အခန်း ၁၆၅။ သူများတွေပျော်နေချိန် စိတ်ဒုက္ခလာခံလိုက်စမ်းပါ။

738 131 12
                                    

အခန်း ၁၆၅။ သူများတွေပျော်နေချိန် စိတ်ဒုက္ခလာခံလိုက်စမ်းပါ။

လင်ကျန်းရီနှင့်မိဘများ ဆွေးနွေးသည်ဆိုရာ၌ အခြေအနေနှစ်ခုရှိသည်။ တစ်ခုသည် စုယန်နှင့်သူ့ဇနီးတို့ကို ရိုးသားပွင့်လင်းစွာဖိတ်ကြားပြီး စီးပွားရေးလောက၏ အကြီးအကဲများအဖြစ် ဆက်ဆံကာ သူ့မိဘများနှင့် မျိုးဆက်တူသူများအနေဖြင့် မဂ်လာပွဲကို လာရောက်ချီးမြှင့်စေခြင်းဖြစ်သည်။

သို့သော်လည်း ဒုတိယနည်းလမ်းကမူ ကျစ်ယန်အတွက် လွယ်ကူလိမ့်မည်မဟုတ်ပါ။ ဒုတိယနည်းလမ်းသည် ကျစ်ယန်ကို သူတို့တိုင်ပင်ထားသည့်အကြောင်း အမှန်အတိုင်းပြောပြကာ ကျစ်ယန်ဘက်မှ မိဘများအဖြစ် ပွင့်လင်းစွာ ဖိတ်ခေါ်စေခြင်းဖြစ်သည်။

မဟုတ်သေး။ ဒီကိစ္စကမဖြစ်နိုင်ပေ။

နောက်တစ်ရက်သည် စနေနေ့ဖြစ်တာကြောင့် လင်ကျန်းရီသည် ငါးရက်တာလုံး အလုပ်ကြိုးစားခဲ့သည်ကို ဆင်ခြေပေး၍ အကျိုးအမြတ်ရယူရန် ကြိုးစားလေသည်။

စုကျစ်ယန်ကလည်း မငြင်းဆန်ဘဲ လင်ကျန်းရီနှင့်အတူ အပေးအယူမျှစွာ လူးလှိမ့်ခဲ့ကြသည်။ သို့သော် အထဲမှာပြီးခွင့်တော့မပေးပေ။

ဒါပေါ့။ လင်ကျန်းရီဘက်ကလည်း လက်ခံတာကြောင့် စုကျစ်ယန်ဘက်က လုပ်ခွင့်ပေးခဲ့တာလည်းဖြစ်သည်။

"နောက်တစ်ခါဆို အကာအကွယ်ပါပါစေ"

စုကျစ်ယန်သည် လင်ကျန်းရီ၏ရင်ဘတ်ပေါ်တွင် လဲလျောင်းရင်း မောဟိုက်နေရာမှ တောင်းဆိုသည်။ လင်ကျန်းရီခေါင်းခါသည်။

"အကာအကွယ်နဲ့ဆို ကိုယ်ခံစားရတာမကောင်းဘူးလေ အချစ်ကလေးရဲ့... ကျေးဇူးပြုပြီး ခွင့်ပြုပါကွာ။ ကိုယ်အပြင်ထုတ်ပါ့မယ် နော်..."

"ပြီးတာပဲ။ ခင်ဗျားသဘော..."

"ကိုယ်မင်းကို ရေချိုးဖို့ခေါ်သွားပေးမယ်"

ကံကောင်းစွာဖြင့် သူတို့အိမ်မှာ သူတို့အတွက် ကိုယ်ပိုင်ရေချိုးခန်းရှိတာကြောင့် အေးအေးဆေးဆေး သန့်ရှင်းရေးလုပ်လို့ရသည်။ သူတို့ရေချိုး၊ သန့်ရှင်းနေစဉ် မိဘတွေနဲ့ဆုံမှာ မစိုးရိမ်ရပေ။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ(Translation)Where stories live. Discover now