ္ေကာင္ခ်င္းျဖစ္လွ်င္ သူမက သူတို႔ကို သတ္ျဖတ္ပစ္ႏိုင္လိမ့္မည္ ျဖစ္ေသာ္လည္း အုပ္စုလိုက္ျဖစ္ပါက ပုန္း႐ုံသာတတ္ႏိုင္ေပသည္။ သို႔ဆိုလွ်င္ပင္ သူမ၏ HP ႏွင့္ Mana က သိသိသာသာ ေလ်ာ့က်သြားေနခဲ့သည္။

[Note: HP- Health Points(အသက္မွတ္/ ကိုယ့္ဂိမ္းကာ႐ိုက္တာရဲ႕ အေပၚမွာ႐ွိတဲ့ ဘားတန္းေလး၊ Mana က ေမွာ္စြမ္းအား၊ ကိုယ္က မြန္းစတားေတြကို တိုက္ခိုက္ဖို႔ မႏၲာန္ေတြ သုံးမယ္ဆိုရင္ ေမွာ္စြမ္းအားလုံေလာက္မွ သုံးလို႔ရမယ္။ ပုံမွန္အားျဖင့္ Mana ဘားက HP ဘားတန္းရဲ႕ ေအာက္မွာ ႐ွိတဲ့ ဘားအေသးေလး​နဲ႔ ျပတယ္။ အဲဒီဘားမွာ နည္းေနရင္ Spell သုံးလို႔မရတတ္ဘူး။ HP(အသက္မွတ္) ကုန္သြားရင္ေတာ့ ေသမွာေပါ့။]

အခ်ိန္အၾကာႀကီး ေျပးၿပီးေနာက္ ႐ွင္းထုန္က အလြန္ ေမာပန္းကာ အသပ္႐ွဴပင္ မဝ ျဖစ္လာခဲ့သည္။ ကံေကာင္းစြာႏွင့္ သူမအနီးတြင္ မြန္းစတားမ်ား နည္းသထက္နည္းလာ၏။

႐ွင္းထုန္သည္ မည္သူမွ ဝင္မလာႏိုင္သည့္ ေထာင့္တစ္ေနရာကို ႐ွာေဖြခဲ့ၿပီး ေနာက္ဆုံး၌ အနားယူရေတာ့မည္ဟု ေတြးခဲ့သည္။ သို႔ေသာ္ သူမ သစ္ပင္တစ္ပင္ေအာက္၌ ထိုင္ခ်လိုက္ေသာအခါ သူမေ႐ွ႕တြင္ သုံးမီတာေလာက္ျမင့္မားသည့္ ေက်ာက္တုံးလူသားတစ္ဦး ေပၚေပါက္လာသည္ကို ျမင္လိုက္ရ၏။

၎၏ ဦးေခါင္းထက္တြင္ စာတန္းတစ္ခု ႐ွိေနခဲ့သည္။ [McDonald (Boss)]

႐ွင္းထုန္က ဆြံ႕အသြားရေလသည္။

ကမ႓ာပ်က္ ကပ္ေဘးဂိမ္း အတြင္းမွ မြန္းစတားမ်ားကို သာမန္၊ လက္ေ႐ြးစင္ႏွင့္ ေဘာ့စ္ ဟူ၍ သုံးမ်ိဳးခြဲျခားထားေၾကာင္း လူတိုင္း သိၾကေပသည္။ ေဘာ့စ္တစ္ေကာင္၏ စြမ္းအားသည္ သာမန္မြန္းစတား ဆယ့္ခုနစ္ေကာင္ႏွင့္ အထက္၊ လက္ေ႐ြးစင္မြန္းစတား ေလး ငါးေကာင္ႏွင့္ ညီမွ်ေပသည္။ အသင္းဖြဲ႕၍ တိုက္ခိုက္ျခင္းမွမဟုတ္လွ်င္ အႏိုင္ရႏိုင္မည္ မဟုတ္ေပ။

အနီး၌ အျခားမြန္းစတားငယ္ေလးမ်ား မ႐ွိသည္မွာ အံ့ၾသစရာမ႐ွိေခ်။ သူမက ေဘာ့စ္တစ္ေကာင္၏ နယ္ေျမအတြင္း မေတာ္တဆ ဝင္ေရာက္သြားမိျခင္း ျဖစ္ေပသည္။

ဘယ္ေလာက္ကံမေကာင္းလိုက္သလဲ။ ေဘာ့စ္ႏွင့္ေတြ႕ရသည္ထက္ သာမန္မြန္းစတားမ်ား ဝန္းရံခံထားရျခင္းက ပိုေကာင္းေပသည္။

႐ွင္းထုန္က ထြက္ေျပးခ်င္ေသာ္လည္း သူမ အမ်ားႀကီး ေျပးၿပီးခဲ့ၿပီ ျဖစ္ေသာေၾကာင့္ စြမ္းအင္မလုံေလာက္ေတာ့ေပ။ သူမ၏ အခ်က္အလက္ဇယားတြင္ 'ေ႐ြ႕လ်ားမႈႏႈန္း အႏုတ္ေလးဆယ္ရာခိုင္ႏႈန္း' ဟု အႏုတ္လကၡဏာပင္ ျပသေနခဲ့သည္။

သူမ မေျပးႏိုင္ေတာ့သည္ကို သိလိုက္သည့္အခါ ဓား​ေျမႇာင္ကို ဆြဲထုတ္၍ ရန္သူႏွင့္ ထိပ္တိုက္ရင္ဆိုင္ရန္ ျပင္လိုက္သည္။

လုပ္ၾကံသတ္ျဖတ္ျခင္း၊

သူမက ဓားေျမႇာင္ျဖင့္ ေက်ာက္တုံးလူသားကို တိုက္ခိုက္လိုက္ေသာ္လည္း သူမ၏ လက္သာ နာက်င္သြားရသျဖင့္ ႐ွင္းထုန္က ထိတ္လန္႔သြားခဲ့ေပသည္။ ေဘာ့စ္က ဘာမွမျဖစ္သလို ၎၏ လက္ေမာင္းကို ေျမႇာက္ကာ သူမအား အေဝးသို႔ လႊင့္ပစ္လိုက္ေလသည္။

႐ွင္းထုန္က ေျမျပင္သို႔ ျပဳတ္က်သြားခဲ့ၿပီး အံကို တင္းတင္းႀကိတ္ကာ ေခါင္းမာစြာႏွင့္ ျပန္ထရပ္လိုက္သည္။

အဆိပ္ျပင္းေႁမြတိုက္ကြက္။

ေသကြင္းေသကြက္တိုက္ကြက္။

တိုက္ခိုက္မႈမ်ားက ေအာင္ျမင္သြားေသာ္လည္း ေဘာ့စ္က အနည္းငယ္မွ်ပင္ တုန္႔ျပန္ျခင္းမ႐ွိခဲ့ေပ။

တစ္ခ်ိန္တည္းတြင္ ႐ွင္းထုန္က သူမ၏ MP(ManaPoints) အားလုံးကို အသုံးျပဳ၍ ကုန္ခမ္းသြားၿပီးျဖစ္ကာ Skill မ်ားကလည္း Cooldown ျဖစ္ေနေလသည္။ သူမက အခ်ိန္ကို ​ၾကည့္လိုက္သည္။ ဆယ့္ေလးမိနစ္ႏွင့္ ႏွစ္ဆယ့္သုံးစကၠန္႔ က်န္ေနေသးသည္။႐ွင္းထုန္က စိတ္ပ်က္လက္ပ်က္ႏွင့္ System က လိမ္လည္သည္ဟု ေတြးလိုက္သည္။ မည္သူက အသက္႐ွင္ႏိုင္ပါမည္နည္း။

[Cooldown - Skill ျပန္သုံးစြဲႏိုင္ရန္ ၾကာခ်ိန္။]

သူမက System ကို ကြန္ပလိန္းတက္ေနစဥ္မွာပဲ ေဘာ့စ္က ေမွာ္စြမ္းအားကို ထုတ္သုံးလိုက္သည္။

အခ်ိန္က ေႏွးေကြးသြားေသာ္လည္း ခ်က္ခ်င္းပင္ ျမန္ဆန္လာကာ လက္သီးဆုပ္အ႐ြယ္႐ွိ မေရတြက္ႏိုင္ေသာ ေက်ာက္တုံးအပိုင္းအစမ်ားက ႐ွင္းထုန္ကို ႐ိုက္ခတ္လာသည္။

႐ွင္းထုန္က တိုက္ခိုက္မႈအမ်ားစုကို ေ႐ွာင္တိမ္းလိုက္သည္။ ထို႔ေနာက္ သူမက ဦးတည္ရာတစ္ဖက္ေ႐ြးကာ ထြက္ေျပးသြားခဲ့သည္။

သူမ ခႏၶာကိုယ္က အေျခအေနက အႏုတ္လကၡဏာ ျပေနၿပီး သူမ၏ HP က နည္းေနကာ ထြက္မေျပးႏိုင္ေတာ့ဟု ခံစားေနရေသာ္လည္း....

ထိုင္ေနၿပီး ေသဖို႔ ေစာင့္ဆိုင္းရန္ ျငင္းဆန္ခဲ့သည္။

႐ွင္းထုန္က ျခဳံကို ေဘးသို႔ တြန္းဖယ္ရင္း ၾကည့္လိုက္ၿပီး ထြက္ေျပးရန္ လမ္းေၾကာင္းေ႐ြးလိုက္စဥ္ ထိုအနီးတြင္ အနားယူေနသည့္ အမ်ိဳးသမီးကစားသမားတစ္ဦးကို ျမင္လိုက္ရသည္။ ထိုအခိုက္အတန္႔တြင္ သူမက ထပ္မေတြးႏိုင္ေတာ့ဘဲ သတိလက္လြတ္ႏွင့္ က်ယ္ေလာင္စြာ ေအာ္ဟစ္လိုက္သည္။ "ျမန္ျမန္ေျပး! ငါ့ေနာက္မွာ ေဘာ့စ္တစ္ေကာင္ပါလာတယ္။"

တစ္ဖက္လူက သူမကို ထိတ္လန္႔စြာ လွည့္ၾကည့္လိုက္ၿပီးေနာက္ ေခါင္းကို ယမ္းလိုက္သည္။

အားနည္းလိုက္တာ! လက္ေလွ်ာ့တာ ထိုမွ် လ်င္ျမန္သည္လား။ တစ္ဖက္လူက ယခုခ်ိန္ထိ ႐ွင္သန္ႏိုင္ခဲ့သည့္ သူမကိုယ္သူမ ႏွိမ့္ခ်ေနခဲ့သည္လား။

Note: MC က အေငြ႕ေလးပဲ ပါလိုက္တယ္။ ဟဟ

Continue Reading

You'll Also Like

15.1K 1.5K 24
ကြာပန်းဖြူလေးများမှ ဘာသာပြန်ဆိုသည်။
168K 7.9K 138
🪸Mhaw🪸 Fantasy Adventure Series ... Own Creation (Season -1 to Season -11) Started date - 18.5. 2019 Ended date - Novel Creator- Sue Khat Pann
384K 41.5K 102
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
1.9M 117K 74
စစ္မွန္ေသာ ခ်စ္ျခင္းတရားကိုသာ လိုခ်င္မိပါ၏။