မနက် ၂ နာရီ... ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မည်းတိတ်ဆိတ်နေသော်လည်း Julian အခုထိ အိပ်မပျော်နိုင်သေး။
ဘေးနားမှာ အရက်ပုလင်းတွေ တန်းစီနေပြီး အလင်းရောင် မှိန်ပြပြသာ ထင်ဟပ်နေသည့် နံရံကို သူ့မှာ တွေဝေစွာ ငေးကြည့်နေမိသည်။
အခန်းတစ်ခုလုံးကလည်း သူ သောင်းကျန်းထားလို့ ပျက်စီးနေတော့သည်။ ကြွေပန်းအိုးတွေက ပဲ့ကြွေနေပြီး၊ ခုံတွေကလည်း ကျိုးပဲ့လျက်...
ရီဝေနေသည့် သူ့မျက်လုံးတွေက အနည်းငယ် မှေးစင်းလာပေမယ့် သူ လုံးဝ အိပ်မပျော်နိုင်။
သူ့ရင်ဘတ်တစ်ခုလုံးက ဓားနဲ့ မွှန်းခံထားရသလို တဆစ်ဆစ်နဲ့ နာကျင်နေပြီး သွေးတေွစီးကျနေတော့မည့် ဒီလိုဝေဒနာမျိုးနဲ့ သူ တစ်မှေးတောင် မှေးလို့ မရနိုင်ခဲ့ပါဘူး။
အပြင်ဘက်မှာ ရာသီဥတုက ချက်ချင်းပြောင်းလဲသွားပြီး မိုးစက် တဖွဲဖွဲက ကျလာတော့သည်။
ပြတင်းပေါက်အနားကို အပြေးသွားကာ မိုးစက်တွေကို ကြည့်ရင်း သူ့မှာ နာနာကျင်ကျင်ဖြင့် ပြုံးမိသေးသည်။
အဲ့ဒီမိုးစက်တွေပေါ့... သူ့ကို နာကျင်လာစေသည့် ကနဦး တရားခံက အဲ့ဒီမိုးစက်တွေပဲပေါ့။
သူ့ အတွေးတွေက လွန်ခဲ့သည့် ၇ နှစ်ကျော်၊ ၈ နှစ် ဝန်းကျင်ကို ပြန်ရောက်လို့သွားသည်။
လက်နက်မှောင်ခိုကိစ္စနဲ့ ကိုရီးယားနိုင်ငံကို ပထမဆုံး သွားဖူးသည့် သူ့ အတွေ့အကြုံရယ်... ဘူဆန်ရဲ့ နွေရာသီက အဲ့သည်လောက်အထိ မိုးသည်းနိုင်မှန်း သူ တကယ်ကို မထင်ထားခဲ့တာ...
မိုးက သည်းတော့ လေဆိပ်ဆင်းဖို့ကလည်း မဖြစ်နိုင်။ ထို့ကြောင့် လေဆိပ်ကို သွားဖို့ အင်ချွန်းဆီ ဦးတည်နေရာမှ နောက်ကြောင်းပြန်လှည့်ရင်း ဘူဆန်မြို့က ဟိုတယ်မှာသာ တစ်ညထပ်နေဖို့ ဖြစ်လာတော့သည်။
နွေရာသီပွဲတော်ဆိုတာမျိုးတွေက သူ့အတွက်တော့ လုံးဝကို စိတ်မဝင်စားသည့် အရာ... George က မုန့်ဝယ်ပေးမည်ဟုဆိုကာ ပွဲတော်ကျင်းပသည့်ဘက်ကို မောင်းသွားလို့ သူနဲ့ George ရန်ဖြစ်ရသေးသည်။
ကိုရီးယားရိုးရာဆန်ကိတ်ကို George က ဘူးလိုက် ဝယ်လာပြီး သူ့ကို ပေးသည်။ George ကို မျက်စောင်းထိုးရင်းသား ဟိုတယ်ကို မြန်မြန်ပြန်ဖို့ သူ ပြောမိတော့သည်။
မိုးက သိပ်သည်းလွန်းသည်မို့ စိတ်ပျက်စွာ အပြင်ဘက်ကို ကြည့်ရင်း သူ့မှာ ညည်းတွားမိသေး၏။
ဟိုတယ်ဘက်ကို မရောက်မီ မိုးသည်းနေသည့်ကြားမှ သူ့ကားအရှေ့ ဖြတ်ပြေးသွားသည့် အရိပ်ကလေး...
George က စက်ရပ်လိုက်တာကိုလည်း သူသိသည်။ သို့သော် ထိုအရိပ်ကလေးကို အနည်းငယ် တိုက်မိသွားတာကိုလည်း သူ သိလိုက်မိသည်။
"George... သေပြီထင်တယ် မင်းကွာ ပြဿနာရှာလို့ကို မပြီးနိုင်ဘူး"
ကားထဲမှ ထီးတစ်ချောင်းစီ ဆောင်းကာ ထိုနေရာကို သွားကြည့်မိတော့ မိုးရေတွေ စိုရွှဲနေသည့် ကောင်လေးတစ်ယောက်ကို သူ မြင်ရလိုက်ရသည်။
မိုးရေတွေကြောင့်လား၊ မျက်ရည်တွေကြောင့်လား မသိပေမယ့် အဲ့ကောင်လေးရဲ့ မျက်နှာတစ်ခုလုံးမှာ ရေတွေကို ရွှဲလို့... မျက်ခမ်းစပ်တွေက နီရဲနေပြီး သူ့မျက်ဝန်းတွေကလည်း နီရဲနေခဲ့တာ...
လှုပ်ရှားလာသည့် အနေအထားကြောင့် မသေသေးတာကို Julian သတိထားလိုက်မိသည်။
တံတောင်ဆစ်နဲ့ ဒူးခေါင်းမှာ ပြဲသွားပြီး သွေးတွေလည်း စီးကျနေလေ၏။ ထို့နောက် ရုတ်တရက်ကြီး အာခေါင်ခြစ်ကာ အော်ငိုလာတော့သည့် အဲ့ကလေးကြောင့် သူ့ထီးကို ပစ်ချရင်း အဲ့ကလေးကို ပြေးဖက်မိတော့သည်။
ဘာရယ်ကြောင့် ဒီလို ပွေ့ဖက်မိသည်လဲ သူကိုယ်တိုင်တောင် နားမလည်နိုင်ခဲ့တာ... သူ့အသည်းနှလုံးက အေးစက်စက်နဲ့ ခပ်မာမာရယ်...
လူတစ်ယောက်ကို ထွေးပွေ့ကာ နှစ်သိမ့်ဖို့ဆိုတာက သူ့ သမိုင်းမှာတောင် မရှိခဲ့။
အဲ့ဒီကလေးကို ကားပေါ်တင်ကာ သူ့အိမ်ကိုမေးတော့ အင်္ဂလိပ်စကားကို သိပ်နားလည်ဟန် မရှိပါဘူး။ George က ဘာသာပြန်အဖြစ် လုပ်ပေးသည်။
"ကျွန်တော်က မိဘမဲ့... အိမ်လည်း မရှိဘူး"
မျက်နှာတစ်ခုလုံး တင်းကြပ်နေကာ စူးစူးရဲရဲ အော်လာသည့် အဲ့ကလေးကို သူ သဘောကျမိသည်။
"ဆန်ကိတ်တဲ့... မင်းကြိုက်လောက်တယ်"
ဆန်ကိတ်ကိုလည်း တမြုံ့မြုံ့ဝါးရင်း မျက်ရည်တွေလည်း စီးကျနေသည့် အဲ့ကလေးကို ခေါင်းကလေးပုတ်ကာ သူ့မှာ နှစ်သိမ့်ပေးရပြန်သည်။
Julian အတွက် အဲ့ဒီနေ့က Jungkook ပုံရိပ်တွေ အခုထိ မမေ့နိုင်သေးပါဘူး။ တစ်ရက်၊ တစ်လ၊ တစ်နှစ်... နှစ်ပေါင်းများစွာ ကြာလျှင်တောင် Jungkook နဲ့ပတ်သက်သည့် အမှတ်တရတိုင်းက သူ့အတွက် မေ့မရနိုင်သည့် အဖိုးတန် မှတ်ဉာဏ်တွေရယ်...
သင်ယူစရာတွေ အများကြီး သင်ကြားပေးရင်း အသန်မာဆုံး၊ အကြံ့ခိုင်ဆုံး လူတစ်ယောက်အဖြစ် သူ့မှာ နေ့ညမပြတ် ပုံသွင်းပေးခဲ့ရသည်။
အခုတော့ ငှက်ကလေးက အတောင်ပံတွေ စုံသွားပြီမို့ သူ့ရင်ခွင်ကို ခြေစုံကန်ကာ ထွက်သွားတော့သည်။
ဖြူစင်လွန်းသည့် အဖြူရောင် အချစ်တွေ ဘယ်အချိန်ကစလို့ အရောင်ဆိုးသွားသလဲ သူတကယ်ပင် မသိခဲ့တာဖြစ်၏။
သို့သော် အရောင်တွေ အနည်းငယ် ရောယှက်ကုန်သည့် အချစ်တွေကလည်း သူ့အတွက်တော့ တန်ဖိုးထားရလွန်းသည့် ရင်ခုန်သံတွေ ဖြစ်နေတော့သည်။
Taehyung ကို ထိမိလို့ ကျွန်တော် မှားခဲ့သည်ဆိုလျှင်တောင် ဒါဟာ Jungkook ကို ချစ်လွန်းလို့ ဖြစ်လာရတာ...
ကျွန်တော်တို့ဟာ ကိုယ့်ကို ပြန်မချစ်လာနိုင်သည့် တစ်စုံတစ်ယောက်ကို ချစ်မြတ်နိုးခြင်းဖြင့် ချစ်ခြင်းတရား၌ ပျော်မွေ့ကြသည်။
ကျွန်တော့်ရဲ့ ချစ်ခြစ်မေတ္တာမှာ ရယူခြင်းဆိုတာတွေ မရှိသော်လည်း ချစ်ရသူ၏ မုန်းတီးခြင်းကို ခံယူဖို့တော့ ကျွန်တော် အခုထိ အရဲမစွန့်နိုင်သေးပါဘူး။
.
.
ယနေ့လည်း မိုးက တဖွဲဖွဲကျနေဆဲပါပဲ... Taehyung Larvotto ကနေ အခုထိ မပြန်ရသေးဘူး ဖြစ်၏။
ခြေထောက်က ဒဏ်ရာကြောင့် သူ သေချာ မလှုပ်ရှားနိုင်သေးတာ ဖြစ်သည်။ လမ်းလျှောက်လို့ ရပေမယ့် သခင်မလေးက သက်သာတဲ့အထိ ဒီမှာ နေမည်ဆိုတာကြောင့် အခုထိ Larvotto မှာပဲ သောင်တင်နေဆဲ...
မိုးတဖွဲဖွဲကျလာတော့ ပြတင်းပေါက်ဖွင့်ထားလို့ ရေစက်တွေ အနည်းငယ် ဝင်လာတော့သည်။
လေက သိပ်မပြင်းသော်လည်း လေညှင်းအေးအေးနှင့်အတူ မိုးရေစက်အနည်းငယ်က အိပ်စက်နေသည့် သူ့မျက်နှာပေါ်ကို ကျသွားသည်။
မျက်ခုံးတွေ တွန့်ချိုးရင်း သူနိုးလာတော့ မနက် ၃ နာရီ...
မိုးက ဘယ်အချိန်တည်းက ရွာနေသလဲ သူမသိ... သူ့လို လေ့ကျင့်ထားသည့် တပ်သားတစ်ယောက်အတွက် မိုးရွာသည့် အသံကိုတောင် နားထောင်နိုင်သော်လည်း ယနေ့ညတော့ ဆေးသောက်ထားသည်မို့ ဆေးအရှိန်နဲ့ သူလည်း အိပ်ပျော်နေခဲ့တာ
ခြုံထားသည့် စောင်ပါးလေးကို ဖယ်ကာ ပြတင်းပေါက်နားကို သွားရသည်။ ကျည်ဆံဒဏ်ကြောင့် သူ့ခြေထောက်တွေက အနည်းငယ် လေးပင်နေလေ၏။
ပြတင်းပေါက်ရဲ့ တံခါးချပ်တွေကို ဆွဲတော့ လမ်းမီးတိုင် ဝါကျင်ကျင်အောက်မှာ ရပ်နေသည့် Jungkook ကို သူ တွေ့လိုက်ရသည်။
မိုးရေတွေလည်း စိုရွှဲနေပြီး ထီးလည်းမပါဘဲ မတ်တပ်ရပ်နေလေ၏။
မှုန်ဝါးဝါးမြင်ကွင်းကြောင့် သူရော ဟုတ်ရဲ့လားဟု အာရုံစိုက်ကာ ကြည့်ရသေးသည်။
သေချာတော့မှ ထီးတစ်ချောင်းကို ယူကာ ဟိုတယ်မှ ထွက်လာရတော့၏။
.
.
Julian ဆီမှ ထွက်လာပြီး သူပထမဆုံး သွားသည့် နေရာက Taehyung တည်းနေသည့် ဟိုတယ်...
ဒီကိုရောက်နေတာ နာရီပိုင်းမနည်းဘူး ရှိပြီ။ သို့သော် Jungkook ဟိုတယ်ရှေ့မှာသာ ရပ်နေဆဲ...
Taehyung ဆီလည်း မသွားဘဲ ဟိုတယ်ရှေ့မှာ ရပ်နေမိသည်။
အမှန်တကယ်ဆို Taehyung နဲ့ တွေ့ဖို့ ကျွန်တော် သိပ်ကြောက်မိသည်။ သူ့ရဲ့ ဒဏ်ရာတွေနဲ့ ပုံရိပ်ကိုလည်း မမြင်ချင်၊ ဒီဒဏ်ရာက ကိုယ့်ကြောင့်ဆိုသည့် အကြောင်းပြချက်ကိုလည်း ခေါင်းထဲမှ ထုတ်ပစ်ထားချင်မိသည်။
မိုးစက် တဖွဲဖွဲက မျက်နှာပေါ်ကို ဖြတ်ပြီး စီးကျနေလေ၏။ လေစိမ်းတွေလည်း တိုက်ခတ်နေပြီး အနည်းငယ်တော့ ချမ်းစမ့်စိမ့်ဖြစ်နေလေသည်။
"Jungkook"
လမ်းမီးတိုင်ကို မှီကာ ရပ်လျက် မျက်လုံးတွေ မှိတ်ထားသည့် ကျွန်တော်... ဒီခေါ်သံ ခပ်တိုးတိုးကြောင့် အေးစက်နေသည့် နှလုံးသားက နွေးခနဲရယ်...
မျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်ကြည့်မိတော့ အညိုရောင် ဖိနပ်တစ်ရံနှင့် ခြေချောင်းဖြူဖြူလေးတွေကို ပထမဆုံး မြင်လိုက်သည်။
ညဝတ်အင်္ကျီ အညိုရောင်အကွက်ကျားကလေးနဲ့ ရှုပ်ပွနေသည့် ဆံပင်တွေနဲ့ သူ... အခုမှ အိပ်ရာက နိုးလာသည် ထင်ပါရဲ့
"အော အော"
သူ့ကို ရုတ်တရက်မြင်လိုက်တော့ အံ့အားသင့်နေတာကလွဲပြီး ဘယ်တစ်ခုကို စပြောရမလဲဆိုတာတောင် ကျွန်တော် မသိပါဘူး။
"မိုးရွာနေတယ်"
ထီးကို အရှေ့တိုးလာရင်း လူကိုယ်တိုင်လည်း အရှေ့ကို တိုးကပ်လာသည်မို့ ကျွန်တော်တို့ သိပ်ဝေးလွန်းသည့် အကွာအဝေးမှာတော့ မဟုတ်ပါဘူး။
"ရေတွေ ရွှဲနေပြီ အအေးမိတော့မှာပဲ"
အခုထိ ကျွန်တော့်ကို စတွေ့တုန်းက ၁၃ နှစ်သား Jungkook အဖြစ် ထင်မှတ်နေဆဲ ဖြစ်မည်။
"ကျွန်တော် မချမ်းပါဘူး Taehyung ကို တွေ့လိုက်ရတော့ နွေးထွေးသွားတယ်"
သူ့အပြုံးက ကြင်ကြင်နာနာရယ်...
"လာ အခန်းကို လိုက်ခဲ့"
ကျွန်တော့်ကို တွဲခေါ်လာသည့် သူ့ခြေထောက်တွေ အနည်းငယ် လေးပင်နေတာကို သတိထားမိသည်။
တစ်ခါလမ်းလျှောက်လိုက်တိုင်း မျက်နှာကလေး ရှုံ့မဲ့သွားတာကိုလည်း သတိထားမိသည်။
ဟိုတယ်ခန်းကိုရောက်တော့ သူ့အဝတ်အစားတွေ ထုတ်ပေးကာ ကျွန်တော့်အတွက် ကော်ဖီပူပူလေးလည်း ဖျော်ပေး၏။
ကမ်းပေးလာသည့် ကော်ဖီခွက်ကို ဘေးချကာ သူ့လက်ကို လှမ်းဆွဲလိုက်မိပြီး ဘေးနားမှ လွတ်နေသည့် နေရာမှာ ထိုင်ခိုင်းမိသည်။
ကုတင်ရဲ့ တစ်ဘက်ခြမ်းက သိသိသာသာ အိကျသွားတာကိုလည်း သတိထားမိ၏။
"ကျွန်တော်... "
စကားတွေအများကြီး စီတန်းကာ ပြောဖို့ ကြိုးစားထားသော်လည်း တစ်ခွန်းလေးတောင် ထွက်မလာခဲ့
သူက ကျွန်တော့် မျက်လုံးတွေကို လိုက်ကြည့်ပြီး စူးစမ်းသည်။ အကဲခတ်သည်။ အဓိပ္ပာယ်ဖော်သည်။
"Taehyung ကို ချစ်နေဆဲပဲ... ဘာကိုမှ အများကြီး ပြောပြီး ဖြစ်ခဲ့သမျှကို ပြန်မတွေးချင်ဘူး။ Taehyung ရဲ့ ခြေထောက်အတွက် စိတ်မကောင်းပါဘူး။ ခံစားချက်ကို မဖော်ပြတတ်ပေမယ့် နှလုံးသားက နာကျင်ရတယ်ဆို ယုံမလား... ပြီးတော့ Taehyung ကို ချစ်နေတာကို မလိမ်ညာချင်တော့ဘူး။ Taehyung သိခဲ့ပြီးသားပေမယ့် ထပ်ပြီး ပြောပြတာ... Taehyung ကို ချစ်နေဆဲပဲ"
မျက်လုံးတွေကို မှိတ်ကာ စကားတွေကို တရစပ်ပြောမိရင်း ကျွန်တော့် ရင်ဘတ်က တဒုန်းဒုန်းဖြင့် ခုန်နေခဲ့သည်။
ညကြီး အချိန်မတော် လူတစ်ယောက်ကို ချစ်ကြောင်း ဖွင့်ပြောသည်။ ထို့နောက် ထိုလူနဲ့ တစ်ခန်းတည်း၊ ဝတ်ထားသည်က သူ့အင်္ကျီ... သူ့ကိုယ်သင်းနံ့အနည်းငယ်နဲ့ နွေးထွေးမှုတွေ အပြည့်
တစ်ခဏ ကြာသည်အထိ ပြန်ဖြေသံမကြားရတော့ မျက်လုံးတွေ ဖွင့်ကြည့်မိသည်။ သူက ကျွန်တော့်ကို မျက်ဝန်းတောက်တောက်ကလေးတွေဖြင့် ရွှန်းရွှန်းစားစား ကြည့်နေလေသည်။
"အစ်ကို သိသားပဲ... အစ်ကိုက Jungkook ကို သိပ်ချစ်တဲ့ အကြောင်းပဲ Jungkook မသိတာ"
"မဟုတ်ဘူး ကျွန်တော် သိပ်သိတယ်... Taehyung ဆီက အချစ်ခံရတာကိုလည်း သဘောကျတယ်။ ညီအစ်ကိုလို ဖြူစင်တဲ့ အချစ်ပဲ ဖြစ်ဖြစ်၊ အရောင်တွေ ရောနေတဲ့ အချစ်ပဲဖြစ်ဖြစ် Taehyung က ချစ်ပေးနေတာမို့ ကျွန်တော် သိပ်ပျော်တယ်"
ကျွန်တော်တို့ စကားတွေ သိပ်မပြောကြပါဘူး။ စကားတွေ ထွေပြားလွန်းလျှင် နာကျည်းစရာ အတိတ်တွေကို အစဖော်မိလိမ့်မည်။
နာကျင်စရာ အတိတ်တွေဆီမရောက်ချင်တော့သည်မို့ မျက်နှာချင်းဆိုင် အိပ်စက်လိုက်ကာ အိမ်မက်လှလှကလေးကို ဒီလူနဲ့အတူ ပုံဖော်လိုက်သည်။
အိပ်စက်ခဲ့ရသည့် ညတွေထဲ ဒီညကလေးက သိပ်ကို လှပလွန်းပါ၏။
.
.
ဘေးတစ်ဘက်မှ ဆူညံလွန်းနေသည့် ဖုန်းမြည်သံကြောင့် မျက်လုံးတွေက ဖွင့်လိုက်ရတော့သည်။
မျက်နှာချင်းဆိုင်မှ Taehyung က မျက်ခုံးတေွ တွန့်ချိုးသွားရင်း ဘေးတစ်ဘက်လှည့်ကာ ဆက်အိပ်နေလေ၏။
ဖုန်းကို ယူကြည့်မိတော့ George ဆီမှ... မကိုင်သေးဘဲ ပစ်ထားမိတော့ အဆက်မပြတ် မြည်လာတော့သည့် ဖုန်းသံတွေကြောင့် ကိုင်လိုက်မိသည်။
"Jungkook သခင်ပျောက်နေတယ်... အိမ်ထဲမှာပဲ ရှိမယ်ထင်ထားခဲ့တာ မနက်ရောက်တော့ သခင့်ကိုဘယ်မှာမှ ရှာမတွေ့ဘူး"
George ရဲ့ အသံဆူဆူက တိတ်ဆိတ်နေသည့် အခန်းလေးထဲမှာ လွင့်ပျံ့သွားတော့သည်။ Taehyung လည်း နိုးလာရင်း ဖုန်းကို ဝင်နားထောင်သည်။
"မင်းက သခင့်အကြောင်း ပိုသိမှာမို့ ဆက်သွယ်လိုက်ရတာ... သခင်နဲ့ အဆင်မပြေတာသိပေမယ့် သခင့်ကို ရှာနိုင်တာ မင်းတစ်ယောက်တည်းရှိတာ"
George ဖုန်းကိုချကာ Taehyung နဲ့အတူ သူတို့တည်းနေသည့် အိမ်ဆီ သွားရသည်။
သခင့်ကို အိပ်ခန်း၊ နားနေခန်း၊ ခြံထဲမှာ ရှာသော်လည်း တစ်နေရာမှ မတွေ့...
နောက်ဆုံး သတိရမိသည်က မြေအောက်ထပ်က လျှို့ဝှက်အခန်း... ဒီအခန်းကို ကျွန်တော်ရယ်၊ သခင်ရယ်သာ သိသည်။
ကြမ်းပြင်ပေါ်မှ ခလုတ်ကို နှိပ်လိုက်တော့ ဝင်ပေါက်က ပွင့်လာ၏။ ကျဉ်းလွန်းသည့် လှေကားအတိုင်း ဆင်းလာလိုက်ရင်း အခန်းကျယ်တစ်ခုကို တွေ့ရသည်။
ဒီအခန်းထဲမှာ ကျွန်တော်နဲ့ ပတ်သက်သည့် ပစ္စည်းအစုံအလင်ရှိသည်။ စတွေ့တုန်းက ဝတ်ခဲ့သည့် အင်္ကျီမှ စလို့... Germany မှာ သေနတ်မှန်ခဲ့သည့် ကျည်ဆံတောင်ရှိ၏။
ကုတင်နှစ်လုံးရယ်၊ ရေချိုးခန်းရယ်ပါသည့် အခန်းကျယ်တစ်ခုကို သခင်က သီးသန့်ဖန်တီးထားပြီး ကျွန်တော်နဲ့ တစ်ခါတစ်လေတော့ အတူလာနေဖြစ်၏။
တစ်ခန်းလုံးကို ပတ်ရှာသော်လည်း မတွေ့သည်မို့ နောက်ဆုံးသွားမိသည်က ရေချိုးခန်းရယ်...
လော့ချထားသည့် တံခါးကြောင့် ခန္ဓာကိုယ်ဖြင့် တိုက်တွန်းကာ ဖွင့်ရင်း တံခါးကို ဖြတ်ရ၏။
အခန်းတံခါးပွင့်သွားတော့ ရေပန်းအောက်မှာ နှုတ်ခမ်းတွေတောင် ပြာနှမ်းနေသည့် သခင်...
ရေစက်တွေက စီးကျနေဆဲမို့ ပိတ်ချလိုက်ရင်း သခင့်ကိုယ်ကလေးကို ဆွဲယူလိုက်ရသည်။
တစ်ကိုယ်လုံးက အေးစက်နေပြီး ပျော့ခွေနေလေသည်။ နှလုံးခုန်သံကို ကြားရအောင် အနားကို တိုးကပ်သွားမိတော့ အသက်ရှူသံ ခပ်တိုးတိုးလေးသာ ကြားရတော့သည်။
Taehyung နဲ့ George ဆေးရုံကားခေါ်ကာ ဗျာများနေကြတာကိုလည်း သတိထားမိသည်။
သို့သော် ကျွန်တော့်အသိစိတ်က သခင့်ဆီမှာသာ ရောက်နေလေ၏။ သခင့်လက်ကလေးတွေကို ဆုပ်ကိုင်ထားရင်း ကျွန်တော့်နှုတ်က ထွက်လာမိသည်က
ကျွန်တော့်ကို ထားမသွားဖို့ တစ်ခုတည်းပါပဲ။ နှလုံးသားက တဆစ်ဆစ်နဲ့ နာကျင်လာရရင်း ကျွန်တော့် မျက်ဝန်းတွေမှာ အရည်ကြည်တွေ ပြည့်နေတော့သည်။
သခင့်ကိုယ်ကလေးကို ပွေ့ဖက်ထားရင်း နာနာကျင်ကျင်ဖြင့် ငိုမိနေဆဲ
သခင်က ကျွန်တော့်ဖခင်၊ ကျွန်တော့်အစ်ကို၊ ကျွန်တော့် မိသားစုဝင်ဖြစ်၏။ မှားယွင်းခဲ့ကြသော်လည်း သခင့်ကို တစ်ချက်ကလေးတောင် မမုန်းရက်နိုင်ပါဘူး။
စိတ်ဆိုးသော်လည်း သခင့်ကိုတော့ ကျွန်တော် မနာကျည်းရက်ပါဘူး။
သခင့်ကိုယ်ကလေးကို ပွေ့ဖက်ထားကာ နာနာကျင်ကျင် အော်ငိုနေသော်လည်း နှစ်သိမ့်ကာ ပွေ့ဖက်ပေးမည့် လက်တစ်စုံကတော့ ပျောက်ကွယ်နေဆဲပါပဲ။
.
.
ဖတ်ရှုပေးသူတစ်ဦးချင်းဆီကို ကျေးဇူးတင်ပါတယ်
VictoryKimTae
May 10, 2023
Zawgyi
မနက္ ၂ နာရီ... ပတ္ဝန္းက်င္တစ္ခုလုံးက ေမွာင္မည္းတိတ္ဆိတ္ေနေသာ္လည္း Julian အခုထိ အိပ္မေပ်ာ္ႏိုင္ေသး။
ေဘးနားမွာ အရက္ပုလင္းေတြ တန္းစီေနၿပီး အလင္းေရာင္ မွိန္ျပျပသာ ထင္ဟပ္ေနသည့္ နံရံကို သူ့မွာ ေတြေဝစြာ ေငးၾကည့္ေနမိသည္။
အခန္းတစ္ခုလုံးကလည္း သူ ေသာင္းက်န္းထားလို႔ ပ်က္စီးေနေတာ့သည္။ ေႂကြပန္းအိုးေတြက ပဲ့ေႂကြေနၿပီး၊ ခုံေတြကလည္း က်ိဳးပဲ့လ်က္...
ရီေဝေနသည့္ သူ့မ်က္လုံးေတြက အနည္းငယ္ ေမွးစင္းလာေပမယ့္ သူ လုံးဝ အိပ္မေပ်ာ္ႏိုင္။
သူ့ရင္ဘတ္တစ္ခုလုံးက ဓားနဲ႔ မႊန္းခံထားရသလို တဆစ္ဆစ္နဲ႔ နာက်င္ေနၿပီး ေသြးေတွစီးက်ေနေတာ့မည့္ ဒီလိုေဝဒနာမ်ိဳးနဲ႔ သူ တစ္ေမွးေတာင္ ေမွးလို႔ မရႏိုင္ခဲ့ပါဘူး။
အျပင္ဘက္မွာ ရာသီဥတုက ခ်က္ခ်င္းေျပာင္းလဲသြားၿပီး မိုးစက္ တဖြဲဖြဲက က်လာေတာ့သည္။
ျပတင္းေပါက္အနားကို အေျပးသြားကာ မိုးစက္ေတြကို ၾကည့္ရင္း သူ့မွာ နာနာက်င္က်င္ျဖင့္ ၿပဳံးမိေသးသည္။
အဲ့ဒီမိုးစက္ေတြေပါ႔... သူ့ကို နာက်င္လာေစသည့္ ကနဦး တရားခံက အဲ့ဒီမိုးစက္ေတြပဲေပါ႔။
သူ့ အေတြးေတြက လြန္ခဲ့သည့္ ၇ ႏွစ္ေက်ာ္၊ ၈ ႏွစ္ ဝန္းက်င္ကို ျပန္ေရာက္လို႔သြားသည္။
လက္နက္ေမွာင္ခိုကိစၥနဲ႔ ကိုရီးယားႏိုင္ငံကို ပထမဆုံး သြားဖူးသည့္ သူ့ အေတြ႕အႀကဳံရယ္... ဘူဆန္ရဲ႕ ေႏြရာသီက အဲ့သည္ေလာက္အထိ မိုးသည္းႏိုင္မွန္း သူ တကယ္ကို မထင္ထားခဲ့တာ...
မိုးက သည္းေတာ့ ေလဆိပ္ဆင္းဖို႔ကလည္း မျဖစ္ႏိုင္။ ထို႔ေၾကာင့္ ေလဆိပ္ကို သြားဖို႔ အင္ခြၽန္းဆီ ဦးတည္ေနရာမွ ေနာက္ေၾကာင္းျပန္လွည့္ရင္း ဘူဆန္ၿမိဳ႕က ဟိုတယ္မွာသာ တစ္ညထပ္ေနဖို႔ ျဖစ္လာေတာ့သည္။
ေႏြရာသီပြဲေတာ္ဆိုတာမ်ိဳးေတြက သူ့အတြက္ေတာ့ လုံးဝကို စိတ္မဝင္စားသည့္ အရာ... George က မုန္႔ဝယ္ေပးမည္ဟုဆိုကာ ပြဲေတာ္က်င္းပသည့္ဘက္ကို ေမာင္းသြားလို႔ သူနဲ႔ George ရန္ျဖစ္ရေသးသည္။
ကိုရီးယား႐ိုးရာဆန္ကိတ္ကို George က ဘူးလိုက္ ဝယ္လာၿပီး သူ့ကို ေပးသည္။ George ကို မ်က္ေစာင္းထိုးရင္းသား ဟိုတယ္ကို ျမန္ျမန္ျပန္ဖို႔ သူ ေျပာမိေတာ့သည္။
မိုးက သိပ္သည္းလြန္းသည္မို႔ စိတ္ပ်က္စြာ အျပင္ဘက္ကို ၾကည့္ရင္း သူ့မွာ ညည္းတြားမိေသး၏။
ဟိုတယ္ဘက္ကို မေရာက္မီ မိုးသည္းေနသည့္ၾကားမွ သူ့ကားအေရွ႕ ျဖတ္ေျပးသြားသည့္ အရိပ္ကေလး...
George က စက္ရပ္လိုက္တာကိုလည္း သူသိသည္။ သို႔ေသာ္ ထိုအရိပ္ကေလးကို အနည္းငယ္ တိုက္မိသြားတာကိုလည္း သူ သိလိုက္မိသည္။
"George... ေသၿပီထင္တယ္ မင္းကြာ ျပႆနာရွာလို႔ကို မၿပီးႏိုင္ဘူး"
ကားထဲမွ ထီးတစ္ေခ်ာင္းစီ ေဆာင္းကာ ထိုေနရာကို သြားၾကည့္မိေတာ့ မိုးေရေတြ စိုရႊဲေနသည့္ ေကာင္ေလးတစ္ေယာက္ကို သူ ျမင္ရလိုက္ရသည္။
မိုးေရေတြေၾကာင့္လား၊ မ်က္ရည္ေတြေၾကာင့္လား မသိေပမယ့္ အဲ့ေကာင္ေလးရဲ႕ မ်က္ႏွာတစ္ခုလုံးမွာ ေရေတြကို ရႊဲလို႔... မ်က္ခမ္းစပ္ေတြက နီရဲေနၿပီး သူ့မ်က္ဝန္းေတြကလည္း နီရဲေနခဲ့တာ...
လႈပ္ရွားလာသည့္ အေနအထားေၾကာင့္ မေသေသးတာကို Julian သတိထားလိုက္မိသည္။
တံေတာင္ဆစ္နဲ႔ ဒူးေခါင္းမွာ ၿပဲသြားၿပီး ေသြးေတြလည္း စီးက်ေနေလ၏။ ထို႔ေနာက္ ႐ုတ္တရက္ႀကီး အာေခါင္ျခစ္ကာ ေအာ္ငိုလာေတာ့သည့္ အဲ့ကေလးေၾကာင့္ သူ့ထီးကို ပစ္ခ်ရင္း အဲ့ကေလးကို ေျပးဖက္မိေတာ့သည္။
ဘာရယ္ေၾကာင့္ ဒီလို ေပြ႕ဖက္မိသည္လဲ သူကိုယ္တိုင္ေတာင္ နားမလည္ႏိုင္ခဲ့တာ... သူ့အသည္းႏွလုံးက ေအးစက္စက္နဲ႔ ခပ္မာမာရယ္...
လူတစ္ေယာက္ကို ေထြးေပြ႕ကာ ႏွစ္သိမ့္ဖို႔ဆိုတာက သူ့ သမိုင္းမွာေတာင္ မရွိခဲ့။
အဲ့ဒီကေလးကို ကားေပၚတင္ကာ သူ့အိမ္ကိုေမးေတာ့ အဂၤလိပ္စကားကို သိပ္နားလည္ဟန္ မရွိပါဘူး။ George က ဘာသာျပန္အျဖစ္ လုပ္ေပးသည္။
"ကြၽန္ေတာ္က မိဘမဲ့... အိမ္လည္း မရွိဘူး"
မ်က္ႏွာတစ္ခုလုံး တင္းၾကပ္ေနကာ စူးစူးရဲရဲ ေအာ္လာသည့္ အဲ့ကေလးကို သူ သေဘာက်မိသည္။
"ဆန္ကိတ္တဲ့... မင္းႀကိဳက္ေလာက္တယ္"
ဆန္ကိတ္ကိုလည္း တၿမဳံ႕ၿမဳံ႕ဝါးရင္း မ်က္ရည္ေတြလည္း စီးက်ေနသည့္ အဲ့ကေလးကို ေခါင္းကေလးပုတ္ကာ သူ့မွာ ႏွစ္သိမ့္ေပးရျပန္သည္။
Julian အတြက္ အဲ့ဒီေန႔က Jungkook ပုံရိပ္ေတြ အခုထိ မေမ့ႏိုင္ေသးပါဘူး။ တစ္ရက္၊ တစ္လ၊ တစ္ႏွစ္... ႏွစ္ေပါင္းမ်ားစြာ ၾကာလွ်င္ေတာင္ Jungkook နဲ႔ပတ္သက္သည့္ အမွတ္တရတိုင္းက သူ့အတြက္ ေမ့မရႏိုင္သည့္ အဖိုးတန္ မွတ္ဉာဏ္ေတြရယ္...
သင္ယူစရာေတြ အမ်ားႀကီး သင္ၾကားေပးရင္း အသန္မာဆုံး၊ အႀကံ့ခိုင္ဆုံး လူတစ္ေယာက္အျဖစ္ သူ့မွာ ေန႔ညမျပတ္ ပုံသြင္းေပးခဲ့ရသည္။
အခုေတာ့ ငွက္ကေလးက အေတာင္ပံေတြ စုံသြားၿပီမို႔ သူ့ရင္ခြင္ကို ေျခစုံကန္ကာ ထြက္သြားေတာ့သည္။
ျဖဴစင္လြန္းသည့္ အျဖဴေရာင္ အခ်စ္ေတြ ဘယ္အခ်ိန္ကစလို႔ အေရာင္ဆိုးသြားသလဲ သူတကယ္ပင္ မသိခဲ့တာျဖစ္၏။
သို႔ေသာ္ အေရာင္ေတြ အနည္းငယ္ ေရာယွက္ကုန္သည့္ အခ်စ္ေတြကလည္း သူ့အတြက္ေတာ့ တန္ဖိုးထားရလြန္းသည့္ ရင္ခုန္သံေတြ ျဖစ္ေနေတာ့သည္။
Taehyung ကို ထိမိလို႔ ကြၽန္ေတာ္ မွားခဲ့သည္ဆိုလွ်င္ေတာင္ ဒါဟာ Jungkook ကို ခ်စ္လြန္းလို႔ ျဖစ္လာရတာ...
ကြၽန္ေတာ္တို႔ဟာ ကိုယ့္ကို ျပန္မခ်စ္လာႏိုင္သည့္ တစ္စုံတစ္ေယာက္ကို ခ်စ္ျမတ္ႏိုးျခင္းျဖင့္ ခ်စ္ျခင္းတရား၌ ေပ်ာ္ေမြ႕ၾကသည္။
ကြၽန္ေတာ့္ရဲ႕ ခ်စ္ျခစ္ေမတၱာမွာ ရယူျခင္းဆိုတာေတြ မရွိေသာ္လည္း ခ်စ္ရသူ၏ မုန္းတီးျခင္းကို ခံယူဖို႔ေတာ့ ကြၽန္ေတာ္ အခုထိ အရဲမစြန္႔ႏိုင္ေသးပါဘူး။
.
.
ယေန႔လည္း မိုးက တဖြဲဖြဲက်ေနဆဲပါပဲ... Taehyung Larvotto ကေန အခုထိ မျပန္ရေသးဘူး ျဖစ္၏။
ေျခေထာက္က ဒဏ္ရာေၾကာင့္ သူ ေသခ်ာ မလႈပ္ရွားႏိုင္ေသးတာ ျဖစ္သည္။ လမ္းေလွ်ာက္လို႔ ရေပမယ့္ သခင္မေလးက သက္သာတဲ့အထိ ဒီမွာ ေနမည္ဆိုတာေၾကာင့္ အခုထိ Larvotto မွာပဲ ေသာင္တင္ေနဆဲ...
မိုးတဖြဲဖြဲက်လာေတာ့ ျပတင္းေပါက္ဖြင့္ထားလို႔ ေရစက္ေတြ အနည္းငယ္ ဝင္လာေတာ့သည္။
ေလက သိပ္မျပင္းေသာ္လည္း ေလညႇင္းေအးေအးႏွင့္အတူ မိုးေရစက္အနည္းငယ္က အိပ္စက္ေနသည့္ သူ့မ်က္ႏွာေပၚကို က်သြားသည္။
မ်က္ခုံးေတြ တြန္႔ခ်ိဳးရင္း သူႏိုးလာေတာ့ မနက္ ၃ နာရီ...
မိုးက ဘယ္အခ်ိန္တည္းက ရြာေနသလဲ သူမသိ... သူ့လို ေလ့က်င့္ထားသည့္ တပ္သားတစ္ေယာက္အတြက္ မိုးရြာသည့္ အသံကိုေတာင္ နားေထာင္ႏိုင္ေသာ္လည္း ယေန႔ညေတာ့ ေဆးေသာက္ထားသည္မို႔ ေဆးအရွိန္နဲ႔ သူလည္း အိပ္ေပ်ာ္ေနခဲ့တာ
ၿခဳံထားသည့္ ေစာင္ပါးေလးကို ဖယ္ကာ ျပတင္းေပါက္နားကို သြားရသည္။ က်ည္ဆံဒဏ္ေၾကာင့္ သူ့ေျခေထာက္ေတြက အနည္းငယ္ ေလးပင္ေနေလ၏။
ျပတင္းေပါက္ရဲ႕ တံခါးခ်ပ္ေတြကို ဆြဲေတာ့ လမ္းမီးတိုင္ ဝါက်င္က်င္ေအာက္မွာ ရပ္ေနသည့္ Jungkook ကို သူ ေတြ႕လိုက္ရသည္။
မိုးေရေတြလည္း စိုရႊဲေနၿပီး ထီးလည္းမပါဘဲ မတ္တပ္ရပ္ေနေလ၏။
မႈန္ဝါးဝါးျမင္ကြင္းေၾကာင့္ သူေရာ ဟုတ္ရဲ႕လားဟု အာ႐ုံစိုက္ကာ ၾကည့္ရေသးသည္။
ေသခ်ာေတာ့မွ ထီးတစ္ေခ်ာင္းကို ယူကာ ဟိုတယ္မွ ထြက္လာရေတာ့၏။
.
.
Julian ဆီမွ ထြက္လာၿပီး သူပထမဆုံး သြားသည့္ ေနရာက Taehyung တည္းေနသည့္ ဟိုတယ္...
ဒီကိုေရာက္ေနတာ နာရီပိုင္းမနည္းဘူး ရွိၿပီ။ သို႔ေသာ္ Jungkook ဟိုတယ္ေရွ႕မွာသာ ရပ္ေနဆဲ...
Taehyung ဆီလည္း မသြားဘဲ ဟိုတယ္ေရွ႕မွာ ရပ္ေနမိသည္။
အမွန္တကယ္ဆို Taehyung နဲ႔ ေတြ႕ဖို႔ ကြၽန္ေတာ္ သိပ္ေၾကာက္မိသည္။ သူ့ရဲ႕ ဒဏ္ရာေတြနဲ႔ ပုံရိပ္ကိုလည္း မျမင္ခ်င္၊ ဒီဒဏ္ရာက ကိုယ့္ေၾကာင့္ဆိုသည့္ အေၾကာင္းျပခ်က္ကိုလည္း ေခါင္းထဲမွ ထုတ္ပစ္ထားခ်င္မိသည္။
မိုးစက္ တဖြဲဖြဲက မ်က္ႏွာေပၚကို ျဖတ္ၿပီး စီးက်ေနေလ၏။ ေလစိမ္းေတြလည္း တိုက္ခတ္ေနၿပီး အနည္းငယ္ေတာ့ ခ်မ္းစမ့္စိမ့္ျဖစ္ေနေလသည္။
"Jungkook"
လမ္းမီးတိုင္ကို မွီကာ ရပ္လ်က္ မ်က္လုံးေတြ မွိတ္ထားသည့္ ကြၽန္ေတာ္... ဒီေခၚသံ ခပ္တိုးတိုးေၾကာင့္ ေအးစက္ေနသည့္ ႏွလုံးသားက ေႏြးခနဲရယ္...
မ်က္လုံးေတြကို ျဖည္းျဖည္းခ်င္းဖြင့္ၾကည့္မိေတာ့ အညိဳေရာင္ ဖိနပ္တစ္ရံႏွင့္ ေျခေခ်ာင္းျဖဴျဖဴေလးေတြကို ပထမဆုံး ျမင္လိုက္သည္။
ညဝတ္အကႌ် အညိဳေရာင္အကြက္က်ားကေလးနဲ႔ ရႈပ္ပြေနသည့္ ဆံပင္ေတြနဲ႔ သူ... အခုမွ အိပ္ရာက ႏိုးလာသည္ ထင္ပါရဲ႕
"ေအာ ေအာ"
သူ့ကို ႐ုတ္တရက္ျမင္လိုက္ေတာ့ အံ့အားသင့္ေနတာကလြဲၿပီး ဘယ္တစ္ခုကို စေျပာရမလဲဆိုတာေတာင္ ကြၽန္ေတာ္ မသိပါဘူး။
"မိုးရြာေနတယ္"
ထီးကို အေရွ႕တိုးလာရင္း လူကိုယ္တိုင္လည္း အေရွ႕ကို တိုးကပ္လာသည္မို႔ ကြၽန္ေတာ္တို႔ သိပ္ေဝးလြန္းသည့္ အကြာအေဝးမွာေတာ့ မဟုတ္ပါဘူး။
"ေရေတြ ရႊဲေနၿပီ အေအးမိေတာ့မွာပဲ"
အခုထိ ကြၽန္ေတာ့္ကို စေတြ႕တုန္းက ၁၃ ႏွစ္သား Jungkook အျဖစ္ ထင္မွတ္ေနဆဲ ျဖစ္မည္။
"ကြၽန္ေတာ္ မခ်မ္းပါဘူး Taehyung ကို ေတြ႕လိုက္ရေတာ့ ေႏြးေထြးသြားတယ္"
သူ့အၿပဳံးက ၾကင္ၾကင္နာနာရယ္...
"လာ အခန္းကို လိုက္ခဲ့"
ကြၽန္ေတာ့္ကို တြဲေခၚလာသည့္ သူ့ေျခေထာက္ေတြ အနည္းငယ္ ေလးပင္ေနတာကို သတိထားမိသည္။
တစ္ခါလမ္းေလွ်ာက္လိုက္တိုင္း မ်က္ႏွာကေလး ရႈံ႕မဲ့သြားတာကိုလည္း သတိထားမိသည္။
ဟိုတယ္ခန္းကိုေရာက္ေတာ့ သူ့အဝတ္အစားေတြ ထုတ္ေပးကာ ကြၽန္ေတာ့္အတြက္ ေကာ္ဖီပူပူေလးလည္း ေဖ်ာ္ေပး၏။
ကမ္းေပးလာသည့္ ေကာ္ဖီခြက္ကို ေဘးခ်ကာ သူ့လက္ကို လွမ္းဆြဲလိုက္မိၿပီး ေဘးနားမွ လြတ္ေနသည့္ ေနရာမွာ ထိုင္ခိုင္းမိသည္။
ကုတင္ရဲ႕ တစ္ဘက္ျခမ္းက သိသိသာသာ အိက်သြားတာကိုလည္း သတိထားမိ၏။
"ကြၽန္ေတာ္... "
စကားေတြအမ်ားႀကီး စီတန္းကာ ေျပာဖို႔ ႀကိဳးစားထားေသာ္လည္း တစ္ခြန္းေလးေတာင္ ထြက္မလာခဲ့
သူက ကြၽန္ေတာ့္ မ်က္လုံးေတြကို လိုက္ၾကည့္ၿပီး စူးစမ္းသည္။ အကဲခတ္သည္။ အဓိပၸာယ္ေဖာ္သည္။
"Taehyung ကို ခ်စ္ေနဆဲပဲ... ဘာကိုမွ အမ်ားႀကီး ေျပာၿပီး ျဖစ္ခဲ့သမွ်ကို ျပန္မေတြးခ်င္ဘူး။ Taehyung ရဲ႕ ေျခေထာက္အတြက္ စိတ္မေကာင္းပါဘူး။ ခံစားခ်က္ကို မေဖာ္ျပတတ္ေပမယ့္ ႏွလုံးသားက နာက်င္ရတယ္ဆို ယုံမလား... ၿပီးေတာ့ Taehyung ကို ခ်စ္ေနတာကို မလိမ္ညာခ်င္ေတာ့ဘူး။ Taehyung သိခဲ့ၿပီးသားေပမယ့္ ထပ္ၿပီး ေျပာျပတာ... Taehyung ကို ခ်စ္ေနဆဲပဲ"
မ်က္လုံးေတြကို မွိတ္ကာ စကားေတြကို တရစပ္ေျပာမိရင္း ကြၽန္ေတာ့္ ရင္ဘတ္က တဒုန္းဒုန္းျဖင့္ ခုန္ေနခဲ့သည္။
ညႀကီး အခ်ိန္မေတာ္ လူတစ္ေယာက္ကို ခ်စ္ေၾကာင္း ဖြင့္ေျပာသည္။ ထို႔ေနာက္ ထိုလူနဲ႔ တစ္ခန္းတည္း၊ ဝတ္ထားသည္က သူ့အကႌ်... သူ့ကိုယ္သင္းနံ႔အနည္းငယ္နဲ႔ ေႏြးေထြးမႈေတြ အျပည့္
တစ္ခဏ ၾကာသည္အထိ ျပန္ေျဖသံမၾကားရေတာ့ မ်က္လုံးေတြ ဖြင့္ၾကည့္မိသည္။ သူက ကြၽန္ေတာ့္ကို မ်က္ဝန္းေတာက္ေတာက္ကေလးေတြျဖင့္ ရႊန္းရႊန္းစားစား ၾကည့္ေနေလသည္။
"အစ္ကို သိသားပဲ... အစ္ကိုက Jungkook ကို သိပ္ခ်စ္တဲ့ အေၾကာင္းပဲ Jungkook မသိတာ"
"မဟုတ္ဘူး ကြၽန္ေတာ္ သိပ္သိတယ္... Taehyung ဆီက အခ်စ္ခံရတာကိုလည္း သေဘာက်တယ္။ ညီအစ္ကိုလို ျဖဴစင္တဲ့ အခ်စ္ပဲ ျဖစ္ျဖစ္၊ အေရာင္ေတြ ေရာေနတဲ့ အခ်စ္ပဲျဖစ္ျဖစ္ Taehyung က ခ်စ္ေပးေနတာမို႔ ကြၽန္ေတာ္ သိပ္ေပ်ာ္တယ္"
ကြၽန္ေတာ္တို႔ စကားေတြ သိပ္မေျပာၾကပါဘူး။ စကားေတြ ေထြျပားလြန္းလွ်င္ နာက်ည္းစရာ အတိတ္ေတြကို အစေဖာ္မိလိမ့္မည္။
နာက်င္စရာ အတိတ္ေတြဆီမေရာက္ခ်င္ေတာ့သည္မို႔ မ်က္ႏွာခ်င္းဆိုင္ အိပ္စက္လိုက္ကာ အိမ္မက္လွလွကေလးကို ဒီလူနဲ႔အတူ ပုံေဖာ္လိုက္သည္။
အိပ္စက္ခဲ့ရသည့္ ညေတြထဲ ဒီညကေလးက သိပ္ကို လွပလြန္းပါ၏။
.
.
ေဘးတစ္ဘက္မွ ဆူညံလြန္းေနသည့္ ဖုန္းျမည္သံေၾကာင့္ မ်က္လုံးေတြက ဖြင့္လိုက္ရေတာ့သည္။
မ်က္ႏွာခ်င္းဆိုင္မွ Taehyung က မ်က္ခုံးေတွ တြန္႔ခ်ိဳးသြားရင္း ေဘးတစ္ဘက္လွည့္ကာ ဆက္အိပ္ေနေလ၏။
ဖုန္းကို ယူၾကည့္မိေတာ့ George ဆီမွ... မကိုင္ေသးဘဲ ပစ္ထားမိေတာ့ အဆက္မျပတ္ ျမည္လာေတာ့သည့္ ဖုန္းသံေတြေၾကာင့္ ကိုင္လိုက္မိသည္။
"Jungkook သခင္ေပ်ာက္ေနတယ္... အိမ္ထဲမွာပဲ ရွိမယ္ထင္ထားခဲ့တာ မနက္ေရာက္ေတာ့ သခင့္ကိုဘယ္မွာမွ ရွာမေတြ႕ဘူး"
George ရဲ႕ အသံဆူဆူက တိတ္ဆိတ္ေနသည့္ အခန္းေလးထဲမွာ လြင့္ပ်ံ႕သြားေတာ့သည္။ Taehyung လည္း ႏိုးလာရင္း ဖုန္းကို ဝင္နားေထာင္သည္။
"မင္းက သခင့္အေၾကာင္း ပိုသိမွာမို႔ ဆက္သြယ္လိုက္ရတာ... သခင္နဲ႔ အဆင္မေျပတာသိေပမယ့္ သခင့္ကို ရွာႏိုင္တာ မင္းတစ္ေယာက္တည္းရွိတာ"
George ဖုန္းကိုခ်ကာ Taehyung နဲ႔အတူ သူတို႔တည္းေနသည့္ အိမ္ဆီ သြားရသည္။
သခင့္ကို အိပ္ခန္း၊ နားေနခန္း၊ ၿခံထဲမွာ ရွာေသာ္လည္း တစ္ေနရာမွ မေတြ႕...
ေနာက္ဆုံး သတိရမိသည္က ေျမေအာက္ထပ္က လွ်ိဳ႕ဝွက္အခန္း... ဒီအခန္းကို ကြၽန္ေတာ္ရယ္၊ သခင္ရယ္သာ သိသည္။
ၾကမ္းျပင္ေပၚမွ ခလုတ္ကို ႏွိပ္လိုက္ေတာ့ ဝင္ေပါက္က ပြင့္လာ၏။ က်ဉ္းလြန္းသည့္ ေလွကားအတိုင္း ဆင္းလာလိုက္ရင္း အခန္းက်ယ္တစ္ခုကို ေတြ႕ရသည္။
ဒီအခန္းထဲမွာ ကြၽန္ေတာ္နဲ႔ ပတ္သက္သည့္ ပစၥည္းအစုံအလင္ရွိသည္။ စေတြ႕တုန္းက ဝတ္ခဲ့သည့္ အကႌ်မွ စလို႔... Germany မွာ ေသနတ္မွန္ခဲ့သည့္ က်ည္ဆံေတာင္ရွိ၏။
ကုတင္ႏွစ္လုံးရယ္၊ ေရခ်ိဳးခန္းရယ္ပါသည့္ အခန္းက်ယ္တစ္ခုကို သခင္က သီးသန္႔ဖန္တီးထားၿပီး ကြၽန္ေတာ္နဲ႔ တစ္ခါတစ္ေလေတာ့ အတူလာေနျဖစ္၏။
တစ္ခန္းလုံးကို ပတ္ရွာေသာ္လည္း မေတြ႕သည္မို႔ ေနာက္ဆုံးသြားမိသည္က ေရခ်ိဳးခန္းရယ္...
ေလာ့ခ်ထားသည့္ တံခါးေၾကာင့္ ခႏၶာကိုယ္ျဖင့္ တိုက္တြန္းကာ ဖြင့္ရင္း တံခါးကို ျဖတ္ရ၏။
အခန္းတံခါးပြင့္သြားေတာ့ ေရပန္းေအာက္မွာ ႏႈတ္ခမ္းေတြေတာင္ ျပာႏွမ္းေနသည့္ သခင္...
ေရစက္ေတြက စီးက်ေနဆဲမို႔ ပိတ္ခ်လိုက္ရင္း သခင့္ကိုယ္ကေလးကို ဆြဲယူလိုက္ရသည္။
တစ္ကိုယ္လုံးက ေအးစက္ေနၿပီး ေပ်ာ့ေခြေနေလသည္။ ႏွလုံးခုန္သံကို ၾကားရေအာင္ အနားကို တိုးကပ္သြားမိေတာ့ အသက္႐ွဴသံ ခပ္တိုးတိုးေလးသာ ၾကားရေတာ့သည္။
Taehyung နဲ႔ George ေဆး႐ုံကားေခၚကာ ဗ်ာမ်ားေနၾကတာကိုလည္း သတိထားမိသည္။
သို႔ေသာ္ ကြၽန္ေတာ့္အသိစိတ္က သခင့္ဆီမွာသာ ေရာက္ေနေလ၏။ သခင့္လက္ကေလးေတြကို ဆုပ္ကိုင္ထားရင္း ကြၽန္ေတာ့္ႏႈတ္က ထြက္လာမိသည္က
ကြၽန္ေတာ့္ကို ထားမသြားဖို႔ တစ္ခုတည္းပါပဲ။ ႏွလုံးသားက တဆစ္ဆစ္နဲ႔ နာက်င္လာရရင္း ကြၽန္ေတာ့္ မ်က္ဝန္းေတြမွာ အရည္ၾကည္ေတြ ျပည့္ေနေတာ့သည္။
သခင့္ကိုယ္ကေလးကို ေပြ႕ဖက္ထားရင္း နာနာက်င္က်င္ျဖင့္ ငိုမိေနဆဲ
သခင္က ကြၽန္ေတာ့္ဖခင္၊ ကြၽန္ေတာ့္အစ္ကို၊ ကြၽန္ေတာ့္ မိသားစုဝင္ျဖစ္၏။ မွားယြင္းခဲ့ၾကေသာ္လည္း သခင့္ကို တစ္ခ်က္ကေလးေတာင္ မမုန္းရက္ႏိုင္ပါဘူး။
စိတ္ဆိုးေသာ္လည္း သခင့္ကိုေတာ့ ကြၽန္ေတာ္ မနာက်ည္းရက္ပါဘူး။
သခင့္ကိုယ္ကေလးကို ေပြ႕ဖက္ထားကာ နာနာက်င္က်င္ ေအာ္ငိုေနေသာ္လည္း ႏွစ္သိမ့္ကာ ေပြ႕ဖက္ေပးမည့္ လက္တစ္စုံကေတာ့ ေပ်ာက္ကြယ္ေနဆဲပါပဲ။
.
.
ဖတ္ရႈေပးသူတစ္ဦးခ်င္းဆီကို ေက်းဇူးတင္ပါတယ္
VictoryKimTae
May 10, 2023