part (06)

608 11 0
                                    

"ကျတော့်ရဲ ကောင်မလေး"
အပိုင်း(၆)
ဆိုင်ထဲကိုဝင်လိုက်တာနဲ့
ကျတော့်ကို သဘောကျသွားစေမယ့် အခင်းအကျင်းမျိုးကို တွေ့ရတယ်။

ကော်ဖီဘားသပ်သပ်ရပ်ရပ်လေးရယ်။
ကိတ်မုန့်ကောင်တာရယ်။
စာအုပ်ဆိုင်ရယ် တွဲဖွင့်ထားတဲ့အပြင်
ကော်ဖီသောက်ရင်း စာဖတ်လို့ရမယ့် အခင်းအကျင်းမျိုးနဲ့
ဆိုင်ခန်းထဲထိ ပန်းပင်အစုလိုက်၊အစုလိုက်လေးတွေပါ စိုက်ပေးထားတော့
စာအုပ်ဆိုင်နဲ့ မတူပဲ
စာကြည့်တိုက်လှလှလေးနဲ့ပါတူနေတာလေး။

ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက
ကော်ဖီဘားက ကော်ဖီဖျော်နေတဲ့ ကောင်လေးနှစ်ယောက်အပြင်
ဆိုင်ရှင်ကပါ အသက်ငယ်ပြီး ကြည့်ကောင်းနေတာပါပဲ။

"သန့်ဘာသောက် မလဲ"

ရုတ်တရက် မေးတာတော့မဟုတ်ပေမယ့် ကျတော်က အတွေးလွန်နေတာဆိုတော့ လန့်သွားမိသည်။

"ဟင်.........
ဪ မ သောက်တာပဲ ကျတော်သောက်တာလေ မရဲ့"

"အင်း"

ဆိုင်ပိုင်ရှင်နဲ့ မ က တော်တော်ရင်းနှီးသည်ထင်ရသည်။ကော်ဖီမှာပြီး နှစ်ယောက်သား စာအုပ်ကောင်တာဘက်မှာ ရယ်လိုက်၊မောလိုက်၊စကားပြောလိုက် စာအုပ်တွေ ကိုင်ကြည့်လိုက် လုပ်နေကြတာကို လိုက်ကြည့်ရင်း
စိတ်ထဲက မခံစားနိုင်အောင်ဖြစ်ရသည်။
ဘာမှ မဟုတ်မှန်းလည်း သိပေမယ့်
ဆိုင်ပိုင်ရှင် အကိုကို ကြည့်ရတာ
'မေမမမြတ်ဖြူ'ကို ကြွေနေတာ အသိသာကြီးပင်။

"အကို မုန့်ယူအုံးမလား"

မျက်စိကျွတ်ကျမတတ် လိုက်ကြည့်ရင်း
ဘယ်တုန်းကရင်းနှီးသွားတာလဲ?
ဘယ်လောက်ရင်းနှီးနေတာလဲ?
ဟိုလူက သဘောကျတာတော့ ဟုတ်ပါပြီ "မ" ဘက်က ရော သဘောကျနေသလား? မကျသေးဘူးလား?
တွေးနေတာနဲ့ ကော်ဖီဖျော်တဲ့ ကောင်လေးမေးတာကို ကြားမှ အသိဝင်လာသည်။

"ဪ မယူတော့ဘူး ညီလေး"

ကော်ဖီခွက်လေး ကိုင်ပြီး
စားပွဲမှာ ထိုင်သောက်ရင်း
စောင့်နေမိသည်။

စာအုပ်တချို့ကိုင်ပြီး၊မ က ဟိုလူကိုနုတ်ဆက်ပြီး

"သန့်ရေ ပြီးရင်သွားရအောင်နော်"

ချစ်သော စာရေးဆရာမလေး(complete)Where stories live. Discover now