The Love Sleeping Under The M...

By AttarSawLwinYar

50.2K 3.3K 1.2K

[๐š„๐š—๐š’+๐š‰๐šŠ๐š ] แ€›แ€”แ€บแ€žแ€ฐแ€ทแ€“แ€ฌแ€ธแ€œแ€€แ€บแ€”แ€€แ€บแ€กแ€ฑแ€ฌแ€€แ€บแ€™แ€พแ€ฌแ€€แ€ปแ€›แ€พแ€ฏแ€ถแ€ธแ€›แ€แ€ผแ€„แ€บแ€ธแ€‘แ€€แ€บ แ€›แ€”แ€บแ€žแ€ฐแ€ทแ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธโ€Œแ€™แ€ฑแ€แ€นแ€แ€ฌแ€กแ€ฑแ€ฌแ€€แ€บแ€™แ€พแ€ฌแ€€แ€ปแ€›แ€พแ€ฏแ€ถแ€ธแ€›แ€แ€ผแ€„แ€บแ€ธแ€Ÿแ€ฌ แ€›แ€พแ€€แ€บแ€–แ€ฝ... More

Prelude
Part 1
Part 4
Part 5
Part 6
Part 7
Part 3
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Character Image (unicode)
Character Image (zawgyi)
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27 ( Suprise Gift!!)
Part 27
Part 28
Part 29

Part 2

2.1K 139 27
By AttarSawLwinYar

[Unicode]နှာဖျားထက်သို့လာရောက်ကျီစယ်နေသည့် ကြာညိုနံ့ကြောင့် အိပ်မက်ထဲသို့ဟိုတစ်စ ဒီတစ်စဖြင့်ပျံ့လွင့်နေသည့် သူ့အသိစိတ်များစုစည်းလာရသည်။ သူလဲလျောင်းနေသည့်အခင်းဟာ နူးညံ့သည်။

လေးကန်နေသည့်မျက်ခွံများကိုအားယူဖွင့်လိုက်တော့မီးရောင်ပျပျနဲ့ဝေဝါးနေတဲ့အခန်းမျက်နှာကျက်က ဦးစွာဆီးကြိုနေသည်။

မည်သူ့ကိုမှတောင့်တခြင်းတစ်စုံတစ်ရာမရှိဘဲ မျက်နှာကျက်သို့သာကြည့်ရင်း မျက်တောင်တဖျတ်ဖျတ်ခတ်နေမိသည့်ထယ်ယောင်း။နိုးထလာရခြင်းဟာထူးဆန်းနေသည်။သူအဆိပ်မိခဲ့တယ်မလား။ သေချာပေါက်အသက်မရှင်နိုင်တော့ဘူးလို့တွေးခဲ့မိတာ။

ပေါ့ပါးနေသည့်ကိုယ်ကြောင့် သူ့ကိုယ်၌ အတွင်းဝတ်ရုံအပါးသာရှိတော့မှန်း သတိထားမိလိုက်သည်။ပြီးတော့ သူ့ရဲ့....

"အိပ်ရတာသက်သောင့်သက်သာမရှိမှာစိုးလို့ကိုယ်တော်ဖြုတ်ထားလိုက်တယ်"

ခေါင်းပေါ်လက်ဖြင့်စမ်းရုံမျှရှိသေး ထွက်ပေါ်လာသည့်စကားသံက သူ့ခေါင်းရင်းနား၌ထိုင်နေသည့်မင်းသားဂျွန်ထံမှ။အံ့ဩတကြီး မော့ကြည့်လိုက်ပေမယ့် ရာဇအိန္ဒြေဖြင့်ရှုတည်တည်ထိုင်နေရုံမှတပါး သူ့အားအမေးစကားပြုခြင်းရှိမလာ။

သူ့ဘေးမှ မင်းသားဂျွန်ဟာ ရွှေရောင်အနားကွပ်သည့် အဖြူရောင်ညအိပ်ဝတ်ရုံရှည်ကို လှဲလှယ်ဝတ်ဆင်ထားပြီးအမြဲတစေ စုပင့်ကာထုံးထားသည့်ဆံပင်များအား တစ်ဝက်သာစည်း၍ ကျောအနောက်သို့ချထားသည်။ အဆင်တန်ဆာတို့ဝတ်ဆင်ထားချိန်ထက်ငယ်ရွယ်နုပျိုသောမင်းသားဂျွန်ကို နှုတ်ဆက်ရန်ပင်သတိမရဘဲသူငေးကြည့်နေမိသည်။ သူမမြင်တွေ့ဖူးသည့်မင်းသားဂျွန်ရဲ့အိပ်ဆောင်အတွင်းမှပုံစံဟာ ထိုကဲ့သို့။

"အဟွန်း...နိုးလာလာချင်း ပထမဆုံးရှာတဲ့အရာက အဲ့ဒီကနုတ်ခက်တွေတဲ့လား"

ရယ်သွမ်းသွေးလျက်စကားစလာသည်။သူ့ရဲ့ဆံဖိများအားကနုတ်ခက်ဟုသာ မင်းသားဂျွန်ကသုံးနှုန်းသည်။ဒါဟာ ဒုတိယအကြိမ်မြောက်။

ဒါကအရေးမကြီး။ အရေးစိုက်ရမည့်အရာဟာ သီးသန့်ရှိသည်မို့...

"ကျွန်တော်ဘာဖြစ်သွားတာလဲ..."

မင်းသားဂျွန်ကသူ့ကိုကြည့်နေပေမယ့် သူ့မေးခွန်းကိုတော့မဖြေပါ။သို့မဟုတ် ဖြေဖို့စကားလုံးများအားရွေးချယ်နေဟန်တူသည်။

"ကျွန်တော်အဆိပ်မိခဲ့တယ်မလား သွေးတွေလဲအန်ခဲ့တယ်။ ဒါပေမယ့်ဘာလို့နာရီပိုင်းအတွင်း သာမာန်လူတစ်ယောက်လိုဖြစ်သွားရတာလဲ"

အနည်းငယ်မောပန်းပြီးအားလျော့နေသည့်ခံစားချက်မှလွဲ၍ သူ့တစ်ကိုယ်လုံးမည်သည့်နာကျင်မှုမှမရှိ။ မင်းသားဂျွန်ကိုအမေးဆန်ဆန်ကြည့်မိတော့...

"ဒီအတောအတွင်း အဆိပ်တွေသောက်ပြီးရှင်သန်ခဲ့တာပဲ...အခုမင်းရဲ့သွေးကြောထဲမှာအဆိပ်တွေနဲနဲကျန်နေသေးတယ်..."

အမေးနှင့်အဖြေဆက်စပ်မှုမရှိလေသော မင်းသားဂျွန်ရဲ့စကားကိုသူနားမလည်ပါ။သူကအဆိပ်တွေသောက်ပြီးရှင်သန်ခဲ့တယ်တဲ့လား။မဖြစ်နိုင်တာတွေ။

မယုံကြည်သလိုပြုမူလိုက်သည့်သူ့မျက်နှာအနေအထားကြောင့်...

"ဖြူဖျော့နေတဲ့မျက်နှာ...ဒါပေမယ့်ပန်းရောင်သန်းနေတဲ့နှုတ်ခမ်း...ခရမ်းရောင်ဘက်ပြေးနေတဲ့လက်သည်းခွံတွေ...အဆိပ်ကမင်းကိုယ်ထဲ တစ်ဖြေးဖြေးနေရာယူနေတာ...မင်းသောက်သုံးလိုက်တာတော့မဖြစ်နိုင်ပေမယ့် တစ်စုံတစ်ယောက်က တမင်ရည်ရွယ်ပြီး မသိမသာနဲ့အဆိပ်ခတ်နေခဲ့တာပဲ...တော်သေးတာပေါ့ အချိန်မှီနေသေးလို့"

သူ့ပုံပန်းသဏ္ဍာန်အားလုံးကိုသေချာကြည့်ထားသူပမာ စေ့စပ်စွာပြောဆိုရင်း နောက်ဆုံးတော့ သူလိုချင်သည့်အဖြေကိုပေးလာသည်။

မင်းသားဂျွန်ပြောမှသူ့လက်သည်းနှင့်သူသတိထားကာပြန်ကြည့်လိုက်သည်။သူ့လက်သည်းများဟာ အရင်ကလိုပန်းရောင်ပြေးကာခရမ်းရောင်မသန်းတော့။

အဆိပ်တဲ့လား။

"ကြာနီအဆိပ်"

"ကြာနီ အဆိပ်..."

မင်းသားဂျွန်ရဲ့စကားကို လေသံတိုးတိုးဖြင့်လိုက်ရေရွတ်မိသည်။ လှဲအိပ်နေသည့်အနေအထားက စကားပြောဖို့သိပ်မသင့်တော်သည်မို့ အိပ်နေရာမှအသာထလိုက်သည်။သူအိပ်နေတာက မင်းသားဂျွန်ရဲ့ခုတင်ဖြစ်နိုင်သလို သူရောက်နေတာကလဲ မင်းသားဂျွန်ရဲ့အိပ်ခန်းဆောင်ဖြစ်လောက်မည်။

"အရှင့်သားရဲ့ကျေးဇူးကိုမမေ့ပါဘူး...ကျွန်တော်ကိုယ်ကျွန်တော် တမလွန်သွားရပြီထင်နေခဲ့တာ"

ကျေးဇူးတင်စကားဆိုလေတော့ အပြုံးစစဖြင့်....

"အဆိပ်ကို အဆိပ်နဲ့ဖြေလိုက်တာကအကောင်းဆုံးနည်းလမ်းပဲလေ"တဲ့။

ထိုသို့ဆိုပြီးနောက် သူ့ရဲ့လက်တစ်ဖက်ကိုဆွဲယူလာသည့်မင်းသားဂျွန်ရဲ့လက်။ လက်ဖဝါးထဲသို့ထည့်ပေးလာသော ပုလဲလုံးအားတွေ့လိုက်ရချိန် ထယ်ယောင်းမျက်စိပျက်မျက်နှာပျက်ဖြစ်သွားခဲ့တာအထင်းသား။

"မင်းရဲ့ဝတ်ရုံထဲကတွေ့တာပါ..."

ထယ်ယောင်းထိုပုလဲလုံးအားဆုပ်ကိုင်လိုက်ရင်း...

"စိုးရွံ့မိပါတယ်အရှင့်သား"

"ဘာအတွက်လဲ"

မင်းသားဂျွန်ရဲ့မျက်ဝန်းများကိုစူးစိုက်ကာကြည့်မိသည်။ပုလဲလုံးကိုဘာအတွက်ကြောင့်အသုံးပြုတယ်ဆိုတာသိရဲ့သားနဲ့မေးနေပြီး သူ့နှုတ်မှဝန်ခံချက်ကိုသာ တမင်စောင့်နေသည်။

"အရှင့်သားကိုအဆိပ်ခတ်ဖို့အတွက်ပါ"

တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေ‌လေတော့ သဘောကျစွာပြုံးသည်။သူ့အားအဆိပ်ခတ်ကာ လုပ်ကြံသတ်ဖြတ်ဖို့ရောက်လာသည့်သူကိုတော့ မင်းသားဂျွန်က အသက်ရှင်လျက်ပြန်လွှတ်ပေးမည်မဟုတ်။

"ကိုယ်တော်တို့ကြားထဲမှာရန်ငြိုးရှိတယ်ထင်ပ"

ထိုမျှသာဆိုပြီး အနားမှထသွားသည်။သူလဲကုတင်မှဆင်းချင်နေပေမယ့် အဆိပ်မိထားသည့် သူ့ခန္ဓာကိုယ်ဟာအားအင်များမပြည့်ဝပါ။

ကြာနီအဆိပ်ဟုမင်းသားဂျွန်ပြောသောအဆိပ်အကြောင်းတွေးလိုက်သည်။ အဆိပ်မျိုးစုံနဲ့ရင်းနှီးကျွမ်းဝင်သည့်သူ့အဖို့ ထိုအဆိပ်ဟာ သူတစ်ခါမျှကြားဖူးနားဝမရှိသောအဆိပ်အမည်ပင်။

သူ့ဖြစ်တည်မှုကြောင့် ဘယ်သူနဲ့မှရန်ငြိုးမရှိခဲ့ဖူးသလို သူသေလို့လဲဘယ်သူကမျှအကျိုးအမြတ်ရမည်မဟုတ်။ဒါတောင် သူ့ကိုအဆိပ်ခတ်သည်တဲ့လား။

မင်းသားဂျွန်ပြောပုံအရဆို သူအဆိပ်မိနေတာနှစ်နဲ့ကြာနေလောက်ပြီ။မင်နန်းတော်မှာသူ့ကိုယ်သူလုံခြုံတယ်လို့ထင်ခဲ့မိတာမှားသည်။ ဘယ်သူကများ သူ့အားရည်ရွယ်ချက်ရှိရှိထိုအဆိပ်များကိုတိုက်ကျွေးခဲ့ပါသနည်း။

ဒီအကြောင်းများအား အရှင့်ကိုပြောပြချင်သည်။အရှင်သာသိသွားခဲ့ရင် အဆိပ်ခတ်သူကိုသေချာဖောက်ဖော်ထုတ်ပေးလိမ့်မည်။ ခိုကိုးရာမဲ့သည့်သူ့ဘဝမှာ အနား၌ အမြဲအနီးကပ်ရှိနေပေးသူဟာ အရှင်နှင့်နိုအွန်းသာမလား။

အဆောင်ဆီပြန်ဖို့အတွေးဝင်လာခိုက်၌ပင် အနားသို့ပြန်ရောက်လာသည့်မင်းသားဂျွန်။ လက်ထဲ၌ အပြာရောင်ပိုးစပါလာသည်။ ထိုပိုးစအစွန်း၌ထိုးထားသည့် လိပ်ပြာသဏ္ဍာန်ပန်းနှစ်ပွင့်။

"ဟိုဘက်ကိုလှည့်"

မင်းသားဂျွန်၏အမိန့်တစ်ခုမှာသူဟာအလိုအလျောက်နာခံပြီး တစ်ဖက်သို့လှည့်လိုက်ရသည်။

သူ့ဆံပင်များကြားရောက်လာသည့်လက်ချောင်းတွေကိုခံစားရသည်။အပေါ်တစ်ဝက်အားသိမ်းယူကာ တစ်ခုခုဖြင့်စည်းနှောင်ပေးလာသည်။မင်းသားဂျွန်လက်ထဲမှာရှိနေခဲ့တဲ့ပိုးစက အခုသူ့ဆံပင်ကိုစည်းနှောင်လိုက်တဲ့အရာလား...။

ရုတ်တရက်ဝင်ရောက်လာသည့်အတွေးတစ်ခုကြောင့် သူ့ရင်ထဲထိတ်ကနဲဖြစ်သွားသည်။
သူ့လက်များက မိရာဝတ်ရုံစအားကျစ်ကျစ်ဆုတ်ကိုင်လိုက်မိပြီး မျက်ဝန်းနှစ်ဖက်ဟာလဲ ပုံမှန်ထက်ဝိုင်းစက်သွားခဲ့တော့သည်။

"မင်းဆံပင်တွေက ရှည်လွန်းနေတယ်...ချမထားဘဲဒီလိုစည်းထားသင့်တယ်"

မင်းသားဂျွန်ဘက်ပြန်လှည့်မိချိန် သူ့ရင်အစုံဟာ တဒိန်းဒိန်းမြည်လျက်။သူ့လက်ထဲရှိမနေတော့သည့် ထိုပိုးစကထယ်ယောင်းဆံပင်ကိုစည်းနှောင်ထားကြောင်း သေချာသွားခဲ့ပြီ။

"အရှင့်သား...အခုကျွန်တော်မျိုးဆံပင်တွေကို...စည်းနှောင်လိုက်တာလား...အဲ့ဒီအဓိပ္ပာယ်က..."

သူ့နှုတ်ခမ်းပေါ်သို့လက်ညှိုးလာတင်သည်။သူ့စကားကိုထိုကဲ့သို့မဟန့်တားရင်တောင် သူ့မှာပြောဖို့အင်အားဘယ်ဆီမှာရမည်နည်း။

မျက်လွှာချသွားလျက်ခပ်တိုးတိုးရေရွတ်သည်။

"ကိုယ်တော်သိပါတယ်အပြာရောင်ငယ်..."

ထိုစကား၌ မင်းသားဂျွန်၏သိမ်မွေ့ခြင်းတို့သည် မြှူခိုးငယ်ကဲ့သို့ရစ်ဝဲလျက်။သို့သော် အရှေ့မှယောက်ျားပျိုတစ်ယောက်မှာတော့ အသက်ပင်ပြင်းပြင်းမရှုရဲ။

မင်းသားဂျွန်ကသူ့အားစနောက်နေပုံမရဘဲ တည်ငြိမ်စွာသာပြုမူနေသည်မို့ သူ့စိတ်ထဲအံ့ဩနေရသည်။ ဘိုးတော်နဲ့ခမည်းတော်ကိုသတ်သွားခဲ့သူရဲ့မျိုးဆက်ဆီမှာ အဘယ်သို့သောမျက်နှာဖြင့်သူက ကိုယ်လုပ်တော်လုပ်နိုင်မည်နည်း။ သူ့ရည်ရွယ်ချက်ဟာ ချီမင်းဆက်ကိုဖျက်ဆီးဖို့သာ။

ခုနကပင် သူဟာမင်းသားဂျွန်အားလုပ်ကြံဖို့လာရောက်ကြောင်းဖွင့်ဟဝန်ခံခဲ့သူတစ်ယောက်။ဒီအရာဟာ သူ့လိုအပြစ်သားတစ်ယောက်အတွက် မင်းသားဂျွန်ချမှတ်တဲ့ပြစ်ဒဏ်များလား။

"ကျွန်တော်မျိုးရဲ့အကြောင်းစုံကို မင်းသားဂျွန်သိသွားရင် အသက်ရှင်ဖို့တောင်အလွှတ်ထားမှာမဟုတ်ပါဘူး"

အနောက်နားဘက်သို့ပို့မိသည့်လက်က ထိုပိုးစအားဖြုတ်ရန်ရည်ရွယ်ပေမယ့်ထိုလက်ကို ဆုပ်ကိုင်ဟန့်တားလိုက်သူမင်းသားဂျွန်။ခုနကနဲ့အနည်းငယ်ဆန့်ကျင်ဘက်ဖြစ်သွားသည့်အကြည့်များ။စူးရဲသွားလျက်...

"အဲ့ဒီအချိန်ကျရင်တော့ သတ်ရမှာပဲ...မင်းရဲ့အကြောင်းတွေ ချီနန်းတော်ကအကုန်လုံးမသိခင် အိမ်ရှေ့ကိုယ်လုပ်တော်အဖြစ်ပဲ ကိုယ်တော့်အနားမှာခစားလိုက်...ဒါကိုမြင့်မြတ်တဲ့ချီးမြှောက်မှုတစ်ခုလို့သတ်မှတ်"

စကားသံကပုံမှန်ဆိုပေမယ့် ထိုစကားများမှာ လွန်ဆန်နိုင်ခြင်းမရှိသောအာဏာစက်များတစ်နည်းနည်းနဲ့ပါဝင်သည်။ဒီလိုအချိန်မှာအရှင့်ကိုသာသူသတိရသည်။ မြတ်နိုးခြင်းအတိဖြင့်ဆိုလေ့ရှိသောအရှင့်စကားသံများဟာ ဘယ်သောအခါမှ အမိန့်တစ်ခုကဲ့သို့၊အာဏာစက်တစ်ခုကဲ့သို့ သူ့အပေါ်မသက်ရောက်စေပါ။

ချစ်ခြင်းမေတ္တာတို့မပါဝင်ရင်တောင် အားနည်းချက်ကိုအကျပ်ကိုင်ကာချီးမြှင့်သော ချီးမြှောက်မှုတစ်ခုကိုတော့ သူလက်မခံနိုင်။

"ကျွန်တော်မျိုးလက်မခံနိုင်ပါဘူးမင်းသားဂျွန်....စုန့်ပြည်ရဲ့ကချေသည်တစ်ယောက်က...ချီဧကရာဇ်အလောင်းလျာရဲ့ကိုယ်လုပ်တော်နေရာကိုယူဖို့ သတ္တိမရှိပါဘူး အရှင့်သားရဲ့ချီးမြှောက်မှုကို ငြင်းပယ်ပါရစေ"

ငြင်းပယ်သည်တဲ့လား။
တစ်သက်နဲ့တစ်ကိုယ် တစ်စုံတစ်ယောက်ဆီက ပထမဆုံးသောငြင်းပယ်ခံရမှုဟာလဲ ကချေသည်တစ်ယောက်ဆီမှ။
ဒီတစ်ကြိမ်မှာတော့ ချုပ်တည်းထားသောဒေါသများသည် မီးတောက်ကဲ့သို့တရိပ်ရိပ်တက်လာသည်။

"ဘာကြောင့်လဲ"

ကျားကိုလဲကြောက်ရမယ်မသိ။
ကြင်နာသနားမှုကိုလဲလက်ခံရမယ်မှန်းမသိတဲ့ အပြာရောင်ငယ်က သူ့ကိုအကြောင်းပြချက်ပေးရန်တွေးတောဟန်ဖြင့် မျက်တောင်သာခတ်နေ၏။မျက်နှာအားအောက်ချသွားပြီး တုန်ယင်စွာဖြင့်ထွက်ကျလာသောစကား....

"ကျွန်တော်မျိုးက...."

သူ့မေးဖျားအားဆွဲယူကာမျက်နှာရှေ့သို့ ရောက်စေလိုက်သည်။ရှောင်လွဲသွေဖည်ခြင်းလုပ်တာမျိုးကိုသူမကြိုက်...

"ကျုပ်သာအလိုရှိရင် ကချေသည်မဆိုထားနဲ့ ပြည့်တန်ဆာကိုလဲမိဖုရားတင်မြှောက်နိုင်တယ်...မင်းရဲ့ဆံပင်က မင်ဘုရင်ရဲ့ကနုတ်ခက်တွေမှာ...ကျုပ်သဘောအတိုင်း ကျောက်စိမ်းဆံထိုးတစ်ချောင်းကိုအစားထိုးနိုင်တယ်...ကျုပ်ကအဲ့လိုလုပ်နိုင်တဲ့အထိ အစွမ်းအစရှိတယ်အပြာရောင်ငယ်"

သူ့မျက်ဝန်းများဟာ စားပွဲခုံတစ်ခုပေါ်မှဝမ်းနည်းဖွယ်ရာ ဆံဖိခက်ဆီရောက်ရှိသွားရသည်။ဆယ်စုနှစ်တစ်ခုနီးပါးထိ သူ့ဆံနွယ်ကိုအဖော်ပြုပေးခဲ့သောထိုအရာများဟာ သူ့အပေါ်ထားသောအရှင့်ရဲ့ မြင့်မြတ်တဲ့ချစ်ခြင်းတစ်ခု။ ထိုအရာကြောင့်သာ ဒီနေ့အထိသူအသက်ဆက်နိုင်ခဲ့တာ။

"အရှင့်သားသာကျွန်တော်မျိုးကို မင်ဘုရင်ဆီကကြည်ကြည်ဖြူဖြူတောင်းခံယူနိုင်ခဲ့ရင်...ကျွန်တော်မျိုးရဲ့အသက်နဲ့ခန္ဓာတင်မကပဲ စိတ်ဝိညာဉ်ကိုပါပုံအပ်ပါ့မယ်"

ထိုစကားကိုဆိုပြီးနောက်သူ့မျက်ဝန်းထံစူးစူးနစ်နစ်ကြည့်လာခဲ့သည်။ တစ်စုံတစ်ရာအား ယူကျုံးမရစွာ ဝမ်းနည်းနေပုံရသည့်မျက်ဝန်းများဟာ အရည်လဲ့လျက်။

"ကျွန်တော်မျိုးရဲ့အဆောင်ကိုပြန်ပါရစေ"

"လမ်းလျှောက်ဖို့တောင်အားမရှိဘဲဖြူဖျော့နေတဲ့အနေအထားနဲ့ဒီနန်းဆောင်ကမင်းထွက်သွားရင်..."

"စကားပြောဆင်ခြင်ပါဦးအရှင့်သား"

ချက်ချင်းပင်မျက်လွှာချကာခေါင်းငုံ့သွားခဲ့သည်။ခုနကတည်းကဖမ်းဆုပ်ထားသည့်လက်ကိုပြန်လွှတ်ပေးလိုက်တော့မှ သူ့ကိုမဝံ့မရဲမော့ကြည့်လာသည့်အပြာရောင်ငယ်။

အရှေ့မှယောက်ျားပျိုတစ်ယောက်ဟာ မင်ဘုရင်ရဲ့ကြင်ယာတော်အလောင်းအလျာမှန်းသေချာသိနေပါရက်နဲ့  သိမ်းပိုက်ချင်သည်။

စုန့်ပြည်ဟာ ချီရဲ့အာဏာစက်အောက်က ပဏ္ဏာဆက်နိုင်ငံတစ်ခုထက်မပိုသည်မို့ မင်ဘုရင်ရဲ့ပိုင်ဆိုင်မှုတစ်ခုကိုအဓမ္မနည်းနဲ့ယူရင်တောင် ဘယ်သူကဘာပြောနိုင်မည်နည်း။

အတင်းအကျပ်ဆွဲဖက်ခြင်းကိုခံလိုက်ရသည့်ခါးသွယ်။တင်းတင်းစေ့ထားသည့်နှုတ်ခမ်းလွှာများအား ရန်လိုစွာဖြင့်စုပ်ယူနမ်းရှိုက်လာသည့်မင်းသားဂျွန်။အလန့်တကြားတွန်းထုတ်မိသောလက်များကိုတစ်ဖက်တည်းစုကိုင်ကာ သူ့ရင်ဘတ်ဆီသို့ ကပ်လျက်အပ်နှံထားသည်။

ရုန်းကန်ခြင်းငှာမတတ်နိုင်သောပြင်းရှမွတ်သိပ်သည့်အနမ်းတို့ကြောင့် မှိတ်ကျသွားရသည့်မျက်ဝန်းလှလှ။

ကျောပြင်ဆီသို့အခြေချထားသည့်မင်းသားဂျွန်၏လက်သည်လည်း သူ၏ခါးသိမ်သိမ်သို့ရောက်လာကာ ခါးစည်းကြိုးအားဖြေရင်းအလုပ်များနေပြန်သည်။အဆုံးသတ်၌ ပုခုံးထက်မှ‌လျော့ကျသွားသည့်ဝတ်ရုံစကို ဖမ်းဆီးခြင်းမပြုနိုင်လိုက်သည့်သူ့လက်တွေ။

သူအလိုကျသည်အထိချယ်လှယ်ခံပြီးနောက် ပြတ်လပ်သွားသည့်အနမ်းတို့နဲ့အတူ အသက်ရှူသံပြင်းပြင်း။ နိမ့်ချည်မြင့်ချည်ဖြစ်နေသည့်ရင်အစုံ။

ဝတ်ရုံကခါးအထိလျောကျနေလျက် အပေါ်ပိုင်း၌မလုံခြုံတော့သည့်ထယ်ယောင်းဟာ သူ့ကိုယ်သူ ဒီအခြေအနေကနေ လုံးဝကျော်ဖြတ်၍မရတော့မှန်းသတိထားမိလိုက်သည်။

ဒီအချိန်၌ စိတ်ဆန္ဒအလိုကျ ဖြတ်ပြေးဝင်လာသည့်အတွေးများဟာ ကောက်ကျစ်ခြင်းများဖြင့်သာပြည့်နှက်၏။

"ကျွန်တော်မျိုးဟာအရှင့်သားရဲ့ကြင်ယာတော်ဖြစ်မလာနိုင်မှန်းသိပါတယ်...ဒါပေမယ့် ဒီလိုအရာတွေအတွက် ကျွန်တော်မျိုးမသိမ်ငယ်ချင်ဘူးအရှင့်သား...ကိုယ်လုပ်တော်ဘဝနဲ့ရောင့်ရဲပြီး လောဘကိုချိုးနှိမ်ဖို့အတွေးမရှိပါဘူး...ရယူခြင်းကိုသာမက်မောပါတယ်"

ဖယောင်းသွင်းသကဲ့သို့သွယ်ပျောင်းလှသောထယ်ယောင်း၏လက်ချောင်းများဟာ မင်းသားဂျွန်၏ ခါးစည်းကြိုးသို့ရောက်ရှိသွားတော့သည်။

"ကိုယ်တော်ချီးမြှောက်တဲ့ ပထမဆုံးသောကိုယ်လုပ်တော်ပဲ...သေချာပေါက် မင်းက မိဖုရားတစ်ပါးဖြစ်လာရမှာ"

"အဟင်း.."

မင်းသားဂျွန်ရဲ့စကားကို ဟာသတစ်ခုအနေနဲ့သဘောထားကာအောင့်သက်သက်သာရယ်လိုက်သည်။

ယောက်ျားလေးကိုယ်လုပ်တော်ဆိုတာ စစ်ထွက်ချိန်အနားမှာပြုစုလုပ်ကျွေးဖို့အတွက် ချီးမြှင့်ခြင်းတစ်ခု။ထိုအရာထက်ပိုပြီးဘာမျှမျှော်လင့်၍လဲမရကြ။ ဆောင်ရနန်းရလဲမဟုတ်ပါဘဲ အနောက်ဆောင်မှာ မထင်မရှားဘဝနဲ့ နောက်ဆုံးကျအပယ်ခံဖြစ်သွားကြသူချည်းသာ။ဒါဟာ သူလက်ခံရရှိမည့်ဘဝတစ်ခုဆိုပါကလဲ အသက်ကိုသာစတေးလိုက်မည်။ဒီချီးမြှင့်ခြင်းကို သူလက်မခံနိုင်ပါ။ဒါပေမယ့်သူဟာတော့ တစ်ခြားသူများနှင့်မတူဘဲ ကွဲပြားသောတည်ရှိမှုပင်မလား။

စုန့်ပြည်ရဲ့တော်ဝင်ကချေသည်ဆိုတဲ့ဂုဏ်ဒြပ်တစ်ခုဟာ ဣထ္ထိယရော ပုရိသပါမကျန်သူ့ခြေရင်း၌ အလုံးစုံညွှတ်စင်းစေသည်။ မျက်လွှာတစ်ချက်အပင့်၊ လက်ဆစ်တစ်ချက်အချိုးမှာ တပ်မက်မှုအားလုံးကို သူ့ထံဖြစ်တည်စေသည်။

စုန့်ပြည်ရဲ့မင်းမြတ်ကတောင် မထိတို့ရက်ဘဲ နှစ်ပေါင်းများစွာ ပစားထားခဲ့တဲ့ကချေသည်တစ်ယောက်ကို ချီအင်ပါယာရဲ့ဧကရာဇ်အလောင်းအလျာက ခေတ္တမျှထိတွေ့မိရုံနှင့် ပြင်းပြစွာတပ်မက်သွားသည်တဲ့လား။ကျေနပ်ဖို့ကောင်းလိုက်တဲ့ဖြစ်ခြင်း။

ဒါဟာလဲသူ၏ကြီးမားသောရည်ရွယ်ချက်အတွက် အထောက်အပံ့ပေးမယ့်အရာတစ်ခုဖြစ်လာမည်။

သူ့အလှကျော့ကွင်းမှာမသက်ဆင်းနိုင်ရအောင် မင်းသားဂျွန်ဟာ ဘာသားနဲ့ထွင်းထုထားတာမို့လို့လဲ။

အရှင်ဂျီမင်းကိုချစ်သည်။
ဒါပေမယ့် သူ၏ရည်ရွယ်ချက်အတွက်ဘယ်အရာကမှအရေးမကြီး။ ယောက်ျားပျိုတစ်ယောက်ဟာမင်းသားဂျွန်အတွက် ဆန္ဒမြှူငယ်များညစ်ထေးစေနိုင်ရင် ထိုယောက်ျားပျိုသည် သူသာဖြစ်ရမည်။

အပေါ်ဝတ်ရုံတို့ အလုံးစုံဖယ်ခွာလိုက်တော့ မင်းသားဂျွန်၏ ဖွံ့ထွားသည့်ရင်အုပ်အစုံသည် သူ၏ရှေ့မှောက်၌ ရှင်းလင်းစွာပေါ်လာသည်။နားသယ်ရှိဆံစတို့ကိုအနောက်ဘက်သို့သိမ်းသပ်လျက် သူ့မျက်နှာဆီငုံ့မိုးလာသည့်မျက်နှာ။ နှုတ်ခမ်းဆီထပ်မံကူးလူးလာသည့်အနမ်းတို့နောက် အလိုတူစွာလိုက်ပါစီးမျောပေးမိသည်။အရှင်အလိုကျ...အရှင့်သားအလိုကျပေါ့...။

ပုခုံးတစ်ခုကိုအားပြုကိုင်ထားသည့်လက်ချောင်းတို့ကတော့တဆတ်ဆတ်တုန်ရီနေခဲ့သည်ကို ထယ်ယောင်းကိုယ်တိုင်ပင်သတိမထားမိ။ သူသိနေတဲ့အရာဟာ တစ်ခုတည်း...ခန္ဓာကိုရင်းပြီးပဲဖြစ်ဖြစ် ချီမင်းဆက်အတွက်ပျက်စီးခြင်းကိုဆောင်ယူပေးရမယ်။

လစ်လပ်နေသည့်ပုခုံးသားတို့ထက်အခြေချလာသည့်မင်းသားဂျွန်ရဲ့မျက်နှာ။ခံစားနေရသည့်စိုစွတ်မှုနဲ့ အတူအနူ့ညံ့ဆုံးသောကြမ်းတမ်းမှုတစ်ခုကိုအသုံးပြုကာ သူ့ပုခုံးသားဆီကျူးကျော်လာသည်။

"ဟင့်...အရှင်...မလုပ်..."

အမြဲတစေဖုံးကွယ်ထားသည့်အသားနုနုတို့ပေါ်  တပ်မက်စွာထိတွေ့လေတော့ သူ့လက်ထဲမှယောကျ်ားပျိုဟာ လွန့်လွန့်လူးလျက်။ပုခုံးတန်းအောက်ပြေပြစ်စွာသွယ်တန်းလျက်ရှိသည့် ညှပ်ရိုးသားဆီ ခပ်ဖွဖွကိုက်ကာပေးမိသော နာကျင်ခြင်းတစ်ချို့။

"အာ့...အရှင်!"

ရေရွတ်တမ်းတရင်းမြင်ယောင်မိသည့်အရှင်ဂျီမင်းရဲ့ပုံရိပ်တွေ။သူ့အားအမြတ်တနိုးထားကာ ဆန္ဒမပါလျှင်ပွေ့ဖက်ခြင်းအမှုပင်မပြုသည့်အရှင်က အရှေ့မှမင်းသားဂျွန်နှင့် လားလားမျှမဆိုင်။ တစ်ပါးသောအရှင်နှင့် သွေးသားခြင်းနှီးနှောမည့်အချိန် အရှင့်ကိုတွေးမြင်ယောင်ခြင်းဟာ ယုတ်ညံ့လိုက်သည့်ဖြစ်ခြင်းပင်မလား။

ဝမ်းနည်းစိတ်ကြောင့် ပြည့်လျှံလာသည့်မျက်ဝန်းမှငွေ့ရည်တို့ဟာ ပါးပြင်သို့အလုအယက်ပြေးဆင်းကြသည်။

"ဘယ်ကအရှင်ကိုခေါ်နေတာလဲအပြာရောင်ငယ်"

နာဖျားအားငုံခဲကိုက်ရင်းမေးလာသည့်စကား။နှစ်ယောက်လုံး၏အသက်ရှုသံပြင်းပြင်းကြောင့် စိတ်များဟာလဲ မြစ်ရေလို ဦးတည်ရာမရှိ သာမောသည့်ဘက်သို့စီးဆင်းနေသည်။

လုံခြုံမှုမရှိကာ အသားချင်းပူးကပ်နေသည့်ခန္ဓာကိုယ်နှစ်ခုအား မင်းသားဂျွန်က အိပ်ယာထက်သို့အသာအယာပြိုလှဲကျစေသည်။

"သနားစရာမင်းဘဝကို ကိုယ်တော်ကကယ်တင်နိုင်တယ်..."

အုပ်မိုးကာပြောလာသည့်မင်းသားဂျွန်ရဲ့စကားကိုသူနားမလည်ပေမယ့် ဒီအနေအထားကိုရင်းနှီးသည်။ နီးနီးကပ်ကပ်ရနေသည့်ကြာညိုနံ့ဟာ အမြဲတမ်းအတွက် သူ့အရှင်တစ်ယောက်တည်းဆီမှသာမလား။ဒါပေမယ့် ဘာလို့မင်းသားဂျွန်ဆီကနေရနေတာလဲ...

"အခုဘာတွေတွေးနေသလဲ"

အဖြေစကားတို့မလာဘဲ ခပ်ဟဟပွင့်နေသည့်နှုတ်ခမ်းတို့ဆီအနမ်းတို့ပြန်ဆက်သည်။မတုံ့ပြန်ခဲ့သော်လည်းအပြာရောင်ငယ်၏ နှုတ်ခမ်းသားတို့ကို စွဲမက်နေ၏။အနမ်းတို့ကိုပြတ်လပ်စေတော့ မောပန်းနေသည့်ကြားမှပင်တိုးညှင်းစွာခေါ်လာသည့်အသံ...

"အရှင့်သား"

ရှည်သွယ်သောလက်ချောင်းများက သူ့မျက်နှာကိုဆွဲယူသည်။တတိယမ္ပိထိကပ်မိသောနှုတ်ခမ်းနှစ်စုံဟာ ဒီတစ်ကြိမ်မှာတော့အပြာရောင်ငယ်ဆီမှဦးဆောင်သည်။

ခါးသွယ်ကိုသိမ်းကျုံးယူကာသူ့ကိုယ်နှင့်နီးစပ်စေတော့ တိုတောင်းသည့်အနမ်းတို့ထပ်မံပြတ်လပ်သည်။လှစ်ဟလျက်ရှိသည့်အောက်ဘက်ဝတ်ရုံကြားမှထွက်ပေါ်လာသည့်ဖြူဖွေးသောပေါင်တံ။

"ကချေသည်ဆိုပေမယ့် ဘောင်းဘီရှည်တော့ဝတ်သင့်တယ်မလားအပြာရောင်ငယ်"

"မင်းသားဂျွန်!"

ဆွဲဖုံးရန်ပြင်သည့်လက်က အိပ်ယာထက် ဖိကပ်ချုပ်နှောင်ခြင်းခံလိုက်ရသည်။သူ့ခြေနှစ်ချောင်းကြားနေရာယူထားသည့်မင်းသားဂျွန်က အေးဆေးတည်ငြိမ်သည့်အသွင်ဖြင့်သာ။

"ကိုယ်တော်တို့ကြာနေပြီ..ခနနေလင်းကြက်တွေတွန်တော့မယ်...ဒီထက်မြန်သင့်တယ်မလား"

ကြည်လင်သည့်အသံသည်နားစည်သို့ညင်ညင်သာသာထိတွေ့လာသည်။ပေါင်တံသို့ပွတ်သပ်ကာ စိတ်ဆန္ဒကိုလှုံ့ဆော်သမှုပြုလာသောမင်းသားဂျွန်။

"ဟက်!..စစ်ဗျူဟာမှာတစ်ဖက်ကမ်းခတ်အောင်တော်တယ်လို့ကြားထားတာ...အရှင့်သားက ဒီလိုနေရာကျ... ညံ့ဖျင်းလွန်းနေတယ်"

ကိုယ်တိုင်ကိုယ်ကျ စိတ်ဆန္ဒတို့ထကြွလာပေမယ့် မြှူသည့်သဘောသက်သက်ဖြင့် မင်းသားဂျွန်အားမထီတရီပြောလိုက်သည်။

"ကိုယ်တော့်ကိုအမျက်ရှအောင်လုပ်တဲ့နေရာမှာ မင်းကသိပ်တော်နေသားပဲ"

မေးဖျားအားဆွဲကာမျက်နှာကိုပင့်သည်။တစ်ချက်သာပြုံးလျက် အနားမှထသွားချိန်  သက်ပြင်းချလိုက်မိသည့်ထယ်ယောင်း။အဝတ်ကင်းမဲ့သောကျောပြင်ကျယ်ဆီ ဖြန့်ကျက်ထားသည့် ဆံပင်တို့ထံမှ ကြာညိုနံ့ကတော့ သင်းပျံ့စွာကျန်ရှိသည်။

မျက်ဝန်းကိုအသာမှိတ်ချသည်။ စိတ်ထဲမှနေ၍ ကချိုးအသစ်များကိုတစ်ရေးရေးဖြင့်ပုံဖော်နေမိသည်။ ခြေဖျားတစ်ချက်ချစီတိုင်းမှာ ချူသံတို့သည် တစ်လောကလုံးဆီ လှိုင်းထပ်ပျံ့လွှင့်သည်။ လက်နှစ်ဖက်ဆီမှ ရွှေကြိုးများက အချင်းချင်းငြိတွယ်ကာရှုပ်ထွေးသည်။သို့သော်ထိုအရာသည်မက်မောဖွယ်လှပဆဲ။

အနီရောင်ဇာပါးအောက်၌ သွယ်လျသည့်ကိုယ်ကိုအထင်းသားမြင်ရသည်။အို...အနီရောင်ဇာပါးတဲ့လား...သူဟာ 'ဟန်'လို ပြည့်တန်ဆာတစ်ယောက်မှမဟုတ်တာပဲ...ကချေသည်တစ်ယောက်လေ...ကချေသည်တစ်ယောက်။

သူ့ရပ်ဝန်းသည် ရုတ်ချည်းဆိုသလို ကြာညိုနံ့ဖြင့်ထုံသင်းသွားသည်။အနီရောင်ဇာပါးသည် လှပသောပန်းပွင့်နီအသွင်ပြောင်းသွားသည်။နှစ်လိုဖွယ်ပြုံးကာကြည့်နေခိုက် ဓားသွားတစ်ခုရဲ့ရက်စက်မှုမှာ ပွင့်ချပ်များဟာ အပိုင်းပိုင်းပြတ်ကာ ပျက်စီးသွားခဲ့တော့သည်။

"အာ့...အရှင်"

မျက်နှာတစ်ခုလုံးမော့တက်သွားကာ ကော့တက်သွားရသည့် သူ့ခါး။သူ့အောက်ဘက်ရပ်ဝန်း၌ ပြည့်ကျပ်သိပ်လျက် အသည်းခိုက်အောင်နာကျင်သည့်ခံစားချက်။

"ဘယ်ကအရှင်"

မင်းသားဂျွန်ရဲ့လှုပ်ရှားမှုတစ်ချက်မှာ သူ့ကိုယ်တစ်ခုလုံးတွန့်လိမ်သွားသည်။

"ဟာ့..."

"မေးနေတာကိုဖြေစမ်းအပြာရောင်ငယ်"

"အင့်...ဒီက...အရှင်"

အောက်နှုတ်ခမ်းကိုတင်းတင်းကိုက်လိုက်သည်။ဒီညရဲ့အိပ်မက်ဆိုးတစ်ခုကိုကျော်လွန်နိုင်ရင် မနက်ဖြန်၌အရာအားလုံးအဆင်ပြေလိမ့်မယ်။ဒီညမြန်မြန်ကုန်ဆုံးသွားရင်ကောင်းမယ်ဆိုတဲ့အတွေးများသာကြီးစိုးလျက်...

"ကျွန်တော်မျိုးရဲ့စိတ်ဝိဥာဥ်ကိုဖျက်ဆီးပစ်လိုက်ပါတော့"

တိုးတိတ်စွာဖြင့်ရေရွတ်သံအား မင်းသားဂျွန်ကြားလိမ့်မည်။မကြားခဲ့တာလဲဖြစ်နိုင်သည်။

သို့မဟုတ်...အနမ်းတို့သည်သာ လွှဲမှားစွာထပ်တူကျခဲ့ပုံရသည်။

ထို့နောက်တွင်ကား လရောင်အောက်အိပ်စက်လျက်ရှိသောနန်းဆောင်၏ အိပ်ဆောင်အတွင်းမှ ငြီးရှိုက်သံတို့သည် ညည့်အလယ်၌ တိုးတိတ်စွာယိုဖိတ်ထွက်ကျလာလျက်။

_____________________________

မှင်တံအားကိုင်ထားသည့်လက်ချောင်းသွယ်သွယ်များသည် စာရွက်ဖြူဖြူထက် အလှစာလုံးတစ်ခုကိုစုတ်ချက်ညီညီရေးဆွဲသည်။

'ဂျောင်....ဂု"

ထိုစာလုံးအားကြည့်ကာ နူးနူးညံ့ညံ့ပြုံးလိုက်သည့်အမျိုးသားငယ်လေးတစ်ယောက်။

"ကိုယ်တော့်နာမည်ကိုအကြောက်အလန့်မရှိရေးပြန်ပြီလား မင်းသားလေး.."

အနောက်ပါးမှအသံကြောင့်သူ့အပြုံးများဟာပိုပြီးအသက်ဝင်သွားခဲ့သည်။အရှင်ငယ်ကိုဂါရဝပြုဖို့မတ်တပ်ရပ်လိုက်ပေမယ့် သူ့ကိုယ်အား အရှင်ငယ်ကသူ့ရင်ခွင်ထဲသို့ဆွဲထည့်သည်။ပုခုံးထက်သို့မေးတင်လာကာ ဖြာကျနေတဲ့လရောင်အောက် သူ့အား ငြိမ်သက်စွာရှိစေပြန်သည်။

"အဲ့တာကအရှင်ငယ်ရဲ့နာမည်လို့ဘယ်သူပြောသလဲ...ကျွန်တော်မျိုးချစ်ရသူတစ်ယောက်ရဲ့နာမည်ပါ.."

ခပ်တိုးတိုးသူ့စကားသံမှာ အရှင်ဟာချောင်းတစ်ချက်ဟန့်လျက်...

"အဟမ်း...မင်းက ကိုယ်တော့်ကိုနဲနဲလေးမှမကြောက်ဘူးပဲ...ပမာမခန့်သိပ်လုပ်တာ...အပြစ်ဒဏ်ပေးရတော့မယ်..."

ရာဇဒဏ်ကိုဟန်လုပ်ကာဆိုသောအရှင်ငယ်အား ကြည့်၍ တခစ်ခစ်ရယ်လျက်ရှိသည့်အပြာရောင်ငယ်။

အရှင့်ရဲ့ပွေ့ချီမှုနဲ့အတူ ကြမ်းပြင်ဆီမှလွတ်သွားသည့်ခြေထောက်နှစ်ဖက်။ အရှင့်လည်တိုင်မှာအားကိုးတကြီးတွဲခိုရင်း ပါးထက် ကျရောက်လာသည့်အနမ်းနုနုတွေကိုကြည်ဖြူစွာလက်ခံမိသည့်အခိုက်အတန့်တွေ...။

တေးသီငှက်တွေရဲ့အသံကိုနားစွင့်ရင်း ကြာညိုနံ့သင်းသင်းကြားနှစ်ကိုယ်တူချစ်ကြည်နူးခဲ့ကြသည့်အချိန်များဟာ အတိတ်တစ်နေရာမှာသိမ်းဆည်းထားဆဲ....။

_________________________

ငှက်သံတို့ကျီကျီကျာကျာဖြင့် လှုပ်ရှားအသက်ဝင်နေသည့်မနက်ခင်းမှာတော့ အိမ်ရှေ့နန်းဆောင်ကအရင်နေ့နဲ့မတူစွာ တစ်မူထူးပြီးတိတ်ဆိတ်လို့။

နန်းဆောင်၌အမြဲခစားနေကြသည့် နန်းတွင်းသူ၊နန်းတွင်းသားများပင်မဆိုထားနဲ့ ‌‌နန်းဆောင်ဝင်းထဲအမြဲမြင်တွေ့နေရသည့် ယုန်ဖြူတို့၏အစအနပင် ယနေ့မမြင်ရ။

ထိုနန်း၏ အိပ်ဆောင်အတွင်းမှာတော့ အဝတ်မဲ့ကိုယ်နှင့်အတူ စောင်ပုံအောက်လုံးထွေးအိပ်စက်နေသည့်ယောက်ျားသားနှစ်ယောက်။ တစ်ယောက်ကမူ ထိုနန်းဆောင်ရှင်အိမ်ရှေ့မင်းသားဂျွန်ဖြစ်ပြီး တစ်ယောက်သည်အား စုန့်ပြည်၏အလှတရားမည်သည့် သူ၏ အသစ်စက်စက်ကိုယ်လုပ်တော်။

သေချာစူးစိုက်၍ကြည့်မိပါက အိပ်မောကျနေသည့်အမျိုးသားမှာ တစ်ယောက်သာဖြစ်ပြီး တစ်ယောက်သည်တော့...

"အပြာရောင်...ငယ်"

တိုးတိတ်သည့်လေသံဖြင့်ခေါ်ယူခြင်းသည် အိပ်စက်နေသူနိုးမသွားစေဖို့ရည်ရွယ်သည်။နဖူးပေါ်ကျဆင်းနေသည့်ဆံသားတို့ကိုအသာပင့်တင်ပေးလိုက်တော့ ပေါ်လာသည့်မျက်နှာသွယ်။

"လှတယ်"

မနက်ညီလာခံခေါ်သည့် စည်သံကိုကြားနေရပေမယ့် သူ့လက်မောင်းပေါ် ခေါင်းအုံးကာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် အပြာရောင်ငယ်ကြောင့် အိပ်ယာမှမထနိုင်သေးသူရယ်ပါ...။

ချီသို့ငြိမ်းချမ်းရေးအတွက်လာရောက်ကြသည့် ဘုရင်နှင့်မင်းသားတို့ ဒီမနက်၌ နိုင်ငံအသီးသီးဆီသို့ပြန်ကြမည်။နှုတ်ဆက်ခြင်းအမှုအတွက် ညီလာခံ၌ရှိသင့်သည်မှန်သော်ငြား ရင်ခွင်ထဲမှအပြာရောင်ငယ်နိုးလာချိန် အနား၌သူရှိနေပေးရမည်။ထို့ထက်ပို၍ ဘယ်အရာကအရေးကြီးမည်နည်း။

အတွေးတို့ကိုခေတ္တမျှနှင့် လက်စသတ်လိုက်ကာ အပြာရောင်ငယ်ဆီသို့သာအာရုံစိုက်လိုက်သည်။ မျက်လုံးမှိတ်ကာအိပ်စက်နေတော့ ကော့ညွှတ်ညွှတ်မျက်တောင်များဟာ ပါးပြင်ပေါ်ထိအရိပ်ထင်လျက်။

သူ့ရင်ဘတ်ပေါ်တင်ထားသည့်လက်ဖဝါးအားအသာဆွဲယူ၍သူ့နှုတ်ခမ်းနှင့်ထိကပ်နမ်းပြီး ပြန်ချလိုက်သည်။

နုဖွေးသည့်ပုခုံးရိုးမှအစပြုကာ ရှည်သွယ်သွယ်လက်ချောင်းများ၏လက်ဖျားထိပ်တို့သည် ပန်းရောင်ပြေးနေသည်။ထိုအရာသည် သူ၏ကြင်နာမှုမှဖြစ်တည်ကြောင်း သတိမူမိတော့ ကျေနပ်စွာပြုံးရပြန်သည်။

ပိတ်ကျနေသည့်မျက်ခွံလေးပေါ်လက်ညှိုးဖြင့်အသာထိတွေ့လိုက်သည်။နိုးမသွားဘူးဟူသောအသိက သူ့အားပို၍စွန့်စားစေသည်မို့ ထိုမှဆင်းလာကာ နှာဖျားထက်မှ အနက်ရောင်အစက်တစ်ခုဆီသို့...။

"အဟွန်း"

တိုးတိတ်စွာတစ်ယောက်တည်းရယ်ရင်း မြင်နေရသည့်မျက်နှာနုနုကိုတစိမ့်စိမ့်ကြည့်နေမိတော့တာမလား...။

"အများကြီးပင်ပန်းသွားပြီပဲ"

ထိုစကားကိုဆိုချိန်၌မင်းသားဂျွန်၏မျက်ဝန်းများသည် ပုံမှန်ထက်လေးနက်လျက်။ဘယ်အချိန်ထပ်ပြီးကြည်ဖြူမယ်မသိသောအနမ်းတို့အတွက် နင့်နင့်နဲနဲ အနမ်းတို့ကို ပါးပြင်ပေါ်ယုယုယယပေးမိတော့...

"အင့်"

ညည်းသံနှင့်အတူလွန့်လူးသွားသည့်အပြာရောင်ငယ်။ စောင်အောက်မှခန္ဓာကိုယ်သည်လှုပ်ရှားလာကာ အဆုံး၍ပင့်တင်လာသည့်မျက်ခွံလွှာ။ထို့နောက်ပေါ်ထွက်လာပါသည့် ကျောက်မျက်ရတနာတစ်ပါးကဲ့သို့ ကြည်တောက်ကာလှပသော မျက်ဝန်းနှစ်ခု။

"ကိုယ်တော်မင်းကိုနိုးသွားစေတာပဲ"

ဘာစကားမှမဆိုဘဲ သူ့အားကြောင်စီစီလေးစိုက်ကြည့်နေသည့်အပြာရောင်ငယ်။ ခနမျှကြာလေမှ...

"အရှင့်သားဘာလုပ်...."

"နမ်းလိုက်တာ"

ညီတန်းသည့်မျက်ခုံးတို့သည်တစ်စထက်တစ်စ တွန့်ချိုးလာသည်။တစ်စုံတစ်ခုကိုအလိုမကျတော့ဟန်ဖြင့် အောက်နှုတ်ခမ်းအားတစ်ချက်ကိုက်လျက် ချက်ချင်းပင်ဘေးဘက်သို့လှည့်အိပ်သည်။

အိပ်ရာလှည့်လိုက်သည်ဆိုသော်ငြား ယခုထိသူ့လက်မောင်းပေါ်ခေါင်းအုံးထားဆဲ။တစ်ကယ်ဆိုလက်က ကျင်တက်ပြီးအံသေချင်နေပြီ။ဒါပေမယ့် သူက အပြာရောင်ငယ်ကိုဘယ်လိုပြောရက်နိုင်မှာလဲ။

"ကိုယ်တော့်ကို မင်းစိတ်ဆိုးသွားတာလား"

"စိတ်ဆိုးတယ်တဲ့လား...စိတ်တိုတာပါ"

သူ့အားပမာမခန့်ဖြင့်စိတ်တိုသည်ဟုပင်ပြောလာသည်။

"ဘယ်လို"

"ကျွန်တော်မျိုးကအိပ်ရေးမဝရင်စိတ်တိုတတ်တယ်လေ"

သူ့အားကျောပေး၍စကားပြောနေသည်။သို့ပေမယ့်မျက်လုံးတို့မှိတ်ထားဆဲ။

"နမ်းရုံနဲ့နိုးသွားတယ်လေ.. မင်းက.."

"အနမ်းဆိုတာဖွဖွပဲပေးရတယ်...အရှင့်သားက အ,လိုက်တာ"

မင်းသားဂျွန်၏မနက်ခင်းလေးသည်ကျက်သရေမဂ်လာအပေါင်းနှင့်ပြည့်စုံသွားခဲ့သည်။ညကမှချစ်တင်းနှောခဲ့သည့် ပူပူနွေးနွေးခင်ပွန်းသားဆီမှ ထိုသို့သောချီးကျူးမှုတစ်ခုရလိုက်ခြင်းဟာ အံ့ဖွယ်သောအရာ။

"ဘယ်လိုမျိုးလဲ....အာ့"

သူ့ဘက်ရုတ်တရက်ပြန်လှည့်လာသည့်ထယ်ယောင်းခေါင်းက လက်မောင်းကိုကြိတ်သလိုဖြစ်သွား၍ နာကျင်သွားကာ လွှတ်ကနဲညည်းလိုက်မိခြင်း။

"အရှင်"

ခေါင်းလေးကိုချက်ချင်းမလျက် စိုးရိမ်တကြီးခေါ်လာတဲ့အသံ။မျက်လုံးတွေကလဲသူ့ကိုစိုးရိမ်စွာနဲ့ကြည့်လာခဲ့တော့တာ။

"နာသွားတာပဲ"

ချက်ချင်းဆိုသလို ဘေးမှဖယ်ခွာကာထလိုက်သည်။အဝတ်ကင်းမဲ့နေပေမယ့်လို့ နက်မှောင်သည့်ဆံနွယ်ရှည်များကသူ့ကိုယ်ပေါ်ခြုံလွှမ်းလျက် အပြာငယ်ဟာ သူ့အိပ်ယာထက် အလှကြီးလှနေသည်။

"လန့်သွားတာလား"

သူ့အမေးကိုမဖြေပဲ မျက်တောင်လေးတဖျတ်ဖျတ်ခတ်နေသည်။သူလေးသေချာပေါက်လန့်သွားတာပဲ။

"ကိုယ်တော်ကသန်မာတဲ့သူပါ..."

"စိုးရွံ့မိပါတယ်အရှင်"

မျက်လွှာလေးချသွားခဲ့သည်။လှဲနေသည်မှထလိုက်ပြီး အရှေ့မှသူ၏ခင်ပွန်းငယ်အားကြည့်ကာပြုံးလိုက်မိ၏။

"ကိုယ်တော်အရင်ကတွေးခဲ့ဖူးတယ်အပြာရောင်ငယ်...ကိုယ်တော်သာမဖြစ်မနေ တစ်စုံတစ်ယောက်ကို ကြင်ယာတော်အဖြစ်ဆောင်ယူရမယ်ဆို နန်းတွင်းရဲ့ စည်းမျဥ်းတွေ၊ ဓလေ့ထုံးတမ်းတွေကိုနားမလည်တဲ့သူကိုသာဆောင်ယူမယ်လို့လေ...အဲ့လိုသာဆို ကိုယ်တော်နဲ့သူနဲ့ကြား ဘယ်လိုအရာကမှ ကာဆီးနိုင်တော့မှာမဟုတ်ဘူး..."

"ကျွန်တော်မျိုးကတော့ နန်းတော်ထဲမှာကြီးပြင်းလာတဲ့ မင်းမြတ်ရဲ့အသုံးတော်ခံကချေသည်တစ်ယောက်ပါ...စည်းမျဥ်းစည်းကမ်းတွေ ဓလေ့ထုံးတမ်းတွေနဲ့ရင်းနှီးကျွမ်းဝင်ပါတယ်...ဒါပေမယ့်အရှင်...လိုချင်တာမရခဲ့ရင်တော့ ကျွန်တော်မျိုးက တစ်ခြားသောသူတွေလို အပူရုပ်ကိုဟန်လုပ်ပြီးမနေနိုင်ပါဘူး"

သူ၏စကားကိုနားလည်သည့်အပြာရောင်ငယ်ဟာ လိမ္မာပါးနပ်စွာပြန်လည်ဖြေကြားသည်။ ထို့နောက်တစ်ဆက်တည်းပင် 'ရယူခြင်းကိုသာမက်မောပါတယ်'ဆိုသည့် ညကစကားအတွက် စကားဦးဖွင့်လာသည်။

သူ့ကိုအဆိပ်ခတ်ဖို့ရောက်လာသည့် အပြာရောင်ငယ်လိုချင်မက်မောသည့်အရာဟာ သူ၏အသက်သာလျှင်ဖြစ်မည်။ပျက်စီးခြင်းအကြောင်းတရားကိုဆောင်ယူဖို့ရောက်လာသည်ဖြစ်ပါစေဦးတော့ ယခု သူ၏ကိုယ်လုပ်တော်ပင်ဖြစ်နေပြီမလား။သူပေးတဲ့ဘဝဖြင့် ထားသည့်နေရာနေ၊ စေသည့်နေရာသို့သွားရမည်သာ။

"ဘာတွေများလိုချင်သလဲအပြာရောင်ငယ်"

မေးဖျားအားအသာဆွဲယူလျက် မျက်နှာကိုသူ့အရှေ့နားသို့ရောက်စေလိုက်သည်။ကြည်တောက်တောက်မျက်ဝန်းနှစ်ဖက်ဟာ တစ်စထက်တစ်စ အရောင်များညိုမှိုင်းလာခဲ့၏။ထို့နောက်တွင်တော့ နှစ်လိုဖွယ်သောအပြုံးတို့ပေါ်ထွက်လာလျက်...

"အရှင့်ရဲ့..."

ပွင့်အံထွက်ကျလာသည့်စကားတို့မဆုံးလိုက်ခင်မှာပင်....

"အကိုတော်ဂျွန်...ခန်းဆောင်ထဲမှာရှိနေသလား..."

ထွက်ပေါ်လာသည့်ခေါ်သံကျယ်ကျယ်နှင့်အတူ တံခါးဖွင့်သံ။

"ညီလာခံမှာအကိုတော်ကိုစောင့်နေကြ..."

"မင်းအဲ့မှာရပ်လိုက်တော့"

အခန်းထဲသို့ဝင်လာသည့်ခြေသံသည် သူ့စကားကြောင့်ချက်ချင်းရပ်သွားသည်။အရှေ့မှအပြာရောင်ငယ်က  အိပ်ယာထက်မှသူ့ဝတ်ရုံအားအမြန်ဆွဲယူကာ ခြုံလိုက်သည်။

"ငါညီလာခံမတက်ဘူးလို့ပြောပြလိုက်..."

"အမ်း...အကိုတော်နေမကောင်းလို့လား...တစ်ခုခုဖြစ်နေလို့လား"

"ကျစ်!...တော်တော်စကားများတယ်ဆောင်းဟွန်း..."

အပြာရောင်ငယ်၏မျက်နှာဆီသို့ သူ့ခေါင်းကိုငုံ့ချလိုက်သည်။ဆောင်းဟွန်းရှိနေ၍ဖြစ်မည်။အပြာရောင်ငယ်က သူ့အနမ်းကို‌မျက်နှာလွှဲလျက်ရှောင်သည်။

"အဟွန်း..."

သဘောကျစွာရယ်သွေးသွမ်းတော့အသံထွက်ရကောင်းလားဆိုသည့်အကြည့်စူးစူးတစ်ချက်။

"ဆောင်းဟွန်း...မင်းရဲ့မရီးတော်က မင်းရှိလို့ရှက်နေတယ်ထင်တယ်"

သူပြောလိုက်လျှင်ပင် ချက်ချင်းမျက်လွှာချသွားပြီး မျက်နှာတစ်ခုလုံးပန်းနုရိပ်တို့ပြေးသွားသည်။

"အကိုတော်...မဟုတ်မှ..."

"အိမ်ရှေ့မင်းသားက သူ့ရဲ့အသစ်စက်စက်ခင်ပွန်းနဲ့အတူရှိနေတယ်လို့အားလုံးကိုပြောလိုက်...ပြီးတော့မင်ဘုရင်ကိုစကားပါးလိုက်တယ်...အိမ်ရှေ့မင်းသားက စုန့်ပြည်ရဲ့တော်ဝင်ကချေသည်ကို ကိုယ်လုပ်တော်အဖြစ်သိမ်းပိုက်လိုက်ပြီ..."

ဝတ်ရုံစအားဆုပ်ကိုင်ထားသည့်ထယ်ယောင်းလက်များသည် တင်းကနဲ....မင်းသားဂျွန်၏အကြည့်စူးစူးသည် နှလုံးအိမ်သို့ထွင်းဖောက်လျက်...။

To Be Continued....
Create By Jin's Jin Isle From BTS World
Novel By AttarSawLwinYar_04

A/N : ဘယ်နေရာဘယ်လိုပြောင်းသွားလဲသိကြလား👀

[Zawgyi]ႏွာဖ်ားထက္သို႔လာေရာက္က်ီစယ္ေနသည့္ ၾကာညိဳနံ႔ေၾကာင့္ အိပ္မက္ထဲသို႔ဟိုတစ္စ ဒီတစ္စျဖင့္ပ်ံ႕လြင့္ေနသည့္ သူ႔အသိစိတ္မ်ားစုစည္းလာရသည္။ သူလဲေလ်ာင္းေနသည့္အခင္းဟာ ႏူးညံ့သည္။

ေလးကန္ေနသည့္မ်က္ခြံမ်ားကိုအားယူဖြင့္လိုက္ေတာ့မီးေရာင္ပ်ပ်နဲ႔ေဝဝါးေနတဲ့အခန္းမ်က္ႏွာက်က္က ဦးစြာဆီးႀကိဳေနသည္။

မည္သူ႔ကိုမွေတာင့္တျခင္းတစ္စုံတစ္ရာမရွိဘဲ မ်က္ႏွာက်က္သို႔သာၾကည့္ရင္း မ်က္ေတာင္တဖ်တ္ဖ်တ္ခတ္ေနမိသည့္ထယ္ေယာင္း။ႏိုးထလာရျခင္းဟာထူးဆန္းေနသည္။သူအဆိပ္မိခဲ့တယ္မလား။ ေသခ်ာေပါက္အသက္မရွင္ႏိုင္ေတာ့ဘူးလို႔ေတြးခဲ့မိတာ။

ေပါ့ပါးေနသည့္ကိုယ္ေၾကာင့္ သူ႔ကိုယ္၌ အတြင္းဝတ္႐ုံအပါးသာရွိေတာ့မွန္း သတိထားမိလိုက္သည္။ၿပီးေတာ့ သူ႔ရဲ႕....

"အိပ္ရတာသက္ေသာင့္သက္သာမရွိမွာစိုးလို႔ကိုယ္ေတာ္ျဖဳတ္ထားလိုက္တယ္"

ေခါင္းေပၚလက္ျဖင့္စမ္း႐ုံမွ်ရွိေသး ထြက္ေပၚလာသည့္စကားသံက သူ႔ေခါင္းရင္းနား၌ထိုင္ေနသည့္မင္းသားဂြၽန္ထံမွ။အံ့ဩတႀကီး ေမာ့ၾကည့္လိုက္ေပမယ့္ ရာဇအိေျႏၵျဖင့္ရႈတည္တည္ထိုင္ေန႐ုံမွတပါး သူ႔အားအေမးစကားျပဳျခင္းရွိမလာ။

သူ႔ေဘးမွ မင္းသားဂြၽန္ဟာ ေ႐ႊေရာင္အနားကြပ္သည့္ အျဖဴေရာင္ညအိပ္ဝတ္႐ုံရွည္ကို လွဲလွယ္ဝတ္ဆင္ထားၿပီးအၿမဲတေစ စုပင့္ကာထုံးထားသည့္ဆံပင္မ်ားအား တစ္ဝက္သာစည္း၍ ေက်ာအေနာက္သို႔ခ်ထားသည္။ အဆင္တန္ဆာတို႔ဝတ္ဆင္ထားခ်ိန္ထက္ငယ္႐ြယ္ႏုပ်ိဳေသာမင္းသားဂြၽန္ကို ႏႈတ္ဆက္ရန္ပင္သတိမရဘဲသူေငးၾကည့္ေနမိသည္။ သူမျမင္ေတြ႕ဖူးသည့္မင္းသားဂြၽန္ရဲ႕အိပ္ေဆာင္အတြင္းမွပုံစံဟာ ထိုကဲ့သို႔။

"အဟြန္း...ႏိုးလာလာခ်င္း ပထမဆုံးရွာတဲ့အရာက အဲ့ဒီကႏုတ္ခက္ေတြတဲ့လား"

ရယ္သြမ္းေသြးလ်က္စကားစလာသည္။သူ႔ရဲ႕ဆံဖိမ်ားအားကႏုတ္ခက္ဟုသာ မင္းသားဂြၽန္ကသုံးႏႈန္းသည္။ဒါဟာ ဒုတိယအႀကိမ္ေျမာက္။

ဒါကအေရးမႀကီး။ အေရးစိုက္ရမည့္အရာဟာ သီးသန႔္ရွိသည္မို႔...

"ကြၽန္ေတာ္ဘာျဖစ္သြားတာလဲ..."

မင္းသားဂြၽန္ကသူ႔ကိုၾကည့္ေနေပမယ့္ သူ႔ေမးခြန္းကိုေတာ့မေျဖပါ။သို႔မဟုတ္ ေျဖဖို႔စကားလုံးမ်ားအားေ႐ြးခ်ယ္ေနဟန္တူသည္။

"ကြၽန္ေတာ္အဆိပ္မိခဲ့တယ္မလား ေသြးေတြလဲအန္ခဲ့တယ္။ ဒါေပမယ့္ဘာလို႔နာရီပိုင္းအတြင္း သာမာန္လူတစ္ေယာက္လိုျဖစ္သြားရတာလဲ"

အနည္းငယ္ေမာပန္းၿပီးအားေလ်ာ့ေနသည့္ခံစားခ်က္မွလြဲ၍ သူ႔တစ္ကိုယ္လုံးမည္သည့္နာက်င္မႈမွမရွိ။ မင္းသားဂြၽန္ကိုအေမးဆန္ဆန္ၾကည့္မိေတာ့...

"ဒီအေတာအတြင္း အဆိပ္ေတြေသာက္ၿပီးရွင္သန္ခဲ့တာပဲ...အခုမင္းရဲ႕ေသြးေၾကာထဲမွာအဆိပ္ေတြနဲနဲက်န္ေနေသးတယ္..."

အေမးႏွင့္အေျဖဆက္စပ္မႈမရွိေလေသာ မင္းသားဂြၽန္ရဲ႕စကားကိုသူနားမလည္ပါ။သူကအဆိပ္ေတြေသာက္ၿပီးရွင္သန္ခဲ့တယ္တဲ့လား။မျဖစ္ႏိုင္တာေတြ။

မယုံၾကည္သလိုျပဳမူလိုက္သည့္သူ႔မ်က္ႏွာအေနအထားေၾကာင့္...

"ျဖဴေဖ်ာ့ေနတဲ့မ်က္ႏွာ...ဒါေပမယ့္ပန္းေရာင္သန္းေနတဲ့ႏႈတ္ခမ္း...ခရမ္းေရာင္ဘက္ေျပးေနတဲ့လက္သည္းခြံေတြ...အဆိပ္ကမင္းကိုယ္ထဲ တစ္ေျဖးေျဖးေနရာယူေနတာ...မင္းေသာက္သုံးလိုက္တာေတာ့မျဖစ္ႏိုင္ေပမယ့္ တစ္စုံတစ္ေယာက္က တမင္ရည္႐ြယ္ၿပီး မသိမသာနဲ႔အဆိပ္ခတ္ေနခဲ့တာပဲ...ေတာ္ေသးတာေပါ့ အခ်ိန္မွီေနေသးလို႔"

သူ႔ပုံပန္းသ႑ာန္အားလုံးကိုေသခ်ာၾကည့္ထားသူပမာ ေစ့စပ္စြာေျပာဆိုရင္း ေနာက္ဆုံးေတာ့ သူလိုခ်င္သည့္အေျဖကိုေပးလာသည္။

မင္းသားဂြၽန္ေျပာမွသူ႔လက္သည္းႏွင့္သူသတိထားကာျပန္ၾကည့္လိုက္သည္။သူ႔လက္သည္းမ်ားဟာ အရင္ကလိုပန္းေရာင္ေျပးကာခရမ္းေရာင္မသန္းေတာ့။

အဆိပ္တဲ့လား။

"ၾကာနီအဆိပ္"

"ၾကာနီ အဆိပ္..."

မင္းသားဂြၽန္ရဲ႕စကားကို ေလသံတိုးတိုးျဖင့္လိုက္ေရ႐ြတ္မိသည္။ လွဲအိပ္ေနသည့္အေနအထားက စကားေျပာဖို႔သိပ္မသင့္ေတာ္သည္မို႔ အိပ္ေနရာမွအသာထလိုက္သည္။သူအိပ္ေနတာက မင္းသားဂြၽန္ရဲ႕ခုတင္ျဖစ္ႏိုင္သလို သူေရာက္ေနတာကလဲ မင္းသားဂြၽန္ရဲ႕အိပ္ခန္းေဆာင္ျဖစ္ေလာက္မည္။

"အရွင့္သားရဲ႕ေက်းဇူးကိုမေမ့ပါဘူး...ကြၽန္ေတာ္ကိုယ္ကြၽန္ေတာ္ တမလြန္သြားရၿပီထင္ေနခဲ့တာ"

ေက်းဇူးတင္စကားဆိုေလေတာ့ အၿပဳံးစစျဖင့္....

"အဆိပ္ကို အဆိပ္နဲ႔ေျဖလိုက္တာကအေကာင္းဆုံးနည္းလမ္းပဲေလ"တဲ့။

ထိုသို႔ဆိုၿပီးေနာက္ သူ႔ရဲ႕လက္တစ္ဖက္ကိုဆြဲယူလာသည့္မင္းသားဂြၽန္ရဲ႕လက္။ လက္ဖဝါးထဲသို႔ထည့္ေပးလာေသာ ပုလဲလုံးအားေတြ႕လိုက္ရခ်ိန္ ထယ္ေယာင္းမ်က္စိပ်က္မ်က္ႏွာပ်က္ျဖစ္သြားခဲ့တာအထင္းသား။

"မင္းရဲ႕ဝတ္႐ုံထဲကေတြ႕တာပါ..."

ထယ္ေယာင္းထိုပုလဲလုံးအားဆုပ္ကိုင္လိုက္ရင္း...

"စိုး႐ြံ႕မိပါတယ္အရွင့္သား"

"ဘာအတြက္လဲ"

မင္းသားဂြၽန္ရဲ႕မ်က္ဝန္းမ်ားကိုစူးစိုက္ကာၾကည့္မိသည္။ပုလဲလုံးကိုဘာအတြက္ေၾကာင့္အသုံးျပဳတယ္ဆိုတာသိရဲ႕သားနဲ႔ေမးေနၿပီး သူ႔ႏႈတ္မွဝန္ခံခ်က္ကိုသာ တမင္ေစာင့္ေနသည္။

"အရွင့္သားကိုအဆိပ္ခတ္ဖို႔အတြက္ပါ"

တုံ႔ဆိုင္းျခင္းမရွိဘဲ ေျဖ‌ေလေတာ့ သေဘာက်စြာၿပဳံးသည္။သူ႔အားအဆိပ္ခတ္ကာ လုပ္ႀကံသတ္ျဖတ္ဖို႔ေရာက္လာသည့္သူကိုေတာ့ မင္းသားဂြၽန္က အသက္ရွင္လ်က္ျပန္လႊတ္ေပးမည္မဟုတ္။

"ကိုယ္ေတာ္တို႔ၾကားထဲမွာရန္ၿငိဳးရွိတယ္ထင္ပ"

ထိုမွ်သာဆိုၿပီး အနားမွထသြားသည္။သူလဲကုတင္မွဆင္းခ်င္ေနေပမယ့္ အဆိပ္မိထားသည့္ သူ႔ခႏၶာကိုယ္ဟာအားအင္မ်ားမျပည့္ဝပါ။

ၾကာနီအဆိပ္ဟုမင္းသားဂြၽန္ေျပာေသာအဆိပ္အေၾကာင္းေတြးလိုက္သည္။ အဆိပ္မ်ိဳးစုံနဲ႔ရင္းႏွီးကြၽမ္းဝင္သည့္သူ႔အဖို႔ ထိုအဆိပ္ဟာ သူတစ္ခါမွ်ၾကားဖူးနားဝမရွိေသာအဆိပ္အမည္ပင္။

သူ႔ျဖစ္တည္မႈေၾကာင့္ ဘယ္သူနဲ႔မွရန္ၿငိဳးမရွိခဲ့ဖူးသလို သူေသလို႔လဲဘယ္သူကမွ်အက်ိဳးအျမတ္ရမည္မဟုတ္။ဒါေတာင္ သူ႔ကိုအဆိပ္ခတ္သည္တဲ့လား။

မင္းသားဂြၽန္ေျပာပုံအရဆို သူအဆိပ္မိေနတာႏွစ္နဲ႔ၾကာေနေလာက္ၿပီ။မင္နန္းေတာ္မွာသူ႔ကိုယ္သူလုံၿခဳံတယ္လို႔ထင္ခဲ့မိတာမွားသည္။ ဘယ္သူကမ်ား သူ႔အားရည္႐ြယ္ခ်က္ရွိရွိထိုအဆိပ္မ်ားကိုတိုက္ေကြၽးခဲ့ပါသနည္း။

ဒီအေၾကာင္းမ်ားအား အရွင့္ကိုေျပာျပခ်င္သည္။အရွင္သာသိသြားခဲ့ရင္ အဆိပ္ခတ္သူကိုေသခ်ာေဖာက္ေဖာ္ထုတ္ေပးလိမ့္မည္။ ခိုကိုးရာမဲ့သည့္သူ႔ဘဝမွာ အနား၌ အၿမဲအနီးကပ္ရွိေနေပးသူဟာ အရွင္ႏွင့္ႏိုအြန္းသာမလား။

အေဆာင္ဆီျပန္ဖို႔အေတြးဝင္လာခိုက္၌ပင္ အနားသို႔ျပန္ေရာက္လာသည့္မင္းသားဂြၽန္။ လက္ထဲ၌ အျပာေရာင္ပိုးစပါလာသည္။ ထိုပိုးစအစြန္း၌ထိုးထားသည့္ လိပ္ျပာသ႑ာန္ပန္းႏွစ္ပြင့္။

"ဟိုဘက္ကိုလွည့္"

မင္းသားဂြၽန္၏အမိန႔္တစ္ခုမွာသူဟာအလိုအေလ်ာက္နာခံၿပီး တစ္ဖက္သို႔လွည့္လိုက္ရသည္။

သူ႔ဆံပင္မ်ားၾကားေရာက္လာသည့္လက္ေခ်ာင္းေတြကိုခံစားရသည္။အေပၚတစ္ဝက္အားသိမ္းယူကာ တစ္ခုခုျဖင့္စည္းေႏွာင္ေပးလာသည္။မင္းသားဂြၽန္လက္ထဲမွာရွိေနခဲ့တဲ့ပိုးစက အခုသူ႔ဆံပင္ကိုစည္းေႏွာင္လိုက္တဲ့အရာလား...။

႐ုတ္တရက္ဝင္ေရာက္လာသည့္အေတြးတစ္ခုေၾကာင့္ သူ႔ရင္ထဲထိတ္ကနဲျဖစ္သြားသည္။
သူ႔လက္မ်ားက မိရာဝတ္႐ုံစအားက်စ္က်စ္ဆုတ္ကိုင္လိုက္မိၿပီး မ်က္ဝန္းႏွစ္ဖက္ဟာလဲ ပုံမွန္ထက္ဝိုင္းစက္သြားခဲ့ေတာ့သည္။

"မင္းဆံပင္ေတြက ရွည္လြန္းေနတယ္...ခ်မထားဘဲဒီလိုစည္းထားသင့္တယ္"

မင္းသားဂြၽန္ဘက္ျပန္လွည့္မိခ်ိန္ သူ႔ရင္အစုံဟာ တဒိန္းဒိန္းျမည္လ်က္။သူ႔လက္ထဲရွိမေနေတာ့သည့္ ထိုပိုးစကထယ္ေယာင္းဆံပင္ကိုစည္းေႏွာင္ထားေၾကာင္း ေသခ်ာသြားခဲ့ၿပီ။

"အရွင့္သား...အခုကြၽန္ေတာ္မ်ိဳးဆံပင္ေတြကို...စည္းေႏွာင္လိုက္တာလား...အဲ့ဒီအဓိပၸာယ္က..."

သူ႔ႏႈတ္ခမ္းေပၚသို႔လက္ညႇိဳးလာတင္သည္။သူ႔စကားကိုထိုကဲ့သို႔မဟန႔္တားရင္ေတာင္ သူ႔မွာေျပာဖို႔အင္အားဘယ္ဆီမွာရမည္နည္း။

မ်က္လႊာခ်သြားလ်က္ခပ္တိုးတိုးေရ႐ြတ္သည္။

"ကိုယ္ေတာ္သိပါတယ္အျပာေရာင္ငယ္..."

ထိုစကား၌ မင္းသားဂြၽန္၏သိမ္ေမြ႕ျခင္းတို႔သည္ ျမႇဴခိုးငယ္ကဲ့သို႔ရစ္ဝဲလ်က္။သို႔ေသာ္ အေရွ႕မွေယာက္်ားပ်ိဳတစ္ေယာက္မွာေတာ့ အသက္ပင္ျပင္းျပင္းမရႈရဲ။

မင္းသားဂြၽန္ကသူ႔အားစေနာက္ေနပုံမရဘဲ တည္ၿငိမ္စြာသာျပဳမူေနသည္မို႔ သူ႔စိတ္ထဲအံ့ဩေနရသည္။ ဘိုးေတာ္နဲ႔ခမည္းေတာ္ကိုသတ္သြားခဲ့သူရဲ႕မ်ိဳးဆက္ဆီမွာ အဘယ္သို႔ေသာမ်က္ႏွာျဖင့္သူက ကိုယ္လုပ္ေတာ္လုပ္ႏိုင္မည္နည္း။ သူ႔ရည္႐ြယ္ခ်က္ဟာ ခ်ီမင္းဆက္ကိုဖ်က္ဆီးဖို႔သာ။

ခုနကပင္ သူဟာမင္းသားဂြၽန္အားလုပ္ႀကံဖို႔လာေရာက္ေၾကာင္းဖြင့္ဟဝန္ခံခဲ့သူတစ္ေယာက္။ဒီအရာဟာ သူ႔လိုအျပစ္သားတစ္ေယာက္အတြက္ မင္းသားဂြၽန္ခ်မွတ္တဲ့ျပစ္ဒဏ္မ်ားလား။

"ကြၽန္ေတာ္မ်ိဳးရဲ႕အေၾကာင္းစုံကို မင္းသားဂြၽန္သိသြားရင္ အသက္ရွင္ဖို႔ေတာင္အလႊတ္ထားမွာမဟုတ္ပါဘူး"

အေနာက္နားဘက္သို႔ပို႔မိသည့္လက္က ထိုပိုးစအားျဖဳတ္ရန္ရည္႐ြယ္ေပမယ့္ထိုလက္ကို ဆုပ္ကိုင္ဟန႔္တားလိုက္သူမင္းသားဂြၽန္။ခုနကနဲ႔အနည္းငယ္ဆန႔္က်င္ဘက္ျဖစ္သြားသည့္အၾကည့္မ်ား။စူးရဲသြားလ်က္...

"အဲ့ဒီအခ်ိန္က်ရင္ေတာ့ သတ္ရမွာပဲ...မင္းရဲ႕အေၾကာင္းေတြ ခ်ီနန္းေတာ္ကအကုန္လုံးမသိခင္ အိမ္ေရွ႕ကိုယ္လုပ္ေတာ္အျဖစ္ပဲ ကိုယ္ေတာ့္အနားမွာခစားလိုက္...ဒါကိုျမင့္ျမတ္တဲ့ခ်ီးေျမႇာက္မႈတစ္ခုလို႔သတ္မွတ္"

စကားသံကပုံမွန္ဆိုေပမယ့္ ထိုစကားမ်ားမွာ လြန္ဆန္ႏိုင္ျခင္းမရွိေသာအာဏာစက္မ်ားတစ္နည္းနည္းနဲ႔ပါဝင္သည္။ဒီလိုအခ်ိန္မွာအရွင့္ကိုသာသူသတိရသည္။ ျမတ္ႏိုးျခင္းအတိျဖင့္ဆိုေလ့ရွိေသာအရွင့္စကားသံမ်ားဟာ ဘယ္ေသာအခါမွ အမိန႔္တစ္ခုကဲ့သို႔၊အာဏာစက္တစ္ခုကဲ့သို႔ သူ႔အေပၚမသက္ေရာက္ေစပါ။

ခ်စ္ျခင္းေမတၱာတို႔မပါဝင္ရင္ေတာင္ အားနည္းခ်က္ကိုအက်ပ္ကိုင္ကာခ်ီးျမႇင့္ေသာ ခ်ီးေျမႇာက္မႈတစ္ခုကိုေတာ့ သူလက္မခံႏိုင္။

"ကြၽန္ေတာ္မ်ိဳးလက္မခံႏိုင္ပါဘူးမင္းသားဂြၽန္....စုန႔္ျပည္ရဲ႕ကေခ်သည္တစ္ေယာက္က...ခ်ီဧကရာဇ္အေလာင္းလ်ာရဲ႕ကိုယ္လုပ္ေတာ္ေနရာကိုယူဖို႔ သတၱိမရွိပါဘူး အရွင့္သားရဲ႕ခ်ီးေျမႇာက္မႈကို ျငင္းပယ္ပါရေစ"

ျငင္းပယ္သည္တဲ့လား။
တစ္သက္နဲ႔တစ္ကိုယ္ တစ္စုံတစ္ေယာက္ဆီက ပထမဆုံးေသာျငင္းပယ္ခံရမႈဟာလဲ ကေခ်သည္တစ္ေယာက္ဆီမွ။
ဒီတစ္ႀကိမ္မွာေတာ့ ခ်ဳပ္တည္းထားေသာေဒါသမ်ားသည္ မီးေတာက္ကဲ့သို႔တရိပ္ရိပ္တက္လာသည္။

"ဘာေၾကာင့္လဲ"

က်ားကိုလဲေၾကာက္ရမယ္မသိ။
ၾကင္နာသနားမႈကိုလဲလက္ခံရမယ္မွန္းမသိတဲ့ အျပာေရာင္ငယ္က သူ႔ကိုအေၾကာင္းျပခ်က္ေပးရန္ေတြးေတာဟန္ျဖင့္ မ်က္ေတာင္သာခတ္ေန၏။မ်က္ႏွာအားေအာက္ခ်သြားၿပီး တုန္ယင္စြာျဖင့္ထြက္က်လာေသာစကား....

"ကြၽန္ေတာ္မ်ိဳးက...."

သူ႔ေမးဖ်ားအားဆြဲယူကာမ်က္ႏွာေရွ႕သို႔ ေရာက္ေစလိုက္သည္။ေရွာင္လြဲေသြဖည္ျခင္းလုပ္တာမ်ိဳးကိုသူမႀကိဳက္...

"က်ဳပ္သာအလိုရွိရင္ ကေခ်သည္မဆိုထားနဲ႔ ျပည့္တန္ဆာကိုလဲမိဖုရားတင္ေျမႇာက္ႏိုင္တယ္...မင္းရဲ႕ဆံပင္က မင္ဘုရင္ရဲ႕ကႏုတ္ခက္ေတြမွာ...က်ဳပ္သေဘာအတိုင္း ေက်ာက္စိမ္းဆံထိုးတစ္ေခ်ာင္းကိုအစားထိုးႏိုင္တယ္...က်ဳပ္ကအဲ့လိုလုပ္ႏိုင္တဲ့အထိ အစြမ္းအစရွိတယ္အျပာေရာင္ငယ္"

သူ႔မ်က္ဝန္းမ်ားဟာ စားပြဲခုံတစ္ခုေပၚမွဝမ္းနည္းဖြယ္ရာ ဆံဖိခက္ဆီေရာက္ရွိသြားရသည္။ဆယ္စုႏွစ္တစ္ခုနီးပါးထိ သူ႔ဆံႏြယ္ကိုအေဖာ္ျပဳေပးခဲ့ေသာထိုအရာမ်ားဟာ သူ႔အေပၚထားေသာအရွင့္ရဲ႕ ျမင့္ျမတ္တဲ့ခ်စ္ျခင္းတစ္ခု။ ထိုအရာေၾကာင့္သာ ဒီေန႔အထိသူအသက္ဆက္ႏိုင္ခဲ့တာ။

"အရွင့္သားသာကြၽန္ေတာ္မ်ိဳးကို မင္ဘုရင္ဆီကၾကည္ၾကည္ျဖဴျဖဴေတာင္းခံယူႏိုင္ခဲ့ရင္...ကြၽန္ေတာ္မ်ိဳးရဲ႕အသက္နဲ႔ခႏၶာတင္မကပဲ စိတ္ဝိညာဥ္ကိုပါပုံအပ္ပါ့မယ္"

ထိုစကားကိုဆိုၿပီးေနာက္သူ႔မ်က္ဝန္းထံစူးစူးနစ္နစ္ၾကည့္လာခဲ့သည္။ တစ္စုံတစ္ရာအား ယူက်ဳံးမရစြာ ဝမ္းနည္းေနပုံရသည့္မ်က္ဝန္းမ်ားဟာ အရည္လဲ့လ်က္။

"ကြၽန္ေတာ္မ်ိဳးရဲ႕အေဆာင္ကိုျပန္ပါရေစ"

"လမ္းေလွ်ာက္ဖို႔ေတာင္အားမရွိဘဲျဖဴေဖ်ာ့ေနတဲ့အေနအထားနဲ႔ဒီနန္းေဆာင္ကမင္းထြက္သြားရင္..."

"စကားေျပာဆင္ျခင္ပါဦးအရွင့္သား"

ခ်က္ခ်င္းပင္မ်က္လႊာခ်ကာေခါင္းငုံ႔သြားခဲ့သည္။ခုနကတည္းကဖမ္းဆုပ္ထားသည့္လက္ကိုျပန္လႊတ္ေပးလိုက္ေတာ့မွ သူ႔ကိုမဝံ့မရဲေမာ့ၾကည့္လာသည့္အျပာေရာင္ငယ္။

အေရွ႕မွေယာက္်ားပ်ိဳတစ္ေယာက္ဟာ မင္ဘုရင္ရဲ႕ၾကင္ယာေတာ္အေလာင္းအလ်ာမွန္းေသခ်ာသိေနပါရက္နဲ႔  သိမ္းပိုက္ခ်င္သည္။

စုန႔္ျပည္ဟာ ခ်ီရဲ႕အာဏာစက္ေအာက္က ပဏၰာဆက္ႏိုင္ငံတစ္ခုထက္မပိုသည္မို႔ မင္ဘုရင္ရဲ႕ပိုင္ဆိုင္မႈတစ္ခုကိုအဓမၼနည္းနဲ႔ယူရင္ေတာင္ ဘယ္သူကဘာေျပာႏိုင္မည္နည္း။

အတင္းအက်ပ္ဆြဲဖက္ျခင္းကိုခံလိုက္ရသည့္ခါးသြယ္။တင္းတင္းေစ့ထားသည့္ႏႈတ္ခမ္းလႊာမ်ားအား ရန္လိုစြာျဖင့္စုပ္ယူနမ္းရႈိက္လာသည့္မင္းသားဂြၽန္။အလန္႔တၾကားတြန္းထုတ္မိေသာလက္မ်ားကိုတစ္ဖက္တည္းစုကိုင္ကာ သူ႔ရင္ဘတ္ဆီသို႔ ကပ္လ်က္အပ္ႏွံထားသည္။

႐ုန္းကန္ျခင္းငွာမတတ္ႏိုင္ေသာျပင္းရွမြတ္သိပ္သည့္အနမ္းတို႔ေၾကာင့္ မွိတ္က်သြားရသည့္မ်က္ဝန္းလွလွ။

ေက်ာျပင္ဆီသို႔အေျခခ်ထားသည့္မင္းသားဂြၽန္၏လက္သည္လည္း သူ၏ခါးသိမ္သိမ္သို႔ေရာက္လာကာ ခါးစည္းႀကိဳးအားေျဖရင္းအလုပ္မ်ားေနျပန္သည္။အဆုံးသတ္၌ ပုခုံးထက္မွ‌ေလ်ာ့က်သြားသည့္ဝတ္႐ုံစကို ဖမ္းဆီးျခင္းမျပဳႏိုင္လိုက္သည့္သူ႔လက္ေတြ။

သူအလိုက်သည္အထိခ်ယ္လွယ္ခံၿပီးေနာက္ ျပတ္လပ္သြားသည့္အနမ္းတို႔နဲ႔အတူ အသက္ရွဴသံျပင္းျပင္း။ နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနသည့္ရင္အစုံ။

ဝတ္႐ုံကခါးအထိေလ်ာက်ေနလ်က္ အေပၚပိုင္း၌မလုံၿခဳံေတာ့သည့္ထယ္ေယာင္းဟာ သူ႔ကိုယ္သူ ဒီအေျခအေနကေန လုံးဝေက်ာ္ျဖတ္၍မရေတာ့မွန္းသတိထားမိလိုက္သည္။

ဒီအခ်ိန္၌ စိတ္ဆႏၵအလိုက် ျဖတ္ေျပးဝင္လာသည့္အေတြးမ်ားဟာ ေကာက္က်စ္ျခင္းမ်ားျဖင့္သာျပည့္ႏွက္၏။

"ကြၽန္ေတာ္မ်ိဳးဟာအရွင့္သားရဲ႕ၾကင္ယာေတာ္ျဖစ္မလာႏိုင္မွန္းသိပါတယ္...ဒါေပမယ့္ ဒီလိုအရာေတြအတြက္ ကြၽန္ေတာ္မ်ိဳးမသိမ္ငယ္ခ်င္ဘူးအရွင့္သား...ကိုယ္လုပ္ေတာ္ဘဝနဲ႔ေရာင့္ရဲၿပီး ေလာဘကိုခ်ိဳးႏွိမ္ဖို႔အေတြးမရွိပါဘူး...ရယူျခင္းကိုသာမက္ေမာပါတယ္"

ဖေယာင္းသြင္းသကဲ့သို႔သြယ္ေပ်ာင္းလွေသာထယ္ေယာင္း၏လက္ေခ်ာင္းမ်ားဟာ မင္းသားဂြၽန္၏ ခါးစည္းႀကိဳးသို႔ေရာက္ရွိသြားေတာ့သည္။

"ကိုယ္ေတာ္ခ်ီးေျမႇာက္တဲ့ ပထမဆုံးေသာကိုယ္လုပ္ေတာ္ပဲ...ေသခ်ာေပါက္ မင္းက မိဖုရားတစ္ပါးျဖစ္လာရမွာ"

"အဟင္း.."

မင္းသားဂြၽန္ရဲ႕စကားကို ဟာသတစ္ခုအေနနဲ႔သေဘာထားကာေအာင့္သက္သက္သာရယ္လိုက္သည္။

ေယာက္်ားေလးကိုယ္လုပ္ေတာ္ဆိုတာ စစ္ထြက္ခ်ိန္အနားမွာျပဳစုလုပ္ေကြၽးဖို႔အတြက္ ခ်ီးျမႇင့္ျခင္းတစ္ခု။ထိုအရာထက္ပိုၿပီးဘာမွ်ေမွ်ာ္လင့္၍လဲမရၾက။ ေဆာင္ရနန္းရလဲမဟုတ္ပါဘဲ အေနာက္ေဆာင္မွာ မထင္မရွားဘဝနဲ႔ ေနာက္ဆုံးက်အပယ္ခံျဖစ္သြားၾကသူခ်ည္းသာ။ဒါဟာ သူလက္ခံရရွိမည့္ဘဝတစ္ခုဆိုပါကလဲ အသက္ကိုသာစေတးလိုက္မည္။ဒီခ်ီးျမႇင့္ျခင္းကို သူလက္မခံႏိုင္ပါ။ဒါေပမယ့္သူဟာေတာ့ တစ္ျခားသူမ်ားႏွင့္မတူဘဲ ကြဲျပားေသာတည္ရွိမႈပင္မလား။

စုန႔္ျပည္ရဲ႕ေတာ္ဝင္ကေခ်သည္ဆိုတဲ့ဂုဏ္ျဒပ္တစ္ခုဟာ ဣထၳိယေရာ ပုရိသပါမက်န္သူ႔ေျခရင္း၌ အလုံးစုံၫႊတ္စင္းေစသည္။ မ်က္လႊာတစ္ခ်က္အပင့္၊ လက္ဆစ္တစ္ခ်က္အခ်ိဳးမွာ တပ္မက္မႈအားလုံးကို သူ႔ထံျဖစ္တည္ေစသည္။

စုန႔္ျပည္ရဲ႕မင္းျမတ္ကေတာင္ မထိတို႔ရက္ဘဲ ႏွစ္ေပါင္းမ်ားစြာ ပစားထားခဲ့တဲ့ကေခ်သည္တစ္ေယာက္ကို ခ်ီအင္ပါယာရဲ႕ဧကရာဇ္အေလာင္းအလ်ာက ေခတၱမွ်ထိေတြ႕မိ႐ုံႏွင့္ ျပင္းျပစြာတပ္မက္သြားသည္တဲ့လား။ေက်နပ္ဖို႔ေကာင္းလိုက္တဲ့ျဖစ္ျခင္း။

ဒါဟာလဲသူ၏ႀကီးမားေသာရည္႐ြယ္ခ်က္အတြက္ အေထာက္အပံ့ေပးမယ့္အရာတစ္ခုျဖစ္လာမည္။

သူ႔အလွေက်ာ့ကြင္းမွာမသက္ဆင္းႏိုင္ရေအာင္ မင္းသားဂြၽန္ဟာ ဘာသားနဲ႔ထြင္းထုထားတာမို႔လို႔လဲ။

အရွင္ဂ်ီမင္းကိုခ်စ္သည္။
ဒါေပမယ့္ သူ၏ရည္႐ြယ္ခ်က္အတြက္ဘယ္အရာကမွအေရးမႀကီး။ ေယာက္်ားပ်ိဳတစ္ေယာက္ဟာမင္းသားဂြၽန္အတြက္ ဆႏၵျမႇဴငယ္မ်ားညစ္ေထးေစႏိုင္ရင္ ထိုေယာက္်ားပ်ိဳသည္ သူသာျဖစ္ရမည္။

အေပၚဝတ္႐ုံတို႔ အလုံးစုံဖယ္ခြာလိုက္ေတာ့ မင္းသားဂြၽန္၏ ဖြံ႕ထြားသည့္ရင္အုပ္အစုံသည္ သူ၏ေရွ႕ေမွာက္၌ ရွင္းလင္းစြာေပၚလာသည္။နားသယ္ရွိဆံစတို႔ကိုအေနာက္ဘက္သို႔သိမ္းသပ္လ်က္ သူ႔မ်က္ႏွာဆီငုံ႔မိုးလာသည့္မ်က္ႏွာ။ ႏႈတ္ခမ္းဆီထပ္မံကူးလူးလာသည့္အနမ္းတို႔ေနာက္ အလိုတူစြာလိုက္ပါစီးေမ်ာေပးမိသည္။အရွင္အလိုက်...အရွင့္သားအလိုက်ေပါ့...။

ပုခုံးတစ္ခုကိုအားျပဳကိုင္ထားသည့္လက္ေခ်ာင္းတို႔ကေတာ့တဆတ္ဆတ္တုန္ရီေနခဲ့သည္ကို ထယ္ေယာင္းကိုယ္တိုင္ပင္သတိမထားမိ။ သူသိေနတဲ့အရာဟာ တစ္ခုတည္း...ခႏၶာကိုရင္းၿပီးပဲျဖစ္ျဖစ္ ခ်ီမင္းဆက္အတြက္ပ်က္စီးျခင္းကိုေဆာင္ယူေပးရမယ္။

လစ္လပ္ေနသည့္ပုခုံးသားတို႔ထက္အေျခခ်လာသည့္မင္းသားဂြၽန္ရဲ႕မ်က္ႏွာ။ခံစားေနရသည့္စိုစြတ္မႈနဲ႔ အတူအႏူ႔ညံ့ဆုံးေသာၾကမ္းတမ္းမႈတစ္ခုကိုအသုံးျပဳကာ သူ႔ပုခုံးသားဆီက်ဴးေက်ာ္လာသည္။

"ဟင့္...အရွင္...မလုပ္..."

အၿမဲတေစဖုံးကြယ္ထားသည့္အသားႏုႏုတို႔ေပၚ  တပ္မက္စြာထိေတြ႕ေလေတာ့ သူ႔လက္ထဲမွေယာက်္ားပ်ိဳဟာ လြန႔္လြန႔္လူးလ်က္။ပုခုံးတန္းေအာက္ေျပျပစ္စြာသြယ္တန္းလ်က္ရွိသည့္ ညႇပ္႐ိုးသားဆီ ခပ္ဖြဖြကိုက္ကာေပးမိေသာ နာက်င္ျခင္းတစ္ခ်ိဳ႕။

"အာ့...အရွင္!"

ေရ႐ြတ္တမ္းတရင္းျမင္ေယာင္မိသည့္အရွင္ဂ်ီမင္းရဲ႕ပုံရိပ္ေတြ။သူ႔အားအျမတ္တႏိုးထားကာ ဆႏၵမပါလွ်င္ေပြ႕ဖက္ျခင္းအမႈပင္မျပဳသည့္အရွင္က အေရွ႕မွမင္းသားဂြၽန္ႏွင့္ လားလားမွ်မဆိုင္။ တစ္ပါးေသာအရွင္ႏွင့္ ေသြးသားျခင္းႏွီးေႏွာမည့္အခ်ိန္ အရွင့္ကိုေတြးျမင္ေယာင္ျခင္းဟာ ယုတ္ညံ့လိုက္သည့္ျဖစ္ျခင္းပင္မလား။

ဝမ္းနည္းစိတ္ေၾကာင့္ ျပည့္လွ်ံလာသည့္မ်က္ဝန္းမွေငြ႕ရည္တို႔ဟာ ပါးျပင္သို႔အလုအယက္ေျပးဆင္းၾကသည္။

"ဘယ္ကအရွင္ကိုေခၚေနတာလဲအျပာေရာင္ငယ္"

နာဖ်ားအားငုံခဲကိုက္ရင္းေမးလာသည့္စကား။ႏွစ္ေယာက္လုံး၏အသက္ရႈသံျပင္းျပင္းေၾကာင့္ စိတ္မ်ားဟာလဲ ျမစ္ေရလို ဦးတည္ရာမရွိ သာေမာသည့္ဘက္သို႔စီးဆင္းေနသည္။

လုံၿခဳံမႈမရွိကာ အသားခ်င္းပူးကပ္ေနသည့္ခႏၶာကိုယ္ႏွစ္ခုအား မင္းသားဂြၽန္က အိပ္ယာထက္သို႔အသာအယာၿပိဳလွဲက်ေစသည္။

"သနားစရာမင္းဘဝကို ကိုယ္ေတာ္ကကယ္တင္ႏိုင္တယ္..."

အုပ္မိုးကာေျပာလာသည့္မင္းသားဂြၽန္ရဲ႕စကားကိုသူနားမလည္ေပမယ့္ ဒီအေနအထားကိုရင္းႏွီးသည္။ နီးနီးကပ္ကပ္ရေနသည့္ၾကာညိဳနံ႔ဟာ အၿမဲတမ္းအတြက္ သူ႔အရွင္တစ္ေယာက္တည္းဆီမွသာမလား။ဒါေပမယ့္ ဘာလို႔မင္းသားဂြၽန္ဆီကေနရေနတာလဲ...

"အခုဘာေတြေတြးေနသလဲ"

အေျဖစကားတို႔မလာဘဲ ခပ္ဟဟပြင့္ေနသည့္ႏႈတ္ခမ္းတို႔ဆီအနမ္းတို႔ျပန္ဆက္သည္။မတုံ႔ျပန္ခဲ့ေသာ္လည္းအျပာေရာင္ငယ္၏ ႏႈတ္ခမ္းသားတို႔ကို စြဲမက္ေန၏။အနမ္းတို႔ကိုျပတ္လပ္ေစေတာ့ ေမာပန္းေနသည့္ၾကားမွပင္တိုးညႇင္းစြာေခၚလာသည့္အသံ...

"အရွင့္သား"

ရွည္သြယ္ေသာလက္ေခ်ာင္းမ်ားက သူ႔မ်က္ႏွာကိုဆြဲယူသည္။တတိယမၸိထိကပ္မိေသာႏႈတ္ခမ္းႏွစ္စုံဟာ ဒီတစ္ႀကိမ္မွာေတာ့အျပာေရာင္ငယ္ဆီမွဦးေဆာင္သည္။

ခါးသြယ္ကိုသိမ္းက်ဳံးယူကာသူ႔ကိုယ္ႏွင့္နီးစပ္ေစေတာ့ တိုေတာင္းသည့္အနမ္းတို႔ထပ္မံျပတ္လပ္သည္။လွစ္ဟလ်က္ရွိသည့္ေအာက္ဘက္ဝတ္႐ုံၾကားမွထြက္ေပၚလာသည့္ျဖဴေဖြးေသာေပါင္တံ။

"ကေခ်သည္ဆိုေပမယ့္ ေဘာင္းဘီရွည္ေတာ့ဝတ္သင့္တယ္မလားအျပာေရာင္ငယ္"

"မင္းသားဂြၽန္!"

ဆြဲဖုံးရန္ျပင္သည့္လက္က အိပ္ယာထက္ ဖိကပ္ခ်ဳပ္ေႏွာင္ျခင္းခံလိုက္ရသည္။သူ႔ေျခႏွစ္ေခ်ာင္းၾကားေနရာယူထားသည့္မင္းသားဂြၽန္က ေအးေဆးတည္ၿငိမ္သည့္အသြင္ျဖင့္သာ။

"ကိုယ္ေတာ္တို႔ၾကာေနၿပီ..ခနေနလင္းၾကက္ေတြတြန္ေတာ့မယ္...ဒီထက္ျမန္သင့္တယ္မလား"

ၾကည္လင္သည့္အသံသည္နားစည္သို႔ညင္ညင္သာသာထိေတြ႕လာသည္။ေပါင္တံသို႔ပြတ္သပ္ကာ စိတ္ဆႏၵကိုလႈံ႕ေဆာ္သမႈျပဳလာေသာမင္းသားဂြၽန္။

"ဟက္!..စစ္ဗ်ဴဟာမွာတစ္ဖက္ကမ္းခတ္ေအာင္ေတာ္တယ္လို႔ၾကားထားတာ...အရွင့္သားက ဒီလိုေနရာက်... ညံ့ဖ်င္းလြန္းေနတယ္"

ကိုယ္တိုင္ကိုယ္က် စိတ္ဆႏၵတို႔ထႂကြလာေပမယ့္ ျမႇဴသည့္သေဘာသက္သက္ျဖင့္ မင္းသားဂြၽန္အားမထီတရီေျပာလိုက္သည္။

"ကိုယ္ေတာ့္ကိုအမ်က္ရွေအာင္လုပ္တဲ့ေနရာမွာ မင္းကသိပ္ေတာ္ေနသားပဲ"

ေမးဖ်ားအားဆြဲကာမ်က္ႏွာကိုပင့္သည္။တစ္ခ်က္သာၿပဳံးလ်က္ အနားမွထသြားခ်ိန္  သက္ျပင္းခ်လိုက္မိသည့္ထယ္ေယာင္း။အဝတ္ကင္းမဲ့ေသာေက်ာျပင္က်ယ္ဆီ ျဖန႔္က်က္ထားသည့္ ဆံပင္တို႔ထံမွ ၾကာညိဳနံ႔ကေတာ့ သင္းပ်ံ႕စြာက်န္ရွိသည္။

မ်က္ဝန္းကိုအသာမွိတ္ခ်သည္။ စိတ္ထဲမွေန၍ ကခ်ိဳးအသစ္မ်ားကိုတစ္ေရးေရးျဖင့္ပုံေဖာ္ေနမိသည္။ ေျခဖ်ားတစ္ခ်က္ခ်စီတိုင္းမွာ ခ်ဴသံတို႔သည္ တစ္ေလာကလုံးဆီ လႈိင္းထပ္ပ်ံ႕လႊင့္သည္။ လက္ႏွစ္ဖက္ဆီမွ ေ႐ႊႀကိဳးမ်ားက အခ်င္းခ်င္းၿငိတြယ္ကာရႈပ္ေထြးသည္။သို႔ေသာ္ထိုအရာသည္မက္ေမာဖြယ္လွပဆဲ။

အနီေရာင္ဇာပါးေအာက္၌ သြယ္လ်သည့္ကိုယ္ကိုအထင္းသားျမင္ရသည္။အို...အနီေရာင္ဇာပါးတဲ့လား...သူဟာ 'ဟန္'လို ျပည့္တန္ဆာတစ္ေယာက္မွမဟုတ္တာပဲ...ကေခ်သည္တစ္ေယာက္ေလ...ကေခ်သည္တစ္ေယာက္။

သူ႔ရပ္ဝန္းသည္ ႐ုတ္ခ်ည္းဆိုသလို ၾကာညိဳနံ႔ျဖင့္ထုံသင္းသြားသည္။အနီေရာင္ဇာပါးသည္ လွပေသာပန္းပြင့္နီအသြင္ေျပာင္းသြားသည္။ႏွစ္လိုဖြယ္ၿပဳံးကာၾကည့္ေနခိုက္ ဓားသြားတစ္ခုရဲ႕ရက္စက္မႈမွာ ပြင့္ခ်ပ္မ်ားဟာ အပိုင္းပိုင္းျပတ္ကာ ပ်က္စီးသြားခဲ့ေတာ့သည္။

"အာ့...အရွင္"

မ်က္ႏွာတစ္ခုလုံးေမာ့တက္သြားကာ ေကာ့တက္သြားရသည့္ သူ႔ခါး။သူ႔ေအာက္ဘက္ရပ္ဝန္း၌ ျပည့္က်ပ္သိပ္လ်က္ အသည္းခိုက္ေအာင္နာက်င္သည့္ခံစားခ်က္။

"ဘယ္ကအရွင္"

မင္းသားဂြၽန္ရဲ႕လႈပ္ရွားမႈတစ္ခ်က္မွာ သူ႔ကိုယ္တစ္ခုလုံးတြန္႔လိမ္သြားသည္။

"ဟာ့..."

"ေမးေနတာကိုေျဖစမ္းအျပာေရာင္ငယ္"

"အင့္...ဒီက...အရွင္"

ေအာက္ႏႈတ္ခမ္းကိုတင္းတင္းကိုက္လိုက္သည္။ဒီညရဲ႕အိပ္မက္ဆိုးတစ္ခုကိုေက်ာ္လြန္ႏိုင္ရင္ မနက္ျဖန္၌အရာအားလုံးအဆင္ေျပလိမ့္မယ္။ဒီညျမန္ျမန္ကုန္ဆုံးသြားရင္ေကာင္းမယ္ဆိုတဲ့အေတြးမ်ားသာႀကီးစိုးလ်က္...

"ကြၽန္ေတာ္မ်ိဳးရဲ႕စိတ္ဝိဥာဥ္ကိုဖ်က္ဆီးပစ္လိုက္ပါေတာ့"

တိုးတိတ္စြာျဖင့္ေရ႐ြတ္သံအား မင္းသားဂြၽန္ၾကားလိမ့္မည္။မၾကားခဲ့တာလဲျဖစ္ႏိုင္သည္။

သို႔မဟုတ္...အနမ္းတို႔သည္သာ လႊဲမွားစြာထပ္တူက်ခဲ့ပုံရသည္။

ထို႔ေနာက္တြင္ကား လေရာင္ေအာက္အိပ္စက္လ်က္ရွိေသာနန္းေဆာင္၏ အိပ္ေဆာင္အတြင္းမွ ၿငီးရႈိက္သံတို႔သည္ ညည့္အလယ္၌ တိုးတိတ္စြာယိုဖိတ္ထြက္က်လာလ်က္။

_____________________________

မွင္တံအားကိုင္ထားသည့္လက္ေခ်ာင္းသြယ္သြယ္မ်ားသည္ စာ႐ြက္ျဖဴျဖဴထက္ အလွစာလုံးတစ္ခုကိုစုတ္ခ်က္ညီညီေရးဆြဲသည္။

'ေဂ်ာင္....ဂု"

ထိုစာလုံးအားၾကည့္ကာ ႏူးႏူးညံ့ညံ့ၿပဳံးလိုက္သည့္အမ်ိဳးသားငယ္ေလးတစ္ေယာက္။

"ကိုယ္ေတာ့္နာမည္ကိုအေၾကာက္အလန႔္မရွိေရးျပန္ၿပီလား မင္းသားေလး.."

အေနာက္ပါးမွအသံေၾကာင့္သူ႔အၿပဳံးမ်ားဟာပိုၿပီးအသက္ဝင္သြားခဲ့သည္။အရွင္ငယ္ကိုဂါရဝျပဳဖို႔မတ္တပ္ရပ္လိုက္ေပမယ့္ သူ႔ကိုယ္အား အရွင္ငယ္ကသူ႔ရင္ခြင္ထဲသို႔ဆြဲထည့္သည္။ပုခုံးထက္သို႔ေမးတင္လာကာ ျဖာက်ေနတဲ့လေရာင္ေအာက္ သူ႔အား ၿငိမ္သက္စြာရွိေစျပန္သည္။

"အဲ့တာကအရွင္ငယ္ရဲ႕နာမည္လို႔ဘယ္သူေျပာသလဲ...ကြၽန္ေတာ္မ်ိဳးခ်စ္ရသူတစ္ေယာက္ရဲ႕နာမည္ပါ.."

ခပ္တိုးတိုးသူ႔စကားသံမွာ အရွင္ဟာေခ်ာင္းတစ္ခ်က္ဟန႔္လ်က္...

"အဟမ္း...မင္းက ကိုယ္ေတာ့္ကိုနဲနဲေလးမွမေၾကာက္ဘူးပဲ...ပမာမခန႔္သိပ္လုပ္တာ...အျပစ္ဒဏ္ေပးရေတာ့မယ္..."

ရာဇဒဏ္ကိုဟန္လုပ္ကာဆိုေသာအရွင္ငယ္အား ၾကည့္၍ တခစ္ခစ္ရယ္လ်က္ရွိသည့္အျပာေရာင္ငယ္။

အရွင့္ရဲ႕ေပြ႕ခ်ီမႈနဲ႔အတူ ၾကမ္းျပင္ဆီမွလြတ္သြားသည့္ေျခေထာက္ႏွစ္ဖက္။ အရွင့္လည္တိုင္မွာအားကိုးတႀကီးတြဲခိုရင္း ပါးထက္ က်ေရာက္လာသည့္အနမ္းႏုႏုေတြကိုၾကည္ျဖဴစြာလက္ခံမိသည့္အခိုက္အတန႔္ေတြ...။

ေတးသီငွက္ေတြရဲ႕အသံကိုနားစြင့္ရင္း ၾကာညိဳနံ႔သင္းသင္းၾကားႏွစ္ကိုယ္တူခ်စ္ၾကည္ႏူးခဲ့ၾကသည့္အခ်ိန္မ်ားဟာ အတိတ္တစ္ေနရာမွာသိမ္းဆည္းထားဆဲ....။

_________________________

ငွက္သံတို႔က်ီက်ီက်ာက်ာျဖင့္ လႈပ္ရွားအသက္ဝင္ေနသည့္မနက္ခင္းမွာေတာ့ အိမ္ေရွ႕နန္းေဆာင္ကအရင္ေန႔နဲ႔မတူစြာ တစ္မူထူးၿပီးတိတ္ဆိတ္လို႔။

နန္းေဆာင္၌အၿမဲခစားေနၾကသည့္ နန္းတြင္းသူ၊နန္းတြင္းသားမ်ားပင္မဆိုထားနဲ႔ ‌‌နန္းေဆာင္ဝင္းထဲအၿမဲျမင္ေတြ႕ေနရသည့္ ယုန္ျဖဴတို႔၏အစအနပင္ ယေန႔မျမင္ရ။

ထိုနန္း၏ အိပ္ေဆာင္အတြင္းမွာေတာ့ အဝတ္မဲ့ကိုယ္ႏွင့္အတူ ေစာင္ပုံေအာက္လုံးေထြးအိပ္စက္ေနသည့္ေယာက္်ားသားႏွစ္ေယာက္။ တစ္ေယာက္ကမူ ထိုနန္းေဆာင္ရွင္အိမ္ေရွ႕မင္းသားဂြၽန္ျဖစ္ၿပီး တစ္ေယာက္သည္အား စုန႔္ျပည္၏အလွတရားမည္သည့္ သူ၏ အသစ္စက္စက္ကိုယ္လုပ္ေတာ္။

ေသခ်ာစူးစိုက္၍ၾကည့္မိပါက အိပ္ေမာက်ေနသည့္အမ်ိဳးသားမွာ တစ္ေယာက္သာျဖစ္ၿပီး တစ္ေယာက္သည္ေတာ့...

"အျပာေရာင္...ငယ္"

တိုးတိတ္သည့္ေလသံျဖင့္ေခၚယူျခင္းသည္ အိပ္စက္ေနသူႏိုးမသြားေစဖို႔ရည္႐ြယ္သည္။နဖူးေပၚက်ဆင္းေနသည့္ဆံသားတို႔ကိုအသာပင့္တင္ေပးလိုက္ေတာ့ ေပၚလာသည့္မ်က္ႏွာသြယ္။

"လွတယ္"

မနက္ညီလာခံေခၚသည့္ စည္သံကိုၾကားေနရေပမယ့္ သူ႔လက္ေမာင္းေပၚ ေခါင္းအုံးကာႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနသည့္ အျပာေရာင္ငယ္ေၾကာင့္ အိပ္ယာမွမထႏိုင္ေသးသူရယ္ပါ...။

ခ်ီသို႔ၿငိမ္းခ်မ္းေရးအတြက္လာေရာက္ၾကသည့္ ဘုရင္ႏွင့္မင္းသားတို႔ ဒီမနက္၌ ႏိုင္ငံအသီးသီးဆီသို႔ျပန္ၾကမည္။ႏႈတ္ဆက္ျခင္းအမႈအတြက္ ညီလာခံ၌ရွိသင့္သည္မွန္ေသာ္ျငား ရင္ခြင္ထဲမွအျပာေရာင္ငယ္ႏိုးလာခ်ိန္ အနား၌သူရွိေနေပးရမည္။ထို႔ထက္ပို၍ ဘယ္အရာကအေရးႀကီးမည္နည္း။

အေတြးတို႔ကိုေခတၱမွ်ႏွင့္ လက္စသတ္လိုက္ကာ အျပာေရာင္ငယ္ဆီသို႔သာအာ႐ုံစိုက္လိုက္သည္။ မ်က္လုံးမွိတ္ကာအိပ္စက္ေနေတာ့ ေကာ့ၫႊတ္ၫႊတ္မ်က္ေတာင္မ်ားဟာ ပါးျပင္ေပၚထိအရိပ္ထင္လ်က္။

သူ႔ရင္ဘတ္ေပၚတင္ထားသည့္လက္ဖဝါးအားအသာဆြဲယူ၍သူ႔ႏႈတ္ခမ္းႏွင့္ထိကပ္နမ္းၿပီး ျပန္ခ်လိုက္သည္။

ႏုေဖြးသည့္ပုခုံး႐ိုးမွအစျပဳကာ ရွည္သြယ္သြယ္လက္ေခ်ာင္းမ်ား၏လက္ဖ်ားထိပ္တို႔သည္ ပန္းေရာင္ေျပးေနသည္။ထိုအရာသည္ သူ၏ၾကင္နာမႈမွျဖစ္တည္ေၾကာင္း သတိမူမိေတာ့ ေက်နပ္စြာၿပဳံးရျပန္သည္။

ပိတ္က်ေနသည့္မ်က္ခြံေလးေပၚလက္ညႇိဳးျဖင့္အသာထိေတြ႕လိုက္သည္။ႏိုးမသြားဘူးဟူေသာအသိက သူ႔အားပို၍စြန႔္စားေစသည္မို႔ ထိုမွဆင္းလာကာ ႏွာဖ်ားထက္မွ အနက္ေရာင္အစက္တစ္ခုဆီသို႔...။

"အဟြန္း"

တိုးတိတ္စြာတစ္ေယာက္တည္းရယ္ရင္း ျမင္ေနရသည့္မ်က္ႏွာႏုႏုကိုတစိမ့္စိမ့္ၾကည့္ေနမိေတာ့တာမလား...။

"အမ်ားႀကီးပင္ပန္းသြားၿပီပဲ"

ထိုစကားကိုဆိုခ်ိန္၌မင္းသားဂြၽန္၏မ်က္ဝန္းမ်ားသည္ ပုံမွန္ထက္ေလးနက္လ်က္။ဘယ္အခ်ိန္ထပ္ၿပီးၾကည္ျဖဴမယ္မသိေသာအနမ္းတို႔အတြက္ နင့္နင့္နဲနဲ အနမ္းတို႔ကို ပါးျပင္ေပၚယုယုယယေပးမိေတာ့...

"အင့္"

ညည္းသံႏွင့္အတူလြန႔္လူးသြားသည့္အျပာေရာင္ငယ္။ ေစာင္ေအာက္မွခႏၶာကိုယ္သည္လႈပ္ရွားလာကာ အဆုံး၍ပင့္တင္လာသည့္မ်က္ခြံလႊာ။ထို႔ေနာက္ေပၚထြက္လာပါသည့္ ေက်ာက္မ်က္ရတနာတစ္ပါးကဲ့သို႔ ၾကည္ေတာက္ကာလွပေသာ မ်က္ဝန္းႏွစ္ခု။

"ကိုယ္ေတာ္မင္းကိုႏိုးသြားေစတာပဲ"

ဘာစကားမွမဆိုဘဲ သူ႔အားေၾကာင္စီစီေလးစိုက္ၾကည့္ေနသည့္အျပာေရာင္ငယ္။ ခနမွ်ၾကာေလမွ...

"အရွင့္သားဘာလုပ္...."

"နမ္းလိုက္တာ"

ညီတန္းသည့္မ်က္ခုံးတို႔သည္တစ္စထက္တစ္စ တြန႔္ခ်ိဳးလာသည္။တစ္စုံတစ္ခုကိုအလိုမက်ေတာ့ဟန္ျဖင့္ ေအာက္ႏႈတ္ခမ္းအားတစ္ခ်က္ကိုက္လ်က္ ခ်က္ခ်င္းပင္ေဘးဘက္သို႔လွည့္အိပ္သည္။

အိပ္ရာလွည့္လိုက္သည္ဆိုေသာ္ျငား ယခုထိသူ႔လက္ေမာင္းေပၚေခါင္းအုံးထားဆဲ။တစ္ကယ္ဆိုလက္က က်င္တက္ၿပီးအံေသခ်င္ေနၿပီ။ဒါေပမယ့္ သူက အျပာေရာင္ငယ္ကိုဘယ္လိုေျပာရက္ႏိုင္မွာလဲ။

"ကိုယ္ေတာ့္ကို မင္းစိတ္ဆိုးသြားတာလား"

"စိတ္ဆိုးတယ္တဲ့လား...စိတ္တိုတာပါ"

သူ႔အားပမာမခန႔္ျဖင့္စိတ္တိုသည္ဟုပင္ေျပာလာသည္။

"ဘယ္လို"

"ကြၽန္ေတာ္မ်ိဳးကအိပ္ေရးမဝရင္စိတ္တိုတတ္တယ္ေလ"

သူ႔အားေက်ာေပး၍စကားေျပာေနသည္။သို႔ေပမယ့္မ်က္လုံးတို႔မွိတ္ထားဆဲ။

"နမ္း႐ုံနဲ႔ႏိုးသြားတယ္ေလ.. မင္းက.."

"အနမ္းဆိုတာဖြဖြပဲေပးရတယ္...အရွင့္သားက အ,လိုက္တာ"

မင္းသားဂြၽန္၏မနက္ခင္းေလးသည္က်က္သေရမဂ္လာအေပါင္းႏွင့္ျပည့္စုံသြားခဲ့သည္။ညကမွခ်စ္တင္းေႏွာခဲ့သည့္ ပူပူေႏြးေႏြးခင္ပြန္းသားဆီမွ ထိုသို႔ေသာခ်ီးက်ဴးမႈတစ္ခုရလိုက္ျခင္းဟာ အံ့ဖြယ္ေသာအရာ။

"ဘယ္လိုမ်ိဳးလဲ....အာ့"

သူ႔ဘက္႐ုတ္တရက္ျပန္လွည့္လာသည့္ထယ္ေယာင္းေခါင္းက လက္ေမာင္းကိုႀကိတ္သလိုျဖစ္သြား၍ နာက်င္သြားကာ လႊတ္ကနဲညည္းလိုက္မိျခင္း။

"အရွင္"

ေခါင္းေလးကိုခ်က္ခ်င္းမလ်က္ စိုးရိမ္တႀကီးေခၚလာတဲ့အသံ။မ်က္လုံးေတြကလဲသူ႔ကိုစိုးရိမ္စြာနဲ႔ၾကည့္လာခဲ့ေတာ့တာ။

"နာသြားတာပဲ"

ခ်က္ခ်င္းဆိုသလို ေဘးမွဖယ္ခြာကာထလိုက္သည္။အဝတ္ကင္းမဲ့ေနေပမယ့္လို႔ နက္ေမွာင္သည့္ဆံႏြယ္ရွည္မ်ားကသူ႔ကိုယ္ေပၚၿခဳံလႊမ္းလ်က္ အျပာငယ္ဟာ သူ႔အိပ္ယာထက္ အလွႀကီးလွေနသည္။

"လန႔္သြားတာလား"

သူ႔အေမးကိုမေျဖပဲ မ်က္ေတာင္ေလးတဖ်တ္ဖ်တ္ခတ္ေနသည္။သူေလးေသခ်ာေပါက္လန႔္သြားတာပဲ။

"ကိုယ္ေတာ္ကသန္မာတဲ့သူပါ..."

"စိုး႐ြံ႕မိပါတယ္အရွင္"

မ်က္လႊာေလးခ်သြားခဲ့သည္။လွဲေနသည္မွထလိုက္ၿပီး အေရွ႕မွသူ၏ခင္ပြန္းငယ္အားၾကည့္ကာၿပဳံးလိုက္မိ၏။

"ကိုယ္ေတာ္အရင္ကေတြးခဲ့ဖူးတယ္အျပာေရာင္ငယ္...ကိုယ္ေတာ္သာမျဖစ္မေန တစ္စုံတစ္ေယာက္ကို ၾကင္ယာေတာ္အျဖစ္ေဆာင္ယူရမယ္ဆို နန္းတြင္းရဲ႕ စည္းမ်ဥ္းေတြ၊ ဓေလ့ထုံးတမ္းေတြကိုနားမလည္တဲ့သူကိုသာေဆာင္ယူမယ္လို႔ေလ...အဲ့လိုသာဆို ကိုယ္ေတာ္နဲ႔သူနဲ႔ၾကား ဘယ္လိုအရာကမွ ကာဆီးႏိုင္ေတာ့မွာမဟုတ္ဘူး..."

"ကြၽန္ေတာ္မ်ိဳးကေတာ့ နန္းေတာ္ထဲမွာႀကီးျပင္းလာတဲ့ မင္းျမတ္ရဲ႕အသုံးေတာ္ခံကေခ်သည္တစ္ေယာက္ပါ...စည္းမ်ဥ္းစည္းကမ္းေတြ ဓေလ့ထုံးတမ္းေတြနဲ႔ရင္းႏွီးကြၽမ္းဝင္ပါတယ္...ဒါေပမယ့္အရွင္...လိုခ်င္တာမရခဲ့ရင္ေတာ့ ကြၽန္ေတာ္မ်ိဳးက တစ္ျခားေသာသူေတြလို အပူ႐ုပ္ကိုဟန္လုပ္ၿပီးမေနႏိုင္ပါဘူး"

သူ၏စကားကိုနားလည္သည့္အျပာေရာင္ငယ္ဟာ လိမၼာပါးနပ္စြာျပန္လည္ေျဖၾကားသည္။ ထို႔ေနာက္တစ္ဆက္တည္းပင္ 'ရယူျခင္းကိုသာမက္ေမာပါတယ္'ဆိုသည့္ ညကစကားအတြက္ စကားဦးဖြင့္လာသည္။

သူ႔ကိုအဆိပ္ခတ္ဖို႔ေရာက္လာသည့္ အျပာေရာင္ငယ္လိုခ်င္မက္ေမာသည့္အရာဟာ သူ၏အသက္သာလွ်င္ျဖစ္မည္။ပ်က္စီးျခင္းအေၾကာင္းတရားကိုေဆာင္ယူဖို႔ေရာက္လာသည္ျဖစ္ပါေစဦးေတာ့ ယခု သူ၏ကိုယ္လုပ္ေတာ္ပင္ျဖစ္ေနၿပီမလား။သူေပးတဲ့ဘဝျဖင့္ ထားသည့္ေနရာေန၊ ေစသည့္ေနရာသို႔သြားရမည္သာ။

"ဘာေတြမ်ားလိုခ်င္သလဲအျပာေရာင္ငယ္"

ေမးဖ်ားအားအသာဆြဲယူလ်က္ မ်က္ႏွာကိုသူ႔အေရွ႕နားသို႔ေရာက္ေစလိုက္သည္။ၾကည္ေတာက္ေတာက္မ်က္ဝန္းႏွစ္ဖက္ဟာ တစ္စထက္တစ္စ အေရာင္မ်ားညိဳမႈိင္းလာခဲ့၏။ထို႔ေနာက္တြင္ေတာ့ ႏွစ္လိုဖြယ္ေသာအၿပဳံးတို႔ေပၚထြက္လာလ်က္...

"အရွင့္ရဲ႕..."

ပြင့္အံထြက္က်လာသည့္စကားတို႔မဆုံးလိုက္ခင္မွာပင္....

"အကိုေတာ္ဂြၽန္...ခန္းေဆာင္ထဲမွာရွိေနသလား..."

ထြက္ေပၚလာသည့္ေခၚသံက်ယ္က်ယ္ႏွင့္အတူ တံခါးဖြင့္သံ။

"ညီလာခံမွာအကိုေတာ္ကိုေစာင့္ေနၾက..."

"မင္းအဲ့မွာရပ္လိုက္ေတာ့"

အခန္းထဲသို႔ဝင္လာသည့္ေျခသံသည္ သူ႔စကားေၾကာင့္ခ်က္ခ်င္းရပ္သြားသည္။အေရွ႕မွအျပာေရာင္ငယ္က  အိပ္ယာထက္မွသူ႔ဝတ္႐ုံအားအျမန္ဆြဲယူကာ ၿခဳံလိုက္သည္။

"ငါညီလာခံမတက္ဘူးလို႔ေျပာျပလိုက္..."

"အမ္း...အကိုေတာ္ေနမေကာင္းလို႔လား...တစ္ခုခုျဖစ္ေနလို႔လား"

"က်စ္!...ေတာ္ေတာ္စကားမ်ားတယ္ေဆာင္းဟြန္း..."

အျပာေရာင္ငယ္၏မ်က္ႏွာဆီသို႔ သူ႔ေခါင္းကိုငုံ႔ခ်လိုက္သည္။ေဆာင္းဟြန္းရွိေန၍ျဖစ္မည္။အျပာေရာင္ငယ္က သူ႔အနမ္းကို‌မ်က္ႏွာလႊဲလ်က္ေရွာင္သည္။

"အဟြန္း..."

သေဘာက်စြာရယ္ေသြးသြမ္းေတာ့အသံထြက္ရေကာင္းလားဆိုသည့္အၾကည့္စူးစူးတစ္ခ်က္။

"ေဆာင္းဟြန္း...မင္းရဲ႕မရီးေတာ္က မင္းရွိလို႔ရွက္ေနတယ္ထင္တယ္"

သူေျပာလိုက္လွ်င္ပင္ ခ်က္ခ်င္းမ်က္လႊာခ်သြားၿပီး မ်က္ႏွာတစ္ခုလုံးပန္းႏုရိပ္တို႔ေျပးသြားသည္။

"အကိုေတာ္...မဟုတ္မွ..."

"အိမ္ေရွ႕မင္းသားက သူ႔ရဲ႕အသစ္စက္စက္ခင္ပြန္းနဲ႔အတူရွိေနတယ္လို႔အားလုံးကိုေျပာလိုက္...ၿပီးေတာ့မင္ဘုရင္ကိုစကားပါးလိုက္တယ္...အိမ္ေရွ႕မင္းသားက စုန႔္ျပည္ရဲ႕ေတာ္ဝင္ကေခ်သည္ကို ကိုယ္လုပ္ေတာ္အျဖစ္သိမ္းပိုက္လိုက္ၿပီ..."

ဝတ္႐ုံစအားဆုပ္ကိုင္ထားသည့္ထယ္ေယာင္းလက္မ်ားသည္ တင္းကနဲ....မင္းသားဂြၽန္၏အၾကည့္စူးစူးသည္ ႏွလုံးအိမ္သို႔ထြင္းေဖာက္လ်က္...။

To Be Continued....
Create By Jin's Jin Isle From BTS World
Novel By AttarSawLwinYar_04

A/N : ဘယ္ေနရာဘယ္လိုေျပာင္းသြားလဲသိၾကလား👀

Continue Reading

You'll Also Like

1.3M 58.9K 105
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
751K 25.1K 21
"I'm making a petition for Iida to become a stripper." โ—๏ธDISCONTINUED โ—๏ธ โš ๏ธMATURE THEMESโš ๏ธ ||BNHA Chatfic ||Female Reader ||Slow Updates ||DO NOT c...
16.1K 828 19
"I'll not hesitate to kill him. Because if he can't be mine I won't let him be yours. Be careful." Her words made my breath hitched. But I have to st...