ချစ်သော စာရေးဆရာမလေး(complete)

By ThinThinSuHlaing0

14.5K 233 2

စာရေးသူ စပြီးရေးဖြစ်တဲ့ normal Fic လေး ပါ။ အိမ်နီးနားချင်း အတူတူ ကြီးပြင်းလာကြတဲ့ မမနဲ့ မောင်လေး ဇာတ်လမ်းလေးပ... More

part (01)
part (02)
part (03)
part(04)
part (06)
part (07)
part (08)
part (09)
part (10)
part (11)
part (12)
part (13)
part (14)
part (15)
part (16)
part (17)

part (05)

653 14 0
By ThinThinSuHlaing0

ကျတော့်ရဲ့ ကောင်မလေး
အပိုင်း(၅)

ခြံထဲမှာ မန်ကျည်းချိုပင်ကြီးလဲ ရှိနေသေးတုန်းပါပဲ ။ကျတော်နဲ့ "မ" ငယ်တုန်းက အဲ့ဒီအပင်အရိပ်မှာ ကစားခဲ့တာ၊ မန်ကျည်းချိုသီးတွေကို "မ"က အရမ်းကြိုက်ခဲ့တာ‌.......သတိရမိသေးတယ်။

စံပယ်ပန်းလေးတွေ ဇွန်ပန်းလေးတွေကိုကြိုက်လို့ သူကိုယ်တိုင် စိုက်တတ်တာ၊
နှင်းဆီပန်းလေးတွေဆိုလည်း "အရောင်စုံ လေး စိုက်ချင်တာ သန့်ရယ်"
လို့ မကြာခဏ ပြောတတ်တာ....

တခါ၊တခါ ကျတော် ဒီဘက် ကို လာရင် ခြံထဲမှာ စိတ်ရှည်၊လက်ရှည် ပေပေတူးတူး၊အပင်စိုက်နေရင်စိုက် ရေလောင်းရင်လောင်း‌ေနတတ်တဲ့ "မ"ကို တွေ့ရတယ်.....
တခါ၊တခါ ကျတော့လည်း စာတွေ ထိုင်ရေးနေတတ်တဲ့ "မ" ကို တွေ့ရတယ်.....
တခါတခါကျ သူ့ကြောင်ကလေးတွေနဲ့ ဆော့နေတတ်တဲ့ "မ" ကို တွေ့ရပြန်ရော......
တခါ၊တခါကျ သူမအမေ အန်တီတိုးနဲ့ ရယ်မောရင် မီးဖိုခန်းထဲမှာ ချက်ပြုတ်နေတဲ့ "မ" ကို တွေ့ရတတ်တယ်.........

ကျတော် "မ" အကြောင်း ကို တွေးရင်း အလိုလို ပြုံးမိတယ်.....
အခုရော "မ" ဘာလုပ်နေမလဲ?
ခြံထဲမှာတော့ "မ" ကို မတွေ့ရ........
ကျတော့်ကိုတွေ့ရင် သူမ ဘာများပြောပါလိမ့်မလဲ ?တွေးရင်း စိတ်လှုပ်ရှားမိသည်။

ဟော .........တွေ့ပါပြီ
အပေါ်ထပ်လှေကားက ဆင်းလာတဲ့
မျက်နှာလုံးဖောင်းဖောင်း
နှာတံ လုံးလုံး‌၊ပါးဖောင်းဖောင်း
နှုတ်ခမ်းထူထူ
မျက်ခုံးထူထူ
ဆံပင်ကောက်ခွေလိမ်လေးတွေနဲ့
ကျတော့်ရဲ့ "မ"

ကျတော်က သူမကိုပြုံးပြီး ကြည့်နေမိသည်။
သူမက ကျတော့်ကို ခဏတော့ ကြောင်ငေးကြည့်နေသည်။ပြီးမှ လှေကားကနေ ခုန်ပေါက်ပြေးဆင်းလာပြီး
"သန့်......
မေမေရေ ဒီမှာ ဘယ်သူလာလဲလို့?လာကြည့်ပါအုံး "
ပြောပြောပြေးပြေးနဲ့ ကျတော့်ဆီ ပြေးလာပြီး လက်ကိုဆွဲခေါ်ကာ မီးဖိုခန်းထဲ ခေါ်သွားသည်။

"ဟယ် သား မြတ်မင်းသန့်
သားပြန်လာတာလား
မတွေ့ရတာတောင် ကြာလှပေါ့ သားရယ်"ဆိုပြီး ကျတော်ငယ်ငယ်ကအတိုင်း
အန်တီတိုးက ကျတော့်ကို နွေးနွေးထွေးထွေးလေး ပွေ့ဖက်သည်။
"အမယ် သားက တကယ့် လူကြီးလူကောင်း ပုံပေါက်နေပြီပဲ"ဟုပြောရင်း သဘောကျနေသည်။
"မ" ကကျတော့်ကို ကြည့်ပြီး ပြုံးရယ်နေရင်း
"သမီးတို့ သူ့ကို စ တွေ့တုန်းက သူက ဒီလောက်လေးမေမေနော်"ဟု
ပြောရင်း ကျတော့်ကို စ သည်။

အန်တီတိုးက "မ" ကို မျက်စောင်းချီရင်း
"သမီးနော် စတဲ့ နောက်တဲ့ အလုပ်တွေ နောက် မှ လုပ် အခု သမီးမောင်လေးစားဖို့ မုန့်ပွဲ ပြင်ချေ သွား"
"မ"က နှုတ်ခမ်းလေး ဆူပြီး
"လူစိမ်းကားကြီးလေ သူက၊သမီးတို့ကို ပစ်ထားတာ ဘယ်လောက်ကြာပြီလဲ?
မေမေစိတ်မနာဘူးလား?"ဟု
ကျတော့် ကို မေးလေးငေါ့ကာ ငေါ့ကာနှင့် အန်တီတိုးကို ပြောသလိုနှင့် တဆင့်ရန်တွေ့သည်။

"နောက် မှ ပြောလည်း ရတာကိုနော်
မေမမမြတ်ဖြူ  သွား ......သားသန့်လေးက မေမေ့လက်ရာ မုန့်ဟင်းခါးဆို အရမ်းကြိုက်တာ သိရဲ့သားနဲ့......"
အန်တီတိုးက ကျတော့်ဘက်လှည့်လာရင်း
"သား ကံကောင်းတာပဲ ဒီနေ့မုန့်ဟင်းခါးချက်တယ်ကွဲ့ ချက်နေတုန်းကတောင် သားအကြောင်းတွေ ပြောပြီး သတိရနေကြတာ သားရေ"
"မ" က "သားသန့် လေး သားသန့်လေးနဲ့ ဘယ်သူက မေမေမွေးထားတာလဲ ဟွန်း"
ဟုသော ခနိုးခနဲ့ စကားလေးကို ကြည်ကြည်နူးနူးပြောရင်း မီဖိုခန်းထဲ ဝင်သွားသည်။

"မ" က ကျတော့် အမြင်မှာ အရင်ကလို ချစ်စရာကောင်းနေဆဲ
ကျတော် "မ" ကို ချစ်နေဆဲပဲ ဆိုတာကိုပါ ကျတော် သိလိုက်ရသည်။

အန်တီတိုးနဲ့ ရှေးဟောင်းနှောင်းဖြစ်က စ လို့ ယခု လက်ရှိ အလုပ်အကိုင်၊ နေရာထိုင်ခင်းအထိ ပြောနေကြရင်း
အန်တီတိုးအတွက်ရေမွှေးရော
"မ" အတွက် လက်ဆောင်တွေကိုရော အန်တီတိုးကို ပေးနေတုန်း
"ကဲ သန့်ရေ မေမေရေ လာစားလို့ ရပါပြီရှင့်" ဟုသော အငေါ်တူးသံလေးကို ကြားရသည်။

ထမင်းစား စားပွဲတွင်လည်း အန်တီတိုးနှင့် ကျတော် စကားတွေ ပြောမကုန်ဖြစ်နေသည်ကို "မ" က ကျတော့်ကို ကြည့်လိုက်၊သူမမေမေကို ကြည့်လိုက်၊ရယ်စရာပါရင် သူမပါ လိုက်ရယ်လိုက်၊မုန့်ဟင်းခါး စားလိုက်နဲ့ လုပ်နေတာလေးကို ကျတော့် မျက်စိထဲတွင် ချစ်စရာကောင်းလှသည့် "မြောင်ပေါက်စ"လေးနှယ်ပင်..........

အန်တီတိုးက သန့်ရှင်းရေးလုပ်နေတုန်း
"မ" နှင့် ကျတော် နှစ်ယောက်တည်း ဧည့်ခန်းမှာ ထိုင်နေရင်း
" သန့် ညနေကျရင် မ မြို့ထဲ စာအုပ်သွားဝယ်မှာ လိုက်ခဲ့ အုံးနော် အားရောအားရဲ့လား"
"အားတယ် မ ကျတော့် ကို ရေခဲမုန့်ဝယ်ကျွေးရမယ်နော်"
မက ပြုံးနေရင်း ခေါင်းငြိမ့်ပြသည်။
"သန့် ဟိုကို ပြန်သွားရအုံးမှာလား
ဒီမှာပဲ အလုပ်တက် မှာလား"
"မသိသေးဘူး မ ကျတော် ဟိုက အလုပ်တွေ လက် စ မသတ်ရသေးဘူး"

အစကတော့ ကျတော် ဒီကို ခဏပဲ ပြန်လာတာပါ၊ခုတော့ ဂျပန်ကို မပြန်ချင်တော့ .......ဘူး "မ" ရယ်........

"အွန်း...... ဒီမှာပဲ နေပေါ့ သန့်ရယ် ဦးတို့ အန်တီတို့ မှာလည်း သန့်တယောက်တည်းပဲ ရှိတော့ သတိရနေကြတာရယ်"

"မ" ရော ကျတော့်ကို သတိမရဘူးလားလို့ မေးချင်မိသည်။

ဧည့်ခန်းက အရင်ပုံစံ၊အဆင်အပြင်အတိုင်း ရှိနေသည်။"မ" တို့ စုံတွဲပုံတွေ ဘာတွေလည်း မရှိတော့.........

ဟိုးအရင် အတိတ်က ရနံ့တွေ၊ပုံရိပ်တွေကို ပြန်မြင်ယောင်စေသည်။

"ဒါနဲ့ ကောင်မလေး တွေ့နေပြီလား သန့်"
သူမ လက်သည်းလေးတွေကို သူမ လက်ချောင်းလေးတွေနဲ့ တို့ထိရင်း ကျတော့် ကို မကြည့်ဘဲနဲ့ မေးသည်။

ကျတော့် မျက်လုံးတွေကို ကြည့်ပြီး
မေးပါ လား မ ရယ်

"မရှိပါဘူး အလုပ်တွေ ဒီလောက် များနေတာကို"

အခု
ထားတော့မှာဗျ၊မ နဲ့ လေ ဟင်းဟင်း
ကျတော် မ ကို ပဲ ကြူးမှာပါ။ကြူးတော့မှာပါ သိလား မြောင်မလေးရေ......

Thinn Thinn Su Hlaing
11:48 pm

Continue Reading

You'll Also Like

311K 7.5K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
399K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
308K 11.3K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...