မာနပြိုင်ချစ်ခြင်း//🔥

By Thetmon2721

5.5K 644 119

ကျွန်တော်ချစ်တဲ့ ထိုလူသားကိုမုန်းသည်...💔 More

Episode-1
Episode-2
Episode_3
Episode_4
Episode_5
Episode_7
Part_8
Episode_9
Episode_10
Episode_11
Episode_12
Episode _13
Episode_14
Episode_15
Episode_16
Episode_17

Episode_6

310 41 5
By Thetmon2721

Yg သူ့ရှေ့ကလူကို စူးစူးရဲရဲစိုက်ကြည့်နေမိသည်..။ ဒီလူက သူသိပ်ချစ်ခဲ့ရတဲ့ဂျောင်ဟိုဆော့ရဲ့ဘာလိုလိုကောင်!..

Nj ဝင်တိုက်မိသွားတဲ့လူကို တောင်းပန်စကားဆိုရင်း‌ကြည့်လိုက်မိတော့ ဘယ်တော့မှမဆုံရတော့ဘူးလို့တွေးထားတဲ့အတွေးတွေဟာ တစ်ခဏလေးအတွင်းမှာ ကြက်ပျောက်ငှက်ဖြစ်ကုန်သည်..။

အချိန်တော်ကြာသည်အထိ တစ်ယောက်နဲ့တစ်ယောက် မကျေမချမ်းနှင့် အကြည့်ချင်းစစ်ထိုးနေကြသည်။။ထိုစဉ်..

"ကိုကိုဒီထဲဝင်သွားတာလားမသိဘူး~"

သန့်စင်ခန်းအပြင်ဘက်ဆီမှ ခပ်တိုးတိုးလေးကြားလိုက်ရတဲ့အသံချိုချိုလေးကြောင့် ဂျောင်ဟိုဆော့မှန်း ‌ယွန်းဂီအပ်တပ်သိလိုက်သည်..။

အဟွန်း!..နောက်ဆုံးတော့ ငါနဲ့တွေ့ရတော့မှာပေါ့..

Nj တစ်ယောက် ဟိုဆော့အသံကြောင့် မျက်စိမျက်နှာပျက်ဖြစ်သွားကာ ..

ငယ်သူ့ကိုတွေ့သွားလို့မဖြစ်ဘူး!!.

သူ့ကိုခပ်ရွဲ့ရွဲ့ပြုံးရင်းအပြင်ထွက်ဖို့ခြေလှမ်းလှမ်းလိုက်တဲ့ယွန်းဂီကို နမ်ဂျွန်လက်ဖြင့်တွန်းလိုက်ပြီး
အလျင်အမြန်ပင် သန့်စင်ခန်းထဲမှထွက်သွားသည်။ယွန်းဂီမှာ အနောက်သို့ယိုင်ကျသွားတော့သည်။

တောက်!!ရုပ်ပျက်လိုက်တာ..!

နမ်ဂျွန်ထွက်ထွက်လာချင်းမှာပဲ ဟိုဆော့နှင့်ပက်ပင်းတိုးမိတော့သည်။

ဟိုဆော့ သူ့ရှေ့မှာ တစ်ခုခုစိုးရိမ်‌ေနဟန်ရှိနေတဲ့ နမ်ဂျွန့်ကိုကြည့်ပြီး..

"ဘာဖြစ်လာတာလဲကိုကို.."

"အ..မဟုတ်ဘူး..ကိုကိုခေါင်းကိုက်လာလို့ပြန်ကြရအောင်နော်ငယ်..~"

ထိုသို့ပြောလိုက်တော့ သူ့ကိုအကဲခတ်ပြီးကြည့်နေတဲ့ ဟိုဆော့။ ‌နမ်ဂျွန် ဟိုဆော့ပခုံးကိုဖက်လိုက်ကာ..

"ကိုကိုဒီနေ့အရမ်းပင်ပန်းတယ်ငယ်.နားချင်ပြီ~"

"အွန်းပါ .အ့ဆိုပြန်ကြမယ်လေ.."

ထို့နောက် နှစ်ယောက်သား ထိုနေရာမှထွက်သွားကြလေသည်။

ယွန်းဂီတစ်ယောက် တံခါးအကွယ်ကနေကြားနေရတဲ့စကားပြောသံတွေကြောင့် လက်သီးကိုခပ်တင်းတင်းဆုပ်လိုက်ကာ အံကိုကြိတ်ပြီး..

"မင်းကမင်းအကောင်နဲ့တူတူရှိနေတော့ငါ့ကိုတောင်မေ့နေပြီပေါ့ဂျောင်ဟိုဆော့..!ငါကတော့မင်းငါ့ကိုသစ္စာဖောက်ခဲ့တာတွေကိုအသည်းကိုဓားနဲ့မွှန်းထားသလိုမျိုးစွဲနေအာင်မှတ်မိနေသေးတယ်.! မင်းနဲ့မင်းအကောင် .. ငါသေသွားခဲ့မယ်ဆိုရင်‌ေတာင် .ဘယ်တော့မှမပေါင်းဖက်စေရဘူး..!မင်းကငါ့အပိုင်ပဲဖြစ်လာစေရမယ်!!."

🌿🌿🌿

ယွန်းဂီ သူတို့စားပွဲဝိုင်းကိုပြန်လာတော့ ဆော့ဂျင်သာရှိနေပြီး ဟိုခလေးကိုမတွေ့တော့..!

"မင်းသူငယ်ချင်းရော.?"

သူဆော့ဂျင်အရှေ့မှာဝင်ထိုင်လိုက်ရင်းအမေးပြုလိုက်သည်။ ထိုအခါ ပလုတ်ပလောင်းနဲ့စားနေတဲ့ဆော့ဂျင်က သူ့ကိုမော့ကြည့်လာပြီး..

"သူ့ကိုကိုတွေနဲ့တွေ့လို့ပြန်လိုက်သွားတယ်..Hyung ကိုလည်းနှုတ်ဆက်သွားတယ်လို့ပြောပေးပါလို့မှာသွားတယ်.."

"အွန်း!..စားပြီးရင်ပြန်မယ်လေ.."

"ဟုတ်ကဲ့!.."

လက်စသတ်တော့ မင်းကဂျောင်ဟိုဆော့ရဲ့ညီကိုးးးးး ဟဟ..စိတ်တော့မကောင်းဘူး ငါမင်းကိုအချိန်တစ်ခုအထိတော့အသုံးချရလိမ့်မယ်..!

Time skip>>>>..

Yg အိမ်ရောက်တာနဲ့ ရေချိုးခန်းဝင်ပြီးသန့်စင်လိုက်ကာ ဆော့ဂျင်ဆီကတောင်းလာတဲ့ဂျီမင့်ရဲ့ဖုန်းနံပါတ်ကို အမည်မဖော်နိုင်တဲ့ အပြုံးဖြင့်ကြည့်ကာ..

"မင်းငါ့ကိုသဘောကျတာ မင်းအတွက်ကံဆိုးတာပဲ..အဟင်း~"

ထို့နောက် ဖုန်းနံပါတ်လေးအား နှိပ်လိုက်ပြီး တစ်ဖက်မှပြန်ဖြေသံအား စောင့်နေလိုက်သည်။

တူ..တူ..

"ဟဲလို~"

"........."

"ဟဲလို! ..ဘယ်သူပါလဲ..?ဂျောင်ဂျီမင်ပြောနေပါတယ်..!"

ယွန်းဂီ နှုတ်ခမ်းတစ်ဖက်တွန့်ကွေးရုံမျှပြုံးလိုက်ပြီး..

"ကိုယ်ပါ..~"

"ဟင်!.လူ..လူကြီးလား..?"

တစ်ဖက်ကကောင်လေးရဲ့အသံကိုနားထောင်ခြင်းအားဖြင့် အံ့ဩသွားတယ်ဆိုတာကို သူအပ်တပ်သိလိုက်သည်။ ပြီးနောက် ခပ်အေးအေးလေသံဖြင့်..

"အင်း.~ကိုယ်.."

"အဟား!..ပျော်လိုက်တာ!!လူကြီးကျွန်တော့ဆီကိုဖုန်းဆက်တယ်ပေါ့နော်..!"

အားရဝမ်းသာစွာပြောလာတဲ့ကောင်လေးအသံကိုကြားပြီး သူခပ်မဲ့မဲ့ပြုံးမိသွားသည်။

ဒီကောင်လေးက သူ့ကိုတစ်ကယ်သဘောကျနေတာပဲ..~သူ့အသံကိုတောင်မှတ်မိနေတဲ့ထိဆိုတော့!..

"အင်း!မနက်ဖန် ချာတိတ်အားလား.."

"ဗျာ!..ဟို.~"

"မအားဘူးလား.."

"ဟင့်အင်း!လူကြီးအတွက်ဆို ကျွန်တော်အမြဲအားပါတယ်..ဘာလို့လဲဟင်..!"

"မနက်ဖန် ချာတိတ်နဲ့ညစာစားချင်လို့..အတူတူစားလို့ရမလား.."

ဂျီမင့်ရင်တွေအဆက်မပြတ်ထိန်းလို့မရအောင်ခုန်နေခဲ့သည်။

လူကြီးက သူ့ဖုန်းကိုဆက်သွယ်လာပြီး ညစာစားဖို့ပါခေါ်နေသည်တဲ့!
ဒီကမ္ဘာမှာကျွန်တော့်လောက်ပျော်မယ့်သူမရှိတော့ဘူးထင်ပါတယ်လူကြီးရယ်~

ထို့နောက် ချက်ချင်းပင် အားရဝမ်းသာစွာဖြင့်..

"ဟုတ်ကဲ့!..ရပါတယ်ဗျ.."

"အွန်း!...ညနေ.ကျောင်းကိုကိုယ်လာ‌ေခါ်မယ်‌ေနာ်..ကောင်းသောညပါချာတိတ်~"

"ဟုတ်!ကောင်း..ကောင်းသောညလေးဖြစ်ပါစေနော် လူကြီး~~"

သူမရဲတရဲလေး ‌ပြောလိုက်မိသည်။

ထို့နောက် ချသွားသောဖုန်းလေး..။ ဂျီမင် ဖုန်းလေးကိုရင်မှာပိုက်ပြီး အပျော်ကြီးပျော်ကာ ထခုန်တော့သည်။

နောက်ဆုံးတော့ လူကြီးနဲ့ညစာစားခွင့်ရတော့မယ်ကွ!!!
လူကြီးနဲ့တစ်ဆင့်ချင်းစီအဆင့်တက်နိုင်တော့မှာလား..အဟီး..!

ဒီညတော့ ရင်တွေခုန်ပြီးပျော်လွန်းလို့ ကောင်းကောင်းအိပ်ပျော်မယ်မထင်တော့ဘူး..
လူကြီးရဲ့အသံက ခပ်ရှရှလေးနဲ့ အရမ်းစွဲဆောင်မှုရှိတာပဲ..!
ကျွန်တော့်အိပ်မက်တွေတော့ သေချာပေါက်လှပြီထင်ပါရဲ့..
ကျေးဇူးပါလူကြီး..ကျွန်တော့်ဘဝထဲကို ဝင်လာပေးလို့..

ထို့နောက် အိပ်ရာပေါ်လူးလိမ့်ကာာအပျော်လွန်နေ‌ပါသော ဂျီမင်..။

ဟိုဆော့တစ်ယောက် ဂျီမင့်အခန်းရှေ့ကအဖြတ် တဟီးဟီးနဲ့အပျော်မြူးနေဟန်ရှိ‌တဲ့ ဂျီမင့်အသံကြောင့် ခြေလှမ်းတွေတုန့်ခနဲရပ်မိသွားသည်။

ဒီကောင်လေးဘာတွေအဲ့လောက်ပျော်နေပါလိမ့်??..

အခန်းတံခါးလေးအားအသာဟကာ ကြည့်လိုက်မိတော့ အိပ်ရာထက်မှာ အပျော်ကြီးပျော်ကာ လူးလှိမ့်နေတဲ့ဂျီမင့်ကိုတွေ့တော့သည်။ ဟိုဆော့ ခပ်ပြုံးပြုံးလေးဖြင့်..

တစ်ကယ့်ကလေးလေးပဲ..အဟင်း~

ထို့နောက် တံခါးချပ်‌ေလးအားအသာပြန်ပိတ်ကာ အောက်ထပ်သို့...

"အော!သားဟိုဆော့!မအိပ်သေးဘူးလား."

မေမေက ရေခွက်ကိုလှမ်းယူကာ သူ့ကိုမေးလာပါသည်။ ဟိုဆော့လည်း ရေခဲသေတ္တာထဲက ပန်းသီးတစ်လုံးအား ယူလိုက်ရင်း..

"ဗိုက်ဆာလာလို့ပါ.."

"အွန်း~နောက်မကျစေနဲ့ဦးနော် စောစောအိပ်!"

"ဟုတ်ကဲ့ပါ.."

"အွန်း!မေမေတော့ခေါင်းနည်းနည်းကိုက်နေလို့ အိပ်တော့မယ်.."

"ဟုတ်ကဲ့!ကောင်းသောညပါဗျ..!"

"အွန်း~ကောင်းသောညပါနော်.."

သူ့ကို အပြုံးချိုချိုတို့ဖြင့်နှုတ်ဆက်ကာ အခန်းထဲဝင်သွားပါသော မေမေ။ဟိုဆော့လည်း ပန်းသီးလေးအား စနစ်တကျအခွံခွာကာ ပန်းကန်ထဲသေချာထည့်လိုက်ပြီး အပေါ်ထပ်သို့ပြန်တက်သွားလိုက်တော့သည်။

🌿🌿🌿

At Morning ⛅...

"ကိုကို~ဒီနေ့မင့်ကိုလာမကြိုနဲ့တော့နော်.."

ထိုအခါ သူ့ကို ဘာလို့လဲ ဆိုတဲ့အကြည့်နဲ့ကြည့်လာတဲ့ ကိုကို..

ဂျီမင် ရှက်ပြုံးလေးပြုံးလိုက်ပြီး..

"ဟို~"

ဟိုဆော့ သူ့ရှေ့မှာအရှက်သည်းနေတဲ့ဂျီမင့်ကို ခပ်ပြုံးပြုံးလေးကြည့်ကာ..

"မင်းရည်းစားရနေပြီလား..?"

"ဗျာ!ဟို.."

"ငါကမင်းအစ်ကိုပါကွ!ကိုယ့်ညီလေးရဲ့မျက်နှာကိုကြည့်လိုက်တာနဲ့ဘာဖြစ်နေလဲဆိုတာ ငါသိပါတယ်နော်..!"

"ဟီးးးးးးမင့်ရည်းစားတော့မဟုတ်ပါဘူး..ဒီတိုင်း.."

ဂျီမင်ပြောဖို့ကိုမရဲနေတာကြောင့် ကိုကို့မျက်နှာကိုအကဲခတ်ကာတစ်ချက်ကြည့်လိုက်ပြီး ခေါင်းကိုအောက်သို့ငုံ့လိုက်ကာ..

"ဒီတိုင်း~မင်သဘောကျနေတဲ့လူပါ.."

"အဟင်း~ပြောပါဦး..ငါ့ညီလေးရဲ့အသည်းနှလုံးကိုလှုပ်ခတ်သွားအောင်ခြွေသွားတဲ့လူကဘယ်လိုလူလဲဆိုတာ..!"

သူပြုံးစစလေးမေးလိုက်တော့ မျက်နှာတွေရဲခနဲဖြစ်သွားတဲ့ဂျီမင်က နှုတ်ခမ်းလေးကိုအသာကိုက်ကာ..

"ဟာ..ကိုကိုကလည်း~"

ဂျီမင်ကအရှက်သည်းစွာပြောတော့ ဟိုဆော့က သဘောတကျရယ်သည်။

"ဟဟ..ဟုတ်ပါပြီဗျာ..ခုမပြောချင်သေးလည်းရပါတယ်..ဒါမယ့် နောက်ကျရင်တော့ ကိုကို့ကို မိတ်ဆက်ပေးရမယ်နော်..!"

"ဟုတ်!.."

"အွန်း!..ငါတို့မင်လေးတောင်အရွယ်ရောက်လာပြီပဲ..ဒါမယ့်..!ကိုကိုတစ်ခုတော့ပြောချင်တယ်မင်လေး."

"ဟုတ်ကဲ့.!"

ထိုသို့ပြောလိုက်တော့ သူ့မျက်နှာကိုစိုက်ကြည့်ကာ ဂရုတစိုက်ဖြင့်အာရုံစိုက်နားထောင်နေတဲ့ဂျီမင်။
ဟိုဆော့ သက်ပြင်းခပ်ယဲ့ယဲ့လေးချလိုက်ပြီး ..

"မင်လေးလူရွေးမမှားစေဖို့..ဒီလူကိုသဘောကျရင် အဲ့ဒီလူကိုမျက်စိစုံမှိတ်ပြီးမယံုလိုက်နဲ့!နောက်ပြီး..အရမ်းကြီးမချစ်မိစေနဲ့..အဆုံးမှာ ကိုယ့်အပေါ်ကိုလှည့်စားသွားခဲ့ရင်..ကိုယ်ကိုယ်တိုင်ပဲနာကျင်ရလိမ့်မယ်.."

ဂျီမင် အစ်ကိုဖြစ်သူကိုခပ်ရေးရေးလေးပြုံးလိုက်ပြီး ခေါင်းအတွင်တွင်ငြိမ့်ပြလိုက်ကာ..

"စိတ်ချပါ!..မင်ဘယ်တော့မှလူရွေးမမှားစေရဘူး..ကိုကိုပြောတာကိုလည်းမင့်နားထဲမှာ သံမှိုရိုက်ထားသလိုအရိုးစွဲနေအောင်မှတ်ထားပါ့မယ်~"

"အွန်း~ကိုကိုမင်လေးကိုယုံကြည်တယ်..ကဲ!အတန်းနောက်ကျတော့မယ်..သွားတော့!ညနေကျရင်အရမ်းတော့မိုးမချုပ်စေနဲ့နော်~"

"ဟုတ်ကဲ့!တာ့တာ..!"

ထို့နောက် ဟိုဆော့လည်းဂျီမင့်ကိုနှုတ်ဆက်ကာ ထိုကျောင်းရှေ့မှမောင်းထွက်လာခဲ့သည်။ ဂျီမင်ကတော့ ပျော်ပျော်ကြီးကျောင်းထဲကို ခုန်ဆွခုန်ဆွဖြင့် ကလေးလေးတစ်ယောက်နှယ်။

.🌻.

At Jung Group..*

ဒေါက်..ဒေါက်..

ဥက္ကဌဂျောင်တစ်ယောက် အသံကြားရာတံခါးဆီကိုတစ်ချက်မော့ကြည့်လိုက်ပြီး..

"ဝင်ခဲ့..!"

ကျွီ~

တံခါးဖွင့်ပြီးဝင်လာသူဆီကို အကြည့်ပို့မိတော့..

"အော!နမ်ဂျွန်ပဲ..ပြောစရာရှိလို့များလား..?"

နမ်ဂျွန် ဥက္ကဌဂျောင်ရှေ့မှာဝင်ထိုင်လိုက်ပြီး တည်ငြိမ်လေးနက်စွာကြည့်လိုက်သည်..။ပြီးနောက် တိုးလျသောလေသံဖြင့်..

"သူပြန်ရောက်နေပြီဦးလေး~"

".........."

ဥက္ကဌဂျောင်ခမျာ ခဏတာငြိမ်သက်သွားရသည်မှာကျောက်ရုပ်သဖွယ်..!

သူ?သူဆိုတာ..မဟုတ်မှ~

ဥက္ကဌဂျောင် နမ်ဂျွန့်ကို ပါးစပ်အဟောင်းသား..မျက်လုံးအပြူးသားဖြင့်ကြည့်လိုက်ပြီး..

"မဟုတ်မှ!မင်ယွန်းဂီ..!"

"ဟုတ်ပါတယ်!သူပြန်ရောက်နေပြီ..ကျွန်တော် ငယ့်ကိုစိတ်ပူတယ်..ငယ်ကအဲ့ကောင်ကိုမေ့လို့မရသေးရင်!"

"ဟူး~ဘယ်လိုလုပ်ကြမလဲနမ်ဂျွန်~သားကိုထပ်ပြီးစိတ်မဆင်းရဲစေချင်တော့ဘူး..မင်ယွန်းဂီကြောင့် သားဟိုဆော့တော်တော်လေးစိတ်ထိခိုက်သွားခဲ့ရတာ.မရူးရုံတမယ်ဖြစ်သွားခဲ့တဲ့ကလေး!..ငါ!.."

"ကျွန်တော့်ကိုငယ်နဲ့လက်ထက်ဖို့ခွင့်ပြုပေးပါလေး..!ကျွန်တော် ငယ့်ကို‌ေသချာဂရုစိုက်ပါ့မယ်.."

".........."

ဥက္ကဌဂျောင် နမ်ဂျွန့်ကို ဘာမှမပြောပဲကြည့်နေလေသည်။

နမ်ဂျွန်ဆိုတဲ့လူက သူရဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူရဲ့သား!..
မျိုးရိုးရော နောက်ခံအင်အားရောက ပြစ်ချက်တစ်စံုတစ်ရာပင် ပြောစရာမရှိလောက်အောင်ကောင်းမွန်လှသည်!
ဒီလိုကလေးနဲ့ ဟိုဆော့လေးကိုနေရာချပေးဖို့ဆိုတာက သူ့အတွက်နှစ်ခါတောင်စဉ်းစား‌ေနဖို့မလို..

ဥက္ကဌဂျွန် ခေါင်းကိုဖြေးဖြေးချင်းငြိမ့်လိုက်ပြီး..

"ကောင်းပြီ~ငါသဘောတူတယ် နမ်ဂျွန်..ဟိုဆော့လေးကိုသေချာဂရုစိုက်ပေးပါ..ခုချိန်ကစပြီး ဟိုဆော့လေးကိုမင်းလက်ထဲယံုယံုကြည်ကြည်နဲ့အပ်လိုက်ပြီ.."

ထိုအခါ ဝမ်းသာသွားတဲ့နမ်ဂျွန်က သူ့ကိုအားရပါးရပြုံးလာပြီး ကျေးဇူးစကားအထပ်ထပ်ဆိုလာတော့သည်။

"မင်းငါ့ကို‌ေကျးဇူးတင်ရင် ဟိုဆော့လေးကို မင်ယွန်းဂီလက်ကနေလုံခြုံအောင် သေချာစောင့်ရှောက်ပေးပါ..ဟိုဆော့လေးကိုထပ်ပြီး..အရင်လိုမထိခိုက်စေချင်တော့ဘူး.."

"စိတ်ချပါ ဦးလေး!..ကျွန်တော် ငယ့်ကို..အကောင်းဆုံးကာကွယ်စောင့်ရှောက်ပေးသွားမှာပါ..ဦးလေးစိတ်မပျက်စေရပါဘူး.."

"ကောင်းတယ်!..ငါမင်းကိုအပြည့်မဝယုံကြည်တယ်နမ်ဂျွန်..~"

"ဟုတ်ကဲ့..!"

နောက်ဆုံးတော့ ငယ့်ကိုပိုင်ဆိုင်ခွင့်ရတော့မယ်..
ငယ့်ကိုထပ်ပြီး မင်းကြောင့်မခံစားစေချင်တော့ဘူးမင်ယွန်းဂီ~
ငယ့်ကို မင်းလက်ထဲကနေ ငါကာကွယ်ရလိမ့်မယ်..!

.🌻.

At evening...

Jm တစ်ယောက်ကျောင်းဆင်းချိန်ရောက်တော့ ဆော့ဂျင်ကိုပင်မစောင့်တော့ပဲ လွယ်အိတ်လွယ်ကာ အတန်းထဲမှအသားကုန်ပြေးထွက်သွားတော့သည်။

"ဒီကောင်ငါ့ကိုတောင်မစောင့်ဘူးကြည့်စမ်း!!အချိုးတွေပြောင်းနေပြီ..!"

ဆော့ဂျင်လည်း လွယ်အိတ်လေးကိုအသာကောက်လွယ်ကာ ထွက်လာတော့သည်။

ကျောင်းရှေ့ရောက်တော့ ဟိုကြည့်ဒီကြည့် ကြည့်နေတဲ့ဂျီမင့်အနားသွားပြီး..

"ဂျီမင်နားးး.."

"ဟင်!.."

သူ့ကိုမကြည့်ပဲပြန်ဖြေလာတဲ့ဂျီမင်။ ဆော့ဂျင်လည်းသက်ပြင်းချလိုက်ကာ..

"ဒီနေ့တစ်နေကုန်မင်း ဖင်ဂနာမငြိမ်ဘူးနော်..!ဘာဖြစ်နေတာလဲ!မျက်စိဆံပင်မွှေးကိုစူးတယ်..!"

"ဒီလိုပဲ!.."

ဟော!..လုပ်ပြန်ပြီ..သူ့ကိုလျစ်လျုရှုပြီး‌ေဖြပြန်ပြီ!..

ဆော့ဂျင်လည်းဆက်မမေးချင်တော့တာကြောင့် ဂျီမင့်ကိုနှုတ်ဆက်ပြီးထွက်သွားတော့သည်။ ဂျီမင်တစ်ယောက်ကတော့ ဆော့ဂျင်ထွက်သွားတာတောင်မသိလိုက်ချေ။

ကြာလိုက်တာ..လူကြီးကလည်းး..

ယွန်းဂီ အဝေးတစ်နေရာကနေ သူ့ကိုစောင့်နေတဲ့ဂျီမင့်ကို မျက်တောင်မခတ်စတမ်းစိုက်ကြည့်နေသည်။ ဂျီမင့်အတန်းမဆင်းခင်ကတည်းက သူကြိုရောက်နှင့်ပြီးသားဖြစ်သည်။ သို့သော် ဂျီမင့်ရဲ့စိတ်ကိုအကဲခတ်ကြည့်ချင်သေးတာကြောင့် သူမမြင်နိုင်လောက်တဲ့အဝေးတစ်နေရာမှာသာ ကားရပ်လိုက်ပြီး စောင့်ကြည့်နေခဲ့သည်။

မင်းငါ့ကိုသဘောကျတာမင်းအမှားပဲဂျောင်ဂျီမင်~
မင်းမှာအပြစ်မရှိပေမယ့် မင်းအစ်ကိုရဲ့လုပ်ရပ်တွေကြောင့်မင်းလည်းနည်းနည်းတော့ပြန်ပေးဆပ်ရလိမ့်မယ်..!
မင်းကတစ်ကယ့်က‌ေလးပဲ!..အာညီး!..ငတုံး..!အဟွန်း~

ထို့နောက် အတွေးတို့ကိုရပ်ကာ ယွန်းဂီ မျက်မှန်အမည်းကြီးကိုတပ်လိုက်ပြီး ဂျီမင့်ရှေ့သို့မောင်နှင်သွားလိုက်သည်။

ကားမှန်ကိုဖြေးဖြေးချင်းချလိုက်ပြီး သူ့ရှေ့က ဂျီမင့်အား စွဲဆောင်မှုရှိစွာကြည့်ပေးလိုက်သည်။ ထိုအခါ ထိုကောင်လေးက သူ့ကိုပြုံးပြလာသည်။

ယွန်းဂီဟန်ဆောင်ပြုံးလေးဖြင့်ပြုံးကာ ကားပေါ်မှစမတ်ကျစွာဆင်းလိုက်သည်။

"ဆောရီး!..ကိုယ်နောက်ကျသွားတယ်.."

"ရပါတယ်လူကြီးရဲ့!..မင်လည်းခုဏကမှကျောင်းဆင်းတာ.."

သူရယ်ပြီးပြောလိုက်တော့ လူကြီးကသူ့မျက်နှာနားတိုးကပ်လာကာ သူ့မျက်လုံးတွေကိုသေချာစိုက်ကြည့်လာသည်။ ဂျီမင်မနေတတ်စွာ ခေါင်းလေး နောက်ကို အနည်းငယ်ဆုတ်မိသွားသည်။

"မကြောက်ပါနဲ့~မင်းကိုကိုက်မစားပါဘူး.."

ခပ်ရှရှအသံဖြင့်လူကြီးကပြောတော့ ဂျီမင့်မျက်နှာရဲခနဲဖြစ်သွားရသည်။

နှုတ်ခမ်းလေးကိုခပ်ဖွဖွ‌ေလးကိုက်လိုက်ပြီး လူကြီးအကြည့်တွေကိုရှောင်ကာ..

"လူကြီးအဲ့လိုကြည့်တာ ကျွန်တော်မနေတတ်တော့ဘူး~"

"ကိုယ်ကတော့နေတတ်တယ်..~"

"ဟင်~"

သူလူကြီးမျက်လုံးတွေကိုပြန်ပြီးစိုက်ကြည့်မိလိုက်သည်။
လူကြီးကသူ့ကိုစွဲဆောင်မှုရှိစွာပြုံးပြလာပြီး..

"မင်းကကလေးပဲရှိသေးတာပဲ..အဟွန်း~"

"မင်~မင်ကကလေးပေမယ့် ချစ်တတ်တဲ့နှလုံးသားကတော့အရွယ်ရောက်နေပါပြီနော်~"

သူလူကြီးကိုအရှက်သည်းစွာမျက်နှာလွှဲ၍ပြောလိုက်ပါသည်။ ယွန်းဂီမျက်နှာက မဲ့ပြုံးကိုတော့ ဂျီမင်မမြင်လိုက်..

ယွန်းဂီ ဂျီမင့်မျက်နှာနားကနေဖယ်ခွာလိုက်ပြီး ကိုယ်ကိုမတ်ကာ..

"ချာတိတ်ဘာစားချင်လဲ..~"

"လူကြီးစားချင်တာစားမယ်!ကျွန်တော်ကဘာဖြစ်ဖြစ်အကုန်စားတယ်..!ဟီးးး"

"အွန်း..!တက်လေ.."

ယွန်းဂီ ကားတံခါးကိုဖွင့်ပေးကာပြောလိုက်သည်။ သူ့ကို ထိုကောင်လေးကမခို့တရို့ရှက်ပြုံးလေးပြုံးကာ..

"ကျေးဇူးပါ လူကြီး~"

ထို့နောက် တစ်လိမ့်ချင်းမောင်းထွက်သွားသောအနက်ရောင်ကားလေး..။

                        🌿

At Restaurant....

Yg Classic ဆန်ဆန်စားသောက်ဆိုင်လေးမှာ ညစာစားဖို့ခေါ်လာလိုက်သည်။ ဒီဆိုင်လေးကအနောက်တိုင်းယဉ်ကျေးမှုကိုအသားပေးကာဖော်ပြထားသည့်ဆိုင်ဖြစ်သည်။ သူ့လက်မောင်းကိုတွယ်ချိတ်ရန် ထိုကောင်လေးကိုပေးလိုက်မိတော့ သူ့လက်ကိုတစ်ချက်ကြည့်ပြီး ချက်ချင်းတွယ်ချိတ်လာတဲ့ လက်ကလေးတွေ။

ယွန်းဂီတို့ဝင်ဝင်ချင်းပင်မြင်လိုက်ရသည်က သာယာငြိမ့်ညောင်းတဲ့တေးဂီတနှင့်အတူ ခပ်မှောင်မှောင်မီးရောင်အောက်မှာ စည်းချက်ညီစွာ စုံတွဲကကနေ‌ကြတဲ့ စားသုံးသူတစ်ချို့..။

သူတို့လည်း VIP စားပွဲမှာဝင်ထိုင်လိုက်ပြီး..စားသောက်ဖွယ်များကိုမှာလိုက်တော့သည်။

ဂျီမင် တစ်ခါမှဒီလိုစားသောက်ဆိုင်မျိုးကိုမရောက်ဖူးတာ‌ေကြာင့် ပါးစပ်အဟောင်းသားလေးဖြစ်ကာ အထူးအဆန်းသဖွယ်လိုက်ကြည့်နေမိသည်။
အပြင်အဆင်တွေကိုကြည့်ခြင်းအားဖြင့် လူချမ်းသာတွေသာ လာနိုင်သည့် နေရာတစ်ခုဖြစ်လေသည်ကို အပ်တပ်သိနိုင်သည်။
ဒီမှာလာတဲ့ဧည့်သည်တွေထဲမှာ ကိုးရီးယားလူမျိုးဟူ၍ သူတို့နှစ်ယောက်သာရှိပေသည်။

လူကြီးခုနက အစားအစာမှာတုန်းကလည်း Eng စကားဖြင့်သာ..။

လူကြီးကနေရာရွေးတာတစ်ကယ်တော်တာပဲ..အဟီးးး~

ယွန်းဂီ သူ့ရှေ့မှာ ပါးစပ်အဟောင်းသားဖြစ်နေတဲ့ကောင်လေးကို အကဲခတ်ကာကြည့်နေမိသည်။

မင်းနဲ့ဂျောင်ဟိုဆော့ကတစ်ကယ်မတူတာပဲ~
မင်းကအရမ်းဖြူစင်လွန်းအားကြီးတယ်ကောင်လေး..
ဂျောင်ဟိုဆော့ကတော့~~~အဟင်း!အရမ်းရဲရင့်ပြီးညှို့ချက်ပြင်းလွန်းတဲ့အဆိပ်ရှိတဲ့နှင်းဆီနီနီတစ်ပွင့်..!

အတော့်ကိုကွာခြားလွန်းတဲ့ညီအစ်ကိုနှစ်ယောက်ပဲ..!

"ကချင်လို့လား.."

သူအတွေးတို့ကိုရုတ်သိမ်းလိုက်ကာ သူ့ရှေ့မှာဟိုဟိုဒီဒီလိုက်ငေးနေတဲ့ ကောင်လေးကိုမေးလိုက်သည်။ ထိုအခါ သူ့ကိုမျက်လုံးအဝိုင်းသားလေးဖြင့် ကြည့်လာသော ထိုကောင်လေး..

မင်းမျက်လုံးတွေကလှသားပဲ အဟင်း~

သူကောင်လေးဆီကအဖြေကို သေချာစူးစိုက်ကာ နားစွင့်နေမိသည်။

"ဟို..မင်~မင် မကတတ်ဘူးလူကြီး.."

ယွန်းဂီ ထိုကောင်လေးအား သေချာစိုက်ကြည့်လိုက်ပြီး..

"ကိုယ်သင်ပေးမယ်~"

ထို့နောက် သူ့လက်ကိုဆွဲလာပြီး ကသည့်နေရာသို့ဦးတည်နေသောလူကြီး..။

ဂျီမင့်ရင်‌ေတွအဆမတန်အခုန်မြန်လာတော့သည်။

ကသည့်နေရာရောက်တော့ လူကြီးကသူ့ခါးကိုလက်တစ်ဖက်တည်းနဲ့ဆွဲယူလာပြီး သူ့လက်တစ်ဖက်ကို လူကြီးရဲ့ပခုံး‌ေပါ်တင်စေသည်။ ဂျီမင် သူ့ထက်အရပ်ရှည်တဲ့လူကြီးကို ရွှန်းစားစားဖြင့်မော့ကြည့်နေမိသည်။

လူကြီးကတစ်ကယ်ကြည့်ကောင်းလွန်းတယ်~

ထို့နောက် စည်းချက်နှင့်အတူ စတင်လှုပ်ရှားသွားသော သူတို့ခြေထောက်‌ေတွ။ ငြိမ့်ငြိမ့်‌ေညာင်းညောင်းလေးထွက်ပေါ်လာတဲ့သံစဉ်လေးက သူတို့နှစ်ယောက်နှင့်အင်မတန်မှလိုပ်ဖက်လွန်းသည်။

"ကိုယ့်ကိုသဘောကျလား.."

ရုတ်တရက် လူကြီးနှုတ်ခမ်မှထွက်ပေါ်လာသော စကားလေး~

ဂျီမင် ဘာမှပြန်မပြောမိပဲ နှုတ်ဆိတ်စွာနဲ့ပဲ လူကြီးမျက်နှာကိုမော့ကြည့်နေမိသည်။

"လူ..လူကြီးရောဟင်..ကျွန်တော့်ကိုသဘောကျလား..?"

ဒီတစ်ခါမှာတော့ ဂျီမင်မျက်နှာမလွှဲမိတော့။ လူကြီးရဲ့မျက်လုံးတည့်တည့်ကိုသာကြည့်နေမိသည်။

တည်ငြိမ်နေတယ်.!လူကြီးရဲ့မျက်လုံးတွေက သူနားမလည်နိုင်တဲ့အရိပ်အယောင်တွေနဲ့ပြည့်လို့နေတယ်~

လူကြီးက သူ့ကိုနှုတ်ခမ်းလှုပ်ရုံမျှသာပြုံးပြပြီး သူ့အမေးကိုပြန်မဖြေခဲ့။

ဂျီမင် လူကြီးရဲ့နှုတ်ခမ်းကိုခြေဖျားထောက်ကာ တစ်ချက်ဖိနမ်းလိုက်ပြီး..

"လူကြီးကိုသေလောက်အောင်သဘောကျတယ်~ကျွန်တော့်နှလုံးသားလေးက လူကြီးကြောင့်ပဲ အခုန်မြန်လာခဲ့တာ..လူကြီးကြောင့် ဘာမှမသိသေးတဲ့အချစ်ဆိုတဲ့အရာကြီးကို စတင်ခံစားမိလာတာ~လူကြီးကြောင့်ပဲ ကျွန်တော်ချစ်တတ်လာတာ..!"

ယွန်းဂီ ကြောင်အစွာပဲ ထိုကောင်လေးမျက်နှာကိုအကြောင်းမဲ့ကြည့်နေမိသည်။ ဝင်းမွတ်နေတဲ့နို့နှစ်ရောင်အသားအရေတို့က နမ်းရှုံ့ချင်စဖွယ်။
ယွန်းဂီ ထိုကောင်လေးရဲ့ခါးကို အားထည့်ကာဆွဲဖက်လိုက်ပြီး ..

"တွဲကြရအောင်~"

ဂျီမင် လူကြီးဆီကမထင်မှတ်တဲ့စကားကိုကြားရတာကြောင့် မျက်လုံးလေးဆွေဝိုင်းစက်ကုန်သည်။

"လူကြီး~အွတ်..!"

ရုတ်တရက် သူ့နှုတ်ခမ်းပေါ်ကျရောက်လာတဲ့ လူကြီးရဲ့နှုတ်ခမ်းတွေ။
ချိုတယ်..!စွဲမက်ဖွယ်ကောင်းပြီး ပိုပြီးပိုပြီးရူးချင်သွားအောင်ထိ..!!

နှစ်ယောက်သားစည်းချက်ညီညီကရင်း အနမ်းတို့ကိုညင်သာစွာဖလှယ်နေကြသည်။ ကတဲ့နေရာမှာက အမှောင်ချထားသည်မို့ သူတို့နှစ်ယောက်နမ်းနေတာကို မည်သူမျှမြင်မည်မဟုတ်..!

ပြွတ်~

ယွန်းဂီ ထိုကောင်လေးနှုတ်ခမ်းတွေကို ညင်သာစွာလွှတ်ပေးလိုက်ပြီး ရီဝေဝေစိုက်ကြည့်ကာ..

"ကိုယ်နဲ့တွဲမလား~"

ထိုသို့ပြောလိုက်တော့ ခေါင်းတစ်ဆက်ဆက်ငြိမ့်ပြလာတဲ့ကောင်လေး.!
ယွန်းဂီပြုံးမိသွားသည်။ ထိုအပြုံးက..?

"ဒီနေ့ကစပြီးတစ်ရက်နော်~ချာတိတ်..!"

"ဟုတ်..!"

အရှက်သည်းနေတဲ့ ထိုကောင်လေးကို  ပါးလေးနစ်ဝင်သွားတဲ့ထိငုံ့နမ်းလိုက်ပြီး..

"မင်းကအရှက်သည်းတတ်တာပဲ ချာတိတ်..~"

ထိုအခါ ပိုလို့ပင်အရှက်သည်းသွားသော ထိုကောင်လေး..။
ယွန်းဂီထိုကောင်လေးကိုသေချာစိုက်ကြည့်နေကာ..

စိတ်မကောင်းပါဘူး..ငါမင်းကိုအချိန်တစ်ခုထိတော့အသုံးချရလိမ့်မယ်ကောင်လေး~
အဲ့တာ မင်းရဲ့အပြစ်..!မင်းက ဂျောင်ဟိုဆော့ရဲ့ညီဖြစ်နေခဲ့လို့..!

မင်းရဲ့ချစ်လှစွာသောညီလေးက ငါ့ကိုအရူးအမူးဖြစ်နေပြီဂျောင်ဟိုဆော့..!!
မင်းငါ့အပေါ်လုပ်ခဲ့တဲ့လုပ်ရပ်အတွက် မင်းနောင်တရစေရမယ်..!

#####THET#####

Continue Reading

You'll Also Like

49K 4.7K 24
ပြယ်ရိုးထုံးစံမရှိလို့ နိယာမတွေဖြစ်တည်လာခဲ့တာမဟုတ်လား။ ဒါဆိုHyungအပေါ်ဖြစ်တည်ခဲ့တဲ့ ကျွန်တော့်ခံစားချက်တွေကို နိယာမအဖြစ်သတ်မှတ်မယ်... ျပယ္ရိုးထုံးစံ...
807K 18.4K 47
In wich a one night stand turns out to be a lot more than that.
8.9K 1.2K 22
Love Story 9.1.2023 - 6.2.2023
FLOOR 13 By 🍷

Fanfiction

9.7K 1.6K 15
The story behind the missing 13th floor.