အခန်း ၆၈

532 78 1
                                    


အခန်း ၆၈

ဌာနမှလက်ခံရရှိသောစာပါအကြောင်းအရာကို လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ဖုရိကျယ်နဲ့ ကျန်းဆုန်းတို့တုန်းကလို လိင်တူချစ်သူ​တွေ​​ဖြစ်ကြောင်း ဟာကွက်အပြည့်နဲ့   ဆင်ခြင်တုံတရားကင်းမဲ့စွာဖော်ပြသောစာနဲ့တော့ ကွဲပြားလှသည်။ ထိုစာသည် A4 စာရွက်တွေထဲက တစ်ရွက်ကို ထုတ်နူတ်ထားတာဖြစ်ပြီး စာပို့တဲ့သူက အသေးစိတ်ကိုမပို့ထားပေမယ့် ဒီလောက်ဆိုရင် သူကျဉ်းထဲကြပ်ထဲ ရောက်ဖို့ လုံလောက်နေပြီဖြစ်သည်၊ ရိုးရိုးရှင်းရှင်းပင် လက်ရေးကို နှိုင်းယှဉ်ကြည့်ရင်ပင် ဒါက လျိုဝေ ဖြစ်ကြောင်း အတည်ပြုနိုင်သည်။

လျိုဝေက မငြင်းတော့ဘဲ စာကိုဖတ်ပြီးနောက် မိနစ်အတော်ကြာအောင် စာရွက်ကို စိုက်ကြည့်ပြီးမှ နောက်ဆုံးတွင် "မမှားဘူး ငါ့ဟာပါ" ဟု တိုးတိုးလေးပြောလိုက်သည်။

ဒီကိစ္စရဲ့ ဌာနရဲ့ ကိုင်တွယ်မှုရဲ့ နောက်ဆုံးရလဒ်က ထွက်မလာသေးပေမယ့် လျိုဝေက  ဌာနတစ်ခုလုံးတွင် နေ့ချင်းညချင်း ရေပန်းစားလာပြီး ကျောင်းဖိုရမ်မှာ လူတချို့က ဒီကိစ္စကို ဆွေးနွေးနေကြသည်။

လျိုဝေ  အတန်းမတက်တော့ဘဲ အိပ်ဆောင်ထဲမှာ မှင်တက်ကာ ထိုင်နေ​ပြီး အိပ်ဆောင်ထဲကလူတွေကလည်း သူ့ကို နှစ်သိမ့်မှုမပေးကြချေ။ လူတိုင်းက သူနောက် ကွယ်မှာ ညည်းညူပြီး မထီမဲ့မြင်ပြုခဲ့တာတွေသိတော့ တည့်တည့်မြင်ရင်တောင် မျက်နှာလွှဲသွားကြသည်။

ဖုရိကျယ်က လျိုဝေရဲ့ မျက်လုံးထဲတွင် အချိန်အ​တော်ကြာ ဒေါသနှင့် မုန်းတီးမှုများ ပြည့်နှက်နေသည်ကို ခံစားသိရှိသော်လည်း သူက မည်သို့မျှ တုံ့ပြန်ခြင်းမရှိပေ။ အချိန်မရှိ၍လည်း ဖြစ်သည်၊ နောက်ဆုံး စာမေးပွဲဖြေရန် အချိန်က  နီးကပ်နေပြီဖြစ်ပြီး စတုတ္ထအဆင့် စာမေးပွဲကလည်း ရှိသေးတယ်၊ သူနေ့တိုင်း စာအုပ်ထဲသာ ခေါင်းစိုက်ထားပြီး လျိုဝေကို မျက်ကွယ်ပြုထားလိုက်သည်။

စတုတ္ထအဆင့် ပြီးသောအခါ ဖုရိကျယ်က ဖုခွင်းထံ စာတိုတစ်စောင် ပေးပို့ခဲ့ပြီး စာမေးပွဲအပြီးတွင် သူ့ကိုယ်သူ မဆိုးဘူးဟု ခံစားရသည်။

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now