ညဘက်ဆိုသူမရဲ့ခွေးနှစ်ကောင်ကိုခြံထဲမှာလွှတ်
ထားတတ်လေ့ရှိတော့မနက်လင်းလာရင်ဒီခွေးနှစ်ကောင်ဖွထားသမျှအမှိုက်အားလုံးပျိုရှင်းရတော့တာပဲ။
အားရပါးရလုပ်ချင်တဲ့စိတ်မျိုးရှိမနေပေမယ့်ငြိုငြင်ပိုင်ခွင့်လည်းပျို့လိုအိမ်အကူတစ်ယောက်မှာဘယ်ရှိနိုင်ပါ့မလဲ။ခွေးချေးတွေကိုလိုက်ကြုံးရတာကိုငြိုငြင်ခွင့်မရှိ၊အိမ်သန့်ရှင်းရေးမှာငြိုငြင်ခွင့်မရှိ၊ဒေါ်ကျူးရင့်ခြယ်ရဲ့ရိုင်းစိုင်းတဲ့အပြုအမူတွေပေါ်ငြိုငြင်ခွင့်မရှိ။
ဒီမှာနေရတဲ့သက်တမ်း5လအတွင်းမှာအိမ်ကိုလည်းအတော်လေးထောက်ပံ့နိုင်ခဲ့တယ်လေ။"ဒီအိမ်ကလစာကောင်းကောင်းပေးတော့ဟန်ကျချက်သမီးရာ မြဲအောင်လုပ်နော့်"ဆိုတော့အဖေ့စကားကိုကြားတော့ပျို့မှာဝမ်းသာတစ်ဝက်၊ဝမ်းနည်းတစ်ဝက်။မပီကလာပီကလာပြောတဲ့အဖေရဲ့ဟန်ကျချက်ဆိုတဲ့စကားကပါးရိုက်ခံရတာတောင်ငြိုငြင်ခွင့်မရှိနိုင်ဘဲအဖေ့ဆေးဖိုးရအောင်ရင်းရတဲ့ပျို့မာနတွေရဲ့အပေါ်မှာရောက်နေလို့သာပေါ့။ပျို့မိသားစုကိုပျိုချစ်တယ်။ပျိုကိုယ်ပျိုတော့ချစ်ဖို့မေ့နေခဲ့တယ်။
လှောင်အိမ်ထဲကခွေးနှစ်ကောင်ကအစာကျွေး၊
ရေချိုး၊ခွေးကျောင်းဆိုတဲ့သူတို့နှစ်ကောင်ရဲ့ဝေယျာဝစ္စတွေကိုလုပ်ပေးရတဲ့ပျို့ကိုအခုတော့သူတို့ရဲ့မိခင်လို့တောင်ထင်နေလောက်ပြီ။ခွေးကြောက်တတ်တဲ့ပျို့စိတ်ဟာလည်းငြိုငြင်အခွင့်မရှိတဲ့ဘဝမှာပဲဆိတ်သုဉ်းခဲ့ရပြီလေ။
ခွေးတွေကိုပထမဆုံးအကြိမ်ရေချိုးပေးတုန်းက
ကမ္ဘာပျက်မတတ်ခက်ခဲခဲ့ရတယ်။အိမ်ကြီးရှင်ရဲ့
အကြင်နာတရားကင်းမဲ့မှုကလည်းတစ်ကဏ္ဍ
အနေနဲ့ပါဝင်ခဲ့တာပေါ့။
"ကျွတ် .. အော .. ဟော သေချာချုပ်ထားပြီး
ကုတ်ပေးလေ"
ဒိုလီကအိမ်ကြီးရှင်ရဲ့ရင်ခွင်ထဲမှာရှိပြီးပိုလီကပျို့
ရင်ခွင်ထဲမှာဒီလိုအမွှေးတွေနဲ့ပူနွေးနွေးခန္ဓာကိုယ်
ကိုပျို့လက်နဲ့ထိပြီးကုတ်ဖဲ့ပေးနေရတာကိုအသဲထဲမှာယားလွန်းလို့အံကိုကြိတ်ထားရတယ်။
"သွားတွေရော .. သေချာဆေးပေး"
ကြောက်ရဲကြောက်ရဲဖြစ်နေပေမယ့်လည်းအရဲစွန့်လို့သွားပွတ်တံကိုကိုင်ကာအစွယ်ဖွေးဖွေးတွေကိုနီးနီးကပ်ကပ်မြင်လိုက်တော့ပိုပြီးကြောက်စိတ်ပြင်းထန်လာရပေမယ့်မျက်လုံးကိုစုံမှိတ်လို့ပိုလီ့နှုတ်သီးများကိုဖြဲလိုက်ချိန် -
"ဝုတ် .. အိန် .. ဂါး!!"
"အား ! အမေ့"
ပျို့လက်ဖျံကသွေးရဲရဲတွေမြင်ပြီးကြောက်စိတ်နဲ့
အတူသတိလစ်ခဲ့ရသေးတယ်။
"ကာကွယ်ဆေးထိုးပေးပြီးသားပဲ .. အနာကို
မြန်မြန်ကျက်အောင်သာလုပ်ဖို့လိုတာ"
"ဆေးခန်းသွားတာကောင်းမယ်ထင်တယ်
တူမကြီးရဲ့"
"မလိုပါဘူး .. ဦးမိုးရယ်"
ဝိုးတို့ဝါးတားမြင်ကွင်းထဲမှာပဲသူမကဗူးအဖြူတစ်ခုကိုယူဆောင်လာလေ၏။
"အရက်ပြန်ရှိတယ်"
"ရွှီး .. ရွှီး ရွှီး"
နာကျင်လွန်းလို့အသံထွက်ဖို့ကိုတောင်အားမရှိ
တော့လောက်အောင်ပျို့စိတ်ကလွတ်စင်သွားရ
လေပြီ။
အဲ့နောက်ပိုင်းပျိုခွေးမကြောက်တတ်တော့ဘူး။
ပျို့ကိုပေးအပ်ထားတဲ့တာဝန်ကိုပျိုပဲယူရမှာမို့
ရွေးချယ်စရာမရှိတဲ့အခြေအနေမှာကြောက်စိတ်ကိုဖတ်ပြီးတိုက်ဖို့ပဲရဲရဲကြီးရင်ဆိုင်လိုက်ပါတယ်။
ထားပါတော့။လှောင်အိမ်ထဲကိုလက်လျှိုဝင်ပြီး
ခေါင်းပေါ်ကအမွှေးလေးတွေကိုဖွလိုက်တော့
မျက်လုံးကလေးများမှင်းလို့သူတို့နာခံကြတယ်။
ပျို့အကြည့်ကတမာပင်အောက်ကိုရောက်သွားပြီးထိုနေရာဆီလျှောက်လှမ်းမိတယ်။ဝမ်းနည်းနေတဲ့တမာပင်ကြီးရဲ့အောက်မှာကြာမြင့်စွာရပ်နေခဲ့ပြီးနောက် -
"ဘာရှာနေတာလဲ"
ငြိမ်ငြိမ်လေးပဲရပ်နေတဲ့ပျို့ကိုဘာရှာနေတယ်ထင်တာလဲအန်တီကျူးရင့်ခြယ်။အန်တီထားတဲ့အတိုင်းပဲနေပြီးအန်တီ့စကားကိုနားထောင်တတ်တဲ့အန်တီ့ကိုမလွန်ဆန်နိုင်တဲ့ပျို့လိုအညတရမိန်းမတစ်ဦးကကိုယ့်ဖြစ်တည်မှုကိုသိုသိပ်ပြီးငြိမ်ငြိမ်လေးပဲနေခဲ့တာပါ။
"ဘာမှမရှာပါဘူး .. အန်တီ"
သူမကပျို့အနားလာရပ်တယ်။
"ပျို ..."
ပျို့မျက်နှာကိုငေးလို့တည်ငြိမ်လွန်းလှပြီးနာပျော်
ဖွယ်ကောင်းတဲ့ခေါ်သံကြောင့်ပျို့ဦးခေါင်းကိုသူမ
ရှိရာဘက်သို့အသာလှည့်လိုက်ပါတယ်။
"ကိုစိန်ဖေပေါ့"
ထိုနာမည်ကိုခေါ်ပြီးသူမခြေထောက်တွေကိုသူမ
ငုံ့လို့စိုက်ကြည့်လိုက်တယ်ဟုပျိုထင်တယ်။ဒါမှ
မဟုတ်ခြေထောက်တွေကိုကြည့်တာမဟုတ်ဘဲ
ခြေထောက်အောက်မှာနင်းထားတဲ့မြေသားမာမာများကိုကြည့်နေလား။ပိုပြီးနက်တဲ့မြေသားမာမာအောက်ကအရာတစ်ခုကိုကြည့်နေတာလားဆိုတာတော့ပျိုမခန့်မှန်းနိုင်။
"ဘာလဲရှင်က မပြောစေချင်တာလား ..
ကိုယ့်အိမ်ကအိမ်ဖော်ကိုတောင် ပြန်ကြောက်
နေသေးရင်တော့မဟုတ်သေးဘူးပါရှင်"
တမာပင်ကြီးကိုကြည့်လို့သူမဆိုလေ၏။
— — — —
(အတိတ်နောက်ကြောင်း)
ကျွန်မလက်တွေဟာအလိုအလျောက်စနစ်ကိုကျင့်သုံးနေတတ်ကြပြီ။စဉ်းတီတုံးပေါ်ကခရမ်းချဥ်သီးများကိုတစ်တောက်တောက်မြည်အောက်လှီးနေသော်လည်းထိုအရာပေါ်မှာကျွန်မစိတ်ကရောက်မနေခဲ့။
"ငုဝါလေးကို,ကိုကိုက .. နားထောင်စေချင်လို့ပါ"
ကျွန်မနောက်ကျောဘက်မှထွက်ပေါ်၍နေသော
သူ့အသံကိုလက်ထဲကဓားနဲ့နုတ်နုတ်စင်းချင်တဲ့စိတ်ကအပြင်ကိုထွက်မလာသေးသ၍ကျွန်မအဆင်ပြေနေသေးသည်ဟုဆိုနိုင်ပါတယ်။
"ဒန့် တန် တန် .. ဒန် တန် တန်"
(eine kleine nachtmusik)ကိုသူထပ်ဖွင့်ပြန်တယ်။တစ်ခစ်ခစ်ရယ်မောသံတို့ကကျွန်မရဲ့ဒေါသကိုထိန်းချုပ်မှုကင်းမဲ့စေလေပြီ။
ဓားကိုကျစ်ကျစ်ပါအောင်ဆုပ်လို့မီးဖိုချောင်ထဲက
နေခပ်ပြင်းပြင်းခြေလှမ်းတွေနဲ့ဧည့်ခန်းဆီသို့ကျွန်မလှမ်းခဲ့တယ်။
"ကိုကို့ ဇနီးထင်တယ်"
တွဲကနေသူတစ်ဖက်အမျိုးသမီးက,ကနေတာကို
ရပ်တန့်လိုက်ပြီးကျွန်မရှိရာလှမ်းကြည့်ပြီးကျွန်မကိုရည်ညွှန်းပြောဆိုတော့၏။
"ကျူး .. ဟင်းချက်နေတာလား မိန်းမ"
ဪ .. မိန်းမတဲ့။အန်ချင်လိုက်တာရှင်။ကျွန်မကရှင့်ရဲ့ရုပ်သေးရုပ်တစ်ရုပ်ပါကိုစိန်ဖေရဲ့။ရုပ်သေးရုပ်တွေကစကားမပြောတတ်ကြဘူးလေ။ရုပ်သေးရုပ်တွေမှာဘာဆဲလ်မှမရှိသလိုဘာအသိညဏ်မှလည်းမရှိဘူး။သူ့ကိုအမြဲကြိုးဆွဲလေ့ရှိတဲ့လူကအခြားအရုပ်တွေကိုကြိုးဆွဲနေရင်တောင်ငြိမ်ငြိမ်လေးပဲနေတတ်ကြတာမျိုးပါ။သူတို့ဘာမှ,မှမသိတာ။
ကျွန်မခြေလှမ်းတွေကိုနောက်ပြန်ဆုတ်ခဲ့တယ်။
သက်ရှိရုပ်သေးရုပ်တစ်ရုပ်ကတော့ကွာခြားမှုရှိနိုင်တယ်မဟုတ်လားကိုစိန်ဖေရယ်။
လင်မယားဆိုတာကုတင်တစ်ခုပေါ်မှာအတူအိပ်ယာဝင်ပြီးနိုးထကြရတာမျိုးကိုးရှင့်။သူကျွန်မကို
နောက်ကနေသိုင်းဖက်လာတော့ကျွန်မစကား
တစ်ခွန်းဆိုမိတယ်။
"ကျူးကိုကွာပေးပါ .. အကိုကြီး"
သူကငုတ်တုတ်ထထိုင်လိုက်တယ်။
"အကိုကြီးဘေးမှာ .. မိန်းမတွေအများကြီးပါ
ကျူးတစ်ယောက်လစ်ဟင်းသွားရုံနဲ့အပန်းမကြီး
လောက်ပါဘူး"
ကျွန်မသူ့မျက်နှာကိုကုတ်ဖဲ့ပစ်လိုက်ချင်တယ်။
အဲ့လိုမချိပြုံးမျိုးကျွန်မသိပ်မုန်းတာပဲ။
"ကိုယ်ကကျူးကိုပဲချစ်တာလေ .."
"ဟင့်အင်း .. ကျွန်မကတော့ရှင့်ကိုမချစ်ဘူး"
"အဲ့ဒါအရေးလား .. ကိုယ်ကလည်းမင်းပြန်ချစ်ဖို့
မလိုအပ်နေပါဘူးမိန်းမရယ်"
သူပြောဆိုနေတာကိုကျွန်မသဘောပေါက်လိုက်တာမှ။ဘယ်လိုအပ်ပါ့မလဲ။သူချစ်တာကကျွန်မကိုမှမဟုတ်တာ။ကျွန်မခန္ဓာကိုယ်လေ။သွယ်လျပြီးအချိုးအစားကျပြေပြစ်လှတဲ့ငယ်ရွယ်နုပျိုမှုရဲ့
အဖူးအပွင့်တွေဝေဆာနေတဲ့ကျွန်မရဲ့ခန္ဓာကိုယ်။
ပြီးတော့ကျွန်မပြောခဲ့တယ်မလား။ကျွန်မကရုပ်သေးရုပ်တစ်ရုပ်ပါလို့။တရားဝင်ဇနီးမယားတစ်ယောက်အနေနဲ့လင်ယောကျာ်းဖြစ်သူကအိမ်ကိုမိန်းမပေါင်းစုံခေါ်လာတာကိုတောင်ပြောခွင့်မရှိတဲ့ရုပ်သေးရုပ်။
ကျွန်မသေချင်မိတယ်။ဒါဆိုသူအင်မတန်တပ်မက်နေတဲ့ကျွန်မခန္ဓာကိုယ်ကြီးကပုပ်ဆွေးသွားမှာပဲ။ကျွန်မလည်းသူ့လက်ကနေလွတ်မြောက်နိုင်မယ်။
မိုးတွေကျနေပြန်ပြီ။သူကကျွန်မဆံပင်တွေကို
ဖြေချလိုက်ပြီးကျွန်မလက်တွေကိုသူ့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုပေါ်တင်လိုက်တယ်။
ကျွန်မရွံလိုက်တာ။မိန်းမပေါင်းမြောက်မြားစွာနဲ့
ဆက်ဆံနေတဲ့သူ့ခန္ဓာကိုယ်ပေါ်ကျွန်မလက်ချောင်းတွေကတုန်ယင်မှုဖြင့်ငြင်းဆန်ကြလေတယ်။
ကျွန်မလွတ်မြောက်ပါရစေ။
— — — —
"ပျို .. "
ယခုကဲ့သို့မောက်မာခက်ထန်လွန်းသည့်အမြင့်
တစ်နေရာကိုရောက်နေခြင်းကဦးစိန်ဖေရဲ့အသုံးတော်ခံလိင်ကျွန်ဘဝလှေကားကိုတက်လှမ်းခဲ့ရတာကြောင့်လားဒေါ်ကျူးရင့်ခြယ်။
"စမ်းချောင်းမှာရေသွားချိုးရအောင်..နော်"
ပျို့လိုမိန်းမကဘာဆိုတာသိပြီးလည်းသူမကတော့ဂရုမစိုက်။အင်းလေ။ပျိုက"ဘာ"ဆိုတာသူမအတွက်အရေးမှကြီးမနေတာ။ညကောင်းကင်မှာလင်းလက်နေတဲ့ကြယ်လေးတစ်ပွင့်ကိုမြေပြင်ပေါ်ကလူသားတစ်ယောက်အနေနဲ့ဆွတ်ခူးနိုင်ခွင့်မရှိနိုင်ကြောင်းကိုသိထားသလိုမျိုးပေါ့။
တမာပင်အောက်ကပျိုတို့ထွက်လာချိန်မှာခြံထဲကိုကားတစ်စီးဝင်ရောက်လာတယ်။
မောင်မောင်။
"ပျို .. ရေချိုးပြီးပြီလား"
"ဒီနေ့ ဝတ်ထားတာလေးသဘောကျတယ်"
"ပျို့အတွက်လက်ဆောင် .. ဝတ်ကြည့်ပြီးရင်
ကိုယ့်ကိုပုံရိုက်ပြီးပို့ပေးနော်"
"ဖက်! အင်း ပျို့တင်ပါးကတင်းနေတာပဲ"
မောင်မောင်ဆိုတဲ့လူရဲ့စကားလုံးအချို့ပေါ့။
အတွင်းခံတွေလက်ဆောင်ဝယ်ပေးတယ်။လစ်ရင်လစ်သလိုပျို့တင်ပါးကိုလာလာရိုက်တတ်တယ်။ဒီမှာနေတဲ့ 5 လ အတွင်းပျိုကြုံနေရတဲ့မောင်မောင်ဆိုတဲ့လူနဲ့အခြေအနေတစ်ခုပေါ့။
ပျို့ကို 18+ Lesbian ရုပ်ရှင်တစ်ခုနဲ့နှစ်ယောက်လုံးပေါင်းပြီးပျို့သရုပ်မှန်ကိုဖော်ပြီးကြတဲ့နောက်ပိုင်းဒေါ်ကျူးရင့်ခြယ်ကအားရပါးရရယ်မောလှောင်ပြောင်သလိုမောင်မောင်ဆိုတဲ့လူကပျို့ကိုထိကပါးရိကပါးလုပ်ပြီးအကဲစမ်းတယ်။သူတို့သိပ်ပျော်နေကြတာ။
"မောင်မောင်ခဏစောင့်ရမယ်"
"ဟင် .. မမကျူးကဘယ်သွားမလို့"
"ရေသွားချိုးမလို့"
"ရေကြည်ချောင်းဘက်လား .. အတော်ပဲ
သွားရအောင် ကျွန်တော်လည်းချိုးချင်တယ်"
မောင်မောင်ဆိုတဲ့လူကအဲ့ဒီနေရာကိုသိနေတာပဲ။ရေကြည်ချောင်းလို့ပြောလိုက်တာကိုနားထောင်ကြည့်ရင်ရင်းနှီးနေတဲ့နေရာတစ်ခုပဲ။အိမ်ကြီးရှင်နဲ့ရေအတူသွားချိုးနေကြလား။ဒါမှမဟုတ်။
"ဟင့်အင်းကွာ .. ကိုယ်ကလွတ်လွတ်လပ်လပ်
ချိုးချင်တာ"
"ကျွန်တော် မရောက်တာတောင်ကြာပြီလေ
မမကျူးကလည်း .. အရင်တစ်ခါအရေးပေါ်တုန်း"
"ရှူး .. ဟိတ်"
"ဟင်းဟင်း .. စတာပါ"
ကားထဲကနေအိမ်ကြီးရှင်ရဲ့လက်ကိုမောင်မောင်
ဆွဲယူလိုက်တယ်။ထို့နောက်-
"ပြွတ်စ်"
သူမလက်ဖမိုးကိုနှုတ်ခမ်းဖြင့်ထိကပ်နမ်းလိုက်ပြီး-
"စောင့်နေမယ်"
အပျိုဖော်ဝင်ခါစအပျိုဖြန်းလေးတစ်ယောက်လိုရှက်သွေးဖြာကြည်နူးနေရှာတဲ့သွေးဆုံးခါနီးအမျိုးသမီးကြီးတစ်ယောက်ရဲ့မူယာမာယာပိုကဲနေတဲ့မျက်နှာမျိုးကဒေါ်ကျူးရင့်ခြယ်ဆိုတဲ့အိမ်ကြီးရှင်မမှာတွေ့ရလေတယ်။
— — — —
"ဘာရပ်ကြည့်နေတာလဲ"
"ရှင်"
"ဒီမှာချွတ်လို့မရတာမင်းမမြင်ဘူးလား"
"ဇွီ...."
အင်္ကျီနောက်ကဇစ်ကို"ဇွီ"ခနဲမြည်အောင်ဆွဲပြီး
တာနဲ့ထိုဒင်းကလေးကျွန်မအနားကထွက်သွား
တော့တာပဲ။
"ဒါပဲလား"
ကျွန်မလည်ကိုစောင်းလို့ပျိုရှိရာဘက်ခေါင်းကိုနောက်ပြန်လှည့်ကြည့်မေးလိုက်တယ်။
"ချွတ်လို့ရပြီလေ"
အရင်ကဆိုကျွန်မအနားကိုကပ်လာတာနဲ့အမျှ
ပုံမှန်မဟုတ်တဲ့အသက်ရှူသံမျိုးကိုကြားရတတ်ပေမယ့်ပျိုဆိုတဲ့မိန်းကလေးအရင်လိုမဟုတ်တော့။ဒင်းကလေးရဲ့သရုပ်မှန်ကိုသိရှိပြီးတဲ့နောက်ပိုင်းကျွန်မအပေါ်အေးစက်လာတယ်။ဒါပဲလားလို့ဘာလို့ဒီပါးစပ်မေးရတာလဲ။ဒါပဲပေါ့။
ဒင်းသိထားဖို့ကကျွန်မကသူ့အလုပ်ရှင်ဆိုတာပဲ။
သူ့အနေနဲ့ကျွန်မအပေါ်ငြိုငြင်ပိုင်ခွင့်မရှိဘူး။
— — — —
အိမ်ပြန်လာတဲ့လျှောက်လမ်းလေးမှာပျိုတို့
နှစ်ဦးလုံးတိတ်ဆိတ်နေကြတယ်။နောက်-
"ချောင်းထဲကရေကိုသောက်ပြီး .. ပျိုမူးလဲ
သွားတုန်းကလေ .. အန်တီ"
"အွန်း"
"တစ်ကယ်ပဲ အန်တီ့ယောကျာ်းထမ်းပို့ခဲ့တာလား"
"မင်းကိုယ်လုံးကို တို့ကသယ်နိုင်လိမ့်မယ်
ထင်နေတာလား"
"မထင်ပါဘူး"
"အေးလေ"
"မောင်မောင်ဆိုတဲ့လူနဲ့ .. ဒီကိုလာဖူးလား"
"ဘာလို့မလာဖူးရမှာလဲ .. ကိုစိန်ဖေရှိထဲကိုက
မောင်မောင်နဲ့ဒီနေရာမှာတွေ့လာတာ"
ဒေါ်ကျူးရင့်ခြယ်။ခင်ဗျားအပေါ်ဖောက်ပြန်ခဲ့တဲ့
ယောကျာ်းအပေါ်တူညီတဲ့နည်းလမ်းပြန်သုံးခဲ့ပြီး
တုံ့ပြန်လိုက်တာလား။
"တစ်ရက် .. ကိုစိန်ဖေကအိမ်ကိုဧည့်သည်တစ်ဦး
ခေါ်လာတယ် .. မိန်းမတွေတစ်ယောက်ပြီး
တစ်ယောက်ကိုမထပ်နေအောင်ခေါ်လာတတ်တဲ့
တို့အမျိုးသားကအဲ့ဒီနေ့မှာယောကျာ်းတစ်ယောက်ကိုအိမ်ခေါ်လာတယ်လေ .. မောင်မောင်ပေါ့"
ပြောချင်ရာပြောနေတဲ့သူမစကားတွေကိုပျိုအာရုံ
မထားမိ။စောနကမောင်မောင့်နှုတ်ကစမ်းချောင်း
ဘက်ကိုမရောက်တာကြာပြီ၊အရင်တစ်ခါအရေးပေါ်တုန်းကဆိုတဲ့စကားက။ပျိုမေ့လဲတုန်းက
အခြေအနေကိုပြောတာမဖြစ်နိုင်ဘူးလား။
သေသွားကြာပြီဖြစ်တဲ့ဦးစိန်ဖေကိုဆွဲထည့်လိုက်
တာကြီးကတော့အရမ်းအပေါစားဆန်သွားတာပဲ
အိမ်ကြီးရှင်ရယ်။ဘာလို့အဲ့လိုအရူးကွက်တွေနင်း
ရတာလဲပျိုလုံးဝနားမလည်။
"အို့ .. ဟို့"
"ဟွန့် .. အန်တီ့"
သစ်ရွက်ခြောက်တွေကြားထဲကကုန်းဆင်းပေါ်
ပျို့ရင်ဘတ်ကအင်္ကျီစကသူမလက်ထဲဆုတ်ဆွဲ
ခံရခြင်းနဲ့အတူပါ၍လဲကျတော့မယ့်သူမခန္ဓာကိုယ်ကိုသိမ်းဖက်လိုက်တော့အရှိန်ဘယ်လိုမှမထိန်းနိုင်လဲနှစ်ယောက်အတူထပ်လျက်သားကျမိသွား၏။
အရမ်းနီးနီးကပ်ကပ်ကြီးမြင်တွေ့လိုက်ရတော့အဲဒီအမြဲရန်လိုနေတတ်တဲ့ကျားတစ်ကောင်ရဲ့အသွင်နဲ့တူတဲ့အိမ်ကြီးရှင်ရဲ့မျက်နှာဟာယုန်ငယ်လေးလိုအသွင်ကူးပြောင်းသွားသလိုလို။
သူမလှလိုက်တာ။
ပျိုသူမကိုယ်ပေါ်ကဖယ်ဖို့ပြင်လိုက်တယ်။
"အင့် .. ပျို့"
ရင်ဘတ်ချင်းနီးကပ်သွားရခြင်းကဘာပါလိမ့်။
ပြီးတော့ပျို့လည်ဂုတ်ကိုအားကိုးတကြီးသိုင်း
ဖက်ထားပြန်တယ်။မျက်လုံးတွေကိုစုံမှိတ်လို့။
သူမကြောက်နေတာလား။
"ဟိုဘက်မှာ .. မြွေ .. မြွေရှိတယ်"
ဟင်!!!!။ခေါင်းတစ်ဆတ်ဆတ်ဖြင့်ငေါ့ပြနေတဲ့
နေရာကြည့်လိုက်တော့-
ဟုတ်တာပေါ့။မြွေကြီး!!!!။
အမလေး .. အမေ။သမီးမလာချင်သေးဘူး။
_________
ကျန်းမာရေး ဂရုစိုက်ကြပါ။ ခြောက်ခြောက်တို့
ဒွတ်နိုက် ..♡