ဇနီးချောလေး (Completed)

بواسطة Ah_Moon_2024

27.9K 1.1K 7

Description အမြဲလိုလို သူ့ကို သေစေချင်နေသည့်သူ့ဇနီးက ကားမတော်တဆမှုဖြစ်ပြီးနောက် အတိတ်မေ့သွားတာကို သိလိုက်ရတယ... المزيد

Description
1-5
6-10
11-15
16-20
21-25
26-30
31-35
36-40
41-45
51-55
56-60
61-65
66-70
71-75
76-80
81-End
Extra 1
Extra 2
Extra 3
Extra 4
Extra 5
Extra 6 (End)

46-50

1K 42 0
بواسطة Ah_Moon_2024

Part 46

ကျိယန်က ဘေးမှဖုန်းကိုကောက်ကိုင်လိုက်ပြီး ခေါ်ဆိုသူကိုကြည့်လိုက်တယ်။ သူမျက်ဝန်းက ချက်ချင်းပဲနက်မှောင်သွားကာ တစက္ကန့်အတွင်း ဖုန်းကိုချလိုက်တယ်။

ဖုန်းမကိုင်ပဲချပစ်လိုက်တဲ့ ကျိယန်ကြောင့် ထန်ထန် နားမလည်ဖြစ်နေတယ်။ ဖုန်းက ထပ်မြည်လာပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ ကျိယန်အမူအယာက စိတ်ဆိုးနေပြီဖြစ်တယ်။

ဖုန်းက ကျိယန် မကိုင်မချင်း တစ်ခါပြီးတစ်ခါ ဆက်တိုက်မြည်နေတော့တယ်။ ထန်ထန်က မနေနိုင်တော့ပဲ မေးလိုက်တယ်

‘’ ဘယ်သူခေါ်တာလဲ.. ဘာလို့မဖြေတာလဲ ဟင်’’

‘’ အရေးမကြီးပါဘူး… ဖြေဖို့လဲ မလိုဘူး’’

ကျိယန်ကပြောပြီးတာနဲ့ အဲ့ဖုန်းနံပတ်ကို ဘလော့်ခ်လိုက်တော့တယ်။ ထို့နောက် ဖုန်းမြည်သံလဲ ရပ်တန့်သွားတယ်။

‘’အိုး… အိုကေ’’

သူ့ အမူအယာကိုကြည့်ပြီး ထန်ထန် ရပ်လိုက်တယ်။ ထို့နောက် သူမတို့ရဲ့ ကို့ယို့ကားယားအခြေအနေကြောင့် သူမ သူ့ကိုစကားပြောဖို့ရာ ရှက်နေသေးတယ်။ ဒါကြောင့် သူမက ကျိယန်ခြေထောက်ကို အမြန်ဆေးပြီးနောက် ကျိယန်ရေကူသယ်မပေးခင်မှာပဲ သူမဘာသာ သယ်သွားပြီး ရေသွန်လိုက်တယ်။ ထန်ထန်က သူမရဲ့ရှက်ရွံ့မှုတွေကို ဖြေဖျောက်နိုင်ဖို့အတွက် ရေချိုးခန်းထဲသို့အလောတကြီး ဝင်သွားတော့တယ်။

မှန်ထဲမှ နီရဲနေတဲ့ သူမမျက်နှာကိုကြည့်ပြီး သူမရင်ဘတ်ဆီသို့ အကြည့်ရွေ့လိုက်မိတယ်။ သူမရင်သားရဲ့ အဝေ့အဝိုက်တွေကိုမြင်ပြီး မနေနိုင်စွာနဲ့ပဲ အကျီကိုဆွဲကာ အတွင်းသို့ကြည့်လိုက်တယ်။ ခရမ်းရောင်အရာက သူမရဲ့ တောင်ပို့လေးနှစ်လုံးကိုတဝက်ဖုံးအုပ်ထားပြီး ကျန်တဝက်က အပေါ်သို့ဖော်ပြနေကာ လှုပ်ခါလို့နေတယ်။ သူမဆီမှာ ကျိယွဲ့လိုမျိုး အလယ်မှာ ခွဲကြောင်းလေးတောင်ရှိနေသေးတယ်။ အဲ့ဒါက ပေါက်စီသေးသေးလေးလိုပဲ… ဒါပေမယ့် ဘရာဝတ်ပြီးချိန်မှာတော့ ပေါက်စီကြီးတစ်လုံးလိုဖြစ်သွားတယ်။ ဘယ်လိုတောင်မှော်ဆန်တဲအတွင်းခံကို ကျိယွဲ့ သူမဆိုပို့ပေးလိုက်တာပါလိမ့်…

‘’ယောကျာ်းအားလုံးက ရင်သားကြီးတဲ့မိန်းမကို ကြိုက်ကြတယ်"

မသိလိုက်ဘာသာပဲ ကျီယွဲ့စကားကို ထန်ထန် သတိရသွားမိတယ်။ အဲဒီစကားတွေမှန်တယ်ဆိုတာ သူမ တွေးလိုက်မိတယ်။ မဟုတ်ရင် ကျိယန်ရဲ့ အပြုအမူတွေက ဒီလိုဘယ်ဖြစ်လိမ့်မလဲ… သူ သူမကို အရင်တုန်းက တခါမှ ကြည့်ဖူးတာမဟုတ်ပေ။ အရင်တုန်းက သူမပြားချပ်နေခဲ့လို့များ သူ့ဆီမှာ ခံစားချက်မရှိခဲ့တာလား…

အဲ့ဒါက အတော်လေးရှက်ဖို့ကောင်းတယ် ဆိုပေမယ့်လဲ သူမ အထိန်းတော်ရဲ့ သေတ္တာအောက်ဆုံးမှာသိမ်းထားတဲ့ အဝါရောင်စာအုပ်ကို တိတ်တဆိတ် ဖတ်ဖူးတယ်။  အဲ့ဒါက ထန်ထန်ကို ယောကျာ်းနဲ့ မိန်းမကြားက ကိစ္စတွေအား သိသွားစေတယ်။ သူတို့ အဲ့ဒါလုပ်နေချိန်မှာ အဝတ်တွေအားလုံးချွတ်ထားပြီး အမျိုးသားကလဲ အဲ့ဒါကိုကြည့်နေရုံမက ထိတွေ့နေသေးတယ်…

အဲ့အချက်ကိုတွေးမိပြီး ထန်ထန် မျက်နှာက နီရဲလာတယ်။ ထို့နောက် အောက်ဆုံးအံဆွဲထဲမှာ ထည့်ထားတဲ့ ခရင်ပုလင်းကို သူခိုးတစ်ယောက်လို ယူလိုက်တယ်။ ထို့နောက် ကျိယွဲ့ ပြောသလို အနည်းငယ်ယူလိုက်ပြီး နာရီလက်တံအတိုင်းလှည့်ကာ နှိပ်နယ်လိုက်တယ်။ ထန်ထန်က သူမကိုယ်သူမ နှိပ်နယ်ရင်းနဲ့ ဒါဟာအမျိုးသမီးတွေအတွက်လိုအပ်တာပဲလို့ စိတ်ထဲသတ်မှတ်ထားတယ်။ သူမက ကိုယ့်ကိုကိုယ် လှစ်ဟပြတဲ့ အဝတ်အစားတွေ ဝတ်တဲ့အပြင့် ရင်သားကိုပါ နှိပ်နယ်နေတဲ့အတွက် သူမ အထိန်းတော်သာ ဒါတွေကို သိသွားမယ်ဆိုရင် စိတ်ဆိုးလွန်းလို့ ထန်ထန်ကို သူမရဲ့သေသွားတဲ့မိခင်နဲ့အတူတူလှဲလျောင်းသည်အထိ အော်နေမှာဖြစ်တယ်။

နှိပ်နယ်ပြီးတဲ့နောက် သူမရင်သားတွေ ပူလာတယ်လို့ ခံစားနေရတယ်။ အဲ့ဒါက ခရင်ကြောင့်လား နှိပ်နယ်တာကြောင့်လား သူမ မသေချာပေ။ ပြီးတော့ အဲ့ဒါတွေက အနည်းငယ် ယောင်ယမ်းနေတယ်လို့လဲ ခံစားမိတယ်။ အဲ့ဒါက အနည်းငယ် မသက်မသာဖြစ်စေတယ်။ သူမ ကုတ်ခြစ်ချင်ပေမယ့်လဲ မသင့်လျော်တဲ့အတွက် စိတ်ကိုထိန်းချုပ်ထားရတယ်။ သူမစိတ်ကိုထိန်းနေရတဲ့အတွက် သူမမျက်နှာက အနီရောင်ပြောင်းလာတယ်။ အဲ့ဒါကိုတွေ့နေတဲ့ ကျိရှောင်ကျိုးက စိတ်ပူစွာနဲ့ သူမနဖူးကိုကိုင်ကာ

‘’ ဘာဖြစ်လို့လဲ မာမီ… မာမီဆီမှာ ***** ဖြစ်နေတာလား… ‘’

ကျိရှောင်ကျိုးရဲ့ အသံထွက်က အရွယ်တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် အလွန်အမင်းကို သာလွန်နေပြီးဖြစ်တယ်။ ဒါပေမယ့်လဲ ကောင်းကောင်းမွန်မွန် အသံထွက်နိုင်ဖို့ လိုအပ်နေတဲ့ တစ်ချို့စကားလုံးတွေတော့ ရှိနေဆဲဖြစ်တယ်။ ဉပမာ…. သူက လှပတယ်လို့ ပြောချင်ပေမယ့် အဲ့ဒါက ဖျားနာတယ်၊ အချဉ်ဖောက်တယ် စတဲ့ အဓိပ္ပာယ်လွဲစေတဲ့ စကားလုံးတွေထွက်ပေါ်လာတတ်တယ်။ အဲ့ဒါက လူတွေကို အလွယ်တကူအထင်လွဲစေနိုင်တယ် ။ အထူးသဖြင့် ရေချိုးခန်းထဲမှာ တစ်ခုခုလုပ်လာခဲ့တဲ့ ထန်ထန်အတွက် ရှက်ဖို့ကောင်းတယ်လို့ ခံစားမိစေတယ်။ ဒါကြောင့် ကျိရှောင်ကျိုးရဲ့ စကားတွေကိုကြားလိုက်ရတဲ့အခါသူမ ပိုပူလာသလို ခံစားလိုက်မိပြီး ကျိယန်ကိုလဲ လှမ်းမကြည့်ရဲတော့ပေ။

သူမရဲ့ တုန့်ပြန်မှုကိုကြည့်ရင် ကျိရှောင်ကျိုးက ပိုစိတ်ပူလာကာ သူ့နဖူးကိုစမ်းလိုက် သူမနဖူးကိုစမ်းလိုက် လုပ်နေတော့တယ်။ သူ့ထက် သူ့မာမီအပူချိန်များနေတာကို ခံစားလိုက်မိပြီး သူကချက်ချင်းပဲ စိုးရိမ်စွာနဲ့ အော်ဟစ်တော့တယ်

‘’ ဒယ်ဒီ … မြန်မြန်လာပါဉီး… ဒီမှာ မာမီက **** ဖြစ်နေတယ်’’

ကျိယန်လဲ ထန်ထန်ဖျားနေတယ်လို့ တကယ်ထင်လိုက်မိတဲ့အတွက် သူ့နှလုံးသားထဲက တုန်လှုပ်သွားမိတယ်။  ဒါကြောင့် ဘာကိုမှဂရုမစိုက်မိတော့ပဲ အလျင်အမြန်နဲ့ ထန်ထန် နဖူးမှအပူချိန်ကိုစမ်းလိုက်တယ်။

ထန်ထန်က အလောတကြီး ခေါင်းကိုယမ်းလိုက်ပြီး

‘’ မဟုတ်.. မဟုတ်ပါဘူး… ကျွန်မ မဖျားပါဘူး.. မျက်နှာက နည်းနည်းလေး နွေးနေရုံပါ… ရှောင်ကျိုးမှားပြောတာ…’’

‘’ မလှုပ်နဲ့ ‘’

ကျိယန်က အသံကိုနိမ့်ပြီး အော်လိုက်တယ်။ သူ့ရဲ့နောက်လက်တဖက်ကလဲ ထန်ထန် ခေါင်းကိုအနောက်မှကိုင်ထားကာ သူမရဲ့ လှုပ်ရှားမှုကို ထိန်းထားလိုက်တယ်။ ဒါကြောင့် သူမရဲ့ ခန္ဓာကိုယ်အပူချိန်ကို  သူသေချာခံစားလိုက်မိတယ်။

‘’အိုး…’’ ထန်ထန် မလှုပ်ရှားရဲတော့ပေ။ သူမရဲ့ ကျယ်လောင်နေတဲ့ ရင်ခုန်သံနဲ့အတူ တိတ်တဆိတ်နာခံစွာနဲ့ပဲ ကျိယန်ကိုသာ စမ်းသပ်စေလိုက်တယ်။

မိနစ်အနည်းငယ်ကြာပြီးတဲ့နောက် သူမ မဖျားဘူးဆိုတာ သေချာအောင် စမ်းသပ်လိုက်ပြီး

‘’ အင်း အဖျားမရှိဘူး’’

ထန်ထန် ရှက်ရွံ့စွာနဲ့ သူမ ခေါင်းကိုကုတ်လိုက်တဲ့အတွက် မရည်ရွယ်ပဲ သူမခေါင်းက ငှက်သိုက်လိုရှုပ်ပွသွားတော့တယ်။ သူမရဲ့ ရယ်စရာကောင်းတဲ့ပုံကြောင့် ကျိယန်ရယ်ချင်လာမိတယ်။ သူ ကျိရှောင်ကျိုးကိုလုပ်ပေးနေကျအတိုင်း မနေနိုင်တော့ပဲ သူမခေါင်းကို ပွတ်ပေးလိုက်မိတယ်

‘’ နေကောင်းတယ်ဆိုလဲ ပြီးတာပါပဲ.. အိပ်ယာထဲသွားပြီး အနားယူတော့… ကြမ်းပြင်ကအေးတယ် သတိထားဦး အအေးမမိစေနဲ့’’ ရာသီဉတုက ပိုအေးလာတာကြောင့် အပြင်မှာရပ်နေမယ်ဆိုရင် အလွယ်တကူဖျားနိုင်တယ်။

ကျိယန် စကားလုံးတွေကိုကြားပြီးနောက် ထန်ထန်က ဂုဏ်ယူစွာနဲ့

‘’ အဲ့လိုဖြစ်မှာမဟုတ်ပါဘူး… ကျွန်မက နွားတစ်ကောင်လိုသန်မာနေတာ.. တော်ရုံမဖျားတတ်ဘူး’’

အရင်ဘဝက ဆရာဝန်ကို အိမ်ပင့်ရတာခက်ခဲ့တဲ့အတွက် သူမ တော်ရုံမဖျားခဲ့ပေ။ သူမရဲ့ဘဝက မြက်ရိုင်းပင်လိုပဲ ကြမ်းတမ်းခဲ့တာဖြစ်တယ်။ ဒီကမ္ဘာသို့ရောက်လာပြီးတဲ့နောက်မှာလဲ သူမလုံးဝ မဖျားခဲ့ဖူးဘူး။ ကြည့်ရတာ သူမရဲ့အရင်ဘဝက ကောင်းမွန်တဲ့အကျင့်က ပါလာပုံပဲ။

ထန်ထန် စကားကိုကြားလိုက်ရတဲ့ ကျိရှောင်ကျိုးကလဲ စကားဝိုင်းအပြင်မှာမနေချင်တဲ့အတွက် သူ့ရင်ဘတ်လေးကို ပုတ်ပြရင်း

‘’ သားလဲ မဖျားဘူး… သားကျန်းမာရေးကလဲ နွားလိုပဲ သန်မာတယ်’’

သားအမိနှစ်ယောက်လုံး တပြိုင်းတည်း ပြုံးလိုက်ကြတယ်။ သူတို့ကိုယ်သူတို့ ဂုဏ်ယူနေတဲ့ အပြုံးနဲ့ပေါ့။

ကျိယန်က ကျိရှောင်ကျိုးရဲ့ ဝကစ်နေတဲ့ကိုယ်နဲ့ ထန်ထန်ရဲ့ ပိန်ပါးနေတဲ့ခန္ဓာကိုယ်ကိုကြည့်ပြီး ကျယ်လောင်စွာ အော်ရယ်မိတော့တယ်။

ကျိယန် ဒီလိုမျိုး ရှားရှားပါးပါးရယ်တာ သူမ မြင်ခဲတယ်။ သူက အချိန်တိုင်းလိုလို ခံစားချက်မရှိတဲ့အမူအယာရှိနေတတ်ပြီး ပြုံးရင်တေင် နှုတ်ခန်းထောင့်စွန်းလေးသာ လှုပ်ရုံလေးဖြစ်တယ်။ သူ ဒီလိုမျိုး အားပါးတရရယ်တာ အလွန်အမင်းကို ရှားပါးလွန်းတယ်။

သူမတို့တွေ ဟာသ တစ်ခုခုများပြောလိုက်မိလို့လား…

ကျိယန်က ရှင်းမပြပဲ သားအမိနှစ်ယောက်လုံးကို အိပ်ဖို့သာတိုက်တွန်းလိုက်တယ်

“ ဟုတ်ပါပြီ အခုတော့ အိပ်ကြရအောင်… ကိုယ် မီးပိတ်လိုက်မယ်…’’

ဘာစကားမှမဆိုပဲ ထန်ထန်နဲ့ ကျိရှောင်ကျိုး နှစ်ယောက်လုံး အိပ်ယာပေါ်သို့တက်ကာ လှဲလိုက်ကြတယ်။ ကျိယန် မီးပိတ်ပြီးတဲ့နောက် နှစ်ယောက်လုံး ငါးမိနစ်အတွင်း အိပ်ပျော်သွားတော့တယ်။ နှစ်ယောက်လုံးဆီမှ တည်ငြိမ်တဲ့ အသက်ရှုသံတွေ ထွက်ပေါ်လို့လာတယ်။

ကျိယန် ပြုံးရင်းခေါင်းကိုယမ်းလိုက်မိတယ်။ နှစ်ယောက်လုံးက မြန်မြန်အိပ်ပျော်သွားကြတာပဲ။ နှစ်ယောက်လုံးက ဘာအပူအပင်မှမရှိပဲ သက်သောင့်သက်သာနဲ့ အိပ်နေတာဖြစ်တယ်။ ဒါပေမယ့်လဲ ဒီလိုလေးကလဲ ကောင်းတဲ့အရာပါပဲလေ။

နောက်တစ်နေ့မနက် ထန်ထန် အိပ်ယာနိုးချိန်မှာတော့ ရာသီဉတုက သိပ်မကောင်းမှန်း သတိထားလိုက်မိတယ်။ ကောင်းကင်က မဲမှောင်နေပြီး အပူချိန်ကလဲ မနေ့ကထက်ပိုအေးနေတယ်။ တိုက်လာတဲ့ လေစိမ်းတွေကလဲ လူကိုတုန်ခိုက်သွားတယ်။ ကြည့်ရတာ မိုးရွာတော့မယ် ထင်တယ်။

ထန်ထန် အလျင်အမြန်ပဲ ကျိရှောင်ကျိုးကို အကျီအထူနဲ့ ခြေအိတ်အထူကိုပါ ဝတ်ပေးလိုက်တယ်။ ထို့နောက် ဂျင်းလက်ဖက်ရည်ဖျော်ပြီး ဓါတ်ဗူးထဲကိုထည့်ပေးလိုက်တယ်။ ကျောင်းမှာ အအေးမိခြင်းကို ကာကွယ်ရန် ရှောင်ကျိုးသောက်ဖို့ဖြစ်တယ်။ ကလေးငယ်လေးတွေက ရာသီပြောင်းလဲတာနဲ့ အအေးမိတတ်ကြတယ်လေ။

မှန်းထားတဲ့အတိုင်း နေ့လည်မှာတော့ မှိုင်းညှို့နေတဲ့ကောင်းကင်မှ မိုးရွာချတော့တယ်။ မိုးစက်တွေက မြေပေါ်သို့ အားပြင်းပြင်းနဲ့ကျနေပြီး ကျယ်လောင်တဲ့အသံတွေ ထွက်ပေါ်လာနေတယ်။ လေထုကလဲ အုံ့ဆိုင်းလာပြီး အရှေ့ကိုတောင်မြင်ရဖို့ ခက်ခဲနေတယ်။

မိုးကသည်းသည်းမဲမဲ ရွာချနေတဲ့အတွက် ထန်ထန် စိုးရိမ်စပြုလာတယ်။ အပြင်မှာ လေ့ကျင့်ရေးလုပ်နေတဲ့ ကျိယန်အတွက်လဲ စိုးရိမ်မိသလို ကျောင်းသွားနေတဲ့ရှောင်ကျိုးကိုလဲ ဖျားနာမှာ စိုးရိမ်နေမိတယ်။ သူမ အနေနဲ့အိမ်မှာသာ ထိုင်ပြီး မိုးရွာတာကို ကြည့်နေနိုင်တယ်။ အဲ့အချိန်မှာပဲ မိုးက အနည်းငယ်စဲသွားပြီဖြစ်တယ်။ တကယ်လို့ အပြင်ကလူသာဆိုရင် စိုရွဲနေလောက်ပြီး နေရခက်နောက်လောက်မယ်။

ရှောင်ကျိုးကို သွားကြိုခါနီးမှာတော့ သူမ အပြင်သို့ထွက်ရတော့မှာ အသေအချာပဲဖြစ်တယ်။ ဒါကြောင့် အိမ်အတွင်းကိုလှည့်ပတ်ကြည့်လိုက်ပြီးနောက် ထီးတစ်ချောင်းကိုတွေ့လိုက်တယ်။ မိုးကာနဲ့ ဘွတ်ဖိနပ်ကိုတော့ မတွေ့ပေ။ သူမ ဝယ်ဖို့မေ့သွားတာပဲ။

ရွေးချယ်စရာမရှိတဲ့အတွက် သူမ ထီးကိုသာယူကာ ရှောင်းကျိုးကို ကြိုဖို့ထွက်လာလိုက်တယ်။ အသေးလေးကို မိုးမိမှာလဲစိုးတဲ့အတွက် ရှောင်ကျိုးကိုဝတ်ပေးဖို့ရာ သူမရဲ့မိုးစိုခံမယ့် အဝတ်တချို့ကိုပါ ယူလိုက်တယ်။ ထို့နောက် သူမကိုယ်သူမလဲ လုံခြုံအောင်ဝတ်ကာ ရှောင်ကျိုးမူကြိုသို့ ထွက်လာခဲ့တယ်။

စိတ်ပူနေကြတဲ့ တခြားကလေးမိဘတွေလဲ ကျောင်းကိုစောရောက်နေကြပြီဖြစ်တယ်။ လူတွေအားလုံးကလဲ မိုးကာ ဘွတ်ဖိနပ်ဝတ်ဆင်ထားကြပြီး သူတို့ကလေးတွေအတွက်လဲ မိုးကာနဲ့ ဘွတ်ဖိနပ်ကိုယူလာကြတယ်။ ထန်ထန်လဲ နောက်တစ်ခါ အဲ့ဒါတွေကိုယူလာဖို့ သူမကိုယ်သူမ သတိပေးလိုက်တယ်။ ရာသီဉတုက ရုတ်တရက်ပြောင်းပြီး မိုးရွာလာတာဖြစ်တဲ့အတွက် သူမ အသေးလေးကို မိုးမိခံလိုမဖြစ်ပေ။

သူမ တွေးတောနေစဉ်မှာပဲ ကလေးတွေက ထွက်လာပြီး သူတို့မိဘတွေနဲ့ အတူပြန်ကုန်ကြပြီဖြစ်တယ်။ မူကြိုကလဲ မကြာခင်မှာပဲ အခန်းလွတ်ဖြစ်သွားတော့တယ်။ သို့သော်လဲ ရှောင်ကျိုးတစ်ယောက် ထန်ထန်နဲ့အတူ အိပ်ပြန်ဖို့ အလောတကြီးမဖြစ်နေပေ။ သူက ထန်ထန်လက်ကိုဆွဲကာ အခန်းထဲမှာ တစ်ယောက်ထဲကျန်နေတဲ့ ကလေးမလေးဆီသို့ လက်ညှိုးထိုးပြလိုက်ပြီး

‘’ မာမီ… ဆရာမစုက ဒီနေ့နားရက်ယူထားတယ်… ဝမ်နောင်ကို အိပ်ပြန်ပို့မယ့်သူ ဘယ်သူမှ မရှိဘူး.. သားတို့ သူ့ကို အိမ်ခေါ်သွားလို့ရမလား ’’

‘’ သူ့မ အိမ်က ဘယ်သူမှ မလာဘူးလား’’

ကျိရှောင်ကျိုးက နှုတ်ခမ်းဆူလိုက်ပြီး ခေါင်းကိုယမ်းကာ

‘’ အရင်ကတည်က ဘယ်သူမှ သူမကို လာမခေါ်ကြဘူး… အခုက မိုးအရမ်းရွာနေတာ.. သူမဘာသာ အိမ်ကိုတစ်ယောက်တည်းပြန်မယ်ဆိုရင် ဖျားလိမ့်မယ်… မာမီ သူ့ကို သားတို့အိမ်ကို ခေါ်သွားလို့ရမလား ‘’

ထန်ထန်က အဲ့ကလေးမလေးရဲ့ အခြေအနေကို သိပြီးဖြစ်တဲ့အတွက် အတော်လေး သနားမိတယ်။ ဒါပေမယ့်လဲ ကလေးတစ်ယောက်ကို ခွင့်ပြုချက်မရှိပဲ သူမခေါ်သွားပါက ကလေးမလေးအိမ်က ရှာမတွေ့လို့ စိတ်ပူနေလိမ့်မယ်။

မျက်လုံးအပြူးသားလေးနဲ့ သူမတို့ကိုငေးမောနေတဲ့ ကလေးမကိုကြည့်ရင်း ထန်ထန် သူမဆီသို့ လမ်းလျောက်သွားလိုက်တယ်။ ကလေးမခေါင်းကို ပွတ်ပေးလိုက်ရင်း နူးညံ့စွာနဲ့ ပြောလိုက်တယ်

“ နောင်နောင်… အန်တီ သမီးကိုခေါ်သွားလို့ရလား’’

ကလေးမလေးက ဗလာဖြစ်သွားပြီး အချိန်အတော်ကြာမှ ခေါင်းငြိမ့်လိုက်တယ် ။ သူမက အရမ်းချစ်ဖို့ကောင်းတာပဲ။

‘’ နောင်နောင်… အန်တီ သမီးအိမ်ကို လိုက်ပို့ပေးမယ်နော်… သမီးဘယ်မှာနေလဲ အန်တီကို ပြောပြပါလား..’’

ဒီတကြိမ်တော့ ကလေးမလေး ခေါင်းမငြိမ့်ပေ။ သူမက ထန်ထန် တိတ်ဆိတ်စွာနဲ့ စိုက်ကြည့်လို့နေတယ်။ ဒါပေမယ့် ထန်ထန်က ကလေးမလေးရဲ့ သနားစရာကောင်းပြီး အနည်းငယ်စိုစွတ်နေတဲ့ မျက်ဝန်းထဲက အကြည့်ကို သတိထားမိတယ်။

သူမ စိတ်မထိန်းနိုင်တော့ပဲ ကလေးမလေးကို ပွေ့ဖက်ရင်း ကျောကိုအသာပုတ်ပေးလိုက်ကာ

‘’ အိမ်ကို မပြန်ချင်ဘူးလား… နောင်နောင်..’’

ကလေးမလေးက ပြန်မဖြေပေ။ သူမက ထန်ထန်ရဲ့ ပွေ့ဖက်မှုကို နာခံစွာနဲ့ နည်းနည်းလေးတောင် မလှုပ်ပေ။ သူမက ယုန်ငယ်လေး တစ်ကောင်နဲ့တောင် တူနေတော့တယ်။

ကလေးမလေးရဲ့ အပြုအမူကိုကြည့်ပြီး ထန်ထန် နှလုံးသားနူးညံ့သွားတယ်။ ထန်ထန်က ရပ်လိုက်ပြီး တုန့်ဆိုင်းစွာနဲ့ မေးလိုက်တယ်

“ ဒါဆို နောင်နောင်က အန်တီတို့အိမ်မှာ လိုက်ဆော့ချင်လား…’’

သူမရဲ့ရင်ခွင်ထဲက ကလေးမက ခေါင်းငြိမ့်လိုက်တယ်။ အဲ့ဒါက သူမဖြစ်ချင်တဲ့ဆန္ဒဆိုတာ အသေအချာပဲ။

နောက်ဆုံးတော့ ထန်ထန်က မူကြိုဆရာမတစ်ယောက်ကို အကြောင်းကြားလိုက်တယ်။ ဒါမှပဲ နောင်နောင်ရဲ့ မိသားစုလာရှာတဲ့အခါ သူမလေး ဘယ်ဆီမှာမှန်း သိမှာဖြစ်တယ်။ ထို့နောက် ထန်ထန်က ကလေးနှစ်ယောက်ကို အိမ်သို့ခေါ်သွားတော့တယ်။ မိုးက သည်းသည်းမဲမဲ ရွာနေတဲ့အတွက် သူမ ယူလာတဲ့အဝတ်တွေကို ကျိရှောင်ကျိုးအား ဝတ်စေပြီး သူမ ဝတ်ထားတဲ့အပေါ်ဝတ်ကိုတော့ ကလေးမလေးကို ထုတ်ပေးလိုက်တော့တယ်။ ထို့နောက် ကလေးနှစ်ယောက်နဲ့ထန်ထန် အိမ်သို့ အမြန်ပြန်လိုက်တော့တယ်။

ထန်ထန်က မိုးရေတွေရွဲစိုနေပေမယ့်လဲ ကလေးနှစ်ယောက်ကတော့ သိပ်မစိုပေ။ သူမ အကျီတွေက မိုးရေတွေရွှဲနစ်နေပြီး သူမ ခန္ဓာကိုယ်ကလဲ အအေးဒဏ်ကြောင့် တုန်ရီနေတယ်။ ကျိရှောင်ကျိုးက စိုးရိမ်စွာနဲ့ သူမလက်ကိုဆွဲကာ

‘’ မာမီ .. အဆင်ပြေရဲ့လား…’

ဝမ်နောင်က သူမရဲ့ တခြားလက်တစ်ဖက်ကို တွဲထားတာဖြစ်တယ်။ ဝမ်နောင်ရဲ့မျက်ဝန်းတွေကလဲ စိုးရိမ်စွာနဲ့ ထန်ထန်ကို ကြည့်နေတယ်။

သူမ နှလုံးသားထဲမှ နွေးထွေးမှုကို ခံစားလိုက်မိပြီး ကလေးနှစ်ယောက်လုံးကို နမ်းလိုက်ကာ …

‘’ မာမီ အဆင်ပြေပါတယ်… အကျီလဲလိုက်ဖို့ပဲလိုတာ… ရှောင်ကျိုးက နောင်နောင်နဲ့ ဆော့နေနော်.. မာမီ ညစာလုပ်ပေးမယ်’’

ကျိရှောင်ကျိုးက ခေါင်းငြိမ့်လိုက်ပြီး

‘’ စိတ်မပူနဲ့ မာမီ… အကျီမြန်မြန်သွားလဲလိုက်တော့.. အအေးမမိစေနဲ့ဉီး’’

ထန်ထန် ရေချိုးခန်းထဲသို့ အမြန်ဝင်က ရေပူနဲ့ချိုးပြီးတဲ့နောက် အတော်လေး နေလို့ကောင်းသွားတယ်။ သူမက ကလေးနှစ်ယောက်ကို ကြည့်လိုက်တော့ ကော်ဇောပေါ်မှာ အရုပ်နဲ့ အတူတူဆော့နေတာကို တွေ့လိုက်တယ်။ ကျိရှောင်ကျိုးက အရုပ်တွေဆက်ထားတာကို ဖြုတ်နေပြီး ဝမ်နောင်က ကြည့်နေတယ်။ ရှောင်ကျိုးက အရုပ်တွေဖြုတ်ပြီးတဲ့နောက် ဝမ်နောင်ဘက်သို့အားလုံးကို ပို့လိုက်တယ်။ ထို့နောက် ဝမ်နောင်က စတင်လှုပ်ရှားလာပြီး အပိုင်းအစလေးတွေအားလုံးကို အတူတကွဖြစ်အောင် ပြန်ဆက်နေတယ်။

ထန်ထန် ပြုံးလိုက်တယ်။ သူမက ကလေးနှစ်ယောက်အတွက် မုန့်တွေယူပေးလိုက်ကာ မီးဖိုချောင်သို့ ပြန်ဝင်သွားတော့တယ်။ ညစာ အဆင်သင့်ဖြစ်ချိန်မှာတော့ ကလေးတွေက ပျော်ရွှင်စွာနဲ့ ဆော့နေတုန်းဖြစ်တယ်။ ကလေးတွေက တစ်စစီဖြုတ်ထားတဲ့အပိုင်းအစလေးတွေကို အရုပ်အဖြစ်သို့ဆက်ပြီးဖြစ်ကာ နောက်တစ်ခုကို ထပ်ဆက်ဖို့ ပြင်နေကြတာဖြစ်တယ်။

ကလေးမလေးက ပုံမှန်ဆို အလွန်အမင်းမှကို နှေးကွေးတာဖြစ်တယ်။ ဒါပေမယ့် အရုပ်တွေဆက်တဲ့နေရာမှာတော့ အတော်လေးကို လျင်မြန်တယ်။ အဲ့ဒါက သူမ အနေနဲ့ဘာမှတွေးစရာမလိုပဲ အပိုင်းအစတွေကို တန်းဆက်လိုက်သလိုဖြစ်တယ်။ သူမက အရမ်းကို အာရုံစိုက်နေပုံပေါ်တယ်။

Xxxx

Part 47

ထန်ထန် စိတ်ဝင်စားစွာနဲ့ သူတို့ဆော့နေတာကို ကြည့်နေမိတယ်။ ကလေးမလေးက ပိုပိုပြီး လျင်မြန်လာတယ်။ အဆုံးမှာတော့ အဲ့ဒါက သုံးမိနစ်အတွင်း ဆက်လို့ပြီးသွားတာဖြစ်တယ်။

ထန်ထန် အံ့ဩသွားပြီး

‘’ နောင်နောင်… သမီးက တော်လိုက်တာ… မစဉ်းစားပဲနဲ့ ဘယ်လိုတောင် အရုပ်တွေ မြန်မြန်ဆက်နိုင်တာလဲ…’’

အဲ့ဒါက သူမ မနေ့ကမှ ဝယ်ပေးလိုက်တဲ့ အရုပ်ဖြစ်တယ်။ အဲ့ကလေးမလေးက အဲ့အရုပ်ကိုမဆော့ဖူးပေ။ သူမက ခဏလောက်ကြည့်လိုက်ရုံနဲ့ အားလုံးကိုပြန်ဆက်နိုင်တယ်။ သူမက မြန်ရုံတင်မက မှတ်ဉာဏ်လဲကောင်းပုံရတယ်။

အရင်က ကျိရှောင်ကျိုးကို အရမ်းတော်နေပြီလို့ သူမတွေးထားတာဖြစ်တယ်။ ဒါကြောင့် ဒီကလေးမလေးကိုလဲ အဲလို့တော်မယ်လို့ သူမ မထင်မိပေ။ ဒီကမ္ဘာက ကလေးတွေက အရမ်းလန့်ဖို့ကောင်းတာပဲ။

ချီးကျူးမှုကြောင့် ဝမ်နောင် မျက်ဝန်းထဲ ပျော်ရွှင်မှုအလင်းတန်းလေး ဖြတ်ပြေးလို့သွားတယ်။ သူမရဲ့ ကြီးမားတဲ့မျက်ဝန်းက လှုပ်ခါသွားပြီး ထန်ထန်ကို ကြည့်နေတယ်။ 'သူမက အရမ်းကို ချစ်ဖို့ကောင်းတာပဲ'

အဲ့အချိန်မှာပဲ ကျိယန် ပြန်ရောက်လာပြီဖြစ်တယ်။ သူက အိမ်မှာ လူအပိုတစ်ယောက်ကို တွေ့လိုက်လို့ အံ့ဩသွားတယ်။ နောက်မှ အဲ့ကလေးမလေးကို ဘယ်သူမှန်း သိသွားတယ်။ သူက ဘာမှမပြောပဲ ပုံမှန်လမ်းလျောက်ကာ မေးလိုက်တယ်

‘’ ဘာတွေ ဆော့နေကြတာလဲ…’’’

ထန်ထန်က ချက်ချင်းပဲ ကျိယန်ကို ပုံစံတူအရုပ်ပြလိုက်ကာ

‘’ ကြည့်ပါဉီး ယောကျာ်း… ရှောင်ကျိုးက ဒီအရုပ်ကိုဖြုတ်လိုက်ရုံပဲရှိသေးတယ် နောင်နောင်က သုံးမိနစ်အတွင်း ပြန်ဆက်နိုင်တယ်… အရမ်းအံ့ဩဖို့ မကောင်းဘူးလား’’

ကျိယန်လဲ အံ့ဩသွားပြီး ရှုပ်ထွေးလှတဲ့ ပုံစံတူအရုပ်ကိုကြည့်လိုက်တယ်။ ထို့နောက် ကလေးမလေးကိုကြည့်လိုက်တယ်။ ဒီလောက်ရှုပ်ထွေးတဲ့ ပုံစံတူအရုပ်ကို ကလေးမလေးက သုံးမိနစ်တည်းနဲ့ပြန်ဆက်ပြီး တည်ဆောက်နိုင်မယ်ဆိုတာ သူ မျှော်လင့်မထားမိဘူး။ မကြာခဏ အဲ့ဒါတွေ ဆောက်တတ်တဲ့ သူတောင်မှ မလုပ်နိုင်ပေ။

‘’ တကယ် အံ့ဩဖို့ကောင်းတာပဲ’’

ကျိယန်က ကလေးကိုမြှောက်ပြောတာမဟုတ်ပေ။ သူက ရိုးရိုးသားသား အမှန်အတိုင်းပြောတာဖြစ်တယ်။ ဒီအပိုင်းအစတွေကို မူလအတိုင်းပြန်တည်ဆောက်ဖို့ဆိုတာ အရမ်းကောင်းတဲ့ မှတ်ညဏ်ရှိဖို့နဲ့ သန်မာတဲ့လုပ်နိုင်စွမ်းလိုတယ်။ ဒီလိုအရာမျိုးက နေ့စဉ်လေ့ကျင့်ရုံနဲ့ ရလာတာမျိုးမဟုတ်ပေ။ အဲ့ဒါက ပါရမီ လိုတာဖြစ်တယ်။ ကလေးမလေးရဲ့ စွမ်းရည်ကတော့ သာမန်ကိုကျော်လွန်နေတာဖြစ်မယ်။

ကျိယန်က အဲ့ဒါကို ကလေးတွေဆော့နေရုံပဲလို့ မသတ်မှတ်ပေ။ သူက ကလေးမလေးရဲ့ စွမ်းရည်ကိုတွေ့ရှိပြီးဖြစ်တဲ့အတွက် သူမရဲ့ပါရမီကို ဒီအတိုင်းကျော်သွားဖို့ မဖြစ်နိုင်ပေ။ 'အဲ့ဒါကို ပျိုးထောင်ပေးဖို့လိုတယ်'

ခဏလောက်တွေးပြီးနောက် ကျိယန်က အိပ်ခန်းထဲသို့တန်းဝင်ကာ စာအုပ်စင်ပေါ်မှ စစ်သဘော်ပုံစံတူအရုပ်ကို ယူလိုက်တယ်။ အဲ့ဒါက ပုံစံတူအကြီးစားဖြစ်တယ်။  အဲ့ပုံစံတူက တစ်မီတာကျယ်ပြီး မီတာဝက်ရှည်တယ်။ ပုံစံနဲ့တည်ဆောက်ပုံက တကယ့်အစစ်အတိုင်းဖြစ်တယ်။ ပြီးတော့ အတွင်းပိုင်းမှ အခြေခံတွေကလဲ တစ်ခုနဲ့တစ်ခု ဆက်စပ်ထားတာဖြစ်တယ်။ အဲ့ဒီပုံစံတူက တကယ်ကိုပဲ ရှုပ်ထွေးလှတယ်။ ကျိယန် အဲ့ဒီ စစ်သဘော်ပုံစံတူကို တည်ဆောက်ဖို့အတွက် အချိန်တစ်လခန့်ကြာမြင့်ခဲ့တယ်။

ဘာစကားမှမဆိုပဲ ကျိယန်က အဲ့ဒီပုံစံတူကို တစစီဖြုတ်နေတယ်။ ထန်ထန် အံ့ဩသွားတယ်။

‘’ ယောကျာ်း… ဘာလို့ အဲ့ဒါတွေကို ရုတ်တရက်ကြီးဖြုတ်နေတာလဲ’’

ကျိယန်က ဖြုတ်နေရင်းနဲ့ ရှင်းပြတယ် “ ကိုယ်က နောင်နောင်ကို ဒီဟာပြန်ဆက်ကြည့်စေချင်လို့’’

‘’ အဲ့ဒါက….’’

ကျိယန်နောက်နေတယ်လို့ ထန်ထန် ထင်လိုက်မိတယ်။ 'ဒီဟာက ကလေးကစားစရာလို မလွယ်ဘူးလေ... ကလေးတစ်ယောက်က ဒီလိုကြီးမားတဲ့ပုံစံတူကို ပြန်ဆောက်နိုင်ပါ့မလား… ပြီးတော့ အဲ့ကလေးက ဒါကိုထိတွေ့ဖူးတာလဲမဟုတ်ပဲနဲ့….'

တုန့်ပြန်ချက်အနေနဲ့ ကျိရှောင်ကျိုးက စိတ်လှုပ်ရှားစွာနဲ့ ဝမ်နောင် ခေါင်းကိုထိလိုက်ရင်း

‘’ နောင်နောင်… နင်အဲ့ဒါကို ကောင်းကောင်းပြန်ဆက်ရမယ်နော် အိုကေ…’’

ဝမ်နောင်က နာခံစွာနဲ့ ခေါင်းငြိမ့်လိုက်တယ်။ ထို့နောက် သူမက ကျိယန် တစစီဖြုတ်နေတဲ့ ပုံစံတူကို မျက်တောင်မခတ်ပဲ ကြည့်နေတယ်။ ကျိယန်က သူ့ရဲ့လှုပ်ရှားမှုကို ပုံမှန်အမြန်နှုန်းနဲ့ပဲ ဖြုတ်နေတာဖြစ်တယ်။ နာရီဝက်ခန့်ကြာပြီးနောက် ကြီးမားတဲ့အပိုင်းအစတွေက ကြမ်းခင်းပေါ်မှာ အပုံလိုက် ပြန့်ကျဲနေတယ်။ အဲ့မြင်ကွင်းကိုကြည့်ရင်း ထန်ထန် ခေါင်းမူးလာတယ်။

ဝမ်နောင်က ကြမ်းခင်းမှ အပိုင်းအစအပုံလိုက်ကြီးကိုကြည်ပြီး စိုးရိမ်စိတ်ကင်းစွာနဲ့ စတင်ဆက်တော့တယ်။

အမြန်ပဲ ထန်ထန်က ကလေးမလေးကို ချီလိုက်ကာ

‘’ နောင်နောင်… အန်တီတို့ အခုညစာစားမှဖြစ်တော့မယ်.. မဟုတ်ရင် ဟင်းတွေအေးကုန်လိမ့်မယ်… စားပြီးမှပဲ ပြန်ဆောက်ပေါ့နော်… အိုကေ’’

ဝမ်နောင်က ကြမ်းခင်းမှ အပိုင်းအစတွေကိုကြည့်လိုက်တယ်။ သူမက တွန့်ဆုတ်တဲ့အမူအယာဖြစ်သွားပေမယ့်လဲ အဆုံးမှာတော့ ခေါင်းငြိမ့်လိုက်တယ်။

ထန်ထန်က ကလေးမလေးကို ထမင်းစားပွဲက ထိုင်ခုံပေါ်သို့ ချီသွားလိုက်တယ်။ သူမ အားအင်အများကြီး မစိုက်ထုတ်လိုက်ရပေ။ အဲ့ဒါက ကလေးမလေးက ဘယ်လောက်တောင် ပေါ့ပါးနေလဲဆိုတာပဲ။ ထန်ထန်က ကလေးမလေးအတွက် ထမင်းအပြည့် ဇလုံထဲထည့်ပေးလိုက်တယ်

‘’ နောင်နောင်… သမီးက အရမ်းပိန်တာပဲ… များများစားဖို့လိုတယ်… ရှောင်ကျိုးလို ဝဝကစ်ကစ်လေးဖြစ်လာမယ်ဆိုရင် ပိုကောင်းမယ်’’

ဝမ်နောင်က ကျိရှောင်ကျိုးက လှမ်းကြည့်လိုက်တယ်။ သူမလဲ အဲ့လိုဝနေတာက ပိုကောင်းတယ်လို့ထင်တယ်။ ဒါကြောင့် ခေါင်းငြိမ့်ကာ ပါးစပ်ထဲသို့ ထမင်းအပြည့်ထည့်လိုက်တယ်။

ထန်ထန်က ကျိယန်ဘေးမှာထိုင်လိုက်ပြီး အချိန်ကို လှမ်းကြည့်လိုက်တော့ ၈ နာရီခွဲနေပြီဖြစ်တယ်။ အချိန်တွေ ဒီလောက်ကြာနေတာတောင် ဘယ်သူမှ ကလေးမလေးကို လာမရှာကြဘူး.. 'အိမ်မှာ ကလေး မရှိတာ ဘယ်သူမှ သတိမထားမိကြဘူးလား…'

ထန်ထန် စိတ်ထဲ အတော်လေးမနှစ်မြို့သလို ခံစားမိတဲ့အတွက် မနေနိုင်ပဲ ကျိယန်ကိုမေးလိုက်တော့တယ်

‘’ ယောကျာ်း… အခုချိန်ဆို လူတိုင်းအိမ်ပြန်ရောက်လောက်ပြီ မဟုတ်လား…’’

ကျိယန်က ထန်ထန် ဘာမေးချင်လဲဆိုတာ နားလည်ပြီးဖြစ်တယ်။ သူက နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပြီး

‘’ မစ်ရှင်လုပ်နေတဲ့သူနဲ့ ညဘက်လေ့ကျင့်ရေး လုပ်နေတဲ့လူတွေကလွဲလို့ပေါ့’’

‘’ အိုး... ‘’ ထန်ထန်က ပြန်ဖြေလိုက်ပြီး ယဉ်ကျေးစွာနဲ့ ထမင်းစားနေတဲ့ ကလေးမကို လှမ်းကြည့်လိုက်တယ်။ သူမ တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ဒီကလေးမလေးကို ဘယ်သူမှ လာမခေါ်တော့ဘူးဆိုတာ နားလည်လိုက်တယ်။ ဒါဆို အဲ့ကလေးကို ဒီမှာပဲ ညသိပ်လိုက်တာပေါ့။

ညစာစားပြီးတဲ့နောက် သူမလေးက အလျင်အမြန်ပဲ စစ်သဘော်ပုံစံတူကို အပြေးအလွှားဆက်တော့တယ်။ ကျိယန်၊ ကျိရှောင်ကျိုးနဲ့ ထန်ထန်ကတော့ ဘေးမှထိုင်ပြီး သူမအလုပ်ကို ကြည့်နေတော့တယ်။

စောနကလိုပဲ ကလေးမလေးက လျင်မြန်စွာနဲ့အပိုင်းအစတွေကို တုန့်ဆိုင်းခြင်းမရှိ ပြန်ဆက်နေတယ်။ မကြာခင်မှာပဲ အမြှောက်အပိုင်းက ဆက်လို့ပြီးသွားတယ်။ ထန်ထန်က စိတ်လှုပ်ရှားစွာနဲ့

‘’ ယောကျာ်း… နောင်နောင်က လုံးဝအံ့ဩဖို့ကောင်းတယ်နော်’’

ကျိယန်က ‘’ အင်း ‘’ လို့သာ တုန့်ပြန်လိုက်တယ်။ သူ ဝမ်နောင်ကိုကြည့်ရင်း သူမရဲ့ကွာခြားချက်တွေကို တွေ့လာတယ်။ ကျိယန် သူမရဲ့လုပ်ကိုင်ပုံကိုကြည့်ရင်း ဒီကလေးမလေးက ပြန်ဆက်တဲ့နေရာမှာတင်တော်ရုံမကပဲ မတူညီတဲ့အရာတွေကိုပြန်ဆက်စပ်တဲ့ မွေးရာပါစွမ်းရည် ရှိနေတာကိုပါ သတိထားမိတယ်။ သူမ မသိတဲ့အရာတွေအများကြီး ဒီပုံစံတူထဲမှာပါတာတောင် သူမက မှန်မှန်ကန်ကန် ပြန်ဆက်စပ်နိုင်တယ်။

အဲ့ဒါက ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းရည်ပဲ။ 'တကယ်လို့ သူမသာ ဒီစွမ်းရည်ကို ကမ္ဘာ့အကောင်းဆုံး စစ်သဘော် ဒါမှမဟုတ် အနာဂါတ်လက်နက်တွေ အပေါ်မှာသာ အသုံးချမယ်ဆိုရင်… တစ်နိုင်ငံလုံးတော့…'

ဒီကလေးမလေးက တကယ်ကို ပျိုးပင်ကောင်းလေး တစ်ပင်ပဲ။ သူမကိုသာ ကောင်းကောင်းပျိုးထောင်ပေးနိုင်မယ်ဆိုရင် သူမက နိုင်ငံအတွက် အရေးကြီးတဲ့သူတစ်ယောက် ဖြစ်လာနိုင်တယ်။ သူမက သူရဲ့ယူတနစ်တစ်ခုစာထက်တောင် ပိုပြီးအဖိုးတန်နိုင်တယ်။

‘’ညဏ်ကြီးရှင်’’ ဒီစကားက သူ့စိတ်ထဲမှ ရုတ်တရက်ထွက်ပေါ်လာတယ်။ ပြီးတော့ ကျိယန် ဒီစကားလုံးကို တခါမှ ကျိရှောင်ကျိုးအပေါ်မှာ မသုံးဖူးပေ။

အဲ့အချိန်မှာပဲ အိမ်ရှေ့တံခါးမှ အသံကြားလိုက်ရတယ်။ ပုံစံတူပြန်ဆက်နေတဲ့ ဝမ်နောင် မှလွဲပြီး ကျန်တဲ့သုံးယောက်လုံးက ကြားလိုက်ရတယ်။ ကျိယန်က မတ်တပ်ရပ်ဖို့ပြင်နေတဲ့ ထန်ထန်ကိုတားလိုက်ပြီး တံခါးဖွင့်ဖို့ ထွက်သွားလိုက်တယ်။ တံခါးအပြင်မှာ ရပ်နေတဲ့သူက ကျိယန်ကို မအံ့ဩစေပေ။

‘’ ဗိုလ်ကြီး ဝမ်’’

ဝမ်ကျန်းရိ က ကျိယန်ကို ခေါင်းငြိမ့်ပြရင်း အဓိကအချက်ကို တန်းပြောလိုက်တယ်

“ ကျိယန်.. ငါ့သမီးဒီမှာရှိတယ်ကြားလို့ လာခေါ်တာ…’’

ကျိယန်က ရှင်းပြလိုက်တယ်

“ ကျောင်းဆင်းတဲ့အထိ မူကြိုမှာကလေးကို လာကြိုမယ့်သူဘယ်သူမှ မရှိဘူး… မိုးကလဲ အရမ်းသည်းနေတယ်… ပြီးတော့ ငါ့ဇနီးကလဲ မင်းရဲ့အိမ်ကိုမသိတာနဲ့ ကလေးကိုငါ့အိမ်ပဲခေါ်လာလိုက်တာ’’

အနည်းငယ် ရှက်ရွံ့မှုက ဝမ်ကျန်းရီ မျက်ဝန်းထဲဖြတ်ပြေးလို့သွားတယ်။ သူ ဒီနေ့ အိမ်ပြန်ရောက်တာနောက်ကျတယ်။ ပြီးတော့ အချိန်အတော်အကြာ ဝမ်နောင်ကို မတွေ့တော့မှ သူမ ပျောက်နေမှန်း သူ သတိထားမိတာဖြစ်တယ်။ သူ့ဇနီးကိုမေးတော့ ဝမ်နောင် ပြန်မလာသေးတာကိုသိလိုက်ရတယ်။ ဒါကြောင့် သူ အလောတကြီးလိုက်ရှာနေတာဖြစ်တယ်။ မူကြိုက အစောကြီးကတည်းက ပိတ်သွားပြီဖြစ်တဲ့အတွက် အဲ့ဒီမှာ ဘယ်သူမှ မရှိတော့ဘူး။  ဝမ်ကျန်းရီ ဆရာမလိပ်စာကိုမေးကာလိုက်သွားပြီးနောက် ဆရာမက ဝမ်နောင်ရှိတဲ့နေရာကို ပြောလိုက်မှသာ သူ ဒီကိုရောက်လာခြင်းဖြစ်တယ်။

သူ့ဇနီးက ဝမ်နောင်ကို သဘောမကျဘူးဆိုတာ သူအမြဲတမ်းသိတယ်။ ဒီကလေးက သူတို့တွေရဲ့ ဆက်ဆံရေးကို တစ်ကြိမ်ပြတ်ဆဲဖူးကြောင်း သက်သေပြနေတဲ့ အတွက်ဖြစ်တယ်။ သူ့ဘက်မှ စပြီးမှားခဲ့တာဖြစ်တဲ့အတွက် အရာအားလုံးကို မျက်စိမှိတ်ထားပေးခဲ့တယ်။ ဝမ်နောင်ရဲ့ ထူးဆန်းတဲ့အပြုအမူကလဲ သူမအား သဘောကျချင်စဖွယ် မကောင်းပေ။ အဖေဖြစ်တဲ့ သူတောင်မှ သူမကို သိပ်သဘောမကျပေ။ ဒါကြောင့် ဝမ်ကျန်းရီက သူ့ဇနီးကိုလဲ ဝမ်နောင်အပေါ် ကောင်းပေးဖို့ရာအတွက် တခါမှ မပြောဖူးပေ။ အရမ်းကြီး ဆိုးမလာသ၍ အဆင်ပြေဆဲဖြစ်တယ်။ ဒါပေမယ့် အဲ့အထဲမှာတော့ သူ့ရဲ့သွေးသားဖြစ်တဲ့ သူမကိုပျောက်ဆုံးသွားတဲ့ အထိတော့ မပါဝင်ပေ။

‘’ ငါ မရီးကိုတကယ်ပဲ ကျေးဇူးတင်ပါတယ်… ငါ့ဇနီးက အိမ်မှာကလေးထိန်းနေရတယ်… ကလေးကလဲ ငယ်သေးတော့ လက်လွှတ်လို့မရဘူးလေ… အဲ့ဒါကြောင့် ဝမ်နောင်ကို အချိန်မီ မကြိုနိုင်တာပဲ… ကံကောင်းလို့ပေါ့… မင်းဇနီးက ခေါ်သွားပေးလို့’’

ကျိယန် ဘာမှ မှတ်ချက်မပေးပေ။ သူက ဝမ်ကျန်းရီ ဝင်လို့ရအောင် ဘေးသို့ကပ်ပေးလိုက်တယ်။

ဝမ်ကျန်းရီ အိမ်ထဲသို့ ဝင်လိုက်စဉ်မှာပဲ ကော်ဇောပေါ်မှာထိုင်ပြီး ကြီးမားတဲ့ပုံစံတူအပိုင်းအစတွေကို ဆက်နေတဲ့ ဝမ်နောင်ကို တွေ့လိုက်ရတယ်။ သူ့အမူအယာကလဲ အဆိုးဘက်သို့ ချက်ချင်းပြောင်းသွားပြီး အော်လိုက်တယ် ‘’ ဝမ်နောင်… ဘာလို့ ပစ္စည်းတွေကို လက်လွတ်စပယ် ဖျက်စီးနေပြန်တာလဲ…’’

သူ့ရဲ့အော်သံက ပုံစံတူကို စွဲလမ်းစွာနဲ့ပြန်ဆက်နေတဲ့ ဝမ်နောင်ရဲ့ အာရုံကိုလက်ရှိသို့ ပြန်ရောက်လာစေတယ်။ သူမက သူ့အဖေကိုမြင်လိုက်စဉ်မှာပဲ ကြောက်ရွံ့မှုကမျက်ဝန်းထဲမှာ ဖြတ်သန်းသွားကာ လက်ထဲမှ ဆက်လက်စ အပိုင်းအစလေးက ပြုတ်ကျလို့သွားတယ်။

ကလေးမလေးရဲ့ လက်ရှိအခြေအနေကို မြင်လိုက်ရတဲ့ထန်ထန်က ချက်ချင်းပဲ သူမရင်ခွင်ထဲသို့ ထွေးပွေ့ထားကာ ဝမ်ကျန်းရီကို ရှင်းပြလိုက်တယ်

‘’ သူမက ပစ္စည်းတွေကို လက်လွတ်စပယ် ဖျက်စီးနေတာမဟုတ်ပါဘူး… ကျွန်မတို့က သူ့ကို ပေးကစားထားတာပါ… သူမကို အရမ်းမအော်ပါနဲ့… သူမက ကလေးပဲရှိသေးတယ်..’’

ဝမ်ကျန်းရီက ထန်ထန် စကားတွေကို မယုံပေ။ သူက ကျိယန်ဘက်သို့လှည့်ပြီး တောင်းပန်စကားဆိုလိုက်တယ်

‘’ အာ… ငါတောင်းပန်ပါတယ်… မင်းမိသားစုကို အနှောက်အယှက်ပေးမိပြီ… ဒီကလေးမက အမြဲပဲ အရာဝထ္တုတွေကို ဆုတ်ဖြဲရတာကြိုက်တယ်… အိမ်မှာလဲ သူမ လုပ်ထားတာတွေ အများကြီးပဲ… သူမကို ငါတို့ခဏခဏဆုံးမပေမယ့်လဲ အသုံးမဝင်ပါဘူးကွာ... အခုတော့ အိမ်မှာမလုပ်ပဲ မင်းအိမ်မှာ လာလုပ်နေတော့တာပဲ’’’

သူက ဆက်ပြောလိုက်တယ်

‘’ သူမ ဖျက်ဆီးခဲ့တာတွေက ဘယ်လောက်ကျလဲ… ငါပြန်လျော်ပေးပါ့မယ်’’

‘’ မလိုပါဘူး’’ ကျိယန်မျက်ဝန်းတွေက မည်းနက်လို့နေတယ်။ သူ့အသံက အစကလောက် မကောင်းတော့ပဲ ‘’ ငါ့ဇနီးပြောတာ အမှန်ပဲ… အဲ့ပုံစံတူကို ငါဖျက်ပြီး ဝမ်နောင် ပြန်ဆောက်လို့ရအောင် လုပ်ပေးလိုက်တာ… အဲ့ဒါကြောင့် လျော်ပေးဖို့မလိုဘူး ပြီးတော့  ကလေးကို အဲ့လောက်ထိမအော်ပါနဲ့"

ဝမ်ကျန်းရီ ဗလာဖြစ်သွားတယ်။ သူက ကို့ယို့ကားယားနဲ့  ပြုံးလိုက်ပြီး ‘’ အဲ့လိုလား.. ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်… အချိန်လဲ မနည်းတော့ဘူး ငါသူ့ကို အိမ်ပြန်ခေါ်သွားတော့မယ်’’

ဝမ်ကျန်းရီက ပြောပြီးတာနဲ့ ကလေးမကိုချက်ချင်းပဲချီကာ တံခါးဝဆီသို့ လျောက်သွားလိုက်တယ်။ ဝမ်နောင်က သူမအဖေပုခုံးပေါ်မှကျော်ကာ သူမရဲ့ဆောက်လက်စ စစ်သဘော်ကိုကြည့်ပြီး ကျိရှောင်ကျိုးဆီသို့ အကြည့်ရောက်သွားတယ်။

ကျိရှောင်ကျိုးက ဝမ်ကျန်းရီနောက်မှ လိုက်သွားပြီး ‘’ နောင်နောင်… နင်လိမ်မာရမယ်နော်… အိမ်ပြန်ပြီး အိပ်တော့ ပြီးမှ မနက်ဖြန်ကျရင် ငါနင်နဲ့အတူတူဆော့မယ် အိုကေ…’’

ကလေးမလေးက နာခံစွာနဲ့ ခေါင်းငြိမ့်လိုက်တယ်။

‘’ စိတ်မပူနဲ့.. ဒီအပိုင်းအစတွေအကုန်လုံးကို ငါသိမ်းထားပေးမယ် ပြီးတော့ နောက်တခေါက်မှာ နင်ကဆက်ဆောက်ပေါ့’’

ကလေးမလေး မျက်ဝန်းတွေက တောက်ပသွားတယ်။ သူက ချစ်စဖွယ်ကောင်းစွာနဲ့ ကျိရှောင်ကျိုးကို လက်ယမ်းပြီး နှုတ်ဆက်လိုက်တယ်။

ကျိရှောင်ကျိုးက ဝင်ပေါက်အထိလိုက်သွားတယ်။ သူမြင်ကွင်းထဲက ပျောက်သွားတဲ့အထိ လိုက်ကြည့်နေပြီးမှ ပြန်လှည့်လာတယ်။ သူ့မျက်နှာက အလေးအနက်နဲ့ဖြစ်နေပြီး သက်ပြင်းချလိုက်တယ်။

‘’ ဘာဖြစ်လို့လဲ ပေါင်ပေါင်… နောင်နောင့်ကို လွမ်းလို့လား…’’

ကျိရှောင်ကျိုးက ခေါင်းကိုယမ်းလိုက်ပြီး စိတ်မချတဲ့လေသံနဲ့

‘’ မာမီ… နောင်နောင် ဒယ်ဒီက သူမအပေါ် ကောင်းကောင်းမဆက်ဆံဘူးထင်တယ်နော်… သူက အခုလေးတင် သူမကိုအော်လိုက်တယ်.. သားဒယ်ဒီသာဆိုရင် အဲ့လိုလုပ်မှာမဟုတ်ဘူး’’

ဟုတ်တာပေါ့… ဝမ်ကျန်းရီ သူ့သမီးအပေါ် သိပ်ဂရုမစိုက်တာ သူမလဲသတိထားမိတယ်။ ဒါပေမယ့် ဒီအချိန်မှာ အကောင်းဆုံး ဘာပြောသင့်လဲဆိုတာ သူမလဲ မသိတော့ပေ။ မိဘတွေက သူတို့သားသမီးအပေါ် ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ အပြင်လူတွေက ဝင်ပါလို့ကောင်းတဲ့အရာမဟုတ်ပေ။ မချစ်မနှစ်သက်တဲ့ အမျိုးသမီးနှစ်ယောက်လုံးဆီမှမွေးဖွားလာတဲ့  ကလေးတွေချင်းအတူတူ ဝမ်ကျန်းရီက သူ့ကလေးအပေါ် ဂရုမစိုက်ပေ။ ကျိယန် ကတော့ သူ့ရဲ့ကလေးကိုချစ်တဲ့အပြင့် ကလေးကြောင့် ကွာရှင်းခွင့်တောင်မလုပ်ခဲ့ပေ။

ဒါက လူနှစ်ယောက်ကြားက ကြီးမားတဲ့ ကွာခြားချက်ဖြစ်တယ်။

ကျိရှောင်ကျိုးက ကြမ်းခင်းပေါ်မှ အပိုင်းအစနဲ့ဆောက်လက်စတွေကို ကောက်ယူ သိမ်းဆည်းရင်း တီးတိုးရေရွတ်လိုက်တယ်

‘’ နောင်နောင်က အရမ်းအံ့ဩဖို့ကောင်းတာပဲလို့ သားထင်တယ်… အဲ့ဒါကို ဘာလို့ သူ့ဒယ်ဒီက ပစ္စည်းတွေ လျောက်ဖျက်ဆီးတယ်လို့ ပြောတာလဲမသိဘူး... အဲ့ဒါ အမှန်မှမဟုတ်တာ... သူက အားလုံးကို ကောင်းကောင်းပြန်ဆက်နိုင်တယ်’’

အသေးလေးပြောနေတာကို ကျိယန်ကြားသွားပြီး ခေါင်းကိုပွတ်ပေးလိုက်ကာ

‘’ နောင်နောင် က ပစ္စည်းတွေကို မဆင်မခြင် ဖျက်ဆီးတာမဟုတ်ပါဘူး… သူမက ညဏ်ကြီးရှင်ပဲလေ… သူ့အဖေက အဲ့ဒါကို မသိသေးလို့ပေါ့ သားရဲ့"

ကျိရှောင်ကျိုးက အပြည့်အဝ သဘောတူတယ်။ သူ့ခံစားချက်ကလဲ ကောင်းမွန်လာပြီး မေးလိုက်တယ်

“ ဒယ်ဒီ… နောင်နောင်ရဲ့ဒယ်ဒီက အဲ့ဒါကိုမသိသေးမှတော့ သားတို့မိသားစုထဲ နောင်နောင်ကို ခေါ်လိုက်လို့ရလား…’’

ကျိယန်က ကျိရှောင်ကျိုးအကြံကို သဘောမတူပေ

‘’ နောင်နောင့်ဆီမှာ ကိုယ်ပိုင်မိသားစုရှိတယ်လေ… သူမ အဖေက အဲ့ဒါကို သဘောတူမှာ မဟုတ်ဘူး… ဒယ်ဒီက သားကို သူများကို မပေးနိုင်သလိုပေါ့’’

စိတ်ဓါတ်ကျစွာနဲ့ ကျိရှောင်ကျိုးက ကြမ်းပြင်သို့ကြည့်နေတယ်။ သူက ခဏနေပြီးနောက် မော့ကြည့်လိုက်ကာ

‘’ ဒါဆို ဒီသဘော်ကြီးကို ပြန်ဆောက်ဖို့ နောင်နောင်ကို နေ့တိုင်းအိမ်ခေါ်လာလို့ ရမလား ..’’

ကျိယန် ခေါင်းငြိမ့်ပြလိုက်တယ်

‘’ ရတာပေါ့… သားခေါ်လိုက်လေ… နောင်နောင်က ဒီတစ်ခုဆောက်ပြီးသွားရင် သူမ ပိုပျော်သွားအောင်လို့ ဒယ်ဒီက နောက်တစ်ခုထပ်ဝယ်ပေးဦးမယ်’’

‘’တကယ်လား… အဲ့ဒါဆို မနက်ဖြန် သားနောင်နောင်ကို ပြောပြလိုက်မယ်နော်... သူမ အရမ်းပျော်နေတော့မှာပဲ’’

ပုံစံတူ အပိုင်းအစတွေကိုသယ်ရင်း စိတ်လှုပ်ရှားစွာနဲ့ ပြေးထွက်သွားတဲ့ ကျိရှောင်ကျိုးကိုကြည့်ရင်း ထန်ထန်က ပဟေဋိဖြစ်စွာနဲ့ ကျိယန်ကို မေးလိုက်တယ်

‘’ ယောကျာ်း… ပေါင်ပေါင်က နောင်နောင်အပေါ် အထူးတလည်ဆက်ဆံနေတာနဲ့ ပတ်သတ်ပြီး ရှင်ဘယ်လိုထင်လဲ…ကျွန်မ နောင်နောင့် ကိုကောင်းကောင်းမွန်မွန်ဆက်ဆံတာကိုတောင် သူက မနာလိုမဖြစ်ဘူး… အရင်ကဆို ကျွန်မ ဝမ်ဝမ့်ကိုဖက်လိုက်တာနဲ့ သူက မနာလိုဖြစ်တော့တာပဲ’’

ကျိယန် တိတ်ဆိတ်လို့နေတယ်။ အဲ့ဒါက အမျိုးသားတွေရဲ့ တစ်စုံတစ်ယောက်ကို ကာကွယ်ချင်တတ်တဲ့ စိတ်ကြောင့်ပဲထင်တယ်။ အဲ့ဒါကို လေးနှစ်တောင် မပြည့်သေးတဲ့ ယောကျာ်းလေး တစ်ယောက်ဆီမှာတောင်မှ တွေ့နေရတယ်။

ကျိယန်က ချောင်းဟန့်လိုက်ပြီး ‘’ သူတို့တွေက ထိုင်ခုံဖော်တွေ ဖြစ်လို့နေမှာပေါ့’’

‘’အဲ့ဒါအမှန်ပဲ… အဲ့နှစ်ယောက်လုံးက အတော်လေးကပ်ကြတယ်… သူတို့ဆက်ဆံရေးက ကောင်းမှာအသေအချာပဲ… အခုကစပြီး နောင်နောင်ကို အိမ်ခဏခဏခေါ်ပြီး ညစာကျွေးရမယ်… အဲ့လို သူငယ်ချင်းကောင်းရဖို့က ခက်တယ်’’

ကျိယန် ဘာမှပြန်ပြောစရာ မရှိတော့ပေ။ အိမ်မှာ ကလေးနောက်တစ်ယောက် ရှိတာ ကောင်းပါတယ်။ ပြီးတော့ သူလဲ အဲ့ကလေးလေးရဲ့ ညဏ်ရည် အတိမ်အနက်ကိုသိရတာပေါ့။

‘’ ဟချိုး…’’ ထန်ထန် ရုတ်တရက် နှာချေလိုက်တယ်။ သူမ ချက်ချင်းပဲ နှာခေါင်းကိုကာလိုက်တယ်။

ကျိယန် မျက်မှောင်ကြုတ်လိုက်ပြီး

‘’ ဘာဖြစ်လို့လဲ… ဖျားနေပြီလား’’

ထန်ထန် ခေါင်းကိုယမ်းလိုက်တယ်

‘’ ဟင့်အင်း… မဖျားပါဘူး… ယားလာသလိုခံစားရလို့ နှာချေလိုက်မိတာပါ… ကျွန်မ ကျန်းမာရေးက နွားတစ်ကောင်လိုပဲ သန်မာတာပါနော်’’

သို့သော်လဲ နွားတစ်ကောင်ကဲ့သို သန်မာလှတဲ့ ထန်ထန် တစ်ယောက် ညလယ်ရောက်တဲ့အခါမှာတော့ နေမကောင်းဖြစ်သွားပါတော့တယ်။

-  - - - - - -

အချပ်ပို

နောင်အနာဂတ် နှစ်သုံးဆယ်အကြာမှာတော့ အဖွဲ့လေးတစ်ဖွဲမှ အမူးသမားများက ကလေးဆန်စွာနဲ့ သူတို့ရဲ့ ဇနီးတွေကို ယဉ်ပြိုင်နေကြပါတယ်။

ကုကျန်းအန် ရဲ့သား ကုစစ်က စတင်လိုက်တယ်

‘’ ငါ့မိန်းမက စစ်တပ်ထဲမှာ အလှလေးပဲ သာမန်လူတစ်ယောက်က သူမနဲ့ယှဉ်မချနိုင်ဘူး… သူမကိုတွေ့တာနဲ့ သူတို့တွေက ဒူးတွေပါတုန်လာကြတာ’’

ယွမ်လျန့်ရဲ့သား ယွမ်ရိဖန် ကပြောလိုက်တယ်

‘’ စစ်တပ်ထဲက အလှလေးက အဲ့လောက်လဲမဟုတ်ပါဘူး… ငါဇနီးကမှ ပိုပြီးအားကျဖို့ကောင်းတာ… သူမက ထိပ်ဆုံးစိတ်ပညာရှင်လေ… သူက တစ်ချက်ကြည့်လိုက်ရုံနဲ့ အားလုံးရဲ့စိတ်ထဲကိုမြင်နိုင်သလို မင်းကိုလဲ ဖျက်ဆီးနိုင်တယ်… စစ်တပ်ထဲက တပ်ဖွဲ့ဝင်တွေအားလုံး သူမကိုမဆန့်ကျင်ရဲကြဘူးလေ’’

ကျိုးကျိရဲ့သား က ကျိုးရန်ကလဲ ဝင်ပါလာတယ်

‘’ ငါဇနီးကမှ မင်းတို့ဇနီးတွေထက် ပိုသာတာ… ငါ့ဇနီးက တိုင်းပြည်ရဲ့ အငယ်ဆုံးအမျိုးသမီး မြို့တော်ဝန်ပဲ… ရဲနဲ့ စိတ်ပညာရှင်က သူမရဲ့ စီမံမှုအောက်မှာပဲ’’

ကျိရှောင်ကျိုးတစ်ယောက်သာ ဘာမှမပြောပဲ ဆက်သောက်နေတာဖြစ်တယ်။ လူတိုင်းက သူဘာလို့မပြောလဲဆိုတာ မေးလိုက်တဲ့အခါမှာတော့ သူ့ခေါင်းကိုယမ်းလိုက်ပြီး

‘’ ငါ့ဇနီးက အတော်လေး သာမန်ပါပဲ… သူက နျူးကလီးယာနဲ့ လေယာဉ်တင်သဘော်တွေလိုဟာတွေရဲ့ သုသေသနဲ့ဖွံ့ဖြိုးတိုးတက်ရေး မှာ လုပ်တာ’’

လူတိုင်း ‘’…..’’

အဲ့ကောင်ကိုဝိုင်းရိုက်ရအောင် !

Xxxxxxx

Part 48

အိပ်နေရင်းနဲ့ ကျိရှောင်ကျိုး ပူသလိုခံစားရတဲ့အတွက် မသိလိုက်ဘာသာပဲ အပူထွက်တဲ့နေရာမှ တဖက်သို့လှည့်ပြီးလှိမ့်လိုက်တယ်။ သူက ကျိယန်ရင်ခွင်ထဲသို့ရောက်သွားတယ်။ သူ့ရဲ့ ဝဝတုတ်တုတ်ခြေထောက်လေးက ကျိယန် ဗိုက်အပေါ်သို့တင်လိုက်တဲ့အတွက် ကျိယန် နိုးသွားတယ်။

သူ့ရင်ခွင်ထဲရောက်နေကြောင်း ကျိယန်သတိထားမိသွားတယ်။ သူက မရေရာစွာနဲ့ သူ့ရင်ခွင်ထဲက အသေးလေးကို ကြည့်လိုက်မိတယ်။ ပုံမှန်ဆို အသေးလေးက သူ့ဆီမှအနံ့နဲ့ နွေးထွေးမှု့ကိုမရတဲ့အတွက် သူ့ဘက်သို့ လုံးဝလာမအိပ်ပေ။ ထန်ထန်နဲ့အိပ်တာက အသေးလေးအတွက် ပိုသက်တောင့်သက်သာရှိတယ်လို့ သတ်မှတ်ထားတဲ့အတွက်ဖြစ်တယ်။

ဒီနေ့မှ ဘာဖြစ်တာလဲ…

ကျိယန်က မီးဖွင့်ပြီး ကျိရှောင်ကျိုးရဲ့ အိပ်တဲ့ပုံကို ပြန်ပြင်ပေးလိုက်တယ်။ သူ့အကြည့်ကို ထန်ထန်ဆီသို့ရွေ့လိုက်တော့ သူမမျက်နှာနီရဲနေတာကို တွေ့လိုက်ရတယ်။ သူမ မျက်ခုံးကလဲ တွန့်ကုတ်နေပြီး နှုတ်ခမ်းတွေကလဲ ဖြူဖျော့နေတယ်။ သူမ အဆင်ပြေနေပုံ မရပေ။

အထိတ်တလန့်နဲ့ ကျိယန် ချက်ချင်းပဲ သူမ နဖူးကိုစမ်းလိုက်တော့ ကိုယ်အပူချိန်ကြောင့် သူလန့်ဖြန့်သွားတယ်။

သူမ ဖျားနေပြီ…

ကျိယန် အိပ်ယာပေါ်မှာဆင်းလိုက်ပြီး အဖျားကျဆေးနဲ သာမိုမီတာကို ရှာလိုက်တယ်။ ထို့နောက် ထန်ထန်ဘေးသို့သွားကာ သူမ နားရွက်နားကပ်ပြီး

‘’ ထန်ထန်… ထပါဦး .. ထန်ထန် …’’

ခဏလောက်ခေါ်ပြီးတဲ့နောက် ထန်ထန် မျက်လုံးဖွင့်လာပေမယ့် သူမအကြည့်တွေက ဝေဝါးနေတယ်။ သူမ ကျိယန်ကိုတွေ့သွားပြီး ဝိုးတဝါးလေသံနဲ့

‘’ ဘာလို့ခေါ်တာလဲ ယောကျာ်း’’

‘’ ထန်ထန် … မင်းဖျားနေပြီ… ထဦး... ကိုယ်အပူချိန်တိုင်းဖို့ ဒီသာမိုမီတာကို ချိုင်းအောက်ထည့်လိုက်ဉီး’’

နိုးတဝက်အိပ်တဝက်ဖြစ်နေတဲ့အတွက် မလှုပ်ရှားချင်သလို သူမလက်ကိုလဲ မထုတ်ချင်ပေ။ ဒါကြောင့် ကလေးဆိုးလေးတစ်ယောက်လို တီးတိုးရေရွတ်လိုက်တယ်

‘’ ယောကျာ်း… ကျွန်မ နေလို့မကောင်းဘူး… ရှင်ပဲတိုင်းပေးပါလား’’

ကျိယန် မျက်တောင်ခတ်လိုက်တယ်။ သူမက ဖျားနေတဲ့အတွက် သူမရဲ့ ညဝတ်အကျီကိုဖွင့်ကာ တခြားရည်ရွယ်ချက်မရှိပဲ ဖျားနေသူကိုကူညီလိုက်တယ်။ ထို့အပြင့် ကျိယန် တခြားနေရာကိုလဲ မကြည့်ရဲပေ။ သူက ခေါင်းကိုတည့်မတ်စွာထားပြီး သူမချိုင်းအောက်သို့ သာမိုမီတာကိုထည့်လိုက်ကာ ရေချိုးခန်းထဲသို့ဝင်သွားလိုက်တယ်။ ထို့နောက် သူက အပူချိန်ကျစေဖို့ အဝတ်ကိုရေစွတ်ပြီး သူမ နဖူးပေါ်သို့ တင်ပေးလိုက်တယ်။

အပူချိန် အနည်းငယ်သက်သာသွားတဲ့အတွက် ထန်ထန် သက်ပြင်းချလိုက်ကာ သူမမျက်လုံးတွေက တဖန်ပြန်ပိတ်လို့သွားတယ်။

မိနစ်အနည်းကြာပြီးနောက် ကျိယန်က သူမအကျီအောက်မှ သာမိုမီတာကို ထုတ်ယူလိုက်တယ်။ သူက အဲ့ဒါကိုကြည့်ပြီး မျက်မှောင်ကျုတ်လိုက်တယ်။ အပူချိန်က ၄၀ ဒီဂရီတောင်ကျော်နေတယ်။ ဒီအတိုင်းသာ ဆက်သွားရင် အန္တရာယ်ဖြစ်တော့မှာပဲ။ သို့သော်လဲ အခုအချိန်မှာ ဆရာဝန်ခေါ်ဖို့ မဖြစ်နိုင်ပေ။ အဲ့ဒါကြောင့် အကောင်းဆုံးကတော့ အဖျားကျဆေးတိုက်ပြီး စောင့်ကြည့်နေရုံပဲရှိတယ်။

အကြောင်းပြချက်တချို့ကြောင့်ပဲ ဖျားနေတဲ့ ထန်ထန်က ခါတိုင်းလို ကျိုးနွံစွာနာခံတာမျိုး မရှိပေ။ သူမရဲ့ နူးညံ့ညင်သာနေတဲ့လေသံက  ကျိယန် ရဲ့ နှလုံသားကို ပျော့ပြောင်းသွားစေတယ်။ သူက သက်ပြင်းချလိုက်ပြီး ကုတင်အစွန်းမှာထိုင်လိုက်တယ်။ ထို့နောက် ထန်ထန်ကို ထူပေးလိုက်ပြီး လက်တစ်ဖက်မှဆေးကိုကိုင်ကာ သူမပါးစပ်နား၌တေ့လိုက်ပြီး ကျန်တဖက်မှ ရေခွက်ကိုကိုင်ထားလိုက်တယ်။ သူက သူမနားရွက်နားသို့ကပ်ကာ ချော့မြှုတဲ့လေသံနဲ့

‘’ လိမ်မာနော်… ဆေးသောက်ပြီးရင် နေလို့ကောင်းသွားလိမ့်မယ်.. ပါးစပ်ဟလိုက်ဦး’’

အရမ်းညင်သာလွန်းတဲ့ ကျိယန်ရဲ့လေသံကြောင့် ထန်ထန်က ခဏလောက်သာငြင်းဆန်ပြီး ပါးစပ်ဟလိုက်တယ်။ သူမပါးစပ်ထဲသို ခါးသက်တဲ့ဆေးမရောက်ခင်မှာပဲ ရေကအရင်ဝင်ရောက်လာတယ်။ ထန်ထန် မသိစိတ်နဲ့ပဲ ရေကိုသောက်ကာ ဆေးကိုမြိုချလိုက်တယ်။

သူမ ဆေးသောက်ပြီးတာကိုကြည့်ပြီး ကျိယန်စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိတယ်။ သူ သူမကိုအိပ်ယာပေါ်သို့ ပြန်လှဲပေးဖို့ပြင်နေစဉ်မှာပဲ သူ့လက်မောင်းထဲမှ ထန်ထန်က အကျီစကိုဆွဲရင်း သူမမျက်နှာကို သူ့ရင်အုံပေါ်သို့အပ်လာတယ်။ သူမက မျက်နှာကို သူ့ရင်ဘတ်ပေါ်မှာ အသာပွတ်လိုက်ပြီး

‘’ ဖက်ပေးပါ… ယောကျာ်း.. ကျွန်မ နေလို့မကောင်းဘူး’’

အဖျားက သူမကို ဒီလိုရယ်စရာဖြစ်စေတာလား…. ခေါင်းကြည်နေတဲ့ ထန်ထန်ကတော့ ဒီလိုမျိုး သူ့အပေါ် ဂျစ်တိုက်နေမှာမဟုတ်ပေ။ သူမက ပုံမှန်ဆို ခံစားလွယ်ပြီး အတွေးများတတ်တဲ့သူပဲ။ ဘယ်လိုလုပ်ပြီး သူမ ဖျားသွားတာက ကျိရှောင်ကျိုးဖျားတာထက်တောင် လူကပ်ချင်နေတာလဲ… ဒါပေမယ့် ကျိယန် အဲ့ဒါကိုဆက်မတွေးတော့ပေ။ သူ့အနေနဲ့ ထန်ထန်ကို ရင်ခွင်ထဲသို့ဖက်ထားကာ အိပ်ယာထက်မှာ လှဲနေတာပဲ လုပ်လိုက်ရတော့တယ်။ ကျိယန်က သူမကို တစ်ဖက်မှပုတ်သိပ်ပေးရင်း ကျန်တဖက်ကတော့ သူမ နဖူးပေါ်မှ အဝတ်စိုကို လဲပေးလိုက်တယ်။

ကျိယန်ရဲ့ ဂရုစိုက်မှုအောက်မှထန်ထန်ရဲ့ ကိုယ်အပူချိန်ဟာ မနက်ရောက်ချိန်မှာတော့ တဖြည်းဖြည်းကျလာတယ်။ ကျိယန် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိတယ်။ သူမ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာကို ကြည့်ရင်း သူမကို စောင်သေချာခြုံပေးခဲ့ကာ မနက်ခင်းလေ့ကျင့်ခန်းလုပ်ဖို့ ထွက်သွားတော့တယ်။

မနက်ခင်းလေ့ကျင့်ခန်းပြီးတာနဲ့ ကျိယန်က ကန်တင်းဆီသို့အမြန်သွားကာ ဆန်ပြုတ်နဲ့ ပေါက်စီတစ်ချို့ကိုယူပြီး တုန်းလီမနှုတ်ဆက်ခင်မှာပဲ အလျင်အမြန်ထွက်လာတယ်။

ကျိယန်က အလောတကြီးဖြစ်နေတယ်။ တုန်းလီက ကြည့်နေရင်းနဲ့ ‘ဒီကောင် ဘာဖြစ်နေတာလဲ… ပုံမှန်ဆို သူ့ဖင်မီးလောင်ရင်တောင် ခံစားချက်မရှိဖြစ်နေတဲ့သူက ဘာလို့အဲ့လောက်တောင် အပြေးအလွှားသွားနေတာလဲ… အရေးပေါ်ကိစ္စတွေများဖြစ်နေတာလား’

ကျိယန်အိမ်ပြန်ရောက်ချိန်မှာတော့ ထန်ထန်က အိပ်ပျော်နေဆဲဖြစ်တယ်။ သူက သာမိုမီတာနဲ့ ထန်ထန်ကို အဖျားထပ်တိုင်းလိုက်တယ်။ အဖျားကျသွားပြီ ဖြစ်တယ်။ ဒါကြောင့် ကျိယန်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲဖြစ်တဲ့ ကျိရှောင်ကျိုးကို ရေချိုးခန်းထဲသို့ ချီလာတယ်။ ကျိယန်က ရှောင်ကျိုးကို နိုးလာအောင် မျက်နှာသစ်ပေးလိုက်တယ်။

ဒါက သူနိုးတဲ့အချိန်မှာ သူ့ဒယ်ဒီမျက်နှာကို တွေ့ရတာ ဒုတိယအကြိမ်ပဲဖြစ်တယ်။ ရှောင်ကျိုးက ချက်ချင်းပဲ တစ်ခုခုပုံမှန် မဟုတ်တာကို သတိထားလိုက်မိတယ်။ မနက်ခင်းမှာ သူ့ဒယ်ဒီ သူ့ကိုမျက်နှာသစ်ပေးရင် ဘာမှကောင်းတာ ဖြစ်လာမှာမဟုတ်တော့ဘူး။ ဒီတစ်ခေါက်ကကော ဘာဖြစ်လို့လဲ…

ကျိရှောင်ကျိုးက ချစ်ဖို့ကောင်းစွာနဲ့ စပ်စုတော့တယ်

‘’ ဒယ်ဒီ… ဘာလို့ သားကိုမျက်နှာသစ်ပေးတာလဲ… သား ဘာအမှားလုပ်မိလို့လဲ…’’

ကျိယန် ‘’ ….. ‘’ ။
ဒီကြွက်စုတ်လေးကတော့…

‘’ သားက ဘာအမှားမှ မလုပ်ထားဘူး… ဒီနေ့ ဒယ်ဒီ မူကြိုလိုက်ပို့ပေးမယ်… မာမီ နေမကောင်းဘူး… မာမီကို သွားမနှောက်ယှက်ရဘူးနော်… နားလည်လား…’’

ကျိရှောင်ကျိုးက အဲ့သတင်းကိုကြားတာနဲ့ မြေကြီးပေါ်လှဲချချင်စိတ်တွေ ဖြစ်ပေါ်လာပြီး လှည့်ပတ်ကြည့်လိုက်တယ်

‘’ မာမီ ဘာဖြစ်လို့လဲ… သား မာမီကို တွေ့ချင်တယ်…’’

ကျိယန်က ကျိရှောင်ကျိုး တင်ပါးလေးကိုပုတ်လိုက်ပြီး

‘’ မလှုပ်နဲ့… သား မျက်နှာသစ်၊ သွားတိုက်ပြီးရင် မာမီကိုတွေ့လို့ရတယ်…ဒါပေမယ့် မာမီက အိပ်နေတုန်းပဲရှိသေးလို့ မနှိုးမိစေနဲ့…’’

ကျိရှောင်ကျိုးက နာခံစွာနဲ့ ခေါင်းငြိမ့်လိုက်တယ်။ ရှောင်ကျိုးက မျက်နှာသစ်ပြီးတာနဲ့ ကျိယန်ဘေးမှ ထန်ထန်ဆီသို့ ပြေးထွက်သွားတယ်။ သူက သူ့မာမီဘာဖြစ်နေလဲဆိုတာ ဂရုတစိုက်နဲ့ လေ့လာနေတယ်။

ကျိယန်က သူ့ကိုရှင်းပြလိုက်တယ်

‘’ မနေ့ညက သားမာမီဖျားနေတယ်… ဒီမနက်တော့ သူမ နည်းနည်းသက်သာလာပြီ… ဒါကြောင့် သူမကိုပေးအိပ်လိုက်ဦး...  ပြီးတော့ မူကြိုကို လိမ်လိမ်မာမာနဲ့သွားတော့… ဒယ်ဒီက အပြန်လာကြိုပေးမယ်… ဟုတ်ပြီလား’’

ကျိရှောင်ကျိုးက ခေါင်းငြိမ့်ပြလိုက်ပေမယ့် သူ့မျက်လုံးတွေက ထန်ထန် မျက်နှာပေါ်မှာရှိနေတယ်။ သူက ထန်ထန် နဖူးကိုဂရုတစိုက်နဲ့စမ်းလိုက်ပြီး

‘’ မာမီမနေ့က မိုးမိသွားသေးတယ်… အဲ့ဒါကြောင့် ဖျားတာပဲဖြစ်မယ်’’

‘’ မနေ့က မာမီ မိုးမိသေးတာလား…’’

ကျိယန် အဲ့ဒါကို သတိမထားလိုက်မိဘူး။

အပြစ်ရှိစွာနဲ့ ကျိရှောင်ကျိုးက ခေါင်းငြိမ့်ပြကာ

‘’ မာမီက သားနဲ့နောင်နောင် ဝတ်ဖို့အကျီပေးလိုက်တာ ပြီးတော့ သားတို့ကိုပဲ ထီးဆောင်းပေးတယ်… အဲ့ဒါကြောင့် မာမီဖျားသွားတာ… မာမီကိုယ်ပေါ်မှာ မိုးရေတွေ အများကြီးမှအများကြီးပဲ’’

ကျိယန် နှုတ်ခမ်းစေ့လိုက်တယ်။ ထို့နောက် သူက ရှောင်ကျိုးကို ထမင်းစားပွဲဆီသို့ ချီသွားကာ

‘’ မနက်စာအရင်စားလိုက်… ပြီးရင် သားကို မူကြိုလိုက်ပို့ပေးမယ်.. မာမီကိုစိတ်ပူမနေနဲ့တော့.. သူမ အဆင်ပြေသွားလိမ့်မယ်’’

ကျိရှောင်ကျိုးက နှုတ်ခမ်းဆူလိုက်ကာ

‘’ ဒယ်ဒီ… သား ဒီနေ့ကျောင်းမသွားလို့ ရလား… သားအိမ်မှာပဲနေပြီး မာမီကိုစောင့်ပေးချင်တယ်’’

‘’ မရဘူး ‘’ ကျိယန်က တစ်ချက်လေးတောင် မတွေးပဲပြောလိုက်တယ်။ ကျိရှောင်ကျိုးစောင့်ပေးရင်လဲ ဘာမှ အကူအညီရမှာ မဟုတ်ပေ။ တကယ်လို့ ထန်ထန်နိုးလာရင်တောင် ရှောင်ကျိုးအတွက်ဆိုပြီး ချက်ပြုတ်နေတော့မှာ။ ဒါကြောင့် ရှောင်ကျိုး ကျောင်းမှာနေတာက ပိုကောင်းလိမ့်မယ်။

ကျိရှောင်ကျိုးက အလွန်အမင်းကိုမှ စိတ်ဓါတ်ကျသွားတယ်။

ဒီနေ့က သရုပ်ပြလေ့ကျင့်ရေးရှိတဲ့အတွက် ကျိယန် ခွင့်ယူလို့မရပေ။ သူက စိုးရိမ်စွာနဲ့ပဲ ထန်ထန်ကို အသံမက်ဆေ့ပို့လိုက်တယ်။ သူမကို နိုးလာရင် ရေများများသောက်ဖို့ရယ်နဲ့ ကိုယ်အပူချိန်တက်လာရင် သူ့ဆီဖုန်းခေါ်ဖို့ရယ် ဖြစ်တယ်။ ခဏလောက်တွေးပြီးနောက်...  သူ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်းဆို ဖုန်းကိုင်လို့ရမှာမဟုတ်ပေ။ ဒါကြောင့် အဆုံးမှာတော့ တပ်ရင်းမှုကတော်မိသားစုကိုသာ ထန်ထန်အား စောင့်ရှောက်ပေးဖို့ ဖုန်းခေါ်လိုက်တော့တယ်။

တပ်ရင်းမှုးကတော်က ချက်ချင်းပဲ သဘောတူလိုက်တယ်။

တပ်ရင်းမှုးကတော်ရဲ့ စောင့်ရှောက်မှုနဲ့ဆိုရင် ထန်ထန် အဆင်ပြေမယ်ဆိုပေမယ့်လဲ ကျိယန်က တစ်ခုခုမဟုတ်သေးဘူးလို့ ခံစားလိုက်မိတယ်။ သူ တစ်ခုခုကို စိုးရိမ်နေတယ်လို့ ခံစားလိုက်မိတယ်။ ဒီသရုပ်ပြလေ့ကျင့်ရေးကို မြန်မြန်ပြီးသွားချင်တဲ့ ခံစားချက်က သူ့အတွက် ပထမဆုံးဖြစ်တယ်။ ဒါကြောင့် ကျိယန်က သရုပ်ပြလေ့ကျင့်ရေးကို ပိုပြင်းထန်စွာနဲ့ တင်းတင်းကြပ်ကြပ် လုပ်လိုက်တယ်။ တိုက်ခိုက်ဖို့အမိန့်ပေးပြီးတာနဲ့ သူက အရမ်းကိုကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်တော့တယ်။ သူ့ပြိုင်ဘက်မှာတော့ နာကျင်မှုကိုတောင် မဖော်ပြနိုင်တော့ပေ။ သူတို့အားလုံး ကျိယန်ရဲ့ ကြမ်းတမ်းပြီးပြင်းထန်တဲ့ လေ့ကျင့်ရေးတွေကြောင့် ဘာဖြစ်နေလဲဆိုတာကို နားမလည်ကြပေ။ ‘သူ ဒီနေ့ ပေါက်ကွဲစေတတ်တာတွေများ စားလာတာလား’

သရုပ်ပြလေ့ကျင့်ရေးက ပုံမှန်ဆို တနေ့လုံးနီးပါကြာမြင့်တာဖြစ်တယ်။ ဒါပေမယ့် ကျိယန်ရဲ့ ရက်စက်ကြမ်းတမ်းတဲ့ ဗျူဟာတွေကြောင့် နေ့တဝက်နဲ့ ပြီးသွားတော့တယ်။ တဖက်အသင်းကတော့ လုံးဝကို ရှုံးနိမ့်သွားရတယ်။

တခြားသူတွေက ကျိယန် ဘာဖြစ်လဲဆိုတာကို မသိကြပေမယ့် နှစ်ပေါင်းများစွာ သူငယ်ချင်းဖြစ်လာတဲ့ တုန်းလီက ကျိယန်ရဲ့လက္ခဏာကို သိပြီးဖြစ်တယ်။ သူက ကျိယန်ပုခုံးကိုဆွဲပြီး စစ်ဆေးတော့တယ်

‘’ ကျိယန် ဒီနေ့စိတ်တိုစရာရှိလို့လား… မနက်ခင်းလေ့ကျင့်ရေးပြီးတော့လဲ ပြေးထွက်သွားတယ် ပြီးတော့ ကြမ်းကြမ်းတမ်းတမ်း လေ့ကျင့်ရေးလုပ်တယ်။ တစ်ခုခုတော့ တစ်ခုခုပဲ မဟုတ်လား…’’

‘’ မနေ့ညက ထန်ထန် ဖျားတယ်… ပြီးတော့ သူမရဲ့ အခုအခြေအနေကို ငါမသိသေးဘူး’’

ကျိယန်က ရုံးခန်းသို့ အပြေးသွားရင်း ဖြေလိုက်တယ်။ သူက အံဆွဲထဲမှ ဖုန်းကိုယူလိုက်တော့ တပ်ရင်းမှုးကတော်ဆီမှ missed call တစ်ချို့ကိုတွေ့လိုက်တယ်။ သူ့အမူအယာက ချက်ချင်းပဲတင်းမာသွားကာ ဖုန်းကိုအမြန်ခေါ်လိုက်တယ်။

‘’ မရီး… ထန်ထန် အခြေအနေဘယ်လိုလဲ ‘’

တပ်ရင်းမှုးကတော်က စိုးရိမ်တကြီးနဲ့

‘’ ကျိယန် … နောက်ဆုံးတော့ဖုန်းကိုင်ပြီပေါ့ … ထန်ထန် ထပ်ဖျားနေပြန်ပြီ… ကိုယ်အပူချိန် ၄၀ ဒီဂရီကျော်တယ်… အစ်မလဲ အဖျားကျဆေးတွေတိုက်ပေမယ့် အသုံးမဝင်ဘူးဖြစ်နေတယ်… အစ်မစိတ်ထင် ဆေးရုံသွားပြီး အိုင်ဗီသွင်းသင့်တယ်လို့ထင်တယ်… ထန်ထန်ကလဲ လမ်းမလျောက်နိုင်ဘူး အစ်မလဲ သူ့ကိုမနိုင်ဘူးဖြစ်နေတယ်…’’

စစ်တပ်ဝင်းက ဝေးလံခေါင်သီတဲ့ နေရာသပ်သပ်တစ်ခုမှာဖြစ်တဲ့အတွက် ဆေးရုံ၊ ဆေးခန်း မရှိပေ။ တစ်ကယ်လို့ တစ်ယောက်ယောက်သာဖျားမယ်ဆိုရင် မြို့လေးတစ်ခုက ဆေးရုံကိုတောင် အတော်ဝေးဝေးသွားရတယ်။ အဲ့ဒါက အတော်လေး မလွယ်ကူပေ။

ကျိယန်က စိတ်ပူတဲ့လေသံနဲ့

  ‘’ မရီး… စိတ်မပူပါနဲ့.. ကျွန်တော် အခုပြန်လာပြီ’’

ဖုန်းပြောပြီးတာနဲ့ ကျိယန်က မျက်နှာပေါ်မှာခြယ်ထားတဲ့ ဆေးတွေကိုတောင် မဆေးကြောနိုင်တော့ပဲ ဆေးပေးခန်းသို့ အလောတကြီးပြေးသွားတော့တယ်။ ကျိယန်ရဲ့ အလောတကြီးအပြုအမူကြောင့် တုန်းလီလဲ အကူအညီပေးနိုင်အောင်လို့ အနောက်မှလိုက်သွားတော့တယ်။

ကျိယန်က တပ်တွင်းဆေးပေးခန်းမှ တာဝန်ကျဆရာဝန်ကို ထန်ထန် အခြေအနေရှင်းပြလိုက်တယ်။ ကျိယန်က ဆရာဝန်ကို ထန်ထန်အားလိုက်ကြည့်ပေးစေချင်တဲ့အတွက် ဆရာဝန်က ချက်ချင်းပဲ ကျိယန်နောက်မှ လိုက်လာခဲ့တယ်။

ထန်ထန် အဖျားက အတော်လေးစိုးရိမ်ရတယ်။ ဆရာဝန်က စမ်းသပ်ပြီးတဲ့နောက်

‘’ သူမ အဖျားက အအေးမိတာကြောင့်ပဲ… ပုံမှန်ဆို အဲ့ဒါက ဒီလောက်ထိ မဆိုးတတ်ဘူး… သူမ ခန္ဒာကိုယ်က အရမ်းအားနည်းပြီး ကိုယ်ခံအားကလဲ မကောင်းတဲ့အတွက် အလွယ်တကူ အဖျားဝင်သွားတာပဲ… သူမကို ဒရစ်ချိတ်ပေးဖို့လိုတယ်.. ပြီးရင်တော့ ပြန်သက်သာလာဖို့အတွက် ရက်နည်းနည်းလောက်အချိန်ယူရမယ်….ဒီရက်ပိုင်းအတွင်း အလုပ် ပင်ပင်ပန်းပန်းလုပ်လို့မဖြစ်ဘူး…’’

ကျိယန်က အရာအားလုံးကို နှလုံးသားထဲအထိ မှတ်သားထားတယ်။ ဆရာဝန်ပြန်သွားချိန်မှာတော့ သူက တပ်ရင်းမှုးကတော်ကို ကျေးဇူးတင်လိုက်ကာ သူမကို အိမ်ပြန်နားစေလိုက်တယ်။ ထို့နောက် ကျိယန်က နေ့တဝက်ခွင့်ယူလိုက်ကာ ထန်ထန်ကို ဂရုစိုက်ဖို့ အိမ်မှာပဲ နေလိုက်တော့တယ်။

ကျိယန်တစ်ယောက် သွားလိုက်လာလိုက်နဲ့ အလုပ်ရှုပ်နေတာကိုကြည့်ပြီး တုန်းလီက  စိတ်ထဲမှပြုံးလိုက်မိတယ်။ နောက်ဆုံးတော့ ကျိယန်လို နတ်ဘုရားလဲ ကမ္ဘာမြေပေါ်ကိုဆင်းသက်လာပြီပေါ့လေ။

‘’ မင်းက ဘာတွေရယ်နေတာလဲ…’’’ ကျိယန်က စိတ်ရှုပ်စွာနဲ့မေးလိုက်တယ်။

တုန်းလီက သူ့သူငယ်ချင်းဟောင်းပုခုံးကိုပုတ်ကာ

‘’ ငါပြုံးတာက မင်းနောက်ဆုံးတော့ အလင်းရောင်ကိုမြင်လာလို့လေ… အဲ့ဒါက နည်းနည်းနောက်ကျပေမယ့်လဲ နောက်ဆုံးတော့ မင်းအသက်သုံးဆယ်မှာတွေ့လိုက်ရတာပဲ ဟားဟားဟား’’

ကျိယန်က သူ့ကိုကြည့်မနေတော့ပဲ ထန်ထန်ရဲ့ လက်နဲ့ခြေထောက်တွေကို အရက်ပြန်နဲ့သုတ်ပေးလိုက်တယ်။

‘’ ချီး… ကျိယန် .. အခု မင်းပုံစံက ဘယ်လောက်တောင် နူးညံ့နေလဲဆိုတာသိလား… အဲ့ဒါကို ဘယ်လိုခေါ်ရမလဲ.. အင်း… သံချောင်းက နောက်ဆုံးမှာတော့ အရည်ပျော်သွားတယ်လို့ပေါ့… ထန်ထန်ရဲ့ လုပ်နိုင်စွမ်းကမဆိုးဘူးပဲ … သူက မင်းကို အရည်ပျော်အောင်လုပ်နိုင်တယ်’’

ကျိယန်က မျက်ခုံးကိုပင့်လိုက်ကာ တုန်းလီကို ဆောင့်ကန်လိုက်တယ်

‘’ အဓိပ္ပာယ်မရှိတာတွေ လာပြောနေတယ်… ဘာကိစ္စမှ မရှိရင်လစ်တော့’’

‘’ အကိုကြီး… ငါက မင်းနှလုံးသားကို ဆန်းစစ်ပေးနေတာပါကွ… မင်းသေသေချာချာ နားထောင်ဖို့လိုတယ်.. မဟုတ်ရင် အခွင့်အရေးကို အသုံးမချမိလို့ နောင်တရနေလိမ့်မယ်..’’

‘’ ငါ့ နှလုံးသားကို ဆန်းစစ်ပေးဖို့ မင်းကိုမလိုဘူး.. ပါးစပ်ပိတ်ထားစမ်း’’

တုန်းလီက လက်ညှိုးတစ်ချောင်းထောင်ပြီး ယမ်းပြလိုက်ကာ

‘’ ငါ ဆန်းစစ်ပေးဖို့မလိုဘူး.. ဟုတ်လား… ဒါဆို ထန်ထန်အပေါ် ခံစားချက်ရှိနေပြီလို့ ဝန်ခံလိုက်တာလား…’’

ကျိယန် အေးခဲသွားတယ်။ သူ့မျက်ဝန်းက မှတ်မိဖို့ရာ ခက်ခဲသွားပြီး ‘’ တံခါးပိတ်ပြီး ထွက်သွားတော့…’’

‘’ ဟေး… ‘’ ကျိယန် ဘာမှပြန်မဖြေတာကိုကြည့်ရင်း တုန်းလီက ထပ်စနောက်လိုက်တယ် ‘’ ကောင်းပြီ … ဝန်မခံနဲ့တော့… ငါလဲ မင်းကို မနှောက်ယှက်တော့ဘူး’’

တုန်းလီက လမ်းလျောက်သွားရင်းနဲ့ တီးတိုးရေရွတ်လိုက်တယ်

“ ကျိယန် အကြိုက်ကိုအခြေခံရရင် သူကဘယ်လိုလုပ်ပြီးတော့ ဇနီးတစ်ယောက်ရနိုင်တာလဲ… ငါကတော့ ဒါတွေကို နားလည်နေပြီး ဘာလို့များ FA ဖြစ်နေသေးတာလဲ.. အဲ့ဒါက သဘာဝမကျဘူးလေ… အား…’’

ကျိယန်က တုန်းလီစကားကို လျစ်လျူရှုထားလိုက်တယ်။ သူက ထန်ထန်ရဲ့ လက်နဲ့ခြေထောက်တွေကို ရေပတ်ဝတ်တိုက်ပြီးတဲ့နောက် အိပ်ယာဘေးမှာထိုင်ကာ အိပ်နေတဲ့ သူမမျက်နှာလေးကို စောင့်ကြည့်လိုက်တယ်။ လွန်ခဲ့တဲ့ လေးနှစ်လုံး သူ သူမကို တခါမှ သေသေချာချာမကြည့်မိတာ အတော်လေးထူးဆန်းနေလိမ့်မယ်။ သူမရဲ့ မျက်နှာအသွင်အပြင်က ဘယ်လိုလဲဆိုတာတောင် သူသေချာ မသိခဲ့ဘူး။ သို့သော်လဲ အခုတော့ သူမ နားထင်နားက မှဲ့လေးကအစ သေသေချာချာ သူ သတိထားမိနေပြီဖြစ်တယ်။ အဲ့ဒါတင်မက သူက သူမရဲ့ အသွင်အပြင်ကို တန်ဖိုးထားတာဖြစ်တယ်။

ရိုးသွားစွာပြောရရင် တုန်းလီ စကားကို သူဝန်မခံတာတော့ မဟုတ်ပေ။ သူ အဲ့အကြောင်းကို တခါမှ မတွေးဖူးတာပဲဖြစ်တယ်။ အရင်ကဆို သူမနဲ့ကွာရှင်းဖို့အထိတောင် သူ စဉ်းစားခဲ့တာဖြစ်တယ်။ သူ့ခံစားချက်တွေက ဒီအချိန်တိုလေးအတွင်းမှာ ဘယ်လိုလုပ်ပြီး ပြောင်းလဲသွားရတာလဲ…

‘သဘောကျတယ် ‘ ဆိုတာကို သူ မသိခဲ့ဘူး။ ဒါပေမယ့် အခုကာလအတွင်းတော့ သူမကြောင့် ဆက်တိုက်ဆိုသလို သူ့ခံစားချက်ပေါ် အကျိုးသက်ရောက်မှုတွေရှိနေခဲ့တယ်။ သူ့ကိုယ်တိုင်တောင် မဟုတ်တော့သလိုပဲ။ သူမ သူ့အပေါ်မှာ အေးစက်စက်ဆက်ဆံလိုက်တာနဲ့ သူ့ခံစားချက်တွေက အုံမှိုင်းလာတယ်။ သူမ မပျော်ရွှင်ဘူးဆိုရင် သူက လက်ဆောင်ပေးမယ်။ တကယ်လို့ သူမက သူ့ကိုခြေထောက်မဆေးပေးဘူးဆိုရင် သူ နေလို့ထိုင်လို့မရလောက်အောင် ခံစားချက်တွေဆိုးရွားလာတယ်။ တကယ်လို့ သူမ တစ်ခုခုကို အထင်လွဲတယ်ဆိုရင် သူချက်ချင်းပဲရှင်းပြချင်တယ်။ ပြီးတော့ သူမ ဖျားနေရင် သူစိတ်တွေအလောတကြီးဖြစ်တယ်။

သူ့ခန္ဓာကိုယ်ကတောင် သူမကိုတုန့်ပြန်နေတယ်။

ဒါက လွန်ခဲ့တဲ့ နှစ်သုံးဆယ်လုံး တစ်ခါမှ မဖြစ်ဖူးပေ။ အဲ့ဒါတောင်မှ သူ့ကိုယ်သူ မသိဘူးဆိုရင် သူ့ဉာဏ်ရည်မှာ ပြဿနာတစ်ခုခု ရှိနေလို့ပဲနေမယ်။

အဲ့အကြောင်းကိုတွေးကြည့်ရုံနဲ့ ကျိယန် မပြုံးပဲ မနေနိုင်တော့ပေ။ သူက ရေနွေးပူထဲမှာ တဖြေးဖြေးပြုတ်ခံထားရတဲ့ ဖားတစ်ကောင်လိုပဲ။ သူမရဲ့ နေ့စဉ်ထမင်းသုံးနပ်၊ခြေထောက်ဆေးပေးတာတွေ၊ နားလည်ပေးတတ်တဲ့ဂရုစိုက်မှု၊ ရှက်ရွံ့နေတဲ့အကြည့်တွေ အဲ့ဒါတွေက တစ်ခုစီဆိုရင် ပုံမှန်လိုပေမယ့် အားလုံးစုလိုက်တဲ့အခါမှာတော့ ဆောင်းဉီးမိုးလိုပဲ တဖြည်းဖြည်းတိတ်ဆိတ်စွာနဲ့ သစ်စေ့လေးတစ်စေ့လို သူ့နှလုံးသားထဲ ဝင်ရောက်လာတယ်။

ထို့နောက် သူမရဲ့ ရေလောင်းပေါင်းသင်မှုတွေ၊ ဂရုစိုက်မှုတွေကြောင့် အဲ့သစ်စေ့လေးက သူ့နှလုံးသားထဲမှာ တဖြည်းဖြည်း အပင်ပေါက်လေးဖြစ်လာတယ်။

ကျိယန်က ထန်ထန် နှာခေါင်းထိပ်လေးကိုထိတွေ့လိုက်ပြီး

‘’ မင်းက အရမ်းကိုတော်လွန်းတယ်… မင်းရဲ့ဗျူဟာက သိပ်တော့လဲမဆိုးပါဘူး’’

အိပ်ပျော်နေဆဲဖြစ်တဲ့ ထန်ထန်က နှာခေါင်းရှုံ့လိုက်တယ်။ ကျိယန် မျက်ဝန်းထဲမှာတော့ အဲ့ဒါက အရမ်းကိုချစ်ဖို့ကောင်းနေတယ်။

နူးညံ့စွာနဲ့ပြုံးလိုက်ပြီး သူ့ကိုယ်ကိုကိုင်းကာ သူမနဖူးကိုနမ်းလိုက်ကာ သူမနားရွက်နားသို့ကပ်ပြီး လေသံတိုးလေးနဲ့

‘’ မြန်မြန်နေကောင်းလာတော့… ကိုယ်တို့တွေ တကယ့်ဇနီးမောင်နှံလိုပဲ နေကြရအောင်’’

အိမ်မက်ကမ္ဘာထဲရောက်နေတဲ့ ထန်ထန် ကတော့ ဘာမှမခံစားလိုက်ရပေ။ သူမက နောက်တစ်နေ့ မနက်အထိ အိပ်နေပြီး နိုးလာချိန်မှာတော့ သူမကိုယ်သူမ ဘယ်ရောက်နေမှန်း မသိတော့ပေ။

‘’ မင်း နိုးပြီလား ‘’ နက်ရှိုင်းတဲ့လေသံက သူမကိုဗလာအခြေအနေမှ နိုးထလာစေတယ်။ သူမ အမြင်ကို စုစည်းပြီး အာရုံစိုက်လိုက်တော့ အနည်းငယ်ပင်ပန်းသလို ခံစားရပြီး ခန့်ညားချောမောတဲ့ မျက်နှာတစ်ခုကို‌ တွေ့လိုက်ရတယ်။

အဲ့ဒါ ကျိယန်ပဲ။

‘’ ကျွန်မ… ‘’ သူမ စကားတစ်လုံးသာပြောနိုင်ပြီး လည်ပင်းထဲမှ ခြောက်ကပ်နေမှုကြောင့် ဆက်မပြောနိုင်တော့ပေ။

ကျိယန်က ရေတစ်ခွက်ယူလိုက်ပြီး သူမ ထိုင်လို့ရအောင် ကူညီပေးလိုက်ကာ ရေခွက်ကို သူမနှုတ်ခမ်းပေါ် တေ့ပေးလိုက်တယ်။

ထန်ထန် အံ့ဩစွာနဲ့ ကျိယန်ကို ကြည့်နေမိတယ်။ ရေခွက်ကိုင်ဖို့ ပြင်လိုက်တဲ့ သူမ လက်အစုံကလဲ တုန်ရီလို့နေတယ်။ သူမဘာသာ သူမ ရေမသောက်နိုင်သေးပေ။

သို့သော်လဲ ကျိယန်က သူမလက်ကိုရှောင်ကာ ‘’ မလှုပ်နဲ့… ကိုယ် ကူညီပေးမယ်’’

'သူ သူမကိုရေခွံ့တိုက်နေတယ်'

သူ့စိတ်ကို မပြောင်းလဲနိုင်မှတော့ ထန်ထန် အနေနဲ့ နာခံစွာနဲ့ပဲ ပါးစပ်ဟပြီး ရေသောက်လိုက်ရတယ်။ သူမ ရေသောက်ပြီးတဲ့နောက် ဘယ်လောက်အထိတောင် ရေဆာနေခဲ့လဲဆိုတာ သတိထားမိသွားတယ်။ ဘာမှမတွေးလိုက်မိပဲ ရေတခွက်လုံးကို အကုန်သောက်လိုက်ပြီးတော့မှ သူမလည်ချောင်းထဲလဲ နေလို့ကောင်းသွားတယ်။

ကျိယန်က ခေါင်းအုံးကိုနေရာတကျပြန်ထားလိုက်ပြီး ထန်ထန် လှဲလို့ရအောင်လုပ်ပေးလိုက်တယ် ။

‘’ မင်း နေမကောင်းဖြစ်နေတယ် ပြီးတော့ အဖျားလဲပြန်တက်တယ် .. မနေ့ကတည်းက အိပ်ပျော်နေတာပဲ’’

ထန်ထန် မျက်ဝန်းတွေ ပြူးကျယ်သွားတယ်။

‘’ နောက်ထပ်ရက်နည်းနည်းလောက် အိပ်ယာထဲပဲနေဉီး… အိမ်အလုပ်တွေလဲ မလုပ်နဲ့ဉီး… ကိုယ်ပြန်ရောက်မှ လုပ်လိုက်မယ်… မင်းက အနားပဲယူနေ ဟုတ်ပြီလား’’

သူ့ရဲ့အကြည့်တွေကြောင့် ထန်ထန် မငြင်းဆန်ရဲပဲ ခေါင်းငြိမ်ရုံသာ တတ်နိုင်တော့တယ်။

ကျိယန်က ထန်ထန် ခေါင်းကိုပွတ်ပေးလိုက်ပြီး အခန်းထဲမှ ထွက်သွားတယ်။ သိပ်မကြာခင်မှာပဲ သူက သာမိုမီတာနဲ့ ဆန်ပြုတ်တစ်ပန်းကန် ပြန်ယူလာတယ်။

‘’ မင်းဖျားနေမှတော့ တခြားဟာတွေစားလို့မဖြစ်ဘူး … လာ … ဒီဆန်ပြုတ်လေး နည်းနည်းလောက်သောက်လိုက်…’’ ကျိယန်က ပြောရင်းနဲ့ ပန်းကန်ထဲမှဆန်ပြုတ်ကို ဇွန်းနဲ့ခပ်လိုက်ပြီး ထန်ထန် ပါးစပ်ထဲသို့ခွံ့ကျွေးလိုက်တယ်။

'သူ သူမကို ခွံ့ကျွေးနေပြန်ပြီ။'

ထန်ထန် မျက်တောင်ခတ်လိုက်တယ်။ ကျိယန်ဘာလို့ သူမအပေါ် ဒီလောက်ထိဂရုစိုက်နေလဲဆိုတာ သူမ နားမလည်ပေ။ သူမ မှာလက်ရှိတယ်လေ အဲ့ဒါ ကိုယ့်ဘာသာ စားလို့ရတာပဲကို။ သူမ ဖျားနေလို့များ အဲ့လို ကောင်းကောင်းပြုစုတာ ခံနေရတာများလား… အဲ့လိုသာဆိုရင် ဖျားနေတာလဲ အတော်လေးကောင်းတာပဲ။

‘’ စောင်ကိုဘာလို့ ဖယ်လိုက်တာလဲ… ပူတုန်းလေး စားလိုက်ဉီး’’

ကျိယန်ရဲ့ စကားသံက ထန်ထန်ကို လက်ရှိဘဝထဲပြန်ရောက်လာစေတယ်။ သူမ အတွေးတွေကို အမြန်ဖုံးလိုက်ပြီး နာခံစွာနဲ့ ပါးစပ်ဟလိုက်တယ်။ ပထမ တစ်ဇွန်းစားပြီးတဲ့နောက် ကျန်တာတွေက လွယ်ကူစွာနဲ့စားလို့ရသွားတယ်။ တစ်ဇွန်းပြီး တစ်ဇွန်းနဲ့ ဆန်ပြုတ်အားလုံးကုန်သွားချိန်မှာတော့ သူမ အတော်လေး စားမိသွားတယ်ဆိုတာ သတိထားလိုက်မိတယ်။

အများကြီးစားလိုက်တဲ့ သူမဗိုက်ကိုပွတ်လိုက်မိတယ်။ သူမရဲ့ အူကြောင်ကြောင်လုပ်ရပ်ကို ကျိယန်အားမတွေ့စေလိုပေ။

ဒါပေမယ့် ကျိယန်က မသိပဲ ဘယ်နေပါ့မလဲ… သူက ထုတ်မပြောပေမယ့် ဆရာဝန်က သူမခန္ဓာကိုယ်အားနည်းနေတယ်လို့ ပြောခဲ့တဲ့အတွက် သူမကို များများစားစေလိုတာဖြစ်တယ်။ မနက်ခင်းတိုင်းပြေးတာကလဲ သူမ ခန္ဓာကိုအတွက် အကျိုးသိပ်မရှိပေ။ ကြည့်ရတာ သူမ လုပ်တာနည်းလမ်းမှားနေပုံပဲ။ သူပါ သူမနဲ့အတူ လေ့ကျင့်ခန်းလုပ်သင့်နေပြီ။ ကောင်းမွန်တဲ့အစားအစာနဲ့ မှန်ကန်တဲ့လေ့ကျင့်ခန်းကိုသာ လုပ်မယ်ဆိုရင် သူမ ပိုပြီးကျန်းမာလာနိုင်တယ်။

ထန်ထန် စားပြီးတာနဲ့ ကျိရှောင်ကျိုးကိုမရှိတာကို သတိထားမိသွားတဲ့အတွက် ချက်ချင်းပဲ မေးလိုက်တယ်။ အသေးလေး မူကြိုမှာလို့ သိလိုက်ရပြီးနောက် အချိန်ကိုကြည့်လိုက်တော့ မစောတော့တာကို သိလိုက်ရတယ်။ သူမက ကျိယန်ကို တွန်းလိုက်ပြီး

‘’ ဘာလို့ လေ့ကျင့်ရေးသွားမလုပ်တာလဲ.. အချိန် မနည်းတော့ဘူး’’

ကျိယန် အမူအယာက မပြောင်းလဲပေ

‘’ အဲ့ဒါဘာမှမဖြစ်ဘူး… မင်း မနက်စာစားဖို့အတွက် ကိုယ်အချိန်နည်းနည်းယူထားတယ်… မင်းပြန်အိပ်တာနဲ့ ကိုယ်ပြန်သွားမှာ.. ပြီးတော့ တပ်ရင်းမှူးကတော်ကိုလဲ မင်းကိုစောင့်ရှောက်ဖို့ ပြောထားတယ်’’

ထန်ထန် တခြားတစ်ယောက်ကို အနှောက်အယှက်မပေးချင်ပေ။ သူမ နေလို့အတော်လေးကောင်းနေပြီလို့ ခံစားရတယ်။ သို့သော်လဲ ကျိယန်က သူမကိုအိမ်မှာတစ်ယောက်တည်းထားခဲ့ဖို့ရာ စိတ်ပူစွာနဲ့ တပ်ရင်းမှုးကတော်ကို ခေါ်ထားတယ်ဆိုတော့ အဲ့ဒါက ထန်ထန်ကို ပျော်ရွှင်စေတယ်။

ကျိယန်က သူမကို လှဲလို့ရအောင် ကူပေးပြီးနောက် သူမနဖူးကို စမ်းလိုက်ကာ

‘’ ထပ်အိပ်လိုက်ဉီး… မင်းအိပ်ပျော်သွားတာနဲ့ ကိုယ်သွားတော့မယ်’’

ချိုမြိန်မှုတွေခံစားလိုက်ရတဲ့ ထန်ထန်က ချက်ချင်းပဲ မျက်လုံးမှိတ်လိုက်တယ်။ သူမ ဖျားနေတာကြောင့် ကျိယန်က အထူးတလည်သူမအပေါ် နူးညံပေးနေတာလို့လဲ တွေးလိုက်မိတယ်။ သူ သူမကို သူ့ရဲ့ရတနာလေးလို ဆက်ဆံပေးနေတာပဲ။ ကြည့်ရတာ သူမ ဖျားရင်ဘာလုပ်ရမလဲဆိုတာတွေအတွက် စိတ်ပူဖို့ မလိုတော့ပုံပဲ။

အတွေးများနဲ့ ထန်ထန် အိပ်ပျော်သွားတယ်။

ကျိယန်က သူမ နဖူးကိုအနမ်းပေးလိုက်ပြီးနောက် အခန်းထဲမှ ထွက်ခွာသွားတော့တယ်။ မူကြိုနားမှ ဖြတ်သွားချိန်မှာလဲ ထန်ထန် နိုးနေပြီဖြစ်ကြောင်း ကျိရှောင်ကျိုးကို ဝင်ပြောခဲ့သေးတယ်။ ဒါမှ အသေးလေးလဲ သူ့မာမီအတွက် ထပ်ပြီးစိုးရိမ်ဖို့ မလိုမှာဖြစ်တယ်။

ဒါပေမယ့် အသေးလေးက အရမ်းမဆင်မခြင်လုပ်တတ်မယ်ဆိုတာ သူသိခဲ့မယ်ဆိုရင် သူအဲ့အကြောင်းကိုပြောခဲ့မှာမဟုတ်ပေ။

Xxxxxx

Part 49

နေ့လည်ခင်းမှာတော့ ဆရာမစုယွဲ့ဆီမှ ဖုန်းကောလ်ကို ကျိယန်လက်ခံလိုက်ရတယ်။ သူမ အသံက အလောတကြီးနဲ့ စိုးရိမ်နေပြီး ငိုတော့မလိုဖြစ်နေတယ်။

‘’ ကျိ… ရှောင်ကျိုးပျောက်နေတယ်.. ကျွန်မတို့ ဘယ်နေရာမှာမှ ရှာလို့မတွေ့ဘူး’’

ကျိယန် အမူအယာက အေးခဲသွားတယ် ‘’ ဘယ်တုန်းက ပျောက်သွားတာလဲ..  သူ တစ်ယောက်တည်းလား…’’

‘’ မဟုတ်.. မဟုတ်ဘူး… ရှောင်ကျိုးနဲ့ ဝမ်နောင် နှစ်ယောက်လုံးပျောက်နေတာ… နေ့လည်စာစားချိန်တုန်းက သူတို့နှစ်ယောက်လုံး ရှိသေးတယ်… နေ့လည်တရေးအိပ်ချိန်ကျတော့မှ ပျောက်သွားကြတာ… ကျွန်မတို့ ရှာမတွေ့သေးလို့ ရှောင်ကျိုးအမေကိုဖုန်းဆက်တော့လဲ ဘယ်သူမှဖုန်းလာမကိုင်ဘူး...  ကျွန်မတို့ ရှင့်အိမ်တံခါးကိုလဲ သွားခေါက်သေးတယ်… ဘယ်သူမှမရှိဘူး… ဝမ်နောင် အမေကလဲ သူတို့ကို မတွေ့ဘူးလို့ပြောတယ်.. ကျွန်မတို့လဲ တကယ်ပဲ ကလေးတွေဘယ်သွားလဲဆိုတာ မသိတော့ဘူး’’

ဝမ်နောင်ပါ ပျောက်နေတယ်လို့ ကြားပြီးနောက် ကျိယန် စဉ်းစားလိုက်တယ်။ ကျိရှောင်ကျိုးက ကောင်းစွာပြုမူတတ်တဲ့ကလေးဖြစ်တယ်။ အနည်းဆုံးတော့ အချိန်တော်တော်များများမှာပေါ့။ အကြောင်းအရင်းမရှိပဲ ကြုံသလိုလျောက်ပြေးပြီး လူကြီးတွေကို စိတ်ပူအောင် လုပ်တတ်တဲ့သူမဟုတ်ဘူး။

လောလောဆယ်အရေးကြီးတဲ့ အကြောင်းအရင်းတစ်ခုက…. ထန်ထန် ဖျားနေတာကြောင့်ပဲဖြစ်မယ်

အသေးလေး ဘယ်သွားလဲဆိုတာ ကျိယန် ခန့်မှန်းလို့ရပြီဖြစ်တယ်။

အဆုံးမှာတော့ အားလပ်ချိန်အတွင်း ကျိယန် အိမ်ကိုအလောတကြီးပြန်လိုက်တယ်။ အိမ်ရှေ့တံခါးကိုဖွင့်လိုက်တဲ့အခါမှာတော့ အရမ်းကိုတိတ်ဆိတ်နေပြီး အိမ်မှာ တစ်ယောက်မှ မရှိသလိုပဲ။ ဒါပေမယ့် အိပ်ခန်းတံခါးကိုဖွင့်လိုက်ချိန်မှာတော့ ထန်ထန် နားမှာ ငြိမ်းချမ်းစွာနဲ့ အိပ်ပျော်နေတဲ့ ကလေးနှစ်ယောက်ကို တွေ့လိုက်ရတယ်။ ကလေးနှစ်ယောက်လုံးက တစ်ဖက်စီမှာ ထန်ထန် လက်ကိုကိုင်ပြီး အိပ်နေတာဖြစ်တယ်။ သူတို့က ထန်ထန်အိပ်နေတာကို မနှောက်ယှက်ပဲ တိတ်ဆိတ်စွာနဲ့ အဖော်ပြုနေကြတယ်။

အဲ့မြင်ကွင်းကိုကြည့်ရင်း ကျိယန် ဒေါသထွက်လာသလို ချစ်ခြင်းမေတ္တာတွေကိုပါ တပြိုင်နက်ခံစားလိုက်မိတယ်။

ကျိယန် အခန်းထဲမှထွက်ကာ ကလေးတွေရဲ့ဆရာမကို ဖုန်းခေါ်ပြီး နေ့လည်ခင်းအတွက်ပါ ခွင့်တိုင်လိုက်တော့တယ်။ ထို့နောက် အိပ်ခန်းထဲသို့ ပြန်ဝင်ကာ အိပ်ယာဘေးမှာမတ်တပ်ရပ်ရင်း ကလေးနှစ်ယောက်ကို စိုက်ကြည့်နေလိုက်တယ်။

ကျိယန်ရောက်လာတာကို သတိထားမိတဲ့ ကလေးနှစ်ယောက်လုံးက မျက်လုံးတွေပွင့်လာတယ်။ ဝမ်နောင်က ချက်ချင်းပဲ ပျာယာခတ်စွာနဲ့ ကုတင်ပေါ်မှတွယ်ဆင်းလာကာ ကြမ်းပြင်ပေါ်မှာ မတ်တပ်ရပ်လိုက်တယ်။ သူမလက်တွေကို အချင်းချင်းလိမ်ယှက်နေပြီး စိုးရိမ်စွာနဲ့ ကြမ်းပြင်ကို ငုံံ့ကြည့်နေတယ်။ ကျိရှောင်ကျိုးက အထိတ်တလန့်ဖြစ်သွားပြီးနောက် သူ့အမူအယာကိုပြောင်းလိုက်ကာ ကျိယန်ကို ပြုံးရွှင်စွာကြည့်လိုက်ပြီး ချွဲနွဲ့စွာနဲ့

‘’ ဒယ်ဒီ… ပြန်လာ…’’

ကျိယန်က ကျိရှောင်ကျိုးကို လက်ညှိုးထိုးပြီးနောက် တံခါးဝဆီသို့ ညွှန်ပြလိုက်တယ်။ ထို့နောက် အိပ်ခန်းထဲက ထွက်သွားလိုက်တယ်။

ကျိရှောင်ကျိုးမျက်လုံးက ပြောင်းလဲသွားတယ်။ ထို့နောက် အိပ်ယာပေါ်မှဆင်းလိုက်ပြီး ဖိနပ်စီးကာ ဝမ်နောင်အတွက်လဲ ဖိနပ်ကိုလှမ်းပေးလိုက်သေးတယ်။ သူမ ကြောက်လန့်နေတာကိုကြည့်ပြီး ဘာလုပ်ရမှန်းမသိတာနဲ့ သူမခေါင်းလေးကို အသာပုတ်ပေးလိုက်ရင်း

‘’ ဘာမှ ဖြစ်မှာမဟုတ်ပါဘူး… ငါ ဒီမှာရှိတယ် … အဲ့ဒါ ငါ့အကြံတွေပဲ… နင့်အမှားမဟုတ်ဘူး.. ငါ့ဒယ်ဒီက နင့်ကိုအပြစ်ပေးမှာမဟုတ်ဘူး…’’

ချက်ချင်းပဲ ဝမ်နောင်က ခေါင်းယမ်းလိုက်တယ်။ သူမ အမှားလဲပါတဲ့အတွက် သူမလဲ အပြစ်ပေးခံရသင့်တယ်။ သူတစ်ယောက်တည်း အပြစ်တွေအားလုံး မခံသင့်ဘူး။

‘’ အိုကေ… အခုလိုမျိုး ယောကျာ်းသားတစ်ယောက်ကို နင် စိတ်မပူသင့်ဘူး ‘’

ကျိရှောင်ကျိုးက လမ်းလျောက်ရင်း ဝမ်နောင်လက်ကိုဆွဲကာ ပြောလိုက်တယ်။ ထို့နောက် သူက ဂရုတစိုက်နဲ့ အခန်းတံခါးကို ပိတ်လိုက်တယ် ။

ကျိယန်က ဆိုဖာပေါ်မှာ ထိုင်နေတယ်။ ကျိရှောင်ကျိုးနဲ့ ဝမ်နောင်က သူ့အရှေ့မှာရပ်လိုက်ပြီး နှစ်ယောက်သား ငြိမ်သက်စွာနဲ့ ခေါင်းငုံ့ရင်း မျက်လုံးကဟိုဟိုဒီဒီလျောက်ကြည့် နေကြတယ်။ ဟုတ်တာပေါ့ ဝမ်နောင်က တကယ်စိုးရိမ်နေချိန်မှာ ကျိရှောင်ကျိုးက ဟန်ဆောင်နေရုံပဲရှိတယ်။

ကျိရှောင်ကျိုး အမှားလုပ်မိတဲ့အချိန်တိုင်း သူက အရင်ဝန်ခံတတ်တယ်။ ဒါကြောင့် ကျိယန် ဘာမှမပြောရသေးခင်မှာပဲ သူကစတင်ပြီး တောင်းပန်တယ်

‘’ သားတောင်းပန်ပါတယ် ဒယ်ဒီ … သားတို့ မှားပါတယ် ဒါပေမယ့် သားက အိမ်ပြန်လာပြီး မာမီကို ကြည့်ချင်တာပါ… မနေ့ကလဲ မာမီက တနေလုံး အိပ်နေတယ်လေ… မာမီက သားကိုနှစ်ရက်တောင်မှ စကားမပြောဘူး… သားမာမီကို အရမ်းလွမ်းတယ်’’

ကျိယန်က ကျိရှောင်ကျိုးအကြောကို နောကျေနေပြီဖြစ်တယ် ။

‘’ ဒါဆို ကျောင်းကနေပျောက်သွားလို့ ဆရာမ ဘယ်လောက်တောင် စိုးရိမ်နေလဲဆိုတာကော မင်းသိလား … ရှောင်ကျိုး … ဒီလို အပြုအမူတွေက တာဝန်မဲ့တယ်’’

ကျိရှောင်ကျိုးက နှုတ်ခမ်းကိုက်လိုက်ပြီး အမှန်တကယ်နောင်တရစွာနဲ့

‘’ တောင်းပန်ပါတယ် … သားကိုပဲ အပြစ်ပေးပါ ဒယ်ဒီ … ဒါပေမယ့် နောင်နောင်ကိုတော့ အပြစ်မပေးပါနဲ့ … သူက အဲ့လိုလုပ်ဖို့ တွန်းအားပေးခံရတာပါ’’

အဲ့ဒါကို ကြားလိုက်ရတဲ့ ဝမ်နောင်က သူမ တတ်နိုင်သလောက် ခေါင်းကိုယမ်းလိုက်တယ်။ သူမလဲ အမှားလုပ်မိတာပဲ … အဲလိုလုပ်ဖို့ တွန်းအားပေးခံရတာမဟုတ်ဘူး …

အိုး … သူရဲကောင်းက အလှလေးကို ကယ်တင်နေတာပဲ …

ကျိယန်က  နည်းနည်းလေးတောင်တွေးကြည့်စရာမလိုပဲ ဒီအကြံက ရှောင်ကျိုးဆီက လာတယ်ဆိုတာ တပ်အပ်ပြောနိုင်တယ်။ ဝမ်နောင်က ဒီလိုမျိုးတွေ သူမဘာသာ လုပ်ရဲမှာမဟုတ်ပေ။ အသေးလေးက ဒီချစ်ဖို့ကောင်းတဲ့ကလေးမကို လမ်းလွဲစေတာပဲ။

‘’ သေချာတာပေါ့ … အပြစ်ပေးဖို့က လာမှာပဲ ဒါပေမယ်… မူကြိုကနေ ဘယ်လိုထွက်ပြေးလာလဲဆိုတာ အရင်ပြော ‘’

နေ့ခင်းပိုင်းကျောင်းချိန်ဆို မူကြိုတံခါးက လော့ခ်ချထားပြီး အဲ့လောခ့်ကလဲ အမြင့်ဘက်မှာရှိတာဖြစ်တယ်။ ကလေးတွေအရပ်နဲ့ အဲ့နေရာကို မီမှာမဟုတ်ဘူး။

အဲ့အချိန်မှာပဲ ကျိရှောင်ကျိုးက နာခံစွာနဲ့ ထောင်ထဲမှ သူတို့ဘယ်လိုဖောက်ထွက်ခဲ့သလိုဆိုတာ ရှင်းပြတော့တယ်။

‘’ နေ့တိုင်းဆရာမက တခါးလောခ့်ချတာကို သားမြင်တယ် ဒါပေမယ့် သေသေချာချာ လောခ့်မချခဲ့ဘူး … သားက ဝမ်နောင်ကိုချီလိုက်တော့ သူမက တံခါးလောခ့်ကို ဖွင့်လို့ရသွားတယ်လေ.. နောက်တော့ သားတို့က အဲ့လော့ခ်ပြန်ချပေးလိုက်ပြီး ပြန်လာတာပဲ’’

ဒီ ကြွက်စုတ်လေးကတော့ … ကျိယန်ဆက်မေးမနေတော့ပဲ ပြောလိုက်တယ်

‘’ ကောင်းပြီ … ကိုယ့်အပြစ်ကိုယ်လက်ခံရမယ်ဆိုတော့ ကိုယ့်ကိုယ်ကိုပြန်သုံးသပ်တဲ့စာရေးရမယ်…. ငါ့ကိုတစ်စောင် ဆရာမကိုတစ်စောင်ပေးရမယ်’’

‘’ နားလည်ပါပြီ ဒယ်ဒီ ‘’

‘’ နောက်ဆုံးတစ်ခုကတော့ နောက်သုံးလအတွင်း ဘာမုန့်မှ မစားရဘူး’’ မုန့်တွေကပဲ သူ့ကိုထိန်းသိမ်းလို့ရတဲ့ နည်းလမ်းဖြစ်တယ်။

‘’ ….. ‘’

ရှောင်ကျိုး ပြောစရာစကားတွေပျောက်ရှသွားပြီး သူ့တကိုယ်လုံးအေးခဲသွားတယ်။ သူ့မျက်နှာမှာတော့ ‘ လောကကြီးမှာ ဘာအတွက်နေရတော့မှာလဲ ‘ ဆိုတဲ့ အမူအယာပေါ်နေတော့တယ် ။

ရှောင်ကျိုးရဲ့ အရမ်းနာကျင်သွားပုံကိုကြည့်ရင်း ဝမ်နောင် အတော်လေးစိုးရိမ်သွားတယ်။ သူက အမူအယာမဲ့နေတဲ့ ကျိယန်ကို လှမ်းကြည့်လိုက်ပြီး သူမ နှလုံးသားက တုန်လှုပ်သွားတယ်။ သူမ အရမ်းကြောက်နေပေမယ့်လဲ သူမကိုယ်သူမ အားပေးကာ ကျိယန်အကျီလက်ကိုဆွဲပြီး လှုပ်လိုက်တယ်။ သူမရဲ့အကြည့်တွေက ရှောင်ကျိုးအတွက် အယူခံဝင်နေပုံပေါ်တယ်။

သူ့အကျီလက်ကိုဆွဲခံလိုက်ရပြီး စိုစွတ်နေတဲ့မျက်ဝန်းတွေရဲ့ အကြည့်ကြောင့် ကျိယန် နှလုံးသားပျော့ပြောင်းသွားတယ်။ ကျိရှောင်ကျိုးရှေ့မှာဆို သူဒီလိုတစ်ခါမှ မခံစားဖူးပေ။ ကျိရှောင်ကျိုးရဲ့ အယူခံဝင်မှုတွေနဲ့ ဝုန်းဒိုင်းကြဲမှုတွေအားလုံးက ကျိယန်အပေါ်မှာ အသုံးမဝင်ဘူး။

ဒါက ယောကျာ်းလေးနဲ့ မိန်းကလေးကြားက ခြားနားချက်များလား… တကယ်လို့ ဒီကလေးမလေးသာ သူ့သမီးလေးဆိုရင် ဒီလိုမျိုး အပြစ်ပေးမှာမဟုတ်ပေ…

‘’ ကောင်းပြီ … နောင်နောင်ကြောင့် မင်းရဲ့နောက်ဆုံးပြစ်ဒဏ်ကို ပယ်ဖျက်ပေးမယ် ‘’

ကျိယန်က နောက်ဆုံးပြစ်ဒဏ်ကို လျော့ပေးလိုက်တယ်။

ကျိရှောင်ကျိုးက အလန့်တကြား မျက်လုံးပြူးသွားတယ်။ သူ့မျက်ဝန်းထဲမှာလဲ သံသယတွေ၊ အံ့ဩမှုတွေ၊ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်လို့သွားတယ်။ နောက်ဆုံးတော့ သူ ဝမ်နောင်ကို အားကျမှုအပြည့်နဲ့ လှမ်းကြည့်လိုက်တယ်။

ဝမ်နောင်က အပြုံးသေးသေးလေး ပြုံးပြလိုက်တယ်။ သူမအပြုံးက ကျိရှောင်ကျိုးကိုပါ ပြုံးသွားစေတယ်။ သူက အရာအားလုံးကိုမေ့သွားကာ သူမပုခုံးကိုပျော်ရွှင်စွာနဲ့ ပုတ်လိုက်ပြီး သူ့မျက်ဝန်းတွေကလဲ တောက်ပနေကာ ‘’ ကြည့် … ငါရှိနေတာနဲ့ ဘာမှ မဖြစ်တော့ဘူး ဟုတ်တယ်မှတ်လား…’’

ကျိရှောင်ကျိုးရဲ့ ကျေနပ်နေတဲ့ မျက်နှာအမူအယာက ကျိယန်ကို အဲ့ကလေးအား ရိုက်ချင်စိတ်ဖြစ်ပေါ်လာစေတယ်။

ကြည့်ရတာ သူအရမ်းကြင်နာသွားတယ်ထင်တယ် ။ ဒါကြောင့် အခန်းထောင့်သို့ လက်ညှိုးထိုးလိုက်ကာ

‘’ နောက်ဆုံးပြစ်ဒဏ်ကို မပေးတော့ပေမယ့်လဲ နံရံကိုမျက်နှာမူပြီး နာရီဝက်မတ်တပ်ရပ်ရမယ်’’

‘’ အာ… ‘’ ကျေနပ်နေတဲ့ ကျိရှောင်ကျိုးမျက်နှာက အေးခဲသွားတယ်။ သူ့ဒယ်ဒီနောက်နေတာမဟုတ်မှန်း သေချာသွားတဲ့နောက် သူက သက်ပြင်းချကာ တဖက်သို့လှည့်လိုက်ပြီး နံရံဆီသို့ လမ်းလျောက်သွားတော့တယ်။ ထို့နောက် ရင်းနှီးစွာနဲ့ပဲ နံရံကိုမျက်နှာမူကာ ရပ်နေလိုက်တော့တယ်။

ဝမ်နောင်ကလဲ ရှောင်ကျိုးအနားသို့သွားကာ အတူတူရပ်ပြီး အဖော်ပြုပေးနေတယ်။

ကျိရှောင်ကျိုးက မျက်မှောင်ကြုတ်လိုက်ပြီး သူမရဲ့အဓိပ္ပာယ် ပြည့်နေတဲ့ အမူအယာကို စိုက်ကြည့်လိုက်ကာ

‘’ ဘာလို့ဒီမှာလာရပ်တာလဲ … နင်က အပြစ်ပေးမခံရဘူးလေ… မြန်မြန်သွားတော့ …’’

ဝမ်နောင်က ပေါ့ပေါ့ပါးပါးနဲ့ ခေါင်းယမ်းလိုက်ပြီး သူနဲ့အတူရပ်နေတယ်။

‘’ နင်က တကယ်မကောင်းဘူးပဲ ‘’ ကျိရှောင်ကျိုးက စိတ်ဆိုးချင်ယောင်ဆောင်လိုက်တယ်။ သူ သူမကိုအဝေးသို့ပြေးအောင် ခြောက်လှန့်ချင်လို့ပဲ ဖြစ်တယ်။

သို့သော်လဲ ဝမ်နောင်က ထွက်မသွားပဲ ဆက်မတ်တပ်ရပ်နေဆဲဖြစ်တယ်။

အဆုံးမှာတော့ ကျိရှောင်ကျိုးက ဘာမှမလုပ်နိုင်တော့ပေ။ ဒီမိန်းကလေးက အတော်လေး ညှိနှိုင်းရခက်တယ်လို့လဲ တွေးလိုက်မိတယ်။

ကလေးနှစ်ယောက်လုံးက သူတို့ရဲ့အခက်အခဲတွေ အတူတူမျှဝေနေတာကို ကြည့်ရင်း ကျိယန် နှုတ်ခမ်းထောင့်တွေ မြင့်တက်လို့လာတယ်။

‘’ အိုး… ဒါကဘာတွေလဲ… ကလေးနှစ်ယောက်လုံးက ဘာလို့အိမ်မှာရှိနေရတာလဲ…’’

အိမ်ပြန်ပြီး စွပ်ပြုတ်သွားယူတဲ့ တပ်ရင်းမှုးကတော်က ပြန်ရောက်လာပြီး နံရံကိုမျက်နှာမူနေတဲ့ ကလေးနှစ်ယောက်ကိုတွေ့လိုက်ရတယ်။

‘’ သူတို့နှစ်ယောက်လုံး ထန်ထန် ကိုကြည့်ဖို့ဆိုပြီး ကျောင်းကနေ ခိုးပြန်လာကြတယ်လေ… မရီး အိမ်ပြန်ပြီး နားလိုက်ပါတော့ သူတို့ကိုပဲ ကြည့်ခိုင်းလိုက်တော့မယ် ‘’

အချိန်ကိုကြည့်လိုက်ပြီး ကျိယန်က ပြန်ထွက်ဖို့ မတ်တပ်ရပ်လိုက်တယ်။ ကလေးနှစ်ယောက်လုံးရဲ့ အပြစ်ပေးခံနေရတာကို သူ မကြည့်တော့ပေ။

‘’ ရပါတယ် … အစ်မ ဒီမှာပဲနေလိုက်မယ် .. မင်းလုပ်စရာရှိတာတွေသာ သွားလုပ်တော့လေ’’ တပ်ရင်းမှုးကတော်က ကျိယန်ထွက်သွားတာကို ကြည့်လိုက်တယ်။ ထို့နောက် ကလေးတွေဆီသို့ လျောက်သွားလိုက်ပြီး ‘’ အပြစ်ပေးခံရတာလား…’’

ကျိရှောင်ကျိုးက မျက်လုံးမှိတ်ပြလိုက်တယ်။

‘’ နောက်တခေါက် ကျောင်းပြေးရဲသေးလားလို့ ကြည့်ရအောင်’’

တပ်ရင်းမှုးကတော်က ရှောင်ကျိုးခေါင်းကို ပုတ်လိုက်ပြီး

‘’ အခုရပြီ သားဒယ်ဒီထွက်သွားပြီဆိုတော့ ဆက်ရပ်နေဖို့မလိုတော့ဘူး’

ကျိရှောင်ကျိုးက ခေါင်းယမ်းကာ ‘’ မရဘူး … ဒယ်ဒီက နာရီဝက် ရပ်ဖို့ပြောခဲ့တာ… ယောကျာ်းဆိုတာ သူ့စကားကို ပြန်မရုတ်သိမ်းရဘူး’’

‘’ သားက ဒါကိုလဲသိတယ်ပေါ့" တပ်ရင်းမှုးကတော် အရမ်းရယ်ချင်သွားတယ်

။ ‘’ ဟုတ်ပါပြီ … သားက ယောကျာ်းသေးသေးလေးပဲ … ဒီမှာ မိနစ်သုံးဆယ်ပြည့်အောင်ရပ်နိုင်တယ် .. ဒါပေမယ့် ဝမ်နောင်လေးက မိန်းကလေးဆိုတော့ သူမ ရပ်ဖို့မလိုဘူး မဟုတ်လား’’

ဝမ်နောင်လက်မခံပေမယ့် ကျိရှောင်ကျိုးက ခေါင်းငြိမ့်ပြလိုက်တယ်။

‘’ ဝမ်နောင်နောင်… နင်နားမထောင်ဘူးဆိုရင် ငါနင့်ကိုသဘောမကျတော့ဘူးနော်’’ ရှောင်ကျိုးက ပါးလေးဖောင်းကာငြင်းဆန်နေတဲ့ သူမကို ခြိမ်းခြောက်လိုက်တယ်။

ကလေးမလေးက အတော်လေးလန့်သွားတယ်။ ဒါပေမယ့် သူမက ခေါင်းမာစွာနဲ့ မလှုပ်ရှားပဲဆက်နေနေတယ်။ သူမက ရှောင်ကျိုးအကျီလက်ကို ဆွဲကာ စိတ်ဆိုးတာကိုရပ်သွားစေဖို့ ကြိုးစားနေတယ်။

ရှောင်းကျိုးရဲ့ ဒေါသတွေအားလုံးက တစ်ခါတည်းနဲ့ ပျောက်ကွယ်သွားပြီး

‘’ နင်က အရမ်းမိုက်မဲတာပဲ… ငါမရှိရင်  နင်ဘယ်လိုလုပ်မလဲ … အရမ်းစိတ်ပူရတာပဲ…’’

ဝမ်နောင်က ချိုမြိန်စွာနဲ့ပြုံးလိုက်တယ်။

တပ်ရင်းမှုးကတော်လဲ မပြုံးပဲ မနေနိုင်တော့ပေ။ ဒီကလေးနှစ်ယောက်လုံးက အရမ်းရယ်စရာကောင်းတယ်လို့ တွေးလိုက်မိပြီး သူတို့ကိုမနှောက်ယှက်တော့ပေ။ ထို့နောက် သူမက အိပ်ခန်းထဲသို့လျောက်သွားကာ ထန်ထန်ကိုနှိုးလိုက်ပြီး စွပ်ပြုတ်တိုက်လိုက်တယ်။ ဒါပေမယ့် ထန်ထန် အိပ်ခန်းထဲမှ ထွက်လာချိန်မှာတော့ ကလေးနှစ်ယောက်ရဲ့ ပုံစံကိုမြင်လိုက်ပြီး သူမ ငိုရ ရယ်ရခက်သွားတော့တယ်။ သူမက စွပ်ပြုတ်ကို တဖြည်းဖြည်းသောက်နေရင်းနဲ့ အချိန်အတော်ကြာမှ သောက်လို့ပြီးသွားတယ်။ ကလေးတွေရဲ့ အပြစ်ပေးချိန်ကလဲ ပြီးသွားပြီဖြစ်တယ်။

ကျိရှောင်ကျိုးက ချက်ချင်းပဲ ထန်ထန်ရင်ခွင်ထဲသို့ ပြေးဝင်ကာ ပျစ်ချွဲနေတဲ့လေသံနဲ့

‘’ မာမီ.. သားမာမီကို အရမ်းလွမ်းနေတာ’’

ထန်ထန် အသေးလေးရဲ့နဖူးကိုနမ်းရင်း ပြန်ဖြေလိုက်တယ်

“’ မာမီလဲ သားကိုလွမ်းနေတာ’’

‘’မာမီ .. နောက်ထပ်မဖျားနဲ့တော့နော် .. သားအရမ်းစိတ်ပူတယ် ‘’

‘’ အိုကေ … မာမီထပ်မဖျားတော့ဘူး… အခုကစပြီး မာမီက ကျန်းမာအောင်နေတော့မယ် ‘’

မတူညီနဲ့ သူ့ဒယ်ဒီရဲ့ဖိနှိပ်တဲ့စောင့်ရှောက်မှုတွေအောက်မှာ ကျိရှောင်ကျိုးတစ်ယောက် သူ့မာမီရဲ့နူးညံ့မှုတွေကိုသာ အလိုရှိတော့တယ်။ ပြီးတော့ ဝက်ပေါက်လေးတစ်ကောင်လို သူ့မာမီရင်ခွင်ထဲမှာ တိုးဝှေ့နေလိုက်တယ်။

ထန်ထန်က သူမတို့ကို မျက်တောင်မခတ်ပဲ ရပ်ကြည့်နေတဲ့ ဝမ်နောင်အား လက်ယမ်းလိုက်ပြီး ‘’ နောင်နောင် .. ဒီကိုလာ သမီး’’

သူမတို့အနားသို့ ဝမ်နောင်ရောက်လာချိန်မှာတော့ သူမက ဝမ်နောင်ကိုပါပွေ့ဖက်လိုက်တယ်။ သူမက နောင်နောင် နဖူးလေးကိုနမ်းလိုက်ပြီး

‘’ အန်တီ့အိမ်ကို လာလည်တာကျေးဇူးပါနော်… နော်နောင်က လိမ်မာတဲ့ကလေးလေးပဲ’’

ဝမ်နောင်မျက်ဝန်းတွေက သေးငယ်တဲ့လခြမ်းလေးလိုဖြစ်သွားတယ်။ သူမရဲ့ အိတ်ထဲသို့လက်နှိုက်လိုက်ပြီးနောက် သူမလက်ထဲမှာ သကြားလုံးလေးတစ်လုံးပါလာကာ ထန်ထန် ရှေ့သို့ပို့လိုက်တယ်။

ထန်ထန် အံ့အားသင့်သွားပြီး ‘’ ဒါက အန်တီ့အတွက်လား ‘’

ဝမ်နောင်က ခေါင်းငြိမ့်ပြလိုက်တယ်။

ထန်ထန်က သကြားလုံးကိုယူကာ ကလေးရဲ့စိတ်ကောင်းလေးကို အသိအမှတ်ပြုလိုက်တယ်

‘’ ကျေးဇူးတင်ပါတယ် နောင်နောင် …’’

ကလေးမလေးက ပိုပျော်သွားပြီး အပြုံးတွေကပိုပီပြင်လာတယ်။ သူမ ပြုံးလိုက်ရင် သွားလေးတွေက ဖွေးပြီး တောက်ပနေတယ်။

ကလေးတွေက ပုံစံတူအရုပ်ကို စတင်ဆက်နေချိန်မှာတော့ တပ်ရင်းမှုးကတော်က

‘’ ဒီကလေးမလေးက တကယ်ကိုအပြုအမူကောင်းလေးတွေရှိတယ် ဒါပေမယ့် သူမ မိသားစုကတော့… အင်း… သူမသာ သာမန်မိသားစုက ကလေးဆိုရင် မင်းသမီးလေးလို နေရမှာပဲ’’

ထန်ထန်လဲ အဲ့အတွေးကို ထောက်ခံမိတယ်။ ဘယ်သူကမျာ ဒီလိုလိမ်မာပြီး ညဏ်ကောင်းတဲ့ကလေးကို မလိုချင်ပဲနေမှာလဲ။ အဲ့ကလေးသာ သူမသမီးလေးဆိုရင် အလွန်အင်မတန်မှကို မြတ်နိုးချစ်ခင်မိမှာပဲ။

‘’ အဲ့ကလေးမရဲ့ အကျီကိုလဲ ကြည့်ဉီး… အဲ့ဒါက သူမဟာတွေမဟုတ်တာ အသိသာကြီးပဲ… ကလေးနှစ်ယောက်လောက် အသာလေးဝတ်လို့ရတယ်… ကလေးနဲ့တော်မယ့်အဝတ်ကောင်းလေးတွေ ဝယ်မပေးနိုင်ကြဘူးလားမသိဘူး... သူ့သမီးအရင်းမဟုတ်တာနဲ့ပဲ အဲ့ဒီဝမ်အမျိုးသမီး က ဘာမှမလုပ်ပေးဘူးလား… ‘’

တပ်ရင်းမှုးကတော်က စိတ်ဆိုးစွာနဲ့ ကလေးမလေးဘက်မှ မခံမရပ်နိုင်ဖြစ်နေတယ်။

ဝမ်နောင်ရဲ့ အကျီတွေက မဆိုးပါဘူး… အဲ့ဒါတွေက နာမည်ကြီးတံဆိပ်တွေပဲ ဒါပေမယ့် သူမနဲ့တော့ မတော်ပေ။ အဲ့ဒါတွေက သူမအတွက် အရမ်းကိုကြီးနေတယ်။ အထူးသဖြင့် အောက်ကိုပုံကျနေတဲ့ ဘောင်းဘီရှည်တွေပဲဖြစ်တယ်။ သူမက အဲ့ဒါကိုခြေထောက်နဲ့လွတ်အောင် အပေါ်သို့လိပ်တင်ထားရတယ်။ သူမရဲ့ဖိနပ်ကလဲမတော်ပဲ အနည်းငယ်ကြီးနေသေးတယ်။ တကယ်လို့ သူမသာ နည်းနည်းမြန်မြန်လေးပြေးမယ်ဆိုရင် အဲ့ဖိနပ်က ကျွတ်ကျကျန်ခဲ့မှာ အသေအချာပဲ။ အဝတ်အစားကျကျနန ဝတ်ထားတဲ့ ကျိရှောင်ကျိုးနဲ့ယှဉ်လိုက်ရင် သူမက အတော်လေးသနားစရာကောင်းနေတယ်။

Xxxxxx

part 50

ထန်ထန် အိပ်ခန်းထဲသို့ဝင်ပြီး အပ်ချည်နဲ့အပ်ကို ယူလိုက်တယ်။ ထို့နောက် ဝမ်နောင်ဝတ်လို့တော်လောက်မယ့် ရှောင်ကျိုးအကျီတွေကို ရှာလိုက်တယ်။

ကလေးနှစ်ယောက်ရဲ့ အရပ်က အတူတူပဲဖြစ်တယ်။ ရှောင်ကျိုးက တကယ်ပဲဝတုတ်လေးဖြစ်တဲ့အတွက် သူအဝတ်တွေက ဝမ်နောင်အတွက် အရမ်းကိုပဲကျယ်နေတယ်။

ရှောင်ကျိုးက သူ့လက်မောင်းနဲ့ ဝမ်နောင် လက်မောင်းကိုယှဉ်လိုက်ကာ လေးလံစွာနဲ့ပြောလိုက်တယ်

“ နောင်နောင် … နင်အသားများများ စားဖို့လိုနေပြီ… အရမ်းပိန်တဲ့မိန်းကလေးက ဖျားဖို့လွယ်တယ်… ငါ့မာမီလိုပေါ့…’’

ချက်ချင်းပဲ ဝမ်နောင်က ခေါင်းငြိမ့်လိုက်တယ်။

ထန်ထန်က ရှောင်ကျိုးခေါင်းကိုပုတ်ပေးရင်း ပြုံးလိုက်တယ်။ ထို့နောက် သူမက အကျီကို ကလေးမလေးရဲ့ဆိုဒ်အတိုင်း ပြန်သီလိုက်တယ်။ အကျီက တစ်နာရီအတွင်းအဆင်သင့်ဖြစ်သွားပြီး ကလေးမလေးကို သူမ လဲဝတ်ပေးလိုက်တယ်။

ကလေးမလေးက သူမရဲ့အကျီအသစ်ကို မျက်တောင်မခတ်ပဲ စိုက်ကြည့်နေတယ်။ သူမက ဂရုတစိုက်နဲ့ နည်းနည်းခုန်လိုက်ပြီးနောက် ဘောင်းဘီရှည်က လျောကျမသွားတာကိုတွေ့လိုက်တယ်။ ထို့နောက် သူမက ထန်ထန်ဆီသို့ပြေးသွားကာ ကျိရှောင်ကျိုးလုပ်သလိုမျိုး ထန်ထန်ခြေထောက်ကို ဖက်တွယ်လိုက်ရင်း သူမရဲ့ ကျေးဇူးတင်မှုကို ပြသလိုက်တယ်။

ထန်ထန်က ဝမ်နောင်ရဲ့မျက်နှာသေးသေးလေးကို ထိလိုက်ပြီး

‘’ ဟုတ်ပါပြီ … အန်တီတို့ရဲ့နောင်နောင်က ပိုလှသွားပြီ … ရှောင်ကျိုးကို သွားပြလိုက်ပါဉီး’’

ဝမ်နောင်က ပျော်ရွှင်စွာနဲ့ ရှောင်ကျိုးဆီသို့ပြေးသွားတယ်။ ကျိရှောင်ကျိုးက သူ့လက်နှစ်ဖက်ကိုနောက်သို့ပို့ရင်း အပြုံးလေးနဲ့ချီးကျူးလိုက်တယ်

‘’ နောင်နောင် … နင့်အကျီက တကယ်ကောင်းတာပဲ … ဟီးဟီး…’’

ဝမ်နောင်က ရှောင်ကျိုးအနောက်ဘက်ကို လက်ညှိုးထိုးလိုက်တယ်။

ရှောင်ကျိုးက တခစ်ခစ်ရယ်လိုက်ပြီး သူ့အနောက်က ပုံစံတူကို ထုတ်ပြလိုက်တယ်။ အချိန်တိုအတွင်းမှာပဲ ပုံစံတူကို ရှုပ်ပွသွားအောင် သူလုပ်ပြီးဖြစ်တယ်။ သူက ကူညီဖို့ကြိုးစားပေမယ့်လဲ အဲ့ဒါကပိုဆိုးသွားတယ်။

အပြစ်ရှိစွာနဲ့ ရှောင်ကျိုးက ခေါင်းကိုကုတ်လိုက်တယ်။

ဝမ်နောင်က လုံးဝစိတ်မဆိုးပေ။ သူမက ကျိရှောင်ကျိုးလက်ထဲမှ ရှုပ်ပွနေတဲ့ပုံစံတူကိုယူလိုက်ပြီး နေရာအမှန်ကိုပြန်တပ်ပေးလိုက်တယ်။ သူမ ဆက်လို့ပြီးသွားချိန်မှာတော့ ကျိရှောင်ကျိုးကို ဘယ်နေရာမှာတပ်လိုက်လဲဆိုတာ သိစေဖို့ ပြလိုက်တယ်။

ဒါပေမယ့် ကျိရှောင်ကျိုးက နားမလည်ပေ။ သူဆက်လိုက်တိုင်း အမြဲမှားနေတော့တာပဲ။ အဆုံးမှာတော့ သူ့လက်နဲ့ခြေထောက်တွေကို ဘေးသို့ပြန့်ကားထားပြီး မလှုပ်တော့ပေ။ ဒါက ညဏ်ရည်ချင်းယှဉ်ပြိုင်နေစဉ်မှာ ကျိရှောင်ကျိုးရဲ့ ပထမဆုံး ရှုံးနိမ့်ခြင်းဖြစ်တယ်။ ဘေးမှထိုင်နေတဲ့ထန်ထန်က တိတ်တဆိတ်ကြည့်နေပြီး ကျန်တဲ့အချိန်မှာတော့ သူမက အားပေးနေတယ်။

ကျိယန်ပြန်ရောက်ချိန်မှာတော့ ဝမ်နောင်က ကြီးမားပြီးရှုပ်ထွေးတဲ့ပုံစံတူကိုဆောက်လုပ်ဆဲဖြစ်တယ်။ ထန်ထန်က သူ့ကိုလက်ယမ်းပြပြီး

‘’ ယောကျာ်း… မြန်မြန်လေး လာကြည့်ပါဉီး… ရှင့် စစ်သဘော်က ဆောက်လို့ပြီးတော့မယ်.. ကျွန်မတို့ရဲ့နောင်နောင်က အရမ်းတော်တာပဲ’’

ကျိယန်က သူမနားသို့ လျောက်သွားပြီး ဝမ်နောင်ခေါင်းကိုပွတ်ပေးပြီး တိတ်တဆိတ်အားပေးလိုက်တယ်။ ထို့နောက် သူရဲ့လက်ကို ထန်ထန် နဖူးပေါ်သို့စမ်းလိုက်ကာ

‘’ အာ…. အဖျားမရှိတော့ဘူးပဲ’’

ချိုမြိန်စွာနဲ့ ထန်ထန်က ပြုံးလိုက်ပြီး အာမခံချက်အပြည့်နဲ့

‘’ ကျွန်မ အခုနေကောင်းနေပါပြီ… ဒီည ရှင်ဘာစားချင်လဲ…’’

ထို့နောက် ညစာမချက်ရသေးတာကို သတိရသွားတယ်။ သူမက မတ်တပ်ရပ်လိုက်ပြီး မီးဖိုချောင်ထဲသို့ဝင်ဖို့ပြင်လိုက်ကာ

‘’ ဟာ… အဖျားကြောင့် ကျွန်မခေါင်းထဲဗရုတ်သုတ်ခတွေဖြစ်ကုန်ပြီး ညစာလုပ်ဖို့တောင် မေ့နေပြီ’’

ဘယ်တော့မှ အနားယူဖို့မရှိတဲ့ ထန်ထန်ကို ကျိယန်က တားလိုက်ရင်း

‘’ ရက်နည်းနည်းလောက်နားဖို့ ကိုယ်ပြောထားတယ်လေ...  ပြီးတော့ လုပ်ဖို့လိုတာတွေအားလုံး ကိုယ်လုပ်ပေးမယ်လို့ ပြောထားတာကို မေ့သွားတာလား… ကိုယ်သွားလုပ်လိုက်မယ်’’

‘’ ဟမ် … ‘’ ထန်ထန် အံ့ဩသွားပြီး အကျီလက်ကိုခေါက်တင်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားတဲ့ ကျိယန်ကို ကြည့်နေမိတယ်။ သူမက အမြန်ပဲ သူ့ကိုဆွဲကာ မေးလိုက်တယ်

‘’ ရှင် ညစာချက်ပေးမလို့လား…’’

ကျိယန်က အေးခဲစွာနဲ့ကြည့်လိုက်ပြီး

‘’ ကိုယ် ချက်တတ်တာကို မယုံဘူးလား … ဟမ် ‘’

တကယ်တော့ သူ ချက်တယ်မယ်လို့ မထင်မိသော်လဲ သူမ ထုတ်မပြောရဲပေ။

’ ကျိယန်က လိုအပ်တဲ့ဟင်းအမယ်များကို ရေခဲသေတ္တာထဲမှထုတ်ယူလိုက်ကာ ထန်ထန်ကို မီးဖိုချောင်ထဲမှထွက်သွားဖို့ပြောလိုက်တယ်

‘’ အရင်ထွက်လိုက်ဉီး… မီးခိုးတွေနဲ့ အများကြီး အညှော်ခံလို့မဖြစ်သေးဘူး … ခဏနေရင် အားလုံးပြီးသွားလိမ့်မယ်’’

ထန်ထန် နာခံစွာနဲ့ပဲ ထွက်လာလိုက်တယ်။ ထို့နောက် ဒီည ကျိယန် ဟင်းချက်ပေးမယ့်အကြောင်း ကလေးတွေကိုလဲ ပြောလိုက်တယ်။ ဝမ်နောင်က ဘာအမူအယာမှ မပြသော်လဲ ကျိရှောင်ကျိုးက ချက်ချင်းပဲ အထွန့်တက်တဲ့အမူအယာနဲ့ ထန်ထန်ကို မေးလိုက်တယ်

‘’ မာမီက ဒယ်ဒီဟင်းချက်တာ ကောင်းမယ်ထင်လို့လား… ‘’

‘’ အာ…’’ ထန်ထန် ခဏလောက်တွေးလိုက်ပြီး

‘’ စားကောင်းမှာပါ… သားဒယ်ဒီက အရမ်းတော်တာပဲကို… ဒီလိုလွယ်တဲ့ ဟင်းချက်တာမျိုးလောက်တော့ သူတတ်မှာပါ’’

‘’ အိုး…’’ ကျိရှောင်ကျိုးက ပုံစံတူတည်ဆောက်နေတဲ့ ဝမ်နောင်ကို ကြည့်လိုက်ပြီး သူ့ဒယ်ဒီချက်ပေးဖူးတဲ့ ထမင်းကြော်အကြောင်းကို မပြောပြတော့ပေ။ အဲ့ဒါက မေ့ဖို့ခက်တဲ့ အမှတ်တရတစ်ခုပဲ …

တစ်နာရီ ကြာပြီးတဲ့နောက် မီးဖိုချောင်တံခါးပွင့်လာတယ်။ ကျိယန်က ဖက်ထုတ်ပန်းကန် ကိုင်ပြီးထွက်လာတယ်။

ထန်ထန် နားမလည်ဖြစ်သွားတယ်။ သူ ရေခဲသေတ္တာထဲက ဟင်းအမယ်တွေအများကြီး ထုတ်လိုက်တာကို သူမ သေသေချာချာတွေ့လိုက်ပါတယ်။ ဘာလို့ ဖက်ထုတ်ဖြစ်သွားရတာလဲ…

ကျိယန်က လည်ချောင်းရှင်းလိုက်ပြီး ‘’ ဖက်ထုတ်က ပိုပြီး အာဟာရဖြစ်မယ်လို့ ကိုယ်ထင်တယ်’’

‘’ အိုး …’’ ထန်ထန်က ဘာသံသယမှ မရှိပဲ ကျိယန် မီးဖိုချောင်ထဲပြန်ဝင်သွားတာကို ကြည့်နေမိတယ်။ ထို့နောက် သူက အမှိုက်ထုတ်ကြီးတစ်ထုတ်နဲ့ ပြန်ထွက်လာတယ်။

‘’ ယောကျာ်း.. ဘာလုပ်နေတာလဲ…’’

ကျိယန်က တံခါးဝဆီသို့ အာရုံစိုက်ကာ သွားနေရင်း ‘’ ကိုယ်အမှိုက်သွားပစ်မလို့… ခဏနေပြန်လာပြီးမှပဲ စားတော့မယ်’’

ကျိယန်အမူအယာက အတော်လေးထူးဆန်းနေတယ်လို့ ထန်ထန် တွေးလိုက်မိတယ် ဒါပေမယ့် သူမ အရမ်းမတွေးတော့ပေ။ ကျိယန်က ဒီနေည ဟင်းချက်ပေးမှတော့ သူမ ပိုစားသင့်တယ်။ ပုံမှန်ဆို သူမ ဖက်ထုတ် ၈ ခုလောက်သာ အများဆုံးစားနိုင်ပေမယ့် အခုတော့ လေးခုတပြိုင်တည်းစားလိုက်တယ်။ သူမက အများကြီးနဲ့ မြန်မြန်စားလိုက်တဲ့အတွက် ကြို့ထိုးတော့တယ်။ သူမအတိုင်းပဲ လိုက်စားတဲ့ ကျိရှောင်ကျိုးနဲ့ ဝမ်နောင်လဲ ထန်ထန်နည်းတူ ကြို့ထိုးနေကြတော့တယ်။

ထန်ထန်က သူမ ပါးစပ်ကိုကာလိုက်မိတယ်။ 'ရှက်ဖို့ကောင်းလိုက်တာနော်'

သူမ များများစားလိုက်တဲ့အတွက် ကျိယန် အတော်လေး ပျော်နေမိတယ်။

ထန်ထန်က ကျိယန် သူမကိုရယ်နေတယ်လို့ ထင်လိုက်မိပြီး အမြန်ပဲရှင်းပြလိုက်တယ် ‘’ ရှင်လုပ်ပေးတာ အရမ်းစားကောင်းလို့…’’

သူက ရယ်ဒီမိတ်ဖက်ထုတ်ကို ရေနွေးပူထဲ ထည့်ရုံပဲဆိုပေမယ့် ထန်ထန်ရဲ့ ချီးကျူးမှုကြောင့် ပျော်ရွှင်သွားတယ်။ သူ့ရဲ့ ဟင်းချက်စကေးကိုလဲ ပိုပြီးကောင်းအောင် လုပ်ဖို့အတွက် ဆုံးဖြတ်လိုက်တယ်။ သူမက သူဟင်းချက်ပေးတာကို သဘောကျပုံရတဲ့အတွက် သူမ ပိုပြီးဝလာဖို့အတွက် အနာဂါတ်မှာလဲ သူချက်ပေးမှာ အသေအချာပဲဖြစ်တယ်။

ပထမဆုံးအနေနဲ့ ကျိယန်ရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့ ညဏ်ကောင်းမှုတွေအားလုံး ရှုံးနိမ့်သွားရတယ်။ ဟင်းချက်တာက ကျိယန် ထင်တာနဲ့မတူသော်လဲ ထိပ်တန်းကျောင်းသားဖြစ်တဲ့ ကျိယန်အတွက်ကတော့ အွန်လိုင်းကနေ ချက်နည်းတွေကို ရှာကြည့်လိုက်တယ်။ ကျိယန်က အချက်အလက်တွေကို စာအုပ်ထဲ ထည့်မှတ်လိုက်တယ်။ သူ့ပုံစံက တစ်စုံတစ်ခုကို အမှန်တကယ် အသေအချာကြိုးစားနေပုံပေါ်တယ်။

ကျိယန်က လေးလေးနက်နက်နဲ့ လိုက်မှတ်နေအတွက် ထန်ထန်က အလုပ်လုပ်နေတယ်လို့ ထင်မှတ်လိုက်ပြီး  ကလေးနှစ်ယောက်ကို အသံကျယ်ကျယ်နဲ့မဆော့ဖို့ သတိပေးလိုက်တယ်။

ညအိပ်ချိန်မှာတော့ ကျိယန်အလုပ်လုပ်တာ ရပ်သွားတာကို ထန်ထန် တွေ့လိုက်တယ်။ သူ အရမ်းပင်ပန်းမှာကို စိုးရိမ်မိတဲ့ ထန်ထန်က ရေချိုးခန်းထဲဝင်ကာ ခြေထောက်ဆေးပေးဖို့အတွက် ဆေးပင်တွေကို ပြင်ဆင်လိုက်တယ်။ ထို့နောက် သူမက ထွက်လာပြီး ‘’ ယောကျာ်း… အခု နောက်ကျနေပြီ … ခြေထောက်ရေဆေးပြီး အိပ်ရအောင်’’  'သူက ခြေထောက်ဆေးရတာ အကြိုက်ဆုံးပဲလေ'

ကျိယန်က လှမ်းကြည့်လိုက်ပြီး စာအုပ်ကို အံဆွဲထဲသို့ထည့်လိုက်တယ်။ ထန်ထန်က အကျီလက်ကိုခေါက်တင်လိုက်ပြီး သူ့ခြေထောက်ကို နှိပ်ပေးဖို့ပြင်နေတယ်။ သူက သူမလက်ကိုကိုင်လိုက်ပြီး

‘’ မင်း နေကောင်းသေးတာလဲမဟုတ်ပဲနဲ… ကိုယ့်ဘာသာလုပ်လိုက်မယ်’’

‘’ နှိပ်ပေးတာက မပင်ပန်းပါဘူး… ဘာလို့ ကျွန်မ မလုပ်ရမှာလဲ… ‘’

ထန်ထန်က တီးတိုးရေရွတ်လိုက်တယ်။ အဲ့ဒါက သူမ လုပ်ပေးချင်နေတာ အသိသာကြီးပဲကို…

ကျိယန်က အကူအညီမဲ့သလို ခံစားလိုက်မိပြီး ရုတ်တရက်ပဲ မေးလိုက်တယ်

“ မင်းကော ဆေးရည်ထဲမှာ စိမ်လို့ရလား’’

ကျိယန် ဘာလို့ ဒီလိုမေးလဲဆိုတာ ထန်ထန် နားမလည်ပေ။ဒါပေမယ့်လဲ သူမ ပြန်ဖြေလိုက်တယ်

‘’ ရတယ်လေ.. ကလေးတွေနဲ့ သက်ကြီးရွယ်အိုကလွဲရင် ဂရုစိုက်ဖို့လိုအပ်တဲ့သူတွေအားလုံး လုပ်လို့ရတယ်… ထိခိုက်ဒဏ်ရာ ရထားတဲ့သူတွေဆိုရင် ပိုပြီးအကျိုးသက်ရောက်မှုကောင်းတယ်’’

အရင်တုန်းက ထန်ထန် ခြေထောက် ထိခိုက်မိထားတာကို ကျိယန်တွေးမိသွားတယ်။ အဲ့ဒါက ကုသပြီးပေမယ့်လဲ သူမ ခန္ဓာကိုယ်က ထိခိုက်ဒဏ်ရာရဖူးတယ်။ ဒီဆေးဘက်ဝင်အရွက်တွေပါဝင်တဲ့ရေက သူမ အတွက်လဲ သင့်တော်တယ်။ ထို့နောက် ကျိယန်က ထန်ထန်ကို ထိုင်ခုံပုလေးပေါ်မှာ ထိုင်စေလိုက်ပြီး ဖိနပ်ချွတ်ပေးလိုက်ကာ သူမ ခြေထောက်တွေကို ဆေးဘက်ဝင်အရွက်တွေပါတဲ့ရေထဲသို့ ထည့်ပေးလိုက်တယ်။

‘’ ယောကျာ်း.. ရှင်ဘာတွေလုပ်နေတာလဲ’’

ထန်ထန် က မထင်မှတ်ပဲဖမ်းဆုပ်ခံလိုက်ရတယ်။ ထို့နောက် သူမ ခြေထောက်တွေက ခြေဆေးကန်လေးထဲကို ရောက်နေပြီဖြစ်တယ်။ သူမ မျက်တောင်ခတ်လိုက်တယ်။

‘’ မင်းခြေထောက်တွေကို စိမ်လိုက်… မင်းလဲ သုံးလို့မရဘူးလား’’

ကျိယန်က ပြောရင်းနဲ့ သူ့ခြေထောက်ကိုပါ ရေထဲသို့ထည့်လိုက်တယ်။ ခြေထောက်နှစ်စုံက ချက်ချင်းပဲ ဘေးတဖက်စီမှာ စီစီရီရီဖြစ်သွားတယ်။ တစ်စုံက ကြီးမားပြီးတော့ နောက်တစ်စုံက သေးသွယ်နေတယ်။ တစ်စုံက နက်မှောင်နေပြီး နောက်တစ်စုံက ဖြူဖျော့နေတယ်။

ထန်ထန် ဘာမှ မပြောနိုင်တော့ပေ။ ကျိယန်ရဲ့ ခြေထောက်အပူချိန်က ရေအပူချိန်ထက် ပိုမြင့်ပုံရတယ်။ သူမ ခြေထောက်တွေက ပူလောင်နေပြီး ထုံလာတယ်လို့လဲ ခံစားနေမိတယ်။

အဲ့ဒါက အရမ်းကိုပဲ…

ထန်ထန် သူမခြေထောက်ကို ဆွဲထုတ်ချင်ပေမယ့်လဲ ကျိယန်က သူမ ခြေထောက်ကို ထုတ်မရအောင် ထိန်းထားတယ်

‘’ လိမ်လိမ်မာမာနဲ့ ခြေထောက်ကိုစိမ်လိုက်… မင်းကို လှုပ်ဖို့ ခွင့်မပြုဘူး’’

‘’ ကျွန်မ… ဒါက... ဒီလိုမဟုတ်….’’ ထန်ထန် သူ့ကို မကြည့်ရဲတော့ပေ။

‘’ ဘာကို မဟုတ်ရမှာလဲ… လင်နဲ့မယား နှစ်ယောက်အတူတူ ခြေထောက်ရေစိမ်တာက ဘာဖြစ်လို့လဲ…’’

‘’…..’’

ထန်ထန် ပြောစရာစကားတွေ ပျောက်ကုန်တော့တယ်။ အဲ့ဒါက ရိုးရိုးလင်မယားဆိုရင် ပုံမှန်ပဲလေ ဒါပေမယ့်လဲ အဲ့ဒါက သူတို့အတွက်ကော တကယ်အဆင်ပြေရဲ့လား

ထန်ထန် တိတ်ဆိတ်နေတာကိုကြည့်ရင်း ကျိယန် မျက်ဝန်းထဲ အလင်းတန်းဖြတ်သွားတယ်။ သူ့ရဲ့ကြီးမာတဲ့ခြေထောက်က သူမရဲ့ခြေထောက်လေးပေါ်မှာတင်လိုက်တယ်။ သူက ရေဆေးကန်လေးထဲမှာ နေရာအကျယ်ကြီးရှိနေသေးတယ်ဆိုတာကို မေ့ပြီးတော့ပေါ့။

ကျိရှောင်ကျိုးက ဂိမ်းကစားနေရင်း လှမ်းကြည့်လိုက်တော့ သူ့မာမီနဲ့ ဒယ်ဒီ ခြေထောက်အတူတူစိမ်နေတာကို တွေ့လိုက်ရတယ်။ 'သူ့ဒယ်ဒီအပေါ်ကို သူ တစ်ခုခုများ လုပ်မိလို့လား… ဘာလို့ သူ့ကိုပဲထားခဲ့ပြီး သူတို့အတူတူ ခြေထောက်စိမ်နေရတာလဲ…’

ကျိရှောင်ကျိုးက မပျော်တော့ပဲ အိပ်ယာပေါ်မှဆင်းလာတယ်။ သူက ဖိနပ်တောင်မစီးတော့ပဲ ခြေထောက်ရေဆေးကန်လေးထဲကို ခုန်ဝင်ဖို့ပြင်လိုက်ကာ ‘’ သားလဲ ခြေထောက်စိမ်ချင်တယ်’’

အလွန်လျင်မြန်စွာနဲ့ပဲ ကျိယန်က ခုန်ဝင်လာဖို့ပြင်နေတဲ့ အသေးလေးရဲ့အကျီကို ကော်လာမှကိုင်လိုက်ကာ ဘေးဘက်သို့ရွေ့လိုက်ပြီး မပြောင်းလဲတဲ့လေသံနဲ့

‘’ ကျိရှောင်ကျိုး… မင်း ဒီညလက်ဝှေ့ထိုးလေ့ကျင်ခန်း မလုပ်ရသေးတာ ငါသတိရသွားပြီ… အခုစလုပ်တော့’’

‘’ မလုပ်ချင်ဘူး’’ အသေးလေးက လက်နှစ်ဖက်ကို သူ့ခေါင်းအနောက်မှာထားကာ ‘’ ဒယ်ဒီ… သားလဲ မာမီနဲ့အတူတူ ခြေထောက်စိမ်ချင်တယ်လို့… ပြီးမှပဲ လက်ဝှေ့ထိုးလေ့ကျင့်ခန်းလုပ်မယ်လေ နော်…’’

နှလုံးသားမဲ့စွာနဲ့ ကျိယန်က ငြင်းပယ်လိုက်တယ်

‘’ မရဘူး … လက်ဝှေ့ထိုးတာအရင်လုပ် ပြီးမှ ခြေထောက်ဆေး’’

ရွေးချယ်စရာမရှိပဲ ကျိရှောင်ကျိုးက ဘေးသိုပြေးသွားကာ လက်ဝှေ့စထိုးတော့တယ်။ သူက ခါတိုင်းထက်ပိုမြန်အောင်လုပ်နေပြီး အချိန်ပြည့်သွားချိန်မှာတော့ စိတ်အားထက်သန်စွာနဲ့ ခြေထောက် အတူတူစိမ်ဖို့ ပြန်ပြေးလာတော့တယ်။ သို့သော်လဲ သူ့ဒယ်ဒီနဲ့ မာမီက စိမ်ပြီးသွားပြီဖြစ်တယ်။ သူ့ဒယ်ဒီက ရေအသစ်ကိုပြင်ထားပြီး ‘’ လာပြီး ခြေထောက်စိမ်တော့’’

ဒါက ကျိရှောင်ကျိုးအတွက် ပထမဆုံး အကြီးအကျယ် လှည့်စားခံလိုက်ရတာပဲဖြစ်တယ်။ သူက မယုံနိုင်စွာနဲ့ လူအိုကြီးကို ကြည့်ရင်း ‘’ ဒယ်ဒီ…’’

ကျိယန်က တည်ငြိမ်စွာနဲ့ ကုတင်ပေါ်တက်သွားပြီး ခေါင်းရင်းမှ စာအုပ်ကိုယူလိုက်တယ်။ သူက စာအုပ်ကို ဖွင့်လိုက်ရင်း

‘’ ခြေထောက်မြန်မြန်စိမ်ပြီး သွားအိပ်တော့ ‘’

သူ့ ဒယ်ဒီအပေါ် မျှော်လင့်ချက်မရှိတော့တဲ့ ကျိရှောင်ကျိုးက တိတ်ဆိတ်စွာနဲ့ တဖက်သို့လှည့်လိုက်ပြီး သူ့ မာမီကိုကြည့်လိုက်တယ်။ ထန်ထန် မျက်ဝန်းတွေက တုန်ခါနေပြီး အပြစ်ရှိတဲ့အကြည့်နဲ့ တွေးလိုက်မိတယ် ‘တောင်းပန်ပါတယ် ပေါင်ပေါင်… သားဒယ်ဒီက မာမီခြေထောက်ကိုသုတ်ပေးပြီး အိပ်ယာပေါ် မောင်းတင်လိုက်လို့ပါ’

ကျိရှောင်ကျိုးက သူ့မာမီမျက်ဝန်းထဲက အဖြေကိုတွေ့လိုက်ရတဲ့အတွက် ခြေဆေးကန်နားသို့သွားကာ ဖိနပ်ကိုချွတ်ပြီး ခြေထောက်စိမ်လိုက်တယ်။ ထို့နောက် တိတ်ဆိတ်စွာနဲ့ပဲ ခေါင်းကိုငုံကာ သူ့ခြေထောက်လေး‌တွေကို စိမ်နေတော့တယ်။ သူက စိတ်ဓါတ်ကျစွာနဲ့မှိုင်တွေနေပြီး စွန့်ပစ်ခံရသလို ခံစားလိုက်ရတယ်။

သူ့အမူအယာက ထန်ထန် နှလုံးသားကို နာကျင်စေတယ်။ ဒါကြောင် သူမက အိပ်ယာထဲမှထကာ အသေးလေးကိုအားပေးဖို့ပြင်လိုက်စဉ်မှာပဲ ကျိယန်က မထင်မှတ်စွာနဲ့ပြောလိုက်တယ်

‘’ မင်းကို အိပ်ယာထဲကထဖို့ ခွင့်မပြုဘူး… အခုမှနေကောင်းကာစပဲရှိသေးတယ် ပြန်ဖျားရင်ဘယ်လိုလုပ်မလဲ… နောက်ထပ်မဖျားစေရဘူးလို့ ကတိပေးထားတယ် မဟုတ်လား’’

ထို့နောက် ထန်ထန်က နာခံစွာနဲ့ပဲ ကျိယန်ကိုကြည့်ပြီးနောက် အသေးလေးကို အပြစ်ရှိသလိုခံစားရတဲ့အကြည့်နဲ့ လှမ်းကြည့်လိုက်တယ်။

သူ့မာမီဆီက နှစ်သိမ့်မှုကိုမရတဲ့အတွက် ကျိရှောင်ကျိုးက စိတ်ဆိုးလာတော့တယ်။ သူ့မျက်ခုံးတွေကို ပင့်တင်ရင်း လေးလံတဲ့ ဟမ့် တစ်ချက်လုပ်ကာ

‘’ သား အခုစိတ်ဆိုးနေပြီ… သား မခေါ်ပဲနေလိုက်တော့မယ်’’

ကျိယန်က ခေါင်းငြိမ့်လိုက်ပဲ

‘’ အိုကေလေ… သားက ဒယ်ဒီတို့ကို မခေါ်မှတော့ ဒီည အတူတူအိပ်ဖို့မလိုတော့ဘူး.. ဟုတ်လား… ကိုယ့်ဘာသာ ဧည့်ခန်းထဲမှာ တစ်ယောက်တည်း သွားအိပ်ပေါ့’’

ကျိရှောင်ကျိုး မျက်ဝန်းတွေ ပြူးကျယ်သွားတယ်။ လမ်းတဝက်မှ လှည့်ပြန်လို့မရတဲ့အတွက် သူက ထန်ထန်ကို လှမ်းကြည့်လိုက်တယ်။

ထန်ထန်က ချက်ချင်းပဲ ကူညီကာ ပြောလိုက်တယ်

‘’ ပေါင်ပေါင်က ငယ်သေးတယ်လေ… သူက သူ့မိဘတွေနဲ့ပဲ အိပ်သင့်ပါတယ်… မဟုတ်ပဲ တစ်ယောက်တည်းအိပ်ရင် သူကြောက်နေမှာပေါ့’’

ကျိရှောင်ကျိုးက အဲ့စကားသံကြောင့် နောက်တစ်လှမ်းဆုတ်ပေးဖို့ ပြင်လိုက်စဉ်မှာပဲ ကျိယန်က

‘’ ဒါပေမယ့် သူက ယောကျာ်းတစ်ယောက်လို့ ပြောတယ်လေ …. ယောကျာ်းဆိုတာ တစ်ယောက်တည်းအိပ်ရင် ကြောက်လို့လား…’’

တကယ်လို့ သူသာ ဆက်နေမယ်ဆိုရင် ယောကျာ်းမဟုတ်ဘူးလို့ ဝန်ခံရမှာဖြစ်တယ်။ သူ အဲ့လိုမလုပ်နိုင်ပေ။ ဒါကြောင့် အသေးလေးက ခြေထောက်သုတ်ပြီးတာနဲ့ အခန်းထဲမှ ခေါင်းအုံးကိုယူရင်း အလေးအနက်နဲ့ ‘’ သားသွားပြီနော်’’

ကျိယန်က လက်ကိုယမ်းလိုက်ပြီး ‘’ သွားလေ ‘’

‘’ သား တကယ်သွားပြီနော် ‘’

‘’ မြန်မြန်သွား ငါတို့အိပ်ရဦးမှာ ‘’

‘’ယောကျာ်း’’ ထန်ထန်က ကျိယန်အကျီလက်ကိုဆွဲလိုက်ရင်း

‘’ ပေါင်ပေါင်ကို စိတ်မဆိုးပါနဲ့’’

ကျိယန်က သူမလက်ကိုကိုင်လိုက်ပြီး ရပ်တန်စေလိုက်တယ်။ ထို့နောက် သူက အိပ်ခန်းတံခါးဝမှာ ရပ်နေသေးတဲ့ အသေးလေးကို ပြောလိုက်တယ်

‘’ မြန်မြန်သွားတော့လေ… ငါတို့ မီးပိတ်ရဦးမယ်’’

သူ့ကို မြန်မြန်သွားစေချင်နေတဲ့အတွက် ကျိရှောင်ကျိုး တကယ်စိတ်ဆိုးလာတယ် ထို့နောက် လှည့်မကြည့်ပဲ တံခါးကိုစောင့်ပိတ်ကာ အခန်းထဲမှ ပြေးထွက်သွားတော့တယ်။

‘’ ရှင် ဘာတွေလုပ်နေတာလဲ ‘’

ထန်ထန် စိုးရိမ်ပြီး ထထိုင်လိုက်တယ်။ သူမက အသေးလေးနောက်မှ လိုက်ဖို့ပြင်လိုက်တယ်။

ကျိယန်က သူမကိုပြန်ဆွဲလိုက်တော့ နှစ်ယောက်သား အရမ်းကိုနီးကပ်သွားတယ်။ သူတို့ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေမိပြီး တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဝင်လေထွက်လေတွေကိုပါ ခံစားလို့ရနေတယ်။

ထန်ထန်က ချက်ချင်းပဲ တုန်လှုပ်သွားကာ ထစ်ငေါ့စွာနဲ့

‘’ ရှင်.. ရှင် ဘာတွေလုပ်နေတာလဲ’’

ကျိယန်က နက်ရှိုင်းတဲ့လေသံနဲ့

‘’ ထန်ထန် … ကိုယ် မင်းကိုပြောစရာရှိတယ်’’

‘’ ဘာ.. ဘာလဲဟင်’’ ထန်ထန် တံတွေးမျိုချလိုက်တယ်။ ရုတ်တရက်ပဲ သူမ ရေသောက်ချင်လာတယ်။

‘’ မင်းဖျားနေတုန်း ကိုယ်သိသွားတယ်… ‘’

အရေးကြီးတဲ့အပိုင်းကို ပြောခါနီးမှာပဲ အခန်းတံခါးက ရုတ်တရက် ပွင့်သွားတယ်။ သေးငယ်တဲ့ ကျည်ဆံအသားလုံးလေးက ခေါင်းအုံးကိုသယ်ထားရင်း ပြေးဝင်လာတယ်။ သူက ကျိယန်နဲ့ထန်ထန်ကြားထဲကို ခုန်ဝင်လိုက်တာဖြစ်တယ်။ အရှိန်နဲ့ဝင်လာတဲ့ကျည်ဆံအသားလုံးက ထန်ထန်ကို ထိမှာစိုးတဲ့အတွက် ကျိယန်က အရှေ့မှ ကာကွယ်ပေးလိုက်တယ်။ အဲ့အချိန်မှာပဲ သူ့အစာအိမ်ထဲက ညနေစာတွေအကုန်လုံး ပြန်ထွက်လာမလို ခံစားလိုက်ရတယ်။

واصل القراءة

ستعجبك أيضاً

161K 2.9K 49
the pack gets tested more and more but will they all survive? teen wolf | s3
4.3K 371 97
Story Name- Your Highness, I Know My Wrongs Chapter- 95 Chapters(Completed) Not my story I just translation English to Myanmar Language All rights go...
3.4M 143K 60
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.1M 27.7K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...