TYGW's Mr.Lucky (BL) [Myanmar...

Bởi Comet222

175K 34K 546

This novel's not mine. I love to read this novel. So I translate for fun. Please support original author and... Xem Thêm

Chapter(61):ပိုအားျပင္းေသာ တြန္းအားေပးမႈ
Chapter(62):သံုးဖက္ျမင္ပံုရိပ္ ျမင္ကြင္းျပႆနာ
Chapter(63):စီမံခန္႔ခြဲေရးမွဴး ေပၚထြက္လာျခင္း-1
Chapter(63):စံမံခန္႔ခြဲေရးမွဴး ေပၚထြက္လာျခင္း-2
Chapter(64):မနာလို သဝန္တိုျဖစ္ျခင္း
Chapter(65):ျပင္းထန္ရက္စက္ေသာ ေကာလဟာလမ်ား-1
Chapter(65):ျပင္းထန္ရက္စက္ေသာ ေကာလဟာလမ်ား-2
Chapter(66):က်န္းမိသားစုက လံုျခံဳသြားၿပီ။-1
Chapter(66):က်န္းမိသားစုက လံုျခံဳသြားၿပီ။-2
Chapter(67):ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လာမႈ-1
Chapter(67):ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လာမႈ-2
Chapter(68):သူ႔အပိုင္-1 သူ့အပိုင်-1
Chapter(68):သူ႔အပိုင္-2 သူ့အပိုင်-2
Chapter(69):အဲ့ဒါ ေကာင္းတာေပါ့!-1
Chapter(69):အဲ့ဒါ ေကာင္းတာေပါ့!-2
Chapter(70):ငါ့သတို႔သားေလာင္း-1
Chapter(70):ငါ့သတို႔သားေလာင္း-2
Chapter(70):ဧည့္သည္မ်ားအား ဧည့္ခံျခင္း-3
Chapter(70):ဧည့္သည္မ်ားအား ဧည့္ခံျခင္း-4
Chapter(71):ေသြးေဆာင္ ဖ်ားေယာင္းႏိုင္တဲ့ ပစၥည္းအသစ္တစ္မ်ိဳး-1
Chapter(71):ေသြးေဆာင္ ဖ်ားေယာင္းႏိုင္တဲ့ ပစၥည္းအသစ္တစ္မ်ိဳး-2
Chapter(72):သူ႔ကို ေက်ာင္းပို႔ျခင္း-1
Chapter(72):သူ႔ကို ေက်ာင္းပို႔ျခင္း-2
Chapter(73):စြမ္းအင္ကတ္ကို အသက္သြင္းျခင္း-1
Chapter(73):စြမ္းအင္ကတ္ကို အသက္သြင္းျခင္း-2
Chapter(74):စိတ္႐ွဳပ္ေထြးေနၾကတဲ့ လူသံုးေယာက္-1
Chapter(74):စိတ္႐ွဳပ္ေထြးေနၾကတဲ့ လူသံုးေယာက္-2
Chapter(75):စိတ္ခြန္အားကို စစ္ေဆးျခင္း-1
Chapter(75):စိတ္ခြန္အားကို စစ္ေဆးျခင္း-2
Chapter(76):ဆရာ ေက်းဇူးျပဳၿပီး လက္ဖက္ရည္သံုးေဆာင္ပါ။-1
Chapter(76):ဆရာ ေက်းဇူးျပဳၿပီး လက္ဖက္ရည္သံုးေဆာင္ပါ။-2
Chapter(77):ကတ္လက္မႈ အတတ္ပညာ ေလ့က်င့္ခန္း-1
Chapter(77):ကတ္လက္မႈ အတတ္ပညာ ေလ့က်င့္ခန္း-2
Chapter(78):စြမ္းအင္ မ႐ွိဘူး။-1 စွမ်းအင် မရှိဘူး။-1
Chapter(78):စြမ္းအင္ မ႐ွိဘူး။-2 စွမ်းအင် မရှိဘူး။-2
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု!-1 ပေါက်ကွဲထွက်မှု နှစ်ခု!-1
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု-2! ပေါက်ကွဲထွက်မှု နှစ်ခု-2!
Chapter(80):႐ုပ္ဖ်က္ထားေသာ စိတ္စြမ္းအား-1
Chapter(80):႐ုပ္ဖ်က္ထားေသာ စိတ္စြမ္းအား-2
Chapter(81):အား႐ွန္းအတြက္ အထူးသီးသန္႔-1
Chapter(81):အား႐ွန္းအတြက္ အထူးသီးသန္႔-2
Chapter(82):ဝင္ခြင့္စာေမးပြဲ(I)-1 ဝင်ခွင့်စာမေးပွဲ(I)-1
Chapter(82):ဝင္ခြင့္စာေမးပြဲ(I)-2 ဝင်ခွင့်စာမေးပွဲ(I)-2
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-1 ဝင်ခွင့်စာမေးပွဲ(II)-1
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-2 ဝင်ခွင့်စာမေးပွဲ(II)-2
Chapter(84):ေနာက္ဆံုးမွာေတာ့ ဝင္ခြင့္ရခဲ့ၿပီ။-1
Chapter(84):ေနာက္ဆံုးမွာေတာ့ ဝင္ခြင့္ရခဲ့ၿပီ။-2
Chapter(85):အေစာပိုင္းကာလ ပထမဆံုး ေက်ာင္းတက္အေတြ႔အၾကံဳ-1
Chapter(85):အေစာပိုင္းကာလ ပထမဆံုး ေက်ာင္းတက္အေတြ႔အၾကံဳ-2
Chapter(86):ဆိုးရြားေသာ ပတ္ဝန္းက်င္-1
Chapter(86):ဆိုးရြားေသာ ပတ္ဝန္းက်င္-2
Chapter(87):ကမာၻမေၾက ရန္ဘက္ေတြ အၾကားက ျငင္းခံုမႈ-1
Chapter(87):ကမာၻမေၾက ရန္ဘက္ေတြ အၾကားက ျငင္းခံုမႈ-2
Chapter(88):အခန္းေဖာ္ အသစ္မ်ားနဲ႔ ေတြ႔ဆံုျခင္း-1
Chapter(88):အခန္းေဖာ္ အသစ္မ်ားနဲ႔ ေတြ႔ဆံုျခင္း-2
Chapter(89):သူငယ္ခ်င္း အသစ္မ်ားနဲ႔ မိတ္ဆက္ျခင္း
Chapter(90):တိုက္ခိုက္ေရး လမ္းၫႊန္မႈမ်ား-2
Chapter(91):ခက္ခဲေသာ ေလ့က်င့္ေရး-1

Chapter(90):တိုက္ခိုက္ေရး လမ္းၫႊန္မႈမ်ား-1

974 187 3
Bởi Comet222

Zawgyi



Chapter(90):တိုက္ခိုက္ေရး လမ္းၫႊန္မႈမ်ား-1



ေအာက္ဘက္တြင္ ေက်ာင္းသားေတြက ျငင္းခံုဆူညံေနၾကတာေတာင္မွ ဆရာက သူေျပာရမဲ့စကားလံုးေတြကို စင္ျမင့္ေပၚတြင္ အမူအရာမဲ့စြာ ဆက္လက္ေျပာဆိုေနဆဲ ျဖစ္ၿပီးေတာ့ ေက်ာင္းသားေတြ နားေထာင္ေနသလား။ နားမေထာင္ေနဘူးလား ဆိုတာကို အမွန္တကယ္ ဂ႐ုမစိုက္ဘူး ဆိုတာကို ယြီဂ်င္လီတစ္ေယာက္ ေတြ႔လိုက္ရတာမို႔ ေကာင္းက်ီခ်ီနဲ႔ တျခားလူေတြကို စာသင္ၾကားရာတြင္ အာရံုစိုက္ဖို႔အတြက္ သူေဖ်ာင္းဖ်ဖို႔ မႀကိဳးစားေတာ့ပါဘူး။ ဆရာက စာသင္ခန္းအထဲ ဝင္လာၿပီးေနာက္တြင္ သူရဲ႕သင္ခန္းစာ ၿပီးေျမာက္သလားဆိုတဲ့ အေၾကာင္းကိုမွ်သာ သူဂ႐ုစိုက္ေနတယ္ေလ။

ယြီဂ်င္လီရဲ႕မ်က္ခံုးေတြက တင္းတင္းက်ပ္က်ပ္ မ်က္ေမွာင္ၾကဳပ္လာခဲ့ၿပီးေတာ့ သူ႔ႏွလံုးသားထဲကေန ေဒါသေတြက အလိုလိုထြက္လာခဲ့တယ္။

ေက်ာင္းသားေတြအတြက္ သင္ၾကားေရးကို လမ္းၫႊန္ျပသေပးေနရတဲ့ အေရးႀကီး ပုဂၢိဳလ္တစ္ေယာက္အေနနဲ႔ ဆရာတစ္ေယာက္က ဘယ္လိုလုပ္ၿပီး ဒီေလာက္ တာဝန္မဲ့ႏိုင္ရတာလဲ? တကယ္လို႔ ဘယ္ဆရာတစ္ေယာက္ကမွ လမ္းၫႊန္မျပသေပးဘူးဆိုရင္ တကယ္လို႔ ဆရာတစ္ေယာက္က ဒီေက်ာင္းသားေတြအေၾကာင္းကိုေတာင္ ဂ႐ုမစိုက္ဘူးဆိုရင္ သူတို႔ေတြ ဘာကို သြားသင္ၾကားရေတာ့မွာလဲ?

ယြီဂ်င္လီတစ္ေယာက္ သူ႔ရဲ႕ႏူးညံ့သိမ္ေမြ႔တဲ့ ႐ွီဖူကို ေတြးေတာမိသြားတယ္။ သူ႔ရဲ႕ကိုယ္ပိုင္က်င့္ၾကံေရး ပင္ကိုယ္စြမ္းရည္က အမွန္တကယ္ေတာ့ အရမ္းမျမင့္မားေပ။ ကံေကာင္းမႈေၾကာင့္သာ မဟုတ္ဘူးဆိုရင္ သူအခုခ်ိန္မွာ လူပံုစံ အသြင္မေျပာင္းႏိုင္မွာကို ေၾကာက္မိတယ္။

ဒါေပမဲ့ သူလူပံုစံ မေျပာင္းခင္ အရင္တုန္းက သူ႔႐ွီဖူက က်င့္ၾကံေရးအတြက္ လမ္းၫႊန္ေပးရာတြင္ သူ႔အေပၚမွာ အရမ္းညင္သာၿပီး စိတ္႐ွည္မႈ႐ွိတယ္။ တကယ္လို႔ ႐ွီဖူမ႐ွိရင္ သူဘယ္ေလာက္ပဲ ကံေကာင္းေနပါေစ လူပံုစံ အသြင္ေျပာင္းဖို႔အတြက္ သူ႔ဘာသာသူ က်င့္ၾကံႏိုင္မွာ မဟုတ္ပါဘူး။

ထို႔ေၾကာင့္ ယြီဂ်င္လီက ဆရာအဆင့္ လူပုဂၢိဳလ္ေတြအားလံုးကို အရမ္းေလးစားတယ္။ ဒါေပမဲ့ သူ႔အေ႐ွ႕ စင္ျမင့္ေပၚကလူကေတာ့ အမွန္တကယ္ကို သူ႔အေပၚ ေလးစားလို႔မရႏိုင္ေအာင္ ယြီဂ်င္လီကို ျပဳလုပ္ေနတယ္ေလ။

ဒါေပမဲ့လည္း အဆံုးမွာေတာ့ တစ္ဖက္လူက ဆရာတစ္ေယာက္ ျဖစ္ေနတယ္ေလ။ ယြီဂ်င္လီမွာ သူနဲ႔ သူ႔အတန္းေဖာ္ေတြရဲ႕အျမင္ေတြကို ေျပာင္းလဲဖို႔ နည္းလမ္းမ႐ွိေပ။ အရင္ဦးဆံုး သူ႔ဘာသာသူ ႀကိဳးႀကိဳးစားစား သင္ယူေလ့လာၿပီးေနာက္မွ နည္းလမ္းတစ္ခု႐ွာဖို႔အတြက္ အား႐ွန္းဆီသြားဖို႔သာ တတ္ႏိုင္ေတာ့တယ္။ သူက်ိန္းေသေပါက္ နည္းလမ္းေကာင္းတစ္ခုကို ႐ွာရမယ္။

ဒီလိုမ်ဳိးနဲ႔ ယြီဂ်င္လီက သင္ခန္းစာကို ဂ႐ုတစိုက္ နားေထာင္ေနခ်ိန္မွာ တျခားေက်ာင္းသားေတြက ရယ္ေမာေဆာ့ကစားေနရင္း ဒါကို ဟာသတစ္ခုအေနနဲ႔ မွတ္ယူေနခဲ့တယ္။

မေန႔တုန္းကအတိုင္းပဲ ယြီဂ်င္လီမွာ အတန္းထဲတြင္ သူၾကားခဲ့ရတာေတြရဲ႕ ဗဟုသုတတစ္ဝက္ကိုသာ ရ႐ွိခဲ့တယ္။ ဒါေပမဲ့ သူ႔သံသယေတြကို ဘယ္သူကမွ အေျဖမေပးႏိုင္ၾကေပ။ အဲ့ဒါေၾကာင့္ သူနားမလည္တဲ့ အရာေတြအားလံုးကို မွတ္သားထားၿပီးေတာ့ သူဆရာခါမြန္ဆီ သြားတဲ့အခ်ိန္က်မွ အေျဖေတြကို ထပ္မံ႐ွာေဖြရမယ္။

. . . တကယ္လို႔ ဒီလိုမ်ဳိး ေန႔တိုင္း ျဖစ္ပ်က္ေနမယ္ဆိုရင္ ေက်ာင္းသြားရတာက အဲ့ေလာက္ စိတ္ဝင္စားစရာေကာင္းတဲ့အရာမ်ဳိး မဟုတ္ဘူးပဲ။ ယြီဂ်င္လီတစ္ေယာက္ သူ႔စိတ္ထဲမွာ မေတြးမိပဲ မေနႏိုင္ခဲ့ေခ်။

ေက်ာင္းတက္ႏိုင္ဖို႔ဆိုတာက သူ႔အရင္ဘဝကတည္းက သူေတာင့္တေနခဲ့ရတဲ့အရာျဖစ္တယ္။ အဆံုးမွာေတာ့ သူအမွန္တကယ္ ေက်ာင္းကို လာႏိုင္ခဲ့ေပမဲ့ ေက်ာင္းက သူစိတ္ကူးယဥ္ထားခဲ့သလိုမ်ဳိး မေကာင္းမြန္ဘူးဆိုတာကို ေတြ႔လိုက္ရတယ္။ တကယ္လို႔ သူဒီေနရာမွာ ဘာတစ္ခုကိုမွ မသင္ယူႏိုင္ခဲ့ဘူးဆိုရင္ သူ႔မိဘေတြမ်ား သူ႔ကို စိတ္ပ်က္သြားၾကေလမလား?

ယြီဂ်င္လီတစ္ေယာက္ သူ႔ရဲ႕ကိုယ္ပိုင္အေတြးေတြထဲမွာ နစ္ျမဳပ္ေနၿပီးေတာ့ ႐ုန္းမထြက္ႏိုင္ေတာ့ပါဘူး။ သူ႔ေဘးပတ္ပတ္လည္က ဆူညံသံေတြက ခ်က္ခ်င္းဆိုသလို တိတ္က်သြားၿပီးေတာ့ တစ္ခါတစ္ရံ ထြက္ေပၚလာေနတဲ့ သူ႔ရဲ႕ညင္သာတဲ့ သက္ျပင္းခ်သံမွလြဲ၍ စာသင္ခန္းထဲမွာ အပ္ျပဳတ္က်တဲ့အသံေတာင္ ၾကားႏိုင္ေလာက္ေအာင္ တိတ္ဆိတ္ၿငိမ္သက္မႈကပဲ ႀကီးစိုးေနတယ္ဆိုတာကို သူသတိမျပဳမိခဲ့ပါဘူး။

သူ႔အက်ႌလက္ အဆြဲခံေနရတယ္ဆိုတာကို ခံစားလိုက္မိေတာ့ ယြီဂ်င္လီတစ္ေယာက္ သူ႔ေခါင္းကို မသိလိုက္မသိဘာသာ ေမာ့လိုက္မိၿပီးေတာ့ ေဘးဘက္ကို ၾကည့္လိုက္မိေတာ့ လ်ဳိ႐ွင္းယဲ့က အခုခ်ိန္မွာ အေၾကာင္းတခ်ဳိ႕ခ်ဳိ႕ေၾကာင့္ ထိုင္ခံုေပၚတြင္ ထိုင္ခ်ေနတာကို ေတြ႔လိုက္ရေတာ့ တစ္ဖက္လူကို ဝမ္းသာအားရ ေျပာလိုက္မိတယ္။ "မင္းၿပီးသြားၿပီလား?"

စာသင္ခန္းထဲတြင္ ၾကည္လင္တဲ့ ပဲ့တင္သံနဲ႔အတူ အေနာက္ကေန ပင့္သက္႐ွိဳက္သံေတြက ထြက္ေပၚလာခဲ့တယ္။ ယြီဂ်င္လီတစ္ေယာက္ စာသင္ခန္းထဲက ထူးဆန္းလွတဲ့ အေျခအေနနဲ႔ ေလထုႀကီးကို သတိျပဳမိသြားခဲ့တယ္။

"သာ့ အားလံုး ဘာျဖစ္ေနၾကတာလဲ?" ယြီဂ်င္လီတစ္ေယာက္ သူလ်ဳိ႐ွင္းယဲ့ကို တိုးတိုးတိတ္တိတ္ ေမးျမန္းေနတာလို႔ ထင္ေနမိေသာ္လည္း အပ္ျပဳတ္က်သံကိုေတာင္ ၾကားေနရေလာက္တဲ့ စာသင္ခန္းထဲတြင္ သူ႔အသံက ဘယ္ေလာက္ပဲ တိုးေနပါေစ တျခားလူေတြရဲ႕ အၾကားအာရံုဆီကေန သူမလြတ္ေျမာက္ႏိုင္ဘူး ဆိုတာကို သူမသိခဲ့ပါဘူး။

လ်ဳိ႐ွင္းယဲ့ရဲ႕ခႏၶာကိုယ္က ခ်က္ခ်င္းဆိုသလို ေတာင့္တင္းသြားၿပီးေတာ့ သတၱိေကာင္းလြန္းတဲ့ သူ႔ရဲ႕သူငယ္ခ်င္းအသစ္ေလးရဲ႕ပါးစပ္ကို အမွန္တကယ္ သူပိတ္ထားလိုက္ခ်င္မိတယ္။ အခုေလထုအေျခအေနႀကီးက စကားေျပာဖို႔အတြက္ သင့္ေတာ္ေနလို႔လား? အေပၚကလူကို သူစိတ္အေႏွာင့္အယွက္ေပးမိရင္ ဘယ္လိုလုပ္မလဲ?

ေျမျပင္ေပၚခ်နင္းရာမွ ျဖစ္ေပၚလာတဲ့ သားေရဖိနပ္ရဲ႕ "Da Da Da" ဆိုတဲ့အသံက ထြက္ေပၚလာခဲ့ၿပီးေနာက္မွ စာသင္ခန္းထဲတြင္ ေနာက္ထပ္အပိုလူတစ္ေယာက္ ႐ွိေနတယ္ဆိုတာကို ယြီဂ်င္လီတစ္ေယာက္ နားလည္သြားေတာ့တယ္။ မသိစိတ္ကေန အလိုအေလ်ာက္ သူလွမ္းၾကည့္မိလိုက္တဲ့အခါ အေတာ္ေလးကို ရင္းႏွီးမႈ႐ွိေနတဲ့ မ်က္ႏွာတစ္ခုကို သူျမင္လိုက္ရတယ္။

ေသခ်ာေပါက္ကို မြန္းလြဲက်ရင္ သူတို႔ေတြ ေနာက္တစ္ႀကိမ္ ထပ္ဆံုေတြ႔ၾကမယ္လို႔ေျပာခဲ့တဲ့ အား႐ွန္းရဲ႕စကားလံုးေတြက အလိမ္အညာေတြ မဟုတ္ခဲ့ပါဘူး။ သူတို႔ေတြ တကယ္ကို ျပန္ေတြ႔ခဲ့ၾကပါတယ္။ ယြီဂ်င္လီတစ္ေယာက္ စိတ္လႈပ္႐ွားစြာ က်န္းေမာ့႐ွန္းရဲ႕နာမည္ကို ေခၚလိုက္ၿပီးေတာ့ သူ႔ေပ်ာ္ရႊင္မႈေတြကို သူနဲ႔အတူ မွ်ေဝလိုက္ခ်င္မိေပမဲ့ စာသင္ခန္းထဲက အခုလက္႐ွိ ေလထုအေျခအေနကို ႐ုတ္တရက္ သတိျပဳမိသြားၿပီးေတာ့ စိတ္လိုက္မာန္ပါလုပ္ခဲတဲ့သူက အခုခ်ိန္မွာေတာ့ စိတ္လႈပ္႐ွား ထိတ္လန္႔ေနမိတယ္။

ခႏၶာကိုယ္တစ္ခုလံုး ေအးစက္မႈေတြ ဖံုးလႊမ္းေနၿပီး မ်က္ႏွာေသအမူအရာကို ထိန္းသိမ္းထားတဲ့ က်န္းေမာ့႐ွန္းတစ္ေယာက္ ယြီဂ်င္လီ လွမ္းၾကည့္လာတဲ့အခိုက္မွာပဲ ေအးစက္မႈေတြအားလံုးကို ခ်ဳပ္တည္းထားလိုက္ၿပီးေတာ့ သူ႔မ်က္ႏွာအမူအရာက အနည္းငယ္ ေပ်ာ့ေပ်ာင္းႏူးညံ့လာခဲ့ေပမဲ့ ေသခ်ာဂ႐ုတစိုက္ မၾကည့္ဘူးဆိုရင္ေတာ့ သတိျပဳမိဖို႔ ခက္ခဲေနဆဲျဖစ္တယ္။

"ဒီေန႔ကစၿပီး ငါက်န္းေမာ့႐ွန္းက မင္းတို႔တိုက္ခိုက္ေရး လမ္းၫႊန္အတန္းရဲ႕ နည္းျပဆရာတစ္ေယာက္ပဲ။" က်န္းေမာ့႐ွန္းက သူ႔ကိုယ္သူ လိုရင္းတို႐ွင္း မိတ္ဆက္လိုက္ၿပီးေတာ့ ဒီစာသင္ခန္းထဲမွာ သူေပၚလာရတဲ့ အေၾကာင္းအရင္းကိုလည္း ႐ွင္းျပေပးလိုက္တယ္။

ခ်က္ခ်င္းဆိုသလို စာသင္ခန္းတစ္ခန္းလံုးက ေက်ာင္းသားေတြအကုန္လံုး ေပါက္ကြဲထြက္ကုန္ၾကတယ္။ က်န္းေမာ့႐ွန္းရဲ႕အားေကာင္းလွတဲ့ အ႐ွိန္အဝါေၾကာင့္သာ မဟုတ္ဘူးဆိုရင္ အခုခ်ိန္မွာ သူတို႔ရဲ႕စာသင္ခန္းတစ္ခန္းလံုး က်ိန္းေသေပါက္ ပြက္ပြက္ဆူေနတဲ့ ေရေႏြးအိုးတစ္လံုးလိုမ်ဳိး ျဖစ္ေနမွာ ျဖစ္တယ္။

သို႔ေသာ္လည္း အဲ့ဒါကေတာင္မွ သူတို႔ရဲ႕ႏွလံုးသားထဲမွာ မွတ္ခ်က္ေတြ ေပးပို႔ေနျခင္းကိုေတာ့ မတားဆီးႏိုင္ခဲ့ေပ။

[Oh my god! ျပည္ေထာင္စုရဲ႕ အမ်ဳိးသားနတ္ဘုရားႀကီး ဗိုလ္ခ်ဳပ္က်န္းက ဘယ္လိုလုပ္ၿပီး ငါတို႔အတန္းထဲမွာ ေပၚလာရတာလဲ။ ၿပီးေတာ့ သူကတကယ္ကို ငါတို႔ရဲ႕တိုက္ခိုက္ေရး လမ္းၫႊန္အတန္းရဲ႕ ဆရာတစ္ေယာက္ ျဖစ္ေနေသးတယ္။ oh oh အမ်ဳိးသားနတ္ဘုရားက ငါတို႔ရဲ႕နည္းျပတစ္ေယာက္ပဲ။ တိုက္ခိုက္ေရးအတန္းက ဘယ္ေလာက္ပဲ ခက္ခဲေနပါေစ ငါတို႔ေတြ အဲ့အတန္းကို တက္ကိုတက္ရမယ္။ Haha!]

[အိုင္ေဒါႀကီး ငါအိုင္ေဒါကို အမွန္တကယ္ ျမင္ေနရတယ္။ တကယ့္ အိုင္ေဒါႀကီးပဲ။ အရမ္းနီးကပ္လြန္းေနၿပီ။ အိုင္ေဒါႀကီးရဲ႕လက္မွတ္ကို သြားေတာင္းခ်င္ေနၿပီ။ ငါဘယ္လိုလုပ္ရမလဲ?]

[Ahhhh!!! ငါ့အိုင္ေဒါနဲ႔ တကယ္ကို အရမ္းနီးေနၿပီ။ အိုင္ေဒါႀကီးက အမွန္တကယ္ကို အိုင္ေဒါတစ္ေယာက္ ျဖစ္ထိုက္ပါေပတယ္။ သူက အရမ္းကို ခန္႔ညားထည္ဝါတာပဲ။ ခုနတုန္းကဆိုရင္ ငါဒူးေထာက္မိလုနီးပါးပဲ!]

[အမ်ဳိးသားနတ္ဘုရားႀကီးက ငါတို႔ေတြကို သင္ခန္းစာ လမ္းၫႊန္ခ်က္ေပးဖို႔ တကယ္ကို ေရာက္လာခဲ့တာပဲ။ အဲ့ဒါဆိုရင္ ငါတို႔ေတြ အဲ့ေနရာကို သြားမွျဖစ္မယ္။ အတန္းခ်ိန္တစ္ခ်ိန္မွ လြတ္သြားလို႔မျဖစ္ဘူး။ အမ်ဳိးသားနတ္ဘုရားက ငါ့ကိုကိုယ္တိုင္ကိုယ္က် တစ္ႀကိမ္ေလာက္ လမ္းၫႊန္ျပသေပးဖို႔ ေတာင္းဆိုခ်င္တယ္။ တစ္ႀကိမ္ေလးတည္းဆိုရင္ေတာင္ ငါေနာင္တမ႐ွိပဲ ေသလို႔ရေနၿပီ!]

ေက်ာင္းသားေတြရဲ႕စိတ္ထဲက မွတ္ခ်က္စကားေျပာခန္းေတြက အရမ္းမ်ားျပား ႂကြယ္ဝတက္ႂကြလြန္းေနေပမဲ့ မ်က္ႏွာျပင္ေပၚမွာေတာ့ သူတို႔ေတြအားလံုးမွာ တစ္ေယာက္ၿပီးတစ္ေယာက္ ႐ွက္ရြံ႕ေနၾကတယ္။ စိတ္ထဲမွာ စိတ္လႈပ္႐ွားမႈေတြက ထႂကြေသာင္းက်န္းေနၾကတာေတာင္မွ သူတို႔ရဲ႕အိုင္ေဒါကို စိတ္အေႏွာင့္အယွက္ေပးမိမွာ စိုးတာေၾကာင့္ အသံတစ္ခ်က္ေတာင္ မထြက္ရဲၾကပါဘူး။

အိုင္ေဒါေတြျဖစ္လာႏိုင္တဲ့ ေက်ာင္းသားေတြကေတာ့ A-level စြမ္းအင္ကတ္တစ္ကတ္ျဖင့္ အသက္႐ွင္လ်က္ အျမဳပ္ခံလိုက္ရသလိုမ်ဳိး ခံစားလိုက္ရတယ္။ ဒီထက္ပိုၿပီး ပိုမခ်ဥ္ႏိုင္ေတာ့ပါဘူး!

ယြီဂ်င္လီကလည္း ဒီစကားလံုးေတြကို ၾကားလိုက္ရတဲ့အခါ အရမ္းအံ့အားသင့္သြားမိေပမဲ့ တျခားေက်ာင္းသားေတြလိုမ်ဳိး စိတ္႐ွဳပ္ေထြး ခ်ဥ္ေနတာမဟုတ္ပဲ ဒီအတိုင္း ေပ်ာ္ရႊင္ေနရံုသာ ျဖစ္တယ္။

ဒီလိုနည္းနဲ႔ဆိုရင္ ေနာင္အနာဂတ္မွာ ငါအား႐ွန္းနဲ႔ မၾကာခဏ ေတြ႔ေနႏိုင္ၿပီေပါ့။ ဒီထက္ပိုၿပီး ဝမ္းေျမာက္ေပ်ာ္ရႊင္စရာေကာင္းတဲ့ သတင္းဆိုတာ မ႐ွိေတာ့ဘူး။ အစက ေက်ာင္းမသြားခ်င္ေတာ့ပါဘူးဆိုတဲ့ ယြီဂ်င္လီတစ္ေယာက္ အခုခ်ိန္မွာေတာ့ အဲ့အေတြးကို တျခားတစ္ေနရာဆီ လႊင့္ပစ္လိုက္ႏွင့္ၿပီးၿပီျဖစ္တယ္။ "ေလ့က်င့္ေရးကြင္းထဲမွာ စုေဝးဖို႔အတြက္ ငါမင္းတို႔ေတြကို အခ်ိန္တစ္မိနစ္ေပးမယ္။ အခ်ိန္မတိက်တဲ့လူေတြကို ေနာက္က်ရင္ အသံုးျပဳေတာ့မွာ မဟုတ္ဘူး!" က်န္းေမာ့႐ွန္းရဲ႕အၾကည့္က တစ္ခ်ိန္လံုး ယြီဂ်င္လီအေပၚ က်ေရာက္ေနၿပီးေတာ့ သူ႔မ်က္လံုးေတြက ႏူးညံ့ေနေပမဲ့ သူ႔စကားလံုးေတြကေတာ့ မႏူးညံ့ေနခဲ့ေပ။ စကားေျပာလို႔ၿပီးသြားတဲ့အခါ သူလွည့္ၿပီး စာသင္ခန္းအထဲကေန က်က္သေရ႐ွိ႐ွိ ထြက္ခြာသြားေတာ့တယ္။

စာသင္ခန္းထဲက ေလထုက စကၠန္႔အနည္းငယ္ေလာက္ ေတာင့္ခဲသြားၿပီးေနာက္ ေျမျပင္ထက္က အတန္း F ရဲ႕သင္ၾကားေရး အေဆာက္အအံုတစ္ခုလံုးကို တုန္ခါလုနီးပါးျဖစ္သြားေစတဲ့ အားေပးေႂကြးေၾကာ္သံေတြ က်ယ္ေလာင္စြာ ထြက္ေပၚလာခဲ့တယ္။















Unicode



Chapter(90):တိုက်ခိုက်ရေး လမ်းညွှန်မှုများ-1



အောက်ဘက်တွင် ကျောင်းသားတွေက ငြင်းခုံဆူညံနေကြတာတောင်မှ ဆရာက သူပြောရမဲ့စကားလုံးတွေကို စင်မြင့်ပေါ်တွင် အမူအရာမဲ့စွာ ဆက်လက်ပြောဆိုနေဆဲ ဖြစ်ပြီးတော့ ကျောင်းသားတွေ နားထောင်နေသလား။ နားမထောင်နေဘူးလား ဆိုတာကို အမှန်တကယ် ဂရုမစိုက်ဘူး ဆိုတာကို ယွီဂျင်လီတစ်ယောက် တွေ့လိုက်ရတာမို့ ကောင်းကျီချီနဲ့ တခြားလူတွေကို စာသင်ကြားရာတွင် အာရုံစိုက်ဖို့အတွက် သူဖျောင်းဖျဖို့ မကြိုးစားတော့ပါဘူး။ ဆရာက စာသင်ခန်းအထဲ ဝင်လာပြီးနောက်တွင် သူရဲ့သင်ခန်းစာ ပြီးမြောက်သလားဆိုတဲ့ အကြောင်းကိုမျှသာ သူဂရုစိုက်နေတယ်လေ။

ယွီဂျင်လီရဲ့မျက်ခုံးတွေက တင်းတင်းကျပ်ကျပ် မျက်မှောင်ကြုပ်လာခဲ့ပြီးတော့ သူ့နှလုံးသားထဲကနေ ဒေါသတွေက အလိုလိုထွက်လာခဲ့တယ်။

ကျောင်းသားတွေအတွက် သင်ကြားရေးကို လမ်းညွှန်ပြသပေးနေရတဲ့ အရေးကြီး ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ဆရာတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက် တာဝန်မဲ့နိုင်ရတာလဲ? တကယ်လို့ ဘယ်ဆရာတစ်ယောက်ကမှ လမ်းညွှန်မပြသပေးဘူးဆိုရင် တကယ်လို့ ဆရာတစ်ယောက်က ဒီကျောင်းသားတွေအကြောင်းကိုတောင် ဂရုမစိုက်ဘူးဆိုရင် သူတို့တွေ ဘာကို သွားသင်ကြားရတော့မှာလဲ?

ယွီဂျင်လီတစ်ယောက် သူ့ရဲ့နူးညံ့သိမ်မွေ့တဲ့ ရှီဖူကို တွေးတောမိသွားတယ်။ သူ့ရဲ့ကိုယ်ပိုင်ကျင့်ကြံရေး ပင်ကိုယ်စွမ်းရည်က အမှန်တကယ်တော့ အရမ်းမမြင့်မားပေ။ ကံကောင်းမှုကြောင့်သာ မဟုတ်ဘူးဆိုရင် သူအခုချိန်မှာ လူပုံစံ အသွင်မပြောင်းနိုင်မှာကို ကြောက်မိတယ်။

ဒါပေမဲ့ သူလူပုံစံ မပြောင်းခင် အရင်တုန်းက သူ့ရှီဖူက ကျင့်ကြံရေးအတွက် လမ်းညွှန်ပေးရာတွင် သူ့အပေါ်မှာ အရမ်းညင်သာပြီး စိတ်ရှည်မှုရှိတယ်။ တကယ်လို့ ရှီဖူမရှိရင် သူဘယ်လောက်ပဲ ကံကောင်းနေပါစေ လူပုံစံ အသွင်ပြောင်းဖို့အတွက် သူ့ဘာသာသူ ကျင့်ကြံနိုင်မှာ မဟုတ်ပါဘူး။

ထို့ကြောင့် ယွီဂျင်လီက ဆရာအဆင့် လူပုဂ္ဂိုလ်တွေအားလုံးကို အရမ်းလေးစားတယ်။ ဒါပေမဲ့ သူ့အရှေ့ စင်မြင့်ပေါ်ကလူကတော့ အမှန်တကယ်ကို သူ့အပေါ် လေးစားလို့မရနိုင်အောင် ယွီဂျင်လီကို ပြုလုပ်နေတယ်လေ။

ဒါပေမဲ့လည်း အဆုံးမှာတော့ တစ်ဖက်လူက ဆရာတစ်ယောက် ဖြစ်နေတယ်လေ။ ယွီဂျင်လီမှာ သူနဲ့ သူ့အတန်းဖော်တွေရဲ့အမြင်တွေကို ပြောင်းလဲဖို့ နည်းလမ်းမရှိပေ။ အရင်ဦးဆုံး သူ့ဘာသာသူ ကြိုးကြိုးစားစား သင်ယူလေ့လာပြီးနောက်မှ နည်းလမ်းတစ်ခုရှာဖို့အတွက် အားရှန်းဆီသွားဖို့သာ တတ်နိုင်တော့တယ်။ သူကျိန်းသေပေါက် နည်းလမ်းကောင်းတစ်ခုကို ရှာရမယ်။

ဒီလိုမျိုးနဲ့ ယွီဂျင်လီက သင်ခန်းစာကို ဂရုတစိုက် နားထောင်နေချိန်မှာ တခြားကျောင်းသားတွေက ရယ်မောဆော့ကစားနေရင်း ဒါကို ဟာသတစ်ခုအနေနဲ့ မှတ်ယူနေခဲ့တယ်။

မနေ့တုန်းကအတိုင်းပဲ ယွီဂျင်လီမှာ အတန်းထဲတွင် သူကြားခဲ့ရတာတွေရဲ့ ဗဟုသုတတစ်ဝက်ကိုသာ ရရှိခဲ့တယ်။ ဒါပေမဲ့ သူ့သံသယတွေကို ဘယ်သူကမှ အဖြေမပေးနိုင်ကြပေ။ အဲ့ဒါကြောင့် သူနားမလည်တဲ့ အရာတွေအားလုံးကို မှတ်သားထားပြီးတော့ သူဆရာခါမွန်ဆီ သွားတဲ့အချိန်ကျမှ အဖြေတွေကို ထပ်မံရှာဖွေရမယ်။

. . . တကယ်လို့ ဒီလိုမျိုး နေ့တိုင်း ဖြစ်ပျက်နေမယ်ဆိုရင် ကျောင်းသွားရတာက အဲ့လောက် စိတ်ဝင်စားစရာကောင်းတဲ့အရာမျိုး မဟုတ်ဘူးပဲ။ ယွီဂျင်လီတစ်ယောက် သူ့စိတ်ထဲမှာ မတွေးမိပဲ မနေနိုင်ခဲ့ချေ။

ကျောင်းတက်နိုင်ဖို့ဆိုတာက သူ့အရင်ဘဝကတည်းက သူတောင့်တနေခဲ့ရတဲ့အရာဖြစ်တယ်။ အဆုံးမှာတော့ သူအမှန်တကယ် ကျောင်းကို လာနိုင်ခဲ့ပေမဲ့ ကျောင်းက သူစိတ်ကူးယဉ်ထားခဲ့သလိုမျိုး မကောင်းမွန်ဘူးဆိုတာကို တွေ့လိုက်ရတယ်။ တကယ်လို့ သူဒီနေရာမှာ ဘာတစ်ခုကိုမှ မသင်ယူနိုင်ခဲ့ဘူးဆိုရင် သူ့မိဘတွေများ သူ့ကို စိတ်ပျက်သွားကြလေမလား?

ယွီဂျင်လီတစ်ယောက် သူ့ရဲ့ကိုယ်ပိုင်အတွေးတွေထဲမှာ နစ်မြုပ်နေပြီးတော့ ရုန်းမထွက်နိုင်တော့ပါဘူး။ သူ့ဘေးပတ်ပတ်လည်က ဆူညံသံတွေက ချက်ချင်းဆိုသလို တိတ်ကျသွားပြီးတော့ တစ်ခါတစ်ရံ ထွက်ပေါ်လာနေတဲ့ သူ့ရဲ့ညင်သာတဲ့ သက်ပြင်းချသံမှလွဲ၍ စာသင်ခန်းထဲမှာ အပ်ပြုတ်ကျတဲ့အသံတောင် ကြားနိုင်လောက်အောင် တိတ်ဆိတ်ငြိမ်သက်မှုကပဲ ကြီးစိုးနေတယ်ဆိုတာကို သူသတိမပြုမိခဲ့ပါဘူး။

သူ့အကျႌလက် အဆွဲခံနေရတယ်ဆိုတာကို ခံစားလိုက်မိတော့ ယွီဂျင်လီတစ်ယောက် သူ့ခေါင်းကို မသိလိုက်မသိဘာသာ မော့လိုက်မိပြီးတော့ ဘေးဘက်ကို ကြည့်လိုက်မိတော့ လျိုရှင်းယဲ့က အခုချိန်မှာ အကြောင်းတချို့ချို့ကြောင့် ထိုင်ခုံပေါ်တွင် ထိုင်ချနေတာကို တွေ့လိုက်ရတော့ တစ်ဖက်လူကို ဝမ်းသာအားရ ပြောလိုက်မိတယ်။ "မင်းပြီးသွားပြီလား?"

စာသင်ခန်းထဲတွင် ကြည်လင်တဲ့ ပဲ့တင်သံနဲ့အတူ အနောက်ကနေ ပင့်သက်ရှိုက်သံတွေက ထွက်ပေါ်လာခဲ့တယ်။ ယွီဂျင်လီတစ်ယောက် စာသင်ခန်းထဲက ထူးဆန်းလှတဲ့ အခြေအနေနဲ့ လေထုကြီးကို သတိပြုမိသွားခဲ့တယ်။

"သာ့ အားလုံး ဘာဖြစ်နေကြတာလဲ?" ယွီဂျင်လီတစ်ယောက် သူလျိုရှင်းယဲ့ကို တိုးတိုးတိတ်တိတ် မေးမြန်းနေတာလို့ ထင်နေမိသော်လည်း အပ်ပြုတ်ကျသံကိုတောင် ကြားနေရလောက်တဲ့ စာသင်ခန်းထဲတွင် သူ့အသံက ဘယ်လောက်ပဲ တိုးနေပါစေ တခြားလူတွေရဲ့ အကြားအာရုံဆီကနေ သူမလွတ်မြောက်နိုင်ဘူး ဆိုတာကို သူမသိခဲ့ပါဘူး။

လျိုရှင်းယဲ့ရဲ့ခန္ဓာကိုယ်က ချက်ချင်းဆိုသလို တောင့်တင်းသွားပြီးတော့ သတ္တိကောင်းလွန်းတဲ့ သူ့ရဲ့သူငယ်ချင်းအသစ်လေးရဲ့ပါးစပ်ကို အမှန်တကယ် သူပိတ်ထားလိုက်ချင်မိတယ်။ အခုလေထုအခြေအနေကြီးက စကားပြောဖို့အတွက် သင့်တော်နေလို့လား? အပေါ်ကလူကို သူစိတ်အနှောင့်အယှက်ပေးမိရင် ဘယ်လိုလုပ်မလဲ?

မြေပြင်ပေါ်ချနင်းရာမှ ဖြစ်ပေါ်လာတဲ့ သားရေဖိနပ်ရဲ့ "Da Da Da" ဆိုတဲ့အသံက ထွက်ပေါ်လာခဲ့ပြီးနောက်မှ စာသင်ခန်းထဲတွင် နောက်ထပ်အပိုလူတစ်ယောက် ရှိနေတယ်ဆိုတာကို ယွီဂျင်လီတစ်ယောက် နားလည်သွားတော့တယ်။ မသိစိတ်ကနေ အလိုအလျောက် သူလှမ်းကြည့်မိလိုက်တဲ့အခါ အတော်လေးကို ရင်းနှီးမှုရှိနေတဲ့ မျက်နှာတစ်ခုကို သူမြင်လိုက်ရတယ်။

သေချာပေါက်ကို မွန်းလွဲကျရင် သူတို့တွေ နောက်တစ်ကြိမ် ထပ်ဆုံတွေ့ကြမယ်လို့ပြောခဲ့တဲ့ အားရှန်းရဲ့စကားလုံးတွေက အလိမ်အညာတွေ မဟုတ်ခဲ့ပါဘူး။ သူတို့တွေ တကယ်ကို ပြန်တွေ့ခဲ့ကြပါတယ်။ ယွီဂျင်လီတစ်ယောက် စိတ်လှုပ်ရှားစွာ ကျန်းမော့ရှန်းရဲ့နာမည်ကို ခေါ်လိုက်ပြီးတော့ သူ့ပျော်ရွှင်မှုတွေကို သူနဲ့အတူ မျှဝေလိုက်ချင်မိပေမဲ့ စာသင်ခန်းထဲက အခုလက်ရှိ လေထုအခြေအနေကို ရုတ်တရက် သတိပြုမိသွားပြီးတော့ စိတ်လိုက်မာန်ပါလုပ်ခဲတဲ့သူက အခုချိန်မှာတော့ စိတ်လှုပ်ရှား ထိတ်လန့်နေမိတယ်။

ခန္ဓာကိုယ်တစ်ခုလုံး အေးစက်မှုတွေ ဖုံးလွှမ်းနေပြီး မျက်နှာသေအမူအရာကို ထိန်းသိမ်းထားတဲ့ ကျန်းမော့ရှန်းတစ်ယောက် ယွီဂျင်လီ လှမ်းကြည့်လာတဲ့အခိုက်မှာပဲ အေးစက်မှုတွေအားလုံးကို ချုပ်တည်းထားလိုက်ပြီးတော့ သူ့မျက်နှာအမူအရာက အနည်းငယ် ပျော့ပျောင်းနူးညံ့လာခဲ့ပေမဲ့ သေချာဂရုတစိုက် မကြည့်ဘူးဆိုရင်တော့ သတိပြုမိဖို့ ခက်ခဲနေဆဲဖြစ်တယ်။

"ဒီနေ့ကစပြီး ငါကျန်းမော့ရှန်းက မင်းတို့တိုက်ခိုက်ရေး လမ်းညွှန်အတန်းရဲ့ နည်းပြဆရာတစ်ယောက်ပဲ။" ကျန်းမော့ရှန်းက သူ့ကိုယ်သူ လိုရင်းတိုရှင်း မိတ်ဆက်လိုက်ပြီးတော့ ဒီစာသင်ခန်းထဲမှာ သူပေါ်လာရတဲ့ အကြောင်းအရင်းကိုလည်း ရှင်းပြပေးလိုက်တယ်။

ချက်ချင်းဆိုသလို စာသင်ခန်းတစ်ခန်းလုံးက ကျောင်းသားတွေအကုန်လုံး ပေါက်ကွဲထွက်ကုန်ကြတယ်။ ကျန်းမော့ရှန်းရဲ့အားကောင်းလှတဲ့ အရှိန်အဝါကြောင့်သာ မဟုတ်ဘူးဆိုရင် အခုချိန်မှာ သူတို့ရဲ့စာသင်ခန်းတစ်ခန်းလုံး ကျိန်းသေပေါက် ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးတစ်လုံးလိုမျိုး ဖြစ်နေမှာ ဖြစ်တယ်။

သို့သော်လည်း အဲ့ဒါကတောင်မှ သူတို့ရဲ့နှလုံးသားထဲမှာ မှတ်ချက်တွေ ပေးပို့နေခြင်းကိုတော့ မတားဆီးနိုင်ခဲ့ပေ။

[Oh my god! ပြည်ထောင်စုရဲ့ အမျိုးသားနတ်ဘုရားကြီး ဗိုလ်ချုပ်ကျန်းက ဘယ်လိုလုပ်ပြီး ငါတို့အတန်းထဲမှာ ပေါ်လာရတာလဲ။ ပြီးတော့ သူကတကယ်ကို ငါတို့ရဲ့တိုက်ခိုက်ရေး လမ်းညွှန်အတန်းရဲ့ ဆရာတစ်ယောက် ဖြစ်နေသေးတယ်။ oh oh အမျိုးသားနတ်ဘုရားက ငါတို့ရဲ့နည်းပြတစ်ယောက်ပဲ။ တိုက်ခိုက်ရေးအတန်းက ဘယ်လောက်ပဲ ခက်ခဲနေပါစေ ငါတို့တွေ အဲ့အတန်းကို တက်ကိုတက်ရမယ်။ Haha!]

[အိုင်ဒေါကြီး ငါအိုင်ဒေါကို အမှန်တကယ် မြင်နေရတယ်။ တကယ့် အိုင်ဒေါကြီးပဲ။ အရမ်းနီးကပ်လွန်းနေပြီ။ အိုင်ဒေါကြီးရဲ့လက်မှတ်ကို သွားတောင်းချင်နေပြီ။ ငါဘယ်လိုလုပ်ရမလဲ?]

[Ahhhh!!! ငါ့အိုင်ဒေါနဲ့ တကယ်ကို အရမ်းနီးနေပြီ။ အိုင်ဒေါကြီးက အမှန်တကယ်ကို အိုင်ဒေါတစ်ယောက် ဖြစ်ထိုက်ပါပေတယ်။ သူက အရမ်းကို ခန့်ညားထည်ဝါတာပဲ။ ခုနတုန်းကဆိုရင် ငါဒူးထောက်မိလုနီးပါးပဲ!]

[အမျိုးသားနတ်ဘုရားကြီးက ငါတို့တွေကို သင်ခန်းစာ လမ်းညွှန်ချက်ပေးဖို့ တကယ်ကို ရောက်လာခဲ့တာပဲ။ အဲ့ဒါဆိုရင် ငါတို့တွေ အဲ့နေရာကို သွားမှဖြစ်မယ်။ အတန်းချိန်တစ်ချိန်မှ လွတ်သွားလို့မဖြစ်ဘူး။ အမျိုးသားနတ်ဘုရားက ငါ့ကိုကိုယ်တိုင်ကိုယ်ကျ တစ်ကြိမ်လောက် လမ်းညွှန်ပြသပေးဖို့ တောင်းဆိုချင်တယ်။ တစ်ကြိမ်လေးတည်းဆိုရင်တောင် ငါနောင်တမရှိပဲ သေလို့ရနေပြီ!]

ကျောင်းသားတွေရဲ့စိတ်ထဲက မှတ်ချက်စကားပြောခန်းတွေက အရမ်းများပြား ကြွယ်ဝတက်ကြွလွန်းနေပေမဲ့ မျက်နှာပြင်ပေါ်မှာတော့ သူတို့တွေအားလုံးမှာ တစ်ယောက်ပြီးတစ်ယောက် ရှက်ရွံ့နေကြတယ်။ စိတ်ထဲမှာ စိတ်လှုပ်ရှားမှုတွေက ထကြွသောင်းကျန်းနေကြတာတောင်မှ သူတို့ရဲ့အိုင်ဒေါကို စိတ်အနှောင့်အယှက်ပေးမိမှာ စိုးတာကြောင့် အသံတစ်ချက်တောင် မထွက်ရဲကြပါဘူး။

အိုင်ဒေါတွေဖြစ်လာနိုင်တဲ့ ကျောင်းသားတွေကတော့ A-level စွမ်းအင်ကတ်တစ်ကတ်ဖြင့် အသက်ရှင်လျက် အမြုပ်ခံလိုက်ရသလိုမျိုး ခံစားလိုက်ရတယ်။ ဒီထက်ပိုပြီး ပိုမချဉ်နိုင်တော့ပါဘူး!

ယွီဂျင်လီကလည်း ဒီစကားလုံးတွေကို ကြားလိုက်ရတဲ့အခါ အရမ်းအံ့အားသင့်သွားမိပေမဲ့ တခြားကျောင်းသားတွေလိုမျိုး စိတ်ရှုပ်ထွေး ချဉ်နေတာမဟုတ်ပဲ ဒီအတိုင်း ပျော်ရွှင်နေရုံသာ ဖြစ်တယ်။

ဒီလိုနည်းနဲ့ဆိုရင် နောင်အနာဂတ်မှာ ငါအားရှန်းနဲ့ မကြာခဏ တွေ့နေနိုင်ပြီပေါ့။ ဒီထက်ပိုပြီး ဝမ်းမြောက်ပျော်ရွှင်စရာကောင်းတဲ့ သတင်းဆိုတာ မရှိတော့ဘူး။ အစက ကျောင်းမသွားချင်တော့ပါဘူးဆိုတဲ့ ယွီဂျင်လီတစ်ယောက် အခုချိန်မှာတော့ အဲ့အတွေးကို တခြားတစ်နေရာဆီ လွှင့်ပစ်လိုက်နှင့်ပြီးပြီဖြစ်တယ်။ "လေ့ကျင့်ရေးကွင်းထဲမှာ စုဝေးဖို့အတွက် ငါမင်းတို့တွေကို အချိန်တစ်မိနစ်ပေးမယ်။ အချိန်မတိကျတဲ့လူတွေကို နောက်ကျရင် အသုံးပြုတော့မှာ မဟုတ်ဘူး!" ကျန်းမော့ရှန်းရဲ့အကြည့်က တစ်ချိန်လုံး ယွီဂျင်လီအပေါ် ကျရောက်နေပြီးတော့ သူ့မျက်လုံးတွေက နူးညံ့နေပေမဲ့ သူ့စကားလုံးတွေကတော့ မနူးညံ့နေခဲ့ပေ။ စကားပြောလို့ပြီးသွားတဲ့အခါ သူလှည့်ပြီး စာသင်ခန်းအထဲကနေ ကျက်သရေရှိရှိ ထွက်ခွာသွားတော့တယ်။

စာသင်ခန်းထဲက လေထုက စက္ကန့်အနည်းငယ်လောက် တောင့်ခဲသွားပြီးနောက် မြေပြင်ထက်က အတန်း F ရဲ့သင်ကြားရေး အဆောက်အအုံတစ်ခုလုံးကို တုန်ခါလုနီးပါးဖြစ်သွားစေတဲ့ အားပေးကြွေးကြော်သံတွေ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့တယ်။








Đọc tiếp

Bạn Cũng Sẽ Thích

259K 6.9K 72
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1M 54.1K 46
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
440K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...