ရက်သတ္တပတ် တစ်ခုကို ကျော်လွန်ပြီးနောက် Taehyung သတိရလာခဲ့သည်။ သူ သတိရပြီးပြီးချင်း ပထမဆုံး တွေ့ချင်မိသည်က သူ့ကလေးလေးကိုသာ ဖြစ်သည်။
သို့သော် အခုထိ ဘေးနား ရောက်မလာသေးသည့် Jungkook ကြောင့် သူ စိတ်အနည်းငယ်တော့ ဆိုးမိသေးသည်။
အဖေက ဘေးကနေ တစ်လျှောက်လုံး အဆင်ပြေရဲ့လား၊ သက်သာရဲ့လား ဆိုသည့် စကားတွေ တရစပ်မေးပြီး စိုးထိတ်နေလေ၏။
Taehyung သက်သာလာပြီးနောက် သူ့အတွေးတွေ ရောက်သွားသည်က မတော်မဆမှု ဖြစ်သည့် နေ့ကို...
ကားနှစ်စီးက သူ့ဆီ တိုးဝင်လာပုံ၊ အရှိန်ပြင်းပြင်းနဲ့ တရကြမ်း တိုးဝင်လာသည်က သမားရိုးကျ မဟုတ်။
"လူနာ သတိရလာပြီဆိုတော့ မေးခွန်းလေး နည်းနည်း မေးခွင့်ပြုပါ"
မှုခင်းရဲတစ်ချို့ ရောက်လာကြသည်။ သူ အခုချိန်မှာ ဘာအမေးအမြန်းမှ ပြန်မဖြေချင်သေးသော်လည်း စိတ်ကို လျော့ချထားလိုက်ကာ စစ်ဆေးခံဖို့ ပြင်လိုက်ရသည်။
"အဲ့နေ့က Taehyung ဘယ်က ပြန်လာတာပါလဲ"
"အိမ်ပြာတော်ကနေ သမ္မတရှင်းနဲ့ ညစာ စားပြီး ပြန်လာတာပါ"
"အချိန်ကိုရော မှတ်မိပါရဲ့လား"
"၉ နာရီ ဝန်းကျင်လောက်ရှိပါပြီ"
သူ့ဘက်က ပြန်ဖြေသမျှကို ရဲတွေက လိုက်မှတ်နေလေ၏။
"Jeon Jungkook ကတော့ တစ်ချို့ အကြောင်းအရာတွေကို ဖြေကြားပေးခဲ့ပါတယ်... CCTV မှတ်တမ်းတွေကို စစ်ဆေးဖို့ ကြိုးစားပေမယ့် အဲ့ဘက်ခြမ်းက camera တွေ အကုန်လုံး ပျက်စီးနေခဲ့ပါတယ်။ Jungkook ရဲ့ အဖြေရော၊ Taehyung ရဲ့ အဖြေကိုရော တွက်ချက်ကြည့်ရင် ဒါက ရည်ရွယ်ချက်ရှိရှိ လုပ်ကြံမှုအဖြစ် ကောက်ချက်ချနိုင်ပါတယ်"
Taehyung မငြင်းဆန်ဘဲ ခေါင်းညှိတ်လိုက်မိသည်။ သူ့လို တပ်သားတစ်ယောက်အတွက် ဒီကိစ္စကိုလည်း တွက်ချက်ခဲ့ပြီးသား ဖြစ်သည်။
မှုခင်းရဲတွေက စုံစမ်းမှုတွေ စလုပ်ဖို့ စခန်းကို ပြန်သွားကြသည်။
ထို့နောက်မှ Jungkook ရောက်လာခဲ့သည်။ သူ သတိရပြီဆိုသည့် သတင်းကို ကြားတော့ စွပ်ပြုတ်ကလေး လုပ်ပေးနေရင်း နောက်ကျနေခဲ့သည်။
သို့သော် ဆေးရုံကို ရောက်တော့ သူ့ကို စိတ်ဆိုးနေသည့် ကိုကို့ မျက်နှာဆူပုတ်ပုတ်ကိုသာ တွေ့လိုက်ရ၏။
"ကိုကို့ အတွက် စွပ်ပြုတ်ကလေး လုပ်ပေးနေရင်း နောက်ကျသွားရတာပါ။ စိတ်မဆိုးပါနဲ့နော်... ကိုကို ဘယ်နားက နာနေသေးလဲ။ ကျွန်တော့်ကိုရော မှတ်မိရဲ့လား။ Jeon Jungkook ကို မမေ့ဘူး မဟုတ်လား"
တစ်ပတ်တိုင်တိုင် မေ့မျောနေခဲ့တာမို့ သူ့မှာ စိုးရိမ်စိတ်တွေ အခုထိ မပျောက်သေးပါဘူး။
"မေ့တော့ မမေ့ပေမယ့် နိုးလာတော့ ပထမဆုံး မတွေ့ရလို့ စိတ်တော့ ဆိုးတယ်"
နှုတ်ခမ်းတွေကို အရှေ့ဘက် အနည်းငယ် ထွက်လာသည်အထိ ဆူထားပြီး မျက်စောင်းထိုးကာ ပြောနေသည့် ကိုကို့ကို သူ့မှာ အသည်းမယားဘဲ မနေနိုင်တော့။
လူနာ ကုတင်ပေါ် တက်လာလိုက်ပြီး ပါးနှစ်ဘက်ကို ညှစ်ကိုင်ကာ ဆူထွက်လာသည့် နှုတ်ခမ်းလွှာတွေပေါ် တစ်ချက် ဖိကပ်ပစ်လိုက်မိတော့သည်။
ကိုကိုက စိတ်ဆိုးမာန်ဆိုးဖြင့် ရင်ဘတ်ကို တွန်းထုတ်သော်လည်း သူ မဖယ်ပေးမိ။ ကိုကို့ နှုတ်ခမ်းပါးက နူးညံ့နေပြီး နွေးထွေးလှသည်။
ဘေးတစ်ဘက်မှာ ချထားသည့် သူ့ဖုန်းဆီက အသံမြည်လာတော့ နှမြောစွာ နှုတ်ခမ်းပါးလေးကို ဖယ်ခွာပေးလိုက်ရသည်။
"ဘာလဲ Jack... မြန်မြန်ပြော ကိုကိုက အခုမှ နိုးလာတာ။ စွပ်ပြုတ်တိုက်ရဦးမယ်"
အကူအညီတောင်းထားသည့် သူငယ်ချင်းကြီးကို ဝမ်းသာအားရ သတင်းလှမ်းပို့ရန် ဖုန်းဆက်လိုက်သော်လည်း ခပ်မြန်မြန်ပြောဖို့သာ ဆူအောင့်အောင့် ပြောလာသည်မို့ Jack တို့ ဒေါသက ထွက်လာတော့သည်။
"ဟေ့ကောင် မင်းစုံစမ်းခိုင်းတဲ့ဟာ သိရလို့ ဆက်တာကွ... ေ-ာက်ရေးမကြီးပဲ အချိန်ကုန်ခံပြီး မဆက်ဘူး"
"မင်းပြောနေတာနဲ့တင် အချိန်ကုန်တယ်။ မြန်မြန်ပြော"
"ဟိုနေ့က Taehyung ရဲ့ ကားနဲ့ ပြဿနာဖြစ်တာက Demon တွေရဲ့ ကားလို့ထင်တယ်။ မသေချာပေမယ့် သူတို့ ကားနှစ်စီးက ဆိုလ်းက ဘော်ဒီရုံမှာ ပြင်နေတယ်လို့ သတင်းကြားတယ်။ တစ်စီးက ခေါင်းခြမ်းေတွ ကြေမွနေ
ေပမယ့် နောက်တစ်စီးက အပျက်အစီး သိပ်မရှိဘူး။ ကားနှစ်စီးက အနက်ရောင် Toyota... demon မှာ ငါတို့ သူလျှိုရှိလို့ အဲ့ဒီလောက်တော့ သိရတယ်။ Taehyung ကိုတော့ မေးကြည့်ဦး"
"အင်း ငါနောက်မှ ပြန်ဆက်လိုက်မယ်"
ဖုန်းကို ချလိုက်ပြီး ကိုကို့ကို ကြည့်လိုက်မိသည်။
"မင်း ဘာတွေ လုပ်နေပြန်ပြီလဲ Jungkook... Venom နဲ့ ပြန်ပေါင်းနေတာလား။ Jack တို့နဲ့ သူငယ်ချင်းလို ဆက်ဆံတာကို ခွင့်ပြုပေမယ့် Venom ရဲ့ ဂိုဏ်းသားအနေနဲ့ဆို ကိုကို လုံးဝ ခွင့်မပြုနိုင်ဘူးနော်"
"ကျွန်တော် ဒီကိစ္စပြီးရင် လုံးဝ ရပ်မှာပါ။ ဒါပေမယ့် ကိုကို့ကို အခုလို ထိခိုက်စေတဲ့လူကို ကျွန်တော် လုံးဝ အလွတ်မပေးနိုင်ဘူး။ တကယ်ဆို ကိုကိုက ဒီကိစ္စတွေနဲ့ လုံးဝ မသက်ဆိုင်ဘူးလေ။ တမင် ရန်စပြီး အသက်အန္တရာယ်အထိ ဒုက္ခပေးတာ။ ကိုကိုပြောပါ... အဲ့နေ့က ကားနှစ်စီးက အနက်ရောင် Toyota တွေလား"
ကိုကိုက နှုတ်ဆိတ်နေသည်။ လုံးဝ ပြန်မဖြေဘဲ မျက်နှာကိုလည်း တစ်ဘက်လှည့်သွား၏။
"ရဲတွေကို အကုန် ပြောပြပြီးသား... ဒါက သူတို့ အလုပ်။ မင်းနဲ့ မဆိုင်ဘူး။ venom ကနေ ထွက်ခဲ့ပြီးရင် ငြိမ်နေလိုက်ပါတော့လား... အခု venom တွေကို အစိုးရ ရဲတွေ အကုန်လုံးက ခြေရာခံနေကြတာ။ ဒါက သိပ် အန္တရာယ်များလွန်းတယ်။ မင်း တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"
ကိုကို့ရဲ့ စိုးရိမ်စိတ်ကို ကျွန်တော် နားလည်နိုင်ပါသည်။ ဘေးတစ်ဘက် လှည့်နေသည့် ကိုကို့ မျက်နှာကလေးကို ကျွန်တော်နဲ့ မျက်နှာချင်းဆိုင် ဆွဲလှည့်လိုက်ရင်း
"ကိုကိုက စိတ်ပူရမယ့် ဘယ်ကိစ္စကိုမှ ကျွန်တော် မလုပ်ပါဘူး။ demon တွေနဲ့ venom က အရင်တည်းက ရန်စရှိတယ်။ သူတို့က ကျွန်တော့်ကိုလည်း သိတယ်။ Jk အဖြစ်နဲ့ရော Jungkook အနေနဲ့ပါ သိနေကြပြီ။ ဒါ့ကြောင့် ကိုကို့ကို ထိခိုက်အောင် လုပ်ခဲ့တာ... သူတို့တွေ အကုန် အပြတ်ရှင်းခံရမှ ဒါတွေက အဆုံးသတ်နိုင်မှာ။ ကိုကိုက ကျွန်တော့်ကို မသွားခိုင်းရင် ကျွန်တော် မသွားဘူး။ Jack တို့ကို အကူအညီတောင်းထားမှာမို့ စိတ်မပူနဲ့နော်"
Jungkook ရဲ့ ဖြေရှင်းချက် အရှည်ကြီးကို နားထောင်ပြီးနောက် Taehyung အနည်းငယ်တော့ စိတ်သက်သာရာ ရသွားခဲ့သည်။
ထိုအချိန် အပြင်ဘက်မှ တံခါးခေါက်သံနဲ့ အတူ သခင်မလေး ဝင်လာ၏။
"Taehyung သတိရပြီလို့ ကြားကြားချင်း လာခဲ့တာပဲ။ အဖေ့ ကိစ္စတွေ ကူညီနေရတာနဲ့ နောက်ကျသွားတယ်"
"ကိစ္စမရှိပါဘူး။ ကျွန်တော့်ကို ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ်"
"ဒါက စကားထဲတောင် ထည့်ပြောစရာမလိုပါဘူး"
သွေးလှူခဲ့သည့် ကိစ္စကို သူစိမ်းဆန်စွာ ကျေးဇူးတင်ကြောင်း ပြောလာသည့် Taehyung ကို သူ လုံးဝ သဘောမကျပါ။
မကြာခင် စေ့စပ်ကြတော့မည့် သက်ဆိုင်သူတွေ ဖြစ်သည့် သူတို့ နှစ်ယောက်ကြား အခုလို ကျေးဇူးတင်ကြောင်း တခမ်းတနား ပြောနေတာတွေ သူ လုံးဝကို မကြိုက်။
Nari အခန်းထဲကို ဝေ့ဝှိုက်ကြည့်မိတော့ အခန်းထောင့်မှာ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေသည့် Jungkook ကို လှမ်းတွေ့လိုက်ရသည်။
သူ့အနေနဲ့ ဆေးရုံကို ရောက်နေခဲ့တာ ကြာပြီ ဖြစ်သည်။ အခန်းထဲကို မဝင်မီ စကားသံအချို့ကိုလည်း နားထောင်ဖြစ်ခဲ့၏။
"Taehyung အဆင်ပြေတယ်ဆိုရင် ညကျမှ တစ်ခုခု လာပို့ရင်း ထပ်လာခဲ့ပါဦးမယ်။ အဖေလည်း လာတွေ့မယ်လို့ ပြောတယ်။ အခုတော့ Nari ကိစ္စရှိသေးလို့ပါ"
Taehyung ကို နှုတ်ဆက်လိုက်ကာ သူ ခပ်မြန်မြန်ပဲ ထွက်လာခဲ့လိုက်သည်။
ရဲမှူးချုပ်ဆီကို တန်းသွားမိရင်း တွေ့ဆုံဖို့ ခွင့်တောင်းလိုက်သည်။
"မမလေး လာမယ်ဆိုရင် ကြိုပြောတာ မဟုတ်ဘူးဗျာ... ကျွန်တော်က အစည်းအဝေး ဖျက်ထားမှာပေါ့"
ရဲမှူးချုပ်က အပြုံးတွေ ဝေဆာရင်း တလေးတစား ထွက်ကြို၏။ သူ ခပ်ပြုံးပြုံးဖြင့်သာ ရဲမှူးချုပ်ရဲ့ ရုံးခန်းဆီ လိုက်လာခဲ့တော့သည်။
"Nari လာခဲ့တာ စစ်ဆေးစရာလေး ရှိလို့ပါ။ KSD အဖွဲ့က ဒုတပ်မှူး ကင်မ်ကို သိတယ်မဟုတ်လား။ သူ Istanbul မှာ မတော်တဆမှုကြောင့် ဓားဒဏ်ရာ ရခဲ့တယ်လေ... အဲ့ဒီ သက်သေခံ ဓားကို ကြည့်ချင်လို့ပါ"
ရဲမှူးချုပ်က တစ်ချက် စဉ်းစားပြီးမှ ပြန်ဖြေ၏။
"ကျွန်တော်တို့က သက်သေပစ္စည်းတွေကို အထက်အမိန့်မရှိဘဲ အခုလို ထုတ်ပြခွင့်မရှိပါဘူး။ ဒါပေမယ့် မမလေး Nari က တောင်းဆိုလို့ ကူညီပါ့မယ်"
သူ့ လက်ထဲ ရောက်လာသည့် သက်သေခံဓားကြောင့် Nari မျက်နှာက ပြုံးလိုက်မိသည်။
ဓားပေါ်မှာ ထွင်းထားသည့် Jk ဆိုသည့် စကားလုံးနဲ့ အရိုးခေါင်းပုံ အမှတ်အသား...
"Venom ရဲ့ ဂိုဏ်းသားတွေမှာ JK ဆိုတာက ဘယ်လို လူမျိုးလဲ"
"Jk... သူက နာမည်ကြီးတဲ့ ခေါင်းဆောင်တစ်ယောက်ပဲ။ ဂိုဏ်းချုပ်ကို မသိရပေမယ့် သူကတော့ အရာရာကို ဦးဆောင်တယ်လို့ ထင်တယ်။ ကျွန်တော်တို့ သေချာ မသိရသေးပါဘူး။ ဒါပေမယ့် venom နဲ့ တွေ့ဖူးတဲ့ ဂိုဏ်းတစ်ချို့ကို ကျွန်တော်တို့ မိထားတယ်။ သူတို့ ပြောပုံအရ Jk က မျက်လုံးစည်းအနက်တွေကို အမြဲ စည်းထားတယ်"
ရဲမှူးချုပ်ရဲ့ စကားကြောင့် Nari မျက်လုံးတွေ ဝိုင်းစက်သွားတော့သည်။ နှုတ်ခမ်းပါးကို ကွေးညွှတ်သည်အထိ ပြုံးလိုက်မိရင်း သက်သေခံ ဓားကို ပြန်ပေးလိုက်၏။
"Venom အကြောင်း ဘာဖြစ်လို့ သိချင်တာလဲ မမလေး... ကိစ္စတစ်ခုခုရှိလို့လား"
"မဟုတ်ပါဘူး... ဒီအတိုင်း နာမည်ကြီးနေတော့ သိချင်ရုံပါ။ ပြီးတော့ ဒုတပ်မှူးကင်မ်ကို ထိခိုက်အောင် လုပ်ဖူးတော့ မှတ်မိနေခဲ့တာပါ"
သူရဲ့ ခပ်ပေါ့ပေါ့ စကားကို ရဲမှူးချုပ်က နားလည်ပေးလိုက်သည်။ ရဲမှူးချုပ်ကို နှုတ်ဆက်ကာ အိမ်ပြာတော်ကို သူ ပြန်လာခဲ့၏။
"Jeon Jungkook ကို စောင့်ကြည့်နေ။ သူ ဘယ်သွားသွား ငါ့ကို သတင်းပို့"
သူ့ရဲ့ လူယုံကို အမိန့်ပေးကာ အိမ်ပြာတော်ထဲ ဝင်သွားတော့သည်။
.
.
နှစ်ပတ်အကြာမှ Taehyung ဆေးရုံက ဆင်းရသည်။ အဖေနဲ့ သခင်မလေးက ဘေးကနေ တစ်လျှောက်လုံး အကူအညီပေးပြီး အိမ်အထိ ရောက်လာခဲ့သော်လည်း သူ့ ကလေးလေးကို အခုထိ မတွေ့ရသေး။
Jungkook ဆီ ဖုန်းခေါ်လိုက်သော်လည်း စက်ပိတ်ထားသည့် ဖုန်းနှင့်သာ တိုးသည်။
Lucas နဲ့ Jack တို့ဆီ ဖုန်းခေါ်သော်လည်း တစ်ဘက်မှ ပြန်ဖြေသံ မကြားရ။ နောက်ဆုံး Julian ဆီကို ဆက်သွယ်မိတော့သည်။
"Taehyung မင်းက ကိုယ့်ဆီ အထူးအဆန်း ဖုန်းဆက်တယ်"
Julian ဆီက ရယ်သံ ခပ်တိုးတိုး ကြားလိုက်ရ၏။
"Jungkook ဆီ ဖုန်းခေါ် မရလို့ပါ။ ကျွန်တော် ဆေးရုံက ဆင်းလာတာ သူ မသိသေးဘူး ထင်တယ်"
"ဆေးရုံက ဆင်းတယ်။ မင်း နေမကောင်းဘူးလား။ Jungkook အဲ့ကလေးက ကိုယ့်ကိုလည်း နည်းနည်းလေးတောင် အသိမပေးဘူး"
"ကျွန်တော် လုပ်ကြံခံရတာ Julian မသိဘူးလား။ Lucas တို့ နှစ်ယောက်တောင် သိတော့ Julian လည်း သိမယ် ထင်နေတာ... ဒါဆို Demon နဲ့ အကြောင်းလည်း မသိဘူးပေါ့"
"နေပါဦး... မင်းပြောနေတာတွေ ကိုယ်တစ်ခုမှ နားမလည်ဘူး။ ကိုယ်က အလုပ်ကိစ္စကြောင့် Japan ကို ရောက်နေတာ။ အခု ဖြည်းဖြည်းနဲ့ မှန်မှန် တစ်ခုချင်းပြန်ပြောပေး... ကိုယ့်အထင် အဲ့ကလေးတွေ မဟုတ်တဲ့ ကိစ္စကြီးတစ်ခုကို လုပ်နေကြပြီ"
Taehyung သူ့စိတ်ကို လျော့ချထားလိုက်ရပြီး ဖြစ်သမျှ အကြောင်းစုံကို ပြောပြမိသည်။
Julian လိုလူက တစ်ခါတည်းနဲ့ အကြောင်းစုံကို စေ့စပ်တွေးနိုင်၏။
"Demon က လွယ်တာ မဟုတ်ဘူး။ သူတို့ ရဲတွေနဲ့ အဆက်အသွယ်ရှိတယ်။ သူတို့ အပြစ်လျော့ပေါ့အောင်၊ ကိုယ်တို့ကို ဖမ်းမိအောင် ပူးပေါင်းနေကြတာ... အဲ့တာကို အဲ့ကလေး သုံးယောက်လုံး သိတယ်။ ဒါပေမယ့် ဘာလို့များ ကိုယ့်ကို မတိုင်ပင်ရတာလဲ"
Julian စိတ်ရှုပ်စွာ ဆံပင်တွေကို ထိုးဖွနေမိတော့သည်။
"ကိုယ် အဲ့ကို လာခဲ့မယ်... သူတို့ သုံးယောက်လုံး မထိခိုက်ရအောင် ကာကွယ်ပေးမယ်။ မင်းက ကိုယ် ဆက်သွယ်တဲ့အချိန် အဆင်သင့် ဖြစ်နေပါစေ"
Julian ပြင်ဆင်စရာရှိသမျှကို ပြင်ဆင်ပြီး ကိုရီးယားကို ထွက်ခဲ့ရသည်။
George နဲ့အတူ အတော်ဆုံး ဂိုဏ်းသားတစ်ချို့ကို ခေါ်လာခဲ့သည်။
ကိုရီးယားမှာရှိသည့် ဂိုဏ်းသားတစ်ချို့ကိုလည်း demon တွေရှိမည့် နေရာဆီ လွှတ်ထားခဲ့ရသည်။
.
.
Jungkook ဂန်နမ်က နှစ်ထပ်တိုက်ရှေ့ကို ရောက်နေပြီ ဖြစ်သည်။ လူခြေတိတ်ဆိတ်နေပြီး ၈ နာရီ ဝန်းကျင်မို့ အချိန်ကောင်းတစ်ခု ဖြစ်၏။
Demon တွေရဲ့ တည်နေရာဟု သူလျှိုက ပြောပြထားသည်မို့ သူတို့ စောင့်နေလိုက်ကြသည်။
ညဘက်တိုင်း ဂိုဏ်းသား အများစုက ကာစီနိုကို သွားကြသည်။ ဒီနေရာမှာက အချို့သာ ကျန်နေခဲ့၏။
အချိန်အားဖြင့် ၉ နာရီ ဝန်းကျင်... သူတို့ မျက်စိရှေ့တင် ကား သုံးစီးနဲ့ အလျှိုအလျှို ထွက်သွားကြ၏။
တစ်ခဏကြာမှ သူတို့ ခြံထဲကို ဝင်လာလိုက်ကြသည်။
သူရယ်၊ Jack နဲ့ နောက်ထပ် venom အဖွဲ့ဝင် ၁၀ ယောက်သာ ရှိသည်။ Lucas က အပြင်ဘက်ကနေ အခြေအနေကို စောင့်ကြည့်ပေး၏။
"ငါတို့ ဒီည အပြတ်ဖြုတ်နိုင်မှ ရမယ်။ အဲ့ကောင်တွေ သေမှ ငါတို့လည်း ငြိမ်းချမ်းနိုင်မှာ"
Jack က အံကြိတ်ကာ မကျေမနပ်ဖြင့် ရှေ့ကနေ ခပ်သုတ်သုတ် ပြေးသွားတော့သည်။
Jungkook သူ့ အရှေ့မှာ ရှိနေသည့် အစောင့်ကို လှမ်းမြင်လိုက်ရသည်။ အခြေအနေ ကြည့်ပြီးနောက် ခြေသံကို ခပ်ဖွဖွနင်းကာ အစောင့်ရဲ့ လည်ပင်းကို သိုင်းဖက်လိုက်ပြီး ဘေးတစ်ဘက်ဆီ လှည့်ကာ ဇက်ကို ချိုးချလိုက်တော့သည်။
သူ့အနေနဲ့ အစောကြီး သေနတ်ထုတ်ကာ ဆူဆူညံညံတွေလည်း မလုပ်ချင်။ လူအင်အားနည်းနေသည့် အဖွဲ့အနေအထားကြောင့် တိတ်တဆိတ်ဖြင့်သာ ဂိုဏ်းကို ဖြိုချပစ်ချင်မိ၏။
အရှေ့ဘက်ကို ဆက်သွားတော့ နောက်ထပ် အစောင့်တွေကို ထပ်တွေ့သည်။ ထိုနည်းအတိုင်းသာ တိတ်တိတ်ကလေး ဖြေရှင်းနိုင်သော်လည်း အိမ်ထဲကို ဝင်ချိန်မှာ demon အချို့နဲ့ ထိပ်တိုက်တွေ့တော့သည်။
Jungkook တို့ ခပ်မြန်မြန်ပဲ နံရံမှာ ဝင်ပုန်းလိုက်ပေမယ့် လှုပ်ရှားမှု နှေးသည့် ဂိုဏ်းသားတစ်ယောက်က လက်မောင်းကို ကျည်ထိမှန်၏။
သွေးတွေ တစ်စက်စက် စီးကျနေရင်း သူ့ အနောက်မှာ ပုန်းခိုနေရသည်။
Jungkook... Jack ကို sniper ဖြင့် ချိန်ပစ်ဖို့ အချက်ပြလိုက်ရတော့သည်။
သေနတ်သံ ဆူဆူညံညံကြောင့် demon တွေ အုံကြွလာတော့သည်။
သူတို့ လူအင်အား အနည်းငယ်နဲ့ ဘယ်လိုမှ မနိုင်မှာကို သိသော်လည်း ဇွဲမလျော့ဘဲ ဆက်ပြီး တိုက်ခိုက်နေဆဲပင်။
အနောက်ဘက်မှ သေနတ်သံ တဖြောင်းဖြောင်းက တိုးဝင်လာတော့ လှည့်ကြည့်မိသည်။
Venom တွေကို သူ ခေါ်ထားသည် မဟုတ်။ သို့သော် သူ့ လူတစ်ချို့ ရောက်လာကုန်ကြသည်။
Demon ဘက်မှ သူတို့ ရောက်လာမည်ကို ရိပ်မိထားပုံ ရ၏။ demon တစ်ချို့သာ အပြင်ထွက်သွားကြောင်း အရိပ်အမြွက်ပြပြီး တစ်ဝက်ကျော်ကျော်လောက်က ဂိုဏ်းမှာ ကျန်နေခဲ့သည်။
လူအင်အားချင်း မမျှသည်မို့ သူတို့ မယှဉ်နိုင်။ Lucas က နားကြပ်ထဲကနေ လမ်းကြောင်းရှင်းပေးရင်း ညွှန်ကြားနေ၏။
Jack ရဲ့ sniper က နံရံအကွယ်တွေ၊ ကျဉ်းမြောင်းလွန်းသည့် အခန်း ဖွဲ့စည်းပုံတွေကြောင့် မထိရောက်။
Jungkook သူ့လက်မှာ သွေးစွန်းနေပြီး လက်မောင်းကိုလည်း ထိမှန်ထားသေးသည်။
ထိုအချိန် Lucas ဆီက စကားသံ ကြားလိုက်ရတော့သည်။
"ရဲတွေ ရောက်လာကြပြီ... သူတို့ ဒီနေရာနဲ့ သိပ်နီးနေပြီ။ မြန်မြန် ထွက်ခဲ့ကြတော့"
.
.
ဖတ်ရှုပေးသူတစ်ဦးချင်းဆီကို ကျေးဇူးတင်ပါတယ်
VictoryKimTae
May 19, 2023
Zawgyi
ရက္သတၱပတ္ တစ္ခုကို ေက်ာ္လြန္ၿပီးေနာက္ Taehyung သတိရလာခဲ့သည္။ သူ သတိရၿပီးၿပီးခ်င္း ပထမဆုံး ေတြ႕ခ်င္မိသည္က သူ့ကေလးေလးကိုသာ ျဖစ္သည္။
သို႔ေသာ္ အခုထိ ေဘးနား ေရာက္မလာေသးသည့္ Jungkook ေၾကာင့္ သူ စိတ္အနည္းငယ္ေတာ့ ဆိုးမိေသးသည္။
အေဖက ေဘးကေန တစ္ေလွ်ာက္လုံး အဆင္ေျပရဲ႕လား၊ သက္သာရဲ႕လား ဆိုသည့္ စကားေတြ တရစပ္ေမးၿပီး စိုးထိတ္ေနေလ၏။
Taehyung သက္သာလာၿပီးေနာက္ သူ့အေတြးေတြ ေရာက္သြားသည္က မေတာ္မဆမႈ ျဖစ္သည့္ ေန႔ကို...
ကားႏွစ္စီးက သူ့ဆီ တိုးဝင္လာပုံ၊ အရွိန္ျပင္းျပင္းနဲ႔ တရၾကမ္း တိုးဝင္လာသည္က သမား႐ိုးက် မဟုတ္။
"လူနာ သတိရလာၿပီဆိုေတာ့ ေမးခြန္းေလး နည္းနည္း ေမးခြင့္ျပဳပါ"
မႈခင္းရဲတစ္ခ်ိဳ႕ ေရာက္လာၾကသည္။ သူ အခုခ်ိန္မွာ ဘာအေမးအျမန္းမွ ျပန္မေျဖခ်င္ေသးေသာ္လည္း စိတ္ကို ေလ်ာ့ခ်ထားလိုက္ကာ စစ္ေဆးခံဖို႔ ျပင္လိုက္ရသည္။
"အဲ့ေန႔က Taehyung ဘယ္က ျပန္လာတာပါလဲ"
"အိမ္ျပာေတာ္ကေန သမၼတရွင္းနဲ႔ ညစာ စားၿပီး ျပန္လာတာပါ"
"အခ်ိန္ကိုေရာ မွတ္မိပါရဲ႕လား"
"၉ နာရီ ဝန္းက်င္ေလာက္ရွိပါၿပီ"
သူ့ဘက္က ျပန္ေျဖသမွ်ကို ရဲေတြက လိုက္မွတ္ေနေလ၏။
"Jeon Jungkook ကေတာ့ တစ္ခ်ိဳ႕ အေၾကာင္းအရာေတြကို ေျဖၾကားေပးခဲ့ပါတယ္... CCTV မွတ္တမ္းေတြကို စစ္ေဆးဖို႔ ႀကိဳးစားေပမယ့္ အဲ့ဘက္ျခမ္းက camera ေတြ အကုန္လုံး ပ်က္စီးေနခဲ့ပါတယ္။ Jungkook ရဲ႕ အေျဖေရာ၊ Taehyung ရဲ႕ အေျဖကိုေရာ တြက္ခ်က္ၾကည့္ရင္ ဒါက ရည္ရြယ္ခ်က္ရွိရွိ လုပ္ႀကံမႈအျဖစ္ ေကာက္ခ်က္ခ်ႏိုင္ပါတယ္"
Taehyung မျငင္းဆန္ဘဲ ေခါင္းညႇိတ္လိုက္မိသည္။ သူ့လို တပ္သားတစ္ေယာက္အတြက္ ဒီကိစၥကိုလည္း တြက္ခ်က္ခဲ့ၿပီးသား ျဖစ္သည္။
မႈခင္းရဲေတြက စုံစမ္းမႈေတြ စလုပ္ဖို႔ စခန္းကို ျပန္သြားၾကသည္။
ထို႔ေနာက္မွ Jungkook ေရာက္လာခဲ့သည္။ သူ သတိရၿပီဆိုသည့္ သတင္းကို ၾကားေတာ့ စြပ္ျပဳတ္ကေလး လုပ္ေပးေနရင္း ေနာက္က်ေနခဲ့သည္။
သို႔ေသာ္ ေဆး႐ုံကို ေရာက္ေတာ့ သူ့ကို စိတ္ဆိုးေနသည့္ ကိုကို႔ မ်က္ႏွာဆူပုတ္ပုတ္ကိုသာ ေတြ႕လိုက္ရ၏။
"ကိုကို႔ အတြက္ စြပ္ျပဳတ္ကေလး လုပ္ေပးေနရင္း ေနာက္က်သြားရတာပါ။ စိတ္မဆိုးပါနဲ႔ေနာ္... ကိုကို ဘယ္နားက နာေနေသးလဲ။ ကြၽန္ေတာ့္ကိုေရာ မွတ္မိရဲ႕လား။ Jeon Jungkook ကို မေမ့ဘူး မဟုတ္လား"
တစ္ပတ္တိုင္တိုင္ ေမ့ေမ်ာေနခဲ့တာမို႔ သူ့မွာ စိုးရိမ္စိတ္ေတြ အခုထိ မေပ်ာက္ေသးပါဘူး။
"ေမ့ေတာ့ မေမ့ေပမယ့္ ႏိုးလာေတာ့ ပထမဆုံး မေတြ႕ရလို႔ စိတ္ေတာ့ ဆိုးတယ္"
ႏႈတ္ခမ္းေတြကို အေရွ႕ဘက္ အနည္းငယ္ ထြက္လာသည္အထိ ဆူထားၿပီး မ်က္ေစာင္းထိုးကာ ေျပာေနသည့္ ကိုကို႔ကို သူ့မွာ အသည္းမယားဘဲ မေနႏိုင္ေတာ့။
လူနာ ကုတင္ေပၚ တက္လာလိုက္ၿပီး ပါးႏွစ္ဘက္ကို ညႇစ္ကိုင္ကာ ဆူထြက္လာသည့္ ႏႈတ္ခမ္းလႊာေတြေပၚ တစ္ခ်က္ ဖိကပ္ပစ္လိုက္မိေတာ့သည္။
ကိုကိုက စိတ္ဆိုးမာန္ဆိုးျဖင့္ ရင္ဘတ္ကို တြန္းထုတ္ေသာ္လည္း သူ မဖယ္ေပးမိ။ ကိုကို႔ ႏႈတ္ခမ္းပါးက ႏူးညံ့ေနၿပီး ေႏြးေထြးလွသည္။
ေဘးတစ္ဘက္မွာ ခ်ထားသည့္ သူ့ဖုန္းဆီက အသံျမည္လာေတာ့ ႏွေျမာစြာ ႏႈတ္ခမ္းပါးေလးကို ဖယ္ခြာေပးလိုက္ရသည္။
"ဘာလဲ Jack... ျမန္ျမန္ေျပာ ကိုကိုက အခုမွ ႏိုးလာတာ။ စြပ္ျပဳတ္တိုက္ရဦးမယ္"
အကူအညီေတာင္းထားသည့္ သူငယ္ခ်င္းႀကီးကို ဝမ္းသာအားရ သတင္းလွမ္းပို႔ရန္ ဖုန္းဆက္လိုက္ေသာ္လည္း ခပ္ျမန္ျမန္ေျပာဖို႔သာ ဆူေအာင့္ေအာင့္ ေျပာလာသည္မို႔ Jack တို႔ ေဒါသက ထြက္လာေတာ့သည္။
"ေဟ့ေကာင္ မင္းစုံစမ္းခိုင္းတဲ့ဟာ သိရလို႔ ဆက္တာကြ... ေ-ာက္ေရးမႀကီးပဲ အခ်ိန္ကုန္ခံၿပီး မဆက္ဘူး"
"မင္းေျပာေနတာနဲ႔တင္ အခ်ိန္ကုန္တယ္။ ျမန္ျမန္ေျပာ"
"ဟိုေန႔က Taehyung ရဲ႕ ကားနဲ႔ ျပႆနာျဖစ္တာက Demon ေတြရဲ႕ ကားလို႔ထင္တယ္။ မေသခ်ာေပမယ့္ သူတို႔ ကားႏွစ္စီးက ဆိုလ္းက ေဘာ္ဒီ႐ုံမွာ ျပင္ေနတယ္လို႔ သတင္းၾကားတယ္။ တစ္စီးက ေခါင္းျခမ္းေတြ ေၾကမြေန
ေပမယ့္ ေနာက္တစ္စီးက အပ်က္အစီး သိပ္မရွိဘူး။ ကားႏွစ္စီးက အနက္ေရာင္ Toyota... demon မွာ ငါတို႔ သူလွ်ိဳရွိလို႔ အဲ့ဒီေလာက္ေတာ့ သိရတယ္။ Taehyung ကိုေတာ့ ေမးၾကည့္ဦး"
"အင္း ငါေနာက္မွ ျပန္ဆက္လိုက္မယ္"
ဖုန္းကို ခ်လိုက္ၿပီး ကိုကို႔ကို ၾကည့္လိုက္မိသည္။
"မင္း ဘာေတြ လုပ္ေနျပန္ၿပီလဲ Jungkook... Venom နဲ႔ ျပန္ေပါင္းေနတာလား။ Jack တို႔နဲ႔ သူငယ္ခ်င္းလို ဆက္ဆံတာကို ခြင့္ျပဳေပမယ့္ Venom ရဲ႕ ဂိုဏ္းသားအေနနဲ႔ဆို ကိုကို လုံးဝ ခြင့္မျပဳႏိုင္ဘူးေနာ္"
"ကြၽန္ေတာ္ ဒီကိစၥၿပီးရင္ လုံးဝ ရပ္မွာပါ။ ဒါေပမယ့္ ကိုကို႔ကို အခုလို ထိခိုက္ေစတဲ့လူကို ကြၽန္ေတာ္ လုံးဝ အလြတ္မေပးႏိုင္ဘူး။ တကယ္ဆို ကိုကိုက ဒီကိစၥေတြနဲ႔ လုံးဝ မသက္ဆိုင္ဘူးေလ။ တမင္ ရန္စၿပီး အသက္အႏၲရာယ္အထိ ဒုကၡေပးတာ။ ကိုကိုေျပာပါ... အဲ့ေန႔က ကားႏွစ္စီးက အနက္ေရာင္ Toyota ေတြလား"
ကိုကိုက ႏႈတ္ဆိတ္ေနသည္။ လုံးဝ ျပန္မေျဖဘဲ မ်က္ႏွာကိုလည္း တစ္ဘက္လွည့္သြား၏။
"ရဲေတြကို အကုန္ ေျပာျပၿပီးသား... ဒါက သူတို႔ အလုပ္။ မင္းနဲ႔ မဆိုင္ဘူး။ venom ကေန ထြက္ခဲ့ၿပီးရင္ ၿငိမ္ေနလိုက္ပါေတာ့လား... အခု venom ေတြကို အစိုးရ ရဲေတြ အကုန္လုံးက ေျခရာခံေနၾကတာ။ ဒါက သိပ္ အႏၲရာယ္မ်ားလြန္းတယ္။ မင္း တစ္ခုခု ျဖစ္သြားရင္ ဘယ္လိုလုပ္မလဲ"
ကိုကို႔ရဲ႕ စိုးရိမ္စိတ္ကို ကြၽန္ေတာ္ နားလည္ႏိုင္ပါသည္။ ေဘးတစ္ဘက္ လွည့္ေနသည့္ ကိုကို႔ မ်က္ႏွာကေလးကို ကြၽန္ေတာ္နဲ႔ မ်က္ႏွာခ်င္းဆိုင္ ဆြဲလွည့္လိုက္ရင္း
"ကိုကိုက စိတ္ပူရမယ့္ ဘယ္ကိစၥကိုမွ ကြၽန္ေတာ္ မလုပ္ပါဘူး။ demon ေတြနဲ႔ venom က အရင္တည္းက ရန္စရွိတယ္။ သူတို႔က ကြၽန္ေတာ့္ကိုလည္း သိတယ္။ Jk အျဖစ္နဲ႔ေရာ Jungkook အေနနဲ႔ပါ သိေနၾကၿပီ။ ဒါ့ေၾကာင့္ ကိုကို႔ကို ထိခိုက္ေအာင္ လုပ္ခဲ့တာ... သူတို႔ေတြ အကုန္ အျပတ္ရွင္းခံရမွ ဒါေတြက အဆုံးသတ္ႏိုင္မွာ။ ကိုကိုက ကြၽန္ေတာ့္ကို မသြားခိုင္းရင္ ကြၽန္ေတာ္ မသြားဘူး။ Jack တို႔ကို အကူအညီေတာင္းထားမွာမို႔ စိတ္မပူနဲ႔ေနာ္"
Jungkook ရဲ႕ ေျဖရွင္းခ်က္ အရွည္ႀကီးကို နားေထာင္ၿပီးေနာက္ Taehyung အနည္းငယ္ေတာ့ စိတ္သက္သာရာ ရသြားခဲ့သည္။
ထိုအခ်ိန္ အျပင္ဘက္မွ တံခါးေခါက္သံနဲ႔ အတူ သခင္မေလး ဝင္လာ၏။
"Taehyung သတိရၿပီလို႔ ၾကားၾကားခ်င္း လာခဲ့တာပဲ။ အေဖ့ ကိစၥေတြ ကူညီေနရတာနဲ႔ ေနာက္က်သြားတယ္"
"ကိစၥမရွိပါဘူး။ ကြၽန္ေတာ့္ကို ကူညီေပးခဲ့လို႔ ေက်းဇူးတင္ပါတယ္"
"ဒါက စကားထဲေတာင္ ထည့္ေျပာစရာမလိုပါဘူး"
ေသြးလွဴခဲ့သည့္ ကိစၥကို သူစိမ္းဆန္စြာ ေက်းဇူးတင္ေၾကာင္း ေျပာလာသည့္ Taehyung ကို သူ လုံးဝ သေဘာမက်ပါ။
မၾကာခင္ ေစ့စပ္ၾကေတာ့မည့္ သက္ဆိုင္သူေတြ ျဖစ္သည့္ သူတို႔ ႏွစ္ေယာက္ၾကား အခုလို ေက်းဇူးတင္ေၾကာင္း တခမ္းတနား ေျပာေနတာေတြ သူ လုံးဝကို မႀကိဳက္။
Nari အခန္းထဲကို ေဝ့ဝႈိက္ၾကည့္မိေတာ့ အခန္းေထာင့္မွာ ဖုန္းတစ္လုံးနဲ႔ အလုပ္ရႈပ္ေနသည့္ Jungkook ကို လွမ္းေတြ႕လိုက္ရသည္။
သူ့အေနနဲ႔ ေဆး႐ုံကို ေရာက္ေနခဲ့တာ ၾကာၿပီ ျဖစ္သည္။ အခန္းထဲကို မဝင္မီ စကားသံအခ်ိဳ႕ကိုလည္း နားေထာင္ျဖစ္ခဲ့၏။
"Taehyung အဆင္ေျပတယ္ဆိုရင္ ညက်မွ တစ္ခုခု လာပို႔ရင္း ထပ္လာခဲ့ပါဦးမယ္။ အေဖလည္း လာေတြ႕မယ္လို႔ ေျပာတယ္။ အခုေတာ့ Nari ကိစၥရွိေသးလို႔ပါ"
Taehyung ကို ႏႈတ္ဆက္လိုက္ကာ သူ ခပ္ျမန္ျမန္ပဲ ထြက္လာခဲ့လိုက္သည္။
ရဲမွဴးခ်ဳပ္ဆီကို တန္းသြားမိရင္း ေတြ႕ဆုံဖို႔ ခြင့္ေတာင္းလိုက္သည္။
"မမေလး လာမယ္ဆိုရင္ ႀကိဳေျပာတာ မဟုတ္ဘူးဗ်ာ... ကြၽန္ေတာ္က အစည္းအေဝး ဖ်က္ထားမွာေပါ႔"
ရဲမွဴးခ်ဳပ္က အၿပဳံးေတြ ေဝဆာရင္း တေလးတစား ထြက္ႀကိဳ၏။ သူ ခပ္ၿပဳံးၿပဳံးျဖင့္သာ ရဲမွဴးခ်ဳပ္ရဲ႕ ႐ုံးခန္းဆီ လိုက္လာခဲ့ေတာ့သည္။
"Nari လာခဲ့တာ စစ္ေဆးစရာေလး ရွိလို႔ပါ။ KSD အဖြဲ႕က ဒုတပ္မွဴး ကင္မ္ကို သိတယ္မဟုတ္လား။ သူ Istanbul မွာ မေတာ္တဆမႈေၾကာင့္ ဓားဒဏ္ရာ ရခဲ့တယ္ေလ... အဲ့ဒီ သက္ေသခံ ဓားကို ၾကည့္ခ်င္လို႔ပါ"
ရဲမွဴးခ်ဳပ္က တစ္ခ်က္ စဉ္းစားၿပီးမွ ျပန္ေျဖ၏။
"ကြၽန္ေတာ္တို႔က သက္ေသပစၥည္းေတြကို အထက္အမိန္႔မရွိဘဲ အခုလို ထုတ္ျပခြင့္မရွိပါဘူး။ ဒါေပမယ့္ မမေလး Nari က ေတာင္းဆိုလို႔ ကူညီပါ႔မယ္"
သူ့ လက္ထဲ ေရာက္လာသည့္ သက္ေသခံဓားေၾကာင့္ Nari မ်က္ႏွာက ၿပဳံးလိုက္မိသည္။
ဓားေပၚမွာ ထြင္းထားသည့္ Jk ဆိုသည့္ စကားလုံးနဲ႔ အ႐ိုးေခါင္းပုံ အမွတ္အသား...
"Venom ရဲ႕ ဂိုဏ္းသားေတြမွာ JK ဆိုတာက ဘယ္လို လူမ်ိဳးလဲ"
"Jk... သူက နာမည္ႀကီးတဲ့ ေခါင္းေဆာင္တစ္ေယာက္ပဲ။ ဂိုဏ္းခ်ဳပ္ကို မသိရေပမယ့္ သူကေတာ့ အရာရာကို ဦးေဆာင္တယ္လို႔ ထင္တယ္။ ကြၽန္ေတာ္တို႔ ေသခ်ာ မသိရေသးပါဘူး။ ဒါေပမယ့္ venom နဲ႔ ေတြ႕ဖူးတဲ့ ဂိုဏ္းတစ္ခ်ိဳ႕ကို ကြၽန္ေတာ္တို႔ မိထားတယ္။ သူတို႔ ေျပာပုံအရ Jk က မ်က္လုံးစည္းအနက္ေတြကို အၿမဲ စည္းထားတယ္"
ရဲမွဴးခ်ဳပ္ရဲ႕ စကားေၾကာင့္ Nari မ်က္လုံးေတြ ဝိုင္းစက္သြားေတာ့သည္။ ႏႈတ္ခမ္းပါးကို ေကြးၫႊတ္သည္အထိ ၿပဳံးလိုက္မိရင္း သက္ေသခံ ဓားကို ျပန္ေပးလိုက္၏။
"Venom အေၾကာင္း ဘာျဖစ္လို႔ သိခ်င္တာလဲ မမေလး... ကိစၥတစ္ခုခုရွိလို႔လား"
"မဟုတ္ပါဘူး... ဒီအတိုင္း နာမည္ႀကီးေနေတာ့ သိခ်င္႐ုံပါ။ ၿပီးေတာ့ ဒုတပ္မွဴးကင္မ္ကို ထိခိုက္ေအာင္ လုပ္ဖူးေတာ့ မွတ္မိေနခဲ့တာပါ"
သူရဲ႕ ခပ္ေပါ႔ေပါ႔ စကားကို ရဲမွဴးခ်ဳပ္က နားလည္ေပးလိုက္သည္။ ရဲမွဴးခ်ဳပ္ကို ႏႈတ္ဆက္ကာ အိမ္ျပာေတာ္ကို သူ ျပန္လာခဲ့၏။
"Jeon Jungkook ကို ေစာင့္ၾကည့္ေန။ သူ ဘယ္သြားသြား ငါ႔ကို သတင္းပို႔"
သူ့ရဲ႕ လူယုံကို အမိန္႔ေပးကာ အိမ္ျပာေတာ္ထဲ ဝင္သြားေတာ့သည္။
.
.
ႏွစ္ပတ္အၾကာမွ Taehyung ေဆး႐ုံက ဆင္းရသည္။ အေဖနဲ႔ သခင္မေလးက ေဘးကေန တစ္ေလွ်ာက္လုံး အကူအညီေပးၿပီး အိမ္အထိ ေရာက္လာခဲ့ေသာ္လည္း သူ့ ကေလးေလးကို အခုထိ မေတြ႕ရေသး။
Jungkook ဆီ ဖုန္းေခၚလိုက္ေသာ္လည္း စက္ပိတ္ထားသည့္ ဖုန္းႏွင့္သာ တိုးသည္။
Lucas နဲ႔ Jack တို႔ဆီ ဖုန္းေခၚေသာ္လည္း တစ္ဘက္မွ ျပန္ေျဖသံ မၾကားရ။ ေနာက္ဆုံး Julian ဆီကို ဆက္သြယ္မိေတာ့သည္။
"Taehyung မင္းက ကိုယ့္ဆီ အထူးအဆန္း ဖုန္းဆက္တယ္"
Julian ဆီက ရယ္သံ ခပ္တိုးတိုး ၾကားလိုက္ရ၏။
"Jungkook ဆီ ဖုန္းေခၚ မရလို႔ပါ။ ကြၽန္ေတာ္ ေဆး႐ုံက ဆင္းလာတာ သူ မသိေသးဘူး ထင္တယ္"
"ေဆး႐ုံက ဆင္းတယ္။ မင္း ေနမေကာင္းဘူးလား။ Jungkook အဲ့ကေလးက ကိုယ့္ကိုလည္း နည္းနည္းေလးေတာင္ အသိမေပးဘူး"
"ကြၽန္ေတာ္ လုပ္ႀကံခံရတာ Julian မသိဘူးလား။ Lucas တို႔ ႏွစ္ေယာက္ေတာင္ သိေတာ့ Julian လည္း သိမယ္ ထင္ေနတာ... ဒါဆို Demon နဲ႔ အေၾကာင္းလည္း မသိဘူးေပါ႔"
"ေနပါဦး... မင္းေျပာေနတာေတြ ကိုယ္တစ္ခုမွ နားမလည္ဘူး။ ကိုယ္က အလုပ္ကိစၥေၾကာင့္ Japan ကို ေရာက္ေနတာ။ အခု ျဖည္းျဖည္းနဲ႔ မွန္မွန္ တစ္ခုခ်င္းျပန္ေျပာေပး... ကိုယ့္အထင္ အဲ့ကေလးေတြ မဟုတ္တဲ့ ကိစၥႀကီးတစ္ခုကို လုပ္ေနၾကၿပီ"
Taehyung သူ့စိတ္ကို ေလ်ာ့ခ်ထားလိုက္ရၿပီး ျဖစ္သမွ် အေၾကာင္းစုံကို ေျပာျပမိသည္။
Julian လိုလူက တစ္ခါတည္းနဲ႔ အေၾကာင္းစုံကို ေစ့စပ္ေတြးႏိုင္၏။
"Demon က လြယ္တာ မဟုတ္ဘူး။ သူတို႔ ရဲေတြနဲ႔ အဆက္အသြယ္ရွိတယ္။ သူတို႔ အျပစ္ေလ်ာ့ေပါ႔ေအာင္၊ ကိုယ္တို႔ကို ဖမ္းမိေအာင္ ပူးေပါင္းေနၾကတာ... အဲ့တာကို အဲ့ကေလး သုံးေယာက္လုံး သိတယ္။ ဒါေပမယ့္ ဘာလို႔မ်ား ကိုယ့္ကို မတိုင္ပင္ရတာလဲ"
Julian စိတ္ရႈပ္စြာ ဆံပင္ေတြကို ထိုးဖြေနမိေတာ့သည္။
"ကိုယ္ အဲ့ကို လာခဲ့မယ္... သူတို႔ သုံးေယာက္လုံး မထိခိုက္ရေအာင္ ကာကြယ္ေပးမယ္။ မင္းက ကိုယ္ ဆက္သြယ္တဲ့အခ်ိန္ အဆင္သင့္ ျဖစ္ေနပါေစ"
Julian ျပင္ဆင္စရာရွိသမွ်ကို ျပင္ဆင္ၿပီး ကိုရီးယားကို ထြက္ခဲ့ရသည္။
George နဲ႔အတူ အေတာ္ဆုံး ဂိုဏ္းသားတစ္ခ်ိဳ႕ကို ေခၚလာခဲ့သည္။
ကိုရီးယားမွာရွိသည့္ ဂိုဏ္းသားတစ္ခ်ိဳ႕ကိုလည္း demon ေတြရွိမည့္ ေနရာဆီ လႊတ္ထားခဲ့ရသည္။
.
.
Jungkook ဂန္နမ္က ႏွစ္ထပ္တိုက္ေရွ႕ကို ေရာက္ေနၿပီ ျဖစ္သည္။ လူေျခတိတ္ဆိတ္ေနၿပီး ၈ နာရီ ဝန္းက်င္မို႔ အခ်ိန္ေကာင္းတစ္ခု ျဖစ္၏။
Demon ေတြရဲ႕ တည္ေနရာဟု သူလွ်ိဳက ေျပာျပထားသည္မို႔ သူတို႔ ေစာင့္ေနလိုက္ၾကသည္။
ညဘက္တိုင္း ဂိုဏ္းသား အမ်ားစုက ကာစီႏိုကို သြားၾကသည္။ ဒီေနရာမွာက အခ်ိဳ႕သာ က်န္ေနခဲ့၏။
အခ်ိန္အားျဖင့္ ၉ နာရီ ဝန္းက်င္... သူတို႔ မ်က္စိေရွ႕တင္ ကား သုံးစီးနဲ႔ အလွ်ိဳအလွ်ိဳ ထြက္သြားၾက၏။
တစ္ခဏၾကာမွ သူတို႔ ၿခံထဲကို ဝင္လာလိုက္ၾကသည္။
သူရယ္၊ Jack နဲ႔ ေနာက္ထပ္ venom အဖြဲ႕ဝင္ ၁၀ ေယာက္သာ ရွိသည္။ Lucas က အျပင္ဘက္ကေန အေျခအေနကို ေစာင့္ၾကည့္ေပး၏။
"ငါတို႔ ဒီည အျပတ္ျဖဳတ္ႏိုင္မွ ရမယ္။ အဲ့ေကာင္ေတြ ေသမွ ငါတို႔လည္း ၿငိမ္းခ်မ္းႏိုင္မွာ"
Jack က အံႀကိတ္ကာ မေက်မနပ္ျဖင့္ ေရွ႕ကေန ခပ္သုတ္သုတ္ ေျပးသြားေတာ့သည္။
Jungkook သူ့ အေရွ႕မွာ ရွိေနသည့္ အေစာင့္ကို လွမ္းျမင္လိုက္ရသည္။ အေျခအေန ၾကည့္ၿပီးေနာက္ ေျခသံကို ခပ္ဖြဖြနင္းကာ အေစာင့္ရဲ႕ လည္ပင္းကို သိုင္းဖက္လိုက္ၿပီး ေဘးတစ္ဘက္ဆီ လွည့္ကာ ဇက္ကို ခ်ိဳးခ်လိုက္ေတာ့သည္။
သူ့အေနနဲ႔ အေစာႀကီး ေသနတ္ထုတ္ကာ ဆူဆူညံညံေတြလည္း မလုပ္ခ်င္။ လူအင္အားနည္းေနသည့္ အဖြဲ႕အေနအထားေၾကာင့္ တိတ္တဆိတ္ျဖင့္သာ ဂိုဏ္းကို ၿဖိဳခ်ပစ္ခ်င္မိ၏။
အေရွ႕ဘက္ကို ဆက္သြားေတာ့ ေနာက္ထပ္ အေစာင့္ေတြကို ထပ္ေတြ႕သည္။ ထိုနည္းအတိုင္းသာ တိတ္တိတ္ကေလး ေျဖရွင္းႏိုင္ေသာ္လည္း အိမ္ထဲကို ဝင္ခ်ိန္မွာ demon အခ်ိဳ႕နဲ႔ ထိပ္တိုက္ေတြ႕ေတာ့သည္။
Jungkook တို႔ ခပ္ျမန္ျမန္ပဲ နံရံမွာ ဝင္ပုန္းလိုက္ေပမယ့္ လႈပ္ရွားမႈ ေႏွးသည့္ ဂိုဏ္းသားတစ္ေယာက္က လက္ေမာင္းကို က်ည္ထိမွန္၏။
ေသြးေတြ တစ္စက္စက္ စီးက်ေနရင္း သူ့ အေနာက္မွာ ပုန္းခိုေနရသည္။
Jungkook... Jack ကို sniper ျဖင့္ ခ်ိန္ပစ္ဖို႔ အခ်က္ျပလိုက္ရေတာ့သည္။
ေသနတ္သံ ဆူဆူညံညံေၾကာင့္ demon ေတြ အုံႂကြလာေတာ့သည္။
သူတို႔ လူအင္အား အနည္းငယ္နဲ႔ ဘယ္လိုမွ မႏိုင္မွာကို သိေသာ္လည္း ဇြဲမေလ်ာ့ဘဲ ဆက္ၿပီး တိုက္ခိုက္ေနဆဲပင္။
အေနာက္ဘက္မွ ေသနတ္သံ တေျဖာင္းေျဖာင္းက တိုးဝင္လာေတာ့ လွည့္ၾကည့္မိသည္။
Venom ေတြကို သူ ေခၚထားသည္ မဟုတ္။ သို႔ေသာ္ သူ့ လူတစ္ခ်ိဳ႕ ေရာက္လာကုန္ၾကသည္။
Demon ဘက္မွ သူတို႔ ေရာက္လာမည္ကို ရိပ္မိထားပုံ ရ၏။ demon တစ္ခ်ိဳ႕သာ အျပင္ထြက္သြားေၾကာင္း အရိပ္အႁမြက္ျပၿပီး တစ္ဝက္ေက်ာ္ေက်ာ္ေလာက္က ဂိုဏ္းမွာ က်န္ေနခဲ့သည္။
လူအင္အားခ်င္း မမွ်သည္မို႔ သူတို႔ မယွဉ္ႏိုင္။ Lucas က နားၾကပ္ထဲကေန လမ္းေၾကာင္းရွင္းေပးရင္း ၫႊန္ၾကားေန၏။
Jack ရဲ႕ sniper က နံရံအကြယ္ေတြ၊ က်ဉ္းေျမာင္းလြန္းသည့္ အခန္း ဖြဲ႕စည္းပုံေတြေၾကာင့္ မထိေရာက္။
Jungkook သူ့လက္မွာ ေသြးစြန္းေနၿပီး လက္ေမာင္းကိုလည္း ထိမွန္ထားေသးသည္။
ထိုအခ်ိန္ Lucas ဆီက စကားသံ ၾကားလိုက္ရေတာ့သည္။
"ရဲေတြ ေရာက္လာၾကၿပီ... သူတို႔ ဒီေနရာနဲ႔ သိပ္နီးေနၿပီ။ ျမန္ျမန္ ထြက္ခဲ့ၾကေတာ့"
.
.
ဖတ္ရႈေပးသူတစ္ဦးခ်င္းဆီကို ေက်းဇူးတင္ပါတယ္
VictoryKimTae
May 19, 2023