အခန်း ၁၄၇။ အဓိကအချက်ကတော့ သူ့ကိုဖိထားချင်တာပဲ။

839 139 6
                                    

အခန်း ၁၄၇။ အဓိကအချက်ကတော့ သူ့ကိုဖိထားချင်တာပဲ။

ညကသိပ်မမှောင်နေသော်လည်း နှင်းထုကြောင့် အလင်းခပ်မှိန်မှိန်လေးရှိနေသည်။ ကောင်းကင်မှ နှင်းများကတော့ တဖွေးဖွေးကျနေဆဲပင်။ ဒီတိတ်ဆိတ်သောမြို့လေးထဲ စိတ်ကူးယဉ်ဆန်လှသည်။

{*ရှေ့အခန်းမှာတုန်းက village လို့ရေးထားလို့ ရွာအနေနဲ့ပဲပြန်ပေးထားပါတယ်။ ကြည့်ရတာ မြို့ငယ်ထဲက ရပ်ကွက်ဖြစ်မယ်ထင်တယ်။ CN လိုကို gg tran နဲ့ကူနေရတာ သိတယ်ဟုတ်။}
  

‌ရွှမ့်ယုံစူပါမားကတ်ရှေ့တွင် မတ်တပ်ရပ်နေသောယဲ့ရှော်ကို လော့ယန်မြင်လိုက်ချိန်၌ သူ့မျက်လုံးများစိုစွတ်လာသည်။

"ရှောင်ရှော်....."

လော့န်အသံမြှင့်ကာ အော်ခေါ်လိုက်ရာ ယဲ့ရှော်သည် မှုန်ဝါးနေသောပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်ပြီး ပြန်ခေါ်လာသည်။

"လော့လော့...." 

သူတို့၏အသွင်က ချစ်ခင်စချစ်သူနှစ်ဦးနှင့်တူသည်။ ဒါမှမဟုတ် တွေ့ရဖို့ခဲယဉ်းတာကြောင့်လည်း ဖြစ်နိုင်ပါသည်။ နှစ်ဦးစလုံး အလွန်စိတ်လှုပ်ရှားနေကြပြီး နှင်းတောထဲတွင် တစ်ယောက်စီတစ်ယောက် ပြေးသွားကြသည်။
  
အသက်ရှူသံများ ပြင်းထန်သည်ထက် ပြင်းထန်လာပြီး မျက်နှာပေါ်တွင်လည်း စိတ်လှုပ်ရှားသည့်အပြုံးများဖြစ်တည်လာကြသည်မှာ ဒီလိုဆောင်းရာသီရက်များနှင့်ယှဉ်တွဲလိုက်သော် နက်နဲသိမ်မွေ့လှသည်ပင်။
  
တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်လိုက်ကြချိန်မှာတော့ ကမ္ဘာကြီးထဲတွင် သူတို့နှစ်ဦးသာရှိနေသည့်နှယ် အချင်းချင်းမှီတွယ်ထားကြလေသည်။
  
ပွေ့ဖက်မှုက တစ်ခဏသာကြာပြီး ယဲ့ရှော် ဆက်ပြီးမဖက်ထားနိုင်တော့ပေ။ အနည်းငယ်လူးလွန့်ကာ ပွေ့ဖက်ထားမှုမှ ရုန်းထွက်လိုက်သည်။
  
နောက်သို့ဖြည်းဖြည်းဆုတ်လိုက်ပြီးနောက် ပြန်လည်ပွေ့ဖက်လိုက်ပြန်သည်။ သို့သော် ခန္ဓာကိုယ်ချင်းပွေ့ဖက်တာမဟုတ်ဘဲ စိတ်လှုပ်ရှားစွာဖြင့် လော့ယန်၏နှုတ်ခမ်းလွှာများပေါ်သို့ ထိစပ်သွားစေတာပင်။

အေးစက်နေသောနှုတ်ခမ်းလွှာများကြောင့် နှစ်ယောက်လုံး မျက်လုံးများကျယ်သွားရပြီး ပြုံးလိုက်ကြသည်။ အဲဒီ့နောက် ခပ်တည်တည်ပင် ပို၍နက်ရှိုင်းစွာနမ်းကြပါတော့သည်။ 
  
ယဲ့ရှော် အလွန်စိတ်လှုပ်ရှားနေပြီး လော့ယန်သည်လည်း ထိုနည်းတူပင်။ ယဲ့ရှော်စိတ်လှုပ်ရှားသည်မှာ ယခင်ကသူနှင့်လော့လော့အတူရှိစဉ်မှာ ချိုသည်ခါးသည်ဘာမျှမပြော သိပ်မပွင့်လင်းသည့်အနေအထားဖြစ်သည်။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ(Translation)Where stories live. Discover now