ဇနီးချောလေး (Completed)

By Ah_Moon_2024

27.9K 1.1K 7

Description အမြဲလိုလို သူ့ကို သေစေချင်နေသည့်သူ့ဇနီးက ကားမတော်တဆမှုဖြစ်ပြီးနောက် အတိတ်မေ့သွားတာကို သိလိုက်ရတယ... More

Description
1-5
6-10
11-15
16-20
21-25
31-35
36-40
41-45
46-50
51-55
56-60
61-65
66-70
71-75
76-80
81-End
Extra 1
Extra 2
Extra 3
Extra 4
Extra 5
Extra 6 (End)

26-30

1K 52 0
By Ah_Moon_2024

Part 26

ကျိယန်ရဲ့ တိုက်ခန်းက တတိယထပ်မှာဖြစ်ပြီး အရမ်းမကြီးသော်လဲ အိပ်ခန်းနှစ်ခန်းပါတဲ့အပြင် အပြင်အဆင်ကလဲ အတော်လေးကောင်းမွန်တယ်။

ထန်ထန် သူမရဲ့အိမ်အသစ်ကို အတော်လေးသဘောကျနေပြီဖြစ်တယ်။

သူမ  ထက်ပိုပျော်နေတဲ့သူက အသေးလေး ပဲဖြစ်တယ်။ သူက စိတ်လှုပ်ရှားစွာနဲ့ အခန်းထဲမှာ လျောက်ပတ်ပြေးနေတော့တယ်။

တခြားသူတွေက သူမတို့သယ်လာတဲ့ပစ္စည်းတွေကို လေ့ကျင့်ရေး မသွားခင်ကူညီပြီးတဲ့နောက် နှုတ်ဆက်စကားပြောလိုက်ကြတယ်။

ထန်ထန် က ကူညီပေးတဲ့သူတိုင်းကို သောက်စရာတစ်ခုခုတောင် မပေးလိုက်ရတဲ့အတွက် အားနာနေပြီဖြစ်တယ်။ သူမအိမ်က ဧည့်သည်တွေအတွက်အဆင်သင့်မဖြစ်သေးပေ။ ဒါကြောင့် သူမယူလာတဲ့ဆော့စ်တချို့ကို ထုတ်လိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်တယ်

“ ကူညီပေးလို့ ကျေးဇူးတင်ပါတယ်, အိမ်မှာလဲ ဘာမှမရှိသေးတော့ လဖက်ရည်တောင် မတိုက်နိုင်ဘူးဖြစ်သွားတယ်, အားလုံးနေရာတကျ ချပြီးရင်တော့ ရှင်တို့ကိုထပ်ဖိတ်ပါဦးမယ်, အခုတော့ အဲ့ဒီအစား ကျွန်မလုပ်ထားတဲ့ ဆော့စ်လေးကိုယူသွားပါဦး.."

အသက်နှစ်ဆယ်အရွယ်ရှိ စစ်သားတစ်ယောက်က လက်ခံဖို့ရှက်ရွံ့နေတဲ့အတွက် ငြင်းလိုက်တယ်

“ မရီး...အစ်မက အရမ်းအားနာတတ်တာပဲ, ပစ္စည်းတွေကူရွေ့ပေးရတာ နည်းနည်းလေးပါ, ဒါတွေက ကျွန်တော်တို့လုပ်သင့်တာပဲလေ, ဒီလိုမျိုးလက်ဆောင်တွေမလိုပါဘူး ကျေးဇူးပါဗျ’’

အရင်ရက် ကျိယန် နေ့လည်စာစားတုန်းက ဆော့စ်အရသာကို သိထားတဲ့  တုန်းလီ နဲ့ ကျန်းချန်း နှစ်ယောက်လုံးရဲ့မျက်လုံးတွေကတော့ တောက်ပသွားပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြတယ်။

ကျန်းချန်း က သူမဆီမှ ပုလင်းကို လွယ်လွယ်ကူကူပဲ လက်ခံလိုက်ပြီး

‘’ဒါဆို ကျွန်တော်တို့ ယဉ်ကျေးမနေတော့ဘူးနော်, ဒီဆော့စ်တွေက အရမ်းအရသာရှိတာဗျ...မရီး အစ်မရဲ့ ဟင်းချက်စကေးက အရမ်းကောင်းတာပဲ ကျိယန် က အရမ်းကပ်စေးနည်းတာ အစ်မ မသိဘူး, သူက ကျွန်တော်တို့ကို ဆော့စ်လေးနည်းနည်းတောင် မမျှပေးဘူးလေ, အစ်မ သူ့ကိုများများဆူသင့်တယ်’’

ထန်ထန် ကြားလိုက်တဲ့အခါမှာ ကျိယန် ကိုလှမ်ကြည့်ပြီး ပြုံးလိုက်မိတယ်။ သူမရဲ့ နှလုံးသားတစ်ခုလုံးလဲ ချိုမြိန်မှုတွေနဲ့ ပြည့်နှက်သွားတော့တယ်။

ကျိယန်  က ဘာမှမပြောပဲ ကျန်းချန်း  ကိုလှမ်းကန်လိုက်တဲ့အတွက် ကျန်းချန်း  တစ်ယောက် အော်ဟစ်နေတော့တယ်။

တုန်းလီက ထန်ထန် အပေါ်အရမ်းကောင်းတဲ့ အမူအယာမပြပေမယ့်လဲ အရသာကောင်းတဲ့ဆော့စ်ကိုတော့ မငြင်းဆန်နိုင်ပေ။ သူ့အနေနဲ့ဘယ်လောက်ပဲ ဆန့်ကျင်ချင်နေပါစေ သူ့အစာအိမ်ကတော့ သူ့ကိုခွင့်မပြုလေဘူး။ သူက ထန်ထန် ဆီမှ ဆော့စ်ပုလင်းကိုလက်ခံလိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်တယ်။

သူတို့နှစ်ယောက်လုံး ဆော့စ်ကိုလက်ခံလိုက်တာကိုမြင်တဲ့ တခြားသူတွေကလဲ ဒီအရာက ကောင်းမယ်ဆိုတာခန့်မှန်းမိလိုက်ကြတယ်။ ဒါကြောင် ယဉ်ကျေးမှုတွေကိုဖယ်ထားလိုက်ပြီး သူမပေးတဲ့ဆော့စ်ကို အားလုံးလက်ခံလိုက်ကြတယ်။ အစပိုင်းက ငြင်းထားတဲ့စစ်သားလေးက ဒီအဖြစ်အပျက်ကိုကြည့်ရင်း မျက်နှာနီလာတော့တယ်။ ဒီလက်ဆောင်ကို ငြင်းရမလား လက်ခံရမလား ဝေခွဲမရဖြစ်နေတယ်။

သူ့အခြေအနေကို သတိထားမိတဲ့ ထန်ထန် က ပုလင်းကိုလက်ထဲသို့ တိုက်ရိုက်ထည့်ပေးလိုက်ပြီး

“ ရပါတယ်, မင်းလဲ တစ်ပုလင်းယူသွားသင့်တယ်, အရမ်းယဉ်ကျေးမနေပါနဲ့’’

စစ်သားလေးက ရှက်ရွံ့စွာနဲ့ ကျေးဇူးတင်စကားပြောလိုက်တယ်

“ ကျေးဇူးတင်ပါတယ် မရီး ‘’

ပျော်ရွှင်မှုတွေက ကျိယန် မျက်၀န်းထဲ ဖြတ်သန်းသွားပြီး သတိမမူစွာနဲ့ ပြောလိုက်တယ်

“ အဆင်ပြေပါတယ်, အားမနာပဲ ယူလိုက်, ပြီးတော့ လေ့ကျင့်ရေးသွားလုပ်ကြတော့’’

ထို့နောက် တစ်ဖွဲ့လုံးထွက်သွားကြတော့တယ်။

နောက်တစ်နေ့မနက်မှာ အစည်းအဝေးရှိတဲ့ ကုကျန်းအန်းတို့ကတော့ ပြန်ရမှာဖြစ်တယ်။ ကျီယွဲ့က ရှောင်ကျိုး ကိုဖက်ပြီး ပြန်ဖို့တွန့်ဆုတ်နေတယ်။ နောက်ဆုံး အချိန်အားတာနဲ့ သူတို့တွေ တွေ့ဆုံဖို့သဘောတူပြီးမှ သူမတို့လဲပြန်သွားတော့တယ်။

အားလုံးထွက်ခွာသွားတဲ့နောက် ကျိယန် က အိမ်အလွတ်ကိုကြည့်ရင်း ထန်ထန် ကိုပြောလိုက်တယ်

“ ကိုယ်တို့ဒီည ဒီမှာအိပ်လို့မရဘူး, မင်းတို့ကို ဟော်တယ်ခေါ်သွားပေးမယ်, မနက်ဖြန်မှ မင်းပရိဘောဂတွေဝယ်ဖို့အတွက် တစ်ယောက်ယောက်ကို စီစဉ်ပေးလိုက်မယ်, အားလုံးပြီးတော့မှ ဒီကိုပြန်ပြောင်းလာကြတာပေါ့’’

‘’အင်း’’

သူမ နာခံစွာနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။ ထို့နောက် ကျန်နေတဲ့ ဆော့စ်ပုလင်းတွေကို ထုတ်ယူလိုက်တယ်

“ ယောကျား, နဂိုကတော့ ကျွန်မတို့အိမ်နီးချင်းတွေကိုပေးဖို့ ဒီဆော့စ်တွေကိုပြင်ဆင်လာတာ, အခုတော့ လေးပုလင်းပဲကျန်တော့တယ်, လောက်ပါ့မလား’’

ထန်ထန် က ဒီလိုမျိုး လက်ဆောင်တွေကို ဂရုတစိုက်နဲ့ သေသေချာချာတွေးပြီး ပြင်ဆင်လာမယ်လို့ သူမထင်ခဲ့မိဘူး။ သူက အကူအညီမဲ့စွာနဲ့ပဲ စိတ်အတွင်းမှ ပျော်ရွှင်နေပြီး

“ လောက်တာပေါ့, ကိုယ်တို့ကို ကူညီခဲ့တဲ့ ကျန်းချန်း က ဟိုဘက်ခန်းမှာနေတယ် ပြီးတော့ သူ့ကိုပေးပြီးသား,  တပ်ရင်းမှုးမိသားစုကို နှစ်ပုလင်းပေးမယ်, ကျန်တဲ့နှစ်ပုလင်းကိုတော့တုန်းလီကိုပဲ ပေးလိုက်မယ်’’

ကျိယန် ကပြောပြီးတာနှင့် ပုလင်းနှစ်လုံးကိုယူကာ ရှောင်ကျိုး ကိုချီလိုက်တယ်

‘’သွားကြရအောင်, ကိုယ်မင်းကို တပ်ရင်းမှုးမိသားစုအိမ်ခေါ်သွားမယ် ပြီးတော့ သူ့အမျိုးသမီးကိုလဲ မနက်ဖြန်မင်းနဲ့အတူ မြို့ထဲမှာ ပစည်းတွေဝယ်ဖို့ပါ မေးရမယ်, မရီး က စျေးယ်တာ အတွေ့အကြုံများတယ်, သူမနဲ့ဆို ကိုယ်စိတ်ချလို့ရတယ်’’

တပ်ရင်းမှုးအိမ်က  သူတို့အဆောက်အအုံနဲ့ ကပ်ရပ်ပဲဖြစ်တယ်။ တပ်ရင်းမှုးကတော်က သူတို့ကိုမြင်လိုက်တဲ့အခါမှာပဲ အအေးနှင့်အသီးတစ်ချို့နဲ့ ဧည့်ခံလိုက်တယ်။ သူမက အသေးလေး အတွက် သူမသမီးရဲ့မုန့်တွေကိုပါ ယူလာပေးတာဖြစ်ပြီး ရှောင်ကျိုး တစ်ယောက် မသယ်နိုင်တဲ့အထိများပြားနေတော့တယ်။

အသေးလေးက များပြားလှတဲ့ မုန့်တွေကိုင်ထားရင်း တုံ့ဆိုင်းစွာနဲ့ ငြင်းလိုက်တယ်

“ အန်တီ, သားအများကြီးမစားနိုင်ပါဘူး, သားက ၀၀ကစ်ကစ်လေးဖြစ်နေလို့ ဝိတ်ချရမှာ’’

အထက်တန်းကျောင်း.သူ တပ်ရင်းမှုးရဲ့သမီးဖြစ်တဲ့ ဝမ်ဝမ် က အသေးလေးရဲ့ဗိုက်ကို လက်နဲ့တို့လိုက်ပြီး စနောက်လိုက်တယ်

“ အာ, ဝိတ်ချဖို့လိုတယ်ဆိုတာကို သဘောတူတယ်, မောင်လေးက ရေကူးဘောကွင်းလေးနဲ့ တူနေပြီ, အဲ့ဒါမကောင်းဘူး, ခန့်ညားချောမောတဲ့ အမျိုးသားတွေက ၀လို့မရဘူး’’

တပ်ရင်းမှုးကတော်က သူမသမီးဖြစ်သူ ဝမ်ဝမ် ကို ပြုံးရယ်ရင်းနဲ့ လှမ်းဆူလိုက်တယ်

" သွားစမ်း, မဟုတ်တာတွေ, ကလေးဆိုတာ ၀၀ကစ်ကစ်လေးဖြစ်နေမှ, သူတို့အသက်ကြီးလာတာနဲ့ အလိုလိုပိန်သွားလိမ့်မယ်, ရှောင်ကျိုး လဲ အသက်ကြီးလာရင် သူ့ဘာသာပိန်လာလိမ့်မယ်’’

ကျိရှောင်ကျိုး  က ခေါင်းငြိမ့်ရင်း အလေးအနက်နဲ့ အားလုံးကိုပြောလိုက်တယ်

“ သားက ခဏပဲ ၀၀ကစ်ကစ်လေးဖြစ်နေတာ, သားကြီးလာတာနဲ့ ဒယ်ဒီလိုမျိုး ခန့်ချောကြီးဖြစ်လာမှာလေ, မာမီက သားကို ဒယ်ဒီနဲ့တူတယ်လို့ပြောတယ်, မာမီက ဒယ်ဒီကို အရမ်းချောတာပဲလို့လဲပြောတယ်, ဒါကြောင့် သားလဲ ခန့်ချောကြီးဖြစ်လာမှာ…’’

‘’ဟုတ်တာပေါ့, သားမာမီပြောတာ မှန်တယ်, သားဒယ်ဒီက ခန့်ချောကြီးပဲ’’

တပ်ရင်းမှုးကတော်က ထန်ထန် ကို စနောက်တဲ့အကြည့်နဲ့ကြည့်လိုက်ပြီး ရှောင်ကျိုး ကားကိုနောက်က လိုက်ပြောလိုက်တယ်။

ထန်ထန် က သူမနှုတ်ခမ်းကို ကိုက်လိုက်မိပြီး ရှက်လွန်းလို့ ကျိယန် ကို မကြည့်ရဲတော့ဘူး။ ရှောင်ကျိုးပြောသွားတာက အမှန်တကယ်ပဲဖြစ်တယ်, ဒါပေမယ့် အဲ့ဒါက အသေးလေးကို ကိုယ်အလေးချိန်လျော့ချဖို့အတွက် အားပေးယုံပဲလေ။ ဒီလိုမျိုး အသေးလေးက ထုတ်ပြောလိမ့်မယ်လို့ သူမ မမျှော်လင့်ထားမိဘူး။ စိတ်ထဲမှာငိုပြီလေ, သူမက မထိုက်တန်ဘူးလို့များ ပေါင်ပေါင်ဒယ်ဒီတွေးနေမလား။

ချီးကျူးခြင်းကိုခံလိုက်ရတဲ့ ကျိယန် ရဲ့အမူအယာက ဘာမှမပြောင်းလဲပေ။ သူက ငှက်ကုလားအုပ်တစ်ကောင်လို ခေါင်းငုံနေတဲ့ ထန်ထန် ကိုလှမ်းကြည့်လိုက်တယ်။ သူ့နှုတ်ခမ်းတွေ တစ်တန်းတည်းဖြစ်သွားတယ်။

တပ်ရင်းမှုးကတော်က ထန်ထန် မျက်နှာကိုကြည့်လိုက်ပြီး သူမစနောက်နေတာကို ရပ်တန့်ကာ ခေါင်းစဉ်ပြောင်းလိုက်တယ်

“ မင်းတို့ဒီည ချက်ပြုတ်ဖို့အဆင်မပြေလောက်ဘူးဆိုတော့ ဒီမှာပဲ ညစာစားလိုက်ကြ, ကြိုဆိုတဲ့ညစာစားပွဲလို့သာ မှတ်လိုက်တော့ပေါ့ ’’

ငြင်းဆန်ဖို့ပြင်နေတဲ့ ကျိယန် အမူအယာကိုမြင်တဲ့ တပ်ရင်းမှုးကတော်က လေးနက်တဲ့အမူအယာနဲ့

“ မင်းငြင်းလို့မရဘူးနော်, မဟုတ်ရင် ငါစိတ်ဆိုးလိုက်မှာ ‘’ ,

ကျိယန် ခေါင်းငြိမ့်ပြီး သဘောတူလိုက်ရတော့တယ်။

တပ်ရင်းမှုးကတော်က ချက်ချင်းပဲ ပြောလိုက်တယ်

“ တုန်းလီနဲ့ကျန်းချန်း ကိုပါခေါ်လိုက်, ဒီညတော့ သူတို့နဲ့အတူတူ မင်းတို့မိသားစုပါ နည်းနည်းပါးပါး သောက်ကြပေါ့’’

ကျိယန် က အခုအချိန်မှာ သူကတစ်ယောက်တည်းသော အမျိုးသားဖြစ်တဲ့အတွက် အမျိုးသမီးတွေပြောတာကို လက်ခံလိုက်ပြီး မတ်တပ်ရပ်လိုက်တယ်

“ ဒါဆို လုပ်စရာလေးတွေရှိလို့ တပ်ဖွဲ့ ကို ပြန်သွားလိုက်ဦးမယ် ထန်ထန်နဲ့ရှောင်ကျိုး အတွက်တော့ အစ်မကိုပဲ ဒုက္ခပေးရတော့မှာပဲ’’

တပ်ရင်းမှုးကတော်က လက်ယမ်းပြလိုက်ပြီး

“ ဘာမှမဖြစ်ပါဘူး သွားမှာသာ သွားစမ်းပါ’’

Ji Yan ထွက်သွားပြီးတဲ့နောက် တပ်ရင်းမှုးကတော်က ညစာစားချိန်ရောက်ခါနီးမှန်း သတိပြုမိသွားတယ်။ ဒါကြောင့် သူမက ညစားကိုစတင်ပြင်ဆင်တော့တယ်။ ရေခဲသေတ္တာထဲမှ စားစရာတွေကို ထုတ်ယူလိုက်ပြီး

‘’ ကံကောင်းလို့ မနေ့ကငါအများကြီးဝယ်ထားမိတာ, ဒီညတော့ အေးအေးဆေးဆေး တဝြကီးစားလိုရပြီ"

နဂိုက သူမသမီး ဝမ်ဝမ် ကို ဧည့်သည်တွေ အားဧည့်ခံခိုင်းဖို့ စဉ်းစားထားပေမယ့်လဲ သူမသမီးဖြစ်သူက အသံအကျယ်ကြီးနှင့် ဖုန်းဂိမ်းဆော့နေတာကို မြင်လိုက်တဲ့အတွက် အော်ဟစ်လိုက်တော့တယ်။

"ဝမ်ဝမ် အမေကို ဘယ်လိုကူရမလဲဆိုတာ မသိဘူးလား, အသက်ပဲ ၁၇ နှစ်ရှိနေပြီ တချိန်လုံးအဲ့ဒီဖုန်းနဲ့ပဲဆော့နေတယ်, အနာဂတ်မှာ နင့်ကိုဘယ်သူက လက်ထပ်ရဲတော့မလဲ...’’

ဝမ်ဝမ် က နှုတ်ခမ်းဆူပြီး တိုးတိုးလေးရေရွတ်လိုက်တယ်

“ အမေကလဲ သမီးအပျင်းကြီးတယ်လို့ ဘယ်သူပြောလဲ, သမီးထက်ဆိုးတဲ့သူတွေမှ အများကြီး, အဆောင်မှာဆို ကိုယ့်အဝတ်ကိုယ်မလျော်တဲ့သူတွေမှ တပုံကြီး, သမီးက ကိုယ့်အဝတ်ကိုယ်လျော်တယ်။ သမီးကိုလိုချင်တဲ့သူမရှိဘူးလို့ ဘယ်သူပြောလဲ, သမီးကိုလိုချင်တဲ့သူတွေများလွန်းလို့ တန်းစီနေတာ ခြံစည်းရိုးအပြင်တောင်ကျော်တယ် သိလား’’

သူမ အမေက မျက်လုံးကိုလှိမ့်လိုက်ပြီး

‘’ အေ, အဲ့မှာဆက်ပြီးကြွားနေလိုက်တော့, နင့်ကိုယူမယ့်သူရှိရင်လဲ အသက်ကြီးကြီးအဘိုးကြီးတွေပဲ ယူလိမ့်မယ်’’

ဝမ်ဝမ် က ခြေထောက်ကိုဆောင့်နင်းလိုက်ပြီး

“ အမေ, ဘယ်အမေကများ ကိုယ့်သမီးကို ဒီလိုပြောလို့လဲ... သမီးက အမေ့သမီးအရင်းကော ဟုတ်ရဲ့လား...’’

တပ်ရင်းမှုးကတော်က ရွဲ့ပြီးဖြေလိုက်တယ်

“ တကယ်တော့ ငါနင့်ကို လမ်းပေါ်က ကောက်ပြီးမွေးစားထားတာ’’

ဝမ်ဝမ် စိတ်ဆိုးသွားပါတော့တယ်။

သူတို့နှစ်ယောက် အငြင်းအခုံဖြစ်နေပေမယ့်လဲ သားအမိနှစ်ယောက်ရဲ့ဆက်ဆံရေးက အရမ်းကောင်းမွန်မှန်း ထန်ထန် အသေအချာပြောရဲတယ်။ သူမက သားအမိနှစ်ယောက်လုံးကို ကြည့်ရင်းရယ်နေမိကာ တပ်ရင်းမှုးကတော်လက်ထဲမှ အသီးအရွက်များကိုလှမ်းယူရင်း ပြောလိုက်တယ်

“ ဝမ်ဝမ် က ငယ်ပါသေးတယ် ကလေးတွေကို ပေးကစားလိုက်ပါ, ကျွန်မဝိုင်းကူပါ့မယ်’’

တပ်ရင်းမှုးကတော်က ထန်ထန် ပြောစကားကို ငြင်းပယ်ရင်း လက်ကာပြလိုက်တယ်

“ မဟုတ်တာ ညီမက ဧည့်သည်ပဲ, ဧည့်သည်ကို ဘယ်လိုလုပ်ပြီး ချက်ခိုင်းရမှာလဲ... ဝမ်ဝမ် အရမ်းပျင်းနေလို့ အစ်မဆူနေရတာ, သူမက အခုဆို အရွယ်ရောက်နေပြီ ဒါပေမယ့် အိမ်မှုကိစ္စ ဘာမှမလုပ်ဘူးလေ, ဒီလိုသာဆက်သွားနေမယ်ဆိုရင် သူ့အနာဂတ်တော့ မလွယ်ပါဘူး’’

‘’မရီး...အစ်မက အတွေးလွန်နေပြန်ပြီ, မိန်းမကောင်းလေးတွေအားလုံးက အချစ်ခံရပါတယ်, ကျွန်မကို အားနာဖို့မလိုပါဘူး, ကူပေးပါရစေ, ကျွန်မက ဟင်းချက်တာဝါသနာပါတယ်လေ, အဲ့ဒါတကယ်ပါ’’

‘’ဒါဆိုရင်တော့…’’

တပ်ရင်းမှုးကတော်က ခဏလောက်တွေးလိုက်တယ်။ ထန်ထန် ကိုအပြင်လူတစ်ယောက်လို အကွာအ‌ဝေးအရမ်းထားပြီးမဆက်ဆံသင့်ဘူးလို့ တွေးလိုက်မိတယ်။ ထို့နောက် ခေါင်းငြိမ့်လိုက်ပြီး

‘’ကောင်းပြီလေ, ဒါဆိုရင်တော့ ကူပေးပါဦး"

ထန်ထန် က စားပွဲပေါ်မှာတင်ထားတဲ့ အသီးအရွက်တွေကို ခွဲခြားလိုက်တယ်

“  ဒီအသီးအရွက်တွေနဲ့ ဘာချက်ဖို့ ပြင်နေတာလဲ အစ်မ, ချက်ချင်တဲ့ဟင်းပွဲကို ကျွန်မဝိုင်းပြင်ပေးမယ်လေ’’

တပ်ရင်းမှုးကတော်က ပြုံးပြီးဖြေလိုက်တယ်

“ အမှန်အတိုင်းပြောရရင်, နှစ်တွေအကြာကြီး ချက်ပြုတ်လာတာတောင် ဟင်းပွဲနည်းနည်းပဲလုပ်တတ်တယ်, ဒါတွေက ပုံမှန်အိမ်ချက်နည်းလောက်ပါပဲ ပြီးတော့ အရသာကပုံမှန်ပဲလေ, ရှုပ်ထွေးတဲ့ဟင်းပွဲတွေလဲ မလုပ်တတ်ပါဘူး, ဒါကြောင့် အသားနဲ့ အသီးအရွက်ကိုမွှေကြော်မလားလို့လေ’’

သူမက ပြောနေရင်းနဲ့ မေးလိုက်တယ်

“ ထန်ထန်မှာ တခြားအကြံရှိလို့လား...လုပ်ချင်တာရှိရင် အားမနာပဲပြောလိုက်နော်, အစ်မကတော့ တကယ်ပဲမချက်တတ်ဘူးရယ်’’

သူမ မရယ်ပဲမနေနိုင်တော့ပေ။ ဒီအမျိုးသမီးက အတော်လေးကို ပေါင်းသင်းလွယ်မှန်းခံစားလိုက်မိတယ်။

ဒါကြောင့် သူမ ယဉ်ကျေးမနေတော့ပဲ ဖြေလိုက်တယ်

“ အစ်မထုတ်ထားတာတွေကြည့်ပြီ ကျွန်မစိတ်ကူးရသွားပြီ, ၀က်သားလုံးကြော်, ပုဇွန်ကြက်ဥကြော်,  အသားလုံး, အသားစတူးရယ် ပြီးတော့ ငါးချိုချဉ်ရယ် ချက်လိုက်မယ်, အဲ့ဒါဆို အဆင်ပြေမလား..."

အမှန်အတိုင်းပြောရရင် သူမတကိုယ်ကောင်းဆန်စွာနဲ့ ဒီဟင်းပွဲတွေကိုရွေးချယ်ရတဲ့အကြောင်းရှိတယ်။ အသားစတူးနဲ့ ငါးချိုချဉ်ဟင်းတွေက ကျိယန် ကြိုက်တာတွေဖြစ်တဲ့အတွက် ထုတ်ပြောဖို့က မကောင်းဘူးလေ။

တပ်ရင်းမှုးကတော်က ဒီလိုချက်ရတာ ရှုပ်ထွေးတဲ့ဟင်းပွဲ ချက်နည်းတွေကို မသိပေ။ ဒါကြောင့် ထန်ထန် ကိုကြည့်ရင်းမေးလိုက်တယ်

“ ညီမ တကယ်ပဲ ဒီဟင်းတွေအကုန်လုံးကို ချက်တတ်တာလား ...’’

သူမ ခေါင်းငြိမ့်ပြလိုက်တယ်, အဲ့ဒါဘာထူးဆန်းလို့လဲ...

‘’အာ...’’

တပ်ရင်းမှုးကတော် အံ့အားသင့်သွားတယ်။ ဒါပေမယ့် သူမကပျော်ရွှင်စွာနဲ့

“ ရှင်ပြောတဲ့ ဟင်းပွဲတွေအားလုံးက ကျွန်မ အပြင်ကနေဝယ်စားရတာတွေကြီးပဲ, အစ်မချက်နေကျ ဟင်းပွဲတွေက ၀က်သားပြုတ်, ငါးပြုတ်နဲ့ ပုဇွန်အစပ်ဟင်းပဲ။ ရှင်ပြောသွားတဲ့ ဟင်းတွေအကုန် ဘယ်လိုချက်ရမှန်း အစ်မမသိဘူး ညီမအသက် ဘယ်လောက်ရှိပြီလဲ...’’

‘’၂၅ နှစ်ရှိပါပြီ”

သူမ အရင်ဘ၀တုန်းမှာက ၁၈ နှစ်ပေမယ့် အခုခန္ဓာကိုယ်က ၂၅ နှစ်ရှိနေပြီဖြစ်တယ်။

သူမက ၂၅ နှစ်ပဲရှိသေးတယ်...တပ်ရင်းမှုးကတော် ထန်ထန်  ကို အားကျတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်မိတယ်။ သူမက ချက်ချင်းပဲ အေပရွန်ကိုချွတ်လိုက်ကာ ထန်ထန်ကိုပေးလိုက်တယ်

“ ဒီညတော့ထန်ထန် ကိုပဲ ဟင်းချက်ဖို့ ကူညီခိုင်းရတော့မှာပဲ, အစ်မ ဘေးကကူပေးပါမယ်, ပြီးတော့ ညီမဆီက ချက်နည်းတွေလဲ ကြည့်လို့ရတယ်မဟုတ်လား...’’

ချက်ပြုတ်ခြင်းက သူမ သဘောကျတဲ့ဝါသနာတစ်ခုဖြစ်တဲ့အတွက် သူမ မပင်ပန်းပေ။သူမ အေပရွန်ကိုဝတ်ရင်း ပြုံးပြလိုက်တယ်

“ အဲ့လောက်လဲမဟုတ်ပါဘူး...အစ်မ သင်ချင်တယ်ဆိုရင် ပြပေးလို့ရပါတယ်, အဲ့ဒါတွေက ချက်ရတာလွယ်ပါတယ်’’

ထို့နောက် သူမ စတင်ချက်ပြုတ်ပါတော့တယ်။

တပ်ရင်းမှုးကတော်က သူမ နောက်မှ တကောက်ကောက်လိုက်၍ သူမချက်နည်းတွေကို လိုက်ကြည့်နေတယ်။ သူမ စိတ်ထဲမှလဲ ကျိယန် က မျက်လုံးစုံမှိတ်ပြီး ဇနီးရွေးခဲ့တာမဟုတ်မှန်း ခံစားလိုက်မိတယ်။ အပြင်ပန်းအလှက ဘာလုပ်ရမှာလဲ သူတို့တွေက နေ့ရက်တွေကို အတူတူဖြတ်သန်းကြရမှာဖြစ်တဲ့အတွက် အတွင်းစိတ်က အဓိကပဲပေါ့။ ဒီဇနီးငယ်လေးကို ကြည့်ပါလား, သူမရဲ့ ဟင်းချက်စကေးက လုံး၀ကိုအထက်တန်းစားပဲလေ, ပြီးတော့ သူမရဲ့ပေါင်းသင်းဆက်ဆံရေးကလဲ လုံး၀နူးညံ့ညင်သာတယ်။ ဒီလိုဇနီးမျိုးကို လက်ထပ်ထားတာ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ။ ဒီနေ့ခေတ်မှာ အမျိုးသမီးအများစုက မချက်ပြုတ်ကြတော့ဘူး ပြီးတော့ စုံတွဲတွေကလဲ အလုပ်ပြီးတာနဲ့ အပြင်မှာပဲ စားသောက်လာကြတယ်။ သူတို့တွေ မီးဖိုချောင်၀င်ကြတဲ့ အကြိမ်အရေအတွက်ကို လက်ချိုးရေလို့တောင်ရလောက်တယ်။

သူမ ထန်ထန် ကိုပိုပြီးကြည့်လေ ပိုပြီးသဘောကျလေ ဖြစ်လာတော့တယ်။

အဓိကဟင်းပွဲတွေ အဆင်သင့်ဖြစ်တဲ့အချိန်မှာ အပြင်ဘက်က ဆူညံသံတွေကြားလိုက်ရတယ်။ တပ်ရင်းမှုးကတော်က ပြုံးရင်းပြောလိုက်တယ်

‘’ သူတို့တွေပြန်လာကြပြီ, စားပွဲပေါ်မှာ ဟင်းပွဲတွေသွားထားရအောင်’’

ထန်ထန် က ဟင်းချက်နေရင်းမှ ပြန်ဖြေလိုက်တယ်

“ အစ်မ ဟင်းပွဲတွေကို အရင်သွားချထားပေးပါလား, ပူတုန်းလေး စားရင်ပိုအရသာရှိလို့ အရင်စားခိုင်းလိုက်ပါ, အရွက်ကြော်ပြီးတာနဲ့ ကျွန်မပြီးပါပြီ’’’

‘’ကောင်းပီ’’

တပ်ရင်းမှုးကတော်က မီးဖိုချောင်မှထွက်သွားပြီး ၀င်လာတဲ့သူတွေကိုစကားပြောလိုက်တယ်

“ မြန်မြန်သွားပြီးလက်ဆေးလိုက်ဦး ပြီးတာနဲ့စားလို့ရပြီ’’

တပ်ရင်းမှုးက စားပွဲမှာထိုင်လိုက်ပြီး ဟင်းပွဲတွေကိုကြည့်လိုက်တယ်။ အံ့ဩတဲ့အမူအယာဖြစ်သွားပြီး ဇနီးဖြစ်သူကိုမေးလိုက်တယ်

“ လောင်လျို ဒါမင်းချက်ထားတာမဟုတ်ပါဘူး, ဟုတ်တယ်မဟုတ်လား...စားဖိုမှုးလာသွားတာလား...’’

ဇနီးဖြစ်သူက ပြုံးရင်းရှင်းပြလိုက်တယ်

" ကျွန်မချက်တာမဟုတ်ပါဘူး, ဒီလောက်အများကြီး ကျွန်မ ဘယ်လိုချက်နိုင်မှာလဲ, အဲ့ဒါ ကျိယန်ရဲ့ဇနီးလုပ်ထားတာလေ, ပြောရတာရှက်ဖို့ကောင်းပေမယ့် ထန်ထန့် ဟင်းချက်စကေးက လုံး၀အကောင်းဆုံးပဲ’’

ထို့နောက် ထိုင်ခုံမှာထိုင်နေတဲ့ ကျိယန် ကိုစနောက်လိုက်တယ်

“ ရှောင်ကျိက ဇနီးကောင်းလေးရထားတာပဲ’’

ကျိယန်မျက်နှာထက် အပြုံးသေးလေးတစ်ခု ဖြစ်ထွန်းသွားတယ်။

တုန်းလီ က စားပွဲပေါ်က ဟင်းပွဲတွေကိုကြည့်ပြီး နေရာမှာတင်အေးခဲရပ်တန့်သွားတယ်။ သူက ဒီမွှေးပျံ့ပြီး စားချင်စဖွယ်ကောင်းတဲ့ ဟင်းပွဲတွေအားလုံးကို အမြဲတမ်းမူးပြီး ဒေါသကြီးနေတတ်တဲ့ အမူးသမားချက်ထားတယ်ဆိုတာ မယုံနိုင်ဘူးဖြစ်နေတယ်။ ဒါမှမဟုတ် ကျိယန်ပြောသလိုပဲ သူမက လုံး၀ကိုပြောင်းလဲသွားတာလား...

တပ်ရင်းမှုးကတော်က ဘေးပတ်လည်ကိုကြည့်ပြီး မေးလိုက်တယ်

“ ဟိုကလေးကော ကျန်းချန်း သူ့ကိုကော ခေါ်မလာဘူးလား...’’

တုန်းလီ ကဖြေလိုက်တယ်

“ သူ့ဇနီးကိုသွားခေါ်နေလို့ နှစ်ယောက်လုံးနောက်ကျမှရောက်မယ်ပြောတယ်’’

ကျန်းချန်း က ညစာအိမ်မှာမစားဖြစ်တဲ့အတွက် သူ့ဇနီးကလဲ ချက်ပြုတ်မည်မဟုတ်ပေ။ ဒါကြောင့် သူ့ဇနီးကိုပါသွားခေါ်ရခြင်းဖြစ်တယ်။

တပ်ရင်းမှုးဇနီးက

“ ဒါဆို မင်းတို့တွေအရင်စားလိုက်ကြတော့, အစ်မ ထန်ထန် ကိုသွားကူလိုက်ဦးမယ်’’

တပ်ရင်းမှုးက ပုဇွန်အကောင်ကြီးတစ်ကောင်ကို ကောက်ယူကာ ဆော့စ်ထဲနှစ်ပဲ စားလိုက်တယ်

“ အမ်, မဆိုးဘူး, အရသာကောင်းတယ် ကျိယန် ဇနီးမှာ ကျွမ်းကျင်တာတွေရှိတာပဲ’’

‘’အဲ့ဒါအမှန်ပဲ, အရသာရှိတယ်, အစ်မ ထန်ထန် က အရမ်းအံ့ဩဖို့ကောင်းတယ်’’

ဝမ်ဝမ်က စားစရာတွေကို မြည်းပြီးတဲ့နောက် ချီးမွမ်းနေတော့တယ်။

တုန်းလီ လဲ အခွံမခွာရသေးတဲ့ ပုဇွန်တစ်ကောင်ကို ကောက်ယူကာ ပါးစပ်ထဲထည့်ပြီးစားလိုက်တယ်။ ပုဇွန်ကိုမျိုချလိုက်ပြီးနောက် အခွံကိုထွေးထုတ်လိုက်တယ်။ သူက ဘာမှမပြောပဲ ကျိယန် ကို မနာလို အားကျတဲ့အကြည့်နဲ့ ကြည့်လိုက်တော့တယ်။

ကျိယန် က သူ့ကိုအနှောက်အယှက်မပေးပဲ ရှောင်ကျိုး ရဲ့ပန်းကန်လုံးထဲသို့ စားစရာတချို့ထည့်ပေးရင်း အေးအေးလူလူ စားသောက်နေတယ်။

အဲ့အချိန်မှာပဲ ကျန်းချန်း နဲ့ သူ့ဇနီးရောက်လာတယ်။ လူတိုင်းစတင်စားသောက်နေတာကိုမြင်ပြီးတဲ့နောက် သူ့ဇနီးအတွက်ထိုင်ခုံတစ်လုံး အမြန်ဆွဲယူကာ

“ လာထိုင် မိန်းမ, မြန်မြန်လေးစားရအောင်, မင်းဗိုက်ဆာနေလောက်ပြီ, ဟုတ်တယ်မဟုတ်လား...’’

ကျန်းချန်း ရဲ့ဇနီး ဖန်ယုဝေ က လူတိုင်းကိုနှုတ်ဆက်လိုက်ပြီး ထိုင်ခုံမှာထိုင်ကာ တူကိုကောက်ကိုင်လိုက်ပြီး စတင်စားတော့တယ်။

ကျန်းချန်း က စားပွဲပေါ်ကိုကြည့်ပြီး အံ့ဩစွာနဲ့

“ ဟင်းပွဲတွေက ခမ်းနားလှချေလား... မရီး ရဲ့ဟင်းချက်စကေးက တိုးတက်လာတာပဲ’’

တပ်ရင်းမှုးက ရယ်ပြီး

“ ဘာကို တိုးတက်ရမှာလဲ, ဒါတွေအားလုံး ကျိယန် ဇနီး ချက်ထားတာတွေကြီးပဲ, ဒီလောက်မွှေးကြိုင်တဲ့ဟင်းမျိုး မင်းတို့ရဲ့ အစ်မ မချက်နိုင်ဘူး’’

ဒါကိုကြားလိုက်တဲ့ ကျန်းချန က ကျိယန်ကို လက်မထောင်ပြပြီး စတင်စားတော့တယ်။

ခဏစားပြီးတဲ့နောက် တပ်ရင်းမှုးက ဝိုင်ခွက်ကိုမကာ ပြောလိုက်တယ်

“ စားပဲစားမနေနဲ့ဦး, ဒီညအတွက် နည်းနည်းပါးပါးသောက်ရအောင်’’

ကျန်းချန်း က ရယ်ရင်း

‘’ ကျိယန် ကိုသောက်ခိုင်းသင့်တယ်လို့ထင်တယ်, ဒီနေ့က သူ့ရဲ့ပျော်စရာကောင်းတဲ့နေပဲ။ သူ့ဇနီးနဲ့သားလေးက ဒီကိုပြောင်းလာပြီဆိုတော့ အခုကစပြီး နေ့ရက်တွေက ကောင်းမွန်နေတော့မှာပဲ’’

‘’ဟုတ်တယ် အဲ့ဒါအမှန်ပဲ ကျိယန် အတွက်’’

ဒီည သူပြေးလို့မလွတ်မှန်း ကျိယန်သဘောပေါက်လိုက်တဲ့အတွက် ဘာမှမပြောပဲ သောက်လိုက်တော့တယ်။

ထန်ထန် အားလုံးချက်ပြုတ်ပြီးလို့ ထွက်လာတဲ့အချိန်မှာ အပြင်ကအုပ်စုက ဒုတိယအရက်ပုလင်းကို ဖွင့်နေကြပြီဖြစ်တယ်။

သူမထွက်လာတာကိုမြင်လိုက်တဲ့အားလုံးက သူမကိုချီးကျူးလိုက်ပြီး ထိုင်ကာစားသောက်စေတော့တယ်။

ကျိယန် က သူ့ဘေးမှခုံကိုဆွဲထုတ်ကာ သူမကိုထိုင်စေပြီး ပြောလိုက်တယ်

“ မင်းဒီနေ့ အလုပ်ကြိုးစားခဲ့တာပဲ, ထိုင်ပြီး စားတော့လေ’’

ထန်ထန်သူမစိတ်အတွင်း ချိုမြိန်မှုတွေခံစားသွားရတယ်။ သူမက ချိုသာတဲ့အပြုံးနဲ့ သူ့ဘေးမှာထိုင်လိုက်တယ်။ သူမ စားနေရင်းနဲ့ အသေးလေးပန်းကန်ထဲကိုလဲ ဟင်းတွေထည့်ပေးနေတယ်။ လူတိုင်းက ကျိယန် ကို သောက်ဖို့တွန်းအားပေးနေကြတာကိုတွေ့တဲ့အတွက် သူ့အစာအိမ်နာမှာ စိုးရိမ်သွားပြီး ကျိယန် ရဲ့ပန်းကန်လုံးကိုယူကာ စွပ်ပြုတ်ထည့်ပေးလိုက်တယ်။ ထို့နောက် စားပွဲအောက်မှ ကျိယန်ရဲ့ အကျီလက်ကိုဆွဲပြီး လေသံတိုးလေးနဲ့ သတိပေးလိုက်တယ်

“ ယောကျာ်း, အရက်မသောက်ခင် စွပ်ပြုတ်လေးနည်းနည်းသောက်လိုက်ဦးနော်...’

ကျိယန် က သူမ ကိုကြည့်ပြီး သူ့လက်ထဲက တူကိုအောက်ချလိုက်တယ်။ ထို့နောက် ဇွန်းကိုယူကာ စွပ်ပြုတ်ကိုခပ်သောက်လိုက်တယ်။

ထို့နောက် သူမ အသေးလေး ကိုမေးလိုက်တယ်

“ ပေါင်ပေါင်, သားရော ဟင်းချိုသောက်ချင်သေးလား...’’

ကျိရှောင်ကျိုး  က ခေါင်းကိုယမ်းပြီး သူ့လက်ဖောင်းဖောင်းလေးနဲ့ ပုဇွန်ပန်းကန်ကို ညွှန်ပြကာ

“ မာမီ, သားပုဇွန်စားချင်တယ်, ဒါပေမယ် သားမခွာတတ်ဘူး’’

‘’မာမီခွာပေးမှာပေါ့...’’

ထန်ထန် သူမပန်းကန်ထဲသို့ ပုဇွန်နှစ်ကောင်ထည့်ကာ အခွံခွာပြီး သားအဖနှစ်ယောက် ကို တစ်ကောင်စီ ထည့်ပေးလိုက်တယ်။

တပ်ရင်းမှုးကတော်က မြင်ကွင်းကိုကြည့်နေပြီး ရုတ်တရက်ပဲ ကျိယန် ရဲ့ ကံကောင်းမှုတွေကိုခံစားလိုက်မိတယ်။ ကျိယန် က ဇနီးကောင်းရထားတာပဲ, သူ့နေ့ရက်တွေကတော့ အရမ်းကိုသက်တောင့်သက်သာဖြစ်နေတော့မှာပဲ။

ထို့နောက် သူမက ရောက်ကတည်းက ထိုင်ပြီးစားနေတဲ့ ဖန်ယုဝေ ကိုကြည့်လိုက်တယ်။ ဖန်ယုဝေပန်းကန်ထဲသို့ အရက်သောက်နေရင်း စားစရာတွေထည့်ပေးနေတဲ့ ကျန်းချန်း ကိုတွေ့လိုက်တယ်။ လူတိုင်းက သူတို့ရဲ့ဆွဲဆောင်မှုတွေ မတူဘူးဆိုတာကို တပ်ရင်းမှုးဇနီးခံစားလိုက်မိတယ်။

ဒီနေ့ညက အိမ်ယာထဲသို့ ထန်ထန်တို့ ပြောင်းရွေ့လာတဲ့အတွက် ပွဲကျင်းပကြတာဖြစ်တယ်။ ဒါကြောင့် သူတို့တွေက ဒီညတော့ အဓိကလူတွေပဲဖြစ်တယ်။ ဒါပေမယ့် ထိခိုက်ဒဏ်ရာတွေကြောင့် ထန်ထန် က သောက်လို့မရပေ။ ဒါကြောင့် သူတို့က သူမကို မခက်ခဲစေလို့တဲ့အတွက် ကျိယန် ကိုသာ အာရုံစိုက်ပြီး သောက်စေတာဖြစ်တယ်။

ကျိယန် လဲ ရှောင်လွဲလို့မရတဲ့ကံကြမ္မာကိုသာ လက်ခံရင်း တခွက်ပြီးတစ်ခွက် သောက်နေရတယ်။

ဘေးမှကြည့်နေတဲ့ ထန်ထန် က စိုးရိမ်နေသော်လဲ အချိန်ကောင်းကိုမဖျက်စီးလိုဘူး။ ဒါကြောင့် သူမ ကျိယန် အတွက် ရေထည့်ပေးရုံပဲ တတ်နိုင်တော့တယ်။ သူ့ကိုစားဖို့ သူမသတိပေးပေမယ့်လဲ အဆုံးမှာတော့ ကျိယန် အများကြီးသောက်ပြီးနေပြီဖြစ်တယ်။ သူ့မျက်နှာက နီရဲလာပြီး သူ့ခြေထောက်ပေါ်သူ ကောင်းကောင်းမရပ်နိုင်တော့ပေ။

ကျိယန် မူးနေပြီဖြစ်ပါတယ်။


Xxxxx

Part 27

လူတိုင်းသောက်စားကြပြီးတဲ့နောက် အားလုံးက မတူညီတဲ့ level နဲ့ မူးနေကြပြီဖြစ်တယ်။ ကျိယန်တစ်ယောက်တည်းသာမက ကျန်တဲ့သူတွေပါ အတော်လေးမူးနေကြပြီ။

တပ်ရင်းမှုးကတော်က တစ်ဖွဲ့လုံးကိုပြောလိုက်တယ်

“ အားလုံးပဲ ဆိုဖာပေါ်မှာ သွားထိုင်လိုက်ကြပါ, ကျွန်မ အမူးပြေအောင် ရေနွေးကြမ်း တစ်ချို့လုပ်လာပေးမယ်’’

ထန်ထန်က ကျိယန် လက်ကိုတွဲထားပြီး ဆိုဖာပေါ်မှာ ထိုင်စေလိုက်တယ်။ သူမ မတတ်သာစွာနဲ့ပဲ ပူခြစ်နေတဲ့ ကျိယန် လက်ကိုကိုင်လျက် စိတ်ပူစွာနဲ့မေးလိုက်တယ်

“ ယောကျာ်း, ရှင် အဆင်ပြေရဲ့လား...’’

ကျိယန်မျက်နှာမှာ နီရဲနေပြီး မျက်လုံးတွေက ခါတိုင်းကဲ့သို ကြည်လင်မနေတော့ပဲ အလွှာတစ်ထပ်ဖုံးအုပ်ထားသလို ဖြစ်နေတယ်။ သူက ထန်ထန်ကိုကြည့်ပြီး ခေါင်းကိုဖြည်းငြင်းစွာယမ်းလိုက်ကာ

“ ကိုယ်အဆင်ပြေပါတယ်’’

သူမနှုတ်ခမ်းတွေတင်းတင်းစေ့ထားမိတယ်။ သူမတကယ်ပဲ သူ့အစာအိမ်နာကျင်မှာကို စိုးရိမ်နေမိတယ်။ ဒါပေမယ့် သူမအိမ်မှာ မီးဖိုချောင်မရှိသေးတဲ့အတွက် အမူးပြေဟင်းရည်ချက်လို့ရမှာ မဟုတ်သေးဘူး။ ဒါကြောင့် ဒီမှာပဲ ချက်ဖို့စိတ်ကူးလိုက်ပြီး မီးဖိုချောင်ထဲသို့ဝင်သွားကာ ရေနွေးကြမ်းတစ်ချို့လုပ်နေတဲ့ တပ်ရင်းမှုးကတော်ကို ပြောလိုက်တယ်

“ မရီး, ကျွန်မ အမူးပြေဟင်းရည်လုပ်ချင်လို့, ရှောင်ကျိုး ဒယ်ဒီက ဒီနေ့သောက်တာ တော်တော်လေးများသွားတော့ နောက်မှအန်နေမှာစိုးမိတယ်။ ကျွန်မမှာလဲ မီးဖိုချောင်မရှိသေးဘူးဆိုတော့…’’

တပ်ရင်းမှုးကတော်က နားလည်စွာနဲ့ ခေါင်းငြိမ့်ပြလိုက်ပြီး

“ သူ ဒီနေ့ည သောက်တာ တော်တော်များသွားတယ်, ပြန်ရောက်တာနဲ့ သေချာပေါက်အန်မှာပဲ, အမူးပြေဟင်းရည်ချက်ပေးတာ အကြံကောင်းပဲ, ဒီတော့ ဒီမှာပဲဟင်းရည်ချက်လိုက်ပေါ့ ပြီးတော့ ချက်မယ့်အတူတူ အားလုံးအတွက်ပါပိုချက်ပေးပါဦး"

ထန်ထန် ရေခဲသေတာထဲမှာ ပါ၀င်ပစ္စည်းတွေကို ထုတ်ယူလိုက်ပြီး လျင်မြန်စွာနဲ့ချက်လိုက်တယ်။ သူမချက်ပြီးတဲ့နောက် ပန်းကန်လုံးလေးတွေထဲသို့ ခွဲထည့်ကာ ဧည့်ခန်းထဲသို့သယ်သွားတယ်။ ထို့နောက် ကျန်းချန်းဘေးမှာထိုင်နေတဲ့ ဖန်ယုဝေ ကိုပေးလိုက်တယ်

"ယောင်းမ ကျန်းချန်း ကို အမူးပြေဟင်းရည်ပေးလိုက်ပါဦး, ဒါက သူ့အစာအိမ်အတွက်ကောင်းတယ်’’

သူမက ထန်ထန့်ကိုပြုံးပြရင်း ကျေးဇူးတင်စကားဆိုလိုက်တယ်

“ကျေးဇူးတင်ပါတယ်, ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးပါနော်’’

ထို့နောက် သူမက ကျန်းချန်း အား ဟင်းရည်ခွက်ပေးလိုက်ရင်း ခါးကိုလိမ်ဆွဲလိုက်တယ်။ သူက လေသံတိုးနဲ့လဲ ခြိမ်းခြောက်စကားဆိုလိုက်သေးတယ်

“ အမူးပြေဟင်းရည်ကို မြန်မြန်သောက်လိုက်, တကိုယ်လုံးလဲ အရက်နံ့ကြီးပဲ, ကျွန်မအိမ်ပေါ်မှာ အန်လို့ကတော့ ရှင်အပြင်မှာပဲအိပ်ရမယ်မှတ်"

ခါးလိမ်ဆွဲခံရတဲ့ ကျန်းချန်း ဆီမှ ညည်းသံထွက်လာတယ်။ အိပ်ခန်းထဲက ကန်ထုတ်ခံရမှာကြောက်တဲ့အတွက် ဟင်းရည်ပန်းကန်ကို ချက်ချင်းကိုင်ပြီး တကျိုက်တည်းမော့သောက်လိုက်တယ်။ ဟင်းရည်က အရမ်းပူတာကိုတောင် ဂရုမစိုက်ပဲနဲ့ပေါ့။

သူမခင်ပွန်းကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ကောင်းကောင်းသိနေတဲ့ ဖန်ယုဝေ ကိုကြည့်ပြီး သူမ အံ့ဩသွားတယ်။ ဒါပေမယ့်လဲ စုံတွဲတိုင်းက မတူညီတဲ့ဆက်ဆံရေးတွေရှိနေမှန်းသိတဲ့အတွက် သူမအချိန်အကြာကြီးမကြည့်သင့်ဘူးဆိုတာ နားလည်ထားတာကြောင့် တုန်းလီ ဘက်သို့လှည့်ပြီး ဟင်းရည်တစ်ခွက်ပေးလိုက်တယ်။

‘’ကျေးဇူးတင်ပါတယ် မရီး’’

တုန်းလီ က စိတ်ရင်းအမှန်နဲ့ ကျေးဇူးတင်စကားဆိုလိုက်တယ်။ အခုအချိန်မှာတော့ ထန်ထန့် အပေါ် သူ့ရဲ့ထင်မြင်ချက်က ပြောင်းလဲသွားပြီဖြစ်တယ်။ အရင်ကဘယ်လိုပဲဖြစ်ခဲ့ပါစေ အခုတော့ သူမက တကယ်ကိုပဲ ကောင်းမွန်ပြီး လေးစားထိုက်တယ်။

သူမကိုကျေးဇူးတင်ဖို့မလိုကြောင်း လက်ယမ်းပြလိုက်တယ်။ ထို့နောက် သူမက နောက်ဆုံးဟင်းရည်ပန်းကန်ကိုယူလိုက်ပြီး ကျိယန် ဘေးမှာထိုင်လိုက်တယ်။ မျက်လုံးမှိတ်ပြီး ဆိုဖာပေါ်မှာ အနားယူနေတဲ့သူ့ကိုကြည့်ကာ သူမစိုးရိမ်စွာနဲ့ သူ့လက်မောင်းကိုဆွဲလိုက်ပြီး

’ ယောက်ကျား, ယောကျာ်း’’

ကျိယန် က မျက်လုံးတွေကို ဖြည်းငြင်းစွာဖွင့်ပြီး သူမကိုကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက အနည်းငယ်နီရဲနေတယ်။

သူမ ဇွန်းနဲ့ ဟင်းရည်ကိုခပ်လိုက်ပြီး သူ့ပါးစပ်နားကပ်ပေးလိုက်တယ်။ သူမက အေးဆေးစွာနဲ့ ချော့ပြီးတိုက်လိုက်တယ်

“ ယောကျာ်း, အမူးပြေဟင်းရည်လေး နည်းနည်းလောက်သောက်လိုက်, ပြီးရင် အိမ်ပြန်ပြီး နားကြတာပေါ့’’

ကျိယန် က လုံး၀မူးနေပြီး သူ့စိတ်က‌ ဝေဝါးနေတယ်။ ပုံမှန်ဆို သူ့ဘာသာ ဟင်းရည်ပန်းကန်ကိုယူပြီး သောက်လိုက်မှာဖြစ်ပေမယ့် အခုအချိန်မှာတော့ လိုက်လျောညီထွေစွာနဲ့ သူ့ပါးစပ်ကို အသာဟပြီး ဟင်းရည်ကိုမျိုချလိုက်တော့တယ်။ ထန်ထန် က ဟင်းရည်ကိုဇွန်းနဲ့ထပ်ခပ်ပြီးတိုက်လိုက်တယ်။ သူက နာခံစွာနဲ့ပဲ  ဟင်းရည်အားလုံးကို ကုန်အောင်သောက်လိုက်တော့တယ်။

မူးနေပေမယ့်လဲ ဘာဆူညံမှုတစ်စုံတစ်ရာကိုမှ မလုပ်တဲ့အတွက် အမူးသမားကောင်းတစ်ယောက်ဟု သူမတွေးလိုက်မိတယ်။ သူက အရမ်းကိုတိတ်ဆိတ်နေပြီး ရစ်တာမျိုးတွေမရှိဘူး။ လူတစ်ယောက်က သူတို့ရဲ့ပင်ကိုယ်စရိုက်ပေါ်မူတည်ပြီး အရက်မူးတယ်ဆိုတဲ့ စကားတစ်ခွန်းရှိတယ်။ ကြည့်ရတာ အဲ့ဒီဆိုရိုးစကားမှန်ပုံပဲ။

ဟင်းရည် တစ်ပန်းကန်လုံးတိုက်ပြီးတဲ့နောက် သူမလဲအကြာကြီးဆက်မနေတော့ပဲ အားလုံးကိုနှုတ်ဆက်လိုက်တယ်။

သိပ်အများကြီးမသောက်ထားတဲ့ တုန်းလီ က သူမ တို့အိပ်ဖို့နေရာမရှိမှန်းသိနေတဲ့အတွက် ဟိုတယ်အသေးလေးတစ်ခုဆီသို့ ပို့ပေးလိုက်တယ်။ အရက်အများကြီးသောက်ထားတဲ့ ကျိယန် အတွက် သူမစိတ်ပူပေမယ့် ဘာမှမပြောလေဘူး။

တုန်းလီ က ကျိယန် ကိုကူတွဲပြီး အိပ်ယာပေါ်တင်ပေးလိုက်တယ်။ ထို့နောက် သူမကိုနှုတ်ဆက်ပြီး ပြန်သွားတော့တယ်

“ မရီး , ကျွန်တော်ပြန်တော့မယ်၊ တစ်ခုခုလိုရင် ခေါ်လိုက်နော်’’

‘’ကျေးဇူးတင်ပါတယ် တုန်းလီ အချိန်လဲမစောတော့ဘူး မြန်မြန်ပြန်ပြီး အနားယူတော့’’

ရှောင်ကျိုး က လက်ကိုယမ်းပြရင်း လူကြီးလေးတစ်ယောက်လို နှုတ်ဆက်လိုက်တယ်

“ အန်ကယ်, စိတ်ပူဖို့မလိုပါဘူး, အိမ်ကိုပြန်လို့ရပါတယ်, သားနဲ့မာမီက ဒယ်ဒီကိုကောင်းကောင်း စောင့်ရှောက်နိုင်ပါတယ်’’

“ ဟုတ်ပါပြီ, အန်ကယ်သွားတော့မယ်နော်, သားလက်ထဲမှာ သားဒယ်ဒီကိုအပ်ခဲ့ပြီ’’

တုန်းလီထွက်သွားပြီးတဲ့နောက် သူမ ကျိယန်ဖိနပ်ကိုချွတ်ပေးလိုက်ပြီး သက်သောင့်သက်သာဖြစ်အောင် ခြေထောက်တွေကိုအိပ်ယာပေါ်တင်ပေးလိုက်တယ်။ ထို့နောက် အသန့်ကြိုက်တဲ့ ပေါင်ပေါင်ဒယ်ဒီအကျီကိုကြည့်ပြီး သူမဗျာများသွားတယ်။ လေ့ကျင့်ရေးယူနီဖောင်းနဲ့ဆိုတော့ သူအိပ်ရတာ အဆင်ပြေပါ့မလား... ဒါပေမယ့်လဲ၀တ်ပေးဖို့အ၀တ်က ဒီမှာမရှိတဲ့အတွက် သူမ သူ့ကိုအဝတ်အစားမပါပဲ ဒီတိုင်းထားလိုက်လို့ မနက်မိုးလင်းရင်ဘယ်လိုတွေဖြစ်ကုန်မလဲ... နောက်ပြီးတော့ သူမတို့မှာ ရင်းနှီးတဲ့ဆက်ဆံရေးလဲ မရှိခဲ့ဘူးလေ။

အတွေးတွေနဲ့ သူမမျက်နှာနီရဲလာတော့တယ်။

ရှောင်ကျိုး  က ထန်ထန်  လက်ကိုဆွဲရင်းမေးလိုက်တယ်

“ မာမီ, ဘာဖြစ်လို့လဲ... ဘာလို့ ဒယ်ဒီကို ဒီအတိုင်းကြီးကြည့်နေတာလဲ...’

သူမ ဗျာများသွားတယ်။ သူမနှုတ်ခမ်းကိုကိုက်လိုက်ပြီး ကျိယန် ကို ဒီအ၀တ်အစားတွေနဲ့ ဒီအတိုင်းပဲထားလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူဒီတစ်ညတော့ နည်းနည်းဒုက္ခခံရမှာပဲ။ 

ထို့နောက် သူမ ကလေးကိုရေချိုးပေးရင်း ပြောလိုက်တယ်

“ ပေါင်ပေါင်, ဒယ်ဒီက မူးနေတယ်, မာမီရေချိုးနေတုန်း သားဒယ်ဒီကို ဂရုစိုက်ပေးထားမလား...’’

အသေးလေး က သူ့ရင်ဘတ်ကိုပုတ်လိုက်ပြီး အာမခံလိုက်တယ်

“ စိတ်မပူပါပဲ ရေသွားချိုးလိုက်မာမီ, သားဒယ်ဒီကို ဂရုစိုက်ထားလိုက်မယ်’’

လုံး၀မလှုပ်ပဲ အိပ်ပျော်နေတဲ့ ကျိယန် ကိုကြည့်ပြီး ဘာမှမဖြစ်လောက်ဘူးလို့ သူမယူဆလိုက်တယ်။ ဒါ့ကြောင့် သဘက်ကိုယူကာ ရေချိုးလိုက်တယ်။ ပြီးတာနဲ့ ညစ်ပါတ်တဲ့အဝတ်အစားတစ်ချို့ကိုလျော်ကာ လှမ်းလိုက်တယ်။

သူမရေချိုးခန်းထဲကထွက်လာတဲ့အခါ ရှောင်ကျိုး ကို အိပ်ပျော်နေမယ်လို့ထင်ခဲ့ပေမယ့် ဘယ်သူထင်မှာလဲ, အသေးလေးက သူ့ဒယ်ဒီရဲ့ရင်ဘတ်ကို ညင်သာစွာပွတ်သပ်ပေးရင်း ပြူးကျယ်နေတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေပြီး အဲ့ဒါက သူ့ဒယ်ဒီအိပ်ပျော်အောင် ချော့သိပ်နေသလိုပဲ။

သူမ နှလုံးသားလေးနူးညံ့သွားပြီး ရှောင်ကျိုး အနားသို့ကပ်ပြီး အနမ်းပေးလိုက်တယ်

“  ပေါင်ပေါင်, အခုမာမီ ဒယ်ဒီကို ဂရုစိုက်ပေးလိုက်တော့မယ်, သားသွားအိပ်လို့ရပြီနော်’’

အသေးလေးက သိသိသာသာပင်ပန်းနေပေမယ့်လဲ မျက်လုံးကိုအားတင်းဖွင့်ပြီး ခေါင်းယမ်းလိုက်တယ်

“ မာမီ, သားမပင်ပန်းပါဘူး, မာမီနဲ့အတူတူ ဒယ်ဒီကိုဂရုစိုက်ပေးမယ်, မာမီတစ်ယောက်တည်း ဒယ်ဒီကိုပြုစုရတာ ပင်ပန်းနေမှာပေါ့’’(ငတတ်လေး)

ရှောင်ကျိုး က ညဏ်ကောင်းတဲ့ကလေးမှန်းသိတဲ့အတွက် သူမဆက် မငြင်းတော့ပေ။

“ ကောင်းပြီ, ဒါဆို ဒယ်ဒီကို အတူတူပြုစုရအောင်, ဒါပေမယ့် ဒယ်ဒီကောင်းကောင်းအိပ်ပျော်အောင်လို့ လက်ကိုကိုင်ထားပေးနော်’’

အဲ့ဒီစကားကြားပြီးတဲ့နောက် အသေးလေးက ချက်ချင်းပဲ ကျိယန် လက်ကိုခပ်တင်းတင်း ကိုင်လိုက်တော့တယ်။

ထန်ထန် ရေချိုးခန်းထဲမှ ရေနွေးကိုယူလိုက်ပြီး သဘက်တစ်ခုကိုနှစ်လိုက်တယ် ထို့နောက်ရေညှစ်လိုက်ပြီး ကျိယန်မျက်နှာကိုသုတ်ပေးလိုက်တယ်။ ဒါဆို သူအိပ်ရတာ ပိုပြီးသက်သောင့်သက်သာရှိလိမ့်မယ်။

သူမ သတိလက်လွတ်နဲ့ ကျိယန် မျက်နှာကိုကြည့်လိုက်မိတယ်။ သန်မာတဲ့မျက်ခုံး, ရှည်လျားပြီး ပိတ်နေတဲ့မျက်လုံး, ဖြောင့်စင်းနေတဲ့မျက်တောင်, ဖြောင့်တန်းနေတဲ့နှာတံ, နှုတ်ခမ်းပါး, ခိုင်မာတဲ့မေးရိုး, ပြီးတော့ သူအိပ်နေရင်တောင်မှ အားကောင်းတဲ့ရောင်ဝါတွေနဲ့ဖုံးလွမ်းနေပြီး လူတိုင်းကိုရှိန်နေစေကာ အလွယ်တကူချဉ်းကပ်လို့မရတဲ့ပုံပေါ်နေတယ်။

သူက ထူးချွန်ထက်မြတ်တယ် ဒါပေမယ့် လူကိုလုံခြုံစေတဲ့ ခံစားချက်ကိုလဲ ပေးစွမ်းနိုင်တယ်။

သူမ နှစ်ဘဝနေထိုင်ဖူးသော်လဲ အပြင်လူတွေနဲ့ ထိတွေ့ဆက်ဆံလေ့မရှိပေ။ အတိတ်မှာတုန်းက သူမလက်ထပ်မယ့် အမျိုးသားကို စိတ်ကူးပုံဖော်ကြည့်ဖူးတယ်။ ဒါပေမယ့် ဘယ်လိုပဲသူမတွေးခဲ့ပါစေ အရာအားလုံးက လက်တွေ့မကျတဲ့အတွက် ဘာမှမသေချာခဲ့ဘူး။

ဒါတွေက သူမဒီကိုရောက်လာပြီး ကျိယန် ကိုမတွေ့ခင်အထိပါပဲ။ သူမစိတ်ကူးထဲကအတိုင်း သူကသူမရဲ့ခင်ပွန်းဖြစ်နေပြီး သူကဘ၀အတွက် အားကိုးထိုက်တဲ့သူဖြစ်တယ်။ ဘယ်သူနဲ့မှ သူ့ကို သူမအစားမထိုးနိုင်ဘူး။

သူ က သူမခင်ပွန်းဖြစ်ပြီး သူမတို့က မတူညီတဲ့အချိန်ကာလက ဖြစ်သော်လဲ သူမအတွက် မသာမသာဖြစ်ခြင်းမရှိပေ။ အကြောင်းပြချက်ကို သူမကိုယ်တိုင် မသိပေမယ့်လဲပေါ့။

သူမ  မှာ အချစ်နဲ့ပတ်သတ်ပြီး အတွေ့အကြုံမရှိပေမယ့်လဲ သူမက ဘာကိုမှနားမလည်တဲ့ ငတုံးတစ်ယောက်တော့မဟုတ်ပေ။ ကျေးဇူးတင်ဖို့ကောင်းစွာနဲ့ပဲ သူမစိတ်ကူးယဉ်ဝတ္ထုတွေ ဖတ်ထားဖူးတဲ့အတွက် ကျိယန် နဲ့ရင်ဆိုင်တွေ့တိုင်း သူမခံစားရတဲ့ ခံစားချက်တွေက ပုံမှန်မဟုတ်ကြောင်း နားလည်ခဲ့တယ်။ ၀န်မခံပေမယ့်လဲ သူမရဲ့နှလုံးသားကို သူမ လိမ်ညာလို့မရပေ။ သူမ ကျိယန်ကို သဘောကျတယ်, သူမရဲ့အမျိုးသားကို သူမတိတ်တခိုး ချစ်နေမိနေပြီဖြစ်တယ်။

သို့သော်လဲ သူ သူမကို မချစ်မှန်းသိပါတယ်။ အနည်းဆုံးတော့ အခုချိန်မှာ သူမကို သူ မမုန်းတော့ဘူးလေ။

ဒါပေမယ့်လဲ ကျိယန်  သူမကိုသဘောကျလာအောင် သူမအနေနဲ့ အလုပ်ကြိုးစားပြီး ဇနီးကောင်းတစ်ယောက် အဖြစ်နေရမယ်။

သူမ တွေးရင်း အချိန်အကြာကြီး သဘတ်နဲ့သုတ်ပေးနေမိတဲ့အတွက် ကျိယန် မျက်လုံးတို့ ဖြေးငြင်းစွာပွင့်လာပြီး သူမကို စိုက်ကြည့်နေတယ်။

သူမလက်တွေ အေးခဲသွားတယ်, ရုတ်တရက် အပြစ်ရှိသလိုခံစားလိုက်ရပြီး

‘’ယောကျာ်း... နိုးပြီလား...’’

ကျိယန်က ဘာမှမဖြေပဲ သူမ ကိုဆက်ပြီး စိုက်ကြည့်နေတယ်။

သူမ နှုတ်ခမ်းကိုကိုက်လိုက်မိပြီး, ဖြေးငြင်းစွာနဲ့ ကျိယန်လည်ပင်းကို သဘက်နဲ့သုတ်ပေးနေလိုက်တယ်။ သူမအာရုံစိုက်ပြီးတော့ သူ့မျက်နှာ, လည်ပင်း နဲ့ လက်တွေကို သုတ်ပေးပြီး သဘက်ကို ဘေစင်မှာသွားဆေးလိုက်တယ်။ နောက်တော့ သူ့ခြေအိတ်ကိုဖြေးငြင်းစွာချွတ်ပေးလိုက်ပြီး သတိထားကာ ခြေထောက်ကိုသုတ်ပေးလိုက်တယ်။

ကျိယန်မျက်တောင်ခတ်လိုက်တယ်။ ခဏအကြာမှာပဲ သူ့မျက်လုံးတွေမှိတ်သွားပြီး ပြန်အိပ်ပျော်သွားတော့တယ်

သူမတို့ခြေထောက်တွေက အတော်လေးကိုကွာခြားတာပဲ။ သူ့ ခြေထောက်တွေက သူမခြေထောက်ထက် နှစ်ဆလောက်ကြီးနေပြီး အမာရွတ်တွေအများအပြားကိုတွေ့လိုက်ရတယ်။ အမာရွတ်တွေကို ကြည့်ရုံနဲ့ သေးငယ်တဲ့ဒဏ်ရာတွေရခဲ့တာ မဟုတ်မှန်း ခန့်မှန်းလို့ရတယ်။

သူမ နှလုံးသားထဲမှာ နာကျင်သွားပြီး အမာရွတ်တွေကို ထိတွေ့လိုက်မိတယ်။ သူ့ခြေထောက်က များပြားလှတဲ့အမာရွတ်တွေကို ကြည့်ရင်း ခန္ဓာကိုယ်မှာဆို ဘယ်လောက်တောင် များပြားမလဲဆိုတာ မှန်းဆလိုက်မိတယ်။

တိုင်းပြည်ကို ကာကွယ်ရတာ အရမ်းခက်ခဲမှာပဲ ပြီးတော့ သူ့ကိုယ်ခန္ဓာကလဲ မြင်ရသလောက် မကျန်းမာတာတောင် ဖြစ်နေနိုင်တယ်။ ကြည့်ရတာ သူမ သူ့ခြေထောက်တွေရဲ့ အတွင်းဒဏ်ရာတွေသက်သာစေဖို့ ဆေးဖက်ဝင်တဲ့ရေနဲ့ စိမ်ချိုးသင့်တယ်လို့ထင်တယ်။

တခြားတဖက်မှာတော့ ကျိရှောင်ကျိုး  တစ်ယောက် အမေလုပ်တဲ့သူ သူ့ဒယ်ဒီခြေထောက်ကို ဆေးပေးနေတာကို မျက်လုံးပြူးနဲ့ကြည့်နေတယ်။ သူမက ရတနာကိုသန့်ရှင်းရေးလုပ်ပေးနေသလိုပဲ။ရှောင်ကျိုးမျ က်တောင်ခတ်လိုက်တယ်။ သူစိတ်ရှုပ်သွားပြီး မေးလိုက်တယ်

“ မာမီ, ဒက်ဒီခြေထောက်တွေက နံနေလား..."’

အသေးလေးရဲ့ အမေးကြောင့် သူမ ခဏလောက်  အံ့ဩသွားပြီး “ဘာလို့ မေးတာလဲ...’’ ဟု ပြုံးပြီးမေးလိုက်တယ်။

ရှောင်ကျိုး က သူ့ခြေထောက်သေးသေးလေးကို မလိုက်ကာ နှာခေါင်းနားကပ်ပြီး အနံ့ခံလိုက်တယ်။ အနံ့မရှိတော့မှ ကျေနပ်သွားပြီး ဖြေလိုက်တယ်

“ သားဆို သားခြေထောက်တွေနံနေရင် မထိချင်ဘူး, ဆေးပြီးမှပဲထိတာ’’

သူက က အသန့်ကြိုက်တဲ့ကလေးဖြစ်တယ်။ သူ့ခြေထောက်တွေ ညစ်ပတ်နေရင် ထိတွေ့ဖို့ကို ရှောင်တယ်။

ထန်ထန် ပြုံးလိုက်ပြိး

“ ဒါဆို သားဒယ်ဒီခြေထောက်ကို နံလား မနံလား အနံ့ခံကြည့်လိုက်လေ’’

ဝက်ပေါက်လေး က တုံ့ဆိုင်းသွားတယ်။ အဆုံးမှာတော့ သူ့ဒယ်ဒီရဲ့ခြေထောက်နားကိုကပ်ပြီး အနံ့ခံလိုက်တယ်။ သူက ချက်ချင်းပဲ နှာခေါင်းကိုပိတ်လိုက်ကာ မျက်မှောင်ကြုတ်ပြီး နောက်ဆုတ်လိုက်တယ်။ သူက ထန်ထန့်အား မကျေမနပ်ကြည့်ကာ

“ မာမီ, ဒယ်ဒီခြေထောက်က နံတယ်’’

‘’ဖူး…’’

သူမမထိန်းနိုင်ပဲ ရယ်လိုက်မိတော့တယ်။ ဒီအသေးလေးကတော့ ကိုယ့်အဖေအရင်းကိုတောင် ရွံနေတယ် ကျိယန်သာနိုးနေရင် အသဲကွဲနေတော့မှာပဲ။

ရိုးသားစွာပြောရရင် ကျိယန် ခြေထောက်က သိပ်မနံပေ။ သို့သော်လဲ သူက လေ့ကျင့်ရေးတွေလုပ်ရတဲ့ စစ်သားတစ်ယောက်ဖြစ်တဲ့အတွက် အနံ့ကောင်းမှာမဟုတ်ပေ။ အထူးသဖြင့် ကျိယန်က အထူးတပ်ဖွဲ့မှာဖြစ်တဲ့အတွက် သူတို့မှာ များပြားလှတဲ့ လေ့ကျင့်ရေးတွေရှိတယ်။ သာမာန်လူတစ်ယောက်အနေနဲ့ သူတို့လုပ်ရတဲ့ လေ့ကျင့်ရေးတွေကို စိတ်ကူးနဲ့တောင်ပုံဖော်နိုင်မှာမဟုတ်ဘူး။ သူတို့ရဲ့ခြေထောက်တွေက ချွေးအများအပြားထွက်တယ်။ ဒါကြောင့် သူတို့ခြေထောက်တွေ မနံတာကမှ ပုံမှန်မဟုတ်တာပဲ။

“ ဒယ်ဒီက နေ့တိုင်းချွေးတွေထွက်တဲ့အထိ လေ့ကျင့်ရေးလုပ်ရတယ်။ ဒါကြောင့် သူ့ခြေထောက်တွေနံတာ ပုံမှန်ပဲ၊ သန့်ရှင်းရေးလုပ်လိုက်ရင် မနံတော့ဘူးလေ၊ မာမီက သေသေချာချာ သန့်ရှင်းရေးလုပ်ပေးလိုက်ရင် နံမှာမဟုတ်တော့ဘူး’’

အသေးလေး က သူ့နှာခေါင်းကို လက်နဲ့အုပ်ထားပြီး ပြောလိုက်တယ်

“မာမီ, ဒယ်ဒီခြေထောက်နံနေတာကို မရှောင်ဘူးလား’’

ထန်ထန် က ဘေစင်မှာ သဘတ်ကိုထပ်သွားဆေးပြီး ကျိယန် ခြေထောက်ကို သန့်ရှင်းရေးဆက်လုပ်ပေးလိုက်တယ်။ သန့်ရှင်းရေးလုပ်ပေးရင်းနဲ့

“ ဘာလို့လဲဆိုတော့ ဒယ်ဒီက မာမီ့ခင်ပွန်းလေ, ဇနီးတွေက သူတို့ခင်ပွန်းကိုမရှောင်ဖယ်ကြဘူးလေ, ပေါင်ပေါင်ကို မာမီမရှောင်သလိုပဲပေါ့, ပေါင်ပေါင်ခြေထောက်လေးတွေ နံနေရင်တောင် မာမီကထိတွေ့နေဦးမှာပဲလေ မဟုတ်ဘူးလား...’’

ရှောင်ကျိုး က နံနေတဲ့သူ့ခြေထောက်တွေကို ထန်ထန် ဆေးပေးခဲ့တာကို အမှတ်ရသွားတယ်။ သူမာမီကအကောင်းဆုံးပဲဆိုတာ ချက်ချင်းတွေးလိုက်ပြီးတဲ့နောက် သူမ ဆီသို့တွားသွားလိုက်ကာ ဖက်ပြီး အနမ်းပေးလိုက်တယ်

“ မာမီ, သားမာမီကိုချစ်တယ်’’

သူမနှလုံးသားထဲမှာ ပန်းတွေပွင့်သွားတယ်လို့ ခံစားလိုက်ရပြီး ပောင်ပေ့လေးရဲ့နဖူးလေးကို ပြန်နမ်းလိုက်ကာ

“ မာမီလဲချစ်ပါတယ် မြန်မြန်လေး  သွားလှဲနေတော့, မာမီပြီးတော့မယ်’’

ရှောင်ကျိုးက  န ခံစွာနဲ့ ခေါင်းငြိမ့်ပြလိုက်ပြီး သူ့နေရာသို့တွားသွားလိုက်တယ်။ သူက စောင်အောက်မှာလှဲချလိုက်ပြီး ကျိယန် လက်ကို နောက်တစ်ခါ ထပ်ကိုင်ထားတယ်။

သူမက  ကိုသန့်ရှင်းပြီး အနံ့မထွက်တဲ့အထိ သဘက်နဲ့ သုတ်ပေးပြီးနောက် ရှောင်ကျိုး ဘေးနားမှာ လှဲနေလိုက်တယ်။ အဓိကမီးကိုပိတ်လိုက်ပြီး ညအိပ်မီးကိုဖွင့်လိုက်တယ်။

ဒါဆို ကျိယန်လဲ သက်သောင့်သက်သာနဲ့ အိပ်နိုင်ပြီး အသေးလေးလဲ ညဘက်အိမ်သာသွားမယ်ဆိုရင် ရှင်းရှင်းလင်းရှင်းမြင်နိုင်လိမ့်မယ်။

ထန်ထန် ရဲ့ ပုတ်သိပ်မှုအောက်မှာ အသေးလေးက လျင်မြန်စွာနဲ့ အိပ်မောကျကာ အိမ်မက်ကမ္ဘာထဲသို့ပင် ရောက်ရှိသွားတော့တယ်။ သူမ အတွက်ကတော့, ဒီနေ့က သူမအတွက် အတော်လေးအလုပ်များတဲ့နေ့ဖြစ်တဲ့အတွက် မကြာခင်မှာပဲ အိပ်ပျော်သွားတော့တယ်။ အခန်းတစ်ခုလုံးမှာတော့ အဝါရောင်မီးအလင်းရောင်မှိန်မှိန်လေးက မိသားစုသုံးယောက်လုံးအပေါ် ဖြာကျနေပြီး တိတ်ဆိတ်စွာနဲ့ နွေးထွေးနေတော့တယ်။

- - - - - - - - - - - - - - - - - - - - - - - - -

မနက်ခြောက်နာရီထိုးတိုင်း နိုးနေကျဖြစ်တဲ့ ကျိယန် တစ်ယောက် နိုးလာပါတော့တယ်။ သူ့မျက်လုံးတွေကို ဖွင့်လိုက်ပြီးတဲ့နောက် စိတ်ထဲအနည်းငယ်တုန်လှုပ်သွားတယ်။ မိနစ်အနည်းငယ်ကြာပြီးတဲ့နောက် မနေ့ကအရာအားလုံးကို သူမှတ်မိသွားတော့တယ်။ သူအလွန်အကျွံသောက်ခဲ့မှန်း မှတ်မိတယ်။ ထို့နောက် ကုတင်ပေါ်မှာထိုင်လိုက်တယ်။

သူ့ဘေးနားမှာ အသက်ရှူသံတူညီစွာနဲ့ အိပ်ပျော်နေတဲ့ သားအမိကို ဖြေးငြင်းစွာ လှည့်ကြည့်လိုက်မိတယ်။

ရှောင်ကျိုး  ပေါ်မှ သူ့အကြည့်တွေကဖြတ်သန်းသွားပြီး ထန်ထန် မျက်နှာပေါ်မှာ ရပ်တန့်သွားတယ်။ သူအရက်မူးနေချိန်မှာ သူမ လုပ်ပေးခဲ့သမျှ အရာအားလုံးကိုမှတ်မိနေတယ်။ ခန့်မှန်းရခက်တဲ့ အမူအယာတစ်ခု သူ့မျက်နှာမှာ ဖြတ်သန်းသွားတယ်။

သူခေါင်းကိုခဏလောက်ငုံ့ပြီးနေလိုက်တယ်။ ထို့နောက် တိတ်ဆိတ်စွာနဲ့ ထရပ်လိုက်ပြီး ရေချိုးခန်းထဲသို့ဝင်သွားတယ်။ သားအမိနှစ်ယောက်လုံး မနိုးစေရန် ဂရုတစိုက်လုပ်ပြီးနောက် တိတ်ဆိတ်စွာနဲ့ ထွက်ခွာသွားတယ်။ ဒါပေမယ့် သူ မထွက်သွားခင်မှာ ထန်ထန်  ရဲ့ဖုန်းထဲသို့ မက်ဆေ့တစ်စောင်ပို့ထားပြီး အိတ်ထဲမှာ အကြွေး၀ယ်ကတ်တစ်ခု ထားပေးခဲ့တယ်။

- - - - - - - - - - - - -

အဆက်မပြတ်တံခါးခေါက်သံကြောင့် ထန်ထန်နိုးလာတယ်။ သူမမျက်လုံးကိုဖွင့်လိုက်တဲ့အခါမှာ မနက်ကိုးနာရီထိုးခါနီးပြီဖြစ်တယ်။ သူမအထိတ်တလန့်ဖြစ်သွားပြီး ချက်ချင်းပဲမတ်တပ်ရပ်လိုက်တယ်။ ထို့နောက် သူမက မစဉ်းစားပဲ အလောတကြီးနဲ့တံခါးကိုဖွင့်လိုက်တဲ့အခါမှာ တပ်ရင်းမှုးကတော်နဲ့ သူ့သမီးဝမ်ဝမ် ကိုတွေ့လိုက်ရတယ်။

‘’ ထန်ထန် အဆင်သင့်မဖြစ်သေးဘူးလား, ဒီနေ့ တို့တွေ ပရိဘောဂသွားဝယ်ကြမှာမဟုတ်ဘူးလား, နောက်ကျရင် မကောင်းဘူးနော်’’

ထန်ထန် အလျင်အမြန်ပဲ သူမတို့နှစ်ယောက်ကို အခန်းထဲပေးဝင်လိုက်ကာ

‘’ တောင်းပန်ပါတယ် မရီး, ကျွန်မအိပ်ပျော်သွားတယ်, အခုပဲ သွားပြင်လိုက်မယ် မကြာပါဘူး’’

သူမက အိပ်ယာပေါ်မှာ အိပ်နေဆဲဖြစ်တဲ့ ရှောင်ကျိုး ကိုကြည့်လိုက်ပြီး ကုတင်နားလျောက်သွားကာ

“ ညီမ အရင်သွားပြီး လုပ်စရာရှိတာတွေလုပ်ထားလိုက်, အစ်မ ကလေး ကိုနှိုးပြီး အ၀တ်အစားကူလဲပေးထားမယ်။ အဲ့လိုဆိုပိုမြန်လိမ့်မယ်’’

ထန်ထန် အားနာမနေတော့ပဲ တပ်ရင်းမှုးကတော်လက်ထဲ ရှောင်ကျိုး  ကို လွှဲထားခဲ့တော့တယ်။ ထို့နောက် သူမက ရေချိုးခန်းထဲသို့ဝင်ကာ ပစ္စည်းများကို ထုတ်ပိုးလိုက်တော့တယ်။ အားလုံးပြီးသွားတဲ့အခါမှာတော့ အသေးလေး လဲ အဆင်သင့်ဖြစ်နေပြီ ဖြစ်တယ်။ တစ်ဖွဲ့လုံးအလျင်အမြန်နဲ့ အောက်ကိုဆင်းပြီး ကားပေါ်တက်ကာ မြို့ထဲသို့သွားတော့တယ်။

စခန်းမှ မြို့ထဲသို့ နှစ်နာရီလောက်မောင်းရပြီး ခရီးလမ်းမှာတော့သူမ ကျိယန် ဆီမှပို့ထားတဲ့ message ကိုတွေ့လိုက်တယ်။ ထို့နောက်အိတ်ထဲမှ ကြွေး၀ယ်ကတ်ကိုဆွဲထုတ်လိုက်ပြီး သတိမထားမိစွာနဲ့ သူမနှုတ်ခမ်းထောင့်တွေ အပေါ်ကိုကော့တက်သွားတယ်။

သူမတို့မြို့ကိုရောက်တဲ့အချိန်မှာ တပ်ရင်းမှုးကတော်က ပရိဘောဂဆိုင်သို့ တိုက်ရိုက်ပဲ ထန်ထန် ကို ဦးဆောင်ခေါ်သွားပြီး သူမစိတ်ကြိုက်ရွေးစေတယ်။

တိုက်ခန်းမှာ အချိန်အတော်ကြာနေရမှာဖြစ်တဲ့အတွက် ထန်ထန် က ကြုံရာအလွယ်တကူမရွေးချယ်ပေ။ နွေးထွေးပြီး နေချင်စဖွယ်ကောင်းတဲ့ အိမ်လေးဖြစ်စေရန် အရာအားလုံးကို သေချာရွေးဖို့လိုတယ်။ ဒါကြောင့် သူမတို့မပြောင်းရွေ့ခင်ကတည်းက ကျီယွဲ့ဆီမှအကြံတချို့ကို မေးပြီးဖြစ်တယ်။

ကျီယွဲ့ကလဲ အိမ်အလှဆင်ထားတဲ့ပုံတွေ အမြောက်အမြား သူမဆီပို့ပေးခဲ့တဲ့အတွက်  အချိန်တချို့ပေးပြီး လေ့လာပြီးဖြစ်တယ်။ ဒါကြောင့်သူမတို့အိမ်အသစ်လေးအတွက် အကြံတချို့ရှိပြီးသားဖြစ်တယ်။ ပရိဘောဂရွေးဝယ်တဲ့ လုပ်ငန်းစဉ်က အရာအားလုံးချောမွေ့နေတယ်။ ထို့အပြင် ဆိုင်က delivery ပါပို့ပေးသေးတဲ့အတွက် သူမပျော်ရွှင်နေတယ်။ ဒါပေမယ့်လဲ သူမ၀ယ်တဲ့အရာများအတွက် ငွေပေးချေတဲ့အချိန်မှာတော့ ယွမ်ငါးသောင်းကိုတစ်ကြိမ်တည်း အသုံးပြုလိုက်ရပြီး သူမနှလုံးသားတွေ နာကျင်နေတော့တယ်။

ပရိဘောဂနဲ့ အသုံးဆောင်ပစည်းတွေ ၀ယ်ပြီးတဲ့နောက် သူမတို့တွေ ပန်ကန်လုံး ဒယ်အိုး စတာတွေနဲ့ တခြား နေ့စဉ်သုံး လိုအပ်တာတွေဝယ်ဖို့အတွက် ငွေပမာဏ တော်တော်များများကိုသုံးလိုက်ရတယ်။ ထန်ထန့် မျက်နှာပေါ်မှ နာကျင်မှုအမူအယာတွေက ပိုမိုလေးနက်လာတယ်။

သူမအမူအယာကိုကြည့်ပြီး တပ်ရင်းမှုးကတော်က ပြုံးလျက်

“ ပရိဘောဂတွေဝယ်တာက ဒီလိုပါပဲ, ရှင်၀ယ်တာတွေအားလုံးက စျေးအနေတော်ပါပဲ, သိပ်ပြီးနှမြောမနေပါနဲ့’’

သူမက နှမြောတဲ့လေသံနဲ့

“ မရီး ကျိယန် ရဲ့စစ်သားလစာက သိပ်မများဘူးလေ, ပိုက်ဆံအများကြီးကို တပြိုင်တည်းသုံးလိုက်ရတော့ ကျွန်မ ရင်တွေနာလို့ပါ’’

တပ်ရင်းမှုးကတော်က နားလည်စွာနဲ့ သူမကိုနှစ်သိမ့်ပေးနေတယ်

“ အဲ့ဒါအမှန်ပဲ, သူတို့အလုပ်က ပင်ပန်းပြီး လစာအများကြီးမရကြဘူး, အစ်မတို့တွေ စာနာပြီး တတ်နိုင်သလောက် ငွေသုံးတာကို စီစစ်သင့်တယ်လေ’’

ထန်ထန် လေးနက်စွာ သဘောတူလိုက်တယ်။

သူမတို့ပြောနေတဲ့စကားတွေကို နားထောင်နေတဲ့ ဝမ်ဝမ် သက်ပြင်းချလိုက်တယ်။ သူမအမေအကျီကိုဆွဲလိုက်ပြီး

‘’ ဒီစကားတွေက သမီးကိုပြောနေတယ်လို့ ဘာလို့ခံစားမိနေတာလဲ...အမေ သမီးအတွက်အဝတ်အစားတွေ မ၀ယ်ပေးပဲ အပြင်ထွက်လာတာတော့ မဟုတ်ပါဘူးနော်လုပ် အဲ့လိုမရဘူးနော်. အမေ ကတိပေးထားပြီးသား’’

တပ်ရင်းမှုးကတော်က စိတ်တိုသွားကာ သူမနှဖူးကိုလက်နဲ့လှမ်းပုတ်လိုက်တယ်

“ ဒီကလေးမကတော့, နင့်အတွက် မ၀ယ်ပေးဘူးလို့ ဘယ်သူကပြောနေလို့လဲ...’’

ဝမ်ဝမ် ပျော်ရွှင်စွာနဲ့ပြုံးလိုက်ပြီး သူမအမေလက်ကိုဆွဲကာ အ၀တ်အစားဆိုင်ဆီသို့ ဦးတည်သွားလိုက်တယ်

“ အဲ့ဒါဆို အကျီတွေ သွား၀ယ်ရအောင်’’

ထန်ထန် လဲ ရှောင်ကျိုး လက်ကိုဆွဲကာ သူမတို့အနောက်မှနေ၍ အကျီဆိုင်ထဲသို့ လိုက်၀င်သွားတယ်။

ဒါက သူမ အနေနဲ့ ပထမဆုံးအကြိမ် အ၀တ်အစားဆိုင်ထဲ ၀င်ဖူးခြင်းပဲဖြစ်တယ်။ သူမ၀တ်သမျှအဝတ်အားလုံးက မူလပိုင်ရှင်ဝယ်ထားခဲ့တာတွေပဲဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့အဝတ်အစားတွေက ထင်ရှားပေါ်လွင်နေတဲ့အတွက် ထန်ထန်မ၀တ်ချင်ပေ။ ထို့ကြောင့် သူမက အ၀တ်ဗီဒိုထဲမှာ ဘောင်းဘီရှည်နဲ့အကျီလက်ရှည်ကိုတွေ့ခဲ့ပြီး ဒီအ၀တ်အစားကိုပဲ မကြာခဏ၀တ်ခဲ့တာဖြစ်တယ်။

ပြီးတော့ စတိုးဆိုင်ထဲ ၀င်ခဲ့ပေမယ့်လဲ သူမအနေနဲ့ အ၀တ်အစားဝယ်ဖို့ အစီအစဉ်မရှိပေ။ ထို့ကြောင့်  သူမနဲ့ ရှောင်ကျိုး နှစ်ယောက်သား ဆိုင်ထဲမှ ဆိုဖာပေါ်မှာ ထိုင်ရင်း တပ်ရင်းမှုးကတော်နဲ့ ဝမ်ဝမ်တို့ စျေးဝယ်တာကို စောင့်နေလိုက်တယ်။

Xxxxx

Part 28

အ၀တ်အစားများ အဆက်မပြတ် ရွေးချယ်နေတဲ့ ဝမ်ဝမ် ကို ကျိရှောင်ကျိုး ကြည့်နေပြီးနောက် သူက ဆိုဖာမှာ ထိုင်နေတဲ့ ထန်ထန် နဲ့နှိုင်းယှဉ်ကြည့်လိုက်တယ်။ သူက ထန်ထန့် လက်ကိုဆွဲပြီး မေးလိုက်တယ်

“မာမီ, အကျီနည်းနည်းပါးပါး မ၀ယ်တော့ဘူးလား...’’

ထန်ထန် က ခေါင်းကိုယမ်းလိုက်ပြီး

“ မာမီ, မလိုဘူးလေ, မာမီဆီမှာ အကျီတွေရှိပြီးသား’’

အသေးလေး က ပဟေဠိဖြစ်စွာနဲ့ မျက်မှောင်ကြုတ်လိုက်ပြီး

“ ဒါပေမယ့် မာမီရှောပင်းထွက်တာ သားမတွေ့မိပါဘူး, မိန်းကလေးတွေက အဝတ်အစားဝယ်တာ သဘောကျကြတယ်မဟုတ်ဘူးလား...မာမီက ဘာလို့မဝယ်တာလဲ...’’

မိန်းကလေးတွေက ပုံမှန်အားဖြင့် အဝတ်အစား၀ယ်ရတာ သဘောကျတယ်ဆိုတာ အသေးလေး နားလည်မယ်လို့ သူမ မထင်ထားမိဘူး။ ဒါတွေကို သူဘယ်ကကြားပြီး သိလဲဆိုတာ သူမ မသိဘူး။ အဆုံးမှာတော့ သူမက ပြုံးလျက် ခေါင်းယမ်းကာ

“ မိန်းကလေးအားလုံးမဟုတ်ဘူး, မာမီက မကြိုက်ဘူးလေ’’

ရှောင်ကျိုးက သံသယမျက်လုံးတွေနဲ့ သူမအားကြည့်နေပြီး ပရိဘောဂ၀ယ်တုန်းက သူမရဲ့အမူအယာကို သတိရသွားတယ်။ သူက ခေါင်းကိုယမ်းလိုက်ပြီး

‘’ မဟုတ်သေးပါဘူး, အဲ့ဒါမမှန်ဘူး, မာမီ လိမ်နေတာပါ, မာမီ ရှောပင်းထွက်ရတာ ကြိုက်တယ်မဟုတ်လား... ပိုက်ဆံကုန်မှာစိုးလို့ မကြိုက်တာ မဟုတ်လား..."

အသေးလေးက သူမရဲ့အကြောင်းပြချက်ကို သိလောက်တဲ့အထိ ထက်မြက်လိမ့်မယ်လို့ သူမ မထင်ထားမိဘူး။သူမ  စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြလိုက်တယ်

“ မာမီဆီမှာ တခြားအကျီတွေ ရှိနေသေးတာက တစ်ပိုင်း, ပိုက်ဆံချွေတာက နောက်တပိုင်းပေါ့, မာမီက အလုပ်မရှိဘူးလေ ဒါကြောင့် မာမီတို့သားအမိတွေက ဒက်ဒီကြိုးစားပြီး ရှာထားတဲ့ပိုက်ဆံတွေကို မှီခိုနေရတယ်, ပြီးတော့ ဒက်ဒီအလုပ်က ပိုက်ဆံရှာရတာ အရမ်းပင်ပန်းတယ် ဒါကြောင့် မလိုအပ်တဲ့နေရာမှာ မာမီတို့က ပိုက်ဆံမဖြုန်းသင့်ဘူးလေ...’’

သူမဆိုလိုတဲ့အဓိပါယ်အားလုံးကို သူနားမလည်သော်လဲ အနာဂါတ်မှာ သူ့မိသားစု ငွေကြေးချောင်လည်စေဖို့အတွက် အစားကိုလျော့စားသင့်တယ်လို့ တွေးမိကာ ခေါင်းငြိမ့်လိုက်တယ်။

အဲ့အချိန်မှာပဲ, အဖြူရောင်အကျီဝတ်ထားတဲ့ ဝမ်ဝမ် က အ၀တ်လဲခန်းထဲမှထွက်လာတယ်။ သူမက နှစ်ပတ်လောက်လှည့်လိုက်ပြီး မေးလိုက်တယ်

“ အစ်မ ထန်ထန် ဘယ်လိုထင်လဲ... ဒါကြည့်ကောင်းရဲ့လား..."

ထန်ထန်ဂရုတစိုက်နဲ့ သူမကိုကြည့်လိုက်တယ်။ သူမတို့တွေက မတူညီတဲ့အချိန်ကာလနဲ့ မတူညီတဲ့ဝတ်စားပုံတွေကြားထဲ ကြီးပြင်းလာပေမယ့်လဲ ဒီအ၀တ်အစားတွေက လှပတယ်လို့  တွေးမိတယ်။ သူမက ဝမ်ဝမ် ကို လက်မထောင်ပြလိုက်ပြီး

“ အရမ်းလှတယ်, ဒါလေးက ညီမလေးနဲ့ကွက်တိပဲ’’

‘’တကယ်လား... ညီမလဲ အဲ့လိုပဲထင်တယ်, ဒါဆို ဒါပဲယူလိုက်တော့မယ်...’’

ဝမ်ဝမ် က သူမအနောက်မှာရှိနေတဲ့ အရောင်းစာရေး မိန်းကလေးကိုအကျီပေးပြီး ကောင်တာကိုယူသွားစေတယ်။ တချိန်လုံးထိုင်ပြီးစောင့်နေတဲ့ ထန်ထန် ကို သူမ သတိထားမိသွားပြီး

“ အစ်မ ဘာလို့ အကျီတွေစမ်းမဝတ်ကြည့်တာလဲ...ညီမတို့ မြို့ထဲရောက်နေမှတော့ နည်းနည်းပါးပါး ၀ယ်ပါလား...’’

ရိုးသားစွာပြောရရင် ထန်ထန် ရဲ့အဝတ်အစားတွေက သူမနဲ့မသင့်တော်ဘူးလို့ ဝမ်ဝမ်ထင်မိတယ်။ ထန်ထန် က ငယ်ရွယ်သေးတယ် ဒါပေမယ့် သူမက သက်လတ်ပိုင်းအမျိုးသမီးတွေလို ၀တ်စားလေ့ရှိတယ်။

ထန်ထန် က ဒီအ၀တ်အစားတွေနဲ့ မလိုက်ဖက်ပါဘူး။ ရှောင်ကျိုးရဲ့ဒက်ဒီက ဒီလောက်ထိကြည့်ကောင်းနေတာကို သူမအနေနဲ့ ကြည့်ကောင်းတာလေးတွေ ၀တ်သင့်တယ်လို့ ဝမ်ဝမ်တွေးမိတယ်။ ဒီအဝတ်အစားတွေနဲ့ ထန်ထန် ကို အသေးလေး ဒယ်ဒီက သဘောမကျဘူးဆိုရင် ဘယ်လိုလုပ်မလဲ...

ထန်ထန် က ခပ်ဖျော့ဖျော့ပြုံးရင်းနဲ့ ခေါင်းယမ်းလိုက်ကာ

“ အစ်မ မ၀ယ်တော့ပါဘူး, အစ်မဆီမှာ အကျီတွေရှိပါသေးတယ်’’

ဝမ်ဝမ်က တုံ့ပြန်တဲ့အနေနဲ့ သူမမျက်လုံးတွေကို လှည့်လိုက်ပြီး ထန်ထန်အနားသို့တိုးကပ်ကာ လေသံတိုးနဲ့ပြောလိုက်တယ်

“ အစ်မ... အစ်မ ရှောင်ကျိုး ဒယ်ဒီကို တကယ်သဘောကျတယ်မဟုတ်လား...’’

ထန်ထန် စိတ်ထဲဗလာကျင်းသွားတယ်။ သူမက ခြောက်သွေ့တဲ့အကြည့်တွေနဲ့ ဝမ်ဝမ် ကိုကြည့်ပြီးဖြေလိုက်တယ်

“ဝမ်ဝမ် နင်…နင်… ဘာတွေပြောလိုက်တာလဲ?’’

ဝမ်ဝမ်ရယ်လိုက်ပြီး ထန်ထန့်ပုခုံးကို  သိုင်းဖက်လိုက်ကာ

“ မငြင်းပါနဲ့, အစ်မ ရှောင်ကျိုးဒယ်ဒီကို ကြည့်တဲ့အကြည့်တွေ ညီမမြင်ပြီးပါပြီ, ညီမက မျက်စိလျင်တဲ့သူပါနော်, အစ်မ သူ့ကိုကြည့်တဲ့အကြည့်တွေက နူးညံ့ပြီး စမ်းရေတွေစီးဆင်းနေသလိုပဲ, ဒီလောက် နူးညံ့တဲ့အကြည့်နဲ့ ကြည့်တဲ့အမျိုးသမီးမျိုး ညီမ မမြင်ဖူးဘူး...’’

သူမက အဲ့လောက်တောင် သိသာနေတာလား ထန်ထန် မတတ်သာစွာနဲ့ပဲ သူမမျက်လုံးတွေကို ထိလိုက်မိပြီး မျက်နှာက နီရဲလာကာ ဘာစကားမှ မပြောနိုင်တော့ဘူး။

ရ “ အာယာ, အဲ့လောက်ရှက်ဖို့မလိုပါဘူး၊ အစ်မတို့က လင်မယားတွေပဲ, အစ်မ အနေနဲ့ ကိုယ့်ခင်ပွန်းကို သဘောကျတာ ပုံမှန်ပဲကို, အစ်မသူ့ကို သဘောမကျတာကမှသာ ပုံမှန်မဟုတ်တာ’’

သူမတို့ရဲ့ လင်မယားဆက်ဆံရေးအကြောင်း ဝမ်ဝမ် အား ရှင်းပြရန်နည်းလမ်း မရှိတော့တဲ့အတွက် သူမ တိတ်ဆိတ်သွားတော့တယ်။

ဝမ်ဝမ် က တခြားခေါင်းစဉ်တစ်ခုနဲ့ သူမရဲ့အတွေးတွေကို နှောက်ယှက်လိုက်တယ်

“ ဒါပေမယ့် ရှောင်ကျိုး  ဒယ်ဒီက အရမ်းကို ထူးချွန်နေတော့ သူ့ဇနီးအနေနဲ့ ပုံစံဆိုးဆိုးတွေ ဖြစ်လို့မရဘူးလေ, မဟုတ်ရင် အစ်မတို့နှစ်ယောက် မလိုက်ဖက်ဘူးလို့ တခြားသူတွေ တွေးကြလိမ့်မယ်။ ပြီး‌တော့ ယောကျာ်းတွေဆိုတာ အမြင်အာရုံပေါ်မှာလဲ မူတည်သေးတယ်လေ။ ယောကျာ်းတစ်ယောက်ကို ထိန်းသိမ်းထားချင်တယ်ဆိုရင် အစ်မအနေနဲ့လဲ လှပနေမှဖြစ်မယ်။ မဟုတ်ရင် သူတို့တွေက မကြာခင်မှာပဲ အစ်မကို သဘောမကျဖြစ်သွားလိမ့်မယ်။ အဲ့ဒါကြောင့် အမျိုးသမီးတွေအတွက် အလှအပက အရေးကြီးတယ်’’

ဝမ်ဝမ် ရဲ့စကားတွေကို ထန်ထန် သဘောတူတယ်။ ဒါကြောင့် သူမအတွေးတွေကိုပြောလိုက်တယ်

“ ညီမလေးပြောတာကို အစ်မသဘောတူတယ်, ဒါပေမယ့်လဲ နဂိုကတည်းကမလှပတဲ့ အစ်မလိုလူက ရှောင်ကျိုး ဒယ်ဒီနဲ့ မသင့်တော်ဘူးဆိုတာ အစ်မသိပါတယ်’’

ဒီအဖြေကိုကြားတဲ့ ဝမ်ဝမ် တစ်ယောက် သွေးအန်မတတ်ဖြစ်သွားတယ်။သူမ သက်ပြင်းချလိုက်ပြီး ထန်ထန့် ကိုကြည့်လိုက်တယ်

“ အစ်မ...အစ်မအရပ်က ညီမအရပ် 167 cm(5'6") နဲ့သိပ်မကွာဘူး, ဒါပေမယ့် အလေးချိန်ကျတော့ ညီမတစ်ဝက်တောင် မရှိလောက်ဘူး’’

သူမ ကိုယ်အလေးချိန်ကို လှောင်ပြောင်ခံရသလို ခံစားလိုက်ရပြီး

‘’ ဘယ်လိုပြောလိုက်တာလဲ, အစ်မက 39 kg ရှိပါတယ်နော်’’

‘’ ဘုရားရေ... ‘’

ဝမ်ဝမ် အရမ်းအံ့ဩသွားပြီး

“ ညီမတို့က အရပ်အတူတူပဲ ဒါပေမယ့် ညီမက 55 kg (၁၂၁ပေါင် )ရှိတယ် အစ်မက 39 kg ပဲလား, အစ်မအသက်ကြီးလာဖို့ ဆန်ပဲစားခဲ့တာလား...’’

ထန်ထန် မှားယွင်းသွားသလို ခံစားလိုက်ရတယ်

“ ဒါပေမယ့် ဝိတ်တက်ဖို့ အစ်မ အကောင်းဆုံးကြိုးစားခဲ့တာပဲလေ’’

ဝမ်ဝမ် က အလေးအနက်နဲ့ သူမကိုပြောလိုက်တယ်

“ အမှန်အတိုင်းပြောရရင် အစ်မကို ရုပ်ဆိုးတယ်လို့မထင်ပါဘူး, ဒါပေမယ့် အစ်မက အရမ်းပိန်လွန်းတယ်, ပြီးတော့ အသားအရည်ကလဲမကောင်းဘူး, ဒါကြောင့် အစ်မ ကြည့်မကောင်းတာနေမယ်, ဒါပေမယ့် ဒါတွေအားလုံးက ပြောင်းလဲလို့ရပါတယ်’’

ဝမ်ဝမ် ရဲ့စကားတွေကို နားထောင်ရင်း သူမ အနည်းငယ် နေလို့ကောင်းသွားတယ်လို့ ခံစားလိုက်ရတယ်။

‘’ဒါတွေအားလုံးအတွက် အချိန်ပဲလိုတာ, ရလဒ်ကတော့ ချက်ချင်းမပြဘူးပေါ့, ဒါပေမယ့် ချက်ချင်းပြင်လို့ရတာကတော့ အ၀တ်အစား စတိုင်ပဲအစ်မ, အ၀တ်အစားဆိုတာ မိန်းကလေးတွေအတွက် အရမ်းအရေးကြီးတယ်၊ လူတွေက တူညီတဲ့အကျီတွေဝတ်ပေမယ့်လဲ ခံစားချက်တွေကတော့ ကွာခြားသွားတယ်, အ၀တ်အစားတွေက အစ်မရဲ့ပုံစံကို ပြောင်းလဲပေးနိုင်တယ်။ အစ်မ ရယ်, အခုအစ်မဝတ်ထားတာကိုကြည့်ပါဦး, ရုပ်ဆိုးမနေဘူးလား, ဒီလိုပုံနဲ့ အမျိုးသားကို ဘယ်လိုဆွဲဆောင်မလဲ...’’

‘’ဒါတွေက တကယ်ပဲကြည့်ရဆိုးနေလို့လား...’’

ထန်ထန် က သူမအကျီတွေကို ကြည့်ပြီး မသေချာစွာနဲ့ မေးလိုက်တယ်။

ဝမ်ဝမ် က ပိုသေချာစေရန် ခေါင်းငြိမ့်ပြလိုက်တယ်

“ တကယ်ကို ကြည့်ရဆိုးတာပေါ့, ဒါကြောင့် အစ်မအနေနဲ့ အ၀တ်အစားပုံစံကို ပြောင်းရမယ်, မဟုတ်ရင် ရှောင်ကျိုး အဖေရဲ့ နှလုံးသားကို ဘယ်လိုထိန်းချုပ်နိုင်မှာလဲလို့, ပြီးတော့ တခြားသူတွေနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ... အစ်မ ဘယ်လိုထင်လဲ...’’

ဝမ်ဝမ် ရဲ့စကားတွေက ထန်ထန့် ကို တုံ့ဆိုင်းနေစေတယ်။ သူမရဲ့အဝတ်အစားပုံစံကို ပြောင်းလဲသင့်ပြီလား... ဒါတွေကကော သူမအတွက် ကောင်းတဲ့ရလဒ်တွေ ရလာနိုင်ပါ့မလား...

‘’ဒါဆို…အစ်မသွားပြီး ကြည့်လိုက်တော့မယ်’’

ထန်ထန် ကိုအောင်မြင်စွာ စည်းရုံးပြီးတဲ့နောက် ဝမ်ဝမ် က လက်ခုပ်တီးလိုက်ကာ ချက်ချင်းပဲ သူမလက်ကိုဆွဲပြီး အ၀တ်အစားတွေကို ရွေးပေးလိုက်တယ်။

သူ့မာမီ အ၀တ်အစားဝယ်ဖို့ စိတ်အားထက်သန်တာကို မြင်တွေ့လိုက်ရတဲ့ ကျိရှောင်ကျိုး  က လဲ သူ့မာမီအတွက် အကျီတစ်ချို့ကို စတင်ပြီး ကူရွေးပေးတော့တယ်။

ဝမ်ဝမ် က ဒူးအထိရှည်တဲ့ အဖြူရောင်ဂါဝန်ကိုရွေးပေးလိုက်တယ်။ ဒီလိုဂါဝန်က ခပ်လျော့လျော့သာ ၀တ်ဆင်ရတဲ့အတွက် ပိန်တဲ့သူတွေဝတ်ရင်တောင် ကြည့်ကောင်းနေမှာဖြစ်တယ်။ ဒီ၀တ်စုံက ထန်ထန် နဲ့သင့်တော်တယ်လို့ သူမယူဆလိုက်ပြီး စမ်း၀တ်ကြည့်ရန် တောင်းဆိုလိုက်တယ်။

ထန်ထန် က ဒီအ၀တ်အစားက ထင်ရှားလွန်းတယ်လို့ ယူဆလိုက်မိတယ်။ ဒီ၀တ်စုံက သူမရဲ့ခြေထောက်နဲ့ လက်မောင်းတဝက်ခန့်ကို ဖော်ပြထားမှာဖြစ်တယ်။ မူလက သူမငြင်းဖို့စဉ်းစားပေမယ့်လဲ ဒီခေတ်မှာ အမျိုးသမီးတွေက ဒါမျိုးဝတ်နေကျဆိုတာကို သတိထားမိသွားတယ်။ ဒါကြောင့် ဒီလိုအဝတ်အစားတွေ မ၀တ်ဘူးဆိုရင် ပေါင်ပေါင်ဒက်ဒီက သူမကိုရုပ်ဆိုးတယ်လို့ ထင်သွားမလား။ ဒါမှမဟုတ် ခေတ်ရေစီးကြောင်းအတိုင်း လိုက်သွားသင့်သလား။

နောက်ဆုံးမှာတော့ သူမက အံကိုတင်းတင်းကြိတ်ကာ အ၀တ်အစားများကို လဲ၀တ်ကြည့်ရန် အ၀တ်လဲခန်းထဲသို့ ၀င်လိုက်တယ်။ အချိန်အတော်ကြာပြီးတဲ့နောက် သူမအခန်းထဲက ပြန်ထွက်လာတယ်။

ဝမ်ဝမ် သူမကိုကြည့်ပြီး လက်မထောင်ပြကာ

“  ဒီ၀တ်စုံက အစ်မနဲ့လိုက်တယ်။ အရင်လောက်ပိန်တယ်လို့ မထင်ရတော့ဘူး ပြီးတော့ အစ်မပြောင်းလဲသွားတယ်လို့လဲ ခံစားရတယ်။ အစ်မနဲ့ တကယ်ပဲကြည့်ကောင်းတာ ‘’

တပ်ရင်းမှုးကတော်လဲ ခေါင်းငြိမ့်လိုက်ပြီး

“ မဆိုးဘူး, မဆိုးဘူး, တခြားလူတစ်ယောက်လိုပဲ ပြောင်းလဲသွားတယ်’’

ကျိရှောင်ကျိုး က သူ့မေးကိုလက်လေးနဲ့ထောက်ရင်း အချိန်ယူကာ သူမကို ပတ်ပတ်လည်ကြည့်လိုက်တယ် ထို့နောက် ကျေနပ်တဲ့လေသံနဲ့

“ မာမီ , ဒီတစ်ထည်နဲ့ ကြည့်ကောင်းတယ်’’

အားလုံးက ကြည့်ကောင်းတယ်ပြောနေတဲ့အတွက် နောက်ဆုံးမှာတော့ ထန်ထန် မှန်ရှေ့မှာ ရပ်ရဲတော့တယ်။ သူမက တခြားတစ်ယောက်လိုဖြစ်နေပြီး သူမမျက်နှာပေါ်က အမာရွတ်တွေ ဒဏ်ရာတွေကလဲ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့အတွက် သူမအသွင်အပြင်က အရင်ကလောက် ကြောက်ဖို့မကောင်းတော့ပေ။ အဖြူရောင်ဝတ်စုံက သူမအသားအရည်ပေါ်မှာ အရောင်ဟပ်နေပြီး ဝမ်ဝမ် ပြောတဲ့အတိုင်းပင် သူမအရင်လို ပိန်လှီနေတဲ့ပုံမပေါက်တော့ပေ။

ဒီအချက်ကိုတွေးရင်း ဒီ၀တ်စုံက မဆိုးဘူးလို့ သူမ တွေးလိုက်မိတယ်။

ကံမကောင်းစွာနဲ့ပဲ သူမတို့ ၀တ်စုံစျေးကိုမေးကြည့်လိုက်တဲ့အခါ ယွမ် ၈၀၀ ကျသင့်မှာဖြစ်တယ်။ စျေးနှုန်းက သူမကိုအလွန်တရာကြောက်လန့်စေပြီး ချက်ချင်းပဲ ဒီ၀တ်စုံကို မလိုချင်တော့ပေ။ ဒါက အရမ်းစျေးကြီးတာပဲ။

ဝမ်ဝမ်နဲ့ တပ်ရင်းမှုးကတော် ဘယ်လောက်ပဲ သူမကိုဝယ်အောင်ပြောနေပါစေ သူမ မ၀ယ်ချင်တော့ပေ။ တိုက်တွန်းလို့မရတော့တဲ့အဆုံး သူတို့အားလုံး သူမကိုလက်လျော့လိုက်တော့တယ်။

ဒါပေမယ့်လဲ ဝမ်ဝမ်က ရေရွတ်နေတုန်းပဲဖြစ်တယ်

“ အမှန်အတိုင်းပြောရရင်, ယွမ် ၈၀၀ က အဲ့လောက်လဲ စျေးမများပါဘူး အစ်မ  ရယ်, တခါတလေမှ အကျီနည်းနည်းပါးပါးဝယ်တာပဲကို, ဘာလို့များကိုယ့်ကိုယ်ကိုယ် မဆင်ရတာလဲ, ကိုယ်နဲ့လိုက်တဲ့ အ၀တ်အစားဆိုတာ ရှာရခက်တယ်...’’

ထန်ထန် ပြုံးလိုက်ကာ

“ အစ်မသိပါတယ်, အစ်မလဲ အဲ့၀တ်စုံကိုကြိုက်ပါတယ်၊ ဒါပေမယ့်လဲ အရမ်းစျေးကြီးလွန်းတယ်လေ, ဒါကြောင့် အိမ်ရောက်တဲ့အခါကျရင် အစ်မဘာသာ လိုအပ်တဲ့ပစ္စည်းလေးတွေနဲ့ ဒီပုံအတိုင်း ၀တ်စုံတစ်ထည်လောက် လုပ်လို့ရပါတယ်၊ ဒီလိုဆိုရင် ယွမ် ၁၀၀ တောင် မကုန်တော့ဘူးလေ’’

ဝမ်ဝမ် မျက်လုံးတွေ ကျယ်သွားပြီး မယုံနိုင်တဲ့ လေသံနဲ့မေးလိုက်တယ်

“ အစ်မ ထန်ထန် ကိုယ့်ဘာသာ ချုပ်တတ်တယ်လို့ပြောလိုက်တာလား... ပြီးတော့ ဒီပုံစံအတိုင်းလား...’’

ထန်ထန် ကခေါင်းငြိမ့်ပြလိုက်ပြီး

“ အဲ့၀တ်စုံဘယ်လိုချုပ်ထားလဲဆိုတာ အစ်မသေချာကြည့်ပြီးပြီ, အဲ့လောက်လဲမခက်ပါဘူး, အစ်မဆီမှာသာ လိုအပ်တဲ့ပစ္စည်းတွေရှိရင် တစ်ရက်တည်းနဲ့ အပြီးချုပ်နိုင်တယ်။ အဲ့ဒါက ဒီပုံနဲ့လုံး၀အတူတူပဲဖြစ်ရမယ်’’

ဒီအပိုင်းမှာတော့ သူမလုံး၀ ယုံကြည်မှုရှိတယ် , ချုပ်လုပ်ခြင်းအတတ်ပညာက သူမအထူးကျွမ်းကျင်တာပဲဖြစ်တယ်။

တပ်ရင်းမှုးကတော်လဲ အလန့်တကြားဖြစ်သွားပြီး မေးလိုက်တယ်

“ ထန်ထန် အကျီချုပ်နည်းတွေပါ သိနေတာလား, ဘယ်မှာသင်ခဲ့တာလဲ...’’

ဒီပညာရပ်တွေက သူမငယ်စဉ်ကတည်းက သင်ခဲ့တာလို့ မပြောရဲပေ။ ဒါကြောင့် မူလခန္ဓာကိုယ်ပိုင်ရှင် ရဲ့ အတွေ့အကြုံကိုသာ ယူသုံးလိုက်တယ်

“ ကျွန်မက ဖက်ရှင်ဒီဇိုင်း မေဂျာနဲ့ ဘွဲ့ရထားတာလေ’’

တပ်ရင်းမှုးကတော်နဲ့ဝမ်ဝမ်နှစ်ယောက်လုံး ချက်ချင်းပဲ နားလည်သွားကြတယ် ။ ဖက်ရှင်ဒီဇိုင်းနဲ့ ဘွဲ့ရထားမှတော့ ဒါတွေသိနေတာ မအံ့ဩတော့ပါဘူး။

‘’ ဒီအတိုင်းပုံစံတူချုပ်မယ်ဆို ပိုက်ဆံအများကြီးသက်သာသွားမှာပေါ့’’

တပ်ရင်းမှုးကတော်က ပျော်ရွှင်စွာနဲ့ပြောလိုက်တယ်။

‘’အဲ့ဒါတော့ဟုတ်တယ်, ချွေတာပြီးသားဖြစ်သွားတာပေါ့’’

ထန်ထန်က ပျော်ရွှင်စွာနဲ့မေးလိုက်တယ်

“ မရီး, လိုအပ်တဲ့ပစ္စည်းတွေ ဘယ်မှာဝယ်လို့ရလဲ အစ်မသိလား ကျွန်မကို ခေါ်သွားပေးလို့ရမလား...’’

တပ်ရင်းမှုးကတော်က ချက်ချင်းပဲ လမ်းပြလိုက်တယ်။ အဲ့ဒီစတိုးဆိုင်မှာ လိုအပ်တဲ့အပစ္စည်းတွေအကုန်ရှိနေတော့  သူမလိုအပ်တာတွေကို ယူလိုက်တယ်။ သူမ ၀တ်စုံအတွက်လိုအပ်တဲ့ ပစ္စည်းတွေဝယ်ပြီးတဲ့နောက် ဂျင်းသားနဲ့ ပိတ်စတစ်ချို့ကိုပါဝယ်လိုက်တယ်။

သူမဝယ်လိုက်တဲ့ ပိတ်စတွေကိုကြည့်ပြီး တပ်ရင်းမှုးကတော်က မေးလိုက်တယ်

“ တခြားအဝတ်အစားတွေပါ ချုပ်မလို့လား...’’

သူမ ခေါင်းငြိမ့်ပြလိုက်တယ်

‘’ မရီး, ကျွန်မက ရှောင်ကျိုး အတွက်ပါ ဂျင်း၀တ်စုံလေးချုပ်ပေးချင်လို့လေ’’

သူမ အပြင်ထွက်တိုင်း တခြားကလေးတွေဒီလိုဝတ်စုံမျိုး ၀တ်ထားတာကို သူမ မြင်ဖူးတယ်။ အဲ့ဒီဝတ်စုံလေးက အရမ်းချစ်ဖို့ကောင်းပြီး အသေးလေးဆီမှာ မရှိသေးတဲ့အတွက် ချုပ်ဖို့ စဉ်းစားမိတာဖြစ်တယ်။

တပ်ရင်းမှုးကတော်က နားလည်သွားပြီး

“ ညီမပြောတာ ကြိုးသိုင်းကလေးဝတ်ဂျင်းဘောင်းဘီနဲ့တူတယ်, အဲ့ဒါလေးတွေနဲ့ဆို ကလေးတွေက ပိုချစ်ဖို့ကောင်းတယ်,  ချုပ်တတ်တယ်ဆိုမှတော့ ၀ယ်သာဝယ်, ကိုယ်တိုင်ချုပ်တဲ့ အ၀တ်က ဆိုင်ကဝယ်လာတာထက်ပိုစိတ်တိုင်းကျတယ်’’

ပြောပြီးတဲ့နောက် တပ်ရင်းမှုးကတော်က တခြားပိတ်စတခုကို လက်ညှိုးထိုးပြီး

‘’ ဒါဆိုရင် ဒီအစက ကျိယန် အတွက်ပဲဖြစ်ရမယ်’’

ထန်ထန် အနည်းငယ်ရှက်သွားပြီး ခေါင်းငြိမ့်ပြလိုက်တယ်။ ကျိယန် ဆီမှာ ထသွားထလာ အ၀တ်အစားတွေ သိပ်မရှိမှန်း သူမ သတိထားမိတယ်။ ဒါကြောင့် သူ့အတွက်ရှပ်အကျီချုပ်ပေးချင်တာဖြစ်တယ်။ ရှပ်အကျီချုပ်နည်းကိုလဲ သူမ အတော်ကြာလေ့လာခဲ့ပြီးတဲ့အပြင့် ဆိုင်တွေမှအကျီဒီဇိုင်းတွေကိုလဲ မှတ်သားထားတာဖြစ်တယ်။ ဒါကြောင့် သူမလုပ်နိုင်မယ်လို့ ကိုယ့်ကိုကိုယ်ယုံကြည်တယ်။

တပ်ရင်းမှုးကတော်က သူမပုခုံးကိုပုတ်ကာ

" ဒါဆိုလဲ ၀ယ်လိုက်လေ, အစ်မတို့က ဒီကိုခဏခဏ ရောက်ဖြစ်တာမဟုတ်တော့ , နောက်တခါလာဖို့ဆိုတာ မလွယ်ဘူး’’

ခဏလောက်စဉ်းစားပြီးနောက် သူမ သဘောတူလိုက်တယ်။ ဒါကြောင့် သူမတို့ မပြန်ခင်မှာပဲ လိုအပ်တာတွေအားလုံးကို ၀ယ်လိုက်တယ်။

သူမတို့ အိမ်ပြန်ရောက်တဲ့အချိန်မှာ  delivery က ပရိဘောဂတွေအားလုံးကို ပို့ပေးပြီးဖြစ်တယ်။ စစ်သားလေးများကလဲ အရာအားလုံးကို ရွေ့ပြောင်းရန် ကူညီပေးခဲ့ကြတယ်။ တပ်ထဲမှာရှိတဲ့သူတွေ အားလုံးက ချစ်စရာကောင်းပြီး ဖော်ရွေတယ်လို့ သူမခံစားလိုက်မိတယ်။ သူတို့တွေက ဒီမှာ ပျော်ရွှင်စွာနဲ့ နေနေကြတာပဲ။

အားလုံးပြောင်းရွေ့ပြီးတဲ့နောက် စစ်သားလေးတွေက မပြန်သေးပဲ သူမ ကို ကူညီပေးဖို့ရာ စောင့်နေကြတယ်။ သူမသွားတဲ့နေရာအကုန်လုံးမှာ သူတို့တွေက ဝိုင်းကူညီပေးတာဖြစ်တယ်။ ဒီစစ်သားလေးတွေက တကယ်ကိုပဲ စွမ်းဆောင်ရည်အပြည့်နဲ့ဖြစ်တယ်။ သူတို့တွေက အိမ်သန့်ရှင်းရေးကိုပါ လုပ်ပေးကြတယ်။ ညနေစောင်းမှာတော့ သူမရဲ့အိမ်လေးက နွေးထွေးပြီး နေချင်စဖွယ်ကောင်းတဲ့ အိမ်လေးအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်တယ်။

သူမကိုယ်တိုင် စိတ်တိုင်းကျပြင်ဆင်ထားတဲ့ အိမ်လေးကိုကြည့်ရင်း ရလာတဲ့ပျော်ရွှင်မှုက ဘာနဲ့မှဖော်ပြလို့မရအောင်ပဲဖြစ်တယ်။

ကျိယန် ပြန်လာတဲ့အချိန်မှာတော့ ပြောင်းလဲသွားတဲ့အိမ်လေးကို သူကကြည့်ပြီး လျောက်လမ်းမှာအကြာကြီး ရပ်နေမိတယ်။ ထန်ထန် တစ်ယောက် အိမ်ကိုဒီလိုမျိုး လှလှပပနဲ့ နွေးထွေးပြီး နေချင်စဖွယ်ကောင်းအောင်ပြင်ဆင်နိုင်မှန်း သူမထင်ထားမိဘူး။ ဒီအိမ်လေးအတွက် သူမရဲ့အတွေးတွေနဲ့ အားထုတ်မှုတွေများစွာ အသုံးပြုခဲ့ရမှန်း သူအတတ်ပြောရဲတယ်။

အိမ်ရှေ့မှ တံခါးဖွင့်သံကြားလိုက်ရတဲ့ ထန်ထန် က မီးဖိုချောင်ထဲမှ ထွက်လာတယ်။ ကျိယန် ကိုတွေ့လိုက်တာနဲတပြိုင်နက် သူမက ချိုသာတဲ့အပြုံးနဲ့ နှုတ်ဆက်လိုက်တယ်

“ ယောကျာ်း, ရှင်ပြန်လာပြီလား, ညစာချက်နေတာ ပြီးတော့မယ် ‘’

ကျိယန်တစ်ယောက် ‘’အင်း’’ လို့ပြောပြီး ဖိနပ်စင်မှာ သူ့ရဲ့ဖိနပ်ကို ချွတ်ပြီးတင်လိုက်တယ်။ ထို့နောက် မီးဖိုချောင်ထဲမဝင်ခင် အိမ်ကိုလှည့်ပတ်ကြည့်လိုက်တယ်။ အလုပ်များနေတဲ့ ထန်ထန် ကိုအနောက်မှကြည့်ပြီး ပြောလိုက်တယ်

“ မင်း ပင်ပင်ပန်းပန်းလုပ်ထားတာပဲ, ဒီအိမ်က တော်တော်လေးလှတယ်’’

ထန်ထန် က သူ့ကိုလှည့်ကြည့်လိုက်ပြီး တောက်ပစွာပြုံးလိုက်ကာ

“ အဲ့လောက်လဲ မပင်ပန်းပါဘူး, ဒါက ကျွန်မတို့အိမ်ပဲလေ’’

ကျွန်မတို့အိမ်... ဒီစကားလုံးက ကျိယန် ကို ခေတ္တခဏ တိတ်ဆိတ်သွားစေပြီးနောက် သူကမေးလိုက်တယ်

“ ရှောင်ကျိုး  ကော ဘယ်မှာလဲ...’’

သူမအပြင်ဘက်ကိုညွှန်ပြလိုက်ရင်း

“ စစ်သားလေးတွေက သူနဲ့ဆော့ဖို့ခေါ်သွားတယ်, ခဏနေပြန်လာတော့မှာပါ’’

သူမတို့ ပြောပြီးတဲ့အချိန်မှာပဲ အိမ်ရှေ့တံခါးမှ ဆူညံသံတွေထွက်လာပြီး စစ်သားလေး နှစ်ယောက်က ရှောင်ကျိုး  ကိုပြန်ခေါ်လာတာတွေ့လိုက်တယ်။ သူတို့က ကလေးကို ကျိယန် ဆီသို့ပေးလိုက်ပြီး နှုတ်ဆက်ကာ ပြန်သွားကြတော့တယ်။

အသေးလေး က မီးဖိုချောင်ဘက်သို့လှည့်လိုက်ပြီး စိတ်လှုပ်ရှားစွာနဲ့ အော်ပြောလိုက်တယ်

“ မာမီ, သားပြန်ရောက်ပါပြီ’’

ထန်ထန်  က ထိတ်လန့်ဟန်ဆောင်ပြီး မေးလိုက်တယ်

“ အာ, မာမီတို့ရဲ့ ပေါင်ပေါင်လေး ပြန်ရောက်ပြီလား, ပျော်ခဲ့ရဲ့လား...’’

ကျိရှောင်ကျိုး က အားအပြည့်နဲ့ ခေါင်းငြိမ့်လိုက်ကာ သူမ ခြေထောက်ကိုဆွဲပြီး ပြောလိုက်တယ်

“ အရမ်းပျော်ဖို့ကောင်းတာပဲ, တင့်ကားကြီးကို သားတွေ့ခဲ့တယ်, အဲ့ဒါအရမ်းမိုက်တာပဲ’’

အသေးလေး စိတ်လှုပ်ရှားနေမှန်း သူမခန့်မှန်းမိတယ်။သူမ ပေါင်ပေ့ ခေါင်းလေးကို ဆွဲဖက်လိုက်ပြီး ကျိယန် ကိုမေးလိုက်တယ်

“ စစ်သားလေးတွေကော ဘယ်ရောက်သွားပြီလဲ... ပြန်သွားကြပြီလား...’’

ကျိယန် ခေါင်းငြိမ့်ပြလိုက်တယ်။

ထန်ထန် က ခဏလောက်စဉ်းစားလိုက်ပြီးနောက် ကျိယန် ကို သူမရဲ့အကြံပြောပြလိုက်တယ်

“ ယောကျာ်း...တုန်းလီတို့အုပ်စုနဲ့ စစ်သားလေးတွေကို အိမ်ခေါ်ပြီး ထမင်းဖိတ်ကျွေးချင်တယ်, သူတို့က ကျွန်မကို တော်တော်လေး ကူညီထားတာ, ဒီနေ့လည်တုန်းကဆိုရင် ပရိဘောဂတွေပါ ဝိုင်းသယ်ပေးကြသေးတယ်။ သူတို့တွေ အလုပ်များပြီး အရမ်းပင်ပန်းနေမှာအသေအချာပဲလေ, အဲ့ဒါကြောင့် သူတို့ကို ထမင်းဖိတ်ကျွေးချင်တာ ရှင်ဘယ်လိုထင်လဲ...’’

ကျိယန်  ခေါင်းငြိမ့်ပြလိုက်တယ်

“ အိုကေ အဆင်ပြေပါတယ်, မင်းပဲစီစဉ်လိုက်ပါ’’

တကယ်တော့ မိသားစုအသစ်တွေက တခြားသူတွေကို ထမင်းစားဖိတ်တဲ့ ထုံးစံက သူတို့တပ်ထဲမှာရှိတာဖြစ်တယ်။ သူမစိတ်အနှောက်အယှက်ဖြစ်ပြီး ဧည့်သည်တွေကို ဧည်ခံဖို့ ဆန္ဒမရှိမှာကို သူစိုးရွံမိခဲ့တာဖြစ်တယ်။ မမျှော်လင့်ပဲ သူမကစတင်ပြီး အကြံပေးတာဖြစ်တဲ့အတွက် သူမက တကယ်ကိုတွေးပေးတတ်တာပဲ။

ထန်ထန်က ပျော်ရွှင်စွာနဲ့ စီစဉ်တော့တယ်

“ ဒါဆို မနက်ဖြန်ည သူတို့ကိုဖိတ်လိုက်ရအောင်, ဟင်းချက်စရာတွေ အများကြီး ကျွန်မ၀ယ်လာတယ်, သူတို့တွေနဲ့အတူတူ ကျွန်မတို့အိမ်ပြောင်းတာကို ကျင်းပကြရအောင်’’

ကျိယန် မျက်၀န်းထဲ ပျော်ရွှင်မှုတွေ ဖြတ်ပြေးသွားတယ်။

ချစ်ရတဲ့ဒါဒါတို့ရေ ဒီ novel လေးက paid gp မှာ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီးသွားလိုက်တာ ခုဆို အစဆုံးပြီးသွားပါပြီရှင် တထိုင်ထဲဖတ်ချင်သူများ မြန်မာငွေ ၂၀၀၀ နဲ့ဝယ်လို့ရပါပြီရှင် 😁
မင်မင်တို့ကိုအားပေးကြပါဦးလို့ 🥺

Page cb ကိုလာခဲ့နော်... မျှော်နေမယ်နော် လာခဲ့ကြနော် သိလားလို့...

အသစ်လေးတွေလဲထပ်တင်ထားသေးတယ် ဝင်ဖတ်ပေးကြပါဦး update ကတော့ အကြာကြီးပစ်ထားမှာမဟုတ်တဲ့အတွက် ယုံကြည်လို့ရပါတယ်ရှင် 😘


Xxxxxx

Part 29

ညစာစားတဲ့အချိန်မှာတော့ အကြွေး၀ယ်ကတ်ကိုပြန်ပေးရင်းနဲ့  သူမရဲ့ ဒီနေ့အသုံးစားရိတ်တွေကို ကျိယန် အား စာရင်းတင်ပြတော့တယ်

“ ယောကျာ်း, ဒီနေ့ ကျွန်မအတော်လေး သုံးလိုက်မိတယ်, ပရိဘောဂတွေနဲ့အသုံးအဆောင်ပစ္စည်းတွေက ၅၀,၀၀၀ လောက်ကျတယ်, နေ့စဉ်သုံးလိုအပ်တာတွေက တစ်ထောင်ဝန်းကျင်လောက် ပြီးတော့ …..’’

‘’ ထန်ထန်’’

ကျိယန် သူမကိုကြည့်ရင်း စကားဖြတ်ပြောလိုက်တယ်

“ အကြွေး၀ယ်ကတ်ကို ကိုယ့်ကိုပြန်ပေးဖို့မလိုပါဘူး, သေချာသိမ်းထားလိုက်ပါ, အနာဂတ်မှာ မင်းလိုချင်ဘာဖြစ်ဖြစ်ဝယ်လို့ရတယ်, ကိုယ့်ကိုအသုံးစားရိတ်တွေတွက်ပြီး ပြောပြဖို့မလိုဘူး, ဒါကိုမှတ်ထားနော်...ဟုတ်ပြီလား...’’

‘’အင်း.."

သူမခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် ကျိယန် ခေါင်းငုံကာ ထမင်းဆက်စားနေတယ်။

သူမနှုတ်ခမ်းထောင့်တွေ အပေါ်သို့ကွေးတက်တဲ့အထိပြုံးမိရင်း သူ့ကိုတိတ်ဆိတ်စွာနဲ့ ကြည့်နေမိပြီး ချိုမြိန်လွန်းတဲ့ခံစားချက်တွေက  သူမနှလုံးသားထဲမှာ လျှံကျနေတော့တယ်။ တကယ်ကိုပဲ သူရဲ့ပိုက်ဆံတွေကို သူမစိတ်ကြိုက်သုံးဖို့ ခွင့်ပြုထားတာပဲ။ အဲ့ဒါက သူ သူမကို ယုံကြည်တယ်လို့ ဆိုလိုတာပဲမဟုတ်လား... ဟိဟိ…

ချိုမြိန်လွန်းတဲ့ခံစားချက်တွေက သူမ အိပ်ချိန်ရောက်တဲ့အထိကျန်ရစ်နေဆဲဖြစ်တယ်။ ကျိယန် ပုံမှန်ဆို အိပ်ခန်းကျယ် (master bedroom) မှာပဲအိပ်လေ့ရှိတယ်။ သူမ က ခါတိုင်းလိုပဲ ရှောင်ကျိုး  နဲ့အတူတူ ဘေးကပ်ရပ် အိပ်ခန်းအသေးထဲမှာအိပ်မယ်လို့ပြင်ဆင်လိုက်ပေမယ့်လဲ ဘယ်သူထင်မှာလဲ အသေးလေးက ဒီတကြိမ်မှာတော့ ငြင်းဆန်နေလိမ့်မယ်လို့ ။

အသေးလေးက သူမခြေထောက်တွေကို ဆွဲဖက်လိုက်ပြီး လှုပ်မရအောင်တားလိုက်တယ်။ အသေးလေးက မြင်သူတိုင်း နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ ခံစားသွားစေလောက်တဲ့ အကြည့်နဲ့ သူမကိုကြည့်လိုက်ပြီး

“ မာမီ, သားတို့ဒယ်ဒီနဲ့ ခွဲအိပ်မလို့လား... မနေ့ညကလို အတူတူအိပ်လို့မရဘူးလားဟင်... သားမနေ့ကလိုပဲ ဒယ်ဒီနဲ့အတူတူအိပ်ချင်တယ်, အဲ့လိုမရဘူးလားဟင်, မာမီ…’’

ရှောင်ကျိုးရဲ့ ချစ်ဖို့ကောင်းစွာချွဲနေပုံလေးကြောင့် သူမ ပြောစရာစကားမဲ့သွားတယ်။ သူမ အကူအညီမဲ့စွာနဲ့ မျက်လုံးထောင့်မှနေ၍ ကျိယန် ကိုတိတ်တဆိတ် လှမ်းကြည့်လိုက်မိတယ်။ ‘ သူဆိုရင် အသေးလေးကို လုံလောက်တဲ့အကြောင်းပြချက်နဲ့ ဖြေရှင်းပေးနိုင်လောက်မယ် ‘

ကျိယန် က နားထင်ကိုလက်နဲ့နှိပ်နယ်လိုက်ပြီး အသေးလေးကို ခိုအာလာ ၀က်ဝံလေးလို ဖြစ်နေတဲ့အသေးလေးကိုချီလိုက်တယ်။ သူက ရှောင်ကျိုး ဖင်လေးကိုပုတ်လိုက်ပြီး

“ ဒယ်ဒီအရင်ကပြောဖူးတယ် မဟုတ်ဘူးလား, မာမီနဲ့ ဒက်ဒီက ကိုယ့်အခန်းထဲမှာပဲကိုယ် အိပ်တတ်တယ်လို့လေ, မဟုတ်ရင် ဒက်ဒီတို့ အိပ်ပျော်မှာမဟုတ်ဘူး’’

အသေးလေး က မပျော်မရွင်နဲ့ နှုတ်ခမ်းဆူလိုက်ကာ အထွန့်တက်လိုက်တယ်

“ ဒက်ဒီ လိမ်နေတာ, သားက သုံးနှစ်ကလေးမဟုတ်တော့ဘူး, သားကို ဒီလိုလှည့်စားလို့မရတော့ဘူး, သားတို့ မနေ့ညကအတူတူအိပ်တုန်း ဒက်ဒီကော မာမီကော အိပ်ပျော်တာပဲလေ, တကယ်ဆိုရင် ဒက်ဒီက သားနဲ့မာမီတို့နဲ့ အတူတူအိပ်သင့်တယ်, မာမီက ဒက်ဒီခြေထောက်ကို သုတ်ပေးနေတာတောင် ဒက်ဒီက မနိုးဘူးလေ’’

အရမ်းကို ထက်မြတ်နေတဲ့ အသေးလေးရဲ့အတွေးတွေကြောင့် ကျိယန် ပြောစရာစကားတို့ ပျောက်ရှကုန်တယ်။ သူကို လှည့်စားဖို့ မလွယ်ပါလား။

ထန်ထန်   တစ်ယောက် သူမဆံပင်တွေကို ထိတွေ့နေရင်းနဲ့ ဒီနေရာမှ သူမရဲ့တည်ရှိနေမှုကို မသိသာအောင် ကြိုးစားနေနေတယ်။ အသေးလေးရဲ့ နောက်ထပ်ပစ်မှတ်က သူမ ဖြစ်မလာစေဖို့အတွက် တိတ်တိတ်ကလေး ဆုတောင်းနေမိတယ်။ ‘ယောကျာ်းရေ, ကျွန်မတောင်းပန်ပါတယ်နော်, ဒီခက်ခဲတဲ့ပြဿနာကိုတော့ ရှင့်ဘာသာပဲ ဖြေရှင်းလိုက်ပါတော့’

ဒါပေမယ့် ကျိယန်  ဘာမှမရှင်းပြရသေးခင်မှာပဲ အသေးလေးက ရုတ်တရက်ပဲ ကြေကွဲ၀မ်းနည်းစွာနဲ့ မျက်ရည်တွေကျလာတော့တယ်

“ ဒယ်ဒီနဲ့ မာမီ, ကွာရှင်းဖို့ကြံနေကြတာလားဟင်... သားက ဘယ်သူမှမလိုချင်တဲ့ကလေးလေး ဖြစ်လာတော့မှာလား...’’

ကလေး ရဲ့ မေးခွန်းကြောင့် သူတို့ နှစ်ယောက်လုံး အေးခဲရပ်တန့်သွားတယ်။ အသေးလေးက ဘာလို့ ဒီလိုမေးခွန်းမျိုး မေးရလဲဆိုတာ သူတို့နှစ်ယောက်လုံးမသိတော့ဘူး။ ဒါပေမယ့်လဲ အသေးလေးရဲ့ မျက်ရည်တွေနဲ့ပုံလေးကို မခံစားနိုင်တဲ့ ထန်ထန် က ချက်ချင်းပဲ ဖက်လိုက်ပြီး နှစ်သိမ့်လိုက်တယ်

“ မဟုတ်ပါဘူး မဟုတ်ပါဘူး ဒယ်ဒီနဲ့ မာမီတို့ နှစ်ယောက်လုံး မကွာရှင်းပါဘူး, ဒီလို ပေါက်ကရတွေလျောက်မတွေးနဲ့လေ...’’

ရှောင်ကျိုးက ထန်ထန်   ပုခုံးပေါ်မှာ ပါးလေးအပ်ရင်း အသဲကွဲကာ မျက်ရည်စတွေနဲ့ ကျိယန် ကိုငေးကြည့်နေတယ်။ ငိုထားတဲ့အတွက် ကြို့ထိုးနေတဲ့ကြားထဲမှ အသေးလေးက ပြောလိုက်တယ်

“ သားကို မညာပါနဲ့တော့, မာမီတို့တွေ သပ်သပ်စီခွဲနေကြပြီးတော့, မာမီတို့ကွာရှင်းဖို့ပြင်နေတာ အသေအချာပဲကို, သားနားလည်ပါတယ်’’

အသေးလေးက သပ်သပ်စီခွဲနေကြတယ် ဆိုတဲ့အသုံးအနှုန်းကို အသေအချာနားလည်နေတာပဲ။ ဒီလိုအသုံးအနှုန်းတွေကို သူဘယ်ကနေသင်လာတာလဲ တချိန်တည်းမှာပဲ, ဒီနေ့ခေတ်ကလေးတွေက ဘာလို့များကိစ္စတွေအများကြီးကို နားလည်နေရလဲဆိုတာ ကျိယန်   မသိတော့ဘူး။ သူ့ကလေးက အသက်သုံးနှစ်ခွဲပဲရှိသေးတာ ဒီလိုအရာတွေကို နားလည်တတ်နေပြီလား...

သူမ အကူအညီမဲ့စွာနဲ့ ကျိယန် ကိုကြည့်မိပြီး

‘’ ယောကျာ်း…’’

ကျိယန်သက်ပြင်းချလိုက်ပြီး အသေးလေးရဲ့ ကိုယ်အလေးချိန်ကို ထန်ထန် မနိုင်မှန်းသိတဲ့အတွက် သူမဆီမှ အသေးလေးကိုချီလိုက်တယ်။ ထို့နောက်

‘’ ဟုတ်ပါပြီ ဟုတ်ပါပြီ  မာမီနဲ့ ဒယ်ဒီတို့ မကွာရှင်းပါဘူး, ဒယ်ဒီတို့ အခုကစပြီး တခန်းထဲ အတူတူအိပ်ကြမယ် ဟုတ်ပြီလား...’’

‘’တကယ်လားဒယ်ဒီ, ကတိနော် ‘’

ကျိရှောင်ကျိုး ရဲ့ မျက်လုံးများက တောက်ပလို့နေတယ်။ မကြာသေးခင်က သူရဲ့စိတ်မကျေနပ်မှုတွေက ချက်ချင်းပဲ ပျောက်ကွယ်ကုန်ပြီး သူနှုတ်ခမ်းတွေက နားရွက်နားအထိရောက်လုမတတ် အားပါးတရပြုံးနေတော့တယ်။ သူက ကျိယန်  ပါးပြင်ကို အသံထွက်သည်အထိ အနမ်းပေးလိုက်တယ်

“ ရေး…အခုကစပြီး သားတို့အားလုံး အတူတူအိပ်ရတော့မယ်, သားက မာမီနဲ့ ဒယ်ဒီကြားထဲက အလယ်မှာအိပ်မှာနော်’’

အသေးလေးရဲ့ အမူအယာက ရာသီဥတုလိုပဲ ပြောင်းလဲသွားတယ်။ အသေးလေးရဲ့ အကြံအစည်ကို သိနေတဲ့ ကျိယန်က သူ့ရဲ့ကြိုးစားအားထုတ်မှုကို မပျက်စီးစေလိုတဲ့အတွက် အကူအညီမဲ့စွာနဲ့ပဲ ထန်ထန် ကို အကြည့်နဲ့ လှမ်းမေးလိုက်တော့တယ်။

သူမက အနည်းငယ်နီနေတဲ့ မျက်နှာကိုဖုံးကွယ်ဖို့ကြိုးစားရင်း ခေါင်းငြိမ့်ပြလိုက်တယ်။

အခုအချိန်မှာတော့ အိမ်အသစ်လေးမှာ မိသားစုသုံးယောက်က အတူတူ တခန်းတည်းအိပ်ရတော့မှာပဲဖြစ်တယ်။

ဒီလိုအခြေအနေမှာ သူမ အနေနဲ့ စိတ်မလှုပ်ရှားဘူးဆိုရင် မှားသွားမှာပေါ့။ ဒါပေမယ့်လဲ အလယ်မှာ ကလေး ရှိနေတဲ့အတွက် အရမ်းကြီးစိတ်မလှုပ်ရှားမိတော့ပေ။ ပြီးတော့ ဒီလိုရိုးရိုးရှင်းရှင်းအိပ်ရုံနဲ့ တခြားဘာမှမဖြစ်လာဘူးဆိုတာ သူမ သိနေတယ်လေ။ ဒါအပြင့် သူမတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက စိတ်လှုပ်ရှားရလောက်တဲ့အထိ အကျိုးမရှိမှန်း နားလည်တဲ့အတွက် သူမအနေနဲ့ အရမ်းကြီး စိတ်လှုပ်ရှားဖို့ မလိုအပ်ဘူး။ 

ထန်ထန်  ရေချိုးပြီးတဲ့နောက် မှန်ရှေ့မှာ သူမကိုယ်သူမကြည့်ရင်း နာရီ၀က်လောက် သူမနှလုံးသားကို အားပေးနေရတယ် ’အဲ့ဒါဘာမှမဟုတ်ပါဘူး , ဒီလောက်စိတ်လှုပ်ရှားဖို့မလိုဘူး, ဒါက အိပ်ယာပေါ်မှာ ဒီအတိုင်းအိပ်ရုံပဲလေ, ဒါက အရမ်းကို ပုံမှန်ပါပဲ’ ။ သူမ စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီးတဲ့နောက် ဒီနေသူမ တမင်တကာ သေသေချာချာရွေးဝယ်လာတဲ့ ဇလုံကြီးတစ်လုံးကို ထုတ်ယူလိုက်တယ်။ ထို့နောက် ရေနွေးတစ်ချို့ကို ဇလုံထဲဖြည့်ပြီး အိပ်ယာဘေးသို ခက်ခက်ခဲခဲသယ်ယူလာတယ်။ အဲ့ဒါကို ကြမ်းပြင်မှာချပြီးတဲ့နောက် သူမ အသက်ပြင်းပြင်းရှုလိုက်တယ်။

အခုလေးတင် ရေချိုးပြီး အိပ်ယာပေါ်ကခေါင်းအုံးပေါ်မှီကာ စစ်ဘက်ဆိုင်ရာစာအုပ်ဖတ်နေတဲ့ ကျိယန် တစ်ယောက် သူမသယ်လာတဲ့ရေဇလုံကြီးကို ကြည့်ပြီး ပဟေဠိဖြစ်စွာနဲ့ မေးလိုက်တယ်

“ မင်းဘာတွေလုပ်နေတာလဲ...’’

သူမ က အပြုံးတပွင့်နဲ့အတူ ရှင်းပြလိုက်တယ်

“ ရှင့်ခြေထောက်တွေ ညတိုင်းစိမ်လို့ရအောင် ကျွန်မ ဒီဇလုံကို ဒီနေ့ သေချာရွေးဝယ်လာတာလေ, ရှင်ခြေထောက်မှာ ဒဏ်ရာဟောင်းတွေအများကြီး ကျွန်မတွေ့လိုက်တယ်, ပြီးတော့ ရှင့်ရဲ့လေ့ကျင်ရေးတွေက အရမ်းခက်ခဲတယ်လေ, ရှင့်ခြေထောက်တွေကို စိမ်လိုက်ရင် ပင်ပန်းတာတွေ သက်သာသွားလိမ့်မယ်, ပြီးတော့ ညဘက်ကောင်းကောင်းအိပ်ပျော်စေတယ်, နောက်နေ့ကျရင် ဆေးဖက်ဝင်အပင်နည်းနည်းလောက် ကျွန်မ၀ယ်ပြီး စိမ်ပေးမယ်, ဒါဆို ရှင့်ရဲ့ အတွင်းဒဏ်ရာတွေပါသက်သာသွားလိမ့်မယ်, ဒီညတော့ ပင်ပန်းတာတွေသက်သာအောင်လို့ ဒီတိုင်းရေပူလေးနဲ့ပဲစိမ်လိုက်တော့’’

ကျိယန်   ရုတ်တရက်ပဲ သူ့နှလုံးသားတစ်ခုလုံး အပြင်သို့ခုန်ထွက်လာမတတ် ခံစားလိုက်ရတယ်။ အိပ်ယာဘေးနားက ရေနွေးထည့်ထားတဲ့ ခြေဆေးဇလုံကိုကြည့်လိုက်မိတယ်။ သူ့လည်ချောင်းထဲမှ တစ်ခုခုတစ်ဆို့နေသလိုခံစားလိုက်ရပြီး ဘာပြောရမှန်းမသိတဲ့ခံစားချက်တွေ ရုတ်တရက်ခံစားလိုက်ရတယ်။ သူ့ခြေထောက်တွေစိမ်ဖို့အတွက်သာမက သူအတွက်ရေပြင်ဆင်ပေးဖို့တောင် သူမ အပေါ်မှာ သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။ သူ့ဒဏ်ရာတွေကို မြင်ရုံလေးနဲ့ သူမက သူ့အတွက် ဒီလိုအရာအားလုံးလုပ်ပေးနေတယ်။ ဒီလိုအခြင်းအရာမျိုးကို သူ ဘယ်တုန်းကမှ စိတ်ကူးထဲတောင် ပုံမဖော်ခဲ့ဖူးဘူး။ မဟုတ်ဘူး, တခြားအမျိုးသမီးတစ်ယောက်ဆိုရင်တောင် ဒီလိုမျိုးတွေးပေးကြမှာမဟုတ်ဘူး။

ကလေးတွေတောင် သူတို့ရဲ့မိဘတွေဆီကနေ ဒီလိုဂရုစိုက်မှုမျိုးကို ရနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် အက်ဆီးဒန့်ကြောင့် အတိတ်မေ့နေတဲ့ ဒီအမျိုးသမီးလေးက သဘာ၀ကျစွာနဲ့ပဲ သူ့အတွက်လုပ်ပေးနေတယ်။

ကြီးမားတဲ့ တုန်လှုပ်ဖွယ်ရာ ခြောက်ခြားမှုက ကျိယန် နှလုံးသားထဲမှ ခံစားနေရတယ်။ ဒီလိုကြီးမားတဲ့အင်အားမျိုးက ယောကျာ်းရင့်မာကြီးဖြစ်တဲ့သူ့ကို ပြောစရာစကားမဲ့စေတယ်။ သူ မျက်တောင်ခတ်လိုက်ပြီး ဘာမှ မတုံ့ပြန်နိုင်တော့ဘူး။

သူ့ဘက်က ဘာမှလှုပ်ရှားမှုမရှိတဲ့အတွက်ကျိယန်ဘာတွေဖြစ်နေမှန်း ထန်ထန် မသိတော့ဘူး။ ခြေထောက်ရေဆေးတာကို အကျင့်မရှိတဲ့အတွက် သူ သူမကိုငေးစိုက်ကြည့်နေတယ်လို့ပဲ တွေးလိုက်မိတယ်။ ဒါကြောင့် သူမက ခြေထောက်ဆေးမယ့်ဇလုံကို အနားမှာချထားလိုက်တယ်၊ ထို့နောက် သူ့ခြေထောက်ကို ဇလုံထဲထည့်ပေးပြီး နှိပ်နယ်ပေးကာ

‘’ ခြေထောက်ဆေးပေးတာက ရှင့်ကျန်းမာရေးကို ပိုကောင်းစေတယ်, အစပိုင်းတော့ အကျင့်ဘယ်ဖြစ်ပါ့မလဲ, ဒါပေမယ့် နှစ်ခါလောက်လုပ်ပြီးရင် ရှင်သဘောကျလာမှာပါ’’

သူမရဲ့ နို့ထိန်းဆိုရင် နေ့တိုင်းခြေထောက်ဆေးရတာကို သဘောကျတယ်။ ခြေထောက်မဆေးတဲ့နေ့တွေဆိုရင် သူမ နေလို့ထိုင်လို့မကောင်းဘူးတဲ့။

ထန်ထန် သူ့ခြေထောက်ကိုဆေးပေးနေစဉ်မှာပဲ သူ့ခြေထောက်ကိုထိတွေနေတဲ့ အမျိုးသမီးလေးရဲ့လက်တွေက နူးညံ့နေမှန်းခံစားလိုက်မိတယ်။ နောက်ဆုံးမှာတော့ အသိစိတ်ပြန်ကပ်လာပြီး ဘာတွေဖြစ်နေလဲဆိုတာကို သတိထားမိသွားတယ်။ သူမ က သူ့ခြေထောက်ကိုဆေးပေးနေတယ် !

သူကိုယ်တိုင်တောင် သတိမထားမိပဲ အလန့်တကြားနဲ့ သူမလက်ထဲမှ သူ့ခြေထောက်တွေကို ထုတ်ယူဖို့ကြိုးစားလိုက်မိတယ်။ ဒါပေမယ့် သူ့အမူအယာကို သတိထားနေတဲ့ ထန်ထန်  က အားစိုက်ပြီးခြေထောက်ကိုရေထဲသို့ ပြန်ဆွဲထားကာ မျက်မှောင်ကြုတ်ပြီး ဆူပူတဲ့လေသံနဲ့ပြောလိုက်တယ်

“ မလှုပ်နဲ့လေ, ခြေထောက်စိမ်တာ ကျန်းမာရေးအတွက်ကောင်းတယ်, တနေကုန် ပင်ပန်းတဲ့လေ့ကျင့်ရေးတွေလုပ်ထားတာကို ဒါကသက်သာစေတယ်လေ, ဒီည ရှင်ကောင်းကောင်းအိပ်ပျော်စေရမယ်လို့ ကျွန်မအာမခံတယ်, ကျွန်မသေချာနှိပ်ပေးရင် ပိုပြီးနေလို့ကောင်းလာလိမ့်မယ်’’

အတိတ်တုန်းကဆိုရင် သူမရဲ့နို့ထိန်းကို ခြေထောက်ဆေးပေးနေကျဖြစ်တဲ့အတွက် သူမရဲ့ကျွမ်းကျင်မှုက အတော်လေးကောင်းမွန်တယ်။ ပြီးတော့ သူမနို့ထိန်းကဆိုရင် သူမနှိပ်ပေးတာအရမ်းသက်တောင့်သက်သာဖြစ်တယ်လို့ ချီးကျူးလေ့ရှိတယ်။

ကျိယန် ခြေထောက်တွေက ပြန်ဆွဲချခံထားရတယ်။ ထန်ထန် ရဲ့အားက သိပ်မများပေမယ့်လဲ သူသာအားသုံးပြီး ခြေထောက်ကိုမြှောက်လိုက်ရင် သူမနာကျင်သွားမှာကို စိုးရိမ်မိတဲ့အတွက် နေရခက်စွာနဲ့ ငြင်းလိုက်မိတယ်

“ ထန်ထန် ဒီလိုတွေလုပ်ဖို့မလိုပါဘူး, မြန်မြန်မတ်တပ်ရပ်လိုက်တော့, ကိုယ့်ဘာသာ လုပ်လို့ရပါတယ်’’

သူမရဲ့လှုပ်ရှားမှုတွေက ရပ်တန့်မသွားပေ ပြီးတော့ သူမရဲ့လက်ကိုသုံးပြီး အပ်စိုက်ကုထုံးအမှတ် နေရာတွေကိုနှိပ်နယ်လိုက်တယ်

" ဒီလိုအပ်စိုက်ကုထုံးမှတ်တွေကိုကျ ရှင်နှိပ်လို့ရမှာမဟုတ်ဘူးလေ, ကျွန်မပဲ လုပ်ပေးပါရစေ, ရှင်က ဒီအတိုင်းလေးသာ ထိုင်နေ ဟုတ်ပြီလား’’

ကျိယန်  ကမျက်မှောင်ကြုတ်ရင်းနဲ့ သူမ လက်မောင်းကိုကိုင်ဖို့ ခါးကိုညွတ်လိုက်တယ်။ သူက လေသံတိုးတိုးလေးနှင့်

‘’ ထန်ထန် ကိုယ့်ကိုကိုယ် ဒီလောက်ထိနှိမ်ချပြီး လုပ်ပေးဖို့မလိုပါဘူး, မြန်မြန်လေးသာ မတ်တပ်ရပ်လိုက်ပါတော့’’

‘’အာ...’’

ထန်ထန် သူ့ကို နားမလည်စွာနဲ့ ကြည့်လိုက်တယ်

‘’ ကိုယ့်ကိုယ်ကို နှိမ့်ချတယ်... ဇနီးမယားတစ်ယောက်အနေနဲ့ ကိုယ့်ခင်ပွန်းရဲ့ခြေထောက်ကိုဆေးပေးတာ ပုံမှန်ပဲမဟုတ်ဘူးလား...’’

ကျိယန် ပြောစရာစကားတွေ ပျောက်ရှကုန်တယ်။

သူဘယ်လိုလုပ်ရမလဲ မသိတော့ဘူး။ သူ့ခြေထောက်ပေါ်မှာ နူးညံ့တဲ့လက်သေးသေးလေး တစ်စုံကရွေ့လျားနေပြီး ဒီခံစားချက်က သူ့ကိုအထိတ်တလန့်ဖြစ်စေတယ်။ သူ့ရဲ့ဇနီးက သူ့ခြေထောက်ကိုဆေးပေးမယ်လို့ သူ့ဘ၀တစ်လျောက်လုံးမှာ ဘယ်တုန်းက မမျှော်လင့်ဖူးဘူး။ ပြီးတော့ သူမက ဒါကို ပုံမှန်လုပ်ရိုးလုပ်စဉ်တခုလိုတောင် လုပ်ဆောင်လို့နေတယ်။

ကံမကောင်းစွာနဲ့ပဲ သူ့ကိုပါထည့်မတွက်မှာ စိုးရိမ်နေတဲ့ ရှောင်ကျိုး  တစ်ယောက်က အိပ်ယာဘေးသို့တွယ်တက်လာပြီး

‘’ မာမီ, သားလဲ ရေစိမ်ချင်တယ်, ဒယ်ဒီလိုမျိုး နှိပ်ပေးတာလိုချင်တယ်’’

ထန်ထန် က ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်တယ်

“ ရတာပေါ့... ဒီဇလုံက အကြီးကြီးပဲ , သားဒယ်ဒီနဲ့ အတူတူ စိမ်လို့ရတယ်’’

အသေးလေး က ချက်ချင်းပဲခေါင်းငြိမ့်လိုက်ကာ ကျိယန် ပေါင်ပေါ်သို့ တွယ်တက်လိုက်တယ်။ ပြီးတော့ သူ့ခြေထောက်လေးတွေကို ကျိယန်  ရဲ့ခြေထောက်တွေပေါ်သို့ ထပ်တူ တင်ထားလိုက်တယ်။

ထန်ထန် က ခွေးခြေခုံလေးတစ်လုံးသွားယူလိုက်ပြီး အသေးလေးကိုထိုင်စေလိုက်တယ်။ အသေးလေးရဲ့ခြေထောက်လေးတွေက ကျိယန် ရဲ့ ခြေထောက်ဘေးမှာ ရေစိမ်နေတော့တယ်။

ကျိယန် ကို နှိပ်နယ်ပေးပြီးတဲ့နောက် ပေါင်ပေ့လေး ရဲ့ ခြေထောက်လေးတွေကိုပါ သူမနှိပ်ပေးနေတယ်။

ကလေးက အနှိပ်ခံရင်းနဲ့ ရယ်မောနေရတယ်။ သူက အနည်းငယ်နာတဲ့အခါ အော်ဟစ်နေပြီး ယားတဲ့အခါ တခစ်ခစ်နဲ့ရယ်နေတယ်။ ခန္ဓာကိုယ်ကလဲ အဆက်မပြတ်တွန့်လိမ်နေပြီး ပျော်ရွှင်နေတယ်။

သားအမိနှစ်ယောက်လုံးကိုကြည့်ပြီး ပြောဖို့ကြံနေတဲ့ သူ့စကားလုံးတွေကို ကျိယန် မျိုချလိုက်တယ်။ ကိစ္စမရှိပါဘူး, သူတို့တွေက ဒီလိုဖြစ်နေမှတော့ သူဘာပြောလို့ရပါဦးမလဲ...

ထန်ထန်  သားအဖနှစ်ယောက်လုံးကို နှိပ်နယ်ပေးပြီးနောက် ခြေဆေးဇလုံထဲသို့ ရေနွေးတချို့ထပ်ထည့်လိုက်ပြီး ကျိရှောင်ကျိုး  ကိုညွှန်ကြားလိုက်တယ်

“ ဟုတ်ပြီ, မာမီလုပ်စရာလေးတွေရှိသေးတယ်၊ သားနဲ့သားဒက်ဒီနှစ်ယောက်လုံး ဆယ်မိနစ်အနည်းဆုံးစိမ်ရမယ်, ပေါင်ပေါင်လေးက သားဒက်ဒီကို လုံးဝစောင့်ကြည့်နေရမယ်နော်, ဒက်ဒီခြေထောက်တွေကို ဒီထဲကနေ ပေးမထုတ်နဲ့’’

ရှောင်ကျိုး က သူ့ရင်ဘတ်ကိုပုတ်ပြရင်း အာမခံလိုက်တယ်

“ မာမီ, သားဒယ်ဒီကို သေချာစောင့်ကြည့်ပေးမှာမို့ စိတ်ချလို့ရတယ်’’

ကျိယန်  ‘’ …..’’

လိမ်မာစွာနဲ့ နာခံနေတဲ့နှစ်ယောက်လုံးကိုကြည့်ပြီး ထန်ထန်  အခန်းထဲမှထွက်ခွာသွားတယ်။ သူမရဲ့ နေ့စဉ် လှပခြင်းဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့ အစာစားခြင်းကို စတင်လုပ်ဆောင်တော့တယ်။ အလွယ်တကူ ကိုယ်အလေးချိန်တက်စေမယ့် အစားအစာအများအပြားကို မီးဖိုချောင်ထဲမှာ သိမ်းဆည်းထားတာဖြစ်တယ်။ သူမ ညတိုင်း အသေးလေးမသိအောင် စားခဲ့တာဖြစ်တယ်။ ဒီတစ်ကြိမ်တော့ သူမကိုယ်အလေးချိန် ကျိန်းသေပေါက်တက်လာရမယ်။ သူမရဲ့ ပန်းတိုင်က ဒီလအကုန်မှာ ၅ ကီလို တက်လာဖို့ပဲဖြစ်တယ်။

သူမရဲ့လှပခြင်းဆိုင်ရာလုပ်ငန်းစဉ်အတွက် မီးဖိုချောင်ထဲဝင်သွားချိန်မှာတော့ အိပ်ခန်းထဲကျန်နေတဲ့ နှစ်ယောက်က အကြောင်းအရာတစ်ခုကို အလေးအနက်ဆွေးနွေးနေပါတယ်။

မျက်လုံးအပြူးသားနဲ့ ရှောင်ကျိုး  တစ်ယောက် ကျိယန် ကို အလေးအနက်မေးလိုက်တယ်

“ ဒယ်ဒီ, သားတစ်ခုလောက်မေးချင်လို့, သေသေချာချာနဲ့ သားကို မလိမ်ပဲဖြေရမယ်နော်’’

အသေးလေး ဒီလောက်ထိအလေးအနက်ဖြစ်တဲ့ပုံမျိုး မြင်ရခဲတယ်။ ဒါကြောင့် ကျိယန် လေးလေးနက်နက်နဲ့ ခေါင်းငြိမ့်ပြီး ဖြေလိုက်တယ်

“ ကောင်းပြီ, မေးလေ’’

‘’ ဒယ်ဒီ, သားတို့ တကယ်ပဲဆင်းရဲနေတာလား?’’

“ဟမ်...’’

ကျိယန် မျက်တောင်ခတ်လိုက်ပြီး

“ ဘာလို့ ဒီမေးခွန်းကိုမေးတာလဲ...’

“ ဘာလို့လဲဆိုတော့ သားတို့ကဒယ်ဒီကိုမှီခိုနေရတယ်လို့ မာမီကပြောတယ်, ပြီးတော့ ဒယ်ဒီက ပိုက်ဆံကို ပင်ပင်ပန်းပန်းရှာရတာတဲ့, ဒါကြောင့် သားတို့က ပိုက်ဆံကိုချွေတာရမယ်တဲ့ ပြီးတော့…’’

နောက်ပိုင်းအချက်တွေကို သူမမှတ်မိတော့ပေ။

သူ ဘာကြောင့် ဒီမေးခွန်းကို မေးရလဲဆိုတာ ကျိယန် နားလည်သွားတယ်။ ထန်ထန် ရဲ့ ခြိုးခြံချွေတာရေး သဘောတရားတွေကြောင့် ရှောင်ကျိုး  က ဒီလိုတွေ တွေးနေတာပဲဖြစ်တယ်။ ဒါပေမယ့် သူ ကလေးကို ဘယ်လိုရှင်းပြရမှာလဲ... သူတို့မိသားစုက မဆင်းရဲတဲ့အပြင့် ငွေကိုချွေတာသုံးဖို့ မလိုအပ်ဘူးလို့လဲ ပြောလို့မရဘူး, ကလေးတွေ အနေနဲ့ ငွေတန်ဖိုးကိုသိဖို့လိုအပ်သလို ငွေကိုသေချာစွာ ကိုင်တွယ်ပြီးသုံးတတ်ဖို့ လိုသေးတယ်လေ။

ကျိယန် ခဏလောက်တွေးပြီးတဲ့နောက် ပြောလိုက်တယ်

“ ဒယ်ဒီအလုပ်ကရတဲ့လစာက သားနဲ့ သားမာမီတို့သုံးဖို့အတွက် လုံလောက်တယ်, လိုအပ်တာတွေဝယ်ဖို့အတွက် ဒက်ဒီတို့မှာ ပိုက်ဆံတွေရှိတယ် ဒါကြောင့် သားစိတ်ပူဖို့မလိုဘူး,  ဒါပေမယ့် မာမီပြောတာလဲမှန်တယ်, ပိုက်ဆံကို လက်လွတ်စပယ်မဖြုန်းရဘူး, ဒက်ဒီတို့က ပိုက်ဆံကို မလိုအပ်တဲ့နေရာတွေမှာ မသုံးသင့်ဘူး..ဟုတ်ပြီလား’’

ရှောင်ကျိုး က မျက်မှောင်ကြုတ်တွေးတောပြီးတဲ့နောက် ခေါင်းငြိမ့်လိုက်တယ် ။ သူ့မာမီပြောတာ မှန်နေတာပဲ, သူတို့ရဲ့ပိုက်ဆံတွေကို အလကားလျောက်မဖြုန်းသင့်ဘူး။

အသေးလေးက ကျိယန် လက်ကိုဆွဲကာ ချွဲပျစ်နေတဲ့လေသံနဲ့

‘’ ဒယ်ဒီ, နောက်ဆို သားအစားလျော့စားမှဖြစ်မယ်, ပြီးတော့ မာမီအဝတ်အစားအသစ်တွေဝယ်နိုင်ဖို့ ပိုက်ဆံစုပေးရမယ်, အဲ့လိုရလား... ဒီနေ့ မာမီက အကျီလှလှလေးကိုတွေ့ပေမယ့် စျေးအရမ်းကြီးလို့ဆိုပြီး မ၀ယ်လာဘူး’’

ထန်ထန်   ၀တ်တဲ့အဝတ်အစားတွေက ရိုးရိုးပုံမှန်အဝတ်အစားတွေမှန်း သတိရလိုက်မိပြီး ကျိယန် နှုတ်ခမ်းတွေကို တင်းတင်းစေ့လိုက်တယ်။ သူမ တကယ်ပဲမ၀ယ်ချင်တာလား... ကတ်ထဲက ငွေလက်ကျန်ကိုပဲ သူမ မတွေ့လိုက်တာလား....

သူ့ဒယ်ဒီ ဘာစကားမှမပြောတာကို တွေ့လိုက်တဲ့အတွက် သူ့မာမီအဝတ်အစား လှလှလေးတွေ ဝယ်မှာကို သဘောမတူဘူးလို့ အသေးလေးက ထင်သွားတယ်။ သူကမျက်မှောင်ကြုတ်လိုက်ပြီး သူ့ဒယ်ဒီလုပ်နေပုံတွေက မဟုတ်သေးဘူးလို့ တွေးလိုက်တယ်။ မိန်းကလေးတွေက စျေးဝယ်ပြီးရင်းဝယ်ရတာကို သဘောကျတယ်လေ, ဒါကို ဘာလို့ဒယ်ဒီက မာမီကိုပေးမဝယ်ရတာလဲ...

‘’ ဒယ်ဒီ, မာမီက မိန်းကလေးပါ, ပြီးတော့ ဒယ်ဒီကိုလဲ ကောင်းကောင်းဆက်ဆံပါတယ်, အာ့ကြောင့် မာမီ့ကို သူကြိုက်တာတွေ ပေး၀ယ်သင့်တယ်လို့ သားထင်တယ်, တကယ်လို့ ဒယ်ဒီက ခွင့်မပြုပဲထားရင် နောက်ပိုင်းမာမီဒယ်ဒီကို စိတ်ဆိုးလာမှာကို သတိထားနေတော့, အဲ့ကျရင် ဒယ်ဒီကို ခြေထောက်လဲဆေးပေးမှာမဟုတ်တော့ဘူး, အကျီတွေလဲလျော်ပေးမှာ မဟုတ်တော့ဘူး, ပြီးတော့ စားကောင်းတာတွေလဲ ချက်ကျွေးမှာမဟုတ်တော့ဘူးနော်...’’

အသေးလေးက သူ့ဒယ်ဒီကြောက်အောင်လို့ စိတ်ထဲရှိသမျှအကုန်ထုတ်ပြောလိုက်တယ်။

ကျိယန်ကပေါ့ပါးစွာရယ်လိုက်ပြီး အသေးလေးရဲ့နဖူးကို ထုလိုက်တယ်

” အိုကေ, ဒယ်ဒီက သားမာမီကို သူကြိုက်တာတွေဝယ်ဖို့ ခွင့်ပြုပေးလိုက်ပြီကွာ, ဒါပေမယ့် သားအတွက်ကတော့ မာမီနဲ့ညှိရမယ်, နို့နဲ့အသီးတွေကလွဲလို့ တခြားမုန့်တွေစားလို့မရဘူးနော်, ဒါဆို သားမာမီအတွက် အကျီလှလှလေးတွေဝယ်ဖို့ ပိုက်ဆံစုလို့ရပြီ’’

ဒါကလဲ အသေးလေးရဲ့ ကိုယ်အလေးချိန်လျော့စေဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်သွားတယ်။

ကျိရှောင်ကျိုး  က ခေါင်းငြိမ့်လိုက်ပြီး လက်သီးကိုတင်းတင်းဆုပ်ကာ ဆုံးဖြတ်ချက်ချလိုက်တဲ့လေသံနဲ့

“ သားလုပ်နိုင်တယ်’’

မုန်တွေစားပြီးတဲ့ ထန်ထန် ပြန်လာချိန်မှာတော့ သားအဖနှစ်ယောက်လုံးက အိပ်ယာပေါ်မှာ လှဲနေကြပြီး ရေဇလုံကိုလဲ သန့်ရှင်းရေးလုပ်ပြီးဖြစ်တယ်။

အိပ်ယာကြီးရဲ့အလယ်မှာတော့ ကျိရှောင်ကျိုး က သူ့ခြေထောက်လေးတွေကို လွှဲဆော့နေပြီး ထန်ထန် ၀င်လာတာကိုမြင်လိုက်တဲ့အခိုက်မှာပဲ သူ့ဘေးဘက်ကိုလက်နဲ့ပုတ်ပြလိုက်ကာ စိတ်အားထက်သန်စွာနဲ့

“ ဘာတွေလုပ်နေတာလဲ မာမီ, မြန်မြန်အိပ်ကြရအောင်, မာမီကို သားစောင့်နေတာ ကြာလှပြီ’’

သူမ ပြုံးလိုက်ရင်း အသေးလေးဘေးမှာ လှဲအိပ်လိုက်တယ်။ ထို့နောက် အသေးလေးက သူမရင်ခွင်ထဲပြေးဝင်ခါ သူမလည်ပင်းကိုဖက်ထားလိုက်တယ်။

သူမ အသေးလေးနောက်ကျောကိုပွတ်ပေးရင်း ညတိုင်းဆိုပေးနေကျဖြစ်တဲ့ ကလေးသီချင်းကိုဆိုပေးတဲ့နောက် သိပ်မကြာခင်မှာပဲ ရှောင်ကျိုး  တစ်ယောက် အိပ်ပျော်သွားတော့တယ်။

အသေးလေးအိပ်ပျော်သွားတာ သေချာသွားတဲ့နောက် ဘယ်အချိန်ကတည်းက သူမကိုစိုက်ကြည့်နေမှန်းမသိတဲ့ ကျိယန် ကို လှမ်းကြည့်လိုက်မိတယ်။ သူ့အကြည့်ကို နားမလည်နိုင်စွာနဲ့ပဲ ယောင်ချာချာနဲ့မေးလိုက်တယ်

“ ယောကျာ်း, ရှင်ကော မအိပ်သေးဘူးလား...’’

‘’အင်း’’

ကျိယန်  က သူမကို နက်နက်ရှိုင်းရှိုင်းကြည့်လိုက်ပြီး ညအိပ်မီးသီးကိုလှမ်းပိတ်လိုက်တယ်။ ထို့နောက် အခန်းက မည်းမှောင်သွားတော့တယ်။

သူမ သက်ပြင်းချလိုက်ပြီး အိပ်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲ အမှောင်ထဲက ကျိယန်  ရဲ့ လေးနက်တဲ့အသံကိုကြားလိုက်ရတယ်

“ ထန်ထန် ကိုယ် မင်းနဲ့သား အတွက် ပိုက်ဆံလုံလုံလောက်လောက် ရှာနိုင်ပါတယ်၊ ဒါကြောင့် ပိုက်ဆံအတွက် မင်းစိတ်ပူဖို့မလိုအပ်ဘူးနော်’’

‘’ဟင်...’’

ထန်ထန် စိတ်ရှုပ်ထွေးသွားတယ်။ ရုတ်တရက် သူဘာလို့ သူမကို ဒီလိုပြောလဲဆိုတာ သူမ နားမလည်ဘူး။ ခဏနေပြီးနောက်, ဘယ်လိုပြန်ဖြေရမှန်းမသိတဲ့အတွက်

‘’ အိုး...ဟုတ်...ကျွန်မသိပါပြီ’’

လို့သာ ပြောလိုက်တော့တယ်။

ထန်ထန်  က ဆက်စောင့်နေပေမယ့်လဲ ကျိယန် က ဘာမှဆက်မပြောတော့ပေ။ သူဆက်မပြောတာ သေချာသွားတဲ့နောက် သူမလဲ တဖြည်းဖြည်းအိပ်ပျော်သွားတော့တယ်။

- - - -  - - - - - - - - - - - - -

Part 30

ထန်ထန်ခြေထောက်ကိုနှိပ်နယ်ပေးခဲ့တာကြောင့်ပဲလားမသိဘူး ကျိယန် အိပ်ယာထဲဝင်တဲ့အခါမှာ အဆင်ပြေပြေရှိခဲ့တယ်။ သူ ကောင်းကောင်း အိပ်ပျော်သွားပြီး နိုးလာတဲ့အချိန်မှာတောင် အားအင်အပြည့်နဲ့ တက်ကြွနေခဲ့တယ်။

ကျိယန် ခြေထောက်ကိုစိုက်ကြည့်နေရင်း မနေ့ညက သူ့ခြေထောက်ကို နှိပ်နယ်ပေးတဲ့ လက်တစ်စုံကိုမြင်ယောင်ရင်း အတွေးနယ်ချဲ့နေမိတယ်။ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်နေတဲ့ ထန်ထန်  ကို သတိလက်လွတ်နဲ့ လှည့်ကြည့်လိုက်မိတယ်။ အချိန်အတော်ကြာကြည့်နေပြီးတဲ့နောက် တိတ်ဆိတ်စွာနဲ့ မတ်တပ်ရပ်လိုက်ပြီး မနက်ခင်းလုပ်ငန်းစဉ်တွေကို လုပ်ဖို့အတွက် ထွက်ခွာသွားတယ်။

လေ့ကျင့်ရေးကွင်းမှာတော့ သူ့ကွပ်ကဲမှုအောက်က တပ်သားတွေရှေ့မှာ ကျိယန် က လေးနက်စွာနဲ့ မတ်တပ်ရပ်ပြီး သူတို့ရဲ့ ပထမဆုံး လေ့ကျင့်မှု့ကိုပြောနေတယ်

“ ကီလို ၃၀ သယ်ပြီး ကျိရှီ တောင်ထိသွား’’

ချက်ချင်းပဲ စစ်သားတွေအားလုံး သူတို့စိတ်အတွင်းမှ တုန်လှုပ်ခြောက်ခြားစွာ ငိုကြွေးလိုက်ကြတယ်။ ဒီလေ့ကျင့်ရေးကြောင့် သေတော့မသေပေမယ့် သူတို့အရေပြားတွေ အနည်းဆုံးအလွှာလိုက်ကွာကြတဲ့အထိ ပင်ပန်းမယ်ဆိုတာ တွေးလိုက်မိတယ်။ ဒါပေမယ့်လဲ အဲ့ဒီအတွေးကို ဘယ်သူမှ သူတို့မျက်နှာပေါ်မှာ မဖော်ပြရဲကြဘူး။ ကျိယန် ရဲ့ အမိန့်အရ တပ်သားအားလုံးက သူတို့ရဲ့အိတ်တွေကို ကိုယ်စီယူပြီး တောင်ခြေသို့ စနစ်တကျ စတင်ပြေးကြတော့တယ်။

ကျိယန်  က ၃၅ ကီလိုသယ်ကာ ရှေ့မှ ဦးဆောင်ပြေးနေပြီး တပ်သားအားလုံးက သူ့နောက်မှဖြစ်တယ်။ ဘယ်သူမှ နောက်မကျရဲကြဘူး။

တုန်းလီ လဲ သူ့ရဲအဖွဲ့မှာ ပါ၀င်တာဖြစ်ပြီး သူ့တာဝန် နောက်တန်းမှနေ၍ တပ်သားအားလုံးကို စောင့်ကြပ်ရန်ဖြစ်တယ်။ တုန်းလီက ကျိယန် နားရောက်ရန် အရှိန်မြှင့်ပြေးလိုက်ပြီး

“ လောင်ကျိ ဘာဆေးစားမှားလို့ ဒီလောက်တောင် တက်ကြွပြီး မြန်မြန်ပြေးနေတာလဲ နောက်က ပြေးနေရတဲ့ လူတွေ မင်းနှိပ်စက်လို့ သေလုနီးပါးဖြစ်နေတာ စိတ်မပူတော့ဘူးလား..."

အာရုံစူးစိုက်ထားတဲ့ ကျိယန် က ပြန်မကြည့်သလို ဘာမှပြန်မပြောပေ။

တုန်းလီ က အသံတိတ်တက်ခေါက်လိုက်ပြီး စိတ်အချဉ်ပေါက်တဲ့လေသံနဲ့

“ မင်း ဇနီးနဲ့သားလေး ရောက်လာကတည်းက မင်းပုံစံကပြောင်းလဲသွားတယ်, ငါတို့လို နေ့တိုင်းကန်တင်းမှာရတဲ့ ဘာစားစရာဖြစ်ဖြစ်စားနေရတဲ့သူတွေနဲ့ မတူပဲ ကောင်းကောင်း စားသောက်နေရတယ်, ဘယ်လိုမှ ယှဉ်လို့မရပါလားနော်’’

ပြောရင်းနဲ့ ထန်ထန်  ရဲ့ ဟင်းချက်လက်ရာကို သတိရသွားပြီး သွားရည်တွေမျိုချနေတယ်။ 

တုန်းလီ စိတ်ထဲကအကြံကိုရိပ်မိနေတဲ့ ကျိယန်  က သူ့ ကိုတချက်သာကြည့်လိုက်ပြီး လစ်လျူရှုလိုက်တယ်။ ဒါပေမယ့် ထန်ထန်  က သူတို့အားလုံးကို စားပွဲဖိတ်ထားတာကို သတိရသွားပြီး ပြောလိုက်တယ်

“ ဒီည ငါ့အိမ်ကိုလာပြီး ညစာလာစားချေ, မင်းတို့ကူညီပေးခဲ့တာကို ထန်ထန် က ကျေးဇူးတင်လို့တဲ့’’

‘’ တကယ်လား... ‘’

တုန်းလီ မျက်လုံးတွေက စိတ်လှုပ်ရှားမှုကြောင့် တောက်ပလို့နေတယ်။ ရုတ်တရက်ရလာတဲ့ အားအင်တွေကြောင့် ကျိယန် ပုခုံးကို ပုတ်ပြီးပြောလိုက်တယ်

“ လောင်ကျိ မစ်ရှင်ကိုအပြီးသတ်ရအောင်, တောင်ထိပ်ကို ဘယ်သူအရင်ရောက်လဲပြိုင်ကြမယ်’’

ကျိယန်ရဲ့ နှုတ်ခမ်းထောင့်တွေ အပေါ်သို့ကွေးတက်သွားပြီး

‘’ ရှုံးတဲ့သူ ဒီညအရက်တိုက်ကြေး’’ ဆိုတဲ့ စကားတစ်ခွန်းချန်ထားရင်း ရှေ့ကိုပြေးထွက်သွားတယ်။

‘’ အင်း ‘’

တုန်းလီ လဲ နောက်မှ အမီလိုက်သွားတယ်။ တောင်ပေါ်သို့ ပြေးတက်နေသော အရိပ်နှစ်ခုကိုသာတွေ့ရမှာဖြစ်တယ်။

သူတို့ကိုကြည့်နေတဲ့ တပ်ဖွဲ့ နှစ်ခုလုံးက စိတ်လှုပ်ရှားစွာနဲ့ ဘယ်အသင်းခေါင်းဆောင် နိုင်မလဲဆိုတာကို ခါတိုင်းလိုပဲ အနောက်မှာ လောင်းကြေးထပ်နေကြတယ်။

- - - - - - - - - - - - - -

ညနေပိုင်း သင်တန်းပြီးဆုံးတဲ့အခါမှာတော့ ကျန်းချန်း က ပျော်ရွှင်စွာနဲ့ တုန်းလီ ပုခုံးကို ပုတ်လိုက်ပြီး

‘’တုန်းလီ မင်းဒီည အားလုံးကို အရက်တိုက်မလို့ဆို, မင်းက အရမ်းရက်ရောတာပဲ...’’

တုန်းလီ  က မျက်လုံးကိုလှန်လိုက်ပြီး သူ့ရဲ့ ကံဆိုးမှုကိုလှောင်ရယ်ပြီး ဟာသလုပ်နေတဲ့ ကျန်းချန်း ရဲ့လက်ကို ခါချလိုက်ကာ

“ သွားစမ်းပါ, ငါလာမလှောင်မနေနဲ့, မသိရင် မင်းက လောင်ကျိ ကိုနိုင်ထားသလိုလိုနဲ့ ‘’

ကျန်းချန်း က ပိုရွှင်လန်းစွာနဲ့ ပြုံးလိုက်ပြီး သူကိုယ်သူထိန်းကာ

“ငါက ငါ့အကန့်အသတ်ကိုသိတယ်, ငါတို့ကြားက ကွာဟနေတဲ့ စွမ်းရည်တွေကို သိလို့ လောင်ကျိ နဲ့ဆို သွားမယှဉ်ဘူး’’

တုန်းလီ ဒေါသထွက်ရလွန်းလို့ သူ့အသည်းတွေပါနာတဲ့အထိခံစားသွားရပြီး ကျန်းချန်း နဲ့ သူငယ်ချင်းအဖြစ်ကနေ သုံးမိနစ် ရပ်စဲဖို့ ဆုံးဖြတ်လိုက်တယ်။

သူတို့နှစ်ယောက်လုံး အချင်းချင်းစနောက်နေကြပြီးတဲ့နောက် အဆောက်အဦးရဲ့ တတိယထပ်ကို ရောက်သွားတယ်။ ကျန်းချန်း က သူ့အိမ်အပေါက်၀မှာရပ်နေရင်း တုန်းလီကိုပြောလိုက်တယ်

“ မင်းအရင်သွားနှင့်လိုက်တော့, ငါ့မိန်းမက အခုလေးတင် အလုပ်ကပြန်ရောက်တာ, လုပ်စရာလေးနည်းနည်းပါးပါးလုပ်ပြီးရင် ငါတို့လာခဲ့မယ်’’

တုန်းလီက  ကျန်းချန်း အကြောင်းကိုသိနေတဲ့အတွက် ဘာမှမပြောတော့ပဲ ကျိယန် အိမ်သို့ သောက်စရာတွေ သယ်ပြီးသွားလိုက်တယ်။

ကျန်းချန်း အိမ်မှာတော့ ဖန်ယုဝေ က အလှပြင်ခုံမှာထိုင်နေရင်း ခေါင်းဖြီးနေတာဖြစ်တယ်။ ကျန်းချန်း က သူမအနောက်မှနေ၍ နားရွက်နားသို့ကပ်ကာပြောလိုက်တယ်

‘’မိန်းမ, ကိုယ်တိုအခုသွားသင့်ပြီနော်, တခြားသူတွေလဲ ရောက်နေလောက်ပြီ’’

ဖန်ယုဝေ က သူ့ကိုပြန်စောင်းကြည့်လိုက်ပြီး ခေါင်းဆက်ဖြီးနေတယ်

‘’ခဏလောက် စောင့်ပါဦး, အိမ်ချင်းနီးနီးလေးပဲကို ပြီးတော့ အစားအစာတွေကလဲ အဆင်သင့်ဖြစ်ဦးမှာ မဟုတ်ဘူး, အဲ့ကိုအခုသွားရင်စောင့်နေရမှာပဲလေ အဲ့အစား အိမ်မှာပဲစောင့်နေတာ ပိုသက်တောင့်သက်သာမဖြစ်ဘူးလား’’

‘’မိန်းမ, မရီးကို နည်းနည်းပါးပါးတော့ ကူပေးသင့်တယ်လေ, မဟုတ်ရင် ကိုယ်တို့က သွားပြီးစားရုံပဲဖြစ်နေမှာပေါ့’’

ဖန်ယုဝေ က မပျော်ရွှင်တဲ့မျက်နှာနဲ့  သူ့ကိုကြည့်လိုက်တယ်

“ ကျွန်မက သူ့ကိုဘာကူရမှာလဲ ကျွန်မက ကူညီမယ့်အစား အနှောက်အယှက်ဖြစ်နေမှာပေါ့’’

ကျန်းချန်း က သူ့ပါးစပ်ကိုပိတ်လိုက်ပြီး သူမအတွေးကို ထောက်ခံလိုက်တယ်။ သူမရဲ့ အကြီးမားဆုံး အခက်အခဲက သူနဲ့အတူတူ တပ်ထဲလိုက်နေပေးရတာဖြစ်တယ်။ ပုံမှန်ဆို သူမက ခေါက်ဆွဲတစ်ပန်းကန်တောင် ချက်ပြုတ်တတ်တာမဟုတ်ဘူး။ သူမသာ ကူညီမယ်ဆိုရင် ပိုခက်ခဲရုံပဲရှိမယ်။

‘’ မိန်းမ ကျိယန် ရဲ့မိသားစုက အခုမှပြောင်းလာတာ ပြီးတော့ သူတို့ကတခြားသူတွေကို ညစာအတွက် ဖိတ်နေကြပြီ, ကိုယ်တို့ဆို ပြောင်းလာတာကြာပေမယ့် တခြားသူကိုမဖိတ်ရသေးဘူး, ကိုယ်တို့လဲ လူနည်းနည်းပါးပါးလောက်ဖိတ်ပြီး ညစာကျွေးရင် မကောင်းဘူးလား... မဟုတ်ရင် ရှင်းပြရခက်နေမယ်’’

ဖန်ယုဝေ သူမ လှုပ်ရှားမှုတွေကို ရပ်တန့်လိုက်ပြီး ကိုယ်ကိုလှည့်လိုက်ကာ သူမလက်တွေကို သူ့လည်ပင်းပေါ်သို့သိုင်းဖက်လိုက်ပြီး

‘’ လူတွေကိုဖိတ်ပြီး ညစာကျွေးတာက အဆင်ပြေပါတယ် ဒါပေမယ့် အဓိက က ကျွန်မ မချက်တတ်တာပဲ, ပြီးတော့ ရှင်ကလဲ အသီးအရွက်လောက်ပဲ ချက်တတ်တာဆိုတော့ ဧည့်သည်တွေကို ဘယ်လိုဖိတ်မလဲ...’’

ကျန်းချန်း က သူ့ခေါင်းကို ကုတ်လိုက်ပြီးနောက် အကြံတစ်ခုပေးလိုက်တယ်

“ ဒါဆို မင်း အလုပ်ပြီးတဲ့အချိန်မှ ကိုယ်တို့ အသင့်စားစရာတွေ သွား၀ယ်ရင်ကော... ကိုယ့်ညီအကိုတွေက ဘာမှပြောမှာ မဟုတ်ပါဘူး, အဓိကအချက်က ကိုယ်တိုတွေ လူစုပြီး ပျော်ရွှင်စရာအချိန်လေး တစ်ခုဖြစ်သွားရုံပါ’’

ခဏလောက်တွေးပြီးတဲ့နောက် သူမက ရုတ်တရက် ပြောလိုက်တယ်

“ အာ, ကျွန်မတို ကျိယန် ဇနီးကို အကူအညီတောင်းရင်ကော... သူ့ဟင်းချက်စကေး အရမ်းကောင်းတာ ကျွန်မတွေ့တယ် ပြီးတော့ သူတို့ ဟိုဖက်ခြမ်းမှာ နေတာဆိုတော့ နီးတယ်လေ, သူမ ကူညီရင်တော့ကောင်းမှာပဲ, ကျွန်မက လိုအပ်တာတွေဝယ်ပြီး သူမကိုချက်ဖိုအကူအညီတောင်းရင်ကော ...’’

‘’ဒါက…’’

ကျန်းချန်း က တုံဆိုင်းနေတယ်

“ ဒါက, ကောင်းပါ့မလား... ချက်ပြုတ်ဖို့အတွက် သူများကို ဒုက္ခပေးသလိုဖြစ်နေပါဦးမယ်’’

Fang Yu Wei က မျက်တောင်ခတ်လိုက်ပြီး

“ အဲ့ဒါ အဆင်ပြေမှာပါ ကျိယန် ဇနီးက အလုပ်မရှိဘူးလေ, သူမလုပ်စရာဆိုလို အိမ်မှာနေပြီး အိမ်အလုပ်နဲ့ ချက်ပြုတ်ဖိုပဲရှိတာကို။ သူ့မှာ အချိန်ပိုတွေ အများကြီးရှိပါတယ်, ကျွန်မက အထက်တန်းကျောင်းသားတွေကို စာသင်ပေးရလို့ တကယ်အလုပ်များနေလို့ပါ။ ဒါလေးက ကိစ္စသေးသေးလေးမို သူမကူညီနိုင်မှာပါ။ ပြီးရင်တော့ ကျွန်မ သူမကို သစ်သီးနည်းနည်းပါးပါးဝယ်ပေး ကျေးဇူးတင်လိုက်ပါ့မယ်’’

ကျန်းချန်း က တုံဆိုင်းနေပြီး နောက်ဆုံးမှာတော့ ခေါင်းငြိမ့်လိုက်တယ်

“ ကောင်းပြီ ကိုယ် မရီးကို မေးလိုက်ပါ့မယ် ပြီးတော့ သူမ မလုပ်ချင်ဘူးဆိုရင်တော့ တွန်းအားသွားမပေးလိုက်နဲ့နော် ‘’

ဖန်ယုဝေ ခေါင်းငြိမ့်လိုက်တယ်။

- - - - - - - - - - - - -

ညစာစားပွဲမှာတော့ ထန်ထန် က ဟင်းပွဲများစွာကို အကောင်းဆုံးလက်ရာတွေနဲ့ ပြင်ဆင်ထားတယ်။ ဒါက သူမတို့ရဲ့ ပထမဆုံးစားပွဲဖြစ်တဲ့အတွက် တကယ်ကိုအရေးကြီးတယ်လေ။ ပြီးတော့ ကျိယန် မျက်နှာပွင့်ဖို့အတွက်လဲ ဖြစ်တာကြောင့် သူမ သေသေချာချာလုပ်ထားတာဖြစ်တယ်။

ကျိယန်လက်အောက်မှ တပ်သားငယ်လေးတစ်ချို့က ကူညီဖိုကြိုးစားပေမယ့်လဲ သူမက သူတိုအားလုံးကို မီးဖိုချောင်အပြင်သိုထွက်စေလိုက်တယ်။ ထန်ထန် က အသီးတစ်ချို့ကိုဆေးကြောပြီး ယူလာခဲ့တယ်။ ပြီးတော့ သူမက ကျိရှောင်ကျိုး  ကို ဧည့်ခံခိုင်းထားတာဖြစ်ပြီး ဧည့်သည်တွေကို အိမ်အလုပ်မလုပ်ဖို့ရာ တားမြစ်ဖို့ပြောထားတယ်။

ကျိရှောင်ကျိုး   က ယုံကြည်ချက်အပြည့်နဲ့ တာ၀န်ကိုလက်ခံလိုက်တယ်။ အသေးလေးက မော်ဒယ်လေးတစ်ယောက်လို ဧည့်သည်တွေကို ဂရုစိုက်နေတယ်။ သူက အကိုကြီးတစ်ယောက်ကို ပန်းသီးပေးပြီး နောက်တစ်ယောက်ကိုတော့ လိမော်သီးပေးလိုက်တယ်။ ထိုနောက် လူတိုင်းကို ရေသောက်ချင်လားလို လိုက်မေးတယ်။ သူတို့ကို အများကြီး ဧည့်ခံဖိုမလိုတဲ့အတွက် ခဏအကြာမှာ လူတိုင်းက သူ့ကိုချီကာ ပွေ့ဖက်နေကြတယ်။ အဆုံးမှာတော့ သူတိုအားလုံး အသေးလေး ကို သူတို့အိမ်သို့ခေါ်သွားချင်နေကြတော့တယ်။

ဧည့်သည်အားလုံးနဲ့ ကောင်းမွန်စွာ အဆင်ပြေနေတဲ့ အသေးလေးကိုကြည့်ပြီး ကျိယန် က ဧည့်ခံတဲ့တာဝန်ကို အသေးလေးနဲ့ လွှဲထားလိုက်တယ်။နောက် သူ့အကျီလက်ကို ခေါက်တင်လိုက်ပြီး ထန်ထန် ကို ကူညီဖို့ မီးဖိုချောင်ထဲ ၀င်သွားလိုက်တယ်။ ဒီနေ့က ဟင်းပွဲတွေအများကြီးလုပ်ရတာဖြစ်တဲ့အတွက် သူမအလုပ်များနေမှာကို သူစိုးရိမ်မိတယ်။

တပ်ရင်းမှုးကတော်လဲ မီးဖိုချောင်ထဲမှာ ကူညီပေးနေတာဖြစ်တယ်။ သူမ ကူညီပေးချင်ပေမယ့်လဲ ထန်ထန် က အရာအားလုံးကို စီစဉ်ပြီးဖြစ်တဲ့အတွက် ရောက်တတ်ရာရာအကြောင်းများကိုသာ စကားစမြည်းပြောနေတော့တယ်။ အရမ်းအလုပ်များနေပေမယ့်လဲ လိုအပ်တာတွေက ပြင်ဆင်ထားပြီးသားဖြစ်လို့အများကြီး ကူစရာမလိုတော့ပေ။ ကျိယန် မီးဖိုချောင်ထဲ ၀င်လာတာတွေ့တဲ့အခါ သူမက စနောက်လိုက်တယ်

” ကျိယန် ရေ, အစ်မက ကူဖိုလာပေမယ့်လဲ မင်းမိန်းမက အားလုံးလုပ်ပြီးသားမို့လို့ ဘာမှမကူလိုက်ရဘူး။ မင်းမိန်းမက အရမ်းတော်တာပဲ’’

ထန်ထန်  ရဲ့ ကျွမ်းကျင်တဲ့ လှုပ်ရှားမှုတွေကိုကြည့်ရင်း ကျိယန် မျက်၀န်းထဲ ပျော်ရွှင်မှုတွေ ဖြတ်ပြေးသွားတယ်။

ထန်ထန် က ကျိယန်  ကိုတချက်လှမ်းကြည့်ပြီး အပြုံးလေးနဲ့ ပြောလိုက်တယ်

“ ယောကျာ်း, ပန်းကန်လုံးတွေ ခွက်တွေနဲ့ တခြားဟာတွေအကုန်လုံးကို စားပွဲပေါ်မှာ ထားလို့ရပြီနော်, ပြီးတော့ ထိုင်ခုံတွေကိုလဲ နေရာချပေးပါဦး, ဟင်းပွဲတွေက ခဏနေရင်ရတော့မယ်’’

ကျိယန် ခေါင်းငြိမ့်လိုက်ပြီး ပန်းကန်လုံး၊ တူ နဲ့ တခြားအရာတွေကို သယ်ပြီးထွက်သွားတယ်။ အားလုံးနေရာချပြီးတဲ့နောက် သူက မီးဖိုချောင်ထဲ ပြန်၀င်လာပြီး ပန်းကန်ပြားတွေ သယ်သွားပြန်တယ်။

စားပွဲပေါ်က ပန်းကန်ပြားတွေကို ကျိရှောင်ကျိုး  မြင်တဲ့အခါမှာတော့ စားဖိုအသင့်ဖြစ်တော့မယ်မှန်း သဘောပေါက်လိုက်တယ်။ သူက လက်ကိုယမ်းပြီး ကြေငြာလိုက်တယ်

“ စားစရာတွေအသင့်ဖြစ်ပြီ, စားပွဲမှာထိုင်ပြီး စားရအောင်, အားနာဖို မလိုဘူးနော်’’

အားလုံးက သူ့စကားကြောင့် ပျော်ရွှင်သွားပြီး ဘယ်သူမှယဉ်ကျေးမနေတော့ပဲ စားပွဲနားမှာ ပျားတွေလိုအုံနေတော့တယ်။ စားပွဲပေါ်က ဟင်းပွဲတွေအပြည့်ကို ကြည့်ရင်း လူတိုင်းသွားရည်ကျတာကို မထိန်းနိုင်တော့ပေ။ ရိုးသားစွာပြောရရင်ဖြင့်, ဟင်းပွဲတွေ ချက်ပြုတ်နေကတည်းက အနံ့တွေကြောင့် အားလုံးဗိုက်ဆာနေကြတာဖြစ်တယ်။ ဟင်းပွဲတွေ မြန်မြန်ကျက်ဖိုအတွက် အားလုံးရဲ့နှလုံးသားထဲမှ တိတ်တဆိတ်ဆုတောင်းနေခဲ့တာဖြစ်တယ်။

သူတိုခေါင်းဆောင်ရဲ့ဇနီး ဟင်းချက်လက်ရာက တကယ်ကိုအံ့ဩဖွယ်ရာပဲ။ သူတိုအားလုံးလဲ ဒီလိုဇနီးမျိုးလိုချင်လိုက်တာ။

ကျိယန် က လူတိုင်းကို စားပွဲဆီသိုခေါ်လိုက်ပြီး အရက်ပုလင်းကိုဖွင့်ကာ လူတိုင်းရဲ့ခွက်ထဲသို ထည့်ပေးလိုက်တယ်။ ကျန်းချန်း မရောက်သေးတာကို သတိထားလိုက်မိပြီး ကျိယန်က မျက်ခုံးပင့်ကာ အသေးလေးကို လက်ယမ်းပြလိုက်တယ်

“ရှောင်ကျိုး ဟိုဖက်အိမ်ကိုသွားပြီး အန်ကယ် ကျန်းချန်း  တို့ကို လာစားဖို့ ဖိတ်လိုက်ပါဦး"

‘’ ကောင်းပါပြီ, ဒယ်ဒီ’’

ရှောင်ကျိုး  က အမှာစကားကိုလက်ခံလိုက်ပြီး သူ့ခြေထောက်တိုတိုလေးတွေနဲ့ ပြေးထွက်သွားတယ်။ တဖက်အိမ်တံခါးကိုခေါက်လိုက်ပြီး ကလေးသံလေးနဲ့ အော်လိုက်တယ်

“ အန်ကယ်  ကျန်းချန်းစားစရာတွေ အဆင်သင့်ဖြစ်နေပြီ, သွားစားရအောင် ‘’

မိနစ်အနည်းငယ်ကြာပြီးနောက် ကျန်းချန်းက ရှောင်ကျိုး ကိုချီလာပြီး  အိမ်ထဲကိုဝင်လာတယ်။ ဖန်ယုဝေ က အနောက်မှလိုက်လာတယ်။ကျန်းချန်း က တောင်းပန်ပြုံးလေးနဲ့

‘’ တောင်းပန်ပါတယ်, ငါရေချိုးနေလိုပါ’’

လူတိုင်းက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ပြီး

‘’ မင်းကဘာလဲ ငါတိုအားလုံးဒီကို ချွေးတွေနဲ့လာနေတာကို မင်းကရေချိုးပြီးမှလာတာလား။ ငါတိုကိုညစ်ပါတ်တယ်လို့ ပြောချင်တာလား...’’

ကျန်းချန်း က ဂုဏ်ယူစွာနဲ့ ခေါင်းကိုမော့လိုက်ပြီး

‘’ ငါက အဆင့်အတန်းမရှိတဲ့ သူတွေနဲ့မတူဘူးလေ’’

သူ့စကားကို အားလုံးကြားလိုက်ရပြီး လည်ပင်းညှစ်ချင်စိတ်တွေပေါ်လာတော့တယ်။

ညစာစားပွဲက နွေးထွေးစွာနဲ့စတင်ပြီး လူတိုင်းကအားရပါးရ စားသောက်နေကြတယ်။ အားလုံးက စစ်သားတွေဖြစ်တဲ့အတွက် စားပွဲပေါ်က ဟင်းပွဲတွေလျင်မြန်စွာ ပျောက်ကုန်တယ်။

ကံကောင်းစွာနဲ့ပဲ,ထန်ထန် က အများအပြားလုပ်ထားတာဖြစ်တယ်။ ထိုနောက် ဟင်းပွဲအသစ်တွေ စားပွဲပေါ်သို့ ထပ်ရောက်လာတယ်။ ဟင်းပွဲတစ်ပန်းကန်ကုန်တာနဲ့ နောက်အသစ်နှစ်ပန်းကန်က စားပွဲပေါ်ချက်ချင်းထပ်ရောက်လာတဲ့အတွက် လူတိုင်းကကျေနပ်ပြီး ပျော်ရွှင်နေကြတယ်။

စားပွဲနားများ လူများဝိုင်းအုံနေသော်လဲ ထန်ထန် ကတော့ ပါ၀င်ခြင်းမရှိပေ။ သူမနဲ့ တပ်ရင်းမှုးကတော်အတွက် အစားအသောက်တစ်ချို့ကို ခွဲယူပြီးသားဖြစ်တဲ့အတွက် စစ်သားတွေနဲ့တိုက်ခိုက်ဖိုမလိုပဲ မီးဖိုချောင်မှာတင် သူမတိုနှစ်ယောက် စားလိုက်ကြတယ်။

စားသောက်ပွဲလေးက ညကိုးနာရီထိုးသည်အထိဖြစ်တယ်။ သူမ စားပွဲကိုရှင်းတဲ့အခါမှာ စစ်သားလေးတွေအားလုံးက တကယ်ကိုစားသောက်သွားကြတယ်ဆိုတာကို သတိထားလိုက်မိတယ်။ ဆော့စ်တစ်ချိုကလွဲလို ကျန်တဲ့ပန်းကန်အားလုံး ပြောင်သလင်းခါနေပြီဖြစ်တယ်။ အသီးအရွက်ဖတ်လေး တစ်ဖတ်တောင် မကျန်ခဲ့လေဘူး။

တပ်ရင်းမှုးကတော်က သူမကို သန့်ရှင်းရေးလုပ်ရာမှာ ကူညီပေးပြီး အပြုံးနဲ့ပြောလိုက်တယ်

“ ပုံမှန်ဆို စားပွဲပေါ်မှာ စားစရာတွေ ကျန်တတ်ပါတယ်၊အခုတော့ ရှင့်လက်ရာက အရမ်းကိုကောင်းလွန်းနေတယ်လေ"

ထန်ထန် အတော်လေးကို ပျော်ရွှင်နေမိတယ်။ သူမ ချက်ပြုတ်သမျှအားလုံးကို အကုန်စားသောက်လိုက်ကြတာက သူမရဲ့ ကြီးမားတဲ့အောင်မြင်မှုတစ်ခုလိုပဲ။

ကျိယန် ရဲ့လက်အောက်က တပ်သားလေးတွေအားလုံးက တကယ်ကိုပဲ လုံလဝီရိယရှိကြတာဖြစ်တယ်။ သူတိုတွေက စားသောက်ပြီးသွားတဲ့အခါ သန့်ရှင်းရေးအတွက်ကို ကူညီဖိုစတင်လုပ်ဆောင်ကြတယ်။ အမှိက်တွေကို ပုံးထဲသို့ထည့်တယ်, စားပွဲကိုသုတ်ပြီး ကြမ်းပြင်ကိုပါသန့်ရှင်းရေးလုပ်ပေးကြတယ်။ ထန်ထန် သာ သူတို့ကိုမတားရင် ပန်းကန်ဆေးရာမှာတောင် ကူညီဖို အသင့်ဖြစ်နေကြတယ်။

သူမ  က ချစ်ဖိုကောင်းတဲ့ တပ်သားလေးတွေရဲ့ ကူညီမှုကို ကြည့်ပြီးသဘောကျတဲ့အတွက် သူတိုမပြန်ခင် အမူးပြေဟင်းရည်လုပ်ပေးလိုက်တယ်။

လူတိုင်း အမူးပြေဟင်းရည်နဲ့ အလုပ်ရှုပ်နေတဲ့အချိန်မှာပဲ ထန်ထန် မီးဖိုချောင်ထဲဝင်သွားတာကို တွေ့လိုက်တဲ့ ဖန်ယုဝေ က အနောက်မှ တိတ်တဆိတ်လိုက်သွားတယ်။

- - - - - - - - - - - - - - - - - - - -

ညရောက်တဲ့အချိန်မှာတော့, ထန်ထန် က ကျိယန် အတွက် ခြေထောက်ဆေးဖို ရေဇလုံကိုပြင်ဆင်နေပြန်တယ်။ သဘာ၀ကျစွာနဲ့ ပေါင်ပေ့လေး အတွက်လဲ ပါ၀င်တယ်။

မနေ့ညက အတွေ့အကြုံအရ ကျိယန် က သူ့စိတ်ကိုငြိမ်သက်အောင်ထားပြီး တည်ငြိမ်နေပြီဖြစ်တယ်။ ဒါပေမယ့်လဲ ထန်ထန် သူ့ခြေထောက်ကို ထိတွေ့တဲ့အခါမှာတော့ အနည်းင‌ယ် စိတ်လှုပ်ရှားနေတယ်။ ဒါပေမယ့်လဲ သူ့မျက်နှာမှာတော့ ဘာအမူအယာမှ မဖော်ပြလေတဲ့အတွက် လူများက သူတည်ငြိမ်နေတာကိုသာ တွေ့ရမှာဖြစ်တယ်။ အနည်းဆုံးတော့ ထန်ထန် အနေနဲ့ သူမစေတနာတွေကို သူလက်ခံလာမှန်းသိလိုက်ရပြီး စိတ်အတွင်းမှာတော့ ကြည်နူးနေမိတယ်။

သူမ က သူ့ခြေထောက်ပေါ်ရှိ နှိပ်နယ်ရမည့်အမှတ်နေရာများကို နှိပ်ပေးနေရင်း

“ ယောကျာ်း, ကျန်းချန်း ရဲ့ဇနီးက ကျွန်မ ပန်းကန်ဆေးနေတုန်း လာရှာတယ်, သူမကို ကူညီပေးဖိုတဲ့’’

ကျိယန် သူမကို စူးစမ်းတဲ့ မျက်၀န်းတွေနဲ့ ကြည့်လိုက်တယ်။

‘’သူမက ပြောင်းလာတာကြာပေမယ့် တခြားသူတွေကို စားပွဲမဖိတ်ရသေးဘူးတဲ့, သူမဖိတ်ချင်ပေမယ့်လဲ ဟင်းချက်မကောင်းတဲ့အတွက် ဧည့်သည်တွေ မကျေမနပ်ဖြစ်မှာကို စိုးရိမ်နေတယ်, အဲ့ဒါကြောင့် ကျွန်မကို ချက်ပြုတ်တဲ့နေရာမှာ ကူညီပေးနိုင်မလားလို မေးနေတယ်’’

ကျိယန် က ခဏလောက် တိတ်ဆိတ်နေပြီးတဲ့နောက် ပြန်ဖြေလိုက်တယ်

“ မင်းဘယ်လိုထင်လဲ...’’

‘’ ကျွန်မ သဘောတူလိုက်တယ်, ချက်ပြုတ်တာက မခက်ခဲပါဘူး, ကျွန်မတိုက အိမ်နီးချင်းတွေပဲလေ, ဒါကြောင့် တစ်ယောက်ကို တစ်ယောက် ကူညီသင့်တယ်။ ပြီးတော့ ကျန်းချန အမျီုးသမီးကလဲ အထက်တန်းပြဆရာမဆိုတော့ သူမအလုပ်တွေနဲ့ အရမ်းအလုပ်များနေတာ။ သူမကို ကူညီပေးတာ ဘာမှကြီးကြီးမားမားမရှိပါဘူး, ရှင်ဘယ်လိုထင်လဲ ယောကျာ်း...’’

သူမ က စာသင်ပြပေးတဲ့အလုပ်ကို မွန်မြတ်သောအလုပ်ဟု သတ်မှတ်ထားတဲ့အပြင့် ဆရာ/ဆရာမများအပေါ် စေတနာထားကာ သဘောထားကြီးသူဖြစ်တယ်။ လူတွေကို ပညာသင်ပေးတဲ့သူတွေကို တခြားသူတွေက လေးစားပေးသင့်တယ်လေ။

ကျိယန် က နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပြီး ခဏအကြာမှာ ပြန်ဖြေလိုက်တယ်

“ မင်း သဘောတူထားမှတော့ သွားကူလိုက်ပါ ဒါပေမယ့် ကိုယ့်ကိုကိုယ် အရမ်းမပင်ပန်းစေနဲ့။ မင်းခြေထောက်က ကောင်းကောင်းသက်သာသေးတာမဟုတ်ဘူး’’

ထန်ထန် နှလုံးသားထဲ ချိုမြိန်မှုတွေ စီးဆင်းသွားပြီး ပျော်ရွှင်စွာနဲ့ ခေါင်းငြိမ့်လိုက်တယ်

“ ကျွန်မကိုယ်ကျွန်မ မပင်ပန်းအောင် သတိထားပါ့မယ်’’

သူမ ရဲ့ နွေးထွေးတဲ့ အပြုံးကိုရှောင်ဖို ကျိယန် သူ့အကြည့်တွေကို အောက်သို့နိမ့်ချလိုက်တယ်။

သားအဖ နှစ်ယောက်လုံးကို ခြေထောက်ဆေးပေးပြီးတဲ့နောက် ထန်ထန် မီးဖိုချောင်ထဲသို့ သူမရဲ့ လှပခြင်းဆိုင်ရာအထောက်အကူပြုအစားအစာ တွေကို အိပ်ယာမဝင်ခင်မှာ တိုးတိုးတိတ်တိတ်နဲ့ စားလိုက်တယ်။ ထိုနောက် ခါတိုင်းလိုတန်းမအိပ်သေးပဲ အိပ်ယာပေါ်မှာလှဲကာ သူမဖုန်းကိုကြည့်လိုက်ပြီးနောက် လေးနက်တဲ့ အမူအယာနဲ့ သူမမျက်ခုံးတွေတွန့်သွားတယ်။

ကျိရှောင်ကျိုး  က စပ်စုစွာနဲ့ သူ့မာမီ ဘာလုပ်နေတာလဲဆိုတာ ကြည့်လိုက်တယ်။ ဒါပေမယ့် ဘာမှနားမလည်တဲ့အတွက် မေးရုံသာတတ်နိုင်တော့တယ်

“ မာမီ ဘာတွေလုပ်နေတာလဲ’’

လုပ်ငန်းစဉ်တွေကို မှတ်မိဖို့ သူမ အစွမ်းကုန်ကြိုးစားပေမယ့်လဲ မတတ်နိုင်တဲ့အတွက် စိတ်ဓါတ်ကျစွာနဲ့  ပြန်ဖြေလိုက်တယ်

“ အွန်လိုင်းမှာ ဘယ်လို၀ယ်ရလဲဆိုတာ မာမီလေ့လာနေတာ, ဒါပေမယ့် မာမီက တုံးတယ်လေ။ သားရဲ့ မမဝမ်ဝမ်က မာမီကိုသင်ပေးပေမယ့်လဲ မာမီမမှတ်မိဘူးဖြစ်နေတယ်”

ထန်ထန် တရုတ်ဆေးပင်တွေလိုချင်မှန်း ဝမ်ဝမ် ကြားလိုက်တဲ့နောက် အွန်လိုင်းမှလိုချင်တာတွေဝယ်လိုရမှန်း သူမကို ပြောခဲ့တာဖြစ်တယ်။ ဒီကမ္ဘာကလူတွေ ပစည်းတစ်ခုခုဝယ်ဖို့အတွက် အပြင်ထွက်စရာမလိုပဲ အိမ်တံခါးအထိ လာပို့ပေးတဲ့စနစ်ရှိတာ သိပေမယ့် ဒီကိစ္စက သူမအတွက် ခက်ခဲလွန်းနေတယ်။ ရိုးရှင်းစွာနဲ့ပဲ သူမ မလုပ်တတ်ပေ။

သူမ အွန်လိုင်းမှစျေးမဝယ်တတ်မှန်း ဝမ်ဝမ် သိသွားတုန်းကဆို အချိန်အတော်ကြာ အရမ်းကိုအံ့ဩသွားတယ်။ ထိုနောက် သူမက Taobao app ကိုအွန်လိုင်းမှ ဒေါင်းလုပ်ယူလိုက်ပြီး အကောင့်တစ်ခုဖွင့်ပေးခဲ့တယ်။ ပြီးတော့ ဝမ်ဝမ် က သူမကို နေ့တဝက်လောက် အသုံးပြုနည်း သင်ပေးခဲ့တာဖြစ်တယ်။

အဲ့တုန်းကဆို သူမရှင်းပြတာတွေကို နားထောင်ပြီး သူမ တကယ်ကိုပဲ နားမလည်ခဲ့ဘူး။ ဒါကြောင့် သူမလေ့လာသင်ယူဖိုဆုံးဖြတ်လိုက်တယ်။ သူမ ချိုင်းထောက်နဲ့သွားစရာမလိုပဲ အွန်လိုင်းကနေ အလွယ်တကူ ၀ယ်ယူဖို့အတွက် တကယ်ကိုပဲတတ်ချင်နေမိတယ်။

ကျိရှောင်ကျိုး က ထက်မြတ်တဲ့ကလေး ဖြစ်ပေမယ့်လဲ တစ်ခါမှ အွန်လိုင်းရှော့ပင်း မလုပ်ဖူးလေဘူး။ ပြီးတော့ ကျိယန် ကလဲ သူ့ကိုသင်မပေးဘူးလေ။ ဒါကြောင့် သူက ရှက်ရွံစွာနဲ့ မျက်တောင်လေးခတ်ရုံသာ တတ်နိုင်တော့တယ်

“ မာမီ, ပေါင်ပေါင်လဲ ဘယ်လိုလုပ်ရလဲ မသိဘူး..’’

ထန်ထန် သူ့ပါးလေးကို ညှစ်လိုက်ပြီး

“ ဘာမှ မဖြစ်ပါဘူး, မာမီ တစ်ယောက်တည်းလေ့လာပြီး သင်လို့ရပါတယ်”

အသေးလေး အမူအယာက လေးနက်သွားတယ်။ ထိုနောက် သားအမိနှစ်ယောက်သား အတူတကွ လေ့လာပြီး ဆွေးနွေးနေကြပေမယ့် ဘာမှ မတိုးတက်လာပေ။

ကျိယန် က လည်ချောင်းရှင်းလိုက်ပြီး လက်ထဲမှစာအုပ်ကို ဘေးသိုချလိုက်တယ်။

သားအမိနှစ်ယောက်လုံး တညီတညာတည်း မျက်၀န်းတွေမှတဆင့် သူတို့ဘာတွေမှားနေလဲဆိုတဲ့ အဓိပါယ်နဲ့ လှမ်းကြည့်လိုက်ကြတယ်။

ကျိယန် သူမ လက်ထဲမှဖုန်းကို ညွှန်ပြလိုက်ပြီး

“ အွန်လိုင်းကနေ စျေး၀ယ်မလို့လား...’’

ထန်ထန် ခေါင်းငြိမ့်ပြလိုက်တယ်

‘’ကိုယ် မင်းကိုသင်ပေးရမလား..."

ပထမတော့ ကျိယန် သူမကို အွန်လိုင်းရှော့ပင်းအကြောင်းသင်ပေးမယ်လို့ သဘောမပေါက်ခင်အထိ သူမသတိလက်လွတ်ဖြစ်နေတယ်။ ထိုနောက် ချက်ချင်းပဲ မျက်လုံးများကတောက်ပသွားပြီး ဖုန်းကိုသူ့ဆီလွှဲပေးကာ အူလည်လည်လေးနဲ့ ပြုံးလိုက်ပြီး

“ ဟုတ်, ကျွန်မကိုသင်ပေးပါဦး, ယောကျာ်း’’

ထန်ထန်  ရဲ့အမူအယာကိုမြင်လိုက်ပြီး ဘာကြောင့်မှန်းမသိပေမယ့် သူ့နှုတ်ခမ်းထောင်တွေ အပေါ်သိုပင့်တက်သွားတယ်။ ကျိယန် ဖုန်းကို ယူလိုက်ပြီး သူ့ဘေးနားမှနေရာလွတ်ကို ပြလိုက်ကာပြောလိုက်တယ်

‘’ ဒီကိုလာ’’

ထန်ထန်ချက်ချင်းပဲ သူ့အနားသိုကပ်လိုက်တယ် အသေးလေးကတော့ သူမနောက်မှတကောက်ကောက်ပေါ့။ သားအမိနှစ်ယောက်လုံး ကျိယန် အနားမှာ ဝန်းရံနေတော့တယ်။

အသေးလေး က သူ့မာမီ သေသေချာချာ မမှတ်မိပဲ မလုပ်တတ်မှာစိုးတဲ့အတွက် ကျိယန် ရင်ခွင်ထဲသို တိုး၀င်လိုက်တယ်။ ဒါကြောင့် ကျိယန် ရဲ့ဘေးမှနေရာက ထန်ထန်  အတွက်ဖြစ်သွားတယ်။

ကျိယန်က အွန်လိုင်းရှော့ပင်းအကြောင်း မရှင်းပြမီ အသေးလေးကို နေရာအနည်းငယ်ရွေ့ပြီး နေသားကျအောင်လုပ်လိုက်တယ်။ ထို့နောက် သူ့ကတ်နဲ့ ထန်ထန့် အကောင့်ကိုချိတ်ပေးလိုက်တယ်။ ဒါမှနောက်ဆိုရင် သူမစျေးဝယ်တဲ့အခါ သူ့ကတ်မှငွေကို အလိုအလျောက်ဖြတ်သွားမှာဖြစ်တယ်။

သူ ပထမဆုံး ထန်ထန် လိုချင်တဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးကို စျေးခြင်တောင်းထဲသို ထည့်ပြီးငွေပေးချေလိုက်တယ်။ ထန်ထန် ကောင်းကောင်းသိသွားတာသေချာမှ ကျန်ပစ္စည်းတွေကို သူမဘာသာ ၀ယ်ခွင့်ပေးလိုက်တယ်။

ဒီတစ်ခါတော့ ထန်ထန် တကယ်ပဲနားလည်သွားပြီဖြစ်တယ်။ ကျိယန် အတိုင်းလိုက်လုပ်ပြီးတဲ့နောက် သူမလိုချင်တာများကိုဝယ်ယူခဲ့ပြီး သူမလုပ်ဆောင်ထားတာတွေ ‘အောင်မြင်ကြောင်းသူပြောတဲ့အခါမှာ သူမ၀မ်းသာသွားတော့တယ်။

သူမ ရှောင်ကျိုးပါး ကို အားရပါးရနှစ်ခေါက်လောက်နမ်းလိုက်ပြီး

‘’ ပေါင်ပေါင်, မာမီသင်ပြီးသွားပြီ’’

ကျိရှောင်ကျိုး လဲ သူ့မာမီအတွက် အရမ်းပျော်ရွှင်သွားပြီး ထန်ထန် ကိုပြန်နမ်းကာ လက်မအကြီးကြီးထောင်ပြလိုက်ပြီး “ မာမီက အရမ်းတော်တာပဲ’’

ကျိယန် က သူတိုတွေရဲ့ ချစ်ဖိုကောင်းတဲ့ အူလည်လည်အပြုအမူတွေကို တိတ်ဆိတ်စွာနဲ့ ပြုံးပြီးကြည့်နေတော့တယ်။

Continue Reading

You'll Also Like

7.6K 109 12
In a world where you can buy your wife.
1.7M 94.9K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
11.8K 1K 17
کاش توهم مثل بقیه فکر میکردی من یه ادم افسرده و بدبختم و با نگاه سرشار از ترحمت از کنارم میگذشتی ولی تو موندی... موندی و بهم زندگی کردنو هدیه دادی...
13.7K 473 24
Beyonce and Shawn are a happily married couple trying to raise a family in the bustling city of New York. They have their teenage son and another chi...