''ဒီနားလေးကို ချလိုက်လေ ချမ်းမြေ့"
ရှင်းမြတ်လက်ညှိုးထိုးပြသည့်နေရာကို ချမ်းမြေ့ကြည့်ပြီး
တစ်ဖန်မီးရောင်ပြိုးပြိုးပြက်ပြက်လက်နေတဲ့
ဇာတ်စင်ထက်ကြည့်၏။ယခုဖျာချမည့်နေရာက
အနောက်ဘက်ကျကာ ဇာတ်စင်နဲ့မဆိုသလောက်
အလှမ်းဝေးပေမယ့် ဇာတ်စင်တည့်တည့်ကျသည်မို့
မြင်ကွင်းရှင်းလင်းလှပေသည်။
ထို့ကြောင့် ရှင်းမြတ်စကားကိုနာခံစွာ
သယ်လာသည့်ဖျာကို ထိုနေရာသို့ချခင်းလိုက်သည်။
''အမေ ဒီမှာလာထိုင်"
ဘေးနားရပ်နေသည့်မိခင်ဖြစ်သူကို အလယ်မှာနေရာချပေးပြီး ရွှင်လန်းလက်ထဲမှရေဘူးနှင့်
တစ်ခြားအသုံးအဆောင်အချို့ထည့်ထားသည့်ခြင်းကို
ဘေးနားချလေသည်။
''ပွဲခင်းလိုက်ကြည့်ကြဦးမှာမလား ပွဲမစခင်သွားကြလေ"
အမယ်အိုကလေစလိုက်တော့
ရွှင်လန်းမှအပ ကျန်သူတွေမှာတစ်ယောက်နှင့်တစ်ယောက်
မျက်စပြစ်လိုက်သည်။
''အမေတစ်ယောက်တည်းကျန်နေရစ်မှာပေါ့"
''ငါအမေနဲ့အဖော်ကျန်နေရစ်မယ်၊
လူတွေများလွန်းရင် မျက်စိနှောက်လို့"
''ကြည်နူးကရော"
''အနူးနေရစ်ဘူးနော်...အတူတူလိုက်မှာ"
''ကြည်နူးကိုအတူခေါ်သွားလိုက်လေ...
အပြန်ကျရင် အကြော်စုံနဲ့မုန့်လင်မယားဝယ်ခဲ့ကြအုံး၊
အမေရော ဘာစားအုံးမလဲ"
''ပွဲကြည့်ရင်းအိပ်ချင်ပြေအောင် အချဥ်ပေါင်းပါဝယ်ခဲ့ကြ"
''ဟုတ်ပြီ ဟုတ်ပြီ ဒါပဲမလား"
''အေး...အေး"
''ဒါဆိုသွားပြီနော်"
ချမ်းမြေ့က ရှင်းမြတ်လက်ကိုဆွဲပြီး
ပျော်ရွှင်က ကြည်နူးကိုတွဲကာလေးယောက်သား
ပွဲစျေးကြည့်ရန်မဏ္ဍပ်အပြင်သို့ ထွက်လာလိုက်ကြသည်။
''အနူးကိုအရုပ်ဝယ်ပေးနော် လေးပျော်"
''အနူးကဘယ်အရုပ်လိုချင်တာလဲပြောပါအုံး"
တွဲထားသည့်လက်ကိုဖြုတ်ကာ ကြည်နူးကိုပွေ့ချီရင်း
ပျော်ရွှင်ပြုံးကာကျီစယ်လေတော့ အချွဲလေးကြည်နူးက
အကဲပိုစွာဖြင့် ပျော်ရွှင့်လည်ပင်းကိုသိုင်းဖက်လေသည်။
ဇာတ်သဘင်က ၇နာရီမှစမှာမို့ခုမှညနေစောင်း၅နာရီပင်
ရှိသေးသည်ဖြစ်ရာ လူသိပ်မစုံလှသေးပေ။
ရှိသည့်လူတွေမှာလည်း ပွဲစျေးလှည့်ပတ်လျက်ရှိ၏။
ဇာတ်သဘင်နောက်ဘက်မှာတော့ ဇာတ်မင်းသား၊မင်းသမီးတွေအဝတ်အစားလဲရန်အတွက် အကာအရံလုပ်ထားပေးပြီး ဘေးနှစ်ဖက်မှာတော့
ကခုန်ချင်ကြသည့်လူငယ်၊လူရွယ်တွေအတွက်
နေရာသီးသန့်လုပ်ထားပေးသည်။ထို့ပြင် ကခုန်သည့်သူများ
အရှိန်လွန်ပြီး ဇာတ်သဘင်ကြည့်သူပရိသတ်များကို
မနှောင့်ယှက်နိုင်ရန် တိုင်တွေနှင့်ကာခြားထား၏။
ကလေးငယ်တွေအကြိုက် အရုပ်သည်တွေမှာ
ဟိုနားတစ်သည်၊ဒီနားတစ်သည်ဆိုပြီး နေရာအသီးသီးရှိကာ
အကြော်သည်နှင့်မုန့်လင်မယား၊မုန့်လက်ဆောင်းအပြင်
မုန့်ပြားသလက်အသည်တွေပါရှိ၏။
ထို့အပြင်အချဥ်ပေါင်းသည်နှင့်ရေခဲချောင်း/မုန့်၊
ကွမ်းယာသည်အချို့နှင့် ပွဲစင်နှင့်နည်းနည်းအလှမ်းဝေးသည့်
သရက်ပင်အောက်မှာထန်းရည်ချိုဆိုင်ပါရှိလေသည်။
''လေးပျော် အနူးကိုကားရုပ် ကားရုပ်"
''ဟုတ်ပြီးရှင်"
ကလေးပီပီကြည်နူးက အရုပ်သည်ခင်းကျင်းပြထားသည့်
မျိုးစုံလှသောအရုပ်တွေကိုမြင်တော့ မျက်ဝန်းလေးတွေ
တောက်ပလျက်။
''သေနတ်မလိုချင်ဘူးလား အနူး"
အရုပ်ဆိုင်ရှေ့ထိုင်ချကာအရုပ်သေနတ်ကို
ချမ်းမြေ့ထိုင်ကာမေးတော့ ရှင်းမြတ်ကလည်းဘေးနား
ကပ်လာ၏။ကြည်နူးက ပျော်ရွှင့်လက်ထဲမှဆင်းကာ
ချမ်းမြေ့ပြသည့်သေနတ်ကိုကိုင်ကြည့်လာ၏။
အရုပ်ဆိုင်ပိုင်ရှင်က အရုပ်သေနတ်ထဲထည့်ရန်
ကျည်ဆန်ပါရှိကြောင်းပြောနေ၏။
''ဒါလေးရော မကြိုက်ဘူးလားအနူး"
ပျော်ရွှင့်လက်ထဲမှ မော်ဒယ်ဂဲလ်ရုပ်ကိုမြင်တော့
ကြည်နူးမျက်နှာကရှုံ့မဲ့လျက်။
''အနူးကြိုက်ဘူး အနူးကသေနတ်ပဲကြိုက်တာ"
''လေးပျော်ကတော့ ဒီအရုပ်လေးကမှချစ်စရာကောင်းသလားလို့"
''ပျော်ရွှင်ကြိုက်ရင်ယူလေ ကိုယ်ဝယ်ပေးမယ်"
အနူးကိုကျီစယ်နေတုန်း အနားရောက်လာတဲ့လူကြောင့်
ပျော်ရွှင့်မှာအံ့သြသွား၏။ချမ်းမြေ့က ရောင်နီကို
အလိုမကျဟန်မျက်မှောင်ကုတ်ကြည့်လျက်။
''ယူမလား ပျော်ရွှင်"
ချမ်းမြေ့နှင့်ရှင်းမြတ်အပြင် ကြည်နူးကိုပါ
လေလိုသဘောထားကာ ပျော်ရွှင်ကိုင်ထားသည့်အရုပ်မကို
မှေးငေါ့ပြရင်းဆိုလေတော့ ချစ်ရသူလေးကမျက်စောင်း
ထိုးလာသည်။
''အစ်မ လာဒီကို"
''ချမ်းမြေ့ ငါအပေါ့သွားချင်လာလို့လိုက်ခဲ့အုံး"
ပျော်ရွှင့်ကိုလှမ်းခေါ်နေတဲ့ချမ်းမြေ့လက်ကို
ဆုပ်ကိုင်ရင်းရှင်းမြတ်ခပ်တိုးတိုးဆိုလေတော့
ချမ်းမြေ့က
''ခဏအောင့်ထားလို့ရမလားကိုကို"
''မရတော့ဘူး"
အမှန်တကယ်အပေါ့မသွားချင်သော်လည်း
သူငယ်ချင်းဖြစ်သူရည်းစားရရန်အတွက် ချမ်းမြေ့ယုံအောင်
မျက်နှာကိုငယ်ချထားရသည်။
''ကိုရှင်းမြတ်ကို ကျောင်းအိမ်သာခေါ်သွားလိုက်လေဟယ်"
''အေး...အစ်မ နင်လည်းအနူးကိုအရုပ်ဝယ်ပေးပြီးရင်
အမေတို့ဆီပြန်နော်...ကြားလား"
''အေးပါ...မသိရင်ပဲ နင်ကငါ့ထက်အကြီးကျလို့"
''ချမ်းမြေ့"
''လာပြီ...လာပြီကိုကို"
အပြေးကလေးထွက်သွားကြသည့်နှစ်ယောက်ကိုကြည့်ကာ
ရောင်နီကခပ်ဆဆပြုံး၏။ချစ်သူငယ်ချင်းလေး
လမ်းဖောက်ပေးသွားတာကို သူနှောင့်နှေးနေလို့မဖြစ်။
''ပျော်ရွှင် ကိုယ်လေ"
''ဆရာလေး အနူးဘယ်အရုပ်ယူရမလဲဟင်"
ကြည်နူးကရောင်နီ့လက်ကိုတွဲကာဆိုတော့
ရောင်နီ့မျက်နှာမှာရှုံ့မဲ့လျက်။
ပျော်ရွှင်ကတော့ ရှုံ့မဲ့နေသည့်ရောင်နီ့မျက်နှာကိုကြည့်ကာ
တစ်ဖက်သို့လှည့်ပြီးရယ်မိသည်။
''ဒီသေနတ်ကိုယူနော် အနူး"
''သေနတ်ကအကြီးကြီး"
''အဲ့ဒါဆိုဒါလေးယူလိုက်လေ"
''ဟင် သေနတ်ကသေးသေးလေး"
ဂျီကျနေသည့်အနူးကြောင့် ပျော်ရွှင်နှင့်
ချစ်စကားပြောချင်နေသည့်ရောင်နီ့မှာ အခွင့်မသာပေ။
ထို့ကြောင့်စိတ်အခြေအနေမကောင်းလှ။
ထိုအချိန်မှာပဲနောက်ပါးမှထွက်လာသည့်အသံကြောင့်
ပိုလို့ပင်စိတ်ညစ်သွားရသည်။
''ဟာ...မမပျော်ရွှင်"
ထိုသူကတော့ ပျော်ရွှင့်ကိုအတိတ်ဆိုးတွေဖန်တီးပေးခဲ့သည့်
ချစ်သူငယ်ချင်းရှင်းမြတ်ဒီပါရဲ့ညီငယ်
လင်းထက်ဒီပါပင်ဖြစ်လေသည်။
.........................
Zawgyi
''ဒီနားေလးကို ခ်လိဳက္ေလ ခ်မ္းေျမ့"
ရွင္းျမတ္လက္ညွိုးထိုးျပသည့္ေနရာကို ခ်မ္းေျမ့ၾကည့္ၿပီး
တစ္ဖန္မီးေရာင္ၿပိဳးၿပိဳးျပက္ျပက္လက္ေနတဲ့
ဇာတ္စင္ထက္ၾကည့္၏။ယခုဖ်ာခ်မည့္ေနရာက
အေနာက္ဘက္က်ကာ ဇာတ္စင္နဲ႕မဆိုသေလာက္
အလွမ္းေဝးေပမယ့္ ဇာတ္စင္တည့္တည့္က်သည္မို႔
ျမင္ကြင္းရွင္းလင္းလွေပသည္။
ထို႔ေၾကာင့္ ရွင္းျမတ္စကားကိုနာခံစြာ
သယ္လာသည့္ဖ်ာကို ထိုေနရာသို႔ခ်ခင္းလိုက္သည္။
''အေမ ဒီမွာလာထိုင္"
ေဘးနားရပ္ေနသည့္မိခင္ျဖစ္သူကို အလယ္မွာေနရာခ်ေပးၿပီး ႐ႊင္လန္းလက္ထဲမွေရဘူးႏွင့္
တစ္ျခားအသုံးအေဆာင္အခ်ိဳ႕ထည့္ထားသည့္ျခင္းကို
ေဘးနားခ်ေလသည္။
''ပြဲခင္းလိုက္ၾကည့္ၾကဦးမွာမလား ပြဲမစခင္သြားၾကေလ"
အမယ္အိုကေလစလိုက္ေတာ့
႐ႊင္လန္းမွအပ က်န္သူေတြမွာတစ္ေယာက္ႏွင့္တစ္ေယာက္
မ်က္စျပစ္လိုက္သည္။
''အေမတစ္ေယာက္တည္းက်န္ေနရစ္မွာေပါ့"
''ငါအေမနဲ႕အေဖာ္က်န္ေနရစ္မယ္၊
လူေတြမ်ားလြန္းရင္ မ်က္စိႏွောက္လို႔"
''ၾကည္ႏူးကေရာ"
''အႏူးေနရစ္ဘူးေနာ္...အတူတူလိုက္မွာ"
''ၾကည္ႏူးကိုအတူေခၚသြားလိုက္ေလ...
အျပန္က်ရင္ အေၾကာ္စုံနဲ႕မုန့္လင္မယားဝယ္ခဲ့ၾကအုံး၊
အေမေရာ ဘာစားအုံးမလဲ"
''ပြဲၾကည့္ရင္းအိပ္ခ်င္ေျပေအာင္ အခ်ဥ္ေပါင္းပါဝယ္ခဲ့ၾက"
''ဟုတ္ၿပီ ဟုတ္ၿပီ ဒါပဲမလား"
''ေအး...ေအး"
''ဒါဆိုသြားၿပီေနာ္"
ခ်မ္းေျမ့က ရွင္းျမတ္လက္ကိုဆြဲၿပီး
ေပ်ာ္႐ႊင္က ၾကည္ႏူးကိုတြဲကာေလးေယာက္သား
ပြဲေစ်းၾကည့္ရန္မ႑ပ္အျပင္သို႔ ထြက္လာလိုက္ၾကသည္။
''အႏူးကိုအ႐ုပ္ဝယ္ေပးေနာ္ ေလးေပ်ာ္"
''အႏူးကဘယ္အ႐ုပ္လိုခ်င္တာလဲေျပာပါအုံး"
တြဲထားသည့္လက္ကိုျဖဳတ္ကာ ၾကည္ႏူးကိုေပြ႕ခ်ီရင္း
ေပ်ာ္႐ႊင္ၿပဳံးကာက်ီစယ္ေလေတာ့ အခြၽဲေလးၾကည္ႏူးက
အကဲပိုစြာျဖင့္ ေပ်ာ္႐ႊင့္လည္ပင္းကိုသိုင္းဖက္ေလသည္။
ဇာတ္သဘင္က ၇နာရီမှစမှာမို့ခုမှညနေစောင်း၅နာရီပင်
ရွိေသးသည္ျဖစ္ရာ လူသိပ္မစုံလွေသးေပ။
ရွိသည့္လူေတြမွာလည္း ပြဲေစ်းလွည့္ပတ္လ်က္ရွိ၏။
ဇာတ္သဘင္ေနာက္ဘက္မွာေတာ့ ဇာတ္မင္းသား၊မင္းသမီးေတြအဝတ္အစားလဲရန္အတြက္ အကာအရံလုပ္ထားေပးၿပီး ေဘးႏွစ္ဖက္မွာေတာ့
ကခုန္ခ်င္ၾကသည့္လူငယ္၊လူ႐ြယ္ေတြအတြက္
ေနရာသီးသန့္လုပ္ထားေပးသည္။ထို႔ျပင္ ကခုန္သည့္သူမ်ား
အရွိန္လြန္ၿပီး ဇာတ္သဘင္ၾကည့္သူပရိသတ္မ်ားကို
မႏွောင့္ယွက္နိုင္ရန္ တိုင္ေတြႏွင့္ကာျခားထား၏။
ကေလးငယ္ေတြအႀကိဳက္ အ႐ုပ္သည္ေတြမွာ
ဟိုနားတစ္သည္၊ဒီနားတစ္သည္ဆိုၿပီး ေနရာအသီးသီးရွိကာ
အေၾကာ္သည္ႏွင့္မုန့္လင္မယား၊မုန့္လက္ေဆာင္းအျပင္
မုန့္ျပားသလက္အသည္ေတြပါရွိ၏။
ထို႔အျပင္အခ်ဥ္ေပါင္းသည္ႏွင့္ေရခဲေခ်ာင္း/မုန့္၊
ကြမ္းယာသည္အခ်ိဳ႕ႏွင့္ ပြဲစင္ႏွင့္နည္းနည္းအလွမ္းေဝးသည့္
သရက္ပင္ေအာက္မွာထန္းရည္ခ်ိဳဆိုင္ပါရွိေလသည္။
''ေလးေပ်ာ္ အႏူးကိုကား႐ုပ္ ကား႐ုပ္"
''ဟုတ္ၿပီးရွင္"
ကေလးပီပီၾကည္ႏူးက အ႐ုပ္သည္ခင္းက်င္းျပထားသည့္
မ်ိဳးစုံလွေသာအ႐ုပ္ေတြကိုျမင္ေတာ့ မ်က္ဝန္းေလးေတြ
ေတာက္ပလ်က္။
''ေသနတ္မလိုခ်င္ဘူးလား အႏူး"
အ႐ုပ္ဆိုင္ေရွ႕ထိုင္ခ်ကာအ႐ုပ္ေသနတ္ကို
ခ်မ္းေျမ့ထိုင္ကာေမးေတာ့ ရွင္းျမတ္ကလည္းေဘးနား
ကပ္လာ၏။ၾကည္ႏူးက ေပ်ာ္႐ႊင့္လက္ထဲမွဆင္းကာ
ခ်မ္းေျမ့ျပသည့္ေသနတ္ကိုကိုင္ၾကည့္လာ၏။
အ႐ုပ္ဆိုင္ပိုင္ရွင္က အ႐ုပ္ေသနတ္ထဲထည့္ရန္
က်ည္ဆန္ပါရွိေၾကာင္းေျပာေန၏။
''ဒါေလးေရာ မႀကိဳက္ဘူးလားအႏူး"
ေပ်ာ္႐ႊင့္လက္ထဲမွ ေမာ္ဒယ္ဂဲလ္႐ုပ္ကိုျမင္ေတာ့
ၾကည္ႏူးမ်က္ႏွာကရႈံ႕မဲ့လ်က္။
''အႏူးႀကိဳက္ဘူး အႏူးကေသနတ္ပဲႀကိဳက္တာ"
''ေလးေပ်ာ္ကေတာ့ ဒီအ႐ုပ္ေလးကမွခ်စ္စရာေကာင္းသလားလို႔"
''ေပ်ာ္႐ႊင္ႀကိဳက္ရင္ယူေလ ကိုယ္ဝယ္ေပးမယ္"
အႏူးကိုက်ီစယ္ေနတုန္း အနားေရာက္လာတဲ့လူေၾကာင့္
ေပ်ာ္႐ႊင့္မွာအံ့ၾသသြား၏။ခ်မ္းေျမ့က ေရာင္နီကို
အလိုမက်ဟန္မ်က္ေမွာင္ကုတ္ၾကည့္လ်က္။
''ယူမလား ေပ်ာ္႐ႊင္"
ခ်မ္းေျမ့ႏွင့္ရွင္းျမတ္အျပင္ ၾကည္ႏူးကိုပါ
ေလလိုသေဘာထားကာ ေပ်ာ္႐ႊင္ကိုင္ထားသည့္အ႐ုပ္မကို
ေမွးေငါ့ျပရင္းဆိုေလေတာ့ ခ်စ္ရသူေလးကမ်က္ေစာင္း
ထိုးလာသည္။
''အစ္မ လာဒီကို"
''ခ်မ္းေျမ့ ငါအေပါ့သြားခ်င္လာလို႔လိုက္ခဲ့အုံး"
ေပ်ာ္႐ႊင့္ကိုလွမ္းေခၚေနတဲ့ခ်မ္းေျမ့လက္ကို
ဆုပ္ကိုင္ရင္းရွင္းျမတ္ခပ္တိုးတိုးဆိုေလေတာ့
ခ်မ္းေျမ့က
''ခဏေအာင့္ထားလို႔ရမလားကိုကို"
''မရေတာ့ဘူး"
အမွန္တကယ္အေပါ့မသြားခ်င္ေသာ္လည္း
သူငယ္ခ်င္းျဖစ္သူရည္းစားရရန္အတြက္ ခ်မ္းေျမ့ယုံေအာင္
မ်က္ႏွာကိုငယ္ခ်ထားရသည္။
''ကိုရွင္းျမတ္ကို ေက်ာင္းအိမ္သာေခၚသြားလိုက္ေလဟယ္"
''ေအး...အစ္မ နင္လည္းအႏူးကိုအ႐ုပ္ဝယ္ေပးၿပီးရင္
အေမတို႔ဆီျပန္ေနာ္...ၾကားလား"
''ေအးပါ...မသိရင္ပဲ နင္ကငါ့ထက္အႀကီးက်လိဳ႕"
''ခ်မ္းေျမ့"
''လာၿပီ...လာၿပီကိုကို"
အေျပးကေလးထြက္သြားၾကသည့္ႏွစ္ေယာက္ကိုၾကည့္ကာ
ေရာင္နီကခပ္ဆဆၿပဳံး၏။ခ်စ္သူငယ္ခ်င္းေလး
လမ္းေဖာက္ေပးသြားတာကို သူႏွောင့္ႏွေးေနလို႔မျဖစ္။
''ေပ်ာ္႐ႊင္ ကိုယ္ေလ"
''ဆရာေလး အႏူးဘယ္အ႐ုပ္ယူရမလဲဟင္"
ၾကည္ႏူးကေရာင္နီ႕လက္ကိုတြဲကာဆိုေတာ့
ေရာင္နီ႕မ်က္ႏွာမွာရႈံ႕မဲ့လ်က္။
ေပ်ာ္႐ႊင္ကေတာ့ ရႈံ႕မဲ့ေနသည့္ေရာင္နီ႕မ်က္ႏွာကိုၾကည့္ကာ
တစ္ဖက္သို႔လွည့္ၿပီးရယ္မိသည္။
''ဒီေသနတ္ကိုယူေနာ္ အႏူး"
''ေသနတ္ကအႀကီးႀကီး"
''အဲ့ဒါဆိုဒါေလးယူလိုက္ေလ"
''ဟင္ ေသနတ္ကေသးေသးေလး"
ဂ်ီက်ေနသည့္အႏူးေၾကာင့္ ေပ်ာ္႐ႊင္ႏွင့္
ခ်စ္စကားေျပာခ်င္ေနသည့္ေရာင္နီ႕မွာ အခြင့္မသာေပ။
ထို႔ေၾကာင့္စိတ္အေျခအေနမေကာင္းလွ။
ထိုအခ်ိန္မွာပဲေနာက္ပါးမွထြက္လာသည့္အသံေၾကာင့္
ပိုလို႔ပင္စိတ္ညစ္သြားရသည္။
''ဟာ...မမေပ်ာ္႐ႊင္"
ထိုသူကေတာ့ ေပ်ာ္႐ႊင့္ကိုအတိတ္ဆိုးေတြဖန္တီးေပးခဲ့သည့္
ခ်စ္သူငယ္ခ်င္းရွင္းျမတ္ဒီပါရဲ႕ညီငယ္
လင္းထက္ဒီပါပင္ျဖစ္ေလသည္။
.........................