Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ...
By painghninphyu1996
95.7K 11.7K 771
Description နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့န... More
Prologue
အခန်း ၁၃၄ - မေ့မရနိုင်သော
အခန်း ၁၃၅။ အချစ်မုဒ်ကို တတ်နိုင်သမျှအမြန်ဆုံးဖွင့်ပါ၊ စတင်ပါ။
အခန်း ၁၃၆။ အနည်းငယ်မျှသော ပျော်ရွှင်မှုလေး
Apologize
I came back.
အခန်း ၁၃၇။ လမ်းဘေးကြော်ငြာဆိုင်းဘုတ်
အခန်း ၁၃၈။ လက်ထပ်ပြီး မိသားစုထဲ၀င်ပေမဲ့ ကျွန်‌တော်ကဘော့စ်ပဲ။
အခန်း ၁၃၉။ မင်းရဲ့marriage certificate ကို အရင်ယူထားပါ။
အခန်း ၁၄၀။ မင်းရဲ့ အကောင့်စာအုပ်ဘယ်မှာလဲ။
Can you give me advice?
အခန်း ၁၄၁။ ပြောစမ်း။ မင်းအဲဒါကိုဖွက်ထားတာလား။
အခန်း ၁၄၂။ ချစ်စရာကလေးလေးများကို ဓာတ်ပုံမှတ်တမ်းတင်ခြင်း။
အခန်း ၁၄၃ - နောက်ဆုံးတော့ လက်ထပ်မှတ်ပုံတင်ရခဲ့ပြီ။
အခန်း ၁၄၄။ လင်ကျန်းရီရဲ့ရယ်စရာအပြုအမူတွေ မပြီးဆုံးနိုင်သေးပါ။
အခန်း ၁၄၅ - သုံးနှစ်တာ တွဲလက်တွေခိုင်မြဲနိုင်ပါမူ....
Hello!
New translation
အခန်း ၁၄၆။ ဘာလို့လဲဆိုတော့ ငါလည်းမင်းကိုလွမ်းလို့လေ
အခန်း ၁၄၇။ အဓိကအချက်ကတော့ သူ့ကိုဖိထားချင်တာပဲ။
အခန်း ၁၄၈။ မစောင့်နိုင်တော့ဘူး။
အခန်း ၁၄၈။ မစောင့်နိုင်တော့ဘူး။
🚨🚨🚨အခန်း ၁၄၉။ ဆန္ဒရှိသမျှ ပြည့်၀လေပြီ။
အခန်း ၁၅၀။ အချင်းချင်းပျော်ရွှင်မှုများမျှဝေခြင်း။
အခန်း ၁၅၁။ Valentine's Day ရောက်ပြီလား။
အခန်း ၁၅၂။ ကလေးများကို ကိုယ်တိုင်ဂရုစိုက်ခြင်း။
အခန်း ၁၅၃။ ဟုတ်တယ်။ ငါကလေးမွေးခဲ့တာ။
အခန်း ၁၅၃။ ဟုတ်တယ်။ ငါကလေးမွေးခဲ့တာ။
အခန်း ၁၅၄။ ကျေးဇူးပြုပြီး စုမိသားစုကိုမဖိတ်ပါနဲ့။ ပြဿနာတက်မယ်။
အခန်း ၁၅၅။ ဇနီးလေး၏လုပ်ဖော်ကိုင်ဖက်များ
အခန်း ၁၅၆။ သားတွေမွေးထားတယ်ဆိုတာ ဇနီးလေးကဖွင့်ချတော့မှာလား။
အခန်း ၁၅၇။ မိဘမဲ့ဂေဟာမှ ‌နောက်ထပ်အမေတစ်ယောက်
အခန်း ၁၅၈။ သားတစ်ယောက် ကြိုတင် booking တင်ထားပြီ။
အခန်း ၁၅၉။ ဘယ်သူကမှ ဘယ်သူ့ကိုဆွဲဆောင်လိုက်တာလဲ။
အခန်း ၁၆၀။ တာ၀န်ယူခြင်း
အခန်း ၁၆၀။ တာဝန်ယူခြင်း
အခန်း ၁၆၁။ မိသားစု၀င်အသစ်လေးနှင့် ပျော်ရွှင်နေကြပြီ။
အခန်း ၁၆၂။ ကလေးကိုမူကြိုပို့ဖို့က ပြဿနာကြီးပဲ။
အခန်း ၁၆၃။ ထျန်းထျန်းကို တက္ကသိုလ်သို့ ခေါ်သွားခြင်း။
အခန်း ၁၆၄။ အသေးလေးသုံးယောက်၏ကမ္ဘာငယ်
အခန်း ၁၆၅။ သူများတွေပျော်နေချိန် စိတ်ဒုက္ခလာခံလိုက်စမ်းပါ။
အခန်း ၁၆၆။ ဖိတ်စာဝေခြင်း။
အခန်း ၁၆၆။ ဖိတ်စာဝေခြင်း။
အခန်း ၁၆၇။ wedding photo များရိုက်ကူးခြင်း
အခန်း ၁၆၈။ စကားတစ်ခွန်းတည်းဖြင့် အိပ်မက်မှနိုးထစေခြင်း။
အခန်း ၁၆၉။ ရိုက်ကွင်းမှာ accident အသေးစားလေးဖြစ်ပွားခဲ့လေပြီ။
အခန်း ၁၇၀။ ရှုပ်ထွေးမှုအကြီးစားကိုလုပ်လိုက်သည့် စိတ်မချရသူတစ်ယောက်
အခန်း ၁၇၁။ မြင်သာအောင်ပြဖို့ကြံနေတာလား
အခန်း ၁၇၂။ ရှင်ကသားကို အသိအမှတ်မပြုပေမဲ့ ကျွန်မကတော့ အသိအမှတ်ပြုရမှာပဲ
အခန်း ၁၇၃။ သားကိုသွားကြည့်ခြင်း
အခန်း ၁၇၄။ ပူးပေါင်းကြံစည်၍ လိမ်လည်ခြင်းများ
အခန်း ၁၇၅။ သတိဝီရိယရှိပါစေ
အခန်း ၁၇၅။ သတိဝီရိယရှိပါစေ
အခန်း ၁၇၆။ အတွေ့အကြုံမရှိခြင်း
အခန်း ၁၇၆။ အတွေ့အကြုံမရြှိခင်း
အခန်း ၁၇၇။ သားညီလေး အလုခံလိုက်ရပြီ။
အခန်း ၁၇၈။ မဂ်လာပွဲမှ ရှုပ်ထွေးမှု
အခန်း ၁၇၉။ ကလေးအဖေအဖြစ် ဟန်ဆောင်ခြင်း
အခန်း ၁၈၀။ အဖွဲ့တိုင်းမှ နိုးကြားတက်ကြွစွာ ရှာဖွေကယ်တင်ခြင်း
အခန်း ၁၈၁။ ကုသမှုခံယူခြင်း
အခန်း ၁၈၁။ ကုသမှုခံယူခြင်း
အခန်း ၁၈၂။ နောက်ဆုံးတော့ ကလေးတွေ စကားစပြောပြီ။
အခန်း ၁၈၃။ ပျားရည်ဆမ်းခရီးထွက်ရန်အစီအစဉ်
အခန်း ၁၈၄။ ဒီကိုယ်နေဟန်ထားက စိတ်ကူးနိုင်တာထက် လွန်နေပြီ။
အခန်း ၁၈၅။ အနိုင်မခံ အရှုံးမပေး
အခန်း ၁၈၅။ အနိုင်မခံ အရှုံးမပေး
အခန်း ၁၈၆။ မစ္စတာကုက ချစ်သူမိန်းကလေးတွေ စုဆောင်းရတာထက် အကြွေးတောင်းဖို့ပဲ
အခန်း ၁၈၇။ မင်းမှာ တခြား ID ရှိတာလား။
အခန်း ၁၈၈။ ပျော်စရာများ ဖန်တီးခြင်း။
အခန်း ၁၈၉ ။ ရေကူးကန်ထဲက ကြည်နူးဖွယ်ရာအခိုက်အတန့်
အခန်း ၁၉၀။ ချိုမြိန်သောအဆုံးသတ်ကို ဆောင်ယူခြင်း -၁
အခန်း ၁၉၀။ ချိုမြိန်သောအဆုံးသတ်ကို ဆောင်ယူခြင်း -၂
အခန်း ၁၉၁။ အိမ်ကချစ်စဖွယ် ကလေးလေးများ (အပိုင်းခွဲ ၁)
အခန်း ၁၉၁။ အိမ်ကချစ်စဖွယ် ကလေးလေးများ အပိုင်းခွဲ (၂)
အခန်း ၁၉၂- သက်ရှိရတနာလေးနှစ်ဦး (အပိုင်းခွဲ-၁)
အခန်း ၁၉၂- သက်ရှိရတနာလေးနှစ်ဦး (အပိုင်းခွဲ-၂)
အခန်း ၁၉၃။ ဝိုး... ဘောလုံးတွေ အများကြီးပဲ။
အခန်း ၁၉၄။ အကြိမ် (၁၀၀) မြောက်ညစာစားပွဲ
အခန်း ၁၉၅။ အစားကို အလွန်အကျွံစားတာက ပြဿနာကို လက်ယပ်ခေါ်နေတာပဲ။
အခန်း ၁၉၆။ ဒီခံစားချက်တွေအကြောင်း မှန်မှန်ကန်ကန် မတွေးနိုင်ဝောာ့ပါ။
အခန်း ၁၉၆။ ဒီခံစားချက်တွေအကြောင်း မှန်မှန်ကန်ကန် မတွေးနိုင်ဝော့ပါ။
အခန်း ၁၉၇။ ခိုင်ဇီ... ငါတို့ဒိတ်ရအောင်။
အခန်း ၁၉၈။ ဒီခံစားချက်က တစ်ကယ်စိတ်လှုပ်ရှားဖို့ကောင်းတယ်။
အခန်း ၁၉၉။ အဆုံးသတ်ခြင်းကင်းမဲ့သောပျော်ရွှင်မှု
အခန်း ၂၀၀။ ကလေးများ၏မွေးနေ့ပါတီပွဲ
အခန်း ၂၀၁။ မရေရာသော ခန့်မှန်းချက်
အခန်း ၂၀၂။ ဇနီးလေး... မင်းခန့်မှန်းတာ မှန်တယ်။
အခန်း ၂၀၃။ ကောင်းကင်ပေါ်က ပိုင်မုန့်ကြီးကျလာသလို
အခန်း ၂၀၄။ ချိုမြိန်သော အဆုံးသတ် (ဇာတ်သိမ်း အပိုင်းခွဲ -၁)
အခန်း ၂၀၄။ ချိုမြိန်သော အဆုံးသတ် (ဇာတ်သိမ်း အပိုင်းခွဲ -၂)
Extra 1 - မာမီလို့မခေါ်နဲ့။
Extra 2 - ဒယ်ဒီအလုပ်ခရီးသွားပြီးနောက် (၁)
ကွငွောခွငျး/ကြေငြာခြင်း
Extra 3 - ဒယ်ဒီအလုပ်ခရီးသွားပြီးနောက် (၂)
Extra 4 - ကြီးလိုက်တဲ့ရှာလကာရည်စည်ပိုင်းကြီး... (၁)
263 18 0
By painghninphyu1996
ညကသိပ်မမှောင်နေသော်လည်း နှင်းထုကြောင့် အလင်းခပ်မှိန်မှိန်လေးရှိနေသည်။ ကောင်းကင်မှ နှင်းများကတော့ တဖွေးဖွေးကျနေဆဲပင်။ ဒီတိတ်ဆိတ်သောမြို့လေးထဲ စိတ်ကူးယဉ်ဆန်လှသည်။
{*ရှေ့အခန်းမှာတုန်းက village လို့ရေးထားလို့ ရွာအနေနဲ့ပဲပြန်ပေးထားပါတယ်။ ကြည့်ရတာ မြို့ငယ်ထဲက ရပ်ကွက်ဖြစ်မယ်ထင်တယ်။ CN လိုကို gg tran နဲ့ကူနေရတာ သိတယ်ဟုတ်။}
‌ရွှမ့်ယုံစူပါမားကတ်ရှေ့တွင် မတ်တပ်ရပ်နေသောယဲ့ရှော်ကို လော့ယန်မြင်လိုက်ချိန်၌ သူ့မျက်လုံးများစိုစွတ်လာသည်။
"ရှောင်ရှော်....."
လော့န်အသံမြှင့်ကာ အော်ခေါ်လိုက်ရာ ယဲ့ရှော်သည် မှုန်ဝါးနေသောပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး ပြန်ခေါ်လာသည်။
"လော့လော့...." 
သူတို့၏အသွင်က ချစ်ခင်စချစ်သူနှစ်ဦးနှင့်တူသည်။ ဒါမှမဟုတ် တွေ့ရဖို့ခဲယဉ်းတာကြောင့်လည်း ဖြစ်နိုင်ပါသည်။ နှစ်ဦးစလုံး အလွန်စိတ်လှုပ်ရှားနေကြပြီး နှင်းတောထဲတွင် တစ်ယောက်စီတစ်ယောက် ပြေးသွားကြသည်။
အသက်ရှူသံများ ပြင်းထန်သည်ထက် ပြင်းထန်လာပြီး မျက်နှာပေါ်တွင်လည်း စိတ်လှုပ်ရှားသည့်အပြုံးများဖြစ်တည်လာကြသည်မှာ ဒီလိုဆောင်းရာသီရက်များနှင့်ယှဉ်တွဲလိုက်သော် နက်နဲသိမ်မွေ့လှသည်ပင်။
တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်လိုက်ကြချိန်မှာတော့ ကမ္ဘာကြီးထဲတွင် သူတို့နှစ်ဦးသာရှိနေသည့်နှယ် အချင်းချင်းမှီတွယ်ထားကြလေသည်။
ပွေ့ဖက်မှုက တစ်ခဏသာကြာပြီး ယဲ့ရှော် ဆက်ပြီးမဖက်ထားနိုင်တော့ပေ။ အနည်းငယ်လူးလွန့်ကာ ပွေ့ဖက်ထားမှုမှ ရုန်းထွက်လိုက်သည်။
နောက်သို့ဖြည်းဖြည်းဆုတ်လိုက်ပြီးနောက် ပြန်လည်ပွေ့ဖက်လိုက်ပြန်သည်။ သို့သော် ခန္ဓာကိုယ်ချင်းပွေ့ဖက်တာမဟုတ်ဘဲ စိတ်လှုပ်ရှားစွာဖြင့် လော့ယန်၏နှုတ်ခမ်းလွှာများပေါ်သို့ ထိစပ်သွားစေတာပင်။
အေးစက်နေသောနှုတ်ခမ်းလွှာများကြောင့် နှစ်ယောက်လုံး မျက်လုံးများကျယ်သွားရပြီး ပြုံးလိုက်ကြသည်။ အဲဒီ့နောက် ခပ်တည်တည်ပင် ပို၍နက်ရှိုင်းစွာနမ်းကြပါတော့သည်။ 
ယဲ့ရှော် အလွန်စိတ်လှုပ်ရှားနေပြီး လော့ယန်သည်လည်း ထိုနည်းတူပင်။ ယဲ့ရှော်စိတ်လှုပ်ရှားသည်မှာ ယခင်ကသူနှင့်လော့လော့အတူရှိစဉ်မှာ ချိုသည်ခါးသည်ဘာမျှမပြော သိပ်မပွင့်လင်းသည့်အနေအထားဖြစ်သည်။
ယခုအချိန်မှာတော့ လော့လော့ဖေးက သူ့ကိုပြန်လည်တုံ့ပြန်လာရုံမက "လွှမ်းမိုးလိုသောအနေအထား"ကိုပါ အကြိမ်အနည်းငယ်ခန့် ပြသလာသည်လေ။ ဒါကသူ့ကိုမီးတောက်လာစေပြီး လုံးဝလက်မလွှတ်ချင်အောင် လုပ်နေသည်။
လော့ယန်‌စိတ်လှုပ်ရှားနေတာကတော့ ယဲ့ရှော်တစ်ကယ်ကြီး သူ့ဇာတိမြို့လေးဆီ အပြေးလာကာ သူ့ကိုရှာဖွေသောကြောင့်ဖြစ်သည်။ စောစောကဖုန်းခေါ်တုန်းကလည်း ယဲ့ရှော်ဒီလိုပြောခဲ့သည်။
မိသားစုနှင့် ရှင်းလင်းခဲ့ပြီ။ သူ့ပါပါးက အပေးအယူညှိနှိုင်းပေးသည်။ သုံးနှစ်တောင့်ခံနိုင်ပါက သူတို့အတူဆက်ရှိဖို့ကို သဘောတူပေးမည်ဟု။
သုံးနှစ်ဆိုတာ မတိုတောင်းသလို သျပ်လည်းမရှည်လျားပါချေ။ လူတွေကိုစမ်းသပ်ဖို့ အနေတော်သည့် နည်းလမ်း‌ကောင်းတစ်ခုပင်။
လော့ယန်ကတော့တွေးသည်။ နောက်သုံးနှစ်ဆိုလျှင် သူသုံးဆယ်ပြည့်ပြီဖြစ်ကာ အဲဒီ့အချိန်ကျ ယဲ့ရှော်ကိုလက်ထပ်နိုင်ပြီဖြစ်သည်။
ကောင်းပြီ။ သုံးနှစ်ကြာပြီးလျှင် လကါထပ်ကြမည်။
နှုတ်ခမ်းလွှာများနှင့် လျှာများသည် ရစ်ပတ်ယှက်နွယ်နေကြပြီး အသက်ရှူများပင် ကြပ်လာသည်အထိ နမ်းရှိုက်နေကြသည်မှာ နှုတ်ခမ်းထောင့်စွန်းမှ ငွေရောင်အမျှင်တန်းငယ်ပါ စီးကျလာသည်အထိပင်။
"ရှောင်ရှော်... ရှောင်ရှော်...."
"လော့လော့.... ကျွန်တော့်ရဲ့လော့လော့..."
ခံစားချက်တွေကို ဘယ်လိုဖိနှိပ်ရမည်မသိတော့ပါ။ နှစ်ဦးသား အချင်းချင်း၏ နာမည်ကိုညည်းတွားရင်း သူတို့၏လက်များကို ဆုပ်ကိုင်ထားကြပြီး ခွဲခွာလို့မရနိုင်ပေ။
နှင်းထုကြားတွင်ရပ်နေကြသည်မို့ အတော်လေးအေးခဲကာမူးဝေနေကြပြီးနောက် ယဲ့ရှော်၏နှာချေသံက သူတို့၏မရပ်တန့်လိုသည့် ဆန္ဒများကို ကယ်တင်လိုက်သည်။
အထိတ်တလန့်ဖြင့် လော့ယန်တစ်ယောက် သတိပြန်ဝင်လာပြီး ယဲ့ရှော်အတွက်ယူလာသည့်ဂျက်ကတ်ကို ခြုံပေးလိုက်သည်။
"အရမ်းအေးနေလား။ ငါ့ဇာတိမြို့ရဲ့အပူပေးစနစ်က မြို့ကြီးတွေမှာလို သိပ်မကောင်းလှဘူး။ ဒီမှာတအားအေးတယ်။ လေအေးတွေချည်းပဲ။ ဘာပဲဖြစ်ဖြစ် ထူထူလေးဝတ်ထားပြီး ခဏသည်းခံလိုက်နော်။ အိမ်ကိုမြန်မြန်လိုက်ခဲ့။ စောင်ခြုံပြီးနွေးအောင်လုပ်ရမယ်"
ယဲ့ရှော်သည် လော့ယန်၏ကြီးမားရှည်လျားသည့် ဂျတ်ကတ်ဖြင့် ထုပ်ပိုးထားခြင်းခံရပြီး လော့ယန်ကိုပျင်းတိပျင်းရွဲမှီထားလေသည်။ သူ့မျက်ဝန်းတွင်လည်း မြင်ရခဲသော အပြုံးလေးထင်ဟပ်လို့နေလျက်
"လော့လော့က မစောင့်နိုင်တော့ဘူးပဲ။ ကျွန်တော်ရောက်တာနဲ့ စောင်အောက်ကို တစ်ခါတည်းဖိတ်ခေါ်ပြီပေါ့လေ"
"....."
လော့ယန် သူ့ခေါင်းကို ပိတ်ရိုက်ပစ်လိုက်သည်။
"တော်တော်စကားများနေတာပဲ။ မင်းမှာအာရုံခံစားမှုမရှိဘူးလား။ ငါနဲ့သာမတွေ့ရင် ဘယ်လိုလုပ်မလဲ။ ဒီလိုဝတ်ထားပုံနဲ့ အေးခဲသေချင်တာလား။ ဟမ်..."
"ဒီကို အခုမှလာတာပါလို့ဆို...။ ဒီလောက်ထိအေးမယ်လို့မှမသိ.... ဟပ်ချိုး..."
ယဲ့ရှော်ထပ်မံ၍ နှာချေလိုက်သည်။ ခဏနေတော့ နှစ်ခါထပ်ချေကာ နှာရည်ပါကျလာ။
"မြန်မြန်လာ... ဒီလိုနှေးတိနှေတုံ့လုပ်မနေနဲ့။ ညဆိုစောင်နှစ်ထပ်လောက်ခြုံထားနိုင်မှ တော်ကာကျတာ"
ယဲ့ရှော်ခန္ဓာကိုယ်ဟာ သွေးထွက်လွန်ခြင်းကြောင့် အားနည်းနေဆဲဖြစ်ကြောင်း၊ ပြန်လည်ကု‌သရေးမှာလည်း လုံးလုံးလျားလျားနေပြန်မကောင်းသေးကြောင်း လော့ယန်သိပါသည်။ အမှန်ဆို သိုးမွှေးထည် ၀တ်ရမည့်အနေအထားပင်။
"လော့လော့... ကျွန်တော်ခေါင်းကိုက်တယ်"
ယဲ့ရှော်ခေါင်းကိုခါယမ်းလိုက်သည်။ သူနှစ်ရက်နှင့်နှစ်ည ကောင်းကောင်းမအိပ်ရသေးသည့်အပြင် အစားလည်း ကောင်းကောင်းမစားရသေးပါ
ထို့ပြင် အခုလည်း ဒီနေရာမှာအေးခဲနေတာကြောင့် အခြေအနေမဟန်တော့ပေ။ အလွန်နေရခက်သည့်အပြင် မူးဝေကာ နှာရည်ကျရုံမက လည်ချောင်းပါနာလာသည်။ သို့သော် သူဟာဒီအခွင့်အရေးကိုယူကာ လော့ယန်ကိုကပ်ချွဲနေတော့သည်။
လော့ယန်သည် သူ့လက်ဖြင့် ယဒ့ရှော်၏နဖူးကိုကပ်ကာ အပူချိန်စမ်းလိုက်ရာ အနည်းငယ်ပူနွေးနေသည်။ ကြည့်ရတာ သွေးလည်ပတ်မှုနှေးကွေးလာပြီး မျက်ကြောများစင်းကျလာပုံပေါ်သည်။
ထို့ကြောင့် လော့ယန်သည် ယဲ့ရှော်၏ရှေ့မှာထိုင်ချကာပြောလိုက်သည်။
"လာ... ငါမင်းကိုကုန်းပိုး ခေါ်သွားမယ်"
ယဲ့ရှော်သည် လော့ယန်ကို ပြန်လည်နှစ်သိမ့်လိုက်သည်။
"ကျွန်တော်က ကလေးမဟုတ်တော့ဘူးလေ။ ကျွန်တော်အဆင်ပြေပါတယ်။ ခေါင်းကိုက်ပြီး မူးဝေနေရုံလေးပဲ။ လမ်းလျှောက်ပြန်လို့ရပါတယ်။ လမ်းကချော်နေတော့ ကျွန်တော့ကိုကုန်းပိုးသွားရင် လျှောက်လို့မကောင်းလောက်ဘူး။ ထပါ...။ လက်ကိုင်ပြီးလျှောက်ရအောင်လေ"
"စကားများမနေနဲ့။ ကျောပေါ်တက်ခဲ့"
လော့ယန် သူ့နောက်ကျောကို တောင့်ထားကာ ယဲ့ရှော်၏ဘောင်းဘီရှည်ကိုဆွဲလိုက်ပြီး တက်လာရန်ပြောလိုက်သည်။
"မင်းမတက်လာသေးရင် ငါထိုင်နေရင်းနဲ့ ခြေထောက်တွေ ထုံကုန်တော့မှာနော်။ သိပ်မဝေးပါဘူး။ "လော့လော့ပင်ပန်းနေမှာစိုးလို့ ကုန်းမပိုးနဲ့တော့" ဆိုတာမျိုးလုပ်မနေနဲ့။ ငါမင်းကိုပြောပြမယ်။ ဒီရွာပြီးရင် ဟိုဘက်မှာ ဘာဆိုင်မှ ရှိတော့မှာမဟုတ်ဘူး။ မတက်လာ‌သေးရင် ပြီးမှနောင်တမရနဲ့နော်"
ယဲ့ရှော်နှာထပ်ရှုံ့လိုက်ပြီးနောက်မှာတော့ နာခံစွာပင် လော့ယန်၏ကျောပေါ်တက်ကာ လည်ပင်းကိုဖက်ထားလိုက်ရတော့သည်။ သူ့ရင်ဘတ်နှင့် လော့ယန်၏ကျောပြင်က ထိကပ်လို့နေလျက်။
ဒီအချိန်မှာ အသက်ရှူသံကိုတောင်မှ ဂရုစိုက်နေမိသည်။
—— လော့လော့က သူ့ကိုကျောပိုးခေါ်သွားတယ်တဲ့။ ဒါကတစ်ကယ့်ကိုမမေ့နိုင်စရာ အခိုက်အတန့်လေးပဲ။
လော့ယန် တစ်နေ့တွင် ယောက်ျားတစ်ယောက်အတွက် သူ့ခေါင်းကိုနှိမ့်ချမိလိမ့်မည်ဟု ဘယ်တုန်းကမျှ မတွေးတောခဲ့ဖူးပေ။ ပြီးတော့ အဲဒီ့လိုနှိမ့်ချလိုက်ခြင်းအပေါ် သူပျော်ရွှင်မိပါသည်။
ယဲ့ရှော်၏ကိုယ်အလေးချိန်က ဒီအရွယ်မှာရှိသင့်သည့် ကောင်လေးတစ်ယောက်၏အလေးချိန်ထက် ပေါ့နေသည်။ သွေးတွေတအားထွက်ထားတာရယ်၊ ဆေးရုံကဆင်းတာ မကြာသေးတာရယ်ကြောင့်ဖြစ်လိမ့်မည်။
ထို့ပြင် သူတို့၏အနာဂတ်တွေ သေချာသွားပြီဆိုသော်လည်း ယဲ့ရှော်၏ကျန်းမာရေး မကောင်းသေးမှုကြောင့် သူ့စိတ်ထဲနေလို့မကောင်းတော့ပေ။
သူ့လက်များက ယဲ့ရှော်၏ဒူးကိုဖက်ထားပြီး ရှေ့ဆက်လျှောက်ရင်း ညင်သာစွာမေးလိုက်သည်။
"ဗိုက်ဆာနေပြီလား"
"ဆာတယ်"
ယဲ့ရှော်သည် ယုံကြည်စိတ်ချမှုရှိစွာပင် ကျယ်ကျယ်လေးအော်လိုက်သည်။ သူတစ်ကယ်ဗိုက်ဆာနေပြီ။ ရထားပေါ်ကအစားအစာတွေက တစ်ကယ်စားလို့မကောင်းလှ။ အဆာပြေအောင် မရအရ စားခဲ့ရုံသာ။ သို့သော်နည်းနည်းလေးစားခဲ့တယဖြစ်သည်။
အခုတော့ ချစ်ရသူကသူ့ဘေးမှာရှိနေပြီမို့ သူကတော့ စွပ်ပြုတ်ဘယ်လိုချက်ရမည်၊ ချစိယ်သူကိုဘယ်လိုဂရုစိုက်ရမည်ဆိုတာ သိနိုင်သည်လေ။ သူ့အတွက် ဒီ့ထက်ပျော်ရွှင်ဖွယ်ကိစ္စထပ်မရှိနိုင်တော့ပေ။
ချစ်သူနှင့် လက်ချင်းတွဲကာ လမ်းလျှောက်ရသည်မှာ အလွန်အကျိုးရှိလှသည်။
— ဟပ်ချိုး....   
— တအားအေးနေတာကလွဲလို့‌ပေါ့။
သို့သော်ကိစ္စမရှိ။ အအေးမိတာက အသေးအဖွဲကိစ္စလေးသာ။ လော့လော့အကျပ်ရိုက်စေရန်၊ လော့လော့ သူ့စကားကိုနားထောင်စေရန်၊ ပြီးတော့ တခြားကိစ္စတွေလုပ်ရန် ဒီအခွင့်အရေးကို ယူနိုင်သည်။
"နောက်ပြီးကျရင် မင်းအတွက် အရသာရှိတာလေးချက်ပေးမယ်"
ဒီလော့ယန်ဆိုသည့် လူသားကတော့ တစ်ကယ်ကိုရိုးရှင်းသည်။ လူတစ်ယောက်ကို အသိအမှတ်ပြုပြီးသည်နှင့် အကန့်အသတ်မရှိ ဂရုစိုက်ပေးတတ်သည်။ ဒီလိုမျိုးပေါ့...။
— ငါ့လူဖြစ်သွားပြီဆိုရင် ငါကောင်းကောင်းဆက်ဆံပေးမယ်။ အလိုလိုက်ပေးမယ်။ ဂရုစိုက်ပေးမယ်။
ထို့ကြောင့် ယဲ့ရှော်သည် လော့ယန်ကိုချစ်မိခြင်းနှင့် လော့ယန်သူ့ကိုပြန်ချစ်လာခြင်းအပေါ် ပျော်ရွှင်ဝမ်း‌မြောက်မိသည်။
"အိမ်ရောက်ဖို့ ဘယ်လောက်လို‌သေးလဲ"
သူ့ကိုသယ်နေသည့်လော့ယန် ပင်ပန်းမှာကို ယဲ့ရှော်စိုးထိတ်မိသည်။ ထို့ကြောင့် ခဏခဏမေးနေမိတာပင်။
"မကြာတော့ဘူး ရှေ့တစ်ကွေ့ဆို ရောက်ပြီ"
လော့ယန်အရှိန်လျှော့လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ကျောပေါ်မှာလူတစ်ယောက်ပါသည်မို့လေ။ ယဲ့ရှော်လိုက်လာသည်ကို တွေ့လိုက်ရချိန်က စိတ်လှုပ်ရှားသည့်ခံစားချက်နှင့် ဆန့်ကျင်ဘက်ပင်။
အခုအချိန်မှာ တည်ငြိမ်သွားပြီဖြစ်ပြီး နူးညံ့ညင်သာနေသည်မှာ မတူညီသည့်လူနှစ်ယောက်နှယ်။
"လော့လော့... ကျွန်တော်မင်းကိုချစ်တယ်နော်"
ယဲ့ရှော်ပြောရင်းဆိုရင်း လော့ယန်၏လ်ာတိုင်ကို ထပ်၍ဖက်ထားပြန်သည်။ လော့ယန်ခေါင်းစောင်းကာ အပြုံးတစ်ပွင့်နှင့် တုံ့ပြန်လိုက်သည်။
"ငါလည်းမင်းကိုချစ်တယ်"
လုံလောက်သွားလေပြီ။
မကြာခင်အိမ်ဝင်းတံခါးဆီကို ပြန်ရောက်ပြီးနောက် ယဲ့ရှော်ချက်ချင်းပင် လော့ယန်၏ ကျောပေါ်မှဆင်းကာ တစ်ဝက်ပိတ်၊ တစ်ဝက်ပွင့်မေသော ဂိတ်တံခါးဆီ နောကိမှလိုက်လာခဲ့သည်။
လော့ယန်သည် ကြီးမားသော သံဂိတ်တံခါးကို သော့ပြန်ခတ်ပြီးနောက် ယဲ့ရှော်ကို ခြံဝင်းထဲဆွဲခေါ်လာလိုက်သည်။
"လော့လော့.... မင်းရဲ့ခြံကအကျယ်ကြီးပဲ။ အရမ်းလည်းလှတယ်"
ယဲ့ရှော် ပတ်ပတ်လည်ကိုကြည့်ကာ နှင်းလွှာများကို အနားကပ်ကြည့်သည်။  ခြံဝင်းကအလွတ်ကြီးတော့မဟုတ်ပါ။ သစ်ပင်ကြီးများ၊ ပန်းပင်များနှင့် အပင်ငယ်များရှိပြီး နှင်းလွှာများဖြင့် ဖုံးနေရာ ခြံဝင်းတစ်လုလုံးကို ဖုံးကွယ်ထားသည့်နှယ်။
သို့သော် သဘာဝတရား၏ အနှစ်သာရကို ကြည့်တတ်မည်ဆိုလျှင်တော့  နွေဦးတွင်ပွင့်မည့်ပန်းများကို ဒီခြံဝင်းအတွင်း လှပစွာတွေ့ရှိလိမ့်မည်။
မူလဂေဟစနစ်ဆိုတာဘာလဲ။ ဒါပဲလေ...။ သဘာဝနဲ့ နီးစပ်မှုဆိုတာကရော ဘာလဲ။ ဒါပဲပေါ့...။
"မှန်တယ်။ ငါ့အိမ်က ခြံဝင်းကျယ်ပါ ရှိတယ်လေ"
လော့ယန်ပြုံးလိုက်ကာ ခြံဝင်းထဲလျှောက်သွားပြီး ခြေလှမ်းအနည်းငယ်ဖြင့် တံခါးဆီရောက်သွားကာ ဖွင့်လိုက်သည်။ သူအလျင်စလိုဖြင့် ပြေးထွက်ခဲ့တာမို့ တံခါးကိုသော့မခတ်ခဲ့ရပေ။
နှစ်ယောက်သား အိမ်ထဲသို့ တည့်တည့်ဝင်သွားကာ လော့ယန်သည် ယဲ့ရှော်ကို မီးလင်းဖို‌ရှေ့သို့ ဆွဲခေါ်သွားသည်။
"ဒီကိုလာ... မင်းလုံးဝရေခဲရုပ်ထုဖြစ်တော့မယ်လို့ ငါခံစားနေရတယ်"
ယဲ့ရှော်သည် လော့ယန်၏အိမ်ထဲမှ ကျောက်မီးသွေးလောင်စာသုံး မီးလင်းဖိုကို စူးစမ်းချင်စိတ်ပြင်းပြစွာဖြင့် ကြည့်လိုက်သည်။
"လော့လော့... အခုထိ ဒီလိုမီးဖိုရှိသေးတာလား။ အဲဒါကရယ်စရာကောင်းတယ်။ မင်းငယ်ငယ်တုန်းက ဒီသံမီးဖိုပေါ် တက်ထိုင်ဖူးတယ်လို့ ကြားဖူးတယ်။ အပြားလိုက်လှီးထားတဲ့ ကန်စွန်းဥချပ်တွေကို ဒီမီးဖိုအစွန်းနားမှာထားပြီး ဖုတ်လို့ရတယ်ဆိုတာ ဟုတ်လား"
"ဒါပေါ့။ အမှန်ပဲလေ။ ငါပြန်လာတာ ရက်နည်းနည်းရှိပြီ။ ငါပြန်ရောက်တုန်းက အိမ်နီးချင်းအန်တီက သူစိုက်ထားတဲ့ ခြံဖြစ်ကန်စွန်းဥတစ်ချို့ ပေးတယ်လေ။ နောက်တော့ မီးဖုတ်စားလိုက်တယ်။ အချပ်လိုက်လှီးပြီးသား မီးဖုတ်စားချင်လား။ အလုံးလိုက်စားမလား"
"နှစ်ခုလုံးစားမယ်"
ယဲ့ရှော်တစ်ယောက် လောဘအိုးလေးနှယ် ပြောင်ပြောင်ရှင်းရှင်း ပြောလာပါ၏။ လော့ယန်ကလည်း မငြိုငြင်ပေ။
"ကိစ္စမရှိဘူး။ ဒါပေမဲ့မင်းအတွက် ဂျင်းလေးနည်းနည်း အရင်ပြုတ်လိုက်ဦးမယ်။ ကျန်တဲ့ဆေးကတော့ မနက်ဖြန်မနက်မှသောက်တော့နော်။ ဒီလိုကာလမှာ ဆိုင်တွေက စောစောပိတ်ကြတာ။ အခုရော နေလို့ထိုင်လို့ မကောင်းဖြစ်နေသေးလား"
"ရပါတယ်။ နည်းနည်းပိုပြီး နေလို့ကောင်းသွားပြီ။ မီးလှုံလိုက်ရလိုက်တော့ ‌တစ်ကိုယ်လုံးအတွင်းရော အပြင်ပါ နွေးသွားတာပဲ။
ယဲ့ရှော် ချဲ့ကားပြီးပြောလေသည်။ သို့သော် လော့ယန်အနေဖြင့် ဒီဒေသမှာကြီးပြင်းလာခဲ့သူမို့ အခြေအနေအမှန်ကို မသိဘဲ ဘယ်နေ
ပါ့မလဲ။ ဒီမီးလင်းဖိုက လက်ကိုအနွေးဓာတ်ပေးနိုင်ရုံသာ။ တစ်ကိုယ်လုံးနွေးထွေးစေဖို့ရာတော့ မတတ်နိုင်ပေ။
ကံကောင်းစွာဖြင့် အိမ်ကိုပြန်လာချိန်က မီးလင်းဖိုရော အပူပေးစက်ပါ ပျက်နေတာတွေ့ခဲ့ရသည်။ ဒါကြောင့် အလျှင်အမြန်ပြင်ခဲ့သည်။ မဟုတ်ပါက သူ့ဘ၀ရဲ့နောက်ဆုံးညများက ဇာတိမြေမှာ ဖြစ်သွားပေမည်။
သို့သော် ယဲ့ရှော်ကတော့ ဒီလောက်အနွေးဓာတ်လေးဖြင့်နေဖို့ မရနိုင်လောက်ပေ။
မီးလင်းဖိုသေးသေးလေးဘေး တစ်ညလုံးအိပ်လိုက်ရင် မနက်မိုးလင်းတဲ့အခါ နိုးရောနိုးလာနိုင်ပါဦးမလား။
မိမိ၏ချစ်ရသူက အချက်အပြုတ်တတ်ကျွမ်းသူတစ်ယောက်ဖြစ်ခြင်းဟာ ကောင်းချီးမဂ်လာတစ်ပါးပင်။
လေယ့ယန်သည် ယဲ့ရှော်ကို ဘာမျှမလုပ်ခိုင်းဘဲ မီးသာလှုံခိုင်းထားပြီး ကျန်တာသူ့ဘာသာလုပ်သည်။ ဂျင်းပြုတ်ရည်ရလာတော့ ခွက်ကြီးတစ်ခွက်ထဲလှယ်ကာ အအေးခံထားပြီး အစားအစာ ဆက်လက်ချက်ပြုတ်သည်။
ဟင်းများကျက်သွားသည့်နောက် အခန်းထဲဝင်လာပြီး ယဲ့ရှော်၏ဖျော့တော့ကာ ယခင်ထက် ပိန်ချိုင့်သွားသောပါးပြင်များကိုကြည့်ပြီး သူ့စိတ်ထဲ အလွန်ခံစားရသည်။
ဘာတွေပဲဖြစ်ပါစေ။ နှစ်သစ်ကူးကာလအတွင်း ယဲ့ရှော်ကို အတတ်နိုင်ဆုံး ၀လာအောင်ကျွေးရမည်။ အနည်းဆုံး ယခင်ထက် ကျန်းမာရေးကောင်းလာအောင် လုပ်ပေးရမည်။ ဒဏ်ရာကြောင့် သွေးထွက်လွန်ခြင်းဟာ သေသေချာချာ ဂရုစိုက်ပြီး အားပြန်မွေးရမည့်ကိစ္စဖြစ်ပြီး ချက်ချင်းပြန်ကောင်းဖို့ မလွယ်ပေ။
ယဲ့ရှော်သည် လိမ်လိမ်မာမာပင် ဂျင်းပြုတ်ရည် ခွက်ကြီးတစ်ခွက်ကို သူ့အစာအိမ်ထဲအကုန်သွင်းလိုက်သည်။ ထို့နောက် အတွင်းခန်း၏ဖွဲ့စည်းပုံကိုကြည့်ကာ အံ့အားသင့်နေသည်။
အနွေးအိပ်ယာကို မြင်သောအခါ သူ့မျက်လုံးများ တောက်ပလာပြန်သည်။
— ဒီ'အိပ်ယာ'က အရမ်းကောင်းတယ်။ ဘေးနှစ်ဘက်စလုံးက နံရံတြွေဖစ်ပြီး နောက်တစ်ဘက်ကလည်း နံရံနဲ့ပြတင်းပေါက်...။ နောက်ဆုံးကျန်တဲ့ဘက်က ၀င်ပေါက်ဆိုတော့ ဘယ်လောက်လှိမ့်လှိမ့် ပြုတ်မကျနိုင်ဘူး။ သိပ်ကောင်းတယ်။
ဒီအချိန်မှာ... ဘာကိစ္စပဲဖြစ်လာလာ... လော့လော့ကို သူ့အောက်မှာ ဖိချထားနိုင်တော့မယ်။
*********
TN- တစ်ယောက်က ချစ်သူရှေ့မှာ အားနည်းနေတဲ့ယုန်သူငယ်လေးလုပ်ပြ။ တစ်ယောက်ကလည်း တအားဂရုစိုက်ပေးရုံမက dominant ဖြစ်နေတော့ကာ လော့လော့က gong ၊ ရှောင်ရှော်က shou လို့ ထင်သွားမိ။ အဆုံးကျ လော့လော့ကမှ ယုန်အရေခြုံထားတဲ့ ဝံပုလွေပေါက်စလေးကို တွင်းထဲခေါ်သွင်းတဲ့ ယုန်သူငယ်ကြီးဖြစ်နေပါရောလား 😂😂😂
Continue Reading
You'll Also Like
278K 50.1K 103
I rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to original Author.
25.3K 2.2K 20
Name : 我家小朋友 /My Little One Author : Flightless Bo-chan (不会飞的菠酱) Chapter : 6 English Translator : Sushi Editors: Yappers I'm not own this novel. I cr...
631K 113K 140
ဟောပိုင်က ထီဆုကြီးပေါက်ကာ ချမ်းသာလာပြီး သူ့ဘဝရဲ့အကောင်းဆုံးအချိန်တွေကို အေးဆေးစွာ ဖြတ်သန်းနေချိန် .. မမျှော်လင့်စွာနှင့် တိုက်ပေါ်မှ အတွန်းချခံရကာ မတ...
4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...