(Unicode)
၈လကြာပြီးနောက်....။
စကားပြောသံများ၊ ဖုန်းခေါ်သံများ၊ ကွန်ပြူတာရိုက်သံများဖြင့် သက်ဝင်လှုပ်ရှားနေသော အခန်းထဲရှိ ထောင့်တနေရာတွင် ဂျီမင်ထိုင်ကာ မပြီးပြတ်သေးသော အလုပ်တချို့ကိုလုပ်နေရသည်။
နာရီလှမ်းကြည့်တော့ နေ့လည် ၁ခွဲကျော် ၂နာရီထိုးလုလု...။ ခုထိနေ့လည်စာမစားရသေး၍ ဗိုက်ထဲမှာလဲ တဂွီဂွီဖြင့် အချက်ပြမူအပေါင်းက စုံလင်နေသည်။
"ဂျီမင်ရှီ"
"ဗျာ"
ထိုချိန်သူ့စားပွဲရှေ့တွင် ဖိုင်တထပ်ပိုက်ထားသော လူတယောက်ကလာရပ်ကာခေါ်သဖြင့် အမြန်မော့ထူးလိုက်သည်။
"CEOက လာပါအုန်းတဲ့"
ဘာကိစ္စပါလိမ့်?သူဒါလေး လတ်စသတ်ပြီးရင် နေ့လည်စာသွားစားဖို့ ကြံထားတာ အလုပ်ကပေါ်လာပြန်ချေပြီး....။ဘာတတ်နိုင်မည်နည်း...သူသက်ပြင်းအသာချကာ ထိုလူကိုခေါင်းသာငြိမ့်ပြမိသည်။
"ဟုတ်ကဲ့ လာခဲ့ပါ့မယ်"
ထို့နောက် ပြီးခါနီအလုပ်ကို အမြန်ဆက်လုပ်၍ စားပွဲထက်လိုအပ်သည်များကို အိတ်တခုတွင်ကောက်ထည့်ကာ ဘေးချထားသော ဝန်ထမ်းကတ်ကိုလည်ပင်းတွင်အမြန်ဆွဲ၍ CEOရုံးခန်းရှိရာသို့တက်လာခဲ့သည်။
"တူ...တူ..."
ဓာတ်လှေကားစီးနေရင်းမှ ဘောင်ဘီအိတ်ကပ်ထဲထည့်ထားသော ဖုန်းကတုန်ခါလာသဖြင့်ယူထုတ်ကြည့်လိုက်သည်။ထို့နောက် လှစ်ခနဲတချက်ပြုံးကာ မျက်နှာပြန်တည်၍ ထိုဖုန်းကိုကိုင်လိုက်သည်။လေသံကလည်း ခပ်မာမာပင်။
"ဘာလဲ"
"ဂျီမင်ရ...ဖုန်းပြောဖို့အလုပ်အားရဲ့လား မအားရင်ပြန်ချလိုက်မယ်နော်"
ဖုန်းကိုင်ကိုင်ချင်း သူ့လေသံနှင့်ကွဲပြားစွာ ထွက်ပေါ်လာသောထယ်ယောင်းလေသံ နူးနူးညံ့ညံ့က အရာအားလုံးကိုမေ့မျောပစ်ချင်စရာ။ရူတင်အားတုန်းခဏ အချိန်လုကာ အပြေးအလွှားဖုန်းဆက်လာရသူက သူ့အလုပ်အားအနှောက်အယှက်ဖြစ်မည်ကို စိုးရိမ်နေပြန်လေသည်။
"ငါကမအားဘူးလို့ပြောရင် မင်းတကယ်ဖုန်းချမှာလား"
"ဂျီမင်ကလည်း..."
အားငယ်သောလေသံတိုးညင်းညင်းက ဂျီမင်နှလုံးသားကိုကျလိကျလိဖြင့်အသည်းယားစေသည်။သူထို့သို့ပြောလျှင် တဖက်မှာသေချာပေါက် မျက်ရည်ဝဲနေလိမ့်မည်။
လွန်ခဲ့တဲ့လတွေက သူ ထယ်ယောင်းအားပစ်ခွာဖို့ ကြိုးစားပြီးနောက်ပိုင်း သူ့ထံမှအနည်းငယ်စိမ်းကားသည့် စကားမျိုးကြားလျှင် ထယ်ယောင်းတယောက်ရုပ်ပျက်ဆင်းပျက် ပူပန်တတ်လေသည်။
"ရိုက်ကူးရေးပြီးပြီလား"
"အင်း ပြီးပြီ ဂျီမင်ရော ဘယ်ချိန်ပြန်မှာလဲ""
သူတခြားဟာ လွှဲမေးမှလေသံကချက်ချင်းပြောင်းကာ တက်တက်ကြွကြွပြန်ဖြစ်လာသည်။
"မပြန်ရသေးဘူး အလုပ်ရှိသေးတယ်"
"အော်....ထမင်းရော စားပြီးပြီလား"
ဟုတ်သား...။စောစောက တဂွီဂွီမြည်နေသောဗိုက်က ထယ်ယောင်းနှင့်ဖုန်းပြောနေစဉ် အသံမမြည်တော့ပဲ နေ့လည်စာမစားရ၍ နူန်းချိချင်နေသောသူက လန်းဆန်းနေလေသည်။သူရီချပစ်ဖို့ အနည်းငယ်သာလိုတော့သည်။
"ဟင့်အင်း...မစားရသေးဘူး"
"ဟာ...ဘယ်နှာနာရီရှိပြီလဲ အလုပ်ရူပ်လဲ ထမင်းတော့ ပုံမှန်စားအုန်းမှပေါ့ နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်မလဲ"
အဘိုးကြီးလို ပစ်တောက်ပစ်တောက်ဆူပူနေသော ထယ်ယောင်းအသံက ဆူလဲဆူချင် လေသံကလဲမမာရဲ၍ သူ့အားချွဲကာပြောသလိုဖြစ်နေသည်။ချစ်စရာကောင်းပါဘိ။
"နားငြီးလိုက်တာ ကင်ထယ်ယောင်း...ခု အလုပ်တခုပြီးရင် သွားစားမလို့ပဲ"
"အင်းအင်း သွားစား ဘယ်မှာစားမှာလဲ"
"ဘယ်မှာစားရမှာလဲ ရုံးနားကဆိုင်မှာပဲစားရမှာပေါ့"
တင်း....။
ထိုအချိန် ဓာတ်လှေကားပွင့်သွား၍ သူအပြင်ထွက်ကာ CEO ရုံးခန်းရှိရာသို့ ဖုန်းပြောရင်း လျှောက်လာလိုက်သည်။
"အလုပ်ရှိသေးလို့ ဒါပဲ"
"အင်း အင်း ဒါပဲနော်"
"အင်း"
"ဂျီမင်နာ"
နူတ်ဆက်ပြီးဖုန်းချမည်အလုပ် ထယ်ယောင်းကခပ်တိုးတိုးပြန်ခေါ်လာ၍ သူနား,နားကပ်ကာ ပြန်ထူးရင်းနားထောင်မိသည်။
"အင်း..ပြော"
"ချစ်တယ်...အရမ်းချစ်တယ်...ပြီးရင်တွေ့ကြမယ်"
တီ...။
သူ့ဘက်က ဘာမှပြန်ပြောချိန်မရလိုက်..။ အနိုင်ပိုင်းပြောကာ ဖုန်းချပစ်သောထယ်ယောင်း၏ ဖုန်းနံပါတ်ကို ဂျီမင်ငေးစိုက်ကြည့်ကာ ပြုံးလိုက်မိသည်။ငါမင်းကို စိတ်ဆိုးပြီး အပြစ်ပေးချင်သေးတယ်လေ ကင်ထယ်ယောင်း။ မင်းခုလိုချစ်စရာကောင်းနေရင် ဘယ်လိုလုပ်ရမလဲ။
ဂျီမင်မျက်နှာမှာ စောစောကထက်ပိုပြုံးလာကာ ခေါင်းတခါခါနှင့်ဟိုမင်းသားကို အသည်းယားနေမိသည်။
🍀🍀🍀🍀🍀🍀🍀
"ဒီအမူကို ဂျီမင်ကိုင်ပေးနိုင်မလား"
CEOက သူ့အားဖိုင်တထပ်ချကာ အမှုအကြောင်းကိုရှည်ရှည်ဝေးဝေးရှင်းပြပြီးနောက် သူ့အားထိုအမှုကိုင်စေလိုကြောင်းပြောလေသည်။
"အမှုက တအားကြီးတော့ သေချာအာရုံစိုက်မှရမှာပါ...ခုကျနော်က ကိုင်ထားလျက်စအမှုတွေ မပြီးပျက်သေးတော့ ဒီCaseကိုကျနော် ငြင်းလိုက်ချင်လို့ပါ CEOကြီး"
သူ့စကားကို CEOက နားလည်စွာ ခေါင်းငြိမ့်ပြသည်။ထို့နောက် သူ့အားကြည့်ကာဆက်ပြောလာသည်။
"ကျနော်သိပါတယ်...ဂျီမင်တယောက်တည်းဆို ဒီအမှုကိုင်ဖို့မနိုင်လောက်ဘူးဆိုတာ ဒါကြောင့် ကျနော့်သူငယ်ချင်းနဲ့ ဒီအမှုကိုပူးတွဲကိုင်ပေးဖို့ ပြောချင်တာပါ"
"CEO သူငယ်ချင်းနဲ့"
"ဟုတ်ပါတယ်"
တယောက်တည်းထက်စာရင် ၂ယောက်အားက အလုပ်ပိုတွင်စေမှာသေချာသည်။ပြီးတော့ ဒီလိုcaseကြီးကြီးတွေကိုင်ပေးလို့ နိုင်ရင်လည်း သူတို့ကလစာအပြင် အကျိုးခံစားခွင့်တွေအများကြီး ရအုန်းမယ် မဟုတ်လား။မက်လောက်စရာပင်...။
"ဟုတ်ကဲ့...CEO သူငယ်ချင်းက ဘယ်သူလဲမသိဘူး"
ဂျီမင်မေးလိုက်လျှင် CEOက သူ့အားအားနာသောမျက်လုံးဖြင့်ကြည့်ကာ ပြောရင်း နံပါတ်တချို့ကိုနှိပ်လိုက်သည်။
"ကျနော်...သူ့ကိုပါလှမ်းခေါ်ထားတာ ဘာလို့နောက်ကျမှန်းမသိဘူး ဂျီမင်ခဏစောင့်ပေးနိုင်မလား"
"အာ....ဟုတ်ကဲ့"
ထယ်ယောင်းနှင့်ဖုန်းပြောနေတုန်း မဆာတော့တဲ့ဗိုက်က ခုအလုပ်အကြောင်းပြောကြရင်းမှ တဂွီဂွီအော်ကာ ပြန်ဆာလာလေသည်။CEOကို အားနာ၍ သူ့ဗိုက်သူလက်နှင့်ဖိထားရသည်။
ဂွီ....။
"ဟင်...ဂျီမင် ခုထိနေ့လည်စာမစားရသေးဘူးလား"
ထပ်အော်လာသော ဗိုက်ကြောင့်CEOက သူ့အားကြည့်ကာ မေးလေသည်။တဖက်ကိုလဲ ဖုန်းခေါ်၍မရဘူးထင်၏။
"ဟုတ်ကဲ့ ကျနော်အလုပ်လုပ်ရင်း မေ့သွားလို့"
"ဖြစ်ရမယ်ဗျာ...သွားစားပါ စောင့်မနေတော့ပါနဲ့ နောက်ရက်မှပဲ ထပ်ချိန်းပေးပါ့မယ်"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ"
CEOခွင့်ပြုချက်ရသည်နှင့် သူ့ပစ္စည်းများကောက်ကာထိုင်ရာမှထလိုက်သည်။ထိုအချိန် CEOက သူ့အားတစုံတခု ကမ်းပေးလာသည်။
"ရုံးနားကဆိုင်မှာပဲ စားမှမလား ယူဗျာ...ကျနော်ဝယ်ကျွေးပါရစေ"
CEOက သူ့အားကတ်တကတ်ထုတ်ပေးကာ ထမင်းတနပ်ဝယ်ကျွေးချင်ကြောင်းပြောလာခြင်းဖြစ်၍ သူ့မှာပြာပြာသလဲ အမြန်ငြင်းလိုက်ရသည်။
"အာ...မဟုတ်တာ ရပါတယ်ဗျ...အလုပ်တွေအကုန်ပြီးမှ တဝိုင်းလောက်လိုက်ကျွေးပါ CEOကြီး"
"ကောင်းပါပြီဗျာ"
သူ့စကားကြောင့် CEOက တချက်ပြုံးကာ ခေါင်းငြိမ့်ထောက်ခံလေသည်။ထို့နောက် သူCEOကြီးကို နူတ်ဆက်ကာ နေ့လည်စာစားရန်ထွက်လာခဲ့တော့သည်။၂နာရီလဲ ခွဲချေပြီ....။
🍀🍀🍀🍀🍀🍀🍀
"တီ...တီ...တီ...တီ...ချောက်!"
အိမ်တံခါးတခု၏ passwordနှိပ်သံ၊ တံခါးဖွင့်သံများက အချက်မပျက်ထွက်ပေါ်နေသည်။ဂျီမင် အလုပ်မှပြန်လာခြင်းဖြစ်သည်။လက်ထဲတွင်လဲ ကြက်ကြော်တဘူးနှင့်ဘီယာပုလင်းအိတ်ကို တဖက်ဆွဲ၍ ကျန်တဖက်မှာ လက်ဆွဲအိတ်နဲ့ကုတ်အင်္ကျီကိုကိုင်ထားကာ တံခါးကိုတွန်းဖွင့်ဝင်လာခဲ့သည်။
"ဖျောက်!"
လူမရှိ၍ မှောင်မဲနေသောအိမ်က လူဝင်လာသည်နှင့်အဝင်ပေါက်မီးလုံးက အော်တိုပွင့်လာသဖြင့် ကိုင်ထားသောအထုပ်များကို အနားရှိစင်တခုပေါ်တင်၍ ဖိနပ်ချွတ်လိုက်သည်။
"ဘုတ်!"
မှောင်မဲနေသောဧည့်ခန်းဘက် ကျောပေးထားရာမှ ဘုတ်ခနဲအသံမြည်လာ၍ ဂျီမင်ဖိနပ်ချွတ်ရင်းမှ ကြက်သီးများဖြန်းခနဲထသွားရသည်။ခုတလော ဒီဘက်တိုက်တွေမှာ သူခိုးဝင်လေ့ရှိကြောင်း ခဏခဏကြားနေရသဖြင့် ခုကြားလိုက်ရသောအသံအရ သူ့အိမ်လဲသူခိုးဝင်ပြီထင်၏။ သူဘာလုပ်ရမည်နည်း။
သူမူမပျက် ဖိနပ်ချွတ်ကာ ပစ္စည်းများကိုကောက်ယူ၍ ဧည့်ခန်းဘက်ခြေချလိုက်လျှင် အဝင်အော်တိုမီးက ပြန်ပိတ်ကာ တအိမ်လုံးမှောင်မဲသွားလေသည်။ထိုအချိန်ကိုက်ပင် မီးဖိုချောင်နံရံအကွယ်ဆီ အမြန်သွားကာပုန်းရန်ပြင်လိုက်သည်။ထိုအခိုက် သူ့လက်တဖက်ကို လှမ်းဆွဲခြင်းခံလိုက်ရလေသည်။
"အမလေး...ဒုန်း!"
"အ!"
"ဟင်...အွန့်!"
မည်သည်ကထွက်ပေါ်လာမှန်းမသိရသည့် အသံပလံပေါင်းစုံနှင့် ရုန်းရင်းဆန်ခတ်အခြေအနေများက အခန်းထဲဆူဝေသွားကာ တမဟုတ်ချင်းပြန်လှည်ငြိမ်သက်သွားခဲ့သည်။
"ပြွတ်!အင်း"
ရုတ်တရက်ထွက်ပေါ်လာသော နမ်းရူံ့သံနှင့်အသက်ရူသံပြင်းပြင်းတို့က မှောင်မဲတိတ်ဆိတ်နေသောအခန်းထဲတဖန်စိုးမိုးလာခဲ့သည်။
ထို့နောက်မှောင်ကြီးမဲမဲထဲပင် ပူးကပ်နေသောအရိပ်နှစ်ခုက တဖြည်းဖြည်းရွေ့လျားလာကာ ဧည့်ခန်းထဲက အတော်အသင့်ကျယ်သောနှစ်ယောက်ထိုင် ဆိုဖာနားသို့ရောက်လာခဲ့သည်။
"ဝုန်း!အင့်!"
"ဇွတ်ဖိရလား မင်းသားရဲ့"
"အဟင်း"
ဆိုဖာထက်တယောက်က ပက်လက်ဖြစ်၍ တယောက်က အုပ်မိုးထားကာ အမှောင်ထဲမှ တလက်လက်မျက်လုံးလေးတွေနှင့်ထူထဲထဲနူတ်ခမ်းကို စူးစိုက်ကြည့်ရင်း အသာပွတ်သတ်မိသည်။
"ဖယ်!ရေချိုးအုန်းမယ်"
"မင်းက ငါ့အပိုင်"
သူ့စကားနဲ့ဆန့်ကျင်ဘက် အဆက်အစပ်မရှိသော စကားများကိုဆိုနေသော မင်းသားကြီးအား ဂျီမင်မှာအထူးအဆန်း...။
"ဘာဖြစ်နေတာလဲ"
"မင်း ငါ့ကိုပစ်သွားဖို့ထပ်မစဉ်းစားနဲ့"
"ဟမ်!"
တုန်ယင်နေသော လေသံနှင့်အမှောင်ထဲလတ်ခနဲဖြစ်သွားသော မျက်လုံးများက မျက်ရည်စတွေနှင့်ဝမ်းနည်းနေကြောင်းအသိပေးနေပုံရသည်။ကင်ထယ်ယောင်း ဘာဖြစ်လာသနည်း။
"ထယ်ယောင်းရ အဆက်အစပ်မရှိ ဘာဖြစ်လာတာလဲ"
သူ့အမေးကိုမဖြေ ရင်ခွင်ထက်မှောက်ချလာကာ သူ့လည်ပင်းတွင်မျက်နှာကိုအတင်းအပ်ထားလေသည်။ထို့ပြင် ရှည်သွယ်သောလက်များကလဲ ဂျီမင်ရင်ဘက်ထက် ဟိုပွတ်ဒီပွတ်နှင့်...။ဒီမင်းသား ဘဝပျက်ချင်ပြီထင်ပါရဲ့...။
"ချစ်တယ်"
လည်ပင်းနားတိုးကပ်နေရာမှ ခပ်တိုးတိုးဆိုလာသဖြင့် အတွေးများနေသောဂျီမင်က ချက်ချင်းငြိမ်သက်ကာ ရင်ခွင်ထက်က မင်းသားကိုပြန်လည်ပွေဖက်မိသည်။
"မင်းရော ငါ့ကိုချစ်ရဲ့လား"
မော့မေးလာသောသူအား ဂျီမင်ပြန်လှည်ငုံ့ကြည့်မိသည်။တကယ်ကြီး ငိုနေတာပဲ။ ဒီမင်းသားခံစားလွယ်လွန်းသည်။သရုပ်ဆောင်တွေဟာ အာ့လိုမျိုးပဲလား။
"ရုတ်တရက်ကြီး ဘာဖြစ်လာတာလဲ"
"ငါဒီညမင်းနဲ့အိပ်မှာ"
ဘာဖြစ်လာမှန်းမသိ မေးတော့လဲမဖြေနှင့် ဒီမင်းသားကိုအသည်းယားလွန်းလှသည်။ထို့ကြောင့် ရင်ခွင်ထက်မှကောင်လေးကို အားနှင့်ပွေ့ဖက်က ဆွဲလှည့်၍ ရင်ခွင်အောက်ပစ်ထည့်လိုက်သည်။
"ဟင်!ဂျီမင်ရ"
တပတ်လှည်ကာ အောက်ရောက်သွားသော ထယ်ယောင်းက မျက်လုံးဝိုင်းဝိုင်းနှင့် အံ့သြတကြီးခေါ်နေသဖြင့် ဂျီမင်မနေနိုင်သည့်အဆုံး လေးထောင့်ဆန်ဆန်နူတ်ခမ်းပါးကိုငုံ့ထွေးလိုက်သည်။အံ့သြနေသော မျက်ပြူးကောင်လေးက တိုးဝင်လာသောနူတ်ခမ်းထူထူကို အူကြောင်ကြောင့်ဖြင့်အလိုက်သင့်လက်ခံကာ အုပ်မိုးထားသော ခပ်ကျစ်ကျစ်ရင်ခွင်ကို သူ့လက်က အလိုလျောက်ပွတ်သပ်ပေးနေမိသည်။
"ဖြေ...ဘာဖြစ်လာသလဲ"
အချိန်တခုနမ်းပြီးမှ ထိကပ်နေသော နူတ်ခမ်းနှစ်လွှာကိုခွာ၍ ဂျီမင်မေးလိုက်သည်။
"ငါ ငါ နေ့လည်က မင်းတို့ရုံးနားရောက်လာသေးတယ်"
ထယ်ယောင်းစကားကြောင့် ဂျီမင်မျက်မှောင်ကျူတ်သွားရသည်။ထိုအချိန် သူတို့အခန်းတွင်း မှောင်ကြီးမဲမဲဆိုပေမဲ့ မျက်နှာချင်းဆိုင်တိုက်တွေက ထွန်းလိုက်သောမီးရောင်တချို့ကြောင့် ရင်ခွင်အောက်က ကောင်လေးမျက်နှာကိုမြင်လာရသည်။
"ဘာလို့ ဖုန်းမဆက်လာတာလဲ"
ရောက်လာတယ်ဆိုပြီး ဖုန်းမဆက်လာသဖြင့် ဂျီမင်စိတ်ထဲဘဝင်မကျ။ဒီမင်းသား ဘာတွေတွေးပူနေပြန်သည်မသိ။
"ငါ ဆက်မလို့ပဲ..."
"ဆက်မလို့ပဲ မဆက်လိုက်ရဘူးဆိုပါတော့"
"အင်း..."
ထယ်ယောင်းက ခပ်နှေးနှေးပြန်ဖြေနေရင်းမှ အပြည့်နီးပါးတပ်ထားသော ဂျီမင်ရှပ်အင်္ကျီကြယ်သီးကို ဖြုတ်ချနေသည်။
"ဘယ်ချိန်ရောက်လာတာလဲ"
"၃နာရီခွဲလောက်က"
ဂျီမင်မျက်မှောင်ကျုံ့နေရာမှ စိတ်ပိုရူပ်ထွေးသွားရသည်။အာ့အချိန်သူ နေ့လည်စာစားပြီးရုံးခန်းပြန်တဲ့အချိန်မလား။
မဟုတ်မှ...။စိတ်ထဲဖျက်ခနဲပေါ်လာသော အတွေးနှင့် ရင်ခွင်အောက်က မင်းသားမျက်နှာကို စူးစိုက်ကြည့်ကာ သိလိုရာကိုမေးလိုက်သည်။
"ငါနဲ့ဂျွန်ကိုတွေ့ခဲ့တာလား"
"........"
သူ့အမေးကိုပြန်မဖြေ သူ့လည်တိုင်ကို လက်ဖဝါးခပ်နွေးနွေးဖြင့်လိုက်ပွတ်နေပြန်လေသည်။ဒီမင်းသား လက်အငြိမ်မနေပုံနဲ့သူ့အသွေးအသားပါ တဖြည်းဖြည်းပူတတ်လာရသည်။ထို့ကြောင့် ဟိုပွတ်ဒီပွတ်လုပ်နေသော မင်းသားလက်ကိုဆွဲယူကာ ကုန်းကိုက်ပစ်လိုက်သည်။
"အားးးနာတယ် ဂျီမင်ရ ဘာလုပ်တာလဲ"
"အရူး"
"ဖျောက်!"
ဂျီမင်ထိုမျှသာ ပြော၍ထယ်ယောင်းကို အုပ်မိုးထားရာမှ ထလာကာ အခန်းမီးကိုဖွင့်လိုက်သည်။ထိုအခါ ထယ်ယောင်းလဲလိုက်ထလာ၍ သူ့အနောက်ကနေအတင်းလိုက်ဖက်ပြန်လေသည်။
"ဘယ်လိုဖြစ်နေတာလဲ ရေသွားချိုးအုန်းမယ်"
"လိုက်ခဲ့မယ်"
"ဘာလိုက်လုပ်မှာလဲ မင်းရေချိုးပြီးပြီမဟုတ်လား"
ပြောဆိုပြီး ဂျီမင်အိပ်ခန်းထဲဝင်ရန်သွားမိသည်။ထိုအခါတွင်လဲ သူအား အနောက်ကနေဖက်လျက်သားကပ်ပါလာပြန်သည်။ဘယ်လိုမှ ခွာချလို့မရ။
"ရှာကြံပြီး အူတိုမနေနဲ့ ကင်ထယ်ယောင်း အလုပ်သဘောအရသူနဲ့ အမှုတခုအတူကိုင်ရမှာ သူရောငါရော ဘာစိတ်မှမရှိကြတော့ဘူး စီနီယာ ဂျူနီယာဆက်ဆံရေးပဲ"
"........"
သူ့မှာတော့ တရှည်တလျားရှင်းပြပြီး ကပ်တွယ်နေသောကောင်အား ခွာချကာရေချိုးရန်စဉ်းစားမိသည်။သို့သော် သဝန်တိုအားကြီးနေသူက စကားမပြန်သူ့လည်ဂုတ်ကိုသာ တရွတ်ရွတ်လိုက်နမ်းနေလေသည်။
နေကွာ...။ဒီလောက်တောင် ခွာချမရမှတော့ ရေချိုးခန်းထဲထိခေါ်သွားရန်သာ ဆုံးဖြတ်လိုက်သည်။
"မင်းမဖယ်ဘူးလား ကင်ထယ်ယောင်း"
"အင်း"
"ဒါဆိုလိုက်ခဲ့ ငါနဲ့တလက်မတောင်မကွာစေနဲ့"
ရွဲ့ကာပြောပြီး ရေချိုးခန်းဆီသွားတော့လဲ တကယ်ပင် ပူးကပ်ကာ ဖက်လျက်သားလိုက်ပါလာလေသည်။ဂျီမင်အမှန်ပင် စိတ်ညစ်သွားရသည်။
🍀🍀🍀🍀🍀🍀🍀
"တူ..တူ"
အလုပ်လုပ်နေရာမှ ဝင်လာသောဖုန်းကြောင့် ဂျီမင်လုပ်လျက်စကိုချကာ ကောက်ကိုင်လိုက်သည်။
"ဟဲလို ဂျွန်"
ဂျွန်ဆိုသောအသံကြားသည်နှင့် မျက်နှာချင်းဆိုင်ထိုင်ကာ ဇာတ်ညွှန်းဖတ်နေသော ထယ်ယောင်းက လှမ်းကြည့်လာလေသည်။
"အာ့ videoရလာပြီလား"
"......"
"ကျနော်လဲ ရှာတွေ့ထားတဲ့ဟာရှိတယ်"
"........"
"ဘယ်ချိန်လဲ"
"......."
"ရတယ်လေ ကျနော်လဲအားတယ် လာခဲ့မယ်"
ဂျီမင်ဖုန်းပြောပြီးနောက် နံဘေးမှကော်ဖီလက်ကျန်ကိုကောက်မော့ကာ ခွက်ဆေးရန်ထိုင်ရာမှထလိုက်သည်။
"သူနဲ့တွေ့မို့လား"
"အင်း"
သဝန်တိုတတ်သော ကောင်လေးအမေးကို ဂျီမင်ပေါ့ပေါ့ပါးပါးဖြေကာ မီးဖိုချောင်သို့ဝင်လာခဲ့သည်။
"ဘယ်အချိန်သွားမှာလဲ"
ဧည့်ခန်းထဲကနေ သူရှိနေသောမီးဖိုချောင်ထိကြားအောင် အော်မေးနေသောမင်းသားက တကယ်အလုပ်အားနေသည်ထင်၏။သူနားရက်မှန်းသိသည်နှင့် ရူတင်မရှိဟုဆိုကာ သူနားပေကပ်နေနေလေသည်။
"ဟမ်! ဘယ်အချိန်လဲလို့"
"ဘာလုပ်မို့လဲ"
ခွက်ဆေးပြီးသည်နှင့် အလုပ်ဆက်လုပ်ရန်နေရာသို့ပြန်လာစဉ် ခပ်ဆက်ဆက်မေးလိုက်သည်။
"ငါလိုက်မို့"
"ဘာ! ငါသူနဲ့တွေ့တာ အလုပ်လုပ်မလို့လေ"
"လုပ်လေ နံဘေးကနေ ငြိမ်ငြိမ်လေးလိုက်ထိုင်နေမယ်လေ မဟုတ်ရင်လဲ ခပ်လှမ်းလှမ်းကနေစောင့်နေမယ်လေ နော်"
အတည်ပေါက်ပြောနေသော ထယ်ယောင်းကိုကြည့်၍ ဂျီမင်ခေါင်းသာအသာခါယမ်းမိသည်။ဒီမင်းသားဆိုးသည် ချစ်စရာကောင်းလောက်အောင်ဆိုးသည်။
"နော်...ဂျီမင်"
သူထယ်ယောင်းကို တချက်စိုက်ကြည့်ကာ ဘာမှမပြော အလုပ်သာဆက်လုပ်လိုက်သည်။ထယ်ယောင်းကလည်း နားလည်သည်ထင်၏ သွားပေါ်အောင်ပြုံးကာ ဇာတ်ညွှန်းကိုဆက်ဖတ်နေလေသည်။
+++++++
ဒီကြားထဲ အခန်းပိုလေးရေးပေးမလိုပါပဲ မအားတာနဲ့မရေးဖြစ်ဘူး။ ခုရက်ပိုင်းတော့ အချိန်ရနေတာနဲ့ရေးလိုက်တာ အခန်းပို၂ပိုင်းထွက်လာပါတယ်။မနက်ဖြန်ကျရင် တပိုင်းထပ်ရှိပါမယ်။ချိိုကြရဲ့လားမသိဘူးနော်။ ဘာဖြစ်ဖြစ် ဖတ်ရူ့သူတွေကို ကျေးဇူးအထူးတင်ပါတယ်❤
🍀🍀🍀🍀🍀🍀🍀
(Zawgyi)
၈လၾကာၿပီးေနာက္....။
စကားေျပာသံမ်ား၊ ဖုန္းေခၚသံမ်ား၊ ကြန္ျပဴတာရိုက္သံမ်ားျဖင့္ သက္ဝင္လႈပ္ရွားေနေသာ အခန္းထဲရွိ ေထာင့္တေနရာတြင္ ဂ်ီမင္ထိုင္ကာ မၿပီးျပတ္ေသးေသာ အလုပ္တခ်ိဳ႕ကိုလုပ္ေနရသည္။
နာရီလွမ္းၾကည့္ေတာ့ ေန႕လည္ ၁ခြဲေက်ာ္ ၂နာရီထိုးလုလု...။ ခုထိေန႕လည္စာမစားရေသး၍ ဗိုက္ထဲမွာလဲ တဂြီဂြီျဖင့္ အခ်က္ျပမူအေပါင္းက စုံလင္ေနသည္။
"ဂ်ီမင္ရွီ"
"ဗ်ာ"
ထိုခ်ိန္သူ႕စားပြဲေရွ႕တြင္ ဖိုင္တထပ္ပိုက္ထားေသာ လူတေယာက္ကလာရပ္ကာေခၚသျဖင့္ အျမန္ေမာ့ထူးလိုက္သည္။
"CEOက လာပါအုန္းတဲ့"
ဘာကိစၥပါလိမ့္?သူဒါေလး လတ္စသတ္ၿပီးရင္ ေန႕လည္စာသြားစားဖို႔ ႀကံထားတာ အလုပ္ကေပၚလာျပန္ေခ်ၿပီး....။ဘာတတ္နိုင္မည္နည္း...သူသက္ျပင္းအသာခ်ကာ ထိုလူကိုေခါင္းသာၿငိမ့္ျပမိသည္။
"ဟုတ္ကဲ့ လာခဲ့ပါ့မယ္"
ထို႔ေနာက္ ၿပီးခါနီအလုပ္ကို အျမန္ဆက္လုပ္၍ စားပြဲထက္လိုအပ္သည္မ်ားကို အိတ္တခုတြင္ေကာက္ထည့္ကာ ေဘးခ်ထားေသာ ဝန္ထမ္းကတ္ကိုလည္ပင္းတြင္အျမန္ဆြဲ၍ CEO႐ုံးခန္းရွိရာသို႔တက္လာခဲ့သည္။
"တူ...တူ..."
ဓာတ္ေလွကားစီးေနရင္းမွ ေဘာင္ဘီအိတ္ကပ္ထဲထည့္ထားေသာ ဖုန္းကတုန္ခါလာသျဖင့္ယူထုတ္ၾကည့္လိုက္သည္။ထို႔ေနာက္ လွစ္ခနဲတခ်က္ၿပဳံးကာ မ်က္ႏွာျပန္တည္၍ ထိုဖုန္းကိုကိုင္လိုက္သည္။ေလသံကလည္း ခပ္မာမာပင္။
"ဘာလဲ"
"ဂ်ီမင္ရ...ဖုန္းေျပာဖို႔အလုပ္အားရဲ႕လား မအားရင္ျပန္ခ်လိဳက္မယ္ေနာ္"
ဖုန္းကိုင္ကိုင္ခ်င္း သူ႕ေလသံႏွင့္ကြဲျပားစြာ ထြက္ေပၚလာေသာထယ္ေယာင္းေလသံ ႏူးႏူးညံ့ညံ့က အရာအားလုံးကိုေမ့ေမ်ာပစ္ခ်င္စရာ။႐ူတင္အားတုန္းခဏ အခ်ိန္လုကာ အေျပးအလႊားဖုန္းဆက္လာရသူက သူ႕အလုပ္အားအႏွောက္အယွက္ျဖစ္မည္ကို စိုးရိမ္ေနျပန္ေလသည္။
"ငါကမအားဘူးလို႔ေျပာရင္ မင္းတကယ္ဖုန္းခ်မွာလား"
"ဂ်ီမင္ကလည္း..."
အားငယ္ေသာေလသံတိုးညင္းညင္းက ဂ်ီမင္ႏွလုံးသားကိုက်လိက်လိျဖင့္အသည္းယားေစသည္။သူထို႔သို႔ေျပာလွ်င္ တဖက္မွာေသခ်ာေပါက္ မ်က္ရည္ဝဲေနလိမ့္မည္။
လြန္ခဲ့တဲ့လေတြက သူ ထယ္ေယာင္းအားပစ္ခြာဖို႔ ႀကိဳးစားၿပီးေနာက္ပိုင္း သူ႕ထံမွအနည္းငယ္စိမ္းကားသည့္ စကားမ်ိဳးၾကားလွ်င္ ထယ္ေယာင္းတေယာက္႐ုပ္ပ်က္ဆင္းပ်က္ ပူပန္တတ္ေလသည္။
"ရိုက္ကူးေရးၿပီးၿပီလား"
"အင္း ၿပီးၿပီ ဂ်ီမင္ေရာ ဘယ္ခ်ိန္ျပန္မွာလဲ""
သူတျခားဟာ လႊဲေမးမွေလသံကခ်က္ခ်င္းေျပာင္းကာ တက္တက္ႂကြႂကြျပန္ျဖစ္လာသည္။
"မျပန္ရေသးဘူး အလုပ္ရွိေသးတယ္"
"ေအာ္....ထမင္းေရာ စားၿပီးၿပီလား"
ဟုတ္သား...။ေစာေစာက တဂြီဂြီျမည္ေနေသာဗိုက္က ထယ္ေယာင္းႏွင့္ဖုန္းေျပာေနစဥ္ အသံမျမည္ေတာ့ပဲ ေန႕လည္စာမစားရ၍ ႏူန္းခ်ိခ်င္ေနေသာသူက လန္းဆန္းေနေလသည္။သူရီခ်ပစ္ဖို႔ အနည္းငယ္သာလိုေတာ့သည္။
"ဟင့္အင္း...မစားရေသးဘူး"
"ဟာ...ဘယ္ႏွာနာရီရွိၿပီလဲ အလုပ္႐ူပ္လဲ ထမင္းေတာ့ ပုံမွန္အုန္းမွေပါ့ ေနမေကာင္းျဖစ္ရင္ ဘယ္လိုလုပ္မလဲ"
အဘိုးႀကီးလို ပစ္ေတာက္ပစ္ေတာက္ဆူပူေနေသာ ထယ္ေယာင္းအသံက ဆူလဲဆူခ်င္ ေလသံကလဲမမာရဲ၍ သူ႕အားခြၽဲကာေျပာသလိုျဖစ္ေနသည္။ခ်စ္စရာေကာင္းပါဘိ။
"နားၿငီးလိုက္တာ ကင္ထယ္ေယာင္း...ခု အလုပ္တခုၿပီးရင္ သြားစားမလို႔ပဲ"
"အင္းအင္း သြားစား ဘယ္မွာစားမွာလဲ"
"ဘယ္မွာစားရမွာလဲ ႐ုံးနားကဆိုင္မွာပဲစားရမွာေပါ့"
တင္း....။
ထိုအခ်ိန္ ဓာတ္ေလွကားပြင့္သြား၍ သူအျပင္ထြက္ကာ CEO ႐ုံးခန္းရွိရာသို႔ ဖုန္းေျပာရင္း ေလွ်ာက္လာလိုက္သည္။
"အလုပ္ရွိေသးလို႔ ဒါပဲ"
"အင္း အင္း ဒါပဲေနာ္"
"အင္း"
"ဂ်ီမင္နာ"
ႏူတ္ဆက္ၿပီးဖုန္းခ်မည္အလုပ္ ထယ္ေယာင္းကခပ္တိုးတိုးျပန္ေခၚလာ၍ သူနား,နားကပ္ကာ ျပန္ထူးရင္းနားေထာင္မိသည္။
"အင္း..ေျပာ"
"ခ်စ္တယ္...အရမ္းခ်စ္တယ္...ၿပီးရင္ေတြ႕ၾကမယ္"
တီ...။
သူ႕ဘက္က ဘာမွျပန္ေျပာခ်ိန္မရလိုက္..။ အနိုင္ပိုင္းေျပာကာ ဖုန္းခ်ပစ္ေသာထယ္ေယာင္း၏ ဖုန္းနံပါတ္ကို ဂ်ီမင္ေငးစိုက္ၾကည့္ကာ ၿပဳံးလိုက္မိသည္။ငါမင္းကို စိတ္ဆိုးၿပီး အျပစ္ေပးခ်င္ေသးတယ္ေလ ကင္ထယ္ေယာင္း။ မင္းခုလိုခ်စ္စရာေကာင္းေနရင္ ဘယ္လိုလုပ္ရမလဲ။
ဂ်ီမင္မ်က္ႏွာမွာ ေစာေစာကထက္ပိုၿပဳံးလာကာ ေခါင္းတခါခါႏွင့္ဟိုမင္းသားကို အသည္းယားေနမိသည္။
"ဒီအမူကို ဂ်ီမင္ကိုင္ေပးနိုင္မလား"
CEOက သူ႕အားဖိုင္တထပ္ခ်ကာ အမႈအေၾကာင္းကိုရွည္ရွည္ေဝးေဝးရွင္းျပၿပီးေနာက္ သူ႕အားထိုအမႈကိုင္ေစလိုေၾကာင္းေျပာေလသည္။
"အမႈက တအားႀကီးေတာ့ ေသခ်ာအာ႐ုံစိုက္မွရမွာပါ...ခုက်ေနာ္က ကိုင္ထားလ်က္စအမႈေတြ မၿပီးပ်က္ေသးေတာ့ ဒီCaseကိုက်ေနာ္ ျငင္းလိုက္ခ်င္လို႔ပါ CEOႀကီး"
သူ႕စကားကို CEOက နားလည္စြာ ေခါင္းၿငိမ့္ျပသည္။ထို႔ေနာက္ သူ႕အားၾကည့္ကာဆက္ေျပာလာသည္။
"က်ေနာ္သိပါတယ္...ဂ်ီမင္တေယာက္တည္းဆို ဒီအမႈကိုင္ဖို႔မနိုင္ေလာက္ဘူးဆိုတာ ဒါေၾကာင့္ က်ေနာ့္သူငယ္ခ်င္းနဲ႕ ဒီအမႈကိုပူးတြဲကိုင္ေပးဖို႔ ေျပာခ်င္တာပါ"
"CEO သူငယ္ခ်င္းနဲ႕"
"ဟုတ္ပါတယ္"
တေယာက္တည္းထက္စာရင္ ၂ေယာက္အားက အလုပ္ပိုတြင္ေစမွာေသခ်ာသည္။ၿပီးေတာ့ ဒီလိုcaseႀကီးႀကီးေတြကိုင္ေပးလို႔ နိုင္ရင္လည္း သူတို႔ကလစာအျပင္ အက်ိဳးခံစားခြင့္ေတြအမ်ားႀကီး ရအုန္းမယ္ မဟုတ္လား။မက္ေလာက္စရာပင္...။
"ဟုတ္ကဲ့...CEO သူငယ္ခ်င္းက ဘယ္သူလဲမသိဘူး"
ဂ်ီမင္ေမးလိုက္လွ်င္ CEOက သူ႕အားအားနာေသာမ်က္လုံးျဖင့္ၾကည့္ကာ ေျပာရင္း နံပါတ္တခ်ိဳ႕ကိုႏွိပ္လိုက္သည္။
"က်ေနာ္...သူ႕ကိုပါလွမ္းေခၚထားတာ ဘာလို႔ေနာက္က်မွန္းမသိဘူး ဂ်ီမင္ခဏေစာင့္ေပးနိုင္မလား"
"အာ....ဟုတ္ကဲ့"
ထယ္ေယာင္းႏွင့္ဖုန္းေျပာေနတုန္း မဆာေတာ့တဲ့ဗိုက္က ခုအလုပ္အေၾကာင္းေျပာၾကရင္းမွ တဂြီဂြီေအာ္ကာ ျပန္ဆာလာေလသည္။CEOကို အားနာ၍ သူ႕ဗိုက္သူလက္ႏွင့္ဖိထားရသည္။
ဂြီ....။
"ဟင္...ဂ်ီမင္ ခုထိေန႕လည္စာမစားရေသးဘူးလား"
ထပ္ေအာ္လာေသာ ဗိုက္ေၾကာင့္CEOက သူ႕အားၾကည့္ကာ ေမးေလသည္။တဖက္ကိုလဲ ဖုန္းေခၚ၍မရဘူးထင္၏။
"ဟုတ္ကဲ့ က်ေနာ္အလုပ္လုပ္ရင္း ေမ့သြားလို႔"
"ျဖစ္ရမယ္ဗ်ာ...သြားစားပါ ေစာင့္မေနေတာ့ပါနဲ႕ ေနာက္ရက္မွပဲ ထပ္ခ်ိန္းေပးပါ့မယ္"
"ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ဗ်ာ"
CEOခြင့္ျပဳခ်က္ရသည္ႏွင့္ သူ႕ပစၥည္းမ်ားေကာက္ကာထိုင္ရာမွထလိုက္သည္။ထိုအခ်ိန္ CEOက သူ႕အားတစုံတခု ကမ္းေပးလာသည္။
"႐ုံးနားကဆိုင္မွာပဲ စားမွမလား ယူဗ်ာ...က်ေနာ္ဝယ္ေကြၽးပါရေစ"
CEOက သူ႕အားကတ္တကတ္ထုတ္ေပးကာ ထမင္းတနပ္ဝယ္ေကြၽးခ်င္ေၾကာင္းေျပာလာျခင္းျဖစ္၍ သူ႕မွာျပာျပာသလဲ အျမန္ျငင္းလိုက္ရသည္။
"အာ...မဟုတ္တာ ရပါတယ္ဗ်...အလုပ္ေတြအကုန္ၿပီးမွ တဝိုင္းေလာက္လိုက္ေကြၽးပါ CEOႀကီး"
"ေကာင္းပါၿပီဗ်ာ"
သူ႕စကားေၾကာင့္ CEOက တခ်က္ၿပဳံးကာ ေခါင္းၿငိမ့္ေထာက္ခံေလသည္။ထို႔ေနာက္ သူCEOႀကီးကို ႏူတ္ဆက္ကာ ေန႕လည္စာစားရန္ထြက္လာခဲ့ေတာ့သည္။၂နာရီလဲ ခြဲေခ်ၿပီ....။
"တီ...တီ...တီ...တီ...ေခ်ာက္!"
အိမ္တံခါးတခု၏ passwordႏွိပ္သံ၊ တံခါးဖြင့္သံမ်ားက အခ်က္မပ်က္ထြက္ေပၚေနသည္။ဂ်ီမင္ အလုပ္မွျပန္လာျခင္းျဖစ္သည္။လက္ထဲတြင္လဲ ၾကက္ေၾကာ္တဘူးႏွင့္ဘီယာပုလင္းအိတ္ကို တဖက္ဆြဲ၍ က်န္တဖက္မွာ လက္ဆြဲအိတ္နဲ႕ကုတ္အကၤ်ီကိုကိုင္ထားကာ တံခါးကိုတြန္းဖြင့္ဝင္လာခဲ့သည္။
"ေဖ်ာက္!"
လူမရွိ၍ ေမွာင္မဲေနေသာအိမ္က လူဝင္လာသည္ႏွင့္အဝင္ေပါက္မီးလုံးက ေအာ္တိုပြင့္လာသျဖင့္ ကိုင္ထားေသာအထုပ္မ်ားကို အနားရွိစင္တခုေပၚတင္၍ ဖိနပ္ခြၽတ္လိုက္သည္။
"ဘုတ္!"
ေမွာင္မဲေနေသာဧည့္ခန္းဘက္ ေက်ာေပးထားရာမွ ဘုတ္ခနဲအသံျမည္လာ၍ ဂ်ီမင္ဖိနပ္ခြၽတ္ရင္းမွ ၾကက္သီးမ်ားျဖန္းခနဲထသြားရသည္။ခုတေလာ ဒီဘက္တိုက္ေတြမွာ သူခိုးဝင္ေလ့ရွိေၾကာင္း ခဏခဏၾကားေနရသျဖင့္ ခုၾကားလိုက္ရေသာအသံအရ သူ႕အိမ္လဲသူခိုးဝင္ၿပီထင္၏။ သူဘာလုပ္ရမည္နည္း။
သူမူမပ်က္ ဖိနပ္ခြၽတ္ကာ ပစၥည္းမ်ားကိုေကာက္ယူ၍ ဧည့္ခန္းဘက္ေျခခ်လိဳက္လွ်င္ အဝင္ေအာ္တိုမီးက ျပန္ပိတ္ကာ တအိမ္လုံးေမွာင္မဲသြားေလသည္။ထိုအခ်ိန္ကိုက္ပင္ မီးဖိုေခ်ာင္နံရံအကြယ္ဆီ အျမန္သြားကာပုန္းရန္ျပင္လိုက္သည္။ထိုအခိုက္ သူ႕လက္တဖက္ကို လွမ္းဆြဲျခင္းခံလိုက္ရေလသည္။
"အမေလး...ဒုန္း!"
"အ!"
"ဟင္...အြန့္!"
မည္သည္ကထြက္ေပၚလာမွန္းမသိရသည့္ အသံပလံေပါင္းစုံႏွင့္ ႐ုန္းရင္းဆန္ခတ္အေျခအေနမ်ားက အခန္းထဲဆူေဝသြားကာ တမဟုတ္ခ်င္းျပန္လွည္ၿငိမ္သက္သြားခဲ့သည္။
"ႁပြတ္!အင္း"
႐ုတ္တရက္ထြက္ေပၚလာေသာ နမ္း႐ူံ႕သံႏွင့္အသက္႐ူသံျပင္းျပင္းတို႔က ေမွာင္မဲတိတ္ဆိတ္ေနေသာအခန္းထဲတဖန္စိုးမိုးလာခဲ့သည္။
ထို႔ေနာက္ေမွာင္ႀကီးမဲမဲထဲပင္ ပူးကပ္ေနေသာအရိပ္ႏွစ္ခုက တျဖည္းျဖည္းေ႐ြ႕လ်ားလာကာ ဧည့္ခန္းထဲက အေတာ္အသင့္က်ယ္ေသာႏွစ္ေယာက္ထိုင္ ဆိုဖာနားသို႔ေရာက္လာခဲ့သည္။
"ဝုန္း!အင့္!"
"ဇြတ္ဖိရလား မင္းသားရဲ႕"
"အဟင္း"
ဆိုဖာထက္တေယာက္က ပက္လက္ျဖစ္၍ တေယာက္က အုပ္မိုးထားကာ အေမွာင္ထဲမွ တလက္လက္မ်က္လုံးေလးေတြႏွင့္ထူထဲထဲႏူတ္ခမ္းကို စူးစိုက္ၾကည့္ရင္း အသာပြတ္သတ္မိသည္။
"ဖယ္!ေရခ်ိဳးအုန္းမယ္"
"မင္းက ငါ့အပိုင္"
သူ႕စကားနဲ႕ဆန့္က်င္ဘက္ အဆက္အစပ္မရွိေသာ စကားမ်ားကိုဆိုေနေသာ မင္းသားႀကီးအား ဂ်ီမင္မွာအထူးအဆန္း...။
"ဘာျဖစ္ေနတာလဲ"
"မင္း ငါ့ကိုပစ္သြားဖို႔ထပ္မစဥ္းစားနဲ႕"
"ဟမ္!"
တုန္ယင္ေနေသာ ေလသံႏွင့္အေမွာင္ထဲလတ္ခနဲျဖစ္သြားေသာ မ်က္လုံးမ်ားက မ်က္ရည္စေတြႏွင့္ဝမ္းနည္းေနေၾကာင္းအသိေပးေနပုံရသည္။ကင္ထယ္ေယာင္း ဘာျဖစ္လာသနည္း။
"ထယ္ေယာင္းရ အဆက္အစပ္မရွိ ဘာျဖစ္လာတာလဲ"
သူ႕အေမးကိုမေျဖ ရင္ခြင္ထက္ေမွာက္ခ်လာကာ သူ႕လည္ပင္းတြင္မ်က္ႏွာကိုအတင္းအပ္ထားေလသည္။ထို႔ျပင္ ရွည္သြယ္ေသာလက္မ်ားကလဲ ဂ်ီမင္ရင္ဘက္ထက္ ဟိုပြတ္ဒီပြတ္ႏွင့္...။ဒီမင္းသား ဘဝပ်က္ခ်င္ၿပီထင္ပါရဲ႕...။
"ခ်စ္တယ္"
လည္ပင္းနားတိုးကပ္ေနရာမွ ခပ္တိုးတိုးဆိုလာသျဖင့္ အေတြးမ်ားေနေသာဂ်ီမင္က ခ်က္ခ်င္းၿငိမ္သက္ကာ ရင္ခြင္ထက္က မင္းသားကိုျပန္လည္ေပြဖက္မိသည္။
"မင္းေရာ ငါ့ကိုခ်စ္ရဲ႕လား"
ေမာ့ေမးလာေသာသူအား ဂ်ီမင္ျပန္လွည္ငုံ႕ၾကည့္မိသည္။တကယ္ႀကီး ငိုေနတာပဲ။ ဒီမင္းသားခံစားလြယ္လြန္းသည္။သ႐ုပ္ေဆာင္ေတြဟာ အာ့လိုမ်ိဳးပဲလား။
"႐ုတ္တရက္ႀကီး ဘာျဖစ္လာတာလဲ"
"ငါဒီညမင္းနဲ႕အိပ္မွာ"
ဘာျဖစ္လာမွန္းမသိ ေမးေတာ့လဲမေျဖႏွင့္ ဒီမင္းသားကိုအသည္းယားလြန္းလွသည္။ထို႔ေၾကာင့္ ရင္ခြင္ထက္မွေကာင္ေလးကို အားႏွင့္ေပြ႕ဖက္က ဆြဲလွည့္၍ ရင္ခြင္ေအာက္ပစ္ထည့္လိုက္သည္။
"ဟင္!ဂ်ီမင္ရ"
တပတ္လွည္ကာ ေအာက္ေရာက္သြားေသာ ထယ္ေယာင္းက မ်က္လုံးဝိုင္းဝိုင္းႏွင့္ အံ့ၾသတႀကီးေခၚေနသျဖင့္ ဂ်ီမင္မေနနိုင္သည့္အဆုံး ေလးေထာင့္ဆန္ဆန္ႏူတ္ခမ္းပါးကိုငုံ႕ေထြးလိုက္သည္။အံ့ၾသေနေသာ မ်က္ျပဴးေကာင္ေလးက တိုးဝင္လာေသာႏူတ္ခမ္းထူထူကို အူေၾကာင္ေၾကာင့္ျဖင့္အလိုက္သင့္လက္ခံကာ အုပ္မိုးထားေသာ ခပ္က်စ္က်စ္ရင္ခြင္ကို သူ႕လက္က အလိုေလ်ာက္ပြတ္သပ္ေပးေနမိသည္။
"ေျဖ...ဘာျဖစ္လာသလဲ"
အခ်ိန္တခုနမ္းၿပီးမွ ထိကပ္ေနေသာ ႏူတ္ခမ္းႏွစ္လႊာကိုခြာ၍ ဂ်ီမင္ေမးလိုက္သည္။
"ငါ ငါ ေန႕လည္က မင္းတို႔႐ုံးနားေရာက္လာေသးတယ္"
ထယ္ေယာင္းစကားေၾကာင့္ ဂ်ီမင္မ်က္ေမွာင္က်ဴတ္သြားရသည္။ထိုအခ်ိန္ သူတို႔အခန္းတြင္း ေမွာင္ႀကီးမဲမဲဆိုေပမဲ့ မ်က္ႏွာခ်င္းဆိုင္တိုက္ေတြက ထြန္းလိုက္ေသာမီးေရာင္တခ်ိဳ႕ေၾကာင့္ ရင္ခြင္ေအာက္က ေကာင္ေလးမ်က္ႏွာကိုျမင္လာရသည္။
"ဘာလို႔ ဖုန္းမဆက္လာတာလဲ"
ေရာက္လာတယ္ဆိုၿပီး ဖုန္းမဆက္လာသျဖင့္ ဂ်ီမင္စိတ္ထဲဘဝင္မက်။ဒီမင္းသား ဘာေတြေတြးပူေနျပန္သည္မသိ။
"ငါ ဆက္မလို႔ပဲ..."
"ဆက္မလို႔ပဲ မဆက္လိုက္ရဘူးဆိုပါေတာ့"
"အင္း..."
ထယ္ေယာင္းက ခပ္ႏွေးႏွေးျပန္ေျဖေနရင္းမွ အျပည့္နီးပါးတပ္ထားေသာ ဂ်ီမင္ရွပ္အကၤ်ီၾကယ္သီးကို ျဖဳတ္ခ်ေနသည္။
"ဘယ္ခ်ိန္ေရာက္လာတာလဲ"
"၃နာရီခြဲေလာက္က"
ဂ်ီမင္မ်က္ေမွာင္က်ဳံ႕ေနရာမွ စိတ္ပို႐ူပ္ေထြးသြားရသည္။အာ့အခ်ိန္သူ ေန႕လည္စာစားၿပီး႐ုံးခန္းျပန္တဲ့အခ်ိန္မလား။
မဟုတ္မွ...။စိတ္ထဲဖ်က္ခနဲေပၚလာေသာ အေတြးႏွင့္ ရင္ခြင္ေအာက္က မင္းသားမ်က္ႏွာကို စူးစိုက္ၾကည့္ကာ သိလိုရာကိုေမးလိုက္သည္။
"ငါနဲ႕ဂြၽန္ကိုေတြ႕ခဲ့တာလား"
"........"
သူ႕အေမးကိုျပန္မေျဖ သူ႕လည္တိုင္ကို လက္ဖဝါးခပ္ႏြေးႏြေးျဖင့္လိုက္ပြတ္ေနျပန္ေလသည္။ဒီမင္းသား လက္အၿငိမ္မေနပုံနဲ႕သူ႕အေသြးအသားပါ တျဖည္းျဖည္းပူတတ္လာရသည္။ထို႔ေၾကာင့္ ဟိုပြတ္ဒီပြတ္လုပ္ေနေသာ မင္းသားလက္ကိုဆြဲယူကာ ကုန္းကိုက္ပစ္လိုက္သည္။
"အားးးနာတယ္ ဂ်ီမင္ရ ဘာလုပ္တာလဲ"
"အ႐ူး"
"ေဖ်ာက္!"
ဂ်ီမင္ထိုမွ်သာ ေျပာ၍ထယ္ေယာင္းကို အုပ္မိုးထားရာမွ ထလာကာ အခန္းမီးကိုဖြင့္လိုက္သည္။ထိုအခါ ထယ္ေယာင္းလဲလိုက္ထလာ၍ သူ႕အေနာက္ကေနအတင္းလိုက္ဖက္ျပန္ေလသည္။
"ဘယ္လိုျဖစ္ေနတာလဲ ေရသြားခ်ိဳးအုန္းမယ္"
"လိုက္ခဲ့မယ္"
"ဘာလိုက္လုပ္မွာလဲ မင္းေရခ်ိဳးၿပီးၿပီမဟုတ္လား"
ေျပာဆိုၿပီး ဂ်ီမင္အိပ္ခန္းထဲဝင္ရန္သြားမိသည္။ထိုအခါတြင္လဲ သူအား အေနာက္ကေနဖက္လ်က္သားကပ္ပါလာျပန္သည္။ဘယ္လိုမွ ခြာခ်လိဳ႕မရ။
"ရွာႀကံၿပီး အူတိုမေနနဲ႕ ကင္ထယ္ေယာင္း အလုပ္သေဘာအရသူနဲ႕ အမႈတခုအတူကိုင္ရမွာ သူေရာငါေရာ ဘာစိတ္မွမရွိၾကေတာ့ဘူး စီနီယာ ဂ်ဴနီယာဆက္ဆံေရးပဲ"
"........"
သူ႕မွာေတာ့ တရွည္တလ်ားရွင္းျပၿပီး ကပ္တြယ္ေနေသာေကာင္အား ခြာခ်ကာေရခ်ိဳးရန္စဥ္းစားမိသည္။သို႔ေသာ္ သဝန္တိုအားႀကီးေနသူက စကားမျပန္သူ႕လည္ဂုတ္ကိုသာ တ႐ြတ္႐ြတ္လိုက္နမ္းေနေလသည္။
ေနကြာ...။ဒီေလာက္ေတာင္ ခြာခ်မရမွေတာ့ ေရခ်ိဳးခန္းထဲထိေခၚသြားရန္သာ ဆုံးျဖတ္လိုက္သည္။
"မင္းမဖယ္ဘူးလား ကင္ထယ္ေယာင္း"
"အင္း"
"ဒါဆိုလိုက္ခဲ့ ငါနဲ႕တလက္မေတာင္မကြာေစနဲ႕"
႐ြဲ႕ကာေျပာၿပီး ေရခ်ိဳးခန္းဆီသြားေတာ့လဲ တကယ္ပင္ ပူးကပ္ကာ ဖက္လ်က္သားလိုက္ပါလာေလသည္။ဂ်ီမင္အမွန္ပင္ စိတ္ညစ္သြားရသည္။
"တူ..တူ"
အလုပ္လုပ္ေနရာမွ ဝင္လာေသာဖုန္းေၾကာင့္ ဂ်ီမင္လုပ္လ်က္စကိုခ်ကာ ေကာက္ကိုင္လိုက္သည္။
"ဟဲလို ဂြၽန္"
ဂြၽန္ဆိုေသာအသံၾကားသည္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ထိုင္ကာ ဇာတ္ၫႊန္းဖတ္ေနေသာ ထယ္ေယာင္းက လွမ္းၾကည့္လာေလသည္။
"အာ့ videoရလာၿပီလား"
"......"
"က်ေနာ္လဲ ရွာေတြ႕ထားတဲ့ဟာရွိတယ္"
"........"
"ဘယ္ခ်ိန္လဲ"
"......."
"ရတယ္ေလ က်ေနာ္လဲအားတယ္ လာခဲ့မယ္"
ဂ်ီမင္ဖုန္းေျပာၿပီးေနာက္ နံေဘးမွေကာ္ဖီလက္က်န္ကိုေကာက္ေမာ့ကာ ခြက္ေဆးရန္ထိုင္ရာမွထလိုက္သည္။
"သူနဲ႕ေတြ႕မို႔လား"
"အင္း"
သဝန္တိုတတ္ေသာ ေကာင္ေလးအေမးကို ဂ်ီမင္ေပါ့ေပါ့ပါးပါးေျဖကာ မီးဖိုေခ်ာင္သို႔ဝင္လာခဲ့သည္။
"ဘယ္အခ်ိန္သြားမွာလဲ"
ဧည့္ခန္းထဲကေန သူရွိေနေသာမီးဖိုေခ်ာင္ထိၾကားေအာင္ ေအာ္ေမးေနေသာမင္းသားက တကယ္အလုပ္အားေနသည္ထင္၏။သူနားရက္မွန္းသိသည္ႏွင့္ ႐ူတင္မရွိဟုဆိုကာ သူနားေပကပ္ေနေနေလသည္။
"ဟမ္! ဘယ္အခ်ိန္လဲလို႔"
"ဘာလုပ္မို႔လဲ"
ခြက္ေဆးၿပီးသည္ႏွင့္ အလုပ္ဆက္လုပ္ရန္ေနရာသို႔ျပန္လာစဥ္ ခပ္ဆက္ဆက္ေမးလိုက္သည္။
"ငါလိုက္မို႔"
"ဘာ! ငါသူနဲ႕ေတြ႕တာ အလုပ္လုပ္မလို႔ေလ"
"လုပ္ေလ နံေဘးကေန ၿငိမ္ၿငိမ္ေလးလိုက္ထိုင္ေနမယ္ေလ မဟုတ္ရင္လဲ ခပ္လွမ္းလွမ္းကေနေစာင့္ေနမယ္ေလ ေနာ္"
အတည္ေပါက္ေျပာေနေသာ ထယ္ေယာင္းကိုၾကည့္၍ ဂ်ီမင္ေခါင္းသာအသာခါယမ္းမိသည္။ဒီမင္းသားဆိုးသည္ ခ်စ္စရာေကာင္းေလာက္ေအာင္ဆိုးသည္။
"ေနာ္...ဂ်ီမင္"
သူထယ္ေယာင္းကို တခ်က္စိုက္ၾကည့္ကာ ဘာမွမေျပာ အလုပ္သာဆက္လုပ္လိုက္သည္။ထယ္ေယာင္းကလည္း နားလည္သည္ထင္၏ သြားေပၚေအာင္ၿပဳံးကာ ဇာတ္ၫႊန္းကိုဆက္ဖတ္ေနေလသည္။
+++++++
ဒီၾကားထဲ အခန္းပိုေလးေရးေပးမလိုပါပဲ မအားတာနဲ႕မေရးျဖစ္ဘူး။ ခုရက္ပိုင္းေတာ့ အခ်ိန္ရေနတာနဲ႕ေရးလိုက္တာ အခန္းပို၂ပိုင္းထြက္လာပါတယ္။မနက္ျဖန္က်ရင္ တပိုင္းထပ္ရွိပါမယ္။ခ်ိိုၾကရဲ႕လားမသိဘူးေနာ္။ ဘာျဖစ္ျဖစ္ ဖတ္႐ူ႕သူေတြကို ေက်းဇူးအထူးတင္ပါတယ္❤
🍀🍀🍀🍀🍀🍀🍀