ဇနီးချောလေး (Completed)

By Ah_Moon_2024

28.1K 1.1K 7

Description အမြဲလိုလို သူ့ကို သေစေချင်နေသည့်သူ့ဇနီးက ကားမတော်တဆမှုဖြစ်ပြီးနောက် အတိတ်မေ့သွားတာကို သိလိုက်ရတယ... More

Description
1-5
6-10
11-15
21-25
26-30
31-35
36-40
41-45
46-50
51-55
56-60
61-65
66-70
71-75
76-80
81-End
Extra 1
Extra 2
Extra 3
Extra 4
Extra 5
Extra 6 (End)

16-20

1.1K 48 0
By Ah_Moon_2024

Part 16

အဆုံးမှာတော့ အသေးလေး ရဲ့တောင်းဆိုမှုက  ကျိယန် ရဲ့တုံ့ဆိုင်းမှုကိုလမ်းစပျောက်စေခဲ့ပြီးနောက် သူကခေါင်းငြိမ့်ကာ

“ အိုကေ, မာမီလမ်းလျောက်နှေးတာက ဘာမှမဖြစ်ပါဘူး။ ဒက်ဒီတို့နဲ့တူတူ ခေါ်သွားကြတာပေါ့”

‘’ရေး...”

သူ့တောင်းဆိုချက်ကို ခွင့်ပြုချက်ရလိုက်သောအခါ  ကျိယန်ကိုယ်ပေါ်မှ အလျင်စလို ခုန်ဆင်းပြီး အခန်းထဲမှ ပြေးထွက်သွားတော့တယ်။ သူ  ထန်ထန် အခန်းထဲသို့ ပြေးကာ သူမအားအမြန်ဖက်လိုက်တယ်။ ကံမကောင်းစွာနဲ့ပဲ သူမ‌ရဲ့ခြေထောက်ကဒဏ်ရာကြောင့် အသေးလေးရဲ့ အသားလုံးကျည်ဆံလေးကို ပြုတ်ကျမလိုဖြစ်သွားစေပြီး အိပ်ယာပေါ်သို့လဲကျသွားတယ်။

“မာမီ, သားမှာ သတင်းကောင်းရှိတယ်, ဒယ်ဒီက မနက်ဖြန်သားတို့နဲ့အတူတူ မာမီကိုလိုက်ခဲ့ဖို့ သဘောတူလိုက်ပြီ, မာမီဖြေးဖြေးလေးလျောက်လဲ ဘာမှမဖြစ်ဘူး, သားတို့တူတူ ကစားလို့ရပြီ”

‘’ဟမ်... သားဒယ်ဒီ သဘောတူလိုက်တာလား’’

ထန်ထန် အတော်လေးအံ့ဩသွားတယ်။ ပေါင်ပေါင်ဒယိဒီက သူမကို မလိုက်စေချင်ဘူးလို့ ထင်ထားတာလေ။ သူဘာလို့ရုတ်တရက်သဘောတူလိုက်ရတာလဲ

ရှောင်ကျိုး က အားအပြည့်နဲ့ ခေါင်းငြိမ့်လိုက်ပြီး

“ အဲ့ဒါတကယ်ပါ မာမီရဲ့, မာမီဖြေးဖြေးလေး လမ်းလျောက်လဲရတယ်, ပြီးတော့ သားတို့ကစောင့်နေမှာမို့ မာမီကြောက်စရာမလိုတော့ဘူး “

ဒီလိုလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုမှတော့ သူမမငြင်းတော့ပေ။ ကလေးကလဲ သူမနဲ့အတူတူသွားချင်နေပုံရတဲ့အတွက် သူမအနေနဲ့ သူစိတ်ဓါတ်ကျသွားအောင် မလုပ်သင့်ဘူးလေ။ ကိစ္စမရှိပါဘူး, သူမ အလိုက်သင့်လေး နေလိုက်ရုံပဲကို။

နောက်တနေ့မှာတော့, ကျိယန် က ဘာမှမပြောပေ။ သူက ပစ္စည်းတစ်ချို့ကိုထုတ်ပိုးပြီး သားအမိနှစ်ယောက်နှင့်အတူတူ အပြင်ထွက်သွားကြတယ်။ သူတို့က ပင်လယ်ကမ်းခြေတစ်ခုက ဗီလာကိုသွားခဲ့ကြပြီး အဲ့ဒါက ကျိုးကျီ ရဲ့အပန်းဖြေအိမ်ဖြစ်တယ်။ သူတို့က အဲ့ကိုမကြာခဏသွားတတ်ကြတယ်။

သူတို့ရောက်တဲ့အချိန်မှာ လူတိုင်းရောက်နှင့်နေပြီဖြစ်တယ်။ ကျိယန်က ရှောင်ကျိုး ကိုခေါ်လာတဲ့အတွက် လူတိုင်းပျော်ရွှင်နေကြပြီး သူတို့နောက်က ထန်ထန်ကိုမြင်ရတဲ့အခါမှာတော့ လူတိုင်းရဲ့အမူအယာပြောင်းသွားပြီးလေထုက အတော်လေး ကသိကအောက်ဖြစ်သွားတော့တယ်။

ကျိယန်က ဘယ်တုန်းကမှ သူ့ဇနီးကို သူတို့တွေတွေ့ဆုံတိုင်း‌ ခေါ်မလာခဲ့ဖူးပေ။ ပြီးတော့ သူနဲ့ ထန်ထန်တို့ကြားက အကြောင်းအရာတွေကိုလဲ ဘယ်တုန်းကမှ ပြောဆိုခဲ့ခြင်းမရှိပေ။ ဒါပေမယ့်လဲ သူတို့နှစ်ဦးကြားမှာ ပြဿနာတွေရှိတယ်ဆိုတာကိုတော့ အသေးစိတ်မသိကြပေမယ့်လဲ လူတိုင်းကသတိထားမိပြီးဖြစ်တယ်။ ကျိယန် က အဲ့အကြောင်းတွေကိုမပြောချင်ခဲ့တဲ့အတွက် သူတို့ကလဲမမေးခဲ့ကြဘူး။

ဒါပေမယ့် ဒီနေ့မှ ဘယ်လိုဖြစ်သွားတာလဲ

ကုကျန်းအန်း ရဲ့ဇနီးက ပတ်၀န်းကျင်ကိုသက်သာစေရန် လေထုကို ပထမဆုံးချိုးဖျက်လိုက်တယ်။ သူမက ကျိယန် လက်ထဲမှ ရှောင်ကျိုးကို ချီလိုက်ကာ ပါးကိုအားရပါးရနမ်းလိုက်ပြီး

“ အချစ်ကလေး, အန်တီ ယွဲ့ ကသားကိုအရမ်းသတိရနေတာ”

ရှောင်ကျိုးက သူမ ပါးကိုပြန်နမ်းလိုက်ကာ ချစ်ဖို့ကောင်းတဲ့ ကလေးအသံလေးနဲ့ပြောလိုက်တယ်

“ အန်တီ ယွဲ့ သားလဲ အန်တီ့ကိုအများကြီးလွမ်းနေတာ”

ကျီယွဲ့ က မထိန်းနိုင်တော့ပဲ သူ့ခင်ပွန်းဆီကိုတိုက်ရိုက်ပဲ အသေးလေးအားချီပြီးသွားလိုက်တယ်။ သူမက ချစ်စရာကောင်းတဲ့ အသားလုံးလေးရဲ့ပျော်စရာတွေကို သူ့ခင်ပွန်းနဲ့အတူတူ မျှေ၀ချင်တယ်လေ။

အဲ့အချိန်မှာပဲ ကျိုးကျီက ဝှီးချဲနဲ့ရောက်လာတော့တယ်။ သူက ကျိယန် ကိုလက်ဆွဲနှုတ်ဆက်ပြီးနောက် ထန်ထန်ကိုပြုံးပြကာပြောလိုက်တယ်

“ခယ်မလေး ထိုင်ပါဦး, သက်သောင့်သက်သာနေနော်”

ထန်ထန်အသက်ရှုထုတ်လိုက်ရင်းနဲ့ ကျိုးကျီကိုပြုံးပြလိုက်ကာ ကျိယန် နောက်မှလိုက်သွားပြီး သူ့အနားမှာပဲထိုင်လိုက်တယ်။

ကျိယန် ရဲ့ သူငယ်ချင်းတွေအားလုံးက ကျက်သရေရှိစွာနဲ့ ကြည့်ကောင်းနေကြပြီး သူမစိတ်ထဲဘာတွေဖြစ်နေလဲ ဆိုတာကိုတော့ ဘယ်သူမှသတိမထားမိကြပေ။ အထူးသဖြင့် ဝှီးချဲလ်ပေါ်က တစ်ယောက်ကောပေါ့။ ပြီးတော့ သူတို့အားလုံးက သူမကိုသဘောမကျပုံ ပေါ်နေကြတဲ့အတွက် မူလပိုင်ရှင်ကို သဘောမကျဘူးဆိုတာ သူမသေချာပေါက်ပြောရဲတယ်။ သူတို့တွေက သူမကို ဒီနေ့လိုက်မလာသင့်ဘူးလို့တောင် တွေးချင်တွေးနေနိုင်လောက်တယ်။

ကျိယန် က သူမကို သေသေချာချာ မိတ်ဆက်မပေးခဲ့ပါဘူး။ သူက အားလုံးရဲ့နာမည်ကို အကြမ်းဖျင်းပဲပြောပြခဲ့တယ်။ ပြောပြီးတာနဲ့ သူကချက်ချင်းပဲ ကျိုးကျီ နဲ့အတူတူ ရှယ်ယာတွေအကြောင်းကိုသာ ပြောနေကြတော့တယ်။ သူမ က သူတို့ပြောတဲ့စကားတွေကို နားမလည်တဲ့အတွက် သူမမျက်နှာပေါ်မှာ အပြုံးသေးလေးနဲ့အတူ သူတို့နားမှာထိုင်ရင်း နားထောင်နေလိုက်တယ်။

ကံကောင်းစွာနဲ့ပဲ ကျိရှောင်ကျိုး က သိပ်မကြာခင်ပြန်ရောက်လာပြီး ချက်ချင်းပဲ  သူမလက်ကိုဆွဲကာ

“ မာမီ သားတို့သွားစားရအောင်, အဲ့မှာ အရသာရှိတဲ့စားစရာတွေ အများကြီးပဲ”

ထန်ထန် ပင့်သက်တချက်ရှိုက်လိုက်ပြီး အသေးလေးဆွဲခေါ်ရာနောက်ကို လိုက်ခဲ့တော့တယ်။

သားအမိနှစ်ယောက်လုံးထွက်သွားသည်နှင့် တပြိုင်နက် ကျိုးကျီ... ကျိယန် ကိုကြည့်ကာ မေးလိုက်တယ်

“ လောင်ဆန်း မင်းဘဝြကီး တခုခုများပြောင်းလဲသွားတာလား’’

ကျိယန် က လမ်းလျောက်သွားတဲ့ နှစ်ယောက်ကိုလှမ်းကြည့်လိုက်ရင်း အချိန်အတော်ကြာတိတ်ဆိတ်နေပြီးမှ ရေရွတ်လိုက်တယ်

“ဟုတ်လောက်တယ်”

ကျိုးကျီ ပေါ့ပါးစွာနဲ့ရယ်လိုက်ရင်း အသေးလေးဘက် ကိုကြည့်လိုက်ကာ မှတ်ချက်ချလိုက်တယ်

“ ငါတော့ ရှောင်ကျိုး ပိုပျော်လာတယ် ထင်တာပဲ, အဲ့ဒါက ကောင်းတဲ့ပြောင်းလဲခြင်းဆိုတာ ငါ့ယုံကြည်တယ်”

ကျိယန် လဲ လွန်ခဲ့တဲ့ရက်တစ်ချို့က အသေးလေးရဲ့ အပြုအမူတွေကိုပြန်တွေးလိုက်ရင်း ပြုံးလိုက်တယ်။

တခြားတဖက်မှာတော့, ရှောင်ကျိုး ကထန်ထန် ကို အစားအသောက်နေရာသို့ ဦးဆောင်သွားတာဖြစ်တယ်။ အသေးလေးက ရေခဲမုန့်ကိုတွေ့လိုက်တဲ့အခါမှာ ကျေနပ်ပိတိတွေဖြစ်သွားတော့တယ်။ ထို့နောက် သူ့လက်တစ်ဖက်စီမှာ ရေခဲမုန့်ကိုကိုင်ထားတာဖြစ်ပြီး သူ့မှာလက်အပိုထပ်ရှိသေးရင် ထပ်ယူထားမယ်ပုံပေါ်နေတော့တယ်။

ရေခဲမုန့် အများကြီးစားတာက ကိုယ်ခန္ဓာအတွက်မကောင်းဘူးလို့ ကျိယန် ပြောဖူးတာကို သူမ သတိရသွားတယ်။ အထူးအဖြင့်ကလေးတွေအတွက်ပေါ့။ အဲ့ဒါကြောင့် သူမကအလျင်အမြန်ပဲ အသေးလေးကို

“ပေါင်ပေါင်, သားဒယ်ဒီပြောထားတာကို မေ့သွားတာလား သားကို ရေခဲမုန့်တစ်ခုပဲ စားခွင့်ပြုထားတယ်လေ...”

ရှောင်ကျိုး ဆီက စိတ်ပျက်တဲ့အသံလေးထွက်လာတယ်

“အာ...”

သူ့လက်ထဲက ရေခဲမုန့်နှစ်ခုထဲမှ တစ်ခုကိုရွေးဖို့ ဆန္ဒမရှိဘူးဖြစ်နေတယ်။ သူက ထန်ထန် ကို သနားစဖွယ်အကြည့်လေးနဲ့ ကြည့်လိုက်ပြီး နူးညံ့တဲ့အသံလေးနဲ့

“ဒီတစ်ခါတည်းပါ မာမီရယ်, နောက်တစ်ခါဆို တစ်ခုတည်းပဲစားမယ်လေ နော်”

သူမ နှလုံးသားထဲ နူးညံ့သွားတယ်။ ဒါပေမယ့်လဲ ရေခဲမုန့်အလွန်အကျွံ့စားခြင်းက လူတွေကိုချောင်းဆိုး ဖျားနာဖြစ်စေနိုင်တယ်လေ။ အဲ့လိုသာဆိုရင် ဒုက္ခခံစားရမှာက အသေးလေးပဲဖြစ်တဲ့အတွက် သူမ သူ့ကိုဖျားနာဖို့ခွင့်မပြုနိုင်လေဘူး။ ဒါကြောင့် သူမနှလုံးသားကို ပြန်တင်းလိုက်ပြီး ပြောလိုက်တယ်

“ မရဘူး, သားတစ်ခုပဲစားလို့ရမယ်, မဟုတ်ရင် မာမီက…”

“ဝု…ဟုတ်”

အသေးလေးက သူ့လက်ထဲက ရေခဲမုန့်ကို ဆန္ဒမရှိပဲ လက်လျော့လိုက်ရင်း တီတိုးရေရွတ်လိုက်တယ်။

အဲ့အချိန်မှာပဲ ကုယန်ရန် ရောက်လာပြီး ရှောင်ကျိုး အရှေ့မှာထိုင်လိုက်ကာ ပြုံးလျက်ပြောလိုက်တယ်

“ ရှောင်ကျိုး က ရေခဲမုန့်နှစ်ခုစားချင်တာလား တခါတလေစားတာ ဘာမှမဖြစ်ပါဘူး ပြီးတော့ ဒီနေ့ကနေပူတယ်လေ အဲ့ဒါကြောင့် သားဖျားမှာမဟုတ်ပါဘူး...”

ထို့နောက် သူမက ထန်ထနိ ကိုပြောလိုက်တယ်

“ တကယ်တော့ ရေခဲမုန့်က သူ့အတွက်  သီးသန့်လုပ်ထားတာပါ အဲ့ဒါကြောင့် ပုံမှန်ထက် ဆိုဒ်ကိုလဲသေးထားတယ်လေ, နှစ်ခုစားတာက ဆိုင်ကတစ်ခုကိုစားသလိုပါပဲ, အဲ့ဒါကြောင် ဒီမှာ နှစ်ခုလုံးကိုစားလိုက်လဲ ဘာမှမဖြစ်ပါဘူး, ရှင်အနေနဲ့ ကလေး ကိုအရမ်းကြီး တင်းကြပ်ဖို့မလိုပါဘူး”

“အဲ့ဒါက…”

ထန်ထန် အနေနဲ့လဲ တစ်ခါတစ်လေ စားတာဘာမှမဖြစ်ဘူးလို့ တွေးမိလိုက်ပေမယ့်လဲ သေချာအောင်သူမလုပ်ချင်သေးတယ်။ အများကြီးစားမိလို့ အသေးလေးသာဖျားနာခဲ့မယ်ဆိုရင် သူမနောက်တရဖို့ အရမ်းနောက်ကျသွားနိုင်တယ်။ အဲ့ဒါကြောင့် သူမက အသေးလေးကို ပိုစားဖို့ခွင့်မပြုခဲ့တာပဲဖြစ်တယ်။

သူ့မာမီ ဒုက္ခရောက်နေတာကို ကြည့်ပြီး အသေးလေးကရှေ့သို့တိုးလိုက်ကာ

“ အန်တီ ယန်ရန် သားမှာ တစ်ခုရှိနေပါပြီ ဒယ်ဒီကသားကိုအများကြီးမစားဖို့ ပြောထားလို့ပါ...”

ကလေးက ဒီလိုပြောလိမ့်မယ်လို့ ကုယန်ရန် ထင်မှတ်မထားပေ။ သူမက ခဏလောက်အေးခဲသွားပြီးနောက် အသေးလေးခေါင်းကိုပွတ်ကာ ပြောလိုက်တယ်

“ ရှောင်ကျိုးလေး က တကယ်ကိုလိမ်မာတာပဲ”

ပောင်ပေ့လေးကဒီလိုမျိုးနားလည်တတ်တာကို ကြည့်ရင်း ထန်ထန် က နူးညံ့မှုတွေနဲ့ ပြည့်နှက်သွားတော့တယ်။ သူမက တွေးရင်းနဲ့ပြောလိုက်တယ်

“ဒီလိုလုပ်မလား ပောင်ပောင်...မာမီ သားနဲ့တူတူစားမယ်လေ, ဒါဆို အရသာမတူတာနှစ်ခုကို မာမီတို့နှစ်ယောက်ခွဲစားလို့ရတာပေါ့”

ရှောင်ကျိုး မျက်လုံးများကတောက်ပသွားပြီး စိတ်အားထက်သန်စွာနဲ့ ခေါင်းငြိမ့်လိုက်ကာ

“ ဟုတ်... မာမီ သားတို့တူတူစားကြမယ်”

သူမ အသေးလေးကို ဆိုဖာဆီသို့ခေါ်သွားပြီး သူမရှေ့မှာထိုင်ခိုင်းကာ ရေခဲမုန့်တစ်ဇွန်းကို အသေးလေးအားခွံ့ကျွေးပြီးနောက် သူမအတွက်လဲ တစ်ဇွန်းစားလိုက်တယ်။

နှစ်ယောက်သား ရေခဲမုန့်ကိုပျော်ရွှင်စွာနဲ့ အတူတကွစားနေကြတယ်။

ကုယန်ရန် ကပြုံးလိုက်ပြီး ကော်ဖီနှစ်ခွက်ဖျော်ရန် မတ်တပ်ရပ်လိုက်တယ်။ သူမက ကော်ဖီခွက်ကို ကျိယန်နဲ့ကျိုးကျီ တို့ဆီသို့ယူသွားလိုက်တယ်။ ပထမခွက်ကို ကျိုးကျီ ကိုပေးလိုက်ပြီး နောက်တစ်ခွက်ကို ကျိယန် ကိုပေးလိုက်ကာ ...

“ အကို ကျိယန် ဒီခွက်က သကြားမပါဘူး, အကိုက အချိုတွေမကြိုက်တာကို ကျွန်မသိပါတယ်”

ကျိယန်ကော်ဖီကိုလက်ခံလိုက်ပြီး ပြောလိုက်တယ်

“ ကျေးဇူးတင်ပါတယ်”

“ကျွန်မတို့နှစ်ယောက်ကြားမှာ ဒီလောက်ထိ သူစိမ်းဆန်ဖို့မလိုပါဘူး”

ကုယန်ရန်က ဟာသနှောရင်းပြောလိုက်တယ်။ ထို့နောက် သူမက ကျိယန်ဘေးမှာထိုင်ရင်း စတော့ခ်ရှယ်ယာတွေ အကြောင်းပြောနေတာကို ၀င်ပါလိုက်တော့တယ်။

ကျီယွဲ့ က တောက်လျောက် အားလုံးကိုကြည့်နေတာဖြစ်ပြီး ကုကျန်းအန်း. ကိုတံတောင်နှင့်တွတ်လိုက်ကာ ထန်ထန့်ဘက် ကြည့်ရင်းပြောလိုက်တယ်

“ ကျိယန် ဇနီးကိုကြည့်လိုက်ဦး, သူမအရင်နဲ့မတူပဲ ပြောင်းသွားတယ်မထင်ဘူးလား, အရင်တုန်းကဆိုရင် ရှောင်ကျိုး နဲ့ ကျွန်မတို့ကို ကြည့်တာတောင်မဟုတ်ဘူး အခုကျတော့ သူမက ရှောင်ကျိုး ကို ကောင်းကောင်းဆက်ဆံနေတယ်။ တစ်ခုခုများဖြစ်သွားလားလို့ ကျွန်မထင်နေတယ်..."

ကုကျန်းအန်း က သူ့ဇနီးခေါင်းလေးကိုပွတ်လိုက်ပြီး ဘာမှမဖြစ်သလိုပဲပြောလိုက်တယ်

“ တစ်ခုခုဖြစ်သွားတာနေမှာပေါ့, ဒါပေမယ့် အဲ့ဒါက လောင်ဆန်း ရဲ့ သီးသန့်ကိစ္စလေ ကိုယ်တို့ဝင်ပါဖို့မလိုအပ်ဘူး”

ကျီယွဲ့ ကနှုတ်ခမ်းတွန့်လိုက်ကာ တိတ်တဆိတ်နဲ့ပြောလိုက်တယ်

“ အမှန်ပဲ, ကျွန်မတို့ ကျိယန်ရဲ့ သီးသန့်ကိစ္စကို ၀င်မစွက်ဖက်သင့်ဘူး ဒါပေမယ့် ရှင့်ညီမကတော့ …”

သူမအဖြေကို သူကြားလိုက်တဲ့အခါ ကုကျန်းအန်း က  ကုယန်ရန် ကိုလှမ်းကြည့်လိုက်တယ်။ အဲ့ဒါက အဓိပ္ပာယ်မရှိဘူးလို့တွေးလိုက်မိပြီး ရယ်ရင်းနဲ့ ကျီယွဲ့နဖူးကိုပုတ်လိုက်ကာ

“ မင်းဘာတွေပြောနေတာလဲ ယန်ရန်က ကျိယန် ကို တခြားသူတွေလိုပဲ သူ့အကိုလို့သတ်မှတ်ထားတာ, သူမက ကိုယ်တို့နောက်ကနေလိုက်ရင်းနဲ့ ကြီးပြင်းလာတာပဲလေ”

ကျီယွဲ့ က စိတ်ထဲမှရယ်လိုက်ရင်း သူမမျက်လုံးကိုလှိမ့်လိုက်မိတယ်။ ယောကျာ်းတွေက ဒီလိုမျိုးတွေကို သတိထားမိဖို့အတွက် ဆိုးဝါးလွန်းတယ်, ဘယ်သူမှန်တယ်ဆိုတာ ဘယ်သူမှမသိနိုင်သေးဘူးလေ။

ကိစ္စမရှိပါဘူး။ သူမဆီမှာ စိုးရိမ်ဖို့အချိန်တွေရှိနေမှတော့ သူမအနေနဲ့ နောက်ထပ်ဘာလုပ်ရမလဲဆိုတာကိုပဲ စိတ်ပူသင့်တယ်။

ထို့နောက် သူမကမတ်တပ်ရပ်လိုက်ပြီး တစ်စုံတစ်ခုကိုကြေငြာဖို့အတွက် လူတိုင်းကို စိတ်၀င်စားလာစေအောင် လက်ခုပ်တီးလိုက်တယ်

“  အားလုံးပဲအနားယူကြရအောင်, နေ့လည်ကျရင် ကမ်းခြေမှာ ကစားကြမယ်, ရေကူး၀တ်စုံတွေနဲ့လာတော့မယ်”

လူတိုင်းက ရယ်လိုက်ကြတယ်။

အားလုံးက အနားမယူခင် နေ့လည်စာအတွက် ပေါ့ပေါ့ပါးပါးသာ စားလိုက်ကြတယ်။ ကျိယန်တို့မိသားစုအတွက်ကတော့ သဘာ၀ကျစွာပဲ အခန်းတခန်းတည်း နားလိုက်ကြတယ်။ အဲ့ဒါက သူတို့နှစ်ယောက်လုံးကို အနေကြပ်စေတယ်။ အခုအချိန်မှတော့ တခြားအခန်းကိုလဲပေးဖို့ ပြောမယ်ဆိုရင် ထူးဆန်းနေလိမ့်မယ်။

တခြားတစ်ဘက်မှာတော့ အသေးလေး ကတော့ သိသိသာသာကိုပဲ ပျော်ရွှင်နေတယ်။ သူက အိပ်ယာပေါ်သို့တွယ်တက်လိုက်ပြီး တကိုယ်လုံးကိုလှိမ့်ဆော့ပြီးတဲ့နောက် အိပ်ယာကိုလက်နဲ့ပုတ်ကာပြောလိုက်တယ်

“ ဒယ်ဒီ, မာမီ, ဒီကိုမြန်မြန်လာ, အိပ်ယာက အကြီးကြီးနဲ့ နေလို့အရမ်းကောင်းတာပဲ, သားတို့ ပင်လယ်ကိုတောင် မြင်နေရတယ်”

ထန်ထန် မျက်နှာက နီရဲနေပြီး မလှုပ်ဝံ့ဘူး။ သူမ ဘာလုပ်ရမှန်းမသိဖြစ်နေပြီး အဆုံးမှာတော့ ကျိယန်က အိပ်ယာဆီကို အရင်ဆုံးဦးဆောင်သွားလိုက်တော့တယ်

သူ ရှောင်ကျိုး ရဲ့ ညာဘက်ခြမ်းမှာလှဲလိုက်ပြီး ထန်ထန်ကိုလှမ်းပြောလိုက်တယ်

“ အနားယူကြရအောင်, မဟုတ်ရင် အားမရှိပဲနေလိမ့်မယ်”

ထန်ထန် မျက်နှာပိုနီရဲသွားတယ်။ သူမက အနားကိုခပ်သွက်သွက်လျောက်သွားပြီး ကလေးရဲ့ဘယ်ဘက်ခြမ်းမှာ လှဲချလိုက်တယ်။ ထို့နောက် သူမလက်ကိုဗိုက်ပေါ်တင်လိုက်ပြီး လုံး၀မလှုပ်တော့ပေ။

ကျိရှောင်ကျိုး က ညာဘက်ခြမ်းမှာရှိတဲ့ သူ့ဒယ်ဒီဘက်သို့ လှိမ့်လိုက်ပြီးကြည့်လိုက်တယ်။ ထို့နောက် ဘယ်ဘက်ခြမ်းသို့ထပ်လှိမ့်ကာ သူ့မာမီကိုကြည့်လိုက်ပြန်တယ်။ သူက သူမတို့နှစ်ယောက်လုံးရဲ့ လက်ကိုတွဲကိုင်ကာ ပိတိဖြစ်စွာနှင့်ပြောလိုက်တယ်

“ သားတို့တွေ ဒီလိုမျိုးအမြဲတမ်း တူတူအိပ်လို့ရရင် အရမ်းကောင်းမှာပဲ”

မျက်နှာနီရဲနေပြီဖြစ်တဲ့ ထန်ထန်  ဘာမှမဖြေပေ။ အဲ့ဒီအချိန်မှာပဲ ကျိယန် ကဆုံးဖြတ်ချက်ချလိုက်ပြီး မျက်လုံးကိုမှိတ်လိုက်တော့တယ်။

ကျိရှောင်ကျိုး  က သူ့မိဘတွေအိပ်ပျော်သွားပြီလို့ ယူဆလိုက်တယ်။ အဲ့ဒါကြောင့် သူက သူတို့ကိုနှိုးမိမှာစိုးတဲ့အတွက် စကားမပြောပဲနေလိုက်တယ်။ ထို့နောက်  သူ့မျက်လုံးကိုပိတ်ကာ အိပ်မောကျသွားတော့တယ်။

ထန်ထန် သားအဖနှစ်ယောက်လုံး မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားတာကိုကြည့်ရင်း နောက်ဆုံးတော့ သူမစိတ်အေးသွားတာ တဖြည်းဖြည်းအိပ်ပျော်သွားတယ်။

ထန်ထန်  နှင့် ကျိရှောင်ကျိုး  တို့ရဲ့ တည်ငြိမ်တဲ့အသက်ရှုသံတွေကိုကြားတဲ့အခါ ကျိယန်  မျက်လုံးပြန်ဖွင့်လိုက်တယ်။ သူက သားအမိနှစ်ယောက်လုံးကိုကြည့်ရင်း ရှင်းမပြနိုင်တဲ့ ခံစားချက်တွေ သူ့နှလုံးသားထဲ ပြည့်နှက်သွားတယ်။

-  - - - - - - - - - - - - - - -

မွန်းလွဲပိုင်းရောက်တဲ့အခါမှာတော့ ကျီယွဲ့ က ထန်ထန်   အပါအဝင် လူတိုင်းအတွက် ရေကူး၀တ်စုံကို ပြင်ဆင်ပေးလိုက်တယ်။

ထန်ထန် က ဒီကမ္ဘာရဲ့ ၀တ်စားဆင်ယင်ပုံကို အသားကျနေပေမယ့်လဲ ရေကူး၀တ်စုံကိုတော့ မ၀တ်ရဲပေ။ အနည်းငယ်သာ ဖုံးကွယ်ပေးတဲ့ ရေကူး၀တ်စုံကို ၀တ်ဖို့အတွက်က သူမကို ကြီးမားတဲ့စိန်ခေါ်မှုဖြစ်စေတယ်။

ကျိယန်နဲ့ ရှောင်ကျိုး တို့ ရေကူး၀တ်စုံ၀တ်ပြီးသည်အထိ သူမအဲ့ဒါအတွက် အဆင်မပြေဖြစ်နေတုန်းပဲ။

အချိန်အတော်ကြာ စောင့်ပြီးသည်အထိ ထန်ထန် ထွက်လာတာကို မတွေ့သေးတဲ့အတွက် ရှောင်ကျိုး  က အ၀တ်လဲခန်းကို ပြေးပြီးတံခါးခေါက်လိုက်တယ်

“ မာမီ, လဲလို့ပြီးသွားပြီလား သားတို့အကုန်ပြီးသွားပြီနော်”

နဂိုအ၀တ်အစားတွေ မလဲရသေးပဲဖြစ်နေသော ထန်ထန် က တံခါးဖွင့်လိုက်တယ်။

“ဟင်... မာမီ, ဘာလို့မလဲသေးတာလဲ”

“ မာမီအဲ့ဒါကို မ၀တ်ချင်ဘူး, အဲ့ဒါက မာမီနဲ့ကြည့်မကောင်းဘူးလေ...”

အသေးလေးက သူမ လက်ထဲက ၀တ်စုံကိုလှမ်းယူပြီး ကြည့်လိုက်တယ်။ ထို့နောက် သူကခေါင်းမော့ကာ

“ မာမီ, သူများတွေက မာမီကို ၀တယ်လို့ပြောမှာကြောက်လို့ မ၀တ်တာလား ဘာမှမဖြစ်ပါဘူး, သားကိုကြည့်လေ, သားလဲ၀တာပဲ ဒါပေမယ့် သားမကြောက်ဘူး...”

သူက သူ့ကိုယ်သူစတေးခံပြီး ဗိုက်သားတွေကို သူမမြင်အောင် လက်နဲ့မပြလိုက်ရင်း ပြောလိုက်တယ်။

အသေးလေးက ပုံမှန်ဆို အဲ့ဒါကိုဝန်ခံလေ့မရှိပေမယ့်လဲ တကယ်တမ်းတော့ သူ့ကိုယ်သူအလေးချိန်များနေတယ်ဆိုတာ သိနေခဲ့တာပဲ။

သူမ ရယ်ရမလား ငိုရမလား မသိဖြစ်သွားတယ်။ သူမကို ၀တယ်လို့ခေါ်ကြမှာကို မကြောက်ပါဘူး။ တကယ်တော့ သူမ ကိုယ်အလေးချိန်တိုးလာအောင်တောင် ဆုတောင်းနေသေးတာပဲ။ အနည်းဆုံးတော့ အရိုးစုလိုပိန်နေရာကနေ အနည်းငယ်၀လာနေပြီပဲ။

သို့သော်လဲ ရှောင်ကျိုး  ကို ဘယ်လိုရှင်းပြရမှန်း သူမ မသိဘူးဖြစ်နေတယ်။

အခြေအနေကိုကြည့်နေတဲ့ ကျိယန်  က ရှောင်ကျိုး  ကို ချီလိုက်ပြီး

“ ကောင်းပြီ, မာမီက အ၀တ်မလဲချင်လဲ ဘာမှမဖြစ်ဘူး, အောက်ကိုသွားကြရအောင်”

ကျိယန်ရဲ့ ချီထားခြင်းကိုခံထားရတဲ့ ပေါက်စီလုံးလေး က သူ့လက်လေးတွေကို ယမ်းလိုက်ရင်း

“ အိုကေ, မာမီ နဂိုအဝတ်ပဲ ၀တ်လို့ရတယ်၊ ဒါဆို အခုပင်လယ်ထဲသွားပြီး ဆော့ကြမယ်”

ထန်ထန် သက်ပြင်းချလိုက်တယ်။ သူမချက်ချင်းပဲ ရေကူး၀တ်စုံကို လွှတ်ချလိုက်ပြီး သားအဖနှစ်ယောက်နောက်သို့ ချိုင်းထောက်အသုံးပြုရင်း လိုက်သွားတော့တယ်။

Part 17

ကျိရှောင်ကျိုး ရဲ့မှတ်ညဏ်ထဲမှာ တစ်ခါမှသူပင်လယ်ကိုမရောက်ဖူးသေးပေ။ အဲ့ဒါကြောင့် သူကကျည်ဆံလိုအရှိန်နဲ့ ပင်လယ်ဆီကို ပျော်ရွှင်စွာပြေးသွားတော့တယ်။ ကံကောင်းစွာနဲ့ပဲ ကျိယန်က သူ့ကို ရေကူးဘောကွင်းဝတ်ထားပေးပြီး သူ့အနားမှာနေစေတယ်။ မဟုတ်ရင် လှိုင်းခတ်ပြီး အဝေးကိုပါသွားနိုင်တယ်။

အသေးလေးက ပျော်ရွှင်စွာနဲ့ရယ်မောနေပြီး ကမ်းခြေမှာရပ်နေတဲ့ ထန်ထန်  ကို လက်‌ဝှေ့ယမ်းပြနေတယ်

“ ဒီကိုလာပါလား မာမီ, ဒီမှာအရမ်းပျော်ဖို့ကောင်းတာပဲ”

သူမခြေထောက်မှ ကျောက်ပတ်တီးက အခုထိရှိတုန်းပဲဖြစ်ပြီး အဲ့ဒါကရေစိုလို့မရသေးဘူးဖြစ်တယ်။ အဲ့ဒါကြောင့် သူမကလက်ကိုယမ်းပြလိုက်ရင်း တောင်းပန်စကားဆိုလိုက်တယ်

“ မာမီရေထဲသွားလို့မရသေးလို့ ဒီကနေပဲကြည့်နေတော့မယ်”

အသေးလေးက အနည်းငယ်စိတ်ပျက်သွားတယ်။ ဒါပေမယ့်လဲ သူ့ဒယ်ဒီက သူနဲ့အတူဆော့နေတဲ့အတွက် ချက်ချင်းပဲ အသဲအသန် ဆက်ကစားနေတော့တယ်။

လူတိုင်းက ရေကူး၀တ်စုံကိုယ်စီ၀တ်ထားပြီး ရေထဲကိုဆင်းကုန်ကြတယ်။ အမျိုးသားတွေက ရင်ဘတ်နဲ့ ခြေတံတွေကိုဖော်ပြထားတဲ့အတွက် သူမ သူတို့ကို မကြည့်ရဲဘူးဖြစ်နေတယ်။ သိုသော်လဲ ကျီယွဲ့နဲ့ ကုယန်ရန် ကိုတော့ သူမ မကြည့်ပဲမနေနိုင်ဘူး။ သူမတို့နှစ်ယောက်လုံးရဲ့ လှပပြီး ရှည်လျားတဲ့ခြေတံတွေနဲ့ သေးသွယ်တဲ့ခါးတွေကိုမြင်နေရတယ်။ သူတို့က ရေကူး၀တ်စုံကိုယ်စီ၀တ်ထားကြပြီး နေရောင်အောက်မှာ တောက်ပနေကြတဲ့အတွက် သူမတို့နှစ်ယောက်လုံးကြည့်ကောင်းကြတယ်ဆိုတာကို ထန်ထန်မငြင်းနိုင်ဘူး။

သူမရဲ့ သစ်သားချောင်းလိုကိုယ်ခန္ဓာကို ပြန်ကြည့်မိပြီး စိုးရိမ်လာတယ်။ ကွာခြားချက်ကအရမ်းကို ကြီးမားတာပဲ။ သူမက အရိုးစုလိုမျိုး လှပတဲ့ ပုံပန်းသဏန်ရှိနေတာပဲ။ သူမ အများအပြားစားခဲ့ပေမယ့်လဲ ကိုယ်အလေးချိန်တိုးလာခြင်း မရှိသေးပေ။ သူမစားခဲ့တာတွေအကုန်လုံး ဘယ်ရောက်ကုန်တာလဲ

သူမမျက်နှာပေါ်က အပြောင်းအလဲတွေအကုန်လုံးက သိသာလွန်းတာကြောင့် တချက်ကြည့်လိုက်ရုံနဲ့ပင် သူမဘာတွေးနေလဲဆိုတာကို အလွယ်တကူသိနိုင်တယ်။ အဲ့ဒါကို ပင်လယ်ထဲမသွားနိုင်တဲ့ ကျိုးကျီက သူမကိုပြုံးရင်း ကြည့်နေတာဖြစ်တယ်။

ထန်ထန်  သူမအတွေးတွေကို တခြားတစ်ယောက်သိသွားလောက်မှန်း သတိထားမိသွားပြီး မျက်နှာကနီမြန်းသွားကာ ခြောက်သွေ့စွာပြုံးပြလိုက်မိတယ်။

ကျိုးကျီ   က သူ့ရဲ့ ဝှီးချဲလ်ကို သူမဘက်သို့ရွေ့လိုက်ပြီး

“ ဟိုနားသွားပြီး ထိုင်ရအောင်, အခုက နေအရမ်းပူနေသေးတယ်”

သူမက ကျိုးကျီ  နဲ့ အရမ်းမရင်းနှီးပေမယ့်လဲ သူက ကျိယန်ရဲ့ သူငယ်ချင်းကောင်းဖြစ်ပြီး ကျိယန်က သူ့ကိုလေးစားမှန်းသူမ သိနေမှတော့ မငြင်းတော့ပဲ သူ့နောက်သို့ သူမချိုင်းထောက်အကူအညီနဲ့ လိုက်ခဲ့တော့တယ်။

စားပွဲခုံပေါ်မှာ ရှေးခေတ်ရေနွေးခွက်တစ်စုံရှိတယ်။ အဲ့ဒီ ခွက်တွေက ဟောင်းနေပုံရပြီး ကျက်သရေရှိစွာ လှပနေလေတယ်။ အဲ့ဒါတွေက သူမအရင်အချိန်တုန်းက အသုံးပြုခဲ့တဲ့ ရေနွေးခွက်အစုံလိုက်နဲ့ အတော်လေးဆင်တူလေတယ်။

ကျိုးကျီ ရဲ့လှုပ်ရှားမှုတွေက ငြိမ်သက်ကြော့ရှင်းနေပြီး အဲ့ဒါက သူ့ကိုကောင်းကင်ပေါ်ကသူတစ်ယောက်နဲ့ တူတယ်လိုခံစားမိစေတယ်။ သူမအနေနဲ့ ဒီကမ္ဘာကိုရောက်ကတည်းက သူ့ လိုစိတ်နေစိတ်ထား အပြုအမူရှိတဲ့သူကို ပထမဆုံးမြင်ဖူးခြင်းပင်ဖြစ်တယ်။ အဲ့ဒါက သူမရဲ့အတိတ်က စာသင်သားတစ်ယောက်ပုံစံကိုတောင် သတိရသွားစေမိတယ်။

သူမ မျက်လုံးတွေကို သူ့ဆီမှမခွာနိုင် ဖြစ်နေတော့တယ်။

ကျိုးကျီ ထန်ထန် အတွက် ရေနွေးတစ်ခွက်ထည့်ပေးရင်း

“ ခယ်မလေး, ရေနွေးသောက်ပါဦး"

ထန်ထန်  ရေနွေးကိုအမှုမဲ့ မသောက်ရဲပဲ သင့်လျော်သောအပြုအမူနဲ့ ခွက်ကိုကိုင်ကာ သောက်လိုက်တယ်။ ပထမဦးစွာ အနည်းငယ်ခါးသက်ပြီးနောက် ချိုမြိန်တဲ့အရသာကိုရလိုက်တယ်။

သူမ မျက်လုံးများတောက်ပသွားပြီး

“ ကောင်းလိုက်တဲ့ ရေနွေးကြမ်း”

သူမရဲ့မူလ ကမ္ဘာကအိမ်မှာ မျက်နှာသာပေးခြင်းအရမ်းမခံရပေမယ့် သူမက အိမ်တော်ရဲ့ သခင်မလေးဖြစ်တဲ့အတွက် လိုအပ်တဲ့ အပြုအမူတွေ, ကျင့်၀တ်, စည်းမျဉ်းတွေအားလုံးကို သင်ကြားခြင်းခံခဲ့ရတာဖြစ်တယ်။ ဒါကြောင့် လတိုင်းရဲ့ ၁၅ရက်နေ့တွေမှာဆိုရင် သူမက အိမ်တော်ရဲ့သခင်မကို လဘက်ရည်ကြမ်း ဆက်တဲ့အခါတိုင်း သူမရှက်ကိုးရှက်ကန်မဖြစ်တော့ပေ။  သူမရဲ့အထိန်းတော်ကလဲ မိသားစုကြီးတစ်ခုမှလာတာဖြစ်တဲ့အတွက် လဘက်ရည်ကြမ်းနဲ့ပတ်သတ်ပြီး သေချာလေ့လာထားတာကြောင့် အဲ့ဒါတွေကို သူမ အတော်လေးသိနေတာဖြစ်တယ်။

ကျိုးကျီ အနည်းငယ်အံ့ဩသွားတယ်။ သထန်ထန် လဘက်ရည်ကြမ်းနဲ့ပတ်သတ်ပြီး သိနေမယ်လို့ မထင်ထားမိဘူး။ သူမ အဲ့ဒါကိုသောက်တဲ့အခါ လှုပ်ရှားမှုတွေက ခမ်းနားစွာရှိနေပြီး ဒီလိုခမ်းနားတဲ့ အပြုမူမျိုးကို သူရဲ့အဖွားဆီမှာသာ တွေးဖူးတာဖြစ်တယ်။

သူမက သူကြားဖူးထားတာနဲ့ ဆန့်ကျင်ဖက်ဖြစ်နေတာကြောင့် စိတ်၀င်တစားနဲ့ ပြောလိုက်တယ်

“ ကြည့်ရတာ ခယ်မလေးက လဘက်ရည်ကြမ်းရဲ့ အနှစ်သာရကို သိနေပုံပဲ, လဘက်ရည်ကြမ်းလုပ်တတ်လား...လဘက်ရည်ပွဲတစ်ခုလုပ်ပြီး ကျွန်တော့ကိုအရသာမြည်းခွင့်ပေးနိုင်မလား...”

ထန်ထန် ထိတ်လန့်သွားပြီး လက်ကိုယမ်းလိုက်ကာ

“ မဟုတ်ပါဘူး ကျွန်မ အဲ့ဒါတွေကို အသေးစိတ်နားမလည်ပါဘူး, ကျွန်မကိုယ်ကျွန်မ အရှက်မခွဲချင်ပါဘူး”

သူမတကယ်ကို လဘက်ရည်ပွဲကောင်းကောင်းမလုပ်နိုင်ဘူးလေ။ ပြီးတော့ သူမက ကျွမ်းကျင်ပညာရှင်တွေနဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်နိုင်မှာလဲ။ သူမရဲ့ အထိန်းတော်ကဆိုရင် သူမကိုလဘက်ရည်ပွဲကောင်းကောင်းမလုပ်တတ်ဘူးလို့ အမြဲပြောနေကျဖြစ်တယ်။

“ အရမ်းကြီးစိတ်ပူဖို့မလိုပါဘူး, ပေါ့ပေါ့ပါးပါးပဲလုပ်ပါ”

“ဒါဆို ကောင်းပါပြီ, ကျွန်မရဲ့စွမ်းဆောင်မှုကို အကို ကျိုး စိတ်မရှိဖို့မျှော်လင့်ပါတယ်”

သူမရှောင်လွှဲလို့မရမှတော့ လဘက်ရည်ပွဲကို စတင်ပြီးသရုပ်ပြတော့တယ်။ သူမရဲ့အထိန်းတော် သင်ထားပေးတဲ့အတိုင်း တဆင့်ချင်းစီ သူမ လုပ်ဆောင်လိုက်တယ်။

သူမရဲ့ လဘက်ရည်ပွဲသရုပ်ပြမှုသည် အရင်ကမ္ဘာက ဆွေမျိုးကြီးတွေထဲမှ တရား၀င်သခင်မတွေနဲ့ နှိုင်းယှဉ်လို့မရပေမယ့်လဲ သူမအခုရောက်ရှိနေတာ ၂၁ ရာစုဖြစ်တဲ့အတွက် ဒီလိုကျွမ်းကျင်မှုမျိုးတွေဆိုတာ ပျောက်ကွယ်လုနီးပါးဖြစ်နေတာကြောင့် သူမရဲ့လှုပ်ရှားမှုတွေက ကျွမ်းကျင်ပညာရှင်တစ်ဦးနှင့်တူနေတယ်။

ထန်ထန်  ရဲ့လှုပ်ရှားမှုတွေက ကျွမ်းကျင်သူတစ်ဦးနှင့်တူပြီး လှပနေတာကို ကျိုးကျီ  ကြည့်ရင်း အလွန်အံ့အားသင့်သွားတယ်။  သူတောင် အဲ့လောက် မကျွမ်းကျင်ဘူးဆိုတာကို ၀န်ခံရမယ်။ ဖြစ်နိုင်ရင် သူ့ရဲ့အဖွားသာ သူမနဲ့နှိုင်းယှဉ်ရလောက်တယ်။

ကျိယန် ရဲ့ဇနီးဆီမှာ လျှို့ဝှက်ထားတဲ့အတက်ပညာတွေ ရှိနေမယ်လို့ သူမထင်ခဲ့မိဘူး။

" ကျေးဇူးပြုပြီး အရသာမြည်းကြည့်ပါဦး, အကို ကျိုး “

ထန်ထန် ပြောရင်း ကျိုးကျီကို လဘက်ရည်ကြမ်းတစ်ခွက် ပေးလိုက်တယ်။

ကျိုးကျီက ပါးစပ်အပြည့်သောက်လိုက်ပြီးနောက် သူ့မျက်လုံးများကတောက်ပသွားကာ

“ ခယ်မလေး မှာ အရမ်းကောင်းတဲ့ကျွမ်းကျင်မှုရှိနေတာပဲ, အဲ့ဒါက ကျွန်တော့အတွက် အရမ်းကောင်းတယ်”

သူမ ရှက်ရွံ့စွာနဲ့ လက်ကိုယမ်းလိုက်ရင်း

“အကို ကျိုးက ဟာသတွေပြောနေပြန်ပြီ”

အဲ့အချိန်မှာပဲ ပင်လယ်ထဲမှရေကစားပြီး ပြန်တက်လာတဲ့စုံတွဲက သူတို့နှစ်ယောက်စကားပြောနေတာကို တွေ့လိုက်တယ်။  ပုံမှန်ဆို ကျိုးကျီ လိုချဉ်းကပ်ရခက်တဲ့သူမျိုးက ထန်ထန်  နဲ့အတူ လဘက်ရည်သောက်ရင်း ပျော်ရွှင်စွာစကားပြောနေတဲ့အတွက် အံ့ဩသွားကြတယ်။

“ အကိုကြီး, လဘက်ရည်ကြမ်းသောက်ရတာ ဘယ်လိုနေလဲ”

ကုကျန်းအန်း က စပ်စုစွာမေးလိုက်တယ်။

ကျိုးကျီက လဘက်ရည်အိုးကိုပေးရင်းနဲ့

“ မင်းအဲ့ဒါကို စမ်းသောက်ကြည့်သင့်တယ်, ခယ်မလေးရဲ့ ကျွမ်းကျင်မှုက အရမ်းကောင်းတာပဲ, ငါတောင် သူမနဲ့မယှဉ်နိုင်ဘူး”

လူတိုင်းက ထန်ထန် ကို အံ့ဩစွာနဲ့ကြည့်လိုက်ကြတယ်။

ကျိုးကျီက လဘက်ရည်ကြမ်းရဲ့အနှစ်သာရကို ကျွမ်းကျင်ပညာရှင်တွေဆီမှ သင်ထားတာဖြစ်တယ်။ သာမန်လူတစ်ယောက်အနေနဲ့ သူ နှင့်ယှဉ်ပြိုင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။ ဒါပေမယ့် ထန်ထန် ရဲ့ကျွမ်းကျင်မှုက အရမ်းကောင်းတယ်ဆိုတာကတော့ ဟာသမဟုတ်ဘူးလား...

ကျိရှောင်ကျိုး က အရွယ်ရောက်သူတွေရဲ့အတွေးကို နားမလည်တဲ့အတွက် သူ့မာမီလုပ်တဲ့ လဘက်ရည်ကြမ်းကကောင်းတယ်ဆိုတဲ့အသံကိုကြားလိုက်တာနှင့် ကလေးဆိုးလေးလိုပြေးသွားကာ

“မာမီ သားရေဆာတယ်, သားကိုလဘက်ရည်ကြမ်းလုပ်ပေးပါ”

သူမ ချက်ချင်းပဲ ရှောင်ကျိုး အတွက် တစ်ခွက်ထည့်ပေးလိုက်တယ်။ အသေးလေးက လဘက်ရည်ကြမ်းအကြောင်း နားမလည်တဲ့အတွက် ရိုးရှင်းစွာပဲ အကုန်လုံးကို တစ်ကျိုက်တည်းနဲ့ မော့သောက်လိုက်ပြီး နှုတ်ခမ်းကိုသုတ်လိုက်တယ်။ အရသာက နည်းနည်းခါးတယ်လို့ သူ တွေးလိုက်မိတယ်

အဲ့ဒါက ဖျော်ရည်လိုလဲမကောင်းဘူး။ ဒါပေမယ့် အဲ့ဒါက သူမာမီလုပ်ထားတာဖြစ်တဲ့အတွက် စင်ပေါ်မှသူ့မာမီကို ဘယ်လိုများဖျက်စီးနိုင်မှာလဲ။ သူက ခေါင်းကိုငြိမ့်လိုက်ပြီး အလေးအနက်နှင့်ပြောလိုက်တယ်

“ အား…ကောင်းလိုက်တဲ့ လဘက်ရည်ကြမ်း”

လူတိုင်းက သူ ရဲ့ချစ်စရာ အပြုအမူကြောင့် ရယ်မောလိုက်ကြတယ်။

အသေးလေးအတွက် တာ၀န်ထမ်းဆောင်ပေးပြီးတဲ့နောက် ကလေးအဖေဖြစ်သူကိုလဲ သူမက မမေ့ပဲ လဘက်ရည်ကြမ်းတစ်ခွက် ချက်ချင်းထည့်ပြီး ကျိယန် ကိုပေးလိုက်တယ်

“ လောင်ပေါ သောက်ပါဦး"

ကျိယန် လဲ စိတ်၀င်စားစွာနဲ့ ခွက်ကိုယူလိုက်တယ်။ သူက အသေးလေးလို တကျိုက်တည်း မသောက်ပဲ ဖြည်းငြင်းစွာနဲ့ တစ်ငုံသောက်လိုက်တယ်။ သူ့ပါးစပ်ထဲ ချိုမြိန်တဲ့အရသာ ပြန့်နှံ့သွားတာကိုခံစားလိုက်မိတယ်။ သူက လဘက်ရည်ကြမ်းအကြောင်း အသေးစိတ်နားမလည်ပေမယ့်လဲ အဲ့ဒါကသောက်လို့ကောင်းမှန်းသိလိုက်တယ်။

သူမဆီမှာ လဘက်ရည်ပွဲပြင်တဲ့ ကျွမ်းကျင်မှုကောင်းကောင်းရှိနေတာပဲ။ ဘယ်တုန်းက သူမသင်လိုက်တာလဲ

လူတိုင်းက မြင်တွေ့လိုက်ပြီးတဲ့နောက်, သူတို့အားလုံးလဲ လဘက်ရည်ကြမ်းအရသာမြည်းဖို့ကို စိတ်၀င်စားလာကြတော့တယ်။ သူမ ပျော်ရွင်စွာနဲ့ လူတိုင်းကို တစ်ခွက်စီဖြည့်ပေးလိုက်တယ်။ ဒါပေမယ့် ကုယန်ရန် ကိုထည့်ပေးဖို့ပြင်တဲ့အခါမှာတော့ သူမက ငြင်းပယ်လိုက်တယ်

“ တောင်းပန်ပါတယ် ထန်ထန် ကျွန်မ လဘက်ရည်ကြမ်းမကြိုက်ဘူး, ကျွန်မက ကော်ဖီကိုပိုသဘောကျတယ်လေ”

“ကိစ္စမရှိပါဘူး ရပါတယ်”

ထန်ထန်က စိတ်ထဲမထားပေ။

လူတိုင်းက ဗီလာကိုမပြန်ခင် နောက်ကျသည်အထိကစားခဲ့ကြတယ်။ သူတို့အားလုံးက ညဘက် ဗီလာမှာနေကြမှာဖြစ်ပြီး မနက်ဖြန်မှပြန်ကြမှာဖြစ်တယ်။

တစ်နေကုန် ကစားပြီးတဲ့နောက် လူတိုင်းက ဆာလောင်နေကြပြီဖြစ်တယ်။ ကောင်းကင်ကမှောင်မဲနေပြီး လူတိုင်းက စားသောက်ချင်နေကြပြီဖြစ်ပေမယ့် အဓိကပြဿနာက ဘယ်သူချက်မှာလဲ

ကျိုးကျီက ဒီနေရာကို တစ်ခါတရံမှသာ လာတာဖြစ်တဲ့အတွက် ဗီလာအတွက် လူတစ်ချို့ကို အချိန်ပိုင်းငှားရမ်းပြီး သန့်ရှင်းရေးလုပ်လေ့ရှိတယ်။ ဒါကြောင့် အမြဲတမ်း၀န်ထမ်းမရှိတဲ့အတွက် အရာအားလုံးကို ကိုယ်တိုင်လုပ်ဖို့လိုအပ်ပြီး ချက်ပြုတ်တာပါ အပါအ၀င်ဖြစ်တယ်။

အမျိုးသားများက တစ်ယောက်ကိုတယောက်ကြည့်လိုက်ကြပြီး သူတို့ရဲ့မကျွမ်းကျင်မှုတွေကို ဖော်ပြနေကြတယ်။ သူတို့တွေအကုန်လုံး မချက်ပြုတ်တတ်ကြပေ။

ကျီယွဲ့ လဲ ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာ မသိပေ။ ထို့ကြောင့် သူမက ကျိုးကျီကို ကြည့်လိုက်ရင်း

“ အကိုကြီး, စားစရာတွေယူလာပြီး စားဖိုမှုးတော့ မငှားခဲ့ဘူး။ ဘယ်သူ့ကို ခက်ခဲအောင်လုပ်ချင်နေတာလဲ...ကျွန်မတို့ရဲ့ချက်ပြုတ်နိုင်စွမ်းကို သတိထားသင့်တယ်လေ, မဟုတ်ဘူးလား...’’

ကျိုးကျီ တောင်းပန်ပြုံး ပြုံးလိုက်ပြီး

“ ပုံမှန်ဆိုရင် အန်တီဝမ်ကို အိမ်ကနေခေါ်လာနေကျပဲ, ရုတ်တရက် သူမမိသားစုရောက်လာတဲ့အတွက်  အစားအသောက်တွေပဲ ယူလာလိုက်တော့တာ, အဆင်သင့်ပြင်ထားတဲ့ အစားအသောက်တွေကို နေ့လည်က စားလိုက်ပြီဆိုတော့ ညစာကိုတော့ ကိုယ်အားကိုယ်ကိုးမှပဲ ရတော့မယ်။ အဲ့ဒါကို အတွေ့အကြုံရတယ်လို့ပဲ နားလည်လိုက်ကြပါ”

သူ ပြောပြီးသွားတဲ့အခါမှာတော့ လူတိုင်းကိုခက်ခဲအောင် လုပ်မိသွားပြီလို ခံစားလိုက်မိတယ်။ အဲ့ဒါကြောင့် သူကအကြံပေးလိုက်တယ်

“ ငါတို့ အပြင်မှာစားဖို့ စုံစမ်းလိုက်ရင်ကော”

ကုယန်ရန် က ဖုန်းကိုမြှောက်ပြလိုက်ရင်း

“ ကျွန်မအစောကတည်းက ဖုန်းဆက်မေးပြီးပြီ, မြို့နဲ့အလှမ်း‌ဝေးတာကြောင့် delivery က ဒီကိုမပို့ပေးနိုင်ဘူးတဲ့”

ချက်ချင်းဆိုသလိုပဲ လူတိုင်းစိတ်ဒုက္ခခံစားသွားကြတယ်။ သူတို့ဒီည ဗိုက်အဆာခံရုံပဲရှိတော့တယ်။

လူတိုင်းရဲ့ သနားစဖွယ်မျက်နှာတွေကို ကြည့်ပြီး ထန်ထန်  တိတ်ဆိတ်မနေနိုင်တော့ပဲ လက်မြှောက်ပြလိုက်ကာ

“ ကျွန်မလုပ်နိုင်ပါတယ်, ကျွန်မချက်ပေးနိုင်တယ်”

လူတိုင်းက သူမ ကိုအံ့ဩစွာနဲ့ လှည့်ကြည့်လိုက်ကြတယ်။

အသေးလေး က သူ့မာမီကို ထောက်ခံတဲ့အနေနဲ့ သူ့ရင်ဘတ်ကိုပုတ်ရင်း အားလုံးကိုပြောလိုက်တယ်

“ သားမာမီ ဟင်းချက်တာက အရမ်းကောင်းတာနော်, အရသာအရှိဆုံး စားစရာတွေပဲ”

အသေးလေးရဲ့ စကားသံမှာ ဂုဏ်ယူမှုအပြည့်နဲ့ဖြစ်တယ်။

လူတိုင်းက သူမကို မေးခွန်းပါတဲ့အကြည့်တွေနဲ့ ကြည့်လိုက်ကြတယ်။

ကျိယန်က ခေါင်းငြိမ့်လိုက်ပြီး သူ့အကျီလက်ကိုခေါက်တင်လိုက်ကာ သူမကိုပြောလိုက်တယ်

“ အဲ့ဒါဆို ဒီည မင်းကိုပဲဒုက္ခပေးရတော့မှာပဲ, ကိုယ်ဝိုင်းကူပါ့မယ်”

ထန်ထန် လက်ကိုယမ်းလိုက်ရင်း ကလေးကို သူ့ ဆီတွန်းလိုက်ကာ

“ မလိုပါဘူး, ပေါင်ပေါင်ကိုခေါ်ပြီးတော့သာ နားနေလိုက်ပါ, ကျွန်မဘာသာအဆင်ပြေပါတယ်, ကျွန်မကို ကူဖို့ဘယ်သူမှမလိုပါဘူး, အလွန်ဆုံးကြာရင် တစ်နာရီပါပဲ’

မီးဖိုချောင်ထဲမှာ ၀င်ကူညီချင်ပေမယ့်လဲ သူမကသူ့ကို လိုအပ်ပုံမပေါ်တဲ့အတွက် အသေးလေးကိုသာချီရင်း တခြားသူတွေနဲ့သာ ထိုင်နေလိုက်တော့တယ်။

ကုကျန်းအန်းက ကျိယန် ကို မသေချာစွာနဲ့မေးလိုက်တယ်

“ လောင်ဆန်း သူမတကယ်ပဲချက်တတ်တာလား? အကိုကြီးရဲ့ မီးဖိုချောင်ကိုတော့ မဖောက်ခွဲလောက်ပါဘူးနော်, ဟုတ်တယ်မဟုတ်လား?’’

ကျီယွဲ့ ကြားလိုက်တဲ့အခါ သူ့နားကိုဆွဲလိုက်ပြီး

“ ကုကျန်းအန်း ဘာကို ဆိုလိုချင်တာလဲ... ရှင်ကျွန်မကို လှောင်ချင်နေတာလား...ကျွန်မတစ်ခါပဲ မီးဖိုချောင်ကိုလုပ်လိုက်မိတာပါ ဒါကို ရှင်က မှတ်ထားတုန်းပဲလား”

ကုကျန်းအန်း က ချက်ချင်းပဲ ခွင့်လွတ်ဖို့တောင်းပန်လိုက်တယ်

“ မဟုတ်ဘူး မဟုတ်ဘူး ကိုယ် မင်းအကြောင်းကိုတွေးနေတာ မဟုတ်ပါဘူး, ကိုယ်က ခယ်မလေးကို စိတ်ပူလို့ပါ”

“ ဟမ့်...”

ကျီယွဲ့ က ဟမ့်တစ်ချက်လုပ်လိုက်ပြီးမှ လွှတ်ပေးလိုက်တယ်။ သူမလဲ စိတ်ပူစွာနဲ့ မီးဖိုချောင်ကိုလှမ်းကြည့်လိုက်တယ်

“ ဘာမှတော့ မပေါက်ကွဲလောက်ပါဘူး ဟုတ်တယ်မဟုတ်လား... ကျွန်မတို့ သွားကြည့်ရင်ကောင်းမလား...”

အသေးလေး က လူတိုင်းသူ့မာမီကို မယုံကြည်တာမြင်တဲ့အခါ မပျော်ရွှင်စွာနဲ့ နှုတ်ခမ်းဆူလိုက်ရင်း

“ မာမီဟင်းချက်တာ အရမ်းကောင်းတာပါဆို, ကြည့်နေလိုက်”

ကျိယန်  အသေးလေးရဲ့ခေါင်းကို ပုတ်လိုက်ပြီး လူတိုင်းကိုပြောလိုက်တယ်

“ စိတ်မပူပါနဲ့, သူမဟင်းချက်တာ တကယ်ကောင်းတာပါ”

ကျိယန်ပြောမှပဲ လူတိုင်းက ယုံကြည်သွားကြတယ် ဒါပေမယ့် စိတ်တော့မချရဲကြသေးဘူး ဖြစ်တယ်။ ကျိယန်ရဲ့အမျိုးသမီးဆိုတာ တာ၀န်မယူပဲ အမြဲအရက်သောက်နေတတ်တဲ့သူမှန်း လူတိုင်းကသိထားကြတာဖြစ်တယ်။ သူတို့က ကျိယန်တစ်ယောက် ကံမကောင်းဘူးလို့ပဲ တွေးခဲ့ကြတာဖြစ်တယ်

ဒီတစ်ကြိမ်တော့ ထန်ထန်က သူတို့တွေးထားတာနဲ့ မတူညီမှန်း သူတို့ကိုပြခဲ့တာဖြစ်တယ်။ သူမက ယဉ်ကျေးပြီး သိမ့်မွေ့တယ်။ ပြီးတော့ ဘယ်လိုချက်ရမလဲဆိုတာသိပြီး လဘက်ရည်ကြမ်းပွဲတောင် လုပ်တတ်သေးတယ်။

သူမက ဇနီးကောင်းတစ်ယောက်နဲ့ မိခင်ကောင်းတစ်ယောက်လိုဖြစ်နေတယ်။ ဘာတွေဖြစ်ကုန်တာလဲ...

Part 18

တစ်နာရီခန့်ကြာပြီးနောက်, စားပွဲပေါ်၌ ထန်ထန် ချက်ထားတဲ့ ဟင်းပွဲတွေက နေရာအပြည့်ယူသွားတော့တယ်။ ဟင်းပွဲအားလုံးက အရောင်အသွေးစုံလင်ကာ မွေးပျံ့နေပြီး အရသာရှိမယ့်ပုံ ပေါ်နေတာကြောင့် လူတိုင်းကို စားချင်စိတ်ဖြစ်ပေါ်လာစေတယ်။

“ဝိုး”

လူတိုင်းက အစားအစာတွေကို တအံ့တဩနဲ့ ငေးကြည့်နေကြပြီး ထန်ထန် ကို လေးစားတဲ့အကြည့်နဲ့ ကြည့်နေကြတော့တယ်။

အထူးသဖြင့် ကျီယွဲ့က အားကျတဲ့လေသံနဲ့
ပြောလာလေသည်။

" ရှင်က အရမ်းအံ့ဩဖို့ကောင်းတာပဲ  ဟင်းပွဲတွေအားလုံးကို တစ်ယောက်တည်းနဲ့ချက်နိင်တယ်, နတ်ဘုရားလိုပါပဲ”

မီးဖိုချောင်ကိုဖျက်စီးတဲ့နေရာမှာ ဆရာတပါးဖြစ်တဲ့ သူမ အတွက်တော့ ထန်ထန်  က သူမရဲ့ အိုင်ဒေါလ်ဖြစ်သွားတော့တယ်။

မြှောက်ပင့်မှုကြောင့် ထန်ထန် မျက်နှာရဲသွားပြီး ရှက်ရွံ့စွာနဲ့ လက်ကိုယမ်းလိုက်ရင်း

“ မဟုတ်တာ, မဟုတ်တာ, အဲ့ဒါက ပုံမှန်မိသားစုဟင်းပွဲတွေပါပဲ, လူတိုင်း မြန်မြန်လာပြီး စားကြပါဦ"

လူတိုင်းက အားမနာတော့ပဲ တူများကိုကောက်ကိုင်ကာ စတင်စားကြတော့တယ်။ အစားအစာတွေက အရမ်းကိုအရသာရှိတဲ့အတွက် အဆုံးမှာတော့ အလွန်အကျွံစားမိကြပြီး ကြို့ထိုးကုန်ကြတယ်။  ချက်ထားတဲ့ ဟင်းပွဲတွေအကုန်လုံ ပြောင်ရှင်းသွားသလို ထမင်းအိုးကလဲ ဘာမှမကျန်တော့ဘူး။

ကုကျန်းအန်း က ထန်ထန်  ကိုလက်မထောင်ပြရင်း

“ ခယ်မလေး, မင်းရဲ့ ဟင်းချက်ကောင်းတာကို စောဒကမတက်နိုင်တော့ဘူး, အဲ့ဒါက အရမ်းကောင်းတာပဲ, လောင်ဆန်း က ကံကောင်းတာပဲ”

ကျီယွဲ့ ကလဲ ကူပြောလိုက်တယ်

“ အခုဆိုရင် ကျွန်မတို့ စားစရာအတွက် ဂုန်းဆင်းဖို့ဘယ်သွားသင့်လဲဆိုတာ သိသွားကြပြီလေ”

" မင်းတို့သွားရင် ငါ့ကိုခေါ်ဖို့လဲ သတိရကြဦး ”

ကျိုးကျီလဲဝင်ပြောလိုက်တယ်

ထန်ထန်  ပျော်ရွှင်လာပြီး မြှောက်ပင့်မှုတွေကြောင့် နည်းငယ်ရှက်လာတယ်။ အဲ့ဒါကြောင့် သူမက အသုံးပြုပြီးတဲ့ ပန်းကန်တွေကိုသယ်ရင်း မီးဖိုချောင်ဖက်ကို ၀င်သွားတော့တယ်။

ထန်ထန်  ကချက်ပြုတ်ပေးထားတာဖြစ်တဲ့အတွက် ပန်းကန်တွေဆေးကြောဖို့အတွက်ကိုတော့ ကျီယွဲ့ က လွှတ်မထားနိုင်လေဘူး။ ဒါကြောင့် မီးဖိုချောင်ထဲသို့ သူမလိုက်သွားတော့တယ်။ သို့သော်လဲ သူမက မီးဖိုချောင်ကိစ္စတွေနဲ့ ပတ်သတ်လာရင် အတော်လေးလျှပ်ပြာနိုင်တာကြောင့် ဘာမှအကူအညီမဖြစ်ခဲ့လေဘူး။ ခဏကြာပြီးနောက်, ထန်ထန်  က အရာအားလုံးကို သိမ်းဆည်းသွားပြီး မီးဖိုချောင်ဟာလဲ အသစ်အတိုင်းပဲ ပြန်ဖြစ်သွားတော့တယ်။

သူမရဲ့ ထန်ထန်အပေါ် အမြင်လုံးဝပြောင်းလဲသွားခဲ့ပြီး အရင်တုန်းက သူမသိထားခဲ့တာတွေက နားလည်မှုလွဲတာဖြစ်နိုင်ပြီး တကယ်တော့ ထန်ထန်  က ကောင်းတဲ့သူတစ်ယောက်လို့ သူမခံစားလိုက်မိတယ်။

သန့်ရှင်းရေးလုပ်ပြီးသွားတဲ့အခါမှာတော့ ထန်ထန်  က မီးဖိုချောင်ထဲမှ ထွက်မသွားသေးပဲ ရေခဲသေတ္တာထဲမှ စားစရာတစ်ချို့ကိုထုတ်ပြီး သူတို့အတွက် စတင်ပြင်ဆင်နေတယ်။

“ ထန်ထန် ဘာတွေလုပ်ဖို့ ကြံနေတာလဲ...”

ကျီယွဲ့  က စပ်စုစွာနဲ့ မေးလိုက်တယ်။

“ လူတိုင်း ဒီနေ့ည အရမ်းစားလိုက်တာကို ကျွန်မသတိထားမိတယ်, အဲ့ဒါက ညရောက်ရင် ဗိုက်ထဲ မသက်မသာဖြစ်နိုင်တယ်လေ။ ဒါကြောင့် အိပ်တဲ့အခါ သက်တောင့်သက်သာရှိပြီး အစာလဲကြေအောင်လို့ အစာကြေလွယ်မယ့် လဘက်ရည်လုပ်နေတာ...”

ထန်ထန့် အဖြေကြောင့် သူမ အံ့ဩသွားပြီး

“ဘုရားရေ, ရှင်က အဲ့ဒါတွေအတွက်ပါတွေးပေးနေတာလား...ရှင်က အရမ်းကောင်းတာပဲ ကျိယန် ကို အိမ်မှာလဲ ဒီလိုမျိုးပဲ ပျက်စီးစေတာလား...’’

‘’အာ....”

“ အဲ့လိုလဲမဟုတ်ပါဘူး, ဒါက ကျွန်မလုပ်သင့်တာပဲလေ, ပြီးတော့ သူက စစ်တပ်မှာပင်ပင်ပန်းပန်း အလုပ်လုပ်ရတာဖြစ်တဲ့အတွက် ကျွန်မက သူနဲ့ ပေါင်ပေါင်ကို ဂရုစိုက်ရမှာပေါ့”

ကျီယွဲ့ အေးခဲသွားပြီး ရုတ်တရက်သူမကိုယ်သူမ ပြန်တွေးမိသွားတယ်။ သူမအနေနဲ့ ကုကျန်းအန်းအပေါ်ကို အရမ်းများဆိုးနေမိလား တခြားတစ်ဘက်မှာတော့ သူကအလုပ်ကပြန်လာရင် မကြာခဏ သူမကိုနှိပ်ပေး ခြေထောက်တွေရေဆေးပေးတာပါ လုပ်ပေးတတ်တယ်။ သူမက ဇနီးဆိုးတစ်ယောက်များ ဖြစ်နေပြီလား...

သို့သော်လဲ သူမက ထန်ထန် လိုမျိုးတော့ မလုပ်နိုင်ပေ။

ကျိယန်က ရတနာလိုအဖိုးတန်တဲ့ ဇနီးနဲ့ အိမ်ထောင်ကျသွားတယ်လို့ ဘာကြောင့်များ သူမခံစားလိုက်မိတာလဲ?

ထန်ထန် လုပ်ပေးတဲ့ အစာကြေလွယ်တဲ့ ရေနွေးကြမ်းက တကယ်ကိုပဲထိရောက်မှုရှိတယ်။ လူတိုင်းသောက်ပြီးတဲ့နောက် သူတို့ဗိုက်ထဲ နေလို့မကောင်းတာတွေက ချက်ချင်းပဲပျောက်ကွယ်ကုန်တယ်။ ပြီးတော့ အရသာကလဲ အံ့အားသင့်စရာကောင်းအောင် ကောင်းတယ်။

အသေးလေးက ခွက်ကြီးနဲ့ နှစ်ခွက်သောက်ပြီးတာတောင် ထပ်သောက်ဖို့လိုချင်နေသေးတာကို ထန်ထန် သတိထားမိသွားပြီး ခွက်ကိုယူလိုက်ကာ

“ ထပ်မသောက်နဲ့တော့လေ, ထပ်သောက်ရင် ညကျ သားရဲ့အိပ်ယာတွေစိုကုန်လိမ့်မယ်”

ရှောင်ကျိူးက နှုတ်ခမ်းဆူလိုက်ပြီး မကျေမနပ်ချက်ချင်းပဲငြင်းပယ်လိုက်တယ်

“ မာမီ, သားက သုံးနှစ်သားမဟုတ်တော့ပါဘူး, သားအိပ်ယာမစိုတော့ပါဘူးနော်...”

အသေးလေးရဲ့ အမြီးကိုတက်နင်းလိုက်မိမှန်း သူမ သိလိုက်မိတဲ့အတွက် ချက်ချင်းပဲ စကားကိုပြောင်းလိုက်တယ်

“ ဟုတ်ပါပြီ ဟုတ်ပါပြီ  သားအိပ်ယာမစိုဘူးဆိုတာ မာမီသိပါပြီ, မာမီက ညကျရင် သားအိမ်သာကို ခဏခဏသွားနေရမှာစိုးလို့ပါ”

ထန်ထန် ရဲ့စကားကိုကြားပြီးနောက် အသေးလေးရဲ့ စိတ်အခြေအနေက ပြန်ပြောင်းသွားတယ်။ သို့သော်လဲ ထန်ထန်ကိုသတိပေးဖို့တော့ မမေ့ပေ

“ ဒါဆို နောက်တစ်ခါကျရင် အိပ်ယာစိုမယ့်အကြောင်းကို သံသယမထားနဲ့တော့နော်, သားက ယောကျာ်းတစ်ယောက်ဖြစ်နေပြီ, အဲလိုမျိုး မာမီ မပြောသင့်တော့ဘူး”

ထန်ထန် လက်ကိုမြှောက်ပြီး ကတိပေးလိုက်တယ်

“ အနာဂါတ်မှာ အဲ့လိုမျိုးထပ်မပြောတော့ဘူးလို့ မာမီ အာမခံတယ်”

သူတို့ရဲ့ အပြန်အလှန်ပြောဆိုမှုက လူတိုင်းကိုရယ်မောစေခဲ့တယ်။ ဒီစကားတွေက အရမ်းကိုပဲ တန်ဖိုးရှိတယ်လေ။

ရုတ်တရက် ကျိယန် ဖုန်းက အသံမြည်လာတယ်။ အန်တီလီဆီက ဖုန်းမှန်းသူတွေ့လိုက်တဲ့အတွက် ပြန်ဖြေလိုက်တယ်

“ ဟဲလို အန္တီလီ....”

ထန်ထန်တို့ သားမိ က အန်တီလီ ဆီမှဖုန်းဆက်မှန်း ကြားလိုက်ရတဲ့အတွက် ကျိယန်ကို ပြိုင်တူလှမ်းကြည့်လိုက်ကြတယ်။

အန်တီလီ ဘာပြောလဲဆိုတာသူတို့မသိပေမယ့်လဲ ဖုန်းချပြီးတဲ့နောက် ကျိယန် အမူအယာမကောင်းတာကို တွေ့လိုက်ကြတယ်။

အသေးလေး က စိတ်ပူစွာနဲ့ ကျိယန် အကျီလက်ကိုဆွဲရင်း မေးလိုက်တယ်

“ ဒယ်ဒီ, အဖွားလီ ဘာပြောတာလဲ... ဘယ်တော့ပြန်လာမှာလဲ... “

အဖွားလီက သူ့ကိုငယ်စဉ်ကတည်းက ထိန်းကျောင်းပေးခဲ့တာဖြစ်တဲ့အတွက် သူတို့မှာ ကောင်းတဲ့ဆက်ဆံရေးရှိတယ်။ သူတို့တွေမတွေ့တာ ရက်အတော်ကြာပြီဖြစ်တဲ့အတွက် ရှောင်ကျိုး သူမကို လွမ်းနေပြီဖြစ်တယ်။

အသေးလေးက အရမ်းငယ်သေးပေမယ့်လဲ ကျိယန် က ဘာမှဖုံးကွယ်ခြင်းမရှိပဲ အမှန်အတိုင်းပြောပြလိုက်တယ်

“ အဖွားလီရဲ့ မြေးလေးက နေသိပ်မကောင်းသေးဘူး, ဒါကြောင့် သူ့မြေးတွေကို ဂရုစိုက်ဖို့ အိမ်မှာနေရဦးမယ်တဲ့, အဲ့ဒါကြောင့် သားကို သူဂရုမစိုက်နိုင်သေးဘူး”

“ ဟင်..."

သူ သူ့ဒက်ဒီပြောတာတွေကို ချက်ချင်းလက်မခံနိုင်သေးပဲ ပါးစပ်လေးဟလျက်သားဖြစ်နေတယ်။

ကျိယန်က သက်ပြင်းချလိုက်ရင်း ရှောင်ကျိုး ခေါင်းကိုပွတ်လိုက်ကာ

“ အဖွားလီရဲ့ အကြောင်းပြချက်ကို သားနားလည်ပေးရမယ်, သူကလဲ သားကိုသတိရနေတယ် ဒါပေမယ့် သူမရဲ့ မိသားစုမှာ ကိစ္စတစ်ခုဖြစ်နေတဲ့အတွက် ထားခဲ့လို့မရဘူးလေ”

ရှောင်ကျိုး က နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး မပျော်ရွှင်တဲ့ပုံစံကိုပြသရင်း သူ့လက်အချင်းချင်းနဲ့ဆော့နေတော့တယ်။

ကျိယန် အသေးလေးရဲ့နဖူးကို စိတ်ပူစွာနဲ့ကိုင်လိုက်မိတယ် အန်တီလီ ကပြန်မလာသေးမှတော့ သူတပ်ထဲကို စိတ်ချလက်ချနဲ့ မပြန်နိုင်ဘူးဖြစ်နေတယ်။ သူ ကလေး ကို တစ်ယောက်တည်း မထားခဲ့နိုင်ဘူး ပြီးတော့ တခြားကလေးထိန်းတစ်ယောက်ကိုရှာဖို့ကလဲ အချိန်လိုသေးတယ်။ သူ့လိုအပ်ချက်ကိုပြည့်မီတဲ့ ကလေးထိန်းကိုရှာဖို့ဆိုတာ မလွယ်ကူနိုင်ဘူး။ သူ့အနေနဲ့ တစ်စိမ်းတစ်ယောက်ရဲ့လက်ထဲမှာ အသေးလေးကို လက်လွတ်စပယ်မထားသင့်ဘူးလို့ ယူဆထားတယ်။

ကျိုးကျီကလဲ ကျိယန် စိတ်ပူနေတာကိုနားလည်ပြီး မေးလိုက်တယ်

“ ဒါဆို နောက်ကျရင် ဘယ်လိုလုပ်မလဲ သင့်တော်တဲ့ တစ်ယောက်ယောက်လောက်  ငါရှာပေးဖို့လိုသေးလား...’’

ကုကျန်းအန်း ကလဲပဲ ၀င်ပြောလိုက်တယ်

“ ငါလဲကူရှာပေးမယ်လေ, အိမ်ပြန်ရောက်တဲ့အခါ ငါ့အိမ်က အန်တီကိုမေးပေးမယ်”

ကျိယန်  ဆုံးဖြတ်ချက်မချရသေးခင်မှာပဲ ကျီးယွဲ့က၀င်ပြောလိုက်တယ်

“ ကျွန်မတော့ ကလေးထိန်းထပ်ရှာဖို့ မလိုတော့ဘူးထင်တာပဲ သားအမိနှစ်ယောက်လုံးကို ရှင်နဲ့အတူတူခေါ်သွားလိုက်ပေါ့, ထန်ထန်  က အဲ့ဒီမှာ ရှောင်ကျိုး ကိုစောင့်ရှောက်လို့ရတာပဲ, ကျိယန် က တပ်ထဲမှာရာထူးမြင့်ပြီးတော့ ထန်ထန် က လဲ အလုပ်မရှိတဲ့အတွက် ပြသနာရှိမှာမဟုတ်ဘူးလေ။ သူတို့သာ အတူတူသွားမယ်ဆိုရင် တစ်မိသားစုလုံး နေတိုင်းအတူတူနေရတော့မှာပေါ့, အဲ့ဒါမကောင်းဘူးလား...”

ကျီယွဲ့ ပြောလိုက်သည်နှင့် လူတိုင်းက တိတ်ဆိတ်သွားပြီး ထန်ထန် ကိုဝိုင်းကြည့်လိုက်ကြတယ်

ထန်ထန်လဲ လူတိုင်းရဲ့အကြည့်ကြောင့် အံ့ဩသွားရတယ်။ သို့သော် ကျီယွဲ့ရဲ့စကားကို သူမ စိတ်ဝင်စားမိတယ်။ ဆိုလိုတာက ပေါင်ပေါင်က သူနဲ့အတူတူ နေတိုင်းတွေ့နိုင်တော့မှာပေါ့။ အဲ့ဒါဖြစ်နိုင်လို့လား သူမက တွေးထားတာက သူမတို့တတွေ ကျိယန် ရဲ့အားလပ်ရပ်ကို အိမ်ကနေပဲ စောင့်နေရမယ်ထင်ခဲ့တာ။ သူနဲ့အတူတူနေရမယ်လို့ သူမဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ အဲ့လိုသာဆိုရင် ပေါင်ပေါင်လေးက သူ့ဒယ်ဒီကိုနေ့တိုင်းတွေ့ရပြီး သူတို့မိသားစုကလဲ တကွဲတပြားဖြစ်နေတော့မှာမဟုတ်ဘူးပေါ့။

သူမစိတ်ထဲမှာ အတော်လေးလှုပ်ရှားနေတာကြောင့် သူမရဲ့အကြည့်တွေကို ကျိယန် ဆီကနေ မရွေ့နိုင်ဘူးဖြစ်နေတယ်။

ကျိယန် က သူမရဲ့အကြည့်ကိုတွေ့ပြီးနောက်

“ ဒီကိစ္စကို နောက်မှပဲပြောကြတာပေါ့”

သူသဘောမတူပုံကိုကြည့်ပြီးနောက်, သူမ စိတ်ဓါတ်ကျသလိုဖြစ်သွားတယ်။ ဟုတ်တာပေါ့, သူမကို သူက သဘောမှမကျပဲ။ သူမနဲ့အတူတူ မနေချင်တာဖြစ်မှာပေါ့။ အဲ့ဒါက ပေါင်ပေါင်လေးအတွက်တော့ ကံမကောင်းတာပဲ။

-  - - - - - - - - - - - -  -

ညဘက်ရောက်တဲ့အခါမှာတော့...ရှောင်ကျိုး တစ်ယောက် ကျိယန် နဲ့ ထန်ထန် ကြားထဲမှာ အိပ်ဖို့ပြင်နေပါတော့တယ်။

သူ ခဏလေးလောက် ငြိမ်နေပြီးနောက် သူ့ခြေထောက်ကို ကျိယန်ခြေထောက်ပေါ်သို့တင်လိုက်ပါတော့တယ်။ ထို့နောက် ကျိယန် ကိုယ်ပေါ်သို့ တွားသွားတက်သွားကာ ရင်ဘတ်ပေါ်မှာလှဲနေရင်း သူမေးလိုက်တယ်

“ ဒယ်ဒီ, အဖွားလီက သားကိုစောင့်ရှောက်ဖို့ ပြန်မလာတော့ဘူးလား’’

“ အမ်း...”

အသေးလေးက သက်ပြင်းချလိုက်ပြီး လက်ကို သူ့မေးစေ့အောက်မှာ ထောက်လိုက်ကာ

“ ဒါဆို အနာဂါတ်မှာ ရှင်သန်နိုင်ဖို့အတွက် မာမီနဲ့သားပဲ တစ်ယောက်ကိုတစ်ယောက် အားကိုးရတော့မှာပေါ့နော်, သားတို့က အရမ်းသနားဖို့ကောင်းတာပဲ”

ထန်ထန် ပြောစရာစကားပျောက်ရှသွားတယ်။

“…ဘယ်သူက သားကို ‘အသက်ရှင်ဖို့အတွက် တစ်ယောက်ကိုတစ်ယောက် အားကိုးရတော့မယ် ‘ လို့သင်ပေးထားတာလဲ...’’

ကျိယန် မေးလိုက်တယ်။

“ တီဗီမှာ အဲ့ဒါကိုပြတယ်လေ, အာ. ကလေးလေးရဲ့အဖေက သူ့ကိုမလိုချင်တော့ဘူး‌လေ ပြီးတော့ သူ့မာမီကိုရောပေါ့, နောက်တော့ ကလေးလေးနဲ့သူ့မာမီက သူတို့ဘာသာနှစ်ယောက်အတူတူနေကြတယ်လေ, အဲ့ဒါကို အနာဂါတ်မှာ အသက်ရှင်ဖို့အတွက် တစ်ယောက်ကိုတစ်ယောက် အားကိုးကြတယ်လို့ခေါ်တယ်...”

ရှောင်ကျိုးလေးက ချစ်စဖွယ်ကောင်းစွာပြန်ဖြေလိုက်တယ်...

ကျိယန် သူ့နှဖူးကိုသူပြန်ရိုက်လိုက်မိတော့တယ်။ ရှောင်ကျိုး တစ်ယောက်ကို တီဗီကြည့်ခွင့်ပေးတာ ကောင်းလား မကောင်းလား သူမသိတော့ဘူး။

“ ဒါပေမယ့် ဒယ်ဒီက သားကိုမစွန့်ပစ်ဘူးလေ, ဒယ်ဒီက အိမ်ကိုပြန်လာတုန်းပဲလေ, အဲ့ဒါကြောင့် သားနဲ့သားမာမီက တစ်ယောက်ကိုတစ်ယောက် အသက်ရှင်ဖို့ မှီခိုစရာမလိုပါဘူး”

ရှောင်ကျိူး က သူ့နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ရင်း

“ ဒါပေမယ့် အိမ်မှာ သားနဲ့ မာမီပဲရှိတော့မှာလေ, လူတိုင်းက သူတို့ရဲ့ မာမီနဲ့ဒယ်ဒီနဲ့ အတူတူနေကြတာပဲလေ”

ကျိယန့်နှလုံးသားနစ်မြုပ်သွားပြီး အပြစ်ရှိသလို ခံစားလိုက်ရတယ်။

သူ့ဒယ်ဒီစကားပြန်မပြောနိုင်တာကိုကြည့်ပြီးနောက် သူ့ဒယ်ဒီရဲ့ ရင်ဘတ်ကိုပုတ်လိုက်တယ်

“ ဒယ်ဒီ, သားကို မာမီစောင့်ရှောက်ပေးဖို့က အရမ်းခက်တယ်, သူမက အိတ်ကိုမသယ်နိုင်ဘူး ပြီးတော့ မီးချောင်းတွေပျက်ရင်လဲ မပြင်တတ်ဘူးလေ”

ထန်ထန်  သူပြောတာကိုနားထောင်ရင်း  ရှက်သွားတယ်...ကျိယန်က သူမကိုအသုံးမဝင်ဘူးလို့ မထင်စေချင်ဘူး ။ သူမက ရိုးရှင်းတဲ့အလုပ်လေးတွေတောင် မလုပ်နိုင်ဘူးလို့ ထင်သွားမှာစိုးတယ် ဒါကြောင့် ချက်ချင်းပဲ ရှင်းပြလိုက်တယ်

“ အဲ့လိုမဟုတ်ပါဘူး, ကျွန်မခြေထောက်က သိပ်မကောင်းသေးလို့ပါ, ခြေထောက်သက်သာတာနဲ့ ကျွန်မ အိတ်လဲသယ်နိုင်မှာပါ မီးသီးလဲ လဲနိုင်မှာပါ , တကယ်ပါ”

ကျိယန် ရှုပ်ထွေးတဲ့အကြည့်နဲ့ ထန်ထန်ကိုကြည့်ပြီး မေးလိုက်တယ်

“အိမ်က မီးတွေက မကောင်းတော့ဘူးလား...”

“ မဟုတ်ဘူး, မဟုတ်ဘူး, ဘယ်မီးမှ လဲဖို့မလိုသေးပါဘူး”

ရှောင်ကျိုးလေးက လက်မခံပဲဝင်ငြင်းလိုက်တယ်

“ မဟုတ်ပဲနဲ့... မာမီ့ရေချိုးခန်းထဲက မီးကအလုပ်မလုပ်တော့ဘူးလေ, မာမီက အမှောင်ထဲမှာပဲချိုးရတာ”

သူမနှုတ်ခမ်းကိုကိုက်လိုက်မိတယ်။ သူမသားရဲ့ ရောင်းစားခြင်းကို ခံလိုက်ရတဲ့အတွက် အတော်လေးရှက်သွားတယ်။

ကျိယန် က အသေးလေးရဲ့ကျောကို ပုတ်လိုက်ရင်းတိုးတိုးပြောလိုက်တယ်

“ ဒယ်ဒီသိပြီ, ပြန်ရောက်တဲ့အခါ ဒယ်ဒီပြင်ပေးလိုက်မယ်”

ကျိရှောင်ကျိုး ကျေနပ်သွားတော့တယ်။

သူက သူ့ဒယ်ဒီအတွက်လုံလောက်သွားပြီလို့ ဆုံးဖြတ်လိုက်ပြီးနောက် သူ့မာမီအလှည့်ရောက်ပြီဖြစ်တဲ့အတွက် ကျိယန် ကိုယ်ပေါ်မှဆင်းကာ ထန်ထန့် ဆီသို့လှိမ့်သွားတော့တယ် ။ သူမာမီက ပိန်ပိန်လေးဖြစ်ပြီး သူကိုထိန်းနိုင်ဖို့ အားမရှိတာ သိတဲ့အတွက် သူ့မာမီအပေါ်သို့မတက်ပေ။ သူက သူ့မာမီအနားသို့ကပ်လိုက်ရင်း

“ မာမီ, မကြောက်နဲ့တော့နော်, သားကောင်းကောင်းကြီးလာမှာ ပြီးတော့ အနာဂတ်မှာ မာမီအတွက် သားက အိတ်တွေသယ်ပေးပြီး မီးသီးတွေလဲ လဲပေးမယ်နော်”

ပေါင်ပေ့လေးရဲ့ စကားချိုချိုလေးတွေကြောင့် သူမ မျက်ရည်ကျမတတ် ပျော်ရွှင်သွားရပြီး  သူ့ကိုဖက်ကာ နမ်းလိုက်တယ်

“ မာမီ့အသဲတုံးလေး, မာမီ့ရတနာလေး, မာမီ့အချစ်လေး, မာမီ သားကိုချစ်လိုက်တာ”

အသေးလေးကလဲ ပြန်နမ်းလိုက်ပြီး

“ သားလဲ မာမီကိုချစ်တယ်”

သားအမိနှစ်ယောက်လုံးက သူတို့အနားမှာ ဘယ်သူမှမရှိသလိုနှင့် သူတို့ရဲ့ချစ်ခြင်းမေတ္တာတွေကို ဖော်ပြနေတဲ့အမူအယာတွေက ကျိယန်ကို အပိုလူတစ်ယောက်လို ခံစားလိုက်ရစေတယ်။

ကံကောင်းစွာနဲ့ပဲ သူတို့ရဲ့ဖော်ပြတဲ့အချစ်တွေက ကြာကြာမခံလိုက်ပါဘူး။ ကလေးက တနေကုန် အရူးအမူးဆော့ထားတာဖြစ်တဲ့အတွက် ငြင်သာစွာပုတ်သိပ်မှုအောက်မှာ သူကအိပ်ပျော်သွားပြီး ဟောက်သံပင်ထွက်နေပါတော့တယ်။

ထန်ထန် အသေးလေးရဲ့နဖူးကိုနမ်းလိုက်ပြီး ကျိယန်ကိုကြည့်လိုက်တယ်။ သူမနှလုံးသားထဲက ရှက်ရွံ့မှုတွေကို ဖုံးကွယ်ရင်း

“ ယောကျာ်း, ကျွန်မလဲ အိပ်တော့မယ်၊ ကောင်းသောညပါ”

ကျိယန်ကတိတ်ဆိတ်နေပြီး အတန်ကြာမှအသိအမှတ်ပြုလိုက်တယ်။

သူမ အမှောင်ထဲမှာ တိတ်တဆိတ်ရယ်လိုက်ပြီး အသေးလေးရဲ့ နို့နံ့သင်းသင်းလေးတွေနဲ့အတူ အိပ်ပျော်သွားတော့တယ်။

ကျိယန်အိပ်မပျော်သေးပေ။ သူလက်မောင်းကိုခေါင်းအုံးလုပ်ရင်း ရှောင်ကျိုး ရဲ့စကားတွေကို စဉ်းစားနေလိုက်တယ်။

အန်တီလီ ပြန်မလာနိုင်မှတော့ သားအမိနှစ်ယောက်တည်း သူတို့ဘာသာနေဖို့က မလွယ်ကူဘူးလို့ သူအသေအချာသိနေတယ်။ ထန်ထန် က အသေးလေးကို ကောင်းကောင်းဆက်ဆံသွားရင်တောင် သူမလိုအားနည်းတဲ့သူနဲ့ အသေးလေးကို ထားခဲ့ဖို့ဆိုတာ အတော်လေးခက်တယ်။ ကလေးတစ်ယောက်ကို ကြည့်ရတာမလွယ်ဘူး။ သူမဘာသာ အရာအားလုံးကို လုပ်ရမယ့်အပြင် သူလုပ်ဖို့လိုတာတွေကိုပါ သူမလုပ်ရမှာဖြစ်တယ် ပြီးတော့ အဲ့ဒါက သူမအတွက်လွယ်ကူမှာ မဟုတ်ဘူး။

သူတို့သာ သူနဲ့အတူလိုက်ခဲ့မယ်ဆိုရင် သူ့ကလေးကို နေ့တိုင်းမြင်တွေ့ရမှာဖြစ်ပြီး အိမ်အလုပ်တွေကိုလဲ ကူလုပ်ပေးနိုင်မှာဖြစ်တယ်။ ဒါဆို သူမလဲ အရာအားလုံးကို တာ၀န်ယူစရာမလိုတော့ဘူး။

အဓိကပြသနာကတော့ သူမ ပြောင်းချင်လားဆိုတာ သူ မသိဘူးဖြစ်နေတယ်။ အရင်တုန်းက ထန်ထန်သာဆိုရင် သူမ လိုက်ချင်မှာ မဟုတ်သလို သူလဲ အဲ့လိုတွေးမိမှာ မဟုတ်ဘူး။

ဒါပေမယ့် အခု ထန်ထန် ကတော့ သူလဲ သူမရဲ့အဖြေကိုမသေချာဘူး။

Part 19

နောက်တစ်နေ့မနက်မှာ လူတိုင်းကအိပ်ယာထ နောက်ကျကြတယ်။ အိမ်ကို စောစောပြန်ဖို့ စီစဉ်ထားပေမယ့်လဲ အောက်ထပ်ရောက်တဲ့အခါမှာ ဆွဲမက်ဖွယ်ကောင်းတဲ့ အနံ့ကပြန့်လွင့်နေတယ်။

လူတိုင်းက အမွှေးနံ့နောက်ကိုလိုက်ပြီးတဲ့နောက် ထန်ထန် လုပ်ထားတဲ့ ရွေးချယ်စရာများပြားလှတဲ့ မနက်စာတွေကို အံ့အားသင့်စွာ တွေ့လိုက်ကြတယ်။

"ဝါး.."

ထန်ထန် ရှင်က အရမ်းဝိရိယရှိတာပဲ, ကျွန်မသာ ယောကျားလေးဆိုရင် ရှင့်ကိုလက်ထပ်ယူမိမှာ အသေအချာပဲ

" ကျီယွဲ့ က မထိန်းနိုင်တော့ပဲ ထန့်ထန့် ဆီပြေးသွားကာ ဖက်နမ်းဖို့ပြင်လိုက်တယ်။ ကံအားလျော်စွာနဲ့ ကုကျန်းအန်း က အချိန်မီ လှမ်းတားလိုက်တယ်။

ထန်ထန် က ပြုံးလိုက်ပြီး

" ရေခဲသေတ္တာထဲမှာ ချက်စရာတွေကျန်နေသေးတာ ကျွန်မတွေ့လိုက်လို့ မနက်စာချက်လိုက်တာပါ , လူတိုင်းမပြန်ခင် စားသွားလို့ရတာပေါ့, အချိန်အကြာကြီးမစားပဲနေရင် ခန္ဓာကိုယ်အတွက် မကောင်းဘူးလေ"

"ရှင်က အရမ်းကောင်းတာပဲ, မွ "

ကျီယွဲ့ က ဆက်မပြောတော့ပဲ စားစရာရှိရာသို့ အပြေးအလွှားသွားလိုက်တယ်။ သူမသာနောက်ကျမယ်ဆိုရင် သူမစားဖို့ ဘာမှကျန်တော့မှာ မဟုတ်မှန်း သိနေတယ်လေ။ မနေ့ညကဆိုရင် သူမရဲ့သိုးသားဟင်းပွဲလေးကို မစားရသေးခင်မှာပဲ အမျိုးသားတွေက အကုန်လုံးကို စားသွားကြတယ်လေ။

မနက်စာအတွက် ငါးဆန်ပြုတ်, ဖက်ထုတ်ပေါင်း, အရည်ပါတဲ့ပေါက်စီ, ကြက်ဥပြုတ် တွေဖြစ်ပြီး အဲ့ဒါက စစ်မှန်တဲ့တရုတ်မနက်စာပဲဖြစ်တယ်။

လူတိုင်းက သူမ လက်ရာကို သိပြီးဖြစ်တဲ့အတွက် ရှောင်ကျိုး ရဲ့အကြံပြုချက်ကိုမလိုတော့ပဲ လျင်မြနိစွာနဲ့ပဲ ဆာလောင်နေတဲ့ ဝံပုလွေတွေလို စားကြတော့တယ်။

"မြန်မြန်လေး, မြန်မြန်, မြန်မြန်, ယောက်ျားရေ ကျွန်မကို ကြက်ဥခွံခွာပေးပါ"

ကျီယွဲ့က အရည်ပါပေါက်စီစားရင်းနဲ့ သူ့ယောကျာ်းကို ညွှန်ကြားချက်တွေပေးနေလေတယ်။ ကုကျန်းအန်းက အကူအညီမဲ့စွာနဲ့ သူ့ဇနီးနဖူးကို ပုတ်လိုက်ပြီး ကျိယန် ဆီသို့ညွှန်ပြကာပြောလိုက်တယ်

" ကျိယန် အမျိုးသမီးလုပ်တာတွေကို ကြည့်ပါလား မိန်းမရယ်, သူမဆီက သင်ပါဦးလား"

"အမ်..."

ကျီယွဲ့က ကျိယန်ပန်းကန်ထဲကို ကြက်ဥခွာပြီး ထည့်ပေးနေတဲ့ ထန်ထန်ကို သတိထားမိသွားတယ်။

သူမ မျက်တောင်ခတ်လိုက်ပြီး အကြည့်လွှဲလိုက်ကာ ဆက်စားတော့တယ်။ သူမက ကုကျန်းအန်း ကိုမနှစ်သိမ့်ပေးတဲ့အပြင့်

" ကျိယန်ကို အားကျမနေနဲ့ ဒါမျိုးကဖြစ်လာမှာ မဟုတ်ဘူး"

ကုကျန်းအန်း ပြောစရာစကားပျောက်ရှသွားတယ်။

ကျိုးကျီ ကပြုံးလိုက်ရင်း ကျီယွဲ့ ကို ကာကွယ်ပေးလိုက်တယ်

" ထန်ထန် လိုလူမျိုးက မျိုးသုန်းကုန်ပြီ, နောက်ဆုံးကျန်တဲ့ တစ်ယောက်ကို ကျိယန် က လက်ဦးသွားပြီဆိုတော့ ငါတို့အတွက် အခွင့်အရေးမရှိတော့ဘူး "

ကျိုးကျီ အကျင့်ပျက်ပြီး အရှက်မရှိတဲ့ အမျိုးသမီး တစ်ယောက်အကြောင်းကို တွေးလိုက်မိတယ်။ သူက အကူအညီမဲ့စွာနဲ့ခေါင်းခါလိုက်ပြီး ဘယ်သူမှ ကျိယန်လောက်ကံမကောင်းပါဘူး။

မနက်စာစားပြီးတဲ့နောက် လူတိုင်းကအိမ်ပြန်ဖို့ ပြင်ကြတော့တယ်။ အားလုံးကအလုပ်များတဲ့သူတွေမို့လို့ အားလပ်ရက်ကို ရက်အများကြီးမရကြဘူး။

အသေးလေးက ပြီးခဲ့တဲ့နှစ်ရက်အတွက် အရမ်းကိုကျေနပ်နေတယ်။ သူက ကစားရရုံတင်မကပဲ သူ့မာမီရော ဒယ်ဒီပါ နှစ်ယောက်လုံး သူ့ဘေးနားမှာရှိခဲ့တယ်လေ။ အဲ့ဒါက အရေးအကြီးဆုံ အပိုင်းပဲပေါ့။ သူအနေနဲ့ တခြားကလေးတွေကို မနာလို့ဖို့ မလိုတော့ဘူး။

“ မာမီ, ပျော်လားဟင်...”

သူ ..ထန်ထန် ရင်ခွင်ထဲမှနေ၍ မေးလိုက်တယ်။

ထန်ထန် ချက်ချင်းပဲ ခေါင်းငြိမ့်ပြလိုက်တယ်

“ ပျော်တာပေါ့, မာမီ အရမ်းပျော်တာပဲ”

သူမက အမှန်အတိုင်းပြောခဲ့တာဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်ရက်လုံး သူမ မကစားခဲ့ပေမယ့် တခြားသူတွေ သူမအပေါ်မြင်တဲ့အမြင်ကို ပြောင်းလဲနိုင်ခဲ့တယ်လေ။ လူတိုင်းက သူမကို သဘောမကျတာ မရှိတော့ဘူး။ အဲ့ဒါက သူမအတွက် ဒီခရီးမှာ အကြီးမားဆုံးအောင်မြင်မှုပဲ။

ဒါအပြင့် ပေါင်ပေါင်ဒယ်ဒီနဲ့လဲ ပိုပြီးနီးကပ်လာတယ်လို့ ခံစားမိတာကြောင့် တိတ်တဆိတ် ၀မ်းသာနေမိတယ်။

အမေဖြစ်သူကိုမေးပြီးတဲ့နောက် သူ့ဒယ်ဒီကိုလှည့်မေးလိုက်တယ်....

“ ဒယ်ဒီရော ပျော်လား...”

ကျိယန် က ပြုံးရင်းနဲ့ ခေါင်းငြိမ့်လိုက်ပြီး

“ ပျော်တာပေါ့”

“ သားနဲ့ဆော့ရရင် ဒယ်ဒီပျော်မယ်ဆိုတာ သားသိနေတယ်လေ”

အသေးလေးက ဂုဏ်ယူစွာနဲ့မေးလိုက်တယ်

“ ဒါဆို မနက်ဖြန်ကော သားနဲ့အတူတူဆော့မှာလား.”

ကျိယန်က  အသေးလေး သူ့ကိုဘာပြောစေချင်လဲဆိုတာကို သိတဲ့အတွက် သူကပဲ စတင်ကာပြောလိုက်တယ်

“ မနက်ဖြန် သားကို ဒက်ဒီက ကစားကွင်းခေါ်သွားပေးမှာပေါ့”

“ ဟုတ်ပြီကွ..”

ရှောင်ကျိုး ထန်ထန် ကိုဖက်လိုက်ပြီး စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်တယ်

“ မာမီ, သားတို့ မနက်ဖြန် ကစားကွင်းသွားရတော့မယ်, သားတို့ ပင်လယ်ဓါးပြစီးလို့ရတယ် ရိုလာကိုစတာကောပဲ ပြီးတော့…”

အသေးလေးက စိတ်ထဲမှပေါ်လာတာတွေကို စာရင်းလုပ်ထားတယ်။ အရိုးသားဆုံးပြောရရင် သူတစ်ခါမှ ကစားကွင်းကိုမရောက်ဖူးဘူး။ သူက တခြားကလေးတွေဆီကနေ သူကြားဖူးတဲ့ ကစားကွင်းအကြောင်းကို မှတ်ထားတာပဲဖြစ်တယ်။

ထန်ထန်က အသေးလေးပြောတဲ့အတိုင်း လိုက်လျောညီထွေစွာနဲ့ ခေါင်းငြိမ့်ပြနေတယ်။ သူမက အသေးလေးကို မနက်ဖြန်မှာ ပျော်နေစေချင်တယ်လေ။ ပြီးတော့ အဲ့ဒါက ပေါင်ပေါင့်ဒယ်ဒီရဲ့ နောက်ဆုံးအားလပ်ရက်နေ့လဲဖြစ်တယ်။ သူတို့တွေ ဘယ်အချိန်မှ ပြန်တွေ့မလဲဆိုတာ မသိနိုင်ဘူးလေ။

ကျိယန် ပြန်သွားတော့မယ်လို့ သူမ သတိရသွားပြီးနောက် သူမစိတ်ထဲသူနဲ့ခွဲဖို့ နည်းနည်းဝန်လေးသလို ခံစားလိုက်ရတယ်။ သူက သူ့တပ်ထဲမှာ ကောင်းကောင်းအိပ်ရပါ့မလား, သူကိုယ်သူကော သေချာဂရုစိုက်ပါ့မလားဆိုတာ မသေချာဘူး။ သူတို့တပ်ထဲက စားသောက်ဆိုင်မှာ အရသာကောင်းတဲ့ အစားအစာမရှိလောက်ဘူး။ လေ့ကျင့်ရေးတွေကြောင့် သူကပင်ပန်းနေမယ့်အပြင့် ကောင်းကောင်းသာ မစားရဘူးဆိုရင် သူ့အတွက်ကောင်းမှာမဟုတ်ဘူး။

သူမ ကျိယန် အတွက် တစ်ခုခုလုပ်ပေးသင့်တယ်လို့ ခံစားလိုက်မိတယ်။ ပြန်ရင်ယူသွားဖို့ စားစရာတချို့ဆိုရင်ကော... အနည်းဆုံးတော့ သူကောင်းကောင်းစားဖို့အတွက် သူမအကောင်းဆုံးလုပ်ပေးသင့်တယ်လေ။

အဲ့အချက်ကိုတွေးလိုက်မိပြီး သူမ ကေားမောင်းနေတဲ့ ကျိယန် ကိုပြောလိုက်တယ်

“ ယောကျာ်း, စူပါမားကတ်ကိုသွားရအောင်, ကျွန်မ ၀ယ်စရာလေးတွေရှိလို့”

သူမပြောတာကို ကျိယန် ကြားတဲ့အခါ သူက စူပါမားကတ်ရဲ့ ကားပါကင်ဆီကို တိုက်ရိုက်မောင်းသွားတော့တယ်။ မိသားစု သုံးယောက်လုံး စူပါမားကတ်ထဲကို ၀င်သွားကြတယ်။ ဒီတစ်ခါတော့ လမ်းလျောက်တဲ့အခါမှာ ကျိယန် က စျေးဝယ်တွန်းလှည်းကို တွန်းပြီး အသေးလေးကတော့ ထန်ထန် ရဲ့ ဘောင်းဘီစကိုဆွဲထားတယ်။

ထန်ထန် သူမခြေထောက်ဘေးမှာ လျောက်နေတဲ့အသေးလေးကိုကြည့်လိုက်ပြီး ကျိယန် လက်ကိုဆွဲလိုက်တယ်။

ကျိယန် သူမကိုကြည့်လိုက်ပြီး

“ ဘာဖြစ်လို့လဲ...’’

သူမ ကျိယန် နားရွက်နားကပ်ပြီး အသေးလေးမကြားအောင် လေသံတိုးလေးနှင့်

“ ယောကျာ်း ပေါင်ပေါင်ကို တွန်းလှည်းပေါ်မှာ ထိုင်ခိုင်းလိုက်ပါလား, တခြားကလေးတွေအားလုံးလဲ လှည်းပေါ်မှာထိုင်နေကြတယ်လေ, ပုံမှန်ဆို ကျွန်မခြေထောက်ကြောင့် ပေါင်ပေါင်ကိုမတင်နိုင်ဘူး ဒါပေမယ့် ပေါင်ပေါင်က တကယ်ကိုပဲ အဲ့ထဲမှာထိုင်ချင်နေတာ”

ကျိယန် ပတ်၀န်းကျင်ကို ဝေ့ကြည့်လိုက်ပြီးတဲ့နောက် လူအများစုက သူတို့ကလေးတွေကို တွန်းလှည်းပေါ်တွင် ထိုင်နေစေတာကို တွေ့လိုက်ရတယ်။ ပေါက်စီလုံးလေး တစ်ယောက်တည်းသာ သူ့ခြေထောက်တိုတိုလေးတွေနဲ့ လမ်းလျောက်နေတာဖြစ်တယ်။

ကျိယန် ကလေး ကိုချီရန် ခါးညွှတ်လိုက်တယ်

“ ဘာလုပ်မလို့လဲ ဒယ်ဒီ”

“ ဒယ်ဒီ သားကိုတွန်းလှည်းနဲ့တွန်းပေးမလို့ပေါ့"

ကျိယန်ပြောရင်းဖြင့် သူ့ ကို တွန်းလှည်းပေါ်တင်လိုက်တယ်။

အသေးလေး အခြေအနေကို နားလည်သွားပြီး မသိစိတ်ကပြုံးလိုက်မိတယ်။ တခြားသူတွေ သူ့ကိုတွေ့သွားမှာကိုကြောက်ပြီး သူ့ကိုယ်သူ အိနြေဆယ်တဲ့အနေနဲ့ ပြုံးပြီးလက်ကာပြတယ်

“ အာ, သားက သုံးနှစ်ကလေးမဟုတ်တော့ပါဘူး, သားဒီထဲမှာထိုင်ရင် မကောင်းဘူးလေ”

ကျိယန်နှုတ်ခမ်းတွေတွန့်ကွေးသွားပြီး... ထန်ထန် ရယ်မောလိုက်မိတော့တယ်။

- - - - - - - - - - - - - - - - - - - - - -

ထန်ထန် အမဲသားနဲ့ ကြက်သားကို ငါးကီလိုစီဝယ်လိုက်တယ်။ အဲ့ဒါက အတော်လေးများတဲ့ပမာဏဖြစ်တယ်။

ကျိယန်နားမလည်နိုင်စွာနဲ့ မေးလိုက်တယ်

“ အသားတွေ ဘာလို့ဒီလောက်တောင် ၀ယ်တာလဲ... သိမ်းထားတာအရမ်းကြာရင် မကောင်းဘူးလေ”

“ အိုး, ဆော့စ်လုပ်ဖို့လိုသေးတာပဲ”

သူမက သူ့အတွက် လုပ်ပေးမယ့်အကြောင်းကို မပြောပေ။ သူမ ပြောလိုက်ရင် အဆင်မပြေဖြစ်မှာစိုး၍ မပြောပဲနေဖို့ စီစဉ်ထားလိုက်တယ်။ သူမအားလုံးပြင်ဆင်ပြီးသွားတဲ့ အခါကျရင် ကျိယန် က မယူချင်ဘူးမပြောနိုင်တော့ဘူးလေ။

ကျိယန်ကသိပ်မစဉ်းစားပဲ ခေါင်းငြိမ့်လိုက်တယ်။

သူတို့အိမ်ပြန်ရောက်တဲအခါမှာ အချိန်ကစောနေသေးတယ်။ သူမက မီးဖိုချောင်ထဲမှာ ဆော့စ်မလုပ်ခင် သားအဖနှစ်ယောက်အတွက် စားစရာတစ်ချို့ကိုလုပ်ပေးလိုက်တယ်။ သူမက အမဲသားနဲ့ ၀က်သားဆော့စ်ဟင်းကိုချက်ပေးဖို့ စဉ်းစားထားပြီး အဲ့ဒါက ထမင်းမြိန်စေတယ်လေ။

သူမက စားလို့မကုန်တဲ့ အမဲသားတွေကို အခြောက်ခံဖို့ စဉ်းစားထားတယ်။ အခြောက်ခံထားတာတွေက အထားခံပြီး အရသာရှိတယ်လေ။ အဲ့ဒါက ဗိုက်ဆာတဲ့အချိန်မှာ စားရင်လဲ ကောင်းတယ်။ သူမရဲ့အထိန်းတော်သင်ပေးထားတဲ့ လျှိုဝှက်နည်းကိုသုံးပြီးပြုလုပ်မှာဖြစ်တယ်။

ထန်ထန် မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတုန်း ကျိယန်က ကလေး ကိုခေါ်ကာ မီးသီးသွား၀ယ်နေပြီဖြစ်တယ်။ သူတို့ပြန်ရောက်တဲ့အချိန်မှာတော့ ထန်ထန့်ရဲ့အခန်းထဲသို့သွားကာ မီးသီးလဲပေးလိုက်တယ်။ ထို့နောက် သူက တအိမ်လုံးကို စစ်ဆေးပြီး ပြုပြင်ဖို့လိုတဲ့နေရာတွေကို ပြင်ဆင်လိုက်တယ်။

ရှောင်ကျိုးလေးက ကျိယန် နောက်မှ တကောက်ကောက်လိုက်နေပြီး အားလုံး ပြင်ပြီးသွားတဲ့အခါမှာတော့ ရုတ်တရက်ပဲမေးလိုက်တယ်

“ ဒယ်ဒီ, ဒယ်ဒီပြန်သွားတော့မှာမဟုတ်လား...”

ကျိယန် ကလေးရဲ့ မျက်နှာလေးကိုထိလိုက်ပြီး

“ ဒယ်ဒီ အားလပ်ရက်က ကုန်သွားပြီလေ, မနက်ဖြန်ညကျရင် ဒယ်ဒီတပ်စုဆီကို ပြန်သွားရတော့မယ်”

ရှောင်ကျိုး ပါးစပ်ကိုစေ့လိုက်ပြီး သူ့ကိုယ်သူမငိုမိအောင် ကြိုးစားနေတယ်။ သူ့ကိုယ်သူ အားတင်းလိုက်ပြီး

“ ဒယ်ဒီ, အိမ်မှာ သားရှိနေမှာပါ, သားက မာမီကိုစောင့်ရှောက်ထားပါ့မယ်, ဒယ်ဒီစိတ်ပူဖို့မလိုပါဘူး”

ကျိယန်က အသေးလေးကို ချီလိုက်ပြီး နူးညံ့စွာနမ်းလိုက်တယ်

“ အိုကေ, သားက တော်တဲ့ကလေးဆိုတာ ဒယ်ဒီသိပါတယ်, ဒယ်ဒီ သားကိုယုံတယ်”

ပေါင်ပေ့လေး က သူ့လက်တွေကို ကျိယန်ရဲ့ လည်ပင်းဆီမှာ ဖက်တွယ်ထားပြီး သူ့မျက်နှာလေးကို မြုပ်နေအောင်နှစ်လိုက်တယ်။ သူ့ မျက်လုံးတွေက နီရဲလာပြီး တုန်ရီနေတဲ့အသံလေးနဲ့မေးလိုက်တယ်

“ ဒါဆို သားဒယ်ဒီကိုလွမ်းလာရင် ဒယ်ဒီ့ဆီကိုလာတွေ့လို့ရလားဟင် ဒယ်ဒီ...’’

ကျိယန်နှလုံးသားနာကျင်သွားရပြီး အချိန်တစ်ခုတိတ်ဆိတ်သွားတယ်။ သူကရုတ်တရက်ပဲ မေးလိုက်တယ်

“ ရှောင်ကျိုး သား ဒယ်ဒီနဲ့အတူတူလိုက်ပြီးနေချင်လား...အဲ့ဒီမှာ သားမူကြိုတက်ချင်လား...’

ရှောင်ကျိုး ချက်ချင်းပဲ သူ့ခေါင်းကိုမော့လိုက်ကာ

“ သား သြားလို့ရလားဒက္ဒီ...’’

“ ရတာပေါ့, အဲ့မှာ အဆောက်အအုံ အမြင့်ကြီးတွေမရှိဘူး, ကစားကွင်းလဲမရှိဘူး, စားကောင်းတဲ့အစားအစာတွေလဲမရှိဘူး ပြီးတော့ ကစားဖို့နေရာလဲမရှိဘူး, သားအဲ့ကိုသွားချင်ရဲ့လား....’’

ကျိရှောင်ကျိုး က ဘာမှမတွေးပဲ ချက်ချင်းခေါင်းငြိမ့်ကာ

“ သားသွားချင်တယ်, သားဒယ်ဒီနဲ့အတူတူနေရမယ်ဆိုရင် သားသွားချင်တယ်, သားကိုခေါ်သွားပါနော်, ဒယ်ဒီ’’

ကျိယန် ကလေးနဖူးကိုနမ်းလိုက်ပြီး သူ့စိတ်ထဲမှာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတော့တယ်။

ရှောင်ကျိုး က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ရှိပြီး စိတ်ပူစွာနဲ့မေးလိုက်တယ်

“ နောက်ပြီး, မာမီကိုကော သားတို့ခေါ်သွားမှာလား သားမာမီနဲ့မခွဲချင်ဘူး, သားတို့ မာမီကိုခေါ်သွားဖို့လိုတယ်, သားတို့ မာမီကို ထားခဲ့လို့မဖြစ်ဘူး...”

“ အိုကေ…”

ကျိယန် က ရုတ်တရက်ပဲ သူမွေးထားတဲ့၀က်ကို တစ်စုံတစ်ယောက်က ခိုးယူသွားသလို ခံစားလိုက်ရတယ်။ အသေလေးက သူ့မာမီအတွက်ကိုပါ စဉ်းစားပေးတတ်လာတာ ဘယ်လောက်တောင်ကြာနေပါလိမ့်။ အချိန်နည်းနည်းလောက် ကြာလာတဲ့အခါမှာ သူ့ကိုနောက်ဆုံးကိုများ ပို့တော့မလား?

သူ့ဒယ်ဒီက သူ့ကိုပါခေါ်သွားမယ့်အကြောင်းသိပြီးတဲ့နောက် သူ  မတရားပျော်ရွှင်နေတော့တယ်။ သူ ချက်ချင်းပဲ မီးဖိုချောင်ကိုပြေးသွားပြီး ထန့်ထန့် ဆီကို ကျည်ဆံလိုအရှိန်နဲ့ ပြေး၀င်သွားတော့တယ်။

အရိုးစုကဲ့သို့ ဖြစ်နေသော Tang Tang က သူ့အလေးချိန်ကို မထိန်းနိုင်သေးပေ။ သူမရဲ့ခြေထောက်တစ်ဖက်က ဒဏ်ရာကြောင့် ကောင်းကောင်းမရပ်နိုင်တော့ပဲ လဲကျသွားတော့တယ်။ သူမလဲကျတဲ့အချိန်မှာပဲ သူမလက်က မီးဖိုနဲ့တိုက်မိသွားပြီး အဲ့ဒါကအရမ်းနာတာပဲ ပြီးတော့ သူမဘာသာ မတ်တတ်မရပ်နိုင်တော့ဘူးဖြစ်နေတယ်။

အသေးလေးက ကြောက်လန့်သွားပြီး သူအမှားလုပ်လိုက်မိတယ်ဆိုတာကို သိသွားတယ်။ သူက ထန်ထန့်ကို မတ်တတ်ရပ်နိုင်ရန် ကူညီဖို့ကြိုးစားသော်လဲ သူကအရမ်းသေးငယ်နေတဲ့အတွက် ချက်ချင်းပဲ ကျိယန်ကိုအော်ခေါ်လိုက်တော့တယ်။

ကျိယန် ပြေး၀င်လာပြီး သူမကို မချီခင် မီးဖိုချောင်ကို ကြည့်လိုက်တယ် ထို့နောက် သူမကို ဧည့်ခန်းထဲက ဆိုဖာပေါ်သို့ ခေါ်သွားတော့တယ်

“ ဘာဖြစ်သွားတာလဲ... ဘယ်နေရာ နာသွားသေးလဲ...’’

သူမရဲ့နာကျင်မှုကို ဖုံးကွယ်လိုက်ရင်း ထန်ထန်ခေါင်းခါပြလိုက်တယ်

“ ဘာမှမဖြစ်ပါဘူး, ကျွန်မလက်က တစ်ခုခုနဲ့တိုက်မိလိုက်လို့ပါ, ပြီးတော့ ကျွန်မခြေထောက်က ရုတ်တရက် အားလျော့သွားလို့ပါ”

ကျိယန် သူမ လက်မောင်းနဲ့ အရိုးကို စစ်ဆေးလိုက်တယ်။ အရိုးတွေက ဘာမှမဖြစ်သော်လဲ တစ်သျှူးတွေကတော့ ထိခိုက်သွားတဲ့အတွက် နောက်ကျရင် ယောင်လာနိုင်ခြေရှိတယ်။သူ ထန်ထန့် လက်မောင်းပေါ်ကို ဆေးတချို့လိမ်းပေးလိုက်တယ်။

ရှောင်ကျိုး က အပြစ်ရှိသလို ခံစားနေပြီး မျက်ရည်တွေနဲ့တောင်းပန်နေတယ်

“ သားတောင်းပန်ပါတယ် မာမီ, သားမှားသွားပါတယ်, မာမီ့ဆီကို အရှိန်နဲ့ပြေးမလာသင့်ပါဘူး”

ပုံမှန်ဆိုရင် သူက အဲ့လိုပြေးဖက်တာမျိုးကို ကျိယန် နဲ့တွေ့တိုင်းလုပ်နေကျဖြစ်ပြီး ကျိယန်က အမြဲတမ်းဖမ်းနိုင်ခဲ့တာဖြစ်တယ်။ သူက သူ့ဒယ်ဒီနဲ့မာမီ တို့ရဲ့ ခွန်အားကွာခြားပုံကို မေ့သွားခဲ့တာဖြစ်တယ်။

ထန်ထန် သူ့မျက်ရည်တွေကို သုတ်ပေးလိုက်ပြီးနှစ်သိမ့်လိုက်တယ်

“ အဆင်ပြေပါတယ်, မာမီဘာမှမဖြစ်ပါဘူး, စိတ်မပူပါနဲ့”

“ ဒါဆို သားမာမီကို မှုတ်ပေးမယ်နော်, မှုတ်ပေးလိုက်ရင် နာမှာမဟုတ်တော့ဘူး”

သူ ထန်ထန့် လက်မောင်းကိုဆွဲယူကာ မှုတ်ပေးနေတော့တယ်။

ကျိယန် ထန်ထန့်ကိုကြည့်လိုက်မိတယ်။ သူမက တကယ်ကိုပဲ အရိုးစုပမာဖြစ်နေတယ်။ သူမက လေကြမ်းတိုက်ရင်တောင် လဲကျမယ့်ပုံစံဖြစ်နေပြီး သူမခန္ဓကိုယ်က ရှောင်ကျိုးရဲ့အင်အားကို တောင်မခံနိုင်တာ အသေအချာပဲဖြစ်တယ်။ ကံကောင်းစွာနဲ့ပဲ ဒီတစ်ခါမှာတော့ ဘာမှမဖြစ်သွားခဲ့ဘူး, ဒါပေမယ့် တကယ်လို့များ လှေကားဖြစ်ဖြစ် တခြားအန္တရာယ်ရှိတဲ့ နေရာတစ်ခုခုမှာဆိုရင် ဘယ်လိုလုပ်မလဲ။

ဒါကြောင့် ကျိယန်က ရှောင်ကျိုးကို သင်ခန်းစာပေးတဲ့အနေနဲ့ပြောလိုက်တယ်

“ နောက်တစ်ခါဆိုရင် မာမီဆီကို အားနဲ့ပြေးမဖက်ရဘူး, မာမီက အရမ်းပိန်တော့ သားကိုဖမ်းနိုင်မှာမဟုတ်ဘူး, သားဒါကို မှတ်ထားဖို့လိုတယ်...ရှောုကျိုး... ’’

အသေးလေး က့ခေါင်းကိုငုံ့လိုက်ပြီး တီတိုးရေရွတ်လိုက်တယ်

“ သားသိပါပြီ , သားက အရမ်းဝြပီးတော့ မာမီက သားကိုမဖမ်းနိုင်ပါဘူး”

‘ဒါဆို သူ၀တာတော့ သူသိတယ်ပေါ့လေ’

ကျိယန် အကူအညီမဲ့စွာနဲ့ တွေးလိုက်မိတယ်။

Part 20

အပြစ်ရှိသလိုခံစားနေရတဲ့ ရှောင်ကျိုး ကို စိတ်ပြောင်းသွားစေဖို ထန်ထန် က သူ့ခေါင်းလေးကိုပွတ်ပြီး မေးလိုက်တယ်

“ ပေါင်ပေါင်က မာမီ့ကို ဘာလိုရှာတာလဲ”

“ အွန်း..."

သူ့ရဲ့မူလရည်ရွယ်ချက်ကို သတိရသွားဟန်ရှိပြီး စိတ်လှုပ်ရှားစွာနဲ့

“ မာမီ မာမီ, မာမီ့ကိုပြောဖို သားမှာ သတင်းကောင်းရှိတယ်, ဒယ်ဒီက သူအလုပ်လုပ်တဲ့နေရာကို သားတို့ကိုခေါ်သွားမယ်တဲ့”

“ဘာ...’’

သူမ ကျိယန်ကို မယုံနိုင်တဲ့ အမူအယာနဲ့ ကြည့်လိုက်တယ်

“ ယောကျာ်း, ကျွန်မတိုကို ရှင့်အခြေစိုက်စခန်းဆီကို ခေါ်သွားမလိုလား”

ကျိယန် ခေါင်းငြိမ့်ပြလိုက်ပြီး

“ အန်တီလီက မလာနိုင်တော့ဘူး ပြီးတော့ မင်းနဲ့ ရှောင်ကျိုး ကိုဒီအတိုင်းထားရမှာ စိတ်ပူတယ်, ကိုယ့်ရာထူးနဲ့ဆိုရင် စခန်းမှာအိမ်ယာလျောက်ထားလိုရတယ်, ပြီး‌တော့အဲ့မှာ မူကြိုလဲရှိတယ်ဆိုတော့ သား လဲတက်လိုရတယ် ဒါပေမယ့်…”

“ဘာဖြစ်လို့လဲ...’’

ကျိယန် က ထန်ထန် ကို မသေချာစွာကြည့်လိုက်ပြီး

“ကိုယ်နဲ့အတူလိုက်ဖို မင်းဆန္ဒရှိရဲ့လား... ကိုယ်က နေ့ဘက်ဆို စစ်ရေးလေ့ကျင့်မှုတွေရှိတော့ ရှောင်ကျိုး ကို တစ်ယောက်တည်းထားခဲ့လိုမဖြစ်ဘူး, အဲ့ဒါကြောင့် မင်းလိုက်ဖို့လိုတယ် ပြီးတော့…”

“ ယောကျာ်း, ကျွန်မလိုက်ချင်တာပေါ့..."

ကျိယန် ဘာမှဆက်မပြောရသေးခင် သူမ ကြားဖြတ်ဖြေလိုက်တယ်။

ကျိယန် အသံတွေ တိတ်ဆိတ်သွားတယ်လို ခံစားလိုက်ရတယ်။ သူမအလွယ်တကူ သဘောတူလိုက်လိမ့်မယ်လို သူ မထင်ထားမိဘူး။ သူက သူမ သဘောတူလာဖို့ စကားတွေ အများကြီးပြောဖို့လိုမယ် ထင်ခဲ့တာ။ သူမနဲ့ပြောဖို့ အကြောင်းပြချက်တွေတောင် တန်းစီလုပ်ထားရတာကို အဆုံးမှာတော့ သူအဲ့လိုလုပ်ဖို မလိုတော့ဘူးပဲ။

“အမ်း...”

ကျိယန် တုံပြန်လိုက်တယ်။

“ဒါဆို, သားတို့ ဘယ်အချိန်သွားကြမှာလဲ ဒယ်ဒီ...’’

ရှောင်ကျိုး က စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်တယ်။ အရင်ကဆို သူ့ဒယ်ဒီနဲ့ခွဲမနေချင်ခဲ့ဘူး ဒါပေမယ့် အခုက သူ့ဒယ်ဒီနဲ့သွားရမှာဖြစ်တဲ့အတွက် ဖြစ်နိုင်သမျှမြန်မြန်လေး ထွက်သွားချင်ပြီဖြစ်တယ်။ သူ့ဒယ်ဒီအလုပ်လုပ်တဲ့နေရာမှာ သေနတ်တွေ တင့်ကားတွေရှိတယ်လို သူကြားဖူးတယ်။ အဲ့ကိုသာရောက်သွားရင် သူအားလုံးကိုမြင်ရတော့မှာပေါ့ ဟီး..ဟီး..

“ဒယ်ဒီက သားတို့ကိုခေါ်သွားလိုမရသေးဘူး, သားနဲ့သားမာမီကိုမခေါ်ခင် အရင်ပြန်ပြီး လျောက်လွှာတွေတင်ရဦးမယ်, အဲ့ဒါကြောင့် သားနဲ့ သားမာမီက အိမ်မှာ ဒယိဒီလာခေါ်တာကိုစောင့်နေရုံပဲ ဟုတ်ပြီလား...’’

သူ့ဒယ်ဒီနဲ့ ချက်ချင်းလိုက်မသွားနိုင်လို အနည်းငယ်စိတ်ပျက်သွားသော်လဲ သူကညဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်တဲ့အတွက် ခေါင်းငြိမ့်လိုက်ကာ

“ ဟုတ် ဒါဆို ဒယ်ဒီမြန်မြန်ပြန်လာပြီး သားတို့ကိုလာခေါ်ရမယ်နော်”

“အိုကေ, ဒယ်ဒီ အမြန်ဆုံးပြန်လာခဲ့မယ်”

....

သူတို့တစ်မိသားစုလုံး အတူတူနေရတော့မှာကြောင့်ဖြစ်နိုင်တယ်။ အခု  ခဏလေးခွဲရမှာကို အရမ်းကြီးမခံစားကြရပေ။ နောက်တစ်နေ့မှာတော့ ကစားကွင်းသိုသွား၍ စိတ်ကျေနပ်သည်အထိ ကစားခဲ့ကြတယ်။ ဒဏ်ရာရထားတဲ့ သူမတောင်မှ ကစားနည်း တော်တော်များများကို ကစားဖြစ်ခဲ့တယ်။ လူအများကကြည့်ခြင်းကို ခံရသော်လဲ သူတိုအတွဲကတော့ ပျော်ရွှင်ဆဲပဲဖြစ်တယ်။

ညနေမှာတော့, ကျိယန် က သူ့အားလပ်ရက်ကုန်ဆုံးပြီ ဖြစ်တဲ့အတွက် စခန်းသိုပြန်သွားတော့တယ်။ သိုသော်လဲ, သူမျှော်လင့်ထားခဲ့သလို အသေးလေးကမငိုပဲ လက်ကို‌ဝှေ့ယမ်းကာ

“ဒယ်ဒီ, မြန်မြန်ပြန်လာပြီး သားတို့ကိုခေါ်ဖို မမေ့နဲ့နော်”

သူ ရှောင်ကျိုး ခေါင်းကိုပွတ်လိုက်ရင်း မရယ်ပဲမနေနိုင်တော့ပေ။ သူ ထန်ထန့်ကိုမမေ့အောင်သတိပေးလိုက်တယ်

“ မင်းတိုနှစ်ယောက်တည်းအိမ်မှာနေရမှာဆိုတော့ တစ်ခုခုဖြစ်လို့ ကိုယ့်ကိုခေါ်လို့မရရင် ကျိုးကျီ နဲ့ ကုကျန်းအန်းကို ဆက်သွယ်လိုက်နော်, သူတို့ကို နှောက်ယှက်မိမှာဆိုပြီးလဲ စိုးရိမ်မနေနဲ့”

သူမ ခေါင်းငြိမ့်ပြလိုက်တယ်။

“ အပြင်သွားရင်လဲ သတိထားသွားဦး, ကြုံရာကားကိုလဲမစီးနဲ့ ပြီးတော့ လူများတဲ့နေရာကိုလဲမသွားနဲ့။ ကလေး ကို တစ်ယောက်တည်း ထိန်းဖို့မလွယ်ဘူး”

“အင်း...!”

ထန်ထန် ခေါင်းငြိမ့်လိုက်ပြန်တယ်။

“ပြီးတော့ ကလေး ကို အစာ ထိန်းစားခိုင်းဦး, သူ့ကို ညဘက်တွေမစားစေနဲ့, ရေခဲမုန့်တွေလဲ ပေးမစားနဲ့, မဟုတ်ရင် သူ့ကိုယ်အလေးချိန်တွေ ထပ်တက်လာပြီး အ၀လွန်နိုင်တယ် ပြီးတော့ အဲ့ဒါက ကျန်းမာရေးအတွက် မကောင်းဘူး”

အဲ့ဒါက သူ ထန်ထန့်ကိုပြောချင်တဲ့ အရေးကြီးဆုံး အချက်ပဲဖြစ်တယ်။

သူမ ခေါင်းငြိမ့်လိုက်ပြန်တယ်

“ အင်းပါ “

ကျိရှောင်ကျိုး က မကျေနပ်တော့ပဲ ကျိယန်ရဲ့ဘောင်းဘီစကို မပျော်ရွှင်တဲ့မျက်နှာထားနဲ့ လှမ်းဆွဲလိုက်ပြီး အထွန့်တက်လိုက်တယ်

“ ဒယ်ဒီ, သားမ၀ပါဘူး, သားက အရမ်းခန့်ညားနေတာပါ”

ကျိယန် က လေသံမာနဲ့ ပြန်ပြောလိုက်တယ်

“ ဒါဆို ဘယ်သူက လူကြီးတစ်ယောက်ကို လဲကျအောင်လုပ်လိုက်တာလဲ...’’

လျှပ်တပြက်အတွင်း ရှောင်ကျိုးလေး က အပြစ်ရှိသလိုခံစားသွားရပြီး ခေါင်းကိုငုံကာ လက်ချောင်းလေးတွေကို အချင်းချင်းပွတ်နေတော့တယ်။

အသေးလေး နှင့် အောင်မြင်စွာဆွေးနွေးပြီးတဲ့နောက် ကျိယန်က လေးထောင့်ဆန်တဲ့ အရာ၀တ္တုတစ်ခုကို ထုတ်ပြီး ထန်ထန် ကိုပေးလိုက်တယ်

“ ဒါကိုယူထားလိုက်, တစ်ခုခုဖြစ်ရင် ကိုယ့်ကိုဆက်သွယ်လိုက်, ကိုယ့်ဖုန်းနံပါတ်က အဲ့ထဲမှာထည့်ပြီးသား”

သူမ နားမလည်ပဲ အဲ့ဒါကိုယူလိုက်ပြီးမှ မိုဘိုင်းဖုန်းမှန်း သိလိုက်တယ်။

“ ရှင်…ရှင် ကျွန်မအတွက် ဖုန်း၀ယ်ပေးတယ်...”

“ ဖုန်းမရှိရင် အဆင်မပြေဘူးလေ, တစ်ခုခုဖြစ်တာနဲ့ ကိုယ့်ကိုခေါ်လို့ရတယ် ကုကျန်းအန်း နဲ့ တခြားသူဖုန်းနံပါတ်တွေလဲ အဲ့ထဲမှာပါပြီးသား”

“ ကျွန်မ…ကျွန်မ…”

ထန်ထန် အံ့အားသင့်ပြီး အကူအညီမဲ့နေသလို တပြိုင်တည်းခံစားလိုက်ရတယ်။ သူမဘာပြောရမှန်း မသိဖြစ်နေပြီ။ သူက သူမအပေါ်အရမ်းကောင်းတာပဲ။ သူ့ကိုဘယ်လို ပြန်ပေးဆပ်ရမှန်း သူမ မသိတော့ဘူး။

ကျိယန် က သူမရဲ့စကားကို အထူးတလည်မလိုအပ်တဲ့အတွက် သူ့အထုတ်အပိုးတွေကိုသယ်ပြီး တခါး၀ဆီသို့ ဦးတည်လိုက်တယ်။

ထန်ထန်က သူ့ကိုလှမ်းဆွဲလိုက်ပြီး

“ ခဏလေး, ခဏလေး, ကျွန်မရှင့်ကို ပေးစရာရှိတယ်”

ထို့နောက် သူမက မီးဖိုချောင်ထဲ အမြန်သွားပြီးနောက် ဆော့စ်နှစ်ပုလင်းနဲ့ အသားခြောက်ဗူးကြီးကို Ji Yan ဆီ ထိုးပေးလိုက်တယ်။

“ ဒီမှာ, ထမင်းနဲ့စားဖို့ ဆော့စ်နည်းနည်းလုပ်ထားပေးတယ်, ပုလင်းက အရမ်းကြီးလို့ ရှင်သယ်လို့လွယ်အောင် နှစ်ခုခွဲထည့်ပေးထားတယ်။ ပြီးတော့ အသားခြောက်နည်းနည်းလဲပါတယ်။ ရှင်ဗိုက်ဆာရင် စားလို့ရအောင်လို့။ အဲ့ဒါက အရမ်းဗိုက်မပြည့်ပေမယ့်လဲ အဆာတော့ခံတာပေါ့။ ရှင်စားလို့ကုန်သွားရင် ကျွန်မထပ်လုပ်ပေးမယ်”

“ မင်း…”

သူမက သူကောင်းကောင်းမစားနိုင်မှာနဲ့ ဗိုက်ဆာနေမှာကို စိုးရိမ်လိမ့်မယ်လို့ ကျိယန် က မမျှော်လင့်ထားမိဘူး။ သူ့အတွက် ဆော့စ်တောင်သီးသန့်လုပ်ပေးထားသေးတယ်။ အတိတ်မှာ သူ့ကိုဒီလို ဘယ်သူမှနားလည်မပေးဖူးတဲ့အတွက် ဘယ်လိုတွေးရမှန်း သူ မသိဘူးဖြစ်နေတယ်။

ကျိယန်ဖော်ပြရခက်တဲ့ ခံစားချက်တစ်ချို့ခံစားလိုက်ရတယ်။ သူက တိတ်ဆိတ်စွာနဲ့ အစားအစာတွေကိုယူလိုက်ပြီး သူမကို ကျေးဇူးတင်လိုက်တယ်

“ကျေးဇူးတင်ပါတယ်”

ထန်ထန်ပြုံးလိုက်ပြီး

“ကျေးဇူးတင်ဖို့မလိုပါဘူး, အဲ့ဒါတွေက ကျွန်မလုပ်သင့်တာပဲ, ကုန်သွားရင်သာ ကျွန်မကိုပြောဖို့သတိရ, ချွေတာစားဖို့လဲ မလိုဘူးနော်”

‘’အိုကေ’’

ကျိယန်အစားအစာတွေကို သယ်လိုက်တယ်။ ဒါက သူ့တပ်စုကို ပြန်တဲ့အခါ အစားအစာတွေယူသွားတာ ပထမဆုံးအကြိမ်ပဲဖြစ်တယ်။

ထန်ထန် သူမရဲ့အစားအစာတွေကြောင့် ဒီလို ကို့ယို့ကားယားဖြစ်မယ်လို့ မထင်ခဲ့မိဘူး။

....

နောက်တနေ့ တပ်စုမှာတော့...

နေ့လည်စာစားချိန်မှာ ကျိယန် က ဆော့စ်ပုလင်းအသေးလေးကို တခါတည်းယူသွားလိုက်တယ်။ အရိုးသားဆုံးပြောရရင်, တပ် ကန်တင်းက အတော်လေးကောင်းတယ်လို့ သူတွေးခဲ့ဖူးတယ်။ သို့သော်လဲ ထန်ထန် ချက်တာကို ရက်အနည်းငယ် စားပြီးတဲ့နောက် ကန်တင်းက အစားအစာတွေက မျိုချဖို့တောင် ခက်တယ်လို့ ရုတ်တရက်သူတွေးမိသွားတယ်။ ကံကောင်းလို့ပေါ့, သူမက သူ့အတွက် ဒီဆော့စ်တွေထည့်ပေးလိုက်လို့သာပဲ။

သူမရဲ့ ဆော့စ်က မကောင်းပဲမနေဘူးဆိုတာ သူသိပေမယ့်လဲ မြည်းကြည့်ပြီးတဲ့နောက် သူ မအံ့ဩပဲမနေနိုင်တော့ဘူး။ သူ့ရဲ့ အရသာခံဖုလေးတွေက အရမ်းကိုအာရုံခံစားမှုကောင်းနေပြီး စူပါမားကတ်တွေမှာရောင်းတဲ့ ဆော့စ်တွေကတောင် အဲ့ဒါကိုမမီနိုင်ဘူး။ သူက အဲ့ဆောစ့်နဲ့တင် ထမင်းပန်းကန်လုံးကြီး သုံးလုံးစားလိုက်မိတယ်။

တုန်းလီ က သူ့ရဲ့ စားစရာဗန်းကိုကိုင်ရင်း ကျိယန် ဆီကိုလျောက်လာတယ်။ သူက ကျိယန် ရဲ့စားပွဲပေါ်က ဆော့စ်ပုလင်းကိုတွေ့သွားပြီး မေးလိုက်တယ်

“ လောင်ကျိ မင်းဒါကိုဘယ်ကရတာလဲ ဒါဘာဆော့စ်လဲ ဘာလို့ တံဆိပ်မပါတာလဲ...’’

သူကပြောရင်းနဲ့ တူကိုဆော့စ်ပုလင်းထဲနှစ်လိုက်ပြီး မြည်းကြည့်လိုက်တယ်

“ဘုရားရေ, ဒီဆော့စ်က ကောင်းလှချေလား, မင်းဒါကိုဘယ်ကရတာလဲ လောင်ကျိ ... ‘’

တုန်းလီ က စိတ်လှုပ်ရှားစွာနဲ့  သူ့ကိုယ်သူမထိန်းနိုင်ပဲ ချက်ချင်းထပ်ယူဖို့ပြင်လိုက်တယ်။

တုန်းလီ က ပုလင်းထဲသိပ်မကျန်တော့တဲ့အထိ ယူသွားတာကိုကြည့်ရင်း ကျိယန် ချက်ချင်းပြန်ဆွဲယူလိုက်ကာ

“ အကုန်မစားပစ်နဲ့”

တုန်းလီ  မျက်တောင်ခတ်လိုက်ပြီး

“ ကပ်စေးနည်းမနေပါနဲ့ကွာ, ဆော့စ်နည်းနည်းလေးတောင် ငါ့ကိုမပေးချင်ဘူးလား ပြန်ပေးဦး, ဒီဆော့စ်က တော်တော်စားကောင်းတာကွ’’

ကပ်စေးနည်းတယ်လို့ အပြောခံလိုက်ရပေမယ့် သူကစိတ်မ၀င်စားပေ။ သူ့ဘာသာတောင် မလောက်တဲ့တာ သူများနဲ့ခွဲစားဖို့တော့ မဖြစ်နိုင်ဘူးလေ။

သူတို့နှစ်ယောက် ရုန်းရင်းဆန်ခတ်ဖြစ်နေတာကြောင့် တတိယအဖွဲ့ ကပ္ပတိန်က ကြားသွားပြီး သူ့ရဲ့စားစရာထည့်တဲ့ဗန်းနဲ့အတူ လျောက်လာရင်းမေးလိုက်တယ်

“ ဘာတွေလုပ်နေကြတာလဲ...’’

တုန်းလီ က ကျိယန် ကိုညွှန်ပြရင်း တိုင်လိုက်တယ်

“ လောင်ကျိပေါ့ အရမ်းအရသာရှိတဲ့ ဆော့စ်ကို ဘယ်ကရလဲမသိဘူး, အဲ့ဒါကို အရမ်းကပ်စေးနည်းနေပြီး ခွဲမပေးချင်ဘူးလုပ်နေတယ်လေ”

ကျန်းချန်း က ကျိယန် လက်ထဲမှ ပုလင်းကိုလှမ်းကြည့်လိုက်ပြီး သူလဲမြည်းကြည့်ချင်သွားတဲ့အတွက်

“လောင်ကျိ ငါ့ကိုလဲ နည်းနည်းပေး, အဲ့ဆော့စ်က ဘယ်လောက်ကောင်းလဲဆိုတာ ငါလဲမြည်းကြည့်ချင်လို့”

ဆာလောင်နေတဲ့ ဒီဝံပုလွေ နှစ်ကောင်ရဲ့လက်ထဲမှ မလွတ်မြောက်နိုင်မှန်း သိနေတဲ့ ကျိယန်က အကူအညီမဲ့စွာနဲ့ သူ့လက်ထဲက ပုလင်းကိုထုတ်ပေးလိုက်တယ်။ ကိစ္စမရှိပါဘူး သူမှာ နောက်တစ်ပုလင်း ကျန်သေးတာပဲကို။

ကျန်းချန်းက ဆော့စ်ကိုမြည်းကြည့်ပြီးနောက် သူ့မျက်လုံးတွေ အရောင်တောက်ကုန်တယ်။ ထို့နောက် သူခိုးတစ်ယောက်လို့ သူ့ပန်းကန်ထဲသို့ ဆော့စ်တွေကို အမြန်သွန်ထည့်နေတော့တယ်

“ ဘုရားရေ, ဒါက ဆိုင်ကနေဝယ်လာတာ လုံး၀မဖြစ်နိုင်ဘူး’’

တုန်းလီက စကားပြောရင်းနဲ့ ဆော့စ်ပုလင်းကို လှမ်းယူဖို့ကြိုးစားလိုက်တယ်

“ လောင်ကျိငါတို့ကို အမှန်အတိုင်းပြော, ဒါကိုဘယ်ကရတာလဲ?’’

ကျိယန် က တည်ငြိမ်စွာနဲ့ဖြေလိုက်တယ်

“ ရှောင်ကျိုး အမေလုပ်ပေးလိုက်တာ’’

‘’အ…ဟွတ်..ဟွတ်’’

တုန်းလီ ထမင်းတွေသီးကာ ပြန်ထွက်ကုန်ပြီး ဆို့နင့်နေတယ်။ သူ မယုံနိုင်စွာနဲ့ ချောင်းဆိုးရင်း မေးလိုက်တယ်

“ မင်းဘာပြောလိုက်တာလဲ... ရှောုကျိား ရဲ့အမေလုပ်ပေးလိုက်တာ ငါ့ကိုနောက်နေတာမဟုတ်လား...‘’

ကျိယန် က သူ့ကို ရှင်းပြဖို့ပျင်းနေတယ်

“အဲ့ဒါအမှန်ပဲလား...’’

တုန်းလီ အံ့ဩလွန်းလို့ စားနေတာရပ်သွားတယ်

“ လောင်ကျိ ကမ္ဘာကြီး ဘာတွေဖြစ်ကုန်တာလဲ... ရှောင်ကျိုးရဲ့အမေက ဘယ်လိုချက်ရလဲ သိနေတာလား... သူမ …’’

တုန်းလီက 'သူမအရက်ပဲ သောက်တတ်တာ မဟုတ်ဘူးလား' ဆိုတဲ့ မေးခွန်းကို ကျိယန်ရဲ့အကြည့်ကိုမြင်မိပြီးနောက် ပြန်မျိုချလိုက်တယ်။

ကျန်းချန်းက ကျိယန်ရဲ့မိသားစုကိစ္စကို သေချာမသိတဲ့အတွက် အကျယ်ကြီးရယ်လိုက်ကာ

“ ဒါဆို ခယ်မလေးက တော်တာပေါ့, သူမရဲ့ဟင်းချက်တဲ့စကေးက အရမ်းကောင်းတာပဲ လောင်ကျိမင်းက အရမ်းကံကောင်းတာပဲ, ငါ့လိုမဟုတ်ဘူး, ငါ့မိန်းမဆိုရင် မီးဖိုချောင်ကို ဘယ်တုန်းကမှ ၀င်တာမဟုတ်ဘူးကွ "

ကျိယန်က ပြန်မဖြေဘူး ပြီးတော့ တုန်းလီ ကလဲ ဘာမှမပြောသင့်ဘူးလို့ခံစားမိတယ်။ 

သူတို့ အခန်းဆီသို့ မပြန်ခင်အထိ တုန်းလီသူ့ရဲ့သိချင်စိတ်ကို ထိန်းထားလိုက်တယ်။

သူတို့ ကျိယန်ရဲ့အခန်းထဲ၀င်ပြီးတဲ့နောက်, သူ  တံခါးကိုပိတ်လိုက်ပြီး

“ လောင်ကျိ တကယ်ပဲ ဘာတွေဖြစ်နေတာလဲကြီးကြီးမားမား တစ်ခုခု ပြောင်းလဲသွားတယ်လို့ ငါခံစားမိနေတယ်’’

ကျိယန် က ရေအနည်းငယ်သောက်ပြီး ပြောလိုက်တယ်။ သူဘာကိုမှ မဖုံးကွယ်ထားပေ

“ သူမ ကားအက်စီးဒန့်ဖြစ်သွားတယ်, သူမ အတိတ်မေ့သွားပြီး အကုန်ပြောင်းလဲသွားတယ်, သူက ရှောင်ကျိုးကို အရမ်းကောင်းကောင်းမွန်မွန်ဆက်ဆံလာပြီးတော့ ငါ့ကိုလဲ…’’ အရမ်းကောင်းတယ်။

‘’တကယ်ကြီးလား...သူမ အတိတ်မေ့သွားတာလား... တီဗီထဲကဇတ်လမ်းတွဲတွေထဲကလိုလား... အဲ့ဒါ လှည့်စားနေတာများလား...’’

အဲ့အမျိုးသမီးက ဘယ်လိုလုပ်ပြီး ပြောင်းလဲသွားတာလဲ ပြီးတော့ ကလေး ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်?

ကျိယန့်ခေါင်းကိုယမ်းလိုက်ပြီး

“ သူမ အယောင်ဆောင်နေတာမဟုတ်ဘူး, သူမ မှတ်ညဏ်တွေ အကုန်ပျောက်သွားတာ’’

ကျိယန်  က အဲ့လိုပြောနေမှာတော့ သူမ အတိတ်မေ့တာ တကယ်ပဲပေါ့ သူ တစ်ခုခုကို တွေးမိသွားပြီး

“ တီဗီဇတ်လမ်းတွဲတွေထဲကလို ဖြစ်လာမလားမသိပေမယ့်, သူမက ပြောင်းလဲသွားတာက ကောင်းတဲ့ဘက်ကိုလား’’

ကျိယန် ခေါင်းငြိမ့်ပြလိုက်တယ်။

ဘာတွေဖြစ်နေလဲဆိုတာ တုန်းလီ စဉ်းစားလို့မရတော့ဘူး, ဒါပေမယ့် ကောင်းတဲ့ဘက်ကို ပြောင်းလဲသွားမှတော့ အရမ်းအဆင်ပြေသွားပြီပေါ့။ အနည်းဆုံး ငယ်ငယ်လေးကတည်းက မိခင်မေတ္တာကို လိုချင်နေတဲ့ ရှောင်ကျိုး အတွက် ကောင်းသွားတာပေါ့။

ကျိယန် ရဲ့ပုခုံးကိုပုတ်ပေးလိုက်ပြီး သူ ပြောလိုက်တယ်

“ အဲ့ဒါသတင်းကောင်းပဲ, ဒီလိုတွေဖြစ်သွားမှာ‌တော့ ကလေး ကို မင်းစိတ်ပူစရာမလိုတော့ဘူးပေါ့, ပြီးတော့ ကလေး လဲ တော်တော်လေးပျော်နေမှာပဲ’’

အသေးလေး ရဲ့ လတ်တလောပျော်ရွှင်နေတာကို သူ့မျက်လုံးထဲ ပြန်မြင်ယောင်လာတယ် ထန်ထန်တစ်ယောက် ကောင်းတဲ့အရာတွေပဲပြောင်းလဲလာတယ်ဆိုတာကို ကျိယန်မငြင်းနိုင်ဘူး။

“ ငါ အိမ်ယာနေထိုင်ခွင့်လျောက်ပြီး သူမနဲ့ ရှောင်ကျိုး ကို ဒီခေါ်လာဖို့ စီစဉ်ထားတယ်’’

“ အာ...’’

တုန်းလီနောက်တစ်ကြိမ် အလန့်တကြားဖြစ်သွားတယ်။ အတိတ်တုန်းကဆိုရင် အဲ့လိုလုပ်ဖို့ အကြိမ်များစွာ သူအကြံပေးခဲ့ပေမယ့်လဲ ကျိယန်က သူတို့ကိုခေါ်လာဖို့ စဉ်းတောင်မစဉ်းစားခဲ့ဘူး။ သူ့နှလုံးသားကို ပြောင်းလဲသွားစေတာ ဘာပါလိမ့်?

တုန်းလီက မမေးပေမယ့်လဲ သူ ပြောပြလိုက်တယ်

“ အန်တီလီအိမ်မှာ ကိစ္စတစ်ချို့ဖြစ်သွားတာကြောင့် ရှောင်ကျိုး ကို ဆက်စောင့်ရှောက်ဖို့မဖြစ်နိုင်တော့ဘူး, သူတို့နှစ်ယောက်တည်း ထားခဲ့ရမှာလဲ ငါစိတ်ပူတယ် ပြီးတော့ သား ကလဲ ဒီကိုလိုက်လာချင်တယ်လေ’’

တုန်းလီ မျက်ခုံးတွေကို တွန့်ချိုးလိုက်မိပြီး နားမလည်စွာနဲ့ မေးလိုက်တယ်

“ သူမက ရှောင်ကျိုးကို ကောင်းကောင်း စောင့်ရှောက်နိုင်ပါ့မလား မင်းတို့အတူတူနေရင်တောင် ကလေး ကိုစောင့်ရှောက်ဖို့ မင်းမှာအချိန်မှမရှိပဲ”

ကျိယန် က ခဏတိတ်ဆိတ်သွားပြီးနောက်

“ သူမ လုပ်နိုင်လောက်ပါတယ်”

ကျိယန် ဆုံးဖြတ်ချက်ပြီးမှတော့ သူ့အနေနဲ့ သူ့သူငယ်ချင်း အဆင်ပြေဖို့ပဲဆုတောင်းပေးလိုက်တယ်။

အဲ့အချိန်မှာပဲ တုန်းလီ ရဲ့ စူးရှတဲ့မျက်လုံးတွေက အိတ်ထဲမှ တစ်ခုခုတွေပါလောက်တဲ့ ပုလင်းကြီး နှစ်လုံးကို သတိထားမိသွားတယ်။ နေ့လည်က ဆော့စ်ပုလင်းကို သတိရသွားပြီး သူမျက်လုံးတွေက တောက်ပသွားတယ်။ တုန်းလီက ထို့နေရာသို့ အပြေးသွားလိုက်ပြီး ပုလင်းတွေကို အမြန်ဖွင့်ကြည့်လိုက်တယ်။ ချက်ချင်းဆိုသလိုပဲ တခန်းလုံး မွှေးကြိုင်တဲ့အနံ့တွေနဲ့ ပြည့်နှက်သွားတော့တယ်။

ကျိယန် သူ့ကိုအချိန်မီ မတားလိုက်နိုင်ဘူး။

"ဝါး.., ဆော့စ်တွေ အများကြီးပဲ, ပြီးတော့ အရသာနှစ်မျိုးတောင်မှ, ဝါး..., ဒီမှာ အသားခြောက်တွေလဲပါသေးတယ်ဟ’’

တုန်းလီက အသားခြောက်ကိုထုတ်ယူလိုက်ပြီး သူ့ပါးစပ်ထဲထည့်လိုက်တယ်။ မကြာခင်မှာပဲ အစားအစာများရဲ့ အနိုင်ယူမှုကို ခံယူလိုက်ရတဲ့ သူက

“ ဒီအသားခြောက်က အရမ်းအရသာရှိတာပဲ, ရှောင်ကျိုးအမေ ဒါကိုလုပ်ပေးလိုက်တာလား...’’

ကျိယန် ကချက်ချင်းခေါင်းငြိမ့်လိုက်ပြီး အဲ့ဒါကိုအမြန်ကာကွယ်ဖို့ ကြိုးစားလိုက်တယ်။

တုန်းလီက သူတစ်ခုခု ကြံစည်နေမှန်းရိပ်မိသွားပြီး ဆော့စ်တစ်ပုလင်းကို အမြန်ဆွဲယူရင်း တခါး၀မှ ပြေးထွက်ဖို့ကြိုးစားလိုက်တယ်

“ ဒါဆို ရှောင်ကျိုး ရဲ့ အမေက တကယ်ကိုပဲ တော်တဲ့နေရာတွေရှိသေးတာပေါ့, အရင်တုန်းက  ငါသူမကို အထင်လွဲခဲ့မိတာပဲ”

ကျိယန် က ချက်ချင်းအနောက်မှလိုက်သွားပြီး တုန်းလီကို မြေပေါ်သို့လှဲသိပ်လိုက်တယ်။ ထို့နောက် ပုလင်းကို အသာအယာပြန်ယူလိုက်တယ်။

တုန်းလီ မြေကြီးပေါ်တွင်လဲကျနေပြီး သူ့အရိုးတွေကျိုးတော့မလို ခံစားလိုက်ရတယ်

“ လောင်ကျိ...မင်း ဘယ်လိုတောင် ရက်စက်နိုင်ရတာလဲ, အဲ့ဒါ ဆော့စ်နည်းနည်းလေးပါကွ, အဲ့လောက်လုပ်ဖို့မလိုပါဘူး’’

‘’လိုတယ်...”

ကျိယန်က  ရိုးရှင်းစွာဖြေလိုက်ပြီး သူက လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုအကုန်လုံးကို လုပ်တဲ့အနေနဲ့ အစားအစာအားလုံးကို သော့ခတ်သိမ်းလိုက်တော့တယ်။

တုန်းလီ ကြည့်နေရင်း အံ့ဩစွာနဲ့

“ မင်းကဒီလိုမျိုးလို့ ငါမထင်ခဲ့မိဘူး, ကိုယ့်ညီအကို ကို စားစရာအတွက် တိုက်ခိုက်တယ်ဆိုတာ မင်းလူမှဟုတ်သေးရဲ့လား...’’

ကျိယန် က တည်ငြိမ်စွာနဲ့ ဘာမှမကြားသလို ဟန်ဆောင်နေလိုက်တယ်။ နောက်လာမယ့် နေ့ရက်တွေမှာ သူက ဒါတွေကိုမှီခိုရဦးမှာဖြစ်တဲ့အတွက် သူ့ဆီကနေယူခွင့်သာပေးလိုက်ရင် ဒါတွေမရှိပဲ ထမင်းတောင်စားနိုင်တော့မှာ မဟုတ်လောက်တော့ဘူး။

အဆုံးမှာတော့ အစားအစာတွေ ခိုးလို့မရတော့တဲ့အတွက် တုန်းလီက လက်လျော့လိုက်တယ်။ ထို့နောက် သူက ထိုင်ခုံမှာထိုင်လိုက်ပြီး မကျေနပ်စွာနဲ့

“ကောင်းပြီ, မင်းနိုင်ပါတယ်, မင်းငါ့ကိုဘာမှမပေးမှတော့ ငါစောင့်နေလိုက်ပါတော့မယ်၊ မင်းမိသားစုရောက်လာတဲ့အခါမှ သူတို့ကို ညစာပါတီလုပ်ခိုင်းရမယ် နှဲာင်ကျိုးနဲ့ သူ့အမေရောက်လာတဲ့အထိစောင့်လိုက်ရင် ငါအဲ့ဒါတွေကိုစားလို့ရမှာပဲ’’

ကျိယန်ဘာသံမှမထွက်တော့ပေ။ သူ့စိတ်ထဲမှာတော့ သူမတို့ရောက်လာတဲ့အခါ သူ့အနေနဲ့ လူတစ်ချို့ကိုဖိတ်သင့်ရဲ့လားဆိုတာ ပြန်ဆန်းစစ်နေမိတယ်။ သူတို့တပ်စုထဲမှာဆိုရင် အသစ်ပြောင်းလာတဲ့မိသားစုက အားလုံးနဲ့နွေးထွေးမှုရရှိစေရန် လူတစ်ချို့ကိုဖိတ်ပြီး အိမ်မှာစားစရာတွေကျွေးမွေးတတ်ကြတယ်။ ဒါပေမယ့် သူမ လုပ်ပေးချင်စိတ်ရှိရဲ့ဆိုတာတော့ သူ မသိဘူးဖြစ်နေတယ်။

သူမကို အဆင်မပြေဖြစ်သွားစေမလား။

Continue Reading

You'll Also Like

1.6M 98.2K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
16.5K 1.1K 69
绝色倾城 ဆိုတဲ့စကားလုံးက အရိုးရှင်းဆုံးဆိုရလျှင် 'မိန်း​မောသွား​လောက်တဲ့ထိစွဲလမ်းခြင်း' လို့အဓိပ္ပါယ်ရပါတယ်။လူတစ်​​ယောက်ကိုပဲဖြစ်ဖြစ် အရာဝတ္ထုတစ်ခုကိုပဲဖ...
21.2K 1.5K 21
ကျန်တာတွေမလို... ဖဝါးမလပ်ခြေရာထပ်ဖို့ကသာ ကျွန်တော့်ရဲ့ဘဝအဆက်အဆက် တောင်းဆုတစ်ခု ဖြစ်ခဲ့၏။
1.8M 114K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...