Part 1

542 30 24
                                    

Unicode

Ring! Ring! Ring!

Saint လချုပ်စာရင်းများ ထိုင်လုပ်နေတုန်း စားပွဲပေါ်တင်ထားတဲ့ ဖုန်းက မြည်လာတာမို့ တပ်ထားတဲ့ မျက်မှန်ကို ချွတ်ပြီး ဖုန်းကိုင်လိုက်သည်။ ဖုန်းနံပါတ်က အစိမ်း။

"ဟဲလို"

"Perth Tanaponရဲ့ အုပ်ထိန်းသူ Mr.Saint Suppapongလား ခင်ဗျ"

"ဗျာ"

သူက Saint Suppapongတော့ ဟုတ်တယ် ဒါပေမယ့် Perth Tanaponရဲ့ အုပ်ထိန်းသူမှ မဟုတ်တာ။ တစ်ဖက်ကလူ ဘာပြောဖို့လဲမသိသေးတာကြောင့် Saintဆက်နားထောင်နေလိုက်သည်။

"ကျွန်တော်တို့ G**** H** hotelကပါ... ကျွန်တော်တို့ဆီမှာ တည်းခိုတဲ့ Mr. Perth Tanaponက ဖုန်းခေါ်ခိုင်းလို့ပါ... သူအရက်အလွန်အကျွံမူးနေပြီး Mr. Saint Suppapongကို မခေါ်ပေးရင် ခေါင်မိုးထပ်ကနေ ခုန်ချမယ်ဆိုပြီး ပြောနေလို့ပါ... အခုလာပေးပါနော်"

"ဗျာ... အာ... ဟုတ်ကဲ့ ဟုတ်ကဲ့"

Saint ယောင်ယောင်အမ်းအမ်းဖြင့် ခေါင်းငြိမ့်လိုက်မိပြီးမှ သူလိုက်သွားစရာ အကြောင်းမရှိဘူးဟုအသိပြန်ဝင်ချိန် ဖုန်းက ချသွားပြီဖြစ်သည်။ ဖုန်းပြန်ခေါ်တော့လည်း မကိုင်ကြတော့။

Perthဆိုတာ Saintကို စတွေ့တည်းက ချစ်ကြောင်းကြိုက်ကြောင်းတွေ လိုက်ပြောနေပြီး အတင်းကပ်နေတဲ့ကောင်လေး။ အလုပ်အတူတွဲလုပ်နေတဲ့ သူ့အဖေမျက်နှာသာမရှိဘူးဆို ဒီကောင်လေးကို ကိုင်ပေါက်ပြီး ခပ်ဝေးဝေးကို လွှင့်ပစ်လိုက်ပြီ။ သူ့အဖေက Saintနဲ့ အသိအကျွမ်းဖြစ်တဲ့အပြင် ရုံးရေးကန္နားရေးဆို ဒီလူရဲ့အာဏာကိုပဲ Saintက အကူအညီယူနေရတာဆိုတော့ သူ့သားကို စိတ်ရှိလက်ရှိလုပ်လို့မရ။ ဒါကိုသိနေတဲ့ ကောင်လေးကလည်း အခွင့်အရေးသိပ်ယူလွန်းသည်။ အခုလည်း တိုက်ပေါ်က ပြုတ်ကျလို့သေသွားခဲ့ရင် မြို့တော်ဝန်ရဲ့သားက Saansook ကုမ္ပဏီပိုင်ရှင်ကြောင့် တိုက်ပေါ်က ခုန်ချသွားတယ်ဆိုတဲ့ သတင်းခေါင်းစဥ်ကြီးနဲ့ ထွက်လာခဲ့ရင်တော့ ခေါင်းကြိမ်းရချည်ရဲ့။

Saintကားသော့ ယူပြီး သူတို့ပို့ပေးတဲ့ လိပ်စာအတိုင်းလိုက်လာခဲ့သည်။ Saintရောက်တော့ ဝန်ထမ်းတွေက အ​ပေါ်ဆုံး အထပ်ရှိ အခန်းတစ်ခုထဲသို့လိုက်ပို့၏။ အပေါ်ဆုံးထပ်က VVIPအခန်းတွေမို့လို့ လူသိပ်မရှိ။

I Found YouOù les histoires vivent. Découvrez maintenant