The Love Sleeping Under The M...

By AttarSawLwinYar

50.3K 3.3K 1.2K

[๐š„๐š—๐š’+๐š‰๐šŠ๐š ] แ€›แ€”แ€บแ€žแ€ฐแ€ทแ€“แ€ฌแ€ธแ€œแ€€แ€บแ€”แ€€แ€บแ€กแ€ฑแ€ฌแ€€แ€บแ€™แ€พแ€ฌแ€€แ€ปแ€›แ€พแ€ฏแ€ถแ€ธแ€›แ€แ€ผแ€„แ€บแ€ธแ€‘แ€€แ€บ แ€›แ€”แ€บแ€žแ€ฐแ€ทแ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธโ€Œแ€™แ€ฑแ€แ€นแ€แ€ฌแ€กแ€ฑแ€ฌแ€€แ€บแ€™แ€พแ€ฌแ€€แ€ปแ€›แ€พแ€ฏแ€ถแ€ธแ€›แ€แ€ผแ€„แ€บแ€ธแ€Ÿแ€ฌ แ€›แ€พแ€€แ€บแ€–แ€ฝ... More

Prelude
Part 1
Part 4
Part 5
Part 2
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Character Image (unicode)
Character Image (zawgyi)
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27 ( Suprise Gift!!)
Part 27
Part 28
Part 29

Part 3

2K 115 44
By AttarSawLwinYar

[Unicode]"အရှင်မင်းကြီးကိုလျှောက်တင်ပါတယ်။အိမ်ရှေ့မင်းသားက စုန့်ပြည်ရဲ့တော်ဝင်ကချေသည်ကို ကိုယ်လုပ်တော်အဖြစ်သိမ်းပိုက်လိုက်ကြောင်း အမှာစကားပါးလိုက်ပါတယ်"

"ဘာ"

ထိုင်နေရာမှ ထိတ်လန့်တကြားထရပ်ကာအော်သည့်မင်ဘုရင်ကြောင့် မင်းသားငယ်ဆောင်းဟွန်း သွေးပင်ထိုးတက်ချင်သွားသည်။

အကိုတော်ကတော့ပြဿနာအကြီးကြီးတစ်ခုကိုရှာလိုက်ပြီ။ညီလာခံ၌လည်း လှုပ်လှုပ်ရွရွဖြစ်နေကြပြီမို့ သူမနဲရှောင်ထွက်ကာ မင်ဘုရင်ရှိရာဧည့်ဆောင်သို့ရောက်လာခြင်း။

"ကိုယ်တော့်ကိုလာကြိုတဲ့တပ်...ဘယ်အချိန်ရောက်မယ်တဲ့လဲ ကိုယ်ရံတော်မို"

"မွန်းတည့်လောက်ရောက်ပါမယ်တဲ့အရှင်"

"တောက်စ်!...စုန့်ကိုမပြန်ခင် တစ်ပွဲလောက်နွဲကြရသေးတာပေါ့"

မင်ဘုရင်၏မျက်ဝန်းအိမ်ကျဉ်းကျဉ်းသည် ဒေါသကြောင့် ရဲရဲနီနေလျက်။

____________________________
.
.
.
.

'ဒုန်း!...ဒုန်း...ဒုန်း...ဒုန်း...ဒုန်း...'

ချီနန်းတော်တစ်ခုလုံးကိုလှုပ်ရှားသွားစေခဲ့သည့်စည်တီးသံ။ထိုစည်သံထွက်ပေါ်လာရသည့်အကြောင်းအရင်းကား အိမ်ရှေ့မင်း၏နန်းဆောင်အတွင်းမှဖြစ်သည်။

နန်းဆောင်ဧည့်ခန်း၌ ဒူးထောက်ကာထိုင်နေသည့်စုန့်ပြည်၏အမျိုးသားကချေသည်။ မလှုပ်မယှက်ဖြင့်ကျောက်ရုပ်ကဲ့သို့ထိုင်နေသည့်သူ့လည်ပင်းထက် ဓားဖြင့်ချိန်ရွယ်ထားသူကား မင်းသားဂျွန်။

ငြိမ်သက်နေသည့်နားဆောင်ထဲသို့ဝင်ရောက်လာသည့်ခြေသံဖွဖွ။ဧည့်ခန်းထဲသို့အရောက် မင်းသားဂျွန်ဘက်ဂါရဝပြုလိုက်ကာ...

"အိမ်ရှေ့မင်းသား...မင်ဘုရင်လာနေပါပြီ"

ထီမထင်သည့်မဲ့ပြုံးတစ်ခု။ကြမ်းပြင်ပေါ်မှအပြာရောင်ငယ်ရဲ့မျက်ဝန်းများအရောင်လဲ့သွားသည်ကိုတွေ့လိုက်ရသည်။မင်ဘုရင်အား ထိုလောက်အထိအားကိုးအားထားပြုသည်လား။

"မျှော်လင့်ချက်တွေမထားစမ်းနဲ့အပြာရောင်ငယ်...မင်ဘုရင်က မင်းကိုအသေခံမှာမဟုတ်ဘူး...ကိုယ်တော့်ဆီမှာ မင်းကိုအသက်ရှင်လျက်ထားခဲ့ပြီး စုန့်ပြည်ကိုပြန်သွားမှာ"

မျက်ဝန်းများဟာရုတ်ချည်းအရောင်မှိုင်းသွားသည်မို့သူကျေနပ်သွားရပြန်သည်။

ဧည့်ခန်းထဲသို့ဝင်ရောက်လာသည့်စစ်သည်များဟာ စုန့်ပြည်မှ။ကိုယ်ရံတော်လီထိုက်က အလျင်အမြန်ဓားထုတ်၍ မင်းသားဂျွန်အားကာကွယ်သည်။ ဧည့်ဆောင်တစ်ခုလုံးအား အဝိုင်းခံလိုက်ရပေမယ့် စုန့်တပ်သားများက လက်နက်တော့မထုတ်။

"ရာရာစစ မင်းတို့ကငါ့နန်းဆောင်ထဲလက်နက်ကိုင်ပြီးဝင်လာရဲတယ်"

မင်းသားဂျွန်ရဲ့ကြိမ်းဝါးသံက တိတ်ဆိတ်သည့်နန်းဆောင်အား ထိုးဖောက်လျက်ကျယ်လောင်စွာထွက်ပေါ်လာ၏။

"ရာရာစစ စုန့်ပြည်ရဲ့တော်ဝင်ကချေသည်ကို သင်ကဓားနဲ့ရွယ်ရဲတယ်"

"အရှင်"

"အငယ်တော်"

အသံရဲ့နောက် ထွက်ပေါ်လာသည့်အရှင်ကြောင့် ထယ်ယောင်းကိုယ်ဟာမတ်ကနဲဖြစ်လျက်ထရန်ပြင်လိုက်ပေမယ့် လည်ပင်းထက်ပိုမိုဖိကပ်လာသည့်ဓားသွားနဲ့အတူ အရှင့်ရဲ့စိုးရိမ်တကြီးတားမြစ်သံထွက်ပေါ်လာသည်။

"အခုချက်ချင်းဓားချလိုက်ပါမင်းသားဂျွန်...ထယ်ယောင်းကိုကျုပ်ဆီပြန်ပေး"

"သူ့ကိုကျုပ်ရဲ့ကိုယ်လုပ်တော်အဖြစ်ချီးမြှင့်ထားပြီးပြီ"

စူးစမ်းကာကြည့်လိုက်ချိန် အငယ်တော်ကသူ့အကြည့်များကိုသိသိသာသာရှောင်ဖယ်သွားသည်။ထုံးနှောင်ခွင့်မရှိသည့် ကချေသည်တစ်ယောက်ရဲ့ဆံပင်များဟာ ချီ၏ တော်ဝင်အမှတ်အသားပါသောပိုးစဖြင့်စည်းနှောင်ခြင်းခံထားရပြီ။

ကြားလိုက်ရစဉ်ကသူမယုံနိုင်ခဲ့သလို ယခုမြင်နေရသည့်ထိုအရာအားလည်း သူမယုံကြည်နိုင်သေးပါ။ သူပြောတဲ့ရည်ရွယ်ချက်ဆိုတာထိုအရာလားဟုမေးလိုက်ချင်သည်။
အငယ်တော်ဆီကရှင်းပြချက်တစ်ချို့ကိုကြားချင်သည်။ ထိုသို့သောအခွင့်အတွက် အငယ်တော်ဟာသူ့အနားပြန်လာရမည်။

"ထယ်ယောင်းဟာ ကျုပ်တို့စုန့်ပြည်ရဲ့အပိုင်...ကိုယ်လုပ်တော်အဖြစ်နဲ့မင်းသားဂျွန်ဆီ လုံးဝ မပေးနိုင်ဘူး"

အတ္တတစ်ခုဖြင့်ဖြစ်စေ။
အငယ်တော်ဟာ သူ့အပိုင်မဟုတ်ရင်တောင် စုန့်ပြည်ဟုအပိုင်ဟူ၍တော့ သုံးနှုန်းခွင့်ရချင်သေးသည်လေ။

အရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။သို့သော် အငယ်တော့်လည်ပင်းဆီပိုမိုဖိကပ်လိုက်သည့်ဓားသွားကြောင့် ဂျီမင်းထပ်မံ၍ထိတ်လန့်သွားရကာ တိုးကပ်နိုင်ခွင့်မရှိ။

"မင်းကြီးသာအလိုရှိရင် အသက်မဲ့တဲ့သူ့ခန္ဓာကိုယ်ကိုပဲပြန်ယူသွားပါ"

သွေးအေးစွာပြောလာသည့်စကား။
ညကပဲကိုယ်လုပ်တော်အဖြစ်တင်မြှောက်တယ်၊ မနက်ကျ လည်ပင်းထက်ကိုဓားသွားတင်ပြန်တယ်။
ဒီလိုမင်းသားဆီမှာအငယ်တော်ကိုသူဘယ်လိုထားခဲ့ရက်နိုင်မှာလဲ။

"ကိုယ်လုပ်တော်အဖြစ် ကျုပ်ဆီမှာအသုံးတော်ခံပြီးပြီပဲလေ..ဟက်"

"မင်း"

'ရွှမ်း'ကနဲမြည်သံနဲ့အတူ မင်ဘုရင်၏ဓားအိမ်ထက်မှထွက်သွားသည့်ငွေရောင်ဓားရှည်။နှုတ်ခမ်းဖျားများဟာတဆတ်ဆတ်တုန်လျက်။ မျက်ဝန်းတစ်စုံဟာလဲ ဒေါသခိုးများဖြင့်ချင်းချင်းနီလျက်။

ချစ်လွန်းလို့။
မင်းမြတ်ဆီကမြတ်နိုးကြင်နာမှုရတဲ့ယောက်ျားတစ်ယောက်ဟာ အန္တရာယ်များမှန်းသိတာမို့ အနီးအနားမှာထားပြီး အနုပညာတစ်ခုလို ထိုင်ကြည့်နေခဲ့တာ။ ရွှေဘုံထက်မှာတင့်တင့်တယ်တယ်မြောက်စားထားခဲ့တာ။ သူမဟုတ်တဲ့တစ်ခြားယောက်ျားဆီကနေ ဒီလိုအစော်ကားခံရပြီး တန်ဖိုးမရှိလွင့်ပစ်လိုက်ဖို့မဟုတ်ဘူးလေ။

ဓားအား, အားဖြင့်ဆုပ်ကိုင်ပြီး မင်းသားဂျွန်ရှိရာတိုက်ခိုက်ဖို့ မြှောက်လိုက်သည်။

"အရှင်"

တစ်စုံတစ်ခုအားသတိပေးလိုဟန်ဖြင့်ခေါ်လာသည့်အငယ်တော်။သူကြည့်မိတော့ ခေါင်းကိုအသာယမ်းပြသည်။ကြည်လင်သည့်မျက်ဝန်းများဟာ မျက်ရည်စက်များခိုတွယ်လို့။

"ဓားကိုသိမ်းပါအရှင်"

လေပြည်သွေးသလိုစကားသံဖြင့် သူ့ဒေါသကိုချုပ်တီးခိုင်းနေတာတဲ့လေ။

"ကျွန်တော်မျိုးကိုထားခဲ့ပြီး အရှင်စုန့်ပြည်ကိုပြန်လိုက်ပါ"

သူ့အားပြောထွက်လာသည့် အငယ်တော်စကားကြောင့် နေ့ခင်းကြောင်တောင် မိုးကြိုးပစ်ခံလိုက်ရသည့်လူတစ်ယောက်လို။ဟန်မပျက်ရလေအောင် ဂျီမင်း သူ့လက်ထဲမှဓားကိုသာ ကျစ်ကျစ်ဆုပ်ထားလိုက်ရသည်။‌ဒေါသကြောင့်တုန်ရီနေသည့်နှုတ်ခမ်းဖျားကြောင့် စကားသံတို့ကိုထိန်းကာ...

"အရှင်ကဘယ်လိုလုပ်ရက်နိုင်မှာလဲ"

"အရှင်လုပ်ရမယ်"

အငယ်တော်ဟာသူ့အား အကြည့်တို့ဖြင့်ဖိအားပေးသည်။

"ခင်ဗျားရဲ့စစ်တပ်ကိုပြန်သိမ်းပြီးကျုပ်နားဆောင်ကနေထွက်သွား"

သူ့လိုဘုရင်တစ်ပါးအား ချိုးချိုးနှိမ်နှိမ်ဖြင့် လေးစားမှုတစ်စက်ကလေးမှပင်မထားဘဲ အမိန့်ပေးလာသည့်မင်းသားဂျွန်။အငယ်တော်သာ သူ့လက်ထဲရှိမနေရင် သူ့ဒေါသတွေဒီထက်အရှိန်မြင့်နေလောက်ပြီ...။

"ချီလို အင်အားကြီးအင်ပါယာရဲ့အိမ်ရှေ့မင်းသားတစ်ပါးဖြစ်ပြီး သေးနုပ်တဲ့စုန့်ပြည်ရဲ့ ကချေသည်တစ်ယောက်ကိုမျက်စိကျတာက အဆင့်အတန်းမရှိလိုက်တာ"

ထိုစကားကြောင့်ပင် မင်းသားဂျွန်က သူ့အားစေ့စေ့ကြည့်လာသည်။

"ကြင်ယာတော်အလောင်းအလျာကိုအဆိပ်တွေတိုက်ကျွေးပြီး အတိတ်ကိုဝေဝါးစေတဲ့ သင့်လိုဘုရင်ကရော...အဆင့်အတန်းရှိလို့လား"

ခနဲ့သံဖြင့်ထွက်ပေါ်လာသည့်စကား၌ပါဝင်သော အကြောင်းအရာကြောင့် ဂျီမင်း၏မျက်ဝန်းများပြူးကျယ်ဝိုင်းစက်သွားလျက် ထယ်ယောင်းအား အထိတ်တလန့်ကြည့်လိုက်မိသည်။သူ့အားပြန်ကြည့်နေသည့်မျက်ဝန်းများသည် ငွေ့ရည်လွှမ်းလာကာ အရောင်မှိုင်းမှိုင်း။ အငယ်တော်သာသိသွားခဲ့ရင်ဟူသောအတွေးကြောင့် စိတ်များထူပူသွားကာ....

"မင်း...ဘာစကားတွေပြောနေတာလဲ"

အဆောတလျင်မေးမိသောစကားကို မင်းသားဂျွန်ကလှောင်ပြုံးတစ်ခုဖြင့်တုံ့ပြန်မှုပြုသည်။

"ကြင်ယာတော်အဖြစ်ဆောင်ယူခဲ့တဲ့မင်းသားတစ်ပါးကို ကြာနီအဆိပ်တိုက်ပြီး ကချေသည်ရာထူးပေးထားခဲ့တာ....အရှင်မင်းကြီးပဲမလား"

ခန္ဓာကိုယ်ရှိသွေးများရပ်တန့်သွားသည့်ခံစားချက်သည် မြတ်နိုးရသူအငယ်တော်၏ပါးပြင်ပေါ်ဖြတ်ပြေးသည့်မျက်ရည်များဆီမှအရင်းတည်သည်။

"မဟုတ်တာတွေပြောမနေနဲ့...ကျုပ်ကဘာလို့အဲ့လိုလုပ်ရမှာလဲ"

"စစ်ပရိယာယ်ပဲကြွယ်တယ်ထင်နေတာ...အရှင်မင်းကြီးကလေဟား...ဟား..."

မင်းသားဂျွန်ပြောသည့်စကားကိုဂရုမစိုက်နိုင်ပါ။ဒီအချိန်မှာ သူအကြောက်ဆုံးက အငယ်တော်သူ့ကိုစိတ်နာသွားမလား။မုန်းသွားမလား။ ရွံ့ရှာသွားမလား...။

"အငယ်တော်"

တိုးတိုးသာသာရေရွတ်မိသည်။အငယ်တော်ဟာသူ့အားကြေကြေကွဲကွဲကြည့်လျက်။ မျက်ဝန်းများမှမျက်ရည်တို့ဟာ မရပ်တန့်နိုင်သကဲ့သို့ အဆက်မပြတ်ဖြင့် ပါးပြင်ပေါ်ဖြတ်ပြေးကုန်သည်...။

"ကျွန်တော်မျိုးက အဆုံးထိယုံကြည်ခဲ့တာ...အရှင်မို့လို့လေ..."

ခေါင်းမငုံ့ပါ။
မျက်နှာထားဟာလဲ မခက်ထန်ပါ။
အကြည့်များဟာလဲမစိမ်းသက်ပါ။တစ်ခုတည်း။သူ့ကိုသာနာကျင်စွာငေးကြည့်နေခဲ့တာ...။

"အရှင့်ကိုမမုန်းပါဘူး...ကျွန်တော်မျိုးဘယ်အခါမှမမုန်းခဲ့ဖူးပါဘူး...ဒါကိုသာအရှင်သိထားပေးပါ အရှင်မခူးဆွတ်ရင်တောင် တစ်ချိန်ကျ ကြွေကျရမယ့်ပန်းတစ်ပွင့်ပဲ...အရှင်သာ စုန့်ကိုဘေးရန်မခပဲပြန်ပါ...စုန့်ပြည်ကအရှင့်ကိုလိုအပ်တယ်"

ကြေကွဲနေတဲ့မျက်ဝန်းတွေနဲ့ သူ့ကိုငေးကြည့်နေတဲ့အရှင်က သေရင်တောင် သူ့ကိုလက်လွတ်နိုင်မှာမဟုတ်မှန်းသိတယ်။သူဟာစုန့်ပြည်ရဲ့ နန်းကျမင်းသားတစ်ပါးပဲဖြစ်ဖြစ်၊ ဝေနိုင်ငံရဲ့နန်းကျမင်းသားတစ်ပါးပဲဖြစ်ဖြစ် တူညီတာတစ်ခုက နန်းကျမင်းသားတစ်ပါးဆိုတာပဲ။

အရှင်က သူ့ကို ဝေနိုင်ငံကနေကြင်ယာတော်အဖြစ်ဆောင်ယူခဲ့တယ်။ ဒါပေမယ့် အရှင့်ရဲ့လှပတဲ့လှည့်ကွက်တစ်ခုမှာပဲ ကချေသည်ဖြစ်ခဲ့ရပြန်တယ်။အရှင် ဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတာ ပါးနပ်တဲ့သူကနားမလည်နိုင်စရာလား။

အရှင်ဟာသူ့ကိုချစ်မြတ်နိုးလွန်းလို့ပဲလေ။
အမှန်တရားက ထင်ထားသလောက်တော့မခါးသီးတာမို့ ထယ်ယောင်းဟာခံနိုင်ရည်ရှိပြီးသား။

ရည်ရွယ်ချက်တွေကတူညီနေသေးတဲ့အကြောင်း အရှင့်ကိုပြောပြချင်လိုက်တာ။ ဘယ်လိုအခြေအနေဖြစ်ဖြစ် သူဟာချီအတွက်ပျက်စီးခြင်းကိုဆောင်ယူပေးမှာပါ။ဝေနိုင်ငံတွက်ရော...သူ့ဘိုးဘေးတွေအတွက်ရောပေါ့။

"အာ့!"

မင်းသားဂျွန်ဆီမှကြားလိုက်ရသည့် နာကျင်မှုကြောင့်ထွက်ပေါ်လာသည့်အသံ။

သူ့လည်ပင်းသို့ချိန်ထားရွယ်ထားသည့် မင်းသားဂျွန်ရဲ့ဓားသည် ကြမ်းခင်းပေါ်သို့ လွတ်ကျသွားခဲ့သည်။ရင်ဘတ်အားဖိကိုင်လျက်သူ့အနားသို့ပြိုကျလာသည့်ကိုယ်အား ထယ်ယောင်းအသင့်ထိန်းထားလိုက်သည်။

အကောင်းအတိုင်းရှိနေသည့်မင်းသားဂျွန်က ချက်ချင်းပင်ဖြူဖျော့ကာ နဖူးစပ်၌ ချွေးစေးများဝေ့သီလာသည်။ပြုတ်ကျသွားသည့်ဓားကိုကောက်ယူကာ ကြမ်းခင်းပေါ်ထောက်ရင်း ထရန်ကြိုးစားနေသည်။

"အရှင့်သား ဘာဖြစ်လို့လဲ"

ဘေးမှကိုယ်ရံတော်လီထိုက်၏စိုးရိမ်တကြီးမေးသံနဲ့အတူ မင်ဘုရင်၏ မဲ့ပြုံးတစ်ခု။

"မြေခွေး...လိုကောင်..အာ့.."

အရှေ့၌မတ်တပ်ရပ်လျက်ကြည့်နေသော အရှင့်ထံ ဒေါသမျက်လုံးဖြင့်ကြည့်ရင်း ရေရွတ်သည်။မင်းသားဂျွန်အားထိန်းကိုင်ထားသည့် ထယ်ယောင်းပင်လျှင် ရီဝေစွာနဲ့မူးလာသည်။ ညကကဲ့သို့တူညီသောခံစားချက်။ နှလုံးသားကစူးအောင့်လာသည့် ထိုခံစားချက်။

"အဟွတ်!"

ကိုယ်ခံအားနည်းနေသည့်ထယ်ယောင်းက ချက်ချင်းပင်သွေးများအန်ထွက်ကျလာသည်။

"အရှင်...မဟုတ်မှ...ဟာ့..."

ဟန်ချက်မထိန်းနိုင်စွာပြိုလဲသည့် သူ့ကိုယ်ကို ဒီတစ်ကြိမ်လှမ်းထိန်းလိုက်သူကမင်းသားဂျွန်။

သူတို့အရှေ့၌မတ်တပ်ရပ်နေသည့်အရှင်ဂျီမင်းက ချက်ချင်းပင် အပြုံးတို့ပျက်သုဉ်းလျက် ပုံပျက်နေသည့်သူ့အားကြောင်အစွာကြည့်နေသည်။

နောက်ဆုံးအချိန်အထိ အရှင်ဟာ ရှုံးပြန်သည်။ အိမ်ရှေ့စံဂျွန် အတွက်အဆိပ်ပါတဲ့ပွဲတော်ကို စီမံခဲ့ပေမယ့် ချစ်မြတ်နိုးရသူပါ အတူမိသွားသည်တဲ့လား....။

'မြွေပါလဲဆုံး၊ သားလဲရှုံး'ဆိုသလိုပင်  အရှင်ဂျီမင်းဟာ သိပ်သနားဖို့ကောင်းခဲ့လေတော့သည်။
.
.
.
.
.
.
.

ထိုနေ့ ညနေ၌ပင် မိဖုရားခေါင်ကြီးနန်းဆောင်က သူ့အားအခေါ်လွှတ်သည်။ သူ့အပေါ် ပြောင်းလဲသွားသောအကြည့်များက ထယ်ယောင်းဟာ အိမ်ရှေ့စံဂျွန်ရဲ့ကိုယ်လုပ်တော်တစ်ယောက်ဖြစ်သွားလို့များလား။

"ရုပ်ရည်သွင်ပြင်က ကိုယ်လုပ်တော်ဖြစ်ဖို့တော့လုံလောက်သားပဲ"

ထယ်ယောင်းရဲ့ရုပ်ရည်သွင်ပြင်အားကြည့်ပြီးပြောလာသည့်စကား။

"ယောက်ျားလေးကိုယ်လုပ်တော်ဆိုတာ စစ်ထွက်တဲ့အချိန်အနားမှာပြုစုလုပ်ကျွေးဖို့သက်သက်ချီးမြှင့်ခြင်းပဲ...ဘယ်ဘုရင်ကမှအိပ်ဆောင်သွင်းမှာမဟုတ်ဘူး...မဟုတ်တဲ့အတွေးတွေမဝင်နဲ့ အိမ်ရှေ့မင်းရဲ့နန်းတက်ပွဲမှာ မင်းသမီးတစ်ပါးကို ကြင်ယာတော်အဖြစ်ချီးမြှင့်သွားမယ်"

စကားကုန်ပြောကာ သူ့အဆင့်အတန်းကိုသတိပေးလိုက်သည့်မိဖုရားခေါင်ကြီး။

"လက်ဖက်ရည်တော်ဆောင်ဘက်မှာနေရာပေးလိုက်ပါ"

သူ့အထိန်းတော်အားထိုသို့ဆိုပြီး

"မင်းသားဂျွန်လာနေပြီအားလုံးဦးညွှတ်ထားကြ"

"အပြာရောင်ငယ်...ကိုယ်တော့်ကိုကြည့်"

"မဝံ့ရဲပါဘူးအရှင်"

"တောင်းဆိုခွင့်ရှိခဲ့ရင် စုန့်ပြည်ကိုပြန်ချင်ပါတယ်အရှင်"

"ကျွန်တော်မျိုးဟာ အရှင့်ရဲ့ကြင်ယာတော်ဖြစ်မလာနိုင်ပါဘူး..."


.
.
တောင်တွေရဲ့အဆုံးသတ်နေရာ...။
ဒါပေမယ့် အဆုံးမဲ့တဲ့ သမုဒ္ဒရာပြင်ကြီးကိုမျက်နှာမူထားတဲ့စုန့်ပြည်။

စုန့်ပြည်ရဲ့အလယ်ဗဟို၌အချက်ကျကျတည်ရှိနေတဲ့ မင်နန်းတော်။လရောင်အောက်ငြိမ်သက်စွာအိပ်မောကျနေတဲ့နန်းတော်ကြီး။ ဘုရင်စံရာအရှေ့နန်းဟာလဲ ညဉ့်ဦးယံမှာ တိတ်ဆိတ်လို့။

ဘုရင့်အိပ်ဆောင်မှတစ်ဖက်ဖွင့်ကာ ဆောက်ထားသည့်လသာဆောင်ကတော့ ဖြာကျနေတဲ့လရောင်ပြာပြာရဲ့ချစ်ခြင်းကိုထွေးပွေ့ခံယူလျက်။

နို့နှစ်ရောင်ပိုးသားဝတ်ရုံရှည်ကိုဆင်မြန်းထားသည့် မင်ဘုရင်သည် ထိုလသာဆောင်လက်ရန်းနားရပ်၍နေ,နေသည်။ သူ၏လက်ထဲ၌ရှိနေသည့် ခြူလုံးပါသောရွှေခြေကျင်းတစ်စုံကို မြတ်နိုးယုယစွာဖြင့် ငေးမောလျက်ကြည့်သည်။

လက်တစ်ဖက်ဖြင့်ကိုင်ထားပြီးကျန်လက်တစ်ဖက်ဖြင့် အသာထိတွေ့တော့ အသက်ဝင်လာတဲ့ချူသံလေးတွေ။ အငယ်တော့်ခြေလှမ်းတိုင်းမှာကြားရလေ့ရှိတဲ့ထိုအသံလေးတွေကို သူသိပ်လွမ်းမိသည်။

ချူသံချင်းတူပေမယ့် မတူကွဲပြားသည်ကိုတော့ နှလုံးသားနဲ့နားထောင်မှသာခွဲခြားသိနိုင်လိမ့်မည်မလား။

"အိပ်ဆောင်ဝင်ဖို့အချိန်ရောက်နေပါပြီအရှင်..."

သူ့အနားသို့ရောက်လာကာ ခပ်တိုးတိုးပြောသည်။ လရောင်အောက်မှာအေးချမ်းတည်ကြည်နေတဲ့မျက်နှာလေးကို တမေ့တမောငေးမိသည်။

"ညဉ့်နက်နေပြီ...တေးသီငှက်တွေတောင်အိပ်တန်းတက်ကြပြီလေအရှင်"

သူ့လက်ကိုဆွဲယူကာ အိပ်ခန်းဆောင်သို့ခေါ်ဆောင်သည်။ခြူသံများကတိတ်ဆိတ်လျက်။ စန္ဒကူးနံ့သင်းသင်းဟာလဲ အဝေးဆုံးဆီလွှင့်ပျံ့လျက်။သူ့အားပြုံးပြနေသည့်မျက်နှာလေးဟာ လရောင်အောက် တစ်စထက်တစ်စ ဝေဝါးသွားခဲ့သည်။

"အငယ်တော်"

လှမ်းဖမ်းလိုက်ပေမယ့် သူ့လက်တစ်စုံဟာ လေကိုသာခွင်းမိပြန်သည်။

ပုံရိပ်ယောင်သက်သက်တဲ့လား အငယ်တော်ရယ်။
အရှင့်အနားကို တစ်ကယ်ပြန်လာတာမဟုတ်ဘူးတဲ့လား။

ကိုယ်တော်အရူးတစ်ယောက်လို ဖြစ်သွားတဲ့အချိန်တွေရှိတယ်အငယ်တော်။

တေးသီငှက်တွေတိတ်ဆိတ်သွားတဲ့အခါ။
လေပြည်တွေက မင်းအနံ့အသက်ကိုမဆောင်ကျဉ်းတော့တဲ့အခါ။
ဖြာကျနေတဲ့လရောင်အောက် ကိုယ်တစ်ယောက်သာရှိနေတော့တဲ့အခါမှာပေါ့။

.
.
.
.
.
.
.
ထိုနေ့ ညနေ၌ပင် မိဖုရားခေါင်ကြီးနန်းဆောင်က သူ့အားအခေါ်လွှတ်သည်။ သူ့အပေါ် ပြောင်းလဲသွားသောအကြည့်များက ထယ်ယောင်းဟာ အိမ်ရှေ့စံဂျွန်ရဲ့ကိုယ်လုပ်တော်တစ်ယောက်ဖြစ်သွားလို့များလား။

ထယ်ယောင်းကို သေသေချာချာစူးစမ်းကာကြည့်သည့်မိဖုရားခေါင်ကြီး။

"ရုပ်ရည်သွင်ပြင်က ကိုယ်လုပ်တော်ဖြစ်ဖို့တော့ တော်တော်လေးလုံလောက်သားပဲ"

ထယ်ယောင်းရဲ့ရုပ်ရည်သွင်ပြင်အားကြည့်ပြီးဝေဖန်သည်။ မထုံတက်သေးဖြင့်ပြန်ကြည့်မိတော့ မိဖုရားခေါင်ကြီးက မထီတရီပြုံးသည်။

"မင်းဘာသာမင်း အရင်က စုန့်ပြည်ရဲ့ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အခုတော့ မင်းက အိမ်ရှေ့စံဂျွန်ရဲ့ယောက်ျားလေးကိုယ်လုပ်တော်တစ်ယောက်ဆိုတာပဲသိထားပါ"

သူ့မှာရှိနေသည့်မာနကိုချိုးနှိမ်ချင်ဟန်တူသော သူမကြောင့် ထယ်ယောင်းကိုယ်တိုင်လဲအနည်းငယ် ပြုံးမိသွားသည်။ ကိုယ်လုပ်တော်ဘဝနဲ့သူ့လို ယောက်ျားက ရောင့်ရဲတင်းတိမ်နိုင်ရအောင် ရူးနေတာမို့လို့လား။ အရှင့်ဆီကသေချာပေါက် တော်ကောက်ပြီးမိဖုရားတင်မြှောက်မှုကို ခံယူဦးမှာ။

"အရင်ကတော့စုန့်ပြည်ရဲ့တော်ဝင်ကချေသည်ဆိုပေမယ့်....မယ်မယ်ပြောနိုင်လို့လား...ချီဘုရင်ရဲ့ တော်ဝင်မိဖုရားဖြစ်မလာနိုင်ဘူးလို့လေ...အဟင်း..."

ထယ်ယောင်းရဲ့ မထီမဲ့မြင်ထိုစကားကြောင့် မိဖုရားခေါင်ကြီးဟာ ဒေါသဖြင့်တဆတ်ဆတ်တုန်သွားလျက်...

"တိတ်လိုက်စမ်း...ယောက်ျားလေးကိုယ်လုပ်တော်ဆိုတာ စစ်ထွက်တဲ့အချိန်အနားမှာပြုစုလုပ်ကျွေးဖို့သက်သက်ချီးမြှင့်ခြင်းပဲ...ဘယ်ဘုရင်ကမှအိပ်ဆောင်သွင်းမှာမဟုတ်ဘူး...မဟုတ်တဲ့အတွေးတွေဝင်မလာနဲ့။အိမ်ရှေ့မင်းရဲ့နန်းတက်ပွဲမှာ တော်ဝင်မင်းသမီးတစ်ပါးကိုပဲ ကြင်ယာတော်အဖြစ်ချီးမြှင့်သွားမှာ"

စကားကုန်ပြောကာ သူ့အဆင့်အတန်းကိုသတိပေးလိုက်သည့်မိဖုရားခေါင်ကြီး။ တော်ဝင်မင်းသမီးတစ်ပါးဆိုလားပဲ။
အဲဒီတော်ဝင်မင်းသမီးကို အိမ်ရှေ့စံဂျွန်က လက်ဖျားနဲ့တောင်ထိချင်မှာမဟုတ်တော့ဘူး။ဘာလို့လဲဆိုရင်  အိမ်ရှေ့စံဂျွန်ဆီမှာ သူ့ခန္ဓာကိုယ်ကို ဘယ်လိုပေးဆပ်ခဲ့လဲ သူပဲသိတယ်လေ။

"ကျွန်တော်မျိုးကဒီတိုင်းစကားအဖြစ်ပြောတာပါ...မယ်မယ်မစိုးရိမ်ပါနဲ့...အိမ်ရှေ့စံဂျွန်အတွက် ကျွန်တော်မျိုးက မက်လောက်စရာမှမရှိတာ"

အရှေ့မှကောင်လေးက ထိုသို့ပြောနေပေမယ့် မိမိမှာတော့ ကိုယ့်အကြောင်းတရားနဲ့ကိုယ် ပူလောင်နေရသည်မလား။မက်လောက်စရာမရှိဘူးတဲ့။ မိန်းကလေးရှုံးအောင်လှတဲ့အရှေ့ကကောင်လေးဟာ သားတော်ရဲ့ကိုယ်လုပ်တော်ဖြစ်နေပြီဆိုတဲ့အကြောင်းတရားနဲ့တင် သူ့သားတော်က မစွဲမက်ဘဲ မနေနိုင်တော့မှန်းမိခင်ဖြစ်တဲ့သူသာသိ၏။

"ဟန်ရှန့်ကုံး...သူ့ကို လက်ဖက်ရည်တော်ဆောင်ဘက်မှာနေရာပေးလိုက်ပါ"

သူ့အထိန်းတော်အားထိုသို့ဆိုပြီး မျက်နှာလွှဲသွားသည်။ အရိုအသေပြုကာထလာပြီး ရှန့်ကုံးမယ်မယ်ခေါ်ရာနောက်သာလိုက်လာခဲ့လိုက်၏။

ဤသို့ဖြင့်လက်ဖက်ရည်တော်ဆောင်ဘက်၌ သုံးရက်မျှကြာသွား၏။

"မင်းသားဂျွန်လာနေပြီအားလုံးဦးညွှတ်ထားကြ"

မနက်ခင်း လက်ဖက်ရည်ဆက်ရန်ပြင်ဆင်နေကြရင်းမှ အထိန်းတော်ချုပ်ကြီးရဲ့စကားကြောင့် အားလုံးက ပျာယာခတ်ကာ လုပ်လက်စများချလျက် ဦးညွှတ်ထားကြသည်။

တစ်သက်နှင့်တစ်ကိုယ် လက်ဖက်ရည်ဆောင်ဘက်ခြေဦးမလှည့်ဖူးသည့် အိမ်ရှေ့စံဂျွန် ဒီနေရာသို့ရောက်လာရခြင်းဟာ ထယ်ယောင်းကြောင့်မှန်းအားလုံးသိကြသည်။ အဆောင်ထဲဝင်လာသည်နှင့် ဘာကိုမှမမေးမမြန်းဘဲ မတ်တပ်ရပ်ကာ ဦးညွှတ်အရိုအသေပြုထားသည့် ထယ်ယောင်းအရှေ့သို့တန်းရောက်လာသည်။

"အပြာရောင်ငယ် ကိုယ်တော့်ကိုကြည့်"

ကျယ်လောင်စွာထွက်ကျလာသည့်အိမ်ရှေ့စံဂျွန်ရဲ့အသံဟာ လက်ဖက်ရည်ဆောင်အတွင်းရှိလူများကို တုန်လှုပ်သွားစေသည်။

"မဝံ့ရဲပါဘူးအရှင့်သား"

ထိုအသံနှင့်ဆန့်ကျင်ဘက် သိမ်မွေ့နူးညံ့စွာထွက်ကျလာသည့်စကားက အိမ်ရှေ့စံဂျွန်ရဲ့ကိုယ်လုပ်တော်ဆိုသူ ယောက်ျားငယ်ထံမှ။

"ကျုပ်နဲ့အတူအိမ်ရှေ့နန်းဆောင်မှာဘဲနေရမယ်... ကျုပ်နန်းမတက်မချင်း ဘယ်မှသွားဖို့မစဉ်းစားနဲ့"

"အရှင့်သား"

အိမ်ရှေ့စံဂျွန်က ဘာကိုမှဂရုမစိုက်ဘဲ ထယ်ယောင်းရဲ့လက်ကောက်ဝတ်ကိုဆတ်ကနဲဆွဲကိုင်၍ လက်ဖက်ရည်တော်ဆောင်ဘက်မှ ခေါ်ထုတ်သွားတော့သည်။

ဒုတိယအကြိမ်ရောက်လာရသည့်အိမ်ရှေ့စံနန်းဆောင်။ မိဖုရားခေါင်ကြီးသာသိရင် ပြဿနာတက်မယ်ဆိုပေမယ့် အရှင့်သားက သူ့ကိုလာခေါ်မယ်မှန်း ကြိုသိနေတော့လည်း...။

"ကျွန်တော်မျိုးဒီမှာရှိမနေသင့်ပါဘူးအရှင့်သား...အရှင့်သားရဲ့မယ်မယ်ဘုရားက..."

အဆုံးထိဆက်မပြောဘဲ ခေါင်းလေးငုံ့ကာ တိတ်ဆိတ်သွားသည့်အပြာရောင်ငယ်။ သူ့ခွင့်ပြုချက်မရဘဲ အပြာရောင်ငယ်ကို လက်ဖက်ရည်တော်ဆောင်ဘက်ပို့လိုက်လို့ ထိုနေ့ကဘဲမယ်တော်နဲ့စကားအချေအတင်ဖြစ်ခဲ့သေးသည်။

ဒီနှစ်ရက်အတွင်း စုန့်ပြည်နဲ့ရှင်းစရာရှိသည့် ပဋိပက္ခတစ်ချို့ဖြေရှင်းနေရတာမို့ ချက်ချင်းသွားမခေါ်နိုင်တဲ့သူ့အဖြစ်။

"ကျုပ်လူကျုပ်ပြန်ခေါ်တာပဲ"

"ဒါပေမယ့်..."

"မင်းက ကိုယ်တော့်ရဲ့ကြင်ယာတော်ဖြစ်လာမယ့်သူဆိုတာပဲသိထားရင်ရပြီ"

ထယ်ယောင်းမျက်ဝန်းထဲဖြတ်ပြေးသွားသည့် စိုးရိမ်မှုတစ်ချို့။ သူလိုချင်တဲ့အရာဆိုပေမယ့် အရှင့်သားက တစ်ဇွတ်ထိုးဆန်လွန်းနေတယ်။


.
.
.
.
.
.
.
အချိန်ကား အရှင်ဂျွန်နန်းတက်ပွဲပြီး၍ နှစ်လတိုင်တိုင်ကြာခဲ့ပြီ။

အိမ်ရှေ့နန်းဆောင်တွင်ရှိစဥ်က အရှင်နဲ့အတူစံခဲ့ရပေမယ့် အရှင်နန်းတက်ကာ သူ့ကိုကြင်ယာတော်မိဖုရားအဖြစ်တင်မြှောက်လေတော့ အနောက်ဆောင်သို့ရောက်ခဲ့ရသည်။

မာယာများတဲ့အနောက်ဆောင်ထဲမှာဘယ်လိုရှင်သန်ရမလဲဆိုတာကို ထယ်ယောင်းသေချာသိသည်။ချီနန်းတော်ရဲ့သမိုင်းမှာတော့ သူဟာ ဆောင်ရနန်းရဖြစ်လာသည့် ဒုတိယမြောက်သောအမျိုးသားကြင်ယာတော်မိဖုရား။

နန်းတွင်းနန်းပြင်ပြောနေကြသည့်စကားရှိသည်။ 'ဘုရင်က တော်ကောက်လို့ မင်းကတော်ဖြစ်လာတဲ့ယောက်ျား'တဲ့။

စည်းမျဉ်းတို့အရဆို ဘုရင့်ကြင်ယာတော်မိဖုရားဟာ အနောက်ဆောင်ရဲ့ စံသတ်မှတ်ချက်အပေါင်းနဲ့ပြည့်စုံတဲ့သူမှသာဖြစ်ရမည်။ ပထမဆုံးသော ဆောင်ရနန်းရဖြစ်ခဲ့သည့် အမျိုးသားကြင်ယာတော်သည် နန်းမျိုးနန်းနွယ်ဖြစ်ရုံသာမက ယခင်မင်းတရားကြီး၏ ငယ်သူငယ်ချင်းလဲဖြစ်ခဲ့သည်။ ချစ်ခင်စုံမက်ခြင်းမရှိခဲ့ကြသော်လည်း အနောက်ဆောင်ရဲ့စံသတ်မှတ်ချက်တွေနဲ့ အကုန်ပြည့်စုံ၍ ကြင်ယာတော်မိဖုရားအဖြစ် အားလုံးကတင်မြှောက်ခဲ့ကြသည်လေ။

ထယ်ယောင်းသည်တော့ သူတို့နှင့်မတူညီပါ။ အရှင်၏ဆုံးဖြတ်ချက်တစ်ခုနှင့်သာ ကိုယ်လုပ်တော်ဖြစ်ခဲ့သည်။အားလုံးကကန့်ကွက်နေကြသည့်အခြေအနေကြားထဲမှ အရှင်ကိုယ်တိုင် သူ၏ နန်းတက်ပွဲ၌ ကြင်ယာတော်အဖြစ်တစ်ပါတည်းချီးမြှောက်ခဲ့သည်။

သိပ်ပြီးခက်ခဲနေတာမျိုးမဟုတ်ခဲ့ပေမယ့် ဒီနေရာမှာတည်မြဲဖို့ ထယ်ယောင်းဟာ သူ့အပေါ်ချစ်ခင်မြတ်နိုးခြင်းမရှိတဲ့အရှင့်ကိုဘယ်အချိန်ထိ ထိန်းချုပ်ထားနိုင်မှာတဲ့လဲ။
.
.
.
.
.
.
.
.

"ကြင်ယာတော်မိဖုရားလဲ အနောက်ဆောင်ကဥပဒေကိုလေးစားရမယ်...မင်းကြီးက ပစားထားတယ်ဆိုတိုင်း အားလုံးကို မျက်ကွယ်ပြုပြီးမနေသင့်ဘူး"

သူဆက်သသည့် လက်ဖက်ရည်တစ်ခွက်ကိုလက်ခံရင်းဖြင့် စကားဆိုလာသည့်ဘွားတော်ဘုရား။

"သွန်သင်စရာရှိရင် ဘွားတော်ကသွန်သင်ပေးပါဦး"

"တစ်ပတ်မှာ အနည်းဆုံးတစ်ခါလောက်တော့ နန်းမတော်ကိုအရိုအသေပြုသွားသင့်တယ်...အနောက်ဆောင်ကိုရောက်လာကတည်းက နန်းမတော်ရဲ့အဆောင်ဆီတစ်ခါမှ ဂါရဝပြုမရောက်သေးဘူးကြားတယ်"

အပြင်ပန်း၌သာ အပြုံးတို့ကိုဟန်လုပ်ထားရပေမယ့် ထယ်ယောင်းရင်ထဲမှာတော့ တိမ်စိုင်များညိုစပြုနေပြီ။အရှင့်ရဲ့မယ်တော်ဖြစ်သည့် နန်းမတော်က သူ့အား လက်ညှိုးထိုးကာပင် မှိုချိုးမျှစ်ချိုးဆိုသလို အနောက်ဆောင်မှနှင်ထုတ်ဖူးသည်မလား။ အနောက်ဆောင်မှာအာဏာအရှိဆုံးဆို ဘွားတော်ဘုရားနှင့် နန်းမတော်၊ ပြီးနောက် ဟွာအင်းမိဖုရား။

နန်းမတော်ထက် မင်းတရားကြီး၏အချစ်ကိုရရှိသည့်ဟွာအင်းမိဖုရားကတော့ အနောက်ဆောင်အရေးကို သိပ်စိတ်မဝင်စား။ ဘွားတော်ဘုရားကလဲ အသက်ကြီးသူတစ်ယောက်မို့ အနောက်ဆောင်ကိုအုပ်ချုပ်သည်ဆိုတာထက် လိုအပ်သည်များကိုသာဦးစီးဦးဆောင်ပြုသူ။ နန်းမတော်ကတော့ထိုသို့မဟုတ်။ မင်းကြီး၏မယ်တော်ဖြစ်ပြီး မင်းတရား၏မိဖုရားကြီးဆိုသည့်ဂုဏ်နှင့် အနည်းငယ်မောက်မာချင်သည်။

အနောက်ဆောင်ကိုသူသာလျှင်လွှမ်းမိုးရမည်ဟူသော အတ္တစိတ်လဲရှိချင်ရှိနေဦးမည်။ထယ်ယောင်းဆီမှာ နန်းမတော်အားကြောက်သည့်စိတ်မရှိပါ။ သို့သော် သူရင်ဆိုင်ရမည့်တစ်ဦးတည်းသောသူက အရှင်ရဲ့မိခင်မို့ အနည်းငယ်စိုးရွံ့သည်။

"အရှင်နဲ့အတူနောက်ဆုံးအိပ်ဆောင်ဝင်ခဲ့တာ တစ်လလောက်ရှိပြီမလား ကြင်ယာတော်ကင်မ်..."

ဝတ်ရုံအောက်မှထယ်ယောင်းလက်တို့သည်အချင်းချင်းကုတ်ခြစ်မိကြသည်။လူပြောစရာဖြစ်သည့်အကြောင်းတွေထဲ သူ့နန်းဆောင်သို့အရှင်မလာသည့်သတင်းကလဲတစ်ခုအပါအဝင်။

အရှင်က သူ့ကိုမြတ်နိုးစုံမက်လို့မိဖုရားအရာထားခဲ့တာမှမဟုတ်ဘဲ။ တစ်ခြားသောယောက်ျားသားတို့လို လှတာမြင်ပြီးရချင်လို့ ယူထားရုံသက်သက်။

"အရှင်က နိုင်ငံ့အရေးကိုအာရုံစိုက်နေလို့ထင်ပါတယ်"

စိတ်ထဲဂယက်ရိုက်နေသလောက် တည်ငြိမ်သောအသွင်ဖြင့် လျှောက်တင်လေတော့ ဘွားတော်ကသူ့အားကြည့်ရင်း သက်ပြင်းအရှည်ကြီးကိုချလျက်...

"နန်းမတော်စိတ်ကွက်မယ့်အရာဆို ဘာတစ်ခုမှမလုပ်မိစေနဲ့...ဘုရင့်ရင်သွေးကိုလွယ်နိုင်တဲ့သူမဟုတ်တဲ့ဘဝမှာ မာနတွေကိုချိုးနှိမ်ထားတာက အနောက်ဆောင်မှာနေရာမြဲမယ့်တစ်ခုတည်းသောနည်းလမ်းပဲ...ဘွားတော်ကမင်းကိုခင်တွယ်လို့ ဒီလိုစကားပြောရတာ...နန်းမတော်ဆီကိုသွားပြီး မင်းကြီးအတွက်ကိုယ်လုပ်တော်ခေါ်ယူဖို့ စကားအရင်ကြောင်း...မင်းကြီးရဲ့ဘေးကို မိဖုရားတစ်ပါးရောက်မလာခင် ကိုယ်လုပ်တော်ရဲ့ရင်သွေးကိုပဲဖြစ်ဖြစ် မင်းကလက်ဦးမှုယူထားရမယ်မလား"

စကားကုန်ပြောလာသည့်ဘွားတော်ဘုရားကိုသာ စူးစိုက်ကာကြည့်လိုက်မိတော့သည်။ဘွားတော်ဘုရား၏မျက်ဝန်းတွေကလဲ သူ့အားကြင်နာစွာကြည့်နေသည်။ထိုအကြည့်၌ သနားရိပ်များလဲတစ်စွန်းတစ်စပါဝင်ချင်ပါဝင်လိမ့်မည်။ဒီအတောအတွင်း သူကအနောက်ဆောင်ရဲ့သနားစရာလူတစ်ယောက်ဖြစ်နေခဲ့တာများလား။

"ဘွားတော်ရဲ့အမြှော်အမြင်ကြီးမှုကို ကျွန်တော်မျိုးလိုက်မမှီနိုင်တော့ပါဘူး"

ကျေးဇူးစကားအား ပါးနပ်စွာဆိုလိုက်သည်။ အမှန်တရားနှင့် ဖြစ်သင့်သောအရာကိုထုတ်ပြောလာသည့်ဘွားတော်ရဲ့စကားများအား တစ်ကယ်တမ်းတော့ ခံနိုင်ရည်သိပ်မရှိ။

အရှင့်အပေါ်လွှမ်းမိုးနိုင်ရမည်ဟူသောအသိနဲ့ ဒီနေရာအထိတက်လာခဲ့သူကထယ်ယောင်း။ ယခုတော့ အနောက်နန်းရဲ့အရှုပ်တော်ပုံထဲသာရောက်လာရသည်။ အရှင့်ဆီက သူ့အပေါ်အာရုံစိုက်မှုဟာ သိသိသာသာကို လျော့ပါးနေသည်။

"မင်းကြီးကို မောင်မင်းတစ်ယောက်တည်း မောင်ပိုင်စိုးလုပ်ဖို့ရည်ရွယ်ချက်တော့ မရှိဘူးမလား"

ရိုးရှင်းမလိုနှင့်ရှုပ်ထွေးသည့်ထိုမေးခွန်း။ 'မုန့်ကိုတော့ဝေစားနိုင်သည်။အချစ်ကိုတော့ခွဲဝေမပေးနိုင်ပါ'ဟုပြောရအောင်လဲ အရှင်ဟာ သူ့ကိုချစ်သည်မဟုတ်။

ပုံမှန်ဆို ဘုရင်တစ်ပါးက ညီလာခံအတူဝင်မည့် မိဖုရားခေါင်တစ်ယောက်၊ ပွဲလမ်းအတူနွဲသည့် မိဖုရားငယ်နှစ်ယောက်နဲ့ ကိုယ်လုပ်တော်ဆယ်ဦးထက်မနဲရှိရမည်။ ယခု အရှင့်တွင်ကား သူတစ်ယောက်တည်း။

နန်းသက်နှစ်လသာရှိသေးသည်မို့ အနောက်ဆောင်စည်ကားဖို့အတွက် မည်သူကမျှတွန်းအားမပေးကြသေးတာပင်။ ကြာလာရင်တော့ အရှင့်ထံ၌ တစ်ခြားကြင်ယာတော်များထပ်ရှိလာနိုင်သည်မလား။

"ဒီကိစ္စမှာတော့ အရှင့်အတွက်ကျွန်တော်မျိုးကသဘောထားကြီးပေးမှာပါ ဘွားတော်ဘုရား"

ထိုစကားတို့ကိုဆိုသည့်နှုတ်ခမ်းတစ်စုံသည် အပြုံးတုတို့ဖြင့်...။
.
.
.
.
.
.
.
.

ပန်းဥယျာဉ်သို့အရှင်အလည်လာမည်ဟူသောသတင်းကို ထယ်ယောင်းလျှို့ဝှက်စွာကြားထားသည်။
မည်သူနှင့်တွေ့ဖို့ချိန်းဆိုထားသည်မှန်းမသိရသော်လည်း အရှင်ကအနောက်နန်းနဲ့အနီးဆုံးနေရာကိုလာတယ်ဆိုမှတော့ ထယ်ယောင်းတို့က အလှပြပဲဖြစ်ဖြစ် သွားရမှာပေါ့။

မဖိတ်ခေါ်ပေမယ့် တိုက်ဆိုင်သလိုဟန်လုပ်ရမှာပဲ။ အရှင့်ဆီကအာရုံစိုက်မှုရမည့်အခွင့်အရေးကို သူစိုးစဉ်းမျှပင်လက်လွတ်မခံနိုင်။ထို့ကြောင့် မနက်အိပ်ယာထကတည်းက ကြေးမုံရှေ့သို့ ရောက်မှန်းမသိရောက်နေရသည်။

မျက်နှာထက်ပါးပါးလေး ဖို့ထားသည့်မျက်နှာချေမှုန့်၊ နှုတ်ခမ်းသားအားနု နဂိုထက်သာ၍ နုထွေးနေစေသည့် ဆေးသား။ တင်ပါးအောက်အထိဖြောင့်စင်းစွာကျနေသည့်ဆံနွယ်တို့ကလည်း သပ်ရပ်စွာဖြီးထားလျက်။

ကချေသည်ဘဝကတည်းကထယ်ယောင်းအဖို့မျက်နှာချေသုံးခဲ့သည်ဆိုသော်ငြား ယခုတော့ အရှင့်တစ်ယောက်တည်းအတွက်သာဟူသောအသိကြောင့်ရင်ထဲတလှပ်လှပ်။

အပြာရင့်ရောင်ပိုးသားဝတ်ရုံကိုဝတ်ဆင်လိုက်တော့ အရှင်ခေါ်နေကျ နာမတစ်ခုကစိတ်အစဉ်သို့စိုးမိုးလာသည်။ အပြာရောင်ပိုးစဖြင့်သာချည်နှောင်ထားသည့်ဆံပင်ရှည်များဟာ စန္ဒကူးနံ့ပျံ့လွှင့်နေသည်။ လိပ်ပြာပွင့်သဏ္ဍာန်ပန်းပါသည့် ကျောက်စိမ်းဆံထိုးတစ်ချောင်းကို ထုံးနှောင်ထားသည့်ဆံသားထက် ပန်ဆင်လိုက်တော့ ပြင်ဆင်မှုဟာ အနည်းငယ်မျှဖြင့် ပြည့်စုံသွားသည်။

အပျိုတော်တစ်စုရဲ့ပြင်ဆင်ပေးမှုအပြီးမှာ ထယ်ယောင်းအလှဟာ ဘာမှမထူးခြားပါပဲ ကျက်သရေရှိစွာတည်ငြိမ်လျက်။

"ကြင်ယာတော်ကင်မ်က ကျက်သရေရှိလိုက်တာ"

ဘေးမှအပျိုတော်က မနေနိုင်စွာဖြင့်ပြောထွက်လာသည်။

"အရှင်မရောက်ခင် ကြိုပြီးသွားစောင့်ကြရအောင်"

သူတို့ခစားလာသည့်နှစ်လအတွင်း ကြင်ယာတော်ကင်မ်ရဲ့ လန်းဆန်းသည့်ပန်းလိုအသွင်ဟာ ဒီနေ့မှသာဖြစ်ပေါ်သည်။အရှင်နှင့်တွေ့ရမည်ဆိုသော နေ့မှာပေါ့။

"ဟုတ်ကဲ့ပါမယ်မယ်"

အနောက်နန်းနှင့်ကပ်လျက်တည်ရှိသည့် ပန်းဥယျာဉ်။ အကြောင်းမကြားပါပဲ ရောက်လာသည့် ကြင်ယာတော်ကမ်နှင့်အပျိုတော်တို့ကြောင့် ပန်းဥယျာဉ်ထဲမှ တာဝန်ကျနန်းသူများမှာ အလန့်တကြားဖြစ်သွားရသည်။

နန်းတက်ပွဲပြီးကတည်းက အနောက်ဆောင်၌ ငြိမ်နေသည့်ကြင်ယာတော်ကင်မ်က ထူးဆန်းစွာနန်းဆောင်အပြင်သို့ထွက်လာသည်မို့အံ့ဩကြသည်ကလဲတစ်ကြောင်းအပါအဝင်။

"ကြင်ယာတော်မိဖုရားကိုဂါရဝပြုပါတယ်"

အားလုံးကစုရုံးကာ ဒူးထောက်လျက်အရိုအသေပြုကြသည်။

"အားလုံးထကြပါ"

ရှတတဖြင့် လေးနက်ကာအေးချမ်းသည့် အသံသည် ဧကရီတစ်ပါး၏ဩဇာတစ်ခုအသွင် တူညီသည်။မျက်လွှာပင့်သည်ဆိုရုံမျှသောအကြည့်ဖြင့် အားလုံးကိုဝေ့ဝိုက်ကြည့်လာသည့်ကြင်ယာတော်ကင်မ်။

"မနက်အစောပိုင်း ကြင်ယာတော်ကင် ပန်းဥယျာဉ်ကိုရောက်လာမယ်လို့မထင်ထားမိဘူး...အကြောင်းကိစ္စတစ်ခုခု ရှိလို့များလားမယ်မယ်"

ခေါင်းဆောင်နန်းတွင်းသူတစ်ယောက်ကမေးလေတော့ နူးညံ့စွာပြုံးပြီး...

"ပန်းဥယျာဉ်ကိုတစ်ခါမှမရောက်ဖူးသေးလို့ပါ...မယ်မင်းတို့အခက်တွေ့မယ့်ကိစ္စ ဘာတစ်ခုမှမလုပ်ဘူးမို့ ကိုယ့်အလုပ်ကိုယ်လုပ်ကြပါ"

"ဟုတ်ကဲ့ပါမယ်မယ်"

မနက်ခင်းရဲ့ နေရောင်အောက်၌ ငြိမ်သက်နေသည့် အလှကျက်သရေတစ်ခုဆိုပါက သူတို့အရှေ့မှကြင်ယာတော်မိဖုရားသာဖြစ်လိမ့်မည်။ နက်မှောင်သည့်ဆံနွယ်ရှည်တွေဟာ နေရောင်ထဲမှာလက်ကနဲ။ အပြုံးနုနုတို့က မိုးစင်ကာပွင့်သည့်ပန်းလို။

"မယ်မယ်...ဥယျာဉ်ရဲ့အနောက်ဘက်မှာ ကြာကန်ရှိပါတယ်...အဲ့ဒီဘက်မှာလေသာဆောင်လဲရှိတာမို့ အရှင်ကလာရင် အဲ့ဒီကိုလာပါလိမ့်မယ်"

အနောက်မှအားထားရသူအပျိုတော်၏စကားသံတိုးတိုး။

"ကြာကန်ကိုသွားကြတာပေါ့"

မိန့်ဆိုမှုအပြီးမှာ ကြင်မ်ယာတော်ကင်မ်နှင့်အပျိုတော်များသည် ပန်းဥယျာဉ်အနောက်ဘက်ရှိ ကြာကန်သို့။
.
.
.
.
.
.
"ပန်းဥယျာဉ်ထဲရောက်နေတာ ဘယ်သူများလဲလို့...ကြင်ယာတော်ကင်မ်ပဲ"

ကန်စပ်၌ဆောက်ထားသည့်လေသာဆောင်ထဲနေနေခိုက် အနောက်ပါးဆီမှထွက်လာသည့်စကားသံ။ လှည့်ကြည့်လိုက်တော့ ခရမ်းရောင်ဝတ်ရုံနှင့်မိန်းမလှလေးတစ်ယောက်။သူမအနောက်၌ အပျိုတော်များပါသည်မို့ နန်းတော်ထဲအရေးပါသူတစ်ယောက်ဖြစ်လိမ့်မည်။

ပထမဆုံးသောတွေ့ဆုံခြင်းဖြစ်ပေမယ့် သူမရဲ့အကြည့်စူးစူးကို ထယ်ယောင်းလုံးဝ ဘဝင်မကျ။ပြီးတော့ သူမရဲ့အလှဟာလဲ အဆိပ်ပါသည့်အလှလို။

"ကျွန်တော်မျိုးမဂါရဝပြုပါတယ်"

သူ့အားဂါရဝပြုလာသည့်မိန်းကလေးဟာ သူ့ထက်အဆင့်နိမ့်သူမှန်းသတိထားမိလိုက်ပေမယ့် ရဲတင်းသည့်အကြည့်တွေကိုတွေ့လိုက်ရတော့ စိတ်ထဲစနိုးစနောင့်။

အနားသို့တိုးကပ်လာကာ တိုးတိတ်စွာလာပြောသည့် သူ့အပျိုတော်ရဲ့စကားမှာ ထယ်ယောင်းမျက်နှာတည်သွားခဲ့သည်။

"ဂိုအင်ဆောလို့ခေါ်ပါတယ်...ကျွန်တော်မျိုးမလဲ မကြာခင် အရှင့်ကြင်ယာတော်တစ်ပါး ဖြစ်လာမှာပါ...မယ်မယ် အဟင်း"

ရယ်သွမ်းသွေးကာ မထီမဲ့မြင်လျှောက်တင်သည်။ ဟွာအင်းမိဖုရား၏ မြေးတော်သူဖြစ်ပြီး မင်းသားဆောင်းဟွန်းရဲ့တူမတော်။ နန်းမတော်တစ်ချိန်ကပြောတဲ့ တော်ဝင်မင်းသမီးတစ်ပါးဆိုတဲ့မိန်းကလေး။

အသက်အရွယ်အားဖြင့် 21နှစ်မျှသာရှိသေး၍ သူနှင့် အရှင်ထက်အများကြီးငယ်သောမိန်းကလေး။ ငယ်ဂုဏ်ကြောင့်ထင်သည်။ လှပမှုကတော့အပြစ်ပြောစရာပင်မရှိ။သို့ပေမယ့် ထိုမိန်းကလေးက အရှင့်ကြင်ယာတော်ဖြစ်လာမည့်သူမို့ လျော့တွက်၍မရ။ ဂိုမျိုးရိုးဆိုတာ မင်းအဆက်ဆက်ဆီက ချစ်ခြင်းတို့ကိုအပိုင်သိမ်းခဲ့သူတွေမလား။

ဒီအခြေအနေအားလုံးကိုသဘောပေါက်လိုက်သည့်ထယ်ယောင်းအဖို့ သိပ်တော့စိတ်လှုပ်ရှားခြင်းမရှိ။ ငယ်ရွယ်သည့်မိန်းကလေးကပြိုင်ဘက်ဖြစ်လာတော့ စိတ်ပူစရာမလိုဘူးပေါ့။

"ဒီနေ့အရှင်နဲ့အတူ ပန်းရှုစားဖို့ရောက်လာတာပါ...အရှင်ကိုယ်တိုင်ဖိတ်ခေါ်ထားတာလေ"

မမေးသည့်အကြောင်းအရာများကိုဖြေလာသည့်မိန်းကလေး။ ဒါဟာ သူမက အရှင့်ဆီကအာရုံစိုက်မှုရသူဖြစ်ကြောင်း ကွေ့ဝိုက်ကာပြောလိုက်ခြင်းတစ်မျိုးပင်။ ထယ်ယောင်း စိတ်ထဲမပါဘဲ ပြုံးလိုက်ရသည်။

"ကြင်ယာတော်ကင်ကမသိလိုက်ပဲရောက်လာတယ်ထင်တယ် တစ်လက်စထဲ အရှင့်ကို အတူအဖော်ပြုပေးချင်လား"

အနည်းငယ်လွှဲမှားနေသည်ဟုခံစားရစေသောအနေအထား။ ကြင်ယာတော်မဖြစ်သေးသည့်မိန်းကလေးက ကြင်ယာတော်မိဖုရားကို ရဲရဲတင်းတင်းပြောဆိုနေတာပဲ။

သူသာလက်ခံလိုက်ရင်နောက်ကွယ်မှာအလှောင်ခံရလောက်တယ်။

"အရှင်နဲ့အတူကောင်းတဲ့အချိန်လေးတွေပိုင်ဆိုင်ဖို့ဆန္ဒပြုမိပါတယ်မိန်းကလေးဂို..."

ထိုမျှဆိုကာထွက်လာလိုက်တော့သည်။အရှင်နဲ့တွေ့မယ့်သူရှိနေသည့် ဒီနေရာဟာ ကိုယ်နဲ့မသက်ဆိုင်ပါ။

"ကံကောင်းထောက်မပြီး ယောက်ျားလေးကြင်ယာတော်ဖြစ်လာတာ..ကိုယ်လုပ်တော်နဲ့မခြားတဲ့ဘဝမှာ ဘာတွေသဘောထားကြီးချင်သေးတာလဲ"

ကြားလိုက်ရသည့်စကားအဆုံး ထယ်ယောင်းခြေလှမ်းတို့ဟာ လေသာဆောင်အတွင်းမှာသာရပ်သွားရသည်။မထားသည့်ဝတ်ရုံစကိုချလိုက်ကာ မိန်းကလေးဂိုဘက်လှည့်လိုက်သည်။

သူ့ကိုမတူမတန်စွာကြည့်လာခဲ့သည့်မျက်ဝန်းတွေ။ရွံ့ရှာသလိုအကြည့်ခံရတာ သူ့ဘဝမှာပထမဆုံးမို့ သူ့ခန္ဓာကိုယ်ဟာလဲ ပူရှိန်းတက်သွားခဲ့သည်။

"ကြင်ယာတော်မြှောက်ပြီး ချွေးသိပ်တာကို အဟုတ်ထင်မနေနဲ့...ကချေသည်တစ်ယောက်က အရှင့်ဆီမှာ တစ်ခါလောက်အသုံးတော်ခံရရင်ပဲ ကျေနပ်လိုက်ပေါ့"

ပန်းရောင်နှုတ်ခမ်းတစ်စုံက လှပစွာပြုံးပေမယ့် ထွက်လာသည့်စကားများ၌တော့ ထယ်ယောင်းအသားများ ဒေါသကြောင့် တဆတ်ဆတ်တုန်တက်သည်။

"မိုက်ရိုင်းလိုက်တာ ရာရာစစ..."

မြောက်တက်သွားသည့်ထယ်ယောင်းရဲ့လက်တစ်ဖက်။

"မယ်မယ်စိတ်ထိန်းပါ"

အနောက်ဘက်မှအပျိုတော်တို့၏စိုးရိမ်တကြီးတားမြစ်သည့်အသံ။လက်ကိုပြန်ချလိုက်ရပေမယ့် ဒေါသမီးဟာတောက်လောင်နေဆဲ။

"မရိုက်ရဲဘူးပဲ...အင်းလေ...အရှင်စွန့်ပစ်ထားတဲ့မိဖုရားတစ်ပါးမလား...အယောင်ဆောင်ဂုဏ်ဒြပ်နဲ့လုပ်ရဲစရာအကြောင်းမှမရှိတာ"

"ဖြန်း..."

လည်ထွက်သွားသည့်မိန်းကလေးဂိုရဲ့မျက်နှာ။ထယ်ယောင်းသည်ပင် လန့်သွားရ၏။

သူ့ပါးသူအုပ်ကိုင်လျက် ထယ်ယောင်းဆီကြည့်လာသည်။တစ်ကယ်တော့ထယ်ယောင်းအနောက်မှအပျိုတော်ဆီကြည့်တာဆိုပိုမှန်လိမ့်မည်။

"မင်း...မင်းလိုအဆင့်နဲ့ ငါ့ကိုပါးရိုက်တယ်..."

"ကျွန်တော်မျိုးမလိုအဆင့်နဲ့လူကရိုက်မှအဆင်ပြေမှာမို့ပါ...ကြင်ယာတော်ကင်မ်လိုအဆင့်နဲ့ဆို မိန်းကလေးဂိုရဲ့ပါးက အထိခံရဖို့ သနတယ်မလား...ကြွက်ပုတ်လိုမိန်းမ"

"ငါတို့မင်းသမီးကိုရာရာစစ"

ဂိုအင်ဆောဘက်မှအပျိုတော်များပါ ပါလာကြပြီး နှစ်ဖွဲ့လုံး ကုတ်ဆွဲကြတော့သည်။ချက်ချင်းဖြစ်ပျက်သွားသည့်အခြေအနေကြောင့် ထယ်ယောင်းဆွံ့အနေမိတာ။

ဒေါသကြောင့်ရှူးရှူးရှဲရှဲဖြစ်နေသည့် ဂိုအင်ဆောက သူ့အနောက်မှ ပါးရိုက်သည့်အပျိုတော်အား အတင်းဆွဲသည်။

"မင်း ငါနဲ့တွေ့မယ်"

လေသာဆောင်ကြမ်းပြင်ပေါ်တွန်းချပစ်သည်။ လှဲကျသွားသည့်သူ့အပျိုတော်က နာကျင်ဟန်မရပဲပြန်ထကာ ဂိုအင်ဆောအား ပြန်တွန်းထုတ်သည်။ အရှိန်နှင့်မို့ အားလွန်သွားသည့်သူမက  လေသာဆောင်မှ စားပွဲခုံနှင့်ခိုက်ကာလှဲကျတော့ ထယ်ယောင်းစိုးရိမ်သွားတာအမှန်။

"အားလုံးရပ်လိုက်"

သူ့စကားကြားတော့အားလုံးကရပ်သွားကြသည်။ဂိုအင်ဆောအနားသို့အမြန်သွားလိုက်ကာ...

"ရရဲ့လား..."

ဂရုစိုက်ကာထူမပေးလိုက်တော့ မတ်တပ်ရပ်နိုင်သွားသည်။မျက်နှာချင်းဆိုင်အခြေအနေအရောက် လှလှပပ ပြုံးလာသည့်ဂိုအင်ဆော။

ကန်ဘက်ကျောပေးရပ်ထားသည့်ထယ်ယောင်းစိတ်ထဲ တစ်မျိုးတစ်မည်ခံစားလိုက်ရသည်နှင့် တစ်ပြိုင်နက်...

"ဗွမ်း!"

ကန်ထဲသို့ပြုတ်ကျသွားသည့် ကြင်ယာတော်ကင်မ်ကြောင့် အင်ဆောမျက်လုံးများပြူးကျယ်ကာ သူ့ပါးစပ်သူလက်ဖြင့်ကာလိုက်မိတော့သည်။ ရေထဲမှာယက်ကန်ယက်ကန်ဖြင့်ရေမွန်းနေဟန်ရသည့်ကြင်ယာတော်ကင်။ အပျိုတော်များက ကန်စပ်သို့ဝိုင်းအုံလာကြတော့သည်။

"မယ်မယ်...ဘယ်လိုလုပ်ရပါ့မလဲ"

စိုးရမ်စွာအော်ဟစ်သံများ။

"မိန်းကလေးဂိုအခု မယ်မယ်ကိုရေကန်ထဲတွန်းချလိုက်တာလား...မယ်မယ်..."

"မဟုတ်ဘူး...ငါမတွန်းချဘူး..."

"ဗွမ်း!"

သူတို့အချင်းများနေခိုက် ရေကန်ထဲသို့ခုန်ဆင်းသွားသည့်လူတစ်ယောက် ။ အားလုံးကရပ်တန့်သွားကြသည်။

"အရှင်!"
.
.
.
.

To be continued.....
The Love Sleeping Under The Moonlight
Create By Jin's Jin Isle From BTS World
Novel By SawLwinYar
6290 words

A/N : အပြာရောင်ငယ်က ရှင်လေးတို့ဖတ်နေကျထဲကတွေလို  ဖြူစင်နေတဲ့ character တစ်ခုတော့မဟုတ်ပေမယ့် ကြိုက်တယ်မလား။

[Zawgyi]"အရွင္မင္းႀကီးကိုေလွ်ာက္တင္ပါတယ္။အိမ္ေရွ႕မင္းသားက စုန႔္ျပည္ရဲ႕ေတာ္ဝင္ကေခ်သည္ကို ကိုယ္လုပ္ေတာ္အျဖစ္သိမ္းပိုက္လိုက္ေၾကာင္း အမွာစကားပါးလိုက္ပါတယ္"

"ဘာ"

ထိုင္ေနရာမွ ထိတ္လန႔္တၾကားထရပ္ကာေအာ္သည့္မင္ဘုရင္ေၾကာင့္ မင္းသားငယ္ေဆာင္းဟြန္း ေသြးပင္ထိုးတက္ခ်င္သြားသည္။

အကိုေတာ္ကေတာ့ျပႆနာအႀကီးႀကီးတစ္ခုကိုရွာလိုက္ၿပီ။ညီလာခံ၌လည္း လႈပ္လႈပ္႐ြ႐ြျဖစ္ေနၾကၿပီမို႔ သူမနဲေရွာင္ထြက္ကာ မင္ဘုရင္ရွိရာဧည့္ေဆာင္သို႔ေရာက္လာျခင္း။

"ကိုယ္ေတာ့္ကိုလာႀကိဳတဲ့တပ္...ဘယ္အခ်ိန္ေရာက္မယ္တဲ့လဲ ကိုယ္ရံေတာ္မို"

"မြန္းတည့္ေလာက္ေရာက္ပါမယ္တဲ့အရွင္"

"ေတာက္စ္!...စုန႔္ကိုမျပန္ခင္ တစ္ပြဲေလာက္ႏြဲၾကရေသးတာေပါ့"

မင္ဘုရင္၏မ်က္ဝန္းအိမ္က်ဥ္းက်ဥ္းသည္ ေဒါသေၾကာင့္ ရဲရဲနီေနလ်က္။

____________________________
.
.
.
.

'ဒုန္း!...ဒုန္း...ဒုန္း...ဒုန္း...ဒုန္း...'

ခ်ီနန္းေတာ္တစ္ခုလုံးကိုလႈပ္ရွားသြားေစခဲ့သည့္စည္တီးသံ။ထိုစည္သံထြက္ေပၚလာရသည့္အေၾကာင္းအရင္းကား အိမ္ေရွ႕မင္း၏နန္းေဆာင္အတြင္းမွျဖစ္သည္။

နန္းေဆာင္ဧည့္ခန္း၌ ဒူးေထာက္ကာထိုင္ေနသည့္စုန႔္ျပည္၏အမ်ိဳးသားကေခ်သည္။ မလႈပ္မယွက္ျဖင့္ေက်ာက္႐ုပ္ကဲ့သို႔ထိုင္ေနသည့္သူ႔လည္ပင္းထက္ ဓားျဖင့္ခ်ိန္႐ြယ္ထားသူကား မင္းသားဂြၽန္။

ၿငိမ္သက္ေနသည့္နားေဆာင္ထဲသို႔ဝင္ေရာက္လာသည့္ေျခသံဖြဖြ။ဧည့္ခန္းထဲသို႔အေရာက္ မင္းသားဂြၽန္ဘက္ဂါရဝျပဳလိုက္ကာ...

"အိမ္ေရွ႕မင္းသား...မင္ဘုရင္လာေနပါၿပီ"

ထီမထင္သည့္မဲ့ၿပဳံးတစ္ခု။ၾကမ္းျပင္ေပၚမွအျပာေရာင္ငယ္ရဲ႕မ်က္ဝန္းမ်ားအေရာင္လဲ့သြားသည္ကိုေတြ႕လိုက္ရသည္။မင္ဘုရင္အား ထိုေလာက္အထိအားကိုးအားထားျပဳသည္လား။

"ေမွ်ာ္လင့္ခ်က္ေတြမထားစမ္းနဲ႔အျပာေရာင္ငယ္...မင္ဘုရင္က မင္းကိုအေသခံမွာမဟုတ္ဘူး...ကိုယ္ေတာ့္ဆီမွာ မင္းကိုအသက္ရွင္လ်က္ထားခဲ့ၿပီး စုန႔္ျပည္ကိုျပန္သြားမွာ"

မ်က္ဝန္းမ်ားဟာ႐ုတ္ခ်ည္းအေရာင္မႈိင္းသြားသည္မို႔သူေက်နပ္သြားရျပန္သည္။

ဧည့္ခန္းထဲသို႔ဝင္ေရာက္လာသည့္စစ္သည္မ်ားဟာ စုန႔္ျပည္မွ။ကိုယ္ရံေတာ္လီထိုက္က အလ်င္အျမန္ဓားထုတ္၍ မင္းသားဂြၽန္အားကာကြယ္သည္။ ဧည့္ေဆာင္တစ္ခုလုံးအား အဝိုင္းခံလိုက္ရေပမယ့္ စုန႔္တပ္သားမ်ားက လက္နက္ေတာ့မထုတ္။

"ရာရာစစ မင္းတို႔ကငါ့နန္းေဆာင္ထဲလက္နက္ကိုင္ၿပီးဝင္လာရဲတယ္"

မင္းသားဂြၽန္ရဲ႕ႀကိမ္းဝါးသံက တိတ္ဆိတ္သည့္နန္းေဆာင္အား ထိုးေဖာက္လ်က္က်ယ္ေလာင္စြာထြက္ေပၚလာ၏။

"ရာရာစစ စုန႔္ျပည္ရဲ႕ေတာ္ဝင္ကေခ်သည္ကို သင္ကဓားနဲ႔႐ြယ္ရဲတယ္"

"အရွင္"

"အငယ္ေတာ္"

အသံရဲ႕ေနာက္ ထြက္ေပၚလာသည့္အရွင္ေၾကာင့္ ထယ္ေယာင္းကိုယ္ဟာမတ္ကနဲျဖစ္လ်က္ထရန္ျပင္လိုက္ေပမယ့္ လည္ပင္းထက္ပိုမိုဖိကပ္လာသည့္ဓားသြားနဲ႔အတူ အရွင့္ရဲ႕စိုးရိမ္တႀကီးတားျမစ္သံထြက္ေပၚလာသည္။

"အခုခ်က္ခ်င္းဓားခ်လိုက္ပါမင္းသားဂြၽန္...ထယ္ေယာင္းကိုက်ဳပ္ဆီျပန္ေပး"

"သူ႔ကိုက်ဳပ္ရဲ႕ကိုယ္လုပ္ေတာ္အျဖစ္ခ်ီးျမႇင့္ထားၿပီးၿပီ"

စူးစမ္းကာၾကည့္လိုက္ခ်ိန္ အငယ္ေတာ္ကသူ႔အၾကည့္မ်ားကိုသိသိသာသာေရွာင္ဖယ္သြားသည္။ထုံးေႏွာင္ခြင့္မရွိသည့္ ကေခ်သည္တစ္ေယာက္ရဲ႕ဆံပင္မ်ားဟာ ခ်ီ၏ ေတာ္ဝင္အမွတ္အသားပါေသာပိုးစျဖင့္စည္းေႏွာင္ျခင္းခံထားရၿပီ။

ၾကားလိုက္ရစဥ္ကသူမယုံႏိုင္ခဲ့သလို ယခုျမင္ေနရသည့္ထိုအရာအားလည္း သူမယုံၾကည္ႏိုင္ေသးပါ။ သူေျပာတဲ့ရည္႐ြယ္ခ်က္ဆိုတာထိုအရာလားဟုေမးလိုက္ခ်င္သည္။
အငယ္ေတာ္ဆီကရွင္းျပခ်က္တစ္ခ်ိဳ႕ကိုၾကားခ်င္သည္။ ထိုသို႔ေသာအခြင့္အတြက္ အငယ္ေတာ္ဟာသူ႔အနားျပန္လာရမည္။

"ထယ္ေယာင္းဟာ က်ဳပ္တို႔စုန႔္ျပည္ရဲ႕အပိုင္...ကိုယ္လုပ္ေတာ္အျဖစ္နဲ႔မင္းသားဂြၽန္ဆီ လုံးဝ မေပးႏိုင္ဘူး"

အတၱတစ္ခုျဖင့္ျဖစ္ေစ။
အငယ္ေတာ္ဟာ သူ႔အပိုင္မဟုတ္ရင္ေတာင္ စုန႔္ျပည္ဟုအပိုင္ဟူ၍ေတာ့ သုံးႏႈန္းခြင့္ရခ်င္ေသးသည္ေလ။

အေရွ႕သို႔ေျခတစ္လွမ္းတိုးလိုက္သည္။သို႔ေသာ္ အငယ္ေတာ့္လည္ပင္းဆီပိုမိုဖိကပ္လိုက္သည့္ဓားသြားေၾကာင့္ ဂ်ီမင္းထပ္မံ၍ထိတ္လန႔္သြားရကာ တိုးကပ္ႏိုင္ခြင့္မရွိ။

"မင္းႀကီးသာအလိုရွိရင္ အသက္မဲ့တဲ့သူ႔ခႏၶာကိုယ္ကိုပဲျပန္ယူသြားပါ"

ေသြးေအးစြာေျပာလာသည့္စကား။
ညကပဲကိုယ္လုပ္ေတာ္အျဖစ္တင္ေျမႇာက္တယ္၊ မနက္က် လည္ပင္းထက္ကိုဓားသြားတင္ျပန္တယ္။
ဒီလိုမင္းသားဆီမွာအငယ္ေတာ္ကိုသူဘယ္လိုထားခဲ့ရက္ႏိုင္မွာလဲ။

"ကိုယ္လုပ္ေတာ္အျဖစ္ က်ဳပ္ဆီမွာအသုံးေတာ္ခံၿပီးၿပီပဲေလ..ဟက္"

"မင္း"

'႐ႊမ္း'ကနဲျမည္သံနဲ႔အတူ မင္ဘုရင္၏ဓားအိမ္ထက္မွထြက္သြားသည့္ေငြေရာင္ဓားရွည္။ႏႈတ္ခမ္းဖ်ားမ်ားဟာတဆတ္ဆတ္တုန္လ်က္။ မ်က္ဝန္းတစ္စုံဟာလဲ ေဒါသခိုးမ်ားျဖင့္ခ်င္းခ်င္းနီလ်က္။

ခ်စ္လြန္းလို႔။
မင္းျမတ္ဆီကျမတ္ႏိုးၾကင္နာမႈရတဲ့ေယာက္်ားတစ္ေယာက္ဟာ အႏၲရာယ္မ်ားမွန္းသိတာမို႔ အနီးအနားမွာထားၿပီး အႏုပညာတစ္ခုလို ထိုင္ၾကည့္ေနခဲ့တာ။ ေ႐ႊဘုံထက္မွာတင့္တင့္တယ္တယ္ေျမာက္စားထားခဲ့တာ။ သူမဟုတ္တဲ့တစ္ျခားေယာက္်ားဆီကေန ဒီလိုအေစာ္ကားခံရၿပီး တန္ဖိုးမရွိလြင့္ပစ္လိုက္ဖို႔မဟုတ္ဘူးေလ။

ဓားအား, အားျဖင့္ဆုပ္ကိုင္ၿပီး မင္းသားဂြၽန္ရွိရာတိုက္ခိုက္ဖို႔ ေျမႇာက္လိုက္သည္။

"အရွင္"

တစ္စုံတစ္ခုအားသတိေပးလိုဟန္ျဖင့္ေခၚလာသည့္အငယ္ေတာ္။သူၾကည့္မိေတာ့ ေခါင္းကိုအသာယမ္းျပသည္။ၾကည္လင္သည့္မ်က္ဝန္းမ်ားဟာ မ်က္ရည္စက္မ်ားခိုတြယ္လို႔။

"ဓားကိုသိမ္းပါအရွင္"

ေလျပည္ေသြးသလိုစကားသံျဖင့္ သူ႔ေဒါသကိုခ်ဳပ္တီးခိုင္းေနတာတဲ့ေလ။

"ကြၽန္ေတာ္မ်ိဳးကိုထားခဲ့ၿပီး အရွင္စုန႔္ျပည္ကိုျပန္လိုက္ပါ"

သူ႔အားေျပာထြက္လာသည့္ အငယ္ေတာ္စကားေၾကာင့္ ေန႔ခင္းေၾကာင္ေတာင္ မိုးႀကိဳးပစ္ခံလိုက္ရသည့္လူတစ္ေယာက္လို။ဟန္မပ်က္ရေလေအာင္ ဂ်ီမင္း သူ႔လက္ထဲမွဓားကိုသာ က်စ္က်စ္ဆုပ္ထားလိုက္ရသည္။‌ေဒါသေၾကာင့္တုန္ရီေနသည့္ႏႈတ္ခမ္းဖ်ားေၾကာင့္ စကားသံတို႔ကိုထိန္းကာ...

"အရွင္ကဘယ္လိုလုပ္ရက္ႏိုင္မွာလဲ"

"အရွင္လုပ္ရမယ္"

အငယ္ေတာ္ဟာသူ႔အား အၾကည့္တို႔ျဖင့္ဖိအားေပးသည္။

"ခင္ဗ်ားရဲ႕စစ္တပ္ကိုျပန္သိမ္းၿပီးက်ဳပ္နားေဆာင္ကေနထြက္သြား"

သူ႔လိုဘုရင္တစ္ပါးအား ခ်ိဳးခ်ိဳးႏွိမ္ႏွိမ္ျဖင့္ ေလးစားမႈတစ္စက္ကေလးမွပင္မထားဘဲ အမိန႔္ေပးလာသည့္မင္းသားဂြၽန္။အငယ္ေတာ္သာ သူ႔လက္ထဲရွိမေနရင္ သူ႔ေဒါသေတြဒီထက္အရွိန္ျမင့္ေနေလာက္ၿပီ...။

"ခ်ီလို အင္အားႀကီးအင္ပါယာရဲ႕အိမ္ေရွ႕မင္းသားတစ္ပါးျဖစ္ၿပီး ေသးႏုပ္တဲ့စုန႔္ျပည္ရဲ႕ ကေခ်သည္တစ္ေယာက္ကိုမ်က္စိက်တာက အဆင့္အတန္းမရွိလိုက္တာ"

ထိုစကားေၾကာင့္ပင္ မင္းသားဂြၽန္က သူ႔အားေစ့ေစ့ၾကည့္လာသည္။

"ၾကင္ယာေတာ္အေလာင္းအလ်ာကိုအဆိပ္ေတြတိုက္ေကြၽးၿပီး အတိတ္ကိုေဝဝါးေစတဲ့ သင့္လိုဘုရင္ကေရာ...အဆင့္အတန္းရွိလို႔လား"

ခနဲ႔သံျဖင့္ထြက္ေပၚလာသည့္စကား၌ပါဝင္ေသာ အေၾကာင္းအရာေၾကာင့္ ဂ်ီမင္း၏မ်က္ဝန္းမ်ားျပဴးက်ယ္ဝိုင္းစက္သြားလ်က္ ထယ္ေယာင္းအား အထိတ္တလန႔္ၾကည့္လိုက္မိသည္။သူ႔အားျပန္ၾကည့္ေနသည့္မ်က္ဝန္းမ်ားသည္ ေငြ႕ရည္လႊမ္းလာကာ အေရာင္မႈိင္းမႈိင္း။ အငယ္ေတာ္သာသိသြားခဲ့ရင္ဟူေသာအေတြးေၾကာင့္ စိတ္မ်ားထူပူသြားကာ....

"မင္း...ဘာစကားေတြေျပာေနတာလဲ"

အေဆာတလ်င္ေမးမိေသာစကားကို မင္းသားဂြၽန္ကေလွာင္ၿပဳံးတစ္ခုျဖင့္တုံ႔ျပန္မႈျပဳသည္။

"ၾကင္ယာေတာ္အျဖစ္ေဆာင္ယူခဲ့တဲ့မင္းသားတစ္ပါးကို ၾကာနီအဆိပ္တိုက္ၿပီး ကေခ်သည္ရာထူးေပးထားခဲ့တာ....အရွင္မင္းႀကီးပဲမလား"

ခႏၶာကိုယ္ရွိေသြးမ်ားရပ္တန႔္သြားသည့္ခံစားခ်က္သည္ ျမတ္ႏိုးရသူအငယ္ေတာ္၏ပါးျပင္ေပၚျဖတ္ေျပးသည့္မ်က္ရည္မ်ားဆီမွအရင္းတည္သည္။

"မဟုတ္တာေတြေျပာမေနနဲ႔...က်ဳပ္ကဘာလို႔အဲ့လိုလုပ္ရမွာလဲ"

"စစ္ပရိယာယ္ပဲႂကြယ္တယ္ထင္ေနတာ...အရွင္မင္းႀကီးကေလဟား...ဟား..."

မင္းသားဂြၽန္ေျပာသည့္စကားကိုဂ႐ုမစိုက္ႏိုင္ပါ။ဒီအခ်ိန္မွာ သူအေၾကာက္ဆုံးက အငယ္ေတာ္သူ႔ကိုစိတ္နာသြားမလား။မုန္းသြားမလား။ ႐ြံ႕ရွာသြားမလား...။

"အငယ္ေတာ္"

တိုးတိုးသာသာေရ႐ြတ္မိသည္။အငယ္ေတာ္ဟာသူ႔အားေၾကေၾကကြဲကြဲၾကည့္လ်က္။ မ်က္ဝန္းမ်ားမွမ်က္ရည္တို႔ဟာ မရပ္တန႔္ႏိုင္သကဲ့သို႔ အဆက္မျပတ္ျဖင့္ ပါးျပင္ေပၚျဖတ္ေျပးကုန္သည္...။

"ကြၽန္ေတာ္မ်ိဳးက အဆုံးထိယုံၾကည္ခဲ့တာ...အရွင္မို႔လို႔ေလ..."

ေခါင္းမငုံ႔ပါ။
မ်က္ႏွာထားဟာလဲ မခက္ထန္ပါ။
အၾကည့္မ်ားဟာလဲမစိမ္းသက္ပါ။တစ္ခုတည္း။သူ႔ကိုသာနာက်င္စြာေငးၾကည့္ေနခဲ့တာ...။

"အရွင့္ကိုမမုန္းပါဘူး...ကြၽန္ေတာ္မ်ိဳးဘယ္အခါမွမမုန္းခဲ့ဖူးပါဘူး...ဒါကိုသာအရွင္သိထားေပးပါ အရွင္မခူးဆြတ္ရင္ေတာင္ တစ္ခ်ိန္က် ေႂကြက်ရမယ့္ပန္းတစ္ပြင့္ပဲ...အရွင္သာ စုန႔္ကိုေဘးရန္မခပဲျပန္ပါ...စုန႔္ျပည္ကအရွင့္ကိုလိုအပ္တယ္"

ေၾကကြဲေနတဲ့မ်က္ဝန္းေတြနဲ႔ သူ႔ကိုေငးၾကည့္ေနတဲ့အရွင္က ေသရင္ေတာင္ သူ႔ကိုလက္လြတ္ႏိုင္မွာမဟုတ္မွန္းသိတယ္။သူဟာစုန႔္ျပည္ရဲ႕ နန္းက်မင္းသားတစ္ပါးပဲျဖစ္ျဖစ္၊ ေဝႏိုင္ငံရဲ႕နန္းက်မင္းသားတစ္ပါးပဲျဖစ္ျဖစ္ တူညီတာတစ္ခုက နန္းက်မင္းသားတစ္ပါးဆိုတာပဲ။

အရွင္က သူ႔ကို ေဝႏိုင္ငံကေနၾကင္ယာေတာ္အျဖစ္ေဆာင္ယူခဲ့တယ္။ ဒါေပမယ့္ အရွင့္ရဲ႕လွပတဲ့လွည့္ကြက္တစ္ခုမွာပဲ ကေခ်သည္ျဖစ္ခဲ့ရျပန္တယ္။အရွင္ ဘာေၾကာင့္ဒီလိုလုပ္ရသလဲဆိုတာ ပါးနပ္တဲ့သူကနားမလည္ႏိုင္စရာလား။

အရွင္ဟာသူ႔ကိုခ်စ္ျမတ္ႏိုးလြန္းလို႔ပဲေလ။
အမွန္တရားက ထင္ထားသေလာက္ေတာ့မခါးသီးတာမို႔ ထယ္ေယာင္းဟာခံႏိုင္ရည္ရွိၿပီးသား။

ရည္႐ြယ္ခ်က္ေတြကတူညီေနေသးတဲ့အေၾကာင္း အရွင့္ကိုေျပာျပခ်င္လိုက္တာ။ ဘယ္လိုအေျခအေနျဖစ္ျဖစ္ သူဟာခ်ီအတြက္ပ်က္စီးျခင္းကိုေဆာင္ယူေပးမွာပါ။ေဝႏိုင္ငံတြက္ေရာ...သူ႔ဘိုးေဘးေတြအတြက္ေရာေပါ့။

"အာ့!"

မင္းသားဂြၽန္ဆီမွၾကားလိုက္ရသည့္ နာက်င္မႈေၾကာင့္ထြက္ေပၚလာသည့္အသံ။

သူ႔လည္ပင္းသို႔ခ်ိန္ထား႐ြယ္ထားသည့္ မင္းသားဂြၽန္ရဲ႕ဓားသည္ ၾကမ္းခင္းေပၚသို႔ လြတ္က်သြားခဲ့သည္။ရင္ဘတ္အားဖိကိုင္လ်က္သူ႔အနားသို႔ၿပိဳက်လာသည့္ကိုယ္အား ထယ္ေယာင္းအသင့္ထိန္းထားလိုက္သည္။

အေကာင္းအတိုင္းရွိေနသည့္မင္းသားဂြၽန္က ခ်က္ခ်င္းပင္ျဖဴေဖ်ာ့ကာ နဖူးစပ္၌ ေခြၽးေစးမ်ားေဝ့သီလာသည္။ျပဳတ္က်သြားသည့္ဓားကိုေကာက္ယူကာ ၾကမ္းခင္းေပၚေထာက္ရင္း ထရန္ႀကိဳးစားေနသည္။

"အရွင့္သား ဘာျဖစ္လို႔လဲ"

ေဘးမွကိုယ္ရံေတာ္လီထိုက္၏စိုးရိမ္တႀကီးေမးသံနဲ႔အတူ မင္ဘုရင္၏ မဲ့ၿပဳံးတစ္ခု။

"ေျမေခြး...လိုေကာင္..အာ့.."

အေရွ႕၌မတ္တပ္ရပ္လ်က္ၾကည့္ေနေသာ အရွင့္ထံ ေဒါသမ်က္လုံးျဖင့္ၾကည့္ရင္း ေရ႐ြတ္သည္။မင္းသားဂြၽန္အားထိန္းကိုင္ထားသည့္ ထယ္ေယာင္းပင္လွ်င္ ရီေဝစြာနဲ႔မူးလာသည္။ ညကကဲ့သို႔တူညီေသာခံစားခ်က္။ ႏွလုံးသားကစူးေအာင့္လာသည့္ ထိုခံစားခ်က္။

"အဟြတ္!"

ကိုယ္ခံအားနည္းေနသည့္ထယ္ေယာင္းက ခ်က္ခ်င္းပင္ေသြးမ်ားအန္ထြက္က်လာသည္။

"အရွင္...မဟုတ္မွ...ဟာ့..."

ဟန္ခ်က္မထိန္းႏိုင္စြာၿပိဳလဲသည့္ သူ႔ကိုယ္ကို ဒီတစ္ႀကိမ္လွမ္းထိန္းလိုက္သူကမင္းသားဂြၽန္။

သူတို႔အေရွ႕၌မတ္တပ္ရပ္ေနသည့္အရွင္ဂ်ီမင္းက ခ်က္ခ်င္းပင္ အၿပဳံးတို႔ပ်က္သုဥ္းလ်က္ ပုံပ်က္ေနသည့္သူ႔အားေၾကာင္အစြာၾကည့္ေနသည္။

ေနာက္ဆုံးအခ်ိန္အထိ အရွင္ဟာ ရႈံးျပန္သည္။ အိမ္ေရွ႕စံဂြၽန္ အတြက္အဆိပ္ပါတဲ့ပြဲေတာ္ကို စီမံခဲ့ေပမယ့္ ခ်စ္ျမတ္ႏိုးရသူပါ အတူမိသြားသည္တဲ့လား....။

'ေႁမြပါလဲဆုံး၊ သားလဲရႈံး'ဆိုသလိုပင္  အရွင္ဂ်ီမင္းဟာ သိပ္သနားဖို႔ေကာင္းခဲ့ေလေတာ့သည္။
.
.
.
.
.
.
.

ထိုေန႔ ညေန၌ပင္ မိဖုရားေခါင္ႀကီးနန္းေဆာင္က သူ႔အားအေခၚလႊတ္သည္။ သူ႔အေပၚ ေျပာင္းလဲသြားေသာအၾကည့္မ်ားက ထယ္ေယာင္းဟာ အိမ္ေရွ႕စံဂြၽန္ရဲ႕ကိုယ္လုပ္ေတာ္တစ္ေယာက္ျဖစ္သြားလို႔မ်ားလား။

"႐ုပ္ရည္သြင္ျပင္က ကိုယ္လုပ္ေတာ္ျဖစ္ဖို႔ေတာ့လုံေလာက္သားပဲ"

ထယ္ေယာင္းရဲ႕႐ုပ္ရည္သြင္ျပင္အားၾကည့္ၿပီးေျပာလာသည့္စကား။

"ေယာက္်ားေလးကိုယ္လုပ္ေတာ္ဆိုတာ စစ္ထြက္တဲ့အခ်ိန္အနားမွာျပဳစုလုပ္ေကြၽးဖို႔သက္သက္ခ်ီးျမႇင့္ျခင္းပဲ...ဘယ္ဘုရင္ကမွအိပ္ေဆာင္သြင္းမွာမဟုတ္ဘူး...မဟုတ္တဲ့အေတြးေတြမဝင္နဲ႔ အိမ္ေရွ႕မင္းရဲ႕နန္းတက္ပြဲမွာ မင္းသမီးတစ္ပါးကို ၾကင္ယာေတာ္အျဖစ္ခ်ီးျမႇင့္သြားမယ္"

စကားကုန္ေျပာကာ သူ႔အဆင့္အတန္းကိုသတိေပးလိုက္သည့္မိဖုရားေခါင္ႀကီး။

"လက္ဖက္ရည္ေတာ္ေဆာင္ဘက္မွာေနရာေပးလိုက္ပါ"

သူ႔အထိန္းေတာ္အားထိုသို႔ဆိုၿပီး

"မင္းသားဂြၽန္လာေနၿပီအားလုံးဦးၫႊတ္ထားၾက"

"အျပာေရာင္ငယ္...ကိုယ္ေတာ့္ကိုၾကည့္"

"မဝံ့ရဲပါဘူးအရွင္"

"ေတာင္းဆိုခြင့္ရွိခဲ့ရင္ စုန႔္ျပည္ကိုျပန္ခ်င္ပါတယ္အရွင္"

"ကြၽန္ေတာ္မ်ိဳးဟာ အရွင့္ရဲ႕ၾကင္ယာေတာ္ျဖစ္မလာႏိုင္ပါဘူး..."


.
.
ေတာင္ေတြရဲ႕အဆုံးသတ္ေနရာ...။
ဒါေပမယ့္ အဆုံးမဲ့တဲ့ သမုဒၵရာျပင္ႀကီးကိုမ်က္ႏွာမူထားတဲ့စုန႔္ျပည္။

စုန႔္ျပည္ရဲ႕အလယ္ဗဟို၌အခ်က္က်က်တည္ရွိေနတဲ့ မင္နန္းေတာ္။လေရာင္ေအာက္ၿငိမ္သက္စြာအိပ္ေမာက်ေနတဲ့နန္းေတာ္ႀကီး။ ဘုရင္စံရာအေရွ႕နန္းဟာလဲ ညဥ့္ဦးယံမွာ တိတ္ဆိတ္လို႔။

ဘုရင့္အိပ္ေဆာင္မွတစ္ဖက္ဖြင့္ကာ ေဆာက္ထားသည့္လသာေဆာင္ကေတာ့ ျဖာက်ေနတဲ့လေရာင္ျပာျပာရဲ႕ခ်စ္ျခင္းကိုေထြးေပြ႕ခံယူလ်က္။

ႏို႔ႏွစ္ေရာင္ပိုးသားဝတ္႐ုံရွည္ကိုဆင္ျမန္းထားသည့္ မင္ဘုရင္သည္ ထိုလသာေဆာင္လက္ရန္းနားရပ္၍ေန,ေနသည္။ သူ၏လက္ထဲ၌ရွိေနသည့္ ျခဴလုံးပါေသာေ႐ႊေျခက်င္းတစ္စုံကို ျမတ္ႏိုးယုယစြာျဖင့္ ေငးေမာလ်က္ၾကည့္သည္။

လက္တစ္ဖက္ျဖင့္ကိုင္ထားၿပီးက်န္လက္တစ္ဖက္ျဖင့္ အသာထိေတြ႕ေတာ့ အသက္ဝင္လာတဲ့ခ်ဴသံေလးေတြ။ အငယ္ေတာ့္ေျခလွမ္းတိုင္းမွာၾကားရေလ့ရွိတဲ့ထိုအသံေလးေတြကို သူသိပ္လြမ္းမိသည္။

ခ်ဴသံခ်င္းတူေပမယ့္ မတူကြဲျပားသည္ကိုေတာ့ ႏွလုံးသားနဲ႔နားေထာင္မွသာခြဲျခားသိႏိုင္လိမ့္မည္မလား။

"အိပ္ေဆာင္ဝင္ဖို႔အခ်ိန္ေရာက္ေနပါၿပီအရွင္..."

သူ႔အနားသို႔ေရာက္လာကာ ခပ္တိုးတိုးေျပာသည္။ လေရာင္ေအာက္မွာေအးခ်မ္းတည္ၾကည္ေနတဲ့မ်က္ႏွာေလးကို တေမ့တေမာေငးမိသည္။

"ညဥ့္နက္ေနၿပီ...ေတးသီငွက္ေတြေတာင္အိပ္တန္းတက္ၾကၿပီေလအရွင္"

သူ႔လက္ကိုဆြဲယူကာ အိပ္ခန္းေဆာင္သို႔ေခၚေဆာင္သည္။ျခဴသံမ်ားကတိတ္ဆိတ္လ်က္။ စႏၵကူးနံ႔သင္းသင္းဟာလဲ အေဝးဆုံးဆီလႊင့္ပ်ံ႕လ်က္။သူ႔အားၿပဳံးျပေနသည့္မ်က္ႏွာေလးဟာ လေရာင္ေအာက္ တစ္စထက္တစ္စ ေဝဝါးသြားခဲ့သည္။

"အငယ္ေတာ္"

လွမ္းဖမ္းလိုက္ေပမယ့္ သူ႔လက္တစ္စုံဟာ ေလကိုသာခြင္းမိျပန္သည္။

ပုံရိပ္ေယာင္သက္သက္တဲ့လား အငယ္ေတာ္ရယ္။
အရွင့္အနားကို တစ္ကယ္ျပန္လာတာမဟုတ္ဘူးတဲ့လား။

ကိုယ္ေတာ္အ႐ူးတစ္ေယာက္လို ျဖစ္သြားတဲ့အခ်ိန္ေတြရွိတယ္အငယ္ေတာ္။

ေတးသီငွက္ေတြတိတ္ဆိတ္သြားတဲ့အခါ။
ေလျပည္ေတြက မင္းအနံ႔အသက္ကိုမေဆာင္က်ဥ္းေတာ့တဲ့အခါ။
ျဖာက်ေနတဲ့လေရာင္ေအာက္ ကိုယ္တစ္ေယာက္သာရွိေနေတာ့တဲ့အခါမွာေပါ့။

.
.
.
.
.
.
.
ထိုေန႔ ညေန၌ပင္ မိဖုရားေခါင္ႀကီးနန္းေဆာင္က သူ႔အားအေခၚလႊတ္သည္။ သူ႔အေပၚ ေျပာင္းလဲသြားေသာအၾကည့္မ်ားက ထယ္ေယာင္းဟာ အိမ္ေရွ႕စံဂြၽန္ရဲ႕ကိုယ္လုပ္ေတာ္တစ္ေယာက္ျဖစ္သြားလို႔မ်ားလား။

ထယ္ေယာင္းကို ေသေသခ်ာခ်ာစူးစမ္းကာၾကည့္သည့္မိဖုရားေခါင္ႀကီး။

"႐ုပ္ရည္သြင္ျပင္က ကိုယ္လုပ္ေတာ္ျဖစ္ဖို႔ေတာ့ ေတာ္ေတာ္ေလးလုံေလာက္သားပဲ"

ထယ္ေယာင္းရဲ႕႐ုပ္ရည္သြင္ျပင္အားၾကည့္ၿပီးေဝဖန္သည္။ မထုံတက္ေသးျဖင့္ျပန္ၾကည့္မိေတာ့ မိဖုရားေခါင္ႀကီးက မထီတရီၿပဳံးသည္။

"မင္းဘာသာမင္း အရင္က စုန႔္ျပည္ရဲ႕ဘာပဲျဖစ္ခဲ့ျဖစ္ခဲ့ အခုေတာ့ မင္းက အိမ္ေရွ႕စံဂြၽန္ရဲ႕ေယာက္်ားေလးကိုယ္လုပ္ေတာ္တစ္ေယာက္ဆိုတာပဲသိထားပါ"

သူ႔မွာရွိေနသည့္မာနကိုခ်ိဳးႏွိမ္ခ်င္ဟန္တူေသာ သူမေၾကာင့္ ထယ္ေယာင္းကိုယ္တိုင္လဲအနည္းငယ္ ၿပဳံးမိသြားသည္။ ကိုယ္လုပ္ေတာ္ဘဝနဲ႔သူ႔လို ေယာက္်ားက ေရာင့္ရဲတင္းတိမ္ႏိုင္ရေအာင္ ႐ူးေနတာမို႔လို႔လား။ အရွင့္ဆီကေသခ်ာေပါက္ ေတာ္ေကာက္ၿပီးမိဖုရားတင္ေျမႇာက္မႈကို ခံယူဦးမွာ။

"အရင္ကေတာ့စုန႔္ျပည္ရဲ႕ေတာ္ဝင္ကေခ်သည္ဆိုေပမယ့္....မယ္မယ္ေျပာႏိုင္လို႔လား...ခ်ီဘုရင္ရဲ႕ ေတာ္ဝင္မိဖုရားျဖစ္မလာႏိုင္ဘူးလို႔ေလ...အဟင္း..."

ထယ္ေယာင္းရဲ႕ မထီမဲ့ျမင္ထိုစကားေၾကာင့္ မိဖုရားေခါင္ႀကီးဟာ ေဒါသျဖင့္တဆတ္ဆတ္တုန္သြားလ်က္...

"တိတ္လိုက္စမ္း...ေယာက္်ားေလးကိုယ္လုပ္ေတာ္ဆိုတာ စစ္ထြက္တဲ့အခ်ိန္အနားမွာျပဳစုလုပ္ေကြၽးဖို႔သက္သက္ခ်ီးျမႇင့္ျခင္းပဲ...ဘယ္ဘုရင္ကမွအိပ္ေဆာင္သြင္းမွာမဟုတ္ဘူး...မဟုတ္တဲ့အေတြးေတြဝင္မလာနဲ႔။အိမ္ေရွ႕မင္းရဲ႕နန္းတက္ပြဲမွာ ေတာ္ဝင္မင္းသမီးတစ္ပါးကိုပဲ ၾကင္ယာေတာ္အျဖစ္ခ်ီးျမႇင့္သြားမွာ"

စကားကုန္ေျပာကာ သူ႔အဆင့္အတန္းကိုသတိေပးလိုက္သည့္မိဖုရားေခါင္ႀကီး။ ေတာ္ဝင္မင္းသမီးတစ္ပါးဆိုလားပဲ။
အဲဒီေတာ္ဝင္မင္းသမီးကို အိမ္ေရွ႕စံဂြၽန္က လက္ဖ်ားနဲ႔ေတာင္ထိခ်င္မွာမဟုတ္ေတာ့ဘူး။ဘာလို႔လဲဆိုရင္  အိမ္ေရွ႕စံဂြၽန္ဆီမွာ သူ႔ခႏၶာကိုယ္ကို ဘယ္လိုေပးဆပ္ခဲ့လဲ သူပဲသိတယ္ေလ။

"ကြၽန္ေတာ္မ်ိဳးကဒီတိုင္းစကားအျဖစ္ေျပာတာပါ...မယ္မယ္မစိုးရိမ္ပါနဲ႔...အိမ္ေရွ႕စံဂြၽန္အတြက္ ကြၽန္ေတာ္မ်ိဳးက မက္ေလာက္စရာမွမရွိတာ"

အေရွ႕မွေကာင္ေလးက ထိုသို႔ေျပာေနေပမယ့္ မိမိမွာေတာ့ ကိုယ့္အေၾကာင္းတရားနဲ႔ကိုယ္ ပူေလာင္ေနရသည္မလား။မက္ေလာက္စရာမရွိဘူးတဲ့။ မိန္းကေလးရႈံးေအာင္လွတဲ့အေရွ႕ကေကာင္ေလးဟာ သားေတာ္ရဲ႕ကိုယ္လုပ္ေတာ္ျဖစ္ေနၿပီဆိုတဲ့အေၾကာင္းတရားနဲ႔တင္ သူ႔သားေတာ္က မစြဲမက္ဘဲ မေနႏိုင္ေတာ့မွန္းမိခင္ျဖစ္တဲ့သူသာသိ၏။

"ဟန္ရွန႔္ကုံး...သူ႔ကို လက္ဖက္ရည္ေတာ္ေဆာင္ဘက္မွာေနရာေပးလိုက္ပါ"

သူ႔အထိန္းေတာ္အားထိုသို႔ဆိုၿပီး မ်က္ႏွာလႊဲသြားသည္။ အ႐ိုအေသျပဳကာထလာၿပီး ရွန႔္ကုံးမယ္မယ္ေခၚရာေနာက္သာလိုက္လာခဲ့လိုက္၏။

ဤသို႔ျဖင့္လက္ဖက္ရည္ေတာ္ေဆာင္ဘက္၌ သုံးရက္မွ်ၾကာသြား၏။

"မင္းသားဂြၽန္လာေနၿပီအားလုံးဦးၫႊတ္ထားၾက"

မနက္ခင္း လက္ဖက္ရည္ဆက္ရန္ျပင္ဆင္ေနၾကရင္းမွ အထိန္းေတာ္ခ်ဳပ္ႀကီးရဲ႕စကားေၾကာင့္ အားလုံးက ပ်ာယာခတ္ကာ လုပ္လက္စမ်ားခ်လ်က္ ဦးၫႊတ္ထားၾကသည္။

တစ္သက္ႏွင့္တစ္ကိုယ္ လက္ဖက္ရည္ေဆာင္ဘက္ေျခဦးမလွည့္ဖူးသည့္ အိမ္ေရွ႕စံဂြၽန္ ဒီေနရာသို႔ေရာက္လာရျခင္းဟာ ထယ္ေယာင္းေၾကာင့္မွန္းအားလုံးသိၾကသည္။ အေဆာင္ထဲဝင္လာသည္ႏွင့္ ဘာကိုမွမေမးမျမန္းဘဲ မတ္တပ္ရပ္ကာ ဦးၫႊတ္အ႐ိုအေသျပဳထားသည့္ ထယ္ေယာင္းအေရွ႕သို႔တန္းေရာက္လာသည္။

"အျပာေရာင္ငယ္ ကိုယ္ေတာ့္ကိုၾကည့္"

က်ယ္ေလာင္စြာထြက္က်လာသည့္အိမ္ေရွ႕စံဂြၽန္ရဲ႕အသံဟာ လက္ဖက္ရည္ေဆာင္အတြင္းရွိလူမ်ားကို တုန္လႈပ္သြားေစသည္။

"မဝံ့ရဲပါဘူးအရွင့္သား"

ထိုအသံႏွင့္ဆန႔္က်င္ဘက္ သိမ္ေမြ႕ႏူးညံ့စြာထြက္က်လာသည့္စကားက အိမ္ေရွ႕စံဂြၽန္ရဲ႕ကိုယ္လုပ္ေတာ္ဆိုသူ ေယာက္်ားငယ္ထံမွ။

"က်ဳပ္နဲ႔အတူအိမ္ေရွ႕နန္းေဆာင္မွာဘဲေနရမယ္... က်ဳပ္နန္းမတက္မခ်င္း ဘယ္မွသြားဖို႔မစဥ္းစားနဲ႔"

"အရွင့္သား"

အိမ္ေရွ႕စံဂြၽန္က ဘာကိုမွဂ႐ုမစိုက္ဘဲ ထယ္ေယာင္းရဲ႕လက္ေကာက္ဝတ္ကိုဆတ္ကနဲဆြဲကိုင္၍ လက္ဖက္ရည္ေတာ္ေဆာင္ဘက္မွ ေခၚထုတ္သြားေတာ့သည္။

ဒုတိယအႀကိမ္ေရာက္လာရသည့္အိမ္ေရွ႕စံနန္းေဆာင္။ မိဖုရားေခါင္ႀကီးသာသိရင္ ျပႆနာတက္မယ္ဆိုေပမယ့္ အရွင့္သားက သူ႔ကိုလာေခၚမယ္မွန္း ႀကိဳသိေနေတာ့လည္း...။

"ကြၽန္ေတာ္မ်ိဳးဒီမွာရွိမေနသင့္ပါဘူးအရွင့္သား...အရွင့္သားရဲ႕မယ္မယ္ဘုရားက..."

အဆုံးထိဆက္မေျပာဘဲ ေခါင္းေလးငုံ႔ကာ တိတ္ဆိတ္သြားသည့္အျပာေရာင္ငယ္။ သူ႔ခြင့္ျပဳခ်က္မရဘဲ အျပာေရာင္ငယ္ကို လက္ဖက္ရည္ေတာ္ေဆာင္ဘက္ပို႔လိုက္လို႔ ထိုေန႔ကဘဲမယ္ေတာ္နဲ႔စကားအေခ်အတင္ျဖစ္ခဲ့ေသးသည္။

ဒီႏွစ္ရက္အတြင္း စုန႔္ျပည္နဲ႔ရွင္းစရာရွိသည့္ ပဋိပကၡတစ္ခ်ိဳ႕ေျဖရွင္းေနရတာမို႔ ခ်က္ခ်င္းသြားမေခၚႏိုင္တဲ့သူ႔အျဖစ္။

"က်ဳပ္လူက်ဳပ္ျပန္ေခၚတာပဲ"

"ဒါေပမယ့္..."

"မင္းက ကိုယ္ေတာ့္ရဲ႕ၾကင္ယာေတာ္ျဖစ္လာမယ့္သူဆိုတာပဲသိထားရင္ရၿပီ"

ထယ္ေယာင္းမ်က္ဝန္းထဲျဖတ္ေျပးသြားသည့္ စိုးရိမ္မႈတစ္ခ်ိဳ႕။ သူလိုခ်င္တဲ့အရာဆိုေပမယ့္ အရွင့္သားက တစ္ဇြတ္ထိုးဆန္လြန္းေနတယ္။


.
.
.
.
.
.
.
အခ်ိန္ကား အရွင္ဂြၽန္နန္းတက္ပြဲၿပီး၍ ႏွစ္လတိုင္တိုင္ၾကာခဲ့ၿပီ။

အိမ္ေရွ႕နန္းေဆာင္တြင္ရွိစဥ္က အရွင္နဲ႔အတူစံခဲ့ရေပမယ့္ အရွင္နန္းတက္ကာ သူ႔ကိုၾကင္ယာေတာ္မိဖုရားအျဖစ္တင္ေျမႇာက္ေလေတာ့ အေနာက္ေဆာင္သို႔ေရာက္ခဲ့ရသည္။

မာယာမ်ားတဲ့အေနာက္ေဆာင္ထဲမွာဘယ္လိုရွင္သန္ရမလဲဆိုတာကို ထယ္ေယာင္းေသခ်ာသိသည္။ခ်ီနန္းေတာ္ရဲ႕သမိုင္းမွာေတာ့ သူဟာ ေဆာင္ရနန္းရျဖစ္လာသည့္ ဒုတိယေျမာက္ေသာအမ်ိဳးသားၾကင္ယာေတာ္မိဖုရား။

နန္းတြင္းနန္းျပင္ေျပာေနၾကသည့္စကားရွိသည္။ 'ဘုရင္က ေတာ္ေကာက္လို႔ မင္းကေတာ္ျဖစ္လာတဲ့ေယာက္်ား'တဲ့။

စည္းမ်ဥ္းတို႔အရဆို ဘုရင့္ၾကင္ယာေတာ္မိဖုရားဟာ အေနာက္ေဆာင္ရဲ႕ စံသတ္မွတ္ခ်က္အေပါင္းနဲ႔ျပည့္စုံတဲ့သူမွသာျဖစ္ရမည္။ ပထမဆုံးေသာ ေဆာင္ရနန္းရျဖစ္ခဲ့သည့္ အမ်ိဳးသားၾကင္ယာေတာ္သည္ နန္းမ်ိဳးနန္းႏြယ္ျဖစ္႐ုံသာမက ယခင္မင္းတရားႀကီး၏ ငယ္သူငယ္ခ်င္းလဲျဖစ္ခဲ့သည္။ ခ်စ္ခင္စုံမက္ျခင္းမရွိခဲ့ၾကေသာ္လည္း အေနာက္ေဆာင္ရဲ႕စံသတ္မွတ္ခ်က္ေတြနဲ႔ အကုန္ျပည့္စုံ၍ ၾကင္ယာေတာ္မိဖုရားအျဖစ္ အားလုံးကတင္ေျမႇာက္ခဲ့ၾကသည္ေလ။

ထယ္ေယာင္းသည္ေတာ့ သူတို႔ႏွင့္မတူညီပါ။ အရွင္၏ဆုံးျဖတ္ခ်က္တစ္ခုႏွင့္သာ ကိုယ္လုပ္ေတာ္ျဖစ္ခဲ့သည္။အားလုံးကကန႔္ကြက္ေနၾကသည့္အေျခအေနၾကားထဲမွ အရွင္ကိုယ္တိုင္ သူ၏ နန္းတက္ပြဲ၌ ၾကင္ယာေတာ္အျဖစ္တစ္ပါတည္းခ်ီးေျမႇာက္ခဲ့သည္။

သိပ္ၿပီးခက္ခဲေနတာမ်ိဳးမဟုတ္ခဲ့ေပမယ့္ ဒီေနရာမွာတည္ၿမဲဖို႔ ထယ္ေယာင္းဟာ သူ႔အေပၚခ်စ္ခင္ျမတ္ႏိုးျခင္းမရွိတဲ့အရွင့္ကိုဘယ္အခ်ိန္ထိ ထိန္းခ်ဳပ္ထားႏိုင္မွာတဲ့လဲ။
.
.
.
.
.
.
.
.

"ၾကင္ယာေတာ္မိဖုရားလဲ အေနာက္ေဆာင္ကဥပေဒကိုေလးစားရမယ္...မင္းႀကီးက ပစားထားတယ္ဆိုတိုင္း အားလုံးကို မ်က္ကြယ္ျပဳၿပီးမေနသင့္ဘူး"

သူဆက္သသည့္ လက္ဖက္ရည္တစ္ခြက္ကိုလက္ခံရင္းျဖင့္ စကားဆိုလာသည့္ဘြားေတာ္ဘုရား။

"သြန္သင္စရာရွိရင္ ဘြားေတာ္ကသြန္သင္ေပးပါဦး"

"တစ္ပတ္မွာ အနည္းဆုံးတစ္ခါေလာက္ေတာ့ နန္းမေတာ္ကိုအ႐ိုအေသျပဳသြားသင့္တယ္...အေနာက္ေဆာင္ကိုေရာက္လာကတည္းက နန္းမေတာ္ရဲ႕အေဆာင္ဆီတစ္ခါမွ ဂါရဝျပဳမေရာက္ေသးဘူးၾကားတယ္"

အျပင္ပန္း၌သာ အၿပဳံးတို႔ကိုဟန္လုပ္ထားရေပမယ့္ ထယ္ေယာင္းရင္ထဲမွာေတာ့ တိမ္စိုင္မ်ားညိဳစျပဳေနၿပီ။အရွင့္ရဲ႕မယ္ေတာ္ျဖစ္သည့္ နန္းမေတာ္က သူ႔အား လက္ညႇိဳးထိုးကာပင္ မႈိခ်ိဳးမွ်စ္ခ်ိဳးဆိုသလို အေနာက္ေဆာင္မွႏွင္ထုတ္ဖူးသည္မလား။ အေနာက္ေဆာင္မွာအာဏာအရွိဆုံးဆို ဘြားေတာ္ဘုရားႏွင့္ နန္းမေတာ္၊ ၿပီးေနာက္ ဟြာအင္းမိဖုရား။

နန္းမေတာ္ထက္ မင္းတရားႀကီး၏အခ်စ္ကိုရရွိသည့္ဟြာအင္းမိဖုရားကေတာ့ အေနာက္ေဆာင္အေရးကို သိပ္စိတ္မဝင္စား။ ဘြားေတာ္ဘုရားကလဲ အသက္ႀကီးသူတစ္ေယာက္မို႔ အေနာက္ေဆာင္ကိုအုပ္ခ်ဳပ္သည္ဆိုတာထက္ လိုအပ္သည္မ်ားကိုသာဦးစီးဦးေဆာင္ျပဳသူ။ နန္းမေတာ္ကေတာ့ထိုသို႔မဟုတ္။ မင္းႀကီး၏မယ္ေတာ္ျဖစ္ၿပီး မင္းတရား၏မိဖုရားႀကီးဆိုသည့္ဂုဏ္ႏွင့္ အနည္းငယ္ေမာက္မာခ်င္သည္။

အေနာက္ေဆာင္ကိုသူသာလွ်င္လႊမ္းမိုးရမည္ဟူေသာ အတၱစိတ္လဲရွိခ်င္ရွိေနဦးမည္။ထယ္ေယာင္းဆီမွာ နန္းမေတာ္အားေၾကာက္သည့္စိတ္မရွိပါ။ သို႔ေသာ္ သူရင္ဆိုင္ရမည့္တစ္ဦးတည္းေသာသူက အရွင္ရဲ႕မိခင္မို႔ အနည္းငယ္စိုး႐ြံ႕သည္။

"အရွင္နဲ႔အတူေနာက္ဆုံးအိပ္ေဆာင္ဝင္ခဲ့တာ တစ္လေလာက္ရွိၿပီမလား ၾကင္ယာေတာ္ကင္မ္..."

ဝတ္႐ုံေအာက္မွထယ္ေယာင္းလက္တို႔သည္အခ်င္းခ်င္းကုတ္ျခစ္မိၾကသည္။လူေျပာစရာျဖစ္သည့္အေၾကာင္းေတြထဲ သူ႔နန္းေဆာင္သို႔အရွင္မလာသည့္သတင္းကလဲတစ္ခုအပါအဝင္။

အရွင္က သူ႔ကိုျမတ္ႏိုးစုံမက္လို႔မိဖုရားအရာထားခဲ့တာမွမဟုတ္ဘဲ။ တစ္ျခားေသာေယာက္်ားသားတို႔လို လွတာျမင္ၿပီးရခ်င္လို႔ ယူထား႐ုံသက္သက္။

"အရွင္က ႏိုင္ငံ့အေရးကိုအာ႐ုံစိုက္ေနလို႔ထင္ပါတယ္"

စိတ္ထဲဂယက္႐ိုက္ေနသေလာက္ တည္ၿငိမ္ေသာအသြင္ျဖင့္ ေလွ်ာက္တင္ေလေတာ့ ဘြားေတာ္ကသူ႔အားၾကည့္ရင္း သက္ျပင္းအရွည္ႀကီးကိုခ်လ်က္...

"နန္းမေတာ္စိတ္ကြက္မယ့္အရာဆို ဘာတစ္ခုမွမလုပ္မိေစနဲ႔...ဘုရင့္ရင္ေသြးကိုလြယ္ႏိုင္တဲ့သူမဟုတ္တဲ့ဘဝမွာ မာနေတြကိုခ်ိဳးႏွိမ္ထားတာက အေနာက္ေဆာင္မွာေနရာၿမဲမယ့္တစ္ခုတည္းေသာနည္းလမ္းပဲ...ဘြားေတာ္ကမင္းကိုခင္တြယ္လို႔ ဒီလိုစကားေျပာရတာ...နန္းမေတာ္ဆီကိုသြားၿပီး မင္းႀကီးအတြက္ကိုယ္လုပ္ေတာ္ေခၚယူဖို႔ စကားအရင္ေၾကာင္း...မင္းႀကီးရဲ႕ေဘးကို မိဖုရားတစ္ပါးေရာက္မလာခင္ ကိုယ္လုပ္ေတာ္ရဲ႕ရင္ေသြးကိုပဲျဖစ္ျဖစ္ မင္းကလက္ဦးမႈယူထားရမယ္မလား"

စကားကုန္ေျပာလာသည့္ဘြားေတာ္ဘုရားကိုသာ စူးစိုက္ကာၾကည့္လိုက္မိေတာ့သည္။ဘြားေတာ္ဘုရား၏မ်က္ဝန္းေတြကလဲ သူ႔အားၾကင္နာစြာၾကည့္ေနသည္။ထိုအၾကည့္၌ သနားရိပ္မ်ားလဲတစ္စြန္းတစ္စပါဝင္ခ်င္ပါဝင္လိမ့္မည္။ဒီအေတာအတြင္း သူကအေနာက္ေဆာင္ရဲ႕သနားစရာလူတစ္ေယာက္ျဖစ္ေနခဲ့တာမ်ားလား။

"ဘြားေတာ္ရဲ႕အေျမႇာ္အျမင္ႀကီးမႈကို ကြၽန္ေတာ္မ်ိဳးလိုက္မမွီႏိုင္ေတာ့ပါဘူး"

ေက်းဇူးစကားအား ပါးနပ္စြာဆိုလိုက္သည္။ အမွန္တရားႏွင့္ ျဖစ္သင့္ေသာအရာကိုထုတ္ေျပာလာသည့္ဘြားေတာ္ရဲ႕စကားမ်ားအား တစ္ကယ္တမ္းေတာ့ ခံႏိုင္ရည္သိပ္မရွိ။

အရွင့္အေပၚလႊမ္းမိုးႏိုင္ရမည္ဟူေသာအသိနဲ႔ ဒီေနရာအထိတက္လာခဲ့သူကထယ္ေယာင္း။ ယခုေတာ့ အေနာက္နန္းရဲ႕အရႈပ္ေတာ္ပုံထဲသာေရာက္လာရသည္။ အရွင့္ဆီက သူ႔အေပၚအာ႐ုံစိုက္မႈဟာ သိသိသာသာကို ေလ်ာ့ပါးေနသည္။

"မင္းႀကီးကို ေမာင္မင္းတစ္ေယာက္တည္း ေမာင္ပိုင္စိုးလုပ္ဖို႔ရည္႐ြယ္ခ်က္ေတာ့ မရွိဘူးမလား"

႐ိုးရွင္းမလိုႏွင့္ရႈပ္ေထြးသည့္ထိုေမးခြန္း။ 'မုန႔္ကိုေတာ့ေဝစားႏိုင္သည္။အခ်စ္ကိုေတာ့ခြဲေဝမေပးႏိုင္ပါ'ဟုေျပာရေအာင္လဲ အရွင္ဟာ သူ႔ကိုခ်စ္သည္မဟုတ္။

ပုံမွန္ဆို ဘုရင္တစ္ပါးက ညီလာခံအတူဝင္မည့္ မိဖုရားေခါင္တစ္ေယာက္၊ ပြဲလမ္းအတူႏြဲသည့္ မိဖုရားငယ္ႏွစ္ေယာက္နဲ႔ ကိုယ္လုပ္ေတာ္ဆယ္ဦးထက္မနဲရွိရမည္။ ယခု အရွင့္တြင္ကား သူတစ္ေယာက္တည္း။

နန္းသက္ႏွစ္လသာရွိေသးသည္မို႔ အေနာက္ေဆာင္စည္ကားဖို႔အတြက္ မည္သူကမွ်တြန္းအားမေပးၾကေသးတာပင္။ ၾကာလာရင္ေတာ့ အရွင့္ထံ၌ တစ္ျခားၾကင္ယာေတာ္မ်ားထပ္ရွိလာႏိုင္သည္မလား။

"ဒီကိစၥမွာေတာ့ အရွင့္အတြက္ကြၽန္ေတာ္မ်ိဳးကသေဘာထားႀကီးေပးမွာပါ ဘြားေတာ္ဘုရား"

ထိုစကားတို႔ကိုဆိုသည့္ႏႈတ္ခမ္းတစ္စုံသည္ အၿပဳံးတုတို႔ျဖင့္...။
.
.
.
.
.
.
.
.

ပန္းဥယ်ာဥ္သို႔အရွင္အလည္လာမည္ဟူေသာသတင္းကို ထယ္ေယာင္းလွ်ိဳ႕ဝွက္စြာၾကားထားသည္။
မည္သူႏွင့္ေတြ႕ဖို႔ခ်ိန္းဆိုထားသည္မွန္းမသိရေသာ္လည္း အရွင္ကအေနာက္နန္းနဲ႔အနီးဆုံးေနရာကိုလာတယ္ဆိုမွေတာ့ ထယ္ေယာင္းတို႔က အလွျပပဲျဖစ္ျဖစ္ သြားရမွာေပါ့။

မဖိတ္ေခၚေပမယ့္ တိုက္ဆိုင္သလိုဟန္လုပ္ရမွာပဲ။ အရွင့္ဆီကအာ႐ုံစိုက္မႈရမည့္အခြင့္အေရးကို သူစိုးစဥ္းမွ်ပင္လက္လြတ္မခံႏိုင္။ထို႔ေၾကာင့္ မနက္အိပ္ယာထကတည္းက ေၾကးမုံေရွ႕သို႔ ေရာက္မွန္းမသိေရာက္ေနရသည္။

မ်က္ႏွာထက္ပါးပါးေလး ဖို႔ထားသည့္မ်က္ႏွာေခ်မႈန႔္၊ ႏႈတ္ခမ္းသားအားႏု နဂိုထက္သာ၍ ႏုေထြးေနေစသည့္ ေဆးသား။ တင္ပါးေအာက္အထိေျဖာင့္စင္းစြာက်ေနသည့္ဆံႏြယ္တို႔ကလည္း သပ္ရပ္စြာၿဖီးထားလ်က္။

ကေခ်သည္ဘဝကတည္းကထယ္ေယာင္းအဖို႔မ်က္ႏွာေခ်သုံးခဲ့သည္ဆိုေသာ္ျငား ယခုေတာ့ အရွင့္တစ္ေယာက္တည္းအတြက္သာဟူေသာအသိေၾကာင့္ရင္ထဲတလွပ္လွပ္။

အျပာရင့္ေရာင္ပိုးသားဝတ္႐ုံကိုဝတ္ဆင္လိုက္ေတာ့ အရွင္ေခၚေနက် နာမတစ္ခုကစိတ္အစဥ္သို႔စိုးမိုးလာသည္။ အျပာေရာင္ပိုးစျဖင့္သာခ်ည္ေႏွာင္ထားသည့္ဆံပင္ရွည္မ်ားဟာ စႏၵကူးနံ႔ပ်ံ႕လႊင့္ေနသည္။ လိပ္ျပာပြင့္သ႑ာန္ပန္းပါသည့္ ေက်ာက္စိမ္းဆံထိုးတစ္ေခ်ာင္းကို ထုံးေႏွာင္ထားသည့္ဆံသားထက္ ပန္ဆင္လိုက္ေတာ့ ျပင္ဆင္မႈဟာ အနည္းငယ္မွ်ျဖင့္ ျပည့္စုံသြားသည္။

အပ်ိဳေတာ္တစ္စုရဲ႕ျပင္ဆင္ေပးမႈအၿပီးမွာ ထယ္ေယာင္းအလွဟာ ဘာမွမထူးျခားပါပဲ က်က္သေရရွိစြာတည္ၿငိမ္လ်က္။

"ၾကင္ယာေတာ္ကင္မ္က က်က္သေရရွိလိုက္တာ"

ေဘးမွအပ်ိဳေတာ္က မေနႏိုင္စြာျဖင့္ေျပာထြက္လာသည္။

"အရွင္မေရာက္ခင္ ႀကိဳၿပီးသြားေစာင့္ၾကရေအာင္"

သူတို႔ခစားလာသည့္ႏွစ္လအတြင္း ၾကင္ယာေတာ္ကင္မ္ရဲ႕ လန္းဆန္းသည့္ပန္းလိုအသြင္ဟာ ဒီေန႔မွသာျဖစ္ေပၚသည္။အရွင္ႏွင့္ေတြ႕ရမည္ဆိုေသာ ေန႔မွာေပါ့။

"ဟုတ္ကဲ့ပါမယ္မယ္"

အေနာက္နန္းႏွင့္ကပ္လ်က္တည္ရွိသည့္ ပန္းဥယ်ာဥ္။ အေၾကာင္းမၾကားပါပဲ ေရာက္လာသည့္ ၾကင္ယာေတာ္ကမ္ႏွင့္အပ်ိဳေတာ္တို႔ေၾကာင့္ ပန္းဥယ်ာဥ္ထဲမွ တာဝန္က်နန္းသူမ်ားမွာ အလန႔္တၾကားျဖစ္သြားရသည္။

နန္းတက္ပြဲၿပီးကတည္းက အေနာက္ေဆာင္၌ ၿငိမ္ေနသည့္ၾကင္ယာေတာ္ကင္မ္က ထူးဆန္းစြာနန္းေဆာင္အျပင္သို႔ထြက္လာသည္မို႔အံ့ဩၾကသည္ကလဲတစ္ေၾကာင္းအပါအဝင္။

"ၾကင္ယာေတာ္မိဖုရားကိုဂါရဝျပဳပါတယ္"

အားလုံးကစု႐ုံးကာ ဒူးေထာက္လ်က္အ႐ိုအေသျပဳၾကသည္။

"အားလုံးထၾကပါ"

ရွတတျဖင့္ ေလးနက္ကာေအးခ်မ္းသည့္ အသံသည္ ဧကရီတစ္ပါး၏ဩဇာတစ္ခုအသြင္ တူညီသည္။မ်က္လႊာပင့္သည္ဆို႐ုံမွ်ေသာအၾကည့္ျဖင့္ အားလုံးကိုေဝ့ဝိုက္ၾကည့္လာသည့္ၾကင္ယာေတာ္ကင္မ္။

"မနက္အေစာပိုင္း ၾကင္ယာေတာ္ကင္ ပန္းဥယ်ာဥ္ကိုေရာက္လာမယ္လို႔မထင္ထားမိဘူး...အေၾကာင္းကိစၥတစ္ခုခု ရွိလို႔မ်ားလားမယ္မယ္"

ေခါင္းေဆာင္နန္းတြင္းသူတစ္ေယာက္ကေမးေလေတာ့ ႏူးညံ့စြာၿပဳံးၿပီး...

"ပန္းဥယ်ာဥ္ကိုတစ္ခါမွမေရာက္ဖူးေသးလို႔ပါ...မယ္မင္းတို႔အခက္ေတြ႕မယ့္ကိစၥ ဘာတစ္ခုမွမလုပ္ဘူးမို႔ ကိုယ့္အလုပ္ကိုယ္လုပ္ၾကပါ"

"ဟုတ္ကဲ့ပါမယ္မယ္"

မနက္ခင္းရဲ႕ ေနေရာင္ေအာက္၌ ၿငိမ္သက္ေနသည့္ အလွက်က္သေရတစ္ခုဆိုပါက သူတို႔အေရွ႕မွၾကင္ယာေတာ္မိဖုရားသာျဖစ္လိမ့္မည္။ နက္ေမွာင္သည့္ဆံႏြယ္ရွည္ေတြဟာ ေနေရာင္ထဲမွာလက္ကနဲ။ အၿပဳံးႏုႏုတို႔က မိုးစင္ကာပြင့္သည့္ပန္းလို။

"မယ္မယ္...ဥယ်ာဥ္ရဲ႕အေနာက္ဘက္မွာ ၾကာကန္ရွိပါတယ္...အဲ့ဒီဘက္မွာေလသာေဆာင္လဲရွိတာမို႔ အရွင္ကလာရင္ အဲ့ဒီကိုလာပါလိမ့္မယ္"

အေနာက္မွအားထားရသူအပ်ိဳေတာ္၏စကားသံတိုးတိုး။

"ၾကာကန္ကိုသြားၾကတာေပါ့"

မိန႔္ဆိုမႈအၿပီးမွာ ၾကင္မ္ယာေတာ္ကင္မ္ႏွင့္အပ်ိဳေတာ္မ်ားသည္ ပန္းဥယ်ာဥ္အေနာက္ဘက္ရွိ ၾကာကန္သို႔။
.
.
.
.
.
.
"ပန္းဥယ်ာဥ္ထဲေရာက္ေနတာ ဘယ္သူမ်ားလဲလို႔...ၾကင္ယာေတာ္ကင္မ္ပဲ"

ကန္စပ္၌ေဆာက္ထားသည့္ေလသာေဆာင္ထဲေနေနခိုက္ အေနာက္ပါးဆီမွထြက္လာသည့္စကားသံ။ လွည့္ၾကည့္လိုက္ေတာ့ ခရမ္းေရာင္ဝတ္႐ုံႏွင့္မိန္းမလွေလးတစ္ေယာက္။သူမအေနာက္၌ အပ်ိဳေတာ္မ်ားပါသည္မို႔ နန္းေတာ္ထဲအေရးပါသူတစ္ေယာက္ျဖစ္လိမ့္မည္။

ပထမဆုံးေသာေတြ႕ဆုံျခင္းျဖစ္ေပမယ့္ သူမရဲ႕အၾကည့္စူးစူးကို ထယ္ေယာင္းလုံးဝ ဘဝင္မက်။ၿပီးေတာ့ သူမရဲ႕အလွဟာလဲ အဆိပ္ပါသည့္အလွလို။

"ကြၽန္ေတာ္မ်ိဳးမဂါရဝျပဳပါတယ္"

သူ႔အားဂါရဝျပဳလာသည့္မိန္းကေလးဟာ သူ႔ထက္အဆင့္နိမ့္သူမွန္းသတိထားမိလိုက္ေပမယ့္ ရဲတင္းသည့္အၾကည့္ေတြကိုေတြ႕လိုက္ရေတာ့ စိတ္ထဲစႏိုးစေနာင့္။

အနားသို႔တိုးကပ္လာကာ တိုးတိတ္စြာလာေျပာသည့္ သူ႔အပ်ိဳေတာ္ရဲ႕စကားမွာ ထယ္ေယာင္းမ်က္ႏွာတည္သြားခဲ့သည္။

"ဂိုအင္ေဆာလို႔ေခၚပါတယ္...ကြၽန္ေတာ္မ်ိဳးမလဲ မၾကာခင္ အရွင့္ၾကင္ယာေတာ္တစ္ပါး ျဖစ္လာမွာပါ...မယ္မယ္ အဟင္း"

ရယ္သြမ္းေသြးကာ မထီမဲ့ျမင္ေလွ်ာက္တင္သည္။ ဟြာအင္းမိဖုရား၏ ေျမးေတာ္သူျဖစ္ၿပီး မင္းသားေဆာင္းဟြန္းရဲ႕တူမေတာ္။ နန္းမေတာ္တစ္ခ်ိန္ကေျပာတဲ့ ေတာ္ဝင္မင္းသမီးတစ္ပါးဆိုတဲ့မိန္းကေလး။

အသက္အ႐ြယ္အားျဖင့္ 21ႏွစ္မွ်သာရွိေသး၍ သူႏွင့္ အရွင္ထက္အမ်ားႀကီးငယ္ေသာမိန္းကေလး။ ငယ္ဂုဏ္ေၾကာင့္ထင္သည္။ လွပမႈကေတာ့အျပစ္ေျပာစရာပင္မရွိ။သို႔ေပမယ့္ ထိုမိန္းကေလးက အရွင့္ၾကင္ယာေတာ္ျဖစ္လာမည့္သူမို႔ ေလ်ာ့တြက္၍မရ။ ဂိုမ်ိဳး႐ိုးဆိုတာ မင္းအဆက္ဆက္ဆီက ခ်စ္ျခင္းတို႔ကိုအပိုင္သိမ္းခဲ့သူေတြမလား။

ဒီအေျခအေနအားလုံးကိုသေဘာေပါက္လိုက္သည့္ထယ္ေယာင္းအဖို႔ သိပ္ေတာ့စိတ္လႈပ္ရွားျခင္းမရွိ။ ငယ္႐ြယ္သည့္မိန္းကေလးကၿပိဳင္ဘက္ျဖစ္လာေတာ့ စိတ္ပူစရာမလိုဘူးေပါ့။

"ဒီေန႔အရွင္နဲ႔အတူ ပန္းရႈစားဖို႔ေရာက္လာတာပါ...အရွင္ကိုယ္တိုင္ဖိတ္ေခၚထားတာေလ"

မေမးသည့္အေၾကာင္းအရာမ်ားကိုေျဖလာသည့္မိန္းကေလး။ ဒါဟာ သူမက အရွင့္ဆီကအာ႐ုံစိုက္မႈရသူျဖစ္ေၾကာင္း ေကြ႕ဝိုက္ကာေျပာလိုက္ျခင္းတစ္မ်ိဳးပင္။ ထယ္ေယာင္း စိတ္ထဲမပါဘဲ ၿပဳံးလိုက္ရသည္။

"ၾကင္ယာေတာ္ကင္ကမသိလိုက္ပဲေရာက္လာတယ္ထင္တယ္ တစ္လက္စထဲ အရွင့္ကို အတူအေဖာ္ျပဳေပးခ်င္လား"

အနည္းငယ္လႊဲမွားေနသည္ဟုခံစားရေစေသာအေနအထား။ ၾကင္ယာေတာ္မျဖစ္ေသးသည့္မိန္းကေလးက ၾကင္ယာေတာ္မိဖုရားကို ရဲရဲတင္းတင္းေျပာဆိုေနတာပဲ။

သူသာလက္ခံလိုက္ရင္ေနာက္ကြယ္မွာအေလွာင္ခံရေလာက္တယ္။

"အရွင္နဲ႔အတူေကာင္းတဲ့အခ်ိန္ေလးေတြပိုင္ဆိုင္ဖို႔ဆႏၵျပဳမိပါတယ္မိန္းကေလးဂို..."

ထိုမွ်ဆိုကာထြက္လာလိုက္ေတာ့သည္။အရွင္နဲ႔ေတြ႕မယ့္သူရွိေနသည့္ ဒီေနရာဟာ ကိုယ္နဲ႔မသက္ဆိုင္ပါ။

"ကံေကာင္းေထာက္မၿပီး ေယာက္်ားေလးၾကင္ယာေတာ္ျဖစ္လာတာ..ကိုယ္လုပ္ေတာ္နဲ႔မျခားတဲ့ဘဝမွာ ဘာေတြသေဘာထားႀကီးခ်င္ေသးတာလဲ"

ၾကားလိုက္ရသည့္စကားအဆုံး ထယ္ေယာင္းေျခလွမ္းတို႔ဟာ ေလသာေဆာင္အတြင္းမွာသာရပ္သြားရသည္။မထားသည့္ဝတ္႐ုံစကိုခ်လိုက္ကာ မိန္းကေလးဂိုဘက္လွည့္လိုက္သည္။

သူ႔ကိုမတူမတန္စြာၾကည့္လာခဲ့သည့္မ်က္ဝန္းေတြ။႐ြံ႕ရွာသလိုအၾကည့္ခံရတာ သူ႔ဘဝမွာပထမဆုံးမို႔ သူ႔ခႏၶာကိုယ္ဟာလဲ ပူရွိန္းတက္သြားခဲ့သည္။

"ၾကင္ယာေတာ္ေျမႇာက္ၿပီး ေခြၽးသိပ္တာကို အဟုတ္ထင္မေနနဲ႔...ကေခ်သည္တစ္ေယာက္က အရွင့္ဆီမွာ တစ္ခါေလာက္အသုံးေတာ္ခံရရင္ပဲ ေက်နပ္လိုက္ေပါ့"

ပန္းေရာင္ႏႈတ္ခမ္းတစ္စုံက လွပစြာၿပဳံးေပမယ့္ ထြက္လာသည့္စကားမ်ား၌ေတာ့ ထယ္ေယာင္းအသားမ်ား ေဒါသေၾကာင့္ တဆတ္ဆတ္တုန္တက္သည္။

"မိုက္႐ိုင္းလိုက္တာ ရာရာစစ..."

ေျမာက္တက္သြားသည့္ထယ္ေယာင္းရဲ႕လက္တစ္ဖက္။

"မယ္မယ္စိတ္ထိန္းပါ"

အေနာက္ဘက္မွအပ်ိဳေတာ္တို႔၏စိုးရိမ္တႀကီးတားျမစ္သည့္အသံ။လက္ကိုျပန္ခ်လိုက္ရေပမယ့္ ေဒါသမီးဟာေတာက္ေလာင္ေနဆဲ။

"မ႐ိုက္ရဲဘူးပဲ...အင္းေလ...အရွင္စြန႔္ပစ္ထားတဲ့မိဖုရားတစ္ပါးမလား...အေယာင္ေဆာင္ဂုဏ္ျဒပ္နဲ႔လုပ္ရဲစရာအေၾကာင္းမွမရွိတာ"

"ျဖန္း..."

လည္ထြက္သြားသည့္မိန္းကေလးဂိုရဲ႕မ်က္ႏွာ။ထယ္ေယာင္းသည္ပင္ လန႔္သြားရ၏။

သူ႔ပါးသူအုပ္ကိုင္လ်က္ ထယ္ေယာင္းဆီၾကည့္လာသည္။တစ္ကယ္ေတာ့ထယ္ေယာင္းအေနာက္မွအပ်ိဳေတာ္ဆီၾကည့္တာဆိုပိုမွန္လိမ့္မည္။

"မင္း...မင္းလိုအဆင့္နဲ႔ ငါ့ကိုပါး႐ိုက္တယ္..."

"ကြၽန္ေတာ္မ်ိဳးမလိုအဆင့္နဲ႔လူက႐ိုက္မွအဆင္ေျပမွာမို႔ပါ...ၾကင္ယာေတာ္ကင္မ္လိုအဆင့္နဲ႔ဆို မိန္းကေလးဂိုရဲ႕ပါးက အထိခံရဖို႔ သနတယ္မလား...ႂကြက္ပုတ္လိုမိန္းမ"

"ငါတို႔မင္းသမီးကိုရာရာစစ"

ဂိုအင္ေဆာဘက္မွအပ်ိဳေတာ္မ်ားပါ ပါလာၾကၿပီး ႏွစ္ဖြဲ႕လုံး ကုတ္ဆြဲၾကေတာ့သည္။ခ်က္ခ်င္းျဖစ္ပ်က္သြားသည့္အေျခအေနေၾကာင့္ ထယ္ေယာင္းဆြံ႕အေနမိတာ။

ေဒါသေၾကာင့္ရွဴးရွဴးရွဲရွဲျဖစ္ေနသည့္ ဂိုအင္ေဆာက သူ႔အေနာက္မွ ပါး႐ိုက္သည့္အပ်ိဳေတာ္အား အတင္းဆြဲသည္။

"မင္း ငါနဲ႔ေတြ႕မယ္"

ေလသာေဆာင္ၾကမ္းျပင္ေပၚတြန္းခ်ပစ္သည္။ လွဲက်သြားသည့္သူ႔အပ်ိဳေတာ္က နာက်င္ဟန္မရပဲျပန္ထကာ ဂိုအင္ေဆာအား ျပန္တြန္းထုတ္သည္။ အရွိန္ႏွင့္မို႔ အားလြန္သြားသည့္သူမက  ေလသာေဆာင္မွ စားပြဲခုံႏွင့္ခိုက္ကာလွဲက်ေတာ့ ထယ္ေယာင္းစိုးရိမ္သြားတာအမွန္။

"အားလုံးရပ္လိုက္"

သူ႔စကားၾကားေတာ့အားလုံးကရပ္သြားၾကသည္။ဂိုအင္ေဆာအနားသို႔အျမန္သြားလိုက္ကာ...

"ရရဲ႕လား..."

ဂ႐ုစိုက္ကာထူမေပးလိုက္ေတာ့ မတ္တပ္ရပ္ႏိုင္သြားသည္။မ်က္ႏွာခ်င္းဆိုင္အေျခအေနအေရာက္ လွလွပပ ၿပဳံးလာသည့္ဂိုအင္ေဆာ။

ကန္ဘက္ေက်ာေပးရပ္ထားသည့္ထယ္ေယာင္းစိတ္ထဲ တစ္မ်ိဳးတစ္မည္ခံစားလိုက္ရသည္ႏွင့္ တစ္ၿပိဳင္နက္...

"ဗြမ္း!"

ကန္ထဲသို႔ျပဳတ္က်သြားသည့္ ၾကင္ယာေတာ္ကင္မ္ေၾကာင့္ အင္ေဆာမ်က္လုံးမ်ားျပဴးက်ယ္ကာ သူ႔ပါးစပ္သူလက္ျဖင့္ကာလိုက္မိေတာ့သည္။ ေရထဲမွာယက္ကန္ယက္ကန္ျဖင့္ေရမြန္းေနဟန္ရသည့္ၾကင္ယာေတာ္ကင္။ အပ်ိဳေတာ္မ်ားက ကန္စပ္သို႔ဝိုင္းအုံလာၾကေတာ့သည္။

"မယ္မယ္...ဘယ္လိုလုပ္ရပါ့မလဲ"

စိုးရမ္စြာေအာ္ဟစ္သံမ်ား။

"မိန္းကေလးဂိုအခု မယ္မယ္ကိုေရကန္ထဲတြန္းခ်လိုက္တာလား...မယ္မယ္..."

"မဟုတ္ဘူး...ငါမတြန္းခ်ဘူး..."

"ဗြမ္း!"

သူတို႔အခ်င္းမ်ားေနခိုက္ ေရကန္ထဲသို႔ခုန္ဆင္းသြားသည့္လူတစ္ေယာက္ ။ အားလုံးကရပ္တန႔္သြားၾကသည္။

"အရွင္!"
.
.
.
.

To be continued.....
The Love Sleeping Under The Moonlight
Create By Jin's Jin Isle From BTS World
Novel By SawLwinYar
6290 words

A/N : အျပာေရာင္ငယ္က ရွင္ေလးတို႔ဖတ္ေနက်ထဲကေတြလို  ျဖဴစင္ေနတဲ့ character တစ္ခုေတာ့မဟုတ္ေပမယ့္ ႀကိဳက္တယ္မလား။

Continue Reading

You'll Also Like

613K 9.5K 88
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
6.4K 454 14
story about AKSHU naira mumma
2K 96 7
๐˜–๐˜—๐˜Œ๐˜• [] / ๐˜พ๐™‡๐™Š๐™Ž๐™€๐˜ฟ [๐Ÿ•ธ๏ธ] โ›โ› ๐˜ ๐˜ธ๐˜ข๐˜ฏ๐˜ต ๐˜ต๐˜ฐ ๐˜ฃ๐˜ถ๐˜ช๐˜ญ๐˜ฅ ๐˜บ๐˜ฐ๐˜ถ ๐˜ข ๐˜ฑ๐˜ณ๐˜ฐ๐˜ต๐˜ฆ๐˜ด๐˜ต ๐˜ฐ๐˜ถ๐˜ต ๐˜ฐ๐˜ง ๐˜ด๐˜ต๐˜ช๐˜ค๐˜ฌ๐˜ด ๐˜ข๐˜ฏ๐˜ฅ ๐˜ณ๐˜ฐ๐˜ค๐˜ฌ๐˜ด ๐˜ ๐˜ง๐˜ช๐˜ฏ๏ฟฝ...
5.1M 190K 50
*COMPLETED* Liam always thought that his first lover and best friend would turn out to be his mate. But after him leaving for two years, and the cont...