မြို့တော်ဝန်ဖြစ်သွားတဲ့ဂျောင်ဂုက နိုင်ငံရေးရာကိစ္စတွေနဲ့မအားလပ်နိုင်ဖြစ်နေရှာသည်။လူငယ်လည်းဖြစ်၊အတွေ့ကြုံလည်းမရှိသူမို့ မြို့တော်နဲ့ပတ်သတ်ပြီးအစကနေ လေ့လာနေရသည်။အနားယူသွားပြီဖြစ်တဲ့မြိုတော်ဝန်ဟောင်းကတော့ လိုအပ်ရင်လိုအပ်သလိုကူညီပေးသည်။သို့ပေမယ့် အစစအရာရာ အကူညီတောင်းဖို့အားနာတာကြောင့် ကိုယ့်အားကိုယ်ကိုးပြီးသာ လုပ်ကိုင်တော့သည်
မင်လေးကတော့ ပန်းချီဆရာမိုရ် ရဲ့တပည့်လို့မပြောရဘူး။လက်ရာကတော့ တကယ်အသက်ဝင်တယ်။သင်ယူနေတာ မကြာသေးဘူးဆိုပေမယ့် တကယ့်ဝါရင့်ပန်းချီဆရာအတိုင်းဘဲ။ပြန်လာတိုင်းလည်း သူ့အခန်းကိုလာပြီး လာကြွားရတာအမော။
မင် ဆွဲတာလှရဲ့လား။ဘယ်လိုနေလဲ။ဒီထက်ပိုပြီးလှအောင်ဆွဲသင့်တာ စသဖြင့် တတွတ်တွတ်နဲ့ပြောနေတက်သည်။သူကတော့ စာရင်းဇယားတွေကြားခေါင်းနစ်နေသူမို့ အင်း ၊လှတယ်၊ဒီလောက်ဘဲပြောနိုင်သည်။သေသေချာချာလည်းမကြည့်အားဘူး။ဒါပေမယ့် မင့်ကိုသူယုံတယ်လေ။မင်က သူ့ကိုစိတ်ပျက်အောင်လုပ်မယ့်ကလေးမှမဟုတ်တာ။
အချိန်အားဖြင့်တလခန့်ကြာမြင့်လာတော့ ဂျောင်ဂုလည်း မြို့တော်နဲ့ပတ်သတ်ပြီးအတော်လေးသိလာခဲ့သည်။အကြီးကဲတချို့နဲ့အရာရှိတချို့ကလည်းသူ့ကို နားလည်သဘောပေါက်အောင်ထောက်ပြပေးသည်။လိုလားတဲ့သူတွေက အားပေးအားမြှောက်လုပ်ပေမယ့် မလိုလားတဲ့သူတွေကတော့ သူ့အားနည်းချက်ကိုရှာပြီးပုတ်ချဖို့လုပ်နေကြတာပေ့ါ
*ကိုကို...!*
*အင်း...ကလေးငယ် ဒီနေ့ပန်းချီသွားမသင်ဘူးလား....*
သားရည်လယ်သာအိတ်အညိုရောင်ကိုလက်မှာဆွဲရင်း နံနက်စာကိုပလုတ်ပလောင်းစားနေတဲ့ဂျောင်ဂုက ခပ်စွာစွာအသံလေးကြောင့် သောက်လက်စကော်ဖီကိုအမြန်ချလိုက်ပြီး အသံလာရာကိုလှည့်ကြည့်လိုက်တော့ သူ့ကိုဆူပုတ်ပုတ်နဲ့မျက်စောင်းလေးဝံ့ကာ ကြည့်နေတဲ့ ကလေးငယ်ကြောင့် အပြုံးလေးဖြင့်မေးလိုက်သည်။ခါတိုင်းဆို ကလေးငယ်က သူ့ထက်အရင်သွားနေကြပါ။ဒီနေ့မှ ဘာလို့နောက်ကျနေတာပါလိမ့်
*မသွားဘူး.!*
*ဘာလို့လဲ နေမကောင်းလို့လား ဟင်..*
*မဟုတ်ဘူး.!*
*ဒါဆိုဘာဖြစ်လို့လဲ ကိုကို့ကိုပြောလေ..*
ဂျောင်ဂုမေးသမျှကိုဘောက်ဆက်ဆက်ပြန်ဖြေနေတဲ့ဂျီမင်က တခုခုလိုအလိုမကျဟန်ဖြင့် နှုတ်ခမ်းဖူးဖူးလေးကိုဆူထော်ရင်း လက်နှစ်ဖက်ကိုပိုက်ကာ ကောက်ချိတ်နေတော့သည်။ဂျောင်ဂုလည်းစားလက်စကိုအမြန်ဖြတ်လိုက်ပြီး လက်ကောက်ဝတ်က နာရီကိုငုံ့ကြည့်လိုက်တော့ ကိုးနာရီ ထိုးတော့မှာမို့ အိမ်ထဲကအမြန်ပြေးထွက်ရသည်။ဒီနေ့က ဝန်ကြီးအိမ်မှာတွေ့ဆုံပွဲရှိတာကြောင့် နောက်မကျစေရန် အလျင်မြန်ထွက်လာပေမယ့် သူ့ကိုစူးစ်ုက်ကြည့်နေတဲ့ ကလေးငယ်ကတော့ ဘာစကားမှမပြောဘဲ ရပ်မြဲတိုင်းရပ်နေသည်။
နေမကောင်းလို့များလားဆိုပြီးနဖူးပြင်လေးကိုစမ်းကြည့်တော့လည်းပုံမှန်အတိုင်းပါဘဲ ။ဘာတွေအလိုမကျဖြစ်နေတာပါလိမ့်။ ချော့မြူပြီး ကလေးငယ်စိတ်တိုင်းကျမေးမြန်းဖို့အချိန်မရှိတာကြောင့် ကလေးငယ်ရဲ့ ပိတုန်းရောင်ဆံနွယ်တွေကိုတချက်ဆွဲဖွလိုက်ပြီး ပါးဖောင်းဖောင်းလေးကိုဆွဲကာ လေသံအေးအေးဖြင့်ဆိုလိုက်သည်
*ဒီနေ့ ကိုကို အပြင်သွားစရာရှိတယ်။အရေးကြီးတဲ့ကိစ္စမို့ နောက်ကျလို့မဖြစ်ဘူးလေ။ကလေးငယ် ကိုပြန်လာမှ ချော့တော့မယ် နော်...*
*ကလေးငယ်စိတ်မကြည်ဘူးဆိုလဲ ဒီနေ့ပန်းချီသင်တန်းမသွားနဲ့တော့လေ..နော်..*
*ကိုကို သွားပြီ..*
တယောက်ထဲမနားတမ်းစကားတွေပြောပြီးကိုကိုက ဂျစ်ကားစိမ်းလေးပေါ်တက်သွားတော့တယ်။သူ့ကိုလက်လှမ်းပြကာ ပြုံးပြသွားပေမယ့် အရင်လိုနီးနီးကပ်ကပ်မနေရတော့ ဂျီမင် ရင်ထဲတမျိုးခံစားလာရတယ်။ပုံမှန်ဆို ကိုကို အလုပ်ရှုပ်နေတာကို သူနားလည်ပေးပါတယ်။မြို့တော်ဝန်အလုပ်ကဘယ်လောက်ထိစိတ်ပင်ပန်းရသလဲဆိုတာ သူကိုယ်ချင်းစာပါတယ်။ဒါကြောင့်လည်း ကိုကို့ကို မနှောင့်ယှက်ဘဲ တယောက်ထဲပန်းချီဆွဲရင်းအချိန်ကုန်စေခဲ့တယ်။ဒါပေမယ့် ဒိီနေ့က သူ့ဘဝရဲ့အရေးကြီးတဲ့နေ့လေ။သူ့ကိုလူ့လောကကြီးထဲ တယောက်ထဲထားခဲ့ပြီးအေးချမ်းရာအရပ်မှာ သွားနေကြတဲ့ မိဘနှစ်ပါးစလုံးရဲ့ နှစ်ပတ်လည်နေ့မို့ ဘေးနားမှာ ကိုကို့ကိုရှိစေချင်ရုံပါ။
အခုတော့ သူတယောက်ထဲဖြတ်သန်းရတော့မယ်တူပါတယ်။အားပေးနှစ်သိမ့်ပေးမယ့် ကိုကိုကအလုပ်များနေတော့ သူကဘဲသဘောထားကြီးစွာနဲ့ နားလည်ပေးရမှာပေါ့။ကျလုဆဲဆဲမျက်ရည်တွေကို မျက်တောင်လေးနဲ့ ပုတ်ခတ်လိုက်ပြီး မေးမြန်းမယ့်သူမရှိတဲ့ အိမ်မကြီးထဲကနေ ထွက်လာလိုက်တယ်။ပြီးနောက် သူကိုယ်တိုင်စိုက်ထားတဲ့ နှင်းဆီအဖြူတွေကိုခူးကာ ကြယ်ပန်းဖြူဖြူလေးနဲ့အတူ ရောယှက်ကာစည်းနှောင်လိုက်သည် ။
ဆရာမိုရ်ကို မနေ့ကတည်းက သူမလာဖြစ်တော့တဲ့အကြောင်းကိုပြောပြထားတာကြောင့် ဒီနေ့တနေကုန်လုံးသူအားနေသည် ။အိမ်မှာလည်းမနေချင်တာကြောင့် ဖေဖေတို့ရဲ့အရိုးပြာအိုးထားတဲ့ ဗိမ္မာန်မှာဘဲ နေဖို့ဆုံးဖြတ်လိုက်သည်။
ထို့နောက် ဦးထုတ်အဝိုင်းကိုဆောင်းကာလွယ်အိတ်လေးလွယ်ရင်းပန်းစည်းနဲ့အတူ အိမ်ထဲကနေထွက်လာခဲ့တော့ ခြံထောင့်နားက လက်ဖက်ရည်သောက်တဲလေးမှာယပ်တောင်ကိုတဖျက်ဖျက်ခတ်နေတဲ့ မေမေကြီးကိုတွေ့သည်။
မေမေကြီးကတော့ သူ့ကိုတွေ့တာနဲ့ မျက်စောင်းလေးတချက်ဝံ့ပြသည်။
*ဒါကဘယ်လဲ....*
*မေမေတို့နှစ်ပတ်လည်နေ့မို့ အပြင်ခဏသွားမလို့ပါ...*
*မကြာစေနဲ့.!မင်းကိုကိုပြန်လာလို့ မတွေ့ရင်ပြဿနာရှာနေမယ်..ငါပြောတာကြားလား...*
*ဟုတ်ကဲ့ ။သား စောစောပြန်ခဲ့ပါ့မယ် မေကြီး..*
မေမေကြီးကထိုမျှသာပြောပြီးအိမ်ထဲဝင်သွားတော့သည်။အရင်လိုတော့ အမြဲလိုလိုဆူငေါက်မနေတော့ပါဘူး။ကျွေးစရာရှ်တာကျွေးပြီး ဆုံးမစရာရှိရင်လည်း အားမနာတမ်းဆုံးမတက်သည်။ကိုကိုနဲ့ ဖေကြီးကတော့ သူ့ဘက်ကနေ အမြဲကာဆီးပေးနေတာပေါ့။ထိုအခါ မေမေကြီးက သူ့ကိုပိုပြီးအမြင်မကြည်ဖြစ်လာပြီး ဒေါသပိုထွက်လာရော။
*အကိုလေးမင် အပြင်သွားမှာဆိုရင်တယောက်ထဲမသွားပါနဲ့လား..*
*ဘာလို့လဲ..*
ခြံတစောင့်ဦးလေးကသူငယ်စဉ်ကတည်းကရှိနေတာမို့ မိသားစုဝင်တယောက်လိုတောင်ဖြစ်နေပြီ။အသက်ရွယ်အားဖြင့် ငါးဆယ်ကျော်ပြီဖြစ်ပေမယ့် သန်မာတုန်းပါဘဲ။နောက်ပြီး သူ့ကိုလည်းသားတယောက်လိုချစ်ခင်သေးသည်။
*စိတ်မချလို့လေ ခြံထဲကကောင်လေးတယောက်ကိုအဖော်ခေါ်သွားလိုက် နော်.*
*မင် က,ကလေးမှမဟုတ်တော့တာ ဘာစိတ်မချစရာရှိလို့လဲ ဦးလေးရဲ့....နောက်ပြီး ဒီနေ့တော့ မင် တယောက်ထဲနေချင်လို့ပါ.*
*ဟို..ဦးလေးနားလည်ပါတယ် ဒါပေမယ့် အကိုလေးဂျွန် ပြန်လာရင် အဆူခံရမှာစိုးလို့ပါ...*
အမှန်တကယ်လည်းအဆူခံရမှာလေ။အကိုလေးဂျွန်က အိမ်ရောက်ပြီဆိုတာနဲ့ မေမေရောဆိုတာထက် ကလေးငယ်ရော ဆိုပြီးအရင်မေးတက်လို့ ဘယ်မှာရှိနေပါတယ်ဆိုတာကို တန်းပြီးဖြေနိုင်မှတော်ကာကြမှာ။မဟုတ်ရင် ကလေးကိုဂရုမစိုက်ဘူး ဘာညာဆိုပြီးအော်ပါလိမ့်မယ်။
*ကိုကို မဆူအောင် မင် ကူပြောပေးပါ့မယ် .*
*ဒါဆိုလည်း အကိုလေးဂျွန်မရောက်ခင်တော့ ပြန်လာခဲ့ နော်..*
*ဟုတ်ပါပြီ..ကိုကို့ကိုတော့ ကြောက်ရှာသားနော်...*
*မဟုတ်ပါဘူး အကိုလေးမင်ကလည်း....*
*မင်ကစ,တာပါ..သွားပြီနော်....*
*ဂရုစိုက်သွားနော် အကိုလေး..*
*ဟုတ်ကဲ့ပါ..*
ခြံထဲကအကူကောင်လေးတယောက်ကိုအဖော်ဖြင့်ခေါ်လာချင်ပေမယ့် စိတ်လွတ်ကိုယ်လွတ်နေချင်တာကြောင့် တယောက်ထဲဘဲထွက်လာလိုက်တော့သည် ။အနောက်မှာကျန်ခဲ့တဲ့ ခြံစောင့်ဦးလေးကတော့ သက်ပြင်းတချချနဲ့ပေါ့။လူမှန်းသိတက်စအရွယ်လေးမှာ စိတ်ဒဏ်ရာရခဲ့တော့ အားလုံးကသနားပြီး ဖေးမပေးကြသည်။
သူမှတ်မိပါေသးသည်။ဂျီမင်ေလးကို မြို့စားမင်း အိမ်ကိုခေါ်လာတုန်းကဆို အိမ်ပြန်ချင်တယ်ဆိုပြီးမျက်ရည်အဝိုင်းသားနဲ့တွေ့ကရာလူကို တောင်းဆိုနေပုံက ဘယ်သူမှမသနားဘဲမနေနိုငိဘူး။ချစ်စရာကောင်းပြီးစကားကြွယ်တဲ့ ကလေးမို့ မိဘနှစ်ပါးစလုံးကလည်းထားခဲ့ရလို့ ရင်နာနေမှာသေချာပါတယ်။ဘာတက်နိုင်မှာလဲ။ကံအကြောင်းတရားကမလှတော့ သူတို့လည်းအားပေးစကားပြောရုံအပြင်ဘာမှမကူညီနိုင်ပေ။
*သားငယ်လေးကဘယ်သွားတာလဲ..*
*သူ့မိဘတွေနှစ်ပတ်လည်နေ့တဲ့လေ...*
*ဟမ်..*
ဂျွန်ဆော့၏အမေးကို ဇနီးဖြစ်သူကလေသံတိုးဖျော့ဖျော့ဖြင့်ဖြေလိုက်သည်။သူ(မ)လည်း ဂျီမင်ကိုချစ်ပါတယ်။ငယ်ငယ်လေးကတည်းက သားနဲ့အတူကြီးပြင်းလာခဲ့တာကို မချစ်ဘဲနေမလား ။ဒါပေမယ့် အပြစ်လုပ်ထားတဲ့သူမို့ ကိုယ့်လိပ်ပြာကိုယ်မလုံဘူးလို့ဆိုရမလား။ ဒါကြောင့်လည်း အပြင်ပိုင်းကနေ မချစ်သလိုဟန်ဆောင်ပြီး ဆူငေါက်နေတာပေါ့။အခုလိုနေ့မျိုးဆို သူ(မ)ပိုပြီး စိတ်မကောင်းဖြစ်မိသည်။
သူလည်းမိဘအရင်းတွေကိုသတိရရှာနေမှာပေါ့။သူတို့ပေးတဲ့မေတ္တာက မိဘအရင်းလောက်တော့ဘယ်နွေးထွေးပါ့မလဲ
*ရှင်လည်းမေ့နေတာမလား...*
*ဒီရက်ပိုင်း သားကိစ္စတွေကိုကူညီပေးနေရတာနဲ့ ငါလည်း လုံးလုံးကိုသတိမရတာ..*
*ဒါနဲ့ သားငယ်တယောက်ထဲ ထွက်သွားတာလား..*
*အင်း...*
စိတ်အားငယ်မှာစိုးလို့အရိပ်တကြည့်ကြည့်နဲ့စောင့်ကြည့်နေတာတောင်မှ ဒီလိုနေ့မျိုးကိုမေ့ဖြစ်အောင်မေ့ရတယ်လို့။ တမလွန်က ပတ်ခ်ချွဲမင်ကတော့ သူ့ကိုအပြစ်တင်နေမှာသေချာတယ်။ဒီကလေးငယ်ကို စောင့်ရှောက်ပါ့မယ်လို့ တကိုယ်တည်းကတိတွေပေးထားခဲ့ပြီးမှ မတည်နိုင်ခဲ့ဘူး။ငါ့ကိုခွင့်လွှတ်ပါ သူငယ်ချင်းရာ။သံသရာ တကွေ့ကွေ့မှာပြန်ဆုံခဲ့ရင်အပြစ်ကြွေးတွေကိုပေးဆပ်မှာပါ
*သားကြီးရော သိလား..*
*မသိဘူး ထင်တယ်။မနက်ကတည်းက တယောက်ထဲအလုပ်တွေရှုပ်နေတာ...*
*ပြန်လာရင် နားပူအုန်းမှာသေချာတယ်..*
*ညစာကို သားငယ်ကြိုက်တဲ့ ဟင်းေတွအရသာရှိအောင်ချက်ထားပေးလိုက်..ဘာဘဲဖြစ်ဖြစ် ငါတို့တာဝန်မကင်းဘူးမလား..*
*အင်းပါ...*
*နောက်ပြီး သားငယ်ကိုအရမ်းကြီးဆူတာမျိုးမလုပ်ပါနဲ့ ။နဂိုကတည်းကစိတ်အားငယ်တက်တော့ ကြာရင်စိတ်ထိခိုက်သွားလိမ့်မယ်...*
*ကျွန်မလည်း အတက်နိုင်ဆုံးထိန်းထားပါတယ်...ရှင်ကလည်း...*
အရင်လိုခက်ထန်တဲ့စကားနဲ့မတုန့်ပြန်တော့တဲ့ ဇနီးဖြစ်သူကြောင့် ဂျွန်ဆော့ပြုံးလိုက်မိသည်။သူတာဝန်ကျေပါတယ်နော်။
_______
*မေမေ သားလာတယ်..*
မို့မောက်နေတဲ့မြေကြီးအပေါ်မှာ အရောင်မှိန်နေပြီဖြစ်တဲ့ကျောက်တိုင်တခုစိုက်ထူထားသည်။နှစ်ကာလကြာမြင့်ပြီဖြစ်လို့ ရေညှိတချို့ပါကပ်တွယ်နေပြီ။ထိုကျောက်တိုင်ပေါ်မှာတော့ မထင်မရှားဖြစ်နေတဲ့ ဂျီမင် မေမေရဲ့နာမည်ကိုထွင်းထုထားသည်။
ထို့နောက်ဂျီမင်ကလွယ်အိတ်ထဲမှာအသင့်ယူလာတဲ့ အဖြူမည်းနှစ်ရောင်စပ်ဖြစ်တဲ့ မိခင်နဲ့ဖခင်ရဲ့ပုံကိုကြည့်ပြီးဂျီမင် အပြုံးလေးနဲ့နှုတ်ဆက်လိုက်သည်။
ဖေဖေနဲ့မေမေကိုအတူတူတွဲထားပေးတာဆိုတော့ နောင်ဘဝမှာလည်းအတူတူပြန်ဆုံနေလောက်ပီမလား။
*ဖေဖေရော အခုလောက်ဆိုအေးချမ်းတဲ့တနေရာမှာရောက်နေရောပေါ့...*
*လွမ်းတယ် ဖေဖေနဲ့မေမေ။မင် အရမ်းသတိရတာဘဲ....*
ဓာတ်ပုံလေးကိုလက်ညိုးနဲ့အသာယာတို့ထိလိုက်ပြီးဆွေးမြေ့စွာပြောလိုက်သည်။နှစ်တိုင်းဆို ကိုကိုနဲ့လာရင်လာ မဟုတ်ရင် ဖေကြီးနဲ့လာလေ့ရှိသည်။သို့ပေမယ့် ယခုနှစ်မှာတော့ သူတယောက်ဖြစ်နေရှာသည်။နဂိုကတည်းကအားငယ်တက်နဲ့စိတ်ဓာတ်အခံကရှိနေတော့ အခုလိုနေ့မျိုးမှာပိုပြီးငိုချင်မိသည်။
*ဘာလို့ မင်ကဖေဖေတို့နဲ့အသက်ကြီးသွားတဲ့အထိအတူမနေရတာလဲ ဟင်...*
*မေမေချက်ကျွေးတဲ့ထမင်းနဲ့ဟင်းတွေကိုလည်းစားချင်တယ်။မေမေဖုတ်ပေးတဲ့ကိတ်မုန့်အိအိလေးလည်းစားချင်တယ်။ဖေဖေ ဖွင့်ပြတဲ့ကာတွန်းကားလည်းကြည့်ချင်သေးတယ်....*
ဉာဏ်ကောင်းလွန်းတဲ့ဂျီမင်ရဲ့မှတ်ဉာဏ်ထဲ ငယ်ဘဝပုံရိပ်တွေကအစီရီဘဲထွက်လာခဲ့သည်။ပြီးနောက် ရှိုက်ငင်တာမျိုးမဟုတ်ဘဲ တိတ်တဆိတ်ကျလာတဲ့မျက်ရည်တွေ...
*နောက်ပြီး မေမေဖတ်ပြတဲ့ပုံပြင်လေးတွေကိုလည်းနားထောင်ချင်သေးတယ်...*
*မင် ကအရမ်းဆိုးလို့တေယာက်ထဲထားခဲ့လား မေမေ...*
*ဒါဆို မင့်ဆီပြန်လာနိုင်မလား။မင်ကအရင်လိုမဆိုးတော့ဘူး မေမေ။အခုဆို ပန်းချီလည်းကောင်းကောင်းဆွဲတက်နေပြီ...*
*မေမေပြောဖူးတယ်လေ သားငယ်လေးလိမ္မာရင် မေမေကတသတ်လုံးမင်နဲ့အတူတူနေသွားမယ်ဆိုပြီးတော့....*
*ဘာလို့ညာရတာလဲ...*
တယောက်ထဲစကားတွေပြောနေတဲ့ဂျီမင်က စိတ်ဆိုးနေတာမျိုးမဟုတ်ဘဲ ရင်ထဲမှာမြိုသိပ်ထားရတဲ့စကားတွေကိုဖွင့်အံ့ထုတ်နေတာပါ။ပုံမှန်ဆို သူကဒီလောက်ထိစကားတွေအများကြီးပြောတဲ့သူမှမဟုတ်တာ။
*ဒါပေမယ့်လည်း မေမေနဲ့ဖေဖေ မင့်ကိုစိတ်မပူပါနဲ့။ဖေကြီးနဲ့ ကိုကိုက မင့်ကိုအရမ်းချစ်ပေးပြီး အလိုလည်းလိုက်တယ် သိလား...*
*မေကြီးကလည်း မင့်ကိုချစ်ပါတယ်။တခါတလေ ဆူတာကလွဲလို့ပေ့ါ..*
တလိမ့်လိမ့်ကျဆင်းလာတဲ့မျက်ရည်တွေကို လက်ဖြင့်အကြမ်းပတမ်းသုတ်လိုက်ပြီး တဖန်ပြုံးရယ်လိုက်သေးသည်။မေမေက သူငိုတာကိုမကြိုက်ဘူးလေ။ယောကျာ်းဆိုတာ ချော်လဲလို့အနာဖြစ်ရင်တောင်မငိုရဘူးတဲ့။ရအောင်ပြန်ထပြီး ဆက်လျှောက်ရမယ်တဲ့လေ
ဒါပေမယ့် မေမေသိလား။မင် ငိုတာကပျော့ညံ့လို့ငိုတာမဟုတ်ဘဲ နွေးထွေးတဲ့မိဘမေတ္တာကို ခဏလေးဘဲခံစားခွင့်ရလို့ငိုတယ်ဆိုတာ မေမေ့ကို သိစေချင်တယ်
*မင် အများကြီးပြောလိုက်လို့ မေမေနဲ့ဖေဖေ စိတ်ညစ်သွားပြီထင်တယ်။မင်က ဆိုးလိုက်တာ နော်...*
*ဘာဘဲဖြစ်ဖြစ် အများကြီးချစ်တယ် မေမေ..မင့်ကို တယောက်ထဲထားခဲ့တာကို စိတ်မဆိုးပါဘူး။အကယ်၍နောက်ဘဝသာရှိခဲ့ရင် မေမေနဲ့ဖေဖေ့တိူ့ရဲ့သားအဖြစ်ပြန်ပြီးဝင်စားချင်ပါသေးတယ်...*
*အခုတော့ အေးချမ်းတဲ့ဘဝသစ်မှာပျော်အောင်နေပါနော်....*
စကားတွေမနားတမ်းပြောလိုက်ရတော့ ဂျီမင်လည်းမောသွားတော့သည်။ဒါကြောင့်လည်း ထိုေမြပုံေပါ်ကိုခေါင်းမှီကာ ခတ္တမျှငြိမ်သက်စွာနဲ့ထိုင်နေလိုက်သည်။သို့ပေမယ့် သူ့ပါးပြင်ထက်ကမျက်ရည်တွေကတော့ အတားဆီးမရှိဘဲကျဆင်းနေတော့သည်။ဒီတခါတော့ သူမသုတ်ဖြစ်တော့ဘူး။
*ဟင်....!*
တယောက်ထဲရောက်တက်ရာရာကိုတွေးရင်း ငိုနေချိန် ဂျီမင်မျက်စိရှေ့ကိုရောက်လာတဲ့ လက်တဖက်နဲ့အတူ ပုဝါဖြူလေးတခုကြောင့် အာမေဍိတ်သံလေးထွက်သွားပြီး မျက်ရည်အရွဲသားနဲ့ဘဲ ထိုလက်ပိုင်ရှင်ကိုမော့ကြည့်လိုက်သည်။
ဒီနေရာမှာလူရှိနေတာလား။သူ လာတုန်းကဘယ်သူမှမရှိပါဘူး။ဒါမှမဟုတ်သူကဘဲသတိမထားမိလို့များလား။
ဂျီမင် ကြောင်အမ်းပြီးကြည့်နေတုန်းမှာဘဲ ထိုလက်ပိုင်ရှင်ကသူ့အရှေ့ကိုဆောင့်ကြောင့်လေးထိုင်ချလိုက်သည်။
*မငိုနဲ့တော့....*
*ဟင်..!*
ထိုလူကဘယ်သူလဲဆိုတာသူမသိဘူး။ဒါပေမယ့် အရမ်းကြည့်ကောင်းတယ်ဆိုတာကိုတော့ သူဝန်ခံတယ်။အသားရည်ကဖြူပြီးမျက်ခုံးနက်နက်လေးက စွဲဆောင်မှုရှိတယ်။နောက်ပြီး သူ့ကိုကြည့်ပြီးပြုံးပြနေပုံက သူစိမ်းမဆန်နေဘဲနွေးထွေးတယ်လို့ခံစားရတယ်
*အရမ်းငိုရင်ခေါင်းကိုက်လိမ့်မယ် မငိုနဲ့တော့ နော်...*
*ဟုတ်..*
ဘာကြောင့်မှန်းမသိ ဂျီမင်ရင်ထဲတမျိုးတမည်ခံစားချက်ဝင်လာသည်။ကိုကိုပြီးရင် သူစိမ်းတယောက်ကို အခုလိုအသာတကြည်လက်ခံစကားပြောမိတာ ပထမဆုံးဘဲ။
ဂျီမင်လည်းထိုလူကမ်းပေးလာတဲ့ပုဝါကိုယူလုိက်ပြီးမျက်ရည်တွေကိုသုတ်လိုက်သည်
*ကျေးဇူးတင်ပါတယ်...*
*ရပါတယ် *
* ပုဝါအသစ်တခုကို မင် ပြန်ပေးပါ့မယ် နော်...*
*ယူထားလိုက်ပါ ခင်မင်တဲ့အနေနဲ့ပေါ့..*
*မဟုတ်တာဘဲ မင် ပြန်ပေးပါရစေ...*
ဘယ်သူ့ဆီက ဘာပစ္စည်းမှအလကားမယူဖို့ ကိုကိုကမှာထားတာကြောင့် ဂျီမင်ငြင်းလိုက်သည်။ထိုအခါ သူစိမ်းကသူ့ကိုခပ်ရေးရေးလေးပြုံးပြီးစိုက်ကြည့်နေသည်။
*နာမည်က မင်တဲ့လား..*
*ဟင်..!*
*ချစ်စရာလေး...*
အဲလက်စတာ တယောက်သဘောတကျဘဲပြုံးမိသွားသည်။မျက်ရည်ကြည်တွေလဲ့နေတဲ့ ဒီကောင်လေးက ဘာလို့ချစ်စရာကောင်းေနရတာလဲ။သူ သိပ်အသဲယားတာဘဲ။ပါးဖောင်းဖောင်းလေးကို ဖျစ်ညှစ်ပစ်လိုက်ရင် ငိုသွားမယ်ထင်တယ်
*ကိုယ့်နာမည်က အဲလက်စတာပါ။ဒီနေ့က အကို့မေမေရဲ့နှစ်ပတ်လည်နေ့လေ....*
အဲလက်ကထိုသို့ပြောလိုက်တော့ အရှေ့ကပါပီပေါက်လေးလိုကောင်လေးက အံ့အားသင့်သလိုဖြင့်ပြူးပြီးကြည့်နေသည်။
*ဘာလို့ ပြူးပြီးကြည့်နေတာလဲ..*
*မဟုတ်ပါဘူး.!*
ဒီတခါတော့ အဲလက် မရယ်ဘဲမနေနိုင်တော့ဘူး။သူ့မျက်နှာကိုမကြည့်တော့ဘဲ ချက်ချင်းအကြည့်လွှဲသွားပုံက သူခိုးလူမိသလိုဘဲ
*နာမည်ပြောအုန်းလေ..မင် တလုံးထဲလား....*
*ဂျီမင် ပတ်ခ်ဂျီမင် ပါ...*
*လှတယ်..လူရော နာမည်ရော...*
အဲလက်အပြောကြောင့် ဂျီမင်မျက်နှာလေးရဲတက်သွားသည်။အဲလိုဒဲ့တိုးကြီးပြောရသလား။
*ဟို ဒီက အဲ...*
*အဲလက်စတာ..အဲလက်လို့ဘဲခေါ်ပါ..*
*ဟုတ်ကဲ့ အဲလက်က မင့်ကိုသိလို့လား ဟင်..*
*မသိဘူးလေ..*
*ဟမ်..!*
နာမည်ပါပြောပြနေတော့ သူကိုများသိသလားဆိုပြီးဂျီမင် တွေးမိသွားတာ။ဒါမှမဟုတ် ကိုကို ရဲ့မိတ်ဆွေလားပေါ့။အခုတော့ မသိဘဲနဲ့ သူ့နာမည်ပါပြောမိသွားပြီ။
*ကိုယ်လာတော့ ငိုသံကြားမိလို့လိုက်ရှာနေတုန်း ဂျီမင်ကိုတွေ့တာဘဲ...*
*အာ..~~*
အဲလစ်က ဂျီမင်ရဲ့ဆံပင်ကိုဆွဲဖွလိုက်တော့ ပန်းရောင်သန်းသွားတဲ့ဂျီမင် မျက်နှာလေးကိုမြင်ဖြစ်အောင်မြင်လိုက်သေးသည်။ဒီကောင်လေးက ယောကျာ်းတယောက်ဆိုပေမယ့် ချစ်စရာကောင်းပြီးတချိန်ထဲမှာဘဲ လှတယ်လို့သူ သုံးနှုန်းရလိမ့်မယ်။
အနောက်နိုင်ငံတွေကို လည်ပတ်ပြီးမှတ်တမ်းတင်နေတဲ့ အဲလက် တယောက်ဂျီမင်နဲ့တွေ့မှဘဲ ငြိမ်သက်နေတဲ့နှလုံးသားလေးကလှုပ်ခါရမ်းလာတော့တယ်။
*ဒါနဲ့ ဒီနေ့က အဲလက် မေမေရဲ့နှစ်ပတ်လည်နေ့ဆိုပြီးပြောလိုက်တာလား...*
*အင်း..ဟုတ်တယ်လေ..*
*ကိုယ် တခြားနိုင်ငံရောက်နေတုန်း မေမေဆုံးသွားခဲ့တာ။ဈာပနပွဲတောင်မမှီလိုက်ဘူးလေ။ရှေ့နှစ်နောက်လောက်ကပါ....*
*ဪ....!*
သူ့လိုဘဲဝမ်းနည်းရိပ်ယောင်သန်းနေတဲ့ အဲလက် မျက်ဝန်းကိုကြည့်ပြီး ဂျီမင် စိတ်မကောင်းဖြစ်မိသည်။ခံစားချက်ခြင်းတူနေတော့ ကိုယ်ချင်းစာတက်တယ်လေ။ဒါပေမယ့် အဲလက်ကသူ့ထက်စာရင်တော်ပါသေးတယ်။ဖခင်တယောက်ကျန်သေးတယ်မဟုတ်လား
*ထူးဆန်းတယ် နော်..*
*ဘာကိုလဲ..*
ရုတ်တရက်ဆန်စွာ အဲလက်ကထပြောတော့ ဂျီမင်လည်းပြန်မေးလိုက်သည်။ထိုအခါ အဲလက်ကသူ့မျက်ဝန်းကိုစိုက်ကြည့်ပြီး ပြုံးပြလာသည်
*ဂျီမင် မိဘတွေနဲ့နှစ်ပတ်လည်နေ့ချင်းတူနေတယ်လေ....*
*အယ်..ဟုတ်သားဘဲ နော်...တိုက်ဆိုင်လိုက်တာ..*
*ဒါကကံကြမ္မာများလား..*
အဲလက်ရဲ့အဆက်စပ်မရှိတဲ့စကားတွေကြောင့် ဂျီမင် ဦးနှောက်ကိုအလုပ်ပေးရတော့သည်။သူကဘဲ ဉာဏ်မမှီတာလား အဲလက်ကဘဲ ဉာဏ်ကောင်းနေတာလား
*ဟို တခုလောက်မေးလို့ရမလား အဲလက်..*
*မေးလေ..*
အမှန်ဆို အဲလက်ကဂျီမင်ထက်ကြီးပါတယ်။သို့ပေမယ့် ဂျီမင်ဆီက တရိုတသေနဲ့ခေါ်တာထက်စာရင် အခုလိုနာမည်ဘဲအခေါ်ခံရတာသဘောကျတယ်။
*အဲလက်က ဒီမှာနေတာလား..*
*အင်း...ဒီမှာနေတယ် ဒါပေမယ့် မနေဘူး..*
*ဟာ..~~~အဲလက် စကားကြီးကလဲ ဘယ်လိုမှန်းမသိဘူး...*
သူ့စကားကိုနားမလည်တဲ့ဂျီမင်က ဆူပုတ်ပုတ်လေးပြောလာတော့ အဲလက် အသံထွက်သည်အထိ ရယ်လိုက်သည် ။ဘယ်လိုကောင်လေးပါလိမ့်။စကားပြောတာလေးကအစ ချစ်ဖို့ကောင်းတယ်။
*အရင်ကတော့ဒီမှာနေတယ်လေ ကျောင်းပြီးသွားတော့ အနောက်နိုင်ငံတွေကိုအလည်ထွက်ပြီး မှတ်တမ်းတင်တယ်...*
*အဲတာကြောင့် ဒီမှာသိပ်မနေဖြစ်တော့တာ..ရှင်းပြီလား..*
*အဲလိုကို...~~~~ဒါဆို အဲလက်ကချမ်းသာတာဘဲ..*
*ဘာလို့လဲ...*
*ဥရောပနိုင်ငံတွေကိုသွားဖို့ဆိုတာလွယ်တာမှမဟုတ်တာ မင် လည်းတခါတလေတွေးမိတယ် အဲလိုလေးခရီးထွက်မလားလို့လေ ..*
*ဂျီမင် ဆန္ဒရှိရင် ကိုယ်ခေါ်သွားနိုင်ပါတယ်...*
*တကယ်လား.!*
*ဒါပေါ့ ကိုယ်ကညာစရာလား..*
တယောက်ထဲအားငယ်ပြီးဝမ်းနည်းနေမယ်လို့ထင်ထားပေမယ့် အခုလိုလေးအဲလက် ကအဖော်ပြုပြီးစကားလာပြောပေးတော့ ဂျီမင် စိတ်ထဲပျော်ရွှင်လာခဲ့တယ်။သူစိမ်းတယောက်ကို ယုံကြည်မိတာကလည်း ပထမဆုံးဘဲ။ကိုကို သိရင်တော့ အဆူခံရမှာသေချာတယ်။
*ဂျီမင်ကရော ဘာအလုပ်လုပ်လဲ....*
အုတ်ဂူတွေနဲ့မနီးမဝေးမှာ တစ်ပင်ထဲထီးထီးကြီးရှိနေတဲ့ ကုက္ကိုပင် တပင်ရှိသည်။အရိပ်အာဝါသကောင်းပြီး အပင်ကလည်းအုံဆိုင်းနေတာကြောင့် နည်းနည်းတော့ခြောက်ခြားစကာကောင်းသည်။ဂျီမင်နဲ့ အဲလက်လည်းထိုအပင်အောက်မှာထိုင်ကာ စကား စမြည်ပြောနေကြသည်။
*မင်ကပန်းချီဆွဲတယ်လေ...*
*ပန်းချီဆရာလေးပေါ့..*
*အဲလောက်ထိမဟုတ်သေးပါဘူး...*
*ဘာဘဲဖြစ်ဖြစ် ဆွဲတက်တယ်ဆိုကတည်းကတော်တာဘဲလေ။ကိုယ်ဆို ပန်းပွင့်ပုံတောက်သေချာမဆွဲတက်ဘူး..*
*အဲလက်ကလည်း မြှောက်နေပြန်ပါပီ...*
*အတည်ပြောတာ..*
အချိန်ကနေမွန်းတည့်ကိုရောက်လာခဲ့သည်။ဗိုက်ကလည်းဆာလောင်လာတော့ ဂျီမင် မျက်နှာလေးရှုံ့တွလာသည်။ဒါကိုရိပ်မိတဲ့ အဲလက်ကတော့ တယောက်ထဲခေါင်းရမ်းလိုက်ပြီးပြုံးလိုက်သည်။
*အချိန်လည်းမနည်းတော့ဘူးဆိုတော့ ကိုယ်တို့ပြန်ကြမလား ဂျီမင်....*
*အဲလိုလုပ်ကြတာပေါ့....*
*ဂျီမင် ဗိုက်ဆာနေပြီလား.*
*ဟီး...ဟုတ်တယ်...*
ပွင့်ပွင့်လင်းလင်းဖြေလာတဲ့ ဂျီမင်ကိုအဲလက် အတော်လေးသဘောကျနေခဲ့သည်။ကိုယ့်ကို ဒီလောက်ဘဲပြုစားပါလား ကလေးငယ်။ကြာရင် ကိုယ်မင်းရဲ့အပြုံးတွေကိုစွဲလမ်းေနလို့ ရူးသွားနိုင်တယ်။
*ဟို..အဲလက်..*
*အင်း....ဘာဖြစ်လို့လဲ...*
*မင် ပြန်တော့မယ် နော် ။မင် တို့ဒီကနေဘဲ လမ်းခွဲကြတာပေါ့...*
*ဒီနေ့အတွက် အဲလက်ကိုကျေးဇူးတင်ပါတယ်။မင့်ကိုအဖော်ပြုပေးလို့..*
*ကိုယ်ကလည်းပြန်ပြီးကျေးဇူးတင်ပါတယ်။ဂျီမင် ကြောင့်ကိုယ်စိတ်ပျော်ရတယ်..*
တယောက်မျက်နှာတယောက်စိုက်ကြည့်ရင်း ကျေးဇူးတင်စကားဆိုနေကြတဲ့ ဂျီမင်တို့ကပတ်ဝန်းကျင်ကိုခေတ္တမေ့သွားတယ်။စက္ကန့်ပိုင်းလောက်ကြာမှ အသိပြန်ဝင်လာပြီး ဂျီမင်ကဘဲဦးစွာ မျက်နှာလွှဲလိုက်သည်။
*ဒါဆို ခွင့်ပြုပါအုန်း အဲလက်..*
*ကိုယ်လိုက်ပို့ပေးပါရစေ..*
*ရပါတယ် မင့်ဘာသာဘဲပြန်လိုက်ပါ့မယ်...*
*ခင်မင်တဲ့အထိမ်းမှတ်နေနဲ့ ကိုယ်တို့တခုခုစားကြရအောင်လေ...*
ဂျီမင်ကလှည့်ထွက်ဖို့ပြင်လိုက်တော့ အဲလက်က လေသံဖျော့ဖျော့လေးနဲ့တောင်းဆိုလာတယ်။နောက်ပြီး မှိုင်းညှို့နေတဲ့ အဲလက် မျက်ဝန်းတွေကသူ့ကိုဆွဲငင်နေသလိုဘဲ။ဒီတခါလည်း အဲလက် ရဲ့တောင်းဆိုမှုကို ဂျီမင်မငြင်းဝံ့တော့ဘဲ လက်ခံလိုက်ရတယ်။
သူဘာတွေလုပ်မိနေသလဲဆိုတာ ကိုယ်တိုင်တောင်စဉ်းစားမရတော့ဘူး။အခုမှတွေ့ဖူးတဲ့လူတယောက်ကို ယုံကြည်သင့်ရဲ့လား။ဥိီးေနှာက်ကတွေးနေပေမယ့် လက်တွေ့မှာတော့ အဲလက် ခေါ်ဆောင်ရာနောက်ကို လိုက်ပါလာခဲ့သည်။
*တက်ပါ..*
*ဟုတ်..*
အသင့်ရပ်ထားတဲ့ဂျစ်ကားပေါ်ကိုတက်ဖို့အဲလက်က တံခါးဖွင့်ပေးကာ လက်တဖက်ကကလည်းကားဘောင်ကို သူ့ခေါင်းနဲ့မတိုက်မိအောင်ကာထားပေးသည်။လူကြီးဆန်တဲ့ အပြုမှုဘဲ
*ကိုယ်တို့ မြို့ထဲသွားပြီး ကိတ်မုန့်ပူပူလေးသွားစားကြမလား..*
*ဟုတ်..သွားကြတာပေါ့...*
အိမ်မှာဆို ကလေးလိုမျိုး တယောက်ထဲ ဟိုဒီမသွားရဲတဲ့ဂျီမင်က အခုတော့ပျော်ရွှင်စွာနဲ့ဘဲ အဲလက်စကားကိုထောက်ခံလိုက်သည်။ဖြတ်ကျော်လာတဲ့ လမ်းတလျှောက်ကိုကားထဲကနေငေးမောနေတဲ့ ဂျီမင်ကို ကားမောင်းနေတဲ့ အဲလက်ကလည်း အရိပ်တကြည့်ကြည့်နဲ့ရှိနေခဲ့သည်။မြင်မြင်ချင်းစွဲလမ်းမိသွားတာ သူမမှားဘူးထင်တယ်။သူ့နေရာမှာ တခြားသူဆိုလည်းဒီလိုဖြစ်မိ
မှာဘဲလေ။
ဥရောပနိုင်ငံတော်တော်များများကိုခရီးထွက်ဖူးတာကြောင့် လိင်တူချင်းချစ်ကြိုက်တာကို အဲလက် မြင်ဖူးသည်။အစပိုင်းကတော့ အနည်းငယ်ရှုံ့ချမိတာပေါ့။သဘောလည်းမကျဘူးလေ။အဲလိုလူမျိုးတွေနဲ့တွေ့ရင်လည်း ရှောင်ဖယ်သွားတက်သည်။အခုတော့ သူကိုယ်ချင်းစာတက်ပြီထင်တယ်။အချစ်မှာ ကျား၊မ မခွဲခြားဘဲချစ်လိူ့ရတယ်ဆိုတာ သူသဘောပေါက်သွားပြီ
*ရောက်ပါပြီ ဗျာ့..*
*ကျေးဇူးပါ..*
မြို့ထဲရောက်တော့ ဆူညံနေတဲ့လူအုပ်ကြီးရယ်၊မြင်းလှည်းသံတညံညံနဲ့ ဂျစ်ကားသံကိုလည်းကြားနိုင်ပါသေးတယ်။စည်ကားနေတဲ့ လူအုပ်ကြီးကို ကြည့်ပြီး ဂျီမင် တပတ်လည်သည်အထိ ငေးကြည့်လိုက်သည်။
*ဆိုင်ထဲဝင်မယ်လေ...*
*ဟင်..!*
*ဘာတွေငေးနေတာလဲ..ဗိုက်ဆာနေပြီမဟုတ်လား...*
အဲလက်ကသူ့လက်ကိုဆွဲကာ ပေါင်မုန့်ဆိုင်ထဲကိုခေါ်လာခဲ့သည်။ဆိုင်ထဲဝင်လာတာနဲ့ ရနံ့သင်းတဲ့ပေါင်မုန့်အနံ့က ဂျီမင် နှာခေါင်းကို ကျယ်စယ်လာသည်။မေမေ့ လက်ရာအတိုင်းဘဲ။မွှေးလိုက်တာ
*ဒီဆိုင်က ကိုယ်ငယ်ငယ်လေးကတည်းစားနေကျ.. လက်ရာကအရမ်းကောင်းတယ်...*
*ဟုတ်လား..*
*အင်း....*
ထမင်းစားချိန်ဆိုပေမယ့် အဲလက်က ဆိုင်ထမင်းတွေစားလေ့မရှိတာကြောင့် ခဏတာအဆာပြေဖို့ရာ ပေါင်မုန့်ဆိုင်ကိုရွေးလိုက်တာပါ။နောက်ပြီး ဂျီမင်ကိုလည်းအိမ်မပြန်စေချင်သေးတာကြောင့် အချိန်ဆွဲထားတာလည်းပါမှာပေါ့။သူ ဂျီမင်နဲ့စကားအကြာကြီးပြောချင်သေးတယ်။
*မလာတာအတော်ကြာပြီနော် သူဌေးလေး...*
*ဟုတ်တယ် ဗျာ့။ရှေ့တပတ်ကမှ ပြန်ရောက်လာလို့လေ...*
*ဒါနဲ့ ဒီဘက်ကကောင်လေးကိုတနေရာမှာမြင်ဖူးသလိုဘဲ..*
*ဗျာ.!*
မိနစ်အနည်းငယ်ကြာတော့ ဆိုင်ရှင်ကပေါင်မုန့်နှစ်လုံးနဲ့ နို့နှစ်ခွက်ကိုယူလာပေးသည်။အငွေ့တထောငိးထောင်းထနေတဲ့ နို့ခွက်နဲ့အတူ အနံ့မွှေးတဲ့ ပေါင်မုန့်ဆီကို စိတ်ရောက်နေတုန်း ဂျီမင်ကို မေးလာတော့ ခေါင်းထောင်ကာ မျက်လုံးလေးပြူးပြီးကြည့်နေလိုက်သည်။သူ့ကိုသိတဲ့သူကရှိသေးတာလား။
*ဘယ်နေရာမှာပါလိမ့်..*
ဆိုင်ရှင်ကြီးကခေါင်းကုတ်ကာစဉ်းစားဟန်ပြုတော့ အဲလက်ကရယ်သည်။ပြီးနောက် သူ့ကိုစား
ဖို့အသံတိတ်နဲ့မေးဆက်ပြသည်။ထို့ကြောင့် ဂျီမင်လည်း ဘာမှပြောမနေတော့ဘဲ ဆာလောင်တဲ့ဗိုက်ကိုဖြည့်တင်းလိုက်တော့သည်။
*သိပြီ.!*
*အဟွတ်.!ဟွတ်.!*
*အဆင်ပြေရဲ့လား..*
*ဟုတ်..ရပါတယ်*
နို့ပူပူကိုမှုတ်သောက်နေတုန်း ထအော်လာတဲ့ဆိုင်ရှင်ကြောင့် ဂျီမင် ခမျာသီးသွားရသည်။အဲလက်ကတော့ ဖိတ်စင်သွားတဲ့နို့တွေကို လက်ကိုင်ပုဝါဖြင့်အသာယာသုတ်ပေးလာသည်။
*အဒေါ်ကြီးကလည်းအလန့်တကြားနဲ့ ဘာဖြစ်နေတာလဲ..*
*သတိရသွားလို့ပါ သူဌေးလေးရယ်..*
*ဒါဆိုလည်းနောက်မှပြောပါလား ဒီမှာစားနေတာကို..*
*ဟို..တောင်းပန်ပါတယ် သူဌေး..ဒါဆို အရသာရှိရှိသုံးဆောင်ကြပါအုန်း..*
အဲလက်ကလေသံမာမာနဲ့ပြောလိုက်တော့ ထိုအမျိုးသမီးကချက်ချင်းဘဲခေါင်းငုံ့ကာ ထွက်သွားတော့သည်။နောက်ပြီး အဲလက်ကိုခေါ်ပုံက သူဌေးလေးတဲ့။
စကားတခွန်းနဲ့တင်ကြောက်သွားတာဆိုတော့ အဲလက်ကတော်ရုံမဟုတ်ဘူးဆိုတာ ဂျီမင် သိလိုက်သည်။ချမ်းသာတဲ့အသိုင်းဝိုင်းထဲကသူမဟုတ်ရင် ရာထူးအာဏာကြီးတဲ့သူဘဲဖြစ်ရမယ်။
*စားလို့ကောင်းရဲ့လား..*
*ကောင်းပါတယ်...*
*ဂျီမင်ကြိုက်ရင် နောက်တခါထပ်လာစားကြမယ် နော်....*
*ဟုတ်ကဲ့..*
ထို့နောက်ဘာစကားမှမဆိုဖြစ်ကြတော့ဘဲ တိတ်ဆိတ်စွာစားသောက်ပြီးသွားတော့ ပြန်ဖို့လုပ်လိုက်သည်။ကိုကို ပြန်မရောက်ခင် သူအရင်ရောက်မှရမှာလေ။မဟုတ်ရင် အလုပ်သမားတွေရော သူပါ အဆူခံရမှာ။
*အိမ်ထိလိုက်ပို့ပေးမှာမျု့ ကိုယ့်ကိုလိပ်စာပြောပါ..*
*မဟုတ်တာဘဲ အဲလက် ရယ်။အခုတောင် ကျေးဇူးတင်နေပါပြီ။မင့် ဘာသာဘဲပြန်လိုက်ပါ့မယ် နော်...*
*ကိုယ့်ကိုမိတ်ဆွေတယောက်လိုသဘောထားရင် မငြင်းပါနဲ့လား..*
*ဒါပေမယ့်..*
*နော် ..ကိုယ်တောင်းဆိုတာပါ..*
ဒီတခါလည်းဂျီမင်အရှုံးပေးလိုက်ရပြန်သည်။အိမ်ပြန်လမ်းတလျှောက်ကိုတော့ ဂျီမင် ဘာစကားမှနပြောတော့ချေ။အဲလက်ကို ယုံကြည်သင့်ရဲ့လားဆိုတာ သူတွေးနေမိသည် ။အကယ်၍
လူကောင်းမဟုတ်ဘူးဆိုရင်ရော။
ဂျီမင် တွေးရင်ထိတ်လန့်လာသည်။အပြစ်လုပ်ထားသလိုမျိုးကြောက်လန့်လာပြီး လက်ဖျားတွေတောင်အေးစက်လာသည်။လက်ညိုးထိပ်လေးကိုသွားဖြင့်တတိတိကိုက်ကာ စဉ်းစားခန်းဖွင့်နေတုန်း ကားရပ်သွားတာကြောင့် အတွေးလည်းပြတ်တောက်သွားသည်။
*ရောက်ပြီလေ...*
*အာ....မင် သတိလွတ်သွားတယ်။တောင်းပန်ပါတယ် အဲလက်...*
*ကိုယ်နားလည်ပါတယ်။ဂျီမင်ဘာတွေးနေသလဲဆိုတာ ကိုယ်သိတယ်....*
*ဟင်..*
*ကိုယ်ကဂျီမင်ကိုထိခိုက်နစ်နာအောင်လုပ်မယ့်သူမျိုးမဟုတ်ဘူးဆိုတာကိုတော့ ယုံပေးပါ...*
*ဟို..မင် အဲလိုမတွေးပါဘူး..*
ဂျီမင်မုသားဆိုလိုက်တယ်။အဲလက်ပြောတာအမှန်မို့ သူလန့်သွားခဲ့တယ်။အကြားမြင်ရနေတာများလား။သူ့အတွေးကိုသိနေတာ
*ကိုယ့်ကိုယုံကြည့်လို့ရပါတယ်..*
*ဟုတ်ကဲ့ပါ...ဒီနေ့အတွက် အဲလက်ကိုကျေးဇူးတင်ပါတယ်...*
*ဒါဆို ကောငိးကောင်းပြန်ပါ အဲလက်။နောက်ပြန်ဆုံချင်ပါသေးတယ်..*
*အင်း..ကိုယ်ရောဘဲ..*
ခပ်သွက်သွက်လေးနှုတ်ဆက်ကာ ခြံထဲပြေးဝင်သွားတဲ့ ဂျီမင်ကိုကြည့်ပြီး အဲလက် ရင်ဘက်ကိုဖိကိုင်ထားလိုက်တယ်။တဒုန်းဒုန်းနဲ့မြည်ဟည်းနေတဲ့ သူ့နှလုံးခုန်သံက မြင်းအကောင်ရေများစွာ ကခုန်ပေါက်နေတဲ့ အတိုင်းဘဲ။
တော်သေးတာပေါ့ ဂျီမင်မရိပ်မိသွားလို့ ။သူ့အဖြစ်ကအခုမှဆယ်ကျော်သက်လေးစိတ်ကစားနေသလိူဘဲ။သူ့ကိုပြုစားသွားတဲ့ ဂျီမင်ကတော့ ဘာမှသိမှာမဟုတ်ပါဘူး။အရမ်းကိုရိုးစင်းလွန်းတယ်။
စက္ကန့်အနည်းငယ်လောက်ကြာသည်အထိ ဂျီမင်တို့အိမ်ရှေ့မှာရပ်ကြည့်နေလိုက်ပြီးနောက် ပြန်လာခဲ့လိုက်သည်။ခြံထဲကနေ သူ့ကိုစူးစိုက်စွာကြည့်နေတဲ့ ခြံစောင့်ဦးလေးကြီးကြောင့် အဲလက် ကြက်သီးတောင်ထသွားသည်။ထိူ့ကြောင့် အလျင်မြန်ဘဲကားကိုမောင်းထွက်လာဲ့တော့သည်။
_______
*ကိုကို..!*
ခြံထဲကိုဝင်လာကတည်းကခြံစောင့်ဦးလေးရဲ့ငြိုးငယ်တဲ့အကြည့်နဲ့အတူအလုပ်သမားတချို့ကပါ သူ့ကိုမကြည့်ဘဲခေါင်းငုံ့ပြီးလုပ်စရာရှိတာဆက်လုပ်နေတာကို ဂျီမင်သတိထားမိတယ်။မကောင်းတာတခုခု ခံစားလိုက်ရတာမို့ ချက်ချင်းဘဲအိမ်မကြီးဆီဦးတည်ပြီး သွားလိုက်တော့ အိမ်အပေါက်ဝမှာမျက်နှာတည်ရပ်နေတဲ့ကိုကို့ ကိုတွေ့တော့ ဂျီမင်ကိုယ်ရှိန်သတ်လိုက်သည်။
သူအဆူခံရတော့မှာလား ။မဝံ့မရဲလေး ကို့ကို ကိုကြည့်လိုက်တော့ သူ့အကြည့်ကိုရှောင်ဖယ်သွားတဲ့ ကိုကိုက အိမ်ပေါ်ကိုခြေဆောင့်ကာ တက်သွားတော့သည်။
*သားငယ်..!*
*မင် အဆူခံရတော့မယ် ဖေကြီး..*
တယောက်ထဲရပ်ကျန်နေခဲ့တဲ့ ဂျီမင်က အိမ်ထဲကထွက်လာတဲ့ဖေကြီးကိုမြင်တော့ မျက်နှာလေးရှုံ့မဲ့ကာ ဆိုလိုက်သည်။ထိုအခါ ဖေကြီးကရယ်သည်။
ဂျောင်ဂုလား ဒီကလေးကိုဆူမှာ။သူ ပြန်လာချင်း ကလေးကိုမတွေ့လို့တအိမ်လုံးပတ်ရှာပြီးကာမှ အလုပ်သမားတွေရဲ့ပြောစကားကြောင့် စိတ်မကောင်းဖြစ်သွားပြီး တယောက်ထဲစိတ်တိုနေတာထင်ပါရဲ့
*လိုက်သွားပြီး ချော့လိုက်လေ..*
*ဟုတ်..*
ကုတ်ကုက်ကလေး အိမ်ပေါ်ကိုတက်သွားတဲ့ဂျီမင်ကိုကြည့်ပြီး ဂျွန်ဆော့ ပြုံးလိုက်မိသည်။
*ကိုကို..!မင် ဝင်လာမယ် နော်..*
အပေါ်ထပ်ကိုရောက်တော့ ချက်ချင်းမဝင်သေးဘဲ အရင်ဆုံးအသက်ကိုဝဝရှုလိုက်သည်။ပြီးနောက် လေပူတချက်မှုတ်ထုတ်ကာ ကိုကို့ အခန်းတံခါးကို ခေါက်လိုက်ပြီးအသံပြုလိုက်သည်။
*ကိုကို..*
အခန်းထဲကိုရောက်တော့ ကိုကိုက သူ့ကိုမကြည့်ဘဲ ပြတင်းပေါက်ဘက်ကိုမျက်နှာမူထားသည်။ဒီလိုအခြေနေကို သူသဘောမကျဘူး။ကိုကို စကားမပြောရင် သူမနေနိုင်ဘူး။
*မင့်ကိုစိတ်မဆိုးပါနဲ့ နော်...*
*ဘာလို့မပြောတာလဲ..!*
*ဟင်..*
ဂျောင်ဂုအနားကိုဆက်မလှမ်းတော့ဘဲ တံခါးနားမှာငြိမ်ငြိမ်လေးရပ်နေတဲ့ ဂျီမင်ကခေါင်းကိုလည်းကြမ်းပြင်ပေါက်ထွက်မတက် ငုံ့ထားလိုက်သည်။ထို့နောက် တိုးညှင်းညှင်းလေးစကားဆိုလိုက်တော့ ကိုကို့ဆီကခွန်းတုန့်သံကိုကြားရသည် ။ချက်ချင်းဘဲ မော့ကြည့်လိုက်တော့ သူ့အနားကိုလေအလျင်လိုရောက်လာတဲ့ ကိုကိုက သူ့အထင်မမှားဘူးဆိုရင် ဝမ်းနည်းရိပ်ယောင်တွေ့နေရတယ်။
*ဘာလို့ ကိုကို့ ကိုမပြောဘဲ တယောက်ထဲသွားရတာလဲ..*
*ကိုကို ဘယ်လောက်စိတ်ပူနေလဲဆိုတာ ကလေးငယ် သိရဲ့လား..*
*ဟမ်.!ဒါမှမဟုတ် အလုပ်သမားတယောက်ကို အဖော်ခေါ်သွားလို့ရရဲ့သားနဲ့ ဘာလို့တယောက်ထဲသွားရတာလဲ...*
*မင်းအရမ်းဆိုတာဘဲ ကလေးငယ် ရယ်..*
*မင် တောင်းပန်ပါတယ် ကိုကို..*
ဂျောင်ဂုစိတ်တိုနေတာမဟုတ်ဘူး။တယောက်ထဲယူကြုံးမရဖြစ်နေတာ။အလုပ်တွေမအားတာနဲ့ဘဲ ကလေးငယ်ရဲ့အရေးကြီးတဲ့ကိစ္စတွေကို သတိမေ့နေခဲ့တာ။အမြဲတမ်းတယောက်ထဲ ကြိတ်ခံစားတက်တဲ့ ကလေးမို့ သူပိုပြီးစိတ်မကောင်းဖြစ်မိတယ် ။သူ ကလေးငယ်ကို ကောင်းကောင်းမစောင့်ရှောက်ပေးနိုင်သေးပါလားဆိုတဲ့ စိတ်နဲ့ကိုယ့်ကိုကိုယ်အပြစ်တင်မိတယ်။
အိမ်ရောက်တာတောင်မှသူများပြောမှသတိရတဲ့အဖြစ်။ဒါကြောင့် မနက်က ,ကလေးငယ်မျက်နှာလေးဆူပုတ်နေတာကို။သူ သိပ်ညံ့တာဘဲ
*မဟုတ်ဘူး..ကိုကိုကသာတောင်းပန်ရမှာ.*
*အရေးကြီးတဲ့နေ့မှ ကိုကိုလည်းအလုပ်တွေရှုပ်ရတယ်လို့..*
*တယောက်ထဲဘယ်လောက်တောင်သွားငိုလာခဲ့လည်း ဟမ်..!*
*မင် မငိုပါဘူး ကိုကို..*
*မညာတက်ဘဲနဲ့ ကလေးရယ်။ကိုကို့ကို စိတ်ဆိုးလို့ရပါတယ်။ကိုကို ကတကယ်အသုံးမကျတာဘဲ..*
ကိုကို့ကလေသံမာမာနဲ့ ပြောလာတော့ အဆူခံရပြီလို့ ဂျီမင် တွေ့လိုက်တာ။အမှတ်တော့ ကိုကိုကစိတ်မကောင်းဖြစ်နေတာဘဲ။သူ့ကို အဆူရက်ဘဲ တယောက်ထဲအပြစ်ဖို့နေတဲ့ ကိုကို့ကို ဂျီမင်လည်းပွေ့ဖတ်လိုက်တယ်။
*ဟင့်အင်း..ကိုကိုက မင့်အတွက်အကောင်းဆုံးမို့ ကိုယ့်ကိုကိုယ်အပစ်မတင်ပါနဲ့..*
*နောက်ပြီး မင် မပြောဘူးဆိုတာကလည်း ကိုကိုအလုပ်ရှုပ်နေလို့ပါ ။စိတ်မဆိုးပါနဲ့ နော်..*
*ကိုကို စိတ်ဆိုးနေတာမဟုတ်ပါဘူး
စိတ်မကောင်းဖြစ်မိတာပါ....*
*အခုလည်း မင် ပြန်ရောက်နေပြီဘဲကို စိတ်လျော့တော့ နော်...*
*တခုခုဖြစ်သွားရင် ကိုကိုဘဲ ရင်ကျိူးရမှာ ကလေးငယ်...*
*မင် နားလည်ပါတယ်...*
*နောက်ဆိုတယောက်ထဲအပြင်မထွက်ရဘူး ကြားလား..ကိုကိုမပါရင်တောင် အဖော်တယောက်တော့ရအောင်ခေါ်သွားရမယ်..*
*မင် သိပါပြီ...*
မင်းသိပ်ဆိုးတာဘဲ ကလေးငယ်။ကိုကိုကအချစ်နွံထဲနစ်နေသူမို့ မင်းသာတခုခုဖြစ်သွားခဲ့ရင် အရင်ဆုံးရူးမယ့်သူကကိုကိုပါ။အရိပ်တကြည့်ကြည့် နဲ့တောင်မြတ်နိုးမဝဖြစ်နေရတာ။မျက်စိကွယ်ရာမှာ တယောက်ထဲလွှတ်ထားဖို့ဆိုတာ စိတ်တောင်မကူးရဲဘူး။
*မေမေတို့နဲ့စကားတွေအများကြီးပြောခဲ့ရဲ့လား.*
*ဟုတ်..မင် ပြောခဲ့တယ် နောက်ပြီး..*
*ငိုခဲ့သေးတယ်မလား။မျက်လုံးတွေအစ်နေတာဘဲ...*
ကုတင်ပေါ်မှာအတူတူထိုင်လိုက်ပြီး ဂျီမင်ကို ရင်ခွင်ထဲထည့်ထားရင်း ဂျောင်ဂုကဆိုလိုက်သည်။
ဂျီမင်ကတော့ လိမ်လို့မရဘူးဆိုတာသိနေတော့ တိတ်တဆိတ်ဘဲခေါင်းငြိမ့်ပြလိုက်သည် ။
*နေပါအုန်း မေးရအုန်းမယ်..*
*ဟုတ် မေးလေ..*
ဂျီမင်ကို ရင်ခွင်ထဲကထုတ်ကာ မျက်လုံးချင်းဆုံစေလိုက်သည်။မျက်လုံးတွေကဘယ်တော့မှမညာဘူးလေ။
ကလေးငယ်ကို အိမ်ရှေ့ထိလာပို့တဲ့ဂျစ်ကားတစ်စီးကို သူလျက်တပြတ်တွေ့လိုက်တယ်။ဘယ်သူလဲ၊ဘယ်ကလဲ ဆိုတာ သူ အရမ်းသိချင်တယ်။နောက်ပြီး ကလေးကရော ဘာကြောင့် သူစိမ်းတယောက်နဲ့ အတူလာရတာလဲဆိုတဲ့ မေးခွန်းကချက်ချင်းခေါင်းထဲဝင်လာသည်။
*ကလေးငယ်ကို ဘယ်သူလာပို့တာလဲ...*
*ဟင်..!*
ဂျီမင်စွံအသွားခဲ့သည်။ကိုကို မြင်သွားပြီဆိုတော့ ဘယ်လိုမှလိမ်လို့ရမှာမဟုတ်တော့ဘူး။ဒါပေမယ့် အမှန်တိုင်းလဲမပြောရဲလား ။ဒီတခါဆိုသေချာပေါက်စိတ်ဆိုးပြီဘဲ
*ဟို ..အဲတာ..အဲတာ..*
*သားရေ ရုံးတော်ကဖုန်းဆက်သွယ်လာတယ်....*
ဂျီမင်ဆီက အဖြေကိုမျှော်လင့်နေတဲ့ ဂျောင်ဂုက မျက်ခုံးနှစ်ဖက်ကိုတွန့်ချိုးထားသေးသည်။သူ့ကလေးက ညာတက်နေပြီဘဲ။အခုတောင် ဆင်ခြေပေးဖို့ အသဲသန်စဉ်းစားနေတာ။
ထိုအချိန်မှာဘဲေနာက်ထပ် တံခါးခေါက်သံနဲ့အတူ မေမေ အသံကြောင့်ဘဂျောင်ဂုလည်း ဂျီမင်အဖြေကိုမစောင့်တော့ဘဲ အောက်ထပ်ကို အလျင်မြန် ဆင်းလာလိုက်တော့သည်။ဖင်ပူအောင်မထိုင်ရတော့တဲ့ သူ့အလုပ်ကလည်း စိတ်ညစ်စရာပါဘဲ။
ဒါပေမယ့်လည်း ရွေးချယ်ထားပြီးသားလမ်းကြောင်းမို့ ဆက်လျှောက်ရုံဘဲရှိတော့တာပေါ့။ဖုန်းဆီအာရုံရောက်သွားတော့ ဂျီမင်ကိုလည်းမဆူဖြစ်တော့ပေ
*သားငယ်လေးလည်းပင်ပန်းလာရောပေါ့ ခဏနားပြီးရင်ရေချိုးတော့ နော်။ညစာအတူစားကြမယ်...*
*ဟုတ်ကဲ့ ဖေကြီး...*
ကိုကို့ နောက်ကိုဂျီမင်လည်းဆင်းလိုက်လာခဲ့သည်။ဧည့်ခန်းထဲမှာကြိုးဖုန်းတလုံးနဲ့ အလုပ်ရှုပ်နေပြန်တဲ့ ကိုကို ကသူ့ကိုမတွေ့ပေ။
ကိုကိုတော့ အရမ်းပင်ပန်းနေတော့မှာဘဲ။ဒီကြားထဲ သူကပါထပ်ပြီးစိတ်ညစ်အောင်လုပ်မိသေးတယ်။
အနောက်အိမ်ကိုမသွားသေးဘဲ ကိုကို့ကို ရပ်ကြည့်နေတုန်းမှာစာဖတ်ခန်းထဲက ထွက်လာတဲ့ဖေကြီးက သူ့ခေါင်းကိုပုတ်ကာ ပြောလာတော့မှ အသိပြန်ဝင်လာသည်။
*ကိုကို ဆူသေးလား..*
*ဟီး..မဆူပါဘူး ဖေကြီးရဲ့...*
*အင်း..ဖေကြီးသိတယ်လေ။သား ကိုကိုကဘယ်နခါများဆူဖူးလိူ့လဲ ။အခုကစိတ်မကောင်းဖြစ်သွားတာ။ကိုကို့ကို နားလည်ပေးလိုက် နော်..*
*ဟုတ်ကဲ့ပါ..မင်နားလည်ပါတယ် ဖေကြီး...*
*ဒါဆို ရေသွားချိုးတော့ ခဏနေ ညစာစားဖို့ခေါ်ခိုင်းလိုက်မယ်...*
*ဟုတ်..*
ဖေဖေကြီးကိုနှုတ်ဆက်ကာ ဂျီမင်လည်း အနောက်အိမ်ကိုလာခဲ့တော့သည်။ညစာစားပြီးရင်တော့ ကိုကို့ကို ထပ်ချော့ရမယ်လို့တွေးရင်း ပြုံးလိုက်မိသည်။
__________
၂၄.၅.၂၃
Kelly
Thankful my readers 🤍
________
Zawgyi
ၿမိဳ႕ေတာ္ဝန္ျဖစ္သြားတဲ့ေဂ်ာင္ဂုက နိုင္ငံေရးရာကိစၥေတြနဲ႕မအားလပ္နိုင္ျဖစ္ေနရွာသည္။လူငယ္လည္းျဖစ္၊အေတြ႕ႀကဳံလည္းမရွိသူမို႔ ၿမိဳ႕ေတာ္နဲ႕ပတ္သတ္ၿပီးအစကေန ေလ့လာေနရသည္။အနားယူသြားၿပီျဖစ္တဲ့ၿမိဳေတာ္ဝန္ေဟာင္းကေတာ့ လိုအပ္ရင္လိုအပ္သလိုကူညီေပးသည္။သို႔ေပမယ့္ အစစအရာရာ အကူညီေတာင္းဖို႔အားနာတာေၾကာင့္ ကိုယ့္အားကိုယ္ကိုးၿပီးသာ လုပ္ကိုင္ေတာ့သည္
မင္ေလးကေတာ့ ပန္းခ်ီဆရာမိုရ္ ရဲ႕တပည့္လို႔မေျပာရဘူး။လက္ရာကေတာ့ တကယ္အသက္ဝင္တယ္။သင္ယူေနတာ မၾကာေသးဘူးဆိုေပမယ့္ တကယ့္ဝါရင့္ပန္းခ်ီဆရာအတိုင္းဘဲ။ျပန္လာတိုင္းလည္း သူ႕အခန္းကိုလာၿပီး လာႂကြားရတာအေမာ။
မင္ ဆြဲတာလွရဲ႕လား။ဘယ္လိုေနလဲ။ဒီထက္ပိုၿပီးလွေအာင္ဆြဲသင့္တာ စသျဖင့္ တတြတ္တြတ္နဲ႕ေျပာေနတက္သည္။သူကေတာ့ စာရင္းဇယားေတြၾကားေခါင္းနစ္ေနသူမို႔ အင္း ၊လွတယ္၊ဒီေလာက္ဘဲေျပာနိုင္သည္။ေသေသခ်ာခ်ာလည္းမၾကည့္အားဘူး။ဒါေပမယ့္ မင့္ကိုသူယုံတယ္ေလ။မင္က သူ႕ကိုစိတ္ပ်က္ေအာင္လုပ္မယ့္ကေလးမွမဟုတ္တာ။
အခ်ိန္အားျဖင့္တလခန႔္ၾကာျမင့္လာေတာ့ ေဂ်ာင္ဂုလည္း ၿမိဳ႕ေတာ္နဲ႕ပတ္သတ္ၿပီးအေတာ္ေလးသိလာခဲ့သည္။အႀကီးကဲတခ်ိဳ႕နဲ႕အရာရွိတခ်ိဳ႕ကလည္းသူ႕ကို နားလည္သေဘာေပါက္ေအာင္ေထာက္ျပေပးသည္။လိုလားတဲ့သူေတြက အားေပးအားျမႇောက္လုပ္ေပမယ့္ မလိုလားတဲ့သူေတြကေတာ့ သူ႕အားနည္းခ်က္ကိုရွာၿပီးပုတ္ခ်ဖိဳ႕လုပ္ေနၾကတာေပ့ါ
*ကိုကို...!*
*အင္း...ကေလးငယ္ ဒီေန႕ပန္းခ်ီသြားမသင္ဘူးလား....*
သားရည္လယ္သာအိတ္အညိုေရာင္ကိုလက္မွာဆြဲရင္း နံနက္စာကိုပလုတ္ပေလာင္းစားေနတဲ့ေဂ်ာင္ဂုက ခပ္စြာစြာအသံေလးေၾကာင့္ ေသာက္လက္စေကာ္ဖီကိုအျမန္ခ်လိဳက္ၿပီး အသံလာရာကိုလွည့္ၾကည့္လိုက္ေတာ့ သူ႕ကိုဆူပုတ္ပုတ္နဲ႕မ်က္ေစာင္းေလးဝံ့ကာ ၾကည့္ေနတဲ့ ကေလးငယ္ေၾကာင့္ အၿပဳံးေလးျဖင့္ေမးလိုက္သည္။ခါတိုင္းဆို ကေလးငယ္က သူ႕ထက္အရင္သြားေနၾကပါ။ဒီေန႕မွ ဘာလို႔ေနာက္က်ေနတာပါလိမ့္
*မသြားဘူး.!*
*ဘာလို႔လဲ ေနမေကာင္းလို႔လား ဟင္..*
*မဟုတ္ဘူး.!*
*ဒါဆိုဘာျဖစ္လို႔လဲ ကိုကို႔ကိုေျပာေလ..*
ေဂ်ာင္ဂုေမးသမွ်ကိုေဘာက္ဆက္ဆက္ျပန္ေျဖေနတဲ့ဂ်ီမင္က တခုခုလိုအလိုမက်ဟန္ျဖင့္ ႏႈတ္ခမ္းဖူးဖူးေလးကိုဆူေထာ္ရင္း လက္ႏွစ္ဖက္ကိုပိုက္ကာ ေကာက္ခ်ိတ္ေနေတာ့သည္။ေဂ်ာင္ဂုလည္းစားလက္စကိုအျမန္ျဖတ္လိုက္ၿပီး လက္ေကာက္ဝတ္က နာရီကိုငုံ႕ၾကည့္လိုက္ေတာ့ ကိုးနာရီ ထိုးေတာ့မွာမို႔ အိမ္ထဲကအျမန္ေျပးထြက္ရသည္။ဒီေန႕က ဝန္ႀကီးအိမ္မွာေတြ႕ဆုံပြဲရွိတာေၾကာင့္ ေနာက္မက်ေစရန္ အလ်င္ျမန္ထြက္လာေပမယ့္ သူ႕ကိုစူးစ္ုက္ၾကည့္ေနတဲ့ ကေလးငယ္ကေတာ့ ဘာစကားမွမေျပာဘဲ ရပ္ၿမဲတိုင္းရပ္ေနသည္။
ေနမေကာင္းလို႔မ်ားလားဆိုၿပီးနဖူးျပင္ေလးကိုစမ္းၾကည့္ေတာ့လည္းပုံမွန္အတိုင္းပါဘဲ ။ဘာေတြအလိုမက်ျဖစ္ေနတာပါလိမ့္။ ေခ်ာ့ျမဴၿပီး ကေလးငယ္စိတ္တိုင္းက်ေမးျမန္းဖို႔အခ်ိန္မရွိတာေၾကာင့္ ကေလးငယ္ရဲ႕ ပိတုန္းေရာင္ဆံႏြယ္ေတြကိုတခ်က္ဆြဲဖြလိုက္ၿပီး ပါးေဖာင္းေဖာင္းေလးကိုဆြဲကာ ေလသံေအးေအးျဖင့္ဆိုလိုက္သည္
*ဒီေန႕ ကိုကို အျပင္သြားစရာရွိတယ္။အေရးႀကီးတဲ့ကိစၥမို႔ ေနာက္က်လိဳ႕မျဖစ္ဘူးေလ။ကေလးငယ္ ကိုျပန္လာမွ ေခ်ာ့ေတာ့မယ္ ေနာ္...*
*ကေလးငယ္စိတ္မၾကည္ဘူးဆိုလဲ ဒီေန႕ပန္းခ်ီသင္တန္းမသြားနဲ႕ေတာ့ေလ..ေနာ္..*
*ကိုကို သြားၿပီ..*
တေယာက္ထဲမနားတမ္းစကားေတြေျပာၿပီးကိုကိုက ဂ်စ္ကားစိမ္းေလးေပၚတက္သြားေတာ့တယ္။သူ႕ကိုလက္လွမ္းျပကာ ၿပဳံးျပသြားေပမယ့္ အရင္လိုနီးနီးကပ္ကပ္မေနရေတာ့ ဂ်ီမင္ ရင္ထဲတမ်ိဳးခံစားလာရတယ္။ပုံမွန္ဆို ကိုကို အလုပ္ရွာပ္ေနတာကို သူနားလည္ေပးပါတယ္။ၿမိဳ႕ေတာ္ဝန္အလုပ္ကဘယ္ေလာက္ထိစိတ္ပင္ပန္းရသလဲဆိုတာ သူကိုယ္ခ်င္းစာပါတယ္။ဒါေၾကာင့္လည္း ကိုကို႔ကို မေႏွာင့္ယွက္ဘဲ တေယာက္ထဲပန္းခ်ီဆြဲရင္းအခ်ိန္ကုန္ေစခဲ့တယ္။ဒါေပမယ့္ ဒိီေန႕က သူ႕ဘဝရဲ႕အေရးႀကီးတဲ့ေန႕ေလ။သူ႕ကိုလူ႕ေလာကႀကီးထဲ တေယာက္ထဲထားခဲ့ၿပီးေအးခ်မ္းရာအရပ္မွာ သြားေနၾကတဲ့ မိဘႏွစ္ပါးစလုံးရဲ႕ ႏွစ္ပတ္လည္ေန႕မို႔ ေဘးနားမွာ ကိုကို႔ကိုရွိေစခ်င္႐ုံပါ။
အခုေတာ့ သူတေယာက္ထဲျဖတ္သန္းရေတာ့မယ္တူပါတယ္။အားေပးႏွစ္သိမ့္ေပးမယ့္ ကိုကိုကအလုပ္မ်ားေနေတာ့ သူကဘဲသေဘာထားႀကီးစြာနဲ႕ နားလည္ေပးရမွာေပါ့။က်လဳဆဲဆဲမ်က္ရည္ေတြကို မ်က္ေတာင္ေလးနဲ႕ ပုတ္ခတ္လိုက္ၿပီး ေမးျမန္းမယ့္သူမရွိတဲ့ အိမ္မႀကီးထဲကေန ထြက္လာလိုက္တယ္။ၿပီးေနာက္ သူကိုယ္တိုင္စိုက္ထားတဲ့ ႏွင္းဆီအျဖဴေတြပိုခူးကာ ၾကယ္ပန္းျဖဴျဖဴေလးနဲ႕အတူ ေရာယွက္ကာစည္းေႏွာင္လိုက္သည္ ။
ဆရာမိုရ္ကို မေန႕ကတည္းက သူမလာျဖစ္ေတာ့တဲ့အေၾကာင္းကိုေျပာျပထားတာေၾကာင့္ ဒီေန႕တေနကုန္လုံးသူအားေနသည္ ။အိမ္မွာလည္းမေနခ်င္တာေၾကာင့္ ေဖေဖတို႔ရဲ႕အရိုးျပာအိုးထားတဲ့ ဗိမၼာန္မွာဘဲ ေနဖို႔ဆုံးျဖတ္လိုက္သည္။
ထို႔ေနာက္ ဦးထုတ္အဝိုင္းကိုေဆာင္းကာလြယ္အိတ္ေလးလြယ္ရင္းပန္းစည္းနဲ႕အတူ အိမ္ထဲကေနထြက္လာခဲ့ေတာ့ ၿခံေထာင့္နားက လက္ဖက္ရည္ေသာက္တဲေလးမွာယပ္ေတာင္ကိုတဖ်က္ဖ်က္ခတ္ေနတဲ့ ေမေမႀကီးကိုေတြ႕သည္။
ေမေမႀကီးကေတာ့ သူ႕ကိုေတြ႕တာနဲ႕ မ်က္ေစာင္းေလးတခ်က္ဝံ့ျပသည္။
*ဒါကဘယ္လဲ....*
*ေမေမတို႔ႏွစ္ပတ္လည္ေန႕မို႔ အျပင္ခဏသြားမလို႔ပါ...*
*မၾကာေစနဲ႕.!မင္းကိုကိုျပန္လာလို႔ မေတြ႕ရင္ျပႆနာရွာေနမယ္..ငါေျပာတာၾကားလား...*
*ဟုတ္ကဲ့ ။သား ေစာေစာျပန္ခဲ့ပါ့မယ္ ေမႀကီး..*
ေမေမႀကီးကထိုမွ်သာေျပာၿပီးအိမ္ထဲဝင္သြားေတာ့သည္။အရင္လိုေတာ့ အၿမဲလိုလိုဆူေငါက္မေနေတာ့ပါဘူး။ေကြၽးစရာရွ္တာေကြၽးၿပီး ဆုံးမစရာရွိရင္လည္း အားမနာတမ္းဆုံးမတက္သည္။ကိုကိုနဲ႕ ေဖႀကီးကေတာ့ သူ႕ဘက္ကေန အၿမဲကာဆီးေပးေနတာေပါ့။ထိုအခါ ေမေမႀကီးက သူ႕ကိုပိုၿပီးအျမင္မၾကည္ျဖစ္လာၿပီး ေဒါသပိုထြက္လာေရာ။
*အကိုေလးမင္ အျပင္သြားမွာဆိုရင္တေယာက္ထဲမသြားပါနဲ႕လား..*
*ဘာလို႔လဲ..*
ၿခံတေစာင့္ဦးေလးကသူငယ္စဥ္ကတည္းကရွိေနတာမို႔ မိသားစုဝင္တေယာက္လိုေတာင္ျဖစ္ေနၿပီ။အသက္႐ြယ္အားျဖင့္ ငါးဆယ္ေက်ာ္ၿပီျဖစ္ေပမယ့္ သန္မာတုန္းပါဘဲ။ေနာက္ၿပီး သူ႕ကိုလည္းသားတေယာက္လိုခ်စ္ခင္ေသးသည္။
*စိတ္မခ်လိဳ႕ေလ ၿခံထဲကေကာင္ေလးတေယာက္ကိုအေဖာ္ေခၚသြားလိုက္ ေနာ္.*
*မင္ က,ကေလးမွမဟုတ္ေတာ့တာ ဘာစိတ္မခ်စရာရွိလို႔လဲ ဦးေလးရဲ႕....ေနာက္ၿပီး ဒီေန႕ေတာ့ မင္ တေယာက္ထဲေနခ်င္လို႔ပါ.*
*ဟို..ဦးေလးနားလည္ပါတယ္ ဒါေပမယ့္ အကိုေလးဂြၽန္ ျပန္လာရင္ အဆူခံရမွာစိုးလို႔ပါ...*
အမွန္တကယ္လည္းအဆူခံရမွာေလ။အကိုေလးဂြၽန္က အိမမေရာက္ၿပီဆိုတာနဲ႕ ေမေမေရာဆိုတာထက္ ကေလးငယ္ေရာ ဆိုၿပီးအရင္ေမးတက္လို႔ ဘယ္မွာရွိေနပါတယ္ဆိုတာကို တန္းၿပီးေျဖနိုင္မွေတာ္ကာၾကမွာ။မဟုတ္ရင္ ကေလးကိုဂ႐ုမစိုက္ဘူး ဘာညာဆိုၿပီးေအာ္ပါလိမ့္မယ္။
*ကိုကို မဆူေအာင္ မင္ ကူေျပာေပးပါ့မယ္ .*
*ဒါဆိုလည္း အကိုေလးဂြၽန္မေရာက္ခင္ေတာ့ ျပန္လာခဲ့ ေနာ္..*
*ဟုတ္ပါၿပီ..ကိုကို႔ကိုေတာ့ ေၾကာက္ရွာသားေနာ္...*
*မဟုတ္ပါဘူး အကိုေလးမင္ကလည္း....*
*မင္ကစ,တာပါ..သြားၿပီေနာ္....*
*ဂ႐ုစိုက္သြားေနာ္ အကိုေလး..*
*ဟုတ္ကဲ့ပါ..*
ၿခံထဲကအကူေကာင္ေလးတေယာက္ကိုအေဖာ္ျဖင့္ေခၚလာခ်င္ေပမယ့္ စိတ္လြတ္ကိုယ္လြတ္ေနခ်င္တာေၾကာင့္ တေယာက္ထဲဘဲထြက္လာလိုက္ေတာ့သည္ ။အေနာက္မွာက်န္ခဲ့တဲ့ ၿခံေစာင့္ဦးေလးကေတာ့ သက္ျပင္းတခ်ခ်နဲ႕ေပါ့။လူမွန္းသိတက္စအ႐ြယ္ေလးမွာ စိတ္ဒဏ္ရာရခဲ့ေတာ့ အားလုံးကသနားၿပီး ေဖးမေပးၾကသည္။
သူမွတ္မိပါေသးသည္။ဂ်ီမင္ေလးကို ၿမိဳ႕စားမင္း အိမ္ကိုေခၚလာတုန္းကဆို အိမ္ျပန္ခ်င္တယ္ဆိုၿပီးမ်က္ရည္အဝိုင္းသားနဲ႕ေတြ႕ကရာလူကို ေတာင္းဆိုေနပုံက ဘယ္သူမွမသနားဘဲမေနနိုငိဘူး။ခ်စ္စရာေကာင္းၿပီးစကားႂကြယ္တဲ့ ကေလးမို႔ မိဘႏွစ္ပါးစလုံးကလည္း ရင္နာေနမွာေသခ်ာပါတယ္။ဘာတက္နိုင္မွာလဲ။ကံအေၾကာင္းတရားကမလွေတာ့ သူတို႔လည္းအားေပးစကားေျပာ႐ုံအျပင္ဘာမွမကူညီနိုင္ေပ။
*သားငယ္ေလးကဘယ္သြားတာလဲ..*
*သူ႕မိဘေတြႏွစ္ပတ္လည္ေန႕တဲ့ေလ...*
*ဟမ္..*
ဂြၽန္ေဆာ့၏အေမးကို ဇနီးျဖစ္သူကေလသံတိုးေဖ်ာ့ေဖ်ာ့ျဖင့္ေျဖလိုက္သည္။သူ(မ)လည္း ဂ်ီမင္ကိုခ်စ္ပါတယ္။ငယ္ငယ္ေလးကတည္းက သားနဲ႕အတူႀကီးျပင္းလာခဲ့တာကို မခ်စ္ဘဲေနမလား ။ဒါေပမယ့္ အျပစ္လုပ္ထားတဲ့သူမို႔ ကိုယ့္လိပ္ျပာကိုယ္မလုံဘူးလို႔ဆိုရမလား။ ဒါေၾကာင့္လည္း အျပင္ပိုင္းကေန မခ်စ္သလိုဟန္ေဆာင္ၿပီး ဆူေငါက္ေနတာေပါ့။အခုလိုေန႕မ်ိဳးဆို သူ(မ)ပိုၿပီး စိတ္မေကာင္းျဖစ္မိသည္။
သူလည္းမိဘအရင္းေတြကိုသတိရရွာေနမွာေပါ့။သူတို႔ေပးတဲ့ေမတၱာက မိဘအရင္းေလာက္ေတာ့ဘယ္ေႏြးေထြးပါ့မလဲ
*ရွင္လည္းေမ့ေနတာမလား...*
*ဒီရက္ပိုင္း သားကိစၥေတြကိုကူညီေပးေနရတာနဲ႕ ငါလည္း လုံးလုံးကိုသတိမရတာ..*
*ဒါနဲ႕ သားငယ္တေယာက္ထဲ ထြက္သြားတာလား..*
*အင္း...*
စိတ္အားငယ္မွာစိုးလို႔အရိပ္တၾကည့္ၾကည့္နဲ႕ေစာင့္ၾကည့္ေနတာေတာင္မွ ဒီလိုေန႕မ်ိဳးကိုေမ့ျဖစ္ေအာင္ေမ့ရတယ္လို႔။ တမလြန္က ပတ္ခ္ခြၽဲမင္ကေတာ့ သူ႕ကိုအျပစ္တင္ေနမွာေသခ်ာတယ္။ဒီကေလးငယ္ကို ေစာင့္ေရွာက္ပါ့မယ္လို႔ တကိုယ္တည္းကတိေတြေပးထားခဲ့ၿပီးမွ မတည္နိုင္ခဲ့ဘူး။ငါ့ကိုခြင့္လႊတ္ပါ သူငယ္ခ်င္းရာ။သံသရာ တေကြ႕ေကြ႕မွာျပန္ဆုံခဲ့ရင္အျပစ္ေႂကြးေတြကိုေပးဆပ္မွာပါ
*သားႀကီးေရာ သိလား..*
*မသိဘူး ထင္တယ္။မနက္ကတည္းက တေယာက္ထဲအလုပ္ေတြရႈပ္ေနတာ...*
*ျပန္လာရင္ နားပူအုန္းမွာေသခ်ာတယ္..*
*ညစာကို သားငယ္ႀကိဳက္တဲ့ ဟင္းေတြအရသာရွိေအာင္ခ်က္ထားေပးလိုက္..ဘာဘဲျဖစ္ျဖစ္ ငါတို႔တာဝန္မကင္းဘူးမလား..*
*အင္းပါ...*
*ေနာက္ၿပီး သားငယ္ကိုအရမ္းႀကီးဆူတာမ်ိဳးမလုပ္ပါနဲ႕ ။နဂိုကတည္းကစိတ္အားငယ္တက္ေတာ့ ၾကာရင္စိတ္ထိခိုက္သြားလိမ့္မယ္...*
*ကြၽန္မလည္း အတက္နိုင္ဆုံးထိန္းထားပါတယ္...ရွင္ကလည္း...*
အရင္လိုခက္ထန္တဲ့စကားနဲ႕မတုန႔္ျပန္ေတာ့တဲ့ ဇနီးျဖစ္သူေၾကာင့္ ဂြၽန္ေဆာ့ၿပဳံးလိုက္မိသည္။သူတာဝန္ေက်ပါတယ္ေနာ္။
_______
*ေမေမ သားလာတယ္..*
မို႔ေမာက္ေနတဲ့ေျမႀကီးအေပၚမွာ အေရာင္မွိန္ေနၿပီျဖစ္တဲ့ေက်ာက္တိုင္တခုစိုက္ထူထားသည္။ႏွစ္ကာလၾကာျမင့္ၿပီျဖစ္လို႔ ေရညွိတခ်ိဳ႕ပါကပ္တြယ္ေနၿပီ။ထိုေက်ာက္တိုင္ေပၚမွာေတာ့ မထင္မရွားျဖစ္ေနတဲ့ ဂ်ီမင္ ေမေမရဲ႕နာမည္ကိုထြင္းထုထားသည္။
ထို႔ေနာက္ဂ်ီမင္ကလြယ္အိတ္ထဲမွာအသင့္ယူလာတဲ့ အျဖဴမည္းႏွစ္ေရာင္စပ္ျဖစ္တဲ့ မိခင္ရဲ႕ပုံကိုၾကည့္ၿပီးဂ်ီမင္ အၿပဳံးေလးနဲ႕ႏႈတ္ဆက္လိုက္သည္။
ေဖေဖနဲ႕ေမေမကိုအတူတူတြဲထားေပးတာဆိုေတာ့ ေနာင္ဘဝမွာလည္းအတူတူျပန္ဆုံေနေလာက္ပီမလား။
*ေဖေဖေရာ အခုေလာက္ဆိုေအးခ်မ္းတဲ့တေနရာမွာေရာက္ေနေရာေပါ့...*
*လြမ္းတယ္ ေဖေဖနဲ႕ေမေမ။မင္ အရမ္းသတိရတာဘဲ....*
ဓာတ္ပုံေလးကိုလက္ညိုးနဲ႕အသာယာတို႔ထိလိုက္ၿပီးေဆြးေျမ့စြာေျပာလိုက္သည္။ႏွစ္တိုင္းဆို ကိုကိုနဲ႕လာရင္လာ မဟုတ္ရင္ ေဖႀကီးနဲ႕လာေလ့ရွိသည္။သို႔ေပမယ့္ ယခုႏွစ္မွာေတာ့ သူတေယာက္ျဖစ္ေနရွာသည္။နဂိုကတည္းကအားငယ္တက္နဲ႕စိတ္ဓာတ္အခံကရွိေနေတာ့ အခုလိုေန႕မ်ိဳးမွာပိုၿပီးငိုခ်င္မိသည္။
*ဘာလို႔ မင္ကေဖေဖတို႔နဲ႕အသက္ႀကီးသြားတဲ့အထိအတူမေနရတာလဲ ဟင္...*
*ေမေမခ်က္ေကြၽးတဲ့ထမင္းနဲ႕ဟင္းေတြကိုလည္းစားခ်င္တယ္။ေမေမဖုတ္ေပးတဲ့ကိတ္မုန႔္အိအိေလးလည္းစားခ်င္တယ္။ေဖေဖ ဖြင့္ျပတဲ့ကာတြန္းကားလည္းၾကည့္ခ်င္ေသးတယ္....*
ဉာဏ္ေကာင္းလြန္းတဲ့ဂ်ီမင္ရဲ႕မွတ္ဉာဏ္ထဲ ငယ္ဘဝပုံရိပ္ေတြကအစီရီဘဲထြက္လာခဲ့သည္။ၿပီးေနာက္ ရွိုက္ငင္တာမ်ိဳးမဟုတ္ဘဲ တိတ္တဆိတ္က်လာတဲ့မ်က္ရည္ေတြ...
*ေနာက္ၿပီး ေမေမဖတ္ျပတဲ့ပုံျပင္ေလးေတြကိုလည္းနားေထာင္ခ်င္ေသးတယ္...*
*မင္ ကအရမ္းဆိုးလို႔တေယာက္ထဲထားခဲ့လား ေမေမ...*
*ဒါဆို မင့္ဆီျပန္လာနိုင္မလား။မင္ကအရင္လိုမဆိုးေတာ့ဘူး ေမေမ။အခုဆို ပန္းခ်ီလည္းေကာင္းေကာင္းဆြဲတက္ေနၿပီ...*
*ေမေမေျပာဖူးတယ္ေလ သားငယ္ေလးလိမၼာရင္ ေမေမကတသတ္လုံးမင္နဲ႕အတူတူေနသြားမယ္ဆိုၿပီးေတာ့....*
*ဘာလို႔ညာရတာလဲ...*
တေယာက္ထဲစကားေတြေျပာေနတဲ့ဂ်ီမင္က စိတ္ဆိုးေနတာမ်ိဳးမဟုတ္ဘဲ ရင္ထဲမွာၿမိဳသိပ္ထားရတဲ့စကားေတြကိုဖြင့္အံ့ထုတ္ေနတာပါ။ပုံမွန္ဆို သူကဒီေလာက္ထိစကားေတြအမ်ားႀကီးေျပာတဲ့သူမွမဟုတ္တာ။
*ဒါေပမယ့္လည္း ေမေမနဲ႕ေဖေဖ မင့္ကိုစိတ္မပူပါနဲ႕။ေဖႀကီးနဲ႕ ကိုကိုက မင့္ကိုအရမ္းခ်စ္ေပးၿပီး အလိုလည္းလိုက္တယ္ သိလား...*
*ေမႀကီးကလည္း မင့္ကိုခ်စ္ပါတယ္။တခါတေလ ဆူတာကလြဲလို႔ေပ့ါ..*
တလိမ့္လိမ့္က်ဆင္းလာတဲ့မ်က္ရည္ေတြကို လက္ျဖင့္အၾကမ္းပတမ္းသုတ္လိုက္ၿပီး တဖန္ၿပဳံးရယ္လိုက္ေသးသည္။ေမေမက သူငိုတာကိုမႀကိဳက္ဘူးေလ။ေယာက်ာ္းဆိုတာ ေခ်ာ္လဲလို႔အနာျဖစ္ရင္ေတာင္မငိုရဘူးတဲ့။ရေအာင္ျပန္ထၿပီး ဆက္ေလွ်ာက္ရမယ္တဲ့ေလ
ဒါေပမယ့္ ေမေမသိလား။မင္ ငိုတာကေပ်ာ့ညံ့လို႔ငိုတာမဟုတ္ဘဲ ေႏြးေထြးတဲ့မိဘေမတၱာကို ခဏေလးဘဲခံစားခြင့္ရလို႔ငိုတယ္ဆိုတာ ေမေမ့ကို သိေစခ်င္တယ္
*မင္ အမ်ားႀကီးေျပာလိုက္လို႔ ေမေမနဲ႕ေဖေဖ စိတ္ညစ္သြားၿပီထင္တယ္။မင္က ဆိုးလိုက္တာ ေနာ္...*
*ဘာဘဲျဖစ္ျဖစ္ အမ်ားႀကီးခ်စ္တယ္ ေမေမ..မင့္ကို တေယာက္ထဲထားခဲ့တာကို စိတ္မဆိုးပါဘူး။အကယ္၍ေနာက္ဘဝသာရွိခဲ့ရင္ ေမေမနဲ႕ေဖေဖ့တိူ႕ရဲ႕သားအျဖစ္ျပန္ၿပီးဝင္စားခ်င္ပါေသးတယ္...*
*အခုေတာ့ ေအးခ်မ္းတဲ့ဘဝသစ္မွာေပ်ာ္ေအာင္ေနပါေနာ္....*
စကားေတြမနားတမ္းေျပာလိုက္ရေတာ့ ဂ်ီမင္လည္းေမာသြားေတာ့သည္။ဒါေၾကာင့္လည္း ထိုေျမပုံေပၚကိုေခါင္းမွီကာ ခတၱမွ်ၿငိမ္သက္စြာနဲ႕ထိုင္ေနလိုက္သည္။သို႔ေပမယ့္ သူ႕ပါးျပင္ထက္ကမ်က္ရည္ေတြကေတာ့ အတားဆီးမရွိဘဲက်ဆင္းေနေတာ့သည္။ဒီတခါေတာ့ သူမသုတ္ျဖစ္ေတာ့ဘူး။
*ဟင္....!*
တေယာက္ထဲေရာက္တက္ရာရာကိုေတြးရင္း ငိုေနခ်ိန္ ဂ်ီမင္မ်က္စိေရွ႕ကိုေရာက္လာတဲ့ လက္တဖက္နဲ႕အတူ ပုဝါျဖဴေလးတခုေၾကာင့္ အာေမဍိတ္သံေလးထြက္သြားၿပီး မ်က္ရည္အ႐ြဲသားနဲ႕ဘဲ ထိုလက္ပိုင္ရွင္ကိုေမာ့ၾကည့္လိုက္သည္။
ဒီေနရာမွာလူရွိေနတာလား။သူ လာတုန္းကဘယ္သူမွမရွိပါဘူး။ဒါမွမဟုတ္သူကဘဲသတိမထားမိလို႔မ်ားလား။
ဂ်ီမင္ ေၾကာင္အမ္းၿပီးၾကည့္ေနတုန္းမွာဘဲ ထိုလက္ပိုင္ရွင္ကသူ႕အေရွ႕ကိုေဆာင့္ေၾကာင့္ေလးထိုင္ခ်လိဳက္သည္။
*မငိုနဲ႕ေတာ့....*
*ဟင္..!*
ထိုလူကဘယ္သူလဲဆိုတာသူမသိဘူး။ဒါေပမယ့္ အရမ္းၾကည့္ေကာင္းတယ္ဆိုတာကိုေတာ့ သူဝန္ခံတယ္။အသားရည္ကျဖဴၿပီးမ်က္ခုံးနက္နက္ေလးက စြဲေဆာင္မႈရွိတယ္။ေနာက္ၿပီး သူ႕ကိုၾကည့္ၿပီးၿပဳံးျပေနပုံက သူစိမ္းမဆန္ေနဘဲေႏြးေထြးတယ္လို႔ခံစားရတယ္
*အရမ္းငိုရင္ေခါင္းကိုက္လိမ့္မယ္ မငိုနဲ႕ေတာ့ ေနာ္...*
*ဟုတ္..*
ဘာေၾကာင့္မွန္းမသိ ဂ်ီမင္ရင္ထဲတမ်ိဳးတမည္ခံစားခ်က္ဝင္လာသည္။ကိုကိုၿပီးရင္ သူစိမ္းတေယာက္ကို အခုလိုအသာတၾကည္လက္ခံစကားေျပာမိတာ ပထမဆုံးဘဲ။
ဂ်ီမင္လည္းထိုလူကမ္းေပးလာတဲ့ပုဝါကိုယူလုိက္ၿပီးမ်က္ရည္ေတြကိုသုတ္လိုက္သည္
*ေက်းဇူးတင္ပါတယ္...*
*ရပါတယ္ *
* ပုဝါအသစ္တခုကို မင္ ျပန္ေပးပါ့မယ္ ေနာ္...*
*ယူထားလိုက္ပါ ခင္မင္တဲ့အေနနဲ႕ေပါ့..*
*မဟုတ္တာဘဲ မင္ ျပန္ေပးပါရေစ...*
ဘယ္သူ႕ဆီက ဘာပစၥည္းမွအလကားမယူဖို႔ ကိုကိုကမွာထားတာေၾကာင့္ ဂ်ီမင္ျငင္းလိုက္သည္။ထိုအခါ သူစိမ္းကသူ႕ကိုခပ္ေရးေရးေလးၿပဳံးၿပီးစိုက္ၾကည့္ေနသည္။
*နာမည္က မင္တဲ့လား..*
*ဟင္..!*
*ခ်စ္စရာေလး...*
အဲလက္စတာ တေယာက္သေဘာတက်ဘဲၿပဳံးမိသြားသည္။မ်က္ရည္ၾကည္ေတြလဲ့ေနတဲ့ ဒီေကာင္ေလးက ဘာလို႔ခ်စ္စရာေကာင္းေနရတာလဲ။သူ သိပ္အသဲယားတာဘဲ။ပါးေဖာင္းေဖာင္းေလးကို ဖ်စ္ညွစ္ပစ္လိုက္ရင္ ငိုသြားမယ္ထင္တယ္
*ကိုယ့္နာမည္က အဲလက္စတာပါ။ဒီေန႕က အကို႔ေမေမရဲ႕ႏွစ္ပတ္လည္ေန႕ေလ....*
အဲလက္ကထိုသို႔ေျပာလိုက္ေတာ့ အေရွ႕ကပါပီေပါက္ေလးလိုေကာင္ေလးက အံ့အားသင့္သလိုျဖင့္ျပဴးၿပီးၾကည့္ေနသည္။
*ဘာလို႔ ျပဴးၿပီးၾကည့္ေနတာလဲ..*
*မဟုတ္ပါဘူး.!*
ဒီတခါေတာ့ အဲလက္ မရယ္ဘဲမေနနိုင္ေတာ့ဘူး။သူ႕မ်က္ႏွာကိုမၾကည့္ေတာ့ဘဲ ခ်က္ခ်င္းအၾကည့္လႊဲသြားပုံက သူခိုးလူမိသလိုဘဲ
*နာမည္ေျပာအုန္းေလ..မင္ တလုံးထဲလား....*
*ဂ်ီမင္ ပတ္ခ္ဂ်ီမင္ ပါ...*
*လွတယ္..လူေရာ နာမည္ေရာ...*
အဲလက္အေျပာေၾကာင့္ ဂ်ီမင္မ်က္ႏွာေလးရဲတက္သြားသည္။အဲလိုဒဲ့တိုးႀကီးေျပာရသလား။
*ဟို ဒီက အဲ...*
*အဲလက္စတာ..အဲလက္လို႔ဘဲေခၚပါ..*
*ဟုတ္ကဲ့ အဲလက္က မင့္ကိုသိလို႔လား ဟင္..*
*မသိဘူးေလ..*
*ဟမ္..!*
နာမည္ပါေျပာျပေနေတာ့ သူကိုမ်ားသိသလားဆိုၿပီးဂ်ီမင္ ေတြးမိသြားတာ။ဒါမွမဟုတ္ ကိုကို ရဲ႕မိတ္ေဆြလားေပါ့။အခုေတာ့ မသိဘဲနဲ႕ သူ႕နာမည္ပါေျပာမိသြားၿပီ။
*ကိုယ္လာေတာ့ ငိုသံၾကားမိလို႔လိုက္ရွာေနတုန္း ဂ်ီမင္ကိုေတြ႕တာဘဲ...*
*အာ..~~*
အဲလစ္က ဂ်ီမင္ရဲ႕ဆံပင္ကိုဆြဲဖြလိုက္ေတာ့ ပန္းေရာင္သန္းသြားတဲ့ဂ်ီမင္ မ်က္ႏွာေလးကိုျမင္ျဖစ္ေအာင္ျမင္လိုက္ေသးသည္။ဒီေကာင္ေလးက ေယာက်ာ္းတေယာက္ဆိုေပမယ့္ ခ်စ္စရာေကာင္းၿပီးတခ်ိန္ထဲမွာဘဲ လွတယ္လို႔သူ သုံးႏႈန္းရလိမ့္မယ္။
အေနာက္နိုင္ငံေတြကို လည္ပတ္ၿပီးမွတ္တမ္းတင္ေနတဲ့ အဲလက္ တေယာက္ဂ်ီမင္နဲ႕ေတြ႕မွဘဲ ၿငိမ္သက္ေနတဲ့ႏွလုံးသားေလးကလႈပ္ခါရမ္းလာေတာ့တယ္။
*ဒါနဲ႕ ဒီေန႕က အဲလက္ ေမေမရဲ႕ႏွစ္ပတ္လည္ေန႕ဆိုၿပီးေျပာလိုက္တာလား...*
*အင္း..ဟုတ္တယ္ေလ..*
*ကိုယ္ တျခားနိုင္ငံေရာက္ေနတုန္း ေမေမဆုံးသြားခဲ့တာ။ဈာပနပြဲေတာင္မမွီလိုက္ဘူးေလ။ေရွ႕ႏွစ္ေနာက္ေလာက္ကပါ....*
*ဪ....!*
သူ႕လိုဘဲဝမ္းနည္းရိပ္ေယာင္သန္းေနတဲ့ အဲလက္ မ်က္ဝန္းကိုၾကည့္ၿပီး ဂ်ီမင္ စိတ္မေကာင္းျဖစ္မိသည္။ခံစားခ်က္ျခင္းတူေနေတာ့ ကိုယ္ခ်င္းစာတက္တယ္ေလ။ဒါေပမယ့္ အဲလက္ကသူ႕ထက္စာရင္ေတာ္ပါေသးတယ္။ဖခင္တေယာက္က်န္ေသးတယ္မဟုတ္လား
*ထူးဆန္းတယ္ ေနာ္..*
*ဘာကိုလဲ..*
႐ုတ္တရက္ဆန္စြာ အဲလက္ကထေျပာေတာ့ ဂ်ီမင္လည္းျပန္ေမးလိုက္သည္။ထိုအခါ အဲလက္ကသူ႕မ်က္ဝန္းကိုစိုက္ၾကည့္ၿပီး ၿပဳံးျပလာသည္
*ဂ်ီမင္ မိဘေတြနဲ႕ႏွစ္ပတ္လည္ေန႕ခ်င္းတူေနတယ္ေလ....*
*အယ္..ဟုတ္သားဘဲ ေနာ္...တိုက္ဆိုင္လိုက္တာ..*
*ဒါကကံၾကမၼာမ်ားလား..*
အဲလက္ရဲ့အဆက္စပ္မရွိတဲ့စကားေတြေၾကာင့္ ဂ်ီမင္ ဦးေႏွာက္ကိုအလုပ္ေပးရေတာ့သည္။သူကဘဲ ဉာဏ္မမွီတာလား အဲလက္ကဘဲ ဉာဏ္ေကာင္းေနတာလား
*ဟို တခုေလာက္ေမးလို႔ရမလား အဲလက္..*
*ေမးေလ..*
အမွန္ဆို အဲလက္ကဂ်ီမင္ထက္ႀကီးပါတယ္။သို႔ေပမယ့္ ဂ်ီမင္ဆီက တရိုတေသနဲ႕ေခၚတာထက္စာရင္ အခုလိုနာမည္ဘဲအေခၚခံရတာသေဘာက်တယ္။
*အဲလက္က ဒီမွာေနတာလား..*
*အင္း...ဒီမွာေနတယ္ ဒါေပမယ့္ မေနဘူး..*
*ဟာ..~~~အဲလက္ စကားႀကီးကလဲ ဘယ္လိုမွန္းမသိဘူး...*
သူ႕စကားကိုနားမလည္တဲ့ဂ်ီမင္က ဆူပုတ္ပုတ္ေလးေျပာလာေတာ့ အဲလက္ အသံထြက္သည္အထိ ရယ္လိုက္သည္ ။ဘယ္လိုေကာင္ေလးပါလိမ့္။စကားေျပာတာေလးကအစ ခ်စ္ဖို႔ေကာင္းတယ္။
*အရင္ကေတာ့ဒီမွာေနတယ္ေလ ေက်ာင္းၿပီးသြားေတာ့ အေနာက္နိုင္ငံေတြကိုအလည္ထြက္ၿပီး မွတ္တမ္းတင္တယ္...*
*အဲတာေၾကာင့္ ဒီမွာသိပ္မေနျဖစ္ေတာ့တာ..ရွင္းၿပီလား..*
*အဲလိုကို...~~~~ဒါဆို အဲလက္ကခ်မ္းသာတာဘဲ..*
*ဘာလို႔လဲ...*
*ဥေရာပနိုင္ငံေတြကိုသြားဖို႔ဆိုတာလြယ္တာမွမဟုတ္တာ မင္ လည္းတခါတေလေတြးမိတယ္ အဲလိုေလးခရီးထြက္မလားလို႔ေလ ..*
*ဂ်ီမင္ ဆႏၵရွိရင္ ကိုယ္ေခၚသြားနိုင္ပါတယ္...*
*တကယ္လား.!*
*ဒါေပါ့ ကိုယ္ကညာစရာလား..*
တေယာက္ထဲအားငယ္ၿပီးဝမ္းနည္းေနမယ္လို႔ထင္ထားေပမယ့္ အခုလိုေလးအဲလက္ ကအေဖာ္ျပဳၿပီးစကားလာေျပာေပးေတာ့ ဂ်ီမင္ စိတ္ထဲေပ်ာ္႐ႊင္လာခဲ့တယ္။သူစိမ္းတေယာက္ကို ယုံၾကည္မိတာကလည္း ပထမဆုံးဘဲ။ကိုကို သိရင္ေတာ့ အဆူခံရမွာေသခ်ာတယ္။
*ဂ်ီမင္ကေရာ ဘာအလုပ္လုပ္လဲ....*
အုတ္ဂူေတြနဲ႕မနီးမေဝးမွာ တစ္ပင္ထဲထီးထီးႀကီးရွိေနတဲ့ ကုကၠိဳပင္ တပင္ရွိသည္။အရိပ္အာဝါသေကာင္းၿပီး အပင္ကလည္းအုံဆိုင္းေနတာေၾကာင့္ နည္းနည္းေတာ့ေျခာက္ျခားစကာေကာင္းသည္။ဂ်ီမင္နဲ႕ အဲလက္လည္းထိုအပင္ေအာက္မွာထိုင္ကာ စကား စျမည္ေျပာေနၾကသည္။
*မင္ကပန္းခ်ီဆြဲတယ္ေလ...*
*ပန္းခ်ီဆရာေလးေပါ့..*
*အဲေလာက္ထိမဟုတ္ေသးပါဘူး...*
*ဘာဘဲျဖစ္ျဖစ္ ဆြဲတက္တယ္ဆိုကတည္းကေတာ္တာဘဲေလ။ကိုယ္ဆို ပန္းပြင့္ပုံေတာက္ေသခ်ာမဆြဲတက္ဘူး..*
*အဲလက္ကလည္း ျမႇောက္ေနျပန္ပါပီ...*
*အတည္ေျပာတာ..*
အခ်ိန္ကေနမြန္းတည့္ကိုေရာက္လာခဲ့သည္။ဗိုက္ကလည္းဆာေလာင္လာေတာ့ ဂ်ီမင္ မ်က္ႏွာေလးရႈံ႕တြလာသည္။ဒါကိုရိပ္မိတဲ့ အဲလက္ကေတာ့ တေယာက္ထဲေခါင္းရမ္းလိုက္ၿပီးၿပဳံးလိုက္သည္။
*အခ်ိန္လည္းမနည္းေတာ့ဘူးဆိုေတာ့ ကိုယ္တို႔ျပန္ၾကမလား ဂ်ီမင္....*
*အဲလိုလုပ္ၾကတာေပါ့....*
*ဂ်ီမင္ ဗိုက္ဆာေနၿပီလား.*
*ဟီး...ဟုတ္တယ္...*
ပြင့္ပြင့္လင္းလင္းေျဖလာတဲ့ ဂ်ီမင္ကိုအဲလက္ အေတာ္ေလးသေဘာက်ေနခဲ့သည္။ကိုယ့္ကို ဒီေလာက္ဘဲျပဳစားပါလား ကေလးငယ္။ၾကာရင္ ကိုယ္မင္းရဲ႕အၿပဳံးေတြကိုစြဲလမ္းေနလို႔ ႐ူးသြားနိုင္တယ္။
*ဟို..အဲလက္..*
*အင္း....ဘာျဖစ္လို႔လဲ...*
*မင္ ျပန္ေတာ့မယ္ ေနာ္ ။မင္ တို႔ဒီကေနဘဲ လမ္းခြဲၾကတာေပါ့...*
*ဒီေန႕အတြက္ အဲလက္ကိုေက်းဇူးတင္ပါတယ္။မင့္ကိုအေဖာ္ျပဳေပးလို႔..*
*ကိုယ္ကလည္းျပန္ၿပီးေက်းဇူးတင္ပါတယ္။ဂ်ီမင္ ေၾကာင့္ကိုယ္စိတ္ေပ်ာ္ရတယ္..*
တေယာက္မ်က္ႏွာတေယာက္စိုက္ၾကည့္ရင္း ေက်းဇူးတင္စကားဆိုေနၾကတဲ့ ဂ်ီမင္တို႔ကပတ္ဝန္းက်င္ကိုေခတၱေမ့သြားတယ္။စကၠန႔္ပိုင္းေလာက္ၾကာမွ အသိျပန္ဝင္လာၿပီး ဂ်ီမင္ကဘဲဦးစြာ မ်က္ႏွာလႊဲလိုက္သည္။
*ဒါဆို ခြင့္ျပဳပါအုန္း အဲလက္..*
*ကိုယ္လိုက္ပို႔ေပးပါရေစ..*
*ရပါတယ္ မင့္ဘာသာဘဲျပန္လိုက္ပါ့မယ္...*
*ခင္မင္တဲ့အထိမ္းမွတ္ေနနဲ႕ ကိုယ္တို႔တခုခုစားၾကရေအာင္ေလ...*
ဂ်ီမင္ကလွည့္ထြက္ဖို႔ျပင္လိုက္ေတာ့ အဲလက္က ေလသံေဖ်ာ့ေဖ်ာ့ေလးနဲ႕ေတာင္းဆိုလာတယ္။ေနာက္ၿပီး မွိုင္းညွို႔ေနတဲ့ အဲလက္ မ်က္ဝန္းေတြကသူ႕ကိုဆြဲငင္ေနသလိုဘဲ။ဒီတခါလည္း အဲလက္ ရဲ႕ေတာင္းဆိုမႈကို ဂ်ီမင္မျငင္းဝံ့ေတာ့ဘဲ လက္ခံလိုက္ရတယ္။
သူဘာေတြလုပ္မိေနသလဲဆိုတာ ကိုယ္တိုင္ေတာင္စဥ္းစားမရေတာ့ဘူး။အခုမွေတြ႕ဖူးတဲ့လူတေယာက္ကို ယုံၾကည္သင့္ရဲ႕လား။ဥိီးေႏွာက္ကေတြးေနေပမယ့္ လက္ေတြ႕မွာေတာ့ အဲလက္ ေခၚေဆာင္ရာေနာက္ကို လိုက္ပါလာခဲ့သည္။
*တက္ပါ..*
*ဟုတ္..*
အသင့္ရပ္ထားတဲ့ဂ်စ္ကားေပၚကိုတက္ဖို႔အဲလက္က တံခါးဖြင့္ေပးကာ လက္တဖက္ကကလည္းကားေဘာင္ကို သူ႕ေခါင္းနဲ႕မတိုက္မိေအာင္ကာထားေပးသည္။လူႀကီးဆန္တဲ့ အျပဳမႈဘဲ
*ကိုယ္တို႔ ၿမိဳ႕ထဲသြားၿပီး ကိတ္မုန႔္ပူပူေလးသြားစားၾကမလား..*
*ဟုတ္..သြားၾကတာေပါ့...*
အိမ္မွာဆို ကေလးလိုမ်ိဳး တေယာက္ထဲ ဟိုဒီမသြားရဲတဲ့ဂ်ီမင္က အခုေတာ့ေပ်ာ္႐ႊင္စြာနဲ႕ဘဲ အဲလက္စကားကိုေထာက္ခံလိုက္သည္။ျဖတ္ေက်ာ္လာတဲ့ လမ္းတေလွ်ာက္ကိုကားထဲကေနေငးေမာေနတဲ့ ဂ်ီမင္ကို ကားေမာင္းေနတဲ့ အဲလက္ကလည္း အရိပ္တၾကည့္ၾကည့္နဲ႕ရွိေနခဲ့သည္။ျမင္ျမင္ခ်င္းစြဲလမ္းမိသြားတာ သူမမွားဘူးထင္တယ္။သူ႕ေနရာမွာ တျခားသူဆိုလည္းဒီလိုျဖစ္မိ
မွာဘဲေလ။
ဥေရာပနိုင္ငံေတာ္ေတာ္မ်ားမ်ားကိုခရီးထြက္ဖူးတာေၾကာင့္ လိင္တူခ်င္းခ်စ္ႀကိဳက္တာကို အဲလက္ ျမင္ဖူးသည္။အစပိုင္းကေတာ့ အနည္းငယ္ရႈံ႕ခ်မိတာေပါ့။သေဘာလည္းမက်ဘဴးေလ။အဲလိုလူမ်ိဳးေတြနဲ႕ေတြ႕ရင္လည္း ေရွာင္ဖယ္သြားတက္သည္။အခုေတာ့ သူကိုယ္ခ်င္းစာတက္ၿပီထင္တယ္။အခ်စ္မွာ က်ား၊မ မခြဲျခားဘဲခ်စ္လိူ႕ရတယ္ဆိုတာ သူသေဘာေပါက္သြားၿပီ
*ေရာက္ပါၿပီ ဗ်ာ့..*
*ေက်းဇူးပါ..*
ၿမိဳ႕ထဲေရာက္ေတာ့ ဆူညံေနတဲ့လူအုပ္ႀကီးရယ္၊ျမင္းလွည္းသံတညံညံနဲ႕ ဂ်စ္ကားသံကိုလည္းၾကားနိုင္ပါေသးတယ္။စည္ကားေနတဲ့ လူအုပ္ႀကီးကို ၾကည့္ၿပီး ဂ်ီမင္ တပတ္လည္သည္အထိ ေငးၾကည့္လိုက္သည္။
*ဆိုင္ထဲဝင္မယ္ေလ...*
*ဟင္..!*
*ဘာေတြေငးေနတာလဲ..ဗိုက္ဆာေနၿပီမဟုတ္လား...*
အဲလက္ကသူ႕လက္ကိုဆြဲကာ ေပါင္မုန႔္ဆိုင္ထဲကိုေခၚလာခဲ့သည္။ဆိုင္ထဲဝင္လာတာနဲ႕ ရနံ႕သင္းတဲ့ေပါင္မုန႔္အနံ႕က ဂ်ီမင္ ႏွာေခါင္းကို က်ယ္စယ္လာသည္။ေမေမ့ လက္ရာအတိုင္းဘဲ။ေမႊးလိုက္တာ
*ဒီဆိုင္က ကိုယ္ငယ္ငယ္ေလးကတည္းစားေနက်.. လက္ရာကအရမ္းေကာင္းတယ္...*
*ဟုတ္လား..*
*အင္း....*
ထမင္းစားခ်ိန္ဆိုေပမယ့္ အဲလက္က ဆိုင္ထမင္းေတြစားေလ့မရွိတာေၾကာင့္ ခဏတာအဆာေျပဖို႔ရာ ေပါင္မုန႔္ဆိုင္ကိုေ႐ြးလိုက္တာပါ။ေနာက္ၿပီး ဂ်ီမင္ကိုလည္းအိမ္မျပန္ေစခ်င္ေသးတာေၾကာင့္ အခ်ိန္ဆြဲထားတာလည္းပါမွာေပါ့။သူ ဂ်ီမင္နဲ႕စကားအၾကာႀကီးေျပာခ်င္ေသးတယ္။
*မလာတာအေတာ္ၾကာၿပီေနာ္ သူေဌးေလး...*
*ဟုတ္တယ္ ဗ်ာ့။ေရွ႕တပတ္ကမွ ျပန္ေရာက္လာလို႔ေလ...*
*ဒါနဲ႕ ဒီဘက္ကေကာင္ေလးကိုတေနရာမွာျမင္ဖူးသလိုဘဲ..*
*ဗ်ာ.!*
မိနစ္အနည္းငယ္ၾကာေတာ့ ဆိုင္ရွင္ကေပါင္မုန႔္ႏွစ္လုံးနဲ႕ နို႔ႏွစ္ခြက္ကိုယူလာေပးသည္။အေငြ႕တေထာငိးေထာင္းထေနတဲ့ နို႔ခြက္နဲ႕အတူ အနံ႕ေမႊးတဲ့ ေပါင္မုန႔္ဆီကို စိတ္ေရာက္ေနတုန္း ဂ်ီမင္ကို ေမးလာေတာ့ ေခါင္းေထာင္ကာ မ်က္လုံးေလးျပဴးၿပီးၾကည့္ေနလိုက္သည္။သူ႕ကိုသိတဲ့သူကရွိေသးတာလား။
*ဘယ္ေနရာမွာပါလိမ့္..*
ဆိုင္ရွင္ႀကီးကေခါင္းကုတ္ကာစဥ္းစားဟန္ျပဳေတာ့ အဲလက္ကရယ္သည္။ၿပီးေနာက္ သူ႕ကိုစား
ဖို႔အသံတိတ္နဲ႕ေမးဆက္ျပသည္။ထို႔ေၾကာင့္ ဂ်ီမင္လည္း ဘာမွေျပာမေနေတာ့ဘဲ ဆာေလာင္တဲ့ဗိုက္ကိုျဖည့္တင္းလိုက္ေတာ့သည္။
*သိၿပီ.!*
*အဟြတ္.!ဟြတ္.!*
*အဆင္ေျပရဲ႕လား..*
*ဟုတ္..ရပါတယ္*
နို႔ပူပူကိုမႈတ္ေသာက္ေနတုန္း ထေအာ္လာတဲ့ဆိုင္ရွင္ေၾကာင့္ ဂ်ီမင္ ခမ်ာသီးသြားရသည္။အဲလက္ကေတာ့ ဖိတ္စင္သြားတဲ့နို႔ေတြကို လက္ကိုင္ပုဝါျဖင့္အသာယာသုတ္ေပးလာသည္။
*အေဒၚႀကီးကလည္းအလန႔္တၾကားနဲ႕ ဘာျဖစ္ေနတာလဲ..*
*သတိရသြားလို႔ပါ သူေဌးေလးရယ္..*
*ဒါဆိုလည္းေနာက္မွေျပာပါလား ဒီမွာစားေနတာကို..*
*ဟို..ေတာင္းပန္ပါတယ္ သူေဌး..ဒါဆို အရသာရွိရွိသုံးေဆာင္ၾကပါအုန္း..*
အဲလက္ကေလသံမာမာနဲ႕ေျပာလိုက္ေတာ့ ထိုအမ်ိဳးသမီးကခ်က္ခ်င္းဘဲေခါင္းငုံ႕ကာ ထြက္သြားေတာ့သည္။ေနာက္ၿပီး အဲလက္ကိုေခၚပုံက သူေဌးေလးတဲ့။
စကားတခြန္းနဲ႕တင္ေၾကာက္သြားတာဆိုေတာ့ အဲလက္ကေတာ္႐ုံမဟုတ္ဘူးဆိုတာ ဂ်ီမင္ သိလိုက္သည္။ခ်မ္းသာတဲ့အသိုင္းဝိုင္းထဲကသူမဟုတ္ရင္ ရာထူးအာဏာႀကီးတဲ့သူဘဲျဖစ္ရမယ္။
*စားလို႔ေကာင္းရဲ႕လား..*
*ေကာင္းပါတယ္...*
*ဂ်ီမင္ႀကိဳက္ရင္ ေနာက္တခါထပ္လာစားၾကမယ္ ေနာ္....*
*ဟုတ္ကဲ့..*
ထို႔ေနာက္ဘာစကားမွမဆိုျဖစ္ၾကေတာ့ဘဲ တိတ္ဆိတ္စြာစားေသာက္ၿပီးသြားေတာ့ ျပန္ဖို႔လုပ္လိုက္သည္။ကိုကို ျပန္မေရာက္ခင္ သူအရင္ေရာက္မွရမွာေလ။မဟုတ္ရင္ အလုပ္သမားေတြေရာ သူပါ အဆူခံရမွာ။
*အိမ္ထိလိုက္ပို႔ေပးမွာမ်ဳ႕ ကိုယ့္ကိုလိပ္စာေျပာပါ..*
*မဟုတ္တာဘဲ အဲလက္ ရယ္။အခုေတာင္ ေက်းဇူးတင္ေနပါၿပီ။မင့္ ဘာသာဘဲျပန္လိုက္ပါ့မယ္ ေနာ္...*
*ကိုယ့္ကိုမိတ္ေဆြတေယာက္လိုသေဘာထားရင္ မျငင္းပါနဲ႕လား..*
*ဒါေပမယ့္..*
*ေနာ္ ..ကိုယ္ေတာင္းဆိုတာပါ..*
ဒီတခါလည္းဂ်ီမင္အရႈံးေပးလိုက္ရျပန္သည္။အိမ္ျပန္လမ္းတေလွ်ာက္ကိုေတာ့ ဂ်ီမင္ ဘာစကားမွနေျပာေတာ့ေခ်။အဲလက္ကို ယုံၾကည္သင့္ရဲ႕လားဆိုတာ သူေတြးေနမိသည္ ။အကယ္၍
လူေကာင္းမဟုတ္ဘူးဆိုရင္ေရာ။
ဂ်ီမင္ ေတြးရင္ထိတ္လန႔္လာသည္။အျပစ္လုပ္ထားသလိုမ်ိဳးေၾကာက္လန႔္လာၿပီး လက္ဖ်ားေတြေတာင္ေအးစက္လာသည္။လက္ညိုးထိပ္ေလးကိုသြားျဖင့္တတိတိကိုက္ကာ စဥ္းစားခန္းဖြင့္ေနတုန္း ကားရပ္သြားတာေၾကာင့္ အေတြးလည္းျပတ္ေတာက္သြားသည္။
*ေရာက္ၿပီေလ...*
*အာ....မင္ သတိလြတ္သြားတယ္။ေတာင္းပန္ပါတယ္ အဲလက္...*
*ကိုယ္နားလည္ပါတယ္။ဂ်ီမင္ဘာေတြးေနသလဲဆိုတာ ကိုယ္သိတယ္....*
*ဟင္..*
*ကိုယ္ကဂ်ီမင္ကိုထိခိုက္နစ္နာေအာင္လုပ္မယ့္သူမ်ိဳးမဟုတ္ဘူးဆိုတာကိုေတာ့ ယုံေပးပါ...*
*ဟို..မင္ အဲလိုမေတြးပါဘူး..*
ဂ်ီမင္မုသားဆိုလိုက္တယ္။အဲလက္ေျပာတာအမွန္မို႔ သူလန႔္သြားခဲ့တယ္။အၾကားျမင္ရေနတာမ်ားလား။သူ႕အေတြးကိုသိေနတာ
*ကိုယ့္ကိုယုံၾကည့္လို႔ရပါတယ္..*
*ဟုတ္ကဲ့ပါ...ဒီေန႕အတြက္ အဲလက္ကိုေက်းဇူးတင္ပါတယ္...*
*ဒါဆို ေကာငိးေကာင္းျပန္ပါ အဲလက္။ေနာက္ျပန္ဆုံခ်င္ပါေသးတယ္..*
*အင္း..ကိုယ္ေရာဘဲ..*
ခပ္သြက္သြက္ေလးႏႈတ္ဆက္ကာ ၿခံထဲေျပးဝင္သြားတဲ့ ဂ်ီမင္ကိုၾကည့္ၿပီး အဲလက္ ရင္ဘက္ကိုဖိကိုင္ထားလိုက္တယ္။တဒုန္းဒုန္းနဲ႕ျမည္ဟည္းေနတဲ့ သူ႕ႏွလုံးခုန္သံက ျမင္းအေကာင္ေရမ်ားစြာ ကခုန္ေပါက္ေနတဲ့ အတိုင္းဘဲ။
ေတာ္ေသးတာေပါ့ ဂ်ီမင္မရိပ္မိသြားလို႔ ။သူ႕အျဖစ္ကအခုမွဆယ္ေက်ာ္သက္ေလးစိတ္ကစားေနသလိူဘဲ။သူ႕ကိုျပဳစားသြားတဲ့ ဂ်ီမင္ကေတာ့ ဘာမွသိမွာမဟုတ္ပါဘူး။အရမ္းကိုရိုးစင္းလြန္းတယ္။
စကၠန႔္အနည္းငယ္ေလာက္ၾကာသည္အထိ ဂ်ီမင္တို႔အိမ္ေရွ႕မွာရပ္ၾကည့္ေနလိုက္ၿပီးေနာက္ ျပန္လာခဲ့လိုက္သည္။ၿခံထဲကေန သူ႕ကိုစူးစိုက္စြာၾကည့္ေနတဲ့ ၿခံေစာင့္ဦးေလးႀကီးေၾကာင့္ အဲလက္ ၾကက္သီးေတာင္ထသြားသည္။ထိူ႕ေၾကာင့္ အလ်င္ျမန္ဘဲကားကိုေမာင္းထြက္လာဲ့ေတာ့သည္။
_______
*ကိုကို..!*
ၿခံထဲကိုဝင္လာကတည္းကၿခံေစာင့္ဦးေလးရဲ႕ၿငိဳးငယ္တဲ့အၾကည့္နဲ႕အတူအလုပ္သမားတခ်ိဳ႕ကပါ သူ႕ကိုမၾကည့္ဘဲေခါင္းငုံ႕ၿပီးလုပ္စရာရွိတာဆက္လုပ္ေနတာကို ဂ်ီမင္သတိထားမိတယ္။မေကာင္းတာတခုခု ခံစားလိုက္ရတာမို႔ ခ်က္ခ်င္းဘဲအိမ္မႀကီးဆီဦးတည္ၿပီး သြားလိုက္ေတာ့ အိမ္အေပါက္ဝမွာမ်က္ႏွာတည္ရပ္ေနတဲ့ကိုကို႔ ကိုေတြ႕ေတာ့ ဂ်ီမင္ကိုယ္ရွိန္သတ္လိုက္သည္။
သူအဆူခံရေတာ့မွာလား ။မဝံ့မရဲေလး ကို႔ကို ကိုၾကည့္လိုက္ေတာ့ သူ႕အၾကည့္ကိုေရွာင္ဖယ္သြားတဲ့ ကိုကိုက အိမ္ေပၚကိုေျခေဆာင့္ကာ တက္သြားေတာ့သည္။
*သားငယ္..!*
*မင္ အဆူခံရေတာ့မယ္ ေဖႀကီး..*
တေယာက္ထဲရပ္က်န္ေနခဲ့တဲ့ ဂ်ီမင္က အိမ္ထဲကထြက္လာတဲ့ေဖႀကီးကိုျမင္ေတာ့ မ်က္ႏွာေလးရႈံ႕မဲ့ကာ ဆိုလိုက္သည္။ထိုအခါ ေဖႀကီးကရယ္သည္။
ေဂ်ာင္ဂုလား ဒီကေလးကိုဆူမွာ။သူ ျပန္လာခ်င္း ကေလးကိုမေတြ႕လို႔တအိမ္လုံးပတ္ရွာၿပီးကာမွ အလုပ္သမားေတြရဲ႕ေျပာစကားေၾကာင့္ စိတ္မေကာင္းျဖစ္သြားၿပီး တေယာက္ထဲစိတ္တိုေနတာထင္ပါရဲ႕
*လိုက္သြားၿပီး ေခ်ာ့လိုက္ေလ..*
*ဟုတ္..*
ကုတ္ကုက္ကေလး အိမ္ေပၚကိုတက္သြားတဲ့ဂ်ီမင္ကိုၾကည့္ၿပီး ဂြၽန္ေဆာ့ ၿပဳံးလိုက္မိသည္။
*ကိုကို..!မင္ ဝင္လာမယ္ ေနာ္..*
အေပၚထပ္ကိုေရာက္ေတာ့ ခ်က္ခ်င္းမဝင္ေသးဘဲ အရင္ဆုံးအသက္ကိုဝဝရႈလိုက္သည္။ၿပီးေနာက္ ေလပူတခ်က္မႈတ္ထုတ္ကာ ကိုကို႔ အခန္းတံခါးကို ေခါက္လိုက္ၿပီးအသံျပဳလိုက္သည္။
*ကိုကို..*
အခန္းထဲကိုေရာက္ေတာ့ ကိုကိုက သူ႕ကိုမၾကည့္ဘဲ ျပတင္းေပါက္ဘက္ကိုမ်က္ႏွာမူထားသည္။ဒီလိုအေျခေနကို သူသေဘာမက်ဘဴး။ကိုကို စကားမေျပာရင္ သူမေနနိုင္ဘူး။
*မင့္ကိုစိတ္မဆိုးပါနဲ႕ ေနာ္...*
*ဘာလို႔မေျပာတာလဲ..!*
*ဟင္..*
ေဂ်ာင္ဂုအနားကိုဆက္မလွမ္းေတာ့ဘဲ တံခါးနားမွာၿငိမ္ၿငိမ္ေလးရပ္ေနတဲ့ ဂ်ီမင္ကေခါင္းကိုလည္းၾကမ္းျပင္ေပါက္ထြက္မတက္ ငုံ႕ထားလိုက္သည္။ထို႔ေနာက္ တိုးညွင္းညွင္းေလးစကားဆိုလိုက္ေတာ့ ကိုကို႔ဆီကခြန္းတုန႔္သံကိုၾကားရသည္ ။ခ်က္ခ်င္းဘဲ ေမာ့ၾကည့္လိုက္ေတာ့ သူ႕အနားကိုေလအလ်င္လိုေရာက္လာတဲ့ ကိုကိုက သူ႕အထင္မမွားဘူးဆိုရင္ ဝမ္းနည္းရိပ္ေယာင္ေတြ႕ေနရတယ္။
*ဘာလို႔ ကိုကို႔ ကိုမေျပာဘဲ တေယာက္ထဲသြားရတာလဲ..*
*ကိုကို ဘယ္ေလာက္စိတ္ပူေနလဲဆိုတာ ကေလးငယ္ သိရဲ႕လား..*
*ဟမ္.!ဒါမွမဟုတ္ အလုပ္သမားတေယာက္ကို အေဖာ္ေခၚသြားလို႔ရရဲ႕သားနဲ႕ ဘာလို႔တေယာက္ထဲသြားရတာလဲ...*
*မင္းအရမ္းဆိုတာဘဲ ကေလးငယ္ ရယ္..*
*မင္ ေတာင္းပန္ပါတယ္ ကိုကို..*
ေဂ်ာင္ဂုစိတ္တိုေနတာမဟုတ္ဘူး။တေယာက္ထဲယူႀကဳံးမရျဖစ္ေနတာ။အလုပ္ေတြမအားတာနဲ႕ဘဲ ကေလးငယ္ရဲ႕အေရးႀကီးတဲ့ကိစၥေတြကို သတိေမ့ေနခဲ့တာ။အၿမဲတမ္းတေယာက္ထဲ ႀကိတ္ခံစားတက္တဲ့ ကေလးမို႔ သူပိုၿပီးစိတ္မေကာင္းျဖစ္မိတယ္ ။သူ ကေလးငယ္ကို ေကာင္းေကာင္းမေစာင့္ေရွာက္ေပးနိုင္ေသးပါလားဆိုတဲ့ စိတ္နဲ႕ကိုယ့္ကိုကိုယ္အျပစ္တင္မိတယ္။
အိမ္ေရာက္တာေတာင္မွသူမ်ားေျပာမွသတိရတဲ့အျဖစ္။ဒါေၾကာင့္ မနက္က ,ကေလးငယ္မ်က္ႏွာေလးဆူပုတ္ေနတာကို။သူ သိပ္ညံ့တာဘဲ
*မဟုတ္ဘူး..ကိုကိုကသာေတာင္းပန္ရမွာ.*
*အေရးႀကီးတဲ့ေန႕မွ ကိုကိုလည္းအလုပ္ေတြရႈပ္ရတယ္လို႔..*
*တေယာက္ထဲဘယ္ေလာက္ေတာင္သြားငိုလာခဲ့လည္း ဟမ္..!*
*မင္ မငိုပါဘူး ကိုကို..*
*မညာတက္ဘဲနဲ႕ ကေလးရယ္။ကိုကို႔ကို စိတ္ဆိုးလို႔ရပါတယ္။ကိုကို ကတကယ္အသုံးမက်တာဘဲ..*
ကိုကို႔ကေလသံမာမာနဲ႕ ေျပာလာေတာ့ အဆူခံရၿပီလို႔ ဂ်ီမင္ ေတြ႕လိုက္တာ။အမွတ္ေတာ့ ကိုကိုကစိတ္မေကာင္းျဖစ္ေနတာဘဲ။သူ႕ကို အဆူရက္ဘဲ တေယာက္ထဲအျပစ္ဖို႔ေနတဲ့ ကိုကို႔ကို ဂ်ီမင္လည္းေပြ႕ဖတ္လိုက္တယ္။
*ဟင့္အင္း..ကိုကိုက မင့္အတြက္အေကာင္းဆုံးမို႔ ကိုယ့္ကိုကိုယ္အပစ္မတင္ပါနဲ႕..*
*ေနာက္ၿပီး မင္ မေျပာဘူးဆိုတာကလည္း ကိုကိုအလုပ္ရႈပ္ေနလို႔ပါ ။စိတ္မဆိုးပါနဲ႕ ေနာ္..*
*ကိုကို စိတ္ဆိုးေနတာမဟုတ္ပါဘူး
စိတ္မေကာင္းျဖစ္မိတာပါ....*
*အခုလည္း မင္ ျပန္ေရာက္ေနၿပီဘဲကို စိတ္ေလ်ာ့ေတာ့ ေနာ္...*
*တခုခုျဖစ္သြားရင္ ကိုကိုဘဲ ရင္က်ိဴးရမွာ ကေလးငယ္...*
*မင္ နားလည္ပါတယ္...*
*ေနာက္ဆိုတေယာက္ထဲအျပင္မထြက္ရဘူး ၾကားလား..ကိုကိုမပါရင္ေတာင္ အေဖာ္တေယာက္ေတာ့ရေအာင္ေခၚသြားရမယ္..*
*မင္ သိပါၿပီ...*
မင္းသိပ္ဆိုးတာဘဲ ကေလးငယ္။ကိုကိုကအခ်စ္ႏြံထဲနစ္ေနသူမို႔ မင္းသာတခုခုျဖစ္သြားခဲ့ရင္ အရင္ဆုံး႐ူးမယ့္သူကကိုကိုပါ။အရိပ္တၾကည့္ၾကည့္ နဲ႕ေတာင္ျမတ္နိုးမဝျဖစ္ေနရတာ။မ်က္စိကြယ္ရာမွာ တေယာက္ထဲလႊတ္ထားဖို႔ဆိုတာ စိတ္ေတာင္မကူးရဲဘူး။
*ေမေမတို႔နဲ႕စကားေတြအမ်ားႀကီးေျပာခဲ့ရဲ႕လား.*
*ဟုတ္..မင္ ေျပာခဲ့တယ္ ေနာက္ၿပီး..*
*ငိုခဲ့ေသးတယ္မလား။မ်က္လုံးေတြအစ္ေနတာဘဲ...*
ကုတင္ေပၚမွာအတူတူထိုင္လိုက္ၿပီး ဂ်ီမင္ကို ရင္ခြင္ထဲထည့္ထားရင္း ေဂ်ာင္ဂုကဆိုလိုက္သည္။
ဂ်ီမင္ကေတာ့ လိမ္လို႔မရဘူးဆိုတာသိေနေတာ့ တိတ္တဆိတ္ဘဲေခါင္းၿငိမ့္ျပလိုက္သည္ ။
*ေနပါအုန္း ေမးရအုန္းမယ္..*
*ဟုတ္ ေမးေလ..*
ဂ်ီမင္ကို ရင္ခြင္ထဲကထုတ္ကာ မ်က္လုံးခ်င္းဆုံေစလိုက္သည္။မ်က္လုံးေတြကဘယ္ေတာ့မွမညာဘူးေလ။
ကေလးငယ္ကို အိမ္ေရွ႕ထိလာပို႔တဲ့ဂ်စ္ကားတစ္စီးကို သူလ်က္တျပတ္ေတြ႕လိုက္တယ္။ဘယ္သူလဲ၊ဘယ္ကလဲ ဆိုတာ သူ အရမ္းသိခ်င္တယ္။ေနာက္ၿပီး ကေလးကေရာ ဘာေၾကာင့္ သူစိမ္းတေယာက္နဲ႕ အတူလာရတာလဲဆိုတဲ့ ေမးခြန္းကခ်က္ခ်င္းေခါင္းထဲဝင္လာသည္။
*ကေလးငယ္ကို ဘယ္သူလာပို႔တာလဲ...*
*ဟင္..!*
ဂ်ီမင္စြံအသြားခဲ့သည္။ကိုကို ျမင္သြားၿပီဆိုေတာ့ ဘယ္လိုမွလိမ္လို႔ရမွာမဟုတ္ေတာ့ဘူး။ဒါေပမယ့္ အမွန္တိုင္းလဲမေျပာရဲလား ။ဒီတခါဆိုေသခ်ာေပါက္စိတ္ဆိုးၿပီဘဲ
*ဟို ..အဲတာ..အဲတာ..*
*သားေရ ႐ုံးေတာ္ကဖုန္းဆက္သြယ္လာတယ္....*
ဂ်ီမင္ဆီက အေျဖကိုေမွ်ာ္လင့္ေနတဲ့ ေဂ်ာင္ဂုက မ်က္ခုံးႏွစ္ဖက္ကိုတြန႔္ခ်ိဳးထားေသးသည္။သူ႕ကေလးက ညာတက္ေနၿပီဘဲ။အခုေတာင္ ဆင္ေျခေပးဖို႔ အသဲသန္စဥ္းစားေနတာ။
ထိုအခ်ိန္မွာဘဲေနာက္ထပ္ တံခါးေခါက္သံနဲ႕အတူ ေမေမ အသံေၾကာင့္ဘေဂ်ာင္ဂုလည္း ဂ်ီမင္အေျဖကိုမေစာင့္ေတာ့ဘဲ ေအာက္ထပ္ကို အလ်င္ျမန္ ဆင္းလာလိုက္ေတာ့သည္။ဖင္ပူေအာင္မထိုင္ရေတာ့တဲ့ သူ႕အလုပ္ကလည္း စိတ္ညစ္စရာပါဘဲ။
ဒါေပမယ့္လည္း ေ႐ြးခ်ယ္ထားၿပီးသားလမ္းေၾကာင္းမို႔ ဆက္ေလွ်ာက္႐ုံဘဲရွိေတာ့တာေပါ့။ဖုန္းဆီအာ႐ုံေရာက္သြားေတာ့ ဂ်ီမင္ကိုလည္းမဆူျဖစ္ေတာ့ေပ
*သားငယ္ေလးလည္းပင္ပန္းလာေရာေပါ့ ခဏနားၿပီးရင္ေရခ်ိဳးေတာ့ ေနာ္။ညစာအတူစားၾကမယ္...*
*ဟုတ္ကဲ့ ေဖႀကီး...*
ကိုကို႔ ေနာက္ကိုဂ်ီမင္လည္းဆင္းလိုက္လာခဲ့သည္။ဧည့္ခန္းထဲမွာႀကိဳးဖုန္းတလုံးနဲ႕ အလုပ္ရႈပ္ေနျပန္တဲ့ ကိုကို ကသူ႕ကိုမေတြ႕ေပ။
ကိုကိုေတာ့ အရမ္းပင္ပန္းေနေတာ့မွာဘဲ။ဒီၾကားထဲ သူကပါထပ္ၿပီးစိတ္ညစ္ေအာင္လုပ္မိေသးတယ္။
အေနာက္အိမ္ကိုမသြားေသးဘဲ ကိုကို႔ကို ရပ္ၾကည့္ေနတုန္းမွာစာဖတ္ခန္းထဲက ထြက္လာတဲ့ေဖႀကီးက သူ႕ေခါင္းကိုပုတ္ကာ ေျပာလာေတာ့မွ အသိျပန္ဝင္လာသည္။
*ကိုကို ဆူေသးလား..*
*ဟီး..မဆူပါဘူး ေဖႀကီးရဲ႕...*
*အင္း..ေဖႀကီးသိတယ္ေလ။သား ကိုကိုကဘယ္နခါမ်ားဆူဖူးလိူ႕လဲ ။အခုကစိတ္မေကာင္းျဖစ္သြားတာ။ကိုကို႔ကို နားလည္ေပးလိုက္ ေနာ္..*
*ဟုတ္ကဲ့ပါ..မင္နားလည္ပါတယ္ ေဖႀကီး...*
*ဒါဆို ေရသြားခ်ိဳးေတာ့ ခဏေန ညစာစားဖို႔ေခၚခိုင္းလိုက္မယ္...*
*ဟုတ္..*
ေဖေဖႀကီးကိုႏႈတ္ဆက္ကာ ဂ်ီမင္လည္း အေနာက္အိမ္ကိုလာခဲ့ေတာ့သည္။ညစာစားၿပီးရင္ေတာ့ ကိုကို႔ကို ထပ္ေခ်ာ့ရမယ္လို႔ေတြးရင္း ၿပဳံးလိုက္မိသည္။
__________
၂၄.၅.၂၃
Kelly
Thankful my readers 🤍