My Bed Player 🚨
By Myue1005
194K 5.1K 228
Warning - ဖြူဖြူစင်စင်လေးတွေလို့ ခံယူထားရင် လာရာလမ်းအတိုင်းလှည့်ပြန်ပေးပါ။ ဖတ်ပြီးမှ ဘာတွေညာတွေလာမပြောပါနဲ့ ... More
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၁၆)
6.4K 218 8
By Myue1005
ဒေါ်လေးဆုံးသွားပြီ...။
__________
ရှောင်းကျန့် မနက်မျက်လုံးဖွင့်လို့နိုးထလာချိန်၌ ကြားလိုက်ရသော သတင်းဆိုးကထိုသို့ဖြစ်ပြီး မျက်၀န်းအိမ်၌ မျက်ရည်ဥတို့ခိုသီကာ....
*ရိ...ရိပေါ် ဒေါ်လေးဆုံးပြီတဲ့*
*ရှောင်းကျန့်...မောင် ရှိတယ်။ သတိကပ်ဦး*
တုန်ယင်နေသည့်ခန္ဓာကိုယ်လေးက မျက်ရည်တွေလည်း အဆက်မပြတ်ကျဆင်းနေသေးသည်။ အသိစိတ်နှင့်လူကလည်း မကပ်သလို...
*ဟင့်....မောင်....ဒေါ်‌လေး ဒေါ်လေးကလေ*
*ရှောင်းကျန့်....မောင့်ကိုကြည့်။ မောင့်ကိုကြည့်ဦး။*
တုန်ယင်ကာ ငိုရှိုက်နေပါသည့်ခန္ဓာကိုယ်လေးအား ရင်ခွင်ထဲ‌ထွေးပွေ့လိုက်ကာ...
*မောင်ရှိပါတယ်။ ရှောင်းကျန့်အနားမှာ မောင်ရှိတယ်လေနော်။*
၀မ်းပမ်းတနည်းကိုငိုကြွေးနေသည့်ရှောင်းကျန့်က ဒေါ်လေးဆီကိုသွားရန်လည်းပြောနေသေးသည်။
*အင်း...မောင် private jet စီစဉ်ထားတယ်။ မောင်တို့ သွားကြတာပေါ့*
ရှောင်းကျန့်ဟာ ၀မ်ရိပေါ်လဲပေးထားသည့် ၀မ်ရိပေါ်၏ ရှပ်လက်ရှည်အဖြူပွပွတစ်ထည်နှင့် အောက်က ဘောင်းဘီရှည်ကြီးသာ ၀တ်ဆင်ရင်း အ၀တ်လဲရန်လည်း တိုက်တွန်း၍မရ။
ညက သတိလစ်သည်အထိ သူလုပ်ထားမိသည်ကြောင့် ပင်ပန်းနေသည့်ခန္ဓာကိုယ်လေးအား ချီပွေ့ကာ အိမ်တော်မှ လူများ၏အကြည့်တို့ကိုလည်း ဂရုမစိုက်နိုင်တော့။
ရှောင်းကျန့်အဒေါ်ဟာ ဥရောပဘက်သို့ ခရီးထွက်သွားခြင်းဖြစ်ပြီး လည်ပတ်နေစဉ် car accident ဖြစ်ပြီး နေရာ၌ပင် ပွဲချင်းပြီး ဆုံးခဲ့ခြင်းဖြစ်သည်။ ၀မ်ရိပေါ်က ထိုသတင်းကိုသိရရချင်း အိပ်စက်နေပါသည့် ရှောင်းကျန့်ရှိရာ သူ့အခန်းထဲသို့ပြန်၀င်ခဲ့ချိန် ရှောင်းကျန့်ဟာနိုးနေပြီဖြစ်သည်။
သတင်းကြားကြားချင်း လိုက်သွားသည်ကြောင့် နာရီအတော်ကြာ စီးလိုက်ရပြီး အားနည်းဖျော့တော့ကာ နာကျင်နေပါသည့်ခန္ဓာကိုယ်လေးက အခုတွင် ငိုရလွန်း၍ တော်တော့်ကိုပင်ပန်းကာ သူ့ရင်ခွင်ထဲတွင် အိပ်စက်နေပါတော့သည်။
ရင်ခွင်ထဲတွင်မှေးစက်နေသည့်သူလေးအား ငုံ့ကြည့်ကာ ၀မ်ရိပေါ်ဟာလည်း စိတ်မကောင်း။ ၀မ်းပန်းတနည်းငိုကျွေးနေပုံလေးက သူ့ရင်ဘက်ထဲတွင် တဆစ်ဆစ်နှင့် ထို့ကြောင့် သူဟာ ထိုခန္ဓာကိုယ်လေးကို ပို၍တိုးလို့ဖက်ရင်း သူကိုယ်တိုင်ပင်မသိလိုက်ဘဲ နှဖူးထက် အနမ်းလေးတစ်ပွင့်ခြွေမိလိုက်သည်။
အိမ်တော်မှ ပါလာကြသည့်တချို့ကလည်း သူတို့သခင်လေး၏ အကိုလေးရှောင်းအပေါ် အပြုအမူတို့အားကြည့်ရင်း တချို့အရာတို့အား နားလည်သဘောပေါက်သွားကြပါတော့သည်။ ညီအကိုတွေလို အရမ်းခင်ကြတာဘဲဟု ငယ်ငယ်ကလို ဖြည့်တွေးလို့မရနိုင်စွာ သူတို့သခင်လေးဟာ တော်တော်ကိုဖြစ်နေသည်လေ။ ရင်ခွင်ထဲက အကိုလေးရှောင်းအား ကြွေကျသွားမှာဆိုးသည့်အလား တယုတယဖြင့် နှဖူးလေးနမ်းလိုက်၊ ခေါင်းလေးပွတ်လိုက်ဖြင့် အကြည့်တွေကလည်း သိပ်ကိုနူးညံ့ကာ အကိုလေးရှောင်း မျက်နှာကနေမခွာတော့။
ဒါ့အပြင် အကိုလေးရှောင်း၏ လည်တိုင်တွင် နီရဲကာ ညိုပုတ်နေသည့် အကွက်လေးများကလည်း မပြောလျှင်တောင် သဘောပေါက်နိုင်သည့်အနေအထားပင်။ ၀တ်ထားသည့်အင်္ကျီကလည်း အကိုလေးရှောင်းနှင့် size တော်တော်ကြီးနေကာ ဘယ်သူ့အင်္ကျီမှန်းလည်း သိသာလှစွာ။
ထို့အပြင် မနေ့က သခင်လေးကသူတို့အား အိမ်မကြီးဘက်မလာခိုင်းသည်အထိ အကုန်ဆက်စပ်ပြီးတွေးကြည့်ရလျှင်......
ဆက်၍တောင်မတွေးနိုင်တော့။
အကိုလေးရှောင်းလို မျက်နှာလေးချိုကာ လိမ္မာရေးခြားလည်းရှိပြီး ထက်မြက်သည့်ကောင်လေးနှင့် သူတို့သခင်လေးက မလိုက်ဖက်စရာ ဘာအကြောင်းမှ မရှိသော်လည်း ခက်တာက သခင်ကြီးသာသိရင် အကုန်မိုးမီးလောင်ကုန်တော့မှာဘဲ။
_____________
ခရီးစဉ်ဟာ ရှည်လျားလွန်းသည်ကြောင့် ရှောင်းကျန့်တို့ရောက်ချိန်တွင် ရှောင်းကျန့်ဒေါ်လေးအား မီးသဂြိုလ်သည့်အချိန်နှင့် ကွက်တိဖြစ်သွားလေတော့သည်။
၀မ်သခင်ကြီးဟာလည်း မျက်နှာမကောင်းစွာ။ ရှောင်းကျန့်ကတော့ ၀မ်ရိပေါ်၏ ရင်ခွင်ထဲတွင် အလူးအလဲဖြင့်။ ၀မ်ရိပေါ်ဟာလည်း ရုန်းကန်နေသည့်ခန္ဓာကိုယ်လေးအား သူ့ရင်ခွင်ထဲကနေ လုံးကအထွက်မခံပေ။
ရှိုက်ကြီးတငင်ငိုကြွေးနေသူလေးဟာ မျက်ရည်တွေဖြင့် ပေတလူးနေပြီး မောဟိုက်နေပါသည့်တိုင် ငိုသံတို့ကမရပ်သွား။
ငယ်စဉ်ကတည်းက ကျွေးမွေးလာခဲ့သည့် တစ်ဦးတည်းသောခင်တွယ်ရာ ဆွေးမျိုးဖြစ်သည့် ဒေါ်လေးက သူ့အား ယခုချိန်တွင် ထားရစ်ခဲ့လေပြီ။ သူ့ထံတွင် ဘယ်သူမှမရှိတော့..... သူ့ဘက်တွင် ဘယ်သူမှမရှိနိုင်တော့။
၀မ်ရိပေါ်ဟာရှောင်းကျန့်ကိုဖက်ထားရင်း ပတ်၀န်းကျင်ကိုလည်း ဂရုမစိုက်စွာ၊ သူ့ဖခင်ကိုလည်း ဂရုမစိုက်စွာ။ ဒီအချိန်တွင် သူသိသည်က သူ့ရင်ခွင်ထဲက လူသားလေးအား နာကျင်မှုတွေ မျှဝေခံစားပေးချင်မိတော့သည်။
*ရိပေါ်.... ငါ့မှာ ဘယ်သူမှ မရှိတော့ဘူး။*
*မဟုတ်ဘူး.....မောင်ရှိတယ်လေ။ ခင်ဗျားမှာ မောင်ရှိပါတယ်။*
ငိုရလွန်းပြီး သတိလစ်သွားသည့် အားနည်းနေပါသည့် ခန္ဓာကိုယ်လေးအား ပွေ့ချီကာ ၀မ်ရိပေါ်ဟာ ထိုနေရာကနေ ထွက်ခဲ့ပါတော့သည်။
တစ်လျှောက်လုံး သူ့သားနှင့်ရှောင်းကျန့်ကိုသာ ကြည့်နေသော ၀မ်သခင်ကြီး၏မျက်နှာထက် သားကသူ့ကိုယ်သူ သုံးနှုန်းလိုက်သည့် မောင်ဆိုသည့် နာမ်စားတွင် မျက်ခုံးတစ်ဖက် ပင့်တက်သွားသည်အထိ။
ရုန်းကန်နေရင်း ဖရိုဖရဲဖြစ်နေသည့် အင်္ကျီတို့အောက်ဘက်တွင် ပေါ်ထွက်လာသည့် ရင်ဘက်ဖွေးဖွေး၌ အကွက်တွေဟာလည်း များပြားစွာ။ ဒါလောက်ဆို ဟိုးအစကတည်းက စိတ်ထင့်ရုံကနေ ယခုတွင်တော့ သေချာသွားခဲ့ပါပြီ။
မင်းကစားနေတာတွေ မလွန်လွန်းဘူးလားသားရဲ့။
_____________
ပင်ပန်းနေရာကနေ မထင်မှတ်သည့်သတင်းကြောင့် shock ရသွားပြီး ဆေးရုံတွင် နှစ်ရက်လောက်ကြာအောင် သတိလစ်နေခဲ့တော့သည်။
ထိုအချိန်များတွင် ၀မ်သခင်ကြီးဟာ သေချာစေရန်အတွက် ‌ရှောင်းကျန့်အား ကြည့်ရှု‌ပေးသည့်ဆရာ၀န်နှင့် နှစ်ဦးကြားစကားပြောဖြစ်ခဲ့သေးသည်။
*ကောင်လေးက သူချစ်သူနဲ့ အတော်လေးဆက်ဆံခဲ့ပုံရတယ်။ အားလည်းတော်‌တော်နည်းနေပြီး စိတ်ထိခိုက်စရာကြုံလိုက်ရတော့ shock ရသွားတာ။*
ဆရာ၀န်ဆီမှ စကားအဆုံး ၀မ်သခင်ကြီးဟာ သားအား မှတ်ချက်ပေးလေတော့သည်။
၀မ်ရိပေါ် မင်းက တော်တော်လေး
ဖြစ်နေခဲ့တာဘဲ။
၀မ်သခင်ကြီးအနေဖြင့် ရှောင်းကျန့်ဟာ သူ့သားအတွက် အပျင်းပြေကစားစရာတစ်ခု ဖြစ်ရန်အတွက်ပဲ အသုံး၀င်ပြီး ဘ၀လက်တွဲဖော်တော့မဖြစ်ရပါ။
သူ့လုပ်ငန်းတွေကို လက်လွှဲမည့်သူ့သားက ဒီလို gayတစ်ယောက်ဖြစ်နေလို့ လုံး၀မရ။
ဒါဟာ ဇနီးသည်၏ တူဖြစ်နေလျှင်တောင် နားလည်မပေးနိုင်ပါ။ ၀မ်သခင်ကြီးဟာ သားအပေါ်တွင်တော့ သိပ်ကိုအတ္တကြီးပါသည်။
______________
ရှောင်းကျန့်သတိရလာပြီးနောက်တွင်တော့ သူတို့ဟာ တစ်ရက်လောက်ထပ်နေခဲ့ပြီး private jet ဖြင့်သာ Beijing သို့ပြန်ခဲ့ကြသည်။ jetပေါ်တွင်လည်း ၀မ်ရိပေါ်က ရှောင်းကျန့်အား တစ်ချိန်လုံး သူ့ရင်ခွင်ထဲသို့သာ ထည့်ထားလေသည်။
Private jet အတွင်းရှိလေထုဟာ တော်တော်ကို အေးစက်နေပြီး ၀မ်သခင်ကြီးကိုလည်း ဂရုမစိုက်စွာဖြင့် လုပ်ချင်ရာလုပ်နေသည့် သခင်လေးအား အိမ်တော်မှ လူတချို့ဟာ သတိပေးလိုက်ချင်ပါတော့သည်။
*သခင်လေး.....သခင်ကြီးရှိတယ် ထိန်းပါဦး* ဟူ၍......
သို့သော် သခင်လေးတော်တော်ဖြစ်လည်း ဖြစ်ချင်စရာလေးပင်။ အကိုလေးရှောင်းဟာ  သူတို့သခင်လေးရင်ခွင်ထဲတွင် ခန္ဓာကိုယ်လေးက ကျုံ့ကျုံ့လေးဖြင့် တစ်ချက်တစ်ချက် ၀မ်းနည်းသွားသည့်အခါမျိုးတွင် ရင်ခွင်ထဲကနေ သခင်လေးမျက်နှာအား မော့မော့ကြည့်လာပုံလေးက ဆွဲဆက်ဖျစ်ညှစ်ပစ်ချင်စရာအတိပြီးတယ်။
သခင်လေးကလည်း ထိုအခါ အကိုလေး၏ မျက်၀န်းထောင့်မှ မျက်ရည်စ‌လေးတွေကို လက်မလေးဖြင့် ဖွဖွသုတ်ပေးရင်း မျက်၀န်းတို့ကလည်း သိပ်ကိုနူးညံ့လှစွာ။
အိမ်တော်မှလိုက်ပါလာသည့်သူများဟာ အိမ်တော်သို့ပြန်ရောက်လျှင် အရင်ထက် ၃ဆလောက်ပို၍ သတိထားရတော့မည်။
သားဖြစ်သူအား မျက်စိဒေါက်ထောက်ကြည့်နေပါသည့် သခင်ကြီးနှင့် အကိုလေးရှောင်းကလွဲ အကုန်လုံးကို လုံးလုံးဂရုမစိုက်ပါသည့် သခင်လေး။
သူ့အရှေ့တွင် တော်တော်ဖြစ်နေသည့်သားအား အဆုံးတွင်တော့ ၀မ်သခင်ကြီးမှာ သည်းမခံနိုင်တော့စွာ။
*၀မ်ရိပေါ်.....တော်ရုံဘဲကောင်းတယ်။*
ထိုအခါမှ သူ့အားကြည့်လာသည့် သူ့သား။ ဘာမှမပြောဘဲ အကြည့်ပြန်လွှဲသွားပြီး ထိုရင်ခွင်ထဲက ဇနီးဖြစ်သူ၏တူအား မျက်နှာကို သူ့ရင်ဘက်နှင့်ဆွဲကပ်လိုက်သည်။
သဘောက ရှောင်းကျန့်မျက်နှာကို ၀မ်သခင်ကြီးအား မမြင်စေလို၍။
သူ့သားလုပ်ရပ်တွေဟာ ပြောစရာစကားဟူ၍ နတ္တိ။ သွေးပင်ဆောင့်တက်လာသလို။
______________
Private jet ပေါ်က ဆင်းသည်နှင့် ရှောင်းကျန့်အား ပွေ့ချီသွားမည်ဟန်ပြင်သည့် သူ့သားကို လှမ်းတားကာ
*ရှောင်းကျန့်ကို ချန်းယွီဆီပေးလိုက်*
*ကျွန်တော်ပဲ‌ချီသွားလိုက်မယ်အဖေ*
*၀မ်ရိပေါ်! ငါနှစ်ခါမပြောဘူး။ ပေးဆိုပေးလိုက်*
ထိုအခါမပေးချင်ပေးချင်ဖြင့် ချန်းယွီလက်ထဲလွှဲပေးလိုက်ရသည့်ရှောင်းကျန့်အား ၀မ်ရိပေါ်က အကြည့်မလွှဲနိုင်ဖြစ်နေရတော့သည်။
၀မ်သခင်ကြီး၏ အမိန့်ကြောင့် ဤခရီးစဉ်တွင် လိုက်ပါလာသည့်သူများဟာ မပြောသင့်မပြောအပ်သည်များကို သိနေကြသည့်အချင်းချင်းတောင် ပြောခွင့်မရှိ‌တော့။
ဤသို့ဖြင့် ရက်အနည်းငယ်ကြာပြီးနောက် ရှောင်းကျန့်ဟာ နေလည်းပြန်ကောင်းလာကာ ပုံမှန်လည်းဖြစ်လာပါတော့သည်။
*ကျွန်တော့်ကို အခုချိန်ထိ ကြည့်ရှုပေးလာခဲ့လို့ ကျေးဇူးအများကြီးတင်ပါတယ်။ ဒေါ်လေးလည်း မရှိတော့ဘူးဆိုတော့ ကျွန်တော်လည်း ဒီအိမ်မှာ ဆက်နေဖို့က မသင့်တော့ပါဘူး။*
*ရှောင်းကျန့် ခင်ဗျားဘာတွေပြောနေတာလဲ! ခင်ဗျားက ဒီအိမ်မဟုတ်ဘဲ ဘယ်မှာသွားနေချင်လို့လဲ!?*
၀မ်သခင်ကြီးက သူ့ရှေ့တွင်ရှိသည့် သားဖြစ်သူနှင့် ရှောင်းကျန့်အားကြည့်ကာ သူ့အနေဖြင့် ရှောင်းကျန့်ကို အိမ်ကနေ ခွာသွားအောင် လုပ်ရမခက်သလို အိမ်မှာရှိနေလဲ ရှောင်းကျန့်ဟာ သူ့သားအတွက်ကလွဲ ဘာမှအသုံးမ၀င်ပေ။
သူ့အနေဖြင့် သားနှင့် ကိစ္စတစ်ခုအား ဆွေးနွေးခဲ့ပြီး သား၏အမြင်ကိုလည်း သိရှိခဲ့ရသည်ကြောင့် အဆုံးသတ်တွင် သားက သူ့စကားကိုသာ နားထောင်မည်ပင်။
သို့သော် ယခုတွင်တော့ သားက တားနေသည်ကြောင့် သူကလည်း ဇနီးသည်ရဲ့ တူလေးကို စာနာသနားကြောင်းပြသည့်အနေဖြင့်.....
*သားရှောင်းက အိမ်မှာဆက်နေလို့ရပါတယ်။ နေလာတာလည်းကြာပြီဆိုတော့ မိသားစု၀င်တွေတောင်ဖြစ်ခဲ့ကြသေးတာဘဲ။*
*ဒါပေမယ့်....*
ရှောင်းကျန့်စကားအား၀မ်ရိပေါ်က ၀င်ဖြတ်ပြောကာ....
*ဒါပေမယ့်တွေဘာတွေ မလိုချင်ဘူး။ ခင်ဗျား ဘယ်မှမသွားရဘူး။*
*ဘွဲ့လည်းရပြီးကြပြီဆိုတော့ နှစ်ယောက်လုံး အဖေ့အလုပ်မှာ ၀င်လေ့လာကြပေါ့။ သားကနောက်ဆုံးမှာ အဖေ့နေရာကို ဆက်ခံရမှာလေ။ သားရှောင်းကိုကတော့ ကုမ္ပဏီမှာ နေရာတစ်ခု စီစဉ်ပေးနိုင်ပါတယ်*
*အဖေပြောတဲ့အကြံကောင်းတယ်။ ကျွန်တော်ရော ရှောင်းကျန့်ရော သဘောတူတယ်*
ရှောင်းကျန့်အနေဖြင့် ဘာမှကို၀င်ပြောလို့ကိုမရ။ သူ့အနေဖြင့် ဒေါ်လေးမရှိသည့်ဒီအိမ်ကြီးတွင် မနေချင်ပါသော်လည်း ချစ်ရသူနှင့် အဝေးကြီးလည်းမနေချင်ပါ။ ဒေါ်လေးဆုံးတုန်းက သူ့အပေါ်ပြုမူခဲ့သည့် မောင့်အပြုအမူတွေဟာ ဟန်ဆောင်ထားရိုးမဟုတ်မှန်း သူခံစားမိပါသည်။
သူတို့အကြောင်းကို မောင့် အဖေအနေဖြင့် ရိပ်မိမည်ဆိုတာ သိသော်လည်း မောင့် အဖေက ဘာမှမပြောလာတော့ သူလည်း ဘာပြောရပါမလဲ?
ရှေ့ဆက်ရမည့် နေရက်တို့ကိုသာ အကောင်းမွန်ဆုံး ဖြတ်ကျော်ချင်ပါတော့သည်။ များများစားစားလည်း မတွေးနေချင်။ သို့သော် မောင်က သူ့အတွက် နောက်ဆုံး တွယ်တာရာ ကြိုးမျဉ်လေး တစ်ချောင်းသာဖြစ်ပါ‌တော့သည်။
မောင့်အား သူဟာလက်မလွှတ်နိုင်ပါ။
Tbc.................
Wall ထဲမှာ Short Story အသစ်လေးတစ်ပုဒ် ရေးထားပါတယ်နော်။
Zawgyi
ဒေါ်လေးဆုံးသွားပြီ...။
__________
_____________
ငိုရလွန်းပြီး သတိလစ်သွားသည့် အားနည်းနေပါသည့် ခန္ဓာကိုယ်လေးအား ပွေ့ချီကာ ၀မျရိပျေါဟာ ထိုနေရာကနေ ထွက်ခဲ့ပါတော့သည်။
_____________
ထိုအချိန်များတွင် ၀မျသခငျကွီးဟာ သေချာစေရန်အတွက် ရှောင်းကျန့်အား ကြည့်ရှုပေးသည့်ဆရာဝန်နှင့် နှစ်ဦးကြားစကားပြောဖြစ်ခဲ့သေးသည်။
ဆရာဝန်ဆီမှ စကားအဆုံး ၀မျသခငျကွီးဟာ သားအား မှတ်ချက်ပေးလေတော့သည်။
ဝမျရိပျေါ မင်းက တော်တော်လေး
ဖြစ်နေခဲ့တာဘဲ။
______________
*၀မ်ရိပေါ်.....တော်ရုံဘဲကောင်းတယ်။*
သဘောက ရှောင်းကျန့်မျက်နှာကို ၀မျသခငျကွီးအား မမြင်စေလို၍။
______________
*၀မျရိပျေါ! ငါနှစ်ခါမပြောဘူး။ ပေးဆိုပေးလိုက်*
ထိုအခါမပေးချင်ပေးချင်ဖြင့် ချန်းယွီလက်ထဲလွှဲပေးလိုက်ရသည့်ရှောင်းကျန့်အား ၀မျရိပျေါက အကြည့်မလွှဲနိုင်ဖြစ်နေရတော့သည်။
ဝမျသခငျကွီး၏ အမိန့်ကြောင့် ဤခရီးစဉ်တွင် လိုက်ပါလာသည့်သူများဟာ မပြောသင့်မပြောအပ်သည်များကို သိနေကြသည့်အချင်းချင်းတောင် ပြောခွင့်မရှိတော့။
ဝမျသခငျကွီးက သူ့ရှေ့တွင်ရှိသည့် သားဖြစ်သူနှင့် ရှောင်းကျန့်အားကြည့်ကာ သူ့အနေဖြင့် ရှောင်းကျန့်ကို အိမ်ကနေ ခွာသွားအောင် လုပ်ရမခက်သလို အိမ်မှာရှိနေလဲ ရှောင်းကျန့်ဟာ သူ့သားအတွက်ကလွဲ ဘာမှအသုံးမ၀င်ပေ။
*ဒါပေမယ့်....*
Tbc.................
Continue Reading
You'll Also Like
466K 16.8K 95
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
2.2M 116K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
1.1M 49.3K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
158K 7.4K 52
Four siblings, two elder brothers and two younger sisters living with their rich parents!! Get ready to enter the life of these siblings and their fa...