part (14)

506 9 0
                                    

ကျတော့်ရဲ့ ကောင်မလေး
အပိုင်း (၁၄)
တအိအိနဲ့ ချုံးပွဲချသလို ငိုကြွေးနေရင်း
မောပြီး မ က ကျတော့်ရင်ခွင်ထဲမှာပဲအိပ်ပျော်သွားပါတယ်။
အစောကလေးတင် ဗိုက်ဆာနေပြီ မနက်စာလိုက်ကျွေးနော်လို့ ပြောသွားပြီး အိပ်ပျော်သွားတဲ့ မ ကို အသာအယာလေးပွေ့ချီပြီး အောက်ထပ်က ဧည့်သည်ခန်းထဲမှာပဲ သိပ်လိုက်ပါတယ်။အပေါ်ထပ်က မ အခန်းအထိ ပွေ့ခေါ်သွားရင် မ နိုးသွားမှာလည်း စိုးရိမ်မိတာလည်းပါတာပေါ့။
ရေလည်းမချိုးရသေးပဲ အိပ်ပျော်သွားတဲ့ မိန်းကလေးရဲ့ အကင်္ျီက ဖုန်အလိမ်းလိမ်းနှင့်ပင်
ဒါပေမယ့် မ အိပ်ပျော်ပါ့စေ ချောင်ကျနေတဲ့ မျက်နှာလေးကိုပင် ကျတော့်မှာ မကြည့်ရက်
ကိုယ်ရှိနေသည်ဆိုတဲ့ အသိလေးနှင့်ပင် သူမ စိတ်ထဲ နွေးထွေးမှု၊လုံခြုံမှု ရှိသလို ခံစားချက်နှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာနှင့်ပင် ကျတော့်မှာ စိတ်ချမ်းသာရသည်။
အိပ်ရာက နိုးလျှင် စားကောင်းတာတခုခု စားစေ့ချင်သည်။အိပ်မပျော်ခင်ကပင် ဗိုက်ဆာသည်ဟု ပြောနေခဲ့တာ မဟုတ်ပါလား။
မီးဖိုခန်းထဲဝင်ပြီး ဘာတွေများ ချက်စရာ၊ပြုတ်စရာ ရှိမလဲ ကြည့်မိသည်။
ရက်အနည်းငယ်ခန့် လူမနေခဲ့သည့် မီးဖိုခန်းထဲက ရေခဲသေတ္တာထဲတွင် ခေါက်ဆွဲခြောက်နှစ်ထုပ်နှင့် ကြက်ဥအချို့ကိုသာ တွေ့ရသည်။
ခေါက်ဆွဲပြုတ်တော့ မစားစေချင်ဘူး။
အိမ်နဲ့နီးနီးနားနားက ရပ်ကွက်ဈေးကိုများသွားရမလား၊အိမ်နားက စတိုးဆိုင်(စတိုးဆိုင်ဆိုပေမယ့် တော်တော်စုံစုံလင်လင်နှင့် ကြီးလည်းကြီးပြီး စိတ်အေးလက်အေးဈေးဝယ်လို့ရသည်)
ပြီးတော့ မ ကို ဘာများကျွေးရင်ကောင်းမလဲ လို့လည်း တွေးနေရသေးသည်။
အာဟာရလည်း ပြည့်စေချင်သည်။ကျန်းမာရေးနဲ့လည်းညီညွတ်စေချင်သည်။အစာလည်းကြေလွယ်စေချင်သည်။ဗိုက်လည်းပြည့်စေချင်သည်။
"မ ဗိုက်ဆာနေပြီ" ဆိုတဲ့ စကားသံလေးက နားထဲကပင်မထွက်
နောက်ဆုံးတော့ ထမင်းချက်ကျွေးဖို့ကိုပဲ ဆုံးဖြတ်လိုက်သည်။
နုညံ့တဲ့ ဆန်ရယ်၊ပြောင်းဖူးနုနုချိုချိုလေးတွေရယ်၊ဗူးသီးနုနုလေးရယ်၊ကိုက်လန်ရွက်ရယ်၊ကြက်သားရယ်၊ပြီးတော့ အသင့်စား ဆတ်သားခြောက်ဖုတ်ရယ်၊ကြက်ဥပူတင်းရယ်၊စပျစ်သီးရယ်။မအရမ်းကြိုက်တဲ့ ကိတ်ရယ် ကော်ဖီအစစ်မှုန့်အထုပ်အချို့ရယ် ကို အိမ်နားက စတိုးဆိုင်ကပင်ထွက်ဝယ်လာခဲ့သည်။
ထမင်းချက်ပြီးတော့ ပြောင်းဖူးကို ရေအနည်းငယ်ပါရောထည့်ပြီး အိအိလေးကြော်လိုက်သည်။ကိုက်လန်ရွက်ကို ရေခဲသေတ္တာထဲက ကြက်ဥဖောက်ထည့်ပြီး ကြော်သည်။ဗူးသီးနုနုလေးနဲ့ ကြက်သားကို ကာလသားချက်လေး ချက်လိုက်သည်။အသင့်စားဆတ်သားခြောက်ဖုတ်ကို ပန်းကန်ပြားလေးထဲ ထည့်သည်။
ကြက်ဥ ပူတင်းကို ဗူးထဲ ကထုတ်ပြီး လှလှလေး လှီးကာ ပန်းကန်ပြားလှလှလေးထဲ ထည့်သည်။စပျစ်သီး‌ေတွကိုရေစင်စင်ဆေးကာ ပန်းကန်ပြားလေးထဲထည့် ပြီး အလှဆင်ထားလိုက်သည်။
ဗူးသီးနဲ့ ကြက်သားကာလသားချက်လေးကျက်တာနဲ့ ထမင်းပွဲအရင်ပြင်ထားလိုက်သည်။
ကြက်ဥပူတင်းကို မြည်းကြည့်လိုက်ပြီး
ချိုလွန်းနေတာကြောင့် သကြားအများကြီးမထည့်ပဲ စိမ့်စိမ့်လေးဖြစ်အောင် သူကိုယ်တိုင် လုပ်ကျွေးချင်စိတ်ပင်ပေါက်သွားရသည်။
အလျင်လိုနေလို့ပေါ့ကွာ။နောက်ဆို သကြားတွေများလွန်းတာမျိုး ဝယ်မကျွေး၊ကိုယ်တိုင်လုပ်ကျွေးရမယ်လို့လည်းတွေးနေမိသည်။
အိမ်မှာ တဦးတည်းသောသား ဖြစ်တဲ့ သန့်က ငယ်ငယ်ကတည်းက မေမေနှင့်အတူ ဈေးသွား၊မီးဖိုချောင်ဝင်ရတာလည်း သူ့အတွက္မဆန်းသလို၊ဖေဖေနှင်အတူ ဂေါက်ရိုက်သွားတာ ၊ကြက်တောင်ရိုက်တာ၊ရေကူးတာတွေကလည်း သူ့အတွက္မဆန်းလှ။
မ နိုးများနိုးနေပြီလား ဟုတွေးရင်းအခန်းထဲဝင်ကြည့်လိုက်သည်။
အိပ်ရာထဲတွင် မကို မတွေ့ရလို့ စိတ်ပူသွားပေမယ့် ရေချိုးခန်းထဲကရေသံကြားတော့မှ ရေချိုးနေတာကိုး ဆိုပြီးစိတ်အေးရသည်။
ရေသာချိုးနေတာ လဲဝတ်စရာ အဝတ်တွေရော ယူလာလို့လား လို့လည်းတွေးမိသွားရပြန်သည်။

အိပ်နေရင်းနဲ့ပင် နှာခေါင်းထဲကို အစားအသောက်အနံ့တွေက မွှေးပျံ့လာသည်။ဗိုက်ဆာဆာနှင့်ပင် မ အိပ်ရာက နိုးလာသည်။သန့် အစားအစာ တခုခု ပြင်ဆင်နေပြီဟု သိပေမယ့် ရေအရင်ချိုးချင်နေတာနှင့် ဧည့်ခန်း အခန်းထဲက ရေချိုးခန်းထဲ ဝင်ကာ ရေအရင်ဝင်ချိုးလိုက်သည်။ပြီးခါနီးမှ လဲဝတ်စရာ အဝတ်အစားတွေက အပေါ်ထပ်က မိမိအခန်းထဲမှာ ဖြစ်ကြောင်း မ သတိရသွားမိသည်။ဘာလုပ်ရမှန်း ကြံရာမရဖြစ်နေတုန်း
'မ နိုးနေပြီလား ရေချိုးနေတာလား"
သန့်အခန်းထဲ ဝင်လာသည်ထင်သည်။
"မ လဲဝတ်စရာ အဝတ်အစား ယူပေးရမလား" ဟုမေးတော့
ဘာပြန်ဖြေရမှန်းမသိပေမယ့် သန့်ကမှ ယူမပေးလျှင်လဲမဖြစ်သည့် အခြေသို့ရောက်နေလေသည်။
"အင်း"
" မ ခဏလေးပဲစောင့်နော်"
ပြောပြီး သန့်က အခန်းထဲက ထွက်သွားသည်။ရေချိုးခန်းထဲက မထွက်နိုင်သေးပဲ မ မှာ ရှို့တို့ရှန့်တန့် ဖြစ်နေသည်။
"ခဒါက်ဒေါက်"
ခဏ အကြာ ရေချိုးခန်းတံခါးခေါက်သံကြားရသည်။တံခါးကို အနည်းငယ်ပဲ ဖွင့်ပြီး လက်လှမ်းလိုက်သည်။သန့်က မအဝတ်အစားအချို့ကို လက်ထဲ ထည့်ပေးပြီး အခန်းထဲက ထွက်သွားသည်။
သန့်က အဲ့ဒီလို တည်တည်တံ့တံ့နဲ့အလိုက်တသိလေးဖြစ်နေလို့ သူ့ကို ပိုကာ ချစ်နေရသည်မဟုတ်ပါ့လား။
အခြေအနေနှင့်အချိန်အခါပေါ်လိုက်၍ အခွင့်အရေးမယူတတ်သည့် ဒီရည်မွန်ယဉ်ကျေးပြီးချောသန့်ကာ အလိုက်သိသည့် ချစ်သူကောင်လေးမျိုး နှင့်ဆုံဆည်းခွင့်ရတာကိုပင် ကံတရားကိုကျေးဇူးတင်စရာ ကောင်းလှသည်မဟုတ်ပါ့လား။
#သင်းသင်းစုလှိုင်
9:49 PM
Thinn Thinn Su Hlaing

ချစ်သော စာရေးဆရာမလေး(complete)Where stories live. Discover now