အခန်း ၆၈
ဌာနမှလက်ခံရရှိသောစာပါအကြောင်းအရာကို လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ဖုရိကျယ်နဲ့ ကျန်းဆုန်းတို့တုန်းကလို လိင်တူချစ်သူတွေဖြစ်ကြောင်း ဟာကွက်အပြည့်နဲ့ ဆင်ခြင်တုံတရားကင်းမဲ့စွာဖော်ပြသောစာနဲ့တော့ ကွဲပြားလှသည်။ ထိုစာသည် A4 စာရွက်တွေထဲက တစ်ရွက်ကို ထုတ်နူတ်ထားတာဖြစ်ပြီး စာပို့တဲ့သူက အသေးစိတ်ကိုမပို့ထားပေမယ့် ဒီလောက်ဆိုရင် သူကျဉ်းထဲကြပ်ထဲ ရောက်ဖို့ လုံလောက်နေပြီဖြစ်သည်၊ ရိုးရိုးရှင်းရှင်းပင် လက်ရေးကို နှိုင်းယှဉ်ကြည့်ရင်ပင် ဒါက လျိုဝေ ဖြစ်ကြောင်း အတည်ပြုနိုင်သည်။
လျိုဝေက မငြင်းတော့ဘဲ စာကိုဖတ်ပြီးနောက် မိနစ်အတော်ကြာအောင် စာရွက်ကို စိုက်ကြည့်ပြီးမှ နောက်ဆုံးတွင် "မမှားဘူး ငါ့ဟာပါ" ဟု တိုးတိုးလေးပြောလိုက်သည်။
ဒီကိစ္စရဲ့ ဌာနရဲ့ ကိုင်တွယ်မှုရဲ့ နောက်ဆုံးရလဒ်က ထွက်မလာသေးပေမယ့် လျိုဝေက ဌာနတစ်ခုလုံးတွင် နေ့ချင်းညချင်း ရေပန်းစားလာပြီး ကျောင်းဖိုရမ်မှာ လူတချို့က ဒီကိစ္စကို ဆွေးနွေးနေကြသည်။
လျိုဝေ အတန်းမတက်တော့ဘဲ အိပ်ဆောင်ထဲမှာ မှင်တက်ကာ ထိုင်နေပြီး အိပ်ဆောင်ထဲကလူတွေကလည်း သူ့ကို နှစ်သိမ့်မှုမပေးကြချေ။ လူတိုင်းက သူနောက် ကွယ်မှာ ညည်းညူပြီး မထီမဲ့မြင်ပြုခဲ့တာတွေသိတော့ တည့်တည့်မြင်ရင်တောင် မျက်နှာလွှဲသွားကြသည်။
ဖုရိကျယ်က လျိုဝေရဲ့ မျက်လုံးထဲတွင် အချိန်အတော်ကြာ ဒေါသနှင့် မုန်းတီးမှုများ ပြည့်နှက်နေသည်ကို ခံစားသိရှိသော်လည်း သူက မည်သို့မျှ တုံ့ပြန်ခြင်းမရှိပေ။ အချိန်မရှိ၍လည်း ဖြစ်သည်၊ နောက်ဆုံး စာမေးပွဲဖြေရန် အချိန်က နီးကပ်နေပြီဖြစ်ပြီး စတုတ္ထအဆင့် စာမေးပွဲကလည်း ရှိသေးတယ်၊ သူနေ့တိုင်း စာအုပ်ထဲသာ ခေါင်းစိုက်ထားပြီး လျိုဝေကို မျက်ကွယ်ပြုထားလိုက်သည်။
စတုတ္ထအဆင့် ပြီးသောအခါ ဖုရိကျယ်က ဖုခွင်းထံ စာတိုတစ်စောင် ပေးပို့ခဲ့ပြီး စာမေးပွဲအပြီးတွင် သူ့ကိုယ်သူ မဆိုးဘူးဟု ခံစားရသည်။
သူအိပ်ဆောင်ကို တိုက်ရိုက်မပြန်ခဲ့ပေ၊ ကျောင်းက လျိုဝေကို စာသင်နှစ် တစ်နှစ်ကြာ ဆိုင်းငံ့ထားခဲ့ပြီး လျိုဝေက ဒီရက်အတွင်း အိမ်ပြန်ဖို့ ပြင်နေတာဆိုတော့ သူတစ်ယောက်တည်းဆို ဘယ်လိုနေရမှန်း သိမှာမဟုတ်ဘူး။ နေရထိုင်ရ ခက်နေလိမ့်မယ်။
ဖုရိကျယ်က ကျောင်းဂိတ်ပေါက်ကို နှစ်ခါလောက်လှည့်၍ လမ်းလျှောက်ရင်း အိပ်ဆောင်သို့ မပြန်မီ ဗိုက်တင်းနေအောင် အစားအသောက်ကို အစုံစားသောက်ခဲ့သည်။
အိပ်ဆောင်ထဲဝင်တာနဲ့ လျိုဝေက ကုတင်ပေါ်ကနေ ထလိုက်ပြီး "ဖုရိကျယ်၊ ငါမင်းနဲ့ စကားပြောချင်တယ်"
ဖုရိကျယ်ရဲ့ အဖြေကို မရသေးခင်ပင် ဘေးနားက မျက်နှာသုတ်ပုဝါကိုယူကာ ရေချိုးရန်ပြင်နေသော ရွှီဟောင်က ကုတင်ဘောင်ကို မျက်နှာသုတ်ပုဝါနဲ့ ပွတ်သပ်ရင်း "ဘာလိုချင်သေးလို့လဲ၊ မပြီးသေးဘူးလား !"
"ငါသူနဲ့စကားပြောနေတာ၊ မင်းနဲ့မပြောဘူး!" လျိုဝေက ရုတ်တရက်အော်ပြီး ရွှီဟောင်ကို လက်ညှိုးထိုးကာ "မင်းရဲ့ကိစ္စမဟုတ်ဘူး! ဝတုတ်!"
ကုတင်ပေါ်မှ မူးနေသော ကျန်းဆုန်းက ထကာ လျိုဝေ၏ဖင်ကို ကန်လိုက်ပြီး ရွှီဟောင်ရဲ့ မျက်နှာသုတ်ပုဝါနဲ့ လျိုဝေ လည်ပင်းကို ညစ်ကာ "မင်းတကယ်ပဲ ငါတို့အဆောင်မှာ ဒေါသကြီးတဲ့သူ တစ်ယောက်မှ မရှိဘူးလို့ ထင်နေတာလား!"
"ပြောဆိုလည်း ပြောတာပေါ့" ဖုရိကျယ်က ဒေါသထွက်နေတဲ့ မျက်နှာနဲ့ တံခါးကိုမှီပြီး "မင်း ဘယ်မှာစကားပြောချင်လဲ" လျိုဝေကို ကြည့်လိုက်သည်။
လျိုဝေက သူ့ကို စိုက်ကြည့်ရင်း တံခါးဖွင့်ကာ ထွက်သွားသည်။
"ရိကျယ် မသွားနဲ့" ဝူဖျင်ရှန်းက အပြင်ထွက်ခါနီး ဖုရိကျယ်ကိုပြောရင်း "သူဘာဆက်လုပ်မလဲ မသိသေးဘူး"
"အဆင်ပြေပါတယ်" ဖုရိကျယ်က သူ့ပုခုံးပေါ် လက်တင်ပြီး "ငါ မအပါဘူး"
လျိုဝေက အရှေ့ကနေ ခေါင်းငိုက်စိုက်နဲ့ လမ်းလျှောက်သွားရင်း အိပ်ဆောင်အဆောင်နောက်ဘက်သို့ ရောက်သောအခါ ရပ်တန့်သွားကာ လှည့်ကြည့်ပြီး ဖုရိကျယ်ကို လက်မထောင်ပြကာ "စိတ်ရောဂါရှိတာ၊ မင်းက တကယ် အံ့သြဖို့ကောင်းတာပဲ"
ဖုရိကျယ်က ပြုံးပြီး ဘာမှပြန်မပြောဘဲနေလိုက်သည်၊ အနားမှာ ဘယ်သူမှမရှိဘူး၊ လျိုဝေ ဘာလုပ်ချင်မှန်းမသိပေမယ့် သူဒီမှာ စိတ်ဆိုးပြီး လျူဝေကို ရိုက်နှက်ရင်တော့ အပေါ်ထပ်က တစ်ယောက်ယောက်က သူ့ကို တွေ့လိမ့်မယ်။
ဒါကြောင့် သူ့စိတ်ထဲက ဒေါသကို ထိန်းထားပြီး အသံမထွက်တော့ပေ။
"မင်းပြော မင်းကလိင်တူချစ်သူမို့လို့ အဲ့ဒါကိုပြောတာနဲ့ မင်း အရမ်းဒေါသထွက်သွားတာမို့လား" လျိုဝေက ရုတ်တရက် ရယ်မောလိုက်ပြီး "ငါက လိင်တူဆက်ဆံတာကို မုန်းတီးနေတယ်၊ အဲ့လိုဖောက်ပြန်သူတွေကို ရွံရှာနေတာပဲ၊ မင်း လိင်တူကြိုက်တာကို ရွံနေတာပဲ!"
ဖုရိကျယ်က သူ့လက်တွေကို ဘောင်းဘီအိတ်ကပ်ထဲထည့်လိုက်ပြီး လျိုဝေ ကို ဆက်ကြည့်တယ်။
"ဘာပဲဖြစ်ဖြစ်၊ ငါက သာမာန်လူတစ်ယောက်ပဲ" လျိုဝေရဲ့ အမူအရာက လေးနက်လာသည်၊ "ဒါပေမယ့် မင်းသာဆိုရင်..."
"မင်း ငါ့ကို နှိုင်းယှဉ်နေစရာ မလိုဘူး။ မင်းဘယ်လိုပုံစံလဲဆိုတာ ငါစိတ်မဝင်စားဘူး။" ဖုရိကျယ်က သူ့ကို နှောင့်ယှက်သည်။
လျိုဝေက ထိုစကားများကို ဆက်လက်ပြောဆိုနေသေးသည် "ဒါပေမယ့် မင်းက gay ဆိုရင် တစ်သက်လုံး မစဉ်းစားနဲ့၊ မင်းမှာ ပိုက်ဆံရှိရင် အသုံးမဝင်ဘူး၊ ခက်ခက်ခဲခဲ စာသင်ရင်လည်း အသုံးမဝင်ဘူး..."
"အကယ်၍များ ငါဟုတ်မဟုတ်တော့ မသိသေးဘူး" ဖုရိကျယ်က သူ့လက်ကို မြှောက်လိုက်ပြီး မေးစေ့ကို ပွတ်ကာ "ဒါပေမယ့် ဂုဏ်ယူပါတယ် မင်း အဖြေမှန်ကို ရခဲ့တယ်"
လျိုဝေ အတန်ကြာ အေးခဲသွားပြီး သူ့ကို အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။
သူ့မျက်နှာမှာ အပြုံးတစ်ခုနဲ့ “ငါက gay ပါ၊ ငယ်ငယ်လေးကတည်းက ” ဟု စကားတစ်ခွန်းသာ ပြောလိုက်သည်။
ဒါကိုပြောပြီးနောက် ဖုရိ လှည့်ကာ လျိုဝေရဲ့ တုံ့ပြန်မှုကို မစောင့်တော့ဘဲ ထွက်သွားခဲ့သည်။
ဖုရိကျယ် လမ်းတလျှောက် လျင်မြန်စွာ လျှောက်သွားကာ ဤစာကြောင်းကို စိတ်မြန်လက်မြန် မဆင်မခြင် အနည်းငယ်ဖြင့် ပြောလိုက်ရသဖြင့် ရုတ်တရက် စိတ်သက်သာရာ ရသွားသည်။
ဒါကို ရှင်းရှင်းလင်းလင်းနဲ့ ပြောရရင် ဒါပထမဆုံးအကြိမ်ပဲ။
ငါက လိင်တူချစ်သူပါ။
ဖုခွင်း နဲ့ ကျန်းဆုန်း နဲ့ ဆက်ဆံတာပဲဖြစ်ဖြစ်၊ သူက ဒါကို ဘယ်တုန်းကမှ မဖော်ပြခဲ့ဘူး၊ ဒါကြောင့် ဖုံးကွယ်မှု၊ ရှောင်တိမ်းမှု မရှိသလို ဖော်ပြထားမှုလည်း မရှိခဲ့ဘူး။
ငါက လိင်တူချစ်သူပါ။
ရန်ငြိုးဖွဲ့တဲ့သူ မုန်းတီးနေတဲ့သူကိုမှ မျက်နှာမူလျက် ပြောဆိုခဲ့သည်။
ဤအခိုက်တွင်၊ ကျန်းဆုန်းရဲ့ လျစ်လျူရှုသော သတ္တိရှိပုံကို သူ ရုတ်တရက် သဘောပေါက်သွားသည်။
ဒီသတ္တိက သတ္တိထက် သာတယ်။
ခုခံမှုလည်းရှိတယ်။
မလိုလားခြင်း၊ ဒေါသ၊ ခေါင်းမာခြင်း၊ ဒေါသနှင့် မကျေနပ်မှု အမျိုးမျိုး ပါရှိသည်။
ဟုတ်တယ်၊ ငါက gay ပါ။
ငါက gay ဆိုတော့ ဘာလဲ!
ဘာဖြစ်သလဲ!
ဘာဖြစ်သေးလဲ!
သူ့တစ်ကိုယ်လုံး အော်ဟစ်ရုန်းကန်မှုများနှင့် နစ်မြုပ်နေလေပြီ။
ဖုရိကျယ် ကျောင်းကန်တင်းသို့ ပြေးကာ Coke အအေးတစ်ပုလင်းဝယ်ကာ တစ်ကျိုက်တည်း သောက်လိုက်သည်။ အအေးဓာတ်က သူ့တစ်ကိုယ်လုံးကို ဖြည်းညှင်းစွာ စိမ့်ဝင်သွားပေမယ့် သူ့ရင်ထဲမှာ တင်းတင်းကျပ်ကျပ် ချည်နှောင်ထားတဲ့ လေးလံတဲ့အရာတစ်ခု ရှိနေပေမယ့် သူခံစားနေရဆဲ။ နည်းနည်းလေး စိတ်အေးလက်အေး ပေါ့ပေါ့ပါးပါး အနားယူဖို့ ကြိုးစားလိုက်သည်။
ကန်တင်းထဲက ထွက်လာပြီး သူ့ဖုန်းကို ထုတ်ကာ ဖုခွင်းရဲ့ နံပါတ်ကို နှိပ်လိုက်သည်။
"ဟယ်လို?" ဖုခွင်းရဲ့ အသံက ဆူညံသံများကြားမှ ထွက်ပေါ်လာသည်။
"ကော၊ ဖုခွင်း "
"ဟမ်?"
"ငါက Gay တစ်ယောက်ပါ။" ဖုရိကျယ်က ပြောသည်။
ဖုခွင်း "ငါသိတယ်လေ"
"မင်း ဘာများပြောချင်လဲ"
"ငါ..." ဖုခွင်းက သူဘာကိုဆိုလိုသည်ကို နားမလည်ဘဲ "ငါဘာပြောပေးဖို့လိုလဲ?"
"မပြောတတ်ဘူး။"
ဖုခွင်း ခဏလောက်တွေးပြီး "ငါပြောစရာမရှိဘူး၊ မင်းဟုတ်ရင်ဖြစ်ဖြစ် မဟုတ်ဘူးပဲဖြစ်ဖြစ်၊ ငါ့အတွက်တော့ ကွာခြားမှုမရှိဘူး"
ဖုရိကျယ်က ပြုံးပြီး ရှေ့ကို ပေါ့ပေါ့ပါးပါး ခြေလှမ်းနှစ်လှမ်း လှမ်းကာ "ပစ္စည်းတွေဝယ်ပြီး နှစ်ရက်လောက် အနားယူမယ်လို့ မင်းနောက်ဆုံးတစ်ခေါက်က ပြောခဲ့တယ်မို့လား"
"ဟုတ်တယ် တော်တော်ပင်ပန်းနေပြီ။"
"ဒါဆို မင်း အနားယူပြီးပြီလား"
"မယူရသေးဘူး" ဖုခွင်းက စုတ်သပ်လိုက်ပြီး "မင်းဆီကို အလည်လာပြီး နှစ်ရက်လောက် အနားယူချင်ပေမယ့် မင်းက ဒီလောက်အထိ မကြိုဆိုဘူးဆိုတော့ ဖွီးတောင် မလာတော့ဘူး"
"ဒါဆိုလည်း လာခဲ့ ငါဖွီးလို ကြိုပေးမယ်" ဖုရိကျယ်က ရယ်ပြီး "မင်းနည်းနည်း နောက်ကျမှ လာပြီး ငါ့ကိုလာကြိုလေ"
"မင်း တကယ် မျက်နှာ ပြောင်တာပဲ" ဖုခွင်းက အော်ပြီး "ကောင်းပြီ စာမေးပွဲပြီးရင် ငါ့ကို ကြိုပြော၊ ငါ မင်းကို လာခေါ်မယ်"
လျိုဝေ နဲ့ ဖုရိကျယ် စကားပြောဆိုပြီး တစ်ပတ်မပြည့်ခင်မှာပင် လျိုဝေက သူ့ပစ္စည်းတွေကို ထုပ်ပိုးပြီး နောက်ဆုံး စာမေးပွဲမဖြေဘဲ ကျောင်းကနေ ထွက်သွားလိုက်သည်။
သူထွက်သွားသည်နှင့် အိပ်ဆောင်ရှိလူတိုင်း သက်ပြင်းချမိကြသည်။
"သူ့ကို ကျောင်းဆိုင်းငံ့ထားလိုက်တာ မှန်တယ်ထင်တာပဲ" ဝူဖျင်ရှန်းက လက်ထဲတွင် စစ်တုရင်မှတ်တမ်းကို ကိုင်ထားသည်။ လျိုဝေက သူ စစ်တုရင်ကစားတာကို ကြော့ရှင်းဟန်ဆောင်နေတယ်လို့ ပြောပြီးကတည်းက စစ်တုရင်မှတ်တမ်းကို မဖတ်တော့ဘူး။"သူ့မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိတယ်။ ဒီလိုမျိုး ဆက်ဖြစ်နေရင် ပိုဆိုးတဲ့ ပြဿနာတွေ ရှိလာမယ်၊ ဆရာဝန်ဆီ သွားသင့်တယ်။"
"သူကတော့ တစ်ခုခု မှားနေတယ်လို့ ခံစားရမှာ မဟုတ်ဘူး" ရွှီဟောင်က စုတ်သပ်ပြီး "မဟုတ်ရင် သူဒီလို အဆုံးသတ်ရမှာ မဟုတ်ဘူး။"
"ပါးစပ်ပိတ်ထား၊ မင်းတို့နှစ်ယောက်စလုံး" ကျန်းဆုန်းက ရွှီဟောင်ရဲ့ဖင်ကို ကန်လိုက်ပြီး "သူက လွယ်လွယ် ထွက်သွားတာလား၊ မင်းတို့နှစ်ယောက်က ဒီမှာ ခွဲခြမ်း စိတ်ဖြာနေကြတာ၊ မင်းတို့ ဒီလောက်လွမ်းရင်၊ တစ်နှစ်ပြည့်လို့ သူပြန်လာတဲ့အခါ၊ မတွေ့တာ ကြာပြီလို့ ၊ သွားနူတ်ဆက်လိုက်ကြ"
ဖုရိကျယ်က သီချင်းနားထောင်ရင်း အပေါ်ထပ်တွင် လဲလျောင်းနေပါသည်။သူ၏ စိတ်နေစိတ်ထားမှာ အခြားသူများနှင့် မတူနိုင်ပေ။ လျိုဝေကို မကြိုက်သော်လည်း သူ လျိုဝေ၏ ထပ်ခါတလဲလဲ ရန်စမှုများကို အဆုံးထိ ခံနိုင်ရည်ရှိခဲ့သည်။
ဒါပေမယ့်... တစ်နည်းအားဖြင့်ပြောရရင် လျိုဝေက သူ့ကို ရှေ့တစ်လှမ်းတိုးဖို့ တွန်းအားပေးခဲ့တာပဲ၊ ခြေလှမ်း ဘယ်လောက်ပဲ ကြီးသည်ဖြစ်စေ သေးငယ်သည်ဖြစ်စေ သူဘယ်တော့မှ လှမ်းမလှမ်းနိုင်ခဲ့ပါဘူး။
သူ့ကိုယ်သူ ပြန်ငြင်းဆိုပြီးနောက် သူ့ကိုယ်သူ ပြန်မှတ်မိဖို့ တွန်းအားပေးနေခဲ့သည်။
မျက်လုံးကိုမှိတ်ပြီး သက်ပြင်းချလိုက်သည်။
ဖုခွင်းက နောက်ဆုံး ဘာသာရပ်ကို ဖြေဆိုတဲ့နေ့တွင် ကျောင်းကို လာခဲ့သည်။ ဒီတစ်ခါတော့ သူ ဘာမှ စပရိုက်မလုပ်တော့ဘဲ "ငါ မင်းတို့ ကျောင်းတံခါးမှာ ရောက်နေတယ်၊ မင်းတို့အိပ်ဆောင်က လူတွေကိုပါ ခေါ်ခဲ့လိုက်။ ဟို မုန်လာဥကောင်ကိုတော့ မခေါ်နဲ့။"
"မုန်လာဥက ကျောင်းကနေ နားထားပါတယ်" ဖုရိကျယ်က ပြုံးပြီး "သူ အိမ်ပြန်ရောက်နေပြီ"
"ဟုတ်လား?" ဖုခွင်း အံ့အားသင့်သွားပြီး "ဒါဆို ငါ့အဒေါ်နဲ့ ကလေးနှစ်ယောက်ကကော ဘယ်လိုလုပ်မလဲ ငါ့ကားထဲမှာ ရှိနေတုန်းပဲ" ဟု လေးနက်စွာ ပြောလိုက်တယ်။
"ဖုခွင်း၊ မင်း မကောင်းတဲ့ကောင်" ဖုရိကျယ်က သူ့လည်ချောင်းကို ဖိလိုက်ပြီး "မင်း ငါတို့ကို မိဘမဲ့ မုဆိုးမကလေးတွေနဲ့ ဒီမှာ လှည့်စားပြီး ဘာလုပ်မလို့လဲ!"
"လခွမ်း " ဖုခွင်းက အားရပါးရရယ်လိုက်ပြီး "ငါ မင်းအတွက် လုပ်ပေးတာလေ"
"ပရောပရည်နဲ့ လည်တဲ့ယောက်ျားက သူ့မိန်းမကို ချိုသာတဲ့စကားတွေပြောပြီး စွန့်ပစ်ခဲ့တော့ အစွဲလန်းကြီးတဲ့မိန်းမက ဒေါသဖြစ်သွားတယ်..." ဖုရိကျယ် ခေတ္တရပ်လိုက်ပြီး ဘာဆက်ပြောရမှန်းကို မတွေးတတ်တော့။
"မရဘူးလား" ဖုခွင်းက "ပွေ့ဖက်ပေးဖို့ သူငယ်ချင်း လုံလုံလောက်လောက် မတွေ့ဘူး"
ဖုရိကျယ်က သူ့လည်ချောင်းကို ရှင်းထုတ်လိုက်ပြီး "ဒေါသထွက်နေတဲ့ မိန်းမက သူ့ဥကို ဖြတ်ပစ်လိုက်လို့လား"
"မင်းက ရက်စက်လှချည်လား!" ဖုခွင်းက ဆို့နင့်ပြီး "မြန်မြန် ထွက်လာ!"
"အင်း၊ ခဏစောင့်၊ မင်းရဲ့ဥကို သေတဲ့အထိ ကာကွယ်ဖို့ လူတွေကို ငါခေါ်လာမယ်။"
ဖုရိကျယ်က အိပ်ဆောင်ရှိလူများနှင့်အတူ ကျောင်းတံခါးဆီသို့ ထွက်သွားသည် ။ ဖုခွင်းကို သူတွေ့လိုက်ရတော့ သူ မထိန်းနိုင်လောက်အောင်ပင် အပြေးအလွှားသွားချင်လာသည်။ အခြားသူများ၏ ခံစားချက်ကို တွေးတောကာ အဝေးမှပင် "ဖုခွင်း -- “
ဖုခွင်းက ပြုံးပြီး သူ့လက်ကို မြှောက်လိုက်သည်။
"မြန်မြန်လုပ်..." ဖုရိကျယ်က တိုက်တွန်းပြီး ခြေလှမ်းပြင်လိုက်သည်။
ကျန်းဆုန်းက သူ့နောက်ကနေ လိုက်လာပြီး "ငါ အရမ်းစိတ်လှုပ်ရှားနေပြန်ပြီ"
ဖုရိကျယ် ခေတ္တရပ်ပြီးနောက် သူ့ကိုပြန်ကြည့်သည်။
"သွား" ကျန်းဆုန်းက သူ့ပုခုံးပေါ်လက်တင်ပြီး "သေအောင်ဗိုက်ဆာနေပြီ!"
ဖုရိကျယ်က အခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး ဖုခွင်း ဆီသို့ လျင်မြန်စွာ ပြေးသွားခဲ့သည်။ ဖုခွင်း ရှေ့သို့ ရောက်တော့ ယိမ်းယိုင်သွားကာ ဖုရိကျယ်က ဖုခွင်းအား ဆောင့်မိသွားကာ သူ့ ခါးကို ညင်သာစွာ ညှစ်လိုက်သည် ။ .
"မင်္ဂလာပါ ကော။" ကျန်းဆုန်းက ဖုခွင်းကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်နေဆဲ။
"... မင်္ဂလာပါ " ဖုခွင်းက ကျန်းဆုန်းကို ကြည့်လိုက်သည်။ ကျန်းဆုန်းကို ဖုရိကျယ်လို ကလေးလေးလို့ ထင်ခဲ့ဖူးပေမယ့် ဖုရိကျယ်က ကျန်းဆုန်း အကြောင်း ပြောပြပြီးကတည်းက ကျန်းဆုန်းအပေါ် အမြဲတမ်း ခံစားချက်တွေ ရှိခဲ့သည်။ "မင်း ငါ့ကို အရမ်းအလေးအနက်ခေါ်တိုင်း၊ ငါ့ကိုငါ ဦးလေးလို့ ခေါ်ခံရသလိုမျိုးပဲ"
"ကလေးဘဝမှတ်ဉာဏ်က အရမ်းနက်နဲတယ် ကော။" ကျန်းဆုန်းက ပြုံးပြီးပြောလိုက်သည် ။
"မင်္ဂလာပါ ကော။" ရွှီဟောင်နဲ့ ဝူဖျင်ရှန်းတို့ကလည်း ကျန်းဆုန်းနောက်မှ အော်ခေါ်ကြသည်။
"ဟေး၊ သွားစားရအောင်" ဖုခွင်းက လက်ဆွဲပြီး ဖုရိကျယ်ရဲ့ ပုခုံးကို ဆွဲကာ ပွေ့ဖက်ဖို့ ကြိုးစားပေမယ့် "ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ..."
"ငါလာမယ်" ဖုရိကျယ်က ပြုံးပြီး သူ့ပုခုံးကို ဖက်ကာ နားနားကို ကပ်ပြီး "၁၈၇ မီလီမီတာ" လို့ တိုးတိုးလေး ပြောလိုက်သည်။
"မင်းဟာ တစ်နှစ်ခွဲလောက်နဲ့ နှစ်စင်တီမီတာ ထပ်ထွက်လာတာ မင်းရဲ့ ကန်တင်းရဲ့ သူဌေးက ထာဝရကြီးထွားစေသူမို့လို့လား"
"ဒါဆို မင်းလက်က ဘာလို့ အဆင်မပြေရတာလဲ"
"မင်းကောက လန့်သွားလို့ပါကွာ။"
ကျောင်းအနီးမှာ အထူးကောင်းမွန်တဲ့ စားသောက်ဆိုင်တွေ မရှိဘူး၊ စျေးသက်သက်သာသာနဲ့ တတ်နိုင်တဲ့ ဟော့ပေါ့တွေနဲ့ တခြား အသုံးများတဲ့ အစားအစာတွေသာရှိသည်။ ဒါကြောင့် ဖုခွင်းက အချိန်အတော်ကြာအောင် ရှာကြည့်ပေမယ့်။ မူလက သူတို့ကို ကောင်းကောင်း ကျွေးမွေးချင်ပေမယ့် အခုတော့ စားဖို့ နည်းလမ်းမရှိတော့ဘူး။
ငါးခေါင်းဟော့ပေါ့ စားသောက်ဆိုင် တစ်ဆိုင်ကိုတွေ့သဖြင့်၊ အပိုပါဝင်ပစ္စည်းများပါသော ဟော့ပေါ့ကို မှာကြားကာ ဟင်းအမယ်များစွာကိုလည်း မှာခဲ့ပြီး သူတို့အားလုံး အားရပါးရ စားသောက်ကြသည်။
ခဏလောက်စားပြီးတော့မှ ဖြည်းဖြည်းချင်း စကားစမြည်ပြောလာသည်။
လျိုဝေက မကြာသေးမီက အကြီးကျယ်ဆုံး အတောက်ပဆုံးနေရာဖြစ်သောကြောင့် ထိုအကြောင်းအရာက သူတို့ဆီသို့ မသိစိတ်ကနေ ပြောင်းလဲသွားခဲ့သည်။
ဖုရိကျယ်က လျိုဝေရဲ့ နောက်ပိုင်းကိစ္စတွေကို ဖုခွင်းကို တစ်ခါမှ မပြောပြဖူးဘူး။ ဖုခွင်း စိတ်ပူမှာကို ကြောက်တဲ့အတွက် သာမန်ကာရှန်ကာ ပြောပြလိုက်သည်။ ရွှီဟောင်က ရှက်နေတဲ့မျက်နှာနဲ့ ပြောတဲ့အခါ ဖုခွင်းက မျက်မှောင်ကြုတ်ပြီး ဖုရိကျယ် ကို ကြည့်လိုက်သည်။ .
သူ ဒီကို မြန်မြန်မလာမိတာ နောင်တရသွားသည်။ ဖုရိကျယ်က သူ့နောက်ကြောင်းကို လိုက်ရှာခံရတဲ့အခါ ဘယ်လောက် ဖိအားတွေ ခံခဲ့ရမလဲ။
ဖုရိကျယ်ကို သူကိုယ်တိုင် ငယ်စဉ်ကလေးဘဝကတည်းက နှမြောတသစွာ အလေးထားခဲ့ရပြီး အခြားသူများ ဤမျှလောက် နှောင့်ယှက်ခံရခြင်းကို မဆိုထားနှင့် သူတောင် ဘယ်သောအခါမှ စိတ်ဆိုးခြင်း မရှိဘူးပေ။
သူ စားပွဲအောက်သို့ ခြေဆန့်ကာ ဖုရိကျယ်၏ ခြေထောက်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
ထမင်းစားပြီးနောက် လူတော်တော်များများ သောက်ကြပြီး အားလုံး မျက်လုံးစင်းကာ ခြေလမ်းများ ချော်နေကြသည်။ ကျန်းဆုန်းက တော်တော် သောက်နိုင်သည်၊ မတ်တပ်ရပ်တဲ့အခါ အကြိမ်အနည်းငယ်သာ ယိုင်သွားသည်။
ဖုရိကျယ်က ဖုခွင်းကို ကိုင်ထားပြီး မလွတ်ပေးသေးဘူး။သူ ဖုခွင်းကို မတွေ့တာ ကြာပြီဖြစ်တဲ့အကြောင်း မတွေးခဲ့မိဘူး။ အရက်ကို သောက်လိုက်မှ ပို၍ပင် တွယ်ကပ်ချင်လာပြီး လက်ကိုမလွှတ်ချင်ဘူး ဖြစ်နေသည်။
"မင်းတို့ အများကြီး အမြတ်ထုတ်လိုက်တာပဲ" ဖုခွင်းက သက်ပြင်းချကာ ကူကယ်ရာမဲ့စွာ သူ့ပိုက်ဆံအိတ်ကို ထုတ်လိုက်ပြီး ဘေလ်ရှင်းကာ ဖုရိကျယ်ကို စားသောက် ဆိုင်ငယ်လေးထဲက ဆွဲထုတ်ကာ သူ့ဘေးနားက ယောင်ချာချာသော လူများကို ကြည့်ပြီးမှ "ငါ မင်းတို့ကို ပြန်လိုက်ပို့ရမလား"
"မလိုပါဘူး" ဖုရိကျယ်က သူ့ကို ဖက်ပြီး မေးစေ့ကို ပုခုံးပေါ်တင်ကာ လက်ညှိုးထိုးကာ နောက်ဆုံးက ကျန်းဆုန်းကို လက်ညှိုးထိုးပြပြီး "သူ၊ အားလုံးကို လက်တစ်ဖက်တည်းနဲ့ ပြန်ပို့နိုင်တယ်။"
"သူက သူ့ဖာသာသူတောင် တော်တော်သောက်ထားတာ" ဖုခွင်းက ကျန်းဆုန်းရဲ့ အခြေအနေကို လေ့လာလိုက်သည်။
"အိပ်ဆောင်ကို ပြန်သွားလို့ အဆင်ပြေပါတယ်" ကျန်းဆုန်းက ပြုံးပြီး အေးစက်စွာ ရွှီဟောင်ကို ဘယ်လက်နဲ့ ဆွဲခေါ်လိုက်ပြီး ဝူဖျင်ရှန်းကို ညာလက်နဲ့ ဆွဲယူလိုက်ပြီး သုံးယောက်သား ဘောလုံးတစ်လုံးလို လုံးထွေးလိုက်ပြီး "ကျွန်တော်တို့ ပြန်တော့မယ်၊ ကော စောစောအနားယူသင့်တယ်"
ဖုရိကျယ်ရဲ့ လက်မောင်းက ဖုခွင်း ၏လည်ပင်းတွင် တစ်ချိန်လုံး ရစ်ပတ်ထားသဖြင့် အသက်ရှူရန် ဖုခွင်းက သူ့ကို လက်မောင်းကနေ ဟိုတယ်ကို တစ်ဝက်တစ်ပျက် ဆွဲခေါ်သွားရသည်။
"ခဏလေး" ဖုခွင်းက လမ်းလျှောက်ရင်း ပြောလိုက်သည် "အန်ချင်ရင် လွှတ်နော်၊ ငါ့လည်ပင်းပေါ်ကို မအန်ချနဲ့"
"မင်းမျက်နှာပေါ်ပဲ အန်မှာ။" ဖုရိကျယ်က ပါးစပ်ကိုဖွင့်လိုက်ပြီး သဘောကျစွာ ရယ်မောလိုက်သည်။
ဖုခွင်းက လှည့်ပြီး တစ်ချက်ကြည့်လိုက်သည်၊ ဒီကလေးက အရက်နည်းနည်းသောက်ပြီး သဘောကျစွာ ပြုံးပြတာကို သူသဘောကျတယ်-" စမ်းကြည့်စမ်း၊ ယုံချင်လည်း မယုံချင် စိတ်ငြိမ်အောင် ချပေးလိုက်မယ်"
"မယုံဘူး" ဖုရိကျယ်က "မင်း... မနေချင်ဘူး။"
ဖုရိကျယ် ရဲ့ အသက်ရှုသံက ဖုခွင်းရဲ့ နားရွက်မှာ နွေးထွေးနေတော့ ဖုခွင်း နည်းနည်း ချွေးပြန်လာသည်၊ သူက ပြုံးပြီး "ငါ့ကို ငါ ကောင်းကောင်းသိတယ်"
ဖုခွင်း အရင် ဟိုတယ်မှာပဲ Standardအခန်းငှားထားပြီး၊ ဖုရိကျယ်ကို အခန်းထဲသို့ ဆွဲခေါ်ကာ ကုတင်ပေါ်ပစ်ချပြီးနောက်တွင်တော့ သူ့တစ်ကိုယ်လုံး ချွေးများထွက်နေပြီဖြစ်သည်။
"မင်း ခဏလှဲနေအုန်း၊ ငါအရင် ရေချိုးလိုက်မယ်" ဖုခွင်းက ဖုရိကျယ်ကို ဗိုက်ပေါ်ပုတ်လိုက်ပြီး "ငါ တံခါးမပိတ်ထားဘူး၊ မင်း အဆင်မပြေရင် ဝင်လာပြီး အန်လိ