တဖြူးဖြူးတိုက်ခတ်နေတဲ့လေပွေတွေကြောင့် သူ့ရဲ့ပိတုန်းရောင်ဆံနွယ်တွေဟာ နဖူးပြင်ပေါ်ကို ယောက်ယက်ခတ်စွာဖွာကျလာတော့တယ်။
သပ်တင်လည်း မထူးတော့တာမို့ထိုအတိုင်းသာထားလိုက်တယ်။
အချိန်တခုကြာသည်အထိ ရပ်မြဲတိုင်းရပ်နေကြတဲ့လူနှစ်ယောက်က ဘာအကြောင်းမှရေရေရာရာမရှိပါဘူး။စကားခဏပြောကြရအောင်လို့ အဲလက် ကခေါ်လာတော့ ဂျီမင်လည်းအငြင်းစကားမဆိုဘဲ လိုက်ပါလာခဲ့သည်။
သူတို့ရောက်နေတာက နေကြာခင်းရဲ့အလယ်မှာပါ။ကျယ်ပြန့်တဲ့လွင်ပြင်ကြီးထဲမှာ မျက်စိတဆုံးစိုက်ထားတဲ့နေကြာတွေကိုကြည့်ပြီး ဂျီမင် နှစ်ခြိုက်စွာပြုံးလိုက်သည်။ပန်းတွေကို ချစ်မြတ်နိုးသူမို့ ဘယ်နေရာရောက်ရောက် သဘောကျတဲ့အပြုမှုလေးလုပ်နေတက်သည်။
*သဘောကျလိုက်တာ...*
*ဟင်..!*
*နေကြာတွေကိုလေ..*
အဲလက်ကသူ့ဘက်ကိုမျက်နှာမူကာ အပြုံးလေးနဲ့ပြောလာတော့ သူလည်းအလိုက်သင့်လေးခေါင်းငြိမ့်ပြလိုက်တယ်။
*အဲလက် ပြောစရာရှိတယ်ဆိုတာ ဘာများလဲ..*
*ကိုယ် ဂျီမင်ကိုလက်ဆောင်ပေးချင်လို့ပါ...*
*လက်ဆောင်..*
*အင်း..ကိုယ် တခါပြောဖူးတာ မေ့သွားပြီလား..*
*မမေ့ပါဘူး ရုတ်တရက်ကြီးဘာလို့လဲ..*
*ထိန်းချုပ်မထားနိုင်တော့လို့လေ..*
*ဟင်.!ဘာကို..*
ခံစားချက်ကသေချာနေတယ်ဆိုမှ ဒီစကားကိုပြောဖို့ သူဆုံးဖြတ်လိုက်တာပါ။အချိန်ထပ်မဆွဲချင်တော့ဘူးလေ။
ဂျီမင်ဘက်ကဘယ်လိုအဖြေမျိုးကိုမဆို သူလက်ခံမှာပါ။အဓိက,ကသူချစ်နေတာကိုဂျီမင်သိရင်ရပြီ။ကျန်တာကတော့ ကံစေရာအတိုင်းပေါ့။တကယ်လို့ ဂျီမင် ကလည်းသူ့အချစ်ကိုလက်ခံပေးမယ်ဆိုရင်တော့ အတိုင်းထက်လွန်ဝမ်းသာမိမှာ။
*ဂျီမင် ကိုယ့်ကိုကြည့်.....*
မျက်နှာချင်းဆိုင်အနေထားဖြစ်သွားတဲ့ အဲလက်နဲ့ဂျီမင်က မျက်ဝန်းချင်းဆုံကာ စကားဆိုနေကြသည်။
ဂျီမင်ရဲ့လခြမ်းေကွးသဏ္ဌန်မျက်ဝန်းက သူ့ကိုညှို့နေသယောင်။နောက်ပြီး ဖူးအိနေတဲ့နှုတ်ခမ်းထူထူလေးက ဆေးသားအကူမပါဘဲ လှနေတယ်။မျက်နှာအစိတ်ပိုင်းတခုချင်းစီက ပစ်ရက်စရာမရှိအောင် ချစ်စရာကောင်းနေတော့ အဲလက် သဘောကျတာမမှားဘူးထင်တယ်။
*ဂျီမင်ကို ကိုယ်သဘောကျတယ်...*
*ဟင်.!*
*မဟုတ်သေးဘူး သဘောကျတာထက်ပိုတယ် .*
*ဂျီမင်ကို ကိုယ်ချစ်တယ်..*
*အဲ.အဲလက်..!*
*ဟုတ်တယ် ဂျီမင် ကိုယ်မင်းကိုချစ်တယ်။စ တွေ့ကတည်းကချစ်တာ။ဒီကြားထဲကိုယ့်ခံစားချက်ေတွပိုပြီးသေချာအောင်လို့ စမ်းစစ်နေပေမယ့် အဖြေကမပြောင်းလဲဘူး..*
*အရမ်းချစ်တယ် ဂျီမင်။ဒါက ကိုယ်ပေးတဲ့လက်ဆောင်ဘဲ...*
သူဘာပြန်ပြောရမှန်းမသိဘူး။အဲလက်ကသူ့ကိုချစ်တယ်တဲ့။သူ့ကိုချစ်တယ်လို့ ပြောတာကိုကို ပြီးရင်အဲလက်ကပထမဆုံးသူစိမ်းဘဲ။
*ဟို..အဲလက်..*
*ကိုယ့်ကိုစဉ်းစားပေးနိုင်မလား..*
မှိုင်းညို့နေတဲ့အဲလက်ရဲ့မျက်ဝန်းတွေကသူ့ကိုအသနားခံနေတယ်။ဂျီမင် ချက်ချင်းဘဲမျက်နှာလွှဲလိုက်တယ်။အဲလက်ကို မိတ်ဆွေတယောက်လိုဘဲခင်နိုင်တယ်။ဒီထက်အဆင့်မပိုဘူး။
အဲလက်အမြင်မှာ သူ့အပြုမှုတွေက တမျိုးတမည်ဖြစ်နေလို့လား။သူကစိတ်ရင်းအမှန်နဲ့ဆက်ဆံတာလေ။
*ဂျီမင်...*
*မင့်မှာပြောစရာမရှိဘူး အဲလက်..*
*ဘာကိုဆိုလိုတာလဲ ဂျီမင်...*
*အဲလက်ကိုအစ်ကိုတယောက်လိုဘဲသဘောထားတာပါ...*
*အဲတွက် မင် စိတ်မကောင်းပါဘူး...*
ဂျီမင်စကားအဆုံးအဲလက်ဆီကခြောက်ကပ်ကပ်ရယ်သံတခုထွက်လာတယ်။မျှော်လင့်ထားပြီးသားဆိုပေမယ့် ချက်ချင်းကြီးအငြင်းခံရလိမ့်မယ်လို့တော့ သူမထင်ထားဘူး။
သူ့အပေါ်မှာနည်းနည်းလေးတောင်စိတ်ဝင်စားမှုမရှိဘူးလား။
*ချက်ချင်းကြီးငြင်းလိုက်ရလား ကိုယ်စိတ်မကောင်းဖြစ်သွားပီ..*
*မင် တောင်းပန်ပါတယ်.*
*ကိုယ်နားလည်ပါပီ။ ကြိုတင်မျှော်လင့်ထားပြီးသားအဖြေမို့ ကိုယ်ဖြေသာနိုင်ပါတယ်..*
*ဒါပေမယ့် ကိုယ့်ကိုတော့မမုန်းလိုက်ပါနဲ့...*
ချစ်သူဖြစ်ခွင့်မရရင်နေပါစေ။သူစိမ်းတွေပြန်ဖြစ်သွားမှာကိုတော့ သူကြောက်တယ်။ဒီအတိုင်းလေးဘဲ မိတ်ဆွေအဆင့်ကနေ တိတ်တခိုးချစ်နေပါ့မယ်။
*မင်ကအဲလက်ကိုဘာလို့မုန်းရမှာလဲ...*
*ချစ်ရေးဆိုလိုက်လို့လေ....*
*ဟင့်အင်း..မင် မမုန်းပါဘူး ရုတ်တရက်မို့အံ့ဩသွားတာပါ...*
*ကျေးဇူးတင်ပါတယ်။ကိုယ်ကဂျီမင် စိတ်ဆိုးပြီးမခေါ်တော့မှာကိုစိုးရိမ်နေတာ....*
*အဲလိုမလုပ်ပါဘူး နော်။အဲလက်ရဲ့အချစ်ကိုလက်မခံပေးနိုင်ပေမယ့် မိတ်ဆွေတယောက်လိုတော့ ခင်နိုင်ပါသေးတယ်...*
*တော်သေးတာပေါ့...*
သူကဘဲအနေထိုင်မတက်လို့ အဲလက် ဆီကချစ်ရေးဆိုတာခံရတာလားလို့ ခပ်တုံးတုံးတွေးမိသေးတယ်။သူ အဲလက်ကိုသဘောကျတာမှန်တယ်။ဒါပေမယ့် ချစ်လို့မရဘူး။သူ ချစ်တာက ကိုကိုတယောက်ထဲဘဲ..
*နောက်မှတွေ့ကြမယ် နော်..*
*ဟုတ်ကဲ့ပါ..*
အဲလက်ကအိမ်ရှေ့အထိသူ့ကိုလိုက်ပို့ပေးတယ်။အပြန်လမ်းမှာတော့ အသွားတုန်းကလိုမျိုးစကားဖောင်ဖွဲ့မနေတော့ဘူး ။နှစ်ယောက်လုံးက အနေခက်နေတာနဲ့ဘဲ ပတ်ဝန်းကျင်ကိုအာရုံလွှဲပြီး မသိချင်ယောင်ဆောင်ထားကြတယ်။
အဲလက်ကတော့ အပြုံးမပျက်ဘဲသူ့ကိုကားတံခါးလာဖွင့်ပေးရင်းခေါင်းကိုပုတ်လာတယ်။အမြဲလိုလိုဘဲသူ့ဆံပင်တွေကိုဆွဲဖွနေကျမို့ အထူးဆန်းတော့မဟုတ်ပေ။သိူ့ပေမယ့် အကြောင်းရင်းကိုသေသေချာချာမသိတဲ့လူတယောက်ကတော့ ထိုမြင်ကွင်းကိုတွေ့သွားတော့ တောက်တချက်ခတ်လိုက်ပြီး လှည့်ထွက်သွားတော့တယ်
*ကိစ္စရှိလို့လား အကိုဂျောင်ဂု...*
*ဂရေ့စ်ကလည်း ကိစ္စရှိမှတွေ့ရမှာလား...*
*အဲလိုမဟုတ်ပါဘူး ဂရေ့စ်က အံ့ဩသွားလိူ့ပါ....*
လက်ဖက်ရည်သောက်ရအောင်လားဆိုပြီးဖုန်းဆက်သွယ်လာတဲ့ အကိုဂျောင်ဂုစကားကြောင့် သူ(မ)မှင်သက်သွားခဲ့တယ်။သူ(မ)ကဘဲ အကိုဂျောင်ဂု အိမ်ကိုချောင်းပေါက်မတက်ဝင်ထွက်နေတာ။အကိုက တခါလေးမှသူ့ကိုဖော်ဖော်ရွေရွေနဲ့ မဆက်ဆံဘူးလေ။မကောင်းတက်လို့ ဧည့်ခံတဲ့သဘောဘဲရှိတာ။အခုတော့ ပြုံးချိုင့်ရေးရေးပေါ်တဲ့အထိ ပြုံးပြနေလိုက်တာများ သဘောကျလိုက်တာ။
အရင်ကစိတ်မဝင်စားဘူးလို့ပြောမိတာမှားသွားပြီထင်တယ်။အကိုဂျောင်ဂုက တစိမ့်စိမ့်ကြည့်လေ ရင်ခုန်စရာကောင်းလေဘဲ...
*ဒါနဲ့ အရာရှိရောနေကောင်းတယ်မလား အကိုနဲ့မတွေ့ဖြစ်တော့လို့..*
*ဟုတ်ကဲ့ ဖေဖေက ရှေ့တပတ်ကဘဲနယ်ဘက်ကိုခဏသွားတယ် အကို..*
*ဟုတ်လား...*
ဘာအကြောင်းပြောလို့ ဘာစကားဆိုရမလဲ ဂျောင်ဂု မသိဘူး။အမှန်တော့ ဂရေ့စ် နဲ့တွေ့ဖို့အစီစဉ်လည်းမရှိဘူးလေ။ဒါပေမယ့် လွန်ခဲ့တဲ့ရက်ပိုင်းလောက်က မင်နဲ့အဲလက်စတာ တို့ရယ်ရယ်မောမောနဲ့စကားလက်ဆုံကြနေတာကို တွေ့ပြီး စိတ်ဆိုးမိတယ်။
အဲလက်နဲ့အခေါ်ပြောမလုပ်ပါနဲ့လို့ သေချာမှာထားရက်နဲ့ ကလေးငယ်ကသူ့စကားကိုနားမထောင်ဘူးလေ။ဆိုးလိုက်တာ။ကလေးငယ်ကအရမ်းဆိုးလာတယ်။
သူ့ကိုလည်းမကြောက်တော့ဘူး။တခါတလေ ဆူမိရင်လည်းတခွန်းမကျန်ပြန်ပြောတက်သေးတာ။ဘယ်သူအားကိုးနဲ့ဒီလောက်ထိစွာတက်သွားရလဲမသိဘူး။ဒါမှမဟုတ် အဲလက်ကဘဲ မြှောက်ပေးနေတာလား။
သူစိမ်းစကားဆိုအမြဲပယ်ရှားတက်တဲ့ကလေးငယ်ကအခုမှချက်ချင်းကြီးပြောင်းလဲသွားတာလေ။စဉ်းစားစရာဘဲ။ဒါကြောင့် သူလည်း ဂရေ့စ် ကိုအကြောင်းပြချက်ပေးပြီးတွေ့ဖို့လုပ်လိုက်တာ။ဒီမြင်ကွင်းကို ကလေးငယ်တွေ့ရင် ဘယ်လိုတုန့်ပြန်မလဲ သူသိချင်တယ်
*အကို ဂျောင်ဂု.!*
*ဟင်.!ဘာပြောလိုက်တာလဲ ဂရေ့စ်..*
*ဘာတွေစဉ်းစားနေလို့ ခေါ်တာမကြားရတာလဲ..*
*မြို့တော်အကြောင်းတွေးမိသွားလို့ပါ..*
နှုတ်ခမ်းဆူလာတဲ့ ဂရေ့စ် ကြောင့်ဂျောင်ဂုလည်းပြီးစလွယ်ဘဲဖြေပေးလိုက်သည်။သူ့စကားကိုယုံသွားတဲ့ ဂရေ့စ်က ခေါင်းတချက်ငြိမ့်ပြကာ လက်ဖက်ရည်ပူပူတခွက်ကိုဇိမ်ခံသောက်နေသည်။
*ဒါနဲ့ ဂရေ့စ် ပြောတာဘာလဲ...*
*အာ..ဟိုအနောက်ကနှင်းဆီခင်းထဲကိုသွားလို့ရလားလို့ မေးတာပါ..*
*အဲတာက....*
အိမ်မကြီးရဲ့အနောက်ဘက်ကရောင်စုံပန်းခင်းကြီးကို ဂရေ့စ် ကလက်ညှိုးထိုးပြရင်းမေးလာတယ်။အဲတာ ကလေးငယ်ပိုင်တာလေ။သူကလွဲရင် ကျန်တဲ့သူတွေထိခွင့်မရှိတဲ့ ပန်းခင်းပေါ့။ကလေးငယ်ဆီကခွင့်ပြုချက်မရဘဲနဲ့လည်း ဘယ်သူကမှ ဇွတ်တရွတ်မလုပ်ရဲဘူးလေ။
ကျန်တာတွေကိုကလေးငယ်က နားလည်ပေးပေမယ့် ပန်းခင်းနဲ့ပန်းချီကားတွေကိုတော့ အသည်းခိုက်မတက်မြတ်နိုးတန်ဖိုးထားတယ်။
*ဟင်..သွားလို့ရလားလို့...*
*အင်း ရပါတယ်..*
*တကယ်လား..*
*ဒါပေါ့...*
သူအပြစ်လုပ်လိုက်မိပြီ။ကလေးငယ်မကြိုက်မှန်းသိရက်နဲ့ မထိသင့်တဲ့အရာကိုထိခွင့်ပေးလိုက်ပြီ။ဒါပေမယ့် သူ့စကားကိုနာမထောငိတဲ့ ကလေးကို ဒီနည်းနဲ့အပြစ်ပေးမယ်လေ။
ဒါမှနောက်တခါမလုပ်ရဲမှာ။အခုလည်း သူ့ကိုစကားမပြောတာရက်တချို့ရှိပြီ။ေတွ့လိုက်တိုင်းရှောင်ဖယ် ရှောင်ဖယ်နဲ့။သူလည်းမချော့တော့ဘူး။မှတ်သားလောက်အောင်ပစ်ထားမယ်လို့တွေးထားပေမယ့် တကယ်တမ်းကျမနေနိုင်ဘူးလေ။
*အတူတူသွားကြမယ်လေ..*
*အင်း..*
ဂရေ့စ်ကသွားထပ်သေးသေးလေးပေါ်သည်အထိပြုံးရယ်ပြလိုက်သည်။အကို့အိမ်ကိုစေရာက်ကတည်းကအဲဒီပန်းခင်းကြီးဆီသွားချင်နေတာ။အရမ်းလှလွန်းလို့ သူ(မ)မှာအိမ်မက်ထဲထည့်မက်တဲ့အထိဘဲ
*မွှေးလိုက်တာ....!*
ပန်းခင်းနားမရောက်ခင်ကတည်းကပန်းပေါင်းစုံရနံ့တွေကလေအဝေ့မှာပျံ့လွင့်လာခဲ့တယ်
သူ(မ)စိတ်ထဲ နှင်းဆီတမ်ျုးဘဲစိုက်ထားတာလို့ ထင်နေတာ။မဟုတ်ဘူးဘဲ။ပန်းပေါင်းစုံနဲ့ အမျိုးစားစုံလင်လှတဲ့ ပန်းခင်းကြီးကအတော်လေးကိုကျယ်ဝန်းတယ်။နောက်ပြီး ခြေတံရှည်သစ်သားအိမ်တလုံးလည်းရှိတယ်။
ဒါကဂျီမင် နေတာဖြစ်မယ်။မိုက်လိုက်တာ ဂျီမင်ကတော့နေ့တိုင်းပန်းရနံ့သင်းသင်းလေးနဲ့အိပ်စက်ရမှာ။သူ(မ)သိပ်သဘောကျတာဘဲ။
*ဒါတွေကိုဘယ်သူစိုက်ထားတာလည်း အကို...*
*ကလေးငယ်လေ...*
*ဂျီမင် စိုက်ထားတာ..*
*အင်း ကလေးငယ်ကပန်းပင်စိုက်ရတာဝါသနာပါတယ်လေ။ဈေးထဲကနေပျိုးပင်တွေဝယ်ပြီးတယောက်ထဲစိုက်ထားတာ...*
*တော်လိုက်တာ..*
သူ(မ)စိတ်ရင်းအမှန်နဲ့ချီးကျူးလိုက်တာ။ဒီလိုလည်းဂျီမင်ကလုပ်တက်တာဘဲလား။သူ(မ)က အလှကြည့်တာဖို့တက်တာ မစိုက်တက်ဘူး။ဂျီမင် လောက်တောင်အဖြစ်မရှိတဲ့ ကိုယ့်ကိုကို တွေးမိရငိး ရယ်လိုက်သည်။
*တစ်ပွင့်လောက်ခူးလို့ရမလား...*
*ဂရေ့စ် လိုချင်လို့လား..*
*ဟုတ်..*
ပေးကြည့်တာနဲ့တင် သူကျောချမ်းနေတာ။ပေးခူးလိုက်လို့ ကလေးငယ်တွေ့သွားရင် မိုးမီးလောင်မှာလေ။သူ သိတယ်။အားလုံးသိတယ်။ဒါပေမယ့် ခွင့်ပြုပေးလိုက်ပြန်တယ်
*ဒါဆိုလည်း ခူးလေ...*
*အနီလေးကရဲပြီးစိုနေတာဘဲ..*
အဖူးငုံငုံလေးသာရှိသေးတဲ့နှင်းဆီအနီလေးက သူ(မ)မျက်လုံးထဲအေတာ်ေလးကိုလှတယ်။နှင်းရေစက်တွေတွဲခိုနေတဲ့ ပွင့်ဖတ်လေးကိုလက်ဖြင့်ဖွဖွလေးထိလိုက်တယ်။ခူးရက်စရာမရှိဘူး။
ပန်းဆိုတာအပင်မှာထားမှ ပိုလှတာမဟုတ်လား။ခူးလိုက်ရင် ခဏလေးနဲ့နွမ်းဖတ်သွားမှာလေ
*မထိနဲ့.!*
အဆူးပါတဲ့အရိုးတံတုတ်တုတ်လေးကိုလက်နဲ့ထိလိုက်တာနဲ့ဆစ်ခနဲဆိုပြီးဖြစ်သွားတယ်။နှင်းဆီကလှတာမှန်တယ်။ဒါပေမယ့်သူ့မှာအဆူးတွေ ဝိုင်းရံထားလို့တယုတရလေးခူးမှရမှာ
ညှပ်ဖြတ်စရာကပ်ကြေးကလည်းအနီးနားမှာမရှိလို့ ဘယ်လိုခူးရမလဲဆိုတာ သူ(မ)စဉ်းစားနေတုန်းမှာ အနောက်ဘက်ကနေစူးရှတဲ့အော်သံကြောင့် နှင်းဆီအရိုးကိုယောင်ရမ်းစွာနဲ့ဆုတ်ကိုင်မိသွားတော့ အဆူးတွေကလက်ဖဝါးနုနုလေးဆီထိုးစိုက်သွားတယ်။အဆိပ်တက်သွားသလိုမျိုးဘဲ တချက်တော့အောင့်သွားတာပေါ့။သွေးနီနီတွေကလည်းသူ(မ)လက်ဖဝါးပြင်ထက်စို့နစ်လာတယ်။
*ကိုကို...!*
*ဘာလို့ မင့်ပန်းတွေကိုပေးကိုင်တာလဲ.!*
ဂရေ့စ်နဲ့အတူ ဂျောင်ဂုသည်လည်းထိုအော်သံကြောင့်ကျောပြင်လေးမတ်သွားခဲ့တယ်။ဒါက အိမ်ကအဆိုးဆာလေးရဲ့အသံမဟုတ်လား။ဒါပေမယ့် မသိချင်ယောင်ဆောင်ကာ ဂရေ့စ် လက်ကိုအသာလေးဆွဲယူလိုက်ပြီး သွေးထွက်နေတာကို စိတ်ပူဟန်ဖြင့် လက််နဲ့ဖိကပ်ပေးလိုက်သည်
*အရမ်းနာသွားလား..*
*သိပ်မနာပါဘူး .လန့်သွားလို့ကိုင်မိသွားတာပါ.*
*သွေးစို့နေတယ် အိမ်ထဲမှာဆေးဝင်ထည့်ရအောင် နော်..*
*ဟုတ်ကဲ့..*
သူမေးတာကိုပြန်မဖြေတဲ့အပြင် တချက်လေးဘဲလှည့်ကြည့်ပြီး ဂရေ့စ်ကိုဂရုစိုက်နေတဲ့ ကိုကို ကြောင့် ဂျီမင် ဒေါသမျက်ရည်ဝဲမိသည်။သူ့ပိုင်တဲ့ပစ္စည်းကိုလည်းခွင့်ပြုချက်မရဘဲထိသေးတယ်။သူ့ကိုလည်းလျစ်လျူရှုသေးတယ်။စိတ်တိုဖို့ကောင်းလိုက်တာ
*မင် မေးတာကိုမဖြေရသေးဘူး နော်.!*
*ပန်းလေးတပွင့်ခူးမိတာ ဘာဖြစ်လို့လဲ မင်...*
ကိုကိုက,ကလေးငယ်လို့တောင်မခေါ်တော့ဘူး။သူ့ကိုမျက်မှောင်ကျုတ်ကာ စိုက်ကြည့်နေတဲ့ကိုကို ကဘာဖြစ်ချင်နေတာလဲ။စကားမပြောဖြစ်တဲ့ရက်တွေမှာ ဘာလို့အခုလိုမျိုးပြောင်းလဲသွားရတာလဲ။မေးခွန်းတွေများနေပေမယ့် လက်တွေ့မှာပေါ့ မျက်ရည်ကြည်တွေကပါးပြင်နုနုလေးထက်ကိုတသွင်သွင်စီးကျလာတော့တယ်။
*မင် ဆီကခွင့်တောင်းလေ.!လိုချင်ရင် ပိုင်ရှင်ဆီကတောင်းပေါ့.!*
*အခုလို ခူးချင်တိုင်းခူးလို့မရဘူး.!*
*ဘာဖြစ်လို့လဲ ဒီနှင်းဆီခင်းကို, ကိုကိုလည်းပိုင်တယ်လေ..*
*မပိုင်ဘူး.!ဘယ်သူမှမပိုင်ဘူး! မင် စိုက်ထားတာ မင် ကပိုင်ရှင်..!*
ဒေါသတကြီးအော်ဟစ်နေတဲ့ဂျီမင် ကြောင့်ဂျောင်ဂု စိတ်ကိုလျော့ချလိုက်တော့တယ်။သူ ကလေးငယ်ကိုငိုအောင်လုပ်မိပြီ။ချော့ချင်ပေမယ့် အဲလက်နဲ့မြင်ကွင်းက ခေါင်းထဲတရိပ်ရိပ်ပေါ်လာတာကြောင့် ခပ်ပြုံးပြုံးလေးနဲ့ဘဲ ကလေးအနားကိုတိုးကပ်သွားသည်။ခြံထဲက အလုပ်သမားတွေကလည်း ခေါင်းမဖော်ဘဲ လုပ်စရာရှိတာဆက်လုပ်နေကြသည်။
အကိုလေးဂျီမင်ကို အခုစိတ်ဆိုးတာမမြင်ဖူးဘူးလေ။အမြဲတမ်းပြုံးရယ်နေတက်တဲ့ အကိုလေးက သူပိုင်တယ်လို့သတ်မှတ်ထားတဲ့အရာတွေကိုတော့ မျက်လုံးနဲ့စွေပြီးကြည့်တာတောင် မကြိုက်ဘူး။
ဒါကိုအကိုလေးဂျောင်ဂုကသိသိကြီးနဲ့တမင်တကာလုပ်တာဖြစ်မယ်။ဂရေ့စ် ဆိုတဲ့မိန်းကလေးကတော့ မလှုပ်မယှက်ဘဲ ရပ်မြဲတိုင်းရပ်နေတယ်။အလိုက်တသိရှောင်ပေးလိုက်ပေါ့။ဒါမှ အကိုလေးဂျီမင်ကိုချော့လို့ရမှာ
*အလိုလိုက်ထားလို့ အရမ်းဆိုးနေပါလား ဟင်..*
*ဧည့်သည်ရှေ့မှာ ဒီအပြုမှုကရိုင်းတယ်ဆိုတာသိတယ်မလား..*
*ဒါဆို အစကတည်းက မင့်ပန်းတွေပိုမထိနဲ့ပေါ့...!*
*ပြောနေရင်းဘာလို့ထအော်တာလဲ.!ကိုကိုကဆုံးမနေရင် နာခံရမယ်လေ...*
ဂျောင်ဂုကတခါမှမပြောဖူးတဲ့လေသံနဲ့အော်လိုက်တော့ ဂျီမင် ကိုယ်လေးတုန်တက်သွားတယ်။အခုကိုကိုကသူ့ကိုအော်လိုက်တာလား။ဂရေ့စ် ရှေ့မှာလေ။လေသံမာမာနဲ့တောင်မပြောဖူးတဲ့ကိုကိုက ပန်းပေးမခူးလို့အော်တယ်တဲ့
*ကိုကို့ ကိုမုန်းတယ်.!*
*ကလေး..ကလေးငယ်..*
*လိုက်မလာနဲ့.! မုန်းဖို့ကောင်းတဲ့ ကိုကို.!*
တကယ်တမ်းသူလိုချင်တာက ဒီလိုမဟုတ်ဘူးလေ။သူ့စကားကိုနားထောင်ပြီး သူ့ရင်ခွင်ထဲဝင်လာချွဲမယ့် ကလေးငယ်ကိုလိုချင်တာ။အခု ကလေးငယ်ကမုန်းတယ်ဆိုပြီးအော်သွားကာ ခြံပြင်ကိုငိုယိုပြီးပြေးထွက်သွားတယ်။
အောင့်တက်လာတဲ့ရင်ဘက်ကိုလက်နဲ့ဖိရင်း အသက်ကိုဝဝရူလိုက်တယ်။မဟုတ်ဘူး။သူ့ကို ကလေးငယ်မုန်းလို့မရဘူး။ငယ်ငယ်လေးကတည်းကချစ်တယ်ဆိုတဲ့စကားတခွန်းနဲ့ဘဲနေသားကျလာတော့ ဒီစကားကအဆိပ်လူးမြားလိုဘဲ သူ့ရင်ကိုသွေးစိမ်းရှင်ရှင်ထွက်စေတယ်။ဒီတခါလည်း ကလေးငယ်ကိုအလျော့ပေးရသူက ဂျောင်ဂုပါဘဲ။သူကအမြဲတမ်းကျရှုံးပေးရတဲ့သူလေ။ကလေးငယ် အတွက်ပေါ့
*အကို လိုက်သွားအုန်းမယ်။ဂရေ့စ် ကအိမ်ထဲကအလုပ်သမားတယောက်ကိုဆေးထည့်ခိုင်းလိုက်နော်..*
*ဂရေ့စ် အဆင်ပြေပါတယ်။ဂျီမင် အနောက်ကိုဘဲလိုက်သွားပါ..သူအတော်လေးစိတ်ဆိုးသွားတယ်..*
*အင်း..*
ခြေလှမ်းအကျဲကြီးနဲ့ထွက်သွားတဲ့ အကိုဂျောင်ဂု ကိုကြည့်ပြီး သူ(မ)ပြုံးလိုက်မိတယ်။တကယ်ဘဲ ဂျီမင် အပေါ်မှာအကိုကညီအကိုထက်ပိုနေတာဘဲ။သူ(မ)ကိုဟန်ဆောင်ဂရုစိုက်နေပေမယ့် ဂျီမင် မျက်နှာလေးမဲ့ကျသွားတာကိုမြင်တော့ ချက်ချင်းဘဲ လက်ကိုလွှတ်ချလိုက်တာလေ။
နောက်ပြီး သူ(မ)လည်းဂျီမင်ကိုတောင်းပန်မှဖြစ်မယ်။ခွင့်ပြုချက်မရဘဲ ခူးမိသွားလို့ အပြစ်ရှိတယ်မဟုတ်လား။ဒီလောက်ထိစိတ်ဆိုးသွားမ်ိမှန်းမသိလို့ပါ
_____
အား.!
*မုန်းတယ်.!မုန်းတယ်.!အားလုံးကိုမုန်းတယ်.!*
အမြဲတမ်းထိန်းချုပ်ထားတဲ့စိတ်အဆင်ကအခုတော့ မီးတောင်တခုလိုဘဲ။ချော်ရည်ပူတွေကျဆင်းလာပြီး မကြာခင်ဆိုပေါက်ကွဲထွက်တော့မှာလေ။သူ တအားစိတ်တိုနေတယ်။
မျက်ရည်ကြည်တွေကလည်းအဆက်မပြတ်ကျဆင်းလာပြီး အသားတွေလည်းတဆက်ဆက်တုန်နေတယ်။တခါမှလည်းဒီလိုမဖြစ်ဖူးတော့ ဒေါသကိုဘယ်လိုဖြေလျော့ရမလဲဆိုတာ သူမသိဘူး။ရင်ထဲတင်းကျပ်ကျပ်နဲ့ အသက်ရှုလို့လည်းမဝတော့ဘူး။စို့နစ်လာတဲ့ အသံကလည်ချောင်းဝမှာတစ်နေတယ်။
ဘာလုပ်ရမလဲ။သူ ဘာလုပ်မှေဒါသကပျောက်သွားမှာလဲ။ကိုယ့်ကိုကိုယ်နာကျင်အောင်အပြစ်ပေးသင့်လား။ဒါမှမဟုတ် .ကြာကန်ထဲကိုခုန်ချသင့်လား။
သူဘာတွေတွေးမိနေသလဲဆိုတာ သူကိုယ်တိုင်တောင်မသိဘူး။စိတ်လွတ်နေသူတယောက်လိုဘဲ မျက်လုံးကလည်းအငြိမ်မနေတော့ဘဲ တောင်ကြည့်မြောက်ကြည့်နဲ့ လှည့်ပတ်နေတော့တယ်။
*ကိုကိုကငါ့ကိုအော်တယ်.!*
*ကိုကိုကငါ့ကိုမချစ်တော့ဘူး.!*
*ကိုကိုကငါ့အပိုင်လေ.!*
*ပန်းခင်းကိုလည်းငါဘဲပိုင်တာ.!*
*အားလုံးကို ငါပိုင်တယ်.!*
ကလေးတယောက်လိုတိုင်တည်ရင်း ရှိုက်ငင်သံတွေကျယ်လောင်လာတဲ့အထိငိုချလိုက်တော့တယ်။သူပြောတာဘာမှားလို့လဲ။သူစိုက်ထားတာ လေ သူမပိုင်ရင်ဘယ်သူပိုင်လဲ။ဒါက တန်ဖိုးကြီးတဲ့ပစ္စည်းမဟုတ်ဘူးလို့တော့ လာမပြောနဲ့နော်။
သူ့အတွက်တော့အရေးကြီးတယ်။နောက်ပြီး သူကအစွဲလမ်းကြီးတဲ့သူတယောက်။သူ့အပိုင်လို့သတ်မှတ်ထားပြီးရင် မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခွင့်မပေးဘူး။
*ကလေးငယ်...*
ငိုလို့မောသွားတော့မှ ကြာကန်ကြီး၏အရှေ့မှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်တယ်။ပျော့ေခွသွားတဲ့ ခန္ဓာကိုယ်ကအားတွေဆုတ်ယုတ်သွားသလိုဘဲ။
ပါးပြင်ပေါ်ကမျက်ရည်စတွေကိုအင်္ကျီစလေးဖြင့်သုတ်နေတုန်းမှာအနောက်ပါးဆီကနေ တုန်ရီမောဟိုက်နေတဲ့ခေါ်သံကိုကြားလိုက်တယ်။နှစ်ယောက်မရှိတဲ့ သူ့ရဲ့ကိုကိုလေ။ဘာလာလုပ်တာလဲ။မတွေ့ချင်ပါဘူးဆိုတာကို ဘယ်သူကပြောပြလိုက်တာလဲ။
မြေကြီးပေါ်မှာဖင်ထိုင်ချလိုက်ပြီး ခေါင်းကိုငုံ့ကာ ဂျီမင်က မကြားချင်ယောင်ဆောင်လိုက်တယ်။
*ကလေးငယ်..*
*မခေါ်နဲ့.!*
*ကိုကို တောင်းပန်ပါတယ်..*
*သွား.!မလာနဲ့.!*
ကလေးငယ်အနားကိုအပြေးသွားပြီးလေသံတိုးတိုးလေးနဲ့ချော့မြူလိုက်တော့ နီရဲနေတဲ့မျက်ဝန်းကျဉ်းကျဉ်းလေးက သူ့ကိုစူးစိုက်ကြည့်လာတယ်။
အလုပ်သမားတယောက်က အကိုလေးဂျိီမင် အနောက်ဘက်ကိုပြေးသွားတယ်ဆိုလို့ သူ့မှာခြေသုတ်တင်ပြီးလာခဲ့ရတာ။တခြားနေရာတော့မဟုတ်ဘူး။သူနဲ့အမြဲလာနေကြ ကြာကန်ဆီကိုလေ။တော်သေးတာပေါ့။တခြားနေရာကိုထွက်မသွားတာ။ရှာလို့မတွေ့ခဲ့ရင် သူဘဲအရင်ဆုံးရူးမှာ။
နောက်ဘယ်သောအခါမှလည်း ဒီလိုမျိုးထပ်မဖြစ်စေရဘူးလို့ ကိုယ့်ကိုကိုဆုံးမလိုက်တယ်။ကလေးငယ် ကိုအကျိုးကြောင်းမေးသင့်တာကို။သူ ဘာတွေလုပ်မိသွားတာလဲ။
*ကိုကို တောင်းပန်ပါတယ် ကလေးရယ်.*
*မလာနဲ့ဆို.!*
*အဲလိုမလုပ်ပါနဲ့ ကလေးငယ်စိတ်ကျေနပ်အောင် ကိုကို့ ကိုရိုက်လိုက်နော်..*
*အခုလိုမ်ျုးတော့မနေပါနဲ့..*
*ကိုကို့ကိုမုန်းတယ်.!*
*ဟင့်အင်း..မမုန်းလိုက်ပါနဲ့ ကလေးရယ်။ကိုကို ဒူးထောက်တောင်းပန်ပါ့မယ် ..*
*ကေလးငယ် မုန်းရင် ကိုကိုသေလိမ့်မယ်....*
ဂျောင်ဂုက ဂျီမင်အရှေ့မှာဆောင့်ကြောင့်ေလးထိုင်လိုက်ပြီးရင်ခွင်ထဲထည့်ဖတ်လိုက်တော့ လက်သေးသေးလေးဖြင့်ထုရိုက်တော့သည်။
*မဖတ်နဲ့...!*
*ချစ်တယ် ကလေးငယ်....*
ငိုရင်းမဆက်မပြတ်ထုရိုက်နေတဲ့ဂျီမင်လက်လေးက လေပေါ်မှာရပ်တန့်သွားတယ်။မျက်ရည်တွေအိုင်ထွန်းနေတဲ့မျက်ဝန်းကျဉ်းကျဉ်းလေးနဲ့မော့ကြည့်လိုက်တော့ ကိုကိုက ခေါင်းခါပြတယ်။မငိုနဲ့ဆိုတဲ့သဘော....
*အရမ်းချစ်.တယ် ကလေးငယ်..*
*ကို.ကို...*
*တောင်းပန်ပါတယ် ကလေးငယ်။ကိုကို တောင်းပန်ပါတယ်။အော်ဖို့မရည်ရွယ်ပါဘူး..*
*ကိုကို့မှာအပစ်ရှိတာသိပါတယ်။ကိုကို့ ကိုရိုက်လိုက်နော်။ဒါပေမယ့် မမုန်းလိုက်ပါနဲ့ ကလေးရယ်...*
*ကိုကို..!*
တင်းခံထားတဲ့စိတ်ကကြာရှည်မခံပါဘူး ။အရည်ပျော်ကြလာတာဘဲ။သူ လည်းအကြာကြီးမနေနိုင်ဘူးလေ။မုန်းတယ်လို့ပြောခဲ့တာကလည်း သူ့ပစ္စည်းကိုထိလို့ စိတ်တိုပြီးပြောခဲ့တာ။
ကိုကိုကသူ့ပါးပြင်ပေါ်ကမျက်ရည်စီးကြောင်းလေးကိုလက်မဖြင့်ပွတ်ဆွဲပြီးသုတ်ပေးလာတယ်။ပြီးနောက် နဖူးပြင်ကိုခပ်ကြာကြာလေးဖိကပ်ပြီးအနမ်းပေးတယ်။
*တောင်းပန်ပါတယ် ကိုကို့ကြောင့် ကလေးငယ်ငိုရပီ..*
*ကိုကိုမကောင်းဘူး..!*
*ဟုတ်တယ် ကိုကိုကအရမ်းဆိုးတာဘဲ .နော်..*
*အင့်ဟာ!အင့်ဟာ.!မကောင်းတဲ့ ကိုကို..*
လက်မောင်းသားကိုလက်သီးသေးသေးလေးနဲ့ထိုးလာတော့ မနာတက်တဲ့ဂျောင်ဂု ကခပ်တိုးတိုးလေးရယ်လိုက်သည်။ကလေးငယ်ကတော့ သူ့ကိုမျက်စောင်းတခဲခဲနဲ့ကြည့်နေတယ်။မနေနိုင်လို့ ပါးဖောင်းဖောင်းကိုဆွဲညှစ်လိုက်တော့ ပြုံးရိပ်လေးသန်းလာတယ်။ထိုမှသာ သူစိတ်အေးသွားတော့တယ်။တော်သေးတာပေါ့။ကလေးငယ်က သူ့ကိုအကြာကြီးမပစ်ထားလို့..
*လက်လေးနာသွားအုန်းမယ်..*
*နာပါစေ..*
*အရမ်းတွေစွာနေတယ် နော်..*
*ဘာဖြစ်လဲ..*
*ဘာမှမဖြစ်ပါဘူး ချစ်စရာကောင်းတယ်..*
*ဟွန့်.!အပိုတွေ....*
*တကယ်ပြောတာ..*
*သွားပါ.!အခုမှ..*
*ဟော..ဒါကစိတ်ပြန်ကောက်သွားတာလား...*
ဘာကိုအလိုမကျပြန်ဖြစ်သွားလဲမသိဘူး ။နှုတ်ခမ်းဖူးဖူးလေးကိုဆူထော်ထားလိုက်တာများ ကြာကန်ကြီးကိုတောင်ထိုးမိတော့မယ်။ဂျောင်ဂုမှာစိတ်ထဲမှာလည်းအတင်းပြောနေပေမယ့် တကယ်တမ်းကျ အသည်းတယားယားဖြစ်နေတယ်။
သူ့ကိုမကြည့်တော့ဘဲ မျက်နှာလွှဲထားတဲ့ကလေးငယ်ရဲ့ဆံနွယ်လေးကိုအသာလေးသတ်တင်ပေးလိုက်တော့တွေတွေလေးလှည့်ကြည်လာတယ်။
*ကိုကိုချော့နေတယ်လေ ကလေးငယ်။ဘာလို့စိတ်ဆိုးမပြေသေးတာလဲ..*
*ဟွန့်.!..*
*လာပါအုန်း ကိုကိုဖတ်ထားချင်လို့...*
လက်နှစ်ဖက်ကိုဆန့်တန်းပေးလိုက်တော့ မဆိုင်းမတွဘဲရင်ခွင်အကျယ်ကြီးထဲကိုတိုးဝင်လာတယ်။လည်တိုင်ကို လက်နှစ်ဖက်ဖြင့်ဖတ်ထားပြီး ပါပီလေးလိုခေါင်းလေးတိုးဝှေ့လာတဲ့ကလေးငယ်က တချက်တချက်ဆိုသလိုရှိုက်ငင်သံကထွက်လာေသးတယ်
*ငိုအောင်လုပ်မိလို့ေရာ ၊ေအာ်လိုက်လို့ေရာ ကိုကို တောင်းပန်တယ် နော်...*
*ဘာလို့အော်တာလဲ..*
လည်တိုင်ကြားကိုမျက်နှာအပ်ထားတဲ့ကလေးငယ်က ခပ်စွာစွာလေးပြန်မေးလာတယ်။ကလေးငယ်ရဲ့ အသက်ရှုသံဝင်လေထွက်လေနွေးနွေးလေးကသူ့လည်တိုင်ကိုရိုက်ခက်လာတော့လက်တွေက ယောင်ယမ်းစွာနဲ့ ကလေးငယ်ရဲ့ခါးသိမ်သိမ်လေးကိုဖျစ်ညှစ်မိသွားတယ်။
ကိုကိုကအဲလောက်ထိသမာဓိအားမကောင်းဘူးလေ ကလေးငယ်။ချစ်တဲ့စိတ်ကုိအတက်နိုင်ဆုံး ထိန်းချုပ်ထားပေမယ့် အလိုက်မသိနဲ့နှလုံးသားက ဒီအထိတွေ့ကိုသဘောကျနေလေရဲ့။
*ကိုကိုလည်းဘာလို့အော်လိုက်မိမှန်းမသိလိုက်ဘူး။သတိတချက်လွတ်သွားလို့ပါ...*
*ညာနေတာ...!*
*တကယ်ပြောတာပါ...ကလေးငယ်ယုံအောင်ဘယ်လိုသက်သေပြရမလဲ...*
*အဲပန်းခင်းက မင်ပိုင်တာလေ.မင့်ဆီကခွင့်ပြုချက်တောင်းသင့်တယ်မဟုတ်လား ။အပင်တပင်ဖြစ်ေအာင် မင် ဘယ်လိုတွေပြုစုခဲ့ရသလဲဆိုတာ ကိုကို မသိခဲ့လို့လား ။ပန်းတပွင့်လည်း တပွင့်အလျောက် မင့်အတွက်တန်ဖိုးရှိတယ်...*
*ကိုကို သိပါတယ်။ကလေးငယ်ကိုစိတ်ထိအောင် ကိုကိုက တမင်သက်သက်ပြောလိုက်တာမဟုတ်ပါဘူး...*
*ဂရေ့စ် ကလိုချင်တယ်ဆိုလို့ ကိုကိုကခူးခွင့်ပေးလိုက်တာပါ ။စိတ်မဆိုးပါနဲ့နော်...*
*ကိုကိုထပ်ပြီးတောင်းပန်ပါတယ်...*
*မတောင်းပန်တော့!နောက်တခါဆိုရင်..!*
*နောက်တခါလုံးဝမဖြစ်စေရပါဘူး။လုံးဝမှ လုံးဝဘဲ။ကိုကို ကတိပေးတယ်....*
*ပြီးေရာ..!..*
ေပြာချင်တာကို ပြောလိုက်ရတော့ ဂျီမင်ရင်ထဲအနည်းငယ်ပေါ့ပါးသွားတယ်။ကိုကို မသိလို့လုပ်လိုက်တာပါလို့ ဖြည့်တွေးပေးရင်း ဘာမှမဖြစ်သလိုနေလိုက်တော့တယ်။သူ ရန်ဖြစ်စကားများတာကို မကြိုက်ဘူးလေ။အေးအေးချမ်းချမ်းဘဲနေချင်တယ်။
*ချစ်လား..*
*ဟင်.!*
*ကိုကို့ကိုချစ်လားလို့..*
*အင်း....*
စိတ်မကြည်တဲ့ကလေးငယ်ဆီက ဆူအောင့်အောင့်ဖြေသံလေးကြောင့် ဂျောင်ဂု နှုတ်ခမ်းပါးလေးကွေးညွှတ်သည်အထိပြုံးလိုက်သည်
တသုန်သုန်တိုက်ခတ်နေတဲ့လေကြောင့် ကလေးငယ်ရဲ့ဆံနွယ်တွေကနဖူးပြင်ထက်လွန့်လူးနေတော့သည်။မျက်စိရှေ့ကိုကျလာတဲ့ ဆံပင်တွေကို ကလေးငယ်ကစိတ်မရှည်ဟန်ဖြင့် လက်နဲ့သတ်လိုက်နေသည်။
သူ့ရင်ခွင်ထဲကနေထွက်လိုက်ပြီး ဘေးချပ်ကပ်အတူတူယှဉ်တွဲထိုင်လိုက်သည်။ကလေးငယ်ရဲ့ လက်ဖဝါးလေးကိုသူ့လက်မလေးနဲ့အသာယာပွတ်သတ်ပေးလိုက်တော့ သဘောကျနေတဲ့ကလေးငယ်က ပိုပြီးပြုံးလာသည်။
*ဒါနဲ့ ဂရေ့စ် ကိုဆေးထည့်ပေးခဲ့လား..*
*မထည့်ပေးခဲ့ဘူး ဘာလို့လဲ..*
*ကိုကိုကအရမ်းစိတ်ပူနေလို့လေ။အိမ်ထဲထိများ ချီခေါ်သွားလားလို့...*
*ပေါက်ကရ ကလေးရယ်။ကိုကိုကအဲလိုလုပ်စရာလား...*
*ဘယ်သိမလဲ..!*
*ပြောတယ်ချစ်တယ်ဆို..ဒီအကြောင်းတွေထပ်မဖော်ရအောင် နော်...*
*ဘာလို့လဲ ဂရေ့စ် အရှေ့မှာတောင်အော်သေးတာဘဲ..*
*ကလေးငယ်ကလည်းအဲလိုကြီးတေးမှတ်မထားနဲ့လေ။စိတ်မဆိုးတော့ဘူးဆို..*
ငြိမ်သွားလို့စိတ်ဆိုးပြေသွားပြီထင်နေတာ မဟုတ်ဘူးဘဲ။ပြန်စဉ်းစားပြီးဝမ်းနည်းနေတာထင်တယ်။
ရုတ်တရက်ကြီးဂရေ့စ် အကြောင်းထပြောလာတော့ သူလည်းဘယ်လိုဖြေရှင်းချက်ပေးရမလဲဆိုတာခေါင်းခဲနေတယ်။ဟန်ဆောင်ဂရုစိုက်ပြလိုက်တာပါ။ကလေးငယ်ကိုအဲလက်နဲ့ သဝန်တိုသလိုမျိုး သူလည်းဂရေ့စ် နဲ့အဲလိုနေရင် ဘယ်လိုတုန့်ပြန်မလဲဆိုတာသိချင်လို့လေ။မဟုတ်မှ ကလေးကသူ့ကို....
*သဝန်တိုနေတာလား.*
*ဟုတ်တယ်..!*
*ဟင်..*
*သဝန်တိုနေတာဟုတ်တယ်လို့။ကိုကိုက မင့်အပိုင်..။ဂရေ့စ်နဲ့အဲလိုမနေနဲ့ မင်မကြိုက်ဘူး..!*
ဒီတခါအံ့ဩသွားရသူကဂျောင်ဂု ဖြစ်နေတယ်။မျက်လုံးပြူးပြူးလေးနဲ့ကလေးငယ်ကို ကြည့်နေမိတယ်။သူ နားကြားမှားတာလား ။
ရှင်းလင်းစွာကြားလိုက်ရတဲ့ ကလေးငယ်အသံက အိမ်မက်လည်းမဟုတ်ဘူး
တကယ်ကြီးသဝန်တိုနေတာတဲ့ ။ဒါဆိုသူ့အကြံကအလုပ်ဖြစ်တယ်ပေါ့။သူလိုချင်တာလည်းဒီလိုဘဲလေ
*အဟမ်း.!တကယ်..တကယ်ပြောတာလား..ကိုကို့ကို သဝန်တိုတယ်ဆိုတာ..*
*ကိုကိုကငတုံးကြီး..မ်ြု့တော်ဝန်လုပ်နေပြီး ဒီလောက်လေးတောင်မသိဘူးလား..*
*ဘာကြီးမှန်းလည်းမသိဘူး.!*
ကလေးကတကွက်ပြသွားပြီ။မြို့တော်ဝန်ဂျောင်ဂုက ဂျီမင်နဲ့တွေ့ရင်တော့ရစရာမရှိအောင်အဆူခံရပါမယ်။
သူကသေချာအောင်လို့ပြန်မေးတာကို မျက်စောင်းထိုးပြီးထထွက်သွားတယ်။ကေလးငယ်ကဘယ်လိုလေးတုန်း။ ဒီလိုသာဆက်ပြီးအသည်းယားစရာကောင်းနေအုန်းမယ်ဆိုရင် သူဘာလုပ်မိမလဲမသိဘူး။
သူ့မှာအံတကြိတ်ကြိတ်နဲ့ အူတွေယားနေတာ။ကလေးငယ်ကတော့ ခြေဆောင့်ပြီးအိမ်ပြန်လမ်းကိုဦးတည်သွားသည်။
*ပြန်မယ်.!*
*အင်း..အင်း..ပြန်ကြမယ်..*
*အူကြောင်ကြောင်နဲ့...*
သဝန်တိုပါတယ်ဆိုတာကို ခဏခဏမေးနေရလား။ကိုကိုကလေ တခြားနေရာမှာသာတော်ထက်နေတာ သူနဲ့ပတ်သက်ရင်တော့ ငါးနှစ်သားကလေးလိူဘဲ။မျက်လုံးဝိုင်းဝ်ုင်းလေးနဲ့ လိုက်ကြည့်တက်တာကိုက သူ့မှာအားမလိုအားမရဖြစ်နေရတယ်။
အခုလည်းသူ့ကိုချော့တယ်ဆိုပြီးအနားကိုမလာဘူး။ ဘာကိုတွန့်ဆုတ်နေမှန်းမသိဘူး။စိတ်မရှည်လိုက်တာ။
*ဒီနားကိုလာလေ..!အဲလောက်အဝေးကြီးကလျှောက်ဖို့လိုလို့လား..*
*မဟုတ်ပါဘူး ကိုကိုကကြောက်လို့ပါ..*
*ခန္ဓာကိုယ်ကြီးမှအားမနာ...*
သူ့လက်သွယ်သွယ်လေးကို သိုင်းယှက်လာတဲ့ကလေးငယ်ရဲ့ လက်ဖောင်းဖောင်းလေးတွေ။မြေနီလမ်းထက်မှာ ထင်ကျန်နေတဲ့ခြေလှမ်းတွေကယိုင်နဲ့နဲ့ဖြစ်နေတယ်။ထပ်တူမကျသေးဘူး။
နွေးထွေးတဲ့လေပြေတွေက သူနဲ့ကလေးငယ်ကိုပိုပြီးနီးကပ်အောင်လို့တွန်းပို့နေတယ်။အလိုက်သိတဲ့လေပြေတွေကိုကျေးဇူးတင်ရင်း သူ့အပြင်ခံလက်ရှည်ကိုချွတ်ကာ ကလေးငယ်ကိုယ်ပေါ်ကိုလွှားခြုံပေးလိုက်ပြီး ပုခုံးကနေဆွဲဖတ်လိုက်တယ်။
သူ့ရင်ခွင်ထဲအံဝင်ခွင်ကျဖြစ်သွားတော့ အပြုံးတွေကပိုပြီးတောက်ပလာခဲ့တယ်။အိမ်ပြန်လမ်းလေးက အချစ်တွေနဲ့ပြည့်နှက်နေတော့တယ်။
____
၁၂.၆.၂၃
Kelly
Thankful my readers 🤍
______
Zawgyi
*သဘောကျလိုက်တာ...*
*ဟင်..!*
*နေကြာတွေကိုလေ..*
*လက်ဆောင်..*
*ဟင်.!ဘာကို..*
*ဟင်.!*
*အဲ.အဲလက်..!*
*ဟို..အဲလက်..*
*ဂျီမင်...*
*မင် တောင်းပန်ပါတယ်.*
*တော်သေးတာပေါ့...*
*ဟုတ်ကဲ့ပါ..*
*အဲလိုမဟုတ်ပါဘူး ဂရေ့စ်က အံ့ဩသွားလို့ပါ....*
*ဟုတ်လား...*
*အကို ဂျောင်ဂု.!*
*အဲတာက....*
*ဟင်..သွားလို့ရလားလို့...*
*အင်း ရပါတယ်..*
*တကယ်လား..*
*ဒါပေါ့...*
*အတူတူသွားကြမယ်လေ..*
*အင်း..*
*မွှေးလိုက်တာ....!*
*ကလေးငယ်လေ...*
*ဂျီမင် စိုက်ထားတာ..*
*တော်လိုက်တာ..*
*ဟုတ်..*
*ဒါဆိုလည်း ခူးလေ...*
*မထိနဲ့.!*
*ကိုကို...!*
*အရမ်းနာသွားလား..*
*ဟုတ်ကဲ့..*
*ကိုကို့ ကိုမုန်းတယ်.!*
*ကလေး..ကလေးငယ်..*
*အင်း..*
_____
အား.!
*ကိုကိုကငါ့အပိုင်လေ.!*
*ကလေးငယ်...*
*ကလေးငယ်..*
*မခေါ်နဲ့.!*
*သွား.!မလာနဲ့.!*
*မလာနဲ့ဆို.!*
*ကိုကို့ကိုမုန်းတယ်.!*
*ကလေးငယ် မုန်းရင် ကိုကိုသေလိမ့်မယ်....*
ဂျောင်ဂုက ဂျီမင်အရှေ့မှာဆောင့်ကြောင့်လေးထိုင်လိုက်ပြီးရင်ခွင်ထဲထည့်ဖတ်လိုက်တော့ လက်သေးသေးလေးဖြင့်ထုရိုက်တော့သည်။
*မဖတ်နဲ့...!*
*ချစ်တယ် ကလေးငယ်....*
*အရမ်းချစ်.တယ် ကလေးငယ်..*
*ကို.ကို...*
*ကိုကို..!*
*ကိုကိုမကောင်းဘူး..!*
*နာပါစေ..*
*ဘာဖြစ်လဲ..*
*ဟွန့်.!အပိုတွေ....*
*တကယ်ပြောတာ..*
*သွားပါ.!အခုမှ..*
*ဟွန့်.!..*
*ငိုအောင်လုပ်မိလို့ရော ၊အော်လိုက်လို့ရော ကိုကို တောင်းပန်တယ် နော်...*
*ဘာလို့အော်တာလဲ..*
*ညာနေတာ...!*
*ပြီးရော..!..*
*ချစ်လား..*
*ဟင်.!*
*အင်း....*
*ဘယ်သိမလဲ..!*
*သဝန်တိုနေတာလား.*
*ဟုတ်တယ်..!*
*ဟင်..*
*ပြန်မယ်.!*
*အင်း..အင်း..ပြန်ကြမယ်..*
*အူကြောင်ကြောင်နဲ့...*
____
၁၂.၆.၂၃
Kelly
Thankful my readers 🤍
___