Chapter 45.1

157 23 0
                                    


Chapter 45.1





ဂျူလိုင်နှင့်ဩဂုတ်လများမှာ Sမြို့၏အပူဆုံးလများဖြစ်ကြသည်။ ကျန်းယီဟွေ့မှအေးမြသောခန္ဓာကိုယ်ဖြင့် မွေးဖွားလာပြီး တောင်ဘက်မြို့လေး၏ဖုတ်ထားလုမတတ်အပူချိန်ကို အတွေ့အကြုံရှိခဲ့သော်လည်း တူညီသည့်အခြေအနေကို ထပ်မံကြုံတွေ့ရခြင်းမှာ အတော်လေးသည်းခံနိုင်ရန် ခက်ခဲလှသည်။

ယီဟွေ့မည်သည့်အချိန်ကမှ တံခါးတွင်ပြင်ဆင်ပေးထားသောထီးကိုမယူသွားခဲ့ပေ။ အိမ်အကူအဒေါ်ကြီးမှ သူ၏အိတ်တွင်းသို့ အတင်းထိုးထည့်ပေးလိုက်မည်ဖြစ်သော်လည်း အိမ်ပြန်ရောက်သည်နှင့် နေရာတွင်ပြန်ထားခဲ့မြဲသာဖြစ်သည်။





" ထီးဆောင်းလို့အခြားသူတွေရီမှာစိုးရိမ်နေတာလား…" အန်တီကြီးမှ သူ့အားသွေးဆောင်ရန်ကြိုးပမ်းလာခဲ့သည် " အပြင်မှာနေကအရမ်းပူနေတာ မင်းတို့ယောင်္ကျားလေးတွေလည်း ကိုယ့်ကိုကိုယ်ကာကွယ်ထားသင့်တာပေါ့…သတိထားဦး ဒီအတိုင်းဆိုအပူရှပ်သွားနိုင်တယ်…"



သူမ၏ကြင်နာသောစကားများကြောင့်လားမသိ အိမ်၏အနီးဆုံးရှိKFCမှာလူပြည့်နေခဲ့သည်။ ထို့ကြောင့် ခြစ်ခြစ်ဝောာက်ပူနေသည့်နေရောင်အောက်တွင် နှစ်လမ်းမျှပိုလျှောက်လိုက်ရကာ နေရာလွတ်နေသည့်ကော်ဖီဆိုင်ကိုရှာဖွေလိုက်ရပြီး အထဲသို့ရောက်ချိန်၌ ယီဟွေ့ခေါင်းမူးကာ ချွေးများရွှဲနေခဲ့သည်။ ညဘက်ကော်ဖီဆိုင်မှထွက်လာချိန်တွင်လည်း တိုးဝင်လာသည့်အပူလှိုင်းကြောင့် ရှော့ရသွားခဲ့ပြီး အိမ်သို့ရောက်သည်နှင့် ထမင်းမစားခင်မှာပင် လဲကျသွားခဲ့သည်။

အိမ်အကူအန်တီ၏အလုပ်ချိန်မှာ မနက်၉နာရီမှည‌၇နာရီဖြစ်သော်လည်း ယီဟွေ့အိမ်တွင် တစ်ယောက်တည်းဖြစ်နေပြီး ပြုစုမည့်သူမရှိသည်ကို စိုးရိမ်သဖြင့် သူမညဆယ်နာရီမထိုးမခြင်းအိမ်မှထွက်မသွားခဲ့ပေ။





အပူရှပ်သွားပြီးချိန်တွင် အဲယားကွန်း၏အောက်၌အချိန်အတန်ကြာသည်အထိ ထပ်ထိုင်လိုက်ရကာ အအေးပတ်သွားခြင်းကြောင့် ယီဟွေ့အဖျားဝင်သွားခဲ့သည်။ သူကယောင်ကတမ်းဖြစ်နေစဉ်အတွင်း အိမ်အကူအန်တီမှ သူ၏နဖူးပေါ်သို့ရေစိုဝတ်တင်ပေးနေကာ ပြောလိုက်သည့်အသံကို ကြားခဲ့ရသည် " ဒီရက်တွေမှာ အပြင်ထွက်ဖို့တောင်အရမ်းပူနေတာကို ထီးယူသွားဖို့ ငြင်းသေးတယ်လား…အိုက်ယိုး ဒီလူငယ်စုံတွဲတွေ‌ကတော့လေ ဘယ်လောက်ပဲရန်ဖြစ်ထားဖြစ်ထား ကိုယ့်ကိုကိုယ်အဲ့လောက်ညှင်းဆဲနေဖို့လိုလို့လားကွယ်…"





မျောလွင့်နေသော ပြာမှုန်များWo Geschichten leben. Entdecke jetzt