အခန်း ၅၈

2.3K 426 24
                                    

အခန်း ၅၈

ဖုရိကျယ် စိတ်လှုပ်ရှားပြီး တောင့်တနေသော်လည်း သူ့တွင် ခေါင်းထဲကထုတ်မရအောင် ရုန်းကန်နေရသည့် ကျိုးကြောင်းဆီလျော်မှု အရိပ်အယောင်များကလည်း ရှိနေသေးသည်။ ဖုခွင်း နှုတ်ခမ်းကို နမ်းလိုက်သည့်အချိန်တွင် သူ​ပြန်သတိဝင်လာသည်။

ဖုခွင်း၏ နှုတ်ခမ်းများတွင် ဆွဲဆောင်မှု အားကောင်းပုံရသည်။ နူးညံ့ပြီး စိုစွတ်သော အထိအတွေ့ကြောင့် ဖုခွင်း၏ မျက်နှာပေါ် နောက်စက္ကန့်လောက် ထိလိုက်ရရင်တောင် ထိုတစ်စက္ကန့်ကို ချန်ထားရန် ဆန္ဒမရှိပေ။

ဖုခွင်းနှုတ်ခမ်းဟလာဖို့ သူ့လျှာဖျားကို အပြင်းအထန် အသုံးချပြီး ထိုးသွင်းလိုက်သည်၊ ဒါပထမဆုံးအကြိမ် မဟုတ်တော့တာမို့ ရင်းနှီးနွေးထွေးတဲ့ ခံစားချက်က သူ့လျှာဖျားကနေတဆင့် သူ့တစ်ကိုယ်လုံးဆီကို လျင်မြန်စွာ ပျံ့နှံ့သွားပါတယ်။ သူ ဖုခွင်း ပါးစပ်ထဲ တံတွေးတွေ ဝင်သွားမှာကိုတောင် နည်းနည်း စိုးရိမ်မိသွားသည်

ဖုခွင်းက ရှောင်ချင်သလိုပဲ ခေါင်း ငုံ့ထားပေမယ့် သူ့နောက်မှာ နံရံကရှိနေပြီး ဖုရိကျယ်ကလည်း သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားတာကြောင့် ဖုရိကျယ် ရဲ့ လွှမ်းမိုးချုပ်ကိုင်ထားတဲ့ အနမ်းကို မပယ်ရှားနိုင်ခဲ့​ေပ။

ဖုရိကျယ်က ဖုခွင်း၏ လျှာဖျားကို တမင် ထိစုပ်လိုက်သည် ။ ဖုခွင်းက ရှောင်ဖယ်လိုက်သော်လည်း သူက ပို​ရှေ့တိုးကာ ဖုခွင်း၏ လျှာဖျားကို ညင်သာစွာ လှည့်ပတ်​ပြီးစုပ်လိုက်သည်။

ဖုခွင်းက ဘာမှ မတုံ့ပြန်ပေမယ့် ​ရှောင်ဖယ်မနေတော့ဘဲ ခေါင်းကို ငုံ့ကာ နံရံကို တိတ်တဆိတ် မှီထားပြီး သူ့ကို နှိုးဆော် နှောင့်ယှက်ခိုင်းထားလိုက်သည် ။

ဖုရိကျယ် ထိုသို့သော အခြေအနေမျိုးကို မမျှော်လင့်ထားပေ။သူနမ်းလိုက်သည့် ဒုတိယအကြိမ်တွင် သူ တကယ်တော့ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှု အမျိုးမျိုးကို ပြုလုပ်ထားပြီးဖြစ်သည်။သူကို တွန်းထုတ်တာ၊ ရိုက်နှက်တာနှင့် ကြိမ်းမောင်းတာတို့ ခံရနိုင်တယ်လို့ တွက်ဆထားသော်လည်း ... ၎င်းတို့အနက်မှ တစ်ခုမှ ဖြစ်မသွားပေ။

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now