[Unicode]
___________________________
လှပစွာလှမ်းလာသောခြေလှမ်းတွေနဲ့အတူ ထွက်ပေါ်လာတဲ့ ခြူသံလွင်လွင်။ရွှေမှုန့်များလူးကျံထားသည့်မျက်ဝန်းတစ်ဝိုက်အောက် က ခပ်ပါးပါးရွှေရောင်ကြိုးမျှင်တန်းသည်သူ၏ မျက်နှာလှလှအား ပဝါပါးခြား၍ကာရံစေသည်။
တင်ပါးအောက်အထိခပ်ပြေပြေကျဆင်းနေသည့်ဆံသားနက်နက်တွေ။ထုံးဖွဲ့မှုမရှိဘဲလွတ်လပ်စွာချထားသည့်မဟူရာဆံနွယ်များက သူ့ရဲ့ လှုပ်ရှားမှုတိုင်းယိမ်းနွဲ့လျက်။
အပြာရောင်ဖြစ်သည့် ပုံမှန်အမျိုးသားဝတ်ရုံကိုဝတ်ဆင်ထားသော်လည်း မတူညီသည်ကတော့ ဖောက်ထွင်းမြင်ရသည့် ဇာအပါးဖြစ်နေခြင်း။
စီးချက်ညီညီချိုးသည့်လက်ချောင်းသွယ်သွယ်များရှိရာအောက်၌ ဝတ်ဆင်ထားသည့်ရွှေကြိုးမျှင်များ။နားနှစ်ဖက်အပေါ်မှဆံပင်များထံ ကုပ်တွယ်တက်ကာ ဆံစကိုထိန်းသိမ်းထားသည့် ကျောက်စိမ်းပါသောရွှေရောင်ကနုတ်ခက်ကထူးခြားလှပစွာတော်ဝင်ဆန်လျက်။
ထိုရွှေကနုတ်ခက်များမှတဆင့် သူ၏တစ်မူထူးခြားသောဖြစ်တည်မှုကိုလှစ်ဟဖော်ပြသည်။
"စုန့်ပြည်ကပါလာတဲ့ တော်ဝင်အမျိုးသားကချေသည်ပါ အိမ်ရှေ့မင်းသား"
"အမျိုးသားကချေသည်"
ကိုယ်ရံတော်လီထိုက်၏စကားအားသံယောင်လိုက်ကာရေရွတ်ရင်း သူ့နှုတ်ခမ်းထောင့်များအပေါ်သို့ကော့တက်သွားခဲ့သည်။
"မင်ဘုရင်မှာကြင်ယာတော်မရှိတဲ့အကြောင်းပြချက်က အရှေ့ကကချေသည်နဲ့ဆက်စပ်မယ်ထင်တယ်"
တစ်ဆက်တည်းပင်သူ့မျက်ဝန်းများက မျက်စောင်းထိုးနေရာ၌ထိုင်နေသည့် မင်ဘုရင်ထံသို့ရောက်သွားလေသည်။ သို့သော်သူထင်သလိုအနေအထားမဟုတ်ဘဲ ထိုကချေသည်အား မနှစ်မြို့သကဲ့သို့ကြည့်နေသည့်မင်ဘုရင်အားတွေ့လိုက်ရသည်။
တစ်ချက်သာပြုံးလိုက်ပြီးကပြနေသည့်ကချေသည်အားအာရုံစိုက်မိသည်။ ကဗျာတို့ ဂီတတို့လို အနုအယွတွေကိုမခံစားဖူးပဲ ဓားလက်နက်နဲ့စစ်ပွဲတွေကြားမှာကြီးပြင်းလာသည့်သူ့အဖို့တော့ ထိုအရှေ့မှကချေသည်ကနေသည်က စိတ်ဝင်စားဖို့ လုံးလုံးမှကောင်းမနေဘဲ ခြေချိုးလိုက်၊ လက်ချိုးလိုက်၊ဝတ်ထားတဲ့ဝတ်ရုံစကိုကစားပြလိုက်သာ လုပ်နေသည်ဟုမြင်နေမိသည်။ ကပွဲသာပြီးသွားပေမယ့် အနုပညာဆိုတဲ့အရာကိုဘာမှသေချာမသိလိုက်သည့် ချီနိုင်ငံ၏ အိမ်ရှေ့မင်းသား။
'ဖြောင်း ဖြောင်း ဖြောင်း'
အဆုံးသတ်သွားသည့် သီချင်းသံနောက် ထွက်ပေါ်လာသည့်လက်ခုပ်သံများကြောင့်နှာခေါင်းတစ်ချက်ရှုံ့လိုက်မိသည်။ အားလုံးကိုအရိုအသေပြုကာ ထွက်သွားဖို့ပြင်နေသည့်အပြာရောင်နဲ့ ထိုတော်ဝင်ကချေသည်က နန်းဆောင်ထဲရှိ မည်သူ့ကိုမျှ တစ်ချက်ပင်မျက်လွှာပင့်ကာမကြည့်။
ယောက်ျားတစ်ယောက်ဖြစ်ပြီး အခြားသော ယောက်ျားတွေအတွက်ဖျော်ဖြေနေရတဲ့ဘဝနဲ့ မာနတွေထားသတဲ့လား။
"ဖျော်ဖြေသွားတာအရမ်းကောင်းတာပဲ"
ထိုစကားကိုဘယ်သူမျှမပြောသေးခင် သူအရင်ဦးစွာပြောလိုက်တော့ အပါးပါးသော ပြည့်ရှင်မင်းများနှင့် မင်းညီမင်းသားတို့က သူ့ကိုကြည့်လာကြသည်။ သူတို့သိထားတဲ့ မင်းသားဂျွန်ဟာ အနုပညာနှင့်မအပ်စပ်သူပင်မလား။
ခြေလှမ်းများရပ်တန့်သွားတော့ သူ့ဆီမှ ခြူသံလွင်လွင်ကတိတ်ဆိတ်သွားခဲ့သည်။သူ့ဘက်သို့အသာလှည့်လာသည့်ကချေသည်ကောင်လေး။လက်နှစ်ဖက်ကို ရင်ဘတ်၌အသာအယာယှက်လျက် အရိုအသေပြုသည်။ပြီးမှပြန်ထကာ...
"မင်းသားဂျွန်ရဲ့ချီးကျူးမှုကို ကျွန်တော်မျိုး မခံယူဝံ့ပါဘူး"
ရိုကျိုးစွာထွက်လာသည့်ရှတတအသံ။ ပဝါအောက်မှမျက်နှာဟာ အဘယ်ပုံရှိမည်မှန်း မခန့်မှန်းတတ်သော်လည်း နှစ်လိုဖွယ်မရှိတဲ့ ရှတတအသံကိုပထမဦးစွာကြားလိုက်ရသည်။ ယှက်ထားသည့်လက်နှစ်ဖက်၏ လက်သည်းခွံများသည်ကား ပန်းရင့်ရင့်။
မျက်လွှာချထားသည်မို့ အထင်းသားမြင်တွေ့နေရသည့် မျက်တောင်ရှည်ရှည်များ။ တစ်ခါလောက်များမျက်လွှာပင့်ကာကြည့်လာလေမလားဟုတွေးလိုက်မိပေမယ့် မျက်လွှာချလျက်သာအဆောင်အတွင်းမှပြန်ထွက်ခွာသွားခဲ့သည်။
ညင်ညင်သာသာကျန်ရစ်ထားခဲ့သည့်ခြူသံကို အားလုံးဟာငြိမ်သက်ပြီးနားထောင်နေမိကြသည့်အခိုက်အတန့်က ထင်တာထက်ရှည်ကြာလွန်းသည်။
အမျိုးသားကချေသည်ဆိုပေမယ့် အဲ့ဒီလောက်အထိနုယွနေဖို့လိုလို့လား။
_____________________________
မိုးခေါ်ပွဲမကျင်းပလိုက်ရဘဲ သည်းထန်စွာရွာသွန်းလာသည့် ချိန်ခါသင့်မိုးကြောင့် ချီနန်းတော်အတွင်း၌လွန်စွာမှပျော်ရွှင်နေကြသည်။
ထိုမိုးကြောင့်ပင် ရုတ်ရုတ်သဲသဲဖြစ်နေကြပြန်သည့်နန်းတော်တွင်းရှိလူများ။ထိုအထဲတွင် ချီနန်းတော်၏အနောက်ဆောင်ရှိ နန်းတွင်းသူများလဲပါဝင်လေသည်။
စုန့်ပြည်ရဲ့တော်ဝင်ကချေသည်၏ဗျပ်စောင်းတီးခတ်မှုကိုခံစားဖို့ တစ်မနက်လုံးပြင်ဆင်ပြီးမှ မိုးကရွာလာသည်။ထို့ကြောင့် သိမ်းကြဆည်းကြနဲ့ အတော်ယောက်ယက်ခတ်နေကြ၏။ မိဖုရားခေါင်ကြီးက တကူးတကဖိတ်ခေါ်ပြီးစီစဉ်ထားသည့်ပွဲဖြစ်သည့်အပြင် စုန့်ပြည်၏အချောအလှယောက်ျားပျိုတစ်ယောက်ကို အနောက်ဆောင်မှာမြင်တွေ့ရမည့်အခွင့်အရေးကြောင့် နန်းတွင်းသူတွေကတက်ကြွနေခဲ့ကြတာမလား။
ယခုများတော့ထိုမိုးကြောင့်ပွဲပျက်လေပြီ။
လမ်း၌ရောက်နေပြီဟု အထောက်တော်ကသတင်းပို့ထားပေမယ့် မိုးကြောင့်တစ်နေရာရာ၌ဝင်ခိုနေဟန်ရသည့် စုန့်ပြည်၏အမျိုးသားကချေသည်မှာတော့ ပေါ်မလာခဲ့သေးပါ။
_________________________
"အိမ်ရှေ့မင်းသား"
ကိုယ်ရံတော်လီထိုက်ဆီမှထွက်လာသည့်သတိပေးစကားနဲ့အတူ ဘေးဘက်သို့တစ်ချက်ဝေ့ကြည့်လိုက်တော့ သူတို့ကဲ့သို့မိုးလာခိုသော လူသုံးယောက်။
ချီနန်းတွင်း၏ ကိုယ်ရံတော်စစ်သားတစ်ယောက်ပါလာသည်မို့ သူတို့အားကျောပေးကာ မိုးရေများကိုခါနေသည့်လူနှစ်ယောက်မှာ ချီသို့ရောက်နေသည့် ဧည့်သည်များသာဖြစ်လိမ့်မည်။
မိုးရေစိုသွားဟန်ရသည့် ဆံပင်အရှည်များကိုအရှေ့သို့စုသိမ်းလိုက်ကာ ခပ်ဖွဖွခါသုတ်ရင်း ဘေးဘက်သို့လှည့်လာသည့် အပြာရောင်ဝတ်ရုံနှင့်လူ။
သေးသွယ်နုဖတ်သည့်မျက်နှာက ဆံနွယ်နက်နက်များကြားထင်းထွက်လျက်။ ပန်းရောင်သန်းနေသည့်နှုတ်ခမ်းသားက ဆေးရောင်တင်ထားသည်ဟုအငြင်းပွားဖွယ်ရာ။သူ့ဘက်သို့ဝင့်ကြည့်လာသည့် ကော့ညွှတ်သောမျက်တောင်များဝန်းရံသည့်မျက်ဝန်းအိမ်နှစ်ဖက်ကလဲ အရောင်လဲ့လဲ့။
မြင်ဖူးသကဲ့သို့ခံစားနေရသည့်အချိန်အတွင်း ဆံနွယ်များအားထိန်းကုပ်ကာပန်ဆင်ထားသည့် ကနုတ်ခက်ကိုမြင်တော့မှသူအမှတ်ရလိုက်မိသည်က ဟိုနေ့ညက,ကချေသည်။
သူ့ကိုခေတ္တမျှစိုက်ကြည့်လာပေမယ့် တစ်စုံတစ်ခုကိုသတိရသွားဟန် မျက်လွှာချကာ လက်နှစ်ဖက်ကို ယှက်၍အရိုအသေပြုလာသည်။
"ကျွန်တော်မျိုးအရိုအသေပြုပါတယ်မင်းသားဂျွန်"
အနောက်မှကိုယ်ရံတော်တပ်သားနှင့် သူ၏အပါးစေဖြစ်ဟန်တစ်ယောက်ကလဲအရိုအသေပြုလာကြသည်။
"စုန့်ပြည်ကလာတဲ့ တော်ဝင်အမျိုးသားကချေသည်ဆိုတဲ့တစ်ယောက်မလား"
"ဟုတ်ပါတယ်အရှင့်သား"
ခေါင်းငုံ့ထားရင်းသာပြန်ဖြေသည်။ ထိုကချေသည်က သူ့ကိုတစ်ခါပဲဖြစ်ဖြစ် မော့ကြည့်ဖို့မတွေးမိဘူးလား။
အနားသို့လျှောက်သွားလိုက်တော့ မျက်လွှာကိုသာ နင်းကန်ချထားသည့်အပြာရောင်။မျက်ဝန်းများကပင်မှိတ်ကျချင်လုလု။
"ကိုယ်တော့်ကိုမော့ကြည့်လို့ရတယ်"
သူပြောပေမယ့်...
"အရှင့်သားရဲ့ကြင်နာမှုကိုမခံယူဝံ့ပါဘူး"
ပြေပြစ်စွာထွက်ကျလာခဲ့သည့်စကားသံကြောင့်ဖြစ်မည်။ ငြင်းဆန်ခြင်းခံလိုက်ရသောကြင်နာမှုကအလဟဿမဖြစ်။
သူ့အရှေ့၌ကျောက်ရုပ်တစ်ရုပ်လိုမျက်လွှာချလျက်မလှုပ်မယှက်ရပ်နေသည့်အပြာရောင်ငယ်ကိုသာ မင်းသားဂျွန်စူးစူးရဲရဲစိုက်ကြည့်နေမိတော့တာ။
ဆံစနုနုကျဆင်းနေသည့်နဖူးပြင်မှအစချီကာ ညီတန်းလျက်ရှိသောမျက်ခုံးနက်နက်၊ မျက်တောင်ရှည်များခစားလျက်ရှိသောမျက်ဝန်း၊ သွယ်လျသောနှာတံနဲ့ သေသပ်ပိရိကာ ပန်းရောင်ပြေးသည့်နှုတ်ခမ်းသား...အားလုံးကိုအသေးစိတ်လိုက်ကြည့်နေမိသောမင်းသားဂျွန်။မျက်နှာပြင်တစ်ခုလုံး မွေးညှင်းတစ်ပေါက်ပင်မရှိဘဲ ချောမောလွန်းသည့်အမျိုးသား။
ပဝါပါးအောက်က ယောက်ျားတစ်ယောက်ရဲ့မျက်နှာဟာ ဒီလိုလှပမယ်လို့သူမှ မထင်ထားခဲ့ပဲ။
နက်မှောင်သောဆံပင်ထက်ထူးခြားစွာပန်ဆင်ထားသည့် အဖိုးထိုက်သောကျောက်စိမ်းနှင့် ထိုရွေကနုတ်ခက်။ ထိုအရာက မင်းသားဂျွန်ရဲ့အာရုံကို ယမန်ညကတည်းက ဖမ်းစားထားခဲ့သည်မှာ အမှန်ပင်။
ဘယ်ဘက်သို့ အကုန်စုသိမ်းထားသည့်ဆံပင်များကို မထိန်းနိုင်ဟန်တူသော ညာဘက်မှကနုတ်ခက်ဟာ အနည်းငယ်ပုံပျက်ပြီး ပြုတ်ကျချင်နေသည်။ ရည်ရွယ်ချက်ရှိရှိနဲ့ထိုကနုတ်ခက်များပေါ်ရောက်သွားသည့်သူ့လက်များ။
မင်းသားဂျွန်၏ရုတ်တရက်ဆန်သောအပြုအမူကြောင့် လန့်သွားသည့်ထယ်ယောင်းမှာ အရှေ့ရှိ မင်းသားဂျွန်အား မျက်လွှာပင့်ကာသာကြည့်မိတော့သည်။ ထိပ်တိုက်တွေ့ဆုံမိပါသော မင်းသားဂျွန်ရဲ့မျက်ဝန်းများက ရာဇမာန်ချီကာ ဝင့်ထည်လျက်။
"ကိုယ်တော်တို့ချီမှာတော့ ကချေသည်တွေက ရွှေဝတ်ဆင်ခွင့်မရှိဘူး...ပြီးတော့...ကျောက်စိမ်းရောပဲ"
ပုံပျက်နေသည်ဟုယူဆရသောသူ့ဆံဖိခက်ကိုနေရာတကျဖြစ်စေသည်။ပြီးနောက် အရှေ့မှဆံပင်များအား လက်တစ်ဖက်ဖြင့်အသာအယာ အနောက်သို့ပို့ပေးသည့်မင်းသားဂျွန်။ နီးကပ်နေတဲ့အနေအထားမှာ သူအသက်ပင်မရှူရဲခဲ့။
ဒါပေမယ့် သူ့အရှင်ရဲ့ချီးမြှင့်မှုကို ယဉ်ကျေးမှုမရှိထိကိုင်ကာ သူ့ကိုပါဝေဖန်လိုက်သည့် မင်းသားဂျွန်အပေါ်တော့ သူစိတ်ဆတ်သွားရသည်။
"မင်းသားဂျွန်သတိထားသင့်ပါတယ်...ကျွန်တော်မျိုးက စုန့်ပြည်ရဲ့တော်ဝင်အမျိုးသားကချေသည်တစ်ယောက်ပါ...အရပ်တကာကိုလိုက်ပြီး လူတကာကိုကပြဖျော်ဖြေနေတဲ့သာမာန်ကချေသည်တစ်ယောက်မဟုတ်ပါဘူး"
ချီနိုင်ငံရဲ့အိမ်ရှေ့စံ။
နောက်တက်မယ့်ဧကရာဇ်အလောင်းအလျာအား မျက်တောင်တစ်ချက်မခတ်ပဲ သတိပေးစကားဆိုရဲသူမှာ သေးငယ်သိမ်နုပ်သောစုန့်ပြည်၏ကချေသည်တစ်ယောက်ဖြစ်နေသည်။
"စုန့်ပြည်က ချီနိုင်ငံအတွက် ပဏ္ဏာဆက်နိုင်ငံထက်မပိုဘူးဆိုတာလဲ မင်းသိထားသင့်တယ်...ကိုယ်တော့်နန်းတက်ပွဲကမကြာခင်ကျင်းပရတော့မယ်... စုန့်ပြည်ကလက်ဆောင်တစ်ခုခုပြင်ဆင်ထားရတော့မှာပဲ"
ထိုစကားဟာ အိမ်ရှေ့မင်းသားဂျွန်ကဲ့သို့သောဧကရာဇ်အလောင်းအလျာတစ်ယောက်အဖို့ ပြောရန်မသင့်သည့်စကားတစ်ခွန်းဖြစ်နေခဲ့သည်။စကား၏အတိမ်အနက်ကိုနားလည်သော အနောက်ပါးမှ ကိုယ်ရံတော်လီထိုက်မှာ မျက်စိပျက် မျက်နှာပျက်ဖြစ်သွားရသလို အပြာနုရောင်နဲ့ ယောက်ျားပျိုသည်လည်း ထိန်းချုပ်ထားရသည့်ဒေါသကြောင့်မျက်တောင်တဖျတ်ဖျတ်ခတ်လျက်။
"ကျွန်တော်မျိုးရဲ့ စိတ်ဝိဉာဉ်မှတပါး အသက်နဲ့ခန္ဓာဟာ မင်ဘုရင်အစိုးရသလိုဖြစ်ပါလိမ့်မယ်"
ထိုစကားကိုတော့ အရှေ့မှအပြာရောင်ငယ်ကတည်ငြိမ်စွာဖြင့်ပြန်ပြောခဲ့သည်။ ထင်ထားတာထက်လိမ္မာပါးနပ်သောသူကြောင့် မင်းသားဂျွန်ရဲ့နှုတ်ခမ်းပါးထက် ကျေနပ်ဟန်ရသောအပြုံးတစ်ခုဖြစ်ပေါ်သည်။
အရှေ့ပါးသို့တိုးကပ်လာကာ ရင်ဘတ်ချင်းကပ်လုနီးနီးအနေအထားကြောင့် ထယ်ယောင်းကိုယ်လေးအနောက်သို့ခပ်ရို့ရို့ကျုံ့မိသည်။
"တစ်နေ့တော့ မင်းရဲ့ဆံပင်ကဒီရွှေကနုတ်တွေကို ကိုယ်တော်ချိုးဖျက်ပြမယ်"
လှုတ်ရှားသွားယုံမျှသောနှုတ်ခမ်းပါးဆီမှထွက်လာသည့်လေသံအေးအေး။ထိုစကားသည်ကား ထယ်ယောင်းတစ်ယောက်မှ လွဲ၍မည်သူမျှကြားမည်မဟုတ်သောစကား။
ခပ်ဖွဲဖွဲကျဆင်းလျက်ရှိသောမိုးထဲသို့ သူ၏ကိုယ်ရံတော်နှင့်အတူ ထွက်သွားသည့်မင်းသားဂျွန်အား သူတို့သုံးယောက် အရိုအသေပြုလိုက်သည်။
အပြာရောင်ငယ်ရဲ့ အဓိပ္ပာယ်ဖော်မရသောအပြုံးတစ်ခုကိုတော့ ကျောခိုင်းသွားခဲ့သည့် မင်းသားဂျွန်မမြင်နိုင်ခဲ့ပါ။
__________________________
"ဒီသတင်းကို မင်းကြီးကြားလောက်ပြီထင်တယ်"
သူ့ဆံနွယ်များအား ဘီးဖြင့်ရှင်းလင်းဖြီးတင်ပေးနေသည့်အနောက်နားမှ နိုအွန်း၏စကားသံ။ဝါကျင်ကျင်ကြေးမုံထက်ပေါ်နေသည့်သူ၏ပုံတူဆီမှ အပြုံးတစ်ခုပေါ်လာခဲ့သည်။
"လွန်ခဲ့တဲ့နှစ်ပေါင်းသုံးရာလောက်က ဂိုရာဇ်အင်ပါယာပျက်စီးသွားခဲ့တာဘာကြောင့်လို့ထင်လဲနိုအွန်း"
မျက်မှောင်ကုပ်ကာ ခေတ္တတွေးတောဟန်ပြုသည့်နိုအွန်းက အဖြေကိုမသိတော့ဟန်ဖြင့် သူ့ကိုစပ်ဖြီးဖြီးကြည့်လာသည်။
"ပြည့်တန်ဆာတစ်ယောက်ကြောင့်လေ"
"ဟင်"
အာမေဋိတ်တစ်ခုနဲ့အတူ သူ့အဖြေကိုအံ့ဩသွားဟန်ရသည့်ကလေးကြောင့်ထပ်မံ၍ပြုံးမိသည်။
"လှပမှုဆိုတာ တန်ဖိုးထားတတ်သူလက်ထဲမှာပဲထာဝရတည်တံ့တယ် နိုအွန်း...ပိုးစုန်းကြူးတွေကလှလို့ဆိုပြီး ဖမ်းယူလိုက်ရင် လက်ပူလောင်ပြီးကိုယ့်လက်ထဲမှာသေသွားမှာပေါ့..."
ငယ်စဉ်ကတည်းက သူလိုက်မမှီသည့်မင်းသားငယ်ရဲ့အတွေးအခေါ်များကို ယခုတော့နဲနဲဖြစ်ဖြစ်သူသဘောပေါက်လာပြီ။
"လှပမှုဆိုတာအဆိပ်အတောက်တစ်ခုပဲ...သတိတစ်ချက်လွှတ်တာနဲ့အရာအားလုံးကိုပျက်စီးစေတယ်...ဂိုရာဇ်အင်ပါယာဟာ လှပတဲ့ပြည့်တန်ဆာတစ်ယောက်ကြောင့် ပျက်စီးသွားခဲ့တယ်...သူမနာမည်က 'ဟန်'လို့ခေါ်တယ်...အဲ့ဒီခေတ် ကဗျာဆရာတွေက သူမအလှလှကိုအမျိုးမျိုးတင်စားပြီး ကဗျာပေါင်းများစွာရေးဖွဲ့ထားကြတယ် စစ်သူကြီးလီနန်ရဲ့မှတ်တမ်းတစ်ခုမှာ ဟန်ဟာ သူမရဲ့လှပမှုကြောင့် အကြိမ်ကြိမ်အဆုံးစီရင်ဖို့ကြိုးစားခဲ့ဖူးတယ်တဲ့...မင်းဧကရာဇ်တွေအပါအဝင် သူမကိုမြင်တွေ့ဖူးတဲ့ယောက်ျားတွေဟာ သူမရဲ့အလှမှာပဲ သွက်သွက်ခါအောင်ရူးသွားကြတယ်...အဲ့ဒီအလှဟာ အဆိပ်မှန်းသိရက်နဲ့သူတို့က သောက်သုံးမိကြတာတဲ့လေ"
"အဲ့လိုလူတွေအတွက်တော့ လှပမှုကချိုမြိန်တဲ့အဆိပ်အတောက်ပဲ...အဲ့ဒီထဲမှာစစ်သူကြီးလီနန်လဲပါဝင်ခဲ့တယ်...သူသာ ဟန်ရှိတဲ့ယွန်းပြည်ကို စစ်မချီခဲ့ရင် တိုက်ပွဲဖြစ်လာမှာမဟုတ်သလို...မာရာဇ်အင်ပါယာလဲပျက်စီးသွားခဲ့မှာမဟုတ်ဘူး"
ထိုစကားသံသည်ကား သူတို့အနောက်ပါးမှထွက်ပေါ်လာသည်။ စင်စစ်မူကား စုန့်ပြည်အရှင်ထံမှထွက်ပေါ်လာခြင်း။
"မင်းကြီးကိုဂါရဝပြုပါတယ်"
နိုအွန်းကဂါရဝပြုလာပေမယ့် တစ်စုံတစ်ယောက်ကတော့ကျောခိုင်းထားရာမှလှည့်မကြည့်။
"အရှင်တို့သီးသန့်စကားပြောစရာရှိလို့ နိုအွန်းရှောင်ပေးပါ"
"အမိန့်အတိုင်းပါအရှင်"
နိုအွန်းထွက်သွားပြီးနောက် အဆောင်အတွင်းကျန်နေသည်က သူနှင့်ထယ်ယောင်းနှစ်ယောက်သာ။
နိုအွန်းချထားသည့်ဘီးကိုယူကာ သူ့ဆံပင်အားဖြီးရင်း အေးအေးလူလူထိုင်နေသည်။
"သတင်းတွေကြားတယ်..."
"ဘာသတင်းတွေကြားလာပြန်ပြီလဲအရှင်...ယောင်းမသိတဲ့ အတင်းအဖျင်းသတင်းတွေဆိုရင်တော့..."
"မင်းသားဂျွန် ဒီအဆောင်လာသွားတယ်ဆိုတဲ့သတင်း"
သူ့စကားကြောင့် ခေါင်းဖြီးနေသည့်လက်တို့တန့်သွားသည်။ ကြေးမုံထဲကနေသူ့ကိုကြည့်လာသည်မို့...
"မင်းသားဂျွန်က သူ့ရဲ့နန်းတက်ပွဲမှာ သေချာပေါက်မင်းကို ပဏ္ဏာအဖြစ်တောင်းမှာပဲ"
"တောင်းရင်လဲပေးတာကလွဲပြီး အရှင်ဘာတတ်နိုင်လို့လဲ"
ဝတ်ရုံအောက်မှလက်သီးကိုကျစ်ကျစ်ဆုပ်မိပေမယ့် လေသံလျော့လိုက်ကာ...
"မင်းကိုမပေးရအောင်တော့ အရှင်တတ်နိုင်သမျှကြိုးစားမှာ"
"အညတရကချေသည်တစ်ယောက်ကြောင့် ငြိမ်းချမ်းရေးတွေပျက်ပြားသွားရင် သမိုင်းမှာလူပြောစရာဖြစ်တော့မှာပဲ"
ပြောရခက်ပြီး သူ့စကားတွေကိုအလေးမထားတတ်တာသိတယ်။ ဒါပေမယ့် သူ့ကိုပဏ္ဏာအဖြစ်မဆက်ရဖို့ တွေးတောပူပန်နေရတဲ့ သူ့စိတ်ကိုတော့သိသင့်တယ်မလား။
"အရှင်စကားပြောရင် တစ်ခါပဲဖြစ်ဖြစ်အရေးစိုက်ပေးပါဦးလား အငယ်တော်"
ဒီတစ်ခါမှာတော့ ဒေါသတို့စွက်သွားသည့် သူ့စကားကြောင့် ကျောပေးထားရာမှလှည့်လာသည်။ အပေါ်ရုံမထပ်ရသေးသည့်အငယ်တော်က သာမာန်အဖြူရောင်ဝတ်ရုံနှင့်။
"ကျွန်တော်သွားစရာရှိတယ်အရှင်...အချိန်နီးနေပြီမို့ပါ"
အငယ်တော်ဟာသူ့အားဘယ်သောအခါမှမခေါ်ပါ။ထို့တိုင်သူဟာ အငယ်တော်ဆီအမြဲလာခဲ့သူ။ ပြီးလျှင် အငယ်တော်ဆီက အမြဲအနှင်ခံရသူ။
"ဟိုအိမ်ရှေ့မင်းသားရဲ့အဆောင်...သူ့မှာကချေသည်တွေအများကြီးရှိတယ် ထယ်ယောင်း...သူ့သတင်းတွေမင်းကြားတယ်မလား...အနုပညာဆိုတဲ့အရာကိုဘာမှန်းတောင်မသိတဲ့အဲဒီမင်းသားက မင်းလိုကချေသည်ကိုဘာကြောင့်ခေါ်တာဖြစ်လဲ"
တစ်ဖက်သို့လှည့်သွားကာ လရောင်ဝင်နေသည့်ပြတင်းဘက်သို့သွားရပ်သည်။
"ဒီနေ့ည ကျွန်တော်မင်းသားဂျွန်ဆီခစားရမယ့်အကြောင်းပြချက်က အဲဒီတောင်းဆိုမှုကို အရှင်မငြင်းနိုင်ခဲ့လို့ပဲလေ"
အငယ်တော်ဟာအရှိုက်တည့်တည့်ထိအောင်ပြောလာသည်။သူဘာမှပြန်မပြောနိုင်။တိတ်ဆိတ်နေစဉ်မှာပဲ စကားဆက်လာပြန်သည်။
"လူတိုင်းကိုအရှင့်စိတ်နဲ့မနှိုင်းပါနဲ့ ကျွန်တော်က ကချေသည်ပါအရှင် မာရာဇ်အင်ပါယာကိုပျက်စေတဲ့ ဟန်လို ပြည့်တန်ဆာမဟုတ်ပါဘူး...ကျွန်တော့်အနုပညာကိုခံစားဖို့ရည်ရွယ်ချက်နဲ့ခေါ်သည်ဖြစ်စေ၊ တစ်ခြားသောရည်ရွယ်ချက်နဲ့ခေါ်သည်ဖြစ်စေ ကျွန်တော်သွားရမှာပဲ"
သူ့အနောက်နားမှအရှင့်ရဲ့ခြေသံကိုသူကြားရသည်။ကြာနံ့သင်းသင်းနဲ့အတူ အရှင်ဟာသူ့အနားသို့တိုးကပ်လာခဲ့သည်မှန်းခံစားမိသည်။ နောက်ဆုံးသူ့ကိုယ်ငယ်ဟာ အရှင့်ထွေးဖက်မှုမှာ ငြိမ်သက်လျက်။လရောင်အောက်မှ ဒီအနေအထားဟာ တမ်းတလွမ်းမောဖွယ်ရာခံစားချက်များကိုတနင့်တပိုးပေးစွမ်းလာတော့ ရင်ထဲနေ၍မကောင်း။
"အခုချက်ချင်းပဲဖြစ်ဖြစ် မင်းနေမကောင်းဖြစ်သွားရင်သိပ်ကောင်းမှာ"
"ကျွန်တော့်အတွက်တော့ အရှင်ထွက်သွားပေးရင်သိပ်ကောင်းမှာ"
ဆံစတို့ကိုအသာဖယ်လျက် ဂုတ်သားထက်ဖိကပ်နမ်းသည်။ထို့နောက်သူ့ကိုပြန်လွှတ်ပေးကာ...
"ဒီကိုရောက်နေရတဲ့ရည်ရွယ်ချက်ကိုတော့မမေ့ပါနဲ့အငယ်တော်"
"ကျွန်တော့်လုပ်ရပ်တိုင်းမှာရည်ရွယ်ချက်ရှိပြီးသားပါ"
အရှင့်အားထိုသို့ပြန်ချေပပေမယ့် ကျေနပ်ဟန်မရသည့်အရှင်က သူ့အားခနဲ့သံစွက်သည့်စကားကိုဆိုသည်။
"ဘယ်လိုရည်ရွယ်ချက်လဲ...မင်းသားဂျွန်နဲ့နီးစပ်ဖို့လား"
သူ့အားမေးရက်လိုက်သည့် အရှင့်ရဲ့ထိုစကား။ ပြတင်းဘောင်မှာချိတ်ဆွဲထားသည့် ကျောက်စိမ်းဆည်းလည်းအားအသာထိလိုက်တော့ ဆည်းလည်းသံလွင်လွင်တို့ထွက်ကျလာသည်။
"ချီမှာက အမျိုးသားကိုယ်လုပ်တော်တွေမြှောက်စားတယ်...အရှင်ပြောနိုင်လို့လား ကျွန်တော်လဲ အဲ့ထဲကတစ်ယောက်ဖြစ်သွားနိုင်တာပဲ"
"အငယ်တော်"
အသံခပ်ကျိတ်ကျိတ်ဖြင့်သူ့အားအော်သည်။လှည့်ကြည့်တော့ ပုခုံးကိုဆုပ်ကိုင်ကာဆွဲယူလျက်...
"မင်းကအရှင့်ရဲ့အပိုင်...မမေ့စမ်းနဲ့"
"စိတ်ဝိဉာည်မှတစ်ပါး ကျွန်တော့်အရာအားလုံးအရှင်ပိုင်တာသိပါတယ်၊ ခနခနသတိပေးစကားမပြောပါနဲ့"
လွှတ်ဖို့မပြောပဲ တစ်ဖက်သို့သာမျက်နှာလွှဲသွားသည့်အငယ်တော်အား သူတစ်ကယ်နားမလည်တော့ပါ။
"စကားမများပဲနေကြရအောင်"
သူ့လက်အားအသာဆုပ်ကိုင်ကာ ထိုနေရာမှဆွဲခေါ်လာသည်။ခုတင်ပေါ်အလိုက်သိစွာသွားထိုင်ပေးပြီး အရှင်ပြုမူနေကျအရာတစ်ခုအတွက် စိတ်လှုပ်ရှားခြင်းမရှိစောင့်နေလိုက်သည်။
ကြေးမုံအရှေ့မှ ခြေကျင်းနှစ်ဖက်ကိုသွားယူပြီးနောက် သူ့အရှေ့ပြန်လာကာ စုန့်ပြည်ရဲ့မြင့်မြတ်တဲ့အရှင်က ကချေသည်တစ်ယောက်ရှေ့ ရှိသမျှသိက္ခာဖယ်ရှားပြီး ဒူးတစ်ဖက်ထောက်ထိုင်ချသည်။
အဖြူရောင်ဝတ်ရုံအောက်မှခြေထောက်ကိုယူပြီး ခြူပါသည့်ခြေကျင်းကို သူ၏ခြေကျင်းဝတ်သွယ်သွယ်မှာ အကျအနဝတ်ပေးသည်။
ထို့နောက် ထိုအနေအထားနှင့်ပင် မျက်နှာမော့လျက် သူ့နှုတ်ခမ်းလွှာအား ထိကပ်နမ်းလာသည်။
"ရည်ရွယ်ချက်တွေမပျောက်စေနဲ့"
နောက်ဆုံးတော့ တာဝန်ဆိုသောအရာကိုသာသတိထပ်ပေးရင်း အဆောင်ထဲမှထွက်သွားသောအရှင်။
အရှင့်အပေါ်ထားရှိသောချစ်ခြင်းများသည် သိမ်ငယ်စွာဖြင့်ပစ်ပယ်ခံခဲ့ရဖူးသည်။ နန်းကျဘုရင်တစ်ပါးရဲ့ မြေးမို့ နန်းကျဆောင်၌သာကြီးပြင်းပြီး လျှို့ဝှက်သောတည်ရှိမှုဖြစ်ခဲ့သည်။
ဘိုးတော်မင်းကြီးနဲ့ဖခမည်းတော်အိမ်ရှေ့စံကိုသေဆုံးစေပြီး မယ်တော်အား ကချေသည်ဖြစ်လာစေသည့်ကြမ္မာဆိုးသည် စုန့်သို့စစ်ချီခဲ့သည့် ချီနိုင်ငံမှအရင်းတည်သည်။ တစ်ချိန်ချိန်မှာ ချီမင်းဆက်ကိုဖျက်ဆီးနိုင်ရမည်ဟူသော အမုန်းတရားမှအစပျိုးသည့်ထိုစိတ်သည် ကားတစ်စထက်တစ်စကြီးမားလာခဲ့ပြီ။
သူ၏အမုန်းတရားအားအသုံးချနေသည့်အရှင်ဟာ သူ့ကိုဆုံးရှုံးရမှာတော့သေမတတ်ကြောက်ရှာသည်။ သူ့ခြေရင်းမှာပြားပြားဝပ်ပြီး ဦးညွှတ်နေတတ်သည့်အရှင်က တစ်ကယ်တမ်းတော့ သူ့အလှကြောင့်ပဲမလား။
ခိုကိုးစရာဘာမှမရှိတဲ့လောကကြီးထဲ အလှဆိုတဲ့မာနကိုဓားလက်နက်လိုအသုံးချပြီးရှင်သန်ရတာက သိပ်ကိုပျော်မွေ့စရာကောင်းမှန်း အရှင်ကသင်ပြပေးခဲ့သည်။
အခုတော့ ထိုအလှတရားက အရှင့်လည်မြိုကိုအချိန်မရွေးလှီးဖြတ်နိုင်တဲ့ဓားလက်နက်လိုသေခြင်းတရား။
___________________________
ဆီမီးခွက်များသာထွန်းညှိထားပေမယ့် ပြတင်းမှဝင်ရောက်နေသည့်လရောင်ကြောင့် လင်းကျင်းနေသည့် ဧည့်ခန်းဆောင်။ လရောင်ကတော့ အပြင်၌ပါ အရာအားလုံးကိုမြင်ရသည်အထိလင်းထိန်နေသည်။
အပျိုတော်တစ်ယောက်တစ်လေကိုမှမတွေ့ရသည့်အပြင် တူရိယာ တီးခတ်မည့်သူများပါမရှိသည့်ဧည့်ခန်းကျယ်ထဲ သူ့လိုကချေသည်ကဘာလုပ်ဖို့ရောက်နေရသနည်း။
တံခါးလှပ်သံနဲ့အတူ အခန်းထဲသို့ဝင်ရောက်လာသူ၏ခြေသံ။ မင်းသားဂျွန်ဟုထင်လိုက်ပေမယ့် သေရည်အိုးသယ်ဆောင်လာသည့် အထိန်းတော်တစ်ယောက်ဖြစ်နေသည်။
"အိမ်ရှေ့မင်းသားကစာဖတ်တာမပြီးသေးလို့ပါ...ချယ်ရီအရက်ပို့ပေးလိုက်ပါတယ်...မီးကင်ထားတာမို့ နွေးနွေးလေးနဲ့မွေးတော့ သခင်လေးသဘောကျလောက်မှာပါ"
"ကျွန်တော်စောင့်နိုင်တာဖို့ စာကိုအေးဆေးဖတ်ဖို့အမှာစကားပြောပါရစေ"
အရိုအသေပြုပြီးပြန်ထွက်သွားသည့်အထိန်းတော်။ အရက်အိုးတစ်ခုနှင့်အတူ ခွက်တစ်လုံးသာပါလာသည်မို့ ဒီအရက်ကသူ့တစ်ယောက်ထဲအတွက်သာသီးသန့်ပို့ခြင်းဖြစ်လိမ့်မည်။
အနံ့သင်းသင်း၏ဖိတ်ခေါ်မှုကြောင့် ချယ်ရီအရက်အား ခွက်ထဲသို့ငှဲ့ကာ သောက်ရန်ပြင်လိုက်သည်။ အငွေ့မျှင်းမျှင်းဖြင့် ပန်းကြည်ရောင်သန်းသည့် အရှေ့မှအရက်ကို မသောက်ဘူးဟုငြင်းလျှင် ထယ်ယောင်းက လူအပေမို့သာ။ ဒီရာသီက တစ်ကယ်တော့ချယ်ရီအရက်ရှားသည့်ရာသီပဲလေ။
ပါးစပ်နားတေ့လိုက်တော့နှာဝထဲထိသင်းပျံ့မွေးလာသည့်အနံ့။ နှုတ်ခမ်းဆီတေ့ကာ ခွက်အားမော့လိုက်တော့ ပူနွေးခါးသက်သည့်အရသာက လျှာတစ်လျှောက်မှတဆင့်လည်ချောင်းထဲသို့စီးဝင်သွားသည်။ထို့နောက်တွင်တော့ ရင်ဘတ်တစ်ခုလုံးပူလာသည်။
သူသောက်ဖူးနေကျချယ်ရီအရက်များနဲ့လုံးဝမတူသောခံစားချက်။အရက်ကအရမ်းပြင်းလွန်းနေသလိုခံစားရပြီး ပူနေသည့်ခံစားချက်ကလျော့မသွားခဲ့။ တစ်ခုခုတော့လွှဲမှားနေသည်မလား။
ဆက်တိုက်ပူပဲပူနေသည့်ရင်ဘတ်အားလက်တစ်ဖက်ဖြင့်အသာဖိကိုင်ကာ ထိုင်နေရာမှပြုတ်ကျမသွားစေဖို့လက်တစ်ဖက်ကစားပွဲကိုအားပြုထားမိသည်။
ခန္ဓာကိုယ်ရှိသွေးကြောများမှ သွေးများသည် နှလုံးဆီထိုးတက်လာသည်ဟုခံစားနေရသည်။အောင့်တက်ကာ ဓားချွန်ဖြင့်ထိုးလိုက်သကဲ့သို့နာကျင်သွားသည့်ဘယ်ဘက်ရင်ဘတ်။တစ်ဆက်တည်းပင်...
"အဟွတ်"
ပါးစပ်ထဲမှအန်ထွက်လာခဲ့သည့် သွေးများ။ရုတ်ချည်းဆိုသလိုပင် အားလျော့ကာမူးဝေလာသည်။ ရင်ဘတ်ဆီမှတော့စူးစူးရဲရဲနာကျင်နေဆဲ...
ထပ်မံအန်ထွက်လာသည့်သွေးများသည် အပြာနုရောင်သူ့ဝတ်ရုံထက်ညစ်ပေစွန်းထင်းလျက်။
စားပွဲကိုလက်ထောက်လျက်အားယူထကာအသိစိတ်မလွတ်ခင် အဆောင်ထဲမှထွက်ရန်ကြိုးစားရသည်။ အဆိပ်ခတ်ရမည့်သူဟာ မိမိဖြစ်နေရဲ့သားနဲ့ ကိုယ်ကပြန်ပြီးအဆိပ်မိရသည့်အဖြစ်မို့ ဒေါသကြောင့်လက်သီးကိုသာကျစ်ကျစ်ဆုပ်ထားသည်။
ချူသံများထွက်ပေါ်လာပြီး ယိုင်နဲ့နေသောခြေလှမ်းများနဲ့အတူ တံခါးရှိရာကိုဦးတည်သွားမိပေမယ့် တစ်စုံတစ်ယောက်က တံခါးကိုဆွဲဖွင့်ကာအခန်းထဲသို့ဝင်လာခဲ့သည်။
သူ့မြင်ကွင်းတွေဝေဝါးနေပေမယ့် ထိုလူအားသူမှတ်မိပါသည်။
ကူကယ်ရာမဲ့ပြီး သေဆုံးမလားတောင်မသိတဲ့အနေအထားဆိုရင်တောင် ရန်သူလို့သတ်မှတ်ထားသောထိုလူအား ကယ်တင်ဖို့အကူအညီမတောင်းချင်ပါ။
မြင်လွှာတစ်ခုလုံးမှိတ်ကျသွားပြီး ခွေကျသွားသည့်ခြေနှစ်ချောင်း။ ကြမ်းပြင်ဆီသို့လုံးလုံးလျားလျားလှဲကျသွားခဲ့သည်။ချူသံများဟာလဲ တိတ်ဆိတ်ငြိမ်သက်သွားခဲ့တော့သည်။
The Love Sleeping Under The Moonlight
Create By Jin's Jin Isle From BTS World
Novel By SawLwinYar
15,8,2023
_____________________________
[Zawgyi]
___________________________
လွပစြာလွမ္းလာေသာေျခလွမ္းေတြနဲ႔အတူ ထြက္ေပၚလာတဲ့ ျခဴသံလြင္လြင္။ေ႐ႊမႈန႔္မ်ားလူးက်ံထားသည့္မ်က္ဝန္းတစ္ဝိုက္ေအာက္ က ခပ္ပါးပါးေ႐ႊေရာင္ႀကိဳးမွ်င္တန္းသည္သူ၏ မ်က္ႏွာလွလွအား ပဝါပါးျခား၍ကာရံေစသည္။
တင္ပါးေအာက္အထိခပ္ေျပေျပက်ဆင္းေနသည့္ဆံသားနက္နက္ေတြ။ထုံးဖြဲ႕မႈမရွိဘဲလြတ္လပ္စြာခ်ထားသည့္မဟူရာဆံႏြယ္မ်ားက သူ႔ရဲ႕ လႈပ္ရွားမႈတိုင္းယိမ္းႏြဲ႕လ်က္။
အျပာေရာင္ျဖစ္သည့္ ပုံမွန္အမ်ိဳးသားဝတ္႐ုံကိုဝတ္ဆင္ထားေသာ္လည္း မတူညီသည္ကေတာ့ ေဖာက္ထြင္းျမင္ရသည့္ ဇာအပါးျဖစ္ေနျခင္း။
စီးခ်က္ညီညီခ်ိဳးသည့္လက္ေခ်ာင္းသြယ္သြယ္မ်ားရွိရာေအာက္၌ ဝတ္ဆင္ထားသည့္ေ႐ႊႀကိဳးမွ်င္မ်ား။နားႏွစ္ဖက္အေပၚမွဆံပင္မ်ားထံ ကုပ္တြယ္တက္ကာ ဆံစကိုထိန္းသိမ္းထားသည့္ ေက်ာက္စိမ္းပါေသာေ႐ႊေရာင္ကႏုတ္ခက္ကထူးျခားလွပစြာေတာ္ဝင္ဆန္လ်က္။
ထိုေ႐ႊကႏုတ္ခက္မ်ားမွတဆင့္ သူ၏တစ္မူထူးျခားေသာျဖစ္တည္မႈကိုလွစ္ဟေဖာ္ျပသည္။
"စုန႔္ျပည္ကပါလာတဲ့ ေတာ္ဝင္အမ်ိဳးသားကေခ်သည္ပါ အိမ္ေရွ႕မင္းသား"
"အမ်ိဳးသားကေခ်သည္"
ကိုယ္ရံေတာ္လီထိုက္၏စကားအားသံေယာင္လိုက္ကာေရ႐ြတ္ရင္း သူ႔ႏႈတ္ခမ္းေထာင့္မ်ားအေပၚသို႔ေကာ့တက္သြားခဲ့သည္။
"မင္ဘုရင္မွာၾကင္ယာေတာ္မရွိတဲ့အေၾကာင္းျပခ်က္က အေရွ႕ကကေခ်သည္နဲ႔ဆက္စပ္မယ္ထင္တယ္"
တစ္ဆက္တည္းပင္သူ႔မ်က္ဝန္းမ်ားက မ်က္ေစာင္းထိုးေနရာ၌ထိုင္ေနသည့္ မင္ဘုရင္ထံသို႔ေရာက္သြားေလသည္။ သို႔ေသာ္သူထင္သလိုအေနအထားမဟုတ္ဘဲ ထိုကေခ်သည္အား မႏွစ္ၿမိဳ႕သကဲ့သို႔ၾကည့္ေနသည့္မင္ဘုရင္အားေတြ႕လိုက္ရသည္။
တစ္ခ်က္သာၿပဳံးလိုက္ၿပီးကျပေနသည့္ကေခ်သည္အားအာ႐ုံစိုက္မိသည္။ ကဗ်ာတို႔ ဂီတတို႔လို အႏုအယြေတြကိုမခံစားဖူးပဲ ဓားလက္နက္နဲ႔စစ္ပြဲေတြၾကားမွာႀကီးျပင္းလာသည့္သူ႔အဖို႔ေတာ့ ထိုအေရွ႕မွကေခ်သည္ကေနသည္က စိတ္ဝင္စားဖို႔ လုံးလုံးမွေကာင္းမေနဘဲ ေျခခ်ိဳးလိုက္၊ လက္ခ်ိဳးလိုက္၊ဝတ္ထားတဲ့ဝတ္႐ုံစကိုကစားျပလိုက္သာ လုပ္ေနသည္ဟုျမင္ေနမိသည္။ ကပြဲသာၿပီးသြားေပမယ့္ အႏုပညာဆိုတဲ့အရာကိုဘာမွေသခ်ာမသိလိုက္သည့္ ခ်ီႏိုင္ငံ၏ အိမ္ေရွ႕မင္းသား။
'ေျဖာင္း ေျဖာင္း ေျဖာင္း'
အဆုံးသတ္သြားသည့္ သီခ်င္းသံေနာက္ ထြက္ေပၚလာသည့္လက္ခုပ္သံမ်ားေၾကာင့္ႏွာေခါင္းတစ္ခ်က္ရႈံ႕လိုက္မိသည္။ အားလုံးကိုအ႐ိုအေသျပဳကာ ထြက္သြားဖို႔ျပင္ေနသည့္အျပာေရာင္နဲ႔ ထိုေတာ္ဝင္ကေခ်သည္က နန္းေဆာင္ထဲရွိ မည္သူ႔ကိုမွ် တစ္ခ်က္ပင္မ်က္လႊာပင့္ကာမၾကည့္။
ေယာက္်ားတစ္ေယာက္ျဖစ္ၿပီး အျခားေသာ ေယာက္်ားေတြအတြက္ေဖ်ာ္ေျဖေနရတဲ့ဘဝနဲ႔ မာနေတြထားသတဲ့လား။
"ေဖ်ာ္ေျဖသြားတာအရမ္းေကာင္းတာပဲ"
ထိုစကားကိုဘယ္သူမွ်မေျပာေသးခင္ သူအရင္ဦးစြာေျပာလိုက္ေတာ့ အပါးပါးေသာ ျပည့္ရွင္မင္းမ်ားႏွင့္ မင္းညီမင္းသားတို႔က သူ႔ကိုၾကည့္လာၾကသည္။ သူတို႔သိထားတဲ့ မင္းသားဂြၽန္ဟာ အႏုပညာႏွင့္မအပ္စပ္သူပင္မလား။
ေျခလွမ္းမ်ားရပ္တန႔္သြားေတာ့ သူ႔ဆီမွ ျခဴသံလြင္လြင္ကတိတ္ဆိတ္သြားခဲ့သည္။သူ႔ဘက္သို႔အသာလွည့္လာသည့္ကေခ်သည္ေကာင္ေလး။လက္ႏွစ္ဖက္ကို ရင္ဘတ္၌အသာအယာယွက္လ်က္ အ႐ိုအေသျပဳသည္။ၿပီးမွျပန္ထကာ...
"မင္းသားဂြၽန္ရဲ႕ခ်ီးက်ဴးမႈကို ကြၽန္ေတာ္မ်ိဳး မခံယူဝံ့ပါဘူး"
႐ိုက်ိဳးစြာထြက္လာသည့္ရွတတအသံ။ ပဝါေအာက္မွမ်က္ႏွာဟာ အဘယ္ပုံရွိမည္မွန္း မခန႔္မွန္းတတ္ေသာ္လည္း ႏွစ္လိုဖြယ္မရွိတဲ့ ရွတတအသံကိုပထမဦးစြာၾကားလိုက္ရသည္။ ယွက္ထားသည့္လက္ႏွစ္ဖက္၏ လက္သည္းခြံမ်ားသည္ကား ပန္းရင့္ရင့္။
မ်က္လႊာခ်ထားသည္မို႔ အထင္းသားျမင္ေတြ႕ေနရသည့္ မ်က္ေတာင္ရွည္ရွည္မ်ား။ တစ္ခါေလာက္မ်ားမ်က္လႊာပင့္ကာၾကည့္လာေလမလားဟုေတြးလိုက္မိေပမယ့္ မ်က္လႊာခ်လ်က္သာအေဆာင္အတြင္းမွျပန္ထြက္ခြာသြားခဲ့သည္။
ညင္ညင္သာသာက်န္ရစ္ထားခဲ့သည့္ျခဴသံကို အားလုံးဟာၿငိမ္သက္ၿပီးနားေထာင္ေနမိၾကသည့္အခိုက္အတန႔္က ထင္တာထက္ရွည္ၾကာလြန္းသည္။
အမ်ိဳးသားကေခ်သည္ဆိုေပမယ့္ အဲ့ဒီေလာက္အထိႏုယြေနဖို႔လိုလို႔လား။
_____________________________
မိုးေခၚပြဲမက်င္းပလိုက္ရဘဲ သည္းထန္စြာ႐ြာသြန္းလာသည့္ ခ်ိန္ခါသင့္မိုးေၾကာင့္ ခ်ီနန္းေတာ္အတြင္း၌လြန္စြာမွေပ်ာ္႐ႊင္ေနၾကသည္။
ထိုမိုးေၾကာင့္ပင္ ႐ုတ္႐ုတ္သဲသဲျဖစ္ေနၾကျပန္သည့္နန္းေတာ္တြင္းရွိလူမ်ား။ထိုအထဲတြင္ ခ်ီနန္းေတာ္၏အေနာက္ေဆာင္ရွိ နန္းတြင္းသူမ်ားလဲပါဝင္ေလသည္။
စုန႔္ျပည္ရဲ႕ေတာ္ဝင္ကေခ်သည္၏ဗ်ပ္ေစာင္းတီးခတ္မႈကိုခံစားဖို႔ တစ္မနက္လုံးျပင္ဆင္ၿပီးမွ မိုးက႐ြာလာသည္။ထို႔ေၾကာင့္ သိမ္းၾကဆည္းၾကနဲ႔ အေတာ္ေယာက္ယက္ခတ္ေနၾက၏။ မိဖုရားေခါင္ႀကီးက တကူးတကဖိတ္ေခၚၿပီးစီစဥ္ထားသည့္ပြဲျဖစ္သည့္အျပင္ စုန႔္ျပည္၏အေခ်ာအလွေယာက္်ားပ်ိဳတစ္ေယာက္ကို အေနာက္ေဆာင္မွာျမင္ေတြ႕ရမည့္အခြင့္အေရးေၾကာင့္ နန္းတြင္းသူေတြကတက္ႂကြေနခဲ့ၾကတာမလား။
ယခုမ်ားေတာ့ထိုမိုးေၾကာင့္ပြဲပ်က္ေလၿပီ။
လမ္း၌ေရာက္ေနၿပီဟု အေထာက္ေတာ္ကသတင္းပို႔ထားေပမယ့္ မိုးေၾကာင့္တစ္ေနရာရာ၌ဝင္ခိုေနဟန္ရသည့္ စုန႔္ျပည္၏အမ်ိဳးသားကေခ်သည္မွာေတာ့ ေပၚမလာခဲ့ေသးပါ။
_________________________
"အိမ္ေရွ႕မင္းသား"
ကိုယ္ရံေတာ္လီထိုက္ဆီမွထြက္လာသည့္သတိေပးစကားနဲ႔အတူ ေဘးဘက္သို႔တစ္ခ်က္ေဝ့ၾကည့္လိုက္ေတာ့ သူတို႔ကဲ့သို႔မိုးလာခိုေသာ လူသုံးေယာက္။
ခ်ီနန္းတြင္း၏ ကိုယ္ရံေတာ္စစ္သားတစ္ေယာက္ပါလာသည္မို႔ သူတို႔အားေက်ာေပးကာ မိုးေရမ်ားကိုခါေနသည့္လူႏွစ္ေယာက္မွာ ခ်ီသို႔ေရာက္ေနသည့္ ဧည့္သည္မ်ားသာျဖစ္လိမ့္မည္။
မိုးေရစိုသြားဟန္ရသည့္ ဆံပင္အရွည္မ်ားကိုအေရွ႕သို႔စုသိမ္းလိုက္ကာ ခပ္ဖြဖြခါသုတ္ရင္း ေဘးဘက္သို႔လွည့္လာသည့္ အျပာေရာင္ဝတ္႐ုံႏွင့္လူ။
ေသးသြယ္ႏုဖတ္သည့္မ်က္ႏွာက ဆံႏြယ္နက္နက္မ်ားၾကားထင္းထြက္လ်က္။ ပန္းေရာင္သန္းေနသည့္ႏႈတ္ခမ္းသားက ေဆးေရာင္တင္ထားသည္ဟုအျငင္းပြားဖြယ္ရာ။သူ႔ဘက္သို႔ဝင့္ၾကည့္လာသည့္ ေကာ့ၫႊတ္ေသာမ်က္ေတာင္မ်ားဝန္းရံသည့္မ်က္ဝန္းအိမ္ႏွစ္ဖက္ကလဲ အေရာင္လဲ့လဲ့။
ျမင္ဖူးသကဲ့သို႔ခံစားေနရသည့္အခ်ိန္အတြင္း ဆံႏြယ္မ်ားအားထိန္းကုပ္ကာပန္ဆင္ထားသည့္ ကႏုတ္ခက္ကိုျမင္ေတာ့မွသူအမွတ္ရလိုက္မိသည္က ဟိုေန႔ညက,ကေခ်သည္။
သူ႔ကိုေခတၱမွ်စိုက္ၾကည့္လာေပမယ့္ တစ္စုံတစ္ခုကိုသတိရသြားဟန္ မ်က္လႊာခ်ကာ လက္ႏွစ္ဖက္ကို ယွက္၍အ႐ိုအေသျပဳလာသည္။
"ကြၽန္ေတာ္မ်ိဳးအ႐ိုအေသျပဳပါတယ္မင္းသားဂြၽန္"
အေနာက္မွကိုယ္ရံေတာ္တပ္သားႏွင့္ သူ၏အပါးေစျဖစ္ဟန္တစ္ေယာက္ကလဲအ႐ိုအေသျပဳလာၾကသည္။
"စုန႔္ျပည္ကလာတဲ့ ေတာ္ဝင္အမ်ိဳးသားကေခ်သည္ဆိုတဲ့တစ္ေယာက္မလား"
"ဟုတ္ပါတယ္အရွင့္သား"
ေခါင္းငုံ႔ထားရင္းသာျပန္ေျဖသည္။ ထိုကေခ်သည္က သူ႔ကိုတစ္ခါပဲျဖစ္ျဖစ္ ေမာ့ၾကည့္ဖို႔မေတြးမိဘူးလား။
အနားသို႔ေလွ်ာက္သြားလိုက္ေတာ့ မ်က္လႊာကိုသာ နင္းကန္ခ်ထားသည့္အျပာေရာင္။မ်က္ဝန္းမ်ားကပင္မွိတ္က်ခ်င္လုလု။
"ကိုယ္ေတာ့္ကိုေမာ့ၾကည့္လို႔ရတယ္"
သူေျပာေပမယ့္...
"အရွင့္သားရဲ႕ၾကင္နာမႈကိုမခံယူဝံ့ပါဘူး"
ေျပျပစ္စြာထြက္က်လာခဲ့သည့္စကားသံေၾကာင့္ျဖစ္မည္။ ျငင္းဆန္ျခင္းခံလိုက္ရေသာၾကင္နာမႈကအလဟႆမျဖစ္။
သူ႔အေရွ႕၌ေက်ာက္႐ုပ္တစ္႐ုပ္လိုမ်က္လႊာခ်လ်က္မလႈပ္မယွက္ရပ္ေနသည့္အျပာေရာင္ငယ္ကိုသာ မင္းသားဂြၽန္စူးစူးရဲရဲစိုက္ၾကည့္ေနမိေတာ့တာ။
ဆံစႏုႏုက်ဆင္းေနသည့္နဖူးျပင္မွအစခ်ီကာ ညီတန္းလ်က္ရွိေသာမ်က္ခုံးနက္နက္၊ မ်က္ေတာင္ရွည္မ်ားခစားလ်က္ရွိေသာမ်က္ဝန္း၊ သြယ္လ်ေသာႏွာတံနဲ႔ ေသသပ္ပိရိကာ ပန္းေရာင္ေျပးသည့္ႏႈတ္ခမ္းသား...အားလုံးကိုအေသးစိတ္လိုက္ၾကည့္ေနမိေသာမင္းသားဂြၽန္။မ်က္ႏွာျပင္တစ္ခုလုံး ေမြးညႇင္းတစ္ေပါက္ပင္မရွိဘဲ ေခ်ာေမာလြန္းသည့္အမ်ိဳးသား။
ပဝါပါးေအာက္က ေယာက္်ားတစ္ေယာက္ရဲ႕မ်က္ႏွာဟာ ဒီလိုလွပမယ္လို႔သူမွ မထင္ထားခဲ့ပဲ။
နက္ေမွာင္ေသာဆံပင္ထက္ထူးျခားစြာပန္ဆင္ထားသည့္ အဖိုးထိုက္ေသာေက်ာက္စိမ္းႏွင့္ ထိုေ႐ြကႏုတ္ခက္။ ထိုအရာက မင္းသားဂြၽန္ရဲ႕အာ႐ုံကို ယမန္ညကတည္းက ဖမ္းစားထားခဲ့သည္မွာ အမွန္ပင္။
ဘယ္ဘက္သို႔ အကုန္စုသိမ္းထားသည့္ဆံပင္မ်ားကို မထိန္းႏိုင္ဟန္တူေသာ ညာဘက္မွကႏုတ္ခက္ဟာ အနည္းငယ္ပုံပ်က္ၿပီး ျပဳတ္က်ခ်င္ေနသည္။ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ထိုကႏုတ္ခက္မ်ားေပၚေရာက္သြားသည့္သူ႔လက္မ်ား။
မင္းသားဂြၽန္၏႐ုတ္တရက္ဆန္ေသာအျပဳအမူေၾကာင့္ လန႔္သြားသည့္ထယ္ေယာင္းမွာ အေရွ႕ရွိ မင္းသားဂြၽန္အား မ်က္လႊာပင့္ကာသာၾကည့္မိေတာ့သည္။ ထိပ္တိုက္ေတြ႕ဆုံမိပါေသာ မင္းသားဂြၽန္ရဲ႕မ်က္ဝန္းမ်ားက ရာဇမာန္ခ်ီကာ ဝင့္ထည္လ်က္။
"ကိုယ္ေတာ္တို႔ခ်ီမွာေတာ့ ကေခ်သည္ေတြက ေ႐ႊဝတ္ဆင္ခြင့္မရွိဘူး...ၿပီးေတာ့...ေက်ာက္စိမ္းေရာပဲ"
ပုံပ်က္ေနသည္ဟုယူဆရေသာသူ႔ဆံဖိခက္ကိုေနရာတက်ျဖစ္ေစသည္။ၿပီးေနာက္ အေရွ႕မွဆံပင္မ်ားအား လက္တစ္ဖက္ျဖင့္အသာအယာ အေနာက္သို႔ပို႔ေပးသည့္မင္းသားဂြၽန္။ နီးကပ္ေနတဲ့အေနအထားမွာ သူအသက္ပင္မရွဴရဲခဲ့။
ဒါေပမယ့္ သူ႔အရွင္ရဲ႕ခ်ီးျမႇင့္မႈကို ယဥ္ေက်းမႈမရွိထိကိုင္ကာ သူ႔ကိုပါေဝဖန္လိုက္သည့္ မင္းသားဂြၽန္အေပၚေတာ့ သူစိတ္ဆတ္သြားရသည္။
"မင္းသားဂြၽန္သတိထားသင့္ပါတယ္...ကြၽန္ေတာ္မ်ိဳးက စုန႔္ျပည္ရဲ႕ေတာ္ဝင္အမ်ိဳးသားကေခ်သည္တစ္ေယာက္ပါ...အရပ္တကာကိုလိုက္ၿပီး လူတကာကိုကျပေဖ်ာ္ေျဖေနတဲ့သာမာန္ကေခ်သည္တစ္ေယာက္မဟုတ္ပါဘူး"
ခ်ီႏိုင္ငံရဲ႕အိမ္ေရွ႕စံ။
ေနာက္တက္မယ့္ဧကရာဇ္အေလာင္းအလ်ာအား မ်က္ေတာင္တစ္ခ်က္မခတ္ပဲ သတိေပးစကားဆိုရဲသူမွာ ေသးငယ္သိမ္ႏုပ္ေသာစုန႔္ျပည္၏ကေခ်သည္တစ္ေယာက္ျဖစ္ေနသည္။
"စုန႔္ျပည္က ခ်ီႏိုင္ငံအတြက္ ပဏၰာဆက္ႏိုင္ငံထက္မပိုဘူးဆိုတာလဲ မင္းသိထားသင့္တယ္...ကိုယ္ေတာ့္နန္းတက္ပြဲကမၾကာခင္က်င္းပရေတာ့မယ္... စုန႔္ျပည္ကလက္ေဆာင္တစ္ခုခုျပင္ဆင္ထားရေတာ့မွာပဲ"
ထိုစကားဟာ အိမ္ေရွ႕မင္းသားဂြၽန္ကဲ့သို႔ေသာဧကရာဇ္အေလာင္းအလ်ာတစ္ေယာက္အဖို႔ ေျပာရန္မသင့္သည့္စကားတစ္ခြန္းျဖစ္ေနခဲ့သည္။စကား၏အတိမ္အနက္ကိုနားလည္ေသာ အေနာက္ပါးမွ ကိုယ္ရံေတာ္လီထိုက္မွာ မ်က္စိပ်က္ မ်က္ႏွာပ်က္ျဖစ္သြားရသလို အျပာႏုေရာင္နဲ႔ ေယာက္်ားပ်ိဳသည္လည္း ထိန္းခ်ဳပ္ထားရသည့္ေဒါသေၾကာင့္မ်က္ေတာင္တဖ်တ္ဖ်တ္ခတ္လ်က္။
"ကြၽန္ေတာ္မ်ိဳးရဲ႕ စိတ္ဝိဉာဥ္မွတပါး အသက္နဲ႔ခႏၶာဟာ မင္ဘုရင္အစိုးရသလိုျဖစ္ပါလိမ့္မယ္"
ထိုစကားကိုေတာ့ အေရွ႕မွအျပာေရာင္ငယ္ကတည္ၿငိမ္စြာျဖင့္ျပန္ေျပာခဲ့သည္။ ထင္ထားတာထက္လိမၼာပါးနပ္ေသာသူေၾကာင့္ မင္းသားဂြၽန္ရဲ႕ႏႈတ္ခမ္းပါးထက္ ေက်နပ္ဟန္ရေသာအၿပဳံးတစ္ခုျဖစ္ေပၚသည္။
အေရွ႕ပါးသို႔တိုးကပ္လာကာ ရင္ဘတ္ခ်င္းကပ္လုနီးနီးအေနအထားေၾကာင့္ ထယ္ေယာင္းကိုယ္ေလးအေနာက္သို႔ခပ္႐ို႕႐ို႕က်ဳံ႔မိသည္။
"တစ္ေန႔ေတာ့ မင္းရဲ႕ဆံပင္ကဒီေ႐ႊကႏုတ္ေတြကို ကိုယ္ေတာ္ခ်ိဳးဖ်က္ျပမယ္"
လႈတ္ရွားသြားယုံမွ်ေသာႏႈတ္ခမ္းပါးဆီမွထြက္လာသည့္ေလသံေအးေအး။ထိုစကားသည္ကား ထယ္ေယာင္းတစ္ေယာက္မွ လြဲ၍မည္သူမွ်ၾကားမည္မဟုတ္ေသာစကား။
ခပ္ဖြဲဖြဲက်ဆင္းလ်က္ရွိေသာမိုးထဲသို႔ သူ၏ကိုယ္ရံေတာ္ႏွင့္အတူ ထြက္သြားသည့္မင္းသားဂြၽန္အား သူတို႔သုံးေယာက္ အ႐ိုအေသျပဳလိုက္သည္။
အျပာေရာင္ငယ္ရဲ႕ အဓိပၸာယ္ေဖာ္မရေသာအၿပဳံးတစ္ခုကိုေတာ့ ေက်ာခိုင္းသြားခဲ့သည့္ မင္းသားဂြၽန္မျမင္ႏိုင္ခဲ့ပါ။
__________________________
"ဒီသတင္းကို မင္းႀကီးၾကားေလာက္ၿပီထင္တယ္"
သူ႔ဆံႏြယ္မ်ားအား ဘီးျဖင့္ရွင္းလင္းၿဖီးတင္ေပးေနသည့္အေနာက္နားမွ ႏိုအြန္း၏စကားသံ။ဝါက်င္က်င္ေၾကးမုံထက္ေပၚေနသည့္သူ၏ပုံတူဆီမွ အၿပဳံးတစ္ခုေပၚလာခဲ့သည္။
"လြန္ခဲ့တဲ့ႏွစ္ေပါင္းသုံးရာေလာက္က ဂိုရာဇ္အင္ပါယာပ်က္စီးသြားခဲ့တာဘာေၾကာင့္လို႔ထင္လဲႏိုအြန္း"
မ်က္ေမွာင္ကုပ္ကာ ေခတၱေတြးေတာဟန္ျပဳသည့္ႏိုအြန္းက အေျဖကိုမသိေတာ့ဟန္ျဖင့္ သူ႔ကိုစပ္ၿဖီးၿဖီးၾကည့္လာသည္။
"ျပည့္တန္ဆာတစ္ေယာက္ေၾကာင့္ေလ"
"ဟင္"
အာေမဋိတ္တစ္ခုနဲ႔အတူ သူ႔အေျဖကိုအံ့ဩသြားဟန္ရသည့္ကေလးေၾကာင့္ထပ္မံ၍ၿပဳံးမိသည္။
"လွပမႈဆိုတာ တန္ဖိုးထားတတ္သူလက္ထဲမွာပဲထာဝရတည္တံ့တယ္ ႏိုအြန္း...ပိုးစုန္းၾကဴးေတြကလွလို႔ဆိုၿပီး ဖမ္းယူလိုက္ရင္ လက္ပူေလာင္ၿပီးကိုယ့္လက္ထဲမွာေသသြားမွာေပါ့..."
ငယ္စဥ္ကတည္းက သူလိုက္မမွီသည့္မင္းသားငယ္ရဲ႕အေတြးအေခၚမ်ားကို ယခုေတာ့နဲနဲျဖစ္ျဖစ္သူသေဘာေပါက္လာၿပီ။
"လွပမႈဆိုတာအဆိပ္အေတာက္တစ္ခုပဲ...သတိတစ္ခ်က္လႊတ္တာနဲ႔အရာအားလုံးကိုပ်က္စီးေစတယ္...ဂိုရာဇ္အင္ပါယာဟာ လွပတဲ့ျပည့္တန္ဆာတစ္ေယာက္ေၾကာင့္ ပ်က္စီးသြားခဲ့တယ္...သူမနာမည္က 'ဟန္'လို႔ေခၚတယ္...အဲ့ဒီေခတ္ ကဗ်ာဆရာေတြက သူမအလွလွကိုအမ်ိဳးမ်ိဳးတင္စားၿပီး ကဗ်ာေပါင္းမ်ားစြာေရးဖြဲ႕ထားၾကတယ္ စစ္သူႀကီးလီနန္ရဲ႕မွတ္တမ္းတစ္ခုမွာ ဟန္ဟာ သူမရဲ႕လွပမႈေၾကာင့္ အႀကိမ္ႀကိမ္အဆုံးစီရင္ဖို႔ႀကိဳးစားခဲ့ဖူးတယ္တဲ့...မင္းဧကရာဇ္ေတြအပါအဝင္ သူမကိုျမင္ေတြ႕ဖူးတဲ့ေယာက္်ားေတြဟာ သူမရဲ႕အလွမွာပဲ သြက္သြက္ခါေအာင္႐ူးသြားၾကတယ္...အဲ့ဒီအလွဟာ အဆိပ္မွန္းသိရက္နဲ႔သူတို႔က ေသာက္သုံးမိၾကတာတဲ့ေလ"
"အဲ့လိုလူေတြအတြက္ေတာ့ လွပမႈကခ်ိဳၿမိန္တဲ့အဆိပ္အေတာက္ပဲ...အဲ့ဒီထဲမွာစစ္သူႀကီးလီနန္လဲပါဝင္ခဲ့တယ္...သူသာ ဟန္ရွိတဲ့ယြန္းျပည္ကို စစ္မခ်ီခဲ့ရင္ တိုက္ပြဲျဖစ္လာမွာမဟုတ္သလို...မာရာဇ္အင္ပါယာလဲပ်က္စီးသြားခဲ့မွာမဟုတ္ဘူး"
ထိုစကားသံသည္ကား သူတို႔အေနာက္ပါးမွထြက္ေပၚလာသည္။ စင္စစ္မူကား စုန႔္ျပည္အရွင္ထံမွထြက္ေပၚလာျခင္း။
"မင္းႀကီးကိုဂါရဝျပဳပါတယ္"
ႏိုအြန္းကဂါရဝျပဳလာေပမယ့္ တစ္စုံတစ္ေယာက္ကေတာ့ေက်ာခိုင္းထားရာမွလွည့္မၾကည့္။
"အရွင္တို႔သီးသန႔္စကားေျပာစရာရွိလို႔ ႏိုအြန္းေရွာင္ေပးပါ"
"အမိန႔္အတိုင္းပါအရွင္"
ႏိုအြန္းထြက္သြားၿပီးေနာက္ အေဆာင္အတြင္းက်န္ေနသည္က သူႏွင့္ထယ္ေယာင္းႏွစ္ေယာက္သာ။
ႏိုအြန္းခ်ထားသည့္ဘီးကိုယူကာ သူ႔ဆံပင္အားၿဖီးရင္း ေအးေအးလူလူထိုင္ေနသည္။
"သတင္းေတြၾကားတယ္..."
"ဘာသတင္းေတြၾကားလာျပန္ၿပီလဲအရွင္...ေယာင္းမသိတဲ့ အတင္းအဖ်င္းသတင္းေတြဆိုရင္ေတာ့..."
"မင္းသားဂြၽန္ ဒီအေဆာင္လာသြားတယ္ဆိုတဲ့သတင္း"
သူ႔စကားေၾကာင့္ ေခါင္းၿဖီးေနသည့္လက္တို႔တန႔္သြားသည္။ ေၾကးမုံထဲကေနသူ႔ကိုၾကည့္လာသည္မို႔...
"မင္းသားဂြၽန္က သူ႔ရဲ႕နန္းတက္ပြဲမွာ ေသခ်ာေပါက္မင္းကို ပဏၰာအျဖစ္ေတာင္းမွာပဲ"
"ေတာင္းရင္လဲေပးတာကလြဲၿပီး အရွင္ဘာတတ္ႏိုင္လို႔လဲ"
ဝတ္႐ုံေအာက္မွလက္သီးကိုက်စ္က်စ္ဆုပ္မိေပမယ့္ ေလသံေလ်ာ့လိုက္ကာ...
"မင္းကိုမေပးရေအာင္ေတာ့ အရွင္တတ္ႏိုင္သမွ်ႀကိဳးစားမွာ"
"အညတရကေခ်သည္တစ္ေယာက္ေၾကာင့္ ၿငိမ္းခ်မ္းေရးေတြပ်က္ျပားသြားရင္ သမိုင္းမွာလူေျပာစရာျဖစ္ေတာ့မွာပဲ"
ေျပာရခက္ၿပီး သူ႔စကားေတြကိုအေလးမထားတတ္တာသိတယ္။ ဒါေပမယ့္ သူ႔ကိုပဏၰာအျဖစ္မဆက္ရဖို႔ ေတြးေတာပူပန္ေနရတဲ့ သူ႔စိတ္ကိုေတာ့သိသင့္တယ္မလား။
"အရွင္စကားေျပာရင္ တစ္ခါပဲျဖစ္ျဖစ္အေရးစိုက္ေပးပါဦးလား အငယ္ေတာ္"
ဒီတစ္ခါမွာေတာ့ ေဒါသတို႔စြက္သြားသည့္ သူ႔စကားေၾကာင့္ ေက်ာေပးထားရာမွလွည့္လာသည္။ အေပၚ႐ုံမထပ္ရေသးသည့္အငယ္ေတာ္က သာမာန္အျဖဴေရာင္ဝတ္႐ုံႏွင့္။
"ကြၽန္ေတာ္သြားစရာရွိတယ္အရွင္...အခ်ိန္နီးေနၿပီမို႔ပါ"
အငယ္ေတာ္ဟာသူ႔အားဘယ္ေသာအခါမွမေခၚပါ။ထို႔တိုင္သူဟာ အငယ္ေတာ္ဆီအၿမဲလာခဲ့သူ။ ၿပီးလွ်င္ အငယ္ေတာ္ဆီက အၿမဲအႏွင္ခံရသူ။
"ဟိုအိမ္ေရွ႕မင္းသားရဲ႕အေဆာင္...သူ႔မွာကေခ်သည္ေတြအမ်ားႀကီးရွိတယ္ ထယ္ေယာင္း...သူ႔သတင္းေတြမင္းၾကားတယ္မလား...အႏုပညာဆိုတဲ့အရာကိုဘာမွန္းေတာင္မသိတဲ့အဲဒီမင္းသားက မင္းလိုကေခ်သည္ကိုဘာေၾကာင့္ေခၚတာျဖစ္လဲ"
တစ္ဖက္သို႔လွည့္သြားကာ လေရာင္ဝင္ေနသည့္ျပတင္းဘက္သို႔သြားရပ္သည္။
"ဒီေန႔ည ကြၽန္ေတာ္မင္းသားဂြၽန္ဆီခစားရမယ့္အေၾကာင္းျပခ်က္က အဲဒီေတာင္းဆိုမႈကို အရွင္မျငင္းႏိုင္ခဲ့လို႔ပဲေလ"
အငယ္ေတာ္ဟာအရႈိက္တည့္တည့္ထိေအာင္ေျပာလာသည္။သူဘာမွျပန္မေျပာႏိုင္။တိတ္ဆိတ္ေနစဥ္မွာပဲ စကားဆက္လာျပန္သည္။
"လူတိုင္းကိုအရွင့္စိတ္နဲ႔မႏႈိင္းပါနဲ႔ ကြၽန္ေတာ္က ကေခ်သည္ပါအရွင္ မာရာဇ္အင္ပါယာကိုပ်က္ေစတဲ့ ဟန္လို ျပည့္တန္ဆာမဟုတ္ပါဘူး...ကြၽန္ေတာ့္အႏုပညာကိုခံစားဖို႔ရည္႐ြယ္ခ်က္နဲ႔ေခၚသည္ျဖစ္ေစ၊ တစ္ျခားေသာရည္႐ြယ္ခ်က္နဲ႔ေခၚသည္ျဖစ္ေစ ကြၽန္ေတာ္သြားရမွာပဲ"
သူ႔အေနာက္နားမွအရွင့္ရဲ႕ေျခသံကိုသူၾကားရသည္။ၾကာနံ႔သင္းသင္းနဲ႔အတူ အရွင္ဟာသူ႔အနားသို႔တိုးကပ္လာခဲ့သည္မွန္းခံစားမိသည္။ ေနာက္ဆုံးသူ႔ကိုယ္ငယ္ဟာ အရွင့္ေထြးဖက္မႈမွာ ၿငိမ္သက္လ်က္။လေရာင္ေအာက္မွ ဒီအေနအထားဟာ တမ္းတလြမ္းေမာဖြယ္ရာခံစားခ်က္မ်ားကိုတနင့္တပိုးေပးစြမ္းလာေတာ့ ရင္ထဲေန၍မေကာင္း။
"အခုခ်က္ခ်င္းပဲျဖစ္ျဖစ္ မင္းေနမေကာင္းျဖစ္သြားရင္သိပ္ေကာင္းမွာ"
"ကြၽန္ေတာ့္အတြက္ေတာ့ အရွင္ထြက္သြားေပးရင္သိပ္ေကာင္းမွာ"
ဆံစတို႔ကိုအသာဖယ္လ်က္ ဂုတ္သားထက္ဖိကပ္နမ္းသည္။ထို႔ေနာက္သူ႔ကိုျပန္လႊတ္ေပးကာ...
"ဒီကိုေရာက္ေနရတဲ့ရည္႐ြယ္ခ်က္ကိုေတာ့မေမ့ပါနဲ႔အငယ္ေတာ္"
"ကြၽန္ေတာ့္လုပ္ရပ္တိုင္းမွာရည္႐ြယ္ခ်က္ရွိၿပီးသားပါ"
အရွင့္အားထိုသို႔ျပန္ေခ်ပေပမယ့္ ေက်နပ္ဟန္မရသည့္အရွင္က သူ႔အားခနဲ႔သံစြက္သည့္စကားကိုဆိုသည္။
"ဘယ္လိုရည္႐ြယ္ခ်က္လဲ...မင္းသားဂြၽန္နဲ႔နီးစပ္ဖို႔လား"
သူ႔အားေမးရက္လိုက္သည့္ အရွင့္ရဲ႕ထိုစကား။ ျပတင္းေဘာင္မွာခ်ိတ္ဆြဲထားသည့္ ေက်ာက္စိမ္းဆည္းလည္းအားအသာထိလိုက္ေတာ့ ဆည္းလည္းသံလြင္လြင္တို႔ထြက္က်လာသည္။
"ခ်ီမွာက အမ်ိဳးသားကိုယ္လုပ္ေတာ္ေတြေျမႇာက္စားတယ္...အရွင္ေျပာႏိုင္လို႔လား ကြၽန္ေတာ္လဲ အဲ့ထဲကတစ္ေယာက္ျဖစ္သြားႏိုင္တာပဲ"
"အငယ္ေတာ္"
အသံခပ္က်ိတ္က်ိတ္ျဖင့္သူ႔အားေအာ္သည္။လွည့္ၾကည့္ေတာ့ ပုခုံးကိုဆုပ္ကိုင္ကာဆြဲယူလ်က္...
"မင္းကအရွင့္ရဲ႕အပိုင္...မေမ့စမ္းနဲ႔"
"စိတ္ဝိဉာည္မွတစ္ပါး ကြၽန္ေတာ့္အရာအားလုံးအရွင္ပိုင္တာသိပါတယ္၊ ခနခနသတိေပးစကားမေျပာပါနဲ႔"
လႊတ္ဖို႔မေျပာပဲ တစ္ဖက္သို႔သာမ်က္ႏွာလႊဲသြားသည့္အငယ္ေတာ္အား သူတစ္ကယ္နားမလည္ေတာ့ပါ။
"စကားမမ်ားပဲေနၾကရေအာင္"
သူ႔လက္အားအသာဆုပ္ကိုင္ကာ ထိုေနရာမွဆြဲေခၚလာသည္။ခုတင္ေပၚအလိုက္သိစြာသြားထိုင္ေပးၿပီး အရွင္ျပဳမူေနက်အရာတစ္ခုအတြက္ စိတ္လႈပ္ရွားျခင္းမရွိေစာင့္ေနလိုက္သည္။
ေၾကးမုံအေရွ႕မွ ေျခက်င္းႏွစ္ဖက္ကိုသြားယူၿပီးေနာက္ သူ႔အေရွ႕ျပန္လာကာ စုန႔္ျပည္ရဲ႕ျမင့္ျမတ္တဲ့အရွင္က ကေခ်သည္တစ္ေယာက္ေရွ႕ ရွိသမွ်သိကၡာဖယ္ရွားၿပီး ဒူးတစ္ဖက္ေထာက္ထိုင္ခ်သည္။
အျဖဴေရာင္ဝတ္႐ုံေအာက္မွေျခေထာက္ကိုယူၿပီး ျခဴပါသည့္ေျခက်င္းကို သူ၏ေျခက်င္းဝတ္သြယ္သြယ္မွာ အက်အနဝတ္ေပးသည္။
ထို႔ေနာက္ ထိုအေနအထားႏွင့္ပင္ မ်က္ႏွာေမာ့လ်က္ သူ႔ႏႈတ္ခမ္းလႊာအား ထိကပ္နမ္းလာသည္။
"ရည္႐ြယ္ခ်က္ေတြမေပ်ာက္ေစနဲ႔"
ေနာက္ဆုံးေတာ့ တာဝန္ဆိုေသာအရာကိုသာသတိထပ္ေပးရင္း အေဆာင္ထဲမွထြက္သြားေသာအရွင္။
အရွင့္အေပၚထားရွိေသာခ်စ္ျခင္းမ်ားသည္ သိမ္ငယ္စြာျဖင့္ပစ္ပယ္ခံခဲ့ရဖူးသည္။ နန္းက်ဘုရင္တစ္ပါးရဲ႕ ေျမးမို႔ နန္းက်ေဆာင္၌သာႀကီးျပင္းၿပီး လွ်ိဳ႕ဝွက္ေသာတည္ရွိမႈျဖစ္ခဲ့သည္။
ဘိုးေတာ္မင္းႀကီးနဲ႔ဖခမည္းေတာ္အိမ္ေရွ႕စံကိုေသဆုံးေစၿပီး မယ္ေတာ္အား ကေခ်သည္ျဖစ္လာေစသည့္ၾကမၼာဆိုးသည္ စုန႔္သို႔စစ္ခ်ီခဲ့သည့္ ခ်ီႏိုင္ငံမွအရင္းတည္သည္။ တစ္ခ်ိန္ခ်ိန္မွာ ခ်ီမင္းဆက္ကိုဖ်က္ဆီးႏိုင္ရမည္ဟူေသာ အမုန္းတရားမွအစပ်ိဳးသည့္ထိုစိတ္သည္ ကားတစ္စထက္တစ္စႀကီးမားလာခဲ့ၿပီ။
သူ၏အမုန္းတရားအားအသုံးခ်ေနသည့္အရွင္ဟာ သူ႔ကိုဆုံးရႈံးရမွာေတာ့ေသမတတ္ေၾကာက္ရွာသည္။ သူ႔ေျခရင္းမွာျပားျပားဝပ္ၿပီး ဦးၫႊတ္ေနတတ္သည့္အရွင္က တစ္ကယ္တမ္းေတာ့ သူ႔အလွေၾကာင့္ပဲမလား။
ခိုကိုးစရာဘာမွမရွိတဲ့ေလာကႀကီးထဲ အလွဆိုတဲ့မာနကိုဓားလက္နက္လိုအသုံးခ်ၿပီးရွင္သန္ရတာက သိပ္ကိုေပ်ာ္ေမြ႕စရာေကာင္းမွန္း အရွင္ကသင္ျပေပးခဲ့သည္။
အခုေတာ့ ထိုအလွတရားက အရွင့္လည္ၿမိဳကိုအခ်ိန္မေ႐ြးလွီးျဖတ္ႏိုင္တဲ့ဓားလက္နက္လိုေသျခင္းတရား။
___________________________
ဆီမီးခြက္မ်ားသာထြန္းညႇိထားေပမယ့္ ျပတင္းမွဝင္ေရာက္ေနသည့္လေရာင္ေၾကာင့္ လင္းက်င္းေနသည့္ ဧည့္ခန္းေဆာင္။ လေရာင္ကေတာ့ အျပင္၌ပါ အရာအားလုံးကိုျမင္ရသည္အထိလင္းထိန္ေနသည္။
အပ်ိဳေတာ္တစ္ေယာက္တစ္ေလကိုမွမေတြ႕ရသည့္အျပင္ တူရိယာ တီးခတ္မည့္သူမ်ားပါမရွိသည့္ဧည့္ခန္းက်ယ္ထဲ သူ႔လိုကေခ်သည္ကဘာလုပ္ဖို႔ေရာက္ေနရသနည္း။
တံခါးလွပ္သံနဲ႔အတူ အခန္းထဲသို႔ဝင္ေရာက္လာသူ၏ေျခသံ။ မင္းသားဂြၽန္ဟုထင္လိုက္ေပမယ့္ ေသရည္အိုးသယ္ေဆာင္လာသည့္ အထိန္းေတာ္တစ္ေယာက္ျဖစ္ေနသည္။
"အိမ္ေရွ႕မင္းသားကစာဖတ္တာမၿပီးေသးလို႔ပါ...ခ်ယ္ရီအရက္ပို႔ေပးလိုက္ပါတယ္...မီးကင္ထားတာမို႔ ေႏြးေႏြးေလးနဲ႔ေမြးေတာ့ သခင္ေလးသေဘာက်ေလာက္မွာပါ"
"ကြၽန္ေတာ္ေစာင့္ႏိုင္တာဖို႔ စာကိုေအးေဆးဖတ္ဖို႔အမွာစကားေျပာပါရေစ"
အ႐ိုအေသျပဳၿပီးျပန္ထြက္သြားသည့္အထိန္းေတာ္။ အရက္အိုးတစ္ခုႏွင့္အတူ ခြက္တစ္လုံးသာပါလာသည္မို႔ ဒီအရက္ကသူ႔တစ္ေယာက္ထဲအတြက္သာသီးသန႔္ပို႔ျခင္းျဖစ္လိမ့္မည္။
အနံ႔သင္းသင္း၏ဖိတ္ေခၚမႈေၾကာင့္ ခ်ယ္ရီအရက္အား ခြက္ထဲသို႔ငွဲ႔ကာ ေသာက္ရန္ျပင္လိုက္သည္။ အေငြ႕မွ်င္းမွ်င္းျဖင့္ ပန္းၾကည္ေရာင္သန္းသည့္ အေရွ႕မွအရက္ကို မေသာက္ဘူးဟုျငင္းလွ်င္ ထယ္ေယာင္းက လူအေပမို႔သာ။ ဒီရာသီက တစ္ကယ္ေတာ့ခ်ယ္ရီအရက္ရွားသည့္ရာသီပဲေလ။
ပါးစပ္နားေတ့လိုက္ေတာ့ႏွာဝထဲထိသင္းပ်ံ႕ေမြးလာသည့္အနံ႔။ ႏႈတ္ခမ္းဆီေတ့ကာ ခြက္အားေမာ့လိုက္ေတာ့ ပူေႏြးခါးသက္သည့္အရသာက လွ်ာတစ္ေလွ်ာက္မွတဆင့္လည္ေခ်ာင္းထဲသို႔စီးဝင္သြားသည္။ထို႔ေနာက္တြင္ေတာ့ ရင္ဘတ္တစ္ခုလုံးပူလာသည္။
သူေသာက္ဖူးေနက်ခ်ယ္ရီအရက္မ်ားနဲ႔လုံးဝမတူေသာခံစားခ်က္။အရက္ကအရမ္းျပင္းလြန္းေနသလိုခံစားရၿပီး ပူေနသည့္ခံစားခ်က္ကေလ်ာ့မသြားခဲ့။ တစ္ခုခုေတာ့လႊဲမွားေနသည္မလား။
ဆက္တိုက္ပူပဲပူေနသည့္ရင္ဘတ္အားလက္တစ္ဖက္ျဖင့္အသာဖိကိုင္ကာ ထိုင္ေနရာမွျပဳတ္က်မသြားေစဖို႔လက္တစ္ဖက္ကစားပြဲကိုအားျပဳထားမိသည္။
ခႏၶာကိုယ္ရွိေသြးေၾကာမ်ားမွ ေသြးမ်ားသည္ ႏွလုံးဆီထိုးတက္လာသည္ဟုခံစားေနရသည္။ေအာင့္တက္ကာ ဓားခြၽန္ျဖင့္ထိုးလိုက္သကဲ့သို႔နာက်င္သြားသည့္ဘယ္ဘက္ရင္ဘတ္။တစ္ဆက္တည္းပင္...
"အဟြတ္"
ပါးစပ္ထဲမွအန္ထြက္လာခဲ့သည့္ ေသြးမ်ား။႐ုတ္ခ်ည္းဆိုသလိုပင္ အားေလ်ာ့ကာမူးေဝလာသည္။ ရင္ဘတ္ဆီမွေတာ့စူးစူးရဲရဲနာက်င္ေနဆဲ...
ထပ္မံအန္ထြက္လာသည့္ေသြးမ်ားသည္ အျပာႏုေရာင္သူ႔ဝတ္႐ုံထက္ညစ္ေပစြန္းထင္းလ်က္။
စားပြဲကိုလက္ေထာက္လ်က္အားယူထကာအသိစိတ္မလြတ္ခင္ အေဆာင္ထဲမွထြက္ရန္ႀကိဳးစားရသည္။ အဆိပ္ခတ္ရမည့္သူဟာ မိမိျဖစ္ေနရဲ႕သားနဲ႔ ကိုယ္ကျပန္ၿပီးအဆိပ္မိရသည့္အျဖစ္မို႔ ေဒါသေၾကာင့္လက္သီးကိုသာက်စ္က်စ္ဆုပ္ထားသည္။
ခ်ဴသံမ်ားထြက္ေပၚလာၿပီး ယိုင္နဲ႔ေနေသာေျခလွမ္းမ်ားနဲ႔အတူ တံခါးရွိရာကိုဦးတည္သြားမိေပမယ့္ တစ္စုံတစ္ေယာက္က တံခါးကိုဆြဲဖြင့္ကာအခန္းထဲသို႔ဝင္လာခဲ့သည္။
သူ႔ျမင္ကြင္းေတြေဝဝါးေနေပမယ့္ ထိုလူအားသူမွတ္မိပါသည္။
ကူကယ္ရာမဲ့ၿပီး ေသဆုံးမလားေတာင္မသိတဲ့အေနအထားဆိုရင္ေတာင္ ရန္သူလို႔သတ္မွတ္ထားေသာထိုလူအား ကယ္တင္ဖို႔အကူအညီမေတာင္းခ်င္ပါ။
ျမင္လႊာတစ္ခုလုံးမွိတ္က်သြားၿပီး ေခြက်သြားသည့္ေျခႏွစ္ေခ်ာင္း။ ၾကမ္းျပင္ဆီသို႔လုံးလုံးလ်ားလ်ားလွဲက်သြားခဲ့သည္။ခ်ဴသံမ်ားဟာလဲ တိတ္ဆိတ္ၿငိမ္သက္သြားခဲ့ေတာ့သည္။
The Love Sleeping Under The Moonlight
Create By Jin's Jin Isle From BTS World
Novel By SawLwinYar
15,8,2023
_____________________________