မျောလွင့်နေသော ပြာမှုန်များ

By eithethmue

28.7K 4.5K 46

မင်္ဂလာ ညချမ်းပါရှင် အသစ်လေးတွေ လာကြေညာတာပါ ရှင့် ???? BL အတိုလေးနှစ်ပုဒ် PICK ထားပါတယ် အပိုင်းသိပ်မများတာလေး... More

Chapter 1
Chapter 2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11.2
Chapter 12.1
Chapter 12.2
Chapter 13.1
Chapter 13.2
Chapter 14.1
Chapter 14.2
Chapter 15.1
Chapter 15.2
Chapter 16
Chapter 17.1
Chapter 17.2
Chapter 18.1
Chapter 18.2
Chapter 19.1
Chapter 19.2
Chapter 20.1
Chapter 20.2
Chapter 21.1
Chapter 21.2
Chapter 22
Chapter 23
Chapter 24.1
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26.1
Chapter 26.2
Chapter 27.1
Chapter 27.2
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
Chapter 30
Chapter 31
Chapter 32.1
Chapter 32.2
Chapter 33.1
Chapter 33.2
Chapter 34.1
Chapter 34.2
Chapter 35.1
Chapter 35.2
Chapter 36.1
Chapter 36.2
Chapter 37.1
Chapter 37.2
Chapter 38.1
Chapter 38.2
Chapter 39
Chapter 40.1
Chapter 40.2
Chapter 41.1
Chapter 41.2
Chapter 42.1
Chapter 42.2
Chapter 43.1
Chapter 43.2
Chapter 44.1
Chapter 44.2
Chapter 45.1
Chapter 45.2
Chapter 46.1
Chapter 46.2
Chapter 47.1
Chapter 47.2
Chapter 48.1
Chapter 48.2
Chapter 49.1
Chapter 49.2
Chapter 50.1
Chapter 50.2
Chapter 51.1
Chapter 51.2
Chapter 52.1
Chapter 52.2
Chapter 53.1
Chapter 53.2
Chapter 54.1
Chapter 54.2
Chapter 54.3
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57.1
Chapter 57.2
Chapter 58.1
Chapter 58.2
Chapter 59.1 (End)

Chapter 11.1

306 57 0
By eithethmue


Chapter 11.1







နာရီသုံးဆယ်မျှမအိပ်ခဲ့ရပြီးနောက် မျက်လုံးများကို ပိတ်ချလိုက်ချိန်တွင် ကျိုးကျင်ဟမ့် အိမ်မက်ယောင်တစ်ခုမက်ခဲ့လေသည်။





အိမ်မက်ယောင်ဟူသည်မှာ သင်အိမ်မက်မက်နေချိန်တွင် အိမ်မက်မက်နေသည်ကို သိရှိနေပြီး ကိုယ်ပိုင်အသိစိတ်နိုးကြားနေခြင်းကိုဆိုလိုပါသည်။ သို့သော်လည်း သူ၏ရှေ့မှအရာတိုင်းမှာ ထင်ယောင်ထင်မှားဖြစ်နေမည်ဖြစ်ကာ သူသည်စောင့်ကြည့်သူတစ်ဦးအနေဖြင့်သာ ကြည့်နေနိုင်မည်ဖြစ်ပြီး လှုပ်ရှား၍မရသလို၊စကားပြောဆို၍လည်းရမည်မဟုတ်ပေ။ သူထိုအဖြစ်အပျက်ကို ကြုံခဲ့ဖူးသည့်တိုင် တစ်စုံတစ်ခုမှာ အမှန်တကယ်ပင် ဖြစ်ပျက်ခဲ့ပုံပင်။





သူ ယီဟွေ့ကို သေးငယ်ကျဉ်းမြောင်းသည့်အခန်းထောင့်လေးတွင် တစ်ဦးတည်းခွေခွေလေးထိုင်နေသည်ကို မြင်လိုက်ရသည်။





ယီဟွေ့မှာ လက်ထဲမှဖုန်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားခဲ့ပြီးနောက် နှစ်မိနစ်အကြာတွင် အချိန်ကိုသိရန် မျက်နှာပြင်ပေါ်သို့ ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို အသံတိတ်ရေတွက်နေခဲ့သည်။ အချိန်တစ်နာရီလုံးစောင့်ဆိုင်းရန်မှာ ခက်ခဲလှသဖြင့် ကပျာကယာပင် သူ၏လက်ဖဝါးကို လက်ပူတိုက်လိုက်ပြီး " ယောင်္ကျား " ဟူအမည်မှတ်ထားသည့် ဖုန်းနံပါတ်ကို ခေါ်ရန်ဖွင့်လိုက်သည်။





ရှည်လျားသည့် ဘိဘိဟူသောအသံမှာ တိုတောင်းသောအခန်းဆက်တစ်ခုသဖွယ် ပြောင်းလဲသွားပြီးနောက် နားထောင်နေစဉ်မှာပင် သူ့ကိုတောင်ပေါ်သို့ပို့ခဲ့သည့် လူများပြောသည်ကို ယီဟွေ့ပြန်လည်စဉ်းစားနေမိသည်။ သူတို့ပြောခဲ့သည်မှာ သခင်ငယ်လေးကျိူးသည် သူ၏အချစ်ဦးကိုရှာဖွေရန် ထွက်သွားခဲ့ပြီး ထိုသူမှာ ချောမောကာ ဉာဏ်ပညာကြီးမားပြီး ပုံ‌ဆွဲနိုင်သူတစ်ဦးဖြစ်သူဟုပင်။ သို့ဖြစ်ရာ ကျိုးကျင်ဟမ့်မှာ အသေအချာပင် ယနေ့ညပြန်လာမည်မဟုတ်ပေ။





သူတွေးနေသည့်အချိန်တိုင်းမှာပင် ယီဟွေ့၏မျက်နှာမှာ ဖြူဖျော့လာကာ ကိုင်ထားသည့်ဖုန်းမှာ တုန်ယင်နေခဲ့သည်။ သို့သော်လည်း အဆုံး၌ ဖုန်းကိုဖြေမည့်သူမရှိခဲ့ချေ။





ကျိုးကျင်ဟမ့် သူ၏အိမ်မက်ထဲတွင် အလွန်စိတ်ပူပန်နေခဲ့ရသည်။ သူရှေ့သို့တိုးကာ ထိုတုန်ယင်နေသောလူငယ်လေးကို ဖက်မည်အပြုတွင် မြင်ကွင်းများပြောင်းလဲသွားကာ သူ Sမြို့တော်အလယ်ရှိ ကုန်တိုက်ကိုဖြတ်လျောက်သွားနေခဲ့သည်။





ကျိုးကျင်ဟမ့် သူ့ကိုယ်သူနှင့်ယီဟွေ့တို့ ဘေးချင်းကပ်ကာ လမ်းပေါ်တွင်လျှောက်သွားနေသည်ကို မြင်တွေ့နေရသည်။ လွန်ခဲ့သောသုံးနှစ်တွင် မိသားစုနှစ်ခုမှစီစဉ်ခဲ့သော ဘလိုင်းဒိတ်နှစ်ခုအပြီး၌ သူတို့နှစ်ဦးမှာ လူကြီးများထံမှ " မင်းတို့နှစ်ယောက် ကောင်းကောင်းစကားပြောကြည့်သင့်တယ် " ဟူသောအမိန့်ဖြင့် အပြင်သို့ တွန်းထုတ်ခံလိုက်ကြရသည်။





ယီဟွေ့မှာ သဘာဝမကျစွာပင် ရှက်သွေးဖြန်းနေကာ အလွန်နှေးကွေးစွာ လျှောက်လှမ်းနေခဲ့သည်။ သူသည် အလွန်စိတ်လှုပ်ရှားနေသည့်အတွက် စကားပြောဆိုနိုင်ရန် ခေါင်းစဉ်တစ်ခုကို အသည်းအသန်ရှာဖွေလိုက်ရသည် " မင်း ပုံဆွဲရတာကိုသဘောကျလား…"





သူ၏လက်များကို ဘောင်းဘီအိတ်ကပ်ထဲတွင် ထည့်ထားကာ ဆယ်ကျော်သက်အရွယ်မျှသာ ရှိသေးသည့် ကျိုးကျင်ဟမ့်မှာ သူ၏ပန်းချီဆွဲရန်အတွက် သူ့ကိုစွန့်ပစ်သွားခဲ့သ ည့်အချစ်ဦးကို ပြန်လည်တွေးမိသွားသဖြင့် စိတ်မရှည်တော့ဘဲ မျက်မှောင်ကြုတ်ထားမိသည်။ သူ၏အသံမှာလည်း မကောင်းတော့ပေ " ဟင့်အင်း.."





ယီ‌ဟွေ့ " အိုး…" ဟူသာပြောမိသွားသည်။ သူ အံ့ဩသွားမိပြီး အနည်းငယ်တောင့်ခဲသွားသော်လည်း အလျင်အမြန်ပင် အသိစိတ်ပြန်ကပ်လိုက်ကာ ခေါင်းစဉ်များဆက်လက်ရှာဖွေရန်ကြိုးပမ်းလိုက်သည်

" အဲ့ဒါဆို အရုပ်ကောက်ရတာကော…"





ကျိုးကျင်ဟမ့်မှာ အလွန်စိတ်ရှုပ်နေမိသည်။ သူထိုအရူးကောင်အား အလျင်အမြန်ကန်ထုတ်ပစ်ချင်နေသည့်စိတ်သာရှ်ိနေပြီး ကုန်တိုက်၏ဘေးမှလမ်းတစ်ဖက်ကို ရွှေ့သွားလိုက်သည်။ သူ၏မျက်နှာမှာ အေးစက်နေကာ တံခါးရှေ့မှ အရုပ်ကောက်စက်ရှေ့တွင် ရပ်နေခဲ့သည်။





ကျိုးကျင်ဟမ့် တိုကင်များဝယ်နေသည်ကို မြင်လိုက်ရသောအခါ ယီဟွေ့အမှီလိုက်သွားလိုက်ပြီး အံ့ဩသွားကာ မေးလိုက်မိသည် " မင်းအရုပ်ကောက်တတ်လား…"





ကျိုးကျင်ဟမ့် သူ့ကိုလျစ်လျူရှုထားကာ သူတိုကင်များလဲပြီးသည်နှင့် အရုပ်ကောက်စက်ထဲသို့ စတင်ထည့်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူသည် ဒေါသထွက်နေကာ စိတ်ရှည်မှုကုန်ဆုံးနေသည့်အတွက် သူ၏ပိုက်ဆံအများစုကို ဖြုန်းတီးပြီးသည့်အချိန်မှာပင် တစ်ရုပ်ကိုမျှ မကောက်ယူနိုင်ခဲ့ချေ။





ကျိုးကျင်ဟမ့် ထရပ်ကာ ထိုစက်အစုတ်ပလုတ်ကို ကန်လိုက်တော့မည်အပြုတွင် အရှေ့ဘက်စက်ရှေ့တွင်ရပ်နေသည့် ယီဟွေ့မှ သူ့ကိုလက်လှမ်းပြလာကာ " ဒါကိုကောက်ချည် ဒါကခေါင်းဝိုင်းဝိုင်းလေးရှိတော့ ကောက်ရလွယ်လိမ့်မယ်…"





သူခဏမျှ တုန့်ဆိုင်းနေမိသော်လည်း စိတ်ပျက်လက်ပျက်ဖြင့် လျှောက်လာကာ တိုကင်ကိုထည့်လိုက်ပြီး လက်ကိုင်ကိုလှည့်၍ နေရာအနေအထားမှန်သွားသည်ကို မြင်လိုက်သည်နှင့် အရုပ်လက်သည်းကို နိမ့်လိုက်သည်။ အသေအချာကိုပင် အရုပ်ကိုကောက်နိုင်ခဲ့လေသည်။





ယီဟွေ့ လက်ခုပ်တီးကာ ကလေးတစ်ယောက်လို အားပေးနေခဲ့သည်။ သူ ဒိုရာအေမွန်အရုပ်ကို ရလိုက်ချိန်၌ သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှများ အပြည့်ဖြင့် " ဒါ ဒါကငါ့အတွက်လား…"





ကျိုးကျင်ဟမ့် ဝတ်ကျေတန်းကျေသာ ပြန်ဖြေလာခဲ့သည် " အမ်းး မင်းအတွက်…"





ယီဟွေ့၏မျက်နှာမှာ ပို၍ပင် နီမြန်းသွားခဲ့ပြီး " ကျေးဇူးပါ.." ဟူ၍ အရှည်သည်းစွာပြောလိုက်လေသည်။ ထိုသို့ပြောနေစဉ်မှာပင် သူ၏နားရွက်များမှာ သိသိသာသာနီရဲနေလေသည်။





ကျိုးကျင်ဟမ့် ထိုအရူးကောင်ကို ခဏမျှ တိတ်ဆိတ်သွားအောင်လုပ်နိုင်ခဲ့ပြီဟု ထင်လိုက်မိသော်လည်း မကြာခင်မှာပင် ထိုအရူးထံမှ စကားသံထွက်ပေါ်လာပြန်သည် " မင်း ငါဒိုရာအေမွန်ကိုကြိုက်တာဘယ်လိုသိတာလဲ..ဒီ ဒိုရာအေမွန်ကအရမ်းချစ်ဖို့ကောင်းတာပဲနော်… ငါဒါလေးကို အိမ်ကကုတင်ပေါ်မှာ ထားရမယ် ဒါမှသာ ငါသူ့ကိုနေ့တိုင်းနေ့တိုင်းမြင်နေနိုင်မှာ…ဒါနဲ့ မင်းဘာကြိုက်လဲဆိုတာကိုကော ပြောပြချင်လားဟင်…"





ကျိုးကျင်ဟမ့်မှာ ခေါင်းပင်ကိုက်လာရသည်အထိ အလွန်စိတ်ရှုပ်လာရသဖြင့် သွားနေသည်ကို ရုတ်တရက်ရပ်တန့်လိုက်သည်။ ယီဟွေ့မှာမူ အချိန်မီ မရပ်တန့်နိုင်ခဲ့သဖြင့် သူ၏ခေါင်းမှာ ကျိုးကျင်ဟမ့်၏ပုခုံးနှင့်တိုက်မိသွားရကာ နာကျင်သွားရသောကြောင့် " အာ့ " ဟူမြည်တမ်းလိုက်ရသည်။





" တိတ်ဆိတ်တာကို ကြိုက်တာ.." ကျိူးကျင်ဟမ့် အနောက်သို့လှည့်ကာ အေးစက်နေသည့်မျက်နှာပေးဖြင့် " နောက်တစ်ချိန်ကြ ဘယ်သူမှမရှိတဲ့ စွန့်ပစ်တောင်ကုန်းပေါ်မှာ အိမ်တစ်အိမ်ဆောက်နိုင်ရင် အကောင်းဆုံးပဲ အဲ့ဒါဆို ဘယ်သူမှလာမနှောင့်ယှက်နိုင်တော့ဘူး…"





ယီဟွေ့မှာ အလွန်ထိတ်လန့်သွားရကာ လည်ပင်းပုဝင်သွားခဲ့သည်။ ကျိုးကျင်ဟမ့် ပြန်လှည့်ကာ ဆက်လက်လျောက်သွားချိန်တွင် ယီဟွေ့ ခေါင်းကိုပွတ်ကာ အမှီလိုက်ရန် ချက်ချင်းဆိုသလို ကြိုးပမ်းလိုက်ပြီး  အရုပ်ကို ဖက်လျက် " တောင်တွေလား.. ငါလည်းတောင်တွေကိုသဘောကျတယ်…ငါ့ပန်းချီကားတွေရောင်းပြီးလို့ ပိုက်ဆံရရင် တောင်ပေါ်မှာ အိမ်သေးသေးလေးဝယ်ပြီး မင်းကိုလာဆော့ဖို့ ဖိတ်မယ်လေ…"





ဘေးတွင်ရပ်ကြည့်နေရသည့် ကျိုးကျင်ဟမ့်မှာ သူသာမန်ကာလျှံကာသာ ပြောလိုက်ခြင်းဖြစ်ပြီး အတည်မယူရန် ‌အရှေ့သို့တက်ကာ ပြောလိုက်ချင်သော်လည်း တစ်ခဏအတွင်းမှာပင် မြင်ကွင်းမှာ ပြောင်းလဲသွားပြန်သည်။





သူတို့ လက်မထပ်ခင်နောက်ဆုံးအကြိမ်ဆုံခဲ့သည့် ကော်ဖီဆိုင်တွင်ရှိနေကြသည်။





ယီဟွေ့မှာ ကျိုးကျင်ဟမ့်အတိုင်းလိုက်ကာ အမေရိကာအေးတစ်ခွက် မှာ၍ တစ်ငုံသောက်ချလိုက်သည်။ ၎င်းမှာ အလွန်ခါးလွန်းသဖြင့် မျက်မှောင်ကြုတ်လိုက်မိသော်လည်း သူ၏ရှေ့မှလူသည် ခွက်တစ်ဝက်ခန့်ကို အေးအေးလူလူသောက်နေသည်ကို မြင်လိုက်ရသောကြောင့် အလျင်အမြန်ပင် သူ၏အမူအယာကို ဇာချဲ့မနေတော့ဘဲ မရည်ရွယ်သလိုဖြင့် လှမ်းမေးလိုက်သည် " မင်းပုံမှန်လည်း ဒီလိုပဲသောက်တာပဲလား.."





ကျိုးကျင်ဟမ့် ယီဟွေ့နှင့် စကားပြောဆိုနေချင်စိတ်မရှိပေ။ ဖခင်ဖြစ်သူ၏စကားကိုသာ ပြန်လည်တွေးတောနေကာ ပြတ်ပြတ်သားသားပြောလိုက်သည် " လက်ထပ်ရအောင်…"





ယီဟွေ့ ယခုပင်မြိုချလိုက်သော‌ ကော်ဖီများသီးသွားရကာ ပါးစပ်တစ်ခုလုံး ခါးနေသည့်တိုင် သူ၏နှလုံးသားထဲတွင် ပူဖောင်းများနှင့် ချိုမြိန်မှုများပြည့်နေခဲ့သည်။ သူ၏ပါးစပ်ကိုကွယ်ကာ ချောင်းဆိုးမရပ်သွားခင်မှာပင် " အိုကေ " ဟူ၍ ပြန်ဖြေမိသွားသည်။





ခဏအကြာမှ သူသဘောတူလိုက်သည်မှာ အလွန်မြန်သွားပြီး လုံလုံလောက်လောက် အလေးမထားမိသလို ဖြစ်သွားခဲ့သဖြင့် သူ၏မျက်နှာခြင်းဆိုင်တွင်ထိုင်နေသည့် ရုပ်ချောသောကောင်လေးကို ကြည့်ကာ ပြီးနောက် သူ၏အကြည့်များကို အရှက်သည်းစွာဖြင့် ရုတ်သိမ်းလိုက်သည်။ ထို့နောက် မေနနိုင်ဘဲထပ်မံကြည့်လိုက်ကာ သူ၏သတ္တိများကို စုစည်းလိုက်ပြီး အသံနိမ့်နိမ့်ဖြင့် မေးလိုက်မိသည် " ဒါဆိုရင် မင်း… မင်းငါ့ကိုသဘောကျတာလား.."





ကျိုးကျင်ဟမ့် အနည်းငယ်အံ့ဩသွားခဲ့သည်။ ထို့နောက် သူ၏နှုတ်ခမ်းထောင့်များမှာ အပြုံးတစ်ခုသဖွယ် ကော့တက်သွားခဲ့ပြီး " သဘောကျတာလား… ဒါပေါ့ ငါမင်းကိုသဘောကျပါတယ်လေ…"





လိုချင်သည့်အဖြေကို ကြားလိုက်ရသော ယီဟွေ့မှာ နောက်ပိုင်းတွင် သူ၏ရိုးသားနက်ရှိုင်းသောအချစ်ကို ကျိုးကျင်ဟမ့်လျစ်လျူရှူထားသကဲ့သို့ ထိုသူ၏အပြုံးတွင်းမှ ကဲ့ရဲ့ရှုံ့ချနေမှုကို လျစ်လျူရှူထားခဲ့သည်။





သူနိုးထလာချိန်တွင် အပြင်ဘက်ပြတင်းပေါက်မှ နေရောင်မှာ ထွန်းလင်းတောက်ပနေပြီဖြစ်သည်။ ကျိုးကျင်ဟမ့် ချွေးအေးများဖြင့် စိုရွှဲနေကာ ဟောဟဲလိုက်နေပြီး နာရီသို့လှမ်းကြည့်လိုက်ချိန်တွင် သူခေတ္တခဏမျှ လဲလျောင်းနေသည်မှာ တစ်နာရီမျှပင်မကြာလိုက်သော်လည်း သူ၏အိမ်မက်ထဲတွင်မူ သုံးနှစ်ကြာသွားခဲ့သည်။





သူ၏လက်ကိုမြောက်ကာ မျက်လုံးပေါ်တွင်တင်လျက် အမှောင်ထဲတွင် ကျိုးကျင်ဟမ့် သူ၏အိမ်မက်ထဲမှ မဆုံးနိုင်သောပုံရိပ်များကို ပြန်လည်တွေးတောနေခဲ့သည်။





သူ ယီဟွေ့ကို တဲ၏ထောင့်‌တွင် ကျုံ့ကျုံ့လေးထိုင်နေသည်ကို မြင်ခဲ့ရပြီး သူ၏နောက်ကျောမှာ အေးစက်သည့်နံရံတွင်ကပ်နေကာ စက်ပိတ်သွားပြီဖြစ်သောနံပါတ်တစ်ခုကိုထပ်ခါထပ်ခါ ခေါ်နေခဲ့သည်။





တောင်ပေါ်ညမှာ အလွန်အေးခဲနေသော်လည်း ယီဟွေ့မှာ အဝတ်ပါးလေးမျှသာ ဝတ်ဆင်ထားခဲ့သည်။ သူ၏နှုတ်ခမ်းများမှာ ဖြူဖျော့နေပြီး လက်များမှာ အလွန်ဆိုးရွားစွာ တုန်ယင်နေခဲ့သည်။ စိတ်ပျက်မှုနှင့် ထိတ်လန့်ကြောက်ရွံ့မှုတို့ကြောင့် မျက်ရည်များ ထပ်ခါထပ်ခါကျဆင်းလာသော်လည်း အကယ်၍သာ တစ်စုံတစ်ယောက် လာရောက်ခဲ့ပြီး ဤသည်ကိုတွေ့သွားမည်စိုးသဖြင့် အလျင်အမြန်ပင် သူ၏အင်္ကျီလက်ဖြင့် သုတ်လိုက်လေသည်။ သူ အကျည်းတန်စွာ ငိုကြွေးနေသည်ကို ထိုသူကို မမြင်တွေ့စေချင်ပေ။





ထို့အပြင် ယနေ့မှာ ထိုသူ၏မွေးနေ့ဖြစ်လေရာ သူငိုမနေသင့်ပါ။





သူ၏နားရွက်များကို နံရံသို့ကပ်ကာ ခြေသံကိုနားထောင်ချင်မိသော်လည်း လေမှာအလွန်ပြင်းထန်နေသဖြင့် သူသစ်ပင်များအချင်းချင်း ပွတ်တိုက်ယိမ်းထိုးနေသံများကိုသာ ကြား‌ခဲ့ရသည်။ ခဏအကြာတွင် သူ၏မျက်လုံးမှာ ပိတ်သွားခဲ့ပြီး ပြန်ဖွင့်လိုက်ချိန်၌ မျက်ရည်များပျောက်ကွယ်သွားကာ မျှော်လင့်ချက်အလင်းရောင်မှာလည်း မှေးမှိန်လာခဲ့သည်။





Continue Reading

You'll Also Like

63.8K 8.7K 34
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
60.1K 4.6K 62
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
227K 13.1K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
177K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."