ကတိ(Completed)

By KaLay79

48.5K 3.6K 762

ကတိဆိုတာပေးပြီးရင်တည်ရတယ် ကိုကိုရဲ့ More

အစပျိုးခြင်း
အပိုင်းတစ်
အပိုင်းနှစ်
အပိုင်းသုံး
အပိုင်းလေး
အပိုင်းငါး
အပိုင်းခြောက်
အပိုင်းရှစ်
အပိုင်းကိုး
အပိုင်းတစ်ဆယ်
အပိုင်းတစ်ဆယ့်တစ်
အပိုင်းတစ်ဆယ့်နှစ်
အပိုင်းတစ်ဆယ့်သုံး
အပိုင်းတစ်ဆယ့်လေး
အပိုင်းတစ်ဆယ့်ငါး
အပိုင်းတစ်ဆယ့်ခြောက်
အပိုင်းတစ်ဆယ့်ခုနှစ်
အပိုင်းတစ်ဆယ့်ရှစ်
အပိုင်းတစ်ဆယ့်ကိုး
အပိုင်းနှစ်ဆယ်
ဇာတ်သိမ်းပိုင်း
အချပ်ပို
အချပ်ပို_၂

အပိုင်းခုနှစ်

1.6K 147 20
By KaLay79

*ဒါက ပိုးထည်တွေပါ...*

*မဟုတ်တာ ဗျာ။ဒီလိုပစ္စည်းတွေယူမလာလည်းရပါတယ်..*

*မြို့တော်ဝန်ကလည်း ..မကြာခင်ဘဲနှစ်အိမ်တစ်အိမ်ဖြစ်တော့မှာကို စိမ်းကားနေတုန်းဘဲလား..*

*ကျွန်တော်ကအဲလိုသဘောပြောတာမဟုတ်ပါဘူး..*

*အဟား..!‌မြို့တော်ဝန်က ရိုးသားလိုက်တာ..*

*အားမနာပါနဲ့ နောက်ဆိုဒီထက်တန်ဖိုးကြီးတဲ့ပစ္စည်း‌ေတွရအုန်းမှာပါ..*

ဂရေ့စ် ၏ဖခင်ဖြစ်သူအရာရှိကြီးက ပြည်မကြီးကဝင်တဲ့နူးညံ့အိစက်တဲ့ပိုးထည်စတွေကို လက်ဆောင်အဖြစ် ဂျောင်ဂု ဆီကိုယူဆောင်လာပေးသည်။ပြောရရင် မျက်နှာလုပ်တာပေါ့။

အကျိုးလိုလို့ညောင်ရေသွန်းတယ်ဆိုလည်းမမှားဘူး။အများမြင်မှာတော့ အရာရှိကြီးကကုန်သွယ်လုပ်ငန်းလုပ်ကိုင်တယ်လိူ့ဘဲသိထားကြတာ။သို့ပေတည်း သူသည်တခြားသောတရားမဝင်တဲ့အလုပ်တွေလည်းလုပ်ကိုင်ပါသေးသည်။

*သမီး မြို့တော်ဝန်ကိုနှုတ်ဆက်လိုက်အုန်းလေ..!*

*တွေ့ရတာဝမ်းသာပါတယ် မြို့တော်ဝန်..ဂရေ့စ် ပါ.*

*ထပ်တူပါဘဲ..*

မြို့တော်ဝန်နဲ့တွေ့ဆုံဖို့ရှိလို့ လိုက်ခဲ့ရမယ်ဆိုတဲ့ ဖေဖေ့စကားကြောင့် ဂရေ့စ် လည်းမလွဲသာဘဲလိုက်လာခဲ့ရသည်။ရောက်တော့လည်း လူကြီးချင်းစကားလက်ဆုံကြနေသည်မို့ သူ(မ) ငြိမ်ငြိမ်လေးထိုင်နေပေးသည်။

ဖေဖေ ဘယ်အကွက်ကိုရွှေ့နေလဲဆိုတာ သူ(မ)သိသည်။သူ(မ)ကိုအရုပ်တရုပ်လိုသတ်မှတ်ပြီး ကုန်သွယ်ရေးလုပ်ဖို့စိတ်ကူးနေတာလေ။

တည်ကြည်ခန့်ငြားတဲ့မြို့တော်ဝန်ဂျောင်ဂု ကအပြုံးယဲ့ယဲ့လေးဖြင့်သာ သူ(မ)ကိုတချက်ကြည့်ပြီးနှုတ်ဆက်လာသည်။အေးစက်စက်နိုင်လိုက်တာလို့လည်း မှတ်ချက်ပေးမိသည်

*အရာရှိသမီးကအချောလေးဘဲ..*

*ကျေးဇူးတင်ပါတယ် အန်ကယ်လ်.*

တယောက်တခွန်းစီနှုတ်ဆက်ရုံကလွဲရင် ဘာစကားမှထပ်မစဖြင့်တဲ့ သားဖြစ်သူကြောင့် ဂျွန်ဆော့ ကဘဲစကားလမ်းကြောင်းဖွင့်ပေးလိုက်သည်။ဂ‌ေရ့စ် နဲ့သားကိုလိုက်ဖတ်တယ်လို့ သူမြင်တယ်။

တကယ်လည်းလိုက်ဖတ်တာဘဲလေ။ထက်မြတ်တဲ့ ဂရေ့စ်လိုမိန်းကလေးကို ချွေးမတော်ရမှာ ဘယ်လောက်ကံကောင်းတယ်ထင်လဲ။

*နောက်ဆို အိမ်ကိုအချိန်မ‌ေရွးဝင်ထွက်လို့ရတယ် သိလား။အန်ကယ်လ် တို့မရှိလဲ သားရှိနေတာဘဲ..*

*ဟုတ်ကဲ့...*

‌ဂျွန်‌ေဆာ့ကသာ တက်တက်ကြွကြွနဲ့စကား‌ဆိုနေတာ ဂျောင်ဂု ကတော့အင်းမလုပ် အဲမလုပ် ဘဲမပွင့်တပွင့်အပြုံးနဲ့သာ မလှုပ်မယှက်ဘဲထိုင်နေတယ်။သူ မှစိတ်မဝင်စားတာ။

ဂရေ့စ် နဲ့ကိစ္စကို ဖေဖေပြောပြထားလို့ သူသိသင့်သလောက်တော့သိထားပြီးပြီ။အခုလိုလူချင်းတွေ့ကြည့်တော့လည်း ဂရေ့စ် က‌စကားပြောပြေပြစ်တယ်။ရုပ်ရည်ကချောမောလှပပြီးကြည့်ရတာ ကျက်သရေရှိတယ်။ဒါပါဘဲ ဂျောင်ဂု အမြင်ကဒီထက်မပိုခဲ့ဘူး။ရင်ခုန်ခြင်းအလျဉ်းမရှိတာကြောင့် ဂရေ့စ် ကိုအသိမိတ်ဆွေတယောက်အပြင်မပိုပါဘူး။

*သားတို့လူငယ်ချင်းစကားပြောဖို့လိုမယ်ထင်တယ်..*

*အရာရှိကြီး ကျွန်တော်တို့စာဖတ်ခန်းထဲသွားကြမလား...*

*ကောင်းတာပေါ့..*

အလိုတသိနဲ့လူကြီးတွေကရှောင်ထွက်သွားပေးသည်။ကျန်ခဲ့တဲ့ ဂျောင်ဂုနဲ့ဂရေ့စ် ကတော့ တယောက်မျက်နှာတယောက်ကြည့်ရင်းပြုံးရုံဘဲတက်နိုင်သည်။

*‌လူကြီးတွေပြောထားလို့ ဂရေ့စ် တို့ကိစ္စကိုမြို့တော်ဝန်လည်းသိပြီးလောက်ရောပေါ့...*

*ရင်းရင်းနှီးနှီး အကိုဂျောင်ဂု လို့ဘဲခေါ်ပါ...*

*ဟုတ်ကဲ့ပါ..*

ဂုဏ်ပုဒ်တပ်ပြီးအခေါ်မခံချင်တာကြောင့် နာမည်ကိုသာခေါ်ခိုင်းလိုက်သည်။ဂရေ့စ်က မင် နဲ့အသက်တူတယ်လို့လည်း ထပ်ပြီးသိထားသေးသည်။ဒါကြောင့် အကိုလို့ထည့်ခေါ်ခိုင်းလိုက်တာ

လက်ဖက်ရည်သောက်တဲလေးမှာ ဆိတ်ငြိမ်စွာထိုင်နေကြတဲ့ လူနှစ်ယောက်မှာ အတွေးကိုယ်စီရှိကြသည်။သေချာတာကတော့ သူတို့အတွေးကထပ်တူကျမနေဘူးဆိုတာပါဘဲ

*အကို့ရဲ့သဘောထားကို ဂရေ့စ် သိချင်တယ်..*

*အကို့မှာသဘောကျရတဲ့သူရှိတယ်...*

*........*

ဂရေ့စ် ခတ္တမျှငေးကြည့်မိသွားသည်။တုံ့ဆိုင်းခြင်းအလျဉ်းမရှိဘဲ သူ(မ)ကိုအလိမ္မာနည်းနဲ့ငြင်းလိုက်တာဘဲ။ကောင်းတာပေါ့ ။သူ(မ)လည်း ဂျောင်ဂု ကိုရင်မခုန်ဘူး။ဒါဆို ပွဲကပြီးနေပြီလေ။သူတို့သဘောထားမပါဘဲ လူကြီးတွေကအတင်းစီစဉ်မှာတော့မဟုတ်ဘူး

*အကို ကလည်းဒဲ့တိုးကြီးပြောရလား ။စိတ်မကောင်းဖြစ်အောင်လို့...*

*ဆောရီး ဂရေ့စ် အကို အဲလိုမရည်ရွယ်ပါဘူး။အကို့သဘောထားကို ပြောပြရုံပါ..*

*ဂရေ့စ် ကနောက်တာပါ။ဘာဘဲဖြစ်ဖြစ် အခုလိုကြိုသိရတော့ ကောင်းတာပေါ့...*

*မဟုတ်ရင် စိတ်ညစ်ရလို့...*

ရယ်သံနှောပြီးဖြေလာတဲ့ ဂရေ့စ် ကသူ့စကားကိုစိတ်ထဲထားပုံမပေါ်ဘူး။ဒါဆို သူ(မ)လည်း မိဘတွေရဲ့ဆန္ဒကြောင့် လက်ခံလိုက်ရတာနဲ့တူတယ်။

*ဂရေ့စ် မှာရောသဘောကျရတဲ့သူရှိလား...*

*အင်း....ရှိတော့ရှိတယ်.ဒါပေမယ့် ဂရေ့စ် သဘောကျနေတာကို သူကမသိဘူးလေ...*

*အာ.~~~~*

ဟုတ်ပါတယ်။ဂရေ့စ် မှာတိတ်တခိုးသဘောကျရတဲ့သူရှိတယ်။ထိုသူကို သူ(မ) တဖက်သတ်ခိုးချစ်လာရတာနှစ်ပေါက်နေပြီ။အနေထိုင်ပိရိတဲ့သူ(မ)ကြောင့်ထိုသူကတော့ ဘာမှမရိပ်မိဘူး။

တခါတလေလည်းစဥ်းစားမိတယ်။သူ(မ)သာယောကျာ်းလေးဖြစ်ရင်ကောင်းမှာဘဲလို့လေ။ဒါမှ ကိုယ်သဘောကျတဲ့သူကို ဖွင့်ပြောလို့ရမှာ။အခုတော့ တဖက်ကဖွငိ့ပြောမယ့်အချိန်ကိုဘဲစောင့်နေရတယ်။အခုလို အခြေနေမှာဆို ပိုပြီးစိတ်ညစ်ရတယ်။ကိုယ်ချစ်တဲ့သူကတယောက် မိဘတွေပေးစားချင်တာကတယောက်။ကြာရင် သူ(မ)ဘက်ကစပြီးဖွင့်ပြောမိမလားဘဲ

*ကိုကို.!*

အေးစက်နေတဲ့စကားဝိုင်းထဲတိုးဝင်လာတဲ့ချိုသာတဲ့အသ‌ံလေး။အပြုံးချိုချိုလေးနဲ့ ‌ပြေးလာတဲ့ကောင်လေးကဘယ်သူများလဲ။နောက်ပြီးကိုကို ဆိုတာ အကိုဂျောင်ဂုကိုခေါ်လိုက်တာလား။

ခေါ်သံကြောင့်ဂျောင်ဂုနဲ့အတူ ဂရေ့စ် ပါလှည့်ကြည့်လိုက်သည်။တဲထဲကိုမဝင်လာဘဲ ပန်းပင်ဘေးမှာရပ်နေတဲ့ ဂျီမင်ကိုတွေ့တော့ ဂျောင်ဂုက ခပ်သွက်သွက်လေးလျှောက်သွားလိုက်သည်။ဂရေ့စ် ကတော့ထိုမြင်ကွင်းကိုမျက်တောင်မခတ်ဘဲကြည့်နေမိသည်။

*ဘာဖြစ်လို့လဲ ကလေးငယ်..*

*ဟင့်အင်း..*

*ဒီနေ့ဆိုင်မသွားဘူးလား...*

*ခဏနေမှသွားမှာ..*

ဂျောင်ဂု မေးတာကိုလေသံဖျော့ဖျော့လေးနဲ့ပြန်ဖြေနေတဲ့ ဂျီမင်ရဲ့အကြည့်တွေက တဲဆီကိုသာဦးတည်နေသည်။ကိုကို့ကိုမိန်းမလှလေးနဲ့ စကားပြောနေတာတွေ့လို့ သူကြားဖြတ်ခေါ်လိုက်တာ။

သူ(မ)ကဘယ်သူလဲ။နောက်ပြီးကိုကို နဲ့ဘယ်လိုလုပ်ပြိီးသိနေတာလဲ။အရမ်းလှတဲ့ မိန်းကလေးမို့ သူ သဝန်တိုမိတယ်။

*လာလေ ကိုကို တို့စကားပြောရအောင်..*

*ဟုတ်..*

ကိုကို ကသူ့လက်‌ကိုဆွဲကာ တဲဆီခေါ်လာခဲ့သည်။သူလာတာကိုမြင်တော့ ထိုမိန်းကလေးက အပြုံးနဲ့နှုတ်ဆက်လာသည်။မ‌ေကာင်းတက်လို့ သူလည်း ပြန်ပြုံးပြလိုက်သည်

*ဂရေ့စ် ဒါက ဂျီမင်တဲ့ ပတ်ခ်ဂျီမင်...*

*ဟုတ်ကဲ့...ဂရေ့စ် ပါတွေ့ရတာဝမ်းသာပါတယ် ဂျီမင်..*

*မင် ရောဘဲ....*

မင် လို့သုံးလိုက်တဲ့နာမ်စားလေးကြောင့် ဂရေ့စ် သဘောကျသွားသည်။နောက်ပြီး မေ့နေတဲ့အကြောင်းရာတွေကို ပြန်ပြီးဖော်ရတော့သည်။နာမည်ကြားမှဘဲ သူ(မ)သတိရလာခဲ့တာ။ဂျီမင် ဆိုတာ မ်ြု့စားမင်းတို့ မွေးစားထားတဲ့ကောင်လေးဘဲ။အကိုဂျောင်ဂု ရဲ့ညီပေါ့။သွေးမတော်ပေမယိ့ ငယ်ငယ်လေးကတည်းကအတူတူနေလာတာဆိုတော့ ညီအကိုတွေလို့ဘဲဆိုရမယ်။

နောက်ပြီး ဂျီမင်ကို ‌ယောကျာ်းတယောက်လို တည်ကြည်ခန့်ညားတယ်လို့သုံးလိူ့မရဘူး။ဘာလို့ဆ်ု ဂျီမင်ကချောတာမဟုတ်ဘဲ လှနေလို့လေ။သူ(မ)မျက်လုံးထဲ ဂျီမင် ကိုအဲလိုဘဲမြင်တယ်။

*မင့် ကြောင့်ကိုကိုတို့စကားပြတ်သွားပြီ ထင်တယ်....*

*ဒါဆို ဆက်ပြောလိုက်ကြအုန်းနော်။မင်လည်းဆိုင်သွားရတော့မှာမို့ပါ...*

*ကိုကို လိုက်ပို့ပေးမယ်လေ..*

*ဧည့်သည်ရှိနေတာကို ဒီနေ့တော့ မင့်ဘာသာဘဲသွားလိုက်တော့မယ်လေ...*

*တစ်ယောက်ထဲစိတ်မချဘူး..*

*အလုပ်သမားတယောက်ကို ခေါ်သွားလိုက်ပါ့မယ်..*

အကိုဂျောင်ဂု ရဲ့နူးညံ့တဲ့အပြောဆို နဲ့ကြည်လဲ့နေတဲ့မျက်ဝန်းတစ်စုံက သူ(မ)နဲ့စကားပြောတုန်းကလိုပုံစံမဟုတ်ဘူး။ဒါကဘယ်လိုဆက်ဆံရေးပါလိမ့်။သာမာန်ညီအကိုတွေကရော ဒီလိုဘဲပြောကြတာလား။

*ဒါဆိုလည်းအပြန်ကျ ကိုကိုလာကြိုမယ် နော်..*

*ဟုတ်ကဲ့ပါ..*

*သွားပြီနော်..ဂရေ့စ် .မင့်ကိုခွင့်ပြုပါအုန်း....*

*ကောင်းပါပြီ...

ဂျီမင်ထွက်သွားတာနဲ့ ဂျောင်ဂုမျက်နှာထက်အပြုံးတွေကချက်ချင်းပျောက်ကွယ်သွားသည်။

ကလေးငယ်နဲ့မှမဟုတ်ရင် သူ့အပြုံးတွေကမည်သူနဲ့မှအသက်မဝင်ဘူးလေ။ရုတ်ချည်းပြောင်းလဲသွားတဲ့ ဂျောင်ဂုရဲ့အပြုမှုကို ဂရေ့စ် ကလည်းတွေ့ဖြစ်အောင်တွေ့လိုက်သေးသည်။သူ(မ)စိတ်ထဲဘဝင်မကျဘူး။အကိုဂျောင်ဂုနဲ့ ဂျီမင် တို့ဆက်ဆံရေးကသာမာန်မဟုတ်ဘူးဆိုတာ သူ(မ)ရိပ်စားမိသည်။

*တခုလောက်မေးလို့ရမလား အကို..*

*ဘာများလဲ ဂရေ့စ်..*

*ဂျီမင်ကဘာလုပ်တာလဲ...*

*ဪ..ကလေးငယ်က ပန်းချီဆွဲတာလေ။မြို့ထဲမှာ ဆိုင်ဖွင့်ထားတယ်။လမ်းကြုံရင် ဝင်ကြည့်လိုက်အုန်းနော်..*

*အာ..~~ဟုတ်ကဲ့ပါ..*

ဂရေ့စ် ကစကားလမ်းကြောင်းပေးရုံရှိသေး..တက်ကြွစွာပြောလာတဲ့ ဂျောင်ဂု ကဂျီမင်နဲ့ပတ်သတ်လာရင် အထိခိုက်မခံဘူးဆိုတာ သူ(မ)ကောင်းကောင်းသဘောပေါက်လာသည်။လူကဲခတ်မညံ့တဲ့သူမို့ ဘယ်လိုအခြေနေလဲဆိုတာ အကိုဂျောင်ဂု ရဲ့မျက်ဝန်းတွေကိုကြည့်ရုံနဲ့သိနိုင်သည်။

အရင်ဆုံး ဂျီမင်နဲ့ရင်းနှီးမှုရအောင်လုပ်ရမယ်။ပြီးမှ သူ(မ)ထင်သလိုဟုတ်မဟုတ်ကို အတည်ပြုရမယ်။

_______

ပန်းချီဆွဲနေရရင် လောကကြီးကိုတောင်မေ့လျော့နေတဲ့ ဂျီမင်က ဒီကနေ့မှာတော့ ညှိုးငယ်တဲ့မျက်ဝန်းတွေနဲ့ အပြုံးတွေကလည်းအသက်မဲ့နေခဲ့သည်။ဆိုင်ထဲမှာပန်းချီကားကိုလာရောက် ကြည့်ရှုသူအနည်းငယ်သာရှိလို့တော်သွား၏။မဟုတ်ရင် သူ စိတ်မပါပုံမျိုးနဲ့ ကတောက်ကဆဖြစ်ကုန်မှာ

ဂျီမင် မပျော်ရွှင်ရတဲ့အကြောင်းရင်းကတော့ မနက်ကမြင်ကွင်းလေးကြောင့်ပေါ့။ကိုကို နဲ့ဂရေ့စ် ရဲ့ရင်းနှီးကျွမ်းဝင်မှုက သူ့ကိုသိမ်ငယ်စေသည်။

ဂရေ့စ် လိုမိန်းမလှလေးကို ဖေဖေကြီးကချွေးမတော်ချင်နေလောက်တယ်။ဘယ်လိုလုပ်မလဲ။သူ ကိုကို့ကို မပေးနိုင်ဘူး။ဘယ်သူ့လက်ထဲကိုမှ ထည့်မပေးနိုင်ဘူး။

တသက်လုံးအတူတူနေလို့မရဘူးဆိုတာ သိပါတယ်။ကိုကို လည်းအရွယ်ရောက်သူတယောက်လေ။တချိန်ကျ အိမ်ထောင်ပြုရမှာဘဲ။သို့ပေမယ့် သူ အဲဒီအချိန်ကိုမရောက်စေချင်ဘူး။သူ့အနားမှာဘဲ ကိုကို့ ကိုသက်ဆုံးတိုင်ရှိနေစေချင်တယ်။

*ဘာတွေစဉ်းစားနေတာလဲ...*

*အမေ့..!*

အတွေးယာဉ်ထဲနစ်မျောနေချိန် လက်ဖျောက်တချက်တီးသံနဲ့အတူရင်းနှီးနေတဲ့ခေါ်သံကြောင့် ဂျီမင် ကိုယ်လေးတုန်တက်သွားသည်။

*အဲလက်.!*

*အင်း..ကိုယ်ပါ..ဘာတွေစဉ်းစားနေလို့ ကိုယ်ခေါ်တာတောင်မကြားရတာလဲ...*

*ဘာ..ဘာမှမဟုတ်ပါဘူး အဲလက်ရဲ့..*

*ဒါနဲ့ အဲလက်ကဘယ်လိုလုပ်ပြီး ရောက်လာတာလဲ..*

*ဘာလို့လဲ လာလို့မရဘူးလား...*

*မင် ပြောတာအဲသဘောမျိုးမဟုတ်ပါဘူး*

*ကိုယ် ကစတာပါ။လမ်းကြုံလို့လေ..နောက်ပြီးဂျီမင်ရဲ့သတင်းကမ်ြု့ထဲမှာပျံ့နေတော့ ကိုယ်လည်းစိတ်ဝင်စားလို့ လာခဲ့တာ...*

*အာ.~~*

ဂျီမင်ရဲ့ချစ်စရာကောင်းတဲ့အဖြေကြောင့် အဲလက်ပြုံးလိုက်သည်။လမ်းကြုံလို့ဆိုတာ အကြောင်းပြချက်သက်သက်ပါ။အမှန်တော့ဂျီမင်ကို‌ေတွ့ချင်လွန်းလို့တကူးတကလာခဲ့တာ

အတွေးထဲသာမကအိမ်မက်ထဲထိပါထပ်ခါထပ်ခါမြင်ယောင်နေတဲ့ ဂျီမင် ရဲ့ပုံရိပ်လေးကြောင့် အရူးတယောက်လိုဖြစ်နေမိသည်။ထိတွေ့ချင်တယ်၊နောက်ပြီး ချစ်စကားတွေတဝကြီးပြောချင်တယ်။

ဒါကြောင့်လည်း ဖေဖေ့ကိုအကြောင်းပြချက်ပေးကာ ဂျီမင် ဆီဦးတည်ပြီးထွက်လာခဲ့တာပေါ့

*ဒါဆိုလည်း အဲလက်ကြည့်လေ သဘောကျတဲ့ကားချပ်တွေ့ရင် မင့်ကိုပြောနော် ..လက်ဆောင်ပေးလိုက်မယ်...*

*တကယ်လား!*

*ဟုတ်...*

ပြုံးရယ်ကာနဲ့သစ်သားနံရံထက်မှာချိတ်ဆွဲထားတဲ့ပန်းချီကားချပ်တခုချင်းစီကိုလိုက်ကြည့်နေတဲ့ အဲလက် ကြောင့်ဂျီမင်လည်းလေပူတချက်မှုတ်ထုတ်လိုက်သည်။

ကိုကိုမှာထားတဲ့အတိုင်းသူမလုပ်ခဲ့ဘူးလေ။အဲလက် နဲ့တွေ့ရင်စကားမပြောရဘူးဆိုတာ။ဒါပေမယ့်လည်း ဆိုင်အထိရောက်လာတဲ့သူကို နှင်ထုတ်လို့မှမရတာ။အလိုက်သင့်လေးတော့ ပြောဆိုဆက်ဆံရမယ်မဟုတ်လား။အခုနေ ကိုကိုသာရောက်ချလာရင် သူတော့သေချာပေါက်အဆူခံရမှာ။တွေးရင်းခေါင်းကျိန်းမိသည်။

*ဒါလေးယူလို့အဆင်ပြေလား ဂျီမင်..*

*အဲလက် ကြိုက်လို့လား..*

*အင်း.ကြိုက်တယ်..*

နောက်ဆုံးစကားက ဂျီမင်မျက်နှာကိုကြည့်ပြီးပြောလိုက်တာ။သူ့စကားရဲ့အသွားလာကို ဘာမှမသိတဲ့ဂျီမင်ကတော့ ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ သူယူလာတဲ့ပန်းချီကားကို သေသပ်စွာထုပ်ပိုးပေးနေသည်။

အဲလက်ယူခဲ့တဲ့ကားချပ်က နေကြာခင်းကြီးထဲမှာထိုင်နေကြတဲ့ လူနှစ်ယောက်ပုံ။တောင်တန်းတွေနဲ့ လိမ္မော်ရောင်နေဝန်းကြီးကို နောက်ခံထားပြီး ဆွဲထားတဲ့ ပန်းချီကားချပ်လေးက မသေသပ်ဘူးဆိုပေမယ့် စိတ်ထဲတမျိုးတမည်ခံစားရလို့ အဲလက် ယူလိုက်တာ။

ထိုလူနှစ်ယောက်ပုံက သူထင်တာမမှားဘူးဆိုရင် ယောကျာ်းလေးနှစ်ယောက်ဖြစ်ဖို့များတယ်။နောက်ကျောပုံဆိုတော့ ရေးတေတေးလေးဖြစ်နေတာပေါ့။

တနေ့မှာ သူနဲ့ဂျီမင်လည်း ဒီလိုလေးနေသွားရရင်ကောင်းမယ်ဆိုတဲ့ အတွေးဝင်မိတော့ သဘောတကျရယ်လိုက်မိသည်။သူရူးနေတာတော့မဟုတ်ပါဘူးနော်။တယောက်ထဲစိတ်ကူးယဉ် ကမ္ဘာထဲရောက်နေသလိုဘဲ။သူကသာ ဒီလိုမျိုးတွေးနေတာ ဂျီမင်ကဘာမှရိပ်မိပုံမပေါ်ဘူး။ရိုးစင်းလိုက်တာ .....

*လက်ဆောင်အတွက်ကျေးဇူးပါ ဂျီမင်...*

*ရပါတယ် အဲလက်ကလည်း မိတ်ဆွေတွေဘဲဟာ...*

*အင်း .အခုတော့မိတ်ဆွေအဆင့်ပေါ့....*

*ဟင်.!ဘာပြောလိုက်တာလဲ အဲလက်..*

*ပန်းချီကလှတယ်လို့ပြောတာပါ...*

အဲလက်ပြောလိုက်တဲ့စကားကိုသူမကြားလိုက်ဘူး။ခပ်တိုးတိုးလေးညီးလိုက်တာဆိုတော့ သူကလည်းအာရုံမထားတာပါမယ်။ပြန်မေးလိုက်တော့ အဲလက်က ခေါင်းခါပြရင်း အပြုံးလေးနဲ့ဖြေလာတယ်။

နောက်ပြီးအဲလက်ရဲ့အကြည့်တွေကတမျိုးဘဲလို သူခံစားမိတယ်။ဒါပေမယ့် အဲလက် နဲ့သူကသိတာမှမကြာသေးတာ။သူ့ကိုမရိုးမသားစိတ်နဲ့ဆက်ဆံပါ့မလား။သူ ဘဲအတွေးလွန်နေတာဖြစ်မှာပါ။

*ဒါဆို ကိုယ်ပြန်တော့မယ် ဂျီမင်။နောက်မှထပ်ဆုံကြတာပေါ့..*

*ကောင်းပါပြီ အဲလက်။ကောင်းကောင်းပြန်ပါ..*

*ဪ..ဒါနဲ့ နောက်တခါထပ်ဆုံရင် ကိုယ်လည်းဂျီမင်ကိုလက်ဆောင်ပြန်ပေးမယ် နော်...*

*ဟင်....*

*လက်ခံပေးမယ်မလား..*

*အဲလက်ကဘာပေးမှာမို့လဲ..*

*ကြိုပြောလို့ဖြစ်မလား..*

*အဲလက်ကလည်းအချင်းချင်းကိုလျိုနေသေးတယ်...*

ဂျီမင်ကရယ်သွမ်းရင်းပြောလာတော့မှ အဲလက် သက်ပြင်းချလိုက်တော့တယ်။မရွှင်မပျဖြစ်နေတဲ့ ဂျီမင် မျက်နှာလေးကိုသူလာကတည်းကသတိထားမိတယ်လေ။ဘာကြောင့်လဲဆိုတာ သိချင်ပေမယ့် မမေးရဲတာကြောင့် မျက်နှာရိပ်ကြည့်ပြီးသာ သူ အကဲခတ်နေမိတာ။အခုမှဘဲ စိတ်အေးသွားတော့တယ်။

အချစ်ဆိုတာဒီလိုပါလားလို့ အဲလက်တွေးမိတယ်။ကိုယ်ချစ်တဲ့သူကဝမ်းနည်းတဲ့အခါ ကိုယ်ပါအလိုလိုဝမ်းနည်းမိတာမျိုး။ပျော်ရွှင်နေတဲ့အခါကျရင်လည်း လိုက်ပြီးပြုံးပေးတာမျိုးပေါ့။

*ကိုယ့်ကို‌ပြန်‌ေဖြအုန်း‌ေလ..လက်ခံပေးမယ်မလား....*

*ဟုတ်ကဲ့..မင် လက်ခံပါ့မယ်..*

*တကယ်နော်..*

*တကယ်ပေါ့ မင်ကညာစရာလား..*

ဂျီမင်ကတော့ဘာရယ်မဟုတ် ပြီးပြီးရောဆိုပြီးအလွယ်လေးပြောလိုက်တာဘဲ။သို့ပေမယ့် မျှော်လင့်ချက်နဲ့အသက်ရှင်နေတဲ့ အဲလက်ကတော့ ဂျီမင်စကားကြောင့် အပျော်တွေကဖုံးမနိုင်ဖိမရဖြစ်နေတော့တယ်။

အဲလက်ပြန်သွားပြီးတာနဲ့ဂျီမင်လည်း ဆိုင်ထဲကိုတချက်ဝေ့ဝဲကြည့်လိုက်တယ်။အရင်ကဆွဲထားပြီးသားပန်းချီကားချပ်တွေထဲမှာ ဆေးရောင်ပြယ်နေတာလည်းရှိသည်။ထိုကားချပ်တွေကိုယူကာ အရောင်ထပ်ဖြည့်လိုက်သည်။

ပန်းချီအရောင်းဆိုင်ရယ်လို့လည်းမဟုတ်ပါဘူး။ပြခန်းဆိုလည်းမမှားဘူး။သဘောကျတဲ့ကားချပ်တွေ့ရင်တော့ ဝယ်သွားကြတာပေါ့။အဲလိုမှမဟုတ်ဘဲ ဒီအတိုင်းစိတ်ဝင်စားလို့လာကြည့်တဲ့သူတွေလည်းရှိတယ်။

အချိန်ခဏလေးအတွင်းမှာဘဲ သူ့ဆိုင်လေးကမြို့ထဲမှာနာမည်ရသွားတယ်။နယ်လှည့်ခရီးသွားတွေနဲ့ သူ့လိုဘဲပန်းချီကိုရူးသွပ်တဲ့သူတွေကတော့ နေ့စဉ်မပျက်လာကြတာပေါ့။ပျော်ရပါတယ်။ဝါသနာပါတာကိုလက်တွေ့လုပ်ကိုင်ရတော့ မပျော်ဘဲနေမလား။သူ့ဘဝက ပန်းချီတွေနဲ့ဘဲ အသက်ဆက်နေရတာလေ။

*ကလေးငယ်...*

*ကိုကိုလာပြီ..!*

ကိုကိုကတော့အားတဲ့အချိန်ခဏလေးဘဲဖြစ်ဖြစ်သူ့ဆီအရောက်လာတက်သည် ။

အသံကြားလိုက်တာနဲ့ဂျီမင်ကလုပ်လက်စကိုချက်ချင်းဘဲရပ်တန့်လိုက်သည်။သွားတန်းလေးပေါ်သည်အထိပြုံးရယ်ပြလိုက်ပြီး ကိုကို့အနားကိုလှမ်းသွားလိုက်သည်။

*ဒီနေ့ ကိုကိုလာတာစောတယ်...*

*ဟုတ်တယ်..ဂရေ့စ် ကဝယ်စရာရှိလို့ဆိုပြီး ပြောတာနဲ့ လိုက်ပို့ပေးရင်း ကလေးဆီတခါထဲလာခဲ့လိုက်တာ..*

*ဪ....*

ရွှင်လန်းနေတဲ့ ကလေးငယ်ရဲ့ မျက်နှာလေးက ဂရေ့စ် နာမည်ကြားလိုက်ဆိုတာနဲ့ပျက်ယွင်းသွားတာကို ဂျောင်ဂု ဖမ်းမိလိုက်သည်။အဖျားခတ်မှာတုန်ရီသွားတဲ့လေသံက စိတ်မကောင်းဖြစ်နေတယ်ဆိုတာ မပြောလည်းသိတယ်လေ။

ဂရေ့စ်ကိုသူစိတ်မဝင်စားပေမယ့် ကလေးငယ်ဆီကတုန့်ပြန်ချက်ကိုသိချင်တာကြောင့်ဘာမှမဖြစ်သလိုဟန်ဆောင်ရင်းပြုံးချင်နေတဲ့နှုတ်ခမ်းပါးလေးကို သွားဖြင့်ဖိကိုက်ထားလိုက်သည်။ကလေးငယ်ကတော့ သူ့ကိုမကြည့်တော့ဘဲ ဟိုဟိုဒီဒီလျှောက်လုပ်နေတော့သည်။ချစ်စရာကောင်းလိုက်တဲ့ ကလေးငယ်.....

*ကလေးငယ် ရောအဆင်ပြေရဲ့လား..*

*ဘာကိုလဲ ကိုကို..*

*ဆိုင်မှာလေ..ဘာတွေလိုအပ်သေးလဲလို့..*

*ဟင့်အင်း...မလိုအပ်သေးဘူး ကိုကို.*

*အဆင်မပြေတာရှိရင် ပြောနော် ကလေးငယ်...*

*ဟုတ်ကဲ့ပါ.*

သူကသာနေမထိထိုင်မသာနဲ့တယောက်ထဲကမ္ဘာပျက်နေတာ ကိုကိုကတော့အေးအေးလူလူနဲ့ဘာမှမဖြစ်သလိုဘဲ။ဂရေ့စ် နဲ့အတော်လေးရင်းနှီးနေလို့ အကြိုအပို့တောင်လုပ်နေတာပေါ့။

ဒါနဲ့များ ဘယ်မိန်းမပျိုလေးမှစိတ်မဝင်စားဘူးလို့ပြောနေသေးတယ်။ကိုကိုကဆိုးလိုက်တာ။

ထုတ်မေးချင်တဲ့စကားတွေရှိပေမယ့် မြိုသိပ်ထားလိုက်တော့သည်။ဒါ‌ေပမယ့် ကိုကို့ကို သူယုံတယ်။ဂရေ့စ် နဲ့ကမလွဲသာလို့ခေါ်ပြောနေရတာလို့ဘဲ သူ ဖြည့်တွေးပေးလိုက်သည်။

_____

*ကလေးငယ်ကြိုက်တဲ့ ဟင်းတွေကြီးပါဘဲလား.*

*ဟုတ်ပါရဲ့ ကွာ..*

ထမင်းစားပွဲဝိုင်းမှာဝင်ထိုင်လိုက်တာနဲ့ ကိုကိုနဲ့ဖေကြီးဆီကမှတ်ချက်သံတွေထွက်လာသည်။မေကြီးကတော့ အပြုံးလေးနဲ့သူ့ကိုလှမ်းကြည့်လာသည်။

*ဒီရက်ပိုင်း ဂျီမင်လေး ထမင်းသိပ်မစားတာတွေ့‌လို့လေ။ခံတွင်းတွေ့မယ့်ဟင်းတွေချက်ထားပေးတာ..*

*ကောင်းကောင်းစားပါ့မယ် မေကြီး...*

*နောက်‌ေန့ကျ သားအကြိုက်လေးချက်ပေးပါအုန်း..မေမေ..*

ဂျီမင်ကထမင်းကိုတမြုံမြုံစားရင်း အရသာရှိကြောင်းလည်းလက်မထောင်ပြလိုက်သေးသည်။ထိုအခါ အားလုံးရဲ့ရယ်သံတွေကထမင်းစားခန်းထဲပျံ့နှံ့သွားတော့သည်။

*အခုရော မကြိုက်လို့လား။သားငယ်နဲ့အကြိုက်ချင်းအတူတူဘ‌ဲကို....*

ဂျောင်ဂုကဘာရယ်မဟုတ် ကလေးငယ်ကို စချင်လာလို့ မေမေ့ကိုပိုပိုသာသာလေးပြောလိုက်တော့ ကလေးငယ်ဆီကမျက်စောင်းတချက်ရလိုက်တယ်။မနာလိုနေတာ လို့လည်းတီးတိုးပြောသေးသည်။

အစားသောက်မရွေးတဲ့သူမို့ ကလေးငယ်စားသမျှကိုလိုက်စားပေးသည်။ဒါကိုသိတဲ့ မေမေနဲ့ဖေဖေကတော့ ခေါင်းတခါခါဖြင့် သူ့စကားကိုမကြားချင်ယောင်ဆောင်နေသည်။

*ကိုကို အလုပ်ရှုပ်နေလား ဟင်..*

*ဘာလို့လဲ ကလေးရဲ့...*

*မင် ပျင်းလာလို့လေ .ပန်းချီအတူတူဆွဲရအောင်လား..*

*အင်း..ခဏတော့ရမယ် နော် .*

*ဟုတ်..*

ဂျောင်ဂု ဆီကလိုချင်တဲ့အဖြေရသွားတော့ ဂျီမင် ခေါင်းလေးကပုတ်သင်ညိုလေးလို အဆက်မပြတ်ငြိမ့်ပြလိုက်သည်။မျက်ဝန်းကျဉ်းကျဉ်းလေးကို ပိတ်ကျတဲ့အထိရယ်ပြနေတဲ့ ဂျီမင်ကြောင့် ဂျောင်ဂု ခမျာအသက်ရူဖို့တောင်မေ့လျော့နေခဲ့သည်။

*ကိုကို.!*

*ဟင်..အင်း..ဘာဖြစ်လို့လဲ..*

*ဆွဲမယ်လို့ပြောနေတာကို မကြားဘူး။ဘယ်တွေအာရုံရောက်နေတာလဲ .!*

*ဘယ်မှမရောက်ပါဘူး ကွာ။ကလေးငယ်ကလည်း ဆူလိုက်တာမှတအားဘဲ..*

*ဟွန့်.!*

သူ့စကားကိုမကြားရမလားဆိုပြီး လက်ပိုက်ကာမျက်မှောင်ကျုံ့ထားတဲ့ ကလေးငယ်ရဲ့နှာတံလေးကို ဖွဖွလေးဆွဲကာ အံကြိတ်ပြီးပြောလိုက်သည်။မသိရင် သူကအငယ်ကျနေတာဘဲ။တမြို့လုံးကလေးစားရတဲ့မြို့တော်ဝန်ဂျောင်ဂု ကအခုအဆူခံနေရတာလား။

တွေးရင်း အော်ရယ်လိုက်တော့သည်။တကယ်ပါဘဲ ။ကလေးငယ်က ချစ်စရာကောင်းနေတော့ သူ့မှာ ကြောက်ပြရမလား၊အသည်းယားပြမလား ဝေခွဲမရဖြစ်နေသည်။

*ဒီမှာအရောင်ထပ်ဖြည့်လိုက်မယ် နော်...*

*ကလေးငယ် သဘော..*

*အပြာနုလေးဆိုရင်ရော ကိုကို..*

*အပြာနုလေးလည်းလှတာဘဲ...*

ဒုတ်.!!

မေးသမျှကိုအငြင်းစကားမဆိုဘဲ ကောင်းတယ်၊လှတယ် ဘဲပြောနေတဲ့ ကိုကို့ကို သူစိတ်ဆိုးချင်လာသည်။နည်းနည်းပါးပါး လိုအပ်တဲ့နေရာရှိလား မကြည့်ပေးဘူး။ဘာပြောပြော ကလေးငယ်သဘောဆိုတော့ သူ့စကားကိုအလေးမထားတာလား။

ဒါမှမဟုတ် ကိုကိုကစိတ်မပါဘဲပြီးပြီးရောဆိုပြီးဖြေပေးနေတာလား။တယောက်ထဲအတွေးလွန်ကာ ကောက်ချိတ်သွားတဲ့ ဂျီမင်ကို ဂျောင်ဂုကနားမလည်ဟန်ဖြင့် ကြောင်ကြည့်နေမိသည်။

စုတ်တံကို ကြမ်းပြင်ပေါ်သို့ခပ်ကြမ်းကြမ်းလေးပစ်ချလိုက်တော့ ဘာဖြစ်လို့လဲဆိုပြီးမေးမယ်ကြံသေး နှုတ်ခမ်းဆူလာတဲ့ ကလေးငယ်ကြောင့် သူ့မှာတံတွေးတောင်ပြန်မြိုချလိုက်ရတယ်။

ဘာတွေစိတ်တိုင်းမကျဖြစ်နေတာလဲ။

*မဆွဲတော့ဘူးလား..*

*အင်း..*

ဟုတ်ကဲ့တောင်မဟုတ်တော့ဘူး။အင်း ဆိုဘဲ။ဒါက စိတ်ကောက်နေပြီဆိုတဲ့ လက္ခာဏာဘဲ။

*ဘာလို့လဲ..တခါထဲလက်စသတ်သွားလေ။နောက်ကျ ကိုကိုအားမှာမဟုတ်တော့ဘူး..*

*မအားလည်း မင့်ဘာသာဆွဲမယ်။ဘာမှမဖြစ်ဘူး..*

ပစ္စည်းတွေကောက်သိမ်းပြီး သူ့ဘက်ကိုလှည့်မကြည့်ဘဲပြောလာတော့ ဂျောင်ဂုလည်း အသံတိတ်ခေါင်းငြိမ့်လိုက်သည်။

ခဏခဏစိတ်ကောက်တက်တဲ့ ကလေးငယ်ကို ဒီတခါတော့သူမချော့ဖြစ်တော့ဘူး။မြို့တော်နဲ့ပတ်သတ်ပြီးဖတ်စရာလေးရှိနေတော့ အချိန်မပေးနိုင်တာနဲ့ကြောင့် ဘာမှဆက်မပြောတော့ဘဲ ပန်းချီဆွဲတဲ့အခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။

တယောက်ထဲကျန်ခဲ့တဲ့ ဂျီမင်ကတော့ ကိုကို့ဆီကပထမဆုံးအကြိမ်လျစ်လျူရှုခြင်းခံလိုက်ရတော့ ဝမ်းနည်းစိတ်ကကြီးစိုးလာသည်။ခါတိုင်းဆို သူမျက်နှာလေးငြိုးကျသွားရင်တောင် ဘာဖြစ်လို့လဲ ဆိုပြီးပျာပျာသလဲ ဂရုစိုက်ပေးနေတာ။
အခုတော့ နှုတ်ဆက်စကားတောင်မပြောဘဲ ထွက်သွားခဲ့တယ်။

*အကျင့်မကောင်းတဲ့ ကိုကို.!*

စုတ်တံတွေကို နံရံဆီပစ်ပေါက်လိုက်ပြီး မျက်ရည်ကြည်တွေဝဲနေတဲ့ဂျီမင်ကို တဒေါင့်တနေရာက ခိုးကြည့်နေတဲ့သူလည်းရှိနေပြန်သည်။

*နောက်နေ့ကျစကားလာပြောကြည့် တွေ့မယ်.!*

*ပြောတော့ချစ်တယ်ဆိုပြီး ဘာမှလည်းအလိုက်မသိဘူး.!*

*အား..!စိတ်တိုလိုက်တာ..!*

တယောက်ထဲပေါက်ကွဲနေတဲ့ ဂျီမင်က ၊ကလေးလိုမျိုးပွစိပွစိပြောနေသေးသည်။အနားမှဘယ်သူမှမရှိတော့ ပစ္စည်းတွေဆီဘဲ ဒေါသပုံချရတာပေါ့။

သတိပြန်ဝင်လာတော့မှ တခန်းလုံးပျံ့ကျဲနေတဲ့စုတ်တံတွေကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။
ကိုယ်လုပ်ပြီးကိုယ်ဘဲပြန်သိမ်းရတော့မယ် ။အဲတာ ကိုကို ကြောင့်လေ။သူ့ကို တယောက်ထဲထားခဲ့တယ်။မှတ်သားလောက်အောင်တော့ အကြီးကျယ်စိတ်ဆိုးပစ်ရမယ်လို့ တေးမှတ်ရင်း ဖွထားတာတွေပို ပြန်ရှင်းရတော့တယ်။

_____

*အကို ဂျောင်ဂုရှိလား...*

*ဟုတ်ကဲ့ ရှိပါတယ်။အိမ်ထဲဝင်သွားလိုက်နော်.*

ဒီရက်ပိုင်းသူသတိထားမိသလောက် ကိုကိုနဲ့ ဂရေ့စ် ကနေ့တိုင်းနီးပါးဆိုသလို တွေ့ဖြစ်နေသည်။.
အပြင်မှာ တွေ့လို့အားမရလို့လားမသိဘူး ။တခါတလေ ဂရေ့စ် ကအခုလိုဘဲ အိမ်အထိလာတက်သည်။မိန်းကလေးဖြစ်ပြီးတော့ အိန္ဒြေထိန်းမှပေါ့လို့ သူ့စိတ်ထဲသတိပေးနေမိသည်။

ရာသီဥတုကမှိုင်းညှို့နေတာကြောင့် ညနေဘက်မှာ ဆိုင်စော‌ေစာပိတ်ခဲ့ပြီး အိမ်ပြန်လာချိန် အလုပ်သမားတယောက်ကို မေးနေတဲ့ ဂရေ့စ် ကိုတွေ့တော့ ဂျီမင်လည်းမမြင်ချင်ယောင်ဆောင်ကာ အနောက်အိမ်လေးဆီလာခဲ့လိုက်သည်။

ဂျီမင်ကို ဖျပ်ခနဲ တွေ့လိုက်တဲ့ ဂရေ့စ်ကတော့ နှုတ်ဆက်မလို့ဘဲရှိသေး သွက်သွက်လေးလျှောက်သွားတဲ့ ဂျီမင် ကြောင့် အိမ်ထဲမဝင်သေးဘဲရပ်ကြည့်နေမိသည်။

ဂျီမင်ကဘယ်ကိုသွားတာလဲ။တအိမ်ထဲအတူတူနေတာမဟုတ်ဘူးလား။ဘာလို့ အနောက်ဘက်ကိုသွားနေတာလဲ ဆိုပြီးအတွေးပေါင်းစုံဖြင့် ဦးနှောက်ကို အလုပ်ပေးနေမိသည်

*ဂရေ့စ် ..ဘာရပ်လုပ်နေတာလဲ။ရောက်ရင်လည်း အိမ်ထဲဝင်မှပေါ့...*

*ဟီး..,အတွေးလွန်သွားလို့ပါ .*

အိမ်ထဲကထွက်လာတဲ့ ဂျောင်ဂု ကအိမ်ပေါက်ဝမှာရပ်နေတဲ့ ဂရေ့စ် ကိုတွေ့တော့ ကျစ်တချက်သတ်လိုက်သည် ။ဘာလို့ခဏခဏလာနေရတာလည်းမသိဘူး။မကောင်းတက်လို့ စကားပြန်ပြောနေရတာကိုပျော်နေတယ်လို့များ ထင်နေတာလား။

ပုံမှန်ဆို အခုလိုစိတ်အနှောက်ယှက်မခံဘဲ ပြတ်ပြတ်သားသားပြောထုတ်လိုက်မိမှာ။ဒါ‌ေပမယ့်လည်း ကြည့်စရာမျက်နှာတွေကရှိသေးတယ်မလား။အရာရှိကြီးကလည်း သူ့သမီးကို ကြည့်ရူပေးပါလို့ တောင်းဆိုထားတော့လည်း မတက်နိုင်ဘူးလေ။အပြုံးတုတက်ရမှာပေါ့။

*ကိစ္စရှိလို့လား ဂရေ့စ်..*

*ဟာ..အကိုကလည်းကိစ္စရှိမှလာရမှာလားလို့ .*

*ဘာလဲ ဂရေ့စ် လာတာကိုမကြိုက်လို့လား..*

*မဟုတ်ပါဘူး။အကိုပြောတာက အရာရှိကြီးလွှတ်လိုက်လို့လာတာထင်လို့ပါ....*

*မဟုတ်ပါဘူး။ဖေဖေတောင်မသိဘူး ဂရေ့စ် လာတာ..*

*ဪ..*

သူ(မ)က အကိုဂျောင်ဂု ဆီကိုလာတာမဟုတ်ပါဘူး။ဂျီမင် နဲ့ရင်းနှီးချင်လို့ အကြောင်းပြချရှာရတာပါ။သို့ပေမယ့် သူ(မ)လာတိုင်း ဂျီမင်နဲ့ တွေ့ရတယ်လို့ကိုမရှိဘူး။အမြဲတမ်းလွဲနေတယ် ။

ဒီနေ့တော့ ဂျီမင်ဆိုင်ကိုတိတ်တိတ်ကလေးသွားကြည့်လာတာ။သူ(မ)သွားတော့ ဂျီမင်ကဆိုင်ပိတ်နေပြ‌ီလေ။ဒါကြောင့် ဘယ်သူမှမရိပ်စားမိခင် သူ(မ)ကအရင်လာခဲ့လိုက်တာ။

ဂျီမင်ကိုခင်ချင်တာကတခြားမကောင်းတဲ့စိတ်ကြောင့်မဟုတ်ပါဘူး။အကိုဂျောင်ဂု နဲ့သာမန်ဆက်ဆံရေးထက်ပိုနေသလားဆိုတာကို အတည်ပြုရုံပါဘဲ။အကယ်၍သူ(မ)ထင်သလို ဟုတ်နေခဲ့ရင် လူကြီးချင်းပြောထားတဲ့ကိစ္စကို တမျိုးစဉ်းစားရတော့မှာပေါ့

*ဒါနဲ့လေ..ဂျီမင်က ဒီမှာမနေဘူးလား အကို..*

*နေတယ်လေဘာလို့လဲ..*

ဂျီမင်နာမည်ကြားလိုက်တာနဲ့ ဂျောင်ဂုကချက်ချင်းခေါင်းထောင်ကြည့်လာတယ်။ဂရေ့စ် ကသွက်လက်တယ်ဆိုပေမယ့် အခုလိုစပ်စုတာကိုတော့ သူသဘောမကျဘူး။နောက်ပြီး ဘာလို့ကလေးငယ် အကြောင်းကိုမေးရတာလဲ။မဟုတ်မှ သူ(မ)သဘောကျရတဲ့သူဆိုတာ ကလေးငယ်များလား။

ဒါ‌ေတာ့မဖြစ်နိုင်ဘူး။ဘာလို့ဆို ဂရေ့စ် နဲ့ကလေးငယ် ဆုံတာမှသိပ်မကြာသေးတာ။စကားလည်းဖော်ဖွဲ့အောင်မပြောဖူးဘူးလေ။ဒါပေမယ့် မြင်မြင်ချင်းသဘောကျသွားရင်ဘယ်လိုလုပ်မလဲ....

ဆောက်တည်ရာမရတဲ့သူ့စိတ်ကို အသက်ပြင်းပြင်းရှုထုတ်ရင်းအမြန်ထိန်းချုပ်လိုက်သည်။အတွေးလွန်တာပါ။ဟုတ်တယ် သူအတွေးလွန်နေတာ။

*အာ...ဟို .အနောက်ဘက်ကိုသွားတာတွေ့လိုက်လို့လေ..*

*ကလေးက တယောက်ထဲနေချင်တယ်ဆိုလို့ အိမ်တလုံးသီးသန့်ဆောက်ထားပေးတာပါ..*

*အဲလိုကို..ဂရေ့စ် မေးတာကိုတမျိုးမထင်နဲ့နော်*

*ရပါတယ်...*

ဂျောင်ဂု မျက်နှာပျက်နေတာကို သူ(မ)တွေ့သည်။ဂျီမင် ဆိုတာနဲ့ကော့ညွှတ်တက်လာတဲ့ နှုတ်ခမ်းပါးလေးက သာမန်ထက်လွန်ကဲနေခဲ့တာ ဘယ်သူ့ကိုမေးမေးအသိသာကြီးကို။

ဒီလိုဆို မြုံနေတဲ့ခံစားချက်တွေပွင့်ကြလာအောင် သူ(မ)ပါဝင်မှရတော့မယ်နဲ့တူတယ်။လောလောဆယ်တော့ အမုန်းခံရအုန်းမှာပေါ့။သူ(မ)ကဗွီလိန် မဟုတ်ဘူးနော်။ချစ်တဲ့သူတိုင်းကို ပေါင်းဖတ်စေချင်တဲ့ ဆန္ဒဘဲရှိတာ။

အမြင်မတူ၊သဘောထားချင်းမတူတဲ့လူကြီးတွေနဲ့တော့ အချစ်ခရီးကထင်ထားတာထက်ပိုခက်ခဲမယ်ဆိုတာ တွေးကြည့်ရုံနဲ့သိနိုင်သည်။ဒါပေမယ့်လည်း ဘာအရေးလဲ အဓိက,ချစ်နေဖို့ဘဲမဟုတ်လား.....

_______

၁.၆.၂၃
Kelly

Thankful my readers 🤍

____

Zawgyi

*ဒါက ပိုးထည္ေတြပါ...*

*မဟုတ္တာ ဗ်ာ။ဒီလိုပစၥည္းေတြယူမလာလည္းရပါတယ္..*

*ၿမိဳ႕ေတာ္ဝန္ကလည္း ..မၾကာခင္ဘဲႏွစ္အိမ္တစ္အိမ္ျဖစ္ေတာ့မွာကို စိမ္းကားေနတုန္းဘဲလား..*

*ကြၽန္ေတာ္ကအဲလိုသေဘာေျပာတာမဟုတ္ပါဘူး..*

*အဟား..!‌ၿမိဳ႕ေတာ္ဝန္က ရိုးသားလိုက္တာ..*

*အားမနာပါနဲ႕ ေနာက္ဆိုဒီထက္တန္ဖိုးႀကီးတဲ့ပစၥည္း‌ေတြရအုန္းမွာပါ..*

ဂေရ႕စ္ ၏ဖခင္ျဖစ္သူအရာရွိႀကီးက ျပည္မႀကီးကဝင္တဲ့ႏူးညံ့အိစက္တဲ့ပိုးထည္စေတြကို လက္ေဆာင္အျဖစ္ ေဂ်ာင္ဂု ဆီကိုယူေဆာင္လာေပးသည္။ေျပာရရင္ မ်က္ႏွာလုပ္တာေပါ့။

အက်ိဳးလိုလို႔ေညာင္ေရသြန္းတယ္ဆိုလည္းမမွားဘူး။အမ်ားျမင္မွာေတာ့ အရာရွိႀကီးကကုန္သြယ္လုပ္ငန္းလုပ္ကိုင္တယ္လိူ႕ဘဲသိထားၾကတာ။သို႔ေပတည္း သူသည္တျခားေသာတရားမဝင္တဲ့အလုပ္ေတြလည္းလုပ္ကိုင္ပါေသးသည္။

*သမီး ၿမိဳ႕ေတာ္ဝန္ကိုႏႈတ္ဆက္လိုက္အုန္းေလ..!*

*ေတြ႕ရတာဝမ္းသာပါတယ္ ၿမိဳ႕ေတာ္ဝန္..ဂေရ႕စ္ ပါ.*

*ထပ္တူပါဘဲ..*

ၿမိဳ႕ေတာ္ဝန္နဲ႕ေတြ႕ဆုံဖို႔ရွိလို႔ လိုက္ခဲ့ရမယ္ဆိုတဲ့ ေဖေဖ့စကားေၾကာင့္ ဂေရ႕စ္ လည္းမလြဲသာဘဲလိုက္လာခဲ့ရသည္။ေရာက္ေတာ့လည္း လူႀကီးခ်င္းစကားလက္ဆုံၾကေနသည္မို႔ သူ(မ) ၿငိမ္ၿငိမ္ေလးထိုင္ေနေပးသည္။

ေဖေဖ ဘယ္အကြက္ကိုေ႐ႊ႕ေနလဲဆိုတာ သူ(မ)သိသည္။သူ(မ)ကိုအ႐ုပ္တ႐ုပ္လိုသတ္မွတ္ၿပီး ကုန္သြယ္ေရးလုပ္ဖို႔စိတ္ကူးေနတာေလ။

တည္ၾကည္ခန႔္ျငားတဲ့ၿမိဳ႕ေတာ္ဝန္ေဂ်ာင္ဂု ကအၿပဳံးယဲ့ယဲ့ေလးျဖင့္သာ သူ(မ)ကိုတခ်က္ၾကည့္ၿပီးႏႈတ္ဆက္လာသည္။ေအးစက္စက္နိုင္လိုက္တာလို႔လည္း မွတ္ခ်က္ေပးမိသည္

*အရာရွိသမီးကအေခ်ာေလးဘဲ..*

*ေက်းဇူးတင္ပါတယ္ အန္ကယ္လ္.*

တေယာက္တခြန္းစီႏႈတ္ဆက္႐ုံကလြဲရင္ ဘာစကားမွထပ္မစျဖင့္တဲ့ သားျဖစ္သူေၾကာင့္ ဂြၽန္ေဆာ့ ကဘဲစကားလမ္းေၾကာင္းဖြင့္ေပးလိုက္သည္။ဂ‌ေရ႕စ္ နဲ႕သားကိုလိုက္ဖတ္တယ္လို႔ သူျမင္တယ္။

တကယ္လည္းလိုက္ဖတ္တာဘဲေလ။ထက္ျမတ္တဲ့ ဂေရ႕စ္လိုမိန္းကေလးကို ေခြၽးမေတာ္ရမွာ ဘယ္ေလာက္ကံေကာင္းတယ္ထင္လဲ။

*ေနာက္ဆို အိမ္ကိုအခ်ိန္မ‌ေ႐ြးဝင္ထြက္လို႔ရတယ္ သိလား။အန္ကယ္လ္ တို႔မရွိလဲ သားရွိေနတာဘဲ..*

*ဟုတ္ကဲ့...*

‌ဂြၽန္‌ေဆာ့ကသာ တက္တက္ႂကြႂကြနဲ႕စကား‌ဆိုေနတာ ေဂ်ာင္ဂု ကေတာ့အင္းမလုပ္ အဲမလုပ္ ဘဲမပြင့္တပြင့္အၿပဳံးနဲ႕သာ မလႈပ္မယွက္ဘဲထိုင္ေနတယ္။သူ မွစိတ္မဝင္စားတာ။

ဂေရ႕စ္ နဲ႕ကိစၥကို ေဖေဖေျပာျပထားလို႔ သူသိသင့္သေလာက္ေတာ့သိထားၿပီးၿပီ။အခုလိုလူခ်င္းေတြ႕ၾကည့္ေတာ့လည္း ဂေရ႕စ္ က‌စကားေျပာေျပျပစ္တယ္။႐ုပ္ရည္ကေခ်ာေမာလွပၿပီးၾကည့္ရတာ က်က္သေရရွိတယ္။ဒါပါဘဲ ေဂ်ာင္ဂု အျမင္ကဒီထက္မပိုခဲ့ဘူး။ရင္ခုန္ျခင္းအလ်ဥ္းမရွိတာေၾကာင့္ ဂေရ႕စ္ ကိုအသိမိတ္ေဆြတေယာက္အျပင္မပိုပါဘူး။

*သားတို႔လူငယ္ခ်င္းစကားေျပာဖို႔လိုမယ္ထင္တယ္..*

*အရာရွိႀကီး ကြၽန္ေတာ္တို႔စာဖတ္ခန္းထဲသြားၾကမလား...*

*ေကာင္းတာေပါ့..*

အလိုတသိနဲ႕လူႀကီးေတြကေရွာင္ထြက္သြားေပးသည္။က်န္ခဲ့တဲ့ ေဂ်ာင္ဂုနဲ႕ဂေရ႕စ္ ကေတာ့ တေယာက္မ်က္ႏွာတေယာက္ၾကည့္ရင္းၿပဳံး႐ုံဘဲတက္နိုင္သည္။

*‌လူႀကီးေတြေျပာထားလို႔ ဂေရ႕စ္ တို႔ကိစၥကိုၿမိဳ႕ေတာ္ဝန္လည္းသိၿပီးေလာက္ေရာေပါ့...*

*ရင္းရင္းႏွီးႏွီး အကိုေဂ်ာင္ဂု လို႔ဘဲေခၚပါ...*

*ဟုတ္ကဲ့ပါ..*

ဂုဏ္ပုဒ္တပ္ၿပီးအေခၚမခံခ်င္တာေၾကာင့္ နာမည္ကိုသာေခၚခိုင္းလိုက္သည္။ဂေရ႕စ္က မင္ နဲ႕အသက္တူတယ္လို႔လည္း ထပ္ၿပီးသိထားေသးသည္။ဒါေၾကာင့္ အကိုလို႔ထည့္ေခၚခိုင္းလိုက္တာ

လက္ဖက္ရည္ေသာက္တဲေလးမွာ ဆိတ္ၿငိမ္စြာထိုင္ေနၾကတဲ့ လူႏွစ္ေယာက္မွာ အေတြးကိုယ္စီရွိၾကသည္။ေသခ်ာတာကေတာ့ သူတို႔အေတြးကထပ္တူက်မေနဘူးဆိုတာပါဘဲ

*အကို႔ရဲ႕သေဘာထားကို ဂေရ႕စ္ သိခ်င္တယ္..*

*အကို႔မွာသေဘာက်ရတဲ့သူရွိတယ္...*

*........*

ဂေရ႕စ္ ခတၱမွ်ေငးၾကည့္မိသြားသည္။တုံ႕ဆိုင္းျခင္းအလ်ဥ္းမရွိဘဲ သူ(မ)ကိုအလိမၼာနည္းနဲ႕ျငင္းလိုက္တာဘဲ။ေကာင္းတာေပါ့ ။သူ(မ)လည္း ေဂ်ာင္ဂု ကိုရင္မခုန္ဘူး။ဒါဆို ပြဲကၿပီးေနၿပီေလ။သူတို႔သေဘာထားမပါဘဲ လူႀကီးေတြကအတင္းစီစဥ္မွာေတာ့မဟုတ္ဘူး

*အကို ကလည္းဒဲ့တိုးႀကီးေျပာရလား ။စိတ္မေကာင္းျဖစ္ေအာင္လို႔...*

*ေဆာရီး ဂေရ႕စ္ အကို အဲလိုမရည္႐ြယ္ပါဘူး။အကို႔သေဘာထားကို ေျပာျပ႐ုံပါ..*

*ဂေရ႕စ္ ကေနာက္တာပါ။ဘာဘဲျဖစ္ျဖစ္ အခုလိုႀကိဳသိရေတာ့ ေကာင္းတာေပါ့...*

*မဟုတ္ရင္ စိတ္ညစ္ရလို႔...*

ရယ္သံေႏွာၿပီးေျဖလာတဲ့ ဂေရ႕စ္ ကသူ႕စကားကိုစိတ္ထဲထားပုံမေပၚဘူး။ဒါဆို သူ(မ)လည္း မိဘေတြရဲ႕ဆႏၵေၾကာင့္ လက္ခံလိုက္ရတာနဲ႕တူတယ္။

*ဂေရ႕စ္ မွာေရာသေဘာက်ရတဲ့သူရွိလား...*

*အင္း....ရွိေတာ့ရွိတယ္.ဒါေပမယ့္ ဂေရ႕စ္ သေဘာက်ေနတာကို သူကမသိဘူးေလ...*

*အာ.~~~~*

ဟုတ္ပါတယ္။ဂေရ႕စ္ မွာတိတ္တခိုးသေဘာက်ရတဲ့သူရွိတယ္။ထိုသူကို သူ(မ) တဖက္သတ္ခိုးခ်စ္လာရတာႏွစ္ေပါက္ေနၿပီ။အေနထိုင္ပိရိတဲ့သူ(မ)ေၾကာင့္ထိုသူကေတာ့ ဘာမွမရိပ္မိဘူး။

တခါတေလလည္းစဥ္းစားမိတယ္။သူ(မ)သာေယာက်ာ္းေလးျဖစ္ရင္ေကာင္းမွာဘဲလို႔ေလ။ဒါမွ ကိုယ္သေဘာက်တဲ့သူကို ဖြင့္ေျပာလို႔ရမွာ။အခုေတာ့ တဖက္ကဖြငိ့ေျပာမယ့္အခ်ိန္ကိုဘဲေစာင့္ေနရတယ္။အခုလို အေျခေနမွာဆို ပိုၿပီးစိတ္ညစ္ရတယ္။ကိုယ္ခ်စ္တဲ့သူကတေယာက္ မိဘေတြေပးစားခ်င္တာကတေယာက္။ၾကာရင္ သူ(မ)ဘက္ကစၿပီးဖြင့္ေျပာမိမလားဘဲ

*ကိုကို.!*

ေအးစက္ေနတဲ့စကားဝိုင္းထဲတိုးဝင္လာတဲ့ခ်ိဳသာတဲ့အသ‌ံေလး။အၿပဳံးခ်ိဳခ်ိဳေလးနဲ႕ ‌ေျပးလာတဲ့ေကာင္ေလးကဘယ္သူမ်ားလဲ။ေနာက္ၿပီးကိုကို ဆိုတာ အကိုေဂ်ာင္ဂုကိုေခၚလိုက္တာလား။

ေခၚသံေၾကာင့္ေဂ်ာင္ဂုနဲ႕အတူ ဂေရ႕စ္ ပါလွည့္ၾကည့္လိုက္သည္။တဲထဲကိုမဝင္လာဘဲ ပန္းပင္ေဘးမွာရပ္ေနတဲ့ ဂ်ီမင္ကိုေတြ႕ေတာ့ ေဂ်ာင္ဂုက ခပ္သြက္သြက္ေလးေလွ်ာက္သြားလိုက္သည္။ဂေရ႕စ္ ကေတာ့ထိုျမင္ကြင္းကိုမ်က္ေတာင္မခတ္ဘဲၾကည့္ေနမိသည္။

*ဘာျဖစ္လို႔လဲ ကေလးငယ္..*

*ဟင့္အင္း..*

*ဒီေန႕ဆိုင္မသြားဘူးလား...*

*ခဏေနမွသြားမွာ..*

ေဂ်ာင္ဂု ေမးတာကိုေလသံေဖ်ာ့ေဖ်ာ့ေလးနဲ႕ျပန္ေျဖေနတဲ့ ဂ်ီမင္ရဲ႕အၾကည့္ေတြက တဲဆီကိုသာဦးတည္ေနသည္။ကိုကို႔ကိုမိန္းမလွေလးနဲ႕ စကားေျပာေနတာေတြ႕လို႔ သူၾကားျဖတ္ေခၚလိုက္တာ။

သူ(မ)ကဘယ္သူလဲ။ေနာက္ၿပီးကိုကို နဲ႕ဘယ္လိုလုပ္ၿပိီးသိေနတာလဲ။အရမ္းလွတဲ့ မိန္းကေလးမို႔ သူ သဝန္တိုမိတယ္။

*လာေလ ကိုကို တို႔စကားေျပာရေအာင္..*

*ဟုတ္..*

ကိုကို ကသူ႕လက္‌ကိုဆြဲကာ တဲဆီေခၚလာခဲ့သည္။သူလာတာကိုျမင္ေတာ့ ထိုမိန္းကေလးက အၿပဳံးနဲ႕ႏႈတ္ဆက္လာသည္။မ‌ေကာင္းတက္လို႔ သူလည္း ျပန္ၿပဳံးျပလိုက္သည္

*ဂေရ႕စ္ ဒါက ဂ်ီမင္တဲ့ ပတ္ခ္ဂ်ီမင္...*

*ဟုတ္ကဲ့...ဂေရ႕စ္ ပါေတြ႕ရတာဝမ္းသာပါတယ္ ဂ်ီမင္..*

*မင္ ေရာဘဲ....*

မင္ လို႔သုံးလိုက္တဲ့နာမ္စားေလးေၾကာင့္ ဂေရ႕စ္ သေဘာက်သြားသည္။ေနာက္ၿပီး ေမ့ေနတဲ့အေၾကာင္းရာေတြကို ျပန္ၿပီးေဖာ္ရေတာ့သည္။နာမည္ၾကားမွဘဲ သူ(မ)သတိရလာခဲ့တာ။ဂ်ီမင္ ဆိုတာ မ္ျု႔စားမင္းတို႔ ေမြးစားထားတဲ့ေကာင္ေလးဘဲ။အကိုေဂ်ာင္ဂု ရဲ႕ညီေပါ့။ေသြးမေတာ္ေပမယိ့ ငယ္ငယ္ေလးကတည္းကအတူတူေနလာတာဆိုေတာ့ ညီအကိုေတြလို႔ဘဲဆိုရမယ္။

ေနာက္ၿပီး ဂ်ီမင္ကို ‌ေယာက်ာ္းတေယာက္လို တည္ၾကည္ခန႔္ညားတယ္လို႔သုံးလိူ႕မရဘူး။ဘာလို႔ဆ္ု ဂ်ီမင္ကေခ်ာတာမဟုတ္ဘဲ လွေနလို႔ေလ။သူ(မ)မ်က္လုံးထဲ ဂ်ီမင္ ကိုအဲလိုဘဲျမင္တယ္။

*မင့္ ေၾကာင့္ကိုကိုတို႔စကားျပတ္သြားၿပီ ထင္တယ္....*

*ဒါဆို ဆက္ေျပာလိုက္ၾကအုန္းေနာ္။မင္လည္းဆိုင္သြားရေတာ့မွာမို႔ပါ...*

*ကိုကို လိုက္ပို႔ေပးမယ္ေလ..*

*ဧည့္သည္ရွိေနတာကို ဒီေန႕ေတာ့ မင့္ဘာသာဘဲသြားလိုက္ေတာ့မယ္ေလ...*

*တစ္ေယာက္ထဲစိတ္မခ်ဘဴး..*

*အလုပ္သမားတေယာက္ကို ေခၚသြားလိုက္ပါ့မယ္..*

အကိုေဂ်ာင္ဂု ရဲ႕ႏူးညံ့တဲ့အေျပာဆို နဲ႕ၾကည္လဲ့ေနတဲ့မ်က္ဝန္းတစ္စုံက သူ(မ)နဲ႕စကားေျပာတုန္းကလိုပုံစံမဟုတ္ဘူး။ဒါကဘယ္လိုဆက္ဆံေရးပါလိမ့္။သာမာန္ညီအကိုေတြကေရာ ဒီလိုဘဲေျပာၾကတာလား။

*ဒါဆိုလည္းအျပန္က် ကိုကိုလာႀကိဳမယ္ ေနာ္..*

*ဟုတ္ကဲ့ပါ..*

*သြားၿပီေနာ္..ဂေရ႕စ္ .မင့္ကိုခြင့္ျပဳပါအုန္း....*

*ေကာင္းပါၿပီ...

ဂ်ီမင္ထြက္သြားတာနဲ႕ ေဂ်ာင္ဂုမ်က္ႏွာထက္အၿပဳံးေတြကခ်က္ခ်င္းေပ်ာက္ကြယ္သြားသည္။

ကေလးငယ္နဲ႕မွမဟုတ္ရင္ သူ႕အၿပဳံးေတြကမည္သူနဲ႕မွအသက္မဝင္ဘူးေလ။႐ုတ္ခ်ည္းေျပာင္းလဲသြားတဲ့ ေဂ်ာင္ဂုရဲ႕အျပဳမႈကို ဂေရ႕စ္ ကလည္းေတြ႕ျဖစ္ေအာင္ေတြ႕လိုက္ေသးသည္။သူ(မ)စိတ္ထဲဘဝင္မက်ဘဴး။အကိုေဂ်ာင္ဂုနဲ႕ ဂ်ီမင္ တို႔ဆက္ဆံေရးကသာမာန္မဟုတ္ဘူးဆိုတာ သူ(မ)ရိပ္စားမိသည္။

*တခုေလာက္ေမးလို႔ရမလား အကို..*

*ဘာမ်ားလဲ ဂေရ႕စ္..*

*ဂ်ီမင္ကဘာလုပ္တာလဲ...*

*ဪ..ကေလးငယ္က ပန္းခ်ီဆြဲတာေလ။ၿမိဳ႕ထဲမွာ ဆိုင္ဖြင့္ထားတယ္။လမ္းႀကဳံရင္ ဝင္ၾကည့္လိုက္အုန္းေနာ္..*

*အာ..~~ဟုတ္ကဲ့ပါ..*

ဂေရ႕စ္ ကစကားလမ္းေၾကာင္းေပး႐ုံရွိေသး..တက္ႂကြစြာေျပာလာတဲ့ ေဂ်ာင္ဂု ကဂ်ီမင္နဲ႕ပတ္သတ္လာရင္ အထိခိုက္မခံဘူးဆိုတာ သူ(မ)ေကာင္းေကာင္းသေဘာေပါက္လာသည္။လူကဲခတ္မညံ့တဲ့သူမို႔ ဘယ္လိုအေျခေနလဲဆိုတာ အကိုေဂ်ာင္ဂု ရဲ႕မ်က္ဝန္းေတြကိုၾကည့္႐ုံနဲ႕သိနိုင္သည္။

အရင္ဆုံး ဂ်ီမင္နဲ႕ရင္းႏွီးမႈရေအာင္လုပ္ရမယ္။ၿပီးမွ သူ(မ)ထင္သလိုဟုတ္မဟုတ္ကို အတည္ျပဳရမယ္။

_______

ပန္းခ်ီဆြဲေနရရင္ ေလာကႀကီးကိုေတာင္ေမ့ေလ်ာ့ေနတဲ့ ဂ်ီမင္က ဒီကေန႕မွာေတာ့ ညွိုးငယ္တဲ့မ်က္ဝန္းေတြနဲ႕ အၿပဳံးေတြကလည္းအသက္မဲ့ေနခဲ့သည္။ဆိုင္ထဲမွာပန္းခ်ီကားကိုလာေရာက္ ၾကည့္ရႈသူအနည္းငယ္သာရွိလို႔ေတာ္သြား၏။မဟုတ္ရင္ သူ စိတ္မပါပုံမ်ိဳးနဲ႕ ကေတာက္ကဆျဖစ္ကုန္မွာ

ဂ်ီမင္ မေပ်ာ္႐ႊင္ရတဲ့အေၾကာင္းရင္းကေတာ့ မနက္ကျမင္ကြင္းေလးေၾကာင့္ေပါ့။ကိုကို နဲ႕ဂေရ႕စ္ ရဲ႕ရင္းႏွီးကြၽမ္းဝင္မႈက သူ႕ကိုသိမ္ငယ္ေစသည္။

ဂေရ႕စ္ လိုမိန္းမလွေလးကို ေဖေဖႀကီးကေခြၽးမေတာ္ခ်င္ေနေလာက္တယ္။ဘယ္လိုလုပ္မလဲ။သူ ကိုကို႔ကို မေပးနိုင္ဘူး။ဘယ္သူ႕လက္ထဲကိုမွ ထည့္မေပးနိုင္ဘူး။

တသက္လုံးအတူတူေနလို႔မရဘူးဆိုတာ သိပါတယ္။ကိုကို လည္းအ႐ြယ္ေရာက္သူတေယာက္ေလ။တခ်ိန္က် အိမ္ေထာင္ျပဳရမွာဘဲ။သို႔ေပမယ့္ သူ အဲဒီအခ်ိန္ကိုမေရာက္ေစခ်င္ဘူး။သူ႕အနားမွာဘဲ ကိုကို႔ ကိုသက္ဆုံးတိုင္ရွိေနေစခ်င္တယ္။

*ဘာေတြစဥ္းစားေနတာလဲ...*

*အေမ့..!*

အေတြးယာဥ္ထဲနစ္ေမ်ာေနခ်ိန္ လက္ေဖ်ာက္တခ်က္တီးသံနဲ႕အတူရင္းႏွီးေနတဲ့ေခၚသံေၾကာင့္ ဂ်ီမင္ ကိုယ္ေလးတုန္တက္သြားသည္။

*အဲလက္.!*

*အင္း..ကိုယ္ပါ..ဘာေတြစဥ္းစားေနလို႔ ကိုယ္ေခၚတာေတာင္မၾကားရတာလဲ...*

*ဘာ..ဘာမွမဟုတ္ပါဘူး အဲလက္ရဲ႕..*

*ဒါနဲ႕ အဲလက္ကဘယ္လိုလုပ္ၿပီး ေရာက္လာတာလဲ..*

*ဘာလို႔လဲ လာလို႔မရဘူးလား...*

*မင္ ေျပာတာအဲသေဘာမ်ိဳးမဟုတ္ပါဘူး*

*ကိုယ္ ကစတာပါ။လမ္းႀကဳံလို႔ေလ..ေနာက္ၿပီးဂ်ီမင္ရဲ႕သတင္းကမ္ျု႔ထဲမွာပ်ံ့ေနေတာ့ ကိုယ္လည္းစိတ္ဝင္စားလို႔ လာခဲ့တာ...*

*အာ.~~*

ဂ်ီမင္ရဲ႕ခ်စ္စရာေကာင္းတဲ့အေျဖေၾကာင့္ အဲလက္ၿပဳံးလိုက္သည္။လမ္းႀကဳံလို႔ဆိုတာ အေၾကာင္းျပခ်က္သက္သက္ပါ။အမွန္ေတာ့ဂ်ီမင္ကို‌ေတြ႕ခ်င္လြန္းလို႔တကူးတကလာခဲ့တာ

အေတြးထဲသာမကအိမ္မက္ထဲထိပါထပ္ခါထပ္ခါျမင္ေယာင္ေနတဲ့ ဂ်ီမင္ ရဲ႕ပုံရိပ္ေလးေၾကာင့္ အ႐ူးတေယာက္လိုျဖစ္ေနမိသည္။ထိေတြ႕ခ်င္တယ္၊ေနာက္ၿပီး ခ်စ္စကားေတြတဝႀကီးေျပာခ်င္တယ္။

ဒါေၾကာင့္လည္း ေဖေဖ့ကိုအေၾကာင္းျပခ်က္ေပးကာ ဂ်ီမင္ ဆီဦးတည္ၿပီးထြက္လာခဲ့တာေပါ့

*ဒါဆိုလည္း အဲလက္ၾကည့္ေလ သေဘာက်တဲ့ကားခ်ပ္ေတြ႕ရင္ မင့္ကိုေျပာေနာ္ ..လက္ေဆာင္ေပးလိုက္မယ္...*

*တကယ္လား!*

*ဟုတ္...*

ၿပဳံးရယ္ကာနဲ႕သစ္သားနံရံထက္မွာခ်ိတ္ဆြဲထားတဲ့ပန္းခ်ီကားခ်ပ္တခုခ်င္းစီကိုလိုက္ၾကည့္ေနတဲ့ အဲလက္ ေၾကာင့္ဂ်ီမင္လည္းေလပူတခ်က္မႈတ္ထုတ္လိုက္သည္။

ကိုကိုမွာထားတဲ့အတိုင္းသူမလုပ္ခဲ့ဘူးေလ။အဲလက္ နဲ႕ေတြ႕ရင္စကားမေျပာရဘူးဆိုတာ။ဒါေပမယ့္လည္း ဆိုင္အထိေရာက္လာတဲ့သူကို ႏွင္ထုတ္လို႔မွမရတာ။အလိုက္သင့္ေလးေတာ့ ေျပာဆိုဆက္ဆံရမယ္မဟုတ္လား။အခုေန ကိုကိုသာေရာက္ခ်လာရင္ သူေတာ့ေသခ်ာေပါက္အဆူခံရမွာ။ေတြးရင္းေခါင္းက်ိန္းမိသည္။

*ဒါေလးယူလို႔အဆင္ေျပလား ဂ်ီမင္..*

*အဲလက္ ႀကိဳက္လို႔လား..*

*အင္း.ႀကိဳက္တယ္..*

ေနာက္ဆုံးစကားက ဂ်ီမင္မ်က္ႏွာကိုၾကည့္ၿပီးေျပာလိုက္တာ။သူ႕စကားရဲ႕အသြားလာကို ဘာမွမသိတဲ့ဂ်ီမင္ကေတာ့ ေခါင္းတၿငိမ့္ၿငိမ့္လုပ္ကာ သူယူလာတဲ့ပန္းခ်ီကားကို ေသသပ္စြာထုပ္ပိုးေပးေနသည္။

အဲလက္ယူခဲ့တဲ့ကားခ်ပ္က ေနၾကာခင္းႀကီးထဲမွာထိုင္ေနၾကတဲ့ လူႏွစ္ေယာက္ပုံ။ေတာင္တန္းေတြနဲ႕ လိေမၼာ္ေရာင္ေနဝန္းႀကီးကို ေနာက္ခံထားၿပီး ဆြဲထားတဲ့ ပန္းခ်ီကားခ်ပ္ေလးက မေသသပ္ဘူးဆိုေပမယ့္ စိတ္ထဲတမ်ိဳးတမည္ခံစားရလို႔ အဲလက္ ယူလိုက္တာ။

ထိုလူႏွစ္ေယာက္ပုံက သူထင္တာမမွားဘူးဆိုရင္ ေယာက်ာ္းေလးႏွစ္ေယာက္ျဖစ္ဖို႔မ်ားတယ္။ေနာက္ေက်ာပုံဆိုေတာ့ ေရးေတေတးေလးျဖစ္ေနတာေပါ့။

တေန႕မွာ သူနဲ႕ဂ်ီမင္လည္း ဒီလိုေလးေနသြားရရင္ေကာင္းမယ္ဆိုတဲ့ အေတြးဝင္မိေတာ့ သေဘာတက်ရယ္လိုက္မိသည္။သူ႐ူးေနတာေတာ့မဟုတ္ပါဘူးေနာ္။တေယာက္ထဲစိတ္ကူးယဥ္ ကမာၻထဲေရာက္ေနသလိုဘဲ။သူကသာ ဒီလိုမ်ိဳးေတြးေနတာ ဂ်ီမင္ကဘာမွရိပ္မိပုံမေပၚဘူး။ရိုးစင္းလိုက္တာ .....

*လက္ေဆာင္အတြက္ေက်းဇူးပါ ဂ်ီမင္...*

*ရပါတယ္ အဲလက္ကလည္း မိတ္ေဆြေတြဘဲဟာ...*

*အင္း .အခုေတာ့မိတ္ေဆြအဆင့္ေပါ့....*

*ဟင္.!ဘာေျပာလိုက္တာလဲ အဲလက္..*

*ပန္းခ်ီကလွတယ္လို႔ေျပာတာပါ...*

အဲလက္ေျပာလိုက္တဲ့စကားကိုသူမၾကားလိုက္ဘူး။ခပ္တိုးတိုးေလးညီးလိုက္တာဆိုေတာ့ သူကလည္းအာ႐ုံမထားတာပါမယ္။ျပန္ေမးလိုက္ေတာ့ အဲလက္က ေခါင္းခါျပရင္း အၿပဳံးေလးနဲ႕ေျဖလာတယ္။

ေနာက္ၿပီးအဲလက္ရဲ႕အၾကည့္ေတြကတမ်ိဳးဘဲလို သူခံစားမိတယ္။ဒါေပမယ့္ အဲလက္ နဲ႕သူကသိတာမွမၾကာေသးတာ။သူ႕ကိုမရိုးမသားစိတ္နဲ႕ဆက္ဆံပါ့မလား။သူ ဘဲအေတြးလြန္ေနတာျဖစ္မွာပါ။

*ဒါဆို ကိုယ္ျပန္ေတာ့မယ္ ဂ်ီမင္။ေနာက္မွထပ္ဆုံၾကတာေပါ့..*

*ေကာင္းပါၿပီ အဲလက္။ေကာင္းေကာင္းျပန္ပါ..*

*ဪ..ဒါနဲ႕ ေနာက္တခါထပ္ဆုံရင္ ကိုယ္လည္းဂ်ီမင္ကိုလက္ေဆာင္ျပန္ေပးမယ္ ေနာ္...*

*ဟင္....*

*လက္ခံေပးမယ္မလား..*

*အဲလက္ကဘာေပးမွာမို႔လဲ..*

*ႀကိဳေျပာလို႔ျဖစ္မလား..*

*အဲလက္ကလည္းအခ်င္းခ်င္းကိုလ်ိဳေနေသးတယ္...*

ဂ်ီမင္ကရယ္သြမ္းရင္းေျပာလာေတာ့မွ အဲလက္ သက္ျပင္းခ်လိဳက္ေတာ့တယ္။မ႐ႊင္မပ်ျဖစ္ေနတဲ့ ဂ်ီမင္ မ်က္ႏွာေလးကိုသူလာကတည္းကသတိထားမိတယ္ေလ။ဘာေၾကာင့္လဲဆိုတာ သိခ်င္ေပမယ့္ မေမးရဲတာေၾကာင့္ မ်က္ႏွာရိပ္ၾကည့္ၿပီးသာ သူ အကဲခတ္ေနမိတာ။အခုမွဘဲ စိတ္ေအးသြားေတာ့တယ္။

အခ်စ္ဆိုတာဒီလိုပါလားလို႔ အဲလက္ေတြးမိတယ္။ကိုယ္ခ်စ္တဲ့သူကဝမ္းနည္းတဲ့အခါ ကိုယ္ပါအလိုလိုဝမ္းနည္းမိတာမ်ိဳး။ေပ်ာ္႐ႊင္ေနတဲ့အခါက်ရင္လည္း လိုက္ၿပီးၿပဳံးေပးတာမ်ိဳးေပါ့။

*ကိုယ့္ကို‌ျပန္‌ေျဖအုန္း‌ေလ..လက္ခံေပးမယ္မလား....*

*ဟုတ္ကဲ့..မင္ လက္ခံပါ့မယ္..*

*တကယ္ေနာ္..*

*တကယ္ေပါ့ မင္ကညာစရာလား..*

ဂ်ီမင္ကေတာ့ဘာရယ္မဟုတ္ ၿပီးၿပီးေရာဆိုၿပီးအလြယ္ေလးေျပာလိုက္တာဘဲ။သို႔ေပမယ့္ ေမွ်ာ္လင့္ခ်က္နဲ႕အသက္ရွင္ေနတဲ့ အဲလက္ကေတာ့ ဂ်ီမင္စကားေၾကာင့္ အေပ်ာ္ေတြကဖုံးမနိုင္ဖိမရျဖစ္ေနေတာ့တယ္။

အဲလက္ျပန္သြားၿပီးတာနဲ႕ဂ်ီမင္လည္း ဆိုင္ထဲကိုတခ်က္ေဝ့ဝဲၾကည့္လိုက္တယ္။အရင္ကဆြဲထားၿပီးသားပန္းခ်ီကားခ်ပ္ေတြထဲမွာ ေဆးေရာင္ျပယ္ေနတာလည္းရွိသည္။ထိုကားခ်ပ္ေတြကိုယူကာ အေရာင္ထပ္ျဖည့္လိုက္သည္။

ပန္းခ်ီအေရာင္းဆိုင္ရယ္လို႔လည္းမဟုတ္ပါဘူး။ျပခန္းဆိုလည္းမမွားဘူး။သေဘာက်တဲ့ကားခ်ပ္ေတြ႕ရင္ေတာ့ ဝယ္သြားၾကတာေပါ့။အဲလိုမွမဟုတ္ဘဲ ဒီအတိုင္းစိတ္ဝင္စားလို႔လာၾကည့္တဲ့သူေတြလည္းရွိတယ္။

အခ်ိန္ခဏေလးအတြင္းမွာဘဲ သူ႕ဆိုင္ေလးကၿမိဳ႕ထဲမွာနာမည္ရသြားတယ္။နယ္လွည့္ခရီးသြားေတြနဲ႕ သူ႕လိုဘဲပန္းခ်ီကို႐ူးသြပ္တဲ့သူေတြကေတာ့ ေန႕စဥ္မပ်က္လာၾကတာေပါ့။ေပ်ာ္ရပါတယ္။ဝါသနာပါတာကိုလက္ေတြ႕လုပ္ကိုင္ရေတာ့ မေပ်ာ္ဘဲေနမလား။သူ႕ဘဝက ပန္းခ်ီေတြနဲ႕ဘဲ အသက္ဆက္ေနရတာေလ။

*ကေလးငယ္...*

*ကိုကိုလာၿပီ..!*

ကိုကိုကေတာ့အားတဲ့အခ်ိန္ခဏေလးဘဲျဖစ္ျဖစ္သူ႕ဆီအေရာက္လာတက္သည္ ။

အသံၾကားလိုက္တာနဲ႕ဂ်ီမင္ကလုပ္လက္စကိုခ်က္ခ်င္းဘဲရပ္တန႔္လိုက္သည္။သြားတန္းေလးေပၚသည္အထိၿပဳံးရယ္ျပလိုက္ၿပီး ကိုကို႔အနားကိုလွမ္းသြားလိုက္သည္။

*ဒီေန႕ ကိုကိုလာတာေစာတယ္...*

*ဟုတ္တယ္..ဂေရ႕စ္ ကဝယ္စရာရွိလို႔ဆိုၿပီး ေျပာတာနဲ႕ လိုက္ပို႔ေပးရင္း ကေလးဆီတခါထဲလာခဲ့လိုက္တာ..*

*ဪ....*

႐ႊင္လန္းေနတဲ့ ကေလးငယ္ရဲ႕ မ်က္ႏွာေလးက ဂေရ႕စ္ နာမည္ၾကားလိုက္ဆိုတာနဲ႕ပ်က္ယြင္းသြားတာကို ေဂ်ာင္ဂု ဖမ္းမိလိုက္သည္။အဖ်ားခတ္မွာတုန္ရီသြားတဲ့ေလသံက စိတ္မေကာင္းျဖစ္ေနတယ္ဆိုတာ မေျပာလည္းသိတယ္ေလ။

ဂေရ႕စ္ကိုသူစိတ္မဝင္စားေပမယ့္ ကေလးငယ္ဆီကတုန႔္ျပန္ခ်က္ကိုသိခ်င္တာေၾကာင့္ဘာမွမျဖစ္သလိုဟန္ေဆာင္ရင္းၿပဳံးခ်င္ေနတဲ့ႏႈတ္ခမ္းပါးေလးကို သြားျဖင့္ဖိကိုက္ထားလိုက္သည္။ကေလးငယ္ကေတာ့ သူ႕ကိုမၾကည့္ေတာ့ဘဲ ဟိုဟိုဒီဒီေလွ်ာက္လုပ္ေနေတာ့သည္။ခ်စ္စရာေကာင္းလိုက္တဲ့ ကေလးငယ္.....

*ကေလးငယ္ ေရာအဆင္ေျပရဲ႕လား..*

*ဘာကိုလဲ ကိုကို..*

*ဆိုင္မွာေလ..ဘာေတြလိုအပ္ေသးလဲလို႔..*

*ဟင့္အင္း...မလိုအပ္ေသးဘူး ကိုကို.*

*အဆင္မေျပတာရွိရင္ ေျပာေနာ္ ကေလးငယ္...*

*ဟုတ္ကဲ့ပါ.*

သူကသာေနမထိထိုင္မသာနဲ႕တေယာက္ထဲကမာၻပ်က္ေနတာ ကိုကိုကေတာ့ေအးေအးလူလူနဲ႕ဘာမွမျဖစ္သလိုဘဲ။ဂေရ႕စ္ နဲ႕အေတာ္ေလးရင္းႏွီးေနလို႔ အႀကိဳအပို႔ေတာင္လုပ္ေနတာေပါ့။

ဒါနဲ႕မ်ား ဘယ္မိန္းမပ်ိဳေလးမွစိတ္မဝင္စားဘူးလို႔ေျပာေနေသးတယ္။ကိုကိုကဆိုးလိုက္တာ။

ထုတ္ေမးခ်င္တဲ့စကားေတြရွိေပမယ့္ ၿမိဳသိပ္ထားလိုက္ေတာ့သည္။ဒါ‌ေပမယ့္ ကိုကို႔ကို သူယုံတယ္။ဂေရ႕စ္ နဲ႕ကမလြဲသာလို႔ေခၚေျပာေနရတာလို႔ဘဲ သူ ျဖည့္ေတြးေပးလိုက္သည္။

_____

*ကေလးငယ္ႀကိဳက္တဲ့ ဟင္းေတြႀကီးပါဘဲလား.*

*ဟုတ္ပါရဲ႕ ကြာ..*

ထမင္းစားပြဲဝိုင္းမွာဝင္ထိုင္လိုက္တာနဲ႕ ကိုကိုနဲ႕ေဖႀကီးဆီကမွတ္ခ်က္သံေတြထြက္လာသည္။ေမႀကီးကေတာ့ အၿပဳံးေလးနဲ႕သူ႕ကိုလွမ္းၾကည့္လာသည္။

*ဒီရက္ပိုင္း ဂ်ီမင္ေလး ထမင္းသိပ္မစားတာေတြ႕‌လို႔ေလ။ခံတြင္းေတြ႕မယ့္ဟင္းေတြခ်က္ထားေပးတာ..*

*ေကာင္းေကာင္းစားပါ့မယ္ ေမႀကီး...*

*ေနာက္‌ေန႕က် သားအႀကိဳက္ေလးခ်က္ေပးပါအုန္း..ေမေမ..*

ဂ်ီမင္ကထမင္းကိုတၿမဳံၿမဳံစားရင္း အရသာရွိေၾကာင္းလည္းလက္မေထာင္ျပလိုက္ေသးသည္။ထိုအခါ အားလုံးရဲ႕ရယ္သံေတြကထမင္းစားခန္းထဲပ်ံ့ႏွံ႕သြားေတာ့သည္။

*အခုေရာ မႀကိဳက္လို႔လား။သားငယ္နဲ႕အႀကိဳက္ခ်င္းအတူတူဘ‌ဲကို....*

ေဂ်ာင္ဂုကဘာရယ္မဟုတ္ ကေလးငယ္ကို စခ်င္လာလို႔ ေမေမ့ကိုပိုပိုသာသာေလးေျပာလိုက္ေတာ့ ကေလးငယ္ဆီကမ်က္ေစာင္းတခ်က္ရလိုက္တယ္။မနာလိုေနတာ လို႔လည္းတီးတိုးေျပာေသးသည္။

အစားေသာက္မေ႐ြးတဲ့သူမို႔ ကေလးငယ္စားသမွ်ကိုလိုက္စားေပးသည္။ဒါကိုသိတဲ့ ေမေမနဲ႕ေဖေဖကေတာ့ ေခါင္းတခါခါျဖင့္ သူ႕စကားကိုမၾကားခ်င္ေယာင္ေဆာင္ေနသည္။

*ကိုကို အလုပ္ရႈပ္ေနလား ဟင္..*

*ဘာလို႔လဲ ကေလးရဲ႕...*

*မင္ ပ်င္းလာလို႔ေလ .ပန္းခ်ီအတူတူဆြဲရေအာင္လား..*

*အင္း..ခဏေတာ့ရမယ္ ေနာ္ .*

*ဟုတ္..*

ေဂ်ာင္ဂု ဆီကလိုခ်င္တဲ့အေျဖရသြားေတာ့ ဂ်ီမင္ ေခါင္းေလးကပုတ္သင္ညိုေလးလို အဆက္မျပတ္ၿငိမ့္ျပလိုက္သည္။မ်က္ဝန္းက်ဥ္းက်ဥ္းေလးကို ပိတ္က်တဲ့အထိရယ္ျပေနတဲ့ ဂ်ီမင္ေၾကာင့္ ေဂ်ာင္ဂု ခမ်ာအသက္႐ူဖို႔ေတာင္ေမ့ေလ်ာ့ေနခဲ့သည္။

*ကိုကို.!*

*ဟင္..အင္း..ဘာျဖစ္လို႔လဲ..*

*ဆြဲမယ္လို႔ေျပာေနတာကို မၾကားဘူး။ဘယ္ေတြအာ႐ုံေရာက္ေနတာလဲ .!*

*ဘယ္မွမေရာက္ပါဘူး ကြာ။ကေလးငယ္ကလည္း ဆူလိုက္တာမွတအားဘဲ..*

*ဟြန႔္.!*

သူ႕စကားကိုမၾကားရမလားဆိုၿပီး လက္ပိုက္ကာမ်က္ေမွာင္က်ဳံ႕ထားတဲ့ ကေလးငယ္ရဲ႕ႏွာတံေလးကို ဖြဖြေလးဆြဲကာ အံႀကိတ္ၿပီးေျပာလိုက္သည္။မသိရင္ သူကအငယ္က်ေနတာဘဲ။တၿမိဳ႕လုံးကေလးစားရတဲ့ၿမိဳ႕ေတာ္ဝန္ေဂ်ာင္ဂု ကအခုအဆူခံေနရတာလား။

ေတြးရင္း ေအာ္ရယ္လိုက္ေတာ့သည္။တကယ္ပါဘဲ ။ကေလးငယ္က ခ်စ္စရာေကာင္းေနေတာ့ သူ႕မွာ ေၾကာက္ျပရမလား၊အသည္းယားျပမလား ေဝခြဲမရျဖစ္ေနသည္။

*ဒီမွာအေရာင္ထပ္ျဖည့္လိုက္မယ္ ေနာ္...*

*ကေလးငယ္ သေဘာ..*

*အျပာႏုေလးဆိုရင္ေရာ ကိုကို..*

*အျပာႏုေလးလည္းလွတာဘဲ...*

ဒုတ္.!!

ေမးသမွ်ကိုအျငင္းစကားမဆိုဘဲ ေကာင္းတယ္၊လွတယ္ ဘဲေျပာေနတဲ့ ကိုကို႔ကို သူစိတ္ဆိုးခ်င္လာသည္။နည္းနည္းပါးပါး လိုအပ္တဲ့ေနရာရွိလား မၾကည့္ေပးဘူး။ဘာေျပာေျပာ ကေလးငယ္သေဘာဆိုေတာ့ သူ႕စကားကိုအေလးမထားတာလား။

ဒါမွမဟုတ္ ကိုကိုကစိတ္မပါဘဲၿပီးၿပီးေရာဆိုၿပီးေျဖေပးေနတာလား။တေယာက္ထဲအေတြးလြန္ကာ ေကာက္ခ်ိတ္သြားတဲ့ ဂ်ီမင္ကို ေဂ်ာင္ဂုကနားမလည္ဟန္ျဖင့္ ေၾကာင္ၾကည့္ေနမိသည္။

စုတ္တံကို ၾကမ္းျပင္ေပၚသို႔ခပ္ၾကမ္းၾကမ္းေလးပစ္ခ်လိဳက္ေတာ့ ဘာျဖစ္လို႔လဲဆိုၿပီးေမးမယ္ႀကံေသး ႏႈတ္ခမ္းဆူလာတဲ့ ကေလးငယ္ေၾကာင့္ သူ႕မွာတံေတြးေတာင္ျပန္ၿမိဳခ်လိဳက္ရတယ္။

ဘာေတြစိတ္တိုင္းမက်ျဖစ္ေနတာလဲ။

*မဆြဲေတာ့ဘူးလား..*

*အင္း..*

ဟုတ္ကဲ့ေတာင္မဟုတ္ေတာ့ဘူး။အင္း ဆိုဘဲ။ဒါက စိတ္ေကာက္ေနၿပီဆိုတဲ့ လကၡာဏာဘဲ။

*ဘာလို႔လဲ..တခါထဲလက္စသတ္သြားေလ။ေနာက္က် ကိုကိုအားမွာမဟုတ္ေတာ့ဘူး..*

*မအားလည္း မင့္ဘာသာဆြဲမယ္။ဘာမွမျဖစ္ဘူး..*

ပစၥည္းေတြေကာက္သိမ္းၿပီး သူ႕ဘက္ကိုလွည့္မၾကည့္ဘဲေျပာလာေတာ့ ေဂ်ာင္ဂုလည္း အသံတိတ္ေခါင္းၿငိမ့္လိုက္သည္။

ခဏခဏစိတ္ေကာက္တက္တဲ့ ကေလးငယ္ကို ဒီတခါေတာ့သူမေခ်ာ့ျဖစ္ေတာ့ဘူး။ၿမိဳ႕ေတာ္နဲ႕ပတ္သတ္ၿပီးဖတ္စရာေလးရွိေနေတာ့ အခ်ိန္မေပးနိုင္တာနဲ႕ေၾကာင့္ ဘာမွဆက္မေျပာေတာ့ဘဲ ပန္းခ်ီဆြဲတဲ့အခန္းထဲကေန ထြက္လာခဲ့လိုက္သည္။

တေယာက္ထဲက်န္ခဲ့တဲ့ ဂ်ီမင္ကေတာ့ ကိုကို႔ဆီကပထမဆုံးအႀကိမ္လ်စ္လ်ဴရႈျခင္းခံလိုက္ရေတာ့ ဝမ္းနည္းစိတ္ကႀကီးစိုးလာသည္။ခါတိုင္းဆို သူမ်က္ႏွာေလးၿငိဳးက်သြားရင္ေတာင္ ဘာျဖစ္လို႔လဲ ဆိုၿပီးပ်ာပ်ာသလဲ ဂ႐ုစိုက္ေပးေနတာ။
အခုေတာ့ ႏႈတ္ဆက္စကားေတာင္မေျပာဘဲ ထြက္သြားခဲ့တယ္။

*အက်င့္မေကာင္းတဲ့ ကိုကို.!*

စုတ္တံေတြကို နံရံဆီပစ္ေပါက္လိုက္ၿပီး မ်က္ရည္ၾကည္ေတြဝဲေနတဲ့ဂ်ီမင္ကို တေဒါင့္တေနရာက ခိုးၾကည့္ေနတဲ့သူလည္းရွိေနျပန္သည္။

*ေနာက္ေန႕က်စကားလာေျပာၾကည့္ ေတြ႕မယ္.!*

*ေျပာေတာ့ခ်စ္တယ္ဆိုၿပီး ဘာမွလည္းအလိုက္မသိဘူး.!*

*အား..!စိတ္တိုလိုက္တာ..!*

တေယာက္ထဲေပါက္ကြဲေနတဲ့ ဂ်ီမင္က ၊ကေလးလိုမ်ိဳးပြစိပြစိေျပာေနေသးသည္။အနားမွဘယ္သူမွမရွိေတာ့ ပစၥည္းေတြဆီဘဲ ေဒါသပုံခ်ရတာေပါ့။

သတိျပန္ဝင္လာေတာ့မွ တခန္းလုံးပ်ံ့က်ဲေနတဲ့စုတ္တံေတြကိုၾကည့္ၿပီး သက္ျပင္းခ်လိဳက္သည္။
ကိုယ္လုပ္ၿပီးကိုယ္ဘဲျပန္သိမ္းရေတာ့မယ္ ။အဲတာ ကိုကို ေၾကာင့္ေလ။သူ႕ကို တေယာက္ထဲထားခဲ့တယ္။မွတ္သားေလာက္ေအာင္ေတာ့ အႀကီးက်ယ္စိတ္ဆိုးပစ္ရမယ္လို႔ ေတးမွတ္ရင္း ဖြထားတာေတြပို ျပန္ရွင္းရေတာ့တယ္။

_____

*အကို ေဂ်ာင္ဂုရွိလား...*

*ဟုတ္ကဲ့ ရွိပါတယ္။အိမ္ထဲဝင္သြားလိုက္ေနာ္.*

ဒီရက္ပိုင္းသူသတိထားမိသေလာက္ ကိုကိုနဲ႕ ဂေရ႕စ္ ကေန႕တိုင္းနီးပါးဆိုသလို ေတြ႕ျဖစ္ေနသည္။.
အျပင္မွာ ေတြ႕လို႔အားမရလို႔လားမသိဘူး ။တခါတေလ ဂေရ႕စ္ ကအခုလိုဘဲ အိမ္အထိလာတက္သည္။မိန္းကေလးျဖစ္ၿပီးေတာ့ အိေႏၵႀထိန္းမွေပါ့လို႔ သူ႕စိတ္ထဲသတိေပးေနမိသည္။

ရာသီဥတုကမွိုင္းညွို႔ေနတာေၾကာင့္ ညေနဘက္မွာ ဆိုင္ေစာ‌ေစာပိတ္ခဲ့ၿပီး အိမ္ျပန္လာခ်ိန္ အလုပ္သမားတေယာက္ကို ေမးေနတဲ့ ဂေရ႕စ္ ကိုေတြ႕ေတာ့ ဂ်ီမင္လည္းမျမင္ခ်င္ေယာင္ေဆာင္ကာ အေနာက္အိမ္ေလးဆီလာခဲ့လိုက္သည္။

ဂ်ီမင္ကို ဖ်ပ္ခနဲ ေတြ႕လိုက္တဲ့ ဂေရ႕စ္ကေတာ့ ႏႈတ္ဆက္မလို႔ဘဲရွိေသး သြက္သြက္ေလးေလွ်ာက္သြားတဲ့ ဂ်ီမင္ ေၾကာင့္ အိမ္ထဲမဝင္ေသးဘဲရပ္ၾကည့္ေနမိသည္။

ဂ်ီမင္ကဘယ္ကိုသြားတာလဲ။တအိမ္ထဲအတူတူေနတာမဟုတ္ဘူးလား။ဘာလို႔ အေနာက္ဘက္ကိုသြားေနတာလဲ ဆိုၿပီးအေတြးေပါင္းစုံျဖင့္ ဦးေႏွာက္ကို အလုပ္ေပးေနမိသည္

*ဂေရ႕စ္ ..ဘာရပ္လုပ္ေနတာလဲ။ေရာက္ရင္လည္း အိမ္ထဲဝင္မွေပါ့...*

*ဟီး..,အေတြးလြန္သြားလို႔ပါ .*

အိမ္ထဲကထြက္လာတဲ့ ေဂ်ာင္ဂု ကအိမ္ေပါက္ဝမွာရပ္ေနတဲ့ ဂေရ႕စ္ ကိုေတြ႕ေတာ့ က်စ္တခ်က္သတ္လိုက္သည္ ။ဘာလို႔ခဏခဏလာေနရတာလည္းမသိဘူး။မေကာင္းတက္လို႔ စကားျပန္ေျပာေနရတာကိုေပ်ာ္ေနတယ္လို႔မ်ား ထင္ေနတာလား။

ပုံမွန္ဆို အခုလိုစိတ္အေႏွာက္ယွက္မခံဘဲ ျပတ္ျပတ္သားသားေျပာထုတ္လိုက္မိမွာ။ဒါ‌ေပမယ့္လည္း ၾကည့္စရာမ်က္ႏွာေတြကရွိေသးတယ္မလား။အရာရွိႀကီးကလည္း သူ႕သမီးကို ၾကည့္႐ူေပးပါလို႔ ေတာင္းဆိုထားေတာ့လည္း မတက္နိုင္ဘူးေလ။အၿပဳံးတုတက္ရမွာေပါ့။

*ကိစၥရွိလို႔လား ဂေရ႕စ္..*

*ဟာ..အကိုကလည္းကိစၥရွိမွလာရမွာလားလို႔ .*

*ဘာလဲ ဂေရ႕စ္ လာတာကိုမႀကိဳက္လို႔လား..*

*မဟုတ္ပါဘူး။အကိုေျပာတာက အရာရွိႀကီးလႊတ္လိုက္လို႔လာတာထင္လို႔ပါ....*

*မဟုတ္ပါဘူး။ေဖေဖေတာင္မသိဘူး ဂေရ႕စ္ လာတာ..*

*ဪ..*

သူ(မ)က အကိုေဂ်ာင္ဂု ဆီကိုလာတာမဟုတ္ပါဘူး။ဂ်ီမင္ နဲ႕ရင္းႏွီးခ်င္လို႔ အေၾကာင္းျပခ်ရွာရတာပါ။သို႔ေပမယ့္ သူ(မ)လာတိုင္း ဂ်ီမင္နဲ႕ ေတြ႕ရတယ္လို႔ကိုမရွိဘူး။အၿမဲတမ္းလြဲေနတယ္ ။

ဒီေန႕ေတာ့ ဂ်ီမင္ဆိုင္ကိုတိတ္တိတ္ကေလးသြားၾကည့္လာတာ။သူ(မ)သြားေတာ့ ဂ်ီမင္ကဆိုင္ပိတ္ေနျပ‌ီေလ။ဒါေၾကာင့္ ဘယ္သူမွမရိပ္စားမိခင္ သူ(မ)ကအရင္လာခဲ့လိုက္တာ။

ဂ်ီမင္ကိုခင္ခ်င္တာကတျခားမေကာင္းတဲ့စိတ္ေၾကာင့္မဟုတ္ပါဘူး။အကိုေဂ်ာင္ဂု နဲ႕သာမန္ဆက္ဆံေရးထက္ပိုေနသလားဆိုတာကို အတည္ျပဳ႐ုံပါဘဲ။အကယ္၍သူ(မ)ထင္သလို ဟုတ္ေနခဲ့ရင္ လူႀကီးခ်င္းေျပာထားတဲ့ကိစၥကို တမ်ိဳးစဥ္းစားရေတာ့မွာေပါ့

*ဒါနဲ႕ေလ..ဂ်ီမင္က ဒီမွာမေနဘူးလား အကို..*

*ေနတယ္ေလဘာလို႔လဲ..*

ဂ်ီမင္နာမည္ၾကားလိုက္တာနဲ႕ ေဂ်ာင္ဂုကခ်က္ခ်င္းေခါင္းေထာင္ၾကည့္လာတယ္။ဂေရ႕စ္ ကသြက္လက္တယ္ဆိုေပမယ့္ အခုလိုစပ္စုတာကိုေတာ့ သူသေဘာမက်ဘဴး။ေနာက္ၿပီး ဘာလို႔ကေလးငယ္ အေၾကာင္းကိုေမးရတာလဲ။မဟုတ္မွ သူ(မ)သေဘာက်ရတဲ့သူဆိုတာ ကေလးငယ္မ်ားလား။

ဒါ‌ေတာ့မျဖစ္နိုင္ဘူး။ဘာလို႔ဆို ဂေရ႕စ္ နဲ႕ကေလးငယ္ ဆုံတာမွသိပ္မၾကာေသးတာ။စကားလည္းေဖာ္ဖြဲ႕ေအာင္မေျပာဖူးဘူးေလ။ဒါေပမယ့္ ျမင္ျမင္ခ်င္းသေဘာက်သြားရင္ဘယ္လိုလုပ္မလဲ....

ေဆာက္တည္ရာမရတဲ့သူ႕စိတ္ကို အသက္ျပင္းျပင္းရႈထုတ္ရင္းအျမန္ထိန္းခ်ဳပ္လိုက္သည္။အေတြးလြန္တာပါ။ဟုတ္တယ္ သူအေတြးလြန္ေနတာ။

*အာ...ဟို .အေနာက္ဘက္ကိုသြားတာေတြ႕လိုက္လို႔ေလ..*

*ကေလးက တေယာက္ထဲေနခ်င္တယ္ဆိုလို႔ အိမ္တလုံးသီးသန႔္ေဆာက္ထားေပးတာပါ..*

*အဲလိုကို..ဂေရ႕စ္ ေမးတာကိုတမ်ိဳးမထင္နဲ႕ေနာ္*

*ရပါတယ္...*

ေဂ်ာင္ဂု မ်က္ႏွာပ်က္ေနတာကို သူ(မ)ေတြ႕သည္။ဂ်ီမင္ ဆိုတာနဲ႕ေကာ့ၫႊတ္တက္လာတဲ့ ႏႈတ္ခမ္းပါးေလးက သာမန္ထက္လြန္ကဲေနခဲ့တာ ဘယ္သူ႕ကိုေမးေမးအသိသာႀကီးကို။

ဒီလိုဆို ၿမဳံေနတဲ့ခံစားခ်က္ေတြပြင့္ၾကလာေအာင္ သူ(မ)ပါဝင္မွရေတာ့မယ္နဲ႕တူတယ္။ေလာေလာဆယ္ေတာ့ အမုန္းခံရအုန္းမွာေပါ့။သူ(မ)ကဗြီလိန္ မဟုတ္ဘူးေနာ္။ခ်စ္တဲ့သူတိုင္းကို ေပါင္းဖတ္ေစခ်င္တဲ့ ဆႏၵဘဲရွိတာ။

အျမင္မတူ၊သေဘာထားခ်င္းမတူတဲ့လူႀကီးေတြနဲ႕ေတာ့ အခ်စ္ခရီးကထင္ထားတာထက္ပိုခက္ခဲမယ္ဆိုတာ ေတြးၾကည့္႐ုံနဲ႕သိနိုင္သည္။ဒါေပမယ့္လည္း ဘာအေရးလဲ အဓိက,ခ်စ္ေနဖို႔ဘဲမဟုတ္လား.....

_______

၁.၆.၂၃
Kelly

Thankful my readers 🤍

Continue Reading

You'll Also Like

193K 19.1K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
1.1M 38.1K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
469K 31.6K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
325K 9.7K 105
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...