I Found You

By Yum182

5.5K 368 300

This fiction is being written to raise funds for PerthSaint' graduation. More

အမှာစာ
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8 (1)
Part 8 (2)
Part 9
Part 10 (1)
Part 10 (2)
Part 11
Part 12
Part 13
Part 14
Part 15
🖤❤

Part 1

545 30 24
By Yum182

Unicode

Ring! Ring! Ring!

Saint လချုပ်စာရင်းများ ထိုင်လုပ်နေတုန်း စားပွဲပေါ်တင်ထားတဲ့ ဖုန်းက မြည်လာတာမို့ တပ်ထားတဲ့ မျက်မှန်ကို ချွတ်ပြီး ဖုန်းကိုင်လိုက်သည်။ ဖုန်းနံပါတ်က အစိမ်း။

"ဟဲလို"

"Perth Tanaponရဲ့ အုပ်ထိန်းသူ Mr.Saint Suppapongလား ခင်ဗျ"

"ဗျာ"

သူက Saint Suppapongတော့ ဟုတ်တယ် ဒါပေမယ့် Perth Tanaponရဲ့ အုပ်ထိန်းသူမှ မဟုတ်တာ။ တစ်ဖက်ကလူ ဘာပြောဖို့လဲမသိသေးတာကြောင့် Saintဆက်နားထောင်နေလိုက်သည်။

"ကျွန်တော်တို့ G**** H** hotelကပါ... ကျွန်တော်တို့ဆီမှာ တည်းခိုတဲ့ Mr. Perth Tanaponက ဖုန်းခေါ်ခိုင်းလို့ပါ... သူအရက်အလွန်အကျွံမူးနေပြီး Mr. Saint Suppapongကို မခေါ်ပေးရင် ခေါင်မိုးထပ်ကနေ ခုန်ချမယ်ဆိုပြီး ပြောနေလို့ပါ... အခုလာပေးပါနော်"

"ဗျာ... အာ... ဟုတ်ကဲ့ ဟုတ်ကဲ့"

Saint ယောင်ယောင်အမ်းအမ်းဖြင့် ခေါင်းငြိမ့်လိုက်မိပြီးမှ သူလိုက်သွားစရာ အကြောင်းမရှိဘူးဟုအသိပြန်ဝင်ချိန် ဖုန်းက ချသွားပြီဖြစ်သည်။ ဖုန်းပြန်ခေါ်တော့လည်း မကိုင်ကြတော့။

Perthဆိုတာ Saintကို စတွေ့တည်းက ချစ်ကြောင်းကြိုက်ကြောင်းတွေ လိုက်ပြောနေပြီး အတင်းကပ်နေတဲ့ကောင်လေး။ အလုပ်အတူတွဲလုပ်နေတဲ့ သူ့အဖေမျက်နှာသာမရှိဘူးဆို ဒီကောင်လေးကို ကိုင်ပေါက်ပြီး ခပ်ဝေးဝေးကို လွှင့်ပစ်လိုက်ပြီ။ သူ့အဖေက Saintနဲ့ အသိအကျွမ်းဖြစ်တဲ့အပြင် ရုံးရေးကန္နားရေးဆို ဒီလူရဲ့အာဏာကိုပဲ Saintက အကူအညီယူနေရတာဆိုတော့ သူ့သားကို စိတ်ရှိလက်ရှိလုပ်လို့မရ။ ဒါကိုသိနေတဲ့ ကောင်လေးကလည်း အခွင့်အရေးသိပ်ယူလွန်းသည်။ အခုလည်း တိုက်ပေါ်က ပြုတ်ကျလို့သေသွားခဲ့ရင် မြို့တော်ဝန်ရဲ့သားက Saansook ကုမ္ပဏီပိုင်ရှင်ကြောင့် တိုက်ပေါ်က ခုန်ချသွားတယ်ဆိုတဲ့ သတင်းခေါင်းစဥ်ကြီးနဲ့ ထွက်လာခဲ့ရင်တော့ ခေါင်းကြိမ်းရချည်ရဲ့။

Saintကားသော့ ယူပြီး သူတို့ပို့ပေးတဲ့ လိပ်စာအတိုင်းလိုက်လာခဲ့သည်။ Saintရောက်တော့ ဝန်ထမ်းတွေက အ​ပေါ်ဆုံး အထပ်ရှိ အခန်းတစ်ခုထဲသို့လိုက်ပို့၏။ အပေါ်ဆုံးထပ်က VVIPအခန်းတွေမို့လို့ လူသိပ်မရှိ။

"ကျွန်တော်တို့ မနည်းထိန်းထားလို့ အခုတော့ ငြိမ်နေပါတယ်... အစ်ကိုကပဲ ပြန်ဖို့ ​ပြောပေးပါဦး... ကျွန်တော်တို့ အလုပ်မပြုတ်ချင်လို့ပါဗျ"

ဝန်ထမ်းကောင်လေးက အသနားခံသလိုပြောလာတော့ နဂိုတည်းကမှ စိတ်နုတဲ့ Saintက ခေါင်းငြိမ့်ပြလိုက်သည်။ ကောင်လေးတွေပြန်ထွက်သွားတော့ Saintအခန်းထဲ လိုက်ပတ်ကြည့်ပေမယ့် Perthကို မတွေ့။ ရေချိုးခန်းထဲက ရေသံ ပတောက်ပတောက်ကြား၍ ရေချိုးခန်းထဲ၌ ရှိမည်ထင်၍ ဝင်လာခဲ့သည်။

ထင်သည့်အတိုင်း bathtubထဲမှာ အင်္ကျီကျွတ်နှင့် ထိုင်နေသည့် Perth။ မျက်လုံးကို မှိတ်ပြီး အနောက်ကိုမှီကာ လူက အိပ်ပျော်နေသလိုလို မေ့မျောနေသလိုလိုဖြစ်နေတာကြောင့် Saint အနားကပ်သွားလိုက်သည်။

"ဒီမှာ... ရေထဲမှာ အိပ်မနေနဲ့ ထဦး"

"....."

"ငါ့ကို အဲ့လောက် ဒုက္ခမပေးလို့မရဘူးလား... ငါအလုပ်နဲ့အကိုင်နဲ့ကွ အခုလိုမျိုး မင်းခေါ်တိုင်း လာလို့မရဘူး"

"....."

"ဟေး! ကြားလား"

မျက်လုံးလည်းမဖွင့် ပြန်လည်းမပြောတဲ့အပြင် Perthရဲ့ ခေါင်းက ပိုငိုက်စိုက်သွားတာကြောင့် Saint Perthရဲ့ မျက်နှာကို မေးစေ့ကနေ လှမ်းကိုင်လိုက်၏။

"ဘာဖြစ်တာလဲ! သတိထားဦးလေ... Perth Perth"

Saint ရင်ထဲ ပူထူသွားတာတော့အမှန်။ အရက်အလွန်အကျွံသောက်ပြီး နှလုံးတွေဘာတွေရပ်သွားတာလား။ ရေစိမ်တာကြာလို့ လေဖြတ်သွားတာလား။ ဦးနှောက်သွေးကြောတွေ ဘာတွေများ ပြတ်သွားတာလား။ သေသွားတယ်ဆိုလျှင် သူ့ကို အမှုလာပတ်ဦးမည်။

"ဒုက္ခပါပဲ...ကျစ်... အ"

ဗွမ်း!

တစ်ယောက်ယောက်ကို ခေါ်မှဖြစ်တော့မည်မို့ Saint မတ်တပ်ထရပ်လိုက်စဥ် လက်ကောက်ဝတ်ကနေ အဆွဲခံလိုက်ရပြီး bathtubထဲ ပြုတ်ကျသွား၏။ ပြီးတော့ လက်တစ်စုံက သိုင်းဖက်ထားသည်။ လန့်ဖြန့်သွားပြီး ပူထူသွားပေမယ့် အသိစိတ်ပြန်ကပ်တဲ့အချိန် သူက Perth ရင်ခွင်ထဲမှာ။

"ဘာလုပ်တာလဲကွ"

"ကျားဂူထဲ ဝင်လာတဲ့ သမင်ငယ်လေးကို လှမ်းဆွဲလိုက်ရုံပါ ဘာလုပ်လို့လဲ"

"လွှတ်စမ်း!"

"ငြိမ်ငြိမ်နေဗျာ"

Perthက အားသန်သန်နဲ့ ပြန်ဖက်ထားတာကြောင့် Saint အတင်းရုန်းလည်း အပိုပဲ။ လက်တွေနဲ့ပဲ ဖက်ထားတာမဟုတ်ဘူး ခြေထောက် နှစ်ဖက်နဲ့ပါ လူကို တစ်ကိုယ်လုံးညှပ်ထားတာ။ မူးနေတဲ့လူက အဲ့လောက် အားသန်လား။

နေဦး! အရက်နံ့လည်းမရဘူး!

"မင်း တမင်..."

"သိသွားပြီပဲ"

Saint သတိတစ်ချက်လွတ်သွားခဲ့တာဖြစ်သည်။ G**** H**ဆိုတာ Perth Tanaponတို့ ပိုင်တဲ့ hotelဆိုတာကို ရုတ်တရတ် မေ့သွားခဲ့တာ။ အခုတော့ သူက ကျားလှောင်အိမ်ထဲက ကိုယ်တိုင်ကိုယ်ကျ ဝင်လာတဲ့ သားကောင်လေးဖြစ်နေပြီ။ Saint စဥ်းစားခန်းဝင်နေတုန်း ဂုတ်ပေါ်ကို ယွစိစိနှင့် Perth နှုတ်ခမ်းတွေက ရောက်လာပြီဖြစ်သည်။

"ကျစ်... မင်း အခုလိုလုပ်နေတာတွေ ငါမကြိုက်ဘူး... ဖယ်စမ်းပါ"

"ကျွန်တော်ကတော့ ကြိုက်တယ်"

"မင်းကြိုက်ရင် တစ်ခြားလူနဲ့ သွားလုပ်လေ"

"အစ်ကို့ကိုပဲ လုပ်ချင်တာ"

"မင်း ပြစ်မှုမြောက်နေပြီနော်"

"သိတယ်လေ အပြစ်ပေးချင်ရင်ပေးလိုက်"

"မင်း..."

"ဪ... အပြစ်နဲ့အတူ အချစ်ကလေးတော့ ပါ,ပါစေ"

Saintအဆက်မပြတ် ရုန်းနေတာကြောင့် Perthက Saintပါးလေးနှစ်ဖက်ကို ညှပ်ပြီး ဆွဲကိုင်လိုက်သည်။ နဂိုတည်းက နှုတ်ခမ်းစူနေတာ ပါးကိုညှစ်လိုက်တော့ ပိုစူထွက်လာတဲ့ နှုတ်ခမ်းလုံးလုံးလေးက အသည်းယားစရာအတိ။

"အပေးအယူတစ်ခုလုပ်မယ်"

"ဘာအပေးအယူမှမလုပ်နိုင်ဘူး... လွှတ်ပေး"

"အသဲကယားလာပြီ ဘာမှမပေးပဲ ယူပစ်လိုက်တော့မယ်... ပြောတာကို ငြိမ်ငြိမ်နားထောင်ပါဦး"

"....."

"၃မိနစ်အတွင်း ဒီအခန်းထဲက ရအောင် ထွက်နိုင်ရင် ဒီည လွတ်မယ်... ၃မိနစ် အတွင်း မထွက်နိုင် ဒီည အတူတူ နေပေးရမယ်"

"ငါက ဘာကိစ္စ မင်းရဲ့ အရေးမပါတဲ့ gameတွေကို ဆော့ပေးရမှာလဲ"

"စပြီ 1... 2... 3!"

တောက်!

Perthက Saintကို လွှတ်ပေးပြီး သူ့ဖုန်းပေါ်က timerခလုတ်ကို နှိပ်လိုက်၏။

2:59 min

အခန်းထဲက ထွက်တာများ ဘာခက်တာ မှတ်လို့။ သူအချိန်မသတ်မှတ်ပေးလည်း ဒီအခန်းထဲကနေ ၁မိနစ်မပြည့်ခင်မှာတင် ထွက်သွားမှာ။ Saint bathtubထဲမှ ကုန်းထလိုက်သည်။ တစ်ကိုယ်လုံးကတော့ ရေတွေစိုရွှဲနေ၏။ Perthကို မျက်စောင်း တစ်ချက်ထိုးကြည့်ပြီး ရေချိုးခန်းအပြင်ကို ထွက်သွားသည်။ Perthကတော့ bathtubဘောင်ပေါ်ကို လက်နှစ်ဖက်ဖြန့်တင်ပြီး ခပ်ပြုံးပြုံး စိုက်ကြည့်နေ၏။

"ကလေးကလား လာလုပ်နေတယ်"

ဟင်!

Saint အခန်းတံခါးကို လှည့်ဖွင့်တော့ lock boxလေးတစ်ခုက ပွင့်လာပြီး passwordရိုက်ထည့်ခိုင်း၏။

"ဘယ်လို ယုတ်မာတာလဲ"

Perth Tanaponကို လျှို့ဝှက် နံပါတ် သွားမမေးချင်ကြောင့် စိတ်ထဲ ထင်ရာမြင်ရာ ဂဏန်းတွေ ရိုက်ထည့်လိုက်၏။ ဒါပေမယ့်လည်း အချိန်၂မိနစ်လောက်သာ ကုန်သွားတယ် တံခါးက ပွင့်မသွား။ Saint စိတ်တိုသွားကာ ရေချိုးခန်းထဲ ပြန်ဝင်လာပြီး

"မင်း တစ်ဖက်သတ်လူလည်ကျထားပြီး သဲလွန်စလောက်တော့ ပေးသင့်တယ် မဟုတ်ဘူးလား"

Perthက bathtubထဲကနေ မတ်တပ်ထရပ်လိုက်သည်။ အောက်ပိုင်းက ဘာမှမဝတ်ထားတာမို့ Saint မကြည့်မိအောင် မျက်နှာလွှဲလိုက်၏။ ယောက်ျားလေးအချင်းချင်းကို ပိုပြီးယောက်ျားဆန်ပြနေတဲ့ လူကြီးအား Perth ရယ်ကျဲကျဲလေးနဲ့ စိုက်ကြည့်ရင်း သူ့ခါးမှာ တပတ်ကိုပတ်နေ၏။

"ကျွန်တော့ မွေးနေ့"

အဖြေပြောပြပြီးတာနဲ့ ချက်ချင်းပြေးထွက်သွားတဲ့ Saintကို Perthကြည့်ပြီး ထပ်ရယ်၏။ ရင့်ကျက်သလိုလိုနဲ့ တကယ့်ကလေး။ အဖြေကိုသာ Perthက တိုက်ရိုက်ပြောပြလိုက်တာ တံခါးနားက စက်ကတော့ တဒွီဒွီနဲ့ မှားကြောင်းသား အချက်ပေးနေသည်။

0:24 min

စက္ကန့်ပိုင်းသာ အချိန်ကျန်တော့ကြောင်း ပြနေသည့် ဖုန်းကို ကောက်ယူပြီး Perth ရေချိုးခန်းအပြင်ကို ထွက်လာခဲ့သည်။ အားကြိုးမာန်တက် တံခါးဖွင့်ဖို့ကြိုးစားနေသည့်Saintရဲ့ အနောက်ကို Perth တဖြည်းဖြည်းကပ်သွားလိုက်၏။

"ကျွန်တော်ပြောပြတယ်နော်"

"မင်းသက်သက် ညစ်နေတာ"

"ဟ! ကျွန်တော့်မွေးနေ့ကို ကျွန်တော်ပြောပြထားဖူးတာပဲ အစ်ကိုကမှ မမှတ်ထားတာ"

"တောက်!"

"20ရက်"

0:18 min

Perthပါးစပ်က စကားပြောလာတော့ Saint လှည့်ကြည့်လိုက်သည်။ ပြီးတော့အချိန်မဆွဲပဲ Perthပြောသမျှ ဂဏန်းတွေကို လိုက်ရိုက်၏။

0:9 min

"march လ"

0:8 min

"2"

0:7 min

"0"

0:6 min

"0"

0:5 min

Saintက အာကိုးတကြီး လှည့်ကြည့်တော့ Perthက မျက်ခုံးပင့်ပြသည်။ Perth ပါးစပ်ကို Saintသေချာစေ့စေ့စိုက်ကြည့်ပေမယ့် Perthရဲ့ ဂဏန်းတစ်ခုပြောဖို့အရေးက နာရီနဲ့ချီကြာနေသလို ခံစားရ၏။ ဒါသူတမင်ညစ်နေတာ။ အခုလို အရေးကြုံချိန်မှာ သူ့ထက်၃နှစ်ပဲငယ်တဲ့ကောင်လေးရဲ့ မွေးနှစ်ကို တွက်ချက်ဖို့ သူ့ဦးနှောက်ကလည်း မေ့နေပုံ။

0:4 min

0:3 min

0:2 min

0:1 min

0:00 min

"2001"

တင်!

Saint ဂဏန်းအကုန်ရိုက်ထည့်ပြီး တံခါးကို လှည့်ဖွင့်လိုက်တော့ ပွင့်သွားခဲ့ပေမယ့် Perthက လက်နဲ့ လှမ်းထောက်ပြီး ပြန်ပိတ်လိုက်၏။

"အချိန်ပြည့်သွားပြီ အစ်ကိုရဲ့"

"....."

"နောက်ဆို ဒီနှလုံးသားလေးထဲ သေချာမှတ်ထားနော်... ငါ့ကို ပြေးမလွတ်နိုင်အောင်လုပ်တဲ့ ငါ့ရည်းစားကောင်လေးရဲ့ မွေးနေ့က ဒါပါလားလို့"

Perthက Saintဘယ်ဘက် ရင်ဘက်ပေါ်ကို လက်နဲ့ အသဲပုံစံဆွဲပြလိုက်ပြီး ပခုံးပေါ်ကို bathrobeတစ်ခုတင်ပေးလိုက်၏။

ဂျလောက်!

Perth မျက်နှာလှည့်လိုက်တာနဲ့ တံခါးဖွင့်သံကို ကြားလိုက်ရတော့ အပြင်ထွက်ဖို့ပြင်နေတဲ့လူကို ခါးကနေ ချက်ချင် ဆွဲသိမ်းဖက်လိုက်သည်။

"အာ့"

"ဘယ်ကိုထွက်ပြေးဖို့လဲ"

"လာကစားမနေစမ်းပါနဲ့... ငါအလုပ်တွေရှိသေးတယ်"

ခါးသွယ်သွယ်လေးကို လက်တစ်ဖက်နဲ့ ပွေ့ပိုက်ထားပြီး လက်တွေက Saint နှာတံစင်းစင်းလေးကို ဆွဲပွတ်နေသည်။

"၃မိနစ်အတွင်း ထွက်သွားဖို့ ကြိုးစားတဲ့အတွက် ကစားပွဲက အထမြောက်သွားပြီ... မကြိုးစားရင်တောင် ပြန်ခွင့်ရှိသေးတယ်"

"မင်းဟာမင်း တစ်ဖက်သက် သတ်မှတ်ထားတဲ့ စည်းကမ်းတွေလေ ငါနဲ့မဆိုင်ဘူး"

"ကျွန်တော် တစ်ဖက်သက်သာ လုပ်မယ်ဆိုရင် အစ်ကို အခုချိန် ကျွန်တော့်မိန်းမဖြစ်နေပြီ... အစ်ကို့ကို ရွေးချယ်မှုတွေပေးခဲ့ပါတယ်... အစ်ကို ကိုယ်တိုင်ပဲ ရောက်လာတာလေ ကျွန်တော် အတင်းဆွဲခေါ်ဖူးလို့လား"

"မင်း... မင်း...မင်းသေရင် ငါ့ကို အမှုပတ်မှာစိုးလို့လေ"

"ဟား ဟား... ချစ်ဖို့ကောင်းလိုက်တာဗျာ... စိတ်ပူရင်ပူတယ်ပေါ့... အစ်ကို့ကိုတောင် မပိုင်ဆိုင်ရသေးပဲ ကျွန်တော်က သေစရာလား"

"နောက်ဆို ရိုးရိုးတမ်းတမ်းကစား... ငါ့အပေါ် လူလည်လာမကျနဲ့"

Perthလက်ထဲကနေ Saint ရုန်းထွက်လိုက်ပြီး ကြမ်းပြင်ပေါ်ကျနေတဲ့ bathrobeကို ကောက်ယူ၍ ရေချိုးခန်းထဲသို့ ဝင်သွား၏။

'ငါလည်း ဒီလောက် နုံအနေတဲ့ လူမှမဟုတ်တာ ငါအလျော့ပေးလို့သာ မင်းနိုင်နေတာပေါ့'
Perthကို ကျောပေးပြီး Saint ခပ်ညစ်ညစ်ပြုံးလိုက်သည်။
………………………………………………....

Saint ရေချိုးခန်းထဲက ထွက်လာတော့ Perthက ညစာအဆင်သင့်နှင့် စောင့်နေသည်။ လူကတော့ တပတ်တစ်ထည်သာ ပတ်ထားပြီး အဝတ်အစားမဝတ်ရသေး။

"ကျွန်တော် ညစာမှာထားပြီးပြီ စားကြမယ်"

Saintထိုင်ဖို့အတွက် ခုံကိုဆွဲပြီး အဆင်သင့်လုပ်ပေးတော့ Saintဝင်ထိုင်လိုက်သည်။ စားပွဲပေါ်မှာက အသားငါးမျိုးစုံနဲ့၊ အချိုတည်းစရာသစ်သီးတွေအပြည့်။

"ဆိတ်သားလေးစား... အလုပ်တွေပင်ပန်းနေတာ သွေးအားကောင်းမှ"

Saint အမဲသားမစားမှန်းသိလို့ ဆိတ်သားပြင်ဆင်ပေးထားတာ။ Perth လှီးထည့်ပေးတဲ့ အသားကင်ကို Saint ယူစားလိုက်၏။ Saint စားပြီးတာနဲ့ အဆက်မပြတ်အောင် ဟင်းတွေ တစ်မျိုးပြီးတစ်မျိုး ထည့်ထည့်ပေးနေသည်။

"ပုဇွန်စား ထောပတ်လေးနဲ့ကင်ထားတာ မွှေးနေတာပဲ"

"ဒါဂဏန်းနဲ့ပြောင်းဖူးရောကြော်ထားတာ နို့စိမ်းလေးပါတော့ ချိုစိမ့်နေတာပဲ"

"ရော့... ဒါက အအီပြေ နာနတ်သီးပေါင်းလေး"

Saint အကုန်စားပြီးတော့ ငှက်ပျောသီးကို မီးကင်ထားပြီး သကြားဖြူးထားတဲ့ အချိုပွဲလေးကို ယူလာပေးသည်။

"ညအိပ်ပျော်အောင် B6ဓာတ်လေးပါတဲ့ ငှက်ပျောသီးလေးစား"

"ဘာလို့အစားတွေပဲ ဇွတ်ကျွေးနေတာလဲ"

"အလုပ်တွေဖိလုပ်နေပြီး အခုတလော အစားမစားဘူးလို့ ကြားတယ်"

"အနားမှာ လူလွှတ်ထားတာလား"

Saintမေးတာကို မဖြေပဲ မျက်ခုံးပင့်ပြရင်း ရယ်ပြ၏။

"နေမကောင်းဖြစ်မှာစိုးလို့ပါ"

Saint မျက်စောင်းလေး တထိုးထိုးနဲ့ ငှက်ပျောသီး ပန်းကန်ကို ယူလိုက်၏။ Saint တမြုံ့မြုံ့နဲ့ စားနေတာကို Perthက စပျစ်ဝိုင်လေးသောက်ရင်း ထိုင်ကြည့်သည်။

"ဘာလဲ"

Perthက အရှေ့တိုးလာတော့ Saintက ကိုယ်ကို အနောက်လေးရို့လိုက်၏။ Perthက သူ့လက်ထဲက ဖန်ခွက်နဲ့ ပုံစံတူခွက်ထဲသို့ ဝိုင်အနည်းငယ်ထည့်ပြီး Saintကိုပေးသည်။

"ကိုယ် မသောက်တတ်ဘူး"

"သိပါတယ်"

"သိရင်ဘာလို့ပေး..."

"လဲမယ်... ဝိုင်အစား နှုတ်ခမ်း"

စိတ်ကလေး ငြိမ်နေလို့ လေသံပျော့ပျော့လေးနဲ့ ပြောမိပါတယ်။ Perth Tanaponက သဘောကောင်းလို့ကိုမရဘူး။

"ဘာမှမကြိုက်ဘူး"

"လေ့ကျင့်ခန်းလေးနည်းနည်းလုပ်မလား"

Perthက မတ်တပ်ထရပ်လိုက်ပြီး ခပ်ညစ်ညစ်ကြည့်နေတာမို့ Saint အနည်းငယ်တော့လန့်သွားသည်။

"မင်း ကစားတာတွေ တော်တော့နော်"

"အစ်ကိုကြိုက်သလောက် ရုန်းနိုင်တယ်... ကျွန်တော် အစ်ကို့ကို ခုတင်ပေါ်တင်နိုင်ရင် ကျွန်တော့်စိတ်ကြိုက်ပေးနမ်းရမယ်"

"ရူးနေလား"

"နည်းနည်းမူးရုံပါ"

"ဒါဆို ငါမင်းကို ကြမ်းပြင်ပေါ်မှောက်အောင် လုပ်နိုင်ရင် ငါပြန်မယ်"

"သဘော"

Saintက လျင်လျင်မြန်မြန်မတ်တပ်ရပ်လိုက်တော့ Perthက ခါးကနေ ဆွဲဖက်ပစ်သည်။ Saint ကိုယ့်ဘက်က ဘယ်လိုတိုက်ခိုက်မှုမျိုး မလုပ်ရဘူးလို့ စည်းကမ်းသတ်မှတ်ထားတာ မရှိတဲ့အတွက် Perthခြေထောက်အား တက်နင်းထားလိုက်၏။

"အ"

Perthဆီက အော်သံထွက်လာတော့ Saintက ရယ်သည်။ သို့ပေမယ့် Perthရဲ့တုံ့ပြန်မှုက ခါးကနေ အနည်းငယ် မ,ပြီး ချီလိုက်တာပဲ။ Saint ရုတ်တရတ်တော့ ခဏလန့်သွားပေမယ့် Perth ညို့သကြီးကို ကန်ချလိုက်၏။

"အ"

Saintကို ပြန်ချပေးပေမယ့်လည်း ခါးကိုဖက်ထားတာမလွှတ်သေးပဲ ခုတင်ရှိရာကို ဆွဲခေါ်သွား၏။ Saintအတင်း တောင့်ထားပြီး လက်က ယောင်ရမ်းကာ Perthရဲ့ ခါးက တပတ်ကို ဆွဲကိုင်မိသွား၏။

"နမ်းရုံပဲနမ်းမှာပါ... အစ်ကိုက အဆင့်တက်ချင်လို့လား"

"ပေါက်ကရမပြောနဲ့"

Saintစကားပြောနေတုန်းမှာ လွှားခနဲ ခုတင်ပေါ်ပစ်တင်ဖို့လုပ်ပေမယ့် ခြေသလုံးကို အလစ်တိုက်ခံလိုက်ရပြန်သည်။ ခွေကျသွားမလိုဖြစ်ပေမယ့် Perthအရှိန်ပြန်ထိန်းလိုက်၏။

"အ ဟာ့"

ဟိုတယ်ခန်းဖြစ်တာမို့ စားပွဲခုံနဲ့ ခုတင်က သိပ်မဝေး။ နှစ်ယောက်သားဆွဲရင်းရမ်းရင်းနဲ့ ခုတင်က လူနှစ်လှိမ့်စာလောက်ပဲကျန်တော့၏။

Saint အားထည့်ပြီး Perthကို ဆွဲလှဲချတာကြောင့် Perth ကြမ်းပြင်ပေါ်လဲကျတော့မည်ဖြစ်သည်။ သို့ပေမယ့် Perthက ခန္ဓာကိုယ် လားရာကိုပြောင်းလိုက်တော့ သူပြုတ်ကျသွားတာက ခုတင်ပေါ်ကို။ Saintခါးကို မလွတ်တမ်းဖက်ထားတာမို့ ပက်လက်ပြုတ်ကျတဲ့ Perthပေါ်မှာ Saintပါ,ပါလာသည်။

"ကျွန်တော်နိုင်ပြီ"

"ငါက ခုတင်နဲ့မှ မထိသေးတာ အဲ့ဒါကြောင့်... အင့်"

"အခု ရောက်သွားပြီ"

ဘယ်ဘက်ကို လှဲချရင် ကြမ်းပြင်ပေါ်ပြုတ်ကျမှ သိတာမို့ Saintက ဘယ်ဘက်အခြမ်းကို ပိုဖိထားသော်လည်း ရအောင်အားထုတ်ပြီး ညာဘက်ကိုစောင်းချသွားတော့ Perth အောက်ကို Saintလုံးလုံးရောက်သွားသည်။

"နမ်းလို့ရပြီမလား"

သူလည်း အားတက်သရော ကစားထားတဲ့ ပွဲမို့ ကတိအတိုင်း... အင်း မနမ်းချင်ဘူး!

Perthက ​ရှေ့တိုးလာတော့ Saint ခေါင်းစောင်းချလိုက်သည်။ သူတမင်လုပ်တာသိပေမယ့် Perthက ရယ်ပဲရယ်နေ၏။ Saint မျက်နှာကို သူ့ဘက်ကို ပြန်လှည့်စေပြီး ထိန်းကိုင်ထားလိုက်သည်။

"အရှုံးကို လက်ခံစမ်းပါ CEOကြီးရဲ့"

အကြည့်ချင်းမဆုံအောင် Saint အကြည့်လွှဲထားလိုက်တော့ ဟော်တယ်ခန်း မျက်နှာကျက်က အဖြူရောင်။ ပြီးတော့ Perthက သူ့နှုတ်ခမ်းကို လျှာနုနုနဲ့လာလျက်တယ်။ လိုက်ကာတွေက ဆင်စွယ်ရောင်ခပ်နုနုပေါ်မှာ မီးခိုးရင့်ရောင် နှင်းဆီပန်းပွင့်တွေနဲ့။ Perth လျှာက ခံတွင်းထဲ တဖြည်းဖြည်း တိုးဝင်လာသည်။ ဘေးက မီးအိမ်လေးရဲ့ တိုင်က သစ်သားကို ပွတ်လုံးလုပ်ထားပြီး ပေါ်လစ်တိုက်ထားတာ။ Perth လျှာနဲ့ Saintလျှာထိမိသွားတာက လျှပ်စစ်ဓာတ်ဝင်စီးသွားသလို။ ဆွဲစုပ်ထားမိတဲ့ အိပ်ယာခင်းဘာအရောင်လဲ မသိရခင်မှာပင် ပတ်ဝန်းကျင်တစ်ခုလုံးမှောင်မဲသွားပြီး Saintလျှာက ဆွဲယူခံလိုက်ရတယ်။ ပြီးတော့ နှုတ်ခမ်းသာ ထူထူလေးကလည်း ဆွဲဆုပ်ကိုက်ဖဲ့ခြင်းခံနေရတယ်။

နှုတ်ခမ်းလွှာတွေက အပေါ်တစ်လွှာ​ပြီးရင် အောက်တစ်လွှာ အထပ်ထပ် ပွတ်တိုက်ခံနေရတော့ ပူထူလာသည်။ ပထမဆုံးနမ်းရလို့လားမသိဘူး ခုန်နေတဲ့ရင်ကလည်း အဆမတန်။ ဒီရင်ကို မခုန်အောင်ဖိထားဖို့ကို ကိုယ့်လက်တွေက ဘယ်နေရာ ဘယ်ဆီရောက်နေလဲတောင် အာရုံခံမရတော့ဘူး။ ရှိသမျှ အာရုံတွေဟာ ဒီနှုတ်ခမ်းဆီမှာပဲ။ သူ့တံတွေးကိုယ့် တံတွေး သေချာခွဲခြမ်းစိတ်ဖြာဖို့ဆိုတာ ဓာတ်ခွဲခန်းပို့မှရမယ့်အခြေအနေမှာ သူသိတာက သူ့ခံတွင်းတစ်ခုလုံးကို လိုက်လံ ပွတ်တိုက်နေတဲ့ လျှာပါးပါးတစ်စုံပေါ်က အရသာခံအဖုလေးတွေကို ရေတွက်နေမိတာပဲ။ သူပဲ အိပ်ပျော်အောင် ငှက်ပျောသီးကျွေးပေမယ့် အိပ်မရအောင် နှိပ်စက်နေတာကသူ။ 

ထုံအီလာပြီဖြစ်တဲ့ နှုတ်ခမ်းဟာ အကြိမ်ကြိမ် စုပ်ယူခံထားရလို့ နီရဲနေပြီး သကြားရည်လောင်းထားတဲ့ စတော်ဘယ်ရီသီးလေးလို စိုလက်တောက်ပြောင်နေသည်။ သူ့အပေါ် အုပ်မိုးထားတဲ့ Perthကို Saint မျက်လုံးခပ်စဥ်းစဥ်းလေးနဲ့ စိုက်ကြည့်နေတုန်းမှာပင် ထပ်မံငုတ်ဆင်းလာတဲ့ နှုတ်ခမ်းတစ်စုံက လျှာတသပ်သပ်နှင့်။ နှုတ်ခမ်းနှစ်ခု ထိကပ်သွားချိန်မှာ Saint မျက်လုံးတစ်စုံကို ပိတ်ချလိုက်သည်။ အပေါ် တည့်တည့်က မီးလုံးဟာ အဖြူရောင်လေး။ ပတ်ဝန်းကျင်က အရာတွေဟာ အခုချိန်မှာ အရေးမကြီးပါဘူး အခု အာရုံစိုက်သင့်တာက မွတ်သိပ်နေတဲ့ အနမ်းတစ်ခုဟာ ချိုရဲ့လားပဲ။
မောဟိုက်လို့ နှိမ့်ချည်မြင့်ဖြစ်နေတဲ့ ရင်ဘက်နှစ်စုံကတော့ ဒီအနမ်းရဲ့ သိပ်သည်းချက်ပေါ့။
………………………………………………....

ခါတိုင်း ရေးနေကျပုံစံမျိုးနဲ့သိပ်မတူအောင်ရေးထားပါတယ်။ ရေးတဲ့သူ ပေးချင်တဲ့ ခံစားချက်ကို ဖတ်တဲ့သူက ရမလား မရလားသိချင်လို့ ထင်မြင်ချက်လေးတွေ ချန်ထားပေးခဲ့ပါဦး။

နောက်အပိုင်းအတွက် target fundက ၂သောင်း(၂၀၀၀၀)ပါရှင်။ payment accတွေကို cbမှာလာတောင်းပေးပါ။ fb accသိတဲ့လူက msgကိုလာတာ ပိုကောင်းပါတယ်ရှင့်။

ဒီficကနေ PerthSaint graduationအတွက် fundက Yum တစ်သီးပုဂ္ဂလ ကောက်ခံတာပါ။ ဒါကြောင့် yumဆီပဲ တိုက်ရိုက်လာပါနော်။
………………………………………………....

Zawgyi

Ring! Ring! Ring!

Saint လခ်ဳပ္စာရင္းမ်ား ထိုင္လုပ္ေနတုန္း စားပြဲေပၚတင္ထားတဲ့ ဖုန္းက ျမည္လာတာမို႔ တပ္ထားတဲ့ မ်က္မွန္ကို ခြၽတ္ၿပီး ဖုန္းကိုင္လိုက္သည္။ ဖုန္းနံပါတ္က အစိမ္း။

"ဟဲလို"

"Perth Tanaponရဲ႕ အုပ္ထိန္းသူ Mr.Saint Suppapongလား ခင္ဗ်"

"ဗ်ာ"

သူက Saint Suppapongေတာ့ ဟုတ္တယ္ ဒါေပမယ့္ Perth Tanaponရဲ႕ အုပ္ထိန္းသူမွ မဟုတ္တာ။ တစ္ဖက္ကလူ ဘာေျပာဖို႔လဲမသိေသးတာေၾကာင့္ Saintဆက္နားေထာင္ေနလိုက္သည္။

"ကြၽန္ေတာ္တို႔ G**** H** hotelကပါ... ကြၽန္ေတာ္တို႔ဆီမွာ တည္းခိုတဲ့ Mr. Perth Tanaponက ဖုန္းေခၚခိုင္းလို႔ပါ... သူအရက္အလြန္အကြၽံမူးေနၿပီး Mr. Saint Suppapongကို မေခၚေပးရင္ ေခါင္မိုးထပ္ကေန ခုန္ခ်မယ္ဆိုၿပီး ေျပာေနလို႔ပါ... အခုလာေပးပါေနာ္"

"ဗ်ာ... အာ... ဟုတ္ကဲ့ ဟုတ္ကဲ့"

Saint ေယာင္ေယာင္အမ္းအမ္းျဖင့္ ေခါင္းၿငိမ့္လိုက္မိၿပီးမွ သူလိုက္သြားစရာ အေၾကာင္းမရွိဘူးဟုအသိျပန္ဝင္ခ်ိန္ ဖုန္းက ခ်သြားၿပီျဖစ္သည္။ ဖုန္းျပန္ေခၚေတာ့လည္း မကိုင္ၾကေတာ့။

Perthဆိုတာ Saintကို စေတြ႕တည္းက ခ်စ္ေၾကာင္းႀကိဳက္ေၾကာင္းေတြ လိုက္ေျပာေနၿပီး အတင္းကပ္ေနတဲ့ေကာင္ေလး။ အလုပ္အတူတြဲလုပ္ေနတဲ့ သူ႕အေဖမ်က္ႏွာသာမရွိဘူးဆို ဒီေကာင္ေလးကို ကိုင္ေပါက္ၿပီး ခပ္ေဝးေဝးကို လႊင့္ပစ္လိုက္ၿပီ။ သူ႕အေဖက Saintနဲ႕ အသိအကြၽမ္းျဖစ္တဲ့အျပင္ ႐ုံးေရးကႏၷားေရးဆို ဒီလူရဲ႕အာဏာကိုပဲ Saintက အကူအညီယူေနရတာဆိုေတာ့ သူ႕သားကို စိတ္ရွိလက္ရွိလုပ္လို႔မရ။ ဒါကိုသိေနတဲ့ ေကာင္ေလးကလည္း အခြင့္အေရးသိပ္ယူလြန္းသည္။ အခုလည္း တိုက္ေပၚက ျပဳတ္က်လိဳ႕ေသသြားခဲ့ရင္ ၿမိဳ႕ေတာ္ဝန္ရဲ႕သားက Saansook ကုမၸဏီပိုင္ရွင္ေၾကာင့္ တိုက္ေပၚက ခုန္ခ်သြားတယ္ဆိုတဲ့ သတင္းေခါင္းစဥ္ႀကီးနဲ႕ ထြက္လာခဲ့ရင္ေတာ့ ေခါင္းႀကိမ္းရခ်ည္ရဲ႕။

Saintကားေသာ့ ယူၿပီး သူတို႔ပို႔ေပးတဲ့ လိပ္စာအတိုင္းလိုက္လာခဲ့သည္။ Saintေရာက္ေတာ့ ဝန္ထမ္းေတြက အေပၚဆုံး အထပ္ရွိ အခန္းတစ္ခုထဲသို႔လိုက္ပို႔၏။ အေပၚဆုံးထပ္က VVIPအခန္းေတြမို႔လို႔ လူသိပ္မရွိ။

"ကြၽန္ေတာ္တို႔ မနည္းထိန္းထားလို႔ အခုေတာ့ ၿငိမ္ေနပါတယ္... အစ္ကိုကပဲ ျပန္ဖို႔ ေျပာေပးပါဦး... ကြၽန္ေတာ္တို႔ အလုပ္မျပဳတ္ခ်င္လို႔ပါဗ်"

ဝန္ထမ္းေကာင္ေလးက အသနားခံသလိုေျပာလာေတာ့ နဂိုတည္းကမွ စိတ္ႏုတဲ့ Saintက ေခါင္းၿငိမ့္ျပလိုက္သည္။ ေကာင္ေလးေတြျပန္ထြက္သြားေတာ့ Saintအခန္းထဲ လိုက္ပတ္ၾကည့္ေပမယ့္ Perthကို မေတြ႕။ ေရခ်ိဳးခန္းထဲက ေရသံ ပေတာက္ပေတာက္ၾကား၍ ေရခ်ိဳးခန္းထဲ၌ ရွိမည္ထင္၍ ဝင္လာခဲ့သည္။

ထင္သည့္အတိုင္း bathtubထဲမွာ အကၤ်ီကြၽတ္ႏွင့္ ထိုင္ေနသည့္ Perth။ မ်က္လုံးကို မွိတ္ၿပီး အေနာက္ကိုမွီကာ လူက အိပ္ေပ်ာ္ေနသလိုလို ေမ့ေမ်ာေနသလိုလိုျဖစ္ေနတာေၾကာင့္ Saint အနားကပ္သြားလိုက္သည္။

"ဒီမွာ... ေရထဲမွာ အိပ္မေနနဲ႕ ထဦး"

"....."

"ငါ့ကို အဲ့ေလာက္ ဒုကၡမေပးလို႔မရဘူးလား... ငါအလုပ္နဲ႕အကိုင္နဲ႕ကြ အခုလိုမ်ိဳး မင္းေခၚတိုင္း လာလို႔မရဘူး"

"....."

"ေဟး! ၾကားလား"

မ်က္လုံးလည္းမဖြင့္ ျပန္လည္းမေျပာတဲ့အျပင္ Perthရဲ႕ ေခါင္းက ပိုငိုက္စိုက္သြားတာေၾကာင့္ Saint Perthရဲ႕ မ်က္ႏွာကို ေမးေစ့ကေန လွမ္းကိုင္လိုက္၏။

"ဘာျဖစ္တာလဲ! သတိထားဦးေလ... Perth Perth"

Saint ရင္ထဲ ပူထူသြားတာေတာ့အမွန္။ အရက္အလြန္အကြၽံေသာက္ၿပီး ႏွလုံးေတြဘာေတြရပ္သြားတာလား။ ေရစိမ္တာၾကာလို႔ ေလျဖတ္သြားတာလား။ ဦးႏွောက္ေသြးေၾကာေတြ ဘာေတြမ်ား ျပတ္သြားတာလား။ ေသသြားတယ္ဆိုလွ်င္ သူ႕ကို အမႈလာပတ္ဦးမည္။

"ဒုကၡပါပဲ...က်စ္... အ"

ဗြမ္း!

တစ္ေယာက္ေယာက္ကို ေခၚမွျဖစ္ေတာ့မည္မို႔ Saint မတ္တပ္ထရပ္လိုက္စဥ္ လက္ေကာက္ဝတ္ကေန အဆြဲခံလိုက္ရၿပီး bathtubထဲ ျပဳတ္က်သြား၏။ ၿပီးေတာ့ လက္တစ္စုံက သိုင္းဖက္ထားသည္။ လန့္ျဖန့္သြားၿပီး ပူထူသြားေပမယ့္ အသိစိတ္ျပန္ကပ္တဲ့အခ်ိန္ သူက Perth ရင္ခြင္ထဲမွာ။

"ဘာလုပ္တာလဲကြ"

"က်ားဂူထဲ ဝင္လာတဲ့ သမင္ငယ္ေလးကို လွမ္းဆြဲလိုက္႐ုံပါ ဘာလုပ္လို႔လဲ"

"လႊတ္စမ္း!"

"ၿငိမ္ၿငိမ္ေနဗ်ာ"

Perthက အားသန္သန္နဲ႕ ျပန္ဖက္ထားတာေၾကာင့္ Saint အတင္း႐ုန္းလည္း အပိုပဲ။ လက္ေတြနဲ႕ပဲ ဖက္ထားတာမဟုတ္ဘူး ေျခေထာက္ ႏွစ္ဖက္နဲ႕ပါ လူကို တစ္ကိုယ္လုံးညွပ္ထားတာ။ မူးေနတဲ့လူက အဲ့ေလာက္ အားသန္လား။

ေနဦး! အရက္နံ႕လည္းမရဘူး!

"မင္း တမင္..."

"သိသြားၿပီပဲ"

Saint သတိတစ္ခ်က္လြတ္သြားခဲ့တာျဖစ္သည္။ G**** H**ဆိုတာ Perth Tanaponတို႔ ပိုင္တဲ့ hotelဆိုတာကို ႐ုတ္တရတ္ ေမ့သြားခဲ့တာ။ အခုေတာ့ သူက က်ားေလွာင္အိမ္ထဲက ကိုယ္တိုင္ကိုယ္က် ဝင္လာတဲ့ သားေကာင္ေလးျဖစ္ေနၿပီ။ Saint စဥ္းစားခန္းဝင္ေနတုန္း ဂုတ္ေပၚကို ယြစိစိႏွင့္ Perth ႏႈတ္ခမ္းေတြက ေရာက္လာၿပီျဖစ္သည္။

"က်စ္... မင္း အခုလိုလုပ္ေနတာေတြ ငါမႀကိဳက္ဘူး... ဖယ္စမ္းပါ"

"ကြၽန္ေတာ္ကေတာ့ ႀကိဳက္တယ္"

"မင္းႀကိဳက္ရင္ တစ္ျခားလူနဲ႕ သြားလုပ္ေလ"

"အစ္ကို႔ကိုပဲ လုပ္ခ်င္တာ"

"မင္း ျပစ္မႈေျမာက္ေနၿပီေနာ္"

"သိတယ္ေလ အျပစ္ေပးခ်င္ရင္ေပးလိုက္"

"မင္း..."

"ဪ... အျပစ္နဲ႕အတူ အခ်စ္ကေလးေတာ့ ပါ,ပါေစ"

Saintအဆက္မျပတ္ ႐ုန္းေနတာေၾကာင့္ Perthက Saintပါးေလးႏွစ္ဖက္ကို ညွပ္ၿပီး ဆြဲကိုင္လိုက္သည္။ နဂိုတည္းက ႏႈတ္ခမ္းစူေနတာ ပါးကိုညွစ္လိုက္ေတာ့ ပိုစူထြက္လာတဲ့ ႏႈတ္ခမ္းလုံးလုံးေလးက အသည္းယားစရာအတိ။

"အေပးအယူတစ္ခုလုပ္မယ္"

"ဘာအေပးအယူမွမလုပ္နိုင္ဘူး... လႊတ္ေပး"

"အသဲကယားလာၿပီ ဘာမွမေပးပဲ ယူပစ္လိုက္ေတာ့မယ္... ေျပာတာကို ၿငိမ္ၿငိမ္နားေထာင္ပါဦး"

"....."

"၃မိနစ္အတြင္း ဒီအခန္းထဲက ရေအာင္ ထြက္နိုင္ရင္ ဒီည လြတ္မယ္... ၃မိနစ္ အတြင္း မထြက္နိုင္ ဒီည အတူတူ ေနေပးရမယ္"

"ငါက ဘာကိစၥ မင္းရဲ႕ အေရးမပါတဲ့ gameေတြကို ေဆာ့ေပးရမွာလဲ"

"စၿပီ 1... 2... 3!"

ေတာက္!

Perthက Saintကို လႊတ္ေပးၿပီး သူ႕ဖုန္းေပၚက timerခလုတ္ကို ႏွိပ္လိုက္၏။

2:59 min

အခန္းထဲက ထြက္တာမ်ား ဘာခက္တာ မွတ္လို႔။ သူအခ်ိန္မသတ္မွတ္ေပးလည္း ဒီအခန္းထဲကေန ၁မိနစ္မျပည့္ခင္မွာတင္ ထြက္သြားမွာ။ Saint bathtubထဲမွ ကုန္းထလိုက္သည္။ တစ္ကိုယ္လုံးကေတာ့ ေရေတြစို႐ႊဲေန၏။ Perthကို မ်က္ေစာင္း တစ္ခ်က္ထိုးၾကည့္ၿပီး ေရခ်ိဳးခန္းအျပင္ကို ထြက္သြားသည္။ Perthကေတာ့ bathtubေဘာင္ေပၚကို လက္ႏွစ္ဖက္ျဖန့္တင္ၿပီး ခပ္ၿပဳံးၿပဳံး စိုက္ၾကည့္ေန၏။

"ကေလးကလား လာလုပ္ေနတယ္"

ဟင္!

Saint အခန္းတံခါးကို လွည့္ဖြင့္ေတာ့ lock boxေလးတစ္ခုက ပြင့္လာၿပီး passwordရိုက္ထည့္ခိုင္း၏။

"ဘယ္လို ယုတ္မာတာလဲ"

Perth Tanaponကို လွ်ို႔ဝွက္ နံပါတ္ သြားမေမးခ်င္ေၾကာင့္ စိတ္ထဲ ထင္ရာျမင္ရာ ဂဏန္းေတြ ရိုက္ထည့္လိုက္၏။ ဒါေပမယ့္လည္း အခ်ိန္၂မိနစ္ေလာက္သာ ကုန္သြားတယ္ တံခါးက ပြင့္မသြား။ Saint စိတ္တိုသြားကာ ေရခ်ိဳးခန္းထဲ ျပန္ဝင္လာၿပီး

"မင္း တစ္ဖက္သတ္လူလည္က်ထားၿပီး သဲလြန္စေလာက္ေတာ့ ေပးသင့္တယ္ မဟုတ္ဘူးလား"

Perthက bathtubထဲကေန မတ္တပ္ထရပ္လိုက္သည္။ ေအာက္ပိုင္းက ဘာမွမဝတ္ထားတာမို႔ Saint မၾကည့္မိေအာင္ မ်က္ႏွာလႊဲလိုက္၏။ ေယာက္်ားေလးအခ်င္းခ်င္းကို ပိုၿပီးေယာက္်ားဆန္ျပေနတဲ့ လူႀကီးအား Perth ရယ္က်ဲက်ဲေလးနဲ႕ စိုက္ၾကည့္ရင္း သူ႕ခါးမွာ တပတ္ကိုပတ္ေန၏။

"ကြၽန္ေတာ့ ေမြးေန႕"

အေျဖေျပာျပၿပီးတာနဲ႕ ခ်က္ခ်င္းေျပးထြက္သြားတဲ့ Saintကို Perthၾကည့္ၿပီး ထပ္ရယ္၏။ ရင့္က်က္သလိုလိုနဲ႕ တကယ့္ကေလး။ အေျဖကိုသာ Perthက တိုက္ရိုက္ေျပာျပလိုက္တာ တံခါးနားက စက္ကေတာ့ တဒြီဒြီနဲ႕ မွားေၾကာင္းသား အခ်က္ေပးေနသည္။

0:24 min

စကၠန့္ပိုင္းသာ အခ်ိန္က်န္ေတာ့ေၾကာင္း ျပေနသည့္ ဖုန္းကို ေကာက္ယူၿပီး Perth ေရခ်ိဳးခန္းအျပင္ကို ထြက္လာခဲ့သည္။ အားႀကိဳးမာန္တက္ တံခါးဖြင့္ဖို႔ႀကိဳးစားေနသည့္Saintရဲ႕ အေနာက္ကို Perth တျဖည္းျဖည္းကပ္သြားလိုက္၏။

"ကြၽန္ေတာ္ေျပာျပတယ္ေနာ္"

"မင္းသက္သက္ ညစ္ေနတာ"

"ဟ! ကြၽန္ေတာ့္ေမြးေန႕ကို ကြၽန္ေတာ္ေျပာျပထားဖူးတာပဲ အစ္ကိုကမွ မမွတ္ထားတာ"

"ေတာက္!"

"20ရက္"

0:18 min

Perthပါးစပ္က စကားေျပာလာေတာ့ Saint လွည့္ၾကည့္လိုက္သည္။ ၿပီးေတာ့အခ်ိန္မဆြဲပဲ Perthေျပာသမွ် ဂဏန္းေတြကို လိုက္ရိုက္၏။

0:9 min

"march လ"

0:8 min

"2"

0:7 min

"0"

0:6 min

"0"

0:5 min

Saintက အာကိုးတႀကီး လွည့္ၾကည့္ေတာ့ Perthက မ်က္ခုံးပင့္ျပသည္။ Perth ပါးစပ္ကို Saintေသခ်ာေစ့ေစ့စိုက္ၾကည့္ေပမယ့္ Perthရဲ႕ ဂဏန္းတစ္ခုေျပာဖို႔အေရးက နာရီနဲ႕ခ်ီၾကာေနသလို ခံစားရ၏။ ဒါသူတမင္ညစ္ေနတာ။ အခုလို အေရးႀကဳံခ်ိန္မွာ သူ႕ထက္၃ႏွစ္ပဲငယ္တဲ့ေကာင္ေလးရဲ႕ ေမြးႏွစ္ကို တြက္ခ်က္ဖို႔ သူ႕ဦးႏွောက္ကလည္း ေမ့ေနပုံ။

0:4 min

0:3 min

0:2 min

0:1 min

0:00 min

"2001"

တင္!

Saint ဂဏန္းအကုန္ရိုက္ထည့္ၿပီး တံခါးကို လွည့္ဖြင့္လိုက္ေတာ့ ပြင့္သြားခဲ့ေပမယ့္ Perthက လက္နဲ႕ လွမ္းေထာက္ၿပီး ျပန္ပိတ္လိုက္၏။

"အခ်ိန္ျပည့္သြားၿပီ အစ္ကိုရဲ႕"

"....."

"ေနာက္ဆို ဒီႏွလုံးသားေလးထဲ ေသခ်ာမွတ္ထားေနာ္... ငါ့ကို ေျပးမလြတ္နိုင္ေအာင္လုပ္တဲ့ ငါ့ရည္းစားေကာင္ေလးရဲ႕ ေမြးေန႕က ဒါပါလားလို႔"

Perthက Saintဘယ္ဘက္ ရင္ဘက္ေပၚကို လက္နဲ႕ အသဲပုံစံဆြဲျပလိုက္ၿပီး ပခုံးေပၚကို bathrobeတစ္ခုတင္ေပးလိုက္၏။

ဂ်ေလာက္!

Perth မ်က္ႏွာလွည့္လိုက္တာနဲ႕ တံခါးဖြင့္သံကို ၾကားလိုက္ရေတာ့ အျပင္ထြက္ဖို႔ျပင္ေနတဲ့လူကို ခါးကေန ခ်က္ခ်င္ ဆြဲသိမ္းဖက္လိုက္သည္။

"အာ့"

"ဘယ္ကိုထြက္ေျပးဖို႔လဲ"

"လာကစားမေနစမ္းပါနဲ႕... ငါအလုပ္ေတြရွိေသးတယ္"

ခါးသြယ္သြယ္ေလးကို လက္တစ္ဖက္နဲ႕ ေပြ႕ပိုက္ထားၿပီး လက္ေတြက Saint ႏွာတံစင္းစင္းေလးကို ဆြဲပြတ္ေနသည္။

"၃မိနစ္အတြင္း ထြက္သြားဖို႔ ႀကိဳးစားတဲ့အတြက္ ကစားပြဲက အထေျမာက္သြားၿပီ... မႀကိဳးစားရင္ေတာင္ ျပန္ခြင့္ရွိေသးတယ္"

"မင္းဟာမင္း တစ္ဖက္သက္ သတ္မွတ္ထားတဲ့ စည္းကမ္းေတြေလ ငါနဲ႕မဆိုင္ဘူး"

"ကြၽန္ေတာ္ တစ္ဖက္သက္သာ လုပ္မယ္ဆိုရင္ အစ္ကို အခုခ်ိန္ ကြၽန္ေတာ့္မိန္းမျဖစ္ေနၿပီ... အစ္ကို႔ကို ေ႐ြးခ်ယ္မႈေတြေပးခဲ့ပါတယ္... အစ္ကို ကိုယ္တိုင္ပဲ ေရာက္လာတာေလ ကြၽန္ေတာ္ အတင္းဆြဲေခၚဖူးလို႔လား"

"မင္း... မင္း...မင္းေသရင္ ငါ့ကို အမႈပတ္မွာစိုးလို႔ေလ"

"ဟား ဟား... ခ်စ္ဖို႔ေကာင္းလိုက္တာဗ်ာ... စိတ္ပူရင္ပူတယ္ေပါ့... အစ္ကို႔ကိုေတာင္ မပိုင္ဆိုင္ရေသးပဲ ကြၽန္ေတာ္က ေသစရာလား"

"ေနာက္ဆို ရိုးရိုးတမ္းတမ္းကစား... ငါ့အေပၚ လူလည္လာမက်နဲ႕"

Perthလက္ထဲကေန Saint ႐ုန္းထြက္လိုက္ၿပီး ၾကမ္းျပင္ေပၚက်ေနတဲ့ bathrobeကို ေကာက္ယူ၍ ေရခ်ိဳးခန္းထဲသို႔ ဝင္သြား၏။

'ငါလည္း ဒီေလာက္ ႏုံအေနတဲ့ လူမွမဟုတ္တာ ငါအေလ်ာ့ေပးလို႔သာ မင္းနိုင္ေနတာေပါ့'
Perthကို ေက်ာေပးၿပီး Saint ခပ္ညစ္ညစ္ၿပဳံးလိုက္သည္။
....

Saint ေရခ်ိဳးခန္းထဲက ထြက္လာေတာ့ Perthက ညစာအဆင္သင့္ႏွင့္ ေစာင့္ေနသည္။ လူကေတာ့ တပတ္တစ္ထည္သာ ပတ္ထားၿပီး အဝတ္အစားမဝတ္ရေသး။

"ကြၽန္ေတာ္ ညစာမွာထားၿပီးၿပီ စားၾကမယ္"

Saintထိုင္ဖို႔အတြက္ ခုံကိုဆြဲၿပီး အဆင္သင့္လုပ္ေပးေတာ့ Saintဝင္ထိုင္လိုက္သည္။ စားပြဲေပၚမွာက အသားငါးမ်ိဳးစုံနဲ႕၊ အခ်ိဳတည္းစရာသစ္သီးေတြအျပည့္။

"ဆိတ္သားေလးစား... အလုပ္ေတြပင္ပန္းေနတာ ေသြးအားေကာင္းမွ"

Saint အမဲသားမစားမွန္းသိလို႔ ဆိတ္သားျပင္ဆင္ေပးထားတာ။ Perth လွီးထည့္ေပးတဲ့ အသားကင္ကို Saint ယူစားလိုက္၏။ Saint စားၿပီးတာနဲ႕ အဆက္မျပတ္ေအာင္ ဟင္းေတြ တစ္မ်ိဳးၿပီးတစ္မ်ိဳး ထည့္ထည့္ေပးေနသည္။

"ပုဇြန္စား ေထာပတ္ေလးနဲ႕ကင္ထားတာ ေမႊးေနတာပဲ"

"ဒါဂဏန္းနဲ႕ေျပာင္းဖူးေရာေၾကာ္ထားတာ နို႔စိမ္းေလးပါေတာ့ ခ်ိဳစိမ့္ေနတာပဲ"

"ေရာ့... ဒါက အအီေျပ နာနတ္သီးေပါင္းေလး"

Saint အကုန္စားၿပီးေတာ့ ငွက္ေပ်ာသီးကို မီးကင္ထားၿပီး သၾကားျဖဴးထားတဲ့ အခ်ိဳပြဲေလးကို ယူလာေပးသည္။

"ညအိပ္ေပ်ာ္ေအာင္ B6ဓာတ္ေလးပါတဲ့ ငွက္ေပ်ာသီးေလးစား"

"ဘာလို႔အစားေတြပဲ ဇြတ္ေကြၽးေနတာလဲ"

"အလုပ္ေတြဖိလုပ္ေနၿပီး အခုတေလာ အစားမစားဘူးလို႔ ၾကားတယ္"

"အနားမွာ လူလႊတ္ထားတာလား"

Saintေမးတာကို မေျဖပဲ မ်က္ခုံးပင့္ျပရင္း ရယ္ျပ၏။

"ေနမေကာင္းျဖစ္မွာစိုးလို႔ပါ"

Saint မ်က္ေစာင္းေလး တထိုးထိုးနဲ႕ ငွက္ေပ်ာသီး ပန္းကန္ကို ယူလိုက္၏။ Saint တၿမဳံ႕ၿမဳံ႕နဲ႕ စားေနတာကို Perthက စပ်စ္ဝိုင္ေလးေသာက္ရင္း ထိုင္ၾကည့္သည္။

"ဘာလဲ"

Perthက အေရွ႕တိုးလာေတာ့ Saintက ကိုယ္ကို အေနာက္ေလးရို႔လိုက္၏။ Perthက သူ႕လက္ထဲက ဖန္ခြက္နဲ႕ ပုံစံတူခြက္ထဲသို႔ ဝိုင္အနည္းငယ္ထည့္ၿပီး Saintကိုေပးသည္။

"ကိုယ္ မေသာက္တတ္ဘူး"

"သိပါတယ္"

"သိရင္ဘာလို႔ေပး..."

"လဲမယ္... ဝိုင္အစား ႏႈတ္ခမ္း"

စိတ္ကေလး ၿငိမ္ေနလို႔ ေလသံေပ်ာ့ေပ်ာ့ေလးနဲ႕ ေျပာမိပါတယ္။ Perth Tanaponက သေဘာေကာင္းလို႔ကိုမရဘူး။

"ဘာမွမႀကိဳက္ဘူး"

"ေလ့က်င့္ခန္းေလးနည္းနည္းလုပ္မလား"

Perthက မတ္တပ္ထရပ္လိုက္ၿပီး ခပ္ညစ္ညစ္ၾကည့္ေနတာမို႔ Saint အနည္းငယ္ေတာ့လန့္သြားသည္။

"မင္း ကစားတာေတြ ေတာ္ေတာ့ေနာ္"

"အစ္ကိုႀကိဳက္သေလာက္ ႐ုန္းနိုင္တယ္... ကြၽန္ေတာ္ အစ္ကို႔ကို ခုတင္ေပၚတင္နိုင္ရင္ ကြၽန္ေတာ့္စိတ္ႀကိဳက္ေပးနမ္းရမယ္"

"႐ူးေနလား"

"နည္းနည္းမူး႐ုံပါ"

"ဒါဆို ငါမင္းကို ၾကမ္းျပင္ေပၚေမွာက္ေအာင္ လုပ္နိုင္ရင္ ငါျပန္မယ္"

"သေဘာ"

Saintက လ်င္လ်င္ျမန္ျမန္မတ္တပ္ရပ္လိုက္ေတာ့ Perthက ခါးကေန ဆြဲဖက္ပစ္သည္။ Saint ကိုယ့္ဘက္က ဘယ္လိုတိုက္ခိုက္မႈမ်ိဳး မလုပ္ရဘူးလို႔ စည္းကမ္းသတ္မွတ္ထားတာ မရွိတဲ့အတြက္ Perthေျခေထာက္အား တက္နင္းထားလိုက္၏။

"အ"

Perthဆီက ေအာ္သံထြက္လာေတာ့ Saintက ရယ္သည္။ သို႔ေပမယ့္ Perthရဲ႕တုံ႕ျပန္မႈက ခါးကေန အနည္းငယ္ မ,ၿပီး ခ်ီလိုက္တာပဲ။ Saint ႐ုတ္တရတ္ေတာ့ ခဏလန့္သြားေပမယ့္ Perth ညို႔သႀကီးကို ကန္ခ်လိဳက္၏။

"အ"

Saintကို ျပန္ခ်ေပးေပမယ့္လည္း ခါးကိုဖက္ထားတာမလႊတ္ေသးပဲ ခုတင္ရွိရာကို ဆြဲေခၚသြား၏။ Saintအတင္း ေတာင့္ထားၿပီး လက္က ေယာင္ရမ္းကာ Perthရဲ႕ ခါးက တပတ္ကို ဆြဲကိုင္မိသြား၏။

"နမ္း႐ုံပဲနမ္းမွာပါ... အစ္ကိုက အဆင့္တက္ခ်င္လို႔လား"

"ေပါက္ကရမေျပာနဲ႕"

Saintစကားေျပာေနတုန္းမွာ လႊားခနဲ ခုတင္ေပၚပစ္တင္ဖို႔လုပ္ေပမယ့္ ေျခသလုံးကို အလစ္တိုက္ခံလိုက္ရျပန္သည္။ ေခြက်သြားမလိုျဖစ္ေပမယ့္ Perthအရွိန္ျပန္ထိန္းလိုက္၏။

"အ ဟာ့"

ဟိုတယ္ခန္းျဖစ္တာမို႔ စားပြဲခုံနဲ႕ ခုတင္က သိပ္မေဝး။ ႏွစ္ေယာက္သားဆြဲရင္းရမ္းရင္းနဲ႕ ခုတင္က လူႏွစ္လွိမ့္စာေလာက္ပဲက်န္ေတာ့၏။

Saint အားထည့္ၿပီး Perthကို ဆြဲလွဲခ်တာေၾကာင့္ Perth ၾကမ္းျပင္ေပၚလဲက်ေတာ့မည္ျဖစ္သည္။ သို႔ေပမယ့္ Perthက ခႏၶာကိုယ္ လားရာကိုေျပာင္းလိုက္ေတာ့ သူျပဳတ္က်သြားတာက ခုတင္ေပၚကို။ Saintခါးကို မလြတ္တမ္းဖက္ထားတာမို႔ ပက္လက္ျပဳတ္က်တဲ့ Perthေပၚမွာ Saintပါ,ပါလာသည္။

"နမ္းလို႔ရၿပီမလား"

သူလည္း အားတက္သေရာ ကစားထားတဲ့ ပြဲမို႔ ကတိအတိုင္း... အင္း မနမ္းခ်င္ဘူး!

Perthက ေရွ႕တိုးလာေတာ့ Saint ေခါင္းေစာင္းခ်လိဳက္သည္။ သူတမင္လုပ္တာသိေပမယ့္ Perthက ရယ္ပဲရယ္ေန၏။ Saint မ်က္ႏွာကို သူ႕ဘက္ကို ျပန္လွည့္ေစၿပီး ထိန္းကိုင္ထားလိုက္သည္။

"အရႈံးကို လက္ခံစမ္းပါ CEOႀကီးရဲ႕"

အၾကည့္ခ်င္းမဆုံေအာင္ Saint အၾကည့္လႊဲထားလိုက္ေတာ့ ေဟာ္တယ္ခန္း မ်က္ႏွာက်က္က အျဖဴေရာင္။ ၿပီးေတာ့ Perthက သူ႕ႏႈတ္ခမ္းကို လွ်ာႏုႏုနဲ႕လာလ်က္တယ္။ လိုက္ကာေတြက ဆင္စြယ္ေရာင္ခပ္ႏုႏုေပၚမွာ မီးခိုးရင့္ေရာင္ ႏွင္းဆီပန္းပြင့္ေတြနဲ႕။ Perth လွ်ာက ခံတြင္းထဲ တျဖည္းျဖည္း တိုးဝင္လာသည္။ ေဘးက မီးအိမ္ေလးရဲ႕ တိုင္က သစ္သားကို ပြတ္လုံးလုပ္ထားၿပီး ေပၚလစ္တိုက္ထားတာ။ Perth လွ်ာနဲ႕ Saintလွ်ာထိမိသြားတာက လွ်ပ္စစ္ဓာတ္ဝင္စီးသြားသလို။ ဆြဲစုပ္ထားမိတဲ့ အိပ္ယာခင္းဘာအေရာင္လဲ မသိရခင္မွာပင္ ပတ္ဝန္းက်င္တစ္ခုလုံးေမွာင္မဲသြားၿပီး Saintလွ်ာက ဆြဲယူခံလိုက္ရတယ္။ ၿပီးေတာ့ ႏႈတ္ခမ္းသာ ထူထူေလးကလည္း ဆြဲဆုပ္ကိုက္ဖဲ့ျခင္းခံေနရတယ္။

ႏႈတ္ခမ္းလႊာေတြက အေပၚတစ္လႊာၿပီးရင္ ေအာက္တစ္လႊာ အထပ္ထပ္ ပြတ္တိုက္ခံေနရေတာ့ ပူထူလာသည္။ ပထမဆုံးနမ္းရလို႔လားမသိဘူး ခုန္ေနတဲ့ရင္ကလည္း အဆမတန္။ ဒီရင္ကို မခုန္ေအာင္ဖိထားဖို႔ကို ကိုယ့္လက္ေတြက ဘယ္ေနရာ ဘယ္ဆီေရာက္ေနလဲေတာင္ အာ႐ုံခံမရေတာ့ဘူး။ ရွိသမွ် အာ႐ုံေတြဟာ ဒီႏႈတ္ခမ္းဆီမွာပဲ။ သူ႕တံေတြးကိုယ့္ တံေတြး ေသခ်ာခြဲျခမ္းစိတ္ျဖာဖို႔ဆိုတာ ဓာတ္ခြဲခန္းပို႔မွရမယ့္အေျခအေနမွာ သူသိတာက သူ႕ခံတြင္းတစ္ခုလုံးကို လိုက္လံ ပြတ္တိုက္ေနတဲ့ လွ်ာပါးပါးတစ္စုံေပၚက အရသာခံအဖုေလးေတြကို ေရတြက္ေနမိတာပဲ။ သူပဲ အိပ္ေပ်ာ္ေအာင္ ငွက္ေပ်ာသီးေကြၽးေပမယ့္ အိပ္မရေအာင္ ႏွိပ္စက္ေနတာကသူ။ 

ထုံအီလာၿပီျဖစ္တဲ့ ႏႈတ္ခမ္းဟာ အႀကိမ္ႀကိမ္ စုပ္ယူခံထားရလို႔ နီရဲေနၿပီး သၾကားရည္ေလာင္းထားတဲ့ စေတာ္ဘယ္ရီသီးေလးလို စိုလက္ေတာက္ေျပာင္ေနသည္။ သူ႕အေပၚ အုပ္မိုးထားတဲ့ Perthကို Saint မ်က္လုံးခပ္စဥ္းစဥ္းေလးနဲ႕ စိုက္ၾကည့္ေနတုန္းမွာပင္ ထပ္မံငုတ္ဆင္းလာတဲ့ ႏႈတ္ခမ္းတစ္စုံက လွ်ာတသပ္သပ္ႏွင့္။ ႏႈတ္ခမ္းႏွစ္ခု ထိကပ္သြားခ်ိန္မွာ Saint မ်က္လုံးတစ္စုံကို ပိတ္ခ်လိဳက္သည္။ အေပၚ တည့္တည့္က မီးလုံးဟာ အျဖဴေရာင္ေလး။ ပတ္ဝန္းက်င္က အရာေတြဟာ အခုခ်ိန္မွာ အေရးမႀကီးပါဘူး အခု အာ႐ုံစိုက္သင့္တာက မြတ္သိပ္ေနတဲ့ အနမ္းတစ္ခုဟာ ခ်ိဳရဲ႕လားပဲ။
ေမာဟိုက္လို႔ ႏွိမ့္ခ်ည္ျမင့္ျဖစ္ေနတဲ့ ရင္ဘက္ႏွစ္စုံကေတာ့ ဒီအနမ္းရဲ႕ သိပ္သည္းခ်က္ေပါ့။
....

ခါတိုင္း ေရးေနက်ပဳံစံမ်ိဳးနဲ႕သိပ္မတူေအာင္ေရးထားပါတယ္။ ေရးတဲ့သူ ေပးခ်င္တဲ့ ခံစားခ်က္ကို ဖတ္တဲ့သူက ရမလား မရလားသိခ်င္လို႔ ထင္ျမင္ခ်က္ေလးေတြ ခ်န္ထားေပးခဲ့ပါဦး။

ေနာက္အပိုင္းအတြက္ target fundက ၂ေသာင္း(၂၀၀၀၀)ပါရွင္။ payment accေတြကို cbမွာလာေတာင္းေပးပါ။ fb accသိတဲ့လူက msgကိုလာတာ ပိုေကာင္းပါတယ္ရွင့္။

ဒီficကေန PerthSaint graduationအတြက္ fundက Yum တစ္သီးပုဂၢလ ေကာက္ခံတာပါ။ ဒါေၾကာင့္ yumဆီပဲ တိုက္ရိုက္လာပါေနာ္။
………………………………………………....

Continue Reading

You'll Also Like

1.2M 53K 99
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
204K 10.6K 44
╰┈➤ *⋆❝ 𝐲𝐨𝐮 𝐭𝐡𝐢𝐧𝐤 𝐢'𝐝 𝐩𝐚𝐬𝐬 𝐮𝐩 𝐚 𝐟𝐫𝐞𝐞 𝐭𝐫𝐢𝐩 𝐭𝐨 𝐢𝐭𝐚𝐥𝐲? 𝐢 𝐥𝐢𝐭𝐞𝐫𝐚𝐥𝐥𝐲 𝐤𝐞𝐞𝐩 𝐦𝐲 𝐩𝐚𝐬𝐬𝐩𝐨𝐫𝐭 𝐢𝐧 𝐦𝐲 �...
118K 3.8K 79
Alastor X Female Reader You and Alastor have been best friends since you were 5 years old. With Alastor being the famous serial killer of your time...
917K 56.1K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...