ဇနီးချောလေး (Completed)

By Ah_Moon_2024

28K 1.1K 7

Description အမြဲလိုလို သူ့ကို သေစေချင်နေသည့်သူ့ဇနီးက ကားမတော်တဆမှုဖြစ်ပြီးနောက် အတိတ်မေ့သွားတာကို သိလိုက်ရတယ... More

Description
1-5
6-10
11-15
16-20
21-25
26-30
31-35
36-40
41-45
46-50
51-55
56-60
61-65
66-70
71-75
76-80
81-End
Extra 1
Extra 3
Extra 4
Extra 5
Extra 6 (End)

Extra 2

543 30 0
By Ah_Moon_2024

Extra 2

ကောင်မလေး ၏လှပလှသော  လှုပ်ရှားမှုများကို ကြည့်ရုံဖြင့် သူမကဘတ်စကတ်ဘောကျွမ်းကျွမ်းကျင်ကျင် ကစားတက်ကြောင်း အားလုံး ပြောနိုင်ပေသည်။သူမက ကောင်လေးအများစုထက်ပင်ပို၍ကောင်းနေသော်လည်း ကျိရှောင်ကျိုးနဲ့ယှဉ်လျှင်တော့ ဒုတိယ သာဖြစ်ပေလိမ့်မည်။

သဘာဝကျစွာဖြင့် လှပပြီး  ကောင်းကောင်းကစားတတ်သော မိန်းကလေး က အားလုံး ၏အာရုံကို ဆွဲဆောင် သွားလေသည်။အခန်း ၁ မှ ကစားသမားများဖြစ်စေ...ကြည့်ရှု့သူများဖြစ်စေ အားလုံးဆွဲဆောင်ခံလိုက်ရသည်။

သူမ၏အမည်က ဝေ့ကျား ဖြစ်ပြီး မြို့တော်မှပြောင်းလာသည့်သူဖြစ်သည်။သူမက ပေကျင်းလေယူလေသိမ်းဖြင့်စကားပြောပြီး အင်္ဂလိပ် စကားကိုလည်းပြောနိုင်သည်။သူမက အရပ်မြင့်ပြီး ပိန်ပါးသွယ်လျှသည်။အသားအရည်က နှင်းကဲ့သို့ ဖြူစွတ်နေပြီး သူမဝတ်သည့်အဝတ်စားများအားလုံး ကလည်း ဘရန်းဒတ်များပင်ဖြစ်သည်။သူမပြုံးလိုက်သည့်အခါတွင်လည်း ပါးချို င့်လေးများကိုမြင်နိုင်သည်။သူမကြီးလာသည့်အခါ၌ အံ့အားသင့်စရာကောင်းလောက်အောင် လှပလာမည်ကို အားလုံးပြောနိုင်ပေသည်။

၁၂နှစ် ၁၃နှစ် အရွယ်ကောင်ကလေးများက ဆန့်ကျင်ဘက် လိင်အပေါ်ချစ်ခင်မှု့ကို စတင်၍ခံစားတတ်လာနေပြီဖြစ်သည်။ကလေးများက တိတ်တဆိတ် ဒိတ်လုပ်သည့် ကိစ္စ များလည်းရှိလာသည် ။ကလေးများ၏မျက်လုံးထဲတွင်သို့ ထိုကဲ့သို့ ဒိတ်ခြင်းကသာမန်ဖြစ်ရပ်ပေ။

သဘာဝကျစွာဖြင့် ဝေ့ကျား ကဲ့သို့လှပသော မိန်းကလေး ကယောက်ျားလေးများ၏ အာရုံစိုက်မှုကိုရရှိထားပြီးပေလေပြီ။သူမကျောင်းစတက်သည့်ဒုတိယနေ့မှာ ပင် သူမ၏ခုံပေါ်၌ အချစ်စာလွှာများ ပုံအောနေပေသည်။လဝက်အတွင်းမှာပင် ဝေ့ကျားက ကျိရှောင်ကျိုးနှင့်ပင် ယှဉ်နိုင်သော ကျော်ကြားသည့်သူတစ်ယောက်ဖြစ်လာသည်။သူမက ကျောင်း၏အလှလေးများ စာရင်း ထိပ်ဆုံးသို့ရောက်ရှိသွားလေသည်။သို့သော်လည်း ဝေ့ကျားက အားနည်းပြီး နူးညံ့သိမ်မွေ့သော ကျောင်းအလှလေးများနှင့် ကွာခြားလှပေသည်။သူမက နေရောင်အောက်က လှုပ်ရှားမှုဖြစ်သော အားကစားနည်းများကို ကြိုက်နှစ်သက်သည်။ယောက်ျားလေးများက အားကစားကိုကြိုက်နှစ်သက်သလို သူမက လည်းကြိုက်နှစ်သက်သောကြောင့် သူတို့အတွက်အလွန်ပင် ကောင်းမွန်လေပေသည်။

အထူးသဖြင့် ဘတ်စကတ်ဘောကစားသမားများအတွက်ပင်။ သူမ၏စကေးကတော်တော်လေးကျွမ်းကျင်သောကြောင့် သာမန် ကောင်လေးများကသူမ၏ပြိုင်ဘက်မဟုတ်ဘဲကျိရှောင်ကျိုးသာ သူမနှင့်ယှဉ်နိုင်ပေသည်။

ကျိရှောင်ကျိုးအတွက်မူ သူ့အဖေမှလွဲ၍ သူနှင့်တန်းတူရွယ်တူချင်း ဘတ်စကတ်ဘောယှဉ်ကစားနိုင်သည့်ပြိုင်ဘက်မျိုး ကိုတွေ့ရသည်မှာရှားလှ သည်။ထို့ကြောင့် သူ စိတ်လှုပ်ရှားတက်ကြွနေမိသည်။အရင်ကဆိုလျှင် နောင်နောင် ကလွှဲ၍တစ်ခြားမိန်းကလေးများနှင့် ကစားသမားများနှင့် အဆက်အသွယ် လုပ်ရသည်ကို မကြိုက်နှစ်သက်ပေ။သို့သော်လည်း ဝေ့ကျား ၏ကျွမ်းကျင်မှုကိုတွေ့ပြီးနောက် သူတို့၏ လှုပ်ရှားမှုများတွင် သူမလာရောက်ပါဝင်ခြင်းကို မငြင်းပယ်မိတော့ပေ။

အချိန်ကြာလာသည်နှင့်အမျှသူတို့ကပင် သူမကိုစတင်၍ဖိတ်ကြားလာကြသည်။သဘာဝကျစွာဖြင့် ကစားသမားများ၏ ညစာစားပွဲ၌လည်း သူမပါဝင်လာလေသည်။သူတို့၏အုပ်စုထဲတွင် နောင်နောင် မှလွဲ၍တစ်ဦးတည်းသောမိန်းကလေးဖြစ်လာလေသည်။

နောင်နောင်ကမူ စကားပြောရသည်ကိုလည်းမကြိုက်သလို  သူများနှင့်လည်းရောရောနှောနှောမနေဘဲ တိတ်တဆိတ် သာနေတတ်သောကြောင့် အားလုံး က သူ့ကိုမရှိသလိုကျော်ချသွားဖို့များလေသည်။ထို့ကြောင့် ဝေ့ကျား၏အကျင့်စရိုက်နှင့်ယှဉ်လိုက်ပါက လုံးဝဆန့်ကျင်ဘက် ဖြစ်နေပေသည်။

သူမက စိတ်သဘောထားပွင့်လင်းကာ လှပသလို ကိစ္စ အသေးအဖွဲလေးများကို လည်းစိတ်မလုပ်တက်ပေ။ သူမက နေအသေးစားလေးကဲ့သို့ပင် တောက်ပ နေသောကြောင့် အဖွဲ့ ထဲမှလူများနှင့်
အပြန်အလှန် ခင်မင်မှုများ ပိုမိုကောင်းမွန်လာလေသည်။

သူတို့ကနောင်နောင်ကိုမကြိုက်နှစ်သက် ချင်းမဟုတ်သော်လည်း သူမကအလွန်တိတ်ဆိတ်လွန်းလှသည်။သူတို့ကနောင်နောင်နှင့်မရင်းနှီးကြပေ။ထို့ကြောင့် ဝေ့ကျားကသာအဖွဲ့၏အချစ်ခံလေး ဖြစ်လာလေသည်။အဘယ်ကြောင့်ဆိုသော် ဝေ့ကျား၏ အမူအကျင့်က ကျိရှောင်ကျိုးနှင့်ဆင်တူလှသည်။သူတို့က စွမ်းဆောင်ရည်လည်းရှိသလို စိတ်သဘောထားကလည်းဆင်တူသည်။

အဖွဲ့ထဲမှလူများက ကျိရှောင်ကျိုးကို အစ်ကိုကြီးကျိဟုခေါ်ကြသလို ဝေ့ကျားကိုလည်း အစ်မ ကြီးဝေ့ဟုခေါ်ကြလေရာ သူတို့နှစ်ယောက်က စုံတွဲလိုပင်ဖြစ်နေလေသည်။သို့သော်လည်း ထိုနှစ်ယောက်လုံးက ထိုအကြောင်းကိုအတည်မယူပေ။

တစ်နှစ်ကုန်ဆုံးသွားပြီးနောက် သူတို့၏  မူလတန်းနောက်ဆုံးနှစ်ပြီးဆုံးသွားလေသည်။သူတို့နောက်ဆုံးစာမေးပွဲဖြေဆိုပြီးသည်နှင့် တစ်ကြောင်းလုံး ဘတ်စကတ်ဘောပြိုင်ပွဲကိုကျင်းပမည်ဖြစ်သည်။အတန်းတစ်၏ဘတ်စကတ်ဘောအသင်းကတစ်ခြားအသင်းများနှင့်မတူပေ။အဘယ်ကြောင့်ဆိုသော်  သူတို့တစ်သင်းထဲကမိန်းကလေးအဖွဲ့ဝင်ရှိသောကြောင့်ဖြစ်သည်။ထိုအပြင် သိထားကြသည့်အတိုင်း ထိုမိန်းကလေးကလည်း ကျောင်း၏အလှဆုံးပန်းကလေးဖြစ်နေသောကြောင့် အားလုံး၏အာရုံစိုက်မှုကိုရရှိထားလေသည်။

ဒါပေါ့ သူတို့အသင်းကအားလည်းအားကောင်းလှပေသည်။

ကျိရှောင်ကျိုး၏ ဦးဆောင်မှုအောက်တွင် သူတို့ကချန်ပီယံဆုကို ဆွတ်ခူးထားပေသည်။အနိုင်ရရှိပြီးနောက် ထိုည၌ အောင်ပွဲခံပွဲကျင်းပရန် ဆုံးဖြတ်လိုက်ကြသည်။

ကစားသမားအဖွဲ့ဝင်များအပြင် ကစားသမားမဟုတ်သော နောင်နောင်နှင့် ကျူးဇီရှောင်တိူ့လည်းလာရောက်ပါဝင်ကြလေသည်။ကစားသမားမဟုတ်သော အတန်းတစ်၏မော်နီတာကလည်း အရာအားလုံးကို စီစဉ်ပေးပြီး လူသိများသောစားသောက်ဆိုင်တစ်ဆိုင်သို့ သူတို့အားလုံးကိုဦးဆောင်ခေါ်သွားလေသည်။

မကြာခင်မှာပင် သူတို့က အလယ်တန်းကျောင်းသို့ တတ်ရောက်နိုင်တော့မည်ဖြစ်သောကြောင့် သူတို့မျက်လုံးထဲတွင် လူကြီးဖြစ်လာပြီဟုထင်နေပေကြသည်။ထို့ကြောင့်တစ်စုံတစ်ယောက်က အရက်သောက်ရန် အဆိုပြုလိုက်သည်အချိန် ၌အားလုံးကမငြင်းပယ်ဘဲသဘောတူလိုက်ကြသည်။အတန်းခေါင်းဆောင်ကလည်း စကားတစ်ခွန်း မှမဆိုပဲ ဘီယာဖာလိုက်ကိုချလိုက်သည်။

အားလုံးစိတ်လှုပ်ရှားစွာဖြင့် ဘီယာပုလင်းများကို ဖောက်လိုက်ပြီးနောက် တစ်စုံတစ်ယောက်က ပြောလိုက်သည်။

"ဒီနေ့က နေ့ကောင်းလေးပဲ ဒီတော့အားလုံးသောက်ရမယ်နော်ဘယ်သူမှငြင်းပယ်ခွင့်မရှိဘူး..."

သူပြောပြီးသည်နှင့် နောင်နောင် ၏ရှေ့တွင်ဘီယာပုလင်းကိုထားပြီး သူမကို ကြည့်လိုက်သည်။

" ငါတို့အားလုံးက ဒီညပျော်နေတာပဲမဟုတ်လား...ဒီတော့ညီမလေးနောင်နောင်လည်း သောက်သင့်တယ်...စိတ်မပူပါနဲ့ ဘီယာကမမူးပါဘူး..."

နောင်နောင်ကအယ်လ်ကိုဟော မသောက်ဘူးသလို သောက်ဖို့လဲအစီစဉ်မရှိပေ။သို့သော်လည်း နောင်နောင် မငြင်းပယ်ခင်မှာပင် သူမဘေးတွင်ထိုင်နေသော ကျိရှောင်ကျိုးက ဆက်ခနဲလှမ်းယူလိုက်တယ်။

"သွား...သွား... သွား နောင်နောင် လိုမျိုး မိန်းကလေး တွေက အယ်လ်ကိုဟော မထိသင့်ဘူး... ငါတို့လိုသခင်လေးတွေကပဲ သောက်ရမှာ မိန်းကလေး တွေက အချိုရည်ပဲသောက်..."

ကျိရှောင်ကျိုးပြောပြီးနောက် ကောင်လေးများက နောင်နောင် ကိုထပ်မပေးရဲကြတော့ပေ။သူတို့ ဝေ့ကျား၏ အလှည့်တွင်လည်း ကျော်ဖို့လုပ်လိုက်သော်လည်း သူမ လှမ်းယူလိုက်မည်ဟုဘယ်သူထင်လိမ့်မည်လဲ။

သူမက အပြုံးလေးဖြင့် ပြောလိုက်သည်။

"ငါက အားမနည်းပါဘူး ငါ အယ်လ်ကိုဟော သောက်နိုင်တယ်။နင်တို့ငါ့ကိုမိန်းကလေးလို့မသတ်မှတ်လည်းဖြစ်တယ်..."

အားလုံးကြားလိုက်သည်နှင့် လက်ခုပ်တီးပြီးအော်လိုက်ကြသည်။

"ငါတို့ရဲ့အစ်မကြီးကျားကတော့ဟေ့တစ်ကယ့်ကို အံ့ဩ သင့်စရာပဲ..."

"ငါတို့ရဲ့အစ်မကြီးကျားကတော့တစ်ကယ့်ကိုပဲဆရာကျတယ်ဟေ့..."

"666 ငါဒီနေ့တော့အစ်မကြီးကျားနဲ့အတူဝင်သောက်ရမယ်..."

ဝေ့ကျားက အခြေအနေကို အသက်ဝင်လှုပ်ရှား အောင်ဆွဲယူလိုက်သောကြောင့် သူတို့ အခန်းထဲတွင်အလွန်ပင် ဆူညံ့နေလေသည်။

ကျိရှောင်ကျိုးကလည်း သူ့၏ ခွက် ကိုမြောက်၍သောက်ရန်ပြင်လိုက်သည့်အချိန်တွင် နောင်နောင် ကသူ့၏အင်္ကျီစကိုဆွဲ၍ထိုင်ချခိုင်းလိုက်ပြီး ထို့နောက် သူမခေါင်းခါယမ်းရင်း တီးတိုးပြောလိုက်သည်။

"အစ်ကိုကျိုး ငါတို့ကငယ်သေးတယ်လေ အရက်မသောက်သင့်သေးဘူး ဒါငါတို့အတွက်မကောင်းဘူး..."

ကျိရှောင်ကျိုးက ပြုံးလိုက်ပြီး နောင်နောင်၏ခေါင်းလေးကိုပုတ်လိုက်သည်။

"အဆင်ပြေပါတယ်...ဘီယာမှာက အယ်လ်ကိုဟော ပါဝင်မှုနှုန်းအရမ်းနည်းတယ် ငါကနည်းနည်းလေးသောက်မှာပါ မူးမှာမဟုတ်ပါဘူး..."

အားလုံးကလည်း ဝင်ပြောလာကြသည်။

"ဟုတ်တယ် ငါတို့က ဘီယာသောက် ပြီးမူးမှာမဟုတ်ဘူး။ညီမလေးနောင်နောင်ရေ ငါတို့ကအသက်တွေလည်းမငယ်တော့ပါဘူး အရမ်းကြီးကလေးကောင်းလေးလုပ်နေဖို့မလိုတော့ပါဘူးနော်..."

"လိမ္မာပါ ညီမလေး နောင်နောင်ရေ. သွား...နာနာခံခံနဲ့သွားစားနေလိုက် ဒီမှာ ငါ နင့်အတွက် အစားအသောက် ကောင်းတွေယူလာပေးမယ်..."

ဝေ့ကျားကလည်းပြုံး၍ပြောလာလေသည်။

"နောင်နောင် အားလုံး ကစိတ်တက်ကြွနေတာကိုမဖျက်ဆီးပါနဲ့လား...ငါလည်းကျိရှောင်ကျိုးနဲ့ပြိုင်သောက်ချင်သေးတယ်...ငါရဲ့အယ်လ်ကိုဟောခံနိုင်မှုက သူ့ထက်သာမသာဆိုတာသိချင်သေးတယ်လေ..."

သူတို့စကားဆုံးသည်နှင့် ဝေ့ကျားက ကျိရှောင်ကျိုး၏ပုခုံးကိုပုတ်လိုက်သည်။

"ဘယ်လိုလဲကျိရှောင်ကျိုး ငါနဲ့ပြိုင်သောက်ရဲလား နင် ငါ့ကိုနိုင်နိုင်လိမ့်မယ်လို့ငါမထင်ပါဘူး..."

ကျိရှောင်ကျိုး မျက်လုံးလှန်လိုက်သည်။

"သွား...သွား...သွား ပေါက်တက်ကရတွေလျှောက်ပြောမနေနဲ့ နင်ပြိုင်သောက်ချင်တယ်ဆိုလည်းသောက်တာပေါ့..."

"ကောင်းပြီလေ ငါကလည်းနင်ဒီလိုပြောမှာကိုပဲစောင့်နေတာ..."

ပြီးသည်နှင်ဝေ့ကျားက ဖန်ခွက်ကိုမြှောက်၍ တစ်ကျိုက်ထဲမော့သောက်လိုက်သည်။

ကျိရှောင်ကျိုးကလည်း တုန့်ပြန်သည့်အနေဖြင့် သူ့ခွက်ကိုမော့သောက်လိုက်၏။

" ဟေး...ကောင်းတယ်ဟေ့ငါတို့အစ်ကိုကျိုးနဲ့အစ်မကျားကို့ကတော့ အံဩစရာပဲ နောက်တစ်ခွက်...နောက်တစ်ခွက်..."

အားလုံးက စတင်၍ ဆူညံသံများပြုလာကြပြီး ကျိရှောင်ကျိုးနှင့်ဝေ့ကျားတို့အတွက်နောက်တစ်ခွက်ထပ်ထည့်ပေးလိုက်သည်။

ဝေ့ကျားကလည်းမငြင်းပေ။သူမက ကျိရှောင်ကျိုးနှင့်ခွက်ချင်းတိုက်၍မော့သောက်လိုက်သည်။

ကျိရှောင်ကျိုး သူမကိုလက်ညိုးနှင့်ပုတ်လိုက်ပြီး ပြောလိုက်သည်။

"နင်...ရူးသွားတာလား..."

ဝေ့ကျားကလည်း အပြုံးဖြင့်တုန့်ပြန်လိုက်၏။

"နင်မသောက်ချင်ဘူးဆို အရှုံးပေးလိုက်လေ ငါ...နင့်ကိုအတင်းဖိအားမပေးဘူး..."

ကျိရှောင်ကျိုး တစ်ယောက်ရယ်မောလိုက်ပြီးခွက်ကိုမြှောက်၍မော့သောက်လိုက်သည်။

ပတ်ဝန်းကျင်လေထုအခြေအနေကအလွန်ပင် စည်းချက်ကျကာမြင့်တက်နေပေသည်။အထဲထဲတွင်ရှိနေသော လူများကလည်း စတင်၍ဘီယာသောက်လိုက်ကြပြီးနောက် ဖန်ခွက်ချင်းတိုက်သံများ စိတ်လှုပ်ရှားစွာဖြင့် ရယ်မောသံများဆူညံပွတ်လောရိုက်နေပေသည်။

နောင်နောင်နှင့်သူ့အဖေရိုက်မှာကြောက်သော ကျူးဇီရှောင်တစ်ယောက်သာလျှင် မသောက်ဘဲ တိတ်ဆိတ်စွာထိုင်နေကြလေသည်။

နောင်နောင်ကတစ်ခွက်ပြီးတစ်ခွက်သောက်နေသော ကျိရှောင်ကျိုးကိုကြည့်၍ ကူရာမဲ့စွာဖြင့် နှုတ်ခမ်းဖိလိုက်မိသည်။ထို့နောက် သူမကိုင်ထားသော ရှောင်ကျိုး၏ခြေထောက်ကိုလွှတ်လိုက်ပြီး ခေါင်းငုံ့ နေလိုက်၏။

ဘေးတွင်ထိုင်နေသော ကျူးဇီရှောင်ကလည်း နောင်နောင်၏အခြေအနေကိုမြင်မိပြီးအင်္ကျီလက်ကိုလှမ်းဆွဲလိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။

"နောင်နောင်စိတ်ထဲထည့်မနေပါနဲ့ သူတို့က ဒီနေ့အရမ်းပျော်နေကြလို့သာသောက်နေကြတာပါ။ပြီးတော့ငါတို့မကြာခင်မှာကျောင်းပြောင်းကြတော့မှာဆိုတော့ ဒါကနောက်ဆုံးမိတ်ဆုံစားပွဲလေ..."

သူမ သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် တူကိုကောက်ယူ၍ စတင်စားသောက်လိုက်သည်။သူမ သူတို့ကို ထပ်မကြည့်တော့ပေ။

ငါးနာရီကစတင်သော ညစာစားပွဲက ကိုးနာရီမှအဆုံးသတ်သွားလေသည်။သို့သော်လည်းအားလုံးက စိတ်အားတက်ကြွနေသေးသည်။ သူတို့အားလုံး ကမူးရစ် ရီဝေနေကြပြီဖြစ်သော်လည်း မည်သူမှအိမ်မပြန်ချင်ကြသေးပေ။သူတို့အားလုံးက ကာရာအိုကေ သွားဆိုချင်နေကြသေးသည်။

နောင်နောင်က အချိန်ကိုကြည့်လိုက်ပြီး အန်တီထန်ထန် သူတို့ကိုစောင့်နေမည်ကို သတိရသွားသည်။ထို့ကြောင့် သူမကအိမ်ပြန်ချင်နေပြီဖြစ်ပြီး မူးနေပြီဖြစ်သည့် ကျိရှောင်ကျိုးကို ဆွဲလိုက်သည်။

"အစ်ကို... အစ်ကိုရှောင်ကျိုး ငါတို့ပြန်ကြရအောင် အန်တီ ကငါတို့ကိုစောင့်နေလောက်ပြီ..."

ကျိရှောင်ကျိုး ခဏမျှ စဉ်းစားပြီး သဘောတူတော့မည့်အချိန်တွင် မူးနေပြီဖြစ်သော ဝေ့ကျားက သူ့လက်မောင်းပေါ်ပြိုလဲကျလာလေသည်။

"သူ သွားလို့မရဘူး ငါတို့အဆုံးသတ်ထိနေမယ်လို့ ကတိပေးထားတယ်လေ...လိမ်တဲ့လူခွေးပဲ..."

ကျိရှောင်ကျိုး ထိုကဲ့သို့ပြောခဲ့သောကြောင့် သူ့စကားကို ပြန်မရုတ်သိမ်းချင်တော့ပေ။ထို့ကြောင့် သူနောင်နောင်နှင့် ညို့နှိုင်းလိုက်သည်။

"ငါတို့ခဏလောက် ထပ်နေရအောင် နောင်နောင် နောက်တစ်နာရီလောက်နေမှပြန်ကြရအောင်လေ ဟုတ်ပြီလား..."

နောင်နောင် မျက်မှောင်ကြုတ်လိုက်သည်။သူမ ကာရာအိုကေကိုမသွားချင်ပေ။သူမ ထိုနေရာကိုမကြိုက်ပေ။

ကျိရှောင်ကျိုးမလှုပ်သည်ကိုမြင်လိုက်ရသောဝေ့ကျားက သူ့ကိုအတင်းဆွဲလိုက်သည်။

"သွားကြဆို...သွားကြဆို ဘာလဲ ယောက်ျားလေးတွေဖြစ်ပြီးတော့ တုံ့နှေးတုံ့နှေးလုပ်နေကြတယ်..."

နောင်နောင် သူတို့၏ လက်များကို စိုက်ကြည့်လိုက်ပြီးနောက် သူမ၏ မျက်လုံးများက မှိန်ဖျော့သွားသည်။ထို့နောင်ကျိရှောင်ကျိုးကိုမော့ကြည့်လိုက်ပြီး တိုးတိမ်စွာ ပြောလိုက်သည်။

"အစ်ကိုရှောင်ကျိုး ဒါဆိုရင် ငါအရင်ပြန်လိုက်တော့မယ်...ငါ...နားချင်နေပြီ..."

တစ်ဖက်တွင် ဝေ့ကျားကသူကိုအလျှင်စလိုဆွဲခေါ်နေပြီ တစ်ဖက်တွင် နောင်နောင် ကပြန်ချင်နေလေရာ ကျိရှောင်ကျိုးတစ်ယောက် အခက်တွေ့နေလေသည်။ထိုအချိန်၌ သူ နောင်နောင် နားတွင်ရပ်နေသော ကျူးဇီရှောင်ကိုမြင်လိုက်သည်။သူ့မျက်လုံးများလင်းလက်သွားသည်။

"ဖက်တီး မင်းနောင်နောင်ကို အိမ်ပြန်လိုက်ပို့လိုက်ပါလား...သူမ အိမ်ကိုလုံလုံခြုံခြုံရောက်ပာစေနော် ဆံပင်တစ်ချောင်းလောက်ပျောက်တာနဲ့ ငါ မင်းကိုကောင်းကောင်းဆုံးမမှာ..."

ကျူးဇီရှောင်က နောင်နောင်ကိုတစ်ချက်ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။

သူ ဝေ့ကျားဆွဲခေါ်ရာနောက် ပါသွားပြီး နောင်နောင် ကိုလှည့်ကြည့်ကာ ဝေ့ရမ်းပြလိုက်သည်။နောင်နောင် နင်အရင်ပြန်နှင့်လိုက် ငါမကြာခင်ပြန်လာမယ်။နောင်နောင်က မည်သို့မှ မတုန့်ပြန်ဘဲ နေရာမှာတွင်တိတ်ဆိတ်စွာရပ်နေပြီး သူတို့ဝေးသထက်ဝေးသွားသည်ကိုကြည့်နေလိုက်သည်။

သူတို့၏ပုံရိပ်ပျောက်ကွယ်သွားသည်အထိ နေရာမှာပင် မလှုပ်မရှပ်ရပ်နေတုန်းဖြစ်သောကြောင့် ကျူးဇီရှောင် ခေါင်းကုတ်လိုက်ပြီး နောင်နောင် ၏ကျောင်းလွယ်အိတ်ကိုယူကာ ပြောလိုက်သည်။

"နောင်နောင် ငါတို့ပြန်ကြရအောင်..."

နောင်နောင်က စကားမဆိုဘဲရပ်နေတုန်းပဲဖြစ်သည်။အချိန်အတော်ကြာမှ သဘောတူသလို အသံတစ်ချက်ပြုလုပ်လိုက်ပြီး လှည့်ထွက်လာလိုက်သည်။

ကျိရှောင်ကျိုးပြန်ရောက်လာသည့်အချိန်၌ နောင်နောင် ကိုမတွေ့ရဘဲ တံခါးစေ့စေ့ပိတ်ထားပြီဖြစ်သည့် အခန်းတံခါးကိုသာတွေ့လိုက်ရသောကြောင့်သူတီးတိုးရေရွက်လိုက်သည်။

အစောကြီးပဲရှိသေးတယ် သူက ငါ့ကိုတောင် မစောင့်ဘဲအိပ်သွားပြီ။ထားလိုက်ပါတော့ ငါသူ့ကိုမနှောက်ယှက်တော့ဘူး...

နွေရာသီကျောင်းပိတ်ရက်စတင်ပြီဖြစ်သောကြောင့် ကျောင်းသို့သွားစရာမလိုတော့လေရာ ကျိရှောင်ကျိုး နေ့လည်စာ မစားခင်အထိ အိပ်လိုက်လေသည်။

ထန်ထန်သူခေါင်းကို ခေါက်လိုက်ပြီး ဆူပူလိုက်သည်။

"နောက်ထပ်တစ်ခါ နောက်ကျမှ အိပ်ပြန်လာလို့မရတော့ဘူးနော် ထတဲ့အချိန် အိပ်တဲ့အချိန်ကအမြဲတမ်းတူညီနေရမှာ အခုမှ ပေါင်ပေါင်တို့က ကြီးထွားတုန်းပဲရှိသေးတယ်...ဒီလိုမျိုးနောက်ကျတဲ့အထိ ထပ်မနေရတော့ဘူး..."

ကျိရှောင်ကျိုးကပြုံးလိုက်ပြီး ထန်ထန် ကိုချွဲလိုက်သည်။

"သားသိပါပြီ မာမီအလှလေးရေ...ဒီလိုမျိုးနောက်ထက် ထပ်မဖြစ်တော့ပါဘူး။မနေ့ညကလည်းမမျှော်လင့်ဘဲဖြစ်သွားတာပါ..."

ထန်ထန်ကလည်း ကျိရှောင်ကျိုးအကြောင်းကို ကောင်းကောင်းသိသောကြောင့် ထပ်၍မဆူတော့ပေ။သူမ ကျိရှောင်ကျိုးအတွက် စွတ်ပြုတ်တစ်ပွဲထည့်ပေးလိုက်သည်။နောင်နောင်ကမူ ခေါင်းမော့မလာဘဲအစားကိုသာ ငုံ့စားနေလေသည်။ သူမ စကားပြောမလာသည်ကိုမြင်သောကြောင့် ကျိရှောင်ကျိုး အရင်ဦးစွာမေးလိုက်သည်။

"နောင်နောင် မနေ့ညက နင်တစ်ကယ်ပဲအစောကြီးအိပ်သွားတာလား..."

သူမက ဟုတ်ကြောင်းအသံတစ်ချက်သာပြုလိုက်သည်။

"အိုး...ဒါဆိုရင် ခဏနေရင် ငါနဲ့လိုက်ပြီးဆော့လှည့် မနေ့ညတုန်းက အားလုံးက ဒီနေ့ရေခဲပြင်စကိတ်သွားစီးကြမယ်လို့ပြောနေတာလေ...ငါ နင့်ကိုခေါ်သွားမယ်..."

နောင်နောင်မော့ကြည့်၍မေးလိုက်သည်။

"ဘယ်သူတွေသွားမှာလဲ..."

" တဝေရယ် ဟို့ဇီရယ် ဝေ့ကျားရယ်..."

နောင်နောင် ခေါင်းပြန်ငုံ့ပြီးပြောလိုက်တယ်။

"ငါမသွားတော့ဘူး ငါအိမ်မှာနေပြီးပဲစာဖတ်ချင်တယ်..."

"ဘာလို့လဲ... အခုက နွေရာသီကျောင်းပိတ်ရက်လေ အပြင်ထွက်ပြီးတော့ အပန်းဖြေရအောင် အိမ်မှာတစ်နေ့လုံးနေရတာပျင်းစရာကောင်းတယ်..."

နောင်နောင်က ငြင်းဆန်နေတုန်းပင်

" ငါက ရေခဲပြင်စကိတ်စီးရတာကိုအရမ်းမကြိုက်ဘူး ပြီးတော့ စာဖတ်ရတာလည်းပျင်းစရာမကောင်းဘူး..."

နောင်နောင်မလိုက်ချင်သည်ကို တွေ့လိုက်ပြီးနောက် ထန်ထန် ဝင်ပြောလိုက်သည်။

"နောင်နောင်က အေးအေးချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ်နေရတာကိုကြိုက်တာလေ သူမသွားချင်ဘူးဆိုမှတော့ အိမ်မှာပဲ နေပလေ့စေ..."

ကျိရှောင်ကျိုး သက်ပြင်းတစ်ချက်ချလိုက်ပြီး နောင်နောင် ခေါင်းလေးကိုပွတ်သက်ခါပြောလိုက်သည်။

"ကောင်းပြီလေ ဒါဆိုလည်း ငါတစ်ယောက်ထဲပဲ သွားတော့မယ်..."

Continue Reading

You'll Also Like

13.7K 473 24
Beyonce and Shawn are a happily married couple trying to raise a family in the bustling city of New York. They have their teenage son and another chi...
1.6K 129 9
ပထမအကြိမ်အချစ်ကိုဆုံးရှုံးပြီး ဒုတိယအကြိမ်အခွင်ရေးရလာတဲ့အခါ လက်လွှတ်ပြီး သူပျော်နေတာကိုကြည့်နေမလား သူကိုနောက်တခါမရရတဲ့နည်းနဲ့အနားမှာခေါ်ထားမလား...? ချန...
3.4M 143K 60
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
3M 192K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...