သဘာဝပင်လယ် လေတွေရဲ့တိုက်ခတ်မှုကို သူရှူရှိုက်မိပြီးနောက် သူအနည်းငယ် ရွှင်လန်းလာသော်လည်း ရင်ဘတ်ရဲ့ထောင့်တစ်နေရာကတော့အောင့်ဆဲ...
သူငယ်ချင်းဖြစ်သူတွေရဲ့တိုက်တွန်းမှုကြောင့် သူရောက်လာခဲ့သော်လည်း ထင်သလောက်ပျော်မနေ။ အင်းပေါ့လေ ဘယ်ပျော်ပါ့မလဲ...ကိုယ့်ရဲ့တန်ဖိုးထားစရာတစ်ခုက ပျောက်ဆုံးနေတာလေ..
Yixing "ဒီလိုပုံနဲ့ သူတော့ လုံးပါးပါးတော့မယ်ထင်တယ်"
Yixing လည်းအဝေးကနေ Chanyeolကိုကြည့်ပြီး Sehunအားစကားဆိုမိသည်။
Sehun"ဟုတ်ပါ့ကွာ.. အမြန်ရှာတွေ့စေဖို့မျှော်လင့်တယ်"
ဒီတစ်ခေါက်လည်း နှစ်ယောက်သားမတိုင်ပင်ပါဘဲနဲ့ထပ်မံ သက်မောချမိပြန်ကြသည်။
....
Chanyeol လေညှင်းခံပြီးနောက် ပင်လယ်ကမ်းစပ်ကနေမှ သူတည်းခိုရာနေရာကိုပြန်လာစဥ် သူ့အနောက်မှ သူနဲ့မစိမ်းတဲ့အသံလေးကိုကြားမိရာ မျက်ဝန်းအိမ်မှ မျက်ရည်စများအလိုလို ဝဲလာမိသည်။
" ဘွားဘွား အိမ်ထဲဝင်ရအောင်ပါ နေ့လည်စာသွားစားကြမယ်"
သေချာပေါက် သူ့ရဲ့ကလေးပင်။ ဒီအသံဟာ သူ့ရဲ့နှလုံးအိမ်ကိုအကြိမ်ကြိမ်လှုပ်ခတ်နိုင်စွမ်းရှိသည်။
Chanyeol လည်း အသံကြားရာအနောက်ကို လျင်မြန်လှည့်ကြည့်လိုက်သော်လည်း... မည်သည့်အရိပ်အယောင်ကိုမှမမြင်ရ။ ထိုအသံကြားရာ ဆီကိုလည်း သွားကာရှာကြည့်ပြန်တော့လည်း အချည်းအနှီးသာ။ ဒါမဲ့သူသေချာပေါက်ကြားလိုက်သည်ပင်။
မဟုတ်မှ အသံကိုကြားယောင်နေတာလား။ သူ့အသိစိတ်လွှတ်တာတော့မဖြစ်နိုင်။ ဒါပေမဲ့ထိုနေရာမှာ လူဆိုတဲ့အရိပ်အယောင်ကိုတောင်မမြင်ရတာမလို့ စိတ်မကောင်းဖြစ်သွားမိကာ တစ်ဆက်တည်းမှာ နှလုံးအိမ်သည် အောင့်တက်လာကာ မျက်ဝန်းမှလည်းမျက်ရည်များ ကျလာခဲ့သည်။ ရင်နာစွာနဲ့ပဲ့ တည်းခိုမည့်နေရာကို ဖြေးညှင်းစာပြန်လာခဲ့လိုက်သည်။
....
"ဘွားဘွား ဘယ်လိုလဲစားကောင်းလား"
"အမလေးငါတို့ယောင်းဂုလေးက တော်လိုက်တာ ချစ်ဖို့လည်းကောင်း ဟင်းချက်တာလေးတွေလည်းတော်လိုက်တာ။"
" ဘွားဘွားမြေးပဲ့ကို...ဒါနဲ့စကားမစပ် ဘွားဘွားခုဏကလေ အိမ်ရှေ့မျက်စောင်းထိုးနားမှာ လူတစ်ယောက် တစ်ခုခုရှာနေသလိုပဲ့သိလား။ အိမ်ထဲကိုလည်းလာရှာသေးတယ် ယောင်းဂုက ဘွားဘွားရှိတော့ ဘွားဘွားသိမယ်ထင်လို့ အိမ်ထဲပဲ့ပြန်ဝင်လာခဲ့လိုက်တာ"
"ဟုတ်လား ဘွားဘွားမသိလိုက်ဘူး မြင်လည်းမမြင်မိလိုက်ဘူးကွယ်"
"အခုတော့ပြန်သွားပါပြီ....ဘွားဘွားဟင်းတွေအေးကုန်တော့မယ်..နေ့လည်စာဆက်စားကြမယ်နော်..."
"ဟုတ်ပါပြီကွယ်"
......
"Chanyeol မင်းဘာဖြစ်လာတာလဲကွာ"
Yixingမှာ နေ့လည်စာပြင်ဆင်နေတုန်း ပင်လယ်ဘက်ပြန်လာတဲ့Chanyeolကိုတွေ့တော့ မေးမိလေသည်။ မျက်နှာကလည်းလာတုန်းကထက်ပိုမလန်းတော့...
"ဘာမှမဖြစ်ပါဘူး ထားလိုက်ပါ.."
"အေးပါလာ နေ့လည်စာစားကြမယ်.."
"မစားချင်သေးလို့မင်းနဲ့Sehunပဲ့စားလိုက် ငါတစ်ချက်သွားဦးမယ်"
လို့ဆိုကာ အနောက်Yixingရဲ့တားနေသည့်အသံတွေကို လစ်လျူရှုကာ အပေါ်ထပ်အခန်းထဲဝင်လာခဲ့လိုက်သည်။ ကုတင် နံဘေးကြမ်းပြင်ပေါ်သို့ လေးပင်စွာ ထိုင်ချလိုက်ပြီး ကုတင်ကိုမှီလျက် မျက်ဝန်းကိုအသာအယာမှိတ်လိုက်သည်။ မျက်ဝန်းထောင့်မှမျက်ရည်များအား မသိကျေးကျွန်ပြုလျက်ပင်~~~
.........................
အစကအချီ ficတွေမရေးတော့ဖို့ဆူံးဖြတ်လိုက်ပေမဲ့ အပြီးသတ်ရမှာရယ် ဒီရပ်ဝန်းကနေမခွာချင်တာရယ်နဲ့ ပြန်ရေးဖို့ဆုံးဖြတ်လိုက်တာပါ ပစ်ထားခဲ့မိရင်တောင်းပန်ပါတယ် အမှားပါသွားရင်လည်းခွင့်လွှတ်ပါရှင်..
သဘာဝပင္လယ္ ေလေတြရဲ႕တိုက္ခတ္မႈကို သူရႉရွိုက္မိၿပီးေနာက္ သူအနည္းငယ္ ႐ႊင္လန္းလာေသာ္လည္း ရင္ဘတ္ရဲ႕ေထာင့္တစ္ေနရာကေတာ့ေအာင့္ဆဲ...
သူငယ္ခ်င္းျဖစ္သူေတြရဲ႕တိုက္တြန္းမႈေၾကာင့္ သူေရာက္လာခဲ့ေသာ္လည္း ထင္သေလာက္ေပ်ာ္မေန။ အင္းေပါ့ေလ ဘယ္ေပ်ာ္ပါ့မလဲ...ကိုယ့္ရဲ႕တန္ဖိုးထားစရာတစ္ခုက ေပ်ာက္ဆုံးေနတာေလ..
Yixing "ဒီလိုပုံနဲ႕ သူေတာ့ လုံးပါးပါးေတာ့မယ္ထင္တယ္"
Yixing လည္းအေဝးကေန Chanyeolကိုၾကည့္ၿပီး Sehunအားစကားဆိုမိသည္။
Sehun"ဟုတ္ပါ့ကြာ.. အျမန္ရွာေတြ႕ေစဖို႔ေမွ်ာ္လင့္တယ္"
ဒီတစ္ေခါက္လည္း ႏွစ္ေယာက္သားမတိုင္ပင္ပါဘဲနဲ႕ထပ္မံ သက္ေမာခ်မိျပန္ၾကသည္။
....
Chanyeol ေလညွင္းခံၿပီးေနာက္ ပင္လယ္ကမ္းစပ္ကေနမွ သူတည္းခိုရာေနရာကိုျပန္လာစဥ္ သူ႕အေနာက္မွ သူနဲ႕မစိမ္းတဲ့အသံေလးကိုၾကားမိရာ မ်က္ဝန္းအိမ္မွ မ်က္ရည္စမ်ားအလိုလို ဝဲလာမိသည္။
" ဘြားဘြား အိမ္ထဲဝင္ရေအာင္ပါ ေန႕လည္စာသြားစားၾကမယ္"
ေသခ်ာေပါက္ သူ႕ရဲ႕ကေလးပင္။ ဒီအသံဟာ သူ႕ရဲ႕ႏွလုံးအိမ္ကိုအႀကိမ္ႀကိမ္လႈပ္ခတ္နိုင္စြမ္းရွိသည္။
Chanyeol လည္း အသံၾကားရာအေနာက္ကို လ်င္ျမန္လွည့္ၾကည့္လိုက္ေသာ္လည္း... မည္သည့္အရိပ္အေယာင္ကိုမွမျမင္ရ။ ထိုအသံၾကားရာ ဆီကိုလည္း သြားကာရွာၾကည့္ျပန္ေတာ့လည္း အခ်ည္းအႏွီးသာ။ ဒါမဲ့သူေသခ်ာေပါက္ၾကားလိုက္သည္ပင္။
မဟုတ္မွ အသံကိုၾကားေယာင္ေနတာလား။ သူ႕အသိစိတ္လႊတ္တာေတာ့မျဖစ္နိုင္။ ဒါေပမဲ့ထိုေနရာမွာ လူဆိုတဲ့အရိပ္အေယာင္ကိုေတာင္မျမင္ရတာမလို႔ စိတ္မေကာင္းျဖစ္သြားမိကာ တစ္ဆက္တည္းမွာ ႏွလုံးအိမ္သည္ ေအာင့္တက္လာကာ မ်က္ဝန္းမွလည္းမ်က္ရည္မ်ား က်လာခဲ့သည္။ ရင္နာစြာနဲ႕ပဲ့ တည္းခိုမည့္ေနရာကို ေျဖးညွင္းစာျပန္လာခဲ့လိုက္သည္။
....
"ဘြားဘြား ဘယ္လိုလဲစားေကာင္းလား"
"အမေလးငါတို႔ေယာင္းဂုေလးက ေတာ္လိုက္တာ ခ်စ္ဖို႔လည္းေကာင္း ဟင္းခ်က္တာေလးေတြလည္းေတာ္လိုက္တာ။"
" ဘြားဘြားေျမးပဲ့ကို...ဒါနဲ႕စကားမစပ္ ဘြားဘြားခုဏကေလ အိမ္ေရွ႕မ်က္ေစာင္းထိုးနားမွာ လူတစ္ေယာက္ တစ္ခုခုရွာေနသလိုပဲ့သိလား။ အိမ္ထဲကိုလည္းလာရွာေသးတယ္ ေယာင္းဂုက ဘြားဘြားရွိေတာ့ ဘြားဘြားသိမယ္ထင္လို႔ အိမ္ထဲပဲ့ျပန္ဝင္လာခဲ့လိုက္တာ"
"ဟုတ္လား ဘြားဘြားမသိလိုက္ဘူး ျမင္လည္းမျမင္မိလိုက္ဘူးကြယ္"
"အခုေတာ့ျပန္သြားပါၿပီ....ဘြားဘြားဟင္းေတြေအးကုန္ေတာ့မယ္..ေန႕လည္စာဆက္စားၾကမယ္ေနာ္..."
"ဟုတ္ပါၿပီကြယ္"
......
"Chanyeol မင္းဘာျဖစ္လာတာလဲကြာ"
Yixingမွာ ေန႕လည္စာျပင္ဆင္ေနတုန္း ပင္လယ္ဘက္ျပန္လာတဲ့Chanyeolကိုေတြ႕ေတာ့ ေမးမိေလသည္။ မ်က္ႏွာကလည္းလာတုန္းကထက္ပိုမလန္းေတာ့...
"ဘာမွမျဖစ္ပါဘူး ထားလိုက္ပါ.."
"ေအးပါလာ ေန႕လည္စာစားၾကမယ္.."
"မစားခ်င္ေသးလို႔မင္းနဲ႕Sehunပဲ့စားလိုက္ ငါတစ္ခ်က္သြားဦးမယ္"
လို႔ဆိုကာ အေနာက္Yixingရဲ႕တားေနသည့္အသံေတြကို လစ္လ်ဴရႈကာ အေပၚထပ္အခန္းထဲဝင္လာခဲ့လိုက္သည္။ ကုတင္ နံေဘးၾကမ္းျပင္ေပၚသို႔ ေလးပင္စြာ ထိုင္ခ်လိဳက္ၿပီး ကုတင္ကိုမွီလ်က္ မ်က္ဝန္းကိုအသာအယာမွိတ္လိုက္သည္။ မ်က္ဝန္းေထာင့္မွမ်က္ရည္မ်ားအား မသိေက်းကြၽန္ျပဳလ်က္ပင္~~~
.........................
အစကအခ်ီ ficေတြမေရးေတာ့ဖို႔ဆူံးျဖတ္လိုက္ေပမဲ့ အၿပီးသတ္ရမွာရယ္ ဒီရပ္ဝန္းကေနမခြာခ်င္တာရယ္နဲ႕ ျပန္ေရးဖို႔ဆုံးျဖတ္လိုက္တာပါ ပစ္ထားခဲ့မိရင္ေတာင္းပန္ပါတယ္ အမွားပါသြားရင္လည္းခြင့္လႊတ္ပါရွင္..