မျောလွင့်နေသော ပြာမှုန်များ

By eithethmue

28.6K 4.5K 46

မင်္ဂလာ ညချမ်းပါရှင် အသစ်လေးတွေ လာကြေညာတာပါ ရှင့် ???? BL အတိုလေးနှစ်ပုဒ် PICK ထားပါတယ် အပိုင်းသိပ်မများတာလေး... More

Chapter 1
Chapter 2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11.1
Chapter 11.2
Chapter 12.1
Chapter 12.2
Chapter 13.1
Chapter 13.2
Chapter 14.1
Chapter 14.2
Chapter 15.1
Chapter 15.2
Chapter 16
Chapter 17.1
Chapter 17.2
Chapter 18.1
Chapter 18.2
Chapter 19.1
Chapter 19.2
Chapter 20.1
Chapter 20.2
Chapter 21.1
Chapter 21.2
Chapter 22
Chapter 23
Chapter 24.1
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26.1
Chapter 26.2
Chapter 27.1
Chapter 27.2
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
Chapter 30
Chapter 31
Chapter 32.1
Chapter 32.2
Chapter 33.1
Chapter 33.2
Chapter 34.1
Chapter 34.2
Chapter 35.1
Chapter 35.2
Chapter 36.1
Chapter 36.2
Chapter 37.1
Chapter 37.2
Chapter 38.1
Chapter 38.2
Chapter 39
Chapter 40.1
Chapter 40.2
Chapter 41.1
Chapter 41.2
Chapter 42.1
Chapter 42.2
Chapter 43.1
Chapter 43.2
Chapter 44.1
Chapter 44.2
Chapter 45.1
Chapter 45.2
Chapter 46.1
Chapter 46.2
Chapter 47.1
Chapter 47.2
Chapter 48.1
Chapter 48.2
Chapter 49.1
Chapter 49.2
Chapter 50.1
Chapter 50.2
Chapter 51.1
Chapter 51.2
Chapter 52.1
Chapter 52.2
Chapter 53.1
Chapter 53.2
Chapter 54.1
Chapter 54.2
Chapter 54.3
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57.1
Chapter 57.2
Chapter 58.1
Chapter 58.2
Chapter 59.1 (End)

Chapter 5.1

310 62 0
By eithethmue

Chapter 5.1

ထွက်ခွာမည့်နေ့တွင် အနီးနားတွင် နေထိုင်သည့် အိမ်နီးချင်း‌များစွာက သူတို့ကို လာနှုတ်ဆက်ကြသည်။

သူတို့က မြို့သို့သွားရန် ဘတ်စ်ကားလက်မှတ်များ အသုံးမပြုခဲ့ကြပေ။ ကျန်းယီမန့်က လက်မှတ်ဖိုးများ ပြန်တောင်းပြီးနောက် ကားဂိတ်မှထွက်လာသည့်အခါ ကျန်းရွှယ်မေ့နှင့် ယီဟွေ့တို့က လက်ထဲတွင် ရောင်စုံပလတ်စတစ်အိတ်များဖြင့် လမ်းတစ်ဖက်တစ်ချက်စီတွင် ရပ်နေသည်ကို မြင်လိုက်သည်။

အန်တီချိုးက ကြက်ဥပြုတ်များထည့်ထားသည့်အိတ်ကို ယီဟွေ့လက်ထဲ ထိုးထည့်နေစဉ် ကျန်းယီမန့်ထွက်လာသည်ကို မြင်သည့်အခါ သူမကို လှမ်းပေးလိုက်သည်။

" သွားကြ သွားကြ ရထားမမီပဲနေဦးမယ် ... ကြက်ဥတွေက မကျက်တကျက်ပဲပြုတ်ထားတာ လမ်းမှာစားသွားနော်..."

လမ်းခရီးက ဝေးကွာလွန်းသောကြောင့် အန်တီချိုး၏မိသားစုက သူတို့ကားဖြင့် ကျန်းမိသားစုသုံးယောက်ကို ရထားဘူတာရုံအထိ  လိုက်ပို့ခြင်းဖြစ်သည်။ ကျန်းရွှယ်မေ့က သူတို့ကို မနှောင့်ယှက်ချင်၍ မနက်စောစောထကာပြင်ဆင်ပြီး တိုးတိုးတိတ်တိတ်ထွက်သွားရန် ကြံထားလိုက်သော်လည်း အိမ်တံခါးဖွင့်လိုက်သည်နှင့် အန်တီချိုးတို့ထရပ်ကားက သူ့အိမ်ရှေ့တည့်တည့်တွင် ပါကင်ထိုးထားသည်ကို မြင်လိုက်ရသည်။

သို့ဖြစ်၍ ကျန်းယီမန့်က ဘတ်စ်ကားလက်မှတ်ဖိုးများ ပြန်အမ်းခိုင်းခဲ့ခြင်းဖြစ်သည်။

သူတို့မိသားစုက အနောက်ခုံတွင် ထိုင်ကြသည်။ ယီဟွေ့  ‌အနောက်ဘက်မှ အသံတစ်သံကြား၍ လှည့်ကြည့်လိုက်သောအခါ ပစ္စည်းထည့်သောအကန့်ထဲမှ စတီးကြောင်အိမ်ထဲတွင် ငန်းများ ထည့်ထားသည်ကို မြင်လိုက်ရသည်။ သူ စိတ်ဝင်စားနေသည်ကို ကျန်းရွှယ်မေ့မြင်သောအခါ ပြောလိုက်သည်။

" မြို့ရောက်မှ စားသောက်ဆိုင်တစ်ဆိုင်မှာ ငန်းသား သွားစားကြတာပေါ့..."

ကျန်းယီမန့်က သူမအိုင်ဒေါကိုတွေ့ရတော့မည်ဖြစ်သောကြောင့် စိတ်ကောင်းဝင်နေပြီး နားကြပ်ကိုဖြုတ်ကာ ပြောလိုက်သည်။

" အစ်ကိုကြီးက အိမ်မှာမွေးချင်နေတာ စားချင်တာ မဟုတ်ဘူး..."

ကားမောင်းနေသည့် ဦးလေးချိုးက ရယ်လိုက်သည်။

" ဒါက စားဖိုမွေးထားတဲ့ ငှက်တစ်မျိုးပဲ အိမ်မှာ အလှမွေးလို့မရဘူး... သားတို့ကြိုက်ရင် နောက်ဆို တို့အိမ်မှာ လာကြည့်လေ... ပြီးမှ ကြိုက်တဲ့တစ်ကောင် အိမ်ယူသွားပြီး သတ်စားလိုက်ပေါ့..."

ယီဟွေ့က သူပြောသည်ကို တုံ့ပြန်သည့်သဘောဖြင့် ပြုံးပြလိုက်သည်။ သူက မွေးဖွားလာစဉ်တည်းကညအိမ်ကြီးအိမ်ကောင်းတွင် နေထိုင်ခဲ့ရပြီး  အစစအရာရာ ပြုလုပ်ပေးသော အိမ်တော်ကလည်း သူ့အနားတွင် အမြဲရှိနေခဲ့ခြင်းဖြစ်သည်။  ထရပ်ကားကို သူ မစီးဖူးသကဲ့သို့ ခြံထဲတွင် ပြေးလွှားနေသည့် ငန်းကိုလည်း မမြင်ဖူးသည့်အပြင် အိမ်နီးချင်းများနှင့် ဤမျှ အဆင်ပြေပြေ နေနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

စားစရာအိတ်အကြီးကြီးတစ်အိတ်ပါလာသဖြင့် ၁၂နာရီနီးပါးကြာမြင့်မည့် ရထားခရီးစဉ်တွင် မိသားစုသုံးယောက်က ရေသန့်ဝယ်ရန် ငွေအနည်းငယ်သာ ကုန်ခဲ့သည်။

ရံဖန်ရံခါတွင် လေယာဉ်ဖြင့် ခရီးသွားလာလေ့ရှိသောယီဟွေ့မှာ ခရီးရှည်ရထားကို ပထမဆုံးအကြိမ်စီးဖူးခြင်းဖြစ်သည်။ သူ့လက်တစ်ဖက်တွင် ကြက်ဥပြုတ်ရှိပြီး အခြားတစ်ဖက်တွင် ဝက်လက်ရှိသော်လည်း ၎င်းတို့ကို မြည်းကြည့်ရန် အချိန်မရပေ။ သူ ပြတင်းပေါက်အပြင်ဘက်ကိုသာ စိတ်ဝင်တစားကြည့်နေသည်။ ရွှေရောင်ဂျုံခင်းများစွာနှင့် အိမ်ပုကလေးများကို ကျော်ဖြတ်လာချိန်တွင် မိူကုပ်စက်ဝိုင်း‌တွင် နေဝင်နေသည့်မြင်ကွင်းက မကြည့်ပဲ မနေနိုင်အောင် လှပလွန်းသည်။

ကျန်းယီမန့်က သူမဝေစုကို စားပြီးချိန်တွင် ယီဟွေ့လက်ထဲမှ ဝက်လက်ကို စားချင်နေသည်။ ယီဟွေ့ သူမကို ပေးလိုက်သည့်အခါ အားပါးတရဝါးနေပြီး မေးလိုက်သည်။

" ဘာတွေများကြည့်ကောင်းနေလို့ အဲ့လောက်တောင် ကြည့်နေတာလဲ အစ်ကိုကြီး အဲ့လောက် ခေါင်းစောင်းနေရင် အုံးလွဲသွားလိမ့်မယ်..."

ယီဟွေ့က သူမကို ပြုံးပြပြီး အဆင်ပြေကြောင်း ပြောလိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်ပြီး ပြတင်းပေါက်အပြင်ဘက်ကို ဆက်ကြည့်နေသည်။

သူ ပန်းချီဆွဲခြင်းကို လေ့လာစဉ်အချိန်က ရံဖန်ရံခါတွင် အိမ်ပြင်ထွက်ပြီး ပုံကြမ်းဆွဲလေ့ရှိသည်။ ဤမြင်ကွင်းထက်လှပသည့် ရှု့ခင်းပေါင်းများစွာကို မြင်ဖူးသော်လည်း ဤတစ်ကြိမ်တွင်မူ ခံစားရသည်က တစ်မျိုးတစ်ဖုံ ကွဲပြားနေသည်။

ရထားက သူ့လမ်းကြောင်းအတိုင်း အရှိန်မှန်မှန်ဖြင့် သွားလာနေပြီး တိမ်တိုက်များက ကောင်းကင်ယံတွင် တဖြည်းဖြည်း လွင့်မျောနေသည်။ ငိုယိုနေသည့် ကလေးငယ်များ၊ တစ်ယောက်နှင့်တစ်ယောက် စကားစမြည်ပြောဆိုနေကြသည့်လူများက နေရာအနှံ့တွင် ရှိနေသည်။ ထိုအရာအားလုံးက " မင်း အသက်ရှင်နေတုန်းပဲ" ဟု ပြောနေသည့်သဖွယ်ပင်။

ရှင်သန်နေချိန်တွင်သာ ဤသို့သောမြင်ကွင်းမျိုးကို လေ့လာခံစားနိုင်ပေမည်။

ရှင်သန်နေမှသာ နောက်တွင် မကျန်ရစ်ခဲ့မည်ဖြစ်သည်။

သူတို့ မြို့တော်ရောက်ချိန်တွင် ညစာစားချိန်ဖြစ်နေသည်။ ဟိုတယ်တွင် အခန်းယူပြီးသည်နှင့် အပြင်ထွက်ကာ ညစာစားကြသည်။

မြို့တော်တွင် ကြီးပြင်းခဲ့သူဖြစ်သော ကျန်းရွှယ်မေ့က တစ်လမ်းလုံးတွင် မရပ်မနား စကားပြောလာသည်။ ဤနေရာတွင် သူမ အလုပ်လုပ်ခဲ့သည်၊ ဤနေရာတွင် ယခင်က ပန်ကိတ်ဆိုင်တစ်ဆိုင် ရှ်ိခဲ့သည်၊ ထောင့်မှကွေ့ပြီး လမ်းနှစ်လမ်းအကျော်တွင် သူမငယ်စဉ်က တက်ရောက်ခဲ့သော မူလတန်းကျောင်းရှိသည်...

အစရှိသဖြင့် ပြောလာသည်။ မွေးရပ်မြေသို့ ပြန်ရောက်လာသည့် စိတ်လှုပ်ရှားမှုက စကလုံးများဖြင့် ဖော်ပြနိုင်သည်ထက် ကျော်လွန်နေခဲ့သည်။

သူတို့ မြို့တော်မှ ပြောင်းလာချိန်တွင် ကျန်းယီမန့်က အလယ်တန်းရောက်နေပြီဖြစ်၍ ကောင်းကောင်းမှတ်မိနေပြီဖြစ်ရာ ထိုစဉ်အချိန်က တက္ကသိုလ်တက်နေခဲ့သည့် ကျန်းယီဟွေ့ကလည်း ထိုနည်းတူပင်ဖြစ်သည်။

သို့ရာတွင် ယခုယီဟွေ့က အက်စ်မြို့တွင် ကြီးပြင်းခဲ့သူဖြစ်သည်။ သူ ငယ်စဉ်ကတည်းက မြို့တော်အကြောင်း အနည်းအကျဉ်းမျှသာသိသည်။ သူ့အစ်ကိုနှင့် ယောင်းမဖြစ်သူက ရံဖန်ရံခါ ထမင်းစားရန် ခေါ်သွားတတ်သည့် နေရာအချို့ကိုသာ သိပေသည်။ စကားပြောမိပါက အမှားဖြစ်သွားမည်စိုး၍ တစ်လမ်းလုံး သူတို့ပြောသည်ကိုသာ နားထောင်လာပြီး လုံးဝ ဝင်မပြောခဲ့ပေ။

ကျန်းယီမန့်က မ်ြို့တောင်ပိုင်းမှ ဖက်ထုပ်ကြော်ဆိုင်ကို သတိရသည်ဟု ပြောလာသည်။ ကျန်းရွှယ်မေ့က ဤနှစ်များအတွင်းတွင် သမီးငယ်ကို အလွန်အကြွေးတင်နေခဲ့သည်ဟု ထင်မိပေသည်။ သူမ မငြင်းဆန်ရက်၍ ထိုနေရာသို့ တက္ကစီငှားပြီးသွားကြသည်။ ယီဟွေ့က ‌အနောက်ခုံတွင်ထိုင်ပြီး အပြင်ဘက်မြင်ကွင်းကို ပြတင်းပေါက်မှတစ်ဆင့် ကြည့်နေသည်။

အက်စ်မြို့မှ ခေတ်မီအဆောက်အဦးများဖြင့် ယှဉ်ပါက မြို့တော်မှ လမ်းအချို့ပေါ်တွင် ရိုးရှင်းသော ရိုးရာအဆောက်အဦးများသာရှိသည်။ အစိမ်းရောင်အုပ်ကြွပ်များနှင့် အဖြူရောင်နံရံများအကြားတွင် တည်ရှိသော မိုးမျှော်တိုက်အချို့က ယီဟွေ့၏မျက်လုံးထဲတွင် ကွဲပြားခြားနားနေစေသည်။

လမ်းဆုံတွင် ထောင့်ကိုကွေ့လိုက်ပြီးသည့်နောက်တွင် ရှောင်ကွမ်းဟူသောအမည်ဖြင့်လမ်းကို ဝင်လာကြသည်။ လမ်းနံဘေးမှမြင်ကွင်းက ယီဟွေ့အတွက် အနည်းငယ် ရင်းနှီးနေသည်။ မီးပွိုင့်က မီးနီနေသောကြောင့် ကားခဏရပ်လိုက်ချိန်တွင် အခြားတစ်ဖက်မှ ပြတင်းပေါက်ကို လှမ်းကြည့်လိုက်မိသည်။ ဖြူနီရောင်နှင့် ဥ‌ရောပဆန်သည့်အဆောက်အဦးကြီးက အိမ်ငယ်လေးများအကြားတွင် တည်ရှိနေပြီး မီးများလင်းထိန်နေအောင်ထွန်းထား၍ အထင်းသားဖြစ်နေသည်။

ကျန်းယီမန့်မြင်သောအခါ တအံ့တဩဖြင့် ပြောလိုက်သည်။

" ဒီမှာက ညဘက်ဆို အရမ်းလှတာပဲ.... အမေ မှတ်မိသေးလား ကိုကြီးဒီနေရာမှာ ပုံကြမ်းလာဆွဲတုန်းကာသမီးတို့နှစ်ယောက် လိုက်လာဖူးတယ်လေ.. ဒိနေရာမှာ အဲ့တုန်းက မင်္ဂလာဆောင်နေတဲ့ စုံတွဲတစ်တွဲရှိတယ်လေ သတို့သမီးရဲ့ မင်္ဂလာဝတ်စုံက လှေကားထစ်အောက်နားအထိတောင် ကျနေတာ..."

ယီဟွေ့က အပြင်ဘက်ကို စိုက်ကြည့်နေလွန်း၍ သူ့ကိုခေါ်နေသည်ကို မကြားပေ။

ကျန်းယီမန့်က တုံ့ပြန်မှုမရသည့်အခါ ပျင်းရိသွားပြီး သူ့ကိုတံတောင်ဖြင့် တွတ်လိုက်သည်။

" အစ်ကိုကြီး ဒီနေရာမှာ ခဏခဏ ပုံကြမ်းလာဆွဲတာပဲကို ကြည့်လို့မဝသေးဘူးလား... ‌ဒါမှမဟုတ်..."

သူမက ယီဟွေ့အနားတိုးကပ်သွားပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

" အစ်ကိုကြီးရော ဒီနေရာမှာ လက်ထပ်ချင်လို့လား..."

" လက်ထပ် " ဟူသည့်စကားက ယီဟွေ့၏ကိုယ်တွင်းတွင် မြှုပ်နှံထားသည့် ကြိုးတစ်ကြိုးကို ထိခတ်သွား၍ ချက်ချင်းပင် ခေါင်းခါလိုက်သည်။

" မ... မဟုတ်ပါဘူး..."

ကျန်းယီမန့် ရယ်လိုက်သည်။

" ဘာပဲဖြစ်ဖြစ် ကိုကြီးက ညီမလေးထက်စောပြီးလက်ထပ်ရမှာပဲလေ အဲ့အချိန်ကျရင် ဒီမှာ မင်္ဂလာပွဲလာလုပ်ကြမယ်... အမေလည်း သဘောတူမှာပဲ ဟုတ်တယ်မလား..."

ယာဉ်မောင်း၏ဘေးခုံတွင်ထိုင်နေသည့် ကျန်းရွှယ်မေ့က ခေါင်းငြိမ့်ပြကာ သဘောတူသည်ဟု ထပ်ခါထပ်ခါပြောနေပြီးသည့်နောက်တွင် သားအမိနှစ်ယောက်က ‌ထိုအကြောင်းကိုသာ ဆက်ပြောနေကြသည်။

ယီဟွေ့က တစ်ဖက်မှ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ပြန်လှည့်ကြည့်လိုက်သည်။

အစောပိုင်းက သူ၏ငြင်းဆန်မှုတွင် တစ်ဝက်ခန့်က အလိမ်အညာဖြစ်သည်။

သူ လက်မထပ်ချင်ရခြင်းမှာ ယခင်တည်းက လက်ထပ်ပြီးသားဖြစ်သည့်အပြင် လက်ထပ်ပွဲကိုလည်း သူ့ ရှေ့တည့်တည့်မှ ဘုရားကျောင်းတွင် ကျင်းပခဲ့သောကြောင့်ဖြစ်သည်။

.....

ညနေ ခုနစ်နာရီထိုးခါနီးတွင် ကျိုးကျင်ဟမ့်က ရှောက်ကွမ်းလမ်းပေါ် ကားမောင်းလာသည်။ ထိုနေရာတွင် ကားပိတ်ဆို့ခြင်းများ မရှိသော်လည်း မီးပွိုင့်က အလွန်ကြာသည်။ သူ ကားကို အနည်းငယ်ရွှေ့လိုက်ပြီးတိုင်းတစ်ခါ ဘရိတ်အုပ်နေရ၍ ဒေါသထွက်လာသည်။

စိတ်မရှည်လက်မရှည်ဖြစ်နေပြီးသည့်နောက်တွင် ချိန်းဆိုထားသောအချိန်မတိုင်မီ စားသောက်ဆိုင်သို့ ရောက်လာခဲ့သည်။ ကျိုးကျင်ဟမ့် အစားအသောက်များ မှာပြီးသွား၍ လာရောက်တည်ခင်းချိန်တွင် ဖန်ယွီချင်းရောက်လာခဲ့သည်။

သူ ထိုင်ချလိုက်ပြီး ပြောလိုက်သည်။
" တောင်းပန်ပါတယ် လမ်းမှာ ကားတော်တော်ပိတ်နေလို့... စောင့်နေတာ တော်တော်ကြာပြီလား..."

ကျိုးကျင်ဟမ့်က ခဏတာမှင်သက်သွားပြီး "ကြာပြီ" ဟု ဖြေလိုက်ချင်သော်လည်း သူက ထိုလူကို စောင့်နေ မစောင့်နေဟူသည်က မသေချာဖြစ်သွားသည်။

" မကြာသေးပါဘူး ငါလည်းအခုမှရောက်တာ..."

အဆုံးတွင် သူက သာမန်အဆန်ဆုံး တုံ့ပြန်မှုကိုသာ ရွေးချယ်လိုက်သည်။ ကျိုးကျင်ဟမ့်က ဖန်ယွီချင်းကို ခဏတာကြည့်နေလိုက်ပြီးမှ သူ့မှတ်ဉာဏ်ထဲမှမျက်နှာနှင့် တစ်ထပ်တည်းတူညီနေကြောင်း သိလိုက်ကာမှ ယခင်နှင့် မကွာခြားကြောင်း အတည်ပြုလိုက်မိသည်။

ထိုနေ့က ကျိုးကျင်ဟမ့် အက်စ်မြို့မှ အလောတကြီးပြန်သွားရသည့်အကြောင်းမှာ လေဆိပ်ထွက်ပေါက်တွင် လူအုပ်ကြီးနှင့်အတူရောနှောကာ ဖန်ယွီချင်းထွက်လာသည်ကို စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ အချိန်အတန်ကြာတည်ဆောက်ခဲ့ရသည့် တွန်းအားတစ်ခုက သူ့ကို ခြေနှစ်လှမ်းခန့်တိုးသွားစေခဲ့ပြီးနောက်တွင် တည်ငြိမ်သွားသောနှလုံးခုန်သံကြောင့် လှုပ်ရှားမှုများ ရပ်တန့်သွားရသည်။

ရင်းနှီးနေသောပုံရိပ်က ချဉ်းကပ်လာပြီး သူ့ကိုလာကြိုသည့် ဆွေမျိုးမိတ်ဆွေများကို ပွေ့ဖက်ပြီးနောက် ထွက်ခွာသွားသည်ကို စောင့်ကြည့်နေမိသည်။

ယခုအခါ သူ့မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ဖန်ယွီချင်းက ပြုံးလိုက်ပြီးနောက် ဖန်ခွက်ကိုမြှောက်လိုက်သည်။

" မင်းအခု အရမ်းနာမည်ကြီးနေပြီလို့ကြားတယ်... မင်းလိုချင်တာရသွားတဲ့အတွက် ဂုဏ်ပြုပါတယ်..."

" မင်းလိုချင်တာ ရသွားတဲ့အတွက်"ဟူသောစကားက အကြောင်းပြချက်မရှိသော်လည်း ရွဲ့ပြောနေသည်ဟု ထင်ရပေသည်။ ကျိုးကျင်ဟမ့်က သုတ်သုတ်ပျာပျာဖြစ်သွားသင့်သောလည်း အကြောင်းအရင်းအချို့ကြောင့် ယခင်နှင့်မတူညီပဲ တည်ငြိမ်နေသည်။ သူလည်း ဖန်ခွက်ကိုမြှောက်ပြီး နှုတ်ခမ်းများ ကွေးညွတ်လိုက်သည်။

" မင်း ဘာတွေ ကြားထားလို့လဲ..."

ဖန်ယွီချင်းက ဘာမှမဟုတ်သည့်ကိစ္စတစ်ခုသဖွယ် ငြင်သာစွာပြုံးပြလိုက်ပြီး ပြောလာသည်။

" မင်း လက်ထပ်သွားပြီဆိုတဲ့အကြောင်းလည်းကြားတယ်..."

ကျိုးကျင်ဟမ့်ရး၏ရင်ထဲတွင် စိတ်မရှည်လက်မရှည်ဖြစ်လာမိသည်။ သူ မျက်လွှာချလိုက်ပြီး လက်ထဲမှဖန်ခွက်ကို ဆော့ကစားနေလျက် စိတ်မပါလက်မပါဖြင့် "အင်း"ဟုသာ ဖြေလိုက်သည်။

သို့ရာတွင် သူက ဖန်ယွီချင်း၏တုံ့ပြန်မှုကို မြင်ချင်နေဆဲဖြစ်သည်။ လွန်ခဲ့သည့် သုံးနှစ်တာလုံးလုံး သူ ဤမြင်ကွင်းကိုသာ စိတ်ကူးယဉ်နေခဲ့ရခြင်းဖြစ်သည်။
သူ့ကို တစ်ချက်မှမကြည့်ပဲ စွန့်ပစ်သွားတဲ့လူတစ်ယောက်က တကယ်ကြီး နောင်တမရဘူးတဲ့လား...

" ဂုဏ်ပြုပါတယ်..."

ဖန်ယွီချင်းက ထပ်မံဂုဏ်ပြုလိုက်ပြီး သူ့အသံက စိတ်ရင်းအမှန်ဖြင့် ပြောလိုက်ပုံရသည်။

Continue Reading

You'll Also Like

480K 65.8K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
7K 972 22
Jungkook Atlas Francis - Taehyung Rowan Elliot
262K 14.9K 49
'မုန်းတယ်... မင်းတော့မပါဘူး '
944K 107K 58
ကျွန်တော်က မောင့်ရဲ့ တစ်ပင်တည်းသော Cactus...။ KTH & JJK